15
15:17, 9 July 2022"နီ.....ဒီမှာမောင်ဝယ်လာပြီ"
လူမရောက်သေးခင်အသံနဲ့ကြိုအသိပေးပြီးအာတာပူစီကိုလေထဲမှာဝဲကာပြုံးရွှင်ပြီးပြေးလာနေတဲ့မောင့်ကိုကြည့်ပြီးဂျန်းပါအပျော်တွေကူးစက်ရတယ်
"တစ်ခုပဲဝယ်လာတယ်နော် နီ"
"ဘာလို့လဲပိုက်ဆံမလောက်လို့လား"
ဂျန်းတမင်မေးလိုက်တာပါဒီတစ်ခုတည်းနဲ့နှစ်ယောက်အတူရိုမန့်တစ်ဆန်ဆန်စားရအောင်မောင်ကအကြံနဲ့ဝယ်ခဲ့မှန်းသိတာပေါ့
"မောင့်မှာပိုက်ဆံအပြည့်ပါနော်ချစ်ချစ်ခင်ခင်စားရအောင်လို့တစ်ခုတည်းဝယ်လာတာ"
နှုတ်ခမ်းလေးတစ်စူစူနဲ့ပြောနေတဲ့ဘဲပေါက်လေးဟာသိပ်အသဲယားစရာကောင်းတာ
"ဟုတ်ပါပြီမောင်ရယ်တို့ကတမင်စ,လိုက်တာပါ"
"အာ့ဆိုအပြစ်အနေနဲ့နီမောင့်ကိုခွံကျွေးရမယ်"
"ဟယ်တော့...ကိုယ့်ဘာသာကိုစားလေ"
"နိုးပါ...ခွံကျွေးရမှာပဲမရဘူး"
"ဟုတ်ပါပြီရှင်...တို့ရဲ့အဂျစ်လေးကိုအရှုံးပေးပါတယ်..."
မွ!!!
မောင့်ကိုအသဲယားလွန်းလို့သူ့ပါးလေးကိုနမ်းလိုက်ကာ
မောင့်ကိုကြည့်တော့ပြုံးနေတာများပုရွတ်ဆိတ်တောင်တက်တော့မယ်
"အဲ့လောက်ထိုပြုံးမနေနဲ့တော်ကြာငယ်ငယ်ရွယ်ရွယ်နဲ့မင်းဆီးချိုဖြစ်နေမယ်"
မောင့်ကိုခပ်ရွဲ့ရွဲ့ပြောတော့မောင်ကပါးကိုဖျတ်ခနဲနမ်းသွားတယ်
"မင်းနော်လူကိုအငိုက်ဖမ်းတယ်"
"ကိုယ့်ချစ်သူကိုနမ်းတာပဲကို"
မောင်ဟာပခုံးလေးတွန့်ပြရင်းစကားဆိုနေတာများဘယ်လိုလေးမှန်းမသိ
ဂျန်းပြောဖူးသလိုပဲမောင့်ရဲ့ဂျစ်ကန်ကန်နိုင်တဲ့အကျင့်တွေကပျောက်မသွားဘူး
တစ်ခါတစ်လေမောင်စကားပြောရင်ထောင့်မကျိုးချင်စရာဖြစ်နေတုန်း
ဒါပေမယ့်လည်းဂျန်းကတော့အဲ့အဆိုးအဂျစ်လေးကိုမှသည်းသည်းလှုပ်ချစ်မိသွားတာ...
"မောင့်ကိုခွံကျွေးတော့လေကွာ"
ပါးစပ်ဟထားပြီးကလေးလိုခွံခိုင်းနေတဲ့မောင့်ကြောင့်ရယ်ရသေးတယ်
အဲ့ကျတော့သူ့ရယ်ပါတယ်ဆိုပြီးနှုတ်ခမ်းကစူသေးတာ
ပြောရရင်ကလေးဂျီကျလို့ထိန်းနေရသလိုပဲ
"ရော့...မောင့်အတွက်"
အာတာပူစီတစ်မျှင်ကိုယူပြီးခွံလိုက်တော့ချက်ချင်းမျက်နှာကမှိုရတဲ့အတိုင်းပြောင်းသွားတာ
မောင်ဟာရုပ်ပြောင်းရုပ်လွဲလဲတော်သေး
"နီခွံကျွေးလို့ဖြစ်မယ်ပိုချိုတယ်"
"အွန်းပါ"
"မောင်လည်းပြန်ခွံမယ်"
မောင်ဟာခွံ့ကျွေးမယ်လည်းပြောသေးလက်ကနေမကိုင်ပဲသူ့နှုတ်ခမ်းမှာကပ်ထားတာ
ဂျန်းမျက်နှာနားလည်းအတင်းတိုးလာသေးနောက်တော့သဘောပေါက်လိုက်ရတယ်
မောင်ကအဆင့်မြင့်ခွံ့ကျွေးနည်းကိုအသုံးပြုလိုက်တာပါလား
တကယ့်အလည်လေး
ဂျန်းလည်းမောင့်နှုတ်ခမ်းထက်ကအာတာပူစီကိုပြန်စုပ်ယူပြီးနှစ်ယောက်သားအပြိုင်စားနေမိတယ်
အတူစားလို့နဲ့တူပါတယ်ခဏလေးနဲ့ကုန်သွားတယ်
ငှက်သိုက်မျှင်တွေပျောက်သွားတဲ့အချိန်အလိုလိုကိုမောင့်နှုတ်ခမ်းဖူးဖူးနဲ့တစ်ထပ်တည်းဖြစ်သွားတော့တာပဲ
မောင်ကလေမာယာလည်းများတတ်သေးတာ
အစုံပလုံတတ်တဲ့လူဆိုးလေးပဲ....
မောင့်နှုတ်ခမ်းလေးကပုံမှန်ထက်ပိုချိုနေသယောင်...
အာတာပူစီအရသာကြောင့်လည်းပါမယ်ထင်ပါတယ်
အခုတလောမောင်ကလိမ္မာစွာစီးကရက်ကိုမသောက်တော့ဘူးလေ
ဘယ်အထိမသောက်ပဲနေနိုင်မလဲမခန့်မှန်းတတ်ပေမယ့်စကားနားထောင်လို့အချစ်ကပိုရသေးတယ်
"မောင့်ကျွေးတဲ့နည်းကပိုအရသာရှိတယ်ဟုတ်တယ်မလား နီ"
မျက်ခုံးလေးတွေပင့်တင်ရင်းဆရာကြီးအထာနဲ့မောင့်ကြောင့်ရယ်ချင်စိတ်ကိုမနည်းထိန်းရသေး
"မကောင်းပါဘူး"
"နီနော်လိမ်ပြောရင်အပြစ်ပေးမှာ"
"ဘာအပြစ်လဲ"
"လျို့ဝှက်ချက်"
"တော်ပါမောင်နော်..."
