Fanfics
24
14:51, 19 July 2022
(Unicode)
"မိန်းမရေ......"
စူးလွန်းတဲ့အသံလေးနဲ့အတူလှေကားလက်ရန်းကနေလျှောဆင်းလာပြန်တဲ့အဂျစ်....
"အမတွေ့တယ်မလားနင့်လူကို..ကြပ်မှပြည့်သေးရဲ့လားမသိ"
လက်ထပ်ပြီးတာတစ်ပတ်ရှိတော့မယ်။ဒီအတောအတွင်းအဲ့လာလီဆာကိုချယ်ကြည့်လိုကိုမရတော့ဘူး.....
အဖြစ်သည်းချက်ကလည်း9plusပဲ..
မုန်းစရာကောင်းတဲ့မယားမယားတွေ..
"ဘာတွေလဲ နီ"
"ဝက်သားကတ်သလိပ်နဲ့ထမင်းပေါင်း...မင်းကြိုက်တယ်မလား"
ရှပ်ကော်လံကိုသေချာပြန်ပြင်ပေးရင်းသူမကဖြေသည်။
"ကြိုက်တာပေါ့"
ကတ်သလိပ်ကိုအနံ့ခံပြီးပြုံးနေတဲ့လီဆာ့ကိုကြည့်ကာ
"နင့်ပုံစံကလည်းလူနဲ့မတူတော့ဘူး"
ချယ်ကခပ်ရွဲ့ရွဲ့လေးဆိုတယ်
"အောင်မာချယ်ယောင်း...နင်ကများငါ့ကို"
"ဘာဖြစ်လဲငါကနင့်ကိုရိုသေဖို့မလိုဘူးနော်"
"ရိုသေသင့်တယ်မထင်ဘူးလား။ငါကနင့်အမကိုယူထားတာလေ"
"တော်စမ်းပါ...နင့်ကိုတစ်စိလေးမှမရိုသေနိုင်ပါဘူး"
ချယ်ဟာလျှာထုတ်ပြရင်းပြောင်ပြနေတော့မောင့်ကြည့်ရတာဒေါသထွက်နေတဲ့ပုံပဲ။
မျက်နှာကြီးရဲပြီးခက်ရင်းနဲ့ဝက်သားကိုထိုးထားတာများကျိုးတော့မယ်။
"ကဲနှစ်ယောက်လုံးရန်မဖြစ်နဲ့တော့။ပြီးရင်ကျောင်းသွားတော့နော်။ဘာဘာညာညာအသံတွေလည်းမကြားချင်ဘူးဟုတ်ပြီနော်"
"ဟုတ်ကဲ့"
"မဟေသီ့စကားကိုနားထောင်ပါ့မယ်"
"စကားတွေများမနေပဲမနက်စာစားတော့"
ဂျန်းကတော့ဆေးစရာရှိတာဆေးဖို့ဘေစင်သို့သွားလိုက်သည်။
စကားတော့နားထောင်ကြပါတယ်။တိတ်ဆိတ်နေတာပဲအစားစားနေကြတာ.....
"နီ...မောင်သွားပြီနော်"
"အွန်းပါဆိုင်ကယ်ကို​ဖြည်းဖြည်းမောင်းနော်ကြားလား"
ဆိုင်ကယ်ဦးထုပ်စွတ်ပေးရင်းဒီစကားချည်းမှာနေတာအခါလေးဆယ်လောက်ရှိပြီ။
မဒမ်ဟာလီ့ကိုအတော်စိတ်ပူတာပဲ။
"မောင်ကဆိုင်ကယ်ကိုမျက်လုံးမှိတ်ပြီးတောင်စီးနိုင်တယ်သိရဲ့လား။အလကားပူပန်မနေပါနဲ့ နီရယ်။စိတ်ဒုက္ခရောက်တာပေါ့မဟုတ်ဘူးလား"
အူးမွ!!!
