Fanfics

16

15:25, 10 July 2022

(Unicode)

မဒမ့်အိမ်ကအပြန်လီဆာရောက်လာခဲ့တာကလပ်ကိုပါ

ဒီလိုနေရာမျိုးတွေကိုအရင်ကချောင်းပေါက်မတတ်လာတတ်သော်လည်းအခုတော့မလာဖြစ်တာအတော်ကြာပြီလေ

မဒမ်မကြိုက်ဘူးဆိုလို့ခြေဦးတောင်မလှည့်တာ

ဒီတစ်ညတော့ချိုးဖောက်ခွင့်ပြုပါကင်ဂျုံအင်ကြောင့်လီဆာ့စိတ်တွေအရမ်းလေးလံနေတာ

အရက်သောက်ပြီးပဲဖြစ်ဖြစ်ဆေးကြောပစ်မှဖြစ်မယ်

"လီဆာ....နင်အခုမှပြန်ပေါ်လာတယ်"

ဘယ်သူနဲ့မှစကားမပြောချင်လို့ချောင်ကဝိုင်းမှာထိုင်ပါတယ်ဆိုဘမ်ကရောက်လာပြန်တယ်

"နင်ရှိနေမယ်လို့ငါမထင်ထားဘူးဘမ်"

"နင်ကရောဘယ်လိုမျက်စိလည်လာတာလဲ"

"ဒီတိုင်းပါစိတ်ပြေလက်ပျောက်"

စားပွဲပေါ်ကအရက်ခွက်ကိုရေတောင်မရောပဲတစ်ချက်တည်းမော့ချလိုက်တဲ့လီဆာ့ကြောင့်ဘမ်တောင်မျက်လုံးပြူးသွားတယ်

"နင်အစ်မဂျန်းနီနဲ့အဆင်မပြေလို့လား"

"နီနဲ့ကအားလုံးအိုခေတယ်ဘမ်"

"ဒါပေမယ့်နင့်ပုံကညစ်နေသလိုပဲ"

ဘမ်ကသူ့အားကြည့်ကာခြောက်ကပ်ကပ်ဆိုလာတယ်

"ငါ့ကိုဘာမှမမေးပါနဲ့လားငါအေးဆေးလေးသောက်ပါရစေ"

"အင်းပါ"

လီဆာလမ်းမှာဝင်ဝယ်လာတဲ့စီးကရက်ကိုမီးညှိပြီးရှိုက်လိုက်တယ်

ဒီအရသာကိုလွမ်းနေခဲ့တာမဒမ့်ကိုဖြတ်မယ်ပြောထားလို့နေနိုင်အောင်ကြိုးစားပေမယ့်မလုပ်နိုင်ဘူးဖြစ်နေတယ်

ဖြေးဖြေးချင်းအချိန်ယူပြီးလီဆာကြိုးစားပါ့မယ်မဒမ်

"လီဆာငါဟိုဘက်သွားမလို့နင်နေခဲ့မှာမလား"

လီဆာပြန်ဖြေချင်စိတ်မရှိတာကြောင့်ခေါင်းပဲငြိမ့်ပြလိုက်တယ်

ဘမ်ထွက်သွားတော့ခေါင်းကိုလှန်ချပြီးအတွေးတွေနဲ့ချာချာလည်နေပြန်တယ်

မဒမ်ကလီဆာ့ကိုချစ်မှန်းသိပေမယ့်အဲ့ဘဲကိုလီဆာမယုံချင်ဘူး

ဒီလိုမျိုးကိုယ်ထိလက်ရောက်စော်ကားဖို့ကြိုးစားတဲ့သူကနောက်တစ်ခါလည်းထပ်မလုပ်ဘူးလို့မဆိုနိုင်လေ

မဒမ့်ကိုအရမ်းစိတ်ပူနေရတယ်

အဲ့တာ​ကြောင့်ဆိုပြီးဂျုံအင့်ကိုပြဿနာသွားရှာပြန်ရင်လည်းမဒမ်ကလီဆာ့ကိုစိတ်ဆိုးမှာအသေအချာပဲ

အရင်တည်းကမှကလေးဆန်တာမုန်းပါတယ်ဆိုလီဆာသာတဇွတ်ထိုးလုပ်ရင်မဒမ်စိတ်ဆိုးမှာ

စာမေးပွဲကလည်းနီးလာပြီလီဆာသိတာပေါ့မဒမ်ကစာမေးပွဲနားနီးရင်သူ့အနားလာခိုင်းမှာမဟုတ်တော့ဘူး

အဲ့အချိန်ကျကင်ဂျုံအင်မဒမ့်အနားရောက်လာရင်ဘယ်လိုလုပ်မလဲ

လီဆာ့ကိုသာမဒမ်ပစ်သွားရင်ဘယ်နှယ့်လုပ်ကင်ဂျုံအင်သာမာယာများရင်သွားပြီ

လီဆာအဲ့ဘဲဆီမှာရှုံးရလိမ့်မယ်ဘဝမှာအရှုံးဆိုတာကြီးကိုအမုန်းဆုံး

မဒမ်နဲ့ပတ်သက်ရင်ပိုလို့တောင်မရှုံးချင်သေးတယ်

အတွေးစတွေကိုခဏဖျောက်ဖျက်ပြီးအရက်ပြင်းပြင်းတွေကိုသာတစ်ခွက်ပြီးတစ်ခွက်မော့နေခဲ့တယ်

"မောင်....နီ့ကိုယုံပါရစေကွာ"

အရင်တည်းကအဆိုးအပေမို့ထင်တယ်

ဒီလိုအရက်ပြင်းတွေသောက်တာတောင်လီဆာမမူးနိုင်ပါ....

အရက်ကိုခဏထားပြီးစီးကရက်ဘက်ကိုပြန်လှည့်လိုက်တယ်

စီးကရက်ကသာအကောင်းဆုံးမဟုတ်သေးပါဘူး...

စီးကရက်ထက်မဒမ့်နှုတ်ခမ်းကပိုချိုမြိန်တာ...ပိုနူးညံ့တာ...

"လာလီဆာ...."

မျက်စိမှတ်ထားရင်းအငွေ့တွေကိုရှိုက်ထုတ်နေစဥ်ကြားလိုက်ရတဲ့အသံလေးကြောင့်မျက်လုံးတွေဖြတ်ခနဲပွင့်သွားတယ်

လီဆာထင်တာမမှားနိုင်ပါဘူးဒါဟာမဒမ့်အသံ..