"မောင်ဘာလုပ်လို့လဲ"
"လူကိုခွံကျွေးတယ်ဆိုပြီးနမ်းသွားတယ်လေဟွန့်"
"နီလည်းသဘောကျရဲ့သားနဲ့"
အဲ့လိုပြောင်စပ်စပ်မျက်နှာထားနဲ့မောင်စကားပြောတဲ့အချိန်တိုင်းရယ်လည်းရယ်ချင်သလိုမျက်စောင်းလည်းထိုးပစ်ချင်သေးတာ
သူလုပ်ချင်ရာလုပ်ပြီးတိုင်းမောင်ဟာအမြဲအဲ့မျက်နှာပဲ
လီဆာ့ကိုကြည့်ပြီးမျက်စောင်းလေးထိုးကာအောက်နှုတ်ခမ်းလေးပါကိုက်ထားတဲ့မဒမ့်ကြောင့်စိတ်ကိုမနည်းထိန်းထားရတာ
မဒမ်ကစိတ်ဆိုးပြီးပဲဒီလိုဟန်ပန်နဲ့နေတာလားလီဆာသေချာမပြောတတ်ပေမယ့်မဒမ်အဲ့လိုပြုမူတိုင်းဒေါသကြီးတဲ့ကြောင်မလေးတစ်နည်းအားဖြင့်ကြောင်ရိုင်းမလေးပုံပေါက်လို့လီဆာမှာချုပ်တည်းထားရတာ
"ရွှီး!!!!#"
ထိုအချိန်ဟန်မြစ်မှာကလေးတစ်သိုက်ဖောက်လိုက်တဲ့မီးရှူးမီးပန်းတွေကြောင့်ကြောင်ရိုင်းမလေးကအလိုလိုနားနှစ်ဖက်ကိုအုပ်ပြီးလီဆာ့ရင်ခွင်ထဲပစ်ဝင်လာတော့တယ်
မဒမ်ကအဲ့လိုရှူးဒိုင်းအသံတွေသိပ်ကြောက်တတ်တာ...
လီဆာကကျအဲ့လိုမျိုးတွေသဘောအရမ်းကျ..
ကောင်းကင်မှာလှပတဲ့ရောင်စုံမွှားလေးတွေဖြစ်ပေါ်လာတာလေ
သိပ်လှတဲ့မြင်ကွင်းတစ်ရပ်မို့မီးရှူးမီးပန်းဆိုသိပ်ကြိုက်တာ
"နီကလည်းကြောက်တတ်လိုက်တာ"
"ကြောက်တာမဟုတ်ပါဘူးနော်အဲ့အသံတွေကနားညီးလို့"
ရင်ခွင်ထဲကအကောင်ပေါက်ကဝန်မခံပဲလိမ်နေပြန်တာကြောင့်လီဆာလည်းမဒမ့်မျက်နှာအနှံ့နှာခေါင်းနဲ့နမ်းပစ်လိုက်တယ်
မောင့်စိတ်ကိုမခန့်မှန်းတတ်တာဒီလိုအချက်တွေကြောင့်
စကားပြောနေရင်းကထပြီးတော့နှာခေါင်းလုံးလုံးနဲ့မျက်နှာအနှံ့ကိုပွတ်နမ်းနေပြန်ပြီ
မောင်ဟာသိပ်အသားယူတာ...
"နီ...မီးရှူးမီးပန်းတွေကတကယ်တော့အရမ်းလှတာ"
မောင်ဟာဂျန်းရဲ့ကိုယ်ကိုဆွဲလှည့်ပြီးဟန်မြစ်ကိုမျက်နှာချင်းဆိုင်ခိုင်းကာကောင်းကင်ပေါ်ကိုကြည့်ခိုင်းတယ်
"မလှဘူးလား နီ ရယ်မောင်ကတော့သဘောသိပ်ကျ"
ဂျန်းခါးတွေကိုဖက်ထားရင်းပခုံးပေါ်မေးတင်ထားကာနီးနီးကပ်ကပ်နေလွန်းတဲ့မောင်ဟာစကားပြောတာရိုးရိုးမပြောဘူး...
ပုံမှန်ထက်အသံကိုပိုနက်ပြီးအဆုံးသတ်မှာရယ်သံလေးတွေပါသေး
မောင့်ကိုပိုစွဲလမ်းအောင်နည်းလမ်းတကျများဖန်တီးနေလားကွယ်
"နီဖြေအုန်းလေကွာ.."
"အွန်းလှပါတယ်"
ကလေးတွေဘယ်လောက်တောင်ဝယ်လာလဲမသိဘူး....
ဖောက်လိုက်တာဆိုတာမကုန်တော့ဘူးနဲ့တူတယ်
မောင်ပြောသလိုလှတော့လှသားအသံကလည်းအခုကျနားယဥ်သွားသလိုသိပ်တော့အခြေအနေမဆိုးတော့ဘူး
ဗျောက်အိုးကိုတော့ပိုကြောက်တယ်
"နီသိလား...အဲ့မီးပွားတွေထက်ပိုလှတာမောင့်မိန်းကလေး"
မောင်ဟာလည်ပင်းသားတွေကိုနမ်းရှိုက်ပြီးပြောနေတာကြောင့်မရိုးမရွဖြစ်လာရတာဂျန်း
တားလည်းဆက်နမ်းမှာမှန်းသိလို့လေကုန်ခံပြီးတော့ပြောမနေတော့ဘူး
"မောင်ကလေအကဲကိုပိုတာ"
"မောင်တကယ်ပြောတာပါ"
ပြွတ်စ်!!!
နှုတ်ခမ်းကိုလည်းဖြတ်ကနဲနမ်းလိုက်ပြန်ပြီ
လျှပ်တစ်ပြက်ကိုမှသဘောတွေ့တဲ့လူဆိုးကောင်ကိုချစ်သူတော်ထားရတော့လည်းရင်တုန်ရအုန်းမှာပေါ့
"နီခဏလေးနော်မောင်ပြန်လာခဲ့မယ်"
"ဘယ်သွားမလို့လဲ"
မောင်ဟာဂျန်းပြောတာကိုတောင်နားမထောင်သွားဘူး
ပြေးသွားလိုက်တာဆိုတာဟိုကလေးတွေဆီကို....