ပါးကိုအနမ်းအကြီးစားကြီးပေးသွားပြီးဆိုင်ကယ်နဲ့ထွက်သွားတော့သည်။
မောင်ဟာလက်ထပ်ပြီးမှစကားသိပ်နားမထောင်ချင်ဖြစ်နေတာ....အရင်တည်းကမြေဝယ်မကျမဟုတ်တော့အခုပိုဆိုးနေသလားလို့။
စကားမစပ်ဂျန်းကြွားရအုန်းမယ်။မောင်ဒီနှစ်တော့စာမေးပွဲအောင်လို့နောက်တစ်နှစ်တက်တယ်။
မောင့်အတွက်ဂျန်းမှာဂုဏ်ယူနေလိုက်ရတာ....
"အမနင့်လူကိုကျောင်းလာကြိုမှာလား"
ချယ်ကတော့ကျောင်းကိုကားနဲ့ပဲသွားတာ။
သူမှဆိုင်ကယ်မမောင်းတတ်တာ....
"သူ့မှာဆိုင်ကယ်ပါသွားတာပဲကိုဘာလုပ်ဖို့ကြိုရမှာလဲ"
"မသိဘူးလေဟာနင်တို့အတွဲကပိုကိုပိုလို့"
ခနဲ့သဲ့သဲ့ပြောရင်းချယ့်ကားလေးဟာခြံထဲကထွက်သွားသည်။
ချယ်နဲ့ဂျီဆူကျတော့လည်းအချိန်တိုင်းမတွေ့နိုင်တဲ့ရည်းစားတွေ။
အချိန်မပေးနိုင်ကြပေမယ့်မေတ္တာတွေနားလည်မှုတွေအပြည့်ဆိုတော့တည်မြဲကြသား....
"ငါလည်းလုပ်စရာရှိတာလုပ်အုန်းမှ"
သူမအိမ်ထဲသို့ပြန်ဝင်သွားရင်းသန့်ရှင်းရေးလုပ်ဖို့ပြင်ရသည်။
ကုမ္ပဏီကိုမသွားဖြစ်တော့အိမ်အလုပ်လုပ်ရတာပေါ့။
အားအားယားယားမနေတတ်တာသူမအကျင့်။
အလုပ်မရှိလို့မဖြစ်တော့သလိုပေါ့လေ။
🌻🌼
အိမ်သန့်ရှင်းရေးတာဝန်ပြီးလို့ဆက်တီမှာလှဲကာတီဗီကြည့်ဖို့ပြင်တုန်းရှိသေးတယ်။
ခြံထဲကားထဲကြားလို့ထွက်ကြည့်လိုက်တော့ချစ်လှစွာသောသူငယ်ချင်းတွေပဲ။
"အင်နာယွန်း...ငါ့ဆီဘာလာလုပ်တာလဲ"
"နင့်ကိုအံ့သြစေမယ့်လူတစ်ယောက်ခေါ်လာတယ်"
"ဘယ်သူတုန်းရှုပ်ရှုပ်ရှပ်ရှပ်တွေလုပ်လာပြန်ပြီ"
"နင်ကိုယ်တိုင်ပဲကြည့်လိုက်တော့"
အံ့သြစေမယ့်သူဆိုလို့ဂျန်းမျှော်လင့်တကြီးတော့စောင့်စားနေမိသည်။
ဟိုဘက်ကားတံခါးကနေထွက်လာတဲ့အမျိုးသမီးကြောင့်တကယ်ကြောင်အ,သွားရသည်။
"ဘေးဂျူယွန်း!!!"
