Fanfics
25
16:03, 20 July 2022
(Unicode)
လီ့ခမျာမဒမ်ခွံ့တာတစ်လှည့် အမဂျူယွန်းတစ်လှည့်ကျွေးသမျှစားနေရတယ်။
စိတ်တောင်ညစ်လာပြီ။
"လီ...မင်းကအသက်ဘယ်လောက်လဲ"
"နှစ်ဆယ့်တစ်ပြည့်တော့မှာ"
"ငယ်ငယ်လေးရှိသေးတာပဲ"
"ဟုတ်တယ်ဂျူယွန်းရဲ့အဲ့ငယ်ငယ်လေးကိုတို့ကအပိုင်သိမ်းထားတာ"
မဒမ်ဟာထိုစကားကိုအနိုင်ရသူအပြုံးကြီးနဲ့ပြောလာခြင်း....
လီတောင်ကြက်သီးထမိတယ်။
"မင်းကိုအမသာအရင်တွေ့ခဲ့ရင်ကောင်းမှာပဲကွာ"
လီ့မျက်နှာအစိတ်အပိုင်းတွေကိုထိတွေ့နေရင်းအမဂျူယွန်းဟာဆိုနေခဲ့တာကြောင့်နေရထိုင်ရတောင်ခက်လာသလိုပဲ။
ဂျူယွန်းရောဂျန်းနီရောဟာသောက်တာများထားတော့နှုတ်သွက်လျှာသွက်ပါဖြစ်နေကြတာ....
"ဘေးဂျူယွန်း..အဲ့တာတို့အပိုင်နော်ယူနဲ့ရန်မဖြစ်ချင်ဘူးကွာ"
အလယ်မှာညှပ်နေတဲ့လီကတော့နဖူးမှာချွေးစတွေတောင်စို့လို့
"အိုးဟိုး...ဂျန်းရယ်ငါကဒီတိုင်းပြောမိတာပါ။စိတ်ကလည်းကြီးလိုက်တာကွာ"
"တို့ကမောင့်ကိုအရမ်းချစ်တော့အရမ်းလည်းအူတိုမိလို့ပေါ့ဟာ"
မဒမ့်ရဲ့ဒီစကားကြောင့်တော့လီသဘောကျသွားပြီ။
အူတိုနေတဲ့မျက်နှာလေးကလည်းနှာထိပ်၊နားဖျားတွေရဲပြီးမက်မွန်သီးလေးကျနေတာပဲ။
"ငါတို့ရေစက်ကထူးခြားတယ်နော်"
"ဘာရေစက်လဲဂျူယွန်းရဲ့"
သူတို့စားပွဲဝိုင်းမှာစကားများနေကြတဲ့သူဆိုလို့ဂျူယွန်းနဲ့ဂျန်းနီသာရှိတာပါ။
လီကလည်းစကားမပြောချယ်နဲ့နာယွန်းဆိုအသောက်လွန်ပြီးခုံနဲ့နဖူးထိပြီးမှောက်နေတာကြာပြီ။
"ကျောင်းကတည်းကအကြိုက်တူခဲ့တာလေ"
"အေးဟုတ်တယ်နင်တို့နှစ်ယောက်ကခွက်တွေတူခဲ့ကြတာအကြိမ်ကြိမ်"
ထိုအခါကျတော့အမူးသမားနာယွန်းကခေါင်းထောင်လာပြီးပြောနိုင်တယ်။
ပြောပြီးတော့လည်းပြန်မှောက်သွားတာပါပဲ။
"တို့မှတ်မိပါတယ်ယူရယ်....အထက်တန်းနောက်ဆုံးနှစ်ကအကိုကြီးကိုကြိတ်ပြီးသဘောကျခဲ့တဲ့အချိန်တွေကိုလည်းအခုချိန်ထိမမေ့နိုင်သေးဘူးသိလား"
"အေးဟယ်ငါရောပဲလေ...အဲ့တစ်ယောက်ကနောက်ဆုံးကျတော့ဂျီအေဝိုင်ကြီးဖြစ်နေတာ"
ဟားဟား...