ဘာတွေပြောနေလည်းမသိပါဘူး
သူကလေးတွေကိုပိုက်ဆံပေးလိုက်တာတော့တွေ့တယ်
"နီရေ...မောင်တို့အတူဖောက်ကြမယ်"
မီးရှူးချောင်းကြီးကိုလေပေါ်ဝေ့ပြီးအဝေးကြီးတည်းကအော်နေပြန်ပြီ
ဘေးကလူတွေတောင်သူတို့ကိုကြည့်နေကြတယ်
"မောင်ကလေးတွေဆီကပြန်ဝယ်လာတာ"
"ဘယ်လောက်တောင်ပေးလိုက်ရလဲ"
"အဲ့တာကအရေးမကြီးပါဘူးအခုမောင်မီးညှိအုန်းမယ်"
မောင်ဟာဘောင်းဘီအိတ်ကပ်ထဲကမီးခြစ်ကိုထုတ်လိုက်တာကြောင့်
ဂျန်းမျက်မှောင်ကြုံ့မိသွားတယ်
သူဘာလို့မီးခြစ်ဆောင်ထားသေးတာလဲ
"ကဲရပြီ..."
မောင်ဟာဂျန်းညာလက်ကိုမီးရှူးချောင်းကိုင်ခိုင်းပြီးသူ့လက်ကလည်းအပေါ်ကထပ်အုပ်ကိုင်တယ်
"ရွှီး!!!!#"
မကြာပါဘူး..မီးပွှားတွေအဆက်မပြတ်ထွက်တော့တာပဲ
မောင်နဲ့အတူဆော့ရလို့လားမသိပျော်စရာတော့ကောင်းသား
ကလေးဆန်တဲ့အလုပ်တွေလုပ်လေ့မရှိတဲ့ဂျန်းဟာမောင်နဲ့တွေ့မှပဲမငြင်းနိုင်
"လှလိုက်တာကွာ"
"ဟုတ်တယ်နော်"
"မောင်ကဒီကကင်ဂျန်းနီကိုပြောတာပါ"
ရုပ်တည်ကြီးနဲ့ပြောနေတဲ့မောင့်ကြောင့်ဂျန်းမှာရယ်နေမိတယ်
အဲ့လိုအတည်ပေါက်တွေလည်းဖောက်တတ်သေးတာ
သူမရယ်သံတွေထပ်ပြီးမရပ်ရတော့ပြန်ဘူး
မောင်ဟာပါးတွေကိုတပြွတ်ပြွတ်နမ်းနေတာကြောင့်
ဘေးလူတွေကတော့ဘယ်လိုထင်မလဲမပြောတတ်
သူတို့ဘာသာဘယ်လိုတွေးတွေးဂရုမစိုက်နိုင်တော့ဘူး...
ဂျန်းဟာအရင်တည်းကပတ်ဝန်းကျင်ကိုခေါင်းထဲမထည့်ဘူးလေ
နောက်ဆုံးတော့မီးရှူးတိုင်လည်းကုန်သွားပြီးအောက်ကျသွားသလို
မဒမ်နဲ့အဂျစ်တို့ရဲ့နှုတ်ခမ်းဟာလည်းတစ်ဖန်ထပ်တူကျသွားပြန်ပါပြီ.....
ဟန်မြစ်ကြီးမှာလည်းအဂျစ်နဲ့မဒမ်တို့ဟာအနမ်းတွေကိုမနားတမ်းပုံဖော်နေခဲ့ကြတယ်
🌻🌼
မောင့်ခါးတွေကိုအလာကအတိုင်းတင်းတင်းဖက်ပြီးအိမ်ပြန်လာခဲ့ကြတယ်
မောင်ကအရှိန်ကိုတော့အသားကုန်တင်မောင်းတာ
"နီ...ရောက်ပါပြီ"
"မောင်.."
"ဟုတ်ကဲ့ နီ"
"ဆိုင်ကယ်ကိုအဲ့လောက်ထိအရှိန်ပြင်းပြင်းမမောင်းနဲ့ကွာ"
"ဘာလို့လဲ နီ ရဲ့မောင်ကဒီလိုပဲမောင်းနေကျ"
"အထွန့်မတက်စမ်းနဲ့မောင်တို့စကားကိုနားထောင်"
မျက်နှာခပ်တည်တည်နဲ့ပြောလာတာကြောင့်ခေါင်းငြိမ့်မှဖြစ်မယ်မှန်းလီဆာနားလည်လိုက်ပါပြီ
"ဟုတ်ကဲ့ရှင့်မဒမ်"
"မင်းကလေတကယ့်အဆိုးလေးကားဆိုလည်းဂျက်လိုပဲမောင်းတာမင်းတစ်ခုခုဖြစ်သွားရင်တို့ပဲရင်ကျိုးရမှာ"
ကိုယ့်ကိုစိတ်ပူလွန်းနေတဲ့မဒမ့်ကိုလီဆာဖက်လိုက်ပြီး
"မောင်ကပြိုင်ပွဲတွေဝင်နေကျဆိုတော့ဘာမောင်းမောင်းလေယာဥ်ပျံလိုဖြစ်နေတာ"
အား!!!အ့!!!
"နာတယ်..နီရဲ့ လွှတ်ပါ"
သူ့ကိုစိတ်ပူပါတယ်ဆိုသူတော်ကြောင်းလာကြွားနေလို့အမြင်ကပ်ကပ်နဲ့ဗိုက်ကိုလိမ်လိုက်တာ
ပိန်လွန်းတော့အဆီပိုကမရှိအရိုးကိုများလိမ်သလိုဖြစ်သွားလားမသိ
သူအတော်နာသွားတဲ့ပုံပဲ
"မင်းအရမ်းကဲလို့လေ"
"နီကကွာလူကိုနာအောင်လို့"
မျက်နှာလေးရှုံ့မဲ့ပြီးပြောနေရှာတော့ဂျန်းလည်းစိတ်မကောင်း
လွန်များသွားသလား...