မတွေ့ဖြစ်တာနှစ်နဲ့ချီနေတဲ့ဂျူယွန်းကြောင့်ဂျန်းအမြန်သူ့ဆီပြေးသွားရင်းဆွဲဖက်လိုက်တယ်။
"ငါပြောခဲ့သားပဲနင်အံ့သြသွားမယ်လို့"
"ယုန်မဒီတခါတော့နင်တော်သွားပြီဟားဟား"
"ငါ့ကိုအိမ်ထဲခေါ်အုန်းလေ"
"အွန်းဝင်လေဂျူယွန်းရယ်"
ဂျူယွန်းကကျောင်းတည်းကပြိုင်စံရှားတဲ့အလှပဂေး
အခုဆိုပိုတောင်လှလာသေးသလားလို့.....
အရင်တုန်းကသူမနဲ့အမှတ်တရတွေထဲမှာအများဆုံးကတော့အကြိုက်တွေတူနေခြင်းပါပဲ။
ဂျန်းCrushလိုက်တဲ့သူမှန်သမျှကိုသူကလည်းသဘောကျတယ်လေ။
ပြီးရင်လည်းတစ်ယောက်မှရတာမဟုတ်ဘူး။
"နင့်အိမ်ကလှသားပဲဂျန်း"
"ငါ့အိမ်ထက်နင်ကပိုလှလာတယ်ဂျူယွန်းနား"
သူမစကားကြောင့်ဂျူယွန်းဟာနှစ်ခြိုက်စွာပြုံးရင်း
"ငါတစ်ယောက်တည်းလှတာမဟုတ်ဘူးထင်တယ်နော်။တစ်မိုးအောက်ဂျန်းနီကင်ကလည်းဆွဲဆောင်မှုရှိနေတုန်း"
"နင်တို့လှကြောင်းချောကြောင်းတွေပြောမနေနဲ့။ရော့မုန့်စားကြအုန်း"
"ဟဲ့နာယွန်း...အဲ့တာငါ့အိမ်ကဟာတွေမလား"
"အေးလေခုနကရေခဲသေတ္တာထဲကသွားနှိုက်လာတာ"
အင်နာယွန်းဟာအဲ့လိုသူငယ်ချင်းမျိူးရယ်ပါ။
"ဂျန်းနင်အိမ်ထောင်ကျသွားပြီဆို"
ဂျူယွန်းဟာကော်ဖီသောက်နေရင်းကသူမအားမေးသည်။
"အေးဟုတ်တယ်တစ်ပတ်လောက်ပဲရှိပါသေးတယ်"
"အမျိုးသားကရော"
"ဟင်...."
"ဂျူယွန်းမရယ်..သူကမိန်းမပဲပြန်ယူထားတာ"
"ဘယ်လိုဘယ်လိုဒါဆိုနင်က"
"နင်အရမ်းအံ့သြနေတယ်မလားဟင်...ငါလည်းဘယ်လိုဖြစ်သွားလည်းမသိပါဘူး။မောင့်ကိုအရမ်းချစ်မိသွားတာ"
"အေးဟေ့...သူ့လူကိုမောင်ဆိုပဲ"
"ငါသိပ်တော့လည်းမအံ့သြပါဘူးဟာ...အခုခေတ်မှာဒါကထူးဆန်းနေတာမှမဟုတ်တာ"
"အဲ့တာတော့အမှန်ပဲငါတောင်ယူဂျောင်ယွန်းဆိုတဲ့ကောင်မလေးတစ်ယောက်ကိုကြွေနေတာ"
လက်သည်းတွေကိုက်ရင်းcrushအကြောင်းပြောနေတဲ့နာယွန်းကိုကြည့်ပြီးဟိုနှစ်ယောက်ကတော့ရယ်နေတယ်။
"ဂျူယွန်းနင်ဒီနှစ်တွေမှာဘယ်ရောက်နေတာတုန်းအဲ့တာလေးရှင်းစမ်းပါအုန်း"
"ငါကနေဒါကိုပြောင်းသွားတာလေအခုဆိုအဲ့မှာပဲခရီးသွားလုပ်ငန်းကအတော်အခြေခိုင်နေပြီ"
ဒါဆိုဂျူယွန်းကခရီးသွားကုမ္ပဏီကြီးပိုင်တာပေါ့...