"နီ...ဘယ်လိုဖြစ်ပြီး"

မဒမ်လက်ပိုက်ထားကာလီဆာ့အားစိတ်ပျက်သလိုကြည့်နေခဲ့တယ်

အဲ့လိုအကြည့်မျိုးတွေနဲ့ကျေးဇူးပြုပြီးမကြည့်ပါနဲ့ရှင်

လီဆာရူးရလိမ့်မယ်မဒမ်ရဲ့

"မင်းအရက်တွေဘယ်လောက်တောင်သောက်ထားတာလဲကွာ"

မဒမ်ဟာလီဆာ့နားတိုးထိုင်ကာနှာခေါင်းလေးနဲ့အနံ့ခံရင်းလက်မောင်းကိုလည်းခပ်ဆတ်ဆတ်ရိုက်သေးတာ

လီဆာကတော့ဘာမှကိုမပြောနိုင်မျက်စိရှေ့ကအလှလေးကိုပဲမျက်တောင်မခတ်စတမ်းငေးနေမိတယ်

"မင်းကွာအရမ်းဆိုးတာပဲတို့ကိုပြောတော့ဒါတွေမလုပ်တော့ပါဘူးဆို"

မီးခြစ်ကိုဆောင်ထားသေးတည်းကသိလိုက်သင့်ပါတယ်လေ။

"ဒီတစ်ညတော့ခွင့်ပြုပါ နီ ရယ်မောင်စိတ်တွေအရမ်းညစ်နေလို့ပါ"

မောင်ဟာဂျန်းပခုံးထက်ကိုမှီလာပြီးအာလေးလျှာလေးနဲ့ပြောနေခဲ့ပြန်တယ်

ဒီကလေးဘာဖြစ်နေတာပါလိမ့်ဟန်မြစ်မှာတုန်းကအထိအကောင်းပါ

ဂျုံအင့်ကြောင့်သူစိတ်ညစ်နေတာလား

"လီဆာ...တို့ပေါ်ကဖယ်"

"မောင်လို့ပဲခေါ်ပါ..."

ဂျန်းပခုံးပေါ်မှာထပ်ပြီးစိုထိုင်းထိုင်းတွေခံစားရပြန်ပြီ

မောင်ငိုပါငိုနေတာလား...

"မောင်ရာ..မင်းကိုမကြိုက်တာအဲ့တာတွေတစ်ခုခုဆိုငိုဖို့ပဲသိတယ်"

စိတ်ပျက်သလိုဆိုလာတဲ့မဒမ့်ကိုလီဆာဒီတိုင်းလေးပဲကြည့်နေမိတယ်

ဒီအချိန်မှာလီဆာ့ကိုနှစ်သိမ့်စေချင်တာဒါပေမယ့်မဒမ်ကဆူငေါက်နေပြန်ပြီ

"ဒီကိုဘယ်လိုရောက်လာတာလဲ"

ဝမ်းနည်းလွန်းလို့ကျဆင်းလာတဲ့မျက်ရည်တွေကိုပြန်ထိန်းထားရတယ်

လီဆာငိုလို့မဖြစ်ဘူးလေမဒမ်ကကလေးဆန်တာမကြိုက်ဘူး

"တို့မင်းပုံစံကိုစိတ်မချလို့အနောက်ကလိုက်လာတာထင်တဲ့အတိုင်းဒီကိုလာတာပဲအစကတော့အပြင်ကပဲစောင့်ဖို့အရမ်းကြာနေလို့လိုက်ဝင်လာတာ"

"မောင့်ကိုချစ်သေးရဲ့လား နီ"

မောင်ဘာဖြစ်နေမှန်းဂျန်းနားမလည်တော့ဘူး

သူ့ကိုချစ်လို့ပဲသူမရဲ့စံချိန်စံညွန်းတွေကိုလစ်လျူရှူပြီးရွေးခဲ့တာလေ

မောင်ဘာတွေကိုအစိုးရိမ်လွန်နေတာလဲ

"မောင်မင်းမူးနေပြီထင်တယ်အိမ်ပြန်ရအောင်တို့လိုက်ပို့မယ်"

မောင်ဟာဂျန်းကိုအသက်မပါတဲ့မျက်ဝန်းတွေနဲ့ကြည့်နေပြန်ပြီ

ပြီးတော့သူကဂျန်းကိုပြောတယ်မောင်ရူးနေပြီထင်တယ်တဲ့

မောင့်စကားကိုပြန်လည်းမတုန့်ပြန်တတ်သလိုမောင်ကလည်းကျောခိုင်းပြီးထွက်သွားပြီ

မောင်ဟာဘယ်အရာကိုမှအလေးအနက်မထားဘူးထင်ရပေမယ့်တကယ်တမ်းကျsensitiveဖြစ်တတ်တဲ့ကလေးတစ်ယောက်ပါလား

"မောင်ကားပေါ်တက်"

"မောင့်ဆိုင်ကယ်ရော"

"နောက်နေ့မှလာယူလိုက်ပေါ့မောင်ရယ်"

မဒမ်ဟာကားတံခါးကိုသူမကိုယ်တိုင်ဖွင့်ပေးပြီးလီဆာ့ကိုအထဲဝင်စေတယ်

"မောင်မင်းဘာတွေဖြစ်နေလဲတို့မသိပေမယ့်မင်းအတွေးလွန်နေတာပါ"

မဒမ့်စကားကြောင့်ခါးပတ်ကိုတောင်ဖြောင့်အောင်မပတ်နိုင်ပဲမဒမ့်ကိုကြည့်နေမိပြန်တယ်

"နီ...."

"အွန်း..တို့ကိုဘာပြောမလို့လဲ"

"ဂျုံအင်နဲ့ထပ်မပတ်သက်နဲ့နော်"

မောင်ဟာတကယ့်ကိုပဲအဲ့အကြောင်းကိုစိတ်ပူနေတာကိုး

"အင်းပါ"

အစိုးရိမ်လွန်ပြီးတစ်ယောက်တည်းရင်တွေကွဲခံကာခံစားနေတဲ့မောင့်ကိုမကြည့်ရက်လို့နှုတ်ခမ်းလေးကိုနမ်းပေးလိုက်တယ်

"မောင်တို့ကိုကြည့်ပါအုန်း"

မောင်ကဂျန်းကိုအသက်မပါတဲ့မျက်ဝန်းမျိုးတွေနဲ့ကြည့်နေပြန်တာ

မောင့်ရဲ့မျက်ဝန်းတွေဟာအမြဲတောက်ပနေတတ်လို့ထင်ပါတယ်

ဒီလိုညိုးငယ်နေရင်သဘောမကျဖြစ်ရတယ်

"မောင့်ကိုတို့သိပ်ချစ်တယ်မောင်တစ်သက်လုံးမောင့်ကိုပဲချစ်သွားမှာမဖြစ်လာသေးတာတွေမဖြစ်နိုင်တာတွေကိုတွေးပူမနေပဲအရင်လိုပြန်နေပါမောင်"

