Fanfics

18

15:43, 12 July 2022

(Unicode)

ကလပ်ကအပြန်ကိုလည်းသူငယ်ချင်းတွေရဲ့ကောင်းမှုကြောင့်ရောဂျုံအင်ရဲ့တောင်းဆိုမှုကြောင့်ပါဂျန်းနီသူနဲ့အတူပြန်ခဲ့ရတယ်။

တစ်လမ်းလုံးတော့စကားမပြောဖြစ်ပါ။

အဲ့လိုနဲ့ပဲအိမ်ရှေ့တောင်ရောက်လာပြီ။

"လိုက်ပို့ပေးလို့ကျေးဇူးပါဂျုံအင်"

"ဂျန်းခဏလေး"

ဂျုံအင်ဟာဂျန်းနီရဲ့လက်ကိုဆွဲကိုင်ရင်းတားတာကြောင့်သူမရုန်းလိုက်မိတယ်။

"ဆောရီးကိုယ်တောင်းပန်တယ်"

ဂျုံအင်ဟာသူ့အမှားသူသိသလိုနဲ့ချက်ချင်းပြန်တောင်းပန်တယ်။

"ရပါတယ်ဘာပြောမလို့လဲ"

"ကိုယ့်ကိုသူငယ်ချင်းတွေရှေ့မှာအကောင်းဆုံးဆက်ဆံပေးလို့တကယ်ကျေးဇူးတင်ပါတယ်နော်"

"မလိုပါဘူး"

"ကိုယ်ကြောက်နေခဲ့တာဂျန်းသာလီဆာနဲ့တွဲနေတယ်လို့ပြောလိုက်ရင်ဘယ်နှယ့်လုပ်ဆိုပြီး"

"ဂျန်းလည်းတစ်သက်လုံးတော့ဒီလိုကြီးမသွားပေးနိုင်ဘူးဂျုံအင်"

"ကိုယ်သိပါတယ်"

ဂျုံအင်ဟာသူ့ကိုဂျန်းနီကငါလို့မသုံးတော့ပဲဂျန်းဆိုပြီးပြန်သုံးနှုန်းလိုက်တာကြောင့်သဘောတွေကျနေတယ်ထင်ပါတယ်။

စကားပြောတာတောင်မျက်နှာကြီးကပြုံးလို့...

"အခုတော့ဂျန်းနားချင်ပြီ"

"အင်းပါကိုယ်လည်းပြန်တော့မယ်"

ဂျန်းနီကားပေါ်ကဆင်းတော့ဂျုံအင်ကလှမ်းပြောသေးတယ်။

"မနက်ဖြန်တွေ့မယ်တဲ့လေ"သူနဲ့အလုပ်အတူလုပ်ရမှာတွေးရင်းလူကအလိုလိုသက်ပြင်းတွေချမိတယ်။

ဂျုံအင့်ကားထွက်သွားတာကိုသေချာအောင်ကြည့်ပြီးမှခြံတံခါးဖွင့်ဝင်ဖို့အလုပ်ကြားလိုက်ရတဲ့ဆိုင်ကယ်သံကြောင့်တုန်တောင်တက်သွားမိတယ်။

"မောင်...."

"နီ.."

မောင်ဟာဂျုံအင်နဲ့ဆန့်ကျင်ဘက်ကနေဆိုင်ကယ်နဲ့ဘွားခနဲပေါ်လာတာ။

တော်ပါသေးတယ်။ဂျုံအင်နဲ့ဂျန်းကိုသူမမြင်သွားလို့။

"ဘာလာလုပ်တာလဲမောင်"

"နီ့ကိုလွမ်းလို့လေကွာ"

မောင့်ကိုအခုမှကြည့်မိတယ်။မျက်လုံးလေးတွေရဲပြီးမျက်အိမ်လည်းဖောင်းနေသလို။

ဂျန်းပဲစိတ်ထင်နေတာများလား။

"စာမလုပ်ပဲနဲ့"

"စာတွေကရပြီးသားပါကွာနှစ်တိုင်းဖြေနေရတော့minorဖြစ်နေပြီ"

တကယ်ဘယ်လိုအဆိုးလေးမှန်းမသိ၊စာသင်နှစ်တစ်ခုကိုနှစ်နှစ်လောက်တက်တာတဲ့လေ...

"အိမ်ထဲလိုက်ခဲ့မလားမောင်"

မောင်ဟာဂျန်းစကားကြောင့်ပြုံးပြုံးလေးနဲ့ခေါင်းကိုတဆတ်ဆတ်ကငြိမ့်သေး။

"အစ်မပြန်လာပြီလား"

"အွန်း..."

"အမလေးသူကဘယ်လိုပါလာတာလဲ"

တီဗီထိုင်ကြည့်နေတဲ့ချယ်ဟာမောင့်ကိုတွေ့တော့မျက်မှောင်ကြုံ့ရင်းမေးတယ်။

"ခြံရှေ့မှာတွေ့လို့ခေါ်လာတာ"

"နင်ဆိုသည်မှာလည်းနော်အဖြစ်ကိုသည်းတယ်။ငါ့အစ်မနဲ့တစ်ရက်လေးမတွေ့ရလို့သေမှာကျနေတာပဲ"

"ဘာဖြစ်လဲလွမ်းလို့လေဟာ"

"ကဲနှစ်ယောက်လုံးတော်လိုက်တော့။မောင်အပေါ်ထပ်လိုက်ခဲ့"

လှေကားကိုတက်တော့လည်းမောင်ဟာဂျန်းလက်လေးကိုနောက်ကကိုင်ရင်းလိုက်လာတာ။

ဒီကလေးနည်းနည်းတော့ထူးခြားနေသလိုပဲ။စာတွေလုပ်ရလို့များပင်ပန်းနေတာလား။

ကလပ်ကနေပြီးမဒမ့်အိမ်ကိုအမြန်မောင်းလာကာခြံရှေ့မှာစောင့်နေခဲ့တာ။

သိပ်မကြာပါဘူးဟိုလူ့ကားကိုလှမ်းတွေ့တော့မောင်းထွက်လာပြီးသူတို့ကိုပြန်ချောင်းနေခဲ့တယ်။

ကားထဲမှာဘာတွေပြောနေကြလည်းလီဆာမကြားရပေမယ့်ဂျုံအင်ရဲ့မျက်နှာကြီးပြုံးနေတာတော့ကွက်ကွက်ကွင်းကွင်းတွေ့ရပါတယ်။

