Fanfics

19

14:51, 14 July 2022

(Unicode)

"မင်းဘာလို့အဲ့လောက်စိုက်ကြည့်နေတာလဲတို့နေတောင်မနေတတ်တော့ဘူးမောင်"

ဆိုင်ရောက်ကတည်းကဂျန်းကိုချည်းတစိမ့်စိမ့်မေးထောက်ကာကြည့်နေတဲ့မောင့်ကြောင့်လူဟာပူရှိန်းရှိန်း

"နီကအရမ်းလှလို့လေ"

"မင်းတအားပိုပြန်ပြီ"

"မောင်ကနီ့ကိုချစ်တဲ့အချစ်တွေပိုနေတာပါ"

ဂျန်းညာလက်ကိုဆွဲယူပြီးလက်ဖမိုးကိုပြွတ်ခနဲနမ်းတဲ့မောင့်ကြောင့်ပြုံးလိုက်မိသည်

ထိုအချိန်ဝိတ်တာလေးကSteakတွေလာချလို့ရှက်ရှက်နဲ့လက်ကိုရုန်းရသေးတယ်

မောင်ကတော့သဘောတွေကျနေလေရဲ့

"မောင်လှီးပေးမယ်နော်"

ခပ်ပြုံးပြုံးလေးဆိုကာBeef steakကိုသေချာလှီးဖြတ်နေတဲ့မောင့်ကိုပြုံးပြီးကြည့်နေမိတယ်

"ရပါပြီရှင့်"

"မင်းကတော်သားနော်"

"မောင်ကဘက်စုံထူးချွန်လေးပါနော်နီ့ကိုချစ်တဲ့ဘာသာမှာတော့ဂုဏ်ထူးပါထွက်ထားတာ"

မျက်စိတစ်ဖက်ကိုမှိတ်ရင်းပြုံးကာနေသည့်မောင်ကြောင့်ဂျန်းလည်းထပ်တူပြုံးနေမိသည်ထင်

တစ်ချိန်တည်းတွေးမိတာကဂျုံအင်နဲ့အကြောင်း

အမှန်ပြောလိုက်ရင်ကောင်းမလားဒီတိုင်းပဲမသိချင်ယောင်ဆောင်ထားရမလား

ဂျန်းမရွေးတတ်တော့ဘူး

"စားလေနီရဲ့ဘာလို့မစားတာလဲ"

"ဟင်...."

သူ့ကိုဘာမှပြန်မပြောတဲ့ဂျန်းကြောင့်ပြုံးလိုက်ရင်း

"မောင်ခွံကျွေးမှစားမယ်ပေါ့"

မောင်ဟာဂျန်းဘေးနားကိုရောက်ချလာပြန်တယ်

"တို့ဘာသာစားပါ့မယ်ကွာ"

"မရပါဘူးမောင်ပဲခွံ့မှာ"

"မောင်ကလည်းရှက်စရာကြီး"

"ဟော!!!မောင့်ချစ်သူကိုခွံ့ကျွေးတာဘာရှက်စရာလဲ"

ဆိုင်ထဲမှာကအတွဲတွေအများအပြားရှိသော်ငြားဂျန်းကတော့ရှက်တယ်

သူကငယ်တော့ဘယ်ရှက်မလဲ

"အာ...ဟပါ"

အဂျစ်ကောင်ဟာစကားနားမထောင်တဲ့အကျင့်ကပေါ်လာပြန်ပြီ

ဘယ်လိုမှမရတော့မှန်းသိလို့သူ့စိတ်ကြိုက်ဟပေးလိုက်ရတယ်

"ကောင်းတယ်မလား နီ ဒီဆိုင်ကအမဲသားကနတ်သုဒ္ဓါပဲတဲ့"

နှုတ်ခမ်းထောင့်ကိုလက်မနဲ့ပွတ်သွားရင်းပြန်လျက်လိုက်တဲ့လီ့ကြောင့်မျက်နှာလေးရဲသွားတဲ့မဒမ်

အရှက်ကြီးလွန်းတဲ့ဒီအမျိုးသမီးကိုပိုပိုချစ်မိနေလို့ဘာလုပ်ရမလဲ....

"မင်းနော်သိပ်တတ်နေတယ်"

လီ့နဖူးကိုတောက်ရင်းမျက်စောင်းလေးထိုးတဲ့မဒမ့်ကြောင့်တခစ်ခစ်နဲ့ရယ်နေမိတယ်

"မောင်ခွံ့ကျွေးတော့ပိုစားကောင်းတယ်မလား"

"အွန်းကောင်းပါတယ်"

ဒီလိုနဲ့ဂျန်းကိုကလေးအတိုင်းအကုန်အစင်ကိုခွံကျွေးနေတာ

သူကကျသူ့ဘာသာသူစားတယ်

ဂျန်းလည်းခွံ့ကျွေးဖို့စိတ်ကူးမရှိဒီလိုအလုပ်တွေကကလေးကလားနဲ့လေ

"နီကလှလွန်းတော့စိတ်မချဘူးရှင်"

"တို့ကိုစိတ်မချရအောင်မျက်နှာများနေတာလည်းမဟုတ်"

"ဒါပေမယ့်လည်းချစ်တော့စိတ်မချဖြစ်နေတာပေါ့နီရဲ့"

"မောင်မင်းသိပ်အိုဗာနေပြီ ဟွန့်!!!"

ဂျန်းစကားကြောင့်မောင်ဟာသဘောတကျရယ်မောနေပြီး

"လက်ထပ်ရအောင်"

"ဟမ်!!"

သူ့စကားကြောင့်ဂျန်းကတော့ပါးစပ်အဟောင်းသား

"မင်းနောက်တာကလည်း"

"အတည်ပြောနေတာပါလက်ထပ်မယ်လို့"

"ဟေး!!လက်ထပ်တာကလေးကစားသလိုမလွယ်ကူဘူးနော်မောင်..."

"ဘာခက်လို့လဲ နီ ရာ..စာချုပ်မှာလက်မှတ်ထိုးပြီးနေပြီကို"

"မင်းကငယ်သေးတယ်လက်မခံနိုင်ဘူး"

"ငယ်လည်းယူရတာပဲကို"

နှုတ်ခမ်းလေးတဆူဆူနဲ့ဂျီတိုက်နေတဲ့မောင့်ကိုကြည့်ပြီးရယ်ချင်စိတ်ကိုမနည်းထိန်းထားရတယ်

"အာ့ဆိုပြောစမ်းပါအုန်းဘာလို့လက်ထပ်ချင်ရတာလဲ"

"အိမ်ထောင်သည်ဖြစ်ချင်လို့"

"မင်းကတော့အရူးလေးပဲ"

လီ့ဆံပင်တွေကိုဖွရင်းရယ်မောနေတဲ့မဒမ်

"အရူးလေးကိုတာဝန်ယူပေးစမ်းပါ"

"တစ်ချိန်ကျရင်တော့ယူမှာပေါ့အခုတော့မဟုတ်သေးဘူး"

