20
15:04, 15 July 2022(Unicode)
"yay!!!...woohoo...."
"စာမေးပွဲကြီးပြီးပြီကွ"
Uniတစ်ခုလုံးဗျောင်းသတ်နေတာပဲ
ကျောင်းသားတွေလည်းရွဲရွဲစိုလို့
နှုတ်ဆက်တဲ့အနေနဲ့ရေလောင်းကြတဲ့ဓလေ့လေ။
"လီဆာရား..နင်ဖြေနိုင်လား"
"ငါကလာလီဆာပါဟ.."
မျက်ခုံးတွေပင့်တင်ရင်းပြောတဲ့လီဆာ...
"ငါတော့အောင်မယ်ထင်တာပဲ"
"ဘမ်ရာ..နင်အောင်မှာပါ"
"အေးလေလီဆာပြောသလိုပဲ"
"အန်နာနင်တော့ဖြေနိုင်မှာပေါ့"
"အွန်းဖြေနိုင်တယ်လေ"
"ငါတို့ဒီညကလပ်ကိုလစ်ကြမယ်"
"ဘမ်ငါJ clubဆိုမသွားနိုင်ဘူး"
"ဒီတစ်ခါငါအသစ်တွေ့ထားတယ်"
"ဘာလဲ"
မေးငေါ့ကာမေးတဲ့လီဆာ
"Gay bar"
"ဟိုက်!!အဲ့သွားမလို့"
"အေးလေမိုက်တယ်ကြားတယ်ဟ"
"ဟုတ်မှလည်းလုပ်ပါဘမ်ဘမ်ရာနင်ကမဂေးပဲအဲ့သွားမလို့လား"
နှာခေါင်းရှုံ့ရင်းဆိုလာတဲ့အန်နာ့ကိုဘမ်ကစေ့စေ့ကြည့်ရင်း
"ငါမဂေးဘူးလို့နင့်ဘယ်သူပြောလဲ"
"ဟေ့ရောင်ရေ..ဒါမနောက်ကောင်းဘူးနော်"
လီဆာကသူ့ပခုံးကိုဖက်ကာဆိုတယ်
"ငါအတည်ပြောနေတာငါဆေးကျောင်းကကိုကြီးကိုချစ်မိနေတယ်ကွဟိဟိ"
"ဒီကောင်တကယ်ကြီးပဲ"
"ဟဲ့ဘယ်သူလဲ"
အန်နာကမေးတော့
"နာမည်ကဂျက်ဆန်တဲ့အရမ်းချောတယ်သူကငါ့ကို'ညီ'လို့ခေါ်တိုင်းသေရတယ်ကွာ"
"ရူးသွားပြီပဲဘာဖြစ်ဖြစ်ပါငါတို့ပင်ပန်းထားသမျှဖြေဖျောက်ဖို့သွားဖို့တော့လိုတယ်"
"နင်ကသွားဖို့လိုတယ်သာပြောတာအစ်မဂျန်းနီကလွတ်ပါ့မလား"
"ငါခွင့်ပြုချက်မရရအောင်တောင်းမယ်"
"အာ့ဆိုငါတို့ပြန်တော့မယ်နင်လည်းpermitရပါစေ"
ဘမ်နဲ့အန်နာထွက်သွားတော့လီလည်းဆိုင်ကယ်ထိုးထားတဲ့ပါကင်ဆီသွားနေတုန်းရှိသေး
ဗွမ်း!!!
"Sh*t!!!ဘာလုပ်တာလဲ"
"နောက်ဆုံးနေ့မို့ရေလောင်းတာပေါ့လီလီရယ်"
အရင်Fan clubကငနဲမလေးတွေအကုန်ပေါင်းပြီးဇလားနဲ့ကိုပက်ချတာ
သကြန်များထင်နေသလားမှတ်ရတယ်
"နင်တို့...ဟင်းဟင်း!!မပြောချင်ဘူး"
ဒေါပွပွနဲ့ဆိုင်ကယ်ကိုအကြမ်းပတမ်းမောင်းထွက်သွားတဲ့အဂျစ်
သူတို့တွေလီရည်းစားရသွားတာမကျေနပ်လို့ဒီလိုလုပ်ကြမှန်းသိတာပေါ့
ဆိုင်ကယ်ကိုအရှိန်နဲ့မောင်းခဲ့တော့မဒမ့်ကုမ္ပဏီကိုရွတ်ခနဲရောက်တယ်
"နီနဲ့တွေ့ချင်လို့"
ရိုးရာမပျက်အတွင်းရေးမှူးကစစ်ဆေးမေးမြန်းနေခြင်း
"ဘယ်သူလို့ပြောပေးရမလဲ"
"ပြောမနေနဲ့ကိုယ့်ဘာသာဝင်မယ်ငါကသူ့ချစ်သူမှတ်ထားလိုက်"
ရုံးခန်းထဲဝင်သွားတဲ့အဂျစ်ကြောင့်အတွင်းရေးမှူးပါပြေးလိုက်ရကာ...
"မောင်...."
သူဝင်လာတော့ဂျန်းကဖိုင်တွဲတွေလက်မှတ်ထိုးပေးနေတာ
"ဟိုလေသူကချစ်သူဆိုပြီးအတင်း"
"ဟုတ်တယ်မောင်ကငါ့ချစ်သူ"
"ရှင်..."
အံ့သြနေပုံရတဲ့ဝန်ထမ်းမကြောင့်
"ထွက်သွားလို့ရပြီ"
"ဟုတ်..ဟုတ်ကဲ့ပါCeo"
"နီ.....လွမ်းနေတာ"
ဂျန်းကိုအတင်းဖက်ပြီးပါးတွေကိုနမ်းနေတဲ့မောင်
"မောင်မင်းဘာတွေစိုလာတာလဲ"
"မိုးမိလာတာနေမှာပေါ့"
"ပေါက်တီးပေါက်တက်ကလုပ်ပြီမိုးမှမရွာတာကို"
လီ့နဖူးကိုတောက်ရင်းမဒမ်ကပြောသည်။
အခုတလောမဒမ်အဲနဖူးတောက်တာကိုသဘောတွေကျနေတယ်ထင်သည်။
ဇွတ်ကိုတွေ့တာနဲ့တောက်တော့တာ....
"ကောင်မလေးတွေရေလောင်းလိုက်တာလေ"
"ဘာ!!!ဘယ်ကဟာမလေးတွေလဲ"
"Fan clubကပါ"
"အဲ့တာအခုထိရှိသေးတယ်ပေါ့"
"အွန်း.."
ပိုင်ရှင်ရှိကြောင်းပြထားတာတောင်ခေတ်လူငယ်တွေနဲ့တော့ထိန်းမနိုင်ဘူး။
"ရေလောင်းတာကလောင်းပေါ့ဘယ်နှယ့်မင်းကိုရေကန်ထဲများတွန်းချလိုက်ကြတာလား"
"နီကလည်းအဲ့အကြောင်းမပြောချင်ဘူး"
"မင်းကိုယ်တွေနွေးနေတယ်နော်ဆိုင်ကယ်နဲ့လာတာလားဒီကို"
လီ့နဖူးကိုအုပ်ကိုင်ကာဆန်းစစ်နေတဲ့ဒေါက်တာမဒမ်ကြောင့်ပြုံးမိသေး
"အင်းဆိုင်ကယ်နဲ့လာတာလေ"
"မင်းနဲ့တော့လေတိုက်တော့ပိုချမ်းမှာပေါ့ဖျားတော့မှာပဲ"
"နီ...နမ်းလေအာ့ဆိုပျောက်မှာ"
"အကျီချွတ်လိုက်"
"ဟင်...နီနော်သူ့ရုံးခန်းထဲဆိုပြီးလူကိုအနိုင်မကျင့်နဲ့"
"ဖြစ်ရတယ်လည်သာကြီးချွတ်လို့ပြောတာ"
လည်သာကိုချွတ်ပေးလိုက်တဲ့အဂျစ်
"ဒီမှာခဏထိုင်"
"အမေ့!!!"
