23
14:52, 18 July 2022(Unicode)
မင်္ဂလာပွဲပြီးပြီးချင်း ဂျန်းအိမ်ကိုတန်းပြန်လာလိုက်သည်။လက်ထပ်ပြီးလည်း ဂျန်းအိမ်မှာပဲနေဖို့စီစဥ်ထားသည်လေ။
ချယ့်ကိုတစ်ယောက်တည်းထားခဲ့ရမှာ စိတ်မချတာကြောင့်ပါ။အသည်းအသန်လက်ထပ်ရတာကတော့ သိတဲ့အတိုင်းအလောသုံးဆယ်နဲ့မောင့်ကြောင့်ပဲပေါ့။
"ရေး!!နောက်ဆုံးတော့မိန်းမရပြီကွ"
မွေ့ယာပေါ်ပစ်လှဲရင်းအသံကုန်ဟစ်နေတဲ့ အဂျစ်ကိုကြည့်ပြီးမဒမ်ကတော့ခေါင်းတခါခါ။
မင်္ဂလာကုတင်မှာလှဲနေရင်းကနေထလာပြီး မှန်တင်ခုံရှေ့လက်ဝတ်ရတနာတွေချွတ်နေတဲ့ သူမဆီဦးတည်လာပြန်သည်။
သူမအနောက်ကနေနားကပ်ချွတ်ပေးနေသည်။
"မောင်လုပ်ပေးပါ့မယ်ဇနီးချောလေးရယ်"
"ပြီးတာပဲ"
"မငြင်းဘူးပဲမောင့်မိန်းမက"
"ငြင်းစရာလားမင်းကအခုတို့ရဲ့အိမ်ထောင်ဦးစီးဖြစ်နေပြီ။အဲ့တော့ဒီလိုလုပ်ပေးဖို့တာဝန်ရှိတယ်လေ"
နီဆွေးဆွေးနှုတ်ခမ်းတစ်စုံကို လှုပ်ခတ်ကာလှလှပပစကားဆိုနေသည့် ပူနွေးနွေးဇနီးလေးကို တုန်နေအောင်ချစ်ရပါသည်။
"မောင့်မိန်းကလေးကသိပ်လှတာပဲကွာ"
လည်တိုင်လှလှမှာနေရာယူထားတဲ့ စိတ်ဘယက်ကိုချွတ်ပေးရင်းပြောလိုက်သည်။
"တို့ထက်လှတဲ့မိန်းမတွေတစ်ပုံကြီးပါကွယ်"
"မောင့်ဂျန်းနီကလွဲရင်ကျန်တဲ့က္ကတ္ထိယတွေဟာဖွဲနဲ့ဆန်ကွဲပါရှင်"
လည်တိုင်ကိုအနမ်းပေးလာတဲ့ မောင်ဟာသိပ်စကားတတ်တာပဲ။ဒီကလူဟာလည်း မောင့်ကိုကြွေပြီးသားပါနော်။
"ပြောရအုန်းမယ်နားထောင်"
သူမမျက်နှာချင်းဆိုင်သို့လှည့်ထိုင်ပြီး သူကတော့သူမအောက်မှာကျုံ့ကျုံ့လေးထိုင်နေသည်။
ထိုင်တာတောင်သူမလက်လေးကိုကိုင်ပြီး လက်ဖမိုးကိုနမ်းနေသေး။
"ဘာပြောမလို့လဲ နီ မောင်နားထောင်နေပါတယ်။
"မင်းအခုUniပြန်တက်ရတော့မှာမလား"
"အွန်းဟုတ်တယ်လေ"
"အဲ့အခါကျမိန်းကလေးတွေနဲ့သိပ်မရောနဲ့ကြားတယ်နော်"
လက်စသတ်တော့မဒမ်ဟာသဝန်တိုနေတာပဲ။ဒီလိုအူတိုနေတဲ့ဂျယ်လီမဒမ့်ကိုစ,လိုက်အုန်းမယ်။
"ဘာလို့လဲမောင်ကလေ ချောတဲ့မိန်းကလေးတိုင်းနဲ့သူငယ်ချင်းဖြစ်ချင်တာ"
"ဘာ!!!နှာဘူးကောင်"
အော်ထည့်လိုက်တာများနားကန်းတော့မယ်တောင်ထင်လိုက်တာ။
"မောင့်ကိုနှာဘူးကောင်လို့ပြောပြန်ပြီပေါ့ဟုတ်လား"
"သွားတော့တို့ရှေ့ကထွက်သွား..မင်းကိုမမြင်ချင်ဘူး"
"ဒီနေ့မှလက်ထပ်ထားတဲ့ဇနီးငယ်ငယ်လေးကိုအဲ့လိုပြောစရာလားအဒေါ်ကြီးရဲ့"
"မင်းလွန်လာပြီနော် တို့မင်းထက်ငါးနှစ်လေးပိုကြီးတာကိုများ၊အစောကတည်းကအဒေါ်ကြီးလို့သတ်မှတ်ရင်လာပြီးမချစ်ပါနဲ့လား"
"ဘာဖြစ်လဲအဒေါ်ကြီးကိုမှဒီနှလုံးသားကြီးကချစ်လွန်းသွားတာ"
သူ့ရင်ဘတ်သူဖိကာဆိုနေသည်ကြောင့်သူမမှာပြုံးယောင်လေးကသန်းနေပြီ။
ချစ်လွန်းတော့လည်းစိတ်ဆိုးရက်ပါ့မလားကွယ်။
"သွားပါမင်းရဲ့အပိုစကားတွေတို့မကြားချင်ဘူး"
"ရင်ထဲကအစစ်အမှန်တွေပါ"
"တို့ရေချိုးတော့မယ်"
ထွက်သွားဖို့ပြင်နေတဲ့သူမကိုဆွဲပွေ့လိုက်တော့လန့်သွားတာများဆိုတာအဲ့လောက်တောင်ကြောက်ရလား။
"တို့ကိုပြန်ချပေးနော်မကောင်းတဲ့ကောင်..လူကိုများအဒေါ်ကြီးတဲ့။မိန်းမကလည်းရှုပ်သေး"
"နားထောင်နေလို့အကောင်းမှတ်မနေနဲ့နော်။စွပ်စွပ်စွဲစွဲတွေသိပ်ပြောနေတဲ့ အဲ့နှုတ်ကိုပြောမရအောင် မောင့်နှုတ်ခမ်းဖူးဖူးနဲ့ပိတ်ပစ်လိုက်မယ်"
အဲ့ကျတော့ငြိမ်ကျသွားလိုက်တာဆိုတာ၊မျက်နှာလေးကလည်းမအူမလည်နဲ့ဘာရုပ်လေးမှန်းမသိ။
"အကျင့်မကောင်းတဲ့အရူးကောင်"
အား!!အ့!!