မဒမ်ကအဲ့ဘဲကားထွက်တဲ့အထိစောင့်ကြည့်ပြီးမှအထဲဝင်ဖို့အလုပ်လီဆာဆိုင်ကယ်နဲ့ပြန်ရောက်လာတာ။

မဒမ်သာလီဆာ့ကိုတစ်ခုခုပြောပြရင်သိပ်ကောင်းမှာပဲ။အဲ့ဘဲနဲ့ပြန်ပြီးသူငယ်ချင်းလုပ်နေတယ်တို့ဘာတို့ပေါ့။

မဒမ့်အခန်းထဲကိိုပထမဆုံးရောက်ဖူးခြင်း၊ရင့်ကျက်တဲ့သူပီပီအိပ်ခန်းကအစလူကြီးဆန်လွန်းတယ်။

သပ်သပ်ရပ်ရပ်ရှိလွန်းလှတဲ့အပြင်အဆင်တွေနဲ့လေ။

"မောင်ညစာစားပြီးပြီလား"

"မစားရသေးဘူး"

မဒမ်ကအပေါ်ထပ်အကျီတွေကိုချွတ်နေပြီဂဆံပင်စီးဖို့ပြင်နေတယ်။မဒမ့်လှုပ်ရှားမှုတွေကလှလွန်းလို့လီဆာအကြည့်မလွဲနိုင်ပဲကြည့်နေမိတယ်။

"မင်းကတော့ကျန်းမာရေးထိခိုက်ရင်ဘယ်လိုလုပ်မလဲ"

"ညစာမစားလို့ဘာမှမဖြစ်ပါဘူး"

"မင်းကိုဘယ်သူပြောလဲ"

"နီကလည်းတချို့တွေညစာမစားပဲဝိတ်ချတဲ့လူတွေလည်းရှိတာပဲလေ"

အဂျစ်ဟာစကားကိုကပ်သပ်ပြီးလည်းပြောတတ်သေး...

"တို့ဘာပြင်ပေးရမလဲမောင်"

လီ့မျက်ဝန်းတွေကိုစိုက်ကြည့်ရင်းမေးလာတဲ့မဒမ်ဟာလှလွန်းလို့မျက်တောင်မခတ်ငေးနေမိတယ်။

ဆံပင်စီးလိုက်ရင်မိန်းကလေးတွေဒီလောက်လှကြတာလားဟင်။

မဟုတ်လောက်ပါဘူး၊မဒမ်ကိုကPonytailနဲ့လှတာ။

"မင်းပေါက်ကရတွေတော့မတွေးနဲ့နော်"

မဒမ်ဟာလက်ဖျောက်တစ်ချက်တီးရင်းစားပွဲပေါ်ကLaptopဆီရောက်သွားပြန်တယ်။

"အလုပ်လုပ်ဖို့ရှိလို့လား"

"အွန်းဟုတ်တယ်"

"ဒါဆိုမောင်ပြန်တော့မယ်လေ"

"နေပါအုန်း...တို့လည်းမင်းကိုလွမ်းနေတာကို"

မဒမ်ဟာမျက်နှာငယ်လေးနဲ့ဆိုရင်းလီ့ကိုလာဖက်တယ်။လီလည်းမဒမ့်ကိုတင်းနေအောင်ပြန်ဖက်ထားလိုက်တယ်။

"မဒမ့်ဆီကAlcoholနံ့ရတယ်"

"တို့သူငယ်ချင်းတွေနဲ့နည်းနည်းသောက်လာတာ"

မောင်ဟာအနံ့ခံကောင်းသား၊သူငယ်ချင်းတွေနဲ့သောက်တာလို့ပြောလိုက်ရတာလည်းခပ်လန့်လန့်နောက်ဆက်တွဲတွေဆက်မေးရင်ဘယ်နှယ့်လုပ်မလဲ။

"မောင်သိတဲ့သူပါလား"

"မပါပါဘူးမောင်ရဲ့၊မင်းသိတဲ့သူကဂျုံအင်ပဲရှိတာလေ။ကျန်တဲ့သူတွေနဲ့တို့နောက်မှမိတ်ဆက်ပေးမယ်"

မဒမ်ဘာလို့လီ့ကိုလိမ်တာလဲအမှန်ကိုသာပြောမယ်ဆိုလီ့ရင်ထဲကအစိုင်အခဲကြီးကြေပျက်သွားမှာလေ။အခုတော့ပိုလို့တောင်ရင်လေးနေမိပြီ။

"မင်းဘာတွေတွေးနေတာလဲ"

"ဘာမှမဟုတ်ပါဘူးချစ်တယ်"

လီ့ရဲ့စကားမှာအံ့သြပြီးပါးစပ်အဟောင်းသားဖြစ်နေတာမဒမ်ဟာသိပ်လှတာပဲ။ဘယ်တော့မှငြီးငွေ့သွားမှာမဟုတ်တဲ့မဒမ့်အလှတရားတွေ။

မောင်ဟာလူကိုရုတ်တရက်ရင်ခုန်အောင်သိပ်လုပ်တာပဲ။ဘာမှလည်းမဆိုင်ပဲချစ်တယ်တဲ့။

"တို့လည်းမင်းကိုချစ်တာပေါ့"

မောင့်ရဲ့အထိမခံတဲ့ဆံမြိတ်လေးကိုဂျန်းလက်ဖဝါးလေးနဲ့ဖိတော့....

