22
18:06, 17 July 2022(Unicode)
အချိန်အားဖြင့်ည၇နာရီဝန်းကျင်
ပန်းခြံကခုံတန်းတစ်ခုမှာ တစ်ကိုယ်တည်းအေးဆေးထိုင်နေတဲ့သူမဟာ ကလေးတွေပြေးလွှားဆော့ကစားနေတာကို ပြုံးပြုံးလေးကြည့်ရင်းတွေးနေမိတယ်။
မောင်နဲ့လက်ထပ်ပြီးရင် တို့လည်းကလေးသေးသေးလေးတွေမွေးချင်မိတယ်။
စာရင်းတွေစစ်အပြီး ပျင်းနေတာနဲ့ အိမ်နားကပန်းခြံကို စိတ်ပြေလက်ပျောက်လာခဲ့ခြင်း။
ဒီနေ့ညမှဂျီဆူကလည်းချယ့်ဆီလာလည်တော့လွတ်လွတ်လပ်လပ်နေပါစေဆိုပြီး ရှောင်ထွက်လာပေးတာ။
"It's a beautiful night.....
ဘောက်စ်နဲ့သီချင်းသံကြားမှ အသံလာရာကြည့်တော့ဝက်ဝံဝတ်စုံပြည့်ဝတ်ထားတဲ့သူကအကကပြနေတာ။
"Hey Baby, I think I wanna marry you"
ဘာရယ်တော့မဟုတ် ဝက်ဝံဆိုတော့ သူမသဘောကျလို့ကြည့်နေမိသည်။နောက်တော့လည်း အဲ့လူကတာကလှပြီးမိုက်လို့။
နှမျောစရာကဒီလိုတော်တဲ့အကသမားမျက်နှာကိုသူမမသိရခြင်းပဲ။သူကမျက်နှာကို ဝက်ဝံခေါင်းနဲ့ဖုံးထားတယ်လေ။
ရပ်ကွက်ထဲကကလေးတွေကလည်း အကုန်လိုက်ကနေကြတာ သူတို့လေးတွေကိုကြည့်ရင်း သူမအပျော်တွေကူးစက်ရသေးသည်။
"Just say I do tell me right now baby
ရုတ်တရက်သူမကိုဆွဲခေါ်ပြီးတွဲကနေတဲ့ဝက်ဝံလူသားကြောင့်သူမကြောင်အနေမိတယ်။
ဘာလို့မှန်းတော့မသိသူမကြောက်မနေပါဘူး။ထိုလူကိုရင်းနှီးနေတယ်လို့လည်းခံစားနေရတယ်။
သူမလည်းသူနဲ့အတူလိုက်ပါလှုပ်ရှားနေမိသည်။
🎶Is it the look in your eyes or is it the dancing juice
ထိုအချိန်မှာသူဟာခေါင်းပိုင်းကိုချွတ်လိုက်တယ်။တွေ့လိုက်ရတဲ့မျက်နှာကြောင့် အံ့သြခြင်းတွေအပြည့်ဖြစ်ပေါ်နေရသည်။
"မောင်!!!"
"Who cares,baby, I think I wanna marry you
နောက်ဆုံးစာသားလေးကို ကိုယ်တိုင်ဆိုသွားရင်းသူမရှေ့ဒူးထောက်ထိုင်ချကာ လက်စွပ်လေးနဲ့Proposeလုပ်သွားတဲ့သူ့ကြောင့် ပါးစပ်ကိုလက်နဲ့အုပ်ရင်းအပျော်ကြီးပျော်နေရတဲ့သူမ။
"နီ...."
သူဟာမျက်ဝန်းညိိုညိုတွေနဲ့ကြည့်ရင်းပြောသည်။
"မောင့်ကိုလက်ထပ်ပါနော်"
ထိုအချိန်ပန်းခြံကမီးတွေဟာပို၍ထိန်ထိန်ကျဲသွားပြီးကလေးတွေကိုယ်စီမှာလည်းဘုတ်တစ်ခုစီနဲ့။
"Will you marry me Madam"ဆိုပြီးပုံဖော်ထားတာပဲ။
"မောင့်ကိုအဖြေပေးအုန်းလေကွာ"
သူမဘာစကားမှမပြောနိုင်လောက်အောင်ဝမ်းသာနေမိတာ။အဲ့တာကြောင့်အဖြေကိုခေါင်းငြိမ့်ရင်းပဲပေးလိုက်မိတယ်။
သူဟာသူမအားတင်းကျပ်စွာဖက်လိုက်ရင်း..
"ကျေးဇူးတင်ပါတယ်နီလက်ခံပေးလို့"
ဘေးကကလေးတွေကလည်း တရေးရေးနဲ့ပျော်နေကြသည်။
"မင်းကလူကိုအံ့သြအောင်သိပ်လုပ်နော်"
"လက်ထပ်ခွင့်ကိုပုံစံတစ်မျိုးလေးတောင်းချင်လို့ပါ"
သူမရဲ့ဘယ်ဘက်လက်သူကြွယ်လေးကိုဆွဲယူပြီး စိန်လက်စွပ်လေးစွပ်ပေးလိုက်ကာ လက်ဖမိုးကိုအနမ်းဖွဖွကပေးသေးသည်။
"တို့အရမ်းပျော်နေတာသိလား"
သူ့လည်တိုင်တွေအားဖက်တွယ်ထားသောသူမ
"ချစ်တယ်နီ..."
သူမရဲ့မျက်နှာကိုဆွဲယူပြီးနှုတ်ခမ်းလေးကိုနမ်းလိုက်တယ်။အပေးအယူမျှမျှပုံဖော်ကြရင်း...
