Fanfics

14

15:18, 8 July 2022

(Unicode)

မောင်နဲ့မတွေ့ဖြစ်တာတောင်သုံးရက်လောက်ရှိနေပြီ

အခုတလောထူးထူးခြားခြားမောင်ကစာတွေကြိုးစားနေတယ်တဲ့

အတန်းချိန်လည်းပုံမှန်တက်ပြီးဆရာရှင်းပြတာကိုသေချာအာရုံစိုက်နေပါတယ် နီ တဲ့..

ဒါတွေအားလုံးက နီ့ကြောင့်သူကြိုးစားနေတာပါလို့လည်းပြောသေး

တကယ့်ကိုချစ်စရာကောင်းတဲ့လူသားလေးပါပဲ

အရမ်းတွေလိမ္မာနေတဲ့ကလေးကိုဆုချဖို့အတွက်သူ့ကိုကျောင်းသွားကြိုဖို့အလုပ်တွေကိုအမြန်ပြီးအောင်လုပ်လိုက်တာခပ်သွက်သွက်ပဲအားလုံးပြီးသွားတယ်

"ဂျန်း....."

မိတ်ကပ်လေးပြန်ဖို့နေတုန်းဂျုံအင်အသံကြားလို့အမြန်ရပ်လိုက်ပြီးမေးရသေးတယ်

"ဘာလာလုပ်တာလဲဂျုံအင်"

"ဂျန်းရယ်ကိုယ့်အပေါ်စိမ်းကားသွားလိုက်တာ"

မျက်နှာမဲ့ကျသွားပြီးပြောလာတဲ့ဂျုံအင့်စကားကြောင့်ဂျန်းလည်းအတတ်နိုင်ဆုံးပြုံးလိုက်ပြီး

"ဂျန်းစိမ်းကားတာမဟုတ်ပါဘူးဂျုံအင်ရှင်မလာတာလည်းကြာပြီဆိုတော့ရုတ်တရက်ကြီးရောက်လာတော့ဘာများပြောစရာရှိလို့လဲလို့လေ"

"ကိုယ်ဂျန်းကိုချစ်ခဲ့တာဆယ်စုနှစ်တစ်ခုထိပါကွာဘာလို့များဟိုတစ်ယောက်ကိုရွေးလိုက်ရတာလဲ"

"ဂျန်းသူ့ကိုချစ်လို့ပေါ့ဂျုံအင်ရယ်"

ပစ္စည်းတွေပြန်စစ်နေရင်းဂျန်းခပ်အေးအေးပဲပြန်ဖြေလိုက်တယ်

ဂျုံအင့်က်ိုပြန်ကြည့်တော့ဂျန်းကိုနားမလည်နိုင်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေပြန်တယ်

"ဂျန်းပြောတော့အချစ်ကိုဦးစားမပေးဘူးဆို"

ဂျုံအင့်အသံကိုနားထောင်ကြည့်ရုံနဲ့သူပေါက်ကွဲနေပြီဆိုတာဂျန်းသိလိုက်ပါတယ်

ဒါပေါ့လေသူလည်းမမှားပါဘူးတစ်ချိန်ကျသူ့က်ိုပဲမလွဲမသွေရွေးချယ်မယ်ထင်ပြီးဒီနေ့ထိအနားမှာရှိနေခဲ့တာလေ

တကယ်လည်းမောင်သာမပေါ်လာခဲ့ရင်သူ့ကိုပဲလက်တွဲဖော်ရွေးဖြစ်မှာပါ

ဒါပေမယ့်ဂျန်းမှာမောင်ရှိနေပြီ

"မောင်နဲ့ကျမှဂျန်းချစ်မိသွားတယ်ဂျုံအင်ဂျန်းကိုယ့်နှလုံးသားက်ိုလိမ်ညာခဲ့သေးတယ်ဒါပေမယ့်ဂျန်းရောမောင်ရောနာကျင်ရတဲ့လမ်းမို့ထပ်ပြီးဦးနှောက်ကိုဦးစားမပေးချင်တော့ဘူး"

"ဂျန်းမှဟုတ်ရဲ့လားဟင်"

"ဂျန်းနီကင်ပါပဲဂျုံအင်ဂျန်းပြန်တော့မယ်နောက်ကျနေပြီမို့"

ဂျန်းရဲ့လက်တစ်ဖက်ကိုဂျုံအင်ကလှမ်းဆွဲလိုက်တာကြောင့်သူ့လက်ထဲကရုန်းသော်လည်းအားချင်းမမျှတော့ရုန်းမရ

"ကိုယ့်မှာဘာလိုအပ်ချက်ရှိလို့လဲဂျန်းရာကိုယ်မင်းအနားမှာရှိနေခဲ့တာတွေကိုနည်းနည်းလေးများငဲ့ဖို့စိတ်ကူးမရှိဘူးလားဘာလဲကိုယ်ကကောက်ရိုးပုံစောင့်ခွေးသာသာဖြစ်ခဲ့ရုံလားဂျန်း"

"ကျွန်မလက်ကိုလွတ်လိုက်ပါဂျုံအင်"

"ကိုယ်မင်းကိုသိပ်ချစ်တာဂျန်းအဲ့လိုမိန်းကလေးတစ်ယောက်ဆီမှာတော့ကိုယ်မရှုံးချင်ဘူးကွာ"

ဂျုံအင်ဟာဂျန်းကိုအတင်းတွေဖက်ထားပြီးနံရံဘက်ကိုတွန်းကပ်လိုက်တာကြောင့်ကျောပြင်အောင့်သွားရတယ်

အရှိန်ကပြင်းတော့နာတာပေါ့အဲ့ထက်ပိုဆိုးတာကတော့ဂျန်းကိုနမ်းဖို့လုပ်နေတဲ့ဂျုံအင်ပဲ

ရှိရှိသမျှအားကုန်သုံးပြီးကာထားတာကြောင့်အနမ်းမခံရသေးပေမယ့်သူ့လိုယောကျာ်းသားကိုအချိန်ကြာကြာခုခံနိုင်မယ်မထင်

ဝန်ထမ်းတွေကိုအလုပ်စောဆင်းခိုင်းလိုက်တဲ့ဂျန်းကိုကအမှားကြီးမှားတာပဲ

အခုချိန်မှာတောင့်တနေမိတာမောင့်ကိုပါပဲမောင်သာလာကယ်ရင်သိပ်ကောင်းမှာပဲ....

