Fanfics

26

15:24, 21 July 2022

(Unicode)

"နီ....​ဖြည်းဖြည်းလျှောက်ပါကွာ"

လှေကားကဆင်းတာတောင်မောင်ဟာသည်းသည်းလှုပ်။သူဒီလိုမျိုးဖြစ်နေရတဲ့အကြောင်းကလည်းကြီးမားတာကိုး။

မဒမ့်မှာကိုယ်ဝန်ရှိနေပြီလေ။မထင်မှတ်ထားစွာပဲမြန်ဆန်စွာသန္ဓေအောင်သွားလို့အားလုံးအံ့သြနေကြတာ...

"ကဲပါမင်းသာရှေ့ကဖယ်..တို့ကိုယ့်ဘာသာလျှောက်တတ်တယ်ကွယ်"

သူမစကားကြောင့်ခေါင်းတငြိမ့်ငြိမ့်နဲ့သူဖယ်ပေးလိုက်သည်။

သို့သော်လည်းသူမဘေးရောက်လာပြီးလက်ကိုတွဲပေးထားသေး....

"ယောင်းမလေးနောက်ဆိုအစစအရာရာဂရုစိုက်မှဖြစ်တော့မယ်နော်"

ဧည့်ခန်းထဲရောက်တော့အမဂျီဆူနဲ့စကားပြောဖြစ်တယ်။

အမကဂျန်းမှာကိုယ်ဝန်ရှိနေပြီဆိုလို့အပြေးကိုသတင်းလာမေးတာ...

"လီလီလည်းအရင်ထက်ပိုရင့်ကျက်ရတော့မယ်"

"အမလေးဂျီရယ်...သူကဘယ်တုန်းကများရင့်ကျက်ဖူးလို့လဲ"

ဖုန်းသုံးနေတဲ့ချယ်ကမောင့်ကိုရွဲ့သဲ့သဲ့ပြောပေမယ့်သူ့ခမျာအရင်လိုတောင်ရန်မတွေ့နိုင်။

ဗိုက်ကိုပဲအကဲပိုကာအဖြစ်သဲနေတာ...

"ယောင်းမလေးကိုဂရုစိုက်ဖို့တော့ထွေထွေထူးထူးမှာဖို့မလိုဘူးထင်တယ်ဟေ့..အခုတောင်လီလီတို့အကဲပိုနေတော့..."

ရယ်သံလေးညှပ်ကာဂျန်းကိုကြည့်ပြီးပြောတဲ့အမကြောင့်ဂျန်းလည်းလိုက်ပြုံးမိသည်။

အမပြောတာလည်းဟုတ်နေတာပဲလေ။မောင်ဟာအခုလည်းဂျန်းဘေးမှာထိုင်ပြီးဗိုက်လေးကိုပွတ်ပေးနေတာ...ဒါတောင်လနုတုန်းလေးရှိသေးတယ်။

"လီလီမပိုလို့ဖြစ်မလားဂျီရယ်...တော်ကြာကလေးလေးတခုခုဖြစ်သွားရင်သေရလိမ့်မယ်"

မောင်ဟာကလေးသိပ်ချစ်တတ်သူ။ကလေးသိပ်လိုချင်ခဲ့တဲ့သူလေ။အဲ့တာကြောင့်သူပိုကဲနေတာလည်းအဆန်းတော့မဟုတ်။

"ငယ်တို့လည်းလက်ထပ်ပြီးရင်ချက်ချင်းကလေးယူမယ်နော်"

ငယ့်စကားကြောင့်ကျွန်မပါးတွေတော့ရဲတွတ်နေတော့မှာမြင်ယောင်သေး။

သူကတော့မသိ။ကျွန်မကတော့အဲ့လိုအကြောင်းတွေပြောရင်ရှက်တတ်သည်။

"ဂျီကလည်းလုပ်ပါ...ငယ်တို့လည်းယူကြရအောင်"

ဖုန်းကိုပိတ်လိုက်ပြီးအနားပိုတိုးကာကျွန်မလက်မောင်းကိုပွတ်ရင်းတရစပ်ပူဆာနေတဲ့ငယ်ကြောင့်...

"အချိန်ထပ်ယူကြရအောင်ကွယ်..မမလက်မထပ်ချင်သေးဘူး"

"တော်ပြီကွာ..ဘာမှန်းလည်းမသိဘူး..ချစ်လို့ပိုင်ဆိုင်ချင်ပါတယ်ဆိုလက်ကိုမခံဘူး"

လက်ထပ်မယ်ပြောတိုင်းဟိုရွေ့ဒီရွေ့ ရွေ့နေတဲ့ဂျီ့ကိုနားမလည်နိုင်တော့ဘူး။ဘာလို့များခေါင်းမငြိမ့်ရတာလဲ။

အသာတကြည်လက်ခံလိုက်တော့ဘာများဖြစ်မှာမို့လို့လဲကွာ။

ချယ်လည်းစိတ်ဆိုးပြီးအခန်းထဲပဲဝင်သွားခဲ့တယ်။

"အမရယ်သူကအဲ့လိုပဲ..သွားချော့လိုက်ပါအုန်း"

ဂျန်းဟာကျွန်မလက်ကိုထပ်ကိုင်ရင်းအားပေးရှာတယ်။ငယ်စိတ်ဆိုးတာလည်းအပြစ်တော့မဟုတ်...ကျွန်မကိုကသူပြောတိုင်းငြင်းခဲ့တာကိုး။

"နီ...ကလေးကန်တာနားထောင်လို့ရလား"

အမဂျီဆူထွက်သွားတော့မောင်ဟာဗိုက်နားကိုကပ်လိုက်ပြန်တယ်။

"မောင်ရယ်...အခုမှတစ်လပဲရှိသေးတာကိုဘယ်လိုလုပ်ပြီးကန်အုန်းမှာလဲကွယ်"

မောင့်ဆံပင်တွေကိုဖွပေးရင်းဂျန်းပြောတော့မောင်ကချက်ချင်းငေါက်ခနဲထလာပြီးခါးကိုမတ်လိုက်ကာ...

"ဘယ်တော့မှကြားရမှာလဲဟင်"

"နောက်သုံးလလောက်နေရင်ပေါ့ကွယ်"

မောင်ဟာဂျန်းကိုအကြင်နာမျက်ဝန်းတွေနဲ့ငေးကြည့်ပြီးအတန်ကြာမှညာလက်ကိုဆွဲယူကာလက်ဖမိုးလေးကိုအနမ်းခပ်ဖွဖွပေးတယ်။

မောင့်အနမ်းကြောင့်ဂျန်းလည်းမျက်လွှာလေးချကာပြုံးမိသေး.....

"ကျေးဇူးတင်ပါတယ်နော် နီ...မောင့်အတွက်ကိုယ်ဝန်လွယ်ပေးလို့"

"မလိုပါဘူးမောင်ရယ်...တို့ကိုအများကြီးချစ်ပေးတဲ့မောင့်ကိုဒီလောက်တော့ဆုချသင့်တယ်မလား....တို့ကိုယ်တိုင်လည်းမင်းနဲ့တူတဲ့ကလေးလေးလိုချင်တယ်သိလား"

"ချစ်တယ် နီ အရမ်းချစ်တယ်ရှင်"

"အင်းပါတို့ကိုအများကြီးပိုချစ်ပေးရမယ်နော်မောင်"

မောင်ဟာဂျန်းလက်ဖဝါးကိုသူ့ပါးမှာကပ်ထားပြီးတပြွတ်ပြွတ်နဲ့နမ်းနေသေးတာ......