သူ့လက်မောင်းကိုကိုက်သွားပြီးပြေးဆင်းကာရေချိုးခန်းထဲပြေးဝင်သွားသည်။
တံခါးကိုဖွင့်ကြည့်တော့လော့ချထားတာကြောင့်သူရယ်လိုက်ရင်း
"ဘယ်လိုအမျိုးသမီးပေါက်စလည်းမသိဘူး။အရှက်ကြီးပြီးအူတိုလွန်းတဲ့မောင့်အချစ်"
တစ်ယောက်တည်းရေရွတ်ရင်းအပြုံးတွေမရပ်နိုင်ဖြစ်နေကာရေချိုးခန်းတံခါးရှေ့မှာဆန့်ဆန့်ကြီး။
🌻🌼
ညနေဘက်နှစ်ယောက်သားကားနဲ့အတူထွက်လာမိတာမာနိုဘန်အိမ်တော်ဆီသို့.....
မိဘတွေကိုဂါဝရပြုရမည်မဟုတ်ပါလား။
ထို့ကြောင့်ကိုရီးယားရိုးရာဝတ်စုံဟန်းဘို့အား သူမတို့နှစ်ဦးဆင်မြန်းထားကြသည်။
မောင့်ကိုဒီလိုပုံနဲ့တစ်ခါမှမတွေ့ဖူးလို့ဖြစ်မည်။ကြည့်မဝနိုင်ကိုဖြစ်နေရသည်။
သူမဟာတစ်လမ်းလုံးသူ့ကိုသာငေးရင်းလိုက်လာခဲ့သလို...သူဟာလည်းခပ်ပြုံးပြုံးလေးမောင်းနှင်ခဲ့သည်။
ဟိုရောက်တော့ကားပါကင်ထိုးပြီး မောင်ဟာဂျန်းလက်ကိုကိုင်ကာ အိမ်ထဲဝင်ခဲ့သည်။
"ချယ်နင်ဒီရောက်နေတာလား"
အိမ်အဝမှာ ချယ်နဲ့ပက်ပင်းတိုးလို့ ဂျန်းအံ့သြစွာဆိုလိုက်သည်။
"ဟုတ်တယ်လေကြင်စဦးမောင်နှံပျော်ရအောင် ဂျီ့ဆီလာနေနေတာ"
"တော်ပါချယ်ယောင်းရာ..ငါတို့ကညနေကျဒီလာရမှာပဲကို"
"အေးလေအဲ့တာပြောတာပေါ့။ဂျီဆူ့နားကပ်ချင်လို့ဆိုပြီးနေတာပဲကို"
"ငါအိမ်မှာရှိလားမရှိလားတောင်မသိကြတဲ့ဟာတွေကများ..."
ချယ်ကထိုစကားကိုခပ်မဲ့မဲ့ဆိုလိုက်သည်။
ထိုအချိန်မှာမေမေဟာထွက်လာပြီး..
"လီလီတို့ရောက်ကြပြီလား။အိမ်ထဲဝင်ကြလေ"
သူတို့နှစ်ဦးလည်းပြန်လည်ပြုံးပြလိုက်ပြီး အိမ်ထဲသို့ခြေလှမ်းလိုက်သည်။
လီဆာဟာညာလက်က ပိုးသားအကောင်းစားနဲ့ ထုတ်ပိုးထားတဲ့အထုပ်ကို ဘယ်လက်ပြောင်းကိုင်ရင်းဆက်တီမှာနေရာယူလိုက်သည်။
"အမေတို့အတွက်ဆန်မုန့်ပါ"
ထိုအထုပ်အားစားပွဲပေါ်တင်ရင်းသူမကဆိုလိုက်သည်။
"မေမေညစာမြန်မြန်ပြင်တော့နော်။လီလီဗိုက်ဆာနေပြီ"
သူ့ဗိုက်သူပွတ်ကာပြောနေပုံလေးကတကယ့်ရုံးပတီသီး....
"နောက်ဖေးမှာရှင်လေးအမပြင်နေပါတယ်တော်"
"မောင်..တို့တွေအဖေနဲ့အမေကိုအရင်ဂါရဝပြုလိုက်မယ်လေ"
"ကောင်းသားပဲ..မေမေရေတစ်ယောက်ယောက်ကိုဖေဖေ့ကိုသွားခေါ်ခိုင်းလိုက်အုန်း"
"အင်းပါလီလီရယ်"
မေမေဟာအိမ်အကူမလေးတစ်ယောက်ကိုအပေါ်တက်ခိုင်းပြီးဖေဖေ့ကိုခေါ်ခိုင်းလိုက်တယ်။
မီးဖိုချောင်ထဲမှာဟင်းပွဲတွေပြင်နေတဲ့ဂျီဆူတစ်ယောက်ကသိကအောက်ဖြစ်နေရတယ်။
တရားခံကတော့အနောက်ကနေအငြိမ်မနေပဲတရွတ်ရွတ်နမ်းနေတဲ့ချယ်ယောင်းကြောင့်ပေါ့။
"ငယ်...မမစိတ်မတိုချင်ဘူးကွာ"
"ဘာလို့လဲချစ်လို့နမ်းရုံလေးကို"
"တစ်မနက်လုံးလည်းအတူရှိနေတာပဲကိုအခုတော့ငြိမ်ငြိမ်လေးပဲနေပေးပါလားကွာ"
သူမကိုဖက်ထားတဲ့လက်တွေကိုဖြုတ်ချရင်းထိုင်ခုံတစ်ခုမှာမှင်သေသေနဲ့ဝင်ထိုင်လိုက်တယ်။
"သူကပဲစိတ်ကောက်ရတယ်ရှိသေး"
သူမခပ်တိုးတိုးဆိုလိုက်သည်။
"အကုန်ကြားတယ်နော်ဂျီဆူရှင့်"
"မမဘာမှမပြောဘူးနော်"
သူမကတော့ဘာမှမပြောခဲ့သလိုပဲပြင်ဆင်စရာရှိတာပြင်ဆင်နေခဲ့သည်။
သူ မကျေနပ်တာကလည်းအဲ့တာပဲပေါ့။အလုပ်သမားတွေအများကြီးရှိရက်နဲ့သူမကိုယ်တိုင်ဝင်ပြီးချက်ပြုတ်နေခြင်းကို....
"မျက်နှာကြီးဆူပုတ်နေရင်မလှဘူးနော်ငယ်"
သူ့ပါးတစ်ဖက်ကိုဆွဲပြီးရေခဲသေတ္တာဆီသွားပြန်သည်။
"ရော့..ငယ်ကြိုက်တယ်မလား"
သူမပေးလာသည့်အရာကဒိန်ချဥ်ရေခဲမုန့်...
"စိတ်မဆိုးပါနဲ့တော့ကွာ"
"အမေ့!!!"
ငယ်ဟာကျွန်မကိုယ်ကိုခါးကနေဆွဲပြီး သူ့ပေါင်ပေါ်ဆွဲချလိုက်တာကြောင့်လန့်ပြီးအော်လိုက်မိတာ...