"မောင့်နဖူးလေးကိုမနမ်းချင်ဘူးလား"

"နမ်းရမလား"

"အွန်း"

ချစ်သူတွေစဖြစ်ကတည်းကမောင့်နဖူးကိုမနမ်းဖူးသေး၊ဒါကြောင့်အခုတော့နမ်းလိုက်တယ်။

"မောင့်ကိုထားမသွားရဘူးနော်"

"တို့ကမင်းကိုပဲချစ်တာလေဘာလို့ထားခဲ့ရမှာလဲ"

"အင်းပါ"

မောင့်မျက်လုံးတွေဟာဝမ်းနည်းနေသလိုပဲဂျန်းရင်ထဲလည်းတစ်မျိုးဖြစ်နေတယ်။

မောင်ဘာလို့အဲ့လိုဖြစ်နေတာပါလိမ့်။ဂျုံအင်နဲ့မြင်သွားလို့ဆိုလည်းပြဿနာတန်းရှာမယ့်လူစားပါ။

"မောင်ပြန်တော့မယ်နော်"

"အိမ်ရောက်ရင်စောစောအိပ်နော်"

"ဟုတ်ကဲ့ပါ"

မောင်ဟာဂျန်းကိုတောင်မကြည့်တော့ပဲတံခါးဆီဦးတည်သွားတယ်။မထွက်ခင်တော့ပြောသွားသေးသူ့ကိုလိုက်မပို့နဲ့တော့တဲ့လေ။

မောင့်ကိုပြတင်းပေါက်ကနေစောင့်ကြည့်နေရတာပေါ့။

တွေ့ပါပြီဂျန်းအချစ်ဆုံးလေးထွက်လာတာကို၊ချယ်လိုက်ပို့ပေးတာပဲ။မောင်စိတ်ညစ်စရာတစ်ခုခုများရှိနေတာလားကွာ။

ခြေလှမ်းတွေကအစအရင်လိုမတက်ကြွသလိုပဲ။မောင်ဟာactiveဖြစ်လွန်းတဲ့လူငယ်ပါ။စာလုပ်ရတာအဲ့လောက်မုန်းတာလားမောင်။

သူမကြောင့်နာကျင်နေရတဲ့သူ့အားစာလုပ်ရလို့စိတ်ညစ်နေတာဖြစ်မယ်လို့သူမတွေးလိုက်ပြီးအလုပ်ဆက်လုပ်နေလိုက်သည်။

🌻🌼

ဒီနေ့မနက်အစောကြီးနိုးနေတဲ့လီဆာ့ကြောင့်တစ်အိမ်သားလုံးပါးစပ်အဟောင်းသား။

"လီလီ...ထူးထူးဆန်းဆန်းစောစောစီးစီးနိုးလို့ပါလား"

စိတ်ညစ်လွန်းလို့ကျောင်းလည်းမသွားချင်တာနဲ့ခြံထဲမှာထိုင်နေတုန်းမေမေကရောက်လာပြန်တယ်။

"လီလီအခုတလောစောစောထနေကျပါ"

"ကောင်မလေးကြောင့်မလား"

"ဟင်ဘယ်လိုသိတာလဲ"

"အံမယ်!!ကျွန်မကရှင့်လိုအဆိုးလေးကိုမွေးထုတ်ထားတဲ့မိခင်ကြီးပါနော်သိတာပေါ့"

"လီလီပြောပြမလို့ပါပဲစကားမဆက်မိသေးတာနဲ့မပြောသေးတာမေမေ"

"သူ့ကိုအရမ်းချစ်တယ်ပေါ့"

"နီကလီလီရဲ့အချစ်ရဆုံးပါမေမေ"

"ခေါ်လာခဲ့အုန်းလေတွေ့ဖူးချင်လို့၊မေမေ့သမီးအဆိုးလေးကိုအရင်လောက်မဆိုးနိုင်တော့အောင်လုပ်နိုင်တယ်ဆိုတော့ဘယ်ဆိုးလို့လဲတော်သားပဲ"

"နီကအခုတလောအလုပ်ရှုပ်နေတာမေမေရဲ့"

"ဒါဆိုလည်းသူအားမှပေါ့"

"ဟုတ်ကဲ့မေမေ"

"ဒီနှစ်တော့စာမေးပွဲအောင်အောင်ဖြေတော့မယ်ပေါ့ဟုတ်လား"

"ဟီးဟီးအောင်မှဖြစ်မယ်မေမေရ...တော်ကြာ နီ ဆူတာခံရလိမ့်မယ်"

ရယ်ကျဲကျဲနဲ့ပြောနေတဲ့လီ့ကိုကြည့်ပြီးမေမေကတော့သဘောတွေကျနေလေတယ်။

စိတ်ထဲကနေလည်းမတော်ရသေးတဲ့ချွေးမလေးကိုကျေးဇူးတွေအထပ်ထပ်တင်ရင်း....

"အင်းပါ..ဒီနေ့ရောကျောင်းမသွားဘူးလား"

"မသွားဘူးမေမေနားမလို့"

"သဘောပဲလေဒါဆိုမေမေအထဲဝင်ပြီနော်"

လီမေမေ့ကိုခေါင်းပဲငြိမ့်ပြလိုက်တယ်။

တစ်ယောက်တည်းကျန်နေခဲ့တော့ထပ်တွေးနေမိတာဂျုံအင့်အကြောင်း.....

မဒမ့်ကိုယုံကြည်ပေမယ့်တကယ်လို့များအဲ့လူကိုသာမဒမ်ရွေးချယ်သွားရင်ဘယ်လိုလုပ်မလဲလို့တွေးပူနေရတယ်။

မဒမ်ကဦးနှောက်ကိုဦးစားပေးလွန်းတာလီအသိဆုံးပဲလေ။

လီအဲ့လူကိုလုံးဝမရှုံးချင်ဘူးမဒမ့်ကိုပိုင်ဆိုင်ရတဲ့သူဟာလီပဲဖြစ်ရမယ်ကင်ဂျုံအင်မဖြစ်စေရဘူး။

🌻🌼

တစ်နေ့လုံးထုတ်ကုန်အသစ်ကြောင့်လူလည်းယားလို့တောင်မကုတ်နိုင်ဘူး။

ဒီဟာမြန်မြန်စျေးကွက်ဖြန့်မှအားလုံးအဆင်ပြေသွားမှာ၊ဂျုံအင်ကကုမ္ပဏီမှာတစ်ချိန်လုံးရှိနေတာကြောင့်ဂျန်းမှာရင်တမမနဲ့ပဲ။

မောင်သာရောက်ချလာရင်ပြဿနာတွေတက်မှာ...

"ဂျန်း..."

