Fanfics

17

17:11, 11 July 2022

(Unicode)

"လီဆာ"

ရေသောက်နေရင်းခေါ်သံကြောင့်ကြည့်လိုက်တော့ဘယ်သူများလဲလို့ယောက်ဖလောင်းလေးပဲ

"ဘာကိစ္စရှိလို့လဲယောက်ဖလေး"

လီဆာကယောက်ဖလို့ခေါ်လို့ထင်ပါတယ်ချယ်ယောင်းမျက်နှာလေးရှုံ့တွသွားတယ်

"ငါနင်နဲ့ဆွေးနွေးစရာရှိလို့"

"ထိုင်လေ"

ဒီနေ့ကျောင်းကိုအစောကြီးရောက်နေတာကြောင့်ဘမ်နဲ့အန်နာလည်းမရှိသေးဘူး

တစ်ယောက်တည်းပျင်းနေရမယ်ထင်တာချယ်ယောင်းရောက်လာလို့အတော်ဖြစ်သွားတယ်

"နင်သိပြီးပြီမလား"

"နင်နဲ့မမအကြောင်းလား"

"ဟုတ်တယ်"

"သိပြီးပြီလေဟိုနေ့ညကငါ့ကိုမမပြောပြလို့"

"အဲ့တာငါနင့်ကိုကျေးဇူးတင်ပါတယ်နော်"

"ဘာလို့"

"ငါတို့ကိုမကန့်ကွက်လို့လေ"

"ဟားဟား...."

လီဆာကထရယ်တာကြောင့်ချယ်ယောင်းမျက်မှောင်ကြုံ့ပြီးကြည့်နေလိုက်တယ်

"ဘာရယ်တာလဲ"

"အဲ့ကိစ္စအတွက်ဆိုငါ့ကိုကျေးဇူးတင်ဖို့မလိုပါဘူးဘရိုရာ"

"ငါဆိုနင်အစ်မနဲ့တွဲတုန်းကသိပ်သဘောမတူချင်ခဲ့ဘူးလေ"

"ဘာလဲအဲ့တာကြောင့်ငါ့ကိုအားနာနေတာလား"

"ဒီတိုင်းပါငါထင်တာနင်ကပြန်ပြီးများကလဲ့စားချေမလားလို့"

"ငါကအဲ့လောက်ဆိုးတဲ့သူမဟုတ်ဘူးနော်"

လီဆာချယ်ယောင်းပခုံးကိုတိုက်ရင်းပြောလိုက်တယ်

"ဒါနဲ့ငါ့အစ်မကိုစိတ်ဆင်းရဲရအောင်မလုပ်နဲ့နော်လီဆာရား...အဲ့ကျရင်ငါနင့်ကိုဆွဲထိုးမှာ"

"အိုး!!!ကြောက်စရာကောင်းလိုက်တာ"

"လာနောက်မနေနဲ့ငါကအတည်ပြောတာ"

"ငါလည်းအတည်ပါ"

"ငါတကယ်နားမလည်နိုင်ဘူးအစ်မလိုလူမျိုးကနင့်ကိုဘာတွေကြည့်ပြီးချစ်သွားလဲမသိ"

"အဲ့တာကိုကအချစ်ပဲလေကွာဟဲဟဲ"

လီဆာကမျက်ခုံးလေးတစ်ဖက်ပင့်ရင်းချယ်ယောင်းကိုပြောတော့ဟိုကခပ်ဖွဖွလေးပြုံးရင်းတုန့်ပြန်တယ်

"နင်ကနီ့ကိုငါနဲ့သဘောမတူခဲ့တာကိုငါစိတ်မဆိုးပါဘူးချယ်ယောင်းရယ်"

"တကယ်လား"

"အင်းလေဘာလို့ဆိုဘယ်သူမဆိုကိုယ့်အစ်မကိုမကောင်းတဲ့လူနဲ့ချစ်စေချင်မလား"

"နင်ကမကောင်းတဲ့သူမဟုတ်ဘူးဆို"

"ဒါပေမယ့်နင်အရင်ကငါ့ကိုအရမ်းဆိုးတယ်ထင်တယ်မလား"

"မဟုတ်လို့လား"

"ဟုတ်ပါတယ်အခုထိလည်းငါ့မှာအဲ့ဆိုးကွက်လေးတွေကျန်နေသေးတယ်"

"နင့်ဘာသာနင်ဘယ်လိုဖြစ်ဖြစ်ဟာအရေးကြီးတာကနင်ငါ့အစ်မကိုခံစားရအောင်မလုပ်နဲ့ကြားလား"

"အင်းပါဟာ"

"နင်မနက်စာစားပြီးပြီလား"

"မစားတော့ပဲနေမလို့ဟ"

"လာလီဆာနင်အဲ့တာတွေကြောင့်ဒီလိုပိန်ညှောင်နေတာ..."

"ငါကအရိုးပေမယ့်အားရှိတယ်နော်"

"တော်စမ်းပါရော့ဒါစားလိုက်"

လီဆာလက်ထဲကအထုပ်လေးကိုဖွင့်လိုက်တော့ပေါက်စီတွေ

"နင်ကြိုက်တယ်ပေါ့"

"အွန်းငါကြိုက်တယ်နှစ်လုံးတောင်ဆိုတော့နင့်ကိုတစ်လုံးကျွေးတာ"

"ကျေးဇူးပဲ"

လီဆာနဲ့ချယ်ယောင်းပေါက်စီတစ်လုံးစီအပြိုင်ဆွဲနေကြတယ်

"ငါတို့တွေလည်းအတော်ထူးဆန်းတယ်နော်"

လီဆာ့စကားကိုချယ်ယောင်းတုန့်ပြန်ဖို့အချိန်မအားသေးပါ

ပေါက်စီကိုအချဥ်ရည်နဲ့သူအားရပါးရဆွဲနေလို့

အစားပုတ်တဲ့ချယ်ယောင်းကိုကြည့်ပြီးလီဆာရယ်နေတယ်

"နင်ကမမကိုချစ်ပြီးငါကလည်းနီ့ကိုချစ်သွားတယ်ဘယ်လိုဖူးစာတွေပါလိမ့်နော်"

"နတ်ဖတ်တဲ့ဖူးစာတွေပေါ့ဟာ"

ဒီတစ်ခါတော့ချယ်ယောင်းပြန်ပြီးတုန့်ပြန်ပါပြီ

"နင်ဒီလိုစားပုံမျိုးနဲ့ငါ့မမအတွက်ရင်လေးတယ်"

"ဟဲ့လာလီဆာငါကအစားပဲစားတာပါနော်"

ချယ်ယောင်းဟာအိုးမလုံအုံပွင့်တယ်ဆိုတဲ့ဆိိုရိုးအတိုင်းဘာမှတောင်မပြောရသေးသူ့ဘာသာသူမလုံမလဲ

"ငါလဲအဲ့တာပဲပြောတာလေနင်သာဘာတွေလျှောက်တွေးနေလဲ"

"အစားပဲပေါ့"

ချယ်ယောင်းရှက်ရမ်းတွေရမ်းပြီးပေါက်စီပဲစားနေလိုက်တယ်

လီဆာကလည်းပေါက်စီစားလိုက်ပြုံးစိပြုံးစိဖြစ်လိုက်နဲ့ဟုတ်တော့ဟုတ်နေကြတာပါပဲ

🌻🌼

ရုံးခန်းထဲမှာLaptopထဲဝင်သွားမတတ်အလုပ်တွေရှုပ်လွန်းနေတဲ့ဂျန်းနီ

တခြားအကြောင်းတော့မဟုတ်ဂျပန်ကကုမ္ပဏီတစ်ခုကသူမဆီမှာရင်းနှီးမြုပ်နှံမယ်ဆိုလို့

အဲ့ကိစ္စကိုတာဝန်ယူနေရတာထမင်းမေ့ဟင်းမေ့ကိုပဲ

ပါတနာကုမ္ပဏီကအရမ်းတွေအရှိန်အဝါကြီးတော့ငါးကြီးကြီးကိုဂျန်းနီလက်လွတ်ခံလို့ဘယ်ဖြစ်မလဲ

"ဂျန်း....."