မောင်ဟာဘာမှပြန်မပြောပဲဂျန်းနှုတ်ခမ်းကိုပဲအကြည့်ရောက်နေပြန်တာ

အရင်လိုခပ်သွက်သွက်အဆိုးလေးကနေအခုကျရှေ့ဆက်လည်းမတိုးပါလား

ဂျန်းလည်းစိတ်မရှည်တာနဲ့မောင့်မျက်နှာကိုဆွဲယူပြီးနမ်းရှိုက်ပစ်လိုက်တယ်

ဒီတစ်ခါတော့မောင်ဟာအနမ်းတွေကိုပြန်တုန့်ပြန်သား

နှစ်ဦးသားအနမ်းတွေကိုမွတ်သိပ်စွာပုံဖော်ရင်းမောင်ကရုတ်တရက်ကြီးရပ်ပစ်လိုက်တယ်

မောင့်ကိုနားမလည်နိုင်စွာကြည့်တော့

မောင်ပြန်ပြောတာရှင်းရှင်းလေးရယ်ဆက်နမ်းနေရင်ကားပေါ်မှာပဲဖြစ်သွားမယ်တဲ့

သူမမှာသူ့စကားကြောင့်ခေါင်းမဖော်နိုင်အောင်ရှက်ရသေး

ဘာမှဆက်မပြောတော့ပဲမောင့်ကိုလိုက်ပို့ဖို့ပဲပြင်လိုက်တယ်

🌻🌼

မောင်တို့အိမ်ရှေ့ရောက်တော့သူ့ဘာသာသူကားပေါ်ကဆင်းသွားတယ်

ဂျန်းကပဲအပြေးနောက်ကလိုက်ရင်းလက်ကိုလှမ်းဆွဲတော့မောင်ကရုတ်တရက်ရင်ခွင်ထဲကိုဆွဲသွင်းလိုက်တယ်

"မောင်...နီ့ကိုသိပ်ချစ်တာသိတယ်မလား"

"သိတာပေါ့အဂျစ်လေးရယ်"

"မောင်လေနီ့ကိုဆုံးရှုံးရမှာသိပ်ကြောက်တာပဲကွာ"

"မောင်ရယ်တွေးမပူသင့်တာတွေလျှောက်ပူနေတယ်"

"ချစ်တာကိုး"

"အရူးလေး"

မောင့်ကိုဖက်ထားရာကခွာလိုက်ပြီးဆံမြိတ်လေးတွေကိုဘေးခွဲလေးခွဲပေးရင်းနဖူးလေးကိုဖိနမ်းလိုက်တယ်

"စာမေးပွဲနီးနေပြီနော်တို့ဆီအမြဲလာဖို့မစဥ်းစားနဲ့"

ဒီစကားကိုမဒမ်ပြောမှာကြောက်နေခဲ့တာအခုတော့ကြားလိုက်ရပြီ

မဒမ့်ကိုမှမခွဲနိုင်တာဘယ်လိုလုပ်ရမလဲ

"ဘာလို့အဲ့နှုတ်ခမ်းကဆူနေတာလဲ"

"ဖုန်းရောဆက်လို့ရလား"

"စာပဲကြိုးစားတို့ဆက်ချင်ဆက်မယ်မင်းကတော့အရင်မဆက်နဲ့"

"အဲ့တာတော့မကောင်းပါဘူး"

"မဟုတ်ရင်မင်းစာထဲအာရုံမရောက်မှာစိုးလို့"

"စိတ်ဆိုးတယ်ဘာမှန်းလည်းသိဘူးဒီကလူကအဲ့လိုအပစ်ခံရမှတကယ်စာမေးပွဲကျမှာ"

မျက်နှာကြီးရှုံ့တွပြီးဆူပုတ်လွန်းနေတဲ့မောင့်ကိုကြည့်ပြီးဂျန်းမှာခွက်ထိုးခွက်လန်ရယ်ရသေး

"မလှောင်နဲ့နော်"

"ကဲပါအဂျစ်လေးရယ်ဖုန်းတော့ညဘက်ဆက်လို့ရတယ်"

"တကယ်နော်"

"အွန်း"

မျက်နှာကချက်ချင်းတကယ့်လူလည်လေး

"အာ့ဆိုနီပြန်တော့လေနောက်ကျနေပြီ"

"အင်းပါမင်းလည်းဝင်တော့"

"နီ့ကိုစိတ်တောင်မချတော့ဘူး"

"အပိုလုပ်မနေနဲ့တို့ကပြန်ရဲတယ်"

"ဒီမှာပဲအိပ်သွားပါလား"

"မောင်နော်သိပ်ကဲမနေနဲ့"

မောင်ဟာအခုကျ​တော့လည်းပုံစံတစ်မျိုးပြောင်းသွားပြန်ပြီ

ဒါလည်းကောင်းပါတယ်မဟုတ်ရင်ကလေးအတွေးလေးနဲ့ပေါက်ကရလေးဆယ်ကတွေးအုန်းမယ်

"ဟီးဟီး..မောင်ကချစ်လို့စ,တာပါ"

"ဝင်တော့အိမ်ထဲ"

ရွတ်စ်!!!

မောင်ဟာလေတကယ့်လူဆိုးခြံထဲကောင်းကောင်းမဝင်ပဲပါးကိုရွတ်ခနဲနမ်းသွားသေး

လူကိုရင်တုန်ရအောင်သိပ်လုပ်တဲ့ကလေးဆိုး

ဂျန်းနီလည်းတပြုံးပြုံးနဲ့ကားထဲဝင်သွားကာအိမ်ပြန်ခဲ့တယ်

လီဆာအိမ်ထဲရောက်တော့ဂျီဆူကလက်ပိုက်ပြီးလှေကားဝမှာရပ်စောင့်နေတယ်

"မမဘာလုပ်နေတာလဲ"

"လီလီ့ကိုစောင့်နေတာလေ"

"ဟင်...ဘာလို့လဲ"

"ဂျန်းနီလိုက်ပို့တာလား"

"ဟုတ်တယ်"

"အရက်နံ့တွေနံတယ်နော်လီလီဘယ်လောက်တောင်သောက်လာတာလဲ"

လီဆာကိုယ့်အကျီကိုပြန်နမ်းတော့လည်းအဲ့လောက်ထိတော့မဆိုးသေးပါဘူး

စိတ်ထဲတော့မမူးဘူးထင်တာပဲအများအမြင်ကိုယ့်ပုံစံကအမူးသမားဆိုက်များပေါက်နေလားမသိ

"ဒီကလေးနဲ့တော့ဘာလို့အဲ့လောက်သောက်တာလဲ"

"အ့!!မမဘယ်ကိုရိုက်တာလဲ"

ဂျီဆူကလီဆာ့တင်လေးကိုရိုက်လိုက်ခြင်း

"အရင်လည်းရိုက်နေကျကို"

"ဟာမမကလည်း..လီလီကလေးမဟုတ်တော့ဘူးနော်အဲ့လိုမရိုက်နဲ့"

နှုတ်ခမ်းလေးတဆူဆူနဲ့ပြန်ပြောနေတဲ့လီလီ့ကိုကြည့်ပြီးကျွန်မမှာအချစ်ပိုရသေးတယ်

တစ်ဦးတည်းသောအငယ်လေးလေသူဘယ်လောက်ဆိုးဆိုးတစ်အိမ်လုံးကအသည်းအသက်ဆိုတော့တုန်အောင်ချစ်တာ

"ဟုတ်ပါပြီနောက်မရိုက်တော့ဘူးနော်"

"မမပြောစရာရှိသေးလားမရှိတော့ရင်အခန်းထဲဝင်အိပ်တော့မယ်"

"နေပါအုန်းလီလီကလည်း​အရေးကြီးတယ်အဲ့အကြောင်းက"

အပေါ်တက်နေတဲ့လီဆာ့ကိုအတင်းတားပြီးဂျီဆူပြောလိုက်တယ်

"ဘာအကြောင်းလဲ"

"မမမှာချစ်သူရှိနေပြီ"

"ဘယ်လိုဘယ်လို"

မျက်လုံးလေးပေကလပ်ပေကလပ်နဲ့လီဆာ့ခမျာမယုံနိုင်ဖြစ်နေတဲ့ပုံ

"ဘယ်သူနဲ့လဲဘယ်ကကောင်လဲ"

"ဟီးဟီး"

ဂျီဆူကမဖြေပဲလက်သည်းကိုက်ပြီးအရှက်သည်းနေတာကြောင့်လီဆာတို့ကစိတ်သိပ်မရှည်တော့

"မမကလည်းအရေးထဲရှက်နေသေးပြောစမ်းပါဘယ်ကကောင်လဲလို့"

"ကင်ချယ်ယောင်းလေ"

"ဟမ်!!!"