သူတို့သူငယ်ချင်းနှစ်ယောက်ကိုကြည့်ပြီးလီကတော့ခေါင်းတခါခါနဲ့ပေါ့.....
ခုနတုန်းကပဲထသတ်တော့မယ့်ပုံတွေနဲ့အခုကျတော့လည်းတစ်မျိုးပြောင်းသွားပြန်ပြီ။
နှစ်တွေအကြာကြီးခင်ခဲ့ကြတဲ့သံယောဇဥ်တွေဟာမသေးပါလားနော်။
"ဘာဖြစ်ဖြစ်ကွာငါနင့်ကိုအားကျတယ်ဂျန်း"
"ဘာလို့လဲ"
ခေါင်းမထောင်နိုင်အောင်မူးနေတဲ့ဂျူယွန်းရဲ့စကားကိုဂျန်းနီဟာလည်းအာလေးလျှာလေးနဲ့တုန့်ပြန်တာပါပဲ။
"လီ့လိုအချောလေးကိုမိန်းမတော်ထားလို့"
ဘုတ်!!!
ထိုစကားကိုနောက်ဆုံးပြောသွားပြီးစားပွဲနဲ့နဖူးမိတ်ဆက်ကာမှောက်သွားတော့တယ်။
တစ်ဖက်ကချစ်ရတဲ့အိမ်သူအမူးသမကတော့လီ့ပေါင်တွေကိုပွတ်နေပြီးပြုံးပြုံးလေးကြည့်နေတယ်။
"သွားအိပ်ကြမယ်နော် နီ"
သူမနဖူးလေးကိုလီနမ်းလိုက်ပြီးတွဲဖို့လုပ်တော့..
"အဲ့လှုပ်စိလှုပ်စိလေးကိုအူယားတယ်"
ရီဝေဝေမျက်လုံးတွေနဲ့လူကိုစိုက်ကြည့်ရင်းလည်စိလေးကိုလက်ထိပ်လေးနဲ့ပွတ်ဆွဲနေတာ..
"အူယားရင်လည်းခဏအောင့်ထားမောင်တို့အခန်းထဲအရင်သွားရမယ်"
အသံမကြားတော့လို့ကြည့်လိုက်တော့လီ့ရင်ဘတ်ကိုမျက်နှာအပ်ထားပြီးအိပ်ပျော်သွားပြီထင်သည်။
အမူးသမားလေးယောက်ကိုအခန်းလွတ်တွေမှာထားပေးပြီးကိုယ့်အခန်းကိုပြန်လာလိုက်တယ်။
ကုတင်ပေါ်မှာပါးလေးတွေရဲကာနှုတ်ခမ်းလေးစူထွက်ရင်းအိပ်မောကျနေတဲ့မဒမ့်အားကြည့်ရင်းအချစ်တွေပိုလျှံနေပြန်သည်။
"မောင့်အမျိုးသမီးလေးကကမ္ဘာပေါ်မှာချစ်စရာအကောင်းဆုံးမျက်နှာနဲ့အပြုံးကိုပိုင်ဆိုင်ထားတာပဲ"
နဖူးနားမှာဟိုတစ်စဒီတစ်စကျနေတဲ့မဒမ့်ဆံနွယ်တွေကိုသပ်တင်ပေးရင်းနှုတ်ခမ်းလေးကိုငုံ့နမ်းလိုက်တယ်။
"ကောင်းသောညပါ နီ"
"အရမ်းချစ်တယ်"
မီးအိမ်လေးကိုပိတ်ပြီးသူမကိုရင်ခွင်ထဲထည့်ကာလီလည်းအိပ်စက်လိုက်သည်။
မောင့်ကိုရစ်ပြီးကောက်ဖို့တွေးထားတဲ့သူမကတော့နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်သွားလေသည်။
🌻🌼
ညကသောက်ထားတဲ့အရှိန်ကြောင့်အိပ်ရာကမထချင်သေးသော်လည်းလိုက်ကာတွေကိုကျော်ဖြတ်ကာဖြာကျလာတဲ့နေရောင်ခြည်နွေးနွေးကြောင့်မျက်လုံးတွေပွင့်လာတော့သည်။
"ခေါင်းတွေကိုက်လိုက်တာ"
သူမနားထင်အားပြန်ဖိထားရင်းညီးတွားလိုက်သည်။
"ငါညကအတော်များသွားတဲ့ပုံပဲ"
ဘာရယ်မဟုတ်တဝွါးဝွါးသန်းနေတဲ့ပါးစပ်ကိုလက်နဲ့ပိတ်ရင်းစောင်ဖယ်ကာကုတင်အောက်ဆင်းဖို့အလုပ်....