မဒမ်ဟာစကားကိုအေးဆေးမပြောပဲလီ့လည်စိကိုကိုင်ကြည့်နေသေး

"နဖူးမှတ်ပြီးမတောက်လိုက်နဲ့နော်တော်ကြာသေသွားမှဖြင့်"

"ဟားဟား...မင်းကိုသေအောင်တော့တို့ကလုပ်ပါ့မလားမောင်ရယ်"

လီ့ဆန္ဒကိုမလိုက်လျောတဲ့မဒမ့်ကိုစိတ်ကောက်ပစ်ချင်တာပဲသိတယ်

မနေ့ညကလူကြီးဆန်ဆန်သည်းခံပေးထားပေမယ့်လူကြီးဆန်တာကလီနဲ့လုံးဝလိုက်ဖက်မှုမရှိသလိုခံစားရတယ်

"တို့ကိုစိတ်ကောက်နေတာလားဘဲပေါက်"

မောင့်ပါးတွေကိုဖျစ်ညစ်နေတဲ့ဂျန်း

"ဘာမှလာမပြောနဲ့လက်ထပ်မယ်ဆိုတာလက်မှမခံပဲ"

"ကလေးရယ်မင်းကငယ်သေးတယ်လေ"

"မောင့်ထက်ငယ်တဲ့သူတွေတောင်ယူကြသေးတာပဲကို"

"ဟင်း!!!စိတ်တောင်ညစ်လာပြီဘာစိတ်ကူးတွေပေါက်ပြီးအတင်းလက်ထပ်ချင်နေတာလဲကွာ"

"အခုတော့လူကိုစိတ်ညစ်နေပြီပေါ့"

"အမလေးဘုရား....မညစ်ပါဘူးရှင်ကျွန်တော်မျိုးမ ရှင်လေးကိုစိတ်မညစ်ပါဘူးဘုရား"

"နီ...."

လေးနက်နေတဲ့မျက်ဝန်းတွေနဲ့ဂျန်းကိုစိုက်ကြည့်လာတဲ့မောင်

"ဂျုံအင်နဲ့မပတ်သက်နဲ့တော့ကွာ"

"ဘယ်လို..."

"မောင်သဝန်တိုလို့သေတော့မယ်နီရယ်မနေ့ညကနီတို့တွေကလပ်မှာရှိနေခဲ့တုန်းကလည်းရူးတော့မလို့နီ့အိမ်ကိုသူလိုက်ပို့တုန်းကလည်းမောင်ခံစားရတယ်ကွာ"

မောင်ဟာဒါတွေကိုသိနေခဲ့တာလားဒါကြောင့်မနေ့ညကထူးဆန်းနေတာကိုးဒီနေ့လည်းလက်ထပ်မယ်ချည်းဂျီတိုက်နေတာအဲ့တာတွေကြောင့်ပေါ့

"မောင်....."

ကျောပေးထားတဲ့လီ့ခါးတွေကိုဖက်တွယ်ရင်းချွဲနွဲ့စွာဆိုလာတဲ့ဂျန်း

"မောင်သိနေတယ်လို့မထင်ထားဘူး"

"အားလုံးကိုသိပေမယ့်မသိချင်ယောင်ဆောင်ထားတာ"

"နီတစ်ခုတော့ပြောမယ်မောင်"

"ပြောလေ"

"သူနဲ့ဘာမှမပတ်သက်ဘူးနော်အဲ့တာကိုယုံတယ်မလား"

"သူ့အပေါ်မှာနီဘာခံစားချက်မှမရှိမှန်းမောင်သိပါတယ်...ရှိခဲ့ရင်အစောတည်းကနီ့ချစ်သူဖြစ်ပြီးတာကြာပေါ့"

"မောင်ကတော်သွားပြီပဲ"

လီ့ကျောပြင်လေးကိုဖွဖွနမ်းတဲ့မဒမ်

"နောက်ဆိုမောင်တို့ကြားဘာကိုမှမဖုံးကွယ်ထားကြေး"

ဂျန်းဘက်ကိုလှည့်လာရင်းလက်သန်းလေးထောင်ကာဆိုသည့်မောင်

ဂျန်းလည်းလက်သန်းနဲ့ပြန်ချိတ်ရင်း

"ကတိပေးတယ်မောင်"

မောင့်ပါးလေးကိုနမ်းတဲ့ဂျန်း

"မောင့်အသည်းအသက်လေးမို့တခြားသူနောက်ပါသွားရင်သေသွားနိုင်တယ်သိလား"

"အင်းပါတို့ကိုလည်းထားသွားဖို့မကြံနဲ့နော်အဲ့အခါကျမင်းကိုဂုတ်ချိုးပစ်မယ်"

မျက်စောင်းလေးခဲကာပြောနေတဲ့မဒမ့်ကိုအသဲယားလို့တင်းနေအောင်ဖက်လိုက်တဲ့လီ

"ပြန်ကြမယ်လေရှင်းလိုက်တော့"

"မဒမ်ရှင်းရမှာလေ"

ခေါင်းကုတ်ရင်းခပ်တည်တည်နဲ့မောင့်ကြောင့်မျက်ခုံးတွေတန်းသွားတဲ့ဂျန်း

"စ,မနေစမ်းနဲ့မောင်ရာ...မင်းဝယ်ကျွေးပါ့မယ်ဆို"

"ဟီးဟီး..ပိုက်ဆံအိတ်မေ့ခဲ့တယ်"

"တကယ်လား"

"ဟုတ်"

သွားသုံးဆယ့်နှစ်ချောင်းလုံးဖြီးပြနေတဲ့မောင့်ကြောင့်ရှော့ခ်ရသွားတာဂျန်း

"ဘယ်လိုချစ်သူလဲမသိဘူးသူများဆီကပဲကပ်စားနေလိုက်"

"ဟွန့်...ကျွန်မကချစ်သူလေးဝယ်ကျွေးတဲ့အမဲသားစားရတယ်ဆိုပြီးအားရဝမ်းသာနေတာအခုတော့"

"ဟာကွာ..ဒီကြောင်ပေါက်လေးကအတော်စကားများတာပဲစိတ်ရှည်တော့ဘူးနော်အသက်ရှူမရအောင်နမ်းပစ်လိုက်မှာ"

ဂျန်းနှာထိပ်လေးကိုဖွဖွဆွဲတဲ့မောင်

"လုပ်ရဲလုပ်ကြည့်လေသေအောင်ရိုက်ပစ်မှာ"

"​ဂရုဏာတရားကြီးမားလိုက်တာ"

စပ်ဖြဲဖြဲမောင့်မျက်နှာကြောင့်မရယ်ရမနေနိုင်တော့တဲ့ဂျန်း

တကယ်ပါမောင်ဟာသိပ်ချစ်ဖို့ကောင်းတာ

တစ်ခါတစ်လေလည်းပေါလွန်းတယ်ရုပ်ခံလေးရှိလို့သာတော်ပါသေးတယ်

"မောင်ကစ,တာပါကွာပိုက်ဆံပါပါတယ်နောက်ကလိုက်ခဲ့ကောင်တာမှသွားရှင်းလိုက်အုန်းမယ်"

ကောင်တာဘက်လျှောက်သွားတဲ့သူ့ကိုကြည့်ရင်း...