ဂျန်းကတော့သူ့ကိုအပြုံးတွေမရပ်ကြည့်ရင်းသာ...

"ငယ်....."

အသံကိုဆွဲငင်စွာဆိုရင်းခါးတွေကိုဖက်တွယ်လာတဲ့လက်တစ်စုံ....ချယ်မသိမသာသက်ပြင်းချမိသွားတယ်။

"သက်ပြင်းမချနဲ့ငယ်..အသက်တိုတယ်တဲ့.."

ချယ့်ကျောပြင်ဟာဂျီ့ကိုယ်ငွေ့ကြောင့်ထပ်ပါသည်။ဖိန်းတိန်းရှိန်းတိန်းဖြစ်နေမိသည်။

တီရှပ်ကပါးတာကြောင့်ခံစားမိနေတဲ့ဂျီ့ရဲ့အသက်ရှူသံငွေ့ငွေ့လေးတွေ....

သူမဟာအသက်ရှူပုံကအစချစ်ပစ်ချင်စရာပါ။

"ငယ့်ကိုပြောစရာရှိသေးလို့လားဂျီ"

"ချစ်တယ်"

ယခင်ထက်ပိုတင်းကြပ်စွာဖက်လိုက်ရင်းဂျီဟာချယ့်အားချစ်ကြောင်းရေရွတ်နေသည်။

"အင်းပါငယ်သိပါတယ်"

"ဂျီ့ကိုစိတ်ဆိုးသွားတာလားငယ်...ဒါမှမဟုတ်စိတ်များပျက်သွားသလားကွယ်"

ဂျီ့အသံဟာကွဲရှရှဖြစ်နေတာမလို့ချယ်သူမဘက်အမြန်လှည့်လိုက်ရတယ်။

သံသယရှိနေတဲ့အတိုင်းတစ်ထပ်တည်းပါလား။

ဂျီမျက်ဝန်းမှာမျက်ရည်လေးတွေဥနေရှာတယ်။

"မငိုပါနဲ့ဂျီရာ...ငယ်ကဂျီ့ကိုစိတ်ပျက်စရာလားလို့။အခုထိတောင်ချစ်လို့မဝသေးတာဘာလို့အဲ့လိုဖြစ်ရမှာလဲအသဲလေးရယ်"

ဂျီ့မျက်နှာလေးအားကိုင်ရင်းတွဲခိုနေတဲ့အရည်တွေကိုသုတ်ပေးရင်းချယ်ပြောလိုက်သည်။

ဂျီဟာအခုမှအနည်းငယ်ပြုံးယောင်သန်းလာသည်။အတိအကျဆိုချယ့်ရဲ့"အသဲလေးရယ်"ကြောင့်...

"တကယ်ပြောတာလား"

"တကယ်ပေါ့ငယ့်အချစ်ရယ်"

ပြောရင်းနဲ့ရင်ခွင်ထဲဆွဲအသွင်းခံလိုက်ရတဲ့သူမ...

"ငယ်နော်လူကိုအချစ်လုပ်လိုက်အသဲလုပ်လိုက်နဲ့"

"ချစ်လို့လေ..ဘာလဲဂျီကမကြိုက်ဘူးလား"

"ဖြစ်စရာလား..ကြိုက်တာမှတစ်ဖက်ကမ်းတောင်လွန်သေး"

သူ့ပါးလေးကိုနမ်းလိုက်တဲ့သူမကြောင့်ကျေနပ်စွာပြုံးရင်း....

"တကယ်ငယ့်ထက်အသက်ပိုကြီးတယ်သာဆိုတယ်..ဂျီကပူတူးတူးလေးကျနေတာပဲ"

"မှတ်ထားမယ်နော်တချိန်ကျအသက်ကြီးပြီးအိုလို့ထားသွားရင်ပေါက်တူးနဲ့ခုတ်သတ်မှာ"

"အားပါးပါး....ကျိန်းတာကြီးကလည်း"

"ငယ်...!!!"

သူမအလန့်တကြား'တ'လိုက်မိတာဟာချစ်သူရဲ့နာမလေး....လန့်ရတဲ့အကြောင်းကတော့သူမအားအိပ်ရာပေါ်သို့ဆွဲချလိုက်ခြင်းကြောင့်...

"ငယ်ဘာလုပ်မလို့လဲ"

"ရှူး...ငြိမ်ငြိမ်လေးနေ"

လက်တစ်ဖက်ကိုကျွန်မပခုံးအပေါ်နားထောက်ပြီးကျန်တစ်ဖက်ကိုကုတင်ခေါင်းရင်းကိုကိုင်ထားတယ်။

ငယ့်အကြည့်တွေကခန္ဓာကိုယ်တစ်လျှောက်လုံးကိုဖြတ်ပြေးနေတာကြောင့်ကျွန်မမှာရှက်လာရသည်။

"ငယ်..မမမင်းကိုလက်မထပ်သေးတဲ့အကြောင်းကိုပြောမယ်နော်"

အရှက်ပြေစကားလမ်းကြောင်းလွဲဖို့တွေးလိုက်သည်။

"ပြောလေငယ်နားထောင်နေမယ်"

"ဟင်း...ငယ်ဘာလို့နမ်းတာလဲ"

သို့ပေမယ့်အစီအစဥ်ဟာမအောင်မြင်ပါ။

ငယ်ဟာရုတ်တရက်ကျွန်မလည်ပင်းကိုစုပ်နမ်းလိုက်သည်။

"မမတို့ညီအမနှစ်ယောက်လုံးတစ်နှစ်တည်းမှာနှစ်ခါကြီးများတောင်လိင်တူလက်ထပ်လိုက်ရင်ပတ်ဝန်းကျင်ကပြောကြမှာ"

"အဲ့တာကြောင့်ပေါ့"

ထိုမှပဲငယ်ဟာနမ်းနေရင်းကရပ်ပြီးမေးတယ်။

"ဟုတ်တယ်ငယ်"

"အင်းပါ...ငယ်နားလည်ပါတယ်ဂျီအဆင်ပြေမှစီစဥ်တာပေါ့ကွာနော်"

သူမခေါင်းပဲပြန်ငြိမ့်ပြလိုက်သည်။အဲ့ဒီ့နောက်တော့သူမအပေါ်ကနေအုပ်မိုးထားတဲ့သူဟာခန္ဓာကိုယ်တခုလုံးကိုယုယစွာထိတွေ့ဆက်ဆံပါတော့တယ်။

🌻🌼

ခြောက်လခန့်ကြာပြီးနောက်.....

ညဥ့်နက်သန်းခေါင်ချိန်မို့အိပ်မောကျနေလေပြီ....လီဆာဟာလည်းစောင်ကိုခေါင်းမြီးခြုံရင်းကိုအိပ်ပျော်နေတာ...