"ဂျီကလေဘာမှန်းလည်းမသိဘူး"
ကျွန်မနှာထိပ်လေးကိုညစ်ရင်းဆိုလာတဲ့ ငယ်ဟာချစ်ဖို့ကောင်းလိုက်တာ
"ငယ်လေဂျီ့ကိုအရမ်းချစ်တယ်နော်"
သူမမျက်နှာနားကပ်ကာနှုတ်ခမ်းလေးကိုစိုက်ကြည့်ရင်းသူပြောလိုက်တော့..
သူမဟာရှက်သွေးလေးဖြာရင်းမျက်လွှာချသွားသည်။
"နမ်းချင်တယ်"
"အရင်လည်းနမ်းနေကျကို"
ပြွတ်စ်....
သူမစကားဆုံးသည်နှင့်သူဟာအချိန်ဆွဲမနေပဲနှုတ်ခမ်းနှစ်လွှာထိကပ်လိုက်သည်။
နူးနူးညံ့ညံ့လေးကိုစုပ်ယူနမ်းရှိုက်နေတာများရင်ဖိုလှိုက်မောဖွယ်ကောင်းစွာ...
"ငါထင်တယ်ဟေ့..ထမင်းဟင်းပြင်တာဒီလောက်မကြာပါဘူးလို့"
လီဆာ့အသံကြောင့်ဂျီဆူဟာချယ့်ကိုတွန်းလိုက်ပြီး..
"လီလီတိုးတိုးပြောပါဟယ်...အခုစားလို့ရပြီလာစားတော့"
ရှက်စိတ်တွေပိုရင်းပြောနေတဲ့ အမဖြစ်သူကိုကြည့်ရင်းနဲ့ လီဆာတစ်ယောက်ကတော့ရယ်ကျဲကျဲနဲ့ထွက်သွားပြန်တယ်။
"ရှက်လိုက်တာနော်မျက်နှာဘယ်နားသွားထားရမလဲ"
"ငယ့်ရင်ခွင်ထဲထားပေါ့လို့"
လီလီကလည်းရယ်ကျဲကျဲနဲ့ထွက်သွားတယ်။
ငယ်ကလည်းစပ်ဖြီးဖြီးနဲ့စကားဆိုတယ်။
ကျွန်မကသာရှက်တတ်လွန်းလို့ သွေးတက်ချင်နေတာ....ဟူး.....
"ကဲလာဂျန်းလေးလာ..ဟင်းတွေတော့ပြင်ထားတာပဲသမီးကြိုက်ပါ့မလားမသိ"
တွေးနေစဥ်မှာပဲမေမေကချွေးမဖြစ်သူနဲ့အတူဝင်လာပြီး ဖေဖေတို့ကလည်း နောက်ကပါလာတာကြောင့်တစ်ခန်းရပ်လိုက်ရတယ်။
ထမင်းစားတဲ့တစ်လျှောက်လုံးလူကိုစပ်ဖြဲဖြဲနဲ့စ,နေတဲ့လီလီ့ကြောင့်ထမင်းတောင်ကုန်အောင်မစားနိုင်ပါဘူး။
🌻🌼
မင်္ဂလာဦးရမယ့်အိမ်ကိုပြန်ရောက်ချိန်မှာတော့
"ဒီဝတ်စုံတွေကမောင်နဲ့ဘယ်လိုမှမကိုက်ဘူး"
ဆူအောင့်အောင့်နဲ့ပြောရုံတင်မကလက်တစ်ဖက်ကလည်းဂါဝန်ကိုမထားသေးတယ်။
မိန်းကလေးဖြစ်ပေလို့ပဲအနေအထိုင်ပိရိချက်ကအောချလောက်ပါတဲ့ဂျန်းနီရဲ့ဇနီးလေး။
"မင်းကတော့လေ...ဒါကရိုးရာဝတ်စုံပဲကိုမဝတ်ချင်လည်းတန်ဖိုးထားရမှာပေါ့"
"ဟောတော့..တန်ဖိုးမထားလို့ပြောနေတာမှမဟုတ်တာဝတ်ရတာကျဥ်းကျပ်တယ်လို့ပြောချင်တာလေ"
"ကဲပါအာ့ဆိုလည်းအဝတ်သွားလဲချည်သွား"
"သွားလိုက်အုန်းမယ်"
ရွတ်!!
ရေချိုးခန်းထဲမဝင်ခင် သူမပါးကိုနမ်းသွားသေးသည်။
မှန်ကြည့်ရင်းပါးလေးကိုပွတ်ကာပြုံးပြုံးလေးကျန်နေခဲ့တာသူမ....
"ဟိတ်!!!ပါးလေးပဲနမ်းသွားတာတောင်ရင်တွေတုန်နေပြီပေါ့ဟုတ်လား နီ"
အဝတ်ကိုဘယ်လိုတောင်လဲလိုက်လည်းမသိ။
နင်ဂျာအလျင်နဲ့ပြီးသွားတယ်ထင်ပါသည်။
သူမအားအနောက်ကနေဖက်ပြီးလည်ပင်းသားတွေကိုလိုက်မွေးကြူနေသည်။
"မောင်နော်..မစ,နဲ့"
သူနဲ့မျက်နှာချင်းဆိုင်လှည့်မှကြည့်မိတယ်။
စွပ်ကျယ်အဖြူလေးနဲ့ဘောင်းဘီတိုအနက်လေးပဲဝတ်ပြီးထွက်လာတာကိုး.....
ကလေးလေးကျနေတာပဲချစ်စရာကောင်းတယ်။
"ဘာတွေပြုံးပြီးကြည့်နေတာပဲမောင့်အိမ်သူလေးက"
သူမမေးဖျားလေးကိုတို့ထိရင်းဆိုလာတဲ့သူ့စကားကြောင့်ရင်ထဲဖျာခနဲပဲ။
"မောင့်အိမ်သူ"တဲ့လားသဘောကျလိုက်တာ...
"အိပ်ကြမယ်နော် နီ"
သူမကိုရင်ခွင်ထဲထည့်လိုက်ပြီးနဖူးလေးကိုနမ်းလိုက်သည်။
"အိပ်ပေါ့...တို့ကတော့မအိပ်ချင်သေးဘူး"
"မရပါဘူးအတူအိပ်ရမှာ"
"မောင်ပြန်ချပေးကွာတို့မအိပ်ချင်သေးဘူးလို့"
"Noo!!!နောက်ဆုတ်ဖို့စိတ်ကူးလုံးဝမရှိဘူး"
မောင်နဲ့ပထမဆုံးအကြိမ်ဖြတ်သန်းဖူးတာမဟုတ်မှန်းသိနေပေမယ့်လည်းရင်ခုန်သံတွေကအတိုင်းအဆမဲ့နေခဲ့တယ်။
အသွေးအသားတွေကလည်းဆန္ဒပြနေသလိုပဲ။
သူ့အထိအတွေ့တွေကိုလိုလားနေတာတော့အမှန်...