"သြော်အဲ့လိုကိုး...ဒါနဲ့နင်ရောချစ်သူရှိပြီလား"
ငယ်သူငယ်ချင်းတွေပီပီတွေ့တာနဲ့မေးမိကြတာအချစ်ရေးကို...
"ငါ့နှလုံးသားရေးရာကငြိမ်သက်နေတာကြာလှပေါ့"
"ဘေးဂျူယွန်းရယ်နင်ဒီလောက်ပြည့်စုံနေတာရည်းစားထားဖို့စိတ်ကူးမရှိဘူးလား"
ကွတ်ကီးတွေထိုင်စားနေရင်းနာယွန်းမှမေးလိုက်ခြင်း
"ငါချစ်တဲ့သူကိုမှမတွေ့သေးတာ"
ဂျူယွန်းဖြေတဲ့အဖြေဟာရှင်းရှင်းလေးပါပဲလား။
တကယ်လည်းမှန်ပါတယ်။ဂျန်းကိုယ်တိုင်လည်းမောင်နဲ့မတွေ့ချင်ထိအဲ့တာတွေမတွေးဖြစ်ခဲ့ဘူးလေ။
"ဘာပဲဖြစ်ဖြစ်ပေါ့ဟာငါတို့တွေထဲတော့ဒီအချေမမကအရင်အိမ်ထောင်ကျတာပဲ"
"ဂျန်းနင်ကလေးယူမှာလား"
ဂျူယွန်းရဲ့အမေးကြောင့်ဂျန်းပြုံးလိုက်ပြီး
"ငါအခုတောင်ဆရာဝန်နဲ့စမ်းသပ်နေပြီလေ။ငါကကံကောင်းတယ်ပဲပြောရမလားမသိ။သန္ဓေသားကိုအချိန်တိုအတွင်းရနိုင်တယ်တဲ့"
"ကောင်းတာပေါ့လီဆာကပူဆာနေလို့နင်ဒီလိုအလျင်လိုနေတာမလားမိန်းမ..."
နာယွန်းစကားကိုထောက်ခံသည့်သဘောနှင့်ဂျန်းခေါင်းညိတ်ပြလိုက်သည်။
"ဒါနဲ့ငါဒီနေ့နင့်အိမ်ကနေညဥ့်နက်မှပြန်မှာနော်"
"သဘောပဲလေဂျူယွန်းရာ...ငါတို့တွေမတွေ့ဖြစ်တာဘယ်လောက်ကြာပြီလဲ။ညအိပ်ရင်တောင်ရသေး"
"ဒါဆိုအခုငါတို့စျေးဝယ်ထွက်ရအောင်လေ။"
"အွန်းသွားကြမယ်"
"ငါအဝတ်လဲအုန်းမယ်ဟယ်"
"သြော်..ကြွကြွ"
ဂျန်းလည်းသူတို့နှစ်ယောက်ကိုထားခဲ့ပြီးအိမ်ပေါ်ထပ်တက်ကာအဝတ်လဲရသေး......
ပြီးတဲ့နောက်တော့ကုန်တိုက်တစ်ခုဆီသို့...
🌻🌼
ညအချိန်ရောက်တော့ခြံထဲမှာအရင်လိုပျင်းစရာကောင်းမနေ...စားပွဲတွေဆက်ထားပြီးအကင်ဗန်းတွေရှန်ပိန်တွေနဲ့အမိုက်စား....
ဂျန်းသူတို့ကိုခဏထားခဲ့ပြီးအခန်းကိုလာရသေးသည်။
"မောင်!!!"