"အစအနောက်ကလည်းသန်ပါ့ချယ်တောင်အဲ့လောက်မဟုတ်ဘူး"

ပိုက်ဆံရှင်းပြီးသွားတော့မောင်ကဂျန်းကိုသူ့coatပေးလာတယ်

"ဘာလုပ်ရမှာလဲ"

"ဟာ!!!ရုပ်ရှင်တွေထဲမှာမင်းသားရဲ့coatအကျီကိုမင်းသမီးကကိုင်ပေးတာလေ"

ပြောရင်းနဲ့coatကိုမျက်စပစ်နေတဲ့မောင့်ကြောင့်ဂျန်းယူလိုက်တယ်

"ချစ်သူကိုနှိပ်စက်လွန်းတဲ့ကလေးကြီး"

"အတင်းပြောမယ်ဆိုနမ်းပစ်မှာနော်ကြောက်ရင်တိတ်တိတ်လေးလိုက်ခဲ့"

လမ်းမကြီးမှာအနမ်းခံလို့မဖြစ်ရှက်စရာကောင်းတယ်မလား

သူကပြောရင်ပြောတဲ့အတိုင်းလုပ်တာကြောက်လို့တော့မဟုတ်ပေမယ့်ရှက်လို့တိတ်တိတ်ပဲနေလိုက်တယ်

"I just wanna live in this moment forever"

ကားလေးမောင်းလိုက်သီချင်းလေးညီးလိုက်နဲ့အဆင်ပြေနေတဲ့မောင်

ဂျန်းကတော့တစ်လမ်းလုံးဘာစကားမှမပြော...

"You're my angel baby"

ကျွီး!!!

"မင်းကားကိုဘယ်လိုမောင်းနေတာလဲ"

သူလမ်းဘေးကိုအတင်းထိုးရပ်တာကြောင့်ကားဒက်စ်ဘုတ်နဲ့နဖူးမိတ်ဆက်သွားတဲ့ဂျန်း

"နာသွားလားဟင်..တောင်းပန်ပါတယ်ကွာမောင်ဝယ်စရာလေးရှိလို့ပါခဏနော်"

နဖူးကိုနမ်းပေးခဲ့ပြီးထွက်သွားတဲ့မောင့်ကြောင့်နောက်ကြည့်မှန်ကနေကြည့်တော့အရုပ်ဝယ်နေတာထင်တယ်

လမ်းဘေးမှာရောင်းတဲ့ဆိုင်လေးတစ်ဆိုင်ပါပဲ

မောင်ဝယ်တာဆိုတော့သေချာပေါက်ဂျန်းအတွက်ပေါ့

"ချစ်စရာကောင်းရဲ့လား နီ"

ကားထဲကိုပြန်ဝင်လာချင်းဝယ်လာတဲ့အရုပ်ကိုထောင်ပြကာမေးတဲ့မောင်

"ချစ်စရာလေးပဲ"

ဝက်ဝံရုပ်လေးမို့ဂျန်းရဲ့အကြိုက်ပဲ

"အဲ့တာတို့ကိုပေးဖို့ပေါ့ဟုတ်လား"

"မဟုတ်ပါဘူး"

"မင်းထပ်ပြီးနောက်ပြန်ပြီကွာ"

လီ့လက်မောင်းကိုတစ်ချက်ရိုက်လိုက်တဲ့မဒမ်

"နာတယ်နော်မရိုက်နဲ့..နောက်နေတာမဟုတ်ဘူးဒါနီ့ကိုပေးဖို့မဟုတ်ဘူး"

"အာ့ဆိုဘယ်သူ့ကိုလဲ"

"ဒီတိုင်းကောင်မလေးကိုပေးမလို့"

အား!!!အ့..

"နီ လွတ်ကွာနာတယ်"

လီ့နားရွက်ပြတ်မတတ်ဆွဲလိမ်ထားတဲ့မဒမ်ကြောင့်ငယ်သံပါအောင်အော်ရသေး

"ဘယ်ကကောင်မလဲပြောပါအုန်း"

လက်ပိုက်ရင်းမီးတောက်နေတဲ့မျက်လုံးတွေနဲ့မဒမ့်ကြောင့်ကြက်သီးတွေဖြန်းခနဲ

"မရှိပါဘူးနောက်တာဟီးဟီး"

"ပြောစမ်းပါအမှန်အတိုင်း"

"တကယ်မရှိပါဘူး"

"အား!!!နီနာတယ်လို့.."

လက်မောင်းကိုလာကိုက်တဲ့မဒမ်

"အကျင့်မကောင်းတဲ့ဟာလေးတို့ကအသက်ကြီးနေတော့မချစ်ချင်တော့ဘူးမလားငယ်ငယ်ချောချောလေးတွေကိုပဲသဘောကျတယ်မလား"

ပြိုတော့မယ့်မိုးလိုဝမ်းနည်းနေရှာတဲ့ချစ်သူလေးကိုကြည့်ပြီးသဘောတွေလှိမ့်ကျနေတာလီဆာ

"ချစ်စရာကောင်းလိုက်တာကွာ"

ပါးတွေကိုအတင်းနမ်းတော့လူကိုတွန်းပြီးရိုက်ပြန်ပြီ

"အော်ဟော!!!ဒီခွေးပေါက်လေးနဲ့တော့စွာတေးကိုလန်နေတာပဲကွာ"

"ဘယ်သူကခွေးပေါက်လဲ"

ဆူပုတ်ပုတ်နဲ့မဒမ်ကြောင့်အူတွေယားနေမိတဲ့လီ

"ခုနကလူကိုကိုက်တယ်လေအဲ့တာကြောင့်ခေါ်တာ"

"ကိုက်ချင်အောင်ဘယ်သူလုပ်တာလဲ"

"မောင်ကချစ်လို့စ,တာလေကွာ"

"ဟွန့်..."