"Ceoတောင်းပန်ပါတယ်ရှင်..တားလည်းမရလို့ပါ"

အလုပ်တွေများနေလို့ခေါင်းကိုက်ရတဲ့ကြားထဲကြားနေရတဲ့စကားသံတွေကြောင့်လူကပိုရူးချင်သွားတယ်

ပထမဆုံးဂျုံအင်ရဲ့သူမအားခေါ်သံဒုတိယကအတွင်းရေးမှုးရဲ့အသံ

"ရတယ်နင်ထွက်သွားတော့"

သူမစကားကြောင့်အတွင်းရေးမှုးလည်းအပြင်ထွက်သွားတယ်

ကျန်နေခဲ့တာဂျုံအင်ပဲ

"နင်နဲ့ဘာမှပြောစရာမရှိဘူးနော်ဂျုံအင်"

တပ်ထားတဲ့မျက်မှန်လေးကိုချွတ်လိုက်ပြီးမတ်တပ်ရပ်ရင်းသူမပြောလိုက်တယ်

ဂျုံအင့်လက်ထဲမှာသူမကြိုက်တဲ့ဒေစီပန်းစည်းကြီးပါသေး

"ကိုယ်တောင်းပန်ပါတယ်ဂျန်း"

တိုးလျိုးလွန်းသောအသံနဲ့ဂျုံအင်ဟာသူမအားတောင်းပန်စကားဆိုနေတာ

"နင်ငါ့ကိုတောင်းပန်စရာလည်းမလိုသလိုပတ်သက်စရာလည်းအကြောင်းမရှိဘူး"

"ဒါပေမယ့်"

"ထွက်သွားပေးပါကင်ဂျုံအင်"

"ကိုယ့်ကိုအရင်လိုပြန်နေလို့ရတယ်ပြောမှကိုယ်ထွက်သွားမှာဂျန်း"

ဂျန်းနီစိတ်မရှည်တော့တာကြောင့်သူမရဲ့Eye rollingတွေလည်းထွက်ပေါ်လာပါပြီ

"ငါလုံခြုံရေးတွေကိုဆွဲခေါ်ခိုင်းမှာနော်"

"ကိုယ်ကတော့မသွားဘူး"

ဘယ်လိုပြောပြောဖြုံမသွားတဲ့ဂျုံအင်ကြောင့်ဂျန်းနီဒေါသထွက်လာတယ်

စားပွဲပေါ်ကခလုတ်တစ်ခုကိုနှိပ်ပြီးလုံခြုံရေးခေါ်ဖို့အလုပ်

"ဂျန်းနီရား...Surprise!!!"

ထပ်မံထွက်ပေါ်လာတဲ့သူငယ်ချင်းတွေကြောင့်ပိုစိတ်ပျက်သွားမိတယ်

"ကျစ်!!"

"ကဲပါဂျန်းနီရယ်နင်ကလည်းစိတ်ကြီးပဲဂျုံအင်သနားပါတယ်ဟာစိတ်ဆိုးပြေလိုက်ပါတော့ဟာ"

"အေးလေအမေဂျန်းရယ်သူငယ်ချင်းတွေပဲကို"

ဘုမသိဘမသိနဲ့နာယွန်းတို့တွေဟာအတင်းတွေကိုတွန်းပို့နေတော့တာပဲ

"ကိုယ်တကယ်တောင်းပန်ပါတယ်ဂျန်း"

ဂျုံအင်ဟာသူမမထင်မှတ်ထားစွာသူမရှေ့မှာဒူးထောက်ချလိုက်တယ်

"ဂျုံအင်နင်ထစမ်းပါ"

"ဂျန်းဘက်ကခွင့်လွတ်တယ်မပြောမချင်းကိုယ်မထဘူးဂျန်း"

"ရေး!!ဒါမှငါ့ကောင်ကြီးကွ"

"ဂျန်းနီရယ်အဲ့လောက်ထိမရက်စက်စမ်းပါနဲ့ဟာ"

သူမအငွေ့အဖြစ်သာပျောက်ကွယ်သွားလိုက်ချင်တော့သည်

ဂျုံအင်ကဘယ်လိုမှငြင်းမရအောင်ကိုအကွက်ကျကျစီစဥ်လာတာပဲ

ဂဃနဏမသိဘဲလိုက်လာတဲ့ဟိုသေနာလေးတွေကိုလည်းစိတ်ရှိတိုင်းဆိုငရုတ်ကျည်ပွေ့ထဲထောင်းထည့်လိုက်ချင်တယ်

"ငါခွင့်လွတ်တယ်ဟယ်..ထတော့"

"ဂျန်းတကယ်ပြောတာလား"

စိတ်ပျက်ပျက်နဲ့ခေါင်းငြိမ့်လိုက်ရတယ်

"ဂျုံအင်သားကြီး..ငါတို့ကိုတစ်ဝိုင်းတော့လုပ်လိုက်တော့ကွာ"

"ဟုတ်တယ်ဟေ့နင်တို့ဒီလိုပြန်အဆင်ပြေသွားတာငါတို့ကြောင့်နော်"

"နင်တို့နှစ်ယောက်လည်းဘယ်တော့မှFriendzoneထဲကထွက်မှာလဲဟင်"

ဆောယွန်းထပြောတဲ့စကားကြောင့်ဂျန်းတွေးလိုက်သေးတယ်

သူတို့တွေကမောင်နဲ့တွဲတာကိုမသိသေးဘူးလေ...