အခန်းထဲမှာမရှိတော့မောင်ရေချိုးနေသည်ထင်သည်။
ဂျန်းလည်းအဝတ်ရွေးပေးနေမိတယ်။
အဆင်ပြေလောက်မယ့်အဝတ်ကိုရွေးပြီးသွားတော့ကုတင်ခြေရင်းမှာခြေချထိုင်ရင်းစောင့်နေလိုက်သည်။
"ဟာ....နီဘယ်တုန်းကရောက်"
Bathrobeလေးဝတ်ထားရင်းမျက်နှာကိုတပတ်နဲ့သုတ်နေသည့်ဂျန်းရဲ့ကလေးဟာအူယားဖွယ်...
"အခုလေးတင်ပဲမောင်ရယ်"
မောင့်လည်ပင်းတွေကိုတွယ်လိုက်ပြီးငြူတူတူနဲ့ဆိုလိုက်သည်။
"ဟိုအဝတ်တွေဝတ်ရမှာလား"
"ဒါပေါ့ဝတ်ခဲ့နော်အောက်မှာစောင့်နေမယ်ချစ်တယ်"
ရွတ်!!!
မဒမ်ဟာလီ့ပါးကိုအနမ်းပေးသွားရင်းထွက်သွားသည်။
လီ့အတွက်ထုတ်ပေးခဲ့တာတွေကCelineတီရှပ်အဖြူလေးရယ်ဂျင်းဘောင်းဘီတိုလေးရယ်ပဲ။
အတိုဆိုပေမယ့်ဒူးပေါ်လေး...
"ဂျန်းပြီးရင်နင့်လူနဲ့ငါ့ကိုသေချာမိတ်ဆက်ပေး"
"အင်းပါဂျူယွန်းရယ်"
"ဂျူယွန်းနင်မသိလို့သိလား...လီဆာကအရမ်းချောတာ"
သူမတို့စကားဝိုင်းထဲနာယွန်းပါပါလာသည်။
ဂျူယွန်းကတော့လီဆာ့ကိုစိတ်ဝင်စားနေမိသည်။ဂျန်းလိုမိန်းမကိုရအောင်ယူနိုင်သည်ကချီးကျူးဖို့ကောင်းလွန်းသည်လေ....
နှလုံးသားကိုဦးစားမပေးဘူးလို့ပဲအသံကောင်းဟစ်လာခဲ့တဲ့သူမဟာအရမ်းချစ်လွန်းလို့ဆိုပြီးရွေးလိုက်တာတဲ့...
"နီ....."
ပြောရင်းဆိုရင်းမောင်ရောက်လာပါပြီ.....
ရေချိုးထားခါစမို့ဖြစ်မည်။ရှေ့ဆံပင်ဟာအလယ်ခွဲလေးဖြစ်ကာနဖူးလေးနည်းနည်းမြင်နေရသည်။
"မောင်လာပါအုန်း..တို့မိတ်ဆက်ပေးမလို့"
ချယ်ကတော့အကင်တွေကိုပဲကြီးကြပ်နေခဲ့သည်။
စကားတောင်ဝင်မပြောပါ။ကင်လိုက်စားလိုက်နဲ့ဟုတ်နေတာပဲ။
"ဂျူယွန်း..ဒါငါ့ရဲ့အသည်းနှလုံးလေး"
မဒမ်ဟာသူမသူငယ်ချင်းတွေရှေ့မှာလီ့ခါးကိုဖက်ထားရင်းပြောနေသည်။
မဒမ်ပြောထားသလောက်တော့ဒီဂျူယွန်းဆိုတဲ့တစ်ယောက်နဲ့အဆက်အသွယ်ပြတ်သွားတာအတော်ကြာနေပြီတဲ့လေ။
"တွေ့ရတာဝမ်းသာပါတယ်..လာလီဆာပါ"
လီကမ်းပေးတဲ့လက်ကိုသူမကမြင်မှမြင်ရဲ့လား။လီ့ကိုပဲမျက်တောင်မခတ်တမ်းငေးနေတာ....