"မောင်....ထအုန်းကွာ"

သူ့ကိုယ်ကိုလှုပ်ရင်းနိုးပေမယ့်နိုးမလာ...

"လာလီဆာထအုန်းလို့..."

စောင်ကိုဖယ်ပြီးနားအနားကပ်ပြောလည်းမထသေး..

နောက်ဆုံးတော့ကြံရာမရတဲ့အဆုံးရင်ဘတ်ကိုရိုက်ချလိုက်တယ်။

ဘုန်း!!!!

"အမလေးသေပါပြီ..."

ထိုသို့လုပ်မှပဲကာလနဂါးလေးကန်ိုးလာတော့သည်။မိန်းမဖြစ်သူတစ်ယောက်လုံးကိုယ်ဝန်ဆောင်ထားရတာကိုသူကတော့အိပ်နေတာများအေးအေးလူလူ။

အခုနောက်ပိုင်းကိုယ်ဝန်လရင့်လာလို့ဖြစ်မယ်။စိတ်တအားဆတ်လာတယ်။သူ့ကိုကြည့်နေရင်းနဲ့လည်းဒေါသတွေဖြစ်ပြီးရန်ပဲရှာချင်မိတယ်။

ကိုယ့်ကိုယ်တောင်ဘာဖြစ်နေမှန်းမသ်ိတော့ဘူး။

"နီ...ဘာလို့ရိုက်တာလဲ"

လီ့အသံနည်းနည်းမာသွားသည်။ဒေါသထွက်တော့လည်းမာမှာပေါ့။အိပ်နေတာကိုဗလိုင်းကြီးအရိုက်ခံရတာလေ။

"မင်းတို့ကိုအော်တယ်ပေါ့လေ"

ငိုမဲ့မဲ့မျက်နှာလေးနဲ့ပြောနေပြန်တော့လည်းဒီလူကမခံနိုင်။

ခက်တော့ခက်နေချေပြီ။

အခုတလောမဒမ်ကထူးဆန်းလာတာ...အကြောင်းမရှိအကြောင်းရှာပြီးရန်ဖြစ်တယ်။

ပြဿနာကိုမီးခွက်ထိုးရှာလွန်းတဲ့သူဖြစ်နေတာ...

"မောင်ကလန့်ပြီးနာသွားလို့ပါကွာနော်..မငိုလိုက်ပါနဲ့မောင့်မိန်းမရယ်...မောင်မအော်တော့ဘူးနော်"

သူမရဲ့ပါးဖောင်းဖောင်းလေးတွေကိုပွတ်ပေးရင်းအသံကိုအတတ်နိုင်ဆုံးနှိမ့်ကာချော့မြူရသေးသည်။

မဒမ်ဟာမွေးကင်းစကလေးလိုပဲဂျီလည်းကျတတ်လာသည်။

အခုဆိုလီကတောင်ဂျစ်တိုက်တဲ့နေရာမှာအရှုံးပေးရတော့မယ့်ပုံ။

"အရမ်းနာသွားလား"

မျက်အိမ်လေးကိုဟိုရွေ့ဒီရွေ့ကစားရင်းလက်ချောင်းလေးတွေပွတ်နေသည့်မဒမ်ဟာချစ်ဖို့အတော်ကောင်းသည်။

"မနာပါဘူး...မောင်ကသန်မာတယ်လေ..ဒါနဲ့အခုနိုးတာဘာဖြစ်လို့တုန်း"

မောင့်စကားကြားမှပဲဂျန်းအဓိကကိုသတိရတော့သည်။

"ဝက်ခြေထောက်ပေါင်းစားချင်လို့"

နှုတ်ခမ်းလေးတထော်ထော်နဲ့ပြောနေပုံကဝက်ပေါက်လေးအတိုင်း။

မဒမ့်အခုဆိုကိုယ်ဝန်ဆောင်တာခြောက်လထဲရောက်နေပြီဆိုတော့အရင်လိုပိန်ပိန်လေးမဟုတ်ပဲပြည့်ပြည့်လေးဖြစ်နေတာလေ။

လီ့မျက်လုံးထဲမှာတော့မဒမ့်ရဲ့ဒီပုံလေးကိုတစ်မျိုးသဘောကျနေမိသည်။လီ့မဒမ်ကလှလွန်းတယ်။

"ခဏနော်နာရီကြည့်အုန်းမယ်"

ဘေးကဖုန်းကိုကောက်ယူပြီးကြည့်တော့အချိန်က2am....

"နီ..အခုမှမနက်၂နာရီရှိသေးတာ..မောင်ကဘယ်နားသွားရှာရမှာလဲ"

"မသိဘူးကွာစားချင်တယ်ဝယ်ပေးလို့"

"မိုးလင်းမှသွားဝယ်ပေးမယ်လေနော်"

"မရပါဘူးအခုစားချင်နေတာ"

ဆူပုတ်ပုတ်နဲ့လက်ပိုက်ထားတဲ့ချစ်ဇနီးလေးကိုကြည့်ရင်းသူ့မှာခေါင်းတကုတ်ကုတ်....

"နီကလိမ္မာပါတယ်ကွာမိုးလင်းမှစားနော်"

"လာလီဆာမင်းတို့ကိုကိုယ်ဝန်ကြီးနဲ့အရင်လိုမလှတော့ဘူးဆိုပြီးစိတ်မရှည်တော့ဘူးမလား"

"ဟာ...ပေါက်ကရတွေမိန်းမရယ်"

"အာ့ဆိုသွားဝယ်ပေးလေ"

ချဥ်ချင်းတက်တာကလည်းအချိန်မရှိမှကွာ။

ဟူး...ရူးချင်တော့တာပဲ။သွားမဝယ်ရင်လည်းလူဆိုးမကြီးဖြစ်အုန်းမယ်။

"ကဲ..မောင်သွားရှာပေးမယ်နော်အိပ်ပြီးစောင့်နေဟုတ်ပြီလားမောင့်မိန်းမလေး"

သူ့အရှေ့ကစကားတွေကိုပြုံးပြီးနားထောင်နေသော်လည်းနောက်ဆုံးစကားလုံးကြောင့်မျက်နှာကချက်ချင်းတင်းသွားပြန်သည်။

လီဘာများစကားမှားလို့လဲဟင်။

"မောင်သွားဝယ်ပေးမယ်ပြောတော့လည်းဘာလို့ဆူပုတ်နေသေးတာလဲ"

"မိန်းမလေးဆိုတော့မိန်းမကြီးရှိသေးတယ်ပေါ့ဟုတ်သလားလာလီဆာမာနိုဘန်"

တခါမှမျိုးရိုးပါအပြည့်အစုံမခေါ်ဘူးတာကြောင့်လီမျက်ခုံးတောင်လှုပ်သွားရသည်။

ကြံဖန်ပြီးတော့ကိုရစ်တတ်နေတဲ့လီ့မဒမ်ကိုဘယ်လိုလုပ်ရပါ့....

"မဟုတ်ပါဘူးမိန်းမရယ်မောင့်မှာမဒမ်တစ်ယောက်တည်း"

ပြတ်စ်!!