"အရမ်းနာသွားလို့လား"
"နီသာမောင့်ကိုနမ်းရင်တော့ပျောက်မယ်ထင်တယ်"
လီဆာ့စကားကြောင့်ပြန်ရလိုက်တာမျက်စောင်းလှလှ
"အချိန်တိုင်းဒါပဲတွေးနေလူဆိုး"
"အဲ့လူဆိုးကိုပဲချစ်တာမလား"
"တို့ကဆိုးရင်မချစ်ဘူး"
"ဒါဆိုလည်းမတတ်နိုင်ဘူးရှင်နီကမောင့်ရဲ့မိန်းမဖြစ်နေပြီဆိုးလို့မချစ်လည်းယူရတော့မှာပဲ"
မောင့်စကားကြောင့်ခေါင်းထဲဝင်လာတာသစ်လုံးအိမ်ကအဖြစ်အပျက်တွေ
အမှတ်တရကောင်းဆိုပေမယ့်တွေးလိုက်တိုင်းရှက်နေမိတယ်
"မောင်နော်ဘာတွေလျှောက်ပြောနေတာလဲ"
"ဘာပြောလို့လဲအမှန်ပဲကို"
"မပြောနဲ့ကွာ"
"ဘာလို့လဲ..မောင်တို့သစ်လုံးအိမ်မှာ"
လီဆာဆက်ပြောမယ့်စကားလုံးတွေထပ်ပြီးမထွက်နိုင်တော့ပါဘူး
တရားခံကတော့မဒမ်ပေါ့
ချက်ချင်းကိိုပိတ်နမ်းတော့တာပဲလူကအရင်တည်းကသိပ်မကြိုက်ရှာဘူးဆိုတော့
မဒမ့်အနမ်းတွေကိုပဲမျက်လုံးမှိတ်ပြီးခံယူနေလိုက်တယ်
ချိုမြနေတာပဲ!!!
"ကဲလူဆိုးလေးအိမ်ပြန်တော့ညဥ့်နက်နေပြီကလေးရဲ့"
လီဆာ့ဆံမြိတ်လေးတွေကိုလက်နဲ့ဖိကိုင်ရင်းပြောနေတဲ့မဒမ်ဟာတကယ်များလီဆာ့ကိုကလေးလို့တွေးနေသလားမသိ
"ကလေးမဟုတ်ပါဘူးနော်"
"ဘဲပေါက်ရယ်မင်းကိုအသဲယားလို့ပါကလေးမဟုတ်မှန်းတို့သိပါတယ်"
"သြော်...အဲ့လိုလား"
"အဲ့လိုပါရှင်..သွားဂရုစိုက်ပြန်ဆိုင်ကယ်ကိုလည်းဖြေးဖြေးမောင်း"
ခြံထဲကိုဝင်ဖို့ပြင်နေတဲ့မဒမ့်လက်ကိုလီဆာဆွဲလိုက်ပြီး
"နီ....ကင်ဂျုံအင်ဆိုတဲ့လူကိုထပ်ပြီးမတွေ့နဲ့တော့နော်"
"အင်းပါမောင်ရဲ့သူ့လိုလူကိုသူငယ်ချင်းအဖြစ်တောင်မတော်ချင်တော့ဘူး"
"အဲ့လူဒီနေ့လိုထပ်လုပ်မှာကိုမောင်ကြောက်နေမိတယ်မောင်အချိန်မှီရောက်မလာပဲနီ့ကိုကာကွယ်မပေးနိုင်မှာကိုပေါ့"
ဝမ်းနည်းနေတဲ့မောင့်မျက်နှာလေးကိုကျွန်မဆွဲယူပြီးပါးလေးတွေကိုဖွဖွပွတ်ပေးနေမိတယ်
"မင်းအစိုးရိမ်လွန်နေတာပါဂျုံအင်အဲ့လိုထပ်လုပ်မှာတော့မဟုတ်ဘူး"
သူမဂျုံအင့်အကြောင်းသိပါတယ်
ငယ်သူငယ်ချင်းတွေမို့စိတ်ရင်းကောင်းတဲ့သူမှန်းလည်းသိတယ်
အခုလိုဖြစ်သွားတာကလည်းသူယောကျာ်းတစ်ယောက်အနေနဲ့ခံပြင်းသွားပြီးလုပ်မိလုပ်ရာလုပ်လိုက်တာဖြစ်ပါလိမ့်မယ်
မောင်ထင်နေသလိုဆိုးရွားလွန်းတဲ့သူတော့မဟုတ်ပါဘူး
"နီအထဲဝင်တော့လေ..မောင်ပြန်တော့မယ်"
"အွန်း"
မောင်ဟာမပြန်ခင်ဂျန်းနဖူးကိုအနမ်းပေးသွားသေးတယ်
မောင့်မျက်နှာလေးမကောင်းတော့ဂျန်းရင်ထဲလည်းနေလို့အဆင်မပြေ
ဒီကလေးဘာတွေကိုများတွေးပူနေလဲမသိတော့ပါဘူး
ဂျန်းနီလည်းလီဆာ့ဆိုင်ကယ်လေးမြင်ကွင်းထဲကပျောက်သွားမှပဲအိမ်ထဲဝင်တော့တယ်...
×××××××××××ကြယ်လေးတွေပေးသွားကြအုန်း💫
မနေ့ညကစောင့်လိုက်ရတာဆိုတာပြီးတော့မှကလုန်းမှန်းလက်ခံလိုက်ရတော့တယ်😒
ဘာဖြစ်ဖြစ်ဒီနေ့NiniကParisကနေပြန်လာတယ်တဲ့ဘယ်တုန်းသွားလဲတော့သိလိုက်ဘူးကွယ်😎
*Liliကလည်းParisကပုံတွေUpdateလုပ်တယ်ဆိုတော့ကာJenlisaဟာဘာဖြစ်ဖြစ်REAL ပဲဗျို့🥳💋
××××××××(Zawgyi)
"နီ.....ဒီမွာေမာင္ဝယ္လာၿပီ"
လူမေရာက္ေသးခင္အသံနဲ႔ႀကိဳအသိေပးၿပီးအာတာပူစီကိုေလထဲမွာဝဲကာၿပံဳးရႊင္ၿပီးေျပးလာေနတဲ့ေမာင့္ကိုၾကည့္ၿပီးဂ်န္းပါအေပ်ာ္ေတြကူးစက္ရတယ္
"တစ္ခုပဲဝယ္လာတယ္ေနာ္ နီ"
"ဘာလို႔လဲပိုက္ဆံမေလာက္လို႔လား"
ဂ်န္းတမင္ေမးလိုက္တာပါဒီတစ္ခုတည္းနဲ႔ႏွစ္ေယာက္အတူရိုမန္႔တစ္ဆန္ဆန္စားရေအာင္ေမာင္ကအႀကံနဲ႔ဝယ္ခဲ့မွန္းသိတာေပါ့
"ေမာင့္မွာပိုက္ဆံအျပည့္ပါေနာ္ခ်စ္ခ်စ္ခင္ခင္စားရေအာင္လို႔တစ္ခုတည္းဝယ္လာတာ"
ႏႈတ္ခမ္းေလးတစ္စူစူနဲ႔ေျပာေနတဲ့ဘဲေပါက္ေလးဟာသိပ္အသဲယားစရာေကာင္းတာ
"ဟုတ္ပါၿပီေမာင္ရယ္တို႔ကတမင္စ,လိုက္တာပါ"
"အာ့ဆိုအျပစ္အေနနဲ႔နီေမာင့္ကိုခြံေကြၽးရမယ္"
"ဟယ္ေတာ့...ကိုယ့္ဘာသာကိုစားေလ"
"ႏိုးပါ...ခြံေကြၽးရမွာပဲမရဘူး"
"ဟုတ္ပါၿပီရွင္...တို႔ရဲ့အဂ်စ္ေလးကိုအရႈံးေပးပါတယ္..."