"ရော့အရုပ်လေးယူ..နီ့အတွက်ဆင်းဝယ်ပေးတာဘယ်သူ့အတွက်မှမဟုတ်ဘူး"

လက်ထဲကဝက်ဝံလေးကိုဇွက်ခနဲဆွဲယူပြီးရင်ဝယ်ပိုက်တဲ့မဒမ်

"တကယ်ချစ်စရာကောင်းတယ်"

"တို့ချစ်စရာကောင်းတာတို့သိတယ်"

"ဟုတ်ကဲ့ပါရှင်"

လီဘာမှထပ်မပြောတော့ပဲကားပဲမောင်းနေလိုက်တယ်

မကြာပါဘူးကုမ္ပဏီကိုပြန်ရောက်ပြီ

"လွမ်းနေရတော့မယ်"

"တို့ရောပဲလေ"

"ချစ်တယ်နော်နီ"

ဂျန်းမျက်နှာကိုဆုပ်ကိုင်ရင်းအနမ်းမိုးတွေရွာချနေတဲ့မောင်

"ဒါနဲ့မင်းသိလား"

"မပြောရသေးပဲကို"

"အခုပြောမယ်လေ"

"ဘာလဲ"

"ဒီနေ့ဂျုံအင်ကတို့ကိုဝက်ဝံရုပ်အကြီးကြီးလက်ဆောင်ပေးသေးတယ်"

"ဘာ!!အဲ့အရုပ်ဘယ်မှာလဲမီးရှို့်ပစ်ရမယ်"

လီ့ကိုကြည့်ရင်းရယ်နေတဲ့မဒမ်ကြောင့်မျက်မှောင်ကြုံ့လိုက်ရင်း

"ဘာရယ်တာလဲ"

"တို့ကလက်ခံစရာလားငြင်းလိုက်တာပေါ့လို့အရူးလေးရဲ့"

"ကောင်းတယ်အဲ့လူကိုဝေးဝေးရှောင်ဟုတ်ပြီနော်"

လူကြီးစတိုင်ဖမ်းပြီးလူကိုဆုံးမနေပြန်တဲ့အဂျစ်

"မင်းကအကြီးလားတို့ကအကြီးလား"

"မောင်ကအထက်ပုဂ္ဂိုလ်"

လီ့စကားကြောင့်မဒမ့်မျက်နှာဟာရဲခနဲ

ရှက်သွေးဖြာနေပြန်ပြီပေါ့

"တကယ်ပဲဘာတွေပြောမှန်းမသိ"

ရှက်လွန်းပြီးကားပေါ်က​ပြေးဆင်းသွားတဲ့မဒမ့်ကြောင့်တသောသောရယ်မောရင်းကျန်နေခဲ့ရတာလီဆာ..

"ဘယ်လိုဟာလေးလဲမသိလူကိုရှက်အောင်သိပ်လုပ်တာပဲ"

ရုံးခန်းထဲမှာထိုင်ရင်းဝက်ဝံလေးကိုဆွဲဆွဲဆိတ်ကာစကားတွေပြောနေတဲ့မဒမ်

"နင်သိရဲ့လားနီနီ...မောင့်ကိုငါကသိပ်ချစ်တာဟ"

ဝက်ဝံလေးကိုနီနီလို့ကင်ပွန်းတပ်ပေးပြီးတာနဲ့မဒမ်ဟာသူပြောချင်တာတွေတရစပ်ကိုလွတ်နေပါတော့တယ်

နီနီလေးအတွက်မျက်ရည်နှစ်စက်.....

🌻🌼

"အစ်မအတော်မြူးနေပါလားလာလီဆာနဲ့တွေ့ခဲ့တာမှဟုတ်ရဲ့လား"

အိမ်ထဲကိုမြူးတူးစွာဝင်လာတဲ့အစ်မကြောင့်ချယ်လည်းပျော်ရတာအမှန်

"မောင်နဲ့နေ့လည်စာစားခဲ့တာ"

"တယ်ဟုတ်နေကြတယ်ပေါ့"

"နင်ရောဂျီဆူနဲ့မတွေ့ဘူးလား"

"ဟင့်အင်းချယ့်ကိုစာမေးပွဲပြီးမှလာတွေ့ပါလို့မှာထားတယ်"

"ကြောက်သားပဲသူ့ကို"

"စကားနားထောင်တာပါနော်"

"ဟုတ်ပါပြီဟယ်"

"လက်ထဲကအရုပ်ကရောလီဆာပေးတာမှဟုတ်ရဲ့လား"

"အသေအချာပေါ့"

မြောက်ကြွမြောက်ကြွနဲ့လှေကားပေါ်တက်သွားတဲ့အစ်မကြောင့်ခေါင်းတခါခါနဲ့ချယ်

ရေမိုးချိုးပြီးညအိပ်ဂါဝန်လေးနဲ့မဒမ်ဟာကက်ဆက်ကနေAngel Babyလေးဖွင့်ရင်းကုတင်ပေါ်မှာအနားယူနေတယ်

အဆိုတော်ကအသံကောင်းပေမယ့်ဂျန်းကတော့မောင်ဆိုတာပဲပိုသဘောကျမိတယ်

ဘက်လိုက်သလိုဖြစ်နေမလားမသိပေမယ့်အချစ်ဆိုတာအဲ့လိုပဲလေတခါတရံselfishဖြစ်တယ်

ထိုအချိန်ဖုန်းလာလို့ကြည့်တော့ဂျုံအင်

"ဟယ်လို"

"ဂျန်းကိုယ်စောင့်နေတာကြာနေပြီဘာလို့ရောက်မလာသေးတာလဲ"

"ငါမလာနိုင်တော့ဘူးဂျုံအင်"

"ဟာ!!!အဲ့လိုမရဘူးနော်"

"ဘာမရစရာရှိလဲ"

"အာ့ဆိုငါလီဆာ့ကိုပြောလိုက်မှာ"

"မောင်အားလုံးသိပြီးနေပြီ"

"ဂျန်း..အဲ့လို"

ဂွက်!!!

စိတ်ပေါက်ပေါက်နဲ့ဖုန်းချပစ်ပြီးနံပါတ်ပါblockလိုက်တယ်

တကယ်တည်းစိတ်လေတယ်

××××××××××ဒီFicကိုအချိုများများနဲ့ရေးဖို့ပဲစိတ်ကူးလိုက်ပါတယ်

စာဖတ်သူတို့ကအစပ်မကြိုက်ကြဘူးမလား😝

🤎×××××××××(Zawgyi)

"မင္းဘာလို႔အဲ့ေလာက္စိုက္ၾကည့္ေနတာလဲတို႔ေနေတာင္မေနတတ္ေတာ့ဘူးေမာင္"

ဆိုင္ေရာက္ကတည္းကဂ်န္းကိုခ်ည္းတစိမ့္စိမ့္ေမးေထာက္ကာၾကည့္ေနတဲ့ေမာင့္ေၾကာင့္လူဟာပူရိွန္းရိွန္း

"နီကအရမ္းလွလို႔ေလ"

"မင္းတအားပိုျပန္ၿပီ"

"ေမာင္ကနီ႔ကိုခ်စ္တဲ့အခ်စ္ေတြပိုေနတာပါ"

ဂ်န္းညာလက္ကိုဆြဲယူၿပီးလက္ဖမိုးကိုႁပြတ္ခနဲနမ္းတဲ့ေမာင့္ေၾကာင့္ၿပံဳးလိုက္မိသည္

ထိုအခ်ိန္ဝိတ္တာေလးကSteakေတြလာခ်လို႔ရွက္ရွက္နဲ႔လက္ကိုရုန္းရေသးတယ္

ေမာင္ကေတာ့သေဘာေတြက်ေနေလရဲ့

"ေမာင္လွီးေပးမယ္ေနာ္"