မဒမ့်နှုတ်ခမ်းလေးကိုနမ်းပေးလိုက်ပြီးပြန်လှဲခိုင်းကာစောင်သေချာခြုံပေးလိုက်တယ်။

ဒီလိုကျတော့လည်းမျက်နှာလေးကပြုံးနေတာပဲ။အခုနကရစ်လုံးလေးနဲ့ကွာသွားပြန်ပြီ။

"မောင်မြန်မြန်ပြန်လာမယ်နော်"

လီလည်းစွပ်ကျယ်ပဲဝတ်ထားတာကြောင့်ချွတ်ပြီးရှပ်အကျီကောက်စွပ်လိုက်ရတယ်။ဘောင်းဘီလည်းလဲရတာပေါ့။

အခန်းထဲကမောင်ထွက်သွားတဲ့အထိဂျန်းမှန်ကိုအကြည့်မလွဲနိုင်သေး။ဘာရယ်မဟုတ်မောင်အဝတ်လဲတာကိုမှန်ထဲကကြည့်နေတုန်းသူအကျီချွတ်တော့ရင်ဘတ်ကအနီရဲရဲအရာကြီးတွေ့လိုက်တယ်။

အဲ့လောက်ထိဖြစ်ဖို့မရည်ရွယ်ပေမယ့်လည်းဒီလိုတွေ့ရတော့ဂျန်းရင်ထဲမကောင်း။

စိတ်မကောင်းဖြစ်ရသည်။

စိတ်မြန်လက်မြန်လွန်းပြီးဇိုးဇိုးဇတ်ဇတ်ဖြစ်လွန်းနေတဲ့ကိုယ့်ကိုယ်ကိုလည်းအံ့သြလို့မဆုံး......

"ဟူး....ငါ့အမလည်းတခုပြီးတခုကိုအလုပ်ပေးနေတော့တာပဲ"

ကားကိုမှီပြီးရပ်နေကြရင်းချယ့်ဆီကထွက်လာတဲ့ငြီးသံလေး....

"ကိုယ်ဝန်ရှိနေတော့လည်းချဥ်ချင်းတက်တာသဘာဝလေကွာ"

"ဒီအချိန်ကြီးမှတက်ရတယ်လို့"

ခြင်တွေလည်းကိုက်ရှာလိုက်ရတာဆိုလည်းလူပါရူးတော့မယ်။

တော်ပါသေးတယ်။

ညလုံးပေါက်ဖွင့်တဲ့လမ်းဘေးဆိုင်လေးမှာဝက်ခြေထောက်ရလို့...

"နင်ကလည်းမမွေးလာသေးတဲ့တူမလေးအတွက်ပဲကို"

"အေးပါဟာ...."

"ကလေးတို့ဝက်ခြေထောက်ရပြီ"

ထိုစကားကြားမှပဲနှစ်ယောက်လုံးစိတ်ဒုံးဒုံးချနိုင်တော့သည်။

အိမ်ကထွက်လာတာမနက်၂နာရီလောက်အခုပဲမနက်လေးနာရီရှိနေပြီ။

ဆိုင်ရှာလိုက်ရသည်ကအချိန်ပိုကုန်သွားခြင်း။

ကားပေါ်အမြန်တက်ကာမဟေသီဆီကိုအပြေးမောင်းရပြန်သည်။

တော်ကြာနေ...ကြာလို့ဆိုပြီးရွှေစိတ်တော်ကောက်နေမှာစိုးလို့.....

"နီရေ...ဒီမှာဝယ်လာပြီ"

ထိုအချိန်ထမင်းစားခန်းထဲကနေထွက်လာတဲ့မဒမ်ဟာလက်ထဲမှာလည်းစတီးဇလုံကြီးနဲ့....

"ဝယ်လာပြီလား"

"အွန်း..."

လီဆာနဲ့ချယ်ယောင်းမှာတော့မျက်လုံးလေးတွေဝိုင်းကာဘာများပြောမလဲလို့မျှော်တလင့်လင့်...

"တို့အဲ့တာမစားချင်တော့ဘူး...မင်းကိုစောင့်နေရတာကြာတာနဲ့ဗိုက်ကလည်းဆာလွန်းတော့...ထမင်းသုပ်စားလိုက်တယ်"

ဇလုံကိုသူတို့ဘက်စောင်းပြရင်းထမင်းစားခန်းထဲပြန်ဝင်သွားတဲ့အမိကိုကြည့်ပြီးနှစ်ယောက်လုံးနဖူးကိုဖက်ခနဲရိုက်လိုက်သည်။

"ဒီဗိုက်ကြီးသည်ကတော့သီးခံနေလို့အကောင်းမှတ်နေတာ...."

"အေးဟာငါတို့မှာတော့အပင်ပန်းခံပြီးဝယ်လာတာ"

စကားဆုံးသွားသည်နှင့်နှစ်ယောက်လုံးအကြည့်ရောက်လာသည့်နေရာကလီ့လက်ထဲကအထုပ်ဆီ...

"ငါပဲစားမယ်နင့်ကိုမကျွေးဘူး"

"ရား...လာလီဆာ...အဲ့လိုရကြေးလား"

အိမ်ထဲမှာထိုကြောင်နဲ့ကြွက်ဟာစိန်ပြေးလိုက်တမ်းကိုမမောနိုင်မပန်းနိုင်ကစားရင်း.....

ကိုယ်ဝန်သည်မဒမ်ဟာလည်းထမင်းသုပ်ကိုဇလုံနဲ့ရှယ်ဆွဲရင်းပေါ့.....

×××××××××မနက်ဖြန်Finalပါနော်ယောရော်ဘွန်း

ကြယ်လေးတွေပေးသွားကြအုန်းဗျို့💫Ficကပြီးတော့မှာ....

အားလုံးကိုလေးစားချစ်ခင်လျက်🤎×××××××××(Zawgyi)

"နီ....​ျဖည္းျဖည္းေလ်ွာက္ပါကြာ"

ေလွကားကဆင္းတာေတာင္ေမာင္ဟာသည္းသည္းလႈပ္။သူဒီလိုမ်ိဳးျဖစ္ေနရတဲ့အေၾကာင္းကလည္းႀကီးမားတာကိုး။

မဒမ့္မွာကိုယ္ဝန္ရိွေနၿပီေလ။မထင္မွတ္ထားစြာပဲျမန္ဆန္စြာသႏၶေအာင္သြားလို႔အားလံုးအံ့ၾသေနၾကတာ...

"ကဲပါမင္းသာေရ႔ွကဖယ္..တို႔ကိုယ့္ဘာသာေလ်ွာက္တတ္တယ္ကြယ္"

သူမစကားေၾကာင့္ေခါင္းတၿငိမ့္ၿငိမ့္နဲ႔သူဖယ္ေပးလိုက္သည္။

သို႔ေသာ္လည္းသူမေဘးေရာက္လာၿပီးလက္ကိုတြဲေပးထားေသး....