ဟိုပါးဖောင်းကောင်ဖြစ်နေတာကိုးငါ့အစ်မကိုဘာနည်းတွေများသုံးလိုက်လဲမသိ....

ချစ်သူတွေတောင်ဖြစ်သွားကြပြီတဲ့

ရုပ်ကလေးကြည့်တော့ငထုံငအလိုနဲ့ဒီလိုကျသွက်သား

"လီလီစိတ်မဆိုးဘူးလားဟင်"

"မဆိုးပါဘူးဟိုထယ်ဝူဆိုတဲ့လူမဟုတ်တော့တော်သေး"

အခုမှပဲကျွန်မရင်ထဲကအလုံးကြီးကျသွားတော့တယ်

လီလီကပွဲကြမ်းမယ်ထင်ထားတာဒီလိုကျမောင်လေးကချစ်စရာပိုကောင်းသွားပြီ

"ဘယ်ကတည်းကကြိုက်နေတာလဲ"

"သိပ်မကြာသေးပါဘူးလီလီရဲ့ ခစ်ခစ်"

ပြောရင်းနဲ့ရှက်နေတဲ့အစ်မဖြစ်သူကိုကြည့်ပြီးလီဆာကတော့စိတ်ညစ်နေမိတယ်

အဖြစ်ကိုသည်းလွန်းတယ်

"ဒါပဲမလားသွားအိပ်တော့မယ်"

"အွန်း..သွားအိပ်တော့"

လှေကားတက်ရင်းနဲ့လီဆာတွေးနေရပြန်ပြီ..

ကြိုက်တာကမကြာဘူးဆိုတော့

နေစမ်းပါအုန်း....ငါနီနဲ့အတူအိပ်တဲ့ညကမမကိုသူ့ဆီပို့လိုက်မိတယ်

ဟာ!!!သွားပါပြီကွာ

"မမ"

လှေကားအောက်မှာပြုံးပြုံးကြီးရပ်နေသေးတဲ့အစ်မဆီပြန်ဆင်းရပြန်ပြီ

"ဘာလဲလီလီ"

"မမကိုသူ့ဆီသွားအိပ်ခိုင်းတုန်းကရောကြိုက်နေကြပြီလား"

"အွန်းလေ"

အမလေးဘုရားဘုရား....

ငါကတော့နီ့ကိုသိမ်းပိုက်လိုက်တယ်

ဟိုပါးဖောင်းကရောငါ့မမကို...

"မမတို့တစ်ခုခုဖြစ်ခဲ့သေးလား"

"ဘာတစ်ခုခုလဲ"

"ဟိုလိုလေဟာ...ဟိုဒင်းဟိုဟာ"

"ဟယ်!!!"

သူ့စကားကြောင့်ဂျီဆူ့မှာအဖျားကူးထားတဲ့လူလိုပဲမျက်နှာကြီးကရဲတွတ်နေပြီ

ငယ်နဲ့ကျွန်မကချစ်ရည်လူးခဲ့ကြတာပဲဒါပေမယ့်အမှန်အတိုင်းပြောလိုက်ရင်လီလီကပြဿနာရှာမှာ

"မမပြောစမ်းပါ..လီလီရင်တွေတောင်ပူလာပြီ"

"ဘာမှမဖြစ်ခဲ့ပါဘူးလီလီရဲ့"

"တကယ်လား"

"ဒါပေါ့"

"အဲ့တာများမမမျက်နှာကြီးကနီရဲတွတ်နေသေးတယ်"

ဂျီဆူကတော့ပြုံးပဲပြုံးနေတယ်

"အာ့ဆိုလည်းပြီးရောလီလီသွားပြီ..မမကောင်းသောညပါ"

အပျော်တွေတပွေ့တပိုက်နဲ့လာလီဆာတို့အပေါ်ပြန်တက်ပြန်တယ်

"ဟူးတော်ပါသေးရဲ့"

ဂျီဆူရဲ့စကားသံတိုးတိုးကိုတော့အဂျစ်ကောင်မကြားလိုက်ရ...

"အဖောင်းရေစိတ်မကောင်းဘူးကွာနင်ကသမာဓိအားကောင်းပေမယ့်ငါကမကောင်းတော့နင့်အစ်မကိုတစ်ဝကြီးချစ်ပေးပြီးသွားပြီ"

အိပ်ရာပေါ်ကိုပစ်လှဲရင်းလီဆာတို့ဟစ်ကြွေးနေတယ်

သူတကယ်ပျော်နေတဲ့ပုံ

ကြောင်လေးလီယိုကိုတောင်ဖမ်းပြီးအာဘွားတွေပေးနေသေး

အဂျစ်ကောင်ဟာသူ့အတွေးနဲ့သူတော့ဟုတ်နေတာပဲ

××××××××××××××ကြယ်လေးတွေပေးသွားကြအုန်း💫

အားလုံးကိုလေးစားချစ်ခင်လျက်🤎

ဒီနေ့Liliတို့Updateတွေထပ်ပေးရင်းဘလင့်ခုတွေကိုညို့ငင်နေပါတယ်ဗျို့😌××××××××××××××(Zawgyi)

မဒမ့္အိမ္ကအျပန္လီဆာေရာက္လာခဲ့တာကလပ္ကိုပါ

ဒီလိုေနရာမ်ိဳးေတြကိုအရင္ကေခ်ာင္းေပါက္မတတ္လာတတ္ေသာ္လည္းအခုေတာ့မလာျဖစ္တာအေတာ္ၾကာၿပီေလ

မဒမ္မႀကိဳက္ဘူးဆိုလို႔ေျခၪီးေတာင္မလွည့္တာ

ဒီတစ္ညေတာ့ခ်ိဳးေဖာက္ခြင့္ျပဳပါကင္ဂ်ံဳအင္ေၾကာင့္လီဆာ့စိတ္ေတြအရမ္းေလးလံေနတာ

အရက္ေသာက္ၿပီးပဲျဖစ္ျဖစ္ေဆးေၾကာပစ္မျွဖစ္မယ္

"လီဆာ....နင္အခုမျွပန္ေပၚလာတယ္"

ဘယ္သူနဲ႔မွစကားမေျပာခ်င္လို႔ေခ်ာင္ကဝိုင္းမွာထိုင္ပါတယ္ဆိုဘမ္ကေရာက္လာျပန္တယ္

"နင္ရိွေနမယ္လို႔ငါမထင္ထားဘူးဘမ္"