မောင်...တို့ကိုလာကယ်ပါကွာ

"လူယုတ်မာ"

ဂျန်းနီရဲ့ဆုတောင်းတွေပြည့်ဝသွားတယ်ထင်တယ်

မောင်ဟာဒေါသတကြီးအော်ကာဂျုံအင့်အားဆွဲဖယ်ပြီးကြမ်းပေါ်တွန်းကာအပေါ်ကနေတက်ပြီးတရစပ်ကိုလက်သီးတွေနဲ့ထိုးနေခဲ့တာ....

မောင်ဒေါသအရမ်းထွက်ပြီးသူ့စိတ်သူမထိန်းနိုင်တာအသိသာကြီး

မောင့်လက်သီးပြင်းပြင်းတွေကြောင့်အောက်ကဂျုံအင်ဟာလည်းခပ်မျော့မျော့

မောင်ဟာဖျတ်လတ်သူပီပီဂျုံအင်သူ့ကိုတစ်ချက်မှပြန်မထိုးနိုင်အောင်ကိုအပေါ်ကနေကြီးစီးထိုးနေတာ...

ဂျန်းဝင်ဆွဲမှပဲရတော့မယ်မဟုတ်ရင်ဂျုံအင်သေသွားနိုင်တယ်

"မောင်...တော်ပါတော့နော်မောင့်လက်တွေနာကုန်တော့မှာပေါ့"

"တို့စကားကိုနားထောင်ပါမောင်ရယ်လွတ်ပေးလိုက်ပါတော့ကွာ"

မောင်ဟာဂျန်းစကားကိုဒီတစ်ခါတော့နားထောင်ရှာသား

ဂျုံအင့်ကိုထိုးနေရာကနေရပ်လိုက်ပြီးမတ်တပ်ထကာဂျုံအင်ကိုပါဆွဲထူပြီးအကျီကော်လံစကိုလက်နဲ့ဆုပ်ရင်း

"နောက်တစ်ခါခင်ဗျားကိုနီ့နားမှာထပ်တွေ့ရင်ကျုပ်တကယ်သတ်ပစ်မှာ"

ဂျုံအင့်ကိုလက်ညိုးတစ်ထိုးထိုးနဲ့ကြိမ်းမောင်းနေတဲ့မောင်ဟာတကယ့်ကိုအားကိုးချင်စရာကြီး

ဂျန်းထက်ငယ်ပေမယ့်လည်းဒီလိုမျိုးကျမောင်ဟာကာကွယ်နိုင်သား

ပိုပြီးတော့တောင်မောင့်ကိုချစ်လာပြီ

ဂျုံအင်ကတော့မျက်နှာမှာရစရာမရှိအောင်ကိုအထိုးခံထားရတယ်

"သွားမယ်..နီ"

မောင်ဟာဂျန်းလက်ကိုဆွဲသွားပြီးခြေလှမ်းကျဲတွေနဲ့ထွက်လာခဲ့တယ်

သူအခုထိဒေါသထွက်နေသေးမှန်းဂျန်းသိလိုက်ရပါပြီ

မောင့်မေးရိုးတွေဟာတင်းနေဆဲလည်ပင်းကြောတွေလည်းထောင်ပြီးအသက်ရှူသံဟာလည်းခပ်ပြင်းပြင်း

"မောင့်ဆိုင်ကယ်နဲ့ပဲလိုက်ခဲ့နော်"

မောင်ဟာလိုက်ခဲ့နော်သာပြောတာဂျန်းကိုဆိုင်ကယ်ဦးထုပ်တောင်ဆောင်းပေးနေလေပြီ...

ဂျန်းလည်းလိုက်မှာပါမောင်နဲ့သာဆိုဘာနဲ့ဖြစ်ဖြစ်ပျော်ပျော်ကြီးလိုက်ခဲ့မှာ

မောင့်မျက်နှာသာတစ်ကမ္ဘာ

"မောင့်ခါးတွေကိုတင်းတင်းဖက်ထားပေး နီမောင့်စိတ်တွေပြန်အဆင်ပြေသွားအောင်လို့"

မောင့်စကားအတိုင်းခါးတွေကိုတင်းတင်းဖက်လိုက်ပြီးကျောပြင်မှာမျက်နှာအပ်ချင်သော်လည်းဦးထုပ်နဲ့မို့အဆင်မပြေတာကြောင့်

"မောင်...တို့ဦးထုပ်ချွတ်ချင်တယ်"

မောင်ဟာဂျန်းကိုကြည့်လာပြီးအသံတိုးတိုးနဲ့မေးတယ်

"မောင့်ကျောပြင်မှာမျက်နှာအပ်ချင်လို့မလား"

မောင်ဟာရုံးခန်းထဲမှာနဲ့မတူအခုကျတော့လည်းကလေးတစ်ယောက်လိုပြုံးရယ်နေပြန်တယ်

ဂျန်းတော့မောင့်အပြုံးတွေအောက်မေ့မျောနေမိတော့တာပဲ

"မောင့်မိန်းကလေးကိုသိပ်ချစ်တာပဲ"

မောင်ကဦးထုပ်ကိုပြန်ချွတ်ပေးပြီးနဖူးလေးကိုနမ်းသေး...