သူငယ်ချင်းတွေပီပီဂျန်းကိုဂျုံအင်နဲ့ပဲသိပ်ဖြစ်စေချင်ကြတဲ့ဟာတွေ

ဒီလိုအချိန်မှာထပြောလိုက်ရင်လည်းအရှက်ကွဲစရာတွေပဲဖြစ်မှာ

အဲ့ကျပြဿနာပိုကြီးသွားနိုင်တယ်

"ငါမင်းတို့အားလုံးကိုဒီနေ့ညClubမှာလိုက်ပြုစုမယ်ကွာကြိုက်သလောက်စားကျသလောက်ရှင်းမယ်"

"ဂျန်းနီနင်ပါလိုက်ခဲ့နော်"

"ငါမလိုက်"

"မရဘူးလုံးဝမငြင်းနဲ့သူငယ်ချင်းအကန့်မပြတ်ချင်ရင်ပေါ့"

နာယွန်းမကြောင့်လူကထွက်ပေါက်ပိတ်ပြန်ပြီ

ငြင်းလည်းရမှာမဟုတ်မှန်းသိလိုက်တာကြောင့်ခေါင်းပဲထပ်ငြိမ့်ရတော့တာပေါ့

"အာ့ဆိုငါတို့သွားပြီဂျုံအင်နဲ့နင်အေးဆေးစကားပြော"

စပ်ဖြီးဖြီးမျက်နှာထားတွေနဲ့သူတို့တွေထွက်သွားကြပြန်ပြီ

"ဂျုံအင်"

"ဂျန်းကိုယ်လေပန်းစည်းကိုစားပွဲပေါ်ပဲတင်လိုက်မယ်နော်"

ဂျန်းနီမျက်နှာနဲ့အသံကိုကြည့်ရုံနဲ့တင်ဒေါသထွက်နေပြီဆိုတာဂျုံအင်ရိပ်မိပါတယ်

အဲ့တာကြောင့်လည်းစကားလမ်းကြောင်းလွဲကြည့်တာ

သို့သော်လည်းမထူးပါဘူး

"နင်အဲ့လောက်တောင်ပဲကလေးဆန်တတ်တာလား"

"ကိုယ်တောင်းပန်ပါတယ်ကိုယ်အဲ့နေ့ကစိတ်လွတ်သွားမိလို့မရည်ရွယ်ပဲဖြစ်သွားတာပါဂျန်းရယ်"

"ကျစ်!!တကယ်စိတ်ပျက်ဖို့ကောင်းတယ်"

"ဂျန်းကကိုယ်ကလေးဆန်တော့မကြိုက်ဘူးဟိုငနဲလေးကလေးဆန်ရင်ကျချစ်တယ်နော်"

"မောင်ကမောင်လေတူမှမတူတာနောက်ပြီးမောင့်မှာနာမည်ရှိတယ်လာလီဆာ"

ဂျန်းနီမျိုးရိုးနာမည်တော့ထည့်မပြောဖြစ်ပါ

မောင်တို့မိသားစုကဖုံးထားတာမို့

ဂျုံအင်သိသွားရင်လည်းကောင်းတာတစ်ခုမှမရှိဘူးလေ

"ဒါနဲ့ကိုယ်ပြောရအုန်းမယ်"

"ပြောနားထောင်နေတယ်"

"ဒီတစ်ခါဂျန်းကုမ္ပဏီနဲ့စာချုပ်သစ်ချုပ်ထားတဲ့ဂျပန်တွေကကိုယ့်လူတွေနော်"

"ဘာ"

"ဟုတ်တယ်ကိုယ်အာမခံပေးထားတာဂျန်းရဲ့ကုမ္ပဏီမှာရင်းနှီးမြုပ်နှံဖို့အတွက်"

"နင်တမင်လုပ်တာမလားဂျုံအင်"

"မဟုတ်တာ...ကိုယ်တို့အလုပ်တော့အတူလုပ်ကြရအုန်းမှာပေါ့"

"စိတ်ညစ်တယ်"

"ကိုယ့်ကိုအဲ့လောက်တောင်မုန်းနေတာလား"

"မဆီမဆိုင်တွေပြောမနေနဲ့ဂျုံအင်"

"ကောင်းပြီလေဂျန်းကကိုယ့်ကိုမတွေ့ချင်ရင်တောင်နောက်ပိုင်းအမြဲတမ်းတွေ့ရတော့မယ်ထင်တယ်ကုန်ပစ္စည်းသစ်မိတ်ဆက်တဲ့အထိကိုယ်တို့အတူရှိနေရမှာမကြာမကြာတွေ့ကြရတော့မှာဗျ"

အဲ့ကုန်ပစ္စည်းကအခုမှဒီဇိုင်းဆွဲနေတုန်းအချိန်ကကြာအုန်းမယ်

Ceoရာထူးကနှုတ်ထွက်ပြီးထွက်သာပြေးလိုက်ချင်တော့တယ်

"ကိုယ်ပြန်တော့မယ်ညကျJ clubမှာဆုံတယ်ဂျန်း"

မသွားလို့ကလည်းမရ

မောင်ကဂျုံအင်နဲ့မတွေ့ဖို့ပြောထားတာကိုသူမဘက်ကချိုးဖောက်သလိုဖြစ်သွားပြီ

မောင့်ကိုဒီအကြောင်းပြောပြလိုက်ရင်ဗုံးတစ်လုံးလိုထပေါက်ကွဲမှာ

မဟုတ်တောင်ဂျုံအင်နဲ့ပတ်သက်ရင်မောင်ကအစိုးရိမ်ကြီးလွန်းနေတာ

ဂျန်းပြောပြလို့မဖြစ်ဘူး

🌻🌼

ညရောက်တော့စကားအတိုင်းJ clubကိုရောက်နေပြီလေ

အင်နာယွန်းကဒီလိုဆိုဝီရိယတွေပိုလျှံကာအစောကြီးအိမ်မှာစောင့်နေတာ

ဂျန်းလည်းပြင်ဆင်စရာရှိတာပြင်ပြီးသူမနဲ့ထွက်လာခဲ့ရတယ်

"ဂျန်း...များများစားနော်ဒီတလောအလုပ်ရှုပ်နေတယ်မလား"

"အယ်....ဂျုံအင်နော်ငါတို့လည်းပါးစပ်ပါပါတယ်ကွ"

ဂျုံအင့်ကိုအဖွဲ့ထဲကယောကျာ်းလေးသူငယ်ချင်းတစ်ယောက်ကစ,လိုက်ခြင်း

"စားနေပါတယ်"

သူမကလပ်ကိုရောက်တည်းကဘေးဘီဝဲယာကိုသေချာလိုက်ကြည့်မိတယ်

တော်ကြာမောင်ရှိနေမှာစိုးလို့

ဒီကလပ်ကမောင်ဂျန်းကိုစကားတွေပထမဆုံးလာပြောခဲ့တဲ့နေရာလေ

သူ့အတွက်တော့ပထမဆုံးပေမယ့်ကျွန်မအတွက်တော့သူ့မြင်ဖူးတာဒုတိယအကြိမ်...

"ဂျန်း..ရော့တစ်ခွက်သောက်"

"ပြင်းရင်မသောက်ဘူးနော်"

"ဝိုင်ပျော့လေးပါဂျန်းရယ်"

"ပြီးတာပဲ"

ဒါကဘော်ဒါကန့်မှာလက်ခံရတဲ့ထုံးစံတွေဆိုတော့ဂျန်းနီသောက်လိုက်ပါတယ်

ရင်ထဲတော့ပူခနဲပဲ

နောက်မှသိလိုက်ရတာအရက်တွေရောထားတာတဲ့လေ

နာယွန်းကိုခေါင်းခေါက်ပေးလိုက်တယ်လူကိုလိမ်ပြီးတိုက်တာကြောင့်

"ငါတို့သွားကကြတော့မယ်"

"သွားလေငါတော့မကဘူးဂျန်းရော"

"ဟင့်အင်းကလေးကလားနဲ့"

"ပြီးတာပဲအနှစ်တစ်ထောင်သူငယ်ချင်းနှစ်ယောက်ကိုထားခဲ့လိုက်ဘယ်တော့မှခေါ်လို့ကိုမရဘူး"