"ကလေးတွေရှိတာလည်းသတိရပါအုန်း"
"အေးလေလီဆာရာကောင်မလေးကိုလွတ်လိုက်"
ဘယ်ကပေါ်လာမှန်းမသိတဲ့သူ့သူငယ်ချင်းတွေနဲ့ချယ်တို့ကြောင့် သူမလန့်ပြီးတွန်းလိုက်ကာ ရင်ခွင်ထဲကိုတိုးဝင်နေသည်။ရှက်သွေးဖြာတာပေါ့လေ။
"ဘမ်!!စမနေနဲ့တော့ငါ့ကောင်မလေးရှက်နေပြီ"
"အေးပါကွာ"
"အစ်မကလည်းအခုမှလာရှက်နေတယ်မပြောလိုက်ချင်ဘူး"
ဂျီဆူနဲ့အန်နာကတော့ရယ်ပဲရယ်နေကြတယ်။
သူမကလည်းရှက်ရမ်းတွေရမ်းပြီးမျက်စောင်းလေးထိုးသေး။
ဘယ်လိုပဲဖြစ်ပါစေလက်ထပ်ခွင့်ကိုသူမလက်ခံလိုက်လို့သေလောက်အောင်ပျော်ပါသည်။
🌻🌼
"မင်းအကကိုဘယ်တုန်းကသင်လိုက်တာလဲ"
ပန်းခြံကနေအိမ်ပဲပြန်လာရင်း သူတို့တွေထမင်းလိပ်စားနေကြသည်။
ထိုအချိန်ဂျန်းနီကလီဆာ့အားမေးလိုက်ခြင်း။
"နီကမသိသေးလို့ မောင်ကငယ်ငယ်ကတည်းက အကသင်တန်းတက်ဖူးတယ်"
သူမရဲ့ပါးတွေကိုဖွဖွကိုင်ရင်းပြောတဲ့သူ
"ဟုတ်တယ်ဂျန်းနီရဲ့လီလီကအကဆရာမကြီး"
"မင်းဘာလို့အစောကတည်းကမပြောလဲ"
"အဲ့တာကလေစကားမဆက်မိလို့ပါ"
သူတို့စကားဝိုင်းထဲကို တစ်ယောက်သောသူကတော့ မပါဝင်ခဲ့ပါ။
ထမင်းလိပ်နဲ့ဂင်ချီပဲကုန်းစားနေတာ။
"မင်းကဘာမှန်းလည်းမသိဘူး။တို့ကိုမင်းအကြောင်းတွေဖုံးကွယ်ထားတယ်လို့ခံစားလိုက်ရတယ်နော်"
နှုတ်ခမ်းလေးဆူကာ ချစ်စဖွယ်ဆိုလာတဲ့ သူမကြောင့်သဘောတကျရယ်မိသေးသည်။
စိတ်တိုနေတဲ့ကြောင်မလေးအတိုင်းပဲ။
"အဲ့လိုဖြစ်သွားရင်မောင်တောင်းပန်ပါတယ်နော်"
"ကဲပါအစ်မရာနင်မဟုတ်တာတွေပြောမနေစမ်းနဲ့။နင်သူ့မချစ်တာလည်းမဟုတ်ပဲရစ်နေသေး"
"ဟဲ့ချယ်ယောင်းငါကမောင့်ကိုချစ်လို့ရစ်တာပေါ့"
"အဲ့တာများဟာလေကုန်ခံပြီးပြောနေသေး။နားကိုညီးတယ်ဒီမှာမုန့်ကောင်းကောင်းမစားရဘူး"
"ငယ်အဲ့လိုမပြောရဘူးလေ"
ဂျီပြောမှပဲချယ်ဟာငြိမ်ကျသွားတယ်။
ဂျန်းကတော့ဆူပုတ်ပုတ်နဲ့ပါပဲ။
"နီရော့စားအုန်းလေမောင်ခွံ့ကျွေးမယ်"
သူခွံကျွေးတာကိုစားတော့စားရှာသည်။သူမဖြစ်နေတဲ့မျက်နှာလေးကိုကြည့်ပြီးချစ်လွန်းလို့နှာထိပ်လေးကိုဆွဲလိုက်တော့...
"မင်းနော်.."
"ချစ်လို့လေအမျိုးသမီးလေးရယ်"
"လီလီစားပြီးရင်ပြန်ကြရအောင်လေ"
ဂျီ့စကားကြောင့်လီလည်းထိုင်နေရာကထကာ
"စားလို့ကပြီးပါပြီမမရဲ့ပြန်ကြမယ်လေ"
"ငယ်နဲ့မအိပ်ဘူးလား"
"ငါ့မမကနင်နဲ့အိပ်စရာလား"
"အိပ်ချင်အိပ်မှာပေါ့ဘာဖြစ်လဲ"
"ကဲဒီနှစ်ယောက်ကတော့တော်ကြတော့ကလေးတွေလည်းမဟုတ်တော့ပဲ"
ဂျန်းဝင်ဟန့်မှပဲပါးစပ်လေးတွေပိတ်သွားကြလေသည်။ပြီးတဲ့နောက်ခြံထဲကိုသွားကြလေသည်။
"ဒီညအိပ်ပျော်အောင်အိပ်နော်နီ"
"အိပ်မှာပေါ့လ်ို့"
"တော်ကြာမောင်နဲ့လက်ထပ်ရမှာကိုတွေးပြီးစိတ်တွေလှုပ်ရှားနေမှာစိုးလို့"
"ဖြစ်စရာလားသွားပြန်တော့"
"လက်ထပ်ပြီးရင်ကလေးလေးတွေမွေးပေးနော်"
သူမနားအနားကိုကပ်ပြီး ပြောတဲ့သူ့ကြောင့် ရင်တုန်သွားပြီးမျက်နှာလေးပါရဲသွားသည်။
လက်ကတော့သူ့ဗိုက်သားဆီမှာလိမ်ဆွဲနေလေပြီ။
"အ့!!!နာလိုက်တာနီရာ"
"လူဆိုး...သွားပြန်တော့စိတ်ညစ်တယ်"
"ကောင်းသောညပါချစ်တယ်"
ကားထဲမဝင်ခင်ပါးလေးကိုနမ်းသွားသေးသည်။
"အဲ့ကောင်ကအချိန်တိုင်းအစ်မကိုအသားပဲယူနေတာ"
"လီလီ့ကိုမကျေနပ်ရင်မမကိုကလဲ့စားပြန်ချေပေါ့"
ဂျီဟာမရိုးမရွဖြစ်အောင်သိပ်လုပ်နိုင်တာပဲ။သူမစကားကြောင့်ချယ့်ရင်ထဲလိပ်ပြာလေးတွေဝဲနေသလို..
"ဟုတ်သားပဲနော်"
ပိုးတုံးလုံးလိုမျက်နှာကြီးနဲ့ သူမနားတိုးလာပြီး နမ်းတော့မယ့်အချိန်..
ပွမ်!!ပွမ်!!!
ဟွန်းတီးလိုက်တဲ့လီ့ကြောင့် ချယ်နဲ့ဂျီမှာလန့်ပြီးခွာသွားကြသည်။
ထိုအချိန်ကားထဲကလီကတော့..
"နောက်ကျနေပြီတက်တော့မမ"
တံခါးတောင်အထဲကဖွင့်ပေးလိုက်သေး...
ကားပေါ်တက်တော့မယ့် သူမလက်ကိုပြန်ဆွဲပြီးနှုတ်ခမ်းလေးကိုထိကပ်လိုက်တဲ့သူ့ကြောင့် လီကတော့မျက်နှာလွဲသွားတယ်။
ဂျန်းကတော့ကြည့်ပြီးရယ်နေတယ်။
"ချစ်တယ်နော်ဂျီ"
"တာ့တာကားကိုဖြေးဖြေးမောင်း"
ခြံထဲကနေကားအနီလေးထွက်သွားသည်အထိညီအစ်မနှစ်ယောက်တစ်ဆုံးကြည့်ပြီးမှပဲ အိမ်ထဲပြန်ဝင်လာသည်။
"လာလီဆာကတကယ့်နှာဘူး"
"မောင်ပဲဘူးတတ်တာလားနင်လည်းပါတာပဲကို"
"သူ့လူထိတော့သိတတ်တာ"
"ချစ်တော့ကာကွယ်ရတာပေါ့"
"သူတောင်အစ်မနဲ့လက်ထပ်တော့မယ်။ချယ်ကတော့ဂျီနဲ့ချစ်သူအဆင့်ကမတက်တော့ဘူး"
"နင်လည်းProposeလုပ်လိုက်ပေါ့"
"ဂျီကလက်ထပ်ဖို့စိတ်ကူးမရှိသေးဘူးတဲ့။နောက်နှစ်လောက်မှစဥ်းစားကြည့်မယ်ဆိုပဲ"
"စောင့်ပေါ့ချယ်ရယ်အဲ့အချိန်ထိစောင့်လိုက်"
ပခုံးကိုပုတ်ပေးရင်းအပေါ်ထပ်ကိုပြုံးရွှင်စွာတက်သွားတဲ့သူမနဲ့ငူငူငိူင်ငိုင်ကြီးကျန်နေခဲ့တဲ့ချယ်....