ဂျန်းမှာမောင့်အနမ်းကိုပြုံးပြုံးကြီးခံယူနေမိတယ်

"မောင်ဟိုကောင့်ကိုသတ်ပစ်ချင်တာ"

ဂျန်းပါးတစ်ဖက်ကိုမောင်ဟာလက်နဲ့အုပ်ကိုင်ပြီးဆိုတော့

"သူ့အကြောင်းမတွေးနဲ့တော့မောင်ရောက်လာလို့တော့တော်ပါသေးတယ်"

"နီ့ကိုတစ်ခုခုလုပ်လို့ကတော့ကွာ"

"ကဲပါအဂျစ်လေးရယ်ဒေါသတွေတစ်ထစ်လောက်ပြန်လျော့အခုလောလောဆယ်ကျွန်မတို့ဘယ်သွားကြမှာလဲ"

"ဟန်မြစ်ကိုလေ"

မောင်ဟာဘယ်များခေါ်သွားမလို့လဲလို့ဟန်မြစ်တဲ့လား...

ဂျန်းလည်းဒေါသကြောင့်နီမြန်းနေတဲ့မောင့်မျက်နှာလေးကိုဆွဲယူလိုက်ပြီးနှုတ်ခမ်းလေးကိုထိကပ်လိုက်တယ်

သူ့နှုတ်ခမ်းလေးကိုစိတ်ကြိုက်နမ်းလိုက်ပြီးမှပြန်ခွာလိုက်တော့သူ့မျက်နှာဟာပြုံးပြုံးကြီး

"တစ်ခါလောက်ထပ်ပြီးနမ်းပါအုန်း"

ကိုယ့်မှာမဒမ်ပေးတဲ့အနမ်းနုရွရွတွေကိုမျက်စိလေးမှိတ်ပြီးကိုခံစားနေတာလေ

ပြန်ခွာလိုက်တော့စိတ်ထဲသိပ်ပြီးမတင်းတိမ်သေးလို့ထပ်နမ်းပါလို့ပြောတော့မဒမ့်ဆီကရလိုက်တာမျက်စောင်းခပ်လှလှ

"ကဲ...ကဲ..ဆိုင်ကယ်ပေါ်ပြန်တက်ပါရှင့်ဟန်မြစ်ကိုသွားကြတာပေါ့"

လည်ဂုတ်လေးကိုပွတ်ပြီးရယ်ကျဲကျဲဆိုလာတဲ့မောင့်ကိုကြည့်ပြီးရယ်ချင်တာမနည်းအောင့်ထားရတယ်

မောင့်ခါးတွေကိုတင်းတင်းဖက်ထားရင်းဘာအတားအဆီးမှမရှိတော့တဲ့ဂျန်းမျက်နှာလေးကိုဘေးတစောင်းအနေနဲ့မောင့်ကျောပြင်မှာအပ်ထားလိုက်တယ်

မောင်ဟာဆိုင်ကယ်ကိုမောင်းတာတော့ဂျိန်းစဘွန်းပါပဲ

အဂျစ်လေးရဲ့မဒမ်ဆိုတော့လည်းမကြောက်တတ်တော့ပါဘူး

အဂျစ်လေးရဲ့ဆိုင်ကယ်နဲ့မဒမ်ဟာအသားကျနေပြီလေ

လီဆာနဲ့ဂျန်းနီအားခိုးကြည့်နေတဲ့ဂျုံအင်ကတော့စိတ်ထဲမှာအခဲမကျေဖြစ်နေတုန်း

"တောက်ခ်!!!!"

ကင်ဂျန်းနီနဲ့လာလီဆာ.....

မင်းတို့ကငါ့ကိုအရူးလုပ်သွားတဲ့ဟာတွေ

ဂျန်းမင်းလည်းသိပ်ရက်စက်တယ်မင်း​နှလုံးသားကိုဦးစားမပေးဘူးဆိုအခုတော့လည်းအဲ့မိန်းမနောက်ကိုလိုက်သွားတာများကောက်ကောက်ကိုပါလို့

ငါကပဲငတုံးဖြစ်သွားတာပါငါကပဲစောက်ရူး.....

🌻🌼

"ငယ်ရေ....ထတော့လေကွာ"

ငယ်ဟာအတန်းပြီးကတည်းကကျွန်မဆီရောက်နေတာစာရင်းတွေစစ်စရာရှိသေးတယ်ပြောတော့သူကထိုင်စောင့်ပါ့မယ်ဆိုပြီးအခုကျအိပ်ပျော်နေတာများရှဥ့်ပေါက်အတိုင်းပဲ

ငယ့်ရဲ့ဖောင်းနေတဲ့ပါးလေးကိုအသဲယားလွန်းလို့ငုံ့နမ်းလိုက်တယ်

"ငယ်နိုးနေရင်လည်းထတော့..မုန့်မှာထားတယ်ခဏနေရတော့မှာ"

ဂျီဆူနမ်းလိုက်တဲ့အချိန်ယောင်းငယ်ပြုံးလိုက်တာကိုတွေ့လိုက်ရတယ်လေ

ဒီကလေးနဲ့တော့အိပ်ချင်ယောင်ကဆောင်သေး

"ဂျီကငယ်နိုးနေမှန်းသိတယ်ပေါ့"

မျက်လုံးလေးဖွင့်ကာပြုံးပြုံးလေးမေးလာတဲ့ငယ့်ကိုကြည့်ပြီးအချစ်တွေပိုရပြန်တယ်

"သိတာပေါ့"

"ဒါနဲ့ဘာမုန့်မှာထားတာလဲဟင်"

"မာလာရှမ်းကောလေ"

"ဝေါင်း!!!ငယ်ကြိုက်တယ်ဂျီ"

လှဲနေရာကနေချက်ချင်းကောက်ထပြီးမျက်ဝန်းတွေပိုတောက်သွားပုံထောက်ယောင်းငယ်အတော်ကြိုက်တာပဲ

"ငယ်ကတော့လေအစားဆိုလို့ကတော့ထိပ်ဆုံးက"

"ဟီးဟီး...ဗိုက်ဆာနေပြီလေ"

ဂျီဆူလည်းငယ့်ဘေးနားဝင်ထိုင်ပြီးငယ့်ပခုံးလေးကိုမှီလိုက်ကာ

"ငယ်...."