"အား!!!!"
အဝတ်မဲ့နေတဲ့ခန္ဓာကိုယ်ကြောင့်လန့်ကာထအော်လိုက်မိသည်။
"ငါမနေ့ညကမောင်နဲ့အတူနေထားတာလား"
"နီ...ဘာဖြစ်လို့လဲဟင်"
ထိုအချိန်အခန်းထဲကိုလီဆာဝင်လာပြီးကပျာကယာမေးရှာတယ်။
သူမကတော့စောင်ကိုရင်ဘတ်အထိပြန်ဆွဲခြုံထားရင်း...
"မောင်...တို့နှစ်ယောက်မနေ့ညကအတူနေဖြစ်တာလားဟင်"
သူမစကားကြောင့်သူဟာပြုံးစိစိနဲ့...
"နီတောင်းဆိုလို့လေ"
"ဘယ်လို..."
ချက်ချင်းကိုမျက်နှာလေးတွေရဲတက်သွားတဲ့မဒမ့်ကိုကြည့်ပြီးလီ့မှာရယ်ချင်ပေမယ့်အောင့်ထားရတယ်။
"ဟုတ်တယ်လေ နီရဲ့..မမှတ်မိဘူးလား။နီ့ဘက်ကပဲစပြီးတောင်းဆိုခဲ့တာ"
လီဟာသူမဘေးနားရောက်လာပြီးမျက်လုံးတည့်တည့်ကိုကြည့်ကာပြောတာကြောင့်ရှက်ကိုးရှက်ကန်းနဲ့မျက်နှာလွဲမိပြန်တယ်။
"ဒါဆိုတို့ဘာလို့ဟိုနေရာကမနာရတာလဲ"
"ဟမ်...."
မဒမ့်ဒီစကားမှာတော့လီကျရှုံးသွားလေပြီ။ဘာတဲ့"ဟိုနေရာဘာလို့မနာတာလဲ"ဆိုပဲ။
လီ့မှာရယ်ရလွန်းလို့အူတောင်တက်တော့မလို့...