🌻🌼
မနက်လင်းတည်းကအိမ်ရောက်လာပြီးDateဖို့စောင့်နေတဲ့မောင့်ကြောင့်ဂျန်းမှာကမန်းကတန်းပြင်ရသေး။
"ဟိုမှာဆင်းလာပါပြီ"
ခေါင်းစီးရင်းလှေကားဆင်းနေတုန်း ချယ့်အသံတော့ကြားလိုက်ရသည်။တစ်ဆက်တည်းမောင့်ကိုတွေ့လိုက်တော့ မှင်သက်နေမိသည်။
အဖြူရောင်ရှပ်အကျီနဲ့မောင်ဟာသန့်ပြန့်ချောမောနေချက်။
"နှစ်ယောက်လုံးမျက်လုံးတွေလည်းကျွတ်နေမယ်"
ချယ့်စကားကြောင့်အကြည့်လွဲရင်းရယ်မိသေးသည်။
"သွားကြမယ်လေမောင်"
"အွန်း..."
ချယ်ကတော့စိတ်ညစ်ညစ်နဲ့ဘာလုပ်ရင်ကောင်းမလဲတွေးရင်းကျန်နေခဲ့တယ်။
ကားထဲမှာတော့...
"နီအရမ်းလှတာပဲ"
အနီရောင်ကိုယ်ကျပ်ဂါဝန်တိုဝတ်ထားတဲ့သူမဟာစွဲမက်ဖွက်အပြည့်။
"မင်းလည်းချောတယ်"
"မောင်တို့အခုကိုယ့်ငါးချဥ်ကိုပြန်ချဥ်သလိုဖြစ်နေပြီနော်"
သူ့စကားကြောင့်သူမပါရယ်ရသေး။
"တကယ်နီ့ကိုတုန်နေအောင်ချစ်တယ်နော်။မြန်မြန်ယူချင်နေပြီ"
"မင်းနဲ့တော့လက်ထပ်ဖို့ကလည်းနီးနေပြီပဲကို"
မောင်ဟာဘယ်လောက်ဆိုးလဲဆိုရင်သူ့မိဘတွေကိုလက်ထပ်ပွဲချက်ချင်းစီစဥ်ခိုင်းတာ။
ဂျန်းသူငယ်ချင်းတွေဆိုလည်းအကုန်အမေးဇင်းတွေဖြစ်ကုန်တာ။
လက်ထပ်ပြီးတာနဲ့ကလေးပါတခါတည်းယူဖို့ဆရာဝန်နဲ့တောင်ချိန်းပြီးနေပြီ။
ဂျန်းကလည်းအချိန်မဆွဲချင်တဲ့သူဆိုတော့အကြိုက်ပေါ့။
လူကြီးတွေပြောတဲ့အသွင်တူမှအိမ်သူဖြစ်တာဒါမျိုးပဲနေမှာသေချာတယ်။
"ရောက်ပါပြီအချစ်လေး"
သူမခါးပတ်ကိုတောင်သူကဖြုတ်ပေးသေးတာ။
အလိုက်သိတဲ့ချစ်သူလေးပေါ့လေ။
"ဒါကကော်ဖီဆိုင်ကြီးမလား"
"ဟုတ်တယ်လေမနက်စာစားရအောင်လို့"
ဆိုင်ထဲကဝိုင်းလွတ်တစ်ခုမှာနေရာယူကြပြီး
"ဘာစားမလဲနီ"
"Espressoနဲ့စတော်ဘယ်ရီMacaron"
"ကဲအကိုကြားတဲ့အတိုင်းပဲ လီလီ့ကောင်မလေးက အဲ့တာတွေစားပါမယ်တဲ့။လီလီကတော့Latteနဲ့ချောကလက်mochi"
"စုံတွဲတွေလား"
သူ့အပြောကြောင့်ဝိတ်တာကမေးတော့
"ဒါပေါ့မကြာခင်လက်ထပ်ကြတော့မှာ"
သူမဘယ်လက်လေးကိုဆုပ်ကိုင်ပြီးမြောက်ပြရင်း သူကဝမ်းပန်းတသာကိုပြောနေသည်။
သူမကတော့ရှက်လို့ခေါင်းလေးငုံ့ကာပြုံးနေမိတယ်။
"မင်းကတော့လူတကာကိုလျှောက်ပြောစရာလား"
"ဘာလို့လဲဖြစ်နိုင်ရင်မောင်ကလေကင်ဂျန်းနီဟာမောင့်မိန်းကလေးပါဆိုပြီးမိုးမြေအဆုံးကြေညာချင်တာ။
သူ့စိတ်ဟာတကယ့်ကိုကလေးစိတ်သာသာရယ်။
ဒါပေမယ့်လည်းချစ်လို့အဲ့လိုအတွေးဝင်တာဖြစ်မှာပါ။
"မောင့်ကိုချစ်လား"
"မချစ်ဘူး"
သူ့မချစ်ပဲနေမလား။လက်ထပ်ဖို့တောင်ခေါင်းငြိမ့်ခဲ့သေးတာ၊ပထမဆုံးကိုလည်းပေးခဲ့သေးတာတောင်ဒါကမေးနေသေးတယ်။
"စိတ်ကောက်တယ်"
ဘဲပေါက်လိုဆူသွားပြန်တဲ့သူ့ကိုကြည့်ရင်းခပ်ဖွဖွရယ်ရသေးသည်။
"လူကရယ်စရာမဟုတ်ဘူး"
"မင်းကပဲစိတ်ကောက်ရတယ်ရှိသေး"
ထိုအချိန်မှာထားတာတွေလာချပေးတယ်။
သူမကတော့Espressoကိုအရသာခံနေပြီးသူ့ကိုမျက်လုံးလှန်ကာတစ်ခါတစ်ခါကြည့်နေသည်။
"Mochiနည်းနည်းစားမယ်"
"မကျွေးပါဘူး"
"အကျင့်ပုတ်လိုက်တာ"
"ထင်ချင်သလိုထင်"
သူတကယ်ပဲအတည်ပေါက်ကြီးစိတ်ကောက်နေတာလား။
သူမကတော့ရယ်ချင်လွန်းလို့သေတော့မယ်။
ဘယ်လိုကောင်မလေးမှန်းမသိဘူး။စိတ်ကောက်နေရင်ဘဲပေါက်လိုပဲ။
"မောင်ကလည်းကွာချစ်လို့စ,လိုက်တာလေ။တို့ကမင်းကိုမချစ်ပဲနေမလား။သိပ်ချစ်တာပါကွာ"
ပြုံးချင်နေသော်လည်းနည်းနည်းတော့တင်းထားချင်သေးသည်။
သို့သော်လည်းသူ့မျက်နှာဟာမချိုမချဥ်အနေအထား။
ဒါကြောင့်သူမကတော့အကောက်ပြေသွားမှန်းရိပ်မိသွားသည်။
"မင်းကတကယ်ချစ်စရာကောင်းတယ်"
ပြောရင်းနဲ့သူမဟာmochiကိုတစ်ဇွန်းနှိုက်လိုက်တယ်။
"ဘယ်သူကကျွေးလို့စားတာလဲ"
"မကြာခင်မှာတို့ကမင်းမိန်းမဖြစ်လာတော့မှာပဲကို။အဲ့တော့မင်းပိုင်တဲ့အရာတွေကိုတို့တစ်ဝက်ပိုင်တယ်"
"ဒါဆိုနီ့ရဲ့macaronလည်းကျွေး"
"ခွံ့မယ်ပါးစပ်ဟ"
သူမခွံ့တာကိုပြီတီတီမျက်နှာနဲ့စားနေပါသောလီဆာ။
ထိုအချိန်ဆိုင်ထဲကိုဝင်လာတဲ့လူနှစ်ယောက်ကြောင့်လီဆာမျက်ခုံးတွေတန်းသွားပြီး
"သူကဘယ်လိုလုပ်"
သူ့စကားကြောင့်သူမလည်းခေါင်းလှည့်ကြည့်တော့ဂျုံအင်ဖြစ်နေတယ်။
"ဂျန်း..."