မဒမ့်ကိုယ်ကိုဆွဲချရင်းပေါင်ပေါ်ကိုထိုင်စေလိုက်တဲ့အဂျစ်
ထိုစဥ်ထွက်ပေါ်လာတဲ့မဒမ့်ဆီကအာမေဋိတ်အသံငယ်"အမေ့"
"ချစ်လိုက်တာမောင့်အသည်းအသက်လေး"
ဂျန်းနှုတ်ခမ်းတွေကိုစုပ်နမ်းနေတဲ့မောင်
"မောင့်ကိုရောချစ်လား"
ကလေးလိုပဲပခုံးပေါ်ပါးအပ်ရင်းနေနေတဲ့မောင်
"ချစ်တာပေါ့မင်းကိုတို့သိပ်ချစ်တာ"
ဂျန်းစကားကိုသဘောကျတယ်ထင်သည်
မောင့်ဆီကရယ်သံလွင်လွင်တွေကြားရတယ်
မောင့်ခေါင်းလေးကိုဂျန်းပွတ်ပေးနေမိတယ်။
"မောင်လေဒီညnightoutထွက်ချင်လို့ခွင့်ပြုပေးပါနော် နီ"
လည်ပင်းသားကိုရိုက်ခတ်လာတဲ့မောင့်အသက်ရှူသံတွေဟာနွေးတေးတေး
ဒီကလေးနဲ့တော့ဖျားချင်နေပြီ။
"မင်းဖျားတော့မှာသိရဲ့လားအဲ့တော့ဆေးသောက်ပြီးနားသင့်တယ်nightoutထွက်ဖို့မကြံနဲ့"
လီ့ပခုံးတွေကိုကိုင်ရင်းပြောတဲ့မဒမ်
"နီကလည်းကွာ"
မျက်နှာလေးမဲ့ကျသွားတော့ဂျန်းမှာမနေတတ်
"စကားနားထောင်ပါနော်မောင်ဖျားမှာစိုးလို့ပါ"
လီ့ပါးတွေကိုဖွဖွပွတ်ပေးတဲ့မဒမ့်လက်တွေကိုအပေါ်ကနေဆုပ်ကိုင်ပြီး
"ဒီတစ်ခါပဲလေနော်နီနော်..ခွင့်ပြုပါနော်ချစ်တယ်လေ"
ဆန္ဒတွေပြင်းပြနေတဲ့အဂျစ်လေးကိုကြည့်ပြီးခေါင်းအသာရမ်းကာ
"ပြောမရလည်းသွားပေါ့"
"တကယ်ပြောတာလား"
"အွန်း.."
"ကျေးဇူးတင်ပါတယ်နီရယ်"
ပါးတွေကိုနမ်းကာပျော်နေတဲ့မောင်ဟာချောကလက်ရလို့ပျော်သွားတဲ့ကလေးအတိုင်း
"အများကြီးမသောက်နဲ့ကြားလား"
"ဟုတ်"
"ကားကိုဖြေးဖြေးမောင်းမယ်"
"ဟုတ်"
"မိန်းမတွေနဲ့မရောနဲ့အဓိကအချက်ပဲ"
"ဟုတ်"
ဂျန်းဘာပြောပြောလက်လေးပိုက်ရင်းဟုတ်နေတဲ့မောင့်ကြောင့်ရယ်လိုက်ကာ
"လိမ္မာတယ်တို့ကလေးလေးက"
"အာ့ဆိုမောင်ပြန်ပြီနော်"
"ဒီဂျာကင်ကိုနောက်နေ့မှယူတော့ဒါကြီးပြန်ဝတ်သွားရင်ဖျားမှာ"
"ဟုတ်ကဲ့..နီချစ်တယ်"
လက်နဲ့အသည်းထောင်ပြသွားရင်းထွက်သွားတဲ့အဂျစ်
"အပျော်အပါးမက်တဲ့ကလေးဆိုတော့လည်းအတော့်ကိုပျော်နေရှာတာပဲ"
ဂျန်းမှာသူ့အကြောင်းတွေးရင်းတပြုံးပြုံးကိုဖြစ်လို့
"ညကျရင်တော့သူ့နောက်လိုက်အုန်းမှနေကသိပ်ကောင်းတာမဟုတ်ဘူး"
မဒမ်ဟာသူ့စိတ်ကူးနဲ့သူအဆင်ပြေနေပါတယ်
🌻🌼
တီးလုံးသံတွေကြားဆိုတော့စိတ်တွေမြူးနေမိတယ်
စားမေးပွဲလည်းကောင်းကောင်းဖြေထားနိုင်တော့မြေနဲ့တောင်မထိချင်တော့သလို
လူဟာမြောက်ကြွမြောက်ကြွ
"လီဆာရား..နင်ဝိုင်သောက်နေတာလား"
"အွန်းဟုတ်တယ်လေ"
"ဘာဝိုင်လဲ"
"ပြင်သစ်စပျစ်ဝိုင်ပါဟာ"
တစ်ငုံမော့ရင်းဘမ့်အားဖြေလိုက်တဲ့လီဆာ
ဘေးကအန်နာကတော့ငြိမ်နေတာအပျော့ပဲသောက်တယ်လေ
"အန်နာနင်ဘာဖြစ်နေတာလဲ"
"ဘာဖြစ်လို့လဲလီဆာရဲ့"
"မသိဘူးလေနေများမကောင်းဘူးလားလို့"
ဟက်ချိုး!!!
နှာထချေတာကတော့အန်နာမဟုတ်
အဂျစ်ကောင်ပဲဖြစ်ပါတယ်
"နင်ကိုယ်တွေပူခြစ်နေတာပဲလီဆာ"
အန်နာဟာလီ့နဖူးကိုစမ်းရင်းပြောတယ်
သူမလက်ကိုဖယ်လိုက်ရင်းပြုံးကာခေါင်းခါပြတဲ့အဂျစ်
"ငါနေကောင်းပါတယ်အိမ်ရောက်မှဆေးသောက်လိုက်ရင်ပျောက်သွားမှာ"
"ဟုတ်မှလည်းလုပ်လီဆာရေ"
မျက်လုံးတွေပါရဲနေတာကြောင့်အန်နာကတော့စိုးရိမ်နေမိတယ်
ဒါကိုသူကတော့ခပ်ပြုံးပြုံးခပ်ပေါ့ပေါ့ပဲ
"ဟယ်!!!"
"ဘာထဖြစ်တာတုန်း"
"အေးလေငနာရာ..ဘာထဖြစ်"
လန့်သွားတာကြောင့်ဘမ့်ကိုထုလိုက်တဲ့လီဆာ...