ပေါက်ပေါက်ဖောက်သွားကြရင်းDancing floorထဲကိုဝင်သွားကြတော့တယ်

ဝိုင်းမှာကျန်နေခဲ့တာဂျန်းနီနဲ့ဂျုံအင်သာ

"ဂျန်းရော့ဂုတ်သားကောင်းတယ်"

"ကျေးဇူးပဲဂျုံအင်"

"ကိုယ်တကယ်တောင်းပန်တယ်နော်ကိုယ့်လုပ်ရပ်တွေမှားပါတယ်"

"အဲ့အကြောင်းထပ်မပြောကြရအောင်"

"ကောင်းပြီလေမပြောတော့ဘူးကိုယ်လည်းမေ့လိုက်ချင်ပြီဂျန်း"

ဂျုံအင်ကတော့အရက်ကိုတစ်ခွက်ပြီးတစ်ခွက်မော့နေတာ

သူ့ကိုကြည့်ရင်းမောင့်ကိုတောင်သတိရသွားတယ်

မောင်ဆိုအရက်ဂျိုးတစ်ကိုယ်လုံးသာနံစော်နေမယ်

အရက်တော့မမူးဘူးနော်

"ဘာတွေ​ပြုံးနေတာလဲဂျန်း"

"ဒီတိုင်းပါလူတစ်ယောက်ကိုသတိရသွားလို့"

"အဲ့လူကလီဆာမလား"

"ဟုတ်တယ်"

မောင်ရေမင်းသိရဲ့လားတို့ကမင်းအကြောင်းလေးတွေးနေရုံနဲ့တင်အပျော်ကြီးပျော်နေတာ

ဂျန်းရယ်နင့်ဘေးနားမှာအမြဲလိုလိုရှိပေးခဲ့တဲ့ငါ့ကိုကျမချစ်ပေးဘဲနောက်မှရောက်လာတဲ့မနူးမနပ်လေးကိုမှချစ်တယ်တဲ့လား

လူနှစ်ယောက်အတွေးကိုယ်စီအပြုံးကိုယ်စီနဲ့ပါပဲ

"ဘမ်ဘမ်ရာ..ငါဒီလိုနေရာတွေသိပ်လာချင်တာမဟုတ်တော့ဘူး"

"လာစမ်းပါလီဆာရာ"

အိမ်မှာစာကျက်နေရင်းနဲ့ဘမ်ကကလပ်ကိုလိုက်ဖို့အတင်းခေါ်နေတာနဲ့ပါလာရတာ

စိတ်ထဲမှာလိုက်ချင်သလိုမလိုက်ချင်သလိိုလို

မပြတ်မသားကြီးဖြစ်နေတယ်

"နင်ဆိုသည်မှာအခုမှလိမ္မာနေလိုက်တာဟိုနေ့ညကတောင်မူးအောင်သောက်နေပြီးတော့"

"တော်စမ်းပါဟာ"

"ခဏငါဟိုကောင်တွေရှာအုန်းမယ်"

အပေါက်ဝနားလေးမှာရပ်ရင်းနဲ့ဘော်ဒါတွေကိုချာလည်ပတ်လည်ရှာနေရတယ်

ဝိုင်းတွေကိုလိုက်ကြည့်ရင်းကတစ်နေရာအရောက်လီဆာရပ်တန့်သွားမိတယ်

ဝိုင်းမှာထိုင်နေတဲ့လူနှစ်ယောက်ကလီဆာအချစ်ရဆုံးမဒမ်နဲ့ကင်ဂျုံအင်

ချက်ချင်းကိုလက်သီးတွေဆုပ်မိပြီးမျက်ခုံးတွေလည်းတန်းသွားတယ်

ဒေါသထွက်ရင်ဖြစ်နေကျအကျင့်တစ်ခုဖြစ်တဲ့ပါးစောင်ကိုလည်းလျှာနဲ့ထိုးနေမိတယ်

"တောက်ခ်!!"

"ဘာဖြစ်တာလဲလီဆာ"

"ငါပြန်တော့မယ်နင်ပဲကဲတော့"

ဘမ့်ဘက်ကဘာတွေထပ်​အော်နေမှန်းကိုလီဆာမကြားနိုင်တော့ပါ

အခုလက်ရှိမျက်စိထဲမဒမ်နဲ့ဟိုလူ့ပုံရိပ်တွေချည်းနေရာယူထားတော့တာ

မဒမ့်ကိုအဲ့လူနဲ့မပတ်သက်ဖို့အကြိမ်ကြိမ်မှာထားလျက်နဲ့မဒမ်ဟာဒီလူနဲ့အတူကလပ်ကိုရောက်နေတယ်တဲ့လား

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးပြုံးနေကြတာများခါးသီးလွန်းလိုက်တာ

လီဆာ့ကိုအရူးလုပ်နေတာလားမဒမ်ရာ

စားပွဲပေါ်ကပုလင်းတွေအရဆိုနှစ်ယောက်ထဲတော့မဟုတ်ဘူးဆိုတာလီဆာသိပါတယ်...

ဒါပေမယ့်လီဆာ့အတွက်ခံစားရအကြပ်ဆုံးမြင်ကွင်းကြီး

စောက်သည်းနာလွန်းစရာမြင်ကွင်းကြီး

"Fu*k off!!!"

ဒေါသသံနဲ့အားကုန်အော်ရင်းငိုကြွေးနေမိတယ်ထင်သည်

မဒမ်နဲ့ပတ်သက်ရင်ထစ်ခနဲမျက်ရည်ကျတတ်တဲ့ကိုယ့်ကိုယ်ကိုကြည့်လို့ကိုမရဘူး

"အား!!!"

ကလပ်ရှေ့ကားပါကင်မှာကောင်မလေးတစ်ယောက်မျက်ရည်တွေကျရင်းအော်ဟစ်နေခဲ့တာကိုဘယ်သူကမှသတိမထားမိကြပါ

ကလပ်ထဲကကင်ဂျန်းနီအပါအဝင်ပေါ့

×××××××××Pls vote and cmt💫

အားလုံးကိုလေးစားချစ်ခင်လျက်🤎×××××××××(Zawgyi)

"လီဆာ"

ေရေသာက္ေနရင္းေခၚသံေၾကာင့္ၾကည့္လိုက္ေတာ့ဘယ္သူမ်ားလဲလို႔ေယာက္ဖေလာင္းေလးပဲ

"ဘာကိစၥရိွလို႔လဲေယာက္ဖေလး"

လီဆာကေယာက္ဖလို႔ေခၚလို႔ထင္ပါတယ္ခ်ယ္ေယာင္းမ်က္ႏွာေလးရႈံ႔တြသြားတယ္

"ငါနင္နဲ႔ေဆြးေနြးစရာရိွလို႔"

"ထိုင္ေလ"

ဒီေန့ေက်ာင္းကိုအေစာႀကီးေရာက္ေနတာေၾကာင့္ဘမ္နဲ႔အန္နာလည္းမရိွေသးဘူး

တစ္ေယာက္တည္းပ်င္းေနရမယ္ထင္တာခ်ယ္ေယာင္းေရာက္လာလို႔အေတာ္ျဖစ္သြားတယ္

"နင္သိၿပီးၿပီမလား"

"နင္နဲ႔မမအေၾကာင္းလား"

"ဟုတ္တယ္"

"သိၿပီးၿပီေလဟိုေန့ညကငါ့ကိုမမေျပာျပလို႔"

"အဲ့တာငါနင့္ကိုေက်းဇူးတင္ပါတယ္ေနာ္"

"ဘာလို႔"

"ငါတို႔ကိုမကန္႔ကြက္လို႔ေလ"

"ဟားဟား...."