"ဂျုံအင်နင်မနက်စာလာစားတာလား"
ဂျန်းသူ့ကိုမတွေ့ဖြစ်တာအတော်ကြာပြီ။သူချိန်းထားတာကိုဖျက်လိုက်တဲ့ညတည်းကဆိုပါတော့။
အလုပ်ကိစ္စဆိုလည်းသူကိုယ်တိုင်မလာတော့ပဲကိုယ်စားလှယ်ပဲလွတ်နေတာလေ။
မောင့်ကိုပြန်ကြည့်တော့ရုပ်ကြီးကဆူပုတ်နေတာပဲ။
"အေးဟုတ်တယ်မနက်စာလာစားတာ"
"ငါနဲ့မောင်လက်ထပ်တော့မှာသိတယ်မလား"
ထိုစကားကြောင့်ဂျုံအင်မျက်နှာတစ်ချက်ပျက်သွားတာကိုလီဆာရောဂျန်းနီပါမြင်လိုက်သည်။
"အင်းငါကြားထားတယ်လေဂုဏ်ပြုပါတယ်"
"ကျေးဇူးပါဒါနဲ့သူကဘယ်သူလဲ"
လီဆာကတော့သူတို့ကိုမျက်တောင့်နီကြီးနဲ့ကိုကြည့်နေတာ...
"တွေ့ရတာဝမ်းသာပါတယ်ညီမလေး။အိုပါးနာမည်ကဒိုယောင်းဆူပါ"
ထိုလူကသူ့ကိုယ်သူမိတ်ဆက်တယ်။
"ဟုတ်ကဲ့အိုပါး။ကျွန်မကတော့ကင်ဂျန်းနီ"
"ဂျန်းသူကငါ့ရဲ့ကောင်လေး"
"ဟမ်!!"
"ဟင်!!"
လီဆာနဲ့ဂျန်းနီတစ်ပြိုင်တည်းကိုအာမေဋိတ်သံတွေထွက်လာတော့တယ်။
"နင့်ကောင်လေး"
ထိုအချိန်ယောင်းဆူဟာဂျုံအင့်လက်မောင်းကိုမှီလိုက်တယ်။
"အိုပါးတို့ကတွဲတာမကြာသေးပါဘူး"
"သြော်..."
မျက်လုံးအဝိုင်းသားနဲ့မယုံနိုင်ဖြစ်နေတာကတော့လာလီဆာပါပဲ။
"ဒါဆိုကိုယ်တို့ကိုခွင့်ပြုအုန်း"
"ကောင်းပါပြီ"
သူမလည်းနေရာမှာပြန်ထိုင်လိုက်ရင်းမုန့်စားနေလိုက်တယ်။
စိတ်တွေလွင့်နေသေးတာကလီဆာ။
"မောင်တော်ပြီလားကော်ဖီတွေရောမုန့်ရောကျန်သေးတာကို"
"နီ..မယုံနိုင်စရာပဲနော်"
"လောကကြီးကမထင်မှတ်ထားတာတွေဖြစ်တတ်တယ်မောင်ရဲ့"
သူကတော့အနောက်ဘက်ကဂျုံအင်တို့အတွဲကိုလှည့်ကြည့်လိုက်ပြုံးလိုက်လုပ်နေတယ်။
ဂျန်းသိတာပေါ့။မောင်ကသဘောတွေကျပြီးပျော်နေတာကို။
ဂျန်းလည်းအံ့သြမိပါတယ်။ဂျုံအင့်လိုယောကျာ်းစစ်စစ်ကြီးကဘယ်လိုလုပ်ပြီးတော့များဂေးသွားပါလိမ့်။
အခုခေတ်ကထူးဆန်းတာမှမဟုတ်တာနော်။
"အဲ့တာညီသဘောကျခဲ့တဲ့ကောင်မလေးမလား"
"ဟုတ်တယ်ကို"
ဂျုံအင်ဟာခြောက်ခြောက်ကပ်ကပ်နဲ့ပြန်ဖြေတယ်။
ယောင်းဆူကတော့ပြုံးရင်းနဲ့
"ကိုကတော့ဂျန်းနီကိုကျေးဇူးတင်မိတယ်။သူ့ကြောင့်ကိုတို့ဆုံဖြစ်ခဲ့တာမလား"
"ဒါပေါ့အဲ့တာအမှန်ပဲ"
သူတို့နှစ်ဦးတွေ့ဖူးတာမကြာသေးပါဘူး။
ဂျန်းနီကြောင့်ခံစားနေရတာတွေပျောက်အောင်ကလပ်သွားရင်းနဲ့ယောင်းဆူကိုတွေ့ခဲ့တယ်။
ပြီးတော့အရက်တွေမတရားမူးပြီးသူတို့မှားခဲ့ကြတယ်။
ဒါပေမယ့်လည်းနှစ်ယောက်လုံးခံစားချက်တွေဖြစ်တည်နေတာမို့ဆက်ပြီးတွဲဖို့ဆုံးဖြတ်လိုက်ကြတာ။
××××××××ကဲယောရော်ဘွန်းတို့ရေ..ဒီနေ့ညနေHot potသွားစားလို့Upတာနောက်ကျသွားတယ်😁
အားလုံးကိုလေးစားချစ်ခင်လျက်🤎
ကြယ်လေးတွေပေးသွားကြပါအုန်း💫×××××××××(Zawgyi)
အခ်ိန္အားျဖင့္ည၇နာရီဝန္းက်င္
ပန္းၿခံကခံုတန္းတစ္ခုမွာ တစ္ကိုယ္တည္းေအးေဆးထိုင္ေနတဲ့သူမဟာ ကေလးေတြေျပးလႊားေဆာ့ကစားေနတာကို ၿပံဳးၿပံဳးေလးၾကည့္ရင္းေတြးေနမိတယ္။
ေမာင္နဲ႔လက္ထပ္ၿပီးရင္ တို႔လည္းကေလးေသးေသးေလးေတြေမြးခ်င္မိတယ္။
စာရင္းေတြစစ္အၿပီး ပ်င္းေနတာနဲ႔ အိမ္နားကပန္းၿခံကို စိတ္ေျပလက္ေပ်ာက္လာခဲ့ျခင္း။
ဒီေန့ညမွဂ်ီဆူကလည္းခ်ယ့္ဆီလာလည္ေတာ့လြတ္လြတ္လပ္လပ္ေနပါေစဆိုၿပီး ေရွာင္ထြက္လာေပးတာ။
"It's a beautiful night.....