ဘမ်ကတော့ထုထုရိုက်ရိုက်ဂရုကိုမစိုက်နိုင်တာ
သူ့အာရုံတွေကအနီရောင်ရှပ်နဲ့လူကြီးဆီမှာ
"ငါ့ကိုကိုလာပြီ"
"ဟုတ်လားအာ့ဆိုသွားလေ"
"နင်မပြောတောင်ငါသွားမှာပါ"
နေရာကနေလှစ်ခနဲထသွားတဲ့ဘမ့်ကိုကြည့်ရင်းလီဆာရောအန်နာပါသဘောကျကာရယ်နေမိတယ်
ဘမ့်ကိုတစ်ချိန်ကျဂျီအေဝိုင်သွားမယ်မထင်ထား
"လီဆာနင်ကလေတကယ်ပဲ"
"ငါကဘာဖြစ်နေလို့လဲ"
"နေမကောင်းတာကိုအနွေးထည်ကမပါ"
"ငါဘာမှမဖြစ်ပါဘူးဆိုဟာ"
လီဆာဒီညဝတ်ထားတာကအရမ်းကြည့်ကောင်းနေတာ
တစ်ခါမှဒီစတိုင်မျိုးဝတ်တာအန်နာမမြင်ဖူးခဲ့ပါ
ရှပ်အကျီဝတ်လေ့မရှိတဲ့လီဆာဟာအနက်ရောင်ရှပ်လက်ရှည်လေးနဲ့
တံတောင်ထိလက်ခေါက်ထားလို့အထင်းသားပေါ်နေတဲ့သွေးကြောစိမ်းစိမ်းတွေဟာအသက်ရှူမှားလောက်စရာအတိ
လက်ကအကြောတွေကလည်းယောကျာ်းတစ်ယောက်ထက်ပိုမိုက်လို့နေတယ်....
အကျီကြယ်သီးကိုလည်းနှစ်လုံးလောက်ဖြုတ်ထားတော့ထင်ပေါ်နေတဲ့လည်ပင်းသားတွေဟာဖွေးဥဥ
ညှပ်ရိုးတွေဟာလည်းကိုက်ပစ်ချင်စရာ..
"ငါ့ကိုကြည့်ပြီးဘာတွေတွေးနေလဲကလေးမ"
သူခပ်နောက်နောက်ဆိုမှပဲအသိပြန်ဝင်တော့တယ်
သူ့ဆီကအကြည့်လွဲကာခါးကိုမတ်လိုက်ရင်း
"ဘာမှမတွေးဘူးလီဆာ"
"အင်းပါထားပါတော့..ငါသွားကလိုက်အုန်းမယ်နော်"
"ထူးထူးဆန်းဆန်းနင်က"
"ဟီးဟီး"
လီဆာဟာရယ်ပြရင်းအကဇုန်ထဲဝင်သွားလေတယ်
Gay barဖြစ်တာမို့အားလုံးဟာထူးခြားစွာ
တချို့မိန်းကလေးတွေလည်းအတော်မိုက်တာလီတွေ့တယ်
လီကိုယ်တိုင်တောင်တဝိုးဝိုးတဝါးဝါးဖြစ်ရတဲ့အထိ
"Hey!!!Darling!!"
လီ့လက်ကိုဆွဲပြီးလည်ပင်းတွေကိုပါဖက်တွယ်ပစ်တဲ့မိန်းမလှလေးကြောင့်နည်းနည်းလေးအံ့သြသွားရတယ်
"ဒါလင့်ကိုပြောတာလေဘယ်တွေကြည့်"
လီ့မျက်နှာကိုပြန်ဆွဲယူပြီးညို့အားပြင်းစွာကြည့်နေတဲ့သူမ
"အင်းပြောလေ"
"ဒါလင်နဲ့အတူကမယ်နော်"
"ရတာပေါ့ကိုယ်လည်းပျင်းနေတာ"
လွတ်လွတ်လပ်လပ်ပျော်ဖို့တွေးထားတာကြောင့်လီလက်ခံလိုက်တယ်
သူမကလည်းလှတယ်လေ
မဒမ့်အလှကိုမမှီပေမယ့်ပေါ့
"ဒါလင်ကချောလိုက်တာကွာ"
ရှက်ပြုံးလေးနဲ့ဆိုတဲ့သူမကချစ်စရာကောင်းသား
"ကိုယ်ချောတာကိုယ်သိပါတယ်"
အားပါးတရရယ်နေတဲ့သူမကြောင့်စိတ်ပေါက်လာပြီ
"ရယ်စရာပါလို့လား"
"မပါပါဘူးဒါပေမယ့်ရယ်ချင်မိလို့ပါဒါလင်ရာ"
"ကိုယ်ကတကယ်ချောတာပဲကို"
"ဟုတ်ပါပြီဒါလင်ရယ်"
လီ့ပါးတစ်ဖက်ကိုဆွဲကာအပြုံးချိုချိုလေးနဲ့သတ်သွားပြန်တဲ့သူမ
သူမရဲ့အကြည့်တွေကြားနစ်မျောနေစဥ်မှာပဲDJကလည်းသီချင်းပြောင်းတယ်
အရမ်းခံစားလို့ကောင်းတဲ့Love me like you do
သီချင်းကြောင့်ရောသူမကြောင့်ပါလူကအညို့ခံလိုက်ရသလိုပဲ
သူမခါးကိုဖက်ထားရင်းလှုပ်ရှားနေမိတာကိုယ်တိုင်တောင်မသိ
🎶So love me like you do....
သူမရဲ့မျက်နှာဟာလီ့အနားတဖြည်းဖြည်းကပ်လာပြီး
🎶Fading in fading out
နှုတ်ခမ်းချင်းထိတော့မယ့်အချိန်
"အား!!!အ့"
နားရွက်ပြတ်မတတ်အလိမ်ဆွဲခံရခြင်းနဲ့အတူလူတစ်ယောက်ခေါ်ရာပါသွားရတယ်
ကိုယ်သင်းနံ့ကြောင့်တော့လီသိလိုက်တယ်..
ဒါဟာမဒမ်ဆိုတာ...
ခေါင်းမွှေးတွေရောလက်မွှေးတွေရောရှိရှိသမျှအမွှေးတွေအကုန်ထောင်နေပါပြီ
နားလည်းပြတ်တော့မယ်ထင်တယ်
"လာလီဆာ!!!မင်းဘာအချိုးချိုးတာလဲ"
ကားပါကင်ကျမှလွတ်ပေးပြီးထုရိုက်ကာမေးနေတဲ့မဒမ်
သူမလက်တွေကိုလီချုပ်လိုက်ပြီး
"နီဘယ်လိုရောက်လာတာလဲ"
"တို့ကမင်းကိုစိတ်ပူလို့နေမကောင်းဖြစ်မှာစိုးလို့တို့မင်းကိုလိုက်ရှာနေခဲ့တာ"
"ဟင်"
"J clubရောကျန်တာတွေရောအစုံပဲနောက်မှဘမ်ဘမ့်ကိုဖုန်းဆက်မေးပြီးဒီမှာရှိနေမှန်းသိရတာ"
"လိုက်လာတော့တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်တို့ပြောစရာစကားတောင်ပျောက်ရှတယ်လာလီဆာ"
မျက်နှာသေနဲ့လီဟာမဒမ့်ကိုကြည့်ရင်းခေါင်းခါကာ
ရင်ခွင်ထဲကိုဆွဲသွင်းလိုက်တယ်
"မောင်တောင်းပန်ပါတယ်နီမောင်ခဏလေးသာယာသွားတာမောင်မှားသွားပါတယ်ကွာ"
"မင်းမကောင်းဘူးကွာအဟင့်အဟင့်..."