"ချစ်တယ်နော်မောင့်မဟေသီလေး"
"တို့လည်းမင်းကိုသိပ်ချစ်တယ်"
အိပ်ရာခင်းပေါ်ချပေးတဲ့မောင့်လည်တိုင်တွေအားတင်းနေအောင်ပြန်ဆုပ်ကိုင်ထားရင်းမျက်လွှာချကာသူမဆိုလိုက်သည်။
"မောင်မထိန်းနိုင်တော့ဘူးချစ်တော့မယ်နော်"
"မီးပိတ်အုန်းလေမောင်"
"မပိတ်ပါဘူး..တော်ကြာမင်္ဂလာဦးညအမှတ်တရတွေပြန်စဥ်းစားရင် မှောင်မှောင်မည်းမည်းကြီးပဲ သတိရနေမှာပေါ့လို့"
မောင့်စကားကြောင့်ဂျန်းသဘောကျစွာရယ်လိုက်တယ်....
ဘယ်လိုတောင်စဥ်းစားလိုက်တာလဲမောင်ရာ...
မကြာပါဘူးမောင်နဲ့အတူကြည်နူးစွာအချစ်ခရီးလေးတစ်ခုဖြတ်သန်းရတော့တယ်။
🌻🌼
ကျွန်မမနက်သုံးနာရီလောက်ကြီးနိုးလာတော့ဘေးမှာငယ်မရှိတော့တာနဲ့ဝေ့ဝဲကြည့်လိုက်တယ်။
"အခန်းထဲမှာရှိမနေဘူးပဲ"
ဟိုကြင်စဦးကိုလွတ်လပ်အောင်လို့ငယ့်ကိုအိမ်မှာခေါ်ထားလိုက်တာ.....
ငယ့်ရင်ခွင်ထဲမှာအိပ်ပျော်နေရင်းကနိုးလာတော့သူကဘေးမှာရှိမနေဘူး။
"ဘယ်မှာများလဲလို့သူကဒီရောက်နေတာကိုး"
သူမတစ်ယောက်တည်းရေရွတ်ရင်း သူရှိရာဝရံတာကိုဦးတည်ကာခြေလှမ်းလိုက်သည်။
ညအိပ်ဂါဝန်အနက်ရောင်ကြိုးတစ်လုံးရယ်စီးနှောင်ထားခြင်းမရှိတဲ့ဆံနွယ်နက်နက်တွေဟာထိုအမျိုးသမီးရဲ့အလှကိုပိုလို့တန်ဆာဆင်နေသယောင်..
"ငယ်အိပ်မပျော်ဘူးလား"
ကောင်းကင်ကကြယ်တွေကိုငေးနေရင်းကရုတ်တရက်ခါးကိုလာဖက်တဲ့အထိအတွေ့ကြောင့်သူပြုံးမိသွားတယ်...
သူမလက်တွေပေါ်ပြန်ထပ်ကိုင်ရင်း
"ငယ်ကတရေးနိုးလာတာဂျီရဲ့....ဂျီကရောဘာလို့နိုးလာတာလဲ"
"......."
သူမကပြန်မဖြေပဲသူ့ကျောပြင်မျက်နှာအပ်ကာငြိမ်နေခဲ့သည်။
"ဧကန္တငယ်မရှိတော့နှလုံးသားကအသိပေးတယ်ထင်တယ်...ဟုတ်တယ်မလား"
"အွန်းဟုတ်တယ်အဲ့တာကြောင့်ထားမသွားနဲ့"
ဂျီ့လက်တွေကိုဖြုတ်လိုက်ပြီးမျက်နှာချင်းဆိုင်လိုက်ကာ..
"ငယ်ဘယ်လိုအကြောင်းကြောင့်နဲ့မှဂျီ့ကိုထားမသွားဘူးနော်"
ငယ်ဟာသူမရဲ့ပါးပြင်အားဖွဖွပွတ်သပ်ကာဆိုသည်။
"ဟုတ်ကဲ့ပါရှင်...ငယ့်ကိုယုံတယ်"
သူမပါးပြင်ကိုထိကိုင်ထားတဲ့သူ့လက်ကိုဆွဲယူပြီးသူမကပြန်တောင်နမ်းနေသေး....
သူမကအတတ်လေးဖြစ်နေတာပဲ။
"ဂျီ...."
"အွန်းပြောလေငယ်"
"ဟိုထယ်ဝူဆိုတဲ့လူလာသေးလား"
"မလာပါဘူးငယ်ရယ်...အဲ့နေ့ကတည်းကငယ်ဟာမမချစ်သူဆိုတာကိုတခါတည်းကြေညာလိုက်တာပဲလေ"
"အင်းပါ..ငယ်ကသူ့ကိုကြည့်မရလို့"
"ထယ်ဝူကဒီလောက်သတိပေးထားတဲ့ကြားကတော့ရှေ့ဆက်တိုးမယ့်လူမျိုးမဟုတ်ပါဘူးငယ်ရယ်"
ငယ်ဟာကျွန်မကိုတင်းကြပ်စွာဖက်လိုက်ပြီး
"ငယ်လေဂျီ့ကိုသိပ်မြတ်နိုးတာပဲကွာ"
"မမလည်းငယ့်ကိုအရမ်းချစ်တယ်ကွယ်"
"ပြန်အိပ်ကြတော့မလားတော်ကြာမနက်မှအိပ်ရေးမဝပဲနေမယ်"
"အဲ့တာကောင်းတယ်ပြန်အိပ်ကြမယ်"
တစ်ယောက်ခါးတစ်ယောက်ဖက်ကာအခန်းထဲသို့ပြန်ဝင်ခဲ့ကြသည်။
ပြီးတဲ့နောက်လေဟာနယ်ကင်းစွာပူးကပ်ထားကြရင်းအိပ်စက်လိုက်ကြသည်။
×××××××××ကြယ်လေးတွေပေးသွားကြအုန်းနော်💫
အားလုံးကိုလေးစားချစ်ခင်လျက်🤎
(ခပ်မြန်မြန်ပဲလက်ထပ်ပေးလိုက်ပါတယ်🤭)×××××××××(Zawgyi)
မဂၤလာပြဲၿပီးၿပီးခ်င္း ဂ်န္းအိမ္ကိုတန္းျပန္လာလိုက္သည္။လက္ထပ္ၿပီးလည္း ဂ်န္းအိမ္မွာပဲေနဖို႔စီစဥ္ထားသည္ေလ။
ခ်ယ့္ကိုတစ္ေယာက္တည္းထားခဲ့ရမွာ စိတ္မခ်တာေၾကာင့္ပါ။အသည္းအသန္လက္ထပ္ရတာကေတာ့ သိတဲ့အတိုင္းအေလာသံုးဆယ္နဲ႔ေမာင့္ေၾကာင့္ပဲေပါ့။
"ေရး!!ေနာက္ဆံုးေတာ့မိန္းမရၿပီကြ"