ေဘာက္စ္နဲ႔သီခ်င္းသံၾကားမွ အသံလာရာၾကည့္ေတာ့ဝက္ဝံဝတ္စံုျပည့္ဝတ္ထားတဲ့သူကအကကျပေနတာ။
"Hey Baby, I think I wanna marry you"
ဘာရယ္ေတာ့မဟုတ္ ဝက္ဝံဆိုေတာ့ သူမသေဘာက်လို႔ၾကည့္ေနမိသည္။ေနာက္ေတာ့လည္း အဲ့လူကတာကလွၿပီးမိုက္လို႔။
ႏွေမ်ာစရာကဒီလိုေတာ္တဲ့အကသမားမ်က္ႏွာကိုသူမမသိရျခင္းပဲ။သူကမ်က္ႏွာကို ဝက္ဝံေခါင္းနဲ႔ဖံုးထားတယ္ေလ။
ရပ္ကြက္ထဲကကေလးေတြကလည္း အကုန္လိုက္ကေနၾကတာ သူတို႔ေလးေတြကိုၾကည့္ရင္း သူမအေပ်ာ္ေတြကူးစက္ရေသးသည္။
"Just say I do tell me right now baby
ရုတ္တရက္သူမကိုဆြဲေခၚၿပီးတြဲကေနတဲ့ဝက္ဝံလူသားေၾကာင့္သူမေၾကာင္အေနမိတယ္။
ဘာလို႔မွန္းေတာ့မသိသူမေၾကာက္မေနပါဘူး။ထိုလူကိုရင္းႏွီးေနတယ္လို႔လည္းခံစားေနရတယ္။
သူမလည္းသူနဲ႔အတူလိုက္ပါလႈပ္ရွားေနမိသည္။
🎶Is it the look in your eyes or is it the dancing juice
ထိုအခ်ိန္မွာသူဟာေခါင္းပိုင္းကိုခြၽတ္လိုက္တယ္။ေတြ့လိုက္ရတဲ့မ်က္ႏွာေၾကာင့္ အံ့ၾသျခင္းေတြအျပည့္ျဖစ္ေပၚေနရသည္။
"ေမာင္!!!"
"Who cares,baby, I think I wanna marry you
ေနာက္ဆံုးစာသားေလးကို ကိုယ္တိုင္ဆိုသြားရင္းသူမေရ႔ွဒူးေထာက္ထိုင္ခ်ကာ လက္စြပ္ေလးနဲ႔Proposeလုပ္သြားတဲ့သူ႔ေၾကာင့္ ပါးစပ္ကိုလက္နဲ႔အုပ္ရင္းအေပ်ာ္ႀကီးေပ်ာ္ေနရတဲ့သူမ။
"နီ...."
သူဟာမ်က္ဝန္းညိုညိုေတြနဲ႔ၾကည့္ရင္းေျပာသည္။
"ေမာင့္ကိုလက္ထပ္ပါေနာ္"
ထိုအခ်ိန္ပန္းၿခံကမီးေတြဟာပို၍ထိန္ထိန္က်ဲသြားၿပီးကေလးေတြကိုယ္စီမွာလည္းဘုတ္တစ္ခုစီနဲ႔။
"Will you marry me Madam"ဆိုၿပီးပံုေဖာ္ထားတာပဲ။
"ေမာင့္ကိုအေျဖေပးအုန္းေလကြာ"
သူမဘာစကားမွမေျပာႏိုင္ေလာက္ေအာင္ဝမ္းသာေနမိတာ။အဲ့တာေၾကာင့္အေျဖကိုေခါင္းၿငိမ့္ရင္းပဲေပးလိုက္မိတယ္။
သူဟာသူမအားတင္းက်ပ္စြာဖက္လိုက္ရင္း..
"ေက်းဇူးတင္ပါတယ္နီလက္ခံေပးလို႔"
ေဘးကကေလးေတြကလည္း တေရးေရးနဲ႔ေပ်ာ္ေနၾကသည္။
"မင္းကလူကိုအံ့ၾသေအာင္သိပ္လုပ္ေနာ္"
"လက္ထပ္ခြင့္ကိုပံုစံတစ္မ်ိဳးေလးေတာင္းခ်င္လို႔ပါ"
သူမရဲ့ဘယ္ဘက္လက္သူႂကြယ္ေလးကိုဆြဲယူၿပီး စိန္လက္စြပ္ေလးစြပ္ေပးလိုက္ကာ လက္ဖမိုးကိုအနမ္းဖြဖြကေပးေသးသည္။
"တို႔အရမ္းေပ်ာ္ေနတာသိလား"
သူ႔လည္တိုင္ေတြအားဖက္တြယ္ထားေသာသူမ
"ခ်စ္တယ္နီ..."
သူမရဲ့မ်က္ႏွာကိုဆြဲယူၿပီးႏႈတ္ခမ္းေလးကိုနမ္းလိုက္တယ္။အေပးအယူမ်ွမ်ွပံုေဖာ္ၾကရင္း...
"ကေလးေတြရိွတာလည္းသတိရပါအုန္း"
"ေအးေလလီဆာရာေကာင္မေလးကိုလြတ္လိုက္"
ဘယ္ကေပၚလာမွန္းမသိတဲ့သူ႔သူငယ္ခ်င္းေတြနဲ႔ခ်ယ္တို႔ေၾကာင့္ သူမလန္႔ၿပီးတြန္းလိုက္ကာ ရင္ခြင္ထဲကိုတိုးဝင္ေနသည္။ရွက္ေသြးျဖာတာေပါ့ေလ။
"ဘမ္!!စမေနနဲ႔ေတာ့ငါ့ေကာင္မေလးရွက္ေနၿပီ"
"ေအးပါကြာ"
"အစ္မကလည္းအခုမွလာရွက္ေနတယ္မေျပာလိုက္ခ်င္ဘူး"
ဂ်ီဆူနဲ႔အန္နာကေတာ့ရယ္ပဲရယ္ေနၾကတယ္။
သူမကလည္းရွက္ရမ္းေတြရမ္းၿပီးမ်က္ေစာင္းေလးထိုးေသး။
ဘယ္လိုပဲျဖစ္ပါေစလက္ထပ္ခြင့္ကိုသူမလက္ခံလိုက္လို႔ေသေလာက္ေအာင္ေပ်ာ္ပါသည္။
🌻🌼
"မင္းအကကိုဘယ္တုန္းကသင္လိုက္တာလဲ"
ပန္းၿခံကေနအိမ္ပဲျပန္လာရင္း သူတို႔ေတြထမင္းလိပ္စားေနၾကသည္။
ထိုအခ်ိန္ဂ်န္းနီကလီဆာ့အားေမးလိုက္ျခင္း။
"နီကမသိေသးလို႔ ေမာင္ကငယ္ငယ္ကတည္းက အကသင္တန္းတက္ဖူးတယ္"
သူမရဲ့ပါးေတြကိုဖြဖြကိုင္ရင္းေျပာတဲ့သူ
"ဟုတ္တယ္ဂ်န္းနီရဲ့လီလီကအကဆရာမႀကီး"
"မင္းဘာလို႔အေစာကတည္းကမေျပာလဲ"
"အဲ့တာကေလစကားမဆက္မိလို႔ပါ"
သူတို႔စကားဝိုင္းထဲကို တစ္ေယာက္ေသာသူကေတာ့ မပါဝင္ခဲ့ပါ။
ထမင္းလိပ္နဲ႔ဂင္ခ်ီပဲကုန္းစားေနတာ။
"မင္းကဘာမွန္းလည္းမသိဘူး။တို႔ကိုမင္းအေၾကာင္းေတြဖံုးကြယ္ထားတယ္လို႔ခံစားလိုက္ရတယ္ေနာ္"
ႏႈတ္ခမ္းေလးဆူကာ ခ်စ္စဖြယ္ဆိုလာတဲ့ သူမေၾကာင့္သေဘာတက်ရယ္မိေသးသည္။
စိတ္တိုေနတဲ့ေၾကာင္မေလးအတိုင္းပဲ။
"အဲ့လိုျဖစ္သြားရင္ေမာင္ေတာင္းပန္ပါတယ္ေနာ္"
"ကဲပါအစ္မရာနင္မဟုတ္တာေတြေျပာမေနစမ္းနဲ႔။နင္သူ႔မခ်စ္တာလည္းမဟုတ္ပဲရစ္ေနေသး"
"ဟဲ့ခ်ယ္ေယာင္းငါကေမာင့္ကိုခ်စ္လို႔ရစ္တာေပါ့"
"အဲ့တာမ်ားဟာေလကုန္ခံၿပီးေျပာေနေသး။နားကိုညီးတယ္ဒီမွာမုန္႔ေကာင္းေကာင္းမစားရဘူး"
"ငယ္အဲ့လိုမေျပာရဘူးေလ"
ဂ်ီေျပာမွပဲခ်ယ္ဟာၿငိမ္က်သြားတယ္။
ဂ်န္းကေတာ့ဆူပုတ္ပုတ္နဲ႔ပါပဲ။
"နီေရာ့စားအုန္းေလေမာင္ခြံ႔ေကြၽးမယ္"
သူခြံေကြၽးတာကိုစားေတာ့စားရွာသည္။သူမျဖစ္ေနတဲ့မ်က္ႏွာေလးကိုၾကည့္ၿပီးခ်စ္လြန္းလို႔ႏွာထိပ္ေလးကိုဆြဲလိုက္ေတာ့...