မဒမ်ဟာငိုရင်းနဲ့လီ့ကိုထုရိုက်နေပြန်တယ်
"နီစိတ်ပြေတဲ့အထိရိုက်ပါ"
လက်နှစ်ဖက်ကိုကားကာအော်ပြောလိုက်တဲ့မောင့်ကိုကြည့်ရင်းဂျန်းရင်တွေနာရပြန်တယ်
မောင့်ကိုစိတ်မချနိုင်တာအဲ့တာတွေမောင်ဟာဂျန်းထက်လည်းငယ်သေးရုပ်ရည်ကလည်းချောတော့ဝိုင်းဝိုင်းလည်နေတာပဲလေ
ပိုစိတ်တိုတာကGay barလိုနေရာမျိုးကိုလာပြီးဝတ်ထားတာကသန့်ပြန့်ကြည့်ကောင်းအောင်ပြင်လာတာပဲ
"မောင်တောင်းပန်တယ်နော်"
မဒမ့်နှုတ်ခမ်းကိုနမ်းတဲ့လီ့ကြောင့်မဒမ်ဟာနှုတ်ခမ်းလေးကိုက်ရင်းမျက်စောင်းခဲကာကြည့်နေတယ်
"မင်းကဖောက်ပြန်ချင်နေတာလား"
"မဟုတ်ရပါဘူးနီရာ"
"ဟွန့်!!တို့ကိုစိတ်ကုန်နေပြီမလား"
မျက်ရည်တွေကျနေတဲ့မဒမ့်ကိုကြည့်ပြီးလီ့ခမျာခြေမကိုင်မိလက်မကိုင်မိ...
နောက်မှကလေးချော့သလိုနောက်ကျောလေးကိုပွတ်ပေးရင်း
"ကျွတ်..ကျွတ်.."
"တိတ်တော့နော်..မောင့်အချစ်ငိုနေရင်ဒီနားလေးကဆစ်ခနဲနာတယ်"
"တော်ပါလူယုတ်မာကြီး"
လီ့ကိုတွန်းသွားပြီးကားဆီသွားနေတဲ့မဒမ့်နောက်ကိုလိုက်ရပြန်ပြီ
"မင်း..တို့နောက်လိုက်မလာနဲ့"
"လိုက်မှာပဲ"
ဘယ်လိုအဂျစ်လေးလည်းမသိရုပ်ကလေးကိုကလေ....
ဘာလေးမှန်းမသိတဲ့ဟာလေး
"ကားသော့ပေးမောင်ပဲမောင်းမယ်"
သူ့ကိုအဖက်မလုပ်ချင်လို့ကားသော့ကိုကြည်ကြည်ဖြူဖြူပဲလက်ထဲထည့်ပေးလိုက်တဲ့သူမ
"ခါးပတ်ပတ်ပေးရမလား"
"တို့မှာလက်ပါတယ်"
ဆူအောင့်အောင့်ဖြစ်နေတဲ့မဒမ့်ပုံစံကြောင့်လီ့မှာရယ်နေရတယ်
ချစ်လွန်းလို့ပါ...
စကားထပ်ပြောနေရင်ဘုနဲ့ဘောက်ပဲတိုးမှာသိလို့ကားကိုပဲအေးဆေးမောင်းနေလိုက်တယ်
လီ့အိမ်ရှေ့ရောက်တော့
"မောင်ဝင်တော့မယ်နော်ဂရုစိုက်ပြီးပြန်ပါရှင့်"
မဒမ့်ပါးလေးကိုနစ်ဝင်တဲ့အထိနမ်းလိုက်တဲ့အဂျစ်...
သူမကတော့ဆူပုတ်နေတုန်း
"စိတ်တိုလွန်းရင်အသက်ပိုကြီးတယ်နော်"
သူမနှာထိပ်လေးကိုဆွဲကာတခစ်ခစ်ရယ်နေတဲ့လီဆာ
"မင်းကိုယ်တွေပူနေတယ်"
သူနမ်းတာခံလိုက်ရတဲ့အချိန်ဖျားနေမှန်းဂျန်းသိလိုက်ရတယ်
သူ့နောက်လိုက်လာတာလည်းအဲ့တာကြောင့်ပဲ
ရုံးခန်းလာတည်းကရေတွေရွဲနေလို့ဖျားတော့မယ်ဆိုတာသိတယ်
"ဆေးသောက်လိုက်ရင်ပျောက်ပါတယ်"
"အင်းပါဂရုစိုက်အုန်း"
"မောင့်ကိုအားဆေးလေးပေးအုန်းလေ"
ပါးကိုအတင်းတွေဖောင်းနေတဲ့သူ့ကိုကြည့်ပြီးသူမရယ်လိုက်သေး..
သူဟာလေအတတ်လေး...
"မင်းကိုစိတ်ဆိုးမပြေသေးဘူး"
"ဟာ....မောင့်မှာနီတစ်ယောက်ပဲရှိတာနီ့ကိုပဲသေအောင်ချစ်တာပါရှင်"
ဂျန်းပါးတွေကိုဖွဖွပွတ်ရင်းမောင်ဟာဖြေရှင်းချက်တွေပေးပြန်တယ်
"နောက်တစ်ခါထပ်ဖြစ်ရင်တို့နဲ့အပြတ်ပဲလာလီဆာ"
"ဟုတ်ကဲ့ပါရှင်.."
သူ့ပါးလေးတင်မကနှုတ်ခမ်းကိုပါသူမဟာနမ်းလိုက်တာကြောင့်ပါးစပ်နားရွက်တပ်ချိတ်မတတ်ဖြစ်နေရှာတယ်
"တာ့တာနော်အရမ်းချစ်တယ်နီ"
အသည်းတွေပစ်ပေးနေတဲ့မောင့်ကိုမျက်စောင်းပဲထိုးပေးလိုက်တယ်
ကားကိုမောင်းထွက်လာပြီးလမ်းမှာတွေးမိသေးတယ်
"မောင်သာတစ်ရက်ထားသွားရင်ဘယ်နှယ့်လုပ်"
"ဂျန်းသူ့ကိုသိပ်ချစ်တာလေ"
"သူနေမကောင်းတော့သိပ်လည်းမဆူချင်ဘူး"
"ပေါက်ပေါက်တွေဖောက်တယ်ဆိုပြီးပစ်သွားရင်လည်းရင်ကျိုးရမှာ"
အချစ်ကမကောင်းဘူး...
×××××××××ကြယ်လေးတွေပေးသွားကြအုန်း💫
အားလုံးကိုလေးစားချစ်ခင်လျက်🤎×××××××××(Zawgyi)
"yay!!!...woohoo...."
"စာေမးပြဲႀကီးၿပီးၿပီကြ"
Uniတစ္ခုလံုးေဗ်ာင္းသတ္ေနတာပဲ
ေက်ာင္းသားေတြလည္းရြဲရြဲစိုလို႔
ႏႈတ္ဆက္တဲ့အေနနဲ႔ေရေလာင္းၾကတဲ့ဓေလ့ေလ။
"လီဆာရား..နင္ေျဖႏိုင္လား"
"ငါကလာလီဆာပါဟ.."
မ်က္ခံုးေတြပင့္တင္ရင္းေျပာတဲ့လီဆာ...