"ဟဲ့ဘေးဂျူယွန်း...အသက်ရှိသေးရဲ့လား"
လီဆာ့ဆိုတဲ့တစ်ယောက်ကိုကြည့်ရင်းယွန်းရင်ထဲတစ်မျိုးလေးခံစားနေမိတယ်။
သူကအတော်ကြည့်ကောင်းတာပဲ။ယွန်းသူ့ကိုဘယ်လောက်တောင်ငေးနေမိလဲမသိ.....နာယွန်းတံတောင်နဲ့တို့မှပဲအသိပြန်ဝင်တော့တယ်။
"အမလည်းဝမ်းသာပါတယ်လီ...."
သူ့လက်ကိုကိုင်လိုက်တဲ့အခိုက်အတန့်မှာယွန်းကိုယ်ထဲကရှိရှိသမျှသွေးတွေအစုန်အဆန်လွဲကုန်တော့သလိုပဲ။
မဟုတ်မှလွဲရောငယ်ငယ်ကတည်းကအကြိုက်တူခဲ့တဲ့ဂျန်းနဲ့အခုလည်းထပ်တူညီနေပြန်တာများလား။
"ဟဲ့လက်ကိုလွတ်ပေးလိုက်တော့လေ"
ဒီတခါလည်းနာယွန်းဝင်ပြောမှသူ့လက်ကိုလွတ်ပေးမိသည်။
ဘာရယ်မဟုတ်ဟိုကြည့်ဒီကြည့်နဲ့အကြည့်လွဲနေရင်းကသူ့ဘေးကဂျန်းဆီရောက်သွားတဲ့အချိန်ယွန်းရင်ထဲသိမ့်ခနဲပဲ။
ပျာဖြစ်သွားန်ိုင်လောက်တဲ့အကြည့်တွေ.....
ယွန်းကလည်းယွန်းပါပဲ။သူများမိန်းမကိုအရူးမလိုငေးနေမိတာကိုး...
"မောင်ဟိုမှာသွားထိုင်နေ..ပြီးမှသောက်ကြစားကြမယ်"
"ဟုတ်ကဲ့ နီ"
ပြွတ်စ်!!!
မောင်ဟာမသွားခင်ဂျန်းနှုတ်ခမ်းကိုနမ်းသွားသေးတာကြောင့်ကျေနပ်စွာပြုံးလိုက်မိသည်။
ဂျူယွန်းကိုလည်းစေ့စေ့ကြည့်ပေးလိုက်တယ်။ဘယ်နှယ့်သူများအချစ်ကိုဝါးစားတော့မတတ်ကြည့်နေတာတော့မဟုတ်သေးပါဘူး။
"အသားကင်ကတော့ငါနဲ့ချယ့်လက်ရာတွေပဲ"
နာယွန်းကတက်ကြွစွာအသားကင်ဗန်းကြီးကိုစားပွဲပေါ်ချလိုက်ရင်းပြောသည်။
နေရာယူတဲ့အချိန်မှာလည်းမောင့်ညာဘက်မှာဂျန်း...
ဘယ်ဘက်မှာကဂျူယွန်း....သူ့ဘာသာသူဝင်ထိုင်တာဆိုတော့လည်းမထိုင်နဲ့လို့ကပြောလို့မရ....
စိတ်ညစ်ပါတယ်နော်။
"မောင်ရော့မင်းကြိုက်တဲ့အမဲခါးဆစ်သား"
"ကျေးဇူးပါ နီ"
သူတို့ရဲ့မျက်နှာချင်းဆိုင်မှာချယ်နဲ့နာယွန်းကတော့အေးရာအေးကြောင်းစားသောက်နေလေပြီ။
"လီမင်းသောက်တတ်ရဲ့လား"
"အမကလီလီ့ကိုအထင်သေးနေတာပဲ။လီလီကအရက်ဂျိုးပါနော်"
ယွန်းကိုကြည့်ပြီးပြုံးစစနဲ့ဆိုလာတဲ့ကလေးဟာဆွဲနမ်းပစ်ချင်စရာလေး။
သို့သော်လည်းစိတ်ထိန်းထားရသေးတယ်။ကလေးဟာအိမ်ထောင်ရှိပြီးသားလူလေ...