"နင္ကေရာဘယ္လိုမ်က္စိလည္လာတာလဲ"

"ဒီတိုင္းပါစိတ္ေျပလက္ေပ်ာက္"

စားပြဲေပၚကအရက္ခြက္ကိုေရေတာင္မေရာပဲတစ္ခ်က္တည္းေမာ့ခ်လိုက္တဲ့လီဆာ့ေၾကာင့္ဘမ္ေတာင္မ်က္လံုးျပဴးသြားတယ္

"နင္အစ္မဂ်န္းနီနဲ႔အဆင္မေျပလို႔လား"

"နီနဲ႔ကအားလံုးအိုေခတယ္ဘမ္"

"ဒါေပမယ့္နင့္ပံုကညစ္ေနသလိုပဲ"

ဘမ္ကသူ႔အားၾကည့္ကာေျခာက္ကပ္ကပ္ဆိုလာတယ္

"ငါ့ကိုဘာမွမေမးပါနဲ႔လားငါေအးေဆးေလးေသာက္ပါရေစ"

"အင္းပါ"

လီဆာလမ္းမွာဝင္ဝယ္လာတဲ့စီးကရက္ကိုမီးၫွိၿပီးရိႈက္လိုက္တယ္

ဒီအရသာကိုလြမ္းေနခဲ့တာမဒမ့္ကိုျဖတ္မယ္ေျပာထားလို႔ေနႏိုင္ေအာင္ႀကိဳးစားေပမယ့္မလုပ္ႏိုင္ဘူးျဖစ္ေနတယ္

ေျဖးေျဖးခ်င္းအခ်ိန္ယူၿပီးလီဆာႀကိဳးစားပါ့မယ္မဒမ္

"လီဆာငါဟိုဘက္သြားမလို႔နင္ေနခဲ့မွာမလား"

လီဆာျပန္ေျဖခ်င္စိတ္မရိွတာေၾကာင့္ေခါင္းပဲၿငိမ့္ျပလိုက္တယ္

ဘမ္ထြက္သြားေတာ့ေခါင္းကိုလွန္ခ်ၿပီးအေတြးေတြနဲ႔ခ်ာခ်ာလည္ေနျပန္တယ္

မဒမ္ကလီဆာ့ကိုခ်စ္မွန္းသိေပမယ့္အဲ့ဘဲကိုလီဆာမယံုခ်င္ဘူး

ဒီလိုမ်ိဳးကိုယ္ထိလက္ေရာက္ေစာ္ကားဖို႔ႀကိဳးစားတဲ့သူကေနာက္တစ္ခါလည္းထပ္မလုပ္ဘူးလို႔မဆိုႏိုင္ေလ

မဒမ့္ကိုအရမ္းစိတ္ပူေနရတယ္

အဲ့တာ​ေၾကာင့္ဆိုၿပီးဂ်ံဳအင့္ကိုျပႆနာသြားရွာျပန္ရင္လည္းမဒမ္ကလီဆာ့ကိုစိတ္ဆိုးမွာအေသအခ်ာပဲ

အရင္တည္းကမွကေလးဆန္တာမုန္းပါတယ္ဆိုလီဆာသာတဇြတ္ထိုးလုပ္ရင္မဒမ္စိတ္ဆိုးမွာ

စာေမးပြဲကလည္းနီးလာၿပီလီဆာသိတာေပါ့မဒမ္ကစာေမးပြဲနားနီးရင္သူ႔အနားလာခိုင္းမွာမဟုတ္ေတာ့ဘူး

အဲ့အခ်ိန္က်ကင္ဂ်ံဳအင္မဒမ့္အနားေရာက္လာရင္ဘယ္လိုလုပ္မလဲ

လီဆာ့ကိုသာမဒမ္ပစ္သြားရင္ဘယ္ႏွယ့္လုပ္ကင္ဂ်ံဳအင္သာမာယာမ်ားရင္သြားၿပီ

လီဆာအဲ့ဘဲဆီမွာရႈံးရလိမ့္မယ္ဘဝမွာအရႈံးဆိုတာႀကီးကိုအမုန္းဆံုး

မဒမ္နဲ႔ပတ္သက္ရင္ပိုလို႔ေတာင္မရႈံးခ်င္ေသးတယ္

အေတြးစေတြကိုခဏေဖ်ာက္ဖ်က္ၿပီးအရက္ျပင္းျပင္းေတြကိုသာတစ္ခြက္ၿပီးတစ္ခြက္ေမာ့ေနခဲ့တယ္

"ေမာင္....နီ႔ကိုယံုပါရေစကြာ"

အရင္တည္းကအဆိုးအေပမို႔ထင္တယ္

ဒီလိုအရက္ျပင္းေတြေသာက္တာေတာင္လီဆာမမူးႏိုင္ပါ....

အရက္ကိုခဏထားၿပီးစီးကရက္ဘက္ကိုျပန္လွည့္လိုက္တယ္

စီးကရက္ကသာအေကာင္းဆံုးမဟုတ္ေသးပါဘူး...

စီးကရက္ထက္မဒမ့္ႏႈတ္ခမ္းကပိုခ်ိဳၿမိန္တာ...ပိုႏူးညံ့တာ...

"လာလီဆာ...."

မ်က္စိမွတ္ထားရင္းအေငြ့ေတြကိုရိႈက္ထုတ္ေနစဥ္ၾကားလိုက္ရတဲ့အသံေလးေၾကာင့္မ်က္လံုးေတျြဖတ္ခနဲပြင့္သြားတယ္

လီဆာထင္တာမမွားႏိုင္ပါဘူးဒါဟာမဒမ့္အသံ..

"နီ...ဘယ္လိုျဖစ္ၿပီး"

မဒမ္လက္ပိုက္ထားကာလီဆာ့အားစိတ္ပ်က္သလိုၾကည့္ေနခဲ့တယ္

အဲ့လိုအၾကည့္မ်ိဳးေတြနဲ႔ေက်းဇူးျပဳျပီးမၾကည့္ပါနဲ႔ရွင္

လီဆာရူးရလိမ့္မယ္မဒမ္ရဲ့

"မင္းအရက္ေတြဘယ္ေလာက္ေတာင္ေသာက္ထားတာလဲကြာ"

မဒမ္ဟာလီဆာ့နားတိုးထိုင္ကာႏွာေခါင္းေလးနဲ႔အနံ႔ခံရင္းလက္ေမာင္းကိုလည္းခပ္ဆတ္ဆတ္ရိုက္ေသးတာ

လီဆာကေတာ့ဘာမွကိုမေျပာႏိုင္မ်က္စိေရ႔ွကအလွေလးကိုပဲမ်က္ေတာင္မခတ္စတမ္းေငးေနမိတယ္

"မင္းကြာအရမ္းဆိုးတာပဲတို႔ကိုေျပာေတာ့ဒါေတြမလုပ္ေတာ့ပါဘူးဆို"

မီးျခစ္ကိုေဆာင္ထားေသးတည္းကသိလိုက္သင့္ပါတယ္ေလ။

"ဒီတစ္ညေတာ့ခြင့္ျပဳပါ နီ ရယ္ေမာင္စိတ္ေတြအရမ္းညစ္ေနလို႔ပါ"

ေမာင္ဟာဂ်န္းပခံုးထက္ကိုမွီလာၿပီးအာေလးလ်ွာေလးနဲ႔ေျပာေနခဲ့ျပန္တယ္

ဒီကေလးဘာျဖစ္ေနတာပါလိမ့္ဟန္ျမစ္မွာတုန္းကအထိအေကာင္းပါ

ဂ်ံဳအင့္ေၾကာင့္သူစိတ္ညစ္ေနတာလား

"လီဆာ...တို႔ေပၚကဖယ္"

"ေမာင္လို႔ပဲေခၚပါ..."