ပြောလို့မှမဆုံးသေးအနှောင့်အယှက်ကရောက်လာပြီ။

ကြည့်လက်စဖိုင်ကနေအကြည့်လွဲရင်းသူ့ကိုကြည့်တော့လက်ထဲဝက်ဝံရုပ်ကပါသေး။

"ဂျန်းအတွက်လက်ဆောင်"

"အားတော့နာပါတယ်လက်မခံပါရစေနဲ့"

"ဂျန်းကလည်းကွာသူငယ်ချင်းအချင်းချင်းပေးတာပါယူလို့ရပါတယ်"

"နောက်အဲ့လိုတွေမလုပ်ပါနဲ့တော့ဂျုံအင် ဂျန်းဒါကိုလည်းလက်မခံပါရစေနဲ့၊ပြန်ယူသွားလိုက်ပါတောင်းပန်ပါတယ်ရှင်"

အရင်ကတော့သူပေးတဲ့လက်ဆောင်တွေကိုအားနာနာနဲ့ယူခဲ့ပေမယ့်အခုကျအားနာနေလို့မဖြစ်တော့ဘူးလေ။

တစ်ခါတည်းရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားတွေလုပ်ထားမှတော်ကာကျမှာမလား။

"ဂျန်းကလည်းကွာ..ပြီးတာပဲလေကိုယ်လမ်းမှာတွေ့တဲ့ကလေးကိုပဲလက်ဆောင်ပေးလိုက်တော့မယ်"

"အဲ့တာ​ကောင်းပါတယ်ကုသိုလ်ရတာပေါ့"

🎶You don't know babe.....

ဖုန်းလာလို့ဘယ်သူများလဲမှတ်တယ်။

သိပ်ချစ်ရတဲ့လူသားလေး...

"ဟယ်လိုမောင်"

ဂျုံအင်ကတော့ထွက်မသွားသေး၊ဘာပြောဖို့ရပ်စောင့်နေသေးလည်းမသိ။

"ဟင်ဘယ်လိုဘယ်လိုအောက်မှာရောက်နေတယ်"

ဂျန်းလိုက်ကာကိုအနည်းငယ်လှပ်ကြည့်တော့ကားအပြာရောင်လေးနဲ့မောင်ဟာလက်ပြပြီးကနှုတ်ဆက်နေသေး။

လိုက်ကာကိုအကုန်လည်းမလှပ်ရဲ။တော်ကြာဂျုံအင့်ကိုတွေ့သွားရင်ပြဿနာတက်မှာလေ။

"တို့ဆင်းလာခဲ့မယ်နော်မောင်"

ဖုန်းကိုချပြီးအိတ်ကိုယူတော့...

"သူဘာပြောတာလဲ"

"အဲ့တာဂျုံအင်နဲ့မဆိုင်ဘူးထင်ပါတယ်"

"ကိုယ်မေးတာကိုဖြေလေ"

"အ့!!လက်ကိုအခုလွတ်နော်"

ဂျုံအင်ဟာဂျန်းလက်ကိုအတင်းဆွဲထားတာကြောင့်အော်ငေါက်လိုက်ခြင်း။

"ကိုယ်သာအခုသူ့ကိုသွားတွေ့လိုက်ရင်ဘာတွေဖြစ်သွားမယ်ထင်လဲဂျန်း"

"နင်အခုငါ့ကိုခြိမ်းခြောက်နေတာလား"

"ကိုယ်ကပြောပြရုံသက်သက်ပါ"

"ကျစ်!!!ငါ့လက်ကိုလွတ်လို့"

သူမသဘောကျလွတ်ပေးလိုက်တယ်။

"မောင့်ကိုထွက်တွေ့ဖို့မစဥ်းစားနဲ့အခုသူကငါနဲ့အတူနေ့လည်စာစားဖို့လာခေါ်တာရပြီလား"

"ခဏနေပါအုန်း"

"ဘာဖြစ်ပြန်ပြီလဲဟာ"

စိတ်ပျက်စွာစကားဆိုတဲ့သူမကိုကြည့်ပြီးဂျုံအင်မဲ့ပြုံးပြုံးလိုက်တယ်။

"ကိုယ့်ကိုထွက်မတွေ့စေချင်ရင်ဒီညကိုယ်နဲ့အတူညစာစားပေး"

"ဘာ"

"လက်မခံရင်တော့ထွက်တွေ့ရုံပေါ့သူ့လိုပုံမျိုးနဲ့ဆိုတဇွတ်ထိုးတွေလုပ်မှာအသေအချာပဲနော်ဂျန်း..."

"နောက်ပြီးသူ့ကိုလိမ်ထားတဲ့ဂျန်းကိုလည်းမုန်းသွားမှာ"

ဟားဟားဟား!!!

"လူယုတ်မာ"

"ကိုယ့်ကိုအဲ့လိုဖြစ်အောင်လုပ်တာမင်းပဲလေ"

"ငါလက်ခံတယ်ရပြီလား"

"ဒီလိုမှပေါ့ကွာ"

သူ့မျက်နှာရောအသံပါမမြင်ချင်မကြားချင်လို့ရုံးခန်းထဲကချက်ချင်းထွက်လာတယ်။

မုန်းစရာကောင်းလွန်းတဲ့သူ၊အရင်ကတော့လူကြီးလူကောင်းဆန်တယ်ထင်တာစရိုက်အမှန်တွေပေါ်လာမှပဲသိတော့တယ်။

သိုးရေခြုံတဲ့ဝံပုလွေပဲဆိုတာ....

××××××××မနက်ဖြန်ကျK Upမသေချာပါဘူးနော်။

အပြင်သွားဖို့လေးရှိတာကြောင့်ယောရော်ဘွန်း😊

မိုးအေးတာကြောင့်ဂရုစိုက်ကြပါ🤗

🤎××××××××(Zawgyi)

ကလပ္ကအျပန္ကိုလည္းသူငယ္ခ်င္းေတြရဲ့ေကာင္းမႈေၾကာင့္ေရာဂ်ံဳအင္ရဲ့ေတာင္းဆိုမႈေၾကာင့္ပါဂ်န္းနီသူနဲ႔အတူျပန္ခဲ့ရတယ္။

တစ္လမ္းလံုးေတာ့စကားမေျပာျဖစ္ပါ။

အဲ့လိုနဲ႔ပဲအိမ္ေရ႔ွေတာင္ေရာက္လာၿပီ။

"လိုက္ပို႔ေပးလို႔ေက်းဇူးပါဂ်ံဳအင္"

"ဂ်န္းခဏေလး"

ဂ်ံဳအင္ဟာဂ်န္းနီရဲ့လက္ကိုဆြဲကိုင္ရင္းတားတာေၾကာင့္သူမရုန္းလိုက္မိတယ္။

"ေဆာရီးကိုယ္ေတာင္းပန္တယ္"

ဂ်ံဳအင္ဟာသူ႔အမွားသူသိသလိုနဲ႔ခ်က္ခ်င္းျပန္ေတာင္းပန္တယ္။

"ရပါတယ္ဘာေျပာမလို႔လဲ"