"ေယာင္းမေလးေနာက္ဆိုအစစအရာရာဂရုစိုက္မျွဖစ္ေတာ့မယ္ေနာ္"

ဧည့္ခန္းထဲေရာက္ေတာ့အမဂ်ီဆူနဲ႔စကားေျပာျဖစ္တယ္။

အမကဂ်န္းမွာကိုယ္ဝန္ရိွေနၿပီဆိုလို႔အေျပးကိုသတင္းလာေမးတာ...

"လီလီလည္းအရင္ထက္ပိုရင့္က်က္ရေတာ့မယ္"

"အမေလးဂ်ီရယ္...သူကဘယ္တုန္းကမ်ားရင့္က်က္ဖူးလို႔လဲ"

ဖုန္းသံုးေနတဲ့ခ်ယ္ကေမာင့္ကိုရြဲ႔သဲ့သဲ့ေျပာေပမယ့္သူ႔ခမ်ာအရင္လိုေတာင္ရန္မေတြ့ႏိုင္။

ဗိုက္ကိုပဲအကဲပိုကာအျဖစ္သဲေနတာ...

"ေယာင္းမေလးကိုဂရုစိုက္ဖို႔ေတာ့ေထြေထြထူးထူးမွာဖို႔မလိုဘူးထင္တယ္ေဟ့..အခုေတာင္လီလီတို႔အကဲပိုေနေတာ့..."

ရယ္သံေလးၫွပ္ကာဂ်န္းကိုၾကည့္ၿပီးေျပာတဲ့အမေၾကာင့္ဂ်န္းလည္းလိုက္ၿပံဳးမိသည္။

အမေျပာတာလည္းဟုတ္ေနတာပဲေလ။ေမာင္ဟာအခုလည္းဂ်န္းေဘးမွာထိုင္ၿပီးဗိုက္ေလးကိုပြတ္ေပးေနတာ...ဒါေတာင္လႏုတုန္းေလးရိွေသးတယ္။

"လီလီမပိုလို႔ျဖစ္မလားဂ်ီရယ္...ေတာ္ၾကာကေလးေလးတခုခုျဖစ္သြားရင္ေသရလိမ့္မယ္"

ေမာင္ဟာကေလးသိပ္ခ်စ္တတ္သူ။ကေလးသိပ္လိုခ်င္ခဲ့တဲ့သူေလ။အဲ့တာေၾကာင့္သူပိုကဲေနတာလည္းအဆန္းေတာ့မဟုတ္။

"ငယ္တို႔လည္းလက္ထပ္ၿပီးရင္ခ်က္ခ်င္းကေလးယူမယ္ေနာ္"

ငယ့္စကားေၾကာင့္ကြၽန္မပါးေတြေတာ့ရဲတြတ္ေနေတာ့မွာျမင္ေယာင္ေသး။

သူကေတာ့မသိ။ကြၽန္မကေတာ့အဲ့လိုအေၾကာင္းေတြေျပာရင္ရွက္တတ္သည္။

"ဂ်ီကလည္းလုပ္ပါ...ငယ္တို႔လည္းယူၾကရေအာင္"

ဖုန္းကိုပိတ္လိုက္ၿပီးအနားပိုတိုးကာကြၽန္မလက္ေမာင္းကိုပြတ္ရင္းတရစပ္ပူဆာေနတဲ့ငယ္ေၾကာင့္...

"အခ်ိန္ထပ္ယူၾကရေအာင္ကြယ္..မမလက္မထပ္ခ်င္ေသးဘူး"

"ေတာ္ၿပီကြာ..ဘာမွန္းလည္းမသိဘူး..ခ်စ္လို႔ပိုင္ဆိုင္ခ်င္ပါတယ္ဆိုလက္ကိုမခံဘူး"

လက္ထပ္မယ္ေျပာတိုင္းဟိုေရြ့ဒီေရြ့ ေရြ့ေနတဲ့ဂ်ီ့ကိုနားမလည္ႏိုင္ေတာ့ဘူး။ဘာလို႔မ်ားေခါင္းမၿငိမ့္ရတာလဲ။

အသာတၾကည္လက္ခံလိုက္ေတာ့ဘာမ်ားျဖစ္မွာမို႔လို႔လဲကြာ။

ခ်ယ္လည္းစိတ္ဆိုးၿပီးအခန္းထဲပဲဝင္သြားခဲ့တယ္။

"အမရယ္သူကအဲ့လိုပဲ..သြားေခ်ာ့လိုက္ပါအုန္း"

ဂ်န္းဟာကြၽန္မလက္ကိုထပ္ကိုင္ရင္းအားေပးရွာတယ္။ငယ္စိတ္ဆိုးတာလည္းအျပစ္ေတာ့မဟုတ္...ကြၽန္မကိုကသူေျပာတိုင္းျငင္းခဲ့တာကိုး။

"နီ...ကေလးကန္တာနားေထာင္လို႔ရလား"

အမဂ်ီဆူထြက္သြားေတာ့ေမာင္ဟာဗိုက္နားကိုကပ္လိုက္ျပန္တယ္။

"ေမာင္ရယ္...အခုမွတစ္လပဲရိွေသးတာကိုဘယ္လိုလုပ္ၿပီးကန္အုန္းမွာလဲကြယ္"

ေမာင့္ဆံပင္ေတြကိုဖြေပးရင္းဂ်န္းေျပာေတာ့ေမာင္ကခ်က္ခ်င္းေငါက္ခနဲထလာၿပီးခါးကိုမတ္လိုက္ကာ...

"ဘယ္ေတာ့မွၾကားရမွာလဲဟင္"

"ေနာက္သံုးလေလာက္ေနရင္ေပါ့ကြယ္"

ေမာင္ဟာဂ်န္းကိုအၾကင္နာမ်က္ဝန္းေတြနဲ႔ေငးၾကည့္ၿပီးအတန္ၾကာမွညာလက္ကိုဆြဲယူကာလက္ဖမိုးေလးကိုအနမ္းခပ္ဖြဖြေပးတယ္။

ေမာင့္အနမ္းေၾကာင့္ဂ်န္းလည္းမ်က္လႊာေလးခ်ကာၿပံဳးမိေသး.....

"ေက်းဇူးတင္ပါတယ္ေနာ္ နီ...ေမာင့္အတြက္ကိုယ္ဝန္လြယ္ေပးလို႔"

"မလိုပါဘူးေမာင္ရယ္...တို႔ကိုအမ်ားႀကီးခ်စ္ေပးတဲ့ေမာင့္ကိုဒီေလာက္ေတာ့ဆုခ်သင့္တယ္မလား....တို႔ကိုယ္တိုင္လည္းမင္းနဲ႔တူတဲ့ကေလးေလးလိုခ်င္တယ္သိလား"

"ခ်စ္တယ္ နီ အရမ္းခ်စ္တယ္ရွင္"

"အင္းပါတို႔ကိုအမ်ားႀကီးပိုခ်စ္ေပးရမယ္ေနာ္ေမာင္"

ေမာင္ဟာဂ်န္းလက္ဖဝါးကိုသူ႔ပါးမွာကပ္ထားၿပီးတႁပြတ္ႁပြတ္နဲ႔နမ္းေနေသးတာ......

ဂ်န္းကေတာ့သူ႔ကိုအၿပံဳးေတြမရပ္ၾကည့္ရင္းသာ...

"ငယ္....."