ဂ်န္းပခံုးေပၚမွာထပ္ၿပီးစိုထိုင္းထိုင္းေတြခံစားရျပန္ၿပီ

ေမာင္ငိုပါငိုေနတာလား...

"ေမာင္ရာ..မင္းကိုမႀကိဳက္တာအဲ့တာေတြတစ္ခုခုဆိုငိုဖို႔ပဲသိတယ္"

စိတ္ပ်က္သလိုဆိုလာတဲ့မဒမ့္ကိုလီဆာဒီတိုင္းေလးပဲၾကည့္ေနမိတယ္

ဒီအခ်ိန္မွာလီဆာ့ကိုႏွစ္သိမ့္ေစခ်င္တာဒါေပမယ့္မဒမ္ကဆူေငါက္ေနျပန္ၿပီ

"ဒီကိုဘယ္လိုေရာက္လာတာလဲ"

ဝမ္းနည္းလြန္းလို႔က်ဆင္းလာတဲ့မ်က္ရည္ေတြကိုျပန္ထိန္းထားရတယ္

လီဆာငိုလို႔မျဖစ္ဘူးေလမဒမ္ကကေလးဆန္တာမႀကိဳက္ဘူး

"တို႔မင္းပံုစံကိုစိတ္မခ်လို႔အေနာက္ကလိုက္လာတာထင္တဲ့အတိုင္းဒီကိုလာတာပဲအစကေတာ့အျပင္ကပဲေစာင့္ဖို႔အရမ္းၾကာေနလို႔လိုက္ဝင္လာတာ"

"ေမာင့္ကိုခ်စ္ေသးရဲ့လား နီ"

ေမာင္ဘာျဖစ္ေနမွန္းဂ်န္းနားမလည္ေတာ့ဘူး

သူ႔ကိုခ်စ္လို႔ပဲသူမရဲ့စံခ်ိန္စံၫြန္းေတြကိုလစ္လ်ူရႉၿပီးေရြးခဲ့တာေလ

ေမာင္ဘာေတြကိုအစိုးရိမ္လြန္ေနတာလဲ

"ေမာင္မင္းမူးေနၿပီထင္တယ္အိမ္ျပန္ရေအာင္တို႔လိုက္ပို႔မယ္"

ေမာင္ဟာဂ်န္းကိုအသက္မပါတဲ့မ်က္ဝန္းေတြနဲ႔ၾကည့္ေနျပန္ၿပီ

ၿပီးေတာ့သူကဂ်န္းကိုေျပာတယ္ေမာင္ရူးေနၿပီထင္တယ္တဲ့

ေမာင့္စကားကိုျပန္လည္းမတုန္႔ျပန္တတ္သလိုေမာင္ကလည္းေက်ာခိုင္းၿပီးထြက္သြားၿပီ

ေမာင္ဟာဘယ္အရာကိုမွအေလးအနက္မထားဘူးထင္ရေပမယ့္တကယ္တမ္းက်sensitiveျဖစ္တတ္တဲ့ကေလးတစ္ေယာက္ပါလား

"ေမာင္ကားေပၚတက္"

"ေမာင့္ဆိုင္ကယ္ေရာ"

"ေနာက္ေန့မွလာယူလိုက္ေပါ့ေမာင္ရယ္"

မဒမ္ဟာကားတံခါးကိုသူမကိုယ္တိုင္ဖြင့္ေပးၿပီးလီဆာ့ကိုအထဲဝင္ေစတယ္

"ေမာင္မင္းဘာေတျြဖစ္ေနလဲတို႔မသိေပမယ့္မင္းအေတြးလြန္ေနတာပါ"

မဒမ့္စကားေၾကာင့္ခါးပတ္ကိုေတာင္ေျဖာင့္ေအာင္မပတ္ႏိုင္ပဲမဒမ့္ကိုၾကည့္ေနမိျပန္တယ္

"နီ...."

"အြန္း..တို႔ကိုဘာေျပာမလို႔လဲ"

"ဂ်ံဳအင္နဲ႔ထပ္မပတ္သက္နဲ႔ေနာ္"

ေမာင္ဟာတကယ့္ကိုပဲအဲ့အေၾကာင္းကိုစိတ္ပူေနတာကိုး

"အင္းပါ"

အစိုးရိမ္လြန္ၿပီးတစ္ေယာက္တည္းရင္ေတြကြဲခံကာခံစားေနတဲ့ေမာင့္ကိုမၾကည့္ရက္လို႔ႏႈတ္ခမ္းေလးကိုနမ္းေပးလိုက္တယ္

"ေမာင္တို႔ကိုၾကည့္ပါအုန္း"

ေမာင္ကဂ်န္းကိုအသက္မပါတဲ့မ်က္ဝန္းမ်ိဳးေတြနဲ႔ၾကည့္ေနျပန္တာ

ေမာင့္ရဲ့မ်က္ဝန္းေတြဟာအၿမဲေတာက္ပေနတတ္လို႔ထင္ပါတယ္

ဒီလိုညိုးငယ္ေနရင္သေဘာမက်ျဖစ္ရတယ္

"ေမာင့္ကိုတို႔သိပ္ခ်စ္တယ္ေမာင္တစ္သက္လံုးေမာင့္ကိုပဲခ်စ္သြားမွာမျဖစ္လာေသးတာေတြမျဖစ္ႏိုင္တာေတြကိုေတြးပူမေနပဲအရင္လိုျပန္ေနပါေမာင္"