"ပြောလေဂျီ"

"မမတို့အကြောင်းကိုလီလီမသိသေးဘူးမလား"

"အွန်းဟုတ်တယ်သူမသိသေးဘူး"

"မမအိမ်ပြန်ရောက်ရင်ပြောပြလိုက်တော့မယ်"

"ဂျီ့သဘောလေဒါနဲ့လီဆာကသဘောတူပါ့မလားဟင်"

"တူမှာပါငယ်ရဲ့သူကအိုပါးနဲ့ပဲသဘောမတူတာ"

"အိုပါးဘယ်ကအိုပါးလဲ"

မျက်မှောင်လေးကြုံ့ပြီးအလိုမကျပုံနဲ့မေးလာတဲ့ယောင်းငယ်ဟာဆူပုတ်ပုတ်

"ထယ်ဝူအိုပါးလေ"

"ဟိုတစ်ခေါက်တွေ့တဲ့သူမလား"

"ငယ်ကဉာဏ်ကောင်းသားပဲ"

ယောင်းငယ်နဲ့ဒုတိယမြောက်တွေ့ဆုံမှုလေးဂျီဆူဒီနေ့ထိအမှတ်ရနေပါသေးတယ်

မျက်ရည်တွေဝဲပြီးကိုယ့်ဆီလာကာကလေးတစ်ယောက်လိုမေးရှာတဲ့ယောင်းငယ်ကြောင့်အတော်ကြောင်အခဲ့တာ

နောက်ပိုင်းတော့ရိပ်မိလာပါတယ်ယောင်းငယ်ဟာကျွန်မကိုစိတ်ဝင်စားနေမှန်း

"ဂျီနော်ဘာတွေပြုံးနေတာလဲ"

ဒီတိုင်းအရင်ကသူနဲ့အကြောင်းတွေးရင်းပြုံးနေမိတာကိုယောင်းငယ်ကအိုပါးကြောင့်များထင်နေသလားမပြောတတ်

မျက်စောင်းလေးခဲပြီးလူကိုကြည့်နေတာ

"ငယ်....မမကိုဇွတ်သဝန်တိုခဲ့တဲ့အချိန်ကိုပြန်တွေးပြီးပြုံးတာပါ"

အဲ့ကျတော့ငယ့်ဟာရှက်သွားတဲ့ပုံပါးလေးရဲတက်သွားတယ်

ဒီကလေးကပုံစံကြည့်ရိုးပေမယ့်လူရိုးလေးမဟုတ်တာတော့ကိုယ်တိုင်ကြုံတွေ့ဖူးထားပြီးပြီ

ငယ်နဲ့အတူဖြတ်သန်းခဲ့ရတဲ့ပထမဆုံးကိုဘယ်တော့မှကျွန်မမေ့မှာမဟုတ်ဘူး

"ဂျီ...."

အခုလည်းကြည့်ပါးတွေသာရဲနေတာကျွန်မမျက်နှာကိုဆုပ်ကိုင်ပြီးငယ့်အကြည့်တွေကကျွန်မနှုတ်ခမ်းမှာ

အွတ်စ်!!!!

ငယ်ဟာကျွန်မနှုတ်ခမ်းကိုသိပ်သဘောကျကြောင်းအချိန်တိုင်းပြောလေ့ရှိတာအလကားတော့မဟုတ်

တကယ်ပဲသူသဘောကျပုံရသည်

တစ်ခါနမ်းရင်မြွတ်မြွတ်သိပ်သိပ်နမ်းလွန်းတဲ့အပြင်ခွာပေးဖို့လည်းစိတ်ကူးလုံးဝမရှိတဲ့အဆိုးလေး

အသက်ငယ်တဲ့ကလေးတွေရထားတော့လည်းသူတို့နဲ့အပြိုင်ဝိုင်းဆိုးရတော့တာပေါ့ရှင်

ဂျန်းနီလည်းဘယ်လောက်တောင်လီလီဆိုးတာခံနေရလဲမသိ

"Ceo...မာလာ"

မာလာရှမ်းကောဘူးလာပို့တဲ့ဝန်ထမ်းမလေးရဲ့စကားတွေပြတ်တောက်သွားရတယ်

ဆိုဖာပေါ်မှာနမ်းနေကြတဲ့အတွဲကြောင့်ပေါ့

ထိုဝန်ထမ်းမလေးအသံကြားမှပဲဂျီဆူကတွန်းလွန်းမကတွန်းလို့ချယ်ယောင်းကလွတ်ပေးတာ

ချယ်ယောင်းဟာဂျီဆူ့နှုတ်ခမ်းနဲ့ထိတွေ့လိုက်ရင်အသိကိုလွတ်လို့...

"မာလာရှမ်းကောလာပို့တာမလားဒီပေါ်မှာချသွားလေ"

အမိန့်ဆန်ဆန်အသံနဲ့ပြောမှကျောက်ရုပ်လိုရပ်နေတဲ့ကောင်မလေးဟာအသက်ဝင်ပြီးစားပွဲပေါ်အထုပ်အမြန်ချကာခပ်သွက်သွက်ပဲပြန်ထွက်သွားတယ်

"စိတ်ညစ်ပါတယ်..."

"ဘာကိုလဲဂျီရဲ့"

"သူမြင်သွားပြီလေ"

"အဲ့တာဘာဖြစ်လို့လဲငယ်တို့ဆက်ဆံရေးကိုတစ်ဆိုင်လုံးနီးပါးသိနေကြတာပဲကို"

ငယ်ပြောတာလည်းဟုတ်ပါတယ်

ကျွန်မကအလုပ်တွေအမြဲရှုပ်နေတတ်တဲ့လူဆိုတော့ငယ်နဲ့ချိန်းတွေ့ဖြစ်တာသူများသမီးရည်းစားတွေလိုပန်းခြံတို့ရုပ်ရှင်ရုံတို့မဟုတ်

ကျွန်မရဲ့ဆိုင်ကရုံးခန်းမှာပါပဲ

ဒါကြောင့်လည်းငယ်ပြောသလိုကျွန်မတို့ရဲ့ပတ်သက်ပုံကိုသူတို့တွေသိသင့်သလောက်သိကြတာပဲလေ

"အဲ့တာတော့အဲ့တာပေါ့အခုဟာက"

"ဂျီရှက်နေတာကိုး"

အရှက်သည်းနေတဲ့ဂျီ့ကိုရင်ခွင်ထဲဆွဲထည့်ထားလိုက်တယ်

ရှက်စိတ်တွေမြန်မြန်ဆန်ဆန်ပြေပျောက်သွားအောင်လို့

ငယ်ကထူးတော့ထူးဆန်းသားဒီလိုမျိုးကျသူကမရှက်ဘူးကျွန်မကပဲရှက်တာ...