"ကိုယ့္ကိုသူငယ္ခ်င္းေတြေရ႔ွမွာအေကာင္းဆံုးဆက္ဆံေပးလို႔တကယ္ေက်းဇူးတင္ပါတယ္ေနာ္"

"မလိုပါဘူး"

"ကိုယ္ေၾကာက္ေနခဲ့တာဂ်န္းသာလီဆာနဲ႔တြဲေနတယ္လို႔ေျပာလိုက္ရင္ဘယ္ႏွယ့္လုပ္ဆိုၿပီး"

"ဂ်န္းလည္းတစ္သက္လံုးေတာ့ဒီလိုႀကီးမသြားေပးႏိုင္ဘူးဂ်ံဳအင္"

"ကိုယ္သိပါတယ္"

ဂ်ံဳအင္ဟာသူ႔ကိုဂ်န္းနီကငါလို႔မသံုးေတာ့ပဲဂ်န္းဆိုၿပီးျပန္သံုးႏႈန္းလိုက္တာေၾကာင့္သေဘာေတြက်ေနတယ္ထင္ပါတယ္။

စကားေျပာတာေတာင္မ်က္ႏွာႀကီးကၿပံဳးလို႔...

"အခုေတာ့ဂ်န္းနားခ်င္ၿပီ"

"အင္းပါကိုယ္လည္းျပန္ေတာ့မယ္"

ဂ်န္းနီကားေပၚကဆင္းေတာ့ဂ်ံဳအင္ကလွမ္းေျပာေသးတယ္။

"မနက္ျဖန္ေတြ့မယ္တဲ့ေလ"သူနဲ႔အလုပ္အတူလုပ္ရမွာေတြးရင္းလူကအလိုလိုသက္ျပင္းေတြခ်မိတယ္။

ဂ်ံဳအင့္ကားထြက္သြားတာကိုေသခ်ာေအာင္ၾကည့္ၿပီးမွၿခံတံခါးဖြင့္ဝင္ဖို႔အလုပ္ၾကားလိုက္ရတဲ့ဆိုင္ကယ္သံေၾကာင့္တုန္ေတာင္တက္သြားမိတယ္။

"ေမာင္...."

"နီ.."

ေမာင္ဟာဂ်ံဳအင္နဲ႔ဆန္႔က်င္ဘက္ကေနဆိုင္ကယ္နဲ႔ဘြားခနဲေပၚလာတာ။

ေတာ္ပါေသးတယ္။ဂ်ံဳအင္နဲ႔ဂ်န္းကိုသူမျမင္သြားလို႔။

"ဘာလာလုပ္တာလဲေမာင္"

"နီ႔ကိုလြမ္းလို႔ေလကြာ"

ေမာင့္ကိုအခုမွၾကည့္မိတယ္။မ်က္လံုးေလးေတြရဲၿပီးမ်က္အိမ္လည္းေဖာင္းေနသလို။

ဂ်န္းပဲစိတ္ထင္ေနတာမ်ားလား။

"စာမလုပ္ပဲနဲ႔"

"စာေတြကရၿပီးသားပါကြာႏွစ္တိုင္းေျဖေနရေတာ့minorျဖစ္ေနၿပီ"

တကယ္ဘယ္လိုအဆိုးေလးမွန္းမသိ၊စာသင္ႏွစ္တစ္ခုကိုႏွစ္ႏွစ္ေလာက္တက္တာတဲ့ေလ...

"အိမ္ထဲလိုက္ခဲ့မလားေမာင္"

ေမာင္ဟာဂ်န္းစကားေၾကာင့္ၿပံဳးၿပံဳးေလးနဲ႔ေခါင္းကိုတဆတ္ဆတ္ကၿငိမ့္ေသး။

"အစ္မျပန္လာၿပီလား"

"အြန္း..."

"အမေလးသူကဘယ္လိုပါလာတာလဲ"

တီဗီထိုင္ၾကည့္ေနတဲ့ခ်ယ္ဟာေမာင့္ကိုေတြ့ေတာ့မ်က္ေမွာင္ႀကံဳ႔ရင္းေမးတယ္။

"ၿခံေရ႔ွမွာေတြ့လို႔ေခၚလာတာ"

"နင္ဆိုသည္မွာလည္းေနာ္အျဖစ္ကိုသည္းတယ္။ငါ့အစ္မနဲ႔တစ္ရက္ေလးမေတြ့ရလို႔ေသမွာက်ေနတာပဲ"

"ဘာျဖစ္လဲလြမ္းလို႔ေလဟာ"

"ကဲႏွစ္ေယာက္လံုးေတာ္လိုက္ေတာ့။ေမာင္အေပၚထပ္လိုက္ခဲ့"

ေလွကားကိုတက္ေတာ့လည္းေမာင္ဟာဂ်န္းလက္ေလးကိုေနာက္ကကိုင္ရင္းလိုက္လာတာ။

ဒီကေလးနည္းနည္းေတာ့ထူးျခားေနသလိုပဲ။စာေတြလုပ္ရလို႔မ်ားပင္ပန္းေနတာလား။

ကလပ္ကေနၿပီးမဒမ့္အိမ္ကိုအျမန္ေမာင္းလာကာၿခံေရ႔ွမွာေစာင့္ေနခဲ့တာ။

သိပ္မၾကာပါဘူးဟိုလူ႔ကားကိုလွမ္းေတြ့ေတာ့ေမာင္းထြက္လာၿပီးသူတို႔ကိုျပန္ေခ်ာင္းေနခဲ့တယ္။

ကားထဲမွာဘာေတြေျပာေနၾကလည္းလီဆာမၾကားရေပမယ့္ဂ်ံဳအင္ရဲ့မ်က္ႏွာႀကီးၿပံဳးေနတာေတာ့ကြက္ကြက္ကြင္းကြင္းေတြ့ရပါတယ္။

မဒမ္ကအဲ့ဘဲကားထြက္တဲ့အထိေစာင့္ၾကည့္ၿပီးမွအထဲဝင္ဖို႔အလုပ္လီဆာဆိုင္ကယ္နဲ႔ျပန္ေရာက္လာတာ။

မဒမ္သာလီဆာ့ကိုတစ္ခုခုေျပာျပရင္သိပ္ေကာင္းမွာပဲ။အဲ့ဘဲနဲ႔ျပန္ၿပီးသူငယ္ခ်င္းလုပ္ေနတယ္တို႔ဘာတို႔ေပါ့။