လီဆာကထရယ္တာေၾကာင့္ခ်ယ္ေယာင္းမ်က္ေမွာင္ႀကံဳ႔ၿပီးၾကည့္ေနလိုက္တယ္

"ဘာရယ္တာလဲ"

"အဲ့ကိစၥအတြက္ဆိုငါ့ကိုေက်းဇူးတင္ဖို႔မလိုပါဘူးဘရိုရာ"

"ငါဆိုနင္အစ္မနဲ႔တြဲတုန္းကသိပ္သေဘာမတူခ်င္ခဲ့ဘူးေလ"

"ဘာလဲအဲ့တာေၾကာင့္ငါ့ကိုအားနာေနတာလား"

"ဒီတိုင္းပါငါထင္တာနင္ကျပန္ၿပီးမ်ားကလဲ့စားေခ်မလားလို႔"

"ငါကအဲ့ေလာက္ဆိုးတဲ့သူမဟုတ္ဘူးေနာ္"

လီဆာခ်ယ္ေယာင္းပခံုးကိုတိုက္ရင္းေျပာလိုက္တယ္

"ဒါနဲ႔ငါ့အစ္မကိုစိတ္ဆင္းရဲရေအာင္မလုပ္နဲ႔ေနာ္လီဆာရား...အဲ့က်ရင္ငါနင့္ကိုဆြဲထိုးမွာ"

"အိုး!!!ေၾကာက္စရာေကာင္းလိုက္တာ"

"လာေနာက္မေနနဲ႔ငါကအတည္ေျပာတာ"

"ငါလည္းအတည္ပါ"

"ငါတကယ္နားမလည္ႏိုင္ဘူးအစ္မလိုလူမ်ိဳးကနင့္ကိုဘာေတြၾကည့္ၿပီးခ်စ္သြားလဲမသိ"

"အဲ့တာကိုကအခ်စ္ပဲေလကြာဟဲဟဲ"

လီဆာကမ်က္ခံုးေလးတစ္ဖက္ပင့္ရင္းခ်ယ္ေယာင္းကိုေျပာေတာ့ဟိုကခပ္ဖြဖြေလးၿပံဳးရင္းတုန္႔ျပန္တယ္

"နင္ကနီ႔ကိုငါနဲ႔သေဘာမတူခဲ့တာကိုငါစိတ္မဆိုးပါဘူးခ်ယ္ေယာင္းရယ္"

"တကယ္လား"

"အင္းေလဘာလို႔ဆိုဘယ္သူမဆိုကိုယ့္အစ္မကိုမေကာင္းတဲ့လူနဲ႔ခ်စ္ေစခ်င္မလား"

"နင္ကမေကာင္းတဲ့သူမဟုတ္ဘူးဆို"

"ဒါေပမယ့္နင္အရင္ကငါ့ကိုအရမ္းဆိုးတယ္ထင္တယ္မလား"

"မဟုတ္လို႔လား"

"ဟုတ္ပါတယ္အခုထိလည္းငါ့မွာအဲ့ဆိုးကြက္ေလးေတြက်န္ေနေသးတယ္"

"နင့္ဘာသာနင္ဘယ္လိုျဖစ္ျဖစ္ဟာအေရးႀကီးတာကနင္ငါ့အစ္မကိုခံစားရေအာင္မလုပ္နဲ႔ၾကားလား"

"အင္းပါဟာ"

"နင္မနက္စာစားၿပီးၿပီလား"

"မစားေတာ့ပဲေနမလို႔ဟ"

"လာလီဆာနင္အဲ့တာေတြေၾကာင့္ဒီလိုပိန္ေၫွာင္ေနတာ..."

"ငါကအရိုးေပမယ့္အားရိွတယ္ေနာ္"

"ေတာ္စမ္းပါေရာ့ဒါစားလိုက္"

လီဆာလက္ထဲကအထုပ္ေလးကိုဖြင့္လိုက္ေတာ့ေပါက္စီေတြ

"နင္ႀကိဳက္တယ္ေပါ့"

"အြန္းငါႀကိဳက္တယ္ႏွစ္လံုးေတာင္ဆိုေတာ့နင့္ကိုတစ္လံုးေကြၽးတာ"

"ေက်းဇူးပဲ"

လီဆာနဲ႔ခ်ယ္ေယာင္းေပါက္စီတစ္လံုးစီအၿပိဳင္ဆြဲေနၾကတယ္

"ငါတို႔ေတြလည္းအေတာ္ထူးဆန္းတယ္ေနာ္"

လီဆာ့စကားကိုခ်ယ္ေယာင္းတုန္႔ျပန္ဖို႔အခ်ိန္မအားေသးပါ

ေပါက္စီကိုအခ်ဥ္ရည္နဲ႔သူအားရပါးရဆြဲေနလို႔

အစားပုတ္တဲ့ခ်ယ္ေယာင္းကိုၾကည့္ၿပီးလီဆာရယ္ေနတယ္

"နင္ကမမကိုခ်စ္ၿပီးငါကလည္းနီ႔ကိုခ်စ္သြားတယ္ဘယ္လိုဖူးစာေတြပါလိမ့္ေနာ္"

"နတ္ဖတ္တဲ့ဖူးစာေတြေပါ့ဟာ"

ဒီတစ္ခါေတာ့ခ်ယ္ေယာင္းျပန္ၿပီးတုန္႔ျပန္ပါၿပီ

"နင္ဒီလိုစားပံုမ်ိဳးနဲ႔ငါ့မမအတြက္ရင္ေလးတယ္"

"ဟဲ့လာလီဆာငါကအစားပဲစားတာပါေနာ္"

ခ်ယ္ေယာင္းဟာအိုးမလံုအံုပြင့္တယ္ဆိုတဲ့ဆိုရိုးအတိုင္းဘာမွေတာင္မေျပာရေသးသူ႔ဘာသာသူမလံုမလဲ

"ငါလဲအဲ့တာပဲေျပာတာေလနင္သာဘာေတြေလ်ွာက္ေတြးေနလဲ"

"အစားပဲေပါ့"

ခ်ယ္ေယာင္းရွက္ရမ္းေတြရမ္းၿပီးေပါက္စီပဲစားေနလိုက္တယ္

လီဆာကလည္းေပါက္စီစားလိုက္ၿပံဳးစိၿပံဳးစိျဖစ္လိုက္နဲ႔ဟုတ္ေတာ့ဟုတ္ေနၾကတာပါပဲ

🌻🌼

ရံုးခန္းထဲမွာLaptopထဲဝင္သြားမတတ္အလုပ္ေတြရႈပ္လြန္းေနတဲ့ဂ်န္းနီ

တျခားအေၾကာင္းေတာ့မဟုတ္ဂ်ပန္ကကုမၸဏီတစ္ခုကသူမဆီမွာရင္းႏွီးျမဳပ္ႏွံမယ္ဆိုလို႔

အဲ့ကိစၥကိုတာဝန္ယူေနရတာထမင္းေမ့ဟင္းေမ့ကိုပဲ

ပါတနာကုမၸဏီကအရမ္းေတြအရိွန္အဝါႀကီးေတာ့ငါးႀကီးႀကီးကိုဂ်န္းနီလက္လြတ္ခံလို႔ဘယ္ျဖစ္မလဲ

"ဂ်န္း....."