ကျွန်မတို့အတွဲကတော့တစ်ယောက်တစ်လှည့်ကိုအလှည့်ကျရှက်နေကြသလားမှတ်ရတယ်

ငယ့်ရဲ့ရင်ခွင်နွေးနွေးမွှေးမွှေးလေးဟာကမ္ဘာပေါ်မှာကျွန်မအနှစ်ခြိုက်ဆုံးနေရာ

×××××××××××××အဲ့လိုမွှေးလွန်းတဲ့ရင်ခွင်လေးပိုင်ပြီလားချစ်တို့😌

ကြယ်လေးတွေပေးသွားကြနော်💫

Voteတွေကျသွားရင်ရင်ပြည့်လို့စားမဝင်ဘူး😒

အချိုတွေချည်းဆိုတော့အီပြီထင်တယ်

စပ်လိုက်ရင်ကောင်းမလား🤔×××××××××××××(Zawgyi)

ေမာင္နဲ႔မေတြ့ျဖစ္တာေတာင္သံုးရက္ေလာက္ရိွေနၿပီ

အခုတေလာထူးထူးျခားျခားေမာင္ကစာေတြႀကိဳးစားေနတယ္တဲ့

အတန္းခ်ိန္လည္းပံုမွန္တက္ၿပီးဆရာရွင္းျပတာကိုေသခ်ာအာရံုစိုက္ေနပါတယ္ နီ တဲ့..

ဒါေတြအားလံုးက နီ႔ေၾကာင့္သူႀကိဳးစားေနတာပါလို႔လည္းေျပာေသး

တကယ့္ကိုခ်စ္စရာေကာင္းတဲ့လူသားေလးပါပဲ

အရမ္းေတြလိမၼာေနတဲ့ကေလးကိုဆုခ်ဖို႔အတြက္သူ႔ကိုေက်ာင္းသြားႀကိဳဖို႔အလုပ္ေတြကိုအျမန္ၿပီးေအာင္လုပ္လိုက္တာခပ္သြက္သြက္ပဲအားလံုးၿပီးသြားတယ္

"ဂ်န္း....."

မိတ္ကပ္ေလးျပန္ဖို႔ေနတုန္းဂ်ံဳအင္အသံၾကားလို႔အျမန္ရပ္လိုက္ၿပီးေမးရေသးတယ္

"ဘာလာလုပ္တာလဲဂ်ံဳအင္"

"ဂ်န္းရယ္ကိုယ့္အေပၚစိမ္းကားသြားလိုက္တာ"

မ်က္ႏွာမဲ့က်သြားၿပီးေျပာလာတဲ့ဂ်ံဳအင့္စကားေၾကာင့္ဂ်န္းလည္းအတတ္ႏိုင္ဆံုးၿပံဳးလိုက္ၿပီး

"ဂ်န္းစိမ္းကားတာမဟုတ္ပါဘူးဂ်ံဳအင္ရွင္မလာတာလည္းၾကာၿပီဆိုေတာ့ရုတ္တရက္ႀကီးေရာက္လာေတာ့ဘာမ်ားေျပာစရာရိွလို႔လဲလို႔ေလ"

"ကိုယ္ဂ်န္းကိုခ်စ္ခဲ့တာဆယ္စုႏွစ္တစ္ခုထိပါကြာဘာလို႔မ်ားဟိုတစ္ေယာက္ကိုေရြးလိုက္ရတာလဲ"

"ဂ်န္းသူ႔ကိုခ်စ္လို႔ေပါ့ဂ်ံဳအင္ရယ္"

ပစၥည္းေတျြပန္စစ္ေနရင္းဂ်န္းခပ္ေအးေအးပဲျပန္ေျဖလိုက္တယ္

ဂ်ံဳအင့္က္ိုျပန္ၾကည့္ေတာ့ဂ်န္းကိုနားမလည္ႏိုင္တဲ့မ်က္ဝန္းေတြနဲ႔ၾကည့္ေနျပန္တယ္

"ဂ်န္းေျပာေတာ့အခ်စ္ကိုၪီးစားမေပးဘူးဆို"

ဂ်ံဳအင့္အသံကိုနားေထာင္ၾကည့္ရံုနဲ႔သူေပါက္ကြဲေနၿပီဆိုတာဂ်န္းသိလိုက္ပါတယ္

ဒါေပါ့ေလသူလည္းမမွားပါဘူးတစ္ခ်ိန္က်သူ႔က္ိုပဲမလြဲမေသြေရြးခ်ယ္မယ္ထင္ၿပီးဒီေန့ထိအနားမွာရိွေနခဲ့တာေလ

တကယ္လည္းေမာင္သာမေပၚလာခဲ့ရင္သူ႔ကိုပဲလက္တြဲေဖာ္ေရြးျဖစ္မွာပါ

ဒါေပမယ့္ဂ်န္းမွာေမာင္ရိွေနၿပီ

"ေမာင္နဲ႔က်မွဂ်န္းခ်စ္မိသြားတယ္ဂ်ံဳအင္ဂ်န္းကိုယ့္ႏွလံုးသားက္ိုလိမ္ညာခဲ့ေသးတယ္ဒါေပမယ့္ဂ်န္းေရာေမာင္ေရာနာက်င္ရတဲ့လမ္းမို႔ထပ္ၿပီးၪီးေနွာက္ကိုၪီးစားမေပးခ်င္ေတာ့ဘူး"