ေမာင္ဟာဘာမျွပန္မေျပာပဲဂ်န္းႏႈတ္ခမ္းကိုပဲအၾကည့္ေရာက္ေနျပန္တာ

အရင္လိုခပ္သြက္သြက္အဆိုးေလးကေနအခုက်ေရ႔ွဆက္လည္းမတိုးပါလား

ဂ်န္းလည္းစိတ္မရွည္တာနဲ႔ေမာင့္မ်က္ႏွာကိုဆြဲယူၿပီးနမ္းရိႈက္ပစ္လိုက္တယ္

ဒီတစ္ခါေတာ့ေမာင္ဟာအနမ္းေတြကိုျပန္တုန္႔ျပန္သား

ႏွစ္ၪီးသားအနမ္းေတြကိုမြတ္သိပ္စြာပံုေဖာ္ရင္းေမာင္ကရုတ္တရက္ႀကီးရပ္ပစ္လိုက္တယ္

ေမာင့္ကိုနားမလည္ႏိုင္စြာၾကည့္ေတာ့

ေမာင္ျပန္ေျပာတာရွင္းရွင္းေလးရယ္ဆက္နမ္းေနရင္ကားေပၚမွာပဲျဖစ္သြားမယ္တဲ့

သူမမွာသူ႔စကားေၾကာင့္ေခါင္းမေဖာ္ႏိုင္ေအာင္ရွက္ရေသး

ဘာမွဆက္မေျပာေတာ့ပဲေမာင့္ကိုလိုက္ပို႔ဖို႔ပဲျပင္လိုက္တယ္

🌻🌼

ေမာင္တို႔အိမ္ေရ႔ွေရာက္ေတာ့သူ႔ဘာသာသူကားေပၚကဆင္းသြားတယ္

ဂ်န္းကပဲအေျပးေနာက္ကလိုက္ရင္းလက္ကိုလွမ္းဆြဲေတာ့ေမာင္ကရုတ္တရက္ရင္ခြင္ထဲကိုဆြဲသြင္းလိုက္တယ္

"ေမာင္...နီ႔ကိုသိပ္ခ်စ္တာသိတယ္မလား"

"သိတာေပါ့အဂ်စ္ေလးရယ္"

"ေမာင္ေလနီ႔ကိုဆံုးရႈံးရမွာသိပ္ေၾကာက္တာပဲကြာ"

"ေမာင္ရယ္ေတြးမပူသင့္တာေတြေလ်ွာက္ပူေနတယ္"

"ခ်စ္တာကိုး"

"အရူးေလး"

ေမာင့္ကိုဖက္ထားရာကခြာလိုက္ၿပီးဆံၿမိတ္ေလးေတြကိုေဘးခြဲေလးခြဲေပးရင္းနဖူးေလးကိုဖိနမ္းလိုက္တယ္

"စာေမးပြဲနီးေနၿပီေနာ္တို႔ဆီအၿမဲလာဖို႔မစဥ္းစားနဲ႔"

ဒီစကားကိုမဒမ္ေျပာမွာေၾကာက္ေနခဲ့တာအခုေတာ့ၾကားလိုက္ရၿပီ

မဒမ့္ကိုမွမခြဲႏိုင္တာဘယ္လိုလုပ္ရမလဲ

"ဘာလို႔အဲ့ႏႈတ္ခမ္းကဆူေနတာလဲ"

"ဖုန္းေရာဆက္လို႔ရလား"

"စာပဲႀကိဳးစားတို႔ဆက္ခ်င္ဆက္မယ္မင္းကေတာ့အရင္မဆက္နဲ႔"

"အဲ့တာေတာ့မေကာင္းပါဘူး"

"မဟုတ္ရင္မင္းစာထဲအာရံုမေရာက္မွာစိုးလို႔"

"စိတ္ဆိုးတယ္ဘာမွန္းလည္းသိဘူးဒီကလူကအဲ့လိုအပစ္ခံရမွတကယ္စာေမးပြဲက်မွာ"

မ်က္ႏွာႀကီးရႈံ႔တြၿပီးဆူပုတ္လြန္းေနတဲ့ေမာင့္ကိုၾကည့္ၿပီးဂ်န္းမွာခြက္ထိုးခြက္လန္ရယ္ရေသး

"မေလွာင္နဲ႔ေနာ္"

"ကဲပါအဂ်စ္ေလးရယ္ဖုန္းေတာ့ညဘက္ဆက္လို႔ရတယ္"

"တကယ္ေနာ္"

"အြန္း"

မ်က္ႏွာကခ်က္ခ်င္းတကယ့္လူလည္ေလး

"အာ့ဆိုနီျပန္ေတာ့ေလေနာက္က်ေနၿပီ"

"အင္းပါမင္းလည္းဝင္ေတာ့"

"နီ႔ကိုစိတ္ေတာင္မခ်ေတာ့ဘူး"

"အပိုလုပ္မေနနဲ႔တို႔ကျပန္ရဲတယ္"

"ဒီမွာပဲအိပ္သြားပါလား"

"ေမာင္ေနာ္သိပ္ကဲမေနနဲ႔"

ေမာင္ဟာအခုက်​ေတာ့လည္းပံုစံတစ္မ်ိဳးေျပာင္းသြားျပန္ၿပီ

ဒါလည္းေကာင္းပါတယ္မဟုတ္ရင္ကေလးအေတြးေလးနဲ႔ေပါက္ကရေလးဆယ္ကေတြးအုန္းမယ္

"ဟီးဟီး..ေမာင္ကခ်စ္လို႔စ,တာပါ"

"ဝင္ေတာ့အိမ္ထဲ"

ရြတ္စ္!!!

ေမာင္ဟာေလတကယ့္လူဆိုးၿခံထဲေကာင္းေကာင္းမဝင္ပဲပါးကိုရြတ္ခနဲနမ္းသြားေသး

လူကိုရင္တုန္ရေအာင္သိပ္လုပ္တဲ့ကေလးဆိုး

ဂ်န္းနီလည္းတၿပံဳးၿပံဳးနဲ႔ကားထဲဝင္သြားကာအိမ္ျပန္ခဲ့တယ္

လီဆာအိမ္ထဲေရာက္ေတာ့ဂ်ီဆူကလက္ပိုက္ၿပီးေလွကားဝမွာရပ္ေစာင့္ေနတယ္

"မမဘာလုပ္ေနတာလဲ"

"လီလီ့ကိုေစာင့္ေနတာေလ"

"ဟင္...ဘာလို႔လဲ"

"ဂ်န္းနီလိုက္ပို႔တာလား"

"ဟုတ္တယ္"

"အရက္နံ႔ေတြနံတယ္ေနာ္လီလီဘယ္ေလာက္ေတာင္ေသာက္လာတာလဲ"

လီဆာကိုယ့္အက်ီကိုျပန္နမ္းေတာ့လည္းအဲ့ေလာက္ထိေတာ့မဆိုးေသးပါဘူး

စိတ္ထဲေတာ့မမူးဘူးထင္တာပဲအမ်ားအျမင္ကိုယ့္ပံုစံကအမူးသမားဆိုက္မ်ားေပါက္ေနလားမသိ

"ဒီကေလးနဲ႔ေတာ့ဘာလို႔အဲ့ေလာက္ေသာက္တာလဲ"

"အ့!!မမဘယ္ကိုရိုက္တာလဲ"

ဂ်ီဆူကလီဆာ့တင္ေလးကိုရိုက္လိုက္ျခင္း

"အရင္လည္းရိုက္ေနက်ကို"

"ဟာမမကလည္း..လီလီကေလးမဟုတ္ေတာ့ဘူးေနာ္အဲ့လိုမရိုက္နဲ႔"

ႏႈတ္ခမ္းေလးတဆူဆူနဲ႔ျပန္ေျပာေနတဲ့လီလီ့ကိုၾကည့္ၿပီးကြၽန္မမွာအခ်စ္ပိုရေသးတယ္

တစ္ၪီးတည္းေသာအငယ္ေလးေလသူဘယ္ေလာက္ဆိုးဆိုးတစ္အိမ္လံုးကအသည္းအသက္ဆိုေတာ့တုန္ေအာင္ခ်စ္တာ