"မင္းေနာ္.."
"ခ်စ္လို႔ေလအမ်ိဳးသမီးေလးရယ္"
"လီလီစားၿပီးရင္ျပန္ၾကရေအာင္ေလ"
ဂ်ီ့စကားေၾကာင့္လီလည္းထိုင္ေနရာကထကာ
"စားလို႔ကၿပီးပါၿပီမမရဲ့ျပန္ၾကမယ္ေလ"
"ငယ္နဲ႔မအိပ္ဘူးလား"
"ငါ့မမကနင္နဲ႔အိပ္စရာလား"
"အိပ္ခ်င္အိပ္မွာေပါ့ဘာျဖစ္လဲ"
"ကဲဒီႏွစ္ေယာက္ကေတာ့ေတာ္ၾကေတာ့ကေလးေတြလည္းမဟုတ္ေတာ့ပဲ"
ဂ်န္းဝင္ဟန္႔မွပဲပါးစပ္ေလးေတြပိတ္သြားၾကေလသည္။ၿပီးတဲ့ေနာက္ၿခံထဲကိုသြားၾကေလသည္။
"ဒီညအိပ္ေပ်ာ္ေအာင္အိပ္ေနာ္နီ"
"အိပ္မွာေပါ့လ္ို႔"
"ေတာ္ၾကာေမာင္နဲ႔လက္ထပ္ရမွာကိုေတြးၿပီးစိတ္ေတြလႈပ္ရွားေနမွာစိုးလို႔"
"ျဖစ္စရာလားသြားျပန္ေတာ့"
"လက္ထပ္ၿပီးရင္ကေလးေလးေတြေမြးေပးေနာ္"
သူမနားအနားကိုကပ္ၿပီး ေျပာတဲ့သူ႔ေၾကာင့္ ရင္တုန္သြားၿပီးမ်က္ႏွာေလးပါရဲသြားသည္။
လက္ကေတာ့သူ႔ဗိုက္သားဆီမွာလိမ္ဆြဲေနေလၿပီ။
"အ့!!!နာလိုက္တာနီရာ"
"လူဆိုး...သြားျပန္ေတာ့စိတ္ညစ္တယ္"
"ေကာင္းေသာညပါခ်စ္တယ္"
ကားထဲမဝင္ခင္ပါးေလးကိုနမ္းသြားေသးသည္။
"အဲ့ေကာင္ကအခ်ိန္တိုင္းအစ္မကိုအသားပဲယူေနတာ"
"လီလီ့ကိုမေက်နပ္ရင္မမကိုကလဲ့စားျပန္ေခ်ေပါ့"
ဂ်ီဟာမရိုးမရျြဖစ္ေအာင္သိပ္လုပ္ႏိုင္တာပဲ။သူမစကားေၾကာင့္ခ်ယ့္ရင္ထဲလိပ္ျပာေလးေတြဝဲေနသလို..
"ဟုတ္သားပဲေနာ္"
ပိုးတံုးလံုးလိုမ်က္ႏွာႀကီးနဲ႔ သူမနားတိုးလာၿပီး နမ္းေတာ့မယ့္အခ်ိန္..
ပြမ္!!ပြမ္!!!
ဟြန္းတီးလိုက္တဲ့လီ့ေၾကာင့္ ခ်ယ္နဲ႔ဂ်ီမွာလန္႔ၿပီးခြာသြားၾကသည္။
ထိုအခ်ိန္ကားထဲကလီကေတာ့..
"ေနာက္က်ေနၿပီတက္ေတာ့မမ"
တံခါးေတာင္အထဲကဖြင့္ေပးလိုက္ေသး...
ကားေပၚတက္ေတာ့မယ့္ သူမလက္ကိုျပန္ဆြဲၿပီးႏႈတ္ခမ္းေလးကိုထိကပ္လိုက္တဲ့သူ႔ေၾကာင့္ လီကေတာ့မ်က္ႏွာလြဲသြားတယ္။
ဂ်န္းကေတာ့ၾကည့္ၿပီးရယ္ေနတယ္။
"ခ်စ္တယ္ေနာ္ဂ်ီ"
"တာ့တာကားကိုေျဖးေျဖးေမာင္း"
ၿခံထဲကေနကားအနီေလးထြက္သြားသည္အထိညီအစ္မႏွစ္ေယာက္တစ္ဆံုးၾကည့္ၿပီးမွပဲ အိမ္ထဲျပန္ဝင္လာသည္။
"လာလီဆာကတကယ့္ႏွာဘူး"
"ေမာင္ပဲဘူးတတ္တာလားနင္လည္းပါတာပဲကို"
"သူ႔လူထိေတာ့သိတတ္တာ"
"ခ်စ္ေတာ့ကာကြယ္ရတာေပါ့"
"သူေတာင္အစ္မနဲ႔လက္ထပ္ေတာ့မယ္။ခ်ယ္ကေတာ့ဂ်ီနဲ႔ခ်စ္သူအဆင့္ကမတက္ေတာ့ဘူး"
"နင္လည္းProposeလုပ္လိုက္ေပါ့"
"ဂ်ီကလက္ထပ္ဖို႔စိတ္ကူးမရိွေသးဘူးတဲ့။ေနာက္ႏွစ္ေလာက္မွစဥ္းစားၾကည့္မယ္ဆိုပဲ"
"ေစာင့္ေပါ့ခ်ယ္ရယ္အဲ့အခ်ိန္ထိေစာင့္လိုက္"
ပခံုးကိုပုတ္ေပးရင္းအေပၚထပ္ကိုၿပံဳးရႊင္စြာတက္သြားတဲ့သူမနဲ႔ငူငူငိူင္ငိုင္ႀကီးက်န္ေနခဲ့တဲ့ခ်ယ္....