"ဂ်န္းမွဟုတ္ရဲ့လားဟင္"

"ဂ်န္းနီကင္ပါပဲဂ်ံဳအင္ဂ်န္းျပန္ေတာ့မယ္ေနာက္က်ေနၿပီမို႔"

ဂ်န္းရဲ့လက္တစ္ဖက္ကိုဂ်ံဳအင္ကလွမ္းဆြဲလိုက္တာေၾကာင့္သူ႔လက္ထဲကရုန္းေသာ္လည္းအားခ်င္းမမ်ွေတာ့ရုန္းမရ

"ကိုယ့္မွာဘာလိုအပ္ခ်က္ရိွလို႔လဲဂ်န္းရာကိုယ္မင္းအနားမွာရိွေနခဲ့တာေတြကိုနည္းနည္းေလးမ်ားငဲ့ဖို႔စိတ္ကူးမရိွဘူးလားဘာလဲကိုယ္ကေကာက္ရိုးပံုေစာင့္ေခြးသာသာျဖစ္ခဲ့ရံုလားဂ်န္း"

"ကြၽန္မလက္ကိုလြတ္လိုက္ပါဂ်ံဳအင္"

"ကိုယ္မင္းကိုသိပ္ခ်စ္တာဂ်န္းအဲ့လိုမိန္းကေလးတစ္ေယာက္ဆီမွာေတာ့ကိုယ္မရႈံးခ်င္ဘူးကြာ"

ဂ်ံဳအင္ဟာဂ်န္းကိုအတင္းေတြဖက္ထားၿပီးနံရံဘက္ကိုတြန္းကပ္လိုက္တာေၾကာင့္ေက်ာျပင္ေအာင့္သြားရတယ္

အရိွန္ကျပင္းေတာ့နာတာေပါ့အဲ့ထက္ပိုဆိုးတာကေတာ့ဂ်န္းကိုနမ္းဖို႔လုပ္ေနတဲ့ဂ်ံဳအင္ပဲ

ရိွရိွသမ်ွအားကုန္သံုးၿပီးကာထားတာေၾကာင့္အနမ္းမခံရေသးေပမယ့္သူ႔လိုေယာက်ာ္းသားကိုအခ်ိန္ၾကာၾကာခုခံႏိုင္မယ္မထင္

ဝန္ထမ္းေတြကိုအလုပ္ေစာဆင္းခိုင္းလိုက္တဲ့ဂ်န္းကိုကအမွားႀကီးမွားတာပဲ

အခုခ်ိန္မွာေတာင့္တေနမိတာေမာင့္ကိုပါပဲေမာင္သာလာကယ္ရင္သိပ္ေကာင္းမွာပဲ....

ေမာင္...တို႔ကိုလာကယ္ပါကြာ

"လူယုတ္မာ"

ဂ်န္းနီရဲ့ဆုေတာင္းေတျြပည့္ဝသြားတယ္ထင္တယ္

ေမာင္ဟာေဒါသတႀကီးေအာ္ကာဂ်ံဳအင့္အားဆြဲဖယ္ၿပီးၾကမ္းေပၚတြန္းကာအေပၚကေနတက္ၿပီးတရစပ္ကိုလက္သီးေတြနဲ႔ထိုးေနခဲ့တာ....

ေမာင္ေဒါသအရမ္းထြက္ၿပီးသူ႔စိတ္သူမထိန္းႏိုင္တာအသိသာႀကီး

ေမာင့္လက္သီးျပင္းျပင္းေတြေၾကာင့္ေအာက္ကဂ်ံဳအင္ဟာလည္းခပ္ေမ်ာ့ေမ်ာ့

ေမာင္ဟာဖ်တ္လတ္သူပီပီဂ်ံဳအင္သူ႔ကိုတစ္ခ်က္မျွပန္မထိုးႏိုင္ေအာင္ကိုအေပၚကေနႀကီးစီးထိုးေနတာ...

ဂ်န္းဝင္ဆြဲမွပဲရေတာ့မယ္မဟုတ္ရင္ဂ်ံဳအင္ေသသြားႏိုင္တယ္

"ေမာင္...ေတာ္ပါေတာ့ေနာ္ေမာင့္လက္ေတြနာကုန္ေတာ့မွာေပါ့"

"တို႔စကားကိုနားေထာင္ပါေမာင္ရယ္လြတ္ေပးလိုက္ပါေတာ့ကြာ"

ေမာင္ဟာဂ်န္းစကားကိုဒီတစ္ခါေတာ့နားေထာင္ရွာသား

ဂ်ံဳအင့္ကိုထိုးေနရာကေနရပ္လိုက္ၿပီးမတ္တပ္ထကာဂ်ံဳအင္ကိုပါဆြဲထူၿပီးအက်ီေကာ္လံစကိုလက္နဲ႔ဆုပ္ရင္း

"ေနာက္တစ္ခါခင္ဗ်ားကိုနီ႔နားမွာထပ္ေတြ့ရင္က်ဳပ္တကယ္သတ္ပစ္မွာ"

ဂ်ံဳအင့္ကိုလက္ညိုးတစ္ထိုးထိုးနဲ႔ႀကိမ္းေမာင္းေနတဲ့ေမာင္ဟာတကယ့္ကိုအားကိုးခ်င္စရာႀကီး

ဂ်န္းထက္ငယ္ေပမယ့္လည္းဒီလိုမ်ိဳးက်ေမာင္ဟာကာကြယ္ႏိုင္သား

ပိုၿပီးေတာ့ေတာင္ေမာင့္ကိုခ်စ္လာၿပီ

ဂ်ံဳအင္ကေတာ့မ်က္ႏွာမွာရစရာမရိွေအာင္ကိုအထိုးခံထားရတယ္

"သြားမယ္..နီ"

ေမာင္ဟာဂ်န္းလက္ကိုဆြဲသြားၿပီးေျခလွမ္းက်ဲေတြနဲ႔ထြက္လာခဲ့တယ္

သူအခုထိေဒါသထြက္ေနေသးမွန္းဂ်န္းသိလိုက္ရပါၿပီ

ေမာင့္ေမးရိုးေတြဟာတင္းေနဆဲလည္ပင္းေၾကာေတြလည္းေထာင္ၿပီးအသက္ရႉသံဟာလည္းခပ္ျပင္းျပင္း

"ေမာင့္ဆိုင္ကယ္နဲ႔ပဲလိုက္ခဲ့ေနာ္"

ေမာင္ဟာလိုက္ခဲ့ေနာ္သာေျပာတာဂ်န္းကိုဆိုင္ကယ္ၪီးထုပ္ေတာင္ေဆာင္းေပးေနေလၿပီ...