ေမြ့ယာေပၚပစ္လွဲရင္းအသံကုန္ဟစ္ေနတဲ့ အဂ်စ္ကိုၾကည့္ၿပီးမဒမ္ကေတာ့ေခါင္းတခါခါ။
မဂၤလာကုတင္မွာလွဲေနရင္းကေနထလာၿပီး မွန္တင္ခံုေရ႔ွလက္ဝတ္ရတနာေတြခြၽတ္ေနတဲ့ သူမဆီၪီးတည္လာျပန္သည္။
သူမအေနာက္ကေနနားကပ္ခြၽတ္ေပးေနသည္။
"ေမာင္လုပ္ေပးပါ့မယ္ဇနီးေခ်ာေလးရယ္"
"ၿပီးတာပဲ"
"မျငင္းဘူးပဲေမာင့္မိန္းမက"
"ျငင္းစရာလားမင္းကအခုတို႔ရဲ့အိမ္ေထာင္ၪီးစီးျဖစ္ေနၿပီ။အဲ့ေတာ့ဒီလိုလုပ္ေပးဖို႔တာဝန္ရိွတယ္ေလ"
နီေဆြးေဆြးႏႈတ္ခမ္းတစ္စံုကို လႈပ္ခတ္ကာလွလွပပစကားဆိုေနသည့္ ပူေနြးေနြးဇနီးေလးကို တုန္ေနေအာင္ခ်စ္ရပါသည္။
"ေမာင့္မိန္းကေလးကသိပ္လွတာပဲကြာ"
လည္တိုင္လွလွမွာေနရာယူထားတဲ့ စိတ္ဘယက္ကိုခြၽတ္ေပးရင္းေျပာလိုက္သည္။
"တို႔ထက္လွတဲ့မိန္းမေတြတစ္ပံုႀကီးပါကြယ္"
"ေမာင့္ဂ်န္းနီကလြဲရင္က်န္တဲ့ကၠတၴိယေတြဟာဖြဲနဲ႔ဆန္ကြဲပါရွင္"
လည္တိုင္ကိုအနမ္းေပးလာတဲ့ ေမာင္ဟာသိပ္စကားတတ္တာပဲ။ဒီကလူဟာလည္း ေမာင့္ကိုေႂကျြပီးသားပါေနာ္။
"ေျပာရအုန္းမယ္နားေထာင္"
သူမမ်က္ႏွာခ်င္းဆိုင္သို႔လွည့္ထိုင္ၿပီး သူကေတာ့သူမေအာက္မွာက်ံဳ႔က်ံဳ႔ေလးထိုင္ေနသည္။
ထိုင္တာေတာင္သူမလက္ေလးကိုကိုင္ၿပီး လက္ဖမိုးကိုနမ္းေနေသး။
"ဘာေျပာမလို႔လဲ နီ ေမာင္နားေထာင္ေနပါတယ္။
"မင္းအခုUniျပန္တက္ရေတာ့မွာမလား"
"အြန္းဟုတ္တယ္ေလ"
"အဲ့အခါက်မိန္းကေလးေတြနဲ႔သိပ္မေရာနဲ႔ၾကားတယ္ေနာ္"
လက္စသတ္ေတာ့မဒမ္ဟာသဝန္တိုေနတာပဲ။ဒီလိုအူတိုေနတဲ့ဂ်ယ္လီမဒမ့္ကိုစ,လိုက္အုန္းမယ္။
"ဘာလို႔လဲေမာင္ကေလ ေခ်ာတဲ့မိန္းကေလးတိုင္းနဲ႔သူငယ္ခ်င္းျဖစ္ခ်င္တာ"
"ဘာ!!!ႏွာဘူးေကာင္"
ေအာ္ထည့္လိုက္တာမ်ားနားကန္းေတာ့မယ္ေတာင္ထင္လိုက္တာ။
"ေမာင့္ကိုႏွာဘူးေကာင္လို႔ေျပာျပန္ၿပီေပါ့ဟုတ္လား"
"သြားေတာ့တို႔ေရ႔ွကထြက္သြား..မင္းကိုမျမင္ခ်င္ဘူး"
"ဒီေန့မွလက္ထပ္ထားတဲ့ဇနီးငယ္ငယ္ေလးကိုအဲ့လိုေျပာစရာလားအေဒၚႀကီးရဲ့"
"မင္းလြန္လာၿပီေနာ္ တို႔မင္းထက္ငါးႏွစ္ေလးပိုႀကီးတာကိုမ်ား၊အေစာကတည္းကအေဒၚႀကီးလို႔သတ္မွတ္ရင္လာၿပီးမခ်စ္ပါနဲ႔လား"
"ဘာျဖစ္လဲအေဒၚႀကီးကိုမွဒီႏွလံုးသားႀကီးကခ်စ္လြန္းသြားတာ"
သူ႔ရင္ဘတ္သူဖိကာဆိုေနသည္ေၾကာင့္သူမမွာၿပံဳးေယာင္ေလးကသန္းေနၿပီ။
ခ်စ္လြန္းေတာ့လည္းစိတ္ဆိုးရက္ပါ့မလားကြယ္။
"သြားပါမင္းရဲ့အပိုစကားေတြတို႔မၾကားခ်င္ဘူး"
"ရင္ထဲကအစစ္အမွန္ေတြပါ"
"တို႔ေရခ်ိဳးေတာ့မယ္"
ထြက္သြားဖို႔ျပင္ေနတဲ့သူမကိုဆြဲေပြ့လိုက္ေတာ့လန္႔သြားတာမ်ားဆိုတာအဲ့ေလာက္ေတာင္ေၾကာက္ရလား။
"တို႔ကိုျပန္ခ်ေပးေနာ္မေကာင္းတဲ့ေကာင္..လူကိုမ်ားအေဒၚႀကီးတဲ့။မိန္းမကလည္းရႈပ္ေသး"
"နားေထာင္ေနလို႔အေကာင္းမွတ္မေနနဲ႔ေနာ္။စြပ္စြပ္စြဲစြဲေတြသိပ္ေျပာေနတဲ့ အဲ့ႏႈတ္ကိုေျပာမရေအာင္ ေမာင့္ႏႈတ္ခမ္းဖူးဖူးနဲ႔ပိတ္ပစ္လိုက္မယ္"
အဲ့က်ေတာ့ၿငိမ္က်သြားလိုက္တာဆိုတာ၊မ်က္ႏွာေလးကလည္းမအူမလည္နဲ႔ဘာရုပ္ေလးမွန္းမသိ။
"အက်င့္မေကာင္းတဲ့အရူးေကာင္"
အား!!အ့!!
သူ႔လက္ေမာင္းကိုကိုက္သြားၿပီးေျပးဆင္းကာေရခ်ိဳးခန္းထဲေျပးဝင္သြားသည္။
တံခါးကိုဖြင့္ၾကည့္ေတာ့ေလာ့ခ်ထားတာေၾကာင့္သူရယ္လိုက္ရင္း
"ဘယ္လိုအမ်ိဳးသမီးေပါက္စလည္းမသိဘူး။အရွက္ႀကီးၿပီးအူတိုလြန္းတဲ့ေမာင့္အခ်စ္"
တစ္ေယာက္တည္းေရရြတ္ရင္းအၿပံဳးေတြမရပ္ႏိုင္ျဖစ္ေနကာေရခ်ိဳးခန္းတံခါးေရ႔ွမွာဆန္႔ဆန္႔ႀကီး။
🌻🌼
ညေနဘက္ႏွစ္ေယာက္သားကားနဲ႔အတူထြက္လာမိတာမာႏိုဘန္အိမ္ေတာ္ဆီသို႔.....