မဒမ့္အခန္းထဲကိုပထမဆံုးေရာက္ဖူးျခင္း၊ရင့္က်က္တဲ့သူပီပီအိပ္ခန္းကအစလူႀကီးဆန္လြန္းတယ္။

သပ္သပ္ရပ္ရပ္ရိွလြန္းလွတဲ့အျပင္အဆင္ေတြနဲ႔ေလ။

"ေမာင္ညစာစားၿပီးၿပီလား"

"မစားရေသးဘူး"

မဒမ္ကအေပၚထပ္အက်ီေတြကိုခြၽတ္ေနၿပီဂဆံပင္စီးဖို႔ျပင္ေနတယ္။မဒမ့္လႈပ္ရွားမႈေတြကလွလြန္းလို႔လီဆာအၾကည့္မလြဲႏိုင္ပဲၾကည့္ေနမိတယ္။

"မင္းကေတာ့က်န္းမာေရးထိခိုက္ရင္ဘယ္လိုလုပ္မလဲ"

"ညစာမစားလို႔ဘာမွမျဖစ္ပါဘူး"

"မင္းကိုဘယ္သူေျပာလဲ"

"နီကလည္းတခ်ိဳ႕ေတြညစာမစားပဲဝိတ္ခ်တဲ့လူေတြလည္းရိွတာပဲေလ"

အဂ်စ္ဟာစကားကိုကပ္သပ္ၿပီးလည္းေျပာတတ္ေသး...

"တို႔ဘာျပင္ေပးရမလဲေမာင္"

လီ့မ်က္ဝန္းေတြကိုစိုက္ၾကည့္ရင္းေမးလာတဲ့မဒမ္ဟာလွလြန္းလို႔မ်က္ေတာင္မခတ္ေငးေနမိတယ္။

ဆံပင္စီးလိုက္ရင္မိန္းကေလးေတြဒီေလာက္လွၾကတာလားဟင္။

မဟုတ္ေလာက္ပါဘူး၊မဒမ္ကိုကPonytailနဲ႔လွတာ။

"မင္းေပါက္ကရေတြေတာ့မေတြးနဲ႔ေနာ္"

မဒမ္ဟာလက္ေဖ်ာက္တစ္ခ်က္တီးရင္းစားပြဲေပၚကLaptopဆီေရာက္သြားျပန္တယ္။

"အလုပ္လုပ္ဖို႔ရိွလို႔လား"

"အြန္းဟုတ္တယ္"

"ဒါဆိုေမာင္ျပန္ေတာ့မယ္ေလ"

"ေနပါအုန္း...တို႔လည္းမင္းကိုလြမ္းေနတာကို"

မဒမ္ဟာမ်က္ႏွာငယ္ေလးနဲ႔ဆိုရင္းလီ့ကိုလာဖက္တယ္။လီလည္းမဒမ့္ကိုတင္းေနေအာင္ျပန္ဖက္ထားလိုက္တယ္။

"မဒမ့္ဆီကAlcoholနံ႔ရတယ္"

"တို႔သူငယ္ခ်င္းေတြနဲ႔နည္းနည္းေသာက္လာတာ"

ေမာင္ဟာအနံ႔ခံေကာင္းသား၊သူငယ္ခ်င္းေတြနဲ႔ေသာက္တာလို႔ေျပာလိုက္ရတာလည္းခပ္လန္႔လန္႔ေနာက္ဆက္တြဲေတြဆက္ေမးရင္ဘယ္ႏွယ့္လုပ္မလဲ။

"ေမာင္သိတဲ့သူပါလား"

"မပါပါဘူးေမာင္ရဲ့၊မင္းသိတဲ့သူကဂ်ံဳအင္ပဲရိွတာေလ။က်န္တဲ့သူေတြနဲ႔တို႔ေနာက္မွမိတ္ဆက္ေပးမယ္"

မဒမ္ဘာလို႔လီ့ကိုလိမ္တာလဲအမွန္ကိုသာေျပာမယ္ဆိုလီ့ရင္ထဲကအစိုင္အခဲႀကီးေၾကပ်က္သြားမွာေလ။အခုေတာ့ပိုလို႔ေတာင္ရင္ေလးေနမိၿပီ။

"မင္းဘာေတြေတြးေနတာလဲ"

"ဘာမွမဟုတ္ပါဘူးခ်စ္တယ္"

လီ့ရဲ့စကားမွာအံ့ၾသၿပီးပါးစပ္အေဟာင္းသားျဖစ္ေနတာမဒမ္ဟာသိပ္လွတာပဲ။ဘယ္ေတာ့မွၿငီးေငြ့သြားမွာမဟုတ္တဲ့မဒမ့္အလွတရားေတြ။

ေမာင္ဟာလူကိုရုတ္တရက္ရင္ခုန္ေအာင္သိပ္လုပ္တာပဲ။ဘာမွလည္းမဆိုင္ပဲခ်စ္တယ္တဲ့။

"တို႔လည္းမင္းကိုခ်စ္တာေပါ့"

ေမာင့္ရဲ့အထိမခံတဲ့ဆံၿမိတ္ေလးကိုဂ်န္းလက္ဖဝါးေလးနဲ႔ဖိေတာ့....

"ေမာင့္နဖူးေလးကိုမနမ္းခ်င္ဘူးလား"

"နမ္းရမလား"

"အြန္း"

ခ်စ္သူေတြစျဖစ္ကတည္းကေမာင့္နဖူးကိုမနမ္းဖူးေသး၊ဒါေၾကာင့္အခုေတာ့နမ္းလိုက္တယ္။

"ေမာင့္ကိုထားမသြားရဘူးေနာ္"

"တို႔ကမင္းကိုပဲခ်စ္တာေလဘာလို႔ထားခဲ့ရမွာလဲ"

"အင္းပါ"

ေမာင့္မ်က္လံုးေတြဟာဝမ္းနည္းေနသလိုပဲဂ်န္းရင္ထဲလည္းတစ္မ်ိဳးျဖစ္ေနတယ္။

ေမာင္ဘာလို႔အဲ့လိုျဖစ္ေနတာပါလိမ့္။ဂ်ံဳအင္နဲ႔ျမင္သြားလို႔ဆိုလည္းျပႆနာတန္းရွာမယ့္လူစားပါ။