🌻🌼
မနက္လင္းတည္းကအိမ္ေရာက္လာၿပီးDateဖို႔ေစာင့္ေနတဲ့ေမာင့္ေၾကာင့္ဂ်န္းမွာကမန္းကတန္းျပင္ရေသး။
"ဟိုမွာဆင္းလာပါၿပီ"
ေခါင္းစီးရင္းေလွကားဆင္းေနတုန္း ခ်ယ့္အသံေတာ့ၾကားလိုက္ရသည္။တစ္ဆက္တည္းေမာင့္ကိုေတြ့လိုက္ေတာ့ မွင္သက္ေနမိသည္။
အျဖဴေရာင္ရွပ္အက်ီနဲ႔ေမာင္ဟာသန္႔ျပန္႔ေခ်ာေမာေနခ်က္။
"ႏွစ္ေယာက္လံုးမ်က္လံုးေတြလည္းကြၽတ္ေနမယ္"
ခ်ယ့္စကားေၾကာင့္အၾကည့္လြဲရင္းရယ္မိေသးသည္။
"သြားၾကမယ္ေလေမာင္"
"အြန္း..."
ခ်ယ္ကေတာ့စိတ္ညစ္ညစ္နဲ႔ဘာလုပ္ရင္ေကာင္းမလဲေတြးရင္းက်န္ေနခဲ့တယ္။
ကားထဲမွာေတာ့...
"နီအရမ္းလွတာပဲ"
အနီေရာင္ကိုယ္က်ပ္ဂါဝန္တိုဝတ္ထားတဲ့သူမဟာစြဲမက္ဖြက္အျပည့္။
"မင္းလည္းေခ်ာတယ္"
"ေမာင္တို႔အခုကိုယ့္ငါးခ်ဥ္ကိုျပန္ခ်ဥ္သလိုျဖစ္ေနၿပီေနာ္"
သူ႔စကားေၾကာင့္သူမပါရယ္ရေသး။
"တကယ္နီ႔ကိုတုန္ေနေအာင္ခ်စ္တယ္ေနာ္။ျမန္ျမန္ယူခ်င္ေနၿပီ"
"မင္းနဲ႔ေတာ့လက္ထပ္ဖို႔ကလည္းနီးေနၿပီပဲကို"
ေမာင္ဟာဘယ္ေလာက္ဆိုးလဲဆိုရင္သူ႔မိဘေတြကိုလက္ထပ္ပြဲခ်က္ခ်င္းစီစဥ္ခိုင္းတာ။
ဂ်န္းသူငယ္ခ်င္းေတြဆိုလည္းအကုန္အေမးဇင္းေတျြဖစ္ကုန္တာ။
လက္ထပ္ၿပီးတာနဲ႔ကေလးပါတခါတည္းယူဖို႔ဆရာဝန္နဲ႔ေတာင္ခ်ိန္းၿပီးေနၿပီ။
ဂ်န္းကလည္းအခ်ိန္မဆြဲခ်င္တဲ့သူဆိုေတာ့အႀကိဳက္ေပါ့။
လူႀကီးေတြေျပာတဲ့အသြင္တူမွအိမ္သူျဖစ္တာဒါမ်ိဳးပဲေနမွာေသခ်ာတယ္။
"ေရာက္ပါၿပီအခ်စ္ေလး"
သူမခါးပတ္ကိုေတာင္သူကျဖဳတ္ေပးေသးတာ။
အလိုက္သိတဲ့ခ်စ္သူေလးေပါ့ေလ။
"ဒါကေကာ္ဖီဆိုင္ႀကီးမလား"
"ဟုတ္တယ္ေလမနက္စာစားရေအာင္လို႔"
ဆိုင္ထဲကဝိုင္းလြတ္တစ္ခုမွာေနရာယူၾကၿပီး
"ဘာစားမလဲနီ"
"Espressoနဲ႔စေတာ္ဘယ္ရီMacaron"
"ကဲအကိုၾကားတဲ့အတိုင္းပဲ လီလီ့ေကာင္မေလးက အဲ့တာေတြစားပါမယ္တဲ့။လီလီကေတာ့Latteနဲ႔ေခ်ာကလက္mochi"
"စံုတြဲေတြလား"
သူ႔အေျပာေၾကာင့္ဝိတ္တာကေမးေတာ့
"ဒါေပါ့မၾကာခင္လက္ထပ္ၾကေတာ့မွာ"
သူမဘယ္လက္ေလးကိုဆုပ္ကိုင္ၿပီးေျမာက္ျပရင္း သူကဝမ္းပန္းတသာကိုေျပာေနသည္။
သူမကေတာ့ရွက္လို႔ေခါင္းေလးငံု႔ကာၿပံဳးေနမိတယ္။
"မင္းကေတာ့လူတကာကိုေလ်ွာက္ေျပာစရာလား"
"ဘာလို႔လဲျဖစ္ႏိုင္ရင္ေမာင္ကေလကင္ဂ်န္းနီဟာေမာင့္မိန္းကေလးပါဆိုၿပီးမိုးေျမအဆံုးေၾကညာခ်င္တာ။
သူ႔စိတ္ဟာတကယ့္ကိုကေလးစိတ္သာသာရယ္။
ဒါေပမယ့္လည္းခ်စ္လို႔အဲ့လိုအေတြးဝင္တာျဖစ္မွာပါ။
"ေမာင့္ကိုခ်စ္လား"
"မခ်စ္ဘူး"
သူ႔မခ်စ္ပဲေနမလား။လက္ထပ္ဖို႔ေတာင္ေခါင္းၿငိမ့္ခဲ့ေသးတာ၊ပထမဆံုးကိုလည္းေပးခဲ့ေသးတာေတာင္ဒါကေမးေနေသးတယ္။
"စိတ္ေကာက္တယ္"
ဘဲေပါက္လိုဆူသြားျပန္တဲ့သူ႔ကိုၾကည့္ရင္းခပ္ဖြဖြရယ္ရေသးသည္။
"လူကရယ္စရာမဟုတ္ဘူး"
"မင္းကပဲစိတ္ေကာက္ရတယ္ရိွေသး"
ထိုအခ်ိန္မွာထားတာေတြလာခ်ေပးတယ္။
သူမကေတာ့Espressoကိုအရသာခံေနၿပီးသူ႔ကိုမ်က္လံုးလွန္ကာတစ္ခါတစ္ခါၾကည့္ေနသည္။
"Mochiနည္းနည္းစားမယ္"
"မေကြၽးပါဘူး"
"အက်င့္ပုတ္လိုက္တာ"
"ထင္ခ်င္သလိုထင္"
သူတကယ္ပဲအတည္ေပါက္ႀကီးစိတ္ေကာက္ေနတာလား။
သူမကေတာ့ရယ္ခ်င္လြန္းလို႔ေသေတာ့မယ္။
ဘယ္လိုေကာင္မေလးမွန္းမသိဘူး။စိတ္ေကာက္ေနရင္ဘဲေပါက္လိုပဲ။
"ေမာင္ကလည္းကြာခ်စ္လို႔စ,လိုက္တာေလ။တို႔ကမင္းကိုမခ်စ္ပဲေနမလား။သိပ္ခ်စ္တာပါကြာ"
ၿပံဳးခ်င္ေနေသာ္လည္းနည္းနည္းေတာ့တင္းထားခ်င္ေသးသည္။
သို႔ေသာ္လည္းသူ႔မ်က္ႏွာဟာမခ်ိဳမခ်ဥ္အေနအထား။
ဒါေၾကာင့္သူမကေတာ့အေကာက္ေျပသြားမွန္းရိပ္မိသြားသည္။
"မင္းကတကယ္ခ်စ္စရာေကာင္းတယ္"
ေျပာရင္းနဲ႔သူမဟာmochiကိုတစ္ဇြန္းႏိႈက္လိုက္တယ္။
"ဘယ္သူကေကြၽးလို႔စားတာလဲ"
"မၾကာခင္မွာတို႔ကမင္းမိန္းမျဖစ္လာေတာ့မွာပဲကို။အဲ့ေတာ့မင္းပိုင္တဲ့အရာေတြကိုတို႔တစ္ဝက္ပိုင္တယ္"
"ဒါဆိုနီ႔ရဲ့macaronလည္းေကြၽး"
"ခြံ႔မယ္ပါးစပ္ဟ"
သူမခြံ႔တာကိုၿပီတီတီမ်က္ႏွာနဲ႔စားေနပါေသာလီဆာ။
ထိုအခ်ိန္ဆိုင္ထဲကိုဝင္လာတဲ့လူႏွစ္ေယာက္ေၾကာင့္လီဆာမ်က္ခံုးေတြတန္းသြားၿပီး
"သူကဘယ္လိုလုပ္"
သူ႔စကားေၾကာင့္သူမလည္းေခါင္းလွၫ့္ၾကည့္ေတာ့ဂ်ံဳအင္ျဖစ္ေနတယ္။
"ဂ်န္း..."