"နေစမ်းပါအုန်း..မင်းတို့ကိုစ,နေတာလား"
"ဟီးဟီး..မနေ့ညက နီအန်ချလိုက်လို့အဝတ်တွေချွတ်လိုက်ရတာလေ"
ရယ်ကျဲကျဲနဲ့ဆိုလာတဲ့မောင့်ကိုကြည့်ပြီးဂျန်းလည်းအခုမှလျှောခနဲအသက်ရှူနိုင်တော့တယ်။
"မင်းကကွာလူကိုရင်တုန်အောင်လို့"
"နီကလည်းကွာ...အကယ်၍အတူတူနေဖြစ်ရင်ကောဘာဖြစ်တာမှတ်လို့လဲ"
"ဒါတော့ဒါပေါ့လို့ဒါပေမယ့်မနေ့ညကဟိုမိန်းမတွေရှိတယ်လေအဲ့တာကြောင့်ရှက်လို့"
"ဟုတ်ပါပြီမောင့်အသက်ရယ်...လန်းသွားအောင်ရေချိုးလိုက်နော်။အောက်မှာအမဂျူယွန်းကအမူးပြေဟင်းချိုချက်နေတယ်"
"အဲ့အမူးသမားကချက်နိုင်တယ်ပေါ့"
"အွန်း...အစောကြီးထပြီးလုပ်နေတာပဲ"
"တို့မြန်မြန်လုပ်ပြီးဆင်းလာမယ်နော်...အဲ့ဂျူယွန်းနားသိပ်ကပ်မနေနဲ့"
လီ့ကိုသတိပေးသွားပြီးစောင်ကြီးပတ်ကာရေချိုးခန်းထဲဝင်သွားပြန်သည်။
🌻🌼
"ဟာအနံ့နဲ့တင်သေလို့ရပြီဟေ့"
ဟင်းပွဲတွေပြင်နေရင်းကြားရတဲ့ချယ့်အသံကြောင့်ယွန်းပြုံးလိုက်မိသည်။
"ချယ်နိုးပြီပေါ့....စားတော့မလား"
"တကယ်ရှယ်ပြင်ထားတာပဲ"
"အဲ့လောက်လည်းမဟုတ်ပါဘူးချယ်ရယ်...ရေခဲသေတ္တာထဲရှိတာလေးနဲ့ပြင်ရတာပါ"
"ဟာအမဂျူယွန်းကလည်းဒါတောင်အတော်ပြည့်စုံနေပြီကို"
အချိန်တွေသာကုန်ဆုံးသွားတာလူတွေရဲ့အကြိုက်တွေအကျင့်တွေသိပ်လည်းမပြောင်းသွားပါလားနော်။
ချယ်လည်းအရင်အတိုင်းအစားဆိုသဘောကျနေတုန်းပဲ။
"အံမယ်အပျိုကြီးမမကိုယ်တိုင်ပြင်ထားတာလားဟ"
"ဟဲ့အင်နာယွန်း..နင်နဲ့ငါတူတူကိုဘာတွေလာပြောနေတာလဲ"
"ဘာတူရမှာလဲမတူပါဘူးနော်။ငါကမကြာခင်ဂျောင်နဲ့အဆင်ပြေတော့မှာ"
နာယွန်းနဲ့ယွန်းစကားနိုင်ထပ်မလုချင်တော့တာကြောင့်မဲ့ပြုံးလေးပဲပြုံးပြလိုက်ရင်းကြည့်နေလိုက်တယ်။
"အနံ့နဲ့တင်ဗိုက်ဆာပြီဗျို့...."
လီ့အသံကြောင့်ယွန်းပြုံးလိုက်ပြီးသူ့အားကြည့်တော့အနောက်မှာကပ်ပါလာတဲ့ဂျန်းကြောင့်ပြန်တည်လိုက်မိတယ်။
"လာကြလေ..အတူတူစားကြမယ်"
ဂျန်းဟာလီ့ဘေးနားမှာဝင်ထိုင်ပြီးယွန်းကတော့ဂျန်းနဲ့မျက်နှာချင်းဆိုင်မှာဝင်နေရာယူလိုက်တယ်။
လီနဲ့သာအတူထပ်ထိုင်ရင်ဂျန်းကပါးချတော့မှာဆိုတာကြိုမြင်နေလို့လေ။
"အမဂျူယွန်းကဟင်းချက်ကောင်းသား"
ဂင်ချီကျီဂဲအားမြည်းရင်းလီပြောလိုက်ခြင်း...