ဂ်န္းလည္းလိုက္မွာပါေမာင္နဲ႔သာဆိုဘာနဲ႔ျဖစ္ျဖစ္ေပ်ာ္ေပ်ာ္ႀကီးလိုက္ခဲ့မွာ

ေမာင့္မ်က္ႏွာသာတစ္ကမ႓ာ

"ေမာင့္ခါးေတြကိုတင္းတင္းဖက္ထားေပး နီေမာင့္စိတ္ေတျြပန္အဆင္ေျပသြားေအာင္လို႔"

ေမာင့္စကားအတိုင္းခါးေတြကိုတင္းတင္းဖက္လိုက္ၿပီးေက်ာျပင္မွာမ်က္ႏွာအပ္ခ်င္ေသာ္လည္းၪီးထုပ္နဲ႔မို႔အဆင္မေျပတာေၾကာင့္

"ေမာင္...တို႔ၪီးထုပ္ခြၽတ္ခ်င္တယ္"

ေမာင္ဟာဂ်န္းကိုၾကည့္လာၿပီးအသံတိုးတိုးနဲ႔ေမးတယ္

"ေမာင့္ေက်ာျပင္မွာမ်က္ႏွာအပ္ခ်င္လို႔မလား"

ေမာင္ဟာရံုးခန္းထဲမွာနဲ႔မတူအခုက်ေတာ့လည္းကေလးတစ္ေယာက္လိုၿပံဳးရယ္ေနျပန္တယ္

ဂ်န္းေတာ့ေမာင့္အၿပံဳးေတြေအာက္ေမ့ေမ်ာေနမိေတာ့တာပဲ

"ေမာင့္မိန္းကေလးကိုသိပ္ခ်စ္တာပဲ"

ေမာင္ကၪီးထုပ္ကိုျပန္ခြၽတ္ေပးၿပီးနဖူးေလးကိုနမ္းေသး...

ဂ်န္းမွာေမာင့္အနမ္းကိုၿပံဳးၿပံဳးႀကီးခံယူေနမိတယ္

"ေမာင္ဟိုေကာင့္ကိုသတ္ပစ္ခ်င္တာ"

ဂ်န္းပါးတစ္ဖက္ကိုေမာင္ဟာလက္နဲ႔အုပ္ကိုင္ၿပီးဆိုေတာ့

"သူ႔အေၾကာင္းမေတြးနဲ႔ေတာ့ေမာင္ေရာက္လာလို႔ေတာ့ေတာ္ပါေသးတယ္"

"နီ႔ကိုတစ္ခုခုလုပ္လို႔ကေတာ့ကြာ"

"ကဲပါအဂ်စ္ေလးရယ္ေဒါသေတြတစ္ထစ္ေလာက္ျပန္ေလ်ာ့အခုေလာေလာဆယ္ကြၽန္မတို႔ဘယ္သြားၾကမွာလဲ"

"ဟန္ျမစ္ကိုေလ"

ေမာင္ဟာဘယ္မ်ားေခၚသြားမလို႔လဲလို႔ဟန္ျမစ္တဲ့လား...

ဂ်န္းလည္းေဒါသေၾကာင့္နီျမန္းေနတဲ့ေမာင့္မ်က္ႏွာေလးကိုဆြဲယူလိုက္ၿပီးႏႈတ္ခမ္းေလးကိုထိကပ္လိုက္တယ္

သူ႔ႏႈတ္ခမ္းေလးကိုစိတ္ႀကိဳက္နမ္းလိုက္ၿပီးမျွပန္ခြာလိုက္ေတာ့သူ႔မ်က္ႏွာဟာၿပံဳးၿပံဳးႀကီး

"တစ္ခါေလာက္ထပ္ၿပီးနမ္းပါအုန္း"

ကိုယ့္မွာမဒမ္ေပးတဲ့အနမ္းႏုရြရြေတြကိုမ်က္စိေလးမိွတ္ၿပီးကိုခံစားေနတာေလ

ျပန္ခြာလိုက္ေတာ့စိတ္ထဲသိပ္ၿပီးမတင္းတိမ္ေသးလို႔ထပ္နမ္းပါလို႔ေျပာေတာ့မဒမ့္ဆီကရလိုက္တာမ်က္ေစာင္းခပ္လွလွ

"ကဲ...ကဲ..ဆိုင္ကယ္ေပၚျပန္တက္ပါရွင့္ဟန္ျမစ္ကိုသြားၾကတာေပါ့"

လည္ဂုတ္ေလးကိုပြတ္ၿပီးရယ္က်ဲက်ဲဆိုလာတဲ့ေမာင့္ကိုၾကည့္ၿပီးရယ္ခ်င္တာမနည္းေအာင့္ထားရတယ္

ေမာင့္ခါးေတြကိုတင္းတင္းဖက္ထားရင္းဘာအတားအဆီးမွမရိွေတာ့တဲ့ဂ်န္းမ်က္ႏွာေလးကိုေဘးတေစာင္းအေနနဲ႔ေမာင့္ေက်ာျပင္မွာအပ္ထားလိုက္တယ္

ေမာင္ဟာဆိုင္ကယ္ကိုေမာင္းတာေတာ့ဂ်ိန္းစဘြန္းပါပဲ

အဂ်စ္ေလးရဲ့မဒမ္ဆိုေတာ့လည္းမေၾကာက္တတ္ေတာ့ပါဘူး

အဂ်စ္ေလးရဲ့ဆိုင္ကယ္နဲ႔မဒမ္ဟာအသားက်ေနၿပီေလ

လီဆာနဲ႔ဂ်န္းနီအားခိုးၾကည့္ေနတဲ့ဂ်ံဳအင္ကေတာ့စိတ္ထဲမွာအခဲမေက်ျဖစ္ေနတုန္း

"ေတာက္ခ္!!!!"