"Ceoေတာင္းပန္ပါတယ္ရွင္..တားလည္းမရလို႔ပါ"

အလုပ္ေတြမ်ားေနလို႔ေခါင္းကိုက္ရတဲ့ၾကားထဲၾကားေနရတဲ့စကားသံေတြေၾကာင့္လူကပိုရူးခ်င္သြားတယ္

ပထမဆံုးဂ်ံဳအင္ရဲ့သူမအားေခၚသံဒုတိယကအတြင္းေရးမႈးရဲ့အသံ

"ရတယ္နင္ထြက္သြားေတာ့"

သူမစကားေၾကာင့္အတြင္းေရးမႈးလည္းအျပင္ထြက္သြားတယ္

က်န္ေနခဲ့တာဂ်ံဳအင္ပဲ

"နင္နဲ႔ဘာမွေျပာစရာမရိွဘူးေနာ္ဂ်ံဳအင္"

တပ္ထားတဲ့မ်က္မွန္ေလးကိုခြၽတ္လိုက္ၿပီးမတ္တပ္ရပ္ရင္းသူမေျပာလိုက္တယ္

ဂ်ံဳအင့္လက္ထဲမွာသူမႀကိဳက္တဲ့ေဒစီပန္းစည္းႀကီးပါေသး

"ကိုယ္ေတာင္းပန္ပါတယ္ဂ်န္း"

တိုးလ်ိဳးလြန္းေသာအသံနဲ႔ဂ်ံဳအင္ဟာသူမအားေတာင္းပန္စကားဆိုေနတာ

"နင္ငါ့ကိုေတာင္းပန္စရာလည္းမလိုသလိုပတ္သက္စရာလည္းအေၾကာင္းမရိွဘူး"

"ဒါေပမယ့္"

"ထြက္သြားေပးပါကင္ဂ်ံဳအင္"

"ကိုယ့္ကိုအရင္လိုျပန္ေနလို႔ရတယ္ေျပာမွကိုယ္ထြက္သြားမွာဂ်န္း"

ဂ်န္းနီစိတ္မရွည္ေတာ့တာေၾကာင့္သူမရဲ့Eye rollingေတြလည္းထြက္ေပၚလာပါၿပီ

"ငါလံုၿခံဳေရးေတြကိုဆြဲေခၚခိုင္းမွာေနာ္"

"ကိုယ္ကေတာ့မသြားဘူး"

ဘယ္လိုေျပာေျပာၿဖံဳမသြားတဲ့ဂ်ံဳအင္ေၾကာင့္ဂ်န္းနီေဒါသထြက္လာတယ္

စားပြဲေပၚကခလုတ္တစ္ခုကိုႏိွပ္ၿပီးလံုၿခံဳေရးေခၚဖို႔အလုပ္

"ဂ်န္းနီရား...Surprise!!!"

ထပ္မံထြက္ေပၚလာတဲ့သူငယ္ခ်င္းေတြေၾကာင့္ပိုစိတ္ပ်က္သြားမိတယ္

"က်စ္!!"

"ကဲပါဂ်န္းနီရယ္နင္ကလည္းစိတ္ႀကီးပဲဂ်ံဳအင္သနားပါတယ္ဟာစိတ္ဆိုးေျပလိုက္ပါေတာ့ဟာ"

"ေအးေလအေမဂ်န္းရယ္သူငယ္ခ်င္းေတြပဲကို"

ဘုမသိဘမသိနဲ႔နာယြန္းတို႔ေတြဟာအတင္းေတြကိုတြန္းပို႔ေနေတာ့တာပဲ

"ကိုယ္တကယ္ေတာင္းပန္ပါတယ္ဂ်န္း"

ဂ်ံဳအင္ဟာသူမမထင္မွတ္ထားစြာသူမေရ႔ွမွာဒူးေထာက္ခ်လိုက္တယ္

"ဂ်ံဳအင္နင္ထစမ္းပါ"

"ဂ်န္းဘက္ကခြင့္လြတ္တယ္မေျပာမခ်င္းကိုယ္မထဘူးဂ်န္း"

"ေရး!!ဒါမွငါ့ေကာင္ႀကီးကြ"

"ဂ်န္းနီရယ္အဲ့ေလာက္ထိမရက္စက္စမ္းပါနဲ႔ဟာ"

သူမအေငြ့အျဖစ္သာေပ်ာက္ကြယ္သြားလိုက္ခ်င္ေတာ့သည္

ဂ်ံဳအင္ကဘယ္လိုမျွငင္းမရေအာင္ကိုအကြက္က်က်စီစဥ္လာတာပဲ

ဂဂနနမသိဘဲလိုက္လာတဲ့ဟိုေသနာေလးေတြကိုလည္းစိတ္ရိွတိုင္းဆိုငရုတ္က်ည္ေပြ့ထဲေထာင္းထည့္လိုက္ခ်င္တယ္

"ငါခြင့္လြတ္တယ္ဟယ္..ထေတာ့"

"ဂ်န္းတကယ္ေျပာတာလား"

စိတ္ပ်က္ပ်က္နဲ႔ေခါင္းၿငိမ့္လိုက္ရတယ္

"ဂ်ံဳအင္သားႀကီး..ငါတို႔ကိုတစ္ဝိုင္းေတာ့လုပ္လိုက္ေတာ့ကြာ"

"ဟုတ္တယ္ေဟ့နင္တို႔ဒီလိုျပန္အဆင္ေျပသြားတာငါတို႔ေၾကာင့္ေနာ္"

"နင္တို႔ႏွစ္ေယာက္လည္းဘယ္ေတာ့မွFriendzoneထဲကထြက္မွာလဲဟင္"

ေဆာယြန္းထေျပာတဲ့စကားေၾကာင့္ဂ်န္းေတြးလိုက္ေသးတယ္

သူတို႔ေတြကေမာင္နဲ႔တြဲတာကိုမသိေသးဘူးေလ...

သူငယ္ခ်င္းေတြပီပီဂ်န္းကိုဂ်ံဳအင္နဲ႔ပဲသိပ္ျဖစ္ေစခ်င္ၾကတဲ့ဟာေတြ

ဒီလိုအခ်ိန္မွာထေျပာလိုက္ရင္လည္းအရွက္ကြဲစရာေတြပဲျဖစ္မွာ

အဲ့က်ျပႆနာပိုႀကီးသြားႏိုင္တယ္

"ငါမင္းတို႔အားလံုးကိုဒီေန့ညClubမွာလိုက္ျပဳစုမယ္ကြာႀကိဳက္သေလာက္စားက်သေလာက္ရွင္းမယ္"

"ဂ်န္းနီနင္ပါလိုက္ခဲ့ေနာ္"

"ငါမလိုက္"

"မရဘူးလံုးဝမျငင္းနဲ႔သူငယ္ခ်င္းအကန္႔မျပတ္ခ်င္ရင္ေပါ့"