မြ!!!
ေမာင့္ကိုအသဲယားလြန္းလို႔သူ႔ပါးေလးကိုနမ္းလိုက္ကာ
ေမာင့္ကိုၾကည့္ေတာ့ၿပံဳးေနတာမ်ားပုရြတ္ဆိတ္ေတာင္တက္ေတာ့မယ္
"အဲ့ေလာက္ထိုၿပံဳးမေနနဲ႔ေတာ္ၾကာငယ္ငယ္ရြယ္ရြယ္နဲ႔မင္းဆီးခ်ိဳျဖစ္ေနမယ္"
ေမာင့္ကိုခပ္ရြဲ႔ရြဲ႔ေျပာေတာ့ေမာင္ကပါးကိုဖ်တ္ခနဲနမ္းသြားတယ္
"မင္းေနာ္လူကိုအငိုက္ဖမ္းတယ္"
"ကိုယ့္ခ်စ္သူကိုနမ္းတာပဲကို"
ေမာင္ဟာပခံုးေလးတြန္႔ျပရင္းစကားဆိုေနတာမ်ားဘယ္လိုေလးမွန္းမသိ
ဂ်န္းေျပာဖူးသလိုပဲေမာင့္ရဲ့ဂ်စ္ကန္ကန္ႏိုင္တဲ့အက်င့္ေတြကေပ်ာက္မသြားဘူး
တစ္ခါတစ္ေလေမာင္စကားေျပာရင္ေထာင့္မက်ိဳးခ်င္စရာျဖစ္ေနတုန္း
ဒါေပမယ့္လည္းဂ်န္းကေတာ့အဲ့အဆိုးအဂ်စ္ေလးကိုမွသည္းသည္းလႈပ္ခ်စ္မိသြားတာ...
"ေမာင့္ကိုခြံေကြၽးေတာ့ေလကြာ"
ပါးစပ္ဟထားၿပီးကေလးလိုခြံခိုင္းေနတဲ့ေမာင့္ေၾကာင့္ရယ္ရေသးတယ္
အဲ့က်ေတာ့သူ႔ရယ္ပါတယ္ဆိုၿပီးႏႈတ္ခမ္းကစူေသးတာ
ေျပာရရင္ကေလးဂ်ီက်လို႔ထိန္းေနရသလိုပဲ
"ေရာ့...ေမာင့္အတြက္"
အာတာပူစီတစ္မ်ွင္ကိုယူၿပီးခြံလိုက္ေတာ့ခ်က္ခ်င္းမ်က္ႏွာကမိႈရတဲ့အတိုင္းေျပာင္းသြားတာ
ေမာင္ဟာရုပ္ေျပာင္းရုပ္လြဲလဲေတာ္ေသး
"နီခြံေကြၽးလို႔ျဖစ္မယ္ပိုခ်ိဳတယ္"
"အြန္းပါ"
"ေမာင္လည္းျပန္ခြံမယ္"
ေမာင္ဟာခြံ႔ေကြၽးမယ္လည္းေျပာေသးလက္ကေနမကိုင္ပဲသူ႔ႏႈတ္ခမ္းမွာကပ္ထားတာ
ဂ်န္းမ်က္ႏွာနားလည္းအတင္းတိုးလာေသးေနာက္ေတာ့သေဘာေပါက္လိုက္ရတယ္
ေမာင္ကအဆင့္ျမင့္ခြံ႔ေကြၽးနည္းကိုအသံုးျပဳလိုက္တာပါလား
တကယ့္အလည္ေလး
ဂ်န္းလည္းေမာင့္ႏႈတ္ခမ္းထက္ကအာတာပူစီကိုျပန္စုပ္ယူၿပီးႏွစ္ေယာက္သားအၿပိဳင္စားေနမိတယ္
အတူစားလို႔နဲ႔တူပါတယ္ခဏေလးနဲ႔ကုန္သြားတယ္
ငွက္သိုက္မ်ွင္ေတြေပ်ာက္သြားတဲ့အခ်ိန္အလိုလိုကိုေမာင့္ႏႈတ္ခမ္းဖူးဖူးနဲ႔တစ္ထပ္တည္းျဖစ္သြားေတာ့တာပဲ
ေမာင္ကေလမာယာလည္းမ်ားတတ္ေသးတာ
အစံုပလံုတတ္တဲ့လူဆိုးေလးပဲ....
ေမာင့္ႏႈတ္ခမ္းေလးကပံုမွန္ထက္ပိုခ်ိဳေနသေယာင္...
အာတာပူစီအရသာေၾကာင့္လည္းပါမယ္ထင္ပါတယ္
အခုတေလာေမာင္ကလိမၼာစြာစီးကရက္ကိုမေသာက္ေတာ့ဘူးေလ
ဘယ္အထိမေသာက္ပဲေနႏိုင္မလဲမခန္႔မွန္းတတ္ေပမယ့္စကားနားေထာင္လို႔အခ်စ္ကပိုရေသးတယ္
"ေမာင့္ေကြၽးတဲ့နည္းကပိုအရသာရိွတယ္ဟုတ္တယ္မလား နီ"
မ်က္ခံုးေလးေတြပင့္တင္ရင္းဆရာႀကီးအထာနဲ႔ေမာင့္ေၾကာင့္ရယ္ခ်င္စိတ္ကိုမနည္းထိန္းရေသး
"မေကာင္းပါဘူး"
"နီေနာ္လိမ္ေျပာရင္အျပစ္ေပးမွာ"
"ဘာအျပစ္လဲ"
"လ်ိဳ႕ဝွက္ခ်က္"
"ေတာ္ပါေမာင္ေနာ္..."