"ဂ်ံဳအင္နင္မနက္စာလာစားတာလား"
ဂ်န္းသူ႔ကိုမေတြ့ျဖစ္တာအေတာ္ၾကာၿပီ။သူခ်ိန္းထားတာကိုဖ်က္လိုက္တဲ့ညတည္းကဆိုပါေတာ့။
အလုပ္ကိစၥဆိုလည္းသူကိုယ္တိုင္မလာေတာ့ပဲကိုယ္စားလွယ္ပဲလြတ္ေနတာေလ။
ေမာင့္ကိုျပန္ၾကည့္ေတာ့ရုပ္ႀကီးကဆူပုတ္ေနတာပဲ။
"ေအးဟုတ္တယ္မနက္စာလာစားတာ"
"ငါနဲ႔ေမာင္လက္ထပ္ေတာ့မွာသိတယ္မလား"
ထိုစကားေၾကာင့္ဂ်ံဳအင္မ်က္ႏွာတစ္ခ်က္ပ်က္သြားတာကိုလီဆာေရာဂ်န္းနီပါျမင္လိုက္သည္။
"အင္းငါၾကားထားတယ္ေလဂုဏ္ျပဳပါတယ္"
"ေက်းဇူးပါဒါနဲ႔သူကဘယ္သူလဲ"
လီဆာကေတာ့သူတို႔ကိုမ်က္ေတာင့္နီႀကီးနဲ႔ကိုၾကည့္ေနတာ...
"ေတြ့ရတာဝမ္းသာပါတယ္ညီမေလး။အိုပါးနာမည္ကဒိုေယာင္းဆူပါ"
ထိုလူကသူ႔ကိုယ္သူမိတ္ဆက္တယ္။
"ဟုတ္ကဲ့အိုပါး။ကြၽန္မကေတာ့ကင္ဂ်န္းနီ"
"ဂ်န္းသူကငါ့ရဲ့ေကာင္ေလး"
"ဟမ္!!"
"ဟင္!!"
လီဆာနဲ႔ဂ်န္းနီတစ္ၿပိဳင္တည္းကိုအာေမဋိတ္သံေတြထြက္လာေတာ့တယ္။
"နင့္ေကာင္ေလး"
ထိုအခ်ိန္ေယာင္းဆူဟာဂ်ံဳအင့္လက္ေမာင္းကိုမွီလိုက္တယ္။
"အိုပါးတို႔ကတြဲတာမၾကာေသးပါဘူး"
"ေၾသာ္..."
မ်က္လံုးအဝိုင္းသားနဲ႔မယံုႏိုင္ျဖစ္ေနတာကေတာ့လာလီဆာပါပဲ။
"ဒါဆိုကိုယ္တို႔ကိုခြင့္ျပဳအုန္း"
"ေကာင္းပါၿပီ"
သူမလည္းေနရာမွာျပန္ထိုင္လိုက္ရင္းမုန္႔စားေနလိုက္တယ္။
စိတ္ေတြလြင့္ေနေသးတာကလီဆာ။
"ေမာင္ေတာ္ၿပီလားေကာ္ဖီေတြေရာမုန္႔ေရာက်န္ေသးတာကို"
"နီ..မယံုႏိုင္စရာပဲေနာ္"
"ေလာကႀကီးကမထင္မွတ္ထားတာေတျြဖစ္တတ္တယ္ေမာင္ရဲ့"
သူကေတာ့အေနာက္ဘက္ကဂ်ံဳအင္တို႔အတြဲကိုလွည့္ၾကည့္လိုက္ၿပံဳးလိုက္လုပ္ေနတယ္။
ဂ်န္းသိတာေပါ့။ေမာင္ကသေဘာေတြက်ၿပီးေပ်ာ္ေနတာကို။
ဂ်န္းလည္းအံ့ၾသမိပါတယ္။ဂ်ံဳအင့္လိုေယာက်ာ္းစစ္စစ္ႀကီးကဘယ္လိုလုပ္ၿပီးေတာ့မ်ားေဂးသြားပါလိမ့္။
အခုေခတ္ကထူးဆန္းတာမွမဟုတ္တာေနာ္။
"အဲ့တာညီသေဘာက်ခဲ့တဲ့ေကာင္မေလးမလား"
"ဟုတ္တယ္ကို"
ဂ်ံဳအင္ဟာေျခာက္ေျခာက္ကပ္ကပ္နဲ႔ျပန္ေျဖတယ္။
ေယာင္းဆူကေတာ့ၿပံဳးရင္းနဲ႔
"ကိုကေတာ့ဂ်န္းနီကိုေက်းဇူးတင္မိတယ္။သူ႔ေၾကာင့္ကိုတို႔ဆံုျဖစ္ခဲ့တာမလား"
"ဒါေပါ့အဲ့တာအမွန္ပဲ"
သူတို႔ႏွစ္ၪီးေတြ့ဖူးတာမၾကာေသးပါဘူး။
ဂ်န္းနီေၾကာင့္ခံစားေနရတာေတြေပ်ာက္ေအာင္ကလပ္သြားရင္းနဲ႔ေယာင္းဆူကိုေတြ့ခဲ့တယ္။
ၿပီးေတာ့အရက္ေတြမတရားမူးၿပီးသူတို႔မွားခဲ့ၾကတယ္။
ဒါေပမယ့္လည္းႏွစ္ေယာက္လံုးခံစားခ်က္ေတျြဖစ္တည္ေနတာမို႔ဆက္ၿပီးတြဲဖို႔ဆံုးျဖတ္လိုက္ၾကတာ။
××××××××ကဲေယာေရာ္ဘြန္းတို႔ေရ..ဒီေန့ညေနHot potသြားစားလို႔Upတာေနာက္က်သြားတယ္😁
အားလံုးကိုေလးစားခ်စ္ခင္လ်က္🤎
ၾကယ္ေလးေတြေပးသြားၾကပါအုန္း💫×××××××××
There are no comments yet. Log in to be the first to leave a review!