အသံကိုဆြဲငင္စြာဆိုရင္းခါးေတြကိုဖက္တြယ္လာတဲ့လက္တစ္စံု....ခ်ယ္မသိမသာသက္ျပင္းခ်မိသြားတယ္။

"သက္ျပင္းမခ်နဲ႔ငယ္..အသက္တိုတယ္တဲ့.."

ခ်ယ့္ေက်ာျပင္ဟာဂ်ီ့ကိုယ္ေငြ့ေၾကာင့္ထပ္ပါသည္။ဖိန္းတိန္းရိွန္းတိန္းျဖစ္ေနမိသည္။

တီရွပ္ကပါးတာေၾကာင့္ခံစားမိေနတဲ့ဂ်ီ့ရဲ့အသက္ရႉသံေငြ့ေငြ့ေလးေတြ....

သူမဟာအသက္ရႉပံုကအစခ်စ္ပစ္ခ်င္စရာပါ။

"ငယ့္ကိုေျပာစရာရိွေသးလို႔လားဂ်ီ"

"ခ်စ္တယ္"

ယခင္ထက္ပိုတင္းၾကပ္စြာဖက္လိုက္ရင္းဂ်ီဟာခ်ယ့္အားခ်စ္ေၾကာင္းေရရြတ္ေနသည္။

"အင္းပါငယ္သိပါတယ္"

"ဂ်ီ့ကိုစိတ္ဆိုးသြားတာလားငယ္...ဒါမွမဟုတ္စိတ္မ်ားပ်က္သြားသလားကြယ္"

ဂ်ီ့အသံဟာကြဲရွရျွဖစ္ေနတာမလို႔ခ်ယ္သူမဘက္အျမန္လွည့္လိုက္ရတယ္။

သံသယရိွေနတဲ့အတိုင္းတစ္ထပ္တည္းပါလား။

ဂ်ီမ်က္ဝန္းမွာမ်က္ရည္ေလးေတြဥေနရွာတယ္။

"မငိုပါနဲ႔ဂ်ီရာ...ငယ္ကဂ်ီ့ကိုစိတ္ပ်က္စရာလားလို႔။အခုထိေတာင္ခ်စ္လို႔မဝေသးတာဘာလို႔အဲ့လိုျဖစ္ရမွာလဲအသဲေလးရယ္"

ဂ်ီ့မ်က္ႏွာေလးအားကိုင္ရင္းတြဲခိုေနတဲ့အရည္ေတြကိုသုတ္ေပးရင္းခ်ယ္ေျပာလိုက္သည္။

ဂ်ီဟာအခုမွအနည္းငယ္ၿပံဳးေယာင္သန္းလာသည္။အတိအက်ဆိုခ်ယ့္ရဲ့"အသဲေလးရယ္"ေၾကာင့္...

"တကယ္ေျပာတာလား"

"တကယ္ေပါ့ငယ့္အခ်စ္ရယ္"

ေျပာရင္းနဲ႔ရင္ခြင္ထဲဆြဲအသြင္းခံလိုက္ရတဲ့သူမ...

"ငယ္ေနာ္လူကိုအခ်စ္လုပ္လိုက္အသဲလုပ္လိုက္နဲ႔"

"ခ်စ္လို႔ေလ..ဘာလဲဂ်ီကမႀကိဳက္ဘူးလား"

"ျဖစ္စရာလား..ႀကိဳက္တာမွတစ္ဖက္ကမ္းေတာင္လြန္ေသး"

သူ႔ပါးေလးကိုနမ္းလိုက္တဲ့သူမေၾကာင့္ေက်နပ္စြာၿပံဳးရင္း....

"တကယ္ငယ့္ထက္အသက္ပိုႀကီးတယ္သာဆိုတယ္..ဂ်ီကပူတူးတူးေလးက်ေနတာပဲ"

"မွတ္ထားမယ္ေနာ္တခ်ိန္က်အသက္ႀကီးၿပီးအိုလို႔ထားသြားရင္ေပါက္တူးနဲ႔ခုတ္သတ္မွာ"

"အားပါးပါး....က်ိန္းတာႀကီးကလည္း"

"ငယ္...!!!"

သူမအလန္႔တၾကား'တ'လိုက္မိတာဟာခ်စ္သူရဲ့နာမေလး....လန္႔ရတဲ့အေၾကာင္းကေတာ့သူမအားအိပ္ရာေပၚသို႔ဆြဲခ်လိုက္ျခင္းေၾကာင့္...

"ငယ္ဘာလုပ္မလို႔လဲ"

"ရႉး...ၿငိမ္ၿငိမ္ေလးေန"

လက္တစ္ဖက္ကိုကြၽန္မပခံုးအေပၚနားေထာက္ၿပီးက်န္တစ္ဖက္ကိုကုတင္ေခါင္းရင္းကိုကိုင္ထားတယ္။

ငယ့္အၾကည့္ေတြကခႏၶာကိုယ္တစ္ေလ်ွာက္လံုးကိုျဖတ္ေျပးေနတာေၾကာင့္ကြၽန္မမွာရွက္လာရသည္။

"ငယ္..မမမင္းကိုလက္မထပ္ေသးတဲ့အေၾကာင္းကိုေျပာမယ္ေနာ္"

အရွက္ေျပစကားလမ္းေၾကာင္းလြဲဖို႔ေတြးလိုက္သည္။

"ေျပာေလငယ္နားေထာင္ေနမယ္"

"ဟင္း...ငယ္ဘာလို႔နမ္းတာလဲ"

သို႔ေပမယ့္အစီအစဥ္ဟာမေအာင္ျမင္ပါ။

ငယ္ဟာရုတ္တရက္ကြၽန္မလည္ပင္းကိုစုပ္နမ္းလိုက္သည္။

"မမတို႔ညီအမႏွစ္ေယာက္လံုးတစ္ႏွစ္တည္းမွာႏွစ္ခါႀကီးမ်ားေတာင္လိင္တူလက္ထပ္လိုက္ရင္ပတ္ဝန္းက်င္ကေျပာၾကမွာ"

"အဲ့တာေၾကာင့္ေပါ့"

ထိုမွပဲငယ္ဟာနမ္းေနရင္းကရပ္ၿပီးေမးတယ္။

"ဟုတ္တယ္ငယ္"

"အင္းပါ...ငယ္နားလည္ပါတယ္ဂ်ီအဆင္ေျပမွစီစဥ္တာေပါ့ကြာေနာ္"

သူမေခါင္းပဲျပန္ၿငိမ့္ျပလိုက္သည္။အဲ့ဒီ့ေနာက္ေတာ့သူမအေပၚကေနအုပ္မိုးထားတဲ့သူဟာခႏၶာကိုယ္တခုလံုးကိုယုယစြာထိေတြ့ဆက္ဆံပါေတာ့တယ္။

🌻🌼

ေျခာက္လခန္႔ၾကာၿပီးေနာက္.....

ညဥ့္နက္သန္းေခါင္ခ်ိန္မို႔အိပ္ေမာက်ေနေလၿပီ....လီဆာဟာလည္းေစာင္ကိုေခါင္းၿမီးၿခံဳရင္းကိုအိပ္ေပ်ာ္ေနတာ...