"ေမာင္ဘာလုပ္လို႔လဲ"
"လူကိုခြံေကြၽးတယ္ဆိုၿပီးနမ္းသြားတယ္ေလဟြန္႔"
"နီလည္းသေဘာက်ရဲ့သားနဲ႔"
အဲ့လိုေျပာင္စပ္စပ္မ်က္ႏွာထားနဲ႔ေမာင္စကားေျပာတဲ့အခ်ိန္တိုင္းရယ္လည္းရယ္ခ်င္သလိုမ်က္ေစာင္းလည္းထိုးပစ္ခ်င္ေသးတာ
သူလုပ္ခ်င္ရာလုပ္ၿပီးတိုင္းေမာင္ဟာအၿမဲအဲ့မ်က္ႏွာပဲ
လီဆာ့ကိုၾကည့္ၿပီးမ်က္ေစာင္းေလးထိုးကာေအာက္ႏႈတ္ခမ္းေလးပါကိုက္ထားတဲ့မဒမ့္ေၾကာင့္စိတ္ကိုမနည္းထိန္းထားရတာ
မဒမ္ကစိတ္ဆိုးၿပီးပဲဒီလိုဟန္ပန္နဲ႔ေနတာလားလီဆာေသခ်ာမေျပာတတ္ေပမယ့္မဒမ္အဲ့လိုျပဳမူတိုင္းေဒါသႀကီးတဲ့ေၾကာင္မေလးတစ္နည္းအားျဖင့္ေၾကာင္ရိုင္းမေလးပံုေပါက္လို႔လီဆာမွာခ်ဳပ္တည္းထားရတာ
"ရႊီး!!!!#"
ထိုအခ်ိန္ဟန္ျမစ္မွာကေလးတစ္သိုက္ေဖာက္လိုက္တဲ့မီးရႉးမီးပန္းေတြေၾကာင့္ေၾကာင္ရိုင္းမေလးကအလိုလိုနားႏွစ္ဖက္ကိုအုပ္ၿပီးလီဆာ့ရင္ခြင္ထဲပစ္ဝင္လာေတာ့တယ္
မဒမ္ကအဲ့လိုရႉးဒိုင္းအသံေတြသိပ္ေၾကာက္တတ္တာ...
လီဆာကက်အဲ့လိုမ်ိဳးေတြသေဘာအရမ္းက်..
ေကာင္းကင္မွာလွပတဲ့ေရာင္စံုမႊားေလးေတြျဖစ္ေပၚလာတာေလ
သိပ္လွတဲ့ျမင္ကြင္းတစ္ရပ္မို႔မီးရႉးမီးပန္းဆိုသိပ္ႀကိဳက္တာ
"နီကလည္းေၾကာက္တတ္လိုက္တာ"
"ေၾကာက္တာမဟုတ္ပါဘူးေနာ္အဲ့အသံေတြကနားညီးလို႔"
ရင္ခြင္ထဲကအေကာင္ေပါက္ကဝန္မခံပဲလိမ္ေနျပန္တာေၾကာင့္လီဆာလည္းမဒမ့္မ်က္ႏွာအႏွံ႔ႏွာေခါင္းနဲ႔နမ္းပစ္လိုက္တယ္
ေမာင့္စိတ္ကိုမခန္႔မွန္းတတ္တာဒီလိုအခ်က္ေတြေၾကာင့္
စကားေျပာေနရင္းကထၿပီးေတာ့ႏွာေခါင္းလံုးလံုးနဲ႔မ်က္ႏွာအႏွံ႔ကိုပြတ္နမ္းေနျပန္ၿပီ
ေမာင္ဟာသိပ္အသားယူတာ...
"နီ...မီးရႉးမီးပန္းေတြကတကယ္ေတာ့အရမ္းလွတာ"
ေမာင္ဟာဂ်န္းရဲ့ကိုယ္ကိုဆြဲလွည့္ၿပီးဟန္ျမစ္ကိုမ်က္ႏွာခ်င္းဆိုင္ခိုင္းကာေကာင္းကင္ေပၚကိုၾကည့္ခိုင္းတယ္
"မလွဘူးလား နီ ရယ္ေမာင္ကေတာ့သေဘာသိပ္က်"
ဂ်န္းခါးေတြကိုဖက္ထားရင္းပခံုးေပၚေမးတင္ထားကာနီးနီးကပ္ကပ္ေနလြန္းတဲ့ေမာင္ဟာစကားေျပာတာရိုးရိုးမေျပာဘူး...
ပံုမွန္ထက္အသံကိုပိုနက္ၿပီးအဆံုးသတ္မွာရယ္သံေလးေတြပါေသး
ေမာင့္ကိုပိုစြဲလမ္းေအာင္နည္းလမ္းတက်မ်ားဖန္တီးေနလားကြယ္
"နီေျဖအုန္းေလကြာ.."
"အြန္းလွပါတယ္"
ကေလးေတြဘယ္ေလာက္ေတာင္ဝယ္လာလဲမသိဘူး....
ေဖာက္လိုက္တာဆိုတာမကုန္ေတာ့ဘူးနဲ႔တူတယ္
ေမာင္ေျပာသလိုလွေတာ့လွသားအသံကလည္းအခုက်နားယဥ္သြားသလိုသိပ္ေတာ့အေျခအေနမဆိုးေတာ့ဘူး
ေဗ်ာက္အိုးကိုေတာ့ပိုေၾကာက္တယ္
"နီသိလား...အဲ့မီးပြားေတြထက္ပိုလွတာေမာင့္မိန္းကေလး"
ေမာင္ဟာလည္ပင္းသားေတြကိုနမ္းရိႈက္ၿပီးေျပာေနတာေၾကာင့္မရိုးမရျြဖစ္လာရတာဂ်န္း
တားလည္းဆက္နမ္းမွာမွန္းသိလို႔ေလကုန္ခံၿပီးေတာ့ေျပာမေနေတာ့ဘူး
"ေမာင္ကေလအကဲကိုပိုတာ"
"ေမာင္တကယ္ေျပာတာပါ"
ႁပြတ္စ္!!!
ႏႈတ္ခမ္းကိုလည္းျဖတ္ကနဲနမ္းလိုက္ျပန္ၿပီ
လ်ွပ္တစ္ျပက္ကိုမွသေဘာေတြ့တဲ့လူဆိုးေကာင္ကိုခ်စ္သူေတာ္ထားရေတာ့လည္းရင္တုန္ရအုန္းမွာေပါ့
"နီခဏေလးေနာ္ေမာင္ျပန္လာခဲ့မယ္"
"ဘယ္သြားမလို႔လဲ"
ေမာင္ဟာဂ်န္းေျပာတာကိုေတာင္နားမေထာင္သြားဘူး
ေျပးသြားလိုက္တာဆိုတာဟိုကေလးေတြဆီကို....