ခပ္ၿပံဳးၿပံဳးေလးဆိုကာBeef steakကိုေသခ်ာလွီးျဖတ္ေနတဲ့ေမာင့္ကိုၿပံဳးၿပီးၾကည့္ေနမိတယ္

"ရပါၿပီရွင့္"

"မင္းကေတာ္သားေနာ္"

"ေမာင္ကဘက္စံုထူးခြၽန္ေလးပါေနာ္နီ႔ကိုခ်စ္တဲ့ဘာသာမွာေတာ့ဂုဏ္ထူးပါထြက္ထားတာ"

မ်က္စိတစ္ဖက္ကိုမိွတ္ရင္းၿပံဳးကာေနသည့္ေမာင္ေၾကာင့္ဂ်န္းလည္းထပ္တူၿပံဳးေနမိသည္ထင္

တစ္ခ်ိန္တည္းေတြးမိတာကဂ်ံဳအင္နဲ႔အေၾကာင္း

အမွန္ေျပာလိုက္ရင္ေကာင္းမလားဒီတိုင္းပဲမသိခ်င္ေယာင္ေဆာင္ထားရမလား

ဂ်န္းမေရြးတတ္ေတာ့ဘူး

"စားေလနီရဲ့ဘာလို႔မစားတာလဲ"

"ဟင္...."

သူ႔ကိုဘာမျွပန္မေျပာတဲ့ဂ်န္းေၾကာင့္ၿပံဳးလိုက္ရင္း

"ေမာင္ခြံေကြၽးမွစားမယ္ေပါ့"

ေမာင္ဟာဂ်န္းေဘးနားကိုေရာက္ခ်လာျပန္တယ္

"တို႔ဘာသာစားပါ့မယ္ကြာ"

"မရပါဘူးေမာင္ပဲခြံ႔မွာ"

"ေမာင္ကလည္းရွက္စရာႀကီး"

"ေဟာ!!!ေမာင့္ခ်စ္သူကိုခြံ႔ေကြၽးတာဘာရွက္စရာလဲ"

ဆိုင္ထဲမွာကအတြဲေတြအမ်ားအျပားရိွေသာ္ျငားဂ်န္းကေတာ့ရွက္တယ္

သူကငယ္ေတာ့ဘယ္ရွက္မလဲ

"အာ...ဟပါ"

အဂ်စ္ေကာင္ဟာစကားနားမေထာင္တဲ့အက်င့္ကေပၚလာျပန္ၿပီ

ဘယ္လိုမွမရေတာ့မွန္းသိလို႔သူ႔စိတ္ႀကိဳက္ဟေပးလိုက္ရတယ္

"ေကာင္းတယ္မလား နီ ဒီဆိုင္ကအမဲသားကနတ္သုဒၶါပဲတဲ့"

ႏႈတ္ခမ္းေထာင့္ကိုလက္မနဲ႔ပြတ္သြားရင္းျပန္လ်က္လိုက္တဲ့လီ့ေၾကာင့္မ်က္ႏွာေလးရဲသြားတဲ့မဒမ္

အရွက္ႀကီးလြန္းတဲ့ဒီအမ်ိဳးသမီးကိုပိုပိုခ်စ္မိေနလို႔ဘာလုပ္ရမလဲ....

"မင္းေနာ္သိပ္တတ္ေနတယ္"

လီ့နဖူးကိုေတာက္ရင္းမ်က္ေစာင္းေလးထိုးတဲ့မဒမ့္ေၾကာင့္တခစ္ခစ္နဲ႔ရယ္ေနမိတယ္

"ေမာင္ခြံ႔ေကြၽးေတာ့ပိုစားေကာင္းတယ္မလား"

"အြန္းေကာင္းပါတယ္"

ဒီလိုနဲ႔ဂ်န္းကိုကေလးအတိုင္းအကုန္အစင္ကိုခြံေကြၽးေနတာ

သူကက်သူ႔ဘာသာသူစားတယ္

ဂ်န္းလည္းခြံ႔ေကြၽးဖို႔စိတ္ကူးမရိွဒီလိုအလုပ္ေတြကကေလးကလားနဲ႔ေလ

"နီကလွလြန္းေတာ့စိတ္မခ်ဘူးရွင္"

"တို႔ကိုစိတ္မခ်ရေအာင္မ်က္ႏွာမ်ားေနတာလည္းမဟုတ္"

"ဒါေပမယ့္လည္းခ်စ္ေတာ့စိတ္မခ်ျဖစ္ေနတာေပါ့နီရဲ့"

"ေမာင္မင္းသိပ္အိုဗာေနၿပီ ဟြန္႔!!!"

ဂ်န္းစကားေၾကာင့္ေမာင္ဟာသေဘာတက်ရယ္ေမာေနၿပီး

"လက္ထပ္ရေအာင္"

"ဟမ္!!"

သူ႔စကားေၾကာင့္ဂ်န္းကေတာ့ပါးစပ္အေဟာင္းသား

"မင္းေနာက္တာကလည္း"

"အတည္ေျပာေနတာပါလက္ထပ္မယ္လို႔"

"ေဟး!!လက္ထပ္တာကေလးကစားသလိုမလြယ္ကူဘူးေနာ္ေမာင္..."

"ဘာခက္လို႔လဲ နီ ရာ..စာခ်ဳပ္မွာလက္မွတ္ထိုးၿပီးေနၿပီကို"

"မင္းကငယ္ေသးတယ္လက္မခံႏိုင္ဘူး"

"ငယ္လည္းယူရတာပဲကို"

ႏႈတ္ခမ္းေလးတဆူဆူနဲ႔ဂ်ီတိုက္ေနတဲ့ေမာင့္ကိုၾကည့္ၿပီးရယ္ခ်င္စိတ္ကိုမနည္းထိန္းထားရတယ္

"အာ့ဆိုေျပာစမ္းပါအုန္းဘာလို႔လက္ထပ္ခ်င္ရတာလဲ"

"အိမ္ေထာင္သည္ျဖစ္ခ်င္လို႔"

"မင္းကေတာ့အရူးေလးပဲ"

လီ့ဆံပင္ေတြကိုဖြရင္းရယ္ေမာေနတဲ့မဒမ္

"အရူးေလးကိုတာဝန္ယူေပးစမ္းပါ"

"တစ္ခ်ိန္က်ရင္ေတာ့ယူမွာေပါ့အခုေတာ့မဟုတ္ေသးဘူး"

မဒမ္ဟာစကားကိုေအးေဆးမေျပာပဲလီ့လည္စိကိုကိုင္ၾကည့္ေနေသး

"နဖူးမွတ္ၿပီးမေတာက္လိုက္နဲ႔ေနာ္ေတာ္ၾကာေသသြားမျွဖင့္"

"ဟားဟား...မင္းကိုေသေအာင္ေတာ့တို႔ကလုပ္ပါ့မလားေမာင္ရယ္"