"ငါေတာ့ေအာင္မယ္ထင္တာပဲ"
"ဘမ္ရာ..နင္ေအာင္မွာပါ"
"ေအးေလလီဆာေျပာသလိုပဲ"
"အန္နာနင္ေတာ့ေျဖႏိုင္မွာေပါ့"
"အြန္းေျဖႏိုင္တယ္ေလ"
"ငါတို႔ဒီညကလပ္ကိုလစ္ၾကမယ္"
"ဘမ္ငါJ clubဆိုမသြားႏိုင္ဘူး"
"ဒီတစ္ခါငါအသစ္ေတြ့ထားတယ္"
"ဘာလဲ"
ေမးေငါ့ကာေမးတဲ့လီဆာ
"Gay bar"
"ဟိုက္!!အဲ့သြားမလို႔"
"ေအးေလမိုက္တယ္ၾကားတယ္ဟ"
"ဟုတ္မွလည္းလုပ္ပါဘမ္ဘမ္ရာနင္ကမေဂးပဲအဲ့သြားမလို႔လား"
ႏွာေခါင္းရႈံ႔ရင္းဆိုလာတဲ့အန္နာ့ကိုဘမ္ကေစ့ေစ့ၾကည့္ရင္း
"ငါမေဂးဘူးလို႔နင့္ဘယ္သူေျပာလဲ"
"ေဟ့ေရာင္ေရ..ဒါမေနာက္ေကာင္းဘူးေနာ္"
လီဆာကသူ႔ပခံုးကိုဖက္ကာဆိုတယ္
"ငါအတည္ေျပာေနတာငါေဆးေက်ာင္းကကိုႀကီးကိုခ်စ္မိေနတယ္ကြဟိဟိ"
"ဒီေကာင္တကယ္ႀကီးပဲ"
"ဟဲ့ဘယ္သူလဲ"
အန္နာကေမးေတာ့
"နာမည္ကဂ်က္ဆန္တဲ့အရမ္းေခ်ာတယ္သူကငါ့ကို'ညီ'လို႔ေခၚတိုင္းေသရတယ္ကြာ"
"ရူးသြားၿပီပဲဘာျဖစ္ျဖစ္ပါငါတို႔ပင္ပန္းထားသမ်ွေျဖေဖ်ာက္ဖို႔သြားဖို႔ေတာ့လိုတယ္"
"နင္ကသြားဖို႔လိုတယ္သာေျပာတာအစ္မဂ်န္းနီကလြတ္ပါ့မလား"
"ငါခြင့္ျပဳခ်က္မရရေအာင္ေတာင္းမယ္"
"အာ့ဆိုငါတို႔ျပန္ေတာ့မယ္နင္လည္းpermitရပါေစ"
ဘမ္နဲ႔အန္နာထြက္သြားေတာ့လီလည္းဆိုင္ကယ္ထိုးထားတဲ့ပါကင္ဆီသြားေနတုန္းရိွေသး
ဗြမ္း!!!
"Sh*t!!!ဘာလုပ္တာလဲ"
"ေနာက္ဆံုးေန့မို႔ေရေလာင္းတာေပါ့လီလီရယ္"
အရင္Fan clubကငနဲမေလးေတြအကုန္ေပါင္းၿပီးဇလားနဲ႔ကိုပက္ခ်တာ
သၾကန္မ်ားထင္ေနသလားမွတ္ရတယ္
"နင္တို႔...ဟင္းဟင္း!!မေျပာခ်င္ဘူး"
ေဒါပြပြနဲ႔ဆိုင္ကယ္ကိုအၾကမ္းပတမ္းေမာင္းထြက္သြားတဲ့အဂ်စ္
သူတို႔ေတြလီရည္းစားရသြားတာမေက်နပ္လို႔ဒီလိုလုပ္ၾကမွန္းသိတာေပါ့
ဆိုင္ကယ္ကိုအရိွန္နဲ႔ေမာင္းခဲ့ေတာ့မဒမ့္ကုမၸဏီကိုရြတ္ခနဲေရာက္တယ္
"နီနဲ႔ေတြ့ခ်င္လို႔"
ရိုးရာမပ်က္အတြင္းေရးမွဴးကစစ္ေဆးေမးျမန္းေနျခင္း
"ဘယ္သူလို႔ေျပာေပးရမလဲ"
"ေျပာမေနနဲ႔ကိုယ့္ဘာသာဝင္မယ္ငါကသူ႔ခ်စ္သူမွတ္ထားလိုက္"
ရံုးခန္းထဲဝင္သြားတဲ့အဂ်စ္ေၾကာင့္အတြင္းေရးမွဴးပါေျပးလိုက္ရကာ...
"ေမာင္...."
သူဝင္လာေတာ့ဂ်န္းကဖိုင္တြဲေတြလက္မွတ္ထိုးေပးေနတာ
"ဟိုေလသူကခ်စ္သူဆိုၿပီးအတင္း"
"ဟုတ္တယ္ေမာင္ကငါ့ခ်စ္သူ"
"ရွင္..."
အံ့ၾသေနပံုရတဲ့ဝန္ထမ္းမေၾကာင့္
"ထြက္သြားလို႔ရၿပီ"
"ဟုတ္..ဟုတ္ကဲ့ပါCeo"
"နီ.....လြမ္းေနတာ"
ဂ်န္းကိုအတင္းဖက္ၿပီးပါးေတြကိုနမ္းေနတဲ့ေမာင္
"ေမာင္မင္းဘာေတြစိုလာတာလဲ"
"မိုးမိလာတာေနမွာေပါ့"
"ေပါက္တီးေပါက္တက္ကလုပ္ၿပီမိုးမွမရြာတာကို"
လီ့နဖူးကိုေတာက္ရင္းမဒမ္ကေျပာသည္။
အခုတေလာမဒမ္အဲနဖူးေတာက္တာကိုသေဘာေတြက်ေနတယ္ထင္သည္။
ဇြတ္ကိုေတြ့တာနဲ႔ေတာက္ေတာ့တာ....
"ေကာင္မေလးေတြေရေလာင္းလိုက္တာေလ"
"ဘာ!!!ဘယ္ကဟာမေလးေတြလဲ"
"Fan clubကပါ"
"အဲ့တာအခုထိရိွေသးတယ္ေပါ့"
"အြန္း.."
ပိုင္ရွင္ရိွေၾကာင္းျပထားတာေတာင္ေခတ္လူငယ္ေတြနဲ႔ေတာ့ထိန္းမႏိုင္ဘူး။
"ေရေလာင္းတာကေလာင္းေပါ့ဘယ္ႏွယ့္မင္းကိုေရကန္ထဲမ်ားတြန္းခ်လိုက္ၾကတာလား"
"နီကလည္းအဲ့အေၾကာင္းမေျပာခ်င္ဘူး"
"မင္းကိုယ္ေတြႏြေးေနတယ္ေနာ္ဆိုင္ကယ္နဲ႔လာတာလားဒီကို"
လီ့နဖူးကိုအုပ္ကိုင္ကာဆန္းစစ္ေနတဲ့ေဒါက္တာမဒမ္ေၾကာင့္ၿပံဳးမိေသး
"အင္းဆိုင္ကယ္နဲ႔လာတာေလ"
"မင္းနဲ႔ေတာ့ေလတိုက္ေတာ့ပိုခ်မ္းမွာေပါ့ဖ်ားေတာ့မွာပဲ"
"နီ...နမ္းေလအာ့ဆိုေပ်ာက္မွာ"
"အက်ီခြၽတ္လိုက္"
"ဟင္...နီေနာ္သူ႔ရံုးခန္းထဲဆိုၿပီးလူကိုအႏိုင္မက်င့္နဲ႔"
"ျဖစ္ရတယ္လည္သာႀကီးခြၽတ္လို႔ေျပာတာ"
လည္သာကိုခြၽတ္ေပးလိုက္တဲ့အဂ်စ္
"ဒီမွာခဏထိုင္"
"အေမ့!!!"