"မောင်ကြိုက်ရင်နောက်တခါတို့လုပ်ကျွေးမယ်နော်"
လက်ကိုင်ပုဝါနဲ့သူ့နှုတ်ခမ်းသားတွေကိုသုတ်ပေးရင်းငြူတူတူဆိုလာတဲ့သူမကြောင့်သူတင်မကကျန်တဲ့သူတွေရောပါးစပ်အဟောင်းသား...
"နင်တို့ကလည်းပြောမပြောချင်တော့ဘူး"
နာယွန်းအပြောကိုယွန်းကတော့ပြုံးတယ်ဆိုရုံလေးပြုံးရင်းစားပွဲကိုပဲစိုက်ကြည့်နေမိတယ်။
ဂျန်းသဝန်တိုပြီးလုပ်မှန်းသိတာပေါ့။
"ငါနောက်မှထပ်လာလည်ပါ့မယ်"
မနက်စာစားပြီးတော့ဂျူယွန်းနဲ့နာယွန်းကပြန်ဖို့ပြင်ကြတယ်။
"အင်းပါအားမှဝင်လည်နော်။တကူးတကမလိုဘူး"
သူမစကားကြောင့်ဂျူယွန်းကတော့ပြုံးမြဲပြုံးနေကာ....
"ယူကလည်းသိပ်တွန့်တိုတာပဲကွာ"
သူမနားအနားကပ်ကာဂျူယွန်းဆိုလိုက်တော့သူမကဂျူယွန်းအားစိုက်ကြည့်ပြီး...
"ဘာဖြစ်လဲကွယ်"
"အိုင်ကလေပိုင်ရှင်ရှိပြီးသားအရာကိုမပြစ်မှားဘူး"
ထိုစကားကိုနောက်ဆုံးပြောသွားရင်းဂျူယွန်းဟာကားပေါ်တက်သွားတယ်။
လီဆာကအဲ့ကျမှအိမ်ထဲကထွက်လာပြီး..
"နီ...တကယ်ပြန်ကြတော့မယ်ပေါ့"
"အင်းပေါ့..သူတို့အိမ်မှမဟုတ်တာပြန်ရမှာပေါ့"
ကားလေးဟာထွက်သွားလေပြီ။
မဒမ့်အားလီပြန်ကြည့်အခိုက်ရင်တောင်တုန်သွားတယ်။
လူကိုစိုက်ကြည့်နေတာကသတ်ပစ်တော့မယ့်အတိုင်း။
"နီ..ဘာလို့အဲ့လိုကြည့်နေတာလဲ"
သူမရဲ့လက်ဟာသူ့ဗိုက်ကိုရောက်သွားပြီးချပ်ရပ်နေတဲ့ဗိုက်သားအားလိမ်ဆွဲတော့တယ်။
"အမေရေ..သေပါပြီ..အားယိုးယိုးနာတယ်လို့"
"မင်းအဲ့လောက်ပဲတုံးရလား...အဲ့ဂျူယွန်းမကမင်းကိုသဘောကျနေတာသိရဲ့လား"
ပြောပြီးတာနဲ့သူမလက်ကိုလွတ်ပေးလိုက်တယ်။
အဲ့ကျမှပဲသူလည်းအသက်ဝဝရှူနိုင်တော့တယ်။
"အမဂျူယွန်းကမောင့်ကိုသဘောကျနေမှန်းသိပါတယ် နီရဲ့"
"အဲ့တာကိုသူဒီလောက်အနားကပ်နေတာမင်းကထွက်မပြေးဘူးပေါ့"
"ဟိဟိ...နီ့ကိုသဝန်တိုစေချင်လို့"
"မင်းကွာ"
သူမမျက်နှာလေးဟာမအီမလည်လေး....
ကိုက်စားပစ်ချင်စရာအသည်းယားဖို့ကောင်းတယ်။
"အူးမွ"
ဖောင်းနေတဲ့ပါးလေးကိုနှာခေါင်းနစ်ဝင်တဲ့အထိနမ်းလိုက်တော့ပြန်ရလိုက်တာမဒမ့်ရဲ့မျက်စောင်း...