"ေမာင္....ထအုန္းကြာ"

သူ႔ကိုယ္ကိုလႈပ္ရင္းႏိုးေပမယ့္ႏိုးမလာ...

"လာလီဆာထအုန္းလို႔..."

ေစာင္ကိုဖယ္ၿပီးနားအနားကပ္ေျပာလည္းမထေသး..

ေနာက္ဆံုးေတာ့ႀကံရာမရတဲ့အဆံုးရင္ဘတ္ကိုရိုက္ခ်လိုက္တယ္။

ဘုန္း!!!!

"အမေလးေသပါၿပီ..."

ထိုသို႔လုပ္မွပဲကာလနဂါးေလးကန္ိုးလာေတာ့သည္။မိန္းမျဖစ္သူတစ္ေယာက္လံုးကိုယ္ဝန္ေဆာင္ထားရတာကိုသူကေတာ့အိပ္ေနတာမ်ားေအးေအးလူလူ။

အခုေနာက္ပိုင္းကိုယ္ဝန္လရင့္လာလို႔ျဖစ္မယ္။စိတ္တအားဆတ္လာတယ္။သူ႔ကိုၾကည့္ေနရင္းနဲ႔လည္းေဒါသေတျြဖစ္ၿပီးရန္ပဲရွာခ်င္မိတယ္။

ကိုယ့္ကိုယ္ေတာင္ဘာျဖစ္ေနမွန္းမသ္ိေတာ့ဘူး။

"နီ...ဘာလို႔ရိုက္တာလဲ"

လီ့အသံနည္းနည္းမာသြားသည္။ေဒါသထြက္ေတာ့လည္းမာမွာေပါ့။အိပ္ေနတာကိုဗလိုင္းႀကီးအရိုက္ခံရတာေလ။

"မင္းတို႔ကိုေအာ္တယ္ေပါ့ေလ"

ငိုမဲ့မဲ့မ်က္ႏွာေလးနဲ႔ေျပာေနျပန္ေတာ့လည္းဒီလူကမခံႏိုင္။

ခက္ေတာ့ခက္ေနေခ်ၿပီ။

အခုတေလာမဒမ္ကထူးဆန္းလာတာ...အေၾကာင္းမရိွအေၾကာင္းရွာၿပီးရန္ျဖစ္တယ္။

ျပႆနာကိုမီးခြက္ထိုးရွာလြန္းတဲ့သူျဖစ္ေနတာ...

"ေမာင္ကလန္႔ၿပီးနာသြားလို႔ပါကြာေနာ္..မငိုလိုက္ပါနဲ႔ေမာင့္မိန္းမရယ္...ေမာင္မေအာ္ေတာ့ဘူးေနာ္"

သူမရဲ့ပါးေဖာင္းေဖာင္းေလးေတြကိုပြတ္ေပးရင္းအသံကိုအတတ္ႏိုင္ဆံုးႏိွမ့္ကာေခ်ာ့ျမဴရေသးသည္။

မဒမ္ဟာေမြးကင္းစကေလးလိုပဲဂ်ီလည္းက်တတ္လာသည္။

အခုဆိုလီကေတာင္ဂ်စ္တိုက္တဲ့ေနရာမွာအရႈံးေပးရေတာ့မယ့္ပံု။

"အရမ္းနာသြားလား"

မ်က္အိမ္ေလးကိုဟိုေရြ့ဒီေရြ့ကစားရင္းလက္ေခ်ာင္းေလးေတြပြတ္ေနသည့္မဒမ္ဟာခ်စ္ဖို႔အေတာ္ေကာင္းသည္။

"မနာပါဘူး...ေမာင္ကသန္မာတယ္ေလ..ဒါနဲ႔အခုႏိုးတာဘာျဖစ္လို႔တုန္း"

ေမာင့္စကားၾကားမွပဲဂ်န္းအဓိကကိုသတိရေတာ့သည္။

"ဝက္ေျခေထာက္ေပါင္းစားခ်င္လို႔"

ႏႈတ္ခမ္းေလးတေထာ္ေထာ္နဲ႔ေျပာေနပံုကဝက္ေပါက္ေလးအတိုင္း။

မဒမ့္အခုဆိုကိုယ္ဝန္ေဆာင္တာေျခာက္လထဲေရာက္ေနၿပီဆိုေတာ့အရင္လိုပိန္ပိန္ေလးမဟုတ္ပဲျပည့္ျပည့္ေလးျဖစ္ေနတာေလ။

လီ့မ်က္လံုးထဲမွာေတာ့မဒမ့္ရဲ့ဒီပံုေလးကိုတစ္မ်ိဳးသေဘာက်ေနမိသည္။လီ့မဒမ္ကလွလြန္းတယ္။

"ခဏေနာ္နာရီၾကည့္အုန္းမယ္"

ေဘးကဖုန္းကိုေကာက္ယူၿပီးၾကည့္ေတာ့အခ်ိန္က2am....

"နီ..အခုမွမနက္၂နာရီရိွေသးတာ..ေမာင္ကဘယ္နားသြားရွာရမွာလဲ"

"မသိဘူးကြာစားခ်င္တယ္ဝယ္ေပးလို႔"

"မိုးလင္းမွသြားဝယ္ေပးမယ္ေလေနာ္"

"မရပါဘူးအခုစားခ်င္ေနတာ"

ဆူပုတ္ပုတ္နဲ႔လက္ပိုက္ထားတဲ့ခ်စ္ဇနီးေလးကိုၾကည့္ရင္းသူ႔မွာေခါင္းတကုတ္ကုတ္....

"နီကလိမၼာပါတယ္ကြာမိုးလင္းမွစားေနာ္"

"လာလီဆာမင္းတို႔ကိုကိုယ္ဝန္ႀကီးနဲ႔အရင္လိုမလွေတာ့ဘူးဆိုၿပီးစိတ္မရွည္ေတာ့ဘူးမလား"

"ဟာ...ေပါက္ကရေတြမိန္းမရယ္"

"အာ့ဆိုသြားဝယ္ေပးေလ"

ခ်ဥ္ခ်င္းတက္တာကလည္းအခ်ိန္မရိွမွကြာ။

ဟူး...ရူးခ်င္ေတာ့တာပဲ။သြားမဝယ္ရင္လည္းလူဆိုးမႀကီးျဖစ္အုန္းမယ္။

"ကဲ..ေမာင္သြားရွာေပးမယ္ေနာ္အိပ္ၿပီးေစာင့္ေနဟုတ္ၿပီလားေမာင့္မိန္းမေလး"

သူ႔အေရ႔ွကစကားေတြကိုၿပံဳးၿပီးနားေထာင္ေနေသာ္လည္းေနာက္ဆံုးစကားလံုးေၾကာင့္မ်က္ႏွာကခ်က္ခ်င္းတင္းသြားျပန္သည္။

လီဘာမ်ားစကားမွားလို႔လဲဟင္။

"ေမာင္သြားဝယ္ေပးမယ္ေျပာေတာ့လည္းဘာလို႔ဆူပုတ္ေနေသးတာလဲ"

"မိန္းမေလးဆိုေတာ့မိန္းမႀကီးရိွေသးတယ္ေပါ့ဟုတ္သလားလာလီဆာမာႏိုဘန္"

တခါမွမ်ိဳးရိုးပါအျပည့္အစံုမေခၚဘူးတာေၾကာင့္လီမ်က္ခံုးေတာင္လႈပ္သြားရသည္။

ႀကံဖန္ၿပီးေတာ့ကိုရစ္တတ္ေနတဲ့လီ့မဒမ္ကိုဘယ္လိုလုပ္ရပါ့....