မိဘေတြကိုဂါဝရျပဳရမည္မဟုတ္ပါလား။
ထို႔ေၾကာင့္ကိုရီးယားရိုးရာဝတ္စံုဟန္းဘို႔အား သူမတို႔ႏွစ္ၪီးဆင္ျမန္းထားၾကသည္။
ေမာင့္ကိုဒီလိုပံုနဲ႔တစ္ခါမွမေတြ့ဖူးလို႔ျဖစ္မည္။ၾကည့္မဝႏိုင္ကိုျဖစ္ေနရသည္။
သူမဟာတစ္လမ္းလံုးသူ႔ကိုသာေငးရင္းလိုက္လာခဲ့သလို...သူဟာလည္းခပ္ၿပံဳးၿပံဳးေလးေမာင္းႏွင္ခဲ့သည္။
ဟိုေရာက္ေတာ့ကားပါကင္ထိုးၿပီး ေမာင္ဟာဂ်န္းလက္ကိုကိုင္ကာ အိမ္ထဲဝင္ခဲ့သည္။
"ခ်ယ္နင္ဒီေရာက္ေနတာလား"
အိမ္အဝမွာ ခ်ယ္နဲ႔ပက္ပင္းတိုးလို႔ ဂ်န္းအံ့ၾသစြာဆိုလိုက္သည္။
"ဟုတ္တယ္ေလၾကင္စၪီးေမာင္ႏွံေပ်ာ္ရေအာင္ ဂ်ီ့ဆီလာေနေနတာ"
"ေတာ္ပါခ်ယ္ေယာင္းရာ..ငါတို႔ကညေနက်ဒီလာရမွာပဲကို"
"ေအးေလအဲ့တာေျပာတာေပါ့။ဂ်ီဆူ႔နားကပ္ခ်င္လို႔ဆိုၿပီးေနတာပဲကို"
"ငါအိမ္မွာရိွလားမရိွလားေတာင္မသိၾကတဲ့ဟာေတြကမ်ား..."
ခ်ယ္ကထိုစကားကိုခပ္မဲ့မဲ့ဆိုလိုက္သည္။
ထိုအခ်ိန္မွာေမေမဟာထြက္လာၿပီး..
"လီလီတို႔ေရာက္ၾကၿပီလား။အိမ္ထဲဝင္ၾကေလ"
သူတို႔ႏွစ္ၪီးလည္းျပန္လည္ၿပံဳးျပလိုက္ၿပီး အိမ္ထဲသို႔ေျခလွမ္းလိုက္သည္။
လီဆာဟာညာလက္က ပိုးသားအေကာင္းစားနဲ႔ ထုတ္ပိုးထားတဲ့အထုပ္ကို ဘယ္လက္ေျပာင္းကိုင္ရင္းဆက္တီမွာေနရာယူလိုက္သည္။
"အေမတို႔အတြက္ဆန္မုန္႔ပါ"
ထိုအထုပ္အားစားပြဲေပၚတင္ရင္းသူမကဆိုလိုက္သည္။
"ေမေမညစာျမန္ျမန္ျပင္ေတာ့ေနာ္။လီလီဗိုက္ဆာေနၿပီ"
သူ႔ဗိုက္သူပြတ္ကာေျပာေနပံုေလးကတကယ့္ရံုးပတီသီး....
"ေနာက္ေဖးမွာရွင္ေလးအမျပင္ေနပါတယ္ေတာ္"
"ေမာင္..တို႔ေတြအေဖနဲ႔အေမကိုအရင္ဂါရဝျပဳလိုက္မယ္ေလ"
"ေကာင္းသားပဲ..ေမေမေရတစ္ေယာက္ေယာက္ကိုေဖေဖ့ကိုသြားေခၚခိုင္းလိုက္အုန္း"
"အင္းပါလီလီရယ္"
ေမေမဟာအိမ္အကူမေလးတစ္ေယာက္ကိုအေပၚတက္ခိုင္းၿပီးေဖေဖ့ကိုေခၚခိုင္းလိုက္တယ္။
မီးဖိုေခ်ာင္ထဲမွာဟင္းပြဲေတျြပင္ေနတဲ့ဂ်ီဆူတစ္ေယာက္ကသိကေအာက္ျဖစ္ေနရတယ္။
တရားခံကေတာ့အေနာက္ကေနအၿငိမ္မေနပဲတရြတ္ရြတ္နမ္းေနတဲ့ခ်ယ္ေယာင္းေၾကာင့္ေပါ့။
"ငယ္...မမစိတ္မတိုခ်င္ဘူးကြာ"
"ဘာလို႔လဲခ်စ္လို႔နမ္းရံုေလးကို"
"တစ္မနက္လံုးလည္းအတူရိွေနတာပဲကိုအခုေတာ့ၿငိမ္ၿငိမ္ေလးပဲေနေပးပါလားကြာ"
သူမကိုဖက္ထားတဲ့လက္ေတြကိုျဖဳတ္ခ်ရင္းထိုင္ခံုတစ္ခုမွာမွင္ေသေသနဲ႔ဝင္ထိုင္လိုက္တယ္။
"သူကပဲစိတ္ေကာက္ရတယ္ရိွေသး"
သူမခပ္တိုးတိုးဆိုလိုက္သည္။
"အကုန္ၾကားတယ္ေနာ္ဂ်ီဆူရွင့္"
"မမဘာမွမေျပာဘူးေနာ္"
သူမကေတာ့ဘာမွမေျပာခဲ့သလိုပဲျပင္ဆင္စရာရိွတာျပင္ဆင္ေနခဲ့သည္။
သူ မေက်နပ္တာကလည္းအဲ့တာပဲေပါ့။အလုပ္သမားေတြအမ်ားႀကီးရိွရက္နဲ႔သူမကိုယ္တိုင္ဝင္ၿပီးခ်က္ျပဳတ္ေနျခင္းကို....
"မ်က္ႏွာႀကီးဆူပုတ္ေနရင္မလွဘူးေနာ္ငယ္"
သူ႔ပါးတစ္ဖက္ကိုဆြဲၿပီးေရခဲေသတၲာဆီသြားျပန္သည္။
"ေရာ့..ငယ္ႀကိဳက္တယ္မလား"
သူမေပးလာသည့္အရာကဒိန္ခ်ဥ္ေရခဲမုန္႔...
"စိတ္မဆိုးပါနဲ႔ေတာ့ကြာ"
"အေမ့!!!"
ငယ္ဟာကြၽန္မကိုယ္ကိုခါးကေနဆြဲၿပီး သူ႔ေပါင္ေပၚဆြဲခ်လိုက္တာေၾကာင့္လန္႔ၿပီးေအာ္လိုက္မိတာ...