လီ့ဆႏၵကိုမလိုက္ေလ်ာတဲ့မဒမ့္ကိုစိတ္ေကာက္ပစ္ခ်င္တာပဲသိတယ္

မေန့ညကလူႀကီးဆန္ဆန္သည္းခံေပးထားေပမယ့္လူႀကီးဆန္တာကလီနဲ႔လံုးဝလိုက္ဖက္မႈမရိွသလိုခံစားရတယ္

"တို႔ကိုစိတ္ေကာက္ေနတာလားဘဲေပါက္"

ေမာင့္ပါးေတြကိုဖ်စ္ညစ္ေနတဲ့ဂ်န္း

"ဘာမွလာမေျပာနဲ႔လက္ထပ္မယ္ဆိုတာလက္မွမခံပဲ"

"ကေလးရယ္မင္းကငယ္ေသးတယ္ေလ"

"ေမာင့္ထက္ငယ္တဲ့သူေတြေတာင္ယူၾကေသးတာပဲကို"

"ဟင္း!!!စိတ္ေတာင္ညစ္လာၿပီဘာစိတ္ကူးေတြေပါက္ၿပီးအတင္းလက္ထပ္ခ်င္ေနတာလဲကြာ"

"အခုေတာ့လူကိုစိတ္ညစ္ေနၿပီေပါ့"

"အမေလးဘုရား....မညစ္ပါဘူးရွင္ကြၽန္ေတာ္မ်ိဳးမ ရွင္ေလးကိုစိတ္မညစ္ပါဘူးဘုရား"

"နီ...."

ေလးနက္ေနတဲ့မ်က္ဝန္းေတြနဲ႔ဂ်န္းကိုစိုက္ၾကည့္လာတဲ့ေမာင္

"ဂ်ံဳအင္နဲ႔မပတ္သက္နဲ႔ေတာ့ကြာ"

"ဘယ္လို..."

"ေမာင္သဝန္တိုလို႔ေသေတာ့မယ္နီရယ္မေန့ညကနီတို႔ေတြကလပ္မွာရိွေနခဲ့တုန္းကလည္းရူးေတာ့မလို႔နီ႔အိမ္ကိုသူလိုက္ပို႔တုန္းကလည္းေမာင္ခံစားရတယ္ကြာ"

ေမာင္ဟာဒါေတြကိုသိေနခဲ့တာလားဒါေၾကာင့္မေန့ညကထူးဆန္းေနတာကိုးဒီေန့လည္းလက္ထပ္မယ္ခ်ည္းဂ်ီတိုက္ေနတာအဲ့တာေတြေၾကာင့္ေပါ့

"ေမာင္....."

ေက်ာေပးထားတဲ့လီ့ခါးေတြကိုဖက္တြယ္ရင္းခြၽဲႏြဲ႔စြာဆိုလာတဲ့ဂ်န္း

"ေမာင္သိေနတယ္လို႔မထင္ထားဘူး"

"အားလံုးကိုသိေပမယ့္မသိခ်င္ေယာင္ေဆာင္ထားတာ"

"နီတစ္ခုေတာ့ေျပာမယ္ေမာင္"

"ေျပာေလ"

"သူနဲ႔ဘာမွမပတ္သက္ဘူးေနာ္အဲ့တာကိုယံုတယ္မလား"

"သူ႔အေပၚမွာနီဘာခံစားခ်က္မွမရိွမွန္းေမာင္သိပါတယ္...ရိွခဲ့ရင္အေစာတည္းကနီ႔ခ်စ္သူျဖစ္ၿပီးတာၾကာေပါ့"

"ေမာင္ကေတာ္သြားၿပီပဲ"

လီ့ေက်ာျပင္ေလးကိုဖြဖြနမ္းတဲ့မဒမ္

"ေနာက္ဆိုေမာင္တို႔ၾကားဘာကိုမွမဖံုးကြယ္ထားေၾကး"

ဂ်န္းဘက္ကိုလွည့္လာရင္းလက္သန္းေလးေထာင္ကာဆိုသည့္ေမာင္

ဂ်န္းလည္းလက္သန္းနဲ႔ျပန္ခ်ိတ္ရင္း

"ကတိေပးတယ္ေမာင္"

ေမာင့္ပါးေလးကိုနမ္းတဲ့ဂ်န္း

"ေမာင့္အသည္းအသက္ေလးမို႔တျခားသူေနာက္ပါသြားရင္ေသသြားႏိုင္တယ္သိလား"

"အင္းပါတို႔ကိုလည္းထားသြားဖို႔မႀကံနဲ႔ေနာ္အဲ့အခါက်မင္းကိုဂုတ္ခ်ိဳးပစ္မယ္"

မ်က္ေစာင္းေလးခဲကာေျပာေနတဲ့မဒမ့္ကိုအသဲယားလို႔တင္းေနေအာင္ဖက္လိုက္တဲ့လီ

"ျပန္ၾကမယ္ေလရွင္းလိုက္ေတာ့"

"မဒမ္ရွင္းရမွာေလ"

ေခါင္းကုတ္ရင္းခပ္တည္တည္နဲ႔ေမာင့္ေၾကာင့္မ်က္ခံုးေတြတန္းသြားတဲ့ဂ်န္း

"စ,မေနစမ္းနဲ႔ေမာင္ရာ...မင္းဝယ္ေကြၽးပါ့မယ္ဆို"

"ဟီးဟီး..ပိုက္ဆံအိတ္ေမ့ခဲ့တယ္"

"တကယ္လား"

"ဟုတ္"

သြားသံုးဆယ့္ႏွစ္ေခ်ာင္းလံုးၿဖီးျပေနတဲ့ေမာင့္ေၾကာင့္ေရွာ့ခ္ရသြားတာဂ်န္း

"ဘယ္လိုခ်စ္သူလဲမသိဘူးသူမ်ားဆီကပဲကပ္စားေနလိုက္"

"ဟြန္႔...ကြၽန္မကခ်စ္သူေလးဝယ္ေကြၽးတဲ့အမဲသားစားရတယ္ဆိုၿပီးအားရဝမ္းသာေနတာအခုေတာ့"

"ဟာကြာ..ဒီေၾကာင္ေပါက္ေလးကအေတာ္စကားမ်ားတာပဲစိတ္ရွည္ေတာ့ဘူးေနာ္အသက္ရႉမရေအာင္နမ္းပစ္လိုက္မွာ"

ဂ်န္းႏွာထိပ္ေလးကိုဖြဖြဆြဲတဲ့ေမာင္

"လုပ္ရဲလုပ္ၾကည့္ေလေသေအာင္ရိုက္ပစ္မွာ"

"​ဂရုဏာတရားႀကီးမားလိုက္တာ"

စပ္ၿဖဲျဖဲေမာင့္မ်က္ႏွာေၾကာင့္မရယ္ရမေနႏိုင္ေတာ့တဲ့ဂ်န္း

တကယ္ပါေမာင္ဟာသိပ္ခ်စ္ဖို႔ေကာင္းတာ

တစ္ခါတစ္ေလလည္းေပါလြန္းတယ္ရုပ္ခံေလးရိွလို႔သာေတာ္ပါေသးတယ္

"ေမာင္ကစ,တာပါကြာပိုက္ဆံပါပါတယ္ေနာက္ကလိုက္ခဲ့ေကာင္တာမွသြားရွင္းလိုက္အုန္းမယ္"

ေကာင္တာဘက္ေလ်ွာက္သြားတဲ့သူ႔ကိုၾကည့္ရင္း...