ဘာေတြေျပာေနလည္းမသိပါဘူး
သူကေလးေတြကိုပိုက္ဆံေပးလိုက္တာေတာ့ေတြ့တယ္
"နီေရ...ေမာင္တို႔အတူေဖာက္ၾကမယ္"
မီးရႉးေခ်ာင္းႀကီးကိုေလေပၚေဝ့ၿပီးအေဝးႀကီးတည္းကေအာ္ေနျပန္ၿပီ
ေဘးကလူေတြေတာင္သူတို႔ကိုၾကည့္ေနၾကတယ္
"ေမာင္ကေလးေတြဆီကျပန္ဝယ္လာတာ"
"ဘယ္ေလာက္ေတာင္ေပးလိုက္ရလဲ"
"အဲ့တာကအေရးမႀကီးပါဘူးအခုေမာင္မီးၫွိအုန္းမယ္"
ေမာင္ဟာေဘာင္းဘီအိတ္ကပ္ထဲကမီးျခစ္ကိုထုတ္လိုက္တာေၾကာင့္
ဂ်န္းမ်က္ေမွာင္ႀကံဳ႔မိသြားတယ္
သူဘာလို႔မီးျခစ္ေဆာင္ထားေသးတာလဲ
"ကဲရၿပီ..."
ေမာင္ဟာဂ်န္းညာလက္ကိုမီးရႉးေခ်ာင္းကိုင္ခိုင္းၿပီးသူ႔လက္ကလည္းအေပၚကထပ္အုပ္ကိုင္တယ္
"ရႊီး!!!!#"
မၾကာပါဘူး..မီးပႊားေတြအဆက္မျပတ္ထြက္ေတာ့တာပဲ
ေမာင္နဲ႔အတူေဆာ့ရလို႔လားမသိေပ်ာ္စရာေတာ့ေကာင္းသား
ကေလးဆန္တဲ့အလုပ္ေတြလုပ္ေလ့မရိွတဲ့ဂ်န္းဟာေမာင္နဲ႔ေတြ့မွပဲမျငင္းႏိုင္
"လွလိုက္တာကြာ"
"ဟုတ္တယ္ေနာ္"
"ေမာင္ကဒီကကင္ဂ်န္းနီကိုေျပာတာပါ"
ရုပ္တည္ႀကီးနဲ႔ေျပာေနတဲ့ေမာင့္ေၾကာင့္ဂ်န္းမွာရယ္ေနမိတယ္
အဲ့လိုအတည္ေပါက္ေတြလည္းေဖာက္တတ္ေသးတာ
သူမရယ္သံေတြထပ္ၿပီးမရပ္ရေတာ့ျပန္ဘူး
ေမာင္ဟာပါးေတြကိုတႁပြတ္ႁပြတ္နမ္းေနတာေၾကာင့္
ေဘးလူေတြကေတာ့ဘယ္လိုထင္မလဲမေျပာတတ္
သူတို႔ဘာသာဘယ္လိုေတြးေတြးဂရုမစိုက္ႏိုင္ေတာ့ဘူး...
ဂ်န္းဟာအရင္တည္းကပတ္ဝန္းက်င္ကိုေခါင္းထဲမထည့္ဘူးေလ
ေနာက္ဆံုးေတာ့မီးရႉးတိုင္လည္းကုန္သြားၿပီးေအာက္က်သြားသလို
မဒမ္နဲ႔အဂ်စ္တို႔ရဲ့ႏႈတ္ခမ္းဟာလည္းတစ္ဖန္ထပ္တူက်သြားျပန္ပါၿပီ.....
ဟန္ျမစ္ႀကီးမွာလည္းအဂ်စ္နဲ႔မဒမ္တို႔ဟာအနမ္းေတြကိုမနားတမ္းပံုေဖာ္ေနခဲ့ၾကတယ္
🌻🌼
ေမာင့္ခါးေတြကိုအလာကအတိုင္းတင္းတင္းဖက္ၿပီးအိမ္ျပန္လာခဲ့ၾကတယ္
ေမာင္ကအရိွန္ကိုေတာ့အသားကုန္တင္ေမာင္းတာ
"နီ...ေရာက္ပါၿပီ"
"ေမာင္.."
"ဟုတ္ကဲ့ နီ"
"ဆိုင္ကယ္ကိုအဲ့ေလာက္ထိအရိွန္ျပင္းျပင္းမေမာင္းနဲ႔ကြာ"
"ဘာလို႔လဲ နီ ရဲ့ေမာင္ကဒီလိုပဲေမာင္းေနက်"
"အထြန္႔မတက္စမ္းနဲ႔ေမာင္တို႔စကားကိုနားေထာင္"
မ်က္ႏွာခပ္တည္တည္နဲ႔ေျပာလာတာေၾကာင့္ေခါင္းၿငိမ့္မျွဖစ္မယ္မွန္းလီဆာနားလည္လိုက္ပါၿပီ
"ဟုတ္ကဲ့ရွင့္မဒမ္"
"မင္းကေလတကယ့္အဆိုးေလးကားဆိုလည္းဂ်က္လိုပဲေမာင္းတာမင္းတစ္ခုခုျဖစ္သြားရင္တို႔ပဲရင္က်ိဳးရမွာ"
ကိုယ့္ကိုစိတ္ပူလြန္းေနတဲ့မဒမ့္ကိုလီဆာဖက္လိုက္ၿပီး
"ေမာင္ကၿပိဳင္ပြဲေတြဝင္ေနက်ဆိုေတာ့ဘာေမာင္းေမာင္းေလယာဥ္ပ်ံလိုျဖစ္ေနတာ"
အား!!!အ့!!!
"နာတယ္..နီရဲ့ လႊတ္ပါ"
သူ႔ကိုစိတ္ပူပါတယ္ဆိုသူေတာ္ေၾကာင္းလာႂကြားေနလို႔အျမင္ကပ္ကပ္နဲ႔ဗိုက္ကိုလိမ္လိုက္တာ
ပိန္လြန္းေတာ့အဆီပိုကမရိွအရိုးကိုမ်ားလိမ္သလိုျဖစ္သြားလားမသိ
သူအေတာ္နာသြားတဲ့ပံုပဲ
"မင္းအရမ္းကဲလို႔ေလ"
"နီကကြာလူကိုနာေအာင္လို႔"
မ်က္ႏွာေလးရႈံ႔မဲ့ၿပီးေျပာေနရွာေတာ့ဂ်န္းလည္းစိတ္မေကာင္း
လြန္မ်ားသြားသလား...