ဂျန်းရယ်နင်နဲ့ငါလည်းဘယ်ဘဝကရေစက်တွေလဲ
"တစ်ခွက်လက်ခံနော်"
"ဟုတ်ကဲ့အမလီလည်းသောက်ချင်နေတာ"
ဂျူယွန်းနဲ့စကားလက်ဆုံကျနေတဲ့မောင့်ကိုကြည့်ပြီးရစ်ချင်လာတယ်။
သူတို့တွေပြန်မှကိုကောက်ပြအုန်းမယ်....
ဂျူယွန်း...နင်ဟာလေငါ့လူကိုများ"လီ"ဆိုပဲနာယွန်းလိုခေါ်လည်းရပါတယ်။
"ရော့လီ..ဒါလေးပါစားလိုက်"
အမဲသားရယ်ဆလပ်ရွက်ရယ်ကိုသေချာထုပ်ပေးပြီးအမဂျူယွန်းကခွံကျွေးဖို့ပြင်နေတာကြောင့်လီလည်းမငြင်းသာပဲစားလိုက်ရတယ်။
လီဆာမသိခဲ့တာကတော့သူ့ညာဘက်ဘေးကအမကြီးဟာမျက်တောင့်နီကြီးနဲ့ကြည့်နေတာကိုပဲ။
×××××××××ကြယ်လေးတွေပေးသွားကြအုန်းနော်💫
အားလုံးကိုလေးစားချစ်ခင်လျက်🤎××××××××(Zawgyi)
"မိန်းမရေ......"
"အမတွေ့တယ်မလားနင့်လူကို..ကြပ်မြှပည့်သေးရဲ့လားမသိ"
"ဘာတွေလဲ နီ"
"ကြိုက်တာပေါ့"
"ဟုတ်ကဲ့"
"နီ...မောင်သွားပြီနော်"
ဆိုင်ကယ်ဉီးထုပ်စွတ်ပေးရင်းဒီစကားချည်းမှာနေတာအခါလေးဆယ်လောက်ရှိပြီ။
အူးမွ!!!
🌻🌼
"ဘေးဂျူယွန်း!!!"
အင်နာယွန်းဟာအဲ့လိုသူငယ်ချင်းမျိုးရယ်ပါ။
"အမျိုးသားကရော"
"ဟင်...."
"ဒါနဲ့ငါဒီနေ့နင့်အိမ်ကနေညဥ့်နက်မြှပန်မှာနော်"
"ဒါဆိုအခုငါတို့ဈေးဝယ်ထွက်ရအောင်လေ။"
"အွန်းသွားကြမယ်"
"ငါအဝတ်လဲအုန်းမယ်ဟယ်"
"သြော်..ကြွကြွ"
🌻🌼
"မောင်!!!"
"ဟာ....နီဘယ်တုန်းကရောက်"
"အခုလေးတင်ပဲမောင်ရယ်"
ရွတ်!!!
"အင်းပါဂျူယွန်းရယ်"
နှလုံးသားကိုဉီးစားမပေးဘူးလို့ပဲအသံကောင်းဟစ်လာခဲ့တဲ့သူမဟာအရမ်းချစ်လွန်းလို့ဆိုပြီးရွေးလိုက်တာတဲ့...
"နီ....."
"အမလည်းဝမ်းသာပါတယ်လီ...."
ပျာဖြစ်သွားနိုင်လောက်တဲ့အကြည့်တွေ.....
"ဟုတ်ကဲ့ နီ"
ပြွတ်စ်!!!
စိတ်ညစ်ပါတယ်နော်။
"ကျေးဇူးပါ နီ"
"တစ်ခွက်လက်ခံနော်"
သူတို့တြွေပန်မှကိုကောက်ပြအုန်းမယ်....
There are no comments yet. Log in to be the first to leave a review!
Similar stories