"အစအေနာက္ကလည္းသန္ပါ့ခ်ယ္ေတာင္အဲ့ေလာက္မဟုတ္ဘူး"

ပိုက္ဆံရွင္းၿပီးသြားေတာ့ေမာင္ကဂ်န္းကိုသူ႔coatေပးလာတယ္

"ဘာလုပ္ရမွာလဲ"

"ဟာ!!!ရုပ္ရွင္ေတြထဲမွာမင္းသားရဲ့coatအက်ီကိုမင္းသမီးကကိုင္ေပးတာေလ"

ေျပာရင္းနဲ႔coatကိုမ်က္စပစ္ေနတဲ့ေမာင့္ေၾကာင့္ဂ်န္းယူလိုက္တယ္

"ခ်စ္သူကိုႏိွပ္စက္လြန္းတဲ့ကေလးႀကီး"

"အတင္းေျပာမယ္ဆိုနမ္းပစ္မွာေနာ္ေၾကာက္ရင္တိတ္တိတ္ေလးလိုက္ခဲ့"

လမ္းမႀကီးမွာအနမ္းခံလို႔မျဖစ္ရွက္စရာေကာင္းတယ္မလား

သူကေျပာရင္ေျပာတဲ့အတိုင္းလုပ္တာေၾကာက္လို႔ေတာ့မဟုတ္ေပမယ့္ရွက္လို႔တိတ္တိတ္ပဲေနလိုက္တယ္

"I just wanna live in this moment forever"

ကားေလးေမာင္းလိုက္သီခ်င္းေလးညီးလိုက္နဲ႔အဆင္ေျပေနတဲ့ေမာင္

ဂ်န္းကေတာ့တစ္လမ္းလံုးဘာစကားမွမေျပာ...

"You're my angel baby"

ကြၽီး!!!

"မင္းကားကိုဘယ္လိုေမာင္းေနတာလဲ"

သူလမ္းေဘးကိုအတင္းထိုးရပ္တာေၾကာင့္ကားဒက္စ္ဘုတ္နဲ႔နဖူးမိတ္ဆက္သြားတဲ့ဂ်န္း

"နာသြားလားဟင္..ေတာင္းပန္ပါတယ္ကြာေမာင္ဝယ္စရာေလးရိွလို႔ပါခဏေနာ္"

နဖူးကိုနမ္းေပးခဲ့ၿပီးထြက္သြားတဲ့ေမာင့္ေၾကာင့္ေနာက္ၾကည့္မွန္ကေနၾကည့္ေတာ့အရုပ္ဝယ္ေနတာထင္တယ္

လမ္းေဘးမွာေရာင္းတဲ့ဆိုင္ေလးတစ္ဆိုင္ပါပဲ

ေမာင္ဝယ္တာဆိုေတာ့ေသခ်ာေပါက္ဂ်န္းအတြက္ေပါ့

"ခ်စ္စရာေကာင္းရဲ့လား နီ"

ကားထဲကိုျပန္ဝင္လာခ်င္းဝယ္လာတဲ့အရုပ္ကိုေထာင္ျပကာေမးတဲ့ေမာင္

"ခ်စ္စရာေလးပဲ"

ဝက္ဝံရုပ္ေလးမို႔ဂ်န္းရဲ့အႀကိဳက္ပဲ

"အဲ့တာတို႔ကိုေပးဖို႔ေပါ့ဟုတ္လား"

"မဟုတ္ပါဘူး"

"မင္းထပ္ၿပီးေနာက္ျပန္ၿပီကြာ"

လီ့လက္ေမာင္းကိုတစ္ခ်က္ရိုက္လိုက္တဲ့မဒမ္

"နာတယ္ေနာ္မရိုက္နဲ႔..ေနာက္ေနတာမဟုတ္ဘူးဒါနီ႔ကိုေပးဖို႔မဟုတ္ဘူး"

"အာ့ဆိုဘယ္သူ႔ကိုလဲ"

"ဒီတိုင္းေကာင္မေလးကိုေပးမလို႔"

အား!!!အ့..

"နီ လြတ္ကြာနာတယ္"

လီ့နားရြက္ျပတ္မတတ္ဆြဲလိမ္ထားတဲ့မဒမ္ေၾကာင့္ငယ္သံပါေအာင္ေအာ္ရေသး

"ဘယ္ကေကာင္မလဲေျပာပါအုန္း"

လက္ပိုက္ရင္းမီးေတာက္ေနတဲ့မ်က္လံုးေတြနဲ႔မဒမ့္ေၾကာင့္ၾကက္သီးေတျြဖန္းခနဲ

"မရိွပါဘူးေနာက္တာဟီးဟီး"

"ေျပာစမ္းပါအမွန္အတိုင္း"

"တကယ္မရိွပါဘူး"

"အား!!!နီနာတယ္လို႔.."

လက္ေမာင္းကိုလာကိုက္တဲ့မဒမ္

"အက်င့္မေကာင္းတဲ့ဟာေလးတို႔ကအသက္ႀကီးေနေတာ့မခ်စ္ခ်င္ေတာ့ဘူးမလားငယ္ငယ္ေခ်ာေခ်ာေလးေတြကိုပဲသေဘာက်တယ္မလား"

ၿပိဳေတာ့မယ့္မိုးလိုဝမ္းနည္းေနရွာတဲ့ခ်စ္သူေလးကိုၾကည့္ၿပီးသေဘာေတြလိွမ့္က်ေနတာလီဆာ

"ခ်စ္စရာေကာင္းလိုက္တာကြာ"

ပါးေတြကိုအတင္းနမ္းေတာ့လူကိုတြန္းၿပီးရိုက္ျပန္ၿပီ

"ေအာ္ေဟာ!!!ဒီေခြးေပါက္ေလးနဲ႔ေတာ့စြာေတးကိုလန္ေနတာပဲကြာ"

"ဘယ္သူကေခြးေပါက္လဲ"

ဆူပုတ္ပုတ္နဲ႔မဒမ္ေၾကာင့္အူေတြယားေနမိတဲ့လီ

"ခုနကလူကိုကိုက္တယ္ေလအဲ့တာေၾကာင့္ေခၚတာ"

"ကိုက္ခ်င္ေအာင္ဘယ္သူလုပ္တာလဲ"

"ေမာင္ကခ်စ္လို႔စ,တာေလကြာ"

"ဟြန္႔..."