"ဂ်ီကေလဘာမွန္းလည္းမသိဘူး"
ကြၽန္မႏွာထိပ္ေလးကိုညစ္ရင္းဆိုလာတဲ့ ငယ္ဟာခ်စ္ဖို႔ေကာင္းလိုက္တာ
"ငယ္ေလဂ်ီ့ကိုအရမ္းခ်စ္တယ္ေနာ္"
သူမမ်က္ႏွာနားကပ္ကာႏႈတ္ခမ္းေလးကိုစိုက္ၾကည့္ရင္းသူေျပာလိုက္ေတာ့..
သူမဟာရွက္ေသြးေလးျဖာရင္းမ်က္လႊာခ်သြားသည္။
"နမ္းခ်င္တယ္"
"အရင္လည္းနမ္းေနက်ကို"
ႁပြတ္စ္....
သူမစကားဆံုးသည္ႏွင့္သူဟာအခ်ိန္ဆြဲမေနပဲႏႈတ္ခမ္းႏွစ္လႊာထိကပ္လိုက္သည္။
ႏူးႏူးညံ့ညံ့ေလးကိုစုပ္ယူနမ္းရိႈက္ေနတာမ်ားရင္ဖိုလိႈက္ေမာဖြယ္ေကာင္းစြာ...
"ငါထင္တယ္ေဟ့..ထမင္းဟင္းျပင္တာဒီေလာက္မၾကာပါဘူးလို႔"
လီဆာ့အသံေၾကာင့္ဂ်ီဆူဟာခ်ယ့္ကိုတြန္းလိုက္ၿပီး..
"လီလီတိုးတိုးေျပာပါဟယ္...အခုစားလို႔ရၿပီလာစားေတာ့"
ရွက္စိတ္ေတြပိုရင္းေျပာေနတဲ့ အမျဖစ္သူကိုၾကည့္ရင္းနဲ႔ လီဆာတစ္ေယာက္ကေတာ့ရယ္က်ဲက်ဲနဲ႔ထြက္သြားျပန္တယ္။
"ရွက္လိုက္တာေနာ္မ်က္ႏွာဘယ္နားသြားထားရမလဲ"
"ငယ့္ရင္ခြင္ထဲထားေပါ့လို႔"
လီလီကလည္းရယ္က်ဲက်ဲနဲ႔ထြက္သြားတယ္။
ငယ္ကလည္းစပ္ၿဖီးၿဖီးနဲ႔စကားဆိုတယ္။
ကြၽန္မကသာရွက္တတ္လြန္းလို႔ ေသြးတက္ခ်င္ေနတာ....ဟူး.....
"ကဲလာဂ်န္းေလးလာ..ဟင္းေတြေတာ့ျပင္ထားတာပဲသမီးႀကိဳက္ပါ့မလားမသိ"
ေတြးေနစဥ္မွာပဲေမေမကေခြၽးမျဖစ္သူနဲ႔အတူဝင္လာၿပီး ေဖေဖတို႔ကလည္း ေနာက္ကပါလာတာေၾကာင့္တစ္ခန္းရပ္လိုက္ရတယ္။
ထမင္းစားတဲ့တစ္ေလ်ွာက္လံုးလူကိုစပ္ၿဖဲျဖဲနဲ႔စ,ေနတဲ့လီလီ့ေၾကာင့္ထမင္းေတာင္ကုန္ေအာင္မစားႏိုင္ပါဘူး။
🌻🌼
မဂၤလာၪီးရမယ့္အိမ္ကိုျပန္ေရာက္ခ်ိန္မွာေတာ့
"ဒီဝတ္စံုေတြကေမာင္နဲ႔ဘယ္လိုမွမကိုက္ဘူး"
ဆူေအာင့္ေအာင့္နဲ႔ေျပာရံုတင္မကလက္တစ္ဖက္ကလည္းဂါဝန္ကိုမထားေသးတယ္။
မိန္းကေလးျဖစ္ေပလို႔ပဲအေနအထိုင္ပိရိခ်က္ကေအာခ်ေလာက္ပါတဲ့ဂ်န္းနီရဲ့ဇနီးေလး။
"မင္းကေတာ့ေလ...ဒါကရိုးရာဝတ္စံုပဲကိုမဝတ္ခ်င္လည္းတန္ဖိုးထားရမွာေပါ့"
"ေဟာေတာ့..တန္ဖိုးမထားလို႔ေျပာေနတာမွမဟုတ္တာဝတ္ရတာက်ဥ္းက်ပ္တယ္လို႔ေျပာခ်င္တာေလ"
"ကဲပါအာ့ဆိုလည္းအဝတ္သြားလဲခ်ည္သြား"
"သြားလိုက္အုန္းမယ္"
ရြတ္!!
ေရခ်ိဳးခန္းထဲမဝင္ခင္ သူမပါးကိုနမ္းသြားေသးသည္။
မွန္ၾကည့္ရင္းပါးေလးကိုပြတ္ကာၿပံဳးၿပံဳးေလးက်န္ေနခဲ့တာသူမ....
"ဟိတ္!!!ပါးေလးပဲနမ္းသြားတာေတာင္ရင္ေတြတုန္ေနၿပီေပါ့ဟုတ္လား နီ"
အဝတ္ကိုဘယ္လိုေတာင္လဲလိုက္လည္းမသိ။
နင္ဂ်ာအလ်င္နဲ႔ၿပီးသြားတယ္ထင္ပါသည္။
သူမအားအေနာက္ကေနဖက္ၿပီးလည္ပင္းသားေတြကိုလိုက္ေမြးၾကဴေနသည္။
"ေမာင္ေနာ္..မစ,နဲ႔"
သူနဲ႔မ်က္ႏွာခ်င္းဆိုင္လွည့္မွၾကည့္မိတယ္။
စြပ္က်ယ္အျဖဴေလးနဲ႔ေဘာင္းဘီတိုအနက္ေလးပဲဝတ္ၿပီးထြက္လာတာကိုး.....
ကေလးေလးက်ေနတာပဲခ်စ္စရာေကာင္းတယ္။
"ဘာေတြၿပံဳးၿပီးၾကည့္ေနတာပဲေမာင့္အိမ္သူေလးက"
သူမေမးဖ်ားေလးကိုတို႔ထိရင္းဆိုလာတဲ့သူ႔စကားေၾကာင့္ရင္ထဲဖ်ာခနဲပဲ။
"ေမာင့္အိမ္သူ"တဲ့လားသေဘာက်လိုက္တာ...
"အိပ္ၾကမယ္ေနာ္ နီ"
သူမကိုရင္ခြင္ထဲထည့္လိုက္ၿပီးနဖူးေလးကိုနမ္းလိုက္သည္။
"အိပ္ေပါ့...တို႔ကေတာ့မအိပ္ခ်င္ေသးဘူး"
"မရပါဘူးအတူအိပ္ရမွာ"
"ေမာင္ျပန္ခ်ေပးကြာတို႔မအိပ္ခ်င္ေသးဘူးလို႔"
"Noo!!!ေနာက္ဆုတ္ဖို႔စိတ္ကူးလံုးဝမရိွဘူး"
ေမာင္နဲ႔ပထမဆံုးအႀကိမ္ျဖတ္သန္းဖူးတာမဟုတ္မွန္းသိေနေပမယ့္လည္းရင္ခုန္သံေတြကအတိုင္းအဆမဲ့ေနခဲ့တယ္။
အေသြးအသားေတြကလည္းဆႏၵျပေနသလိုပဲ။
သူ႔အထိအေတြ့ေတြကိုလိုလားေနတာေတာ့အမွန္...