မဒမ့္ကိုယ္ကိုဆြဲခ်ရင္းေပါင္ေပၚကိုထိုင္ေစလိုက္တဲ့အဂ်စ္
ထိုစဥ္ထြက္ေပၚလာတဲ့မဒမ့္ဆီကအာေမဋိတ္အသံငယ္"အေမ့"
"ခ်စ္လိုက္တာေမာင့္အသည္းအသက္ေလး"
ဂ်န္းႏႈတ္ခမ္းေတြကိုစုပ္နမ္းေနတဲ့ေမာင္
"ေမာင့္ကိုေရာခ်စ္လား"
ကေလးလိုပဲပခံုးေပၚပါးအပ္ရင္းေနေနတဲ့ေမာင္
"ခ်စ္တာေပါ့မင္းကိုတို႔သိပ္ခ်စ္တာ"
ဂ်န္းစကားကိုသေဘာက်တယ္ထင္သည္
ေမာင့္ဆီကရယ္သံလြင္လြင္ေတြၾကားရတယ္
ေမာင့္ေခါင္းေလးကိုဂ်န္းပြတ္ေပးေနမိတယ္။
"ေမာင္ေလဒီညnightoutထြက္ခ်င္လို႔ခြင့္ျပဳေပးပါေနာ္ နီ"
လည္ပင္းသားကိုရိုက္ခတ္လာတဲ့ေမာင့္အသက္ရႉသံေတြဟာေနြးေတးေတး
ဒီကေလးနဲ႔ေတာ့ဖ်ားခ်င္ေနၿပီ။
"မင္းဖ်ားေတာ့မွာသိရဲ့လားအဲ့ေတာ့ေဆးေသာက္ၿပီးနားသင့္တယ္nightoutထြက္ဖို႔မႀကံနဲ႔"
လီ့ပခံုးေတြကိုကိုင္ရင္းေျပာတဲ့မဒမ္
"နီကလည္းကြာ"
မ်က္ႏွာေလးမဲ့က်သြားေတာ့ဂ်န္းမွာမေနတတ္
"စကားနားေထာင္ပါေနာ္ေမာင္ဖ်ားမွာစိုးလို႔ပါ"
လီ့ပါးေတြကိုဖြဖြပြတ္ေပးတဲ့မဒမ့္လက္ေတြကိုအေပၚကေနဆုပ္ကိုင္ၿပီး
"ဒီတစ္ခါပဲေလေနာ္နီေနာ္..ခြင့္ျပဳပါေနာ္ခ်စ္တယ္ေလ"
ဆႏၵေတျြပင္းျပေနတဲ့အဂ်စ္ေလးကိုၾကည့္ၿပီးေခါင္းအသာရမ္းကာ
"ေျပာမရလည္းသြားေပါ့"
"တကယ္ေျပာတာလား"
"အြန္း.."
"ေက်းဇူးတင္ပါတယ္နီရယ္"
ပါးေတြကိုနမ္းကာေပ်ာ္ေနတဲ့ေမာင္ဟာေခ်ာကလက္ရလို႔ေပ်ာ္သြားတဲ့ကေလးအတိုင္း
"အမ်ားႀကီးမေသာက္နဲ႔ၾကားလား"
"ဟုတ္"
"ကားကိုေျဖးေျဖးေမာင္းမယ္"
"ဟုတ္"
"မိန္းမေတြနဲ႔မေရာနဲ႔အဓိကအခ်က္ပဲ"
"ဟုတ္"
ဂ်န္းဘာေျပာေျပာလက္ေလးပိုက္ရင္းဟုတ္ေနတဲ့ေမာင့္ေၾကာင့္ရယ္လိုက္ကာ
"လိမၼာတယ္တို႔ကေလးေလးက"
"အာ့ဆိုေမာင္ျပန္ၿပီေနာ္"
"ဒီဂ်ာကင္ကိုေနာက္ေန့မွယူေတာ့ဒါႀကီးျပန္ဝတ္သြားရင္ဖ်ားမွာ"
"ဟုတ္ကဲ့..နီခ်စ္တယ္"
လက္နဲ႔အသည္းေထာင္ျပသြားရင္းထြက္သြားတဲ့အဂ်စ္
"အေပ်ာ္အပါးမက္တဲ့ကေလးဆိုေတာ့လည္းအေတာ့္ကိုေပ်ာ္ေနရွာတာပဲ"
ဂ်န္းမွာသူ႔အေၾကာင္းေတြးရင္းတၿပံဳးၿပံဳးကိုျဖစ္လို႔
"ညက်ရင္ေတာ့သူ႔ေနာက္လိုက္အုန္းမွေနကသိပ္ေကာင္းတာမဟုတ္ဘူး"
မဒမ္ဟာသူ႔စိတ္ကူးနဲ႔သူအဆင္ေျပေနပါတယ္
🌻🌼
တီးလံုးသံေတြၾကားဆိုေတာ့စိတ္ေတျြမဴးေနမိတယ္
စားေမးပြဲလည္းေကာင္းေကာင္းေျဖထားႏိုင္ေတာ့ေျမနဲ႔ေတာင္မထိခ်င္ေတာ့သလို
လူဟာေျမာက္ႂကြေျမာက္ႂကြ
"လီဆာရား..နင္ဝိုင္ေသာက္ေနတာလား"
"အြန္းဟုတ္တယ္ေလ"
"ဘာဝိုင္လဲ"
"ျပင္သစ္စပ်စ္ဝိုင္ပါဟာ"
တစ္ငံုေမာ့ရင္းဘမ့္အားေျဖလိုက္တဲ့လီဆာ
ေဘးကအန္နာကေတာ့ၿငိမ္ေနတာအေပ်ာ့ပဲေသာက္တယ္ေလ
"အန္နာနင္ဘာျဖစ္ေနတာလဲ"
"ဘာျဖစ္လို႔လဲလီဆာရဲ့"
"မသိဘူးေလေနမ်ားမေကာင္းဘူးလားလို႔"
ဟက္ခ်ိဳး!!!
ႏွာထေခ်တာကေတာ့အန္နာမဟုတ္
အဂ်စ္ေကာင္ပဲျဖစ္ပါတယ္
"နင္ကိုယ္ေတြပူျခစ္ေနတာပဲလီဆာ"
အန္နာဟာလီ့နဖူးကိုစမ္းရင္းေျပာတယ္
သူမလက္ကိုဖယ္လိုက္ရင္းၿပံဳးကာေခါင္းခါျပတဲ့အဂ်စ္
"ငါေနေကာင္းပါတယ္အိမ္ေရာက္မွေဆးေသာက္လိုက္ရင္ေပ်ာက္သြားမွာ"
"ဟုတ္မွလည္းလုပ္လီဆာေရ"
မ်က္လံုးေတြပါရဲေနတာေၾကာင့္အန္နာကေတာ့စိုးရိမ္ေနမိတယ္
ဒါကိုသူကေတာ့ခပ္ၿပံဳးၿပံဳးခပ္ေပါ့ေပါ့ပဲ
"ဟယ္!!!"
"ဘာထျဖစ္တာတုန္း"
"ေအးေလငနာရာ..ဘာထျဖစ္"
လန္႔သြားတာေၾကာင့္ဘမ့္ကိုထုလိုက္တဲ့လီဆာ...