"ချစ်တယ်လေ"
"မချစ်နဲ့အိမ်ထဲလည်းဝင်မလာနဲ့"
"ပြီးတာပဲလေခြံထဲပဲနေတော့မယ်"
ဒီလာလီဆာနဲ့တော့လေ...အချော့ခံချင်တာကိုသူကတကယ်ကြီးနေခဲ့မလို့လား။
မိန်းမဖြစ်သူကိုနောက်ကတကောက်ကောက်လိုက်ရင်းချော့မယ်မရှိဘူး..ဒီဟာလေးကတော့နာတော့မယ်။
စိတ်ထဲမှာကျိန်ဆဲနေရင်းအိမ်ထဲတောင်ရောက်လာပြီ။
သူတကယ်ကြီးကျန်နေခဲ့တာပဲ။
"အလိုက်မသိတဲ့ဟာကြီး"
"မုန်းဖို့ကောင်းလိုက်တာလာလီဆာစုတ်"
ပွစိပွစိတရစပ်ရွတ်ရင်းမကြာပါဘူး....သူမပွေ့ချီခြင်းကိုခံလိုက်ရတယ်။
တရားခံကတော့ခြံထဲကနေတရှိန်ထိုးနဲ့ဝင်ရောက်လာတဲ့အဂျစ်ကောင်ပဲပေါ့။
"ဘာလုပ်တာလဲပြန်ချပေး"
"ဘာလို့ချပေးရမှာလဲအခန်းထဲသွားကြမယ်"
အမြင်ကပ်စရာပြုံးပြရင်းပြောနေပုံကြောင့်ဂျန်းမှာရှက်လွန်းလို့စကားတောင်ထပ်မထွက်နိုင်...
"ထိုင်းကောင်စုတ်ငါ့ကိုချပေးပါဆို"
"ဘာထိုင်းကောင်စုတ်ဟုတ်လား...အပြောကောင်းတဲ့ပါးစပ်လေးကိုအပြစ်ပေးမိတော့မယ်..ဟင်းဟင်း"
သူမရဲ့နှုတ်ခမ်းပါးကိုငုံထွေးပစ်လိုက်တယ်။
ပြီးတဲ့နောက်ပြန်ခွာလိုက်ရင်း
"ညတိုင်းမောင်ဆိုပြီးညီးနေကျကိုဘာထိုင်းကောင်စုတ်လဲ..မေ့သွားတာလား"
"ရတယ်လေမမေ့တော့အောင်လုပ်ပေးမယ်"
ဂျန်းထပ်ပြောချိန်တောင်မရလိုက်မောင့်ကထပ်နမ်းပြန်တယ်။
ဥပေက္ခာပြုရန်ခက်ခဲတဲ့မောင့်အနမ်းတွေမှာတုန့်ပြန်စီးမျောရင်းအချစ်တွေကိုခံစားလိုက်တယ်။
🌻🌼
သူမပြန်နိုးလာတော့ညနေတောင်စောင်းတော့မယ်။
အဲ့လောက်တောင်နောက်ကျသွားပြီလား....
"မောင့်မဟေသီလေးနိုးပြီပေါ့"
အခန်းထဲကိုနွားနို့တစ်ခွက်နဲ့ဝင်လာတဲ့မောင့်ကိုမျက်တောင်မခတ်ကြည့်နေမိတယ်။
မိုးပြာရောင်ရှပ်အကျီလေးရယ်အဖြူရောင်ဘောင်းဘီတိုလေးရယ်နဲ့ကြည့်ကောင်းနေလိုက်တာ....