"အရမ္းနာသြားလို႔လား"
"နီသာေမာင့္ကိုနမ္းရင္ေတာ့ေပ်ာက္မယ္ထင္တယ္"
လီဆာ့စကားေၾကာင့္ျပန္ရလိုက္တာမ်က္ေစာင္းလွလွ
"အခ်ိန္တိုင္းဒါပဲေတြးေနလူဆိုး"
"အဲ့လူဆိုးကိုပဲခ်စ္တာမလား"
"တို႔ကဆိုးရင္မခ်စ္ဘူး"
"ဒါဆိုလည္းမတတ္ႏိုင္ဘူးရွင္နီကေမာင့္ရဲ့မိန္းမျဖစ္ေနၿပီဆိုးလို႔မခ်စ္လည္းယူရေတာ့မွာပဲ"
ေမာင့္စကားေၾကာင့္ေခါင္းထဲဝင္လာတာသစ္လံုးအိမ္ကအျဖစ္အပ်က္ေတြ
အမွတ္တရေကာင္းဆိုေပမယ့္ေတြးလိုက္တိုင္းရွက္ေနမိတယ္
"ေမာင္ေနာ္ဘာေတြေလ်ွာက္ေျပာေနတာလဲ"
"ဘာေျပာလို႔လဲအမွန္ပဲကို"
"မေျပာနဲ႔ကြာ"
"ဘာလို႔လဲ..ေမာင္တို႔သစ္လံုးအိမ္မွာ"
လီဆာဆက္ေျပာမယ့္စကားလံုးေတြထပ္ၿပီးမထြက္ႏိုင္ေတာ့ပါဘူး
တရားခံကေတာ့မဒမ္ေပါ့
ခ်က္ခ်င္းကိုပိတ္နမ္းေတာ့တာပဲလူကအရင္တည္းကသိပ္မႀကိဳက္ရွာဘူးဆိုေတာ့
မဒမ့္အနမ္းေတြကိုပဲမ်က္လံုးမိွတ္ၿပီးခံယူေနလိုက္တယ္
ခ်ိဳျမေနတာပဲ!!!
"ကဲလူဆိုးေလးအိမ္ျပန္ေတာ့ညဥ့္နက္ေနၿပီကေလးရဲ့"
လီဆာ့ဆံၿမိတ္ေလးေတြကိုလက္နဲ႔ဖိကိုင္ရင္းေျပာေနတဲ့မဒမ္ဟာတကယ္မ်ားလီဆာ့ကိုကေလးလို႔ေတြးေနသလားမသိ
"ကေလးမဟုတ္ပါဘူးေနာ္"
"ဘဲေပါက္ရယ္မင္းကိုအသဲယားလို႔ပါကေလးမဟုတ္မွန္းတို႔သိပါတယ္"
"ေၾသာ္...အဲ့လိုလား"
"အဲ့လိုပါရွင္..သြားဂရုစိုက္ျပန္ဆိုင္ကယ္ကိုလည္းေျဖးေျဖးေမာင္း"
ၿခံထဲကိုဝင္ဖို႔ျပင္ေနတဲ့မဒမ့္လက္ကိုလီဆာဆြဲလိုက္ၿပီး
"နီ....ကင္ဂ်ံဳအင္ဆိုတဲ့လူကိုထပ္ၿပီးမေတြ့နဲ႔ေတာ့ေနာ္"
"အင္းပါေမာင္ရဲ့သူ႔လိုလူကိုသူငယ္ခ်င္းအျဖစ္ေတာင္မေတာ္ခ်င္ေတာ့ဘူး"
"အဲ့လူဒီေန့လိုထပ္လုပ္မွာကိုေမာင္ေၾကာက္ေနမိတယ္ေမာင္အခ်ိန္မွီေရာက္မလာပဲနီ႔ကိုကာကြယ္မေပးႏိုင္မွာကိုေပါ့"
ဝမ္းနည္းေနတဲ့ေမာင့္မ်က္ႏွာေလးကိုကြၽန္မဆြဲယူၿပီးပါးေလးေတြကိုဖြဖြပြတ္ေပးေနမိတယ္
"မင္းအစိုးရိမ္လြန္ေနတာပါဂ်ံဳအင္အဲ့လိုထပ္လုပ္မွာေတာ့မဟုတ္ဘူး"
သူမဂ်ံဳအင့္အေၾကာင္းသိပါတယ္
ငယ္သူငယ္ခ်င္းေတြမို႔စိတ္ရင္းေကာင္းတဲ့သူမွန္းလည္းသိတယ္
အခုလိုျဖစ္သြားတာကလည္းသူေယာက်ာ္းတစ္ေယာက္အေနနဲ႔ခံျပင္းသြားၿပီးလုပ္မိလုပ္ရာလုပ္လိုက္တာျဖစ္ပါလိမ့္မယ္
ေမာင္ထင္ေနသလိုဆိုးရြားလြန္းတဲ့သူေတာ့မဟုတ္ပါဘူး
"နီအထဲဝင္ေတာ့ေလ..ေမာင္ျပန္ေတာ့မယ္"
"အြန္း"
ေမာင္ဟာမျပန္ခင္ဂ်န္းနဖူးကိုအနမ္းေပးသြားေသးတယ္
ေမာင့္မ်က္ႏွာေလးမေကာင္းေတာ့ဂ်န္းရင္ထဲလည္းေနလို႔အဆင္မေျပ
ဒီကေလးဘာေတြကိုမ်ားေတြးပူေနလဲမသိေတာ့ပါဘူး
ဂ်န္းနီလည္းလီဆာ့ဆိုင္ကယ္ေလးျမင္ကြင္းထဲကေပ်ာက္သြားမွပဲအိမ္ထဲဝင္ေတာ့တယ္...
×××××××××××ၾကယ္ေလးေတြေပးသြားၾကအုန္း💫
မေန့ညကေစာင့္လိုက္ရတာဆိုတာၿပီးေတာ့မွကလုန္းမွန္းလက္ခံလိုက္ရေတာ့တယ္😒
ဘာျဖစ္ျဖစ္ဒီေန့NiniကParisကေနျပန္လာတယ္တဲ့ဘယ္တုန္းသြားလဲေတာ့သိလိုက္ဘူးကြယ္😎
*Liliကလည္းParisကပံုေတြUpdateလုပ္တယ္ဆိုေတာ့ကာJenlisaဟာဘာျဖစ္ျဖစ္REAL ပဲဗ်ိဳ႕🥳💋
××××××××
There are no comments yet. Log in to be the first to leave a review!