ဘမ္ကေတာ့ထုထုရိုက္ရိုက္ဂရုကိုမစိုက္ႏိုင္တာ
သူ႔အာရံုေတြကအနီေရာင္ရွပ္နဲ႔လူႀကီးဆီမွာ
"ငါ့ကိုကိုလာၿပီ"
"ဟုတ္လားအာ့ဆိုသြားေလ"
"နင္မေျပာေတာင္ငါသြားမွာပါ"
ေနရာကေနလွစ္ခနဲထသြားတဲ့ဘမ့္ကိုၾကည့္ရင္းလီဆာေရာအန္နာပါသေဘာက်ကာရယ္ေနမိတယ္
ဘမ့္ကိုတစ္ခ်ိန္က်ဂ်ီေအဝိုင္သြားမယ္မထင္ထား
"လီဆာနင္ကေလတကယ္ပဲ"
"ငါကဘာျဖစ္ေနလို႔လဲ"
"ေနမေကာင္းတာကိုအေနြးထည္ကမပါ"
"ငါဘာမွမျဖစ္ပါဘူးဆိုဟာ"
လီဆာဒီညဝတ္ထားတာကအရမ္းၾကည့္ေကာင္းေနတာ
တစ္ခါမွဒီစတိုင္မ်ိဳးဝတ္တာအန္နာမျမင္ဖူးခဲ့ပါ
ရွပ္အက်ီဝတ္ေလ့မရိွတဲ့လီဆာဟာအနက္ေရာင္ရွပ္လက္ရွည္ေလးနဲ႔
တံေတာင္ထိလက္ေခါက္ထားလို႔အထင္းသားေပၚေနတဲ့ေသြးေၾကာစိမ္းစိမ္းေတြဟာအသက္ရႉမွားေလာက္စရာအတိ
လက္ကအေၾကာေတြကလည္းေယာက်ာ္းတစ္ေယာက္ထက္ပိုမိုက္လို႔ေနတယ္....
အက်ီၾကယ္သီးကိုလည္းႏွစ္လံုးေလာက္ျဖဳတ္ထားေတာ့ထင္ေပၚေနတဲ့လည္ပင္းသားေတြဟာေဖြးဥဥ
ၫွပ္ရိုးေတြဟာလည္းကိုက္ပစ္ခ်င္စရာ..
"ငါ့ကိုၾကည့္ၿပီးဘာေတြေတြးေနလဲကေလးမ"
သူခပ္ေနာက္ေနာက္ဆိုမွပဲအသိျပန္ဝင္ေတာ့တယ္
သူ႔ဆီကအၾကည့္လြဲကာခါးကိုမတ္လိုက္ရင္း
"ဘာမွမေတြးဘူးလီဆာ"
"အင္းပါထားပါေတာ့..ငါသြားကလိုက္အုန္းမယ္ေနာ္"
"ထူးထူးဆန္းဆန္းနင္က"
"ဟီးဟီး"
လီဆာဟာရယ္ျပရင္းအကဇုန္ထဲဝင္သြားေလတယ္
Gay barျဖစ္တာမို႔အားလံုးဟာထူးျခားစြာ
တခ်ိဳ႕မိန္းကေလးေတြလည္းအေတာ္မိုက္တာလီေတြ့တယ္
လီကိုယ္တိုင္ေတာင္တဝိုးဝိုးတဝါးဝါးျဖစ္ရတဲ့အထိ
"Hey!!!Darling!!"
လီ့လက္ကိုဆြဲၿပီးလည္ပင္းေတြကိုပါဖက္တြယ္ပစ္တဲ့မိန္းမလွေလးေၾကာင့္နည္းနည္းေလးအံ့ၾသသြားရတယ္
"ဒါလင့္ကိုေျပာတာေလဘယ္ေတြၾကည့္"
လီ့မ်က္ႏွာကိုျပန္ဆြဲယူၿပီးညို႔အားျပင္းစြာၾကည့္ေနတဲ့သူမ
"အင္းေျပာေလ"
"ဒါလင္နဲ႔အတူကမယ္ေနာ္"
"ရတာေပါ့ကိုယ္လည္းပ်င္းေနတာ"
လြတ္လြတ္လပ္လပ္ေပ်ာ္ဖို႔ေတြးထားတာေၾကာင့္လီလက္ခံလိုက္တယ္
သူမကလည္းလွတယ္ေလ
မဒမ့္အလွကိုမမွီေပမယ့္ေပါ့
"ဒါလင္ကေခ်ာလိုက္တာကြာ"
ရွက္ၿပံဳးေလးနဲ႔ဆိုတဲ့သူမကခ်စ္စရာေကာင္းသား
"ကိုယ္ေခ်ာတာကိုယ္သိပါတယ္"
အားပါးတရရယ္ေနတဲ့သူမေၾကာင့္စိတ္ေပါက္လာၿပီ
"ရယ္စရာပါလို႔လား"
"မပါပါဘူးဒါေပမယ့္ရယ္ခ်င္မိလို႔ပါဒါလင္ရာ"
"ကိုယ္ကတကယ္ေခ်ာတာပဲကို"
"ဟုတ္ပါၿပီဒါလင္ရယ္"
လီ့ပါးတစ္ဖက္ကိုဆြဲကာအၿပံဳးခ်ိဳခ်ိဳေလးနဲ႔သတ္သြားျပန္တဲ့သူမ
သူမရဲ့အၾကည့္ေတြၾကားနစ္ေမ်ာေနစဥ္မွာပဲDJကလည္းသီခ်င္းေျပာင္းတယ္
အရမ္းခံစားလို႔ေကာင္းတဲ့Love me like you do
သီခ်င္းေၾကာင့္ေရာသူမေၾကာင့္ပါလူကအညို႔ခံလိုက္ရသလိုပဲ
သူမခါးကိုဖက္ထားရင္းလႈပ္ရွားေနမိတာကိုယ္တိုင္ေတာင္မသိ
🎶So love me like you do....
သူမရဲ့မ်က္ႏွာဟာလီ့အနားတျဖည္းျဖည္းကပ္လာၿပီး
🎶Fading in fading out
ႏႈတ္ခမ္းခ်င္းထိေတာ့မယ့္အခ်ိန္
"အား!!!အ့"
နားရြက္ျပတ္မတတ္အလိမ္ဆြဲခံရျခင္းနဲ႔အတူလူတစ္ေယာက္ေခၚရာပါသြားရတယ္
ကိုယ္သင္းနံ႔ေၾကာင့္ေတာ့လီသိလိုက္တယ္..
ဒါဟာမဒမ္ဆိုတာ...
ေခါင္းေမႊးေတြေရာလက္ေမႊးေတြေရာရိွရိွသမ်ွအေမႊးေတြအကုန္ေထာင္ေနပါၿပီ
နားလည္းျပတ္ေတာ့မယ္ထင္တယ္
"လာလီဆာ!!!မင္းဘာအခ်ိဳးခ်ိဳးတာလဲ"
ကားပါကင္က်မွလြတ္ေပးၿပီးထုရိုက္ကာေမးေနတဲ့မဒမ္
သူမလက္ေတြကိုလီခ်ဳပ္လိုက္ၿပီး
"နီဘယ္လိုေရာက္လာတာလဲ"
"တို႔ကမင္းကိုစိတ္ပူလို႔ေနမေကာင္းျဖစ္မွာစိုးလို႔တို႔မင္းကိုလိုက္ရွာေနခဲ့တာ"
"ဟင္"
"J clubေရာက်န္တာေတြေရာအစံုပဲေနာက္မွဘမ္ဘမ့္ကိုဖုန္းဆက္ေမးၿပီးဒီမွာရိွေနမွန္းသိရတာ"
"လိုက္လာေတာ့ေတြ့လိုက္ရတဲ့ျမင္ကြင္းေၾကာင့္တို႔ေျပာစရာစကားေတာင္ေပ်ာက္ရွတယ္လာလီဆာ"
မ်က္ႏွာေသနဲ႔လီဟာမဒမ့္ကိုၾကည့္ရင္းေခါင္းခါကာ
ရင္ခြင္ထဲကိုဆြဲသြင္းလိုက္တယ္
"ေမာင္ေတာင္းပန္ပါတယ္နီေမာင္ခဏေလးသာယာသြားတာေမာင္မွားသြားပါတယ္ကြာ"
"မင္းမေကာင္းဘူးကြာအဟင့္အဟင့္..."