နာယြန္းမေၾကာင့္လူကထြက္ေပါက္ပိတ္ျပန္ၿပီ

ျငင္းလည္းရမွာမဟုတ္မွန္းသိလိုက္တာေၾကာင့္ေခါင္းပဲထပ္ၿငိမ့္ရေတာ့တာေပါ့

"အာ့ဆိုငါတို႔သြားၿပီဂ်ံဳအင္နဲ႔နင္ေအးေဆးစကားေျပာ"

စပ္ၿဖီးၿဖီးမ်က္ႏွာထားေတြနဲ႔သူတို႔ေတြထြက္သြားၾကျပန္ၿပီ

"ဂ်ံဳအင္"

"ဂ်န္းကိုယ္ေလပန္းစည္းကိုစားပြဲေပၚပဲတင္လိုက္မယ္ေနာ္"

ဂ်န္းနီမ်က္ႏွာနဲ႔အသံကိုၾကည့္ရံုနဲ႔တင္ေဒါသထြက္ေနၿပီဆိုတာဂ်ံဳအင္ရိပ္မိပါတယ္

အဲ့တာေၾကာင့္လည္းစကားလမ္းေၾကာင္းလြဲၾကည့္တာ

သို႔ေသာ္လည္းမထူးပါဘူး

"နင္အဲ့ေလာက္ေတာင္ပဲကေလးဆန္တတ္တာလား"

"ကိုယ္ေတာင္းပန္ပါတယ္ကိုယ္အဲ့ေန့ကစိတ္လြတ္သြားမိလို႔မရည္ရြယ္ပဲျဖစ္သြားတာပါဂ်န္းရယ္"

"က်စ္!!တကယ္စိတ္ပ်က္ဖို႔ေကာင္းတယ္"

"ဂ်န္းကကိုယ္ကေလးဆန္ေတာ့မႀကိဳက္ဘူးဟိုငနဲေလးကေလးဆန္ရင္က်ခ်စ္တယ္ေနာ္"

"ေမာင္ကေမာင္ေလတူမွမတူတာေနာက္ၿပီးေမာင့္မွာနာမည္ရိွတယ္လာလီဆာ"

ဂ်န္းနီမ်ိဳးရိုးနာမည္ေတာ့ထည့္မေျပာျဖစ္ပါ

ေမာင္တို႔မိသားစုကဖံုးထားတာမို႔

ဂ်ံဳအင္သိသြားရင္လည္းေကာင္းတာတစ္ခုမွမရိွဘူးေလ

"ဒါနဲ႔ကိုယ္ေျပာရအုန္းမယ္"

"ေျပာနားေထာင္ေနတယ္"

"ဒီတစ္ခါဂ်န္းကုမၸဏီနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ထားတဲ့ဂ်ပန္ေတြကကိုယ့္လူေတြေနာ္"

"ဘာ"

"ဟုတ္တယ္ကိုယ္အာမခံေပးထားတာဂ်န္းရဲ့ကုမၸဏီမွာရင္းႏွီးျမဳပ္ႏွံဖို႔အတြက္"

"နင္တမင္လုပ္တာမလားဂ်ံဳအင္"

"မဟုတ္တာ...ကိုယ္တို႔အလုပ္ေတာ့အတူလုပ္ၾကရအုန္းမွာေပါ့"

"စိတ္ညစ္တယ္"

"ကိုယ့္ကိုအဲ့ေလာက္ေတာင္မုန္းေနတာလား"

"မဆီမဆိုင္ေတြေျပာမေနနဲ႔ဂ်ံဳအင္"

"ေကာင္းၿပီေလဂ်န္းကကိုယ့္ကိုမေတြ့ခ်င္ရင္ေတာင္ေနာက္ပိုင္းအၿမဲတမ္းေတြ့ရေတာ့မယ္ထင္တယ္ကုန္ပစၥည္းသစ္မိတ္ဆက္တဲ့အထိကိုယ္တို႔အတူရိွေနရမွာမၾကာမၾကာေတြ့ၾကရေတာ့မွာဗ်"

အဲ့ကုန္ပစၥည္းကအခုမွဒီဇိုင္းဆြဲေနတုန္းအခ်ိန္ကၾကာအုန္းမယ္

Ceoရာထူးကႏႈတ္ထြက္ၿပီးထြက္သာေျပးလိုက္ခ်င္ေတာ့တယ္

"ကိုယ္ျပန္ေတာ့မယ္ညက်J clubမွာဆံုတယ္ဂ်န္း"

မသြားလို႔ကလည္းမရ

ေမာင္ကဂ်ံဳအင္နဲ႔မေတြ့ဖို႔ေျပာထားတာကိုသူမဘက္ကခ်ိဳးေဖာက္သလိုျဖစ္သြားၿပီ

ေမာင့္ကိုဒီအေၾကာင္းေျပာျပလိုက္ရင္ဗံုးတစ္လံုးလိုထေပါက္ကြဲမွာ

မဟုတ္ေတာင္ဂ်ံဳအင္နဲ႔ပတ္သက္ရင္ေမာင္ကအစိုးရိမ္ႀကီးလြန္းေနတာ

ဂ်န္းေျပာျပလို႔မျဖစ္ဘူး

🌻🌼

ညေရာက္ေတာ့စကားအတိုင္းJ clubကိုေရာက္ေနၿပီေလ

အင္နာယြန္းကဒီလိုဆိုဝီရိယေတြပိုလ်ွံကာအေစာႀကီးအိမ္မွာေစာင့္ေနတာ

ဂ်န္းလည္းျပင္ဆင္စရာရိွတာျပင္ၿပီးသူမနဲ႔ထြက္လာခဲ့ရတယ္

"ဂ်န္း...မ်ားမ်ားစားေနာ္ဒီတေလာအလုပ္ရႈပ္ေနတယ္မလား"

"အယ္....ဂ်ံဳအင္ေနာ္ငါတို႔လည္းပါးစပ္ပါပါတယ္ကြ"

ဂ်ံဳအင့္ကိုအဖြဲ႔ထဲကေယာက်ာ္းေလးသူငယ္ခ်င္းတစ္ေယာက္ကစ,လိုက္ျခင္း

"စားေနပါတယ္"

သူမကလပ္ကိုေရာက္တည္းကေဘးဘီဝဲယာကိုေသခ်ာလိုက္ၾကည့္မိတယ္

ေတာ္ၾကာေမာင္ရိွေနမွာစိုးလို႔

ဒီကလပ္ကေမာင္ဂ်န္းကိုစကားေတြပထမဆံုးလာေျပာခဲ့တဲ့ေနရာေလ

သူ႔အတြက္ေတာ့ပထမဆံုးေပမယ့္ကြၽန္မအတြက္ေတာ့သူ႔ျမင္ဖူးတာဒုတိယအႀကိမ္...