"ေရာ့အရုပ္ေလးယူ..နီ႔အတြက္ဆင္းဝယ္ေပးတာဘယ္သူ႔အတြက္မွမဟုတ္ဘူး"

လက္ထဲကဝက္ဝံေလးကိုဇြက္ခနဲဆြဲယူၿပီးရင္ဝယ္ပိုက္တဲ့မဒမ္

"တကယ္ခ်စ္စရာေကာင္းတယ္"

"တို႔ခ်စ္စရာေကာင္းတာတို႔သိတယ္"

"ဟုတ္ကဲ့ပါရွင္"

လီဘာမွထပ္မေျပာေတာ့ပဲကားပဲေမာင္းေနလိုက္တယ္

မၾကာပါဘူးကုမၸဏီကိုျပန္ေရာက္ၿပီ

"လြမ္းေနရေတာ့မယ္"

"တို႔ေရာပဲေလ"

"ခ်စ္တယ္ေနာ္နီ"

ဂ်န္းမ်က္ႏွာကိုဆုပ္ကိုင္ရင္းအနမ္းမိုးေတြရြာခ်ေနတဲ့ေမာင္

"ဒါနဲ႔မင္းသိလား"

"မေျပာရေသးပဲကို"

"အခုေျပာမယ္ေလ"

"ဘာလဲ"

"ဒီေန့ဂ်ံဳအင္ကတို႔ကိုဝက္ဝံရုပ္အႀကီးႀကီးလက္ေဆာင္ေပးေသးတယ္"

"ဘာ!!အဲ့အရုပ္ဘယ္မွာလဲမီးရိႈ႔္ပစ္ရမယ္"

လီ့ကိုၾကည့္ရင္းရယ္ေနတဲ့မဒမ္ေၾကာင့္မ်က္ေမွာင္ႀကံဳ႔လိုက္ရင္း

"ဘာရယ္တာလဲ"

"တို႔ကလက္ခံစရာလားျငင္းလိုက္တာေပါ့လို႔အရူးေလးရဲ့"

"ေကာင္းတယ္အဲ့လူကိုေဝးေဝးေရွာင္ဟုတ္ၿပီေနာ္"

လူႀကီးစတိုင္ဖမ္းၿပီးလူကိုဆံုးမေနျပန္တဲ့အဂ်စ္

"မင္းကအႀကီးလားတို႔ကအႀကီးလား"

"ေမာင္ကအထက္ပုဂၢိုလ္"

လီ့စကားေၾကာင့္မဒမ့္မ်က္ႏွာဟာရဲခနဲ

ရွက္ေသြးျဖာေနျပန္ၿပီေပါ့

"တကယ္ပဲဘာေတြေျပာမွန္းမသိ"

ရွက္လြန္းၿပီးကားေပၚက​ေျပးဆင္းသြားတဲ့မဒမ့္ေၾကာင့္တေသာေသာရယ္ေမာရင္းက်န္ေနခဲ့ရတာလီဆာ..

"ဘယ္လိုဟာေလးလဲမသိလူကိုရွက္ေအာင္သိပ္လုပ္တာပဲ"

ရံုးခန္းထဲမွာထိုင္ရင္းဝက္ဝံေလးကိုဆြဲဆြဲဆိတ္ကာစကားေတြေျပာေနတဲ့မဒမ္

"နင္သိရဲ့လားနီနီ...ေမာင့္ကိုငါကသိပ္ခ်စ္တာဟ"

ဝက္ဝံေလးကိုနီနီလို႔ကင္ပြန္းတပ္ေပးၿပီးတာနဲ႔မဒမ္ဟာသူေျပာခ်င္တာေတြတရစပ္ကိုလြတ္ေနပါေတာ့တယ္

နီနီေလးအတြက္မ်က္ရည္ႏွစ္စက္.....

🌻🌼

"အစ္မအေတာ္ျမဴးေနပါလားလာလီဆာနဲ႔ေတြ့ခဲ့တာမွဟုတ္ရဲ့လား"

အိမ္ထဲကိုျမဴးတူးစြာဝင္လာတဲ့အစ္မေၾကာင့္ခ်ယ္လည္းေပ်ာ္ရတာအမွန္

"ေမာင္နဲ႔ေန့လည္စာစားခဲ့တာ"

"တယ္ဟုတ္ေနၾကတယ္ေပါ့"

"နင္ေရာဂ်ီဆူနဲ႔မေတြ့ဘူးလား"

"ဟင့္အင္းခ်ယ့္ကိုစာေမးပြဲၿပီးမွလာေတြ့ပါလို႔မွာထားတယ္"

"ေၾကာက္သားပဲသူ႔ကို"

"စကားနားေထာင္တာပါေနာ္"

"ဟုတ္ပါၿပီဟယ္"

"လက္ထဲကအရုပ္ကေရာလီဆာေပးတာမွဟုတ္ရဲ့လား"

"အေသအခ်ာေပါ့"

ေျမာက္ႂကြေျမာက္ႂကြနဲ႔ေလွကားေပၚတက္သြားတဲ့အစ္မေၾကာင့္ေခါင္းတခါခါနဲ႔ခ်ယ္

ေရမိုးခ်ိဳးၿပီးညအိပ္ဂါဝန္ေလးနဲ႔မဒမ္ဟာကက္ဆက္ကေနAngel Babyေလးဖြင့္ရင္းကုတင္ေပၚမွာအနားယူေနတယ္

အဆိုေတာ္ကအသံေကာင္းေပမယ့္ဂ်န္းကေတာ့ေမာင္ဆိုတာပဲပိုသေဘာက်မိတယ္

ဘက္လိုက္သလိုျဖစ္ေနမလားမသိေပမယ့္အခ်စ္ဆိုတာအဲ့လိုပဲေလတခါတရံselfishျဖစ္တယ္

ထိုအခ်ိန္ဖုန္းလာလို႔ၾကည့္ေတာ့ဂ်ံဳအင္

"ဟယ္လို"

"ဂ်န္းကိုယ္ေစာင့္ေနတာၾကာေနၿပီဘာလို႔ေရာက္မလာေသးတာလဲ"

"ငါမလာႏိုင္ေတာ့ဘူးဂ်ံဳအင္"

"ဟာ!!!အဲ့လိုမရဘူးေနာ္"

"ဘာမရစရာရိွလဲ"

"အာ့ဆိုငါလီဆာ့ကိုေျပာလိုက္မွာ"

"ေမာင္အားလံုးသိၿပီးေနၿပီ"

"ဂ်န္း..အဲ့လို"

ဂြက္!!!

စိတ္ေပါက္ေပါက္နဲ႔ဖုန္းခ်ပစ္ၿပီးနံပါတ္ပါblockလိုက္တယ္

တကယ္တည္းစိတ္ေလတယ္

××××××××××ဒီFicကိုအခ်ိဳမ်ားမ်ားနဲ႔ေရးဖို႔ပဲစိတ္ကူးလိုက္ပါတယ္

စာဖတ္သူတို႔ကအစပ္မႀကိဳက္ၾကဘူးမလား😝

🤎

There are no comments yet. Log in to be the first to leave a review!

Similar stories