"ဟုတ္ပါၿပီေနာက္မရိုက္ေတာ့ဘူးေနာ္"

"မမေျပာစရာရိွေသးလားမရိွေတာ့ရင္အခန္းထဲဝင္အိပ္ေတာ့မယ္"

"ေနပါအုန္းလီလီကလည္း​အေရးႀကီးတယ္အဲ့အေၾကာင္းက"

အေပၚတက္ေနတဲ့လီဆာ့ကိုအတင္းတားၿပီးဂ်ီဆူေျပာလိုက္တယ္

"ဘာအေၾကာင္းလဲ"

"မမမွာခ်စ္သူရိွေနၿပီ"

"ဘယ္လိုဘယ္လို"

မ်က္လံုးေလးေပကလပ္ေပကလပ္နဲ႔လီဆာ့ခမ်ာမယံုႏိုင္ျဖစ္ေနတဲ့ပံု

"ဘယ္သူနဲ႔လဲဘယ္ကေကာင္လဲ"

"ဟီးဟီး"

ဂ်ီဆူကမေျဖပဲလက္သည္းကိုက္ၿပီးအရွက္သည္းေနတာေၾကာင့္လီဆာတို႔ကစိတ္သိပ္မရွည္ေတာ့

"မမကလည္းအေရးထဲရွက္ေနေသးေျပာစမ္းပါဘယ္ကေကာင္လဲလို႔"

"ကင္ခ်ယ္ေယာင္းေလ"

"ဟမ္!!!"

ဟိုပါးေဖာင္းေကာင္ျဖစ္ေနတာကိုးငါ့အစ္မကိုဘာနည္းေတြမ်ားသံုးလိုက္လဲမသိ....

ခ်စ္သူေတြေတာင္ျဖစ္သြားၾကၿပီတဲ့

ရုပ္ကေလးၾကည့္ေတာ့ငထံုငအလိုနဲ႔ဒီလိုက်သြက္သား

"လီလီစိတ္မဆိုးဘူးလားဟင္"

"မဆိုးပါဘူးဟိုထယ္ဝူဆိုတဲ့လူမဟုတ္ေတာ့ေတာ္ေသး"

အခုမွပဲကြၽန္မရင္ထဲကအလံုးႀကီးက်သြားေတာ့တယ္

လီလီကပြဲၾကမ္းမယ္ထင္ထားတာဒီလိုက်ေမာင္ေလးကခ်စ္စရာပိုေကာင္းသြားၿပီ

"ဘယ္ကတည္းကႀကိဳက္ေနတာလဲ"

"သိပ္မၾကာေသးပါဘူးလီလီရဲ့ ခစ္ခစ္"

ေျပာရင္းနဲ႔ရွက္ေနတဲ့အစ္မျဖစ္သူကိုၾကည့္ၿပီးလီဆာကေတာ့စိတ္ညစ္ေနမိတယ္

အျဖစ္ကိုသည္းလြန္းတယ္

"ဒါပဲမလားသြားအိပ္ေတာ့မယ္"

"အြန္း..သြားအိပ္ေတာ့"

ေလွကားတက္ရင္းနဲ႔လီဆာေတြးေနရျပန္ၿပီ..

ႀကိဳက္တာကမၾကာဘူးဆိုေတာ့

ေနစမ္းပါအုန္း....ငါနီနဲ႔အတူအိပ္တဲ့ညကမမကိုသူ႔ဆီပို႔လိုက္မိတယ္

ဟာ!!!သြားပါၿပီကြာ

"မမ"

ေလွကားေအာက္မွာၿပံဳးၿပံဳးႀကီးရပ္ေနေသးတဲ့အစ္မဆီျပန္ဆင္းရျပန္ၿပီ

"ဘာလဲလီလီ"

"မမကိုသူ႔ဆီသြားအိပ္ခိုင္းတုန္းကေရာႀကိဳက္ေနၾကၿပီလား"

"အြန္းေလ"

အမေလးဘုရားဘုရား....

ငါကေတာ့နီ႔ကိုသိမ္းပိုက္လိုက္တယ္

ဟိုပါးေဖာင္းကေရာငါ့မမကို...

"မမတို႔တစ္ခုခုျဖစ္ခဲ့ေသးလား"

"ဘာတစ္ခုခုလဲ"

"ဟိုလိုေလဟာ...ဟိုဒင္းဟိုဟာ"

"ဟယ္!!!"

သူ႔စကားေၾကာင့္ဂ်ီဆူ႔မွာအဖ်ားကူးထားတဲ့လူလိုပဲမ်က္ႏွာႀကီးကရဲတြတ္ေနၿပီ

ငယ္နဲ႔ကြၽန္မကခ်စ္ရည္လူးခဲ့ၾကတာပဲဒါေပမယ့္အမွန္အတိုင္းေျပာလိုက္ရင္လီလီကျပႆနာရွာမွာ

"မမေျပာစမ္းပါ..လီလီရင္ေတြေတာင္ပူလာၿပီ"

"ဘာမွမျဖစ္ခဲ့ပါဘူးလီလီရဲ့"

"တကယ္လား"

"ဒါေပါ့"

"အဲ့တာမ်ားမမမ်က္ႏွာႀကီးကနီရဲတြတ္ေနေသးတယ္"

ဂ်ီဆူကေတာ့ၿပံဳးပဲၿပံဳးေနတယ္

"အာ့ဆိုလည္းၿပီးေရာလီလီသြားၿပီ..မမေကာင္းေသာညပါ"

အေပ်ာ္ေတြတေပြ့တပိုက္နဲ႔လာလီဆာတို႔အေပၚျပန္တက္ျပန္တယ္

"ဟူးေတာ္ပါေသးရဲ့"

ဂ်ီဆူရဲ့စကားသံတိုးတိုးကိုေတာ့အဂ်စ္ေကာင္မၾကားလိုက္ရ...

"အေဖာင္းေရစိတ္မေကာင္းဘူးကြာနင္ကသမာဓိအားေကာင္းေပမယ့္ငါကမေကာင္းေတာ့နင့္အစ္မကိုတစ္ဝႀကီးခ်စ္ေပးၿပီးသြားၿပီ"

အိပ္ရာေပၚကိုပစ္လွဲရင္းလီဆာတို႔ဟစ္ေႂကြးေနတယ္

သူတကယ္ေပ်ာ္ေနတဲ့ပံု

ေၾကာင္ေလးလီယိုကိုေတာင္ဖမ္းၿပီးအာဘြားေတြေပးေနေသး

အဂ်စ္ေကာင္ဟာသူ႔အေတြးနဲ႔သူေတာ့ဟုတ္ေနတာပဲ

××××××××××××××ၾကယ္ေလးေတြေပးသြားၾကအုန္း💫

အားလံုးကိုေလးစားခ်စ္ခင္လ်က္🤎

ဒီေန့Liliတို႔Updateေတြထပ္ေပးရင္းဘလင့္ခုေတြကိုညို႔ငင္ေနပါတယ္ဗ်ိဳ႕😌××××××××××××××

There are no comments yet. Log in to be the first to leave a review!

Similar stories