"မဟုတ္ပါဘူးမိန္းမရယ္ေမာင့္မွာမဒမ္တစ္ေယာက္တည္း"

ျပတ္စ္!!

မဒမ့္ႏႈတ္ခမ္းေလးကိုနမ္းေပးလိုက္ၿပီးျပန္လွဲခိုင္းကာေစာင္ေသခ်ာၿခံဳေပးလိုက္တယ္။

ဒီလိုက်ေတာ့လည္းမ်က္ႏွာေလးကၿပံဳးေနတာပဲ။အခုနကရစ္လံုးေလးနဲ႔ကြာသြားျပန္ၿပီ။

"ေမာင္ျမန္ျမန္ျပန္လာမယ္ေနာ္"

လီလည္းစြပ္က်ယ္ပဲဝတ္ထားတာေၾကာင့္ခြၽတ္ၿပီးရွပ္အက်ီေကာက္စြပ္လိုက္ရတယ္။ေဘာင္းဘီလည္းလဲရတာေပါ့။

အခန္းထဲကေမာင္ထြက္သြားတဲ့အထိဂ်န္းမွန္ကိုအၾကည့္မလြဲႏိုင္ေသး။ဘာရယ္မဟုတ္ေမာင္အဝတ္လဲတာကိုမွန္ထဲကၾကည့္ေနတုန္းသူအက်ီခြၽတ္ေတာ့ရင္ဘတ္ကအနီရဲရဲအရာႀကီးေတြ့လိုက္တယ္။

အဲ့ေလာက္ထိျဖစ္ဖို႔မရည္ရြယ္ေပမယ့္လည္းဒီလိုေတြ့ရေတာ့ဂ်န္းရင္ထဲမေကာင္း။

စိတ္မေကာင္းျဖစ္ရသည္။

စိတ္ျမန္လက္ျမန္လြန္းၿပီးဇိုးဇိုးဇတ္ဇတ္ျဖစ္လြန္းေနတဲ့ကိုယ့္ကိုယ္ကိုလည္းအံ့ၾသလို႔မဆံုး......

"ဟူး....ငါ့အမလည္းတခုၿပီးတခုကိုအလုပ္ေပးေနေတာ့တာပဲ"

ကားကိုမွီၿပီးရပ္ေနၾကရင္းခ်ယ့္ဆီကထြက္လာတဲ့ၿငီးသံေလး....

"ကိုယ္ဝန္ရိွေနေတာ့လည္းခ်ဥ္ခ်င္းတက္တာသဘာဝေလကြာ"

"ဒီအခ်ိန္ႀကီးမွတက္ရတယ္လို႔"

ျခင္ေတြလည္းကိုက္ရွာလိုက္ရတာဆိုလည္းလူပါရူးေတာ့မယ္။

ေတာ္ပါေသးတယ္။

ညလံုးေပါက္ဖြင့္တဲ့လမ္းေဘးဆိုင္ေလးမွာဝက္ေျခေထာက္ရလို႔...

"နင္ကလည္းမေမြးလာေသးတဲ့တူမေလးအတြက္ပဲကို"

"ေအးပါဟာ...."

"ကေလးတို႔ဝက္ေျခေထာက္ရၿပီ"

ထိုစကားၾကားမွပဲႏွစ္ေယာက္လံုးစိတ္ဒံုးဒံုးခ်ႏိုင္ေတာ့သည္။

အိမ္ကထြက္လာတာမနက္၂နာရီေလာက္အခုပဲမနက္ေလးနာရီရိွေနၿပီ။

ဆိုင္ရွာလိုက္ရသည္ကအခ်ိန္ပိုကုန္သြားျခင္း။

ကားေပၚအျမန္တက္ကာမေဟသီဆီကိုအေျပးေမာင္းရျပန္သည္။

ေတာ္ၾကာေန...ၾကာလို႔ဆိုၿပီးေရႊစိတ္ေတာ္ေကာက္ေနမွာစိုးလို႔.....

"နီေရ...ဒီမွာဝယ္လာၿပီ"

ထိုအခ်ိန္ထမင္းစားခန္းထဲကေနထြက္လာတဲ့မဒမ္ဟာလက္ထဲမွာလည္းစတီးဇလံုႀကီးနဲ႔....

"ဝယ္လာၿပီလား"

"အြန္း..."

လီဆာနဲ႔ခ်ယ္ေယာင္းမွာေတာ့မ်က္လံုးေလးေတြဝိုင္းကာဘာမ်ားေျပာမလဲလို႔ေမ်ွာ္တလင့္လင့္...

"တို႔အဲ့တာမစားခ်င္ေတာ့ဘူး...မင္းကိုေစာင့္ေနရတာၾကာတာနဲ႔ဗိုက္ကလည္းဆာလြန္းေတာ့...ထမင္းသုပ္စားလိုက္တယ္"

ဇလံုကိုသူတို႔ဘက္ေစာင္းျပရင္းထမင္းစားခန္းထဲျပန္ဝင္သြားတဲ့အမိကိုၾကည့္ၿပီးႏွစ္ေယာက္လံုးနဖူးကိုဖက္ခနဲရိုက္လိုက္သည္။

"ဒီဗိုက္ႀကီးသည္ကေတာ့သီးခံေနလို႔အေကာင္းမွတ္ေနတာ...."

"ေအးဟာငါတို႔မွာေတာ့အပင္ပန္းခံၿပီးဝယ္လာတာ"

စကားဆံုးသြားသည္ႏွင့္ႏွစ္ေယာက္လံုးအၾကည့္ေရာက္လာသည့္ေနရာကလီ့လက္ထဲကအထုပ္ဆီ...

"ငါပဲစားမယ္နင့္ကိုမေကြၽးဘူး"

"ရား...လာလီဆာ...အဲ့လိုရေၾကးလား"

အိမ္ထဲမွာထိုေၾကာင္နဲ႔ႂကြက္ဟာစိန္ေျပးလိုက္တမ္းကိုမေမာႏိုင္မပန္းႏိုင္ကစားရင္း.....

ကိုယ္ဝန္သည္မဒမ္ဟာလည္းထမင္းသုပ္ကိုဇလံုနဲ႔ရွယ္ဆြဲရင္းေပါ့.....

×××××××××မနက္ျဖန္Finalပါေနာ္ေယာေရာ္ဘြန္း

ၾကယ္ေလးေတြေပးသြားၾကအုန္းဗ်ိဳ႕💫Ficကၿပီးေတာ့မွာ....

အားလံုးကိုေလးစားခ်စ္ခင္လ်က္🤎×××××××××

There are no comments yet. Log in to be the first to leave a review!

Similar stories