မဒမ္ဟာငိုရင္းနဲ႔လီ့ကိုထုရိုက္ေနျပန္တယ္
"နီစိတ္ေျပတဲ့အထိရိုက္ပါ"
လက္ႏွစ္ဖက္ကိုကားကာေအာ္ေျပာလိုက္တဲ့ေမာင့္ကိုၾကည့္ရင္းဂ်န္းရင္ေတြနာရျပန္တယ္
ေမာင့္ကိုစိတ္မခ်ႏိုင္တာအဲ့တာေတြေမာင္ဟာဂ်န္းထက္လည္းငယ္ေသးရုပ္ရည္ကလည္းေခ်ာေတာ့ဝိုင္းဝိုင္းလည္ေနတာပဲေလ
ပိုစိတ္တိုတာကGay barလိုေနရာမ်ိဳးကိုလာၿပီးဝတ္ထားတာကသန္႔ျပန္႔ၾကည့္ေကာင္းေအာင္ျပင္လာတာပဲ
"ေမာင္ေတာင္းပန္တယ္ေနာ္"
မဒမ့္ႏႈတ္ခမ္းကိုနမ္းတဲ့လီ့ေၾကာင့္မဒမ္ဟာႏႈတ္ခမ္းေလးကိုက္ရင္းမ်က္ေစာင္းခဲကာၾကည့္ေနတယ္
"မင္းကေဖာက္ျပန္ခ်င္ေနတာလား"
"မဟုတ္ရပါဘူးနီရာ"
"ဟြန္႔!!တို႔ကိုစိတ္ကုန္ေနၿပီမလား"
မ်က္ရည္ေတြက်ေနတဲ့မဒမ့္ကိုၾကည့္ၿပီးလီ့ခမ်ာေျခမကိုင္မိလက္မကိုင္မိ...
ေနာက္မွကေလးေခ်ာ့သလိုေနာက္ေက်ာေလးကိုပြတ္ေပးရင္း
"ကြၽတ္..ကြၽတ္.."
"တိတ္ေတာ့ေနာ္..ေမာင့္အခ်စ္ငိုေနရင္ဒီနားေလးကဆစ္ခနဲနာတယ္"
"ေတာ္ပါလူယုတ္မာႀကီး"
လီ့ကိုတြန္းသြားၿပီးကားဆီသြားေနတဲ့မဒမ့္ေနာက္ကိုလိုက္ရျပန္ၿပီ
"မင္း..တို႔ေနာက္လိုက္မလာနဲ႔"
"လိုက္မွာပဲ"
ဘယ္လိုအဂ်စ္ေလးလည္းမသိရုပ္ကေလးကိုကေလ....
ဘာေလးမွန္းမသိတဲ့ဟာေလး
"ကားေသာ့ေပးေမာင္ပဲေမာင္းမယ္"
သူ႔ကိုအဖက္မလုပ္ခ်င္လို႔ကားေသာ့ကိုၾကည္ၾကည္ျဖဴျဖဴပဲလက္ထဲထည့္ေပးလိုက္တဲ့သူမ
"ခါးပတ္ပတ္ေပးရမလား"
"တို႔မွာလက္ပါတယ္"
ဆူေအာင့္ေအာင့္ျဖစ္ေနတဲ့မဒမ့္ပံုစံေၾကာင့္လီ့မွာရယ္ေနရတယ္
ခ်စ္လြန္းလို႔ပါ...
စကားထပ္ေျပာေနရင္ဘုနဲ႔ေဘာက္ပဲတိုးမွာသိလို႔ကားကိုပဲေအးေဆးေမာင္းေနလိုက္တယ္
လီ့အိမ္ေရ႔ွေရာက္ေတာ့
"ေမာင္ဝင္ေတာ့မယ္ေနာ္ဂရုစိုက္ၿပီးျပန္ပါရွင့္"
မဒမ့္ပါးေလးကိုနစ္ဝင္တဲ့အထိနမ္းလိုက္တဲ့အဂ်စ္...
သူမကေတာ့ဆူပုတ္ေနတုန္း
"စိတ္တိုလြန္းရင္အသက္ပိုႀကီးတယ္ေနာ္"
သူမႏွာထိပ္ေလးကိုဆြဲကာတခစ္ခစ္ရယ္ေနတဲ့လီဆာ
"မင္းကိုယ္ေတြပူေနတယ္"
သူနမ္းတာခံလိုက္ရတဲ့အခ်ိန္ဖ်ားေနမွန္းဂ်န္းသိလိုက္ရတယ္
သူ႔ေနာက္လိုက္လာတာလည္းအဲ့တာေၾကာင့္ပဲ
ရံုးခန္းလာတည္းကေရေတြရြဲေနလို႔ဖ်ားေတာ့မယ္ဆိုတာသိတယ္
"ေဆးေသာက္လိုက္ရင္ေပ်ာက္ပါတယ္"
"အင္းပါဂရုစိုက္အုန္း"
"ေမာင့္ကိုအားေဆးေလးေပးအုန္းေလ"
ပါးကိုအတင္းေတြေဖာင္းေနတဲ့သူ႔ကိုၾကည့္ၿပီးသူမရယ္လိုက္ေသး..
သူဟာေလအတတ္ေလး...
"မင္းကိုစိတ္ဆိုးမေျပေသးဘူး"
"ဟာ....ေမာင့္မွာနီတစ္ေယာက္ပဲရိွတာနီ႔ကိုပဲေသေအာင္ခ်စ္တာပါရွင္"
ဂ်န္းပါးေတြကိုဖြဖြပြတ္ရင္းေမာင္ဟာေျဖရွင္းခ်က္ေတြေပးျပန္တယ္
"ေနာက္တစ္ခါထပ္ျဖစ္ရင္တို႔နဲ႔အျပတ္ပဲလာလီဆာ"
"ဟုတ္ကဲ့ပါရွင္.."
သူ႔ပါးေလးတင္မကႏႈတ္ခမ္းကိုပါသူမဟာနမ္းလိုက္တာေၾကာင့္ပါးစပ္နားရြက္တပ္ခ်ိတ္မတတ္ျဖစ္ေနရွာတယ္
"တာ့တာေနာ္အရမ္းခ်စ္တယ္နီ"
အသည္းေတြပစ္ေပးေနတဲ့ေမာင့္ကိုမ်က္ေစာင္းပဲထိုးေပးလိုက္တယ္
ကားကိုေမာင္းထြက္လာၿပီးလမ္းမွာေတြးမိေသးတယ္
"ေမာင္သာတစ္ရက္ထားသြားရင္ဘယ္ႏွယ့္လုပ္"
"ဂ်န္းသူ႔ကိုသိပ္ခ်စ္တာေလ"
"သူေနမေကာင္းေတာ့သိပ္လည္းမဆူခ်င္ဘူး"
"ေပါက္ေပါက္ေတြေဖာက္တယ္ဆိုၿပီးပစ္သြားရင္လည္းရင္က်ိဳးရမွာ"
အခ်စ္ကမေကာင္းဘူး...
×××××××××ၾကယ္ေလးေတြေပးသြားၾကအုန္း💫
အားလံုးကိုေလးစားခ်စ္ခင္လ်က္🤎×××××××××
There are no comments yet. Log in to be the first to leave a review!