"မောင့်ကိုရှူမဝဖြစ်နေတယ်ပေါ့"
ရယ်သံလေးနဲ့ဆိုလာတဲ့မောင့်ကြောင့်ရှက်ပြုံးလေးပြုံးလိုက်မိသည်ထင်တယ်။
ပြီးတဲ့နောက်စောင်ကိုအပေါ်ထိသေချာပြန်ဆွဲရင်း
"အဲ့နွားနို့ကတို့အတွက်လား"
"ဟုတ်တယ်လေ နီအားပြန်ရှိအောင်လို့"
"မင်းလည်းအားလျော့နေတာပဲကိုနှစ်ခွက်ယူလာတာမဟုတ်ပဲ"
"မောင်ကဒီနို့သောက်ရင်အားမပြည့်ဘူး...နီတိုက်တဲ့"
"ရပ်လိုက်တော့နော်..အဲ့မှာတင်ရပ်..ထပ်မထွက်နဲ့"
ချက်ချင်းကိုတားရင်းလေပေါ်ကနေရောက်လာတဲ့ခေါင်းအုံးပျံတွေ......
လီလည်းအတတ်နိုင်ဆုံးရှောင်လိုက်ရင်း
"ဒါလေးစ,တာကိုအချစ်ကလည်းအကဲပိုနေပြန်ပြီ"
"မသိဘူးနောက်မပြောနဲ့ရှက်တယ်"
"အင်းပါ..မောင်ချယ်နဲ့အတူတီဗီသွားကြည့်အုန်းမယ်နွားနို့သောက်ပြီးအဝတ်လဲပြီးရင်ဆင်းလာခဲ့"
အခန်းထဲကမထွက်ခင်အသည်းပေးသွားသေးတယ်။
ဘယ်လိုကလေးမှန်းမသိ....
ဂျန်းလည်းသူ့အပေါ်တစ်ရက်ထက်တစ်ရက်အချစ်တွေပိုနေမိတယ်။
ကိုယ့်ထက်ငယ်တဲ့သူကိုရထားတော့လည်းစိတ်မချမှုတွေကအပြည့်...ရင်လေးမိတယ်။
×××××××××ကြယ်လေးတွေပေးသွားကြအုန်းနော်💫
Ficကဇာတ်သိမ်းတော့မှာပါ။Kအခုနောက်ပိုင်းသင်တန်းတွေအပြည့်နဲ့မအားတော့တာကြောင့်မြန်မြန်ဇာတ်သိမ်းဖြစ်သွားတယ်။
New ficလည်းအတော်ကြာမှပြန်လာဖြစ်မယ်ထင်တယ်။
အားလုံးကိုလေးစားချစ်ခင်လျက်🤎×××××××××(Zawgyi)
စိတ်တောင်ညစ်လာပြီ။
"ငယ်ငယ်လေးရှိသေးတာပဲ"
ဟားဟား...
"ဘာလို့လဲ"
ဘုတ်!!!
"သွားအိပ်ကြမယ်နော် နီ"
"ကောင်းသောညပါ နီ"
"အရမ်းချစ်တယ်"
🌻🌼
"အား!!!!"
"နီ...ဘာဖြစ်လို့လဲဟင်"
"နီတောင်းဆိုလို့လေ"
"ဘယ်လို..."
"ဟမ်...."
🌻🌼
ဟင်းပွဲတြွေပင်နေရင်းကြားရတဲ့ချယ့်အသံကြောင့်ယွန်းပြုံးလိုက်မိသည်။
"တကယ်ရှယ်ပြင်ထားတာပဲ"
"လာကြလေ..အတူတူစားကြမယ်"
"ဘာဖြစ်လဲကွယ်"
"မင်းကွာ"
"အူးမွ"
"ချစ်တယ်လေ"
"အလိုက်မသိတဲ့ဟာကြီး"
"ဘာလုပ်တာလဲပြန်ချပေး"
🌻🌼
ဘယ်လိုကလေးမှန်းမသိ....
New ficလည်းအတော်ကြာမြှပန်လာဖြစ်မယ်ထင်တယ်။
There are no comments yet. Log in to be the first to leave a review!
Similar stories