"ခ်စ္တယ္ေနာ္ေမာင့္မေဟသီေလး"
"တို႔လည္းမင္းကိုသိပ္ခ်စ္တယ္"
အိပ္ရာခင္းေပၚခ်ေပးတဲ့ေမာင့္လည္တိုင္ေတြအားတင္းေနေအာင္ျပန္ဆုပ္ကိုင္ထားရင္းမ်က္လႊာခ်ကာသူမဆိုလိုက္သည္။
"ေမာင္မထိန္းႏိုင္ေတာ့ဘူးခ်စ္ေတာ့မယ္ေနာ္"
"မီးပိတ္အုန္းေလေမာင္"
"မပိတ္ပါဘူး..ေတာ္ၾကာမဂၤလာၪီးညအမွတ္တရေတျြပန္စဥ္းစားရင္ ေမွာင္ေမွာင္မည္းမည္းႀကီးပဲ သတိရေနမွာေပါ့လို႔"
ေမာင့္စကားေၾကာင့္ဂ်န္းသေဘာက်စြာရယ္လိုက္တယ္....
ဘယ္လိုေတာင္စဥ္းစားလိုက္တာလဲေမာင္ရာ...
မၾကာပါဘူးေမာင္နဲ႔အတူၾကည္ႏူးစြာအခ်စ္ခရီးေလးတစ္ခုျဖတ္သန္းရေတာ့တယ္။
🌻🌼
ကြၽန္မမနက္သံုးနာရီေလာက္ႀကီးႏိုးလာေတာ့ေဘးမွာငယ္မရိွေတာ့တာနဲ႔ေဝ့ဝဲၾကည့္လိုက္တယ္။
"အခန္းထဲမွာရိွမေနဘူးပဲ"
ဟိုၾကင္စၪီးကိုလြတ္လပ္ေအာင္လို႔ငယ့္ကိုအိမ္မွာေခၚထားလိုက္တာ.....
ငယ့္ရင္ခြင္ထဲမွာအိပ္ေပ်ာ္ေနရင္းကႏိုးလာေတာ့သူကေဘးမွာရိွမေနဘူး။
"ဘယ္မွာမ်ားလဲလို႔သူကဒီေရာက္ေနတာကိုး"
သူမတစ္ေယာက္တည္းေရရြတ္ရင္း သူရိွရာဝရံတာကိုၪီးတည္ကာေျခလွမ္းလိုက္သည္။
ညအိပ္ဂါဝန္အနက္ေရာင္ႀကိဳးတစ္လံုးရယ္စီးေနွာင္ထားျခင္းမရိွတဲ့ဆံႏြယ္နက္နက္ေတြဟာထိုအမ်ိဳးသမီးရဲ့အလွကိုပိုလို႔တန္ဆာဆင္ေနသေယာင္..
"ငယ္အိပ္မေပ်ာ္ဘူးလား"
ေကာင္းကင္ကၾကယ္ေတြကိုေငးေနရင္းကရုတ္တရက္ခါးကိုလာဖက္တဲ့အထိအေတြ့ေၾကာင့္သူၿပံဳးမိသြားတယ္...
သူမလက္ေတြေပၚျပန္ထပ္ကိုင္ရင္း
"ငယ္ကတေရးႏိုးလာတာဂ်ီရဲ့....ဂ်ီကေရာဘာလို႔ႏိုးလာတာလဲ"
"......."
သူမကျပန္မေျဖပဲသူ႔ေက်ာျပင္မ်က္ႏွာအပ္ကာၿငိမ္ေနခဲ့သည္။
"ဧကႏၲငယ္မရိွေတာ့ႏွလံုးသားကအသိေပးတယ္ထင္တယ္...ဟုတ္တယ္မလား"
"အြန္းဟုတ္တယ္အဲ့တာေၾကာင့္ထားမသြားနဲ႔"
ဂ်ီ့လက္ေတြကိုျဖဳတ္လိုက္ၿပီးမ်က္ႏွာခ်င္းဆိုင္လိုက္ကာ..
"ငယ္ဘယ္လိုအေၾကာင္းေၾကာင့္နဲ႔မွဂ်ီ့ကိုထားမသြားဘူးေနာ္"
ငယ္ဟာသူမရဲ့ပါးျပင္အားဖြဖြပြတ္သပ္ကာဆိုသည္။
"ဟုတ္ကဲ့ပါရွင္...ငယ့္ကိုယံုတယ္"
သူမပါးျပင္ကိုထိကိုင္ထားတဲ့သူ႔လက္ကိုဆြဲယူၿပီးသူမကျပန္ေတာင္နမ္းေနေသး....
သူမကအတတ္ေလးျဖစ္ေနတာပဲ။
"ဂ်ီ...."
"အြန္းေျပာေလငယ္"
"ဟိုထယ္ဝူဆိုတဲ့လူလာေသးလား"
"မလာပါဘူးငယ္ရယ္...အဲ့ေန့ကတည္းကငယ္ဟာမမခ်စ္သူဆိုတာကိုတခါတည္းေၾကညာလိုက္တာပဲေလ"
"အင္းပါ..ငယ္ကသူ႔ကိုၾကည့္မရလို႔"
"ထယ္ဝူကဒီေလာက္သတိေပးထားတဲ့ၾကားကေတာ့ေရ႔ွဆက္တိုးမယ့္လူမ်ိဳးမဟုတ္ပါဘူးငယ္ရယ္"
ငယ္ဟာကြၽန္မကိုတင္းၾကပ္စြာဖက္လိုက္ၿပီး
"ငယ္ေလဂ်ီ့ကိုသိပ္ျမတ္ႏိုးတာပဲကြာ"
"မမလည္းငယ့္ကိုအရမ္းခ်စ္တယ္ကြယ္"
"ျပန္အိပ္ၾကေတာ့မလားေတာ္ၾကာမနက္မွအိပ္ေရးမဝပဲေနမယ္"
"အဲ့တာေကာင္းတယ္ျပန္အိပ္ၾကမယ္"
တစ္ေယာက္ခါးတစ္ေယာက္ဖက္ကာအခန္းထဲသို႔ျပန္ဝင္ခဲ့ၾကသည္။
ၿပီးတဲ့ေနာက္ေလဟာနယ္ကင္းစြာပူးကပ္ထားၾကရင္းအိပ္စက္လိုက္ၾကသည္။
×××××××××ၾကယ္ေလးေတြေပးသြားၾကအုန္းေနာ္💫
အားလံုးကိုေလးစားခ်စ္ခင္လ်က္🤎
(ခပ္ျမန္ျမန္ပဲလက္ထပ္ေပးလိုက္ပါတယ္🤭)×××××××××
There are no comments yet. Log in to be the first to leave a review!