"ဂ်န္း..ေရာ့တစ္ခြက္ေသာက္"

"ျပင္းရင္မေသာက္ဘူးေနာ္"

"ဝိုင္ေပ်ာ့ေလးပါဂ်န္းရယ္"

"ၿပီးတာပဲ"

ဒါကေဘာ္ဒါကန္႔မွာလက္ခံရတဲ့ထံုးစံေတြဆိုေတာ့ဂ်န္းနီေသာက္လိုက္ပါတယ္

ရင္ထဲေတာ့ပူခနဲပဲ

ေနာက္မွသိလိုက္ရတာအရက္ေတြေရာထားတာတဲ့ေလ

နာယြန္းကိုေခါင္းေခါက္ေပးလိုက္တယ္လူကိုလိမ္ၿပီးတိုက္တာေၾကာင့္

"ငါတို႔သြားကၾကေတာ့မယ္"

"သြားေလငါေတာ့မကဘူးဂ်န္းေရာ"

"ဟင့္အင္းကေလးကလားနဲ႔"

"ၿပီးတာပဲအႏွစ္တစ္ေထာင္သူငယ္ခ်င္းႏွစ္ေယာက္ကိုထားခဲ့လိုက္ဘယ္ေတာ့မွေခၚလို႔ကိုမရဘူး"

ေပါက္ေပါက္ေဖာက္သြားၾကရင္းDancing floorထဲကိုဝင္သြားၾကေတာ့တယ္

ဝိုင္းမွာက်န္ေနခဲ့တာဂ်န္းနီနဲ႔ဂ်ံဳအင္သာ

"ဂ်န္းေရာ့ဂုတ္သားေကာင္းတယ္"

"ေက်းဇူးပဲဂ်ံဳအင္"

"ကိုယ္တကယ္ေတာင္းပန္တယ္ေနာ္ကိုယ့္လုပ္ရပ္ေတြမွားပါတယ္"

"အဲ့အေၾကာင္းထပ္မေျပာၾကရေအာင္"

"ေကာင္းၿပီေလမေျပာေတာ့ဘူးကိုယ္လည္းေမ့လိုက္ခ်င္ၿပီဂ်န္း"

ဂ်ံဳအင္ကေတာ့အရက္ကိုတစ္ခြက္ၿပီးတစ္ခြက္ေမာ့ေနတာ

သူ႔ကိုၾကည့္ရင္းေမာင့္ကိုေတာင္သတိရသြားတယ္

ေမာင္ဆိုအရက္ဂ်ိဳးတစ္ကိုယ္လံုးသာနံေစာ္ေနမယ္

အရက္ေတာ့မမူးဘူးေနာ္

"ဘာေတြ​ၿပံဳးေနတာလဲဂ်န္း"

"ဒီတိုင္းပါလူတစ္ေယာက္ကိုသတိရသြားလို႔"

"အဲ့လူကလီဆာမလား"

"ဟုတ္တယ္"

ေမာင္ေရမင္းသိရဲ့လားတို႔ကမင္းအေၾကာင္းေလးေတြးေနရံုနဲ႔တင္အေပ်ာ္ႀကီးေပ်ာ္ေနတာ

ဂ်န္းရယ္နင့္ေဘးနားမွာအၿမဲလိုလိုရိွေပးခဲ့တဲ့ငါ့ကိုက်မခ်စ္ေပးဘဲေနာက္မွေရာက္လာတဲ့မႏူးမနပ္ေလးကိုမွခ်စ္တယ္တဲ့လား

လူႏွစ္ေယာက္အေတြးကိုယ္စီအၿပံဳးကိုယ္စီနဲ႔ပါပဲ

"ဘမ္ဘမ္ရာ..ငါဒီလိုေနရာေတြသိပ္လာခ်င္တာမဟုတ္ေတာ့ဘူး"

"လာစမ္းပါလီဆာရာ"

အိမ္မွာစာက်က္ေနရင္းနဲ႔ဘမ္ကကလပ္ကိုလိုက္ဖို႔အတင္းေခၚေနတာနဲ႔ပါလာရတာ

စိတ္ထဲမွာလိုက္ခ်င္သလိုမလိုက္ခ်င္သလိုလို

မျပတ္မသားႀကီးျဖစ္ေနတယ္

"နင္ဆိုသည္မွာအခုမွလိမၼာေနလိုက္တာဟိုေန့ညကေတာင္မူးေအာင္ေသာက္ေနၿပီးေတာ့"

"ေတာ္စမ္းပါဟာ"

"ခဏငါဟိုေကာင္ေတြရွာအုန္းမယ္"

အေပါက္ဝနားေလးမွာရပ္ရင္းနဲ႔ေဘာ္ဒါေတြကိုခ်ာလည္ပတ္လည္ရွာေနရတယ္

ဝိုင္းေတြကိုလိုက္ၾကည့္ရင္းကတစ္ေနရာအေရာက္လီဆာရပ္တန္႔သြားမိတယ္

ဝိုင္းမွာထိုင္ေနတဲ့လူႏွစ္ေယာက္ကလီဆာအခ်စ္ရဆံုးမဒမ္နဲ႔ကင္ဂ်ံဳအင္

ခ်က္ခ်င္းကိုလက္သီးေတြဆုပ္မိၿပီးမ်က္ခံုးေတြလည္းတန္းသြားတယ္

ေဒါသထြက္ရင္ျဖစ္ေနက်အက်င့္တစ္ခုျဖစ္တဲ့ပါးေစာင္ကိုလည္းလ်ွာနဲ႔ထိုးေနမိတယ္

"ေတာက္ခ္!!"

"ဘာျဖစ္တာလဲလီဆာ"

"ငါျပန္ေတာ့မယ္နင္ပဲကဲေတာ့"

ဘမ့္ဘက္ကဘာေတြထပ္​ေအာ္ေနမွန္းကိုလီဆာမၾကားႏိုင္ေတာ့ပါ

အခုလက္ရိွမ်က္စိထဲမဒမ္နဲ႔ဟိုလူ႔ပံုရိပ္ေတြခ်ည္းေနရာယူထားေတာ့တာ

မဒမ့္ကိုအဲ့လူနဲ႔မပတ္သက္ဖို႔အႀကိမ္ႀကိမ္မွာထားလ်က္နဲ႔မဒမ္ဟာဒီလူနဲ႔အတူကလပ္ကိုေရာက္ေနတယ္တဲ့လား

တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီးၿပံဳးေနၾကတာမ်ားခါးသီးလြန္းလိုက္တာ

လီဆာ့ကိုအရူးလုပ္ေနတာလားမဒမ္ရာ

စားပြဲေပၚကပုလင္းေတြအရဆိုႏွစ္ေယာက္ထဲေတာ့မဟုတ္ဘူးဆိုတာလီဆာသိပါတယ္...

ဒါေပမယ့္လီဆာ့အတြက္ခံစားရအၾကပ္ဆံုးျမင္ကြင္းႀကီး

ေစာက္သည္းနာလြန္းစရာျမင္ကြင္းႀကီး

"Fu*k off!!!"

ေဒါသသံနဲ႔အားကုန္ေအာ္ရင္းငိုေႂကြးေနမိတယ္ထင္သည္

မဒမ္နဲ႔ပတ္သက္ရင္ထစ္ခနဲမ်က္ရည္က်တတ္တဲ့ကိုယ့္ကိုယ္ကိုၾကည့္လို႔ကိုမရဘူး

"အား!!!"

ကလပ္ေရ႔ွကားပါကင္မွာေကာင္မေလးတစ္ေယာက္မ်က္ရည္ေတြက်ရင္းေအာ္ဟစ္ေနခဲ့တာကိုဘယ္သူကမွသတိမထားမိၾကပါ

ကလပ္ထဲကကင္ဂ်န္းနီအပါအဝင္ေပါ့

×××××××××Pls vote and cmt💫

အားလံုးကိုေလးစားခ်စ္ခင္လ်က္🤎×××××××××

There are no comments yet. Log in to be the first to leave a review!

Similar stories