"ေမာင္ျပန္ေတာ့မယ္ေနာ္"

"အိမ္ေရာက္ရင္ေစာေစာအိပ္ေနာ္"

"ဟုတ္ကဲ့ပါ"

ေမာင္ဟာဂ်န္းကိုေတာင္မၾကည့္ေတာ့ပဲတံခါးဆီၪီးတည္သြားတယ္။မထြက္ခင္ေတာ့ေျပာသြားေသးသူ႔ကိုလိုက္မပို႔နဲ႔ေတာ့တဲ့ေလ။

ေမာင့္ကိုျပတင္းေပါက္ကေနေစာင့္ၾကည့္ေနရတာေပါ့။

ေတြ့ပါၿပီဂ်န္းအခ်စ္ဆံုးေလးထြက္လာတာကို၊ခ်ယ္လိုက္ပို႔ေပးတာပဲ။ေမာင္စိတ္ညစ္စရာတစ္ခုခုမ်ားရိွေနတာလားကြာ။

ေျခလွမ္းေတြကအစအရင္လိုမတက္ႂကြသလိုပဲ။ေမာင္ဟာactiveျဖစ္လြန္းတဲ့လူငယ္ပါ။စာလုပ္ရတာအဲ့ေလာက္မုန္းတာလားေမာင္။

သူမေၾကာင့္နာက်င္ေနရတဲ့သူ႔အားစာလုပ္ရလို႔စိတ္ညစ္ေနတာျဖစ္မယ္လို႔သူမေတြးလိုက္ၿပီးအလုပ္ဆက္လုပ္ေနလိုက္သည္။

🌻🌼

ဒီေန့မနက္အေစာႀကီးႏိုးေနတဲ့လီဆာ့ေၾကာင့္တစ္အိမ္သားလံုးပါးစပ္အေဟာင္းသား။

"လီလီ...ထူးထူးဆန္းဆန္းေစာေစာစီးစီးႏိုးလို႔ပါလား"

စိတ္ညစ္လြန္းလို႔ေက်ာင္းလည္းမသြားခ်င္တာနဲ႔ၿခံထဲမွာထိုင္ေနတုန္းေမေမကေရာက္လာျပန္တယ္။

"လီလီအခုတေလာေစာေစာထေနက်ပါ"

"ေကာင္မေလးေၾကာင့္မလား"

"ဟင္ဘယ္လိုသိတာလဲ"

"အံမယ္!!ကြၽန္မကရွင့္လိုအဆိုးေလးကိုေမြးထုတ္ထားတဲ့မိခင္ႀကီးပါေနာ္သိတာေပါ့"

"လီလီေျပာျပမလို႔ပါပဲစကားမဆက္မိေသးတာနဲ႔မေျပာေသးတာေမေမ"

"သူ႔ကိုအရမ္းခ်စ္တယ္ေပါ့"

"နီကလီလီရဲ့အခ်စ္ရဆံုးပါေမေမ"

"ေခၚလာခဲ့အုန္းေလေတြ့ဖူးခ်င္လို႔၊ေမေမ့သမီးအဆိုးေလးကိုအရင္ေလာက္မဆိုးႏိုင္ေတာ့ေအာင္လုပ္ႏိုင္တယ္ဆိုေတာ့ဘယ္ဆိုးလို႔လဲေတာ္သားပဲ"

"နီကအခုတေလာအလုပ္ရႈပ္ေနတာေမေမရဲ့"

"ဒါဆိုလည္းသူအားမွေပါ့"

"ဟုတ္ကဲ့ေမေမ"

"ဒီႏွစ္ေတာ့စာေမးပြဲေအာင္ေအာင္ေျဖေတာ့မယ္ေပါ့ဟုတ္လား"

"ဟီးဟီးေအာင္မျွဖစ္မယ္ေမေမရ...ေတာ္ၾကာ နီ ဆူတာခံရလိမ့္မယ္"

ရယ္က်ဲက်ဲနဲ႔ေျပာေနတဲ့လီ့ကိုၾကည့္ၿပီးေမေမကေတာ့သေဘာေတြက်ေနေလတယ္။

စိတ္ထဲကေနလည္းမေတာ္ရေသးတဲ့ေခြၽးမေလးကိုေက်းဇူးေတြအထပ္ထပ္တင္ရင္း....

"အင္းပါ..ဒီေန့ေရာေက်ာင္းမသြားဘူးလား"

"မသြားဘူးေမေမနားမလို႔"

"သေဘာပဲေလဒါဆိုေမေမအထဲဝင္ၿပီေနာ္"

လီေမေမ့ကိုေခါင္းပဲၿငိမ့္ျပလိုက္တယ္။

တစ္ေယာက္တည္းက်န္ေနခဲ့ေတာ့ထပ္ေတြးေနမိတာဂ်ံဳအင့္အေၾကာင္း.....

မဒမ့္ကိုယံုၾကည္ေပမယ့္တကယ္လို႔မ်ားအဲ့လူကိုသာမဒမ္ေရြးခ်ယ္သြားရင္ဘယ္လိုလုပ္မလဲလို႔ေတြးပူေနရတယ္။

မဒမ္ကၪီးေနွာက္ကိုၪီးစားေပးလြန္းတာလီအသိဆံုးပဲေလ။

လီအဲ့လူကိုလံုးဝမရႈံးခ်င္ဘူးမဒမ့္ကိုပိုင္ဆိုင္ရတဲ့သူဟာလီပဲျဖစ္ရမယ္ကင္ဂ်ံဳအင္မျဖစ္ေစရဘူး။

🌻🌼

တစ္ေန့လံုးထုတ္ကုန္အသစ္ေၾကာင့္လူလည္းယားလို႔ေတာင္မကုတ္ႏိုင္ဘူး။

ဒီဟာျမန္ျမန္ေစ်းကြက္ျဖန္႔မွအားလံုးအဆင္ေျပသြားမွာ၊ဂ်ံဳအင္ကကုမၸဏီမွာတစ္ခ်ိန္လံုးရိွေနတာေၾကာင့္ဂ်န္းမွာရင္တမမနဲ႔ပဲ။

ေမာင္သာေရာက္ခ်လာရင္ျပႆနာေတြတက္မွာ...

"ဂ်န္း..."

ေျပာလို႔မွမဆံုးေသးအေနွာင့္အယွက္ကေရာက္လာၿပီ။

ၾကည့္လက္စဖိုင္ကေနအၾကည့္လြဲရင္းသူ႔ကိုၾကည့္ေတာ့လက္ထဲဝက္ဝံရုပ္ကပါေသး။

"ဂ်န္းအတြက္လက္ေဆာင္"

"အားေတာ့နာပါတယ္လက္မခံပါရေစနဲ႔"

"ဂ်န္းကလည္းကြာသူငယ္ခ်င္းအခ်င္းခ်င္းေပးတာပါယူလို႔ရပါတယ္"

"ေနာက္အဲ့လိုေတြမလုပ္ပါနဲ႔ေတာ့ဂ်ံဳအင္ ဂ်န္းဒါကိုလည္းလက္မခံပါရေစနဲ႔၊ျပန္ယူသြားလိုက္ပါေတာင္းပန္ပါတယ္ရွင္"

အရင္ကေတာ့သူေပးတဲ့လက္ေဆာင္ေတြကိုအားနာနာနဲ႔ယူခဲ့ေပမယ့္အခုက်အားနာေနလို႔မျဖစ္ေတာ့ဘူးေလ။

တစ္ခါတည္းရွင္းရွင္းလင္းလင္းျပတ္ျပတ္သားသားေတြလုပ္ထားမွေတာ္ကာက်မွာမလား။

"ဂ်န္းကလည္းကြာ..ၿပီးတာပဲေလကိုယ္လမ္းမွာေတြ့တဲ့ကေလးကိုပဲလက္ေဆာင္ေပးလိုက္ေတာ့မယ္"

"အဲ့တာ​ေကာင္းပါတယ္ကုသိုလ္ရတာေပါ့"

🎶You don't know babe.....

ဖုန္းလာလို႔ဘယ္သူမ်ားလဲမွတ္တယ္။

သိပ္ခ်စ္ရတဲ့လူသားေလး...

"ဟယ္လိုေမာင္"

ဂ်ံဳအင္ကေတာ့ထြက္မသြားေသး၊ဘာေျပာဖို႔ရပ္ေစာင့္ေနေသးလည္းမသိ။

"ဟင္ဘယ္လိုဘယ္လိုေအာက္မွာေရာက္ေနတယ္"

ဂ်န္းလိုက္ကာကိုအနည္းငယ္လွပ္ၾကည့္ေတာ့ကားအျပာေရာင္ေလးနဲ႔ေမာင္ဟာလက္ျပၿပီးကႏႈတ္ဆက္ေနေသး။

လိုက္ကာကိုအကုန္လည္းမလွပ္ရဲ။ေတာ္ၾကာဂ်ံဳအင့္ကိုေတြ့သြားရင္ျပႆနာတက္မွာေလ။

"တို႔ဆင္းလာခဲ့မယ္ေနာ္ေမာင္"

ဖုန္းကိုခ်ၿပီးအိတ္ကိုယူေတာ့...

"သူဘာေျပာတာလဲ"

"အဲ့တာဂ်ံဳအင္နဲ႔မဆိုင္ဘူးထင္ပါတယ္"

"ကိုယ္ေမးတာကိုေျဖေလ"

"အ့!!လက္ကိုအခုလြတ္ေနာ္"

ဂ်ံဳအင္ဟာဂ်န္းလက္ကိုအတင္းဆြဲထားတာေၾကာင့္ေအာ္ေငါက္လိုက္ျခင္း။

"ကိုယ္သာအခုသူ႔ကိုသြားေတြ့လိုက္ရင္ဘာေတျြဖစ္သြားမယ္ထင္လဲဂ်န္း"

"နင္အခုငါ့ကိုၿခိမ္းေျခာက္ေနတာလား"

"ကိုယ္ကေျပာျပရံုသက္သက္ပါ"

"က်စ္!!!ငါ့လက္ကိုလြတ္လို႔"

သူမသေဘာက်လြတ္ေပးလိုက္တယ္။

"ေမာင့္ကိုထြက္ေတြ့ဖို႔မစဥ္းစားနဲ႔အခုသူကငါနဲ႔အတူေန့လည္စာစားဖို႔လာေခၚတာရၿပီလား"

"ခဏေနပါအုန္း"

"ဘာျဖစ္ျပန္ၿပီလဲဟာ"

စိတ္ပ်က္စြာစကားဆိုတဲ့သူမကိုၾကည့္ၿပီးဂ်ံဳအင္မဲ့ၿပံဳးၿပံဳးလိုက္တယ္။

"ကိုယ့္ကိုထြက္မေတြ့ေစခ်င္ရင္ဒီညကိုယ္နဲ႔အတူညစာစားေပး"

"ဘာ"

"လက္မခံရင္ေတာ့ထြက္ေတြ့ရံုေပါ့သူ႔လိုပံုမ်ိဳးနဲ႔ဆိုတဇြတ္ထိုးေတြလုပ္မွာအေသအခ်ာပဲေနာ္ဂ်န္း..."

"ေနာက္ၿပီးသူ႔ကိုလိမ္ထားတဲ့ဂ်န္းကိုလည္းမုန္းသြားမွာ"

ဟားဟားဟား!!!

"လူယုတ္မာ"

"ကိုယ့္ကိုအဲ့လိုျဖစ္ေအာင္လုပ္တာမင္းပဲေလ"

"ငါလက္ခံတယ္ရၿပီလား"

"ဒီလိုမွေပါ့ကြာ"

သူ႔မ်က္ႏွာေရာအသံပါမျမင္ခ်င္မၾကားခ်င္လို႔ရံုးခန္းထဲကခ်က္ခ်င္းထြက္လာတယ္။

မုန္းစရာေကာင္းလြန္းတဲ့သူ၊အရင္ကေတာ့လူႀကီးလူေကာင္းဆန္တယ္ထင္တာစရိုက္အမွန္ေတြေပၚလာမွပဲသိေတာ့တယ္။

သိုးေရၿခံဳတဲ့ဝံပုေလြပဲဆိုတာ....

××××××××မနက္ျဖန္က်K Upမေသခ်ာပါဘူးေနာ္။

အျပင္သြားဖို႔ေလးရိွတာေၾကာင့္ေယာေရာ္ဘြန္း😊

မိုးေအးတာေၾကာင့္ဂရုစိုက္ၾကပါ🤗

🤎××××××××

There are no comments yet. Log in to be the first to leave a review!

Similar stories