ကင္ဂ်န္းနီနဲ႔လာလီဆာ.....

မင္းတို႔ကငါ့ကိုအရူးလုပ္သြားတဲ့ဟာေတြ

ဂ်န္းမင္းလည္းသိပ္ရက္စက္တယ္မင္း​ႏွလံုးသားကိုၪီးစားမေပးဘူးဆိုအခုေတာ့လည္းအဲ့မိန္းမေနာက္ကိုလိုက္သြားတာမ်ားေကာက္ေကာက္ကိုပါလို႔

ငါကပဲငတံုးျဖစ္သြားတာပါငါကပဲေစာက္ရူး.....

🌻🌼

"ငယ္ေရ....ထေတာ့ေလကြာ"

ငယ္ဟာအတန္းၿပီးကတည္းကကြၽန္မဆီေရာက္ေနတာစာရင္းေတြစစ္စရာရိွေသးတယ္ေျပာေတာ့သူကထိုင္ေစာင့္ပါ့မယ္ဆိုၿပီးအခုက်အိပ္ေပ်ာ္ေနတာမ်ားရွဥ့္ေပါက္အတိုင္းပဲ

ငယ့္ရဲ့ေဖာင္းေနတဲ့ပါးေလးကိုအသဲယားလြန္းလို႔ငံု႔နမ္းလိုက္တယ္

"ငယ္ႏိုးေနရင္လည္းထေတာ့..မုန္႔မွာထားတယ္ခဏေနရေတာ့မွာ"

ဂ်ီဆူနမ္းလိုက္တဲ့အခ်ိန္ေယာင္းငယ္ၿပံဳးလိုက္တာကိုေတြ့လိုက္ရတယ္ေလ

ဒီကေလးနဲ႔ေတာ့အိပ္ခ်င္ေယာင္ကေဆာင္ေသး

"ဂ်ီကငယ္ႏိုးေနမွန္းသိတယ္ေပါ့"

မ်က္လံုးေလးဖြင့္ကာၿပံဳးၿပံဳးေလးေမးလာတဲ့ငယ့္ကိုၾကည့္ၿပီးအခ်စ္ေတြပိုရျပန္တယ္

"သိတာေပါ့"

"ဒါနဲ႔ဘာမုန္႔မွာထားတာလဲဟင္"

"မာလာရွမ္းေကာေလ"

"ေဝါင္း!!!ငယ္ႀကိဳက္တယ္ဂ်ီ"

လွဲေနရာကေနခ်က္ခ်င္းေကာက္ထၿပီးမ်က္ဝန္းေတြပိုေတာက္သြားပံုေထာက္ေယာင္းငယ္အေတာ္ႀကိဳက္တာပဲ

"ငယ္ကေတာ့ေလအစားဆိုလို႔ကေတာ့ထိပ္ဆံုးက"

"ဟီးဟီး...ဗိုက္ဆာေနၿပီေလ"

ဂ်ီဆူလည္းငယ့္ေဘးနားဝင္ထိုင္ၿပီးငယ့္ပခံုးေလးကိုမွီလိုက္ကာ

"ငယ္...."

"ေျပာေလဂ်ီ"

"မမတို႔အေၾကာင္းကိုလီလီမသိေသးဘူးမလား"

"အြန္းဟုတ္တယ္သူမသိေသးဘူး"

"မမအိမ္ျပန္ေရာက္ရင္ေျပာျပလိုက္ေတာ့မယ္"

"ဂ်ီ့သေဘာေလဒါနဲ႔လီဆာကသေဘာတူပါ့မလားဟင္"

"တူမွာပါငယ္ရဲ့သူကအိုပါးနဲ႔ပဲသေဘာမတူတာ"

"အိုပါးဘယ္ကအိုပါးလဲ"

မ်က္ေမွာင္ေလးႀကံဳ႔ၿပီးအလိုမက်ပံုနဲ႔ေမးလာတဲ့ေယာင္းငယ္ဟာဆူပုတ္ပုတ္

"ထယ္ဝူအိုပါးေလ"

"ဟိုတစ္ေခါက္ေတြ့တဲ့သူမလား"

"ငယ္ကဉာဏ္ေကာင္းသားပဲ"

ေယာင္းငယ္နဲ႔ဒုတိယေျမာက္ေတြ့ဆံုမႈေလးဂ်ီဆူဒီေန့ထိအမွတ္ရေနပါေသးတယ္

မ်က္ရည္ေတြဝဲၿပီးကိုယ့္ဆီလာကာကေလးတစ္ေယာက္လိုေမးရွာတဲ့ေယာင္းငယ္ေၾကာင့္အေတာ္ေၾကာင္အခဲ့တာ

ေနာက္ပိုင္းေတာ့ရိပ္မိလာပါတယ္ေယာင္းငယ္ဟာကြၽန္မကိုစိတ္ဝင္စားေနမွန္း

"ဂ်ီေနာ္ဘာေတြၿပံဳးေနတာလဲ"

ဒီတိုင္းအရင္ကသူနဲ႔အေၾကာင္းေတြးရင္းၿပံဳးေနမိတာကိုေယာင္းငယ္ကအိုပါးေၾကာင့္မ်ားထင္ေနသလားမေျပာတတ္

မ်က္ေစာင္းေလးခဲၿပီးလူကိုၾကည့္ေနတာ

"ငယ္....မမကိုဇြတ္သဝန္တိုခဲ့တဲ့အခ်ိန္ကိုျပန္ေတြးၿပီးၿပံဳးတာပါ"

အဲ့က်ေတာ့ငယ့္ဟာရွက္သြားတဲ့ပံုပါးေလးရဲတက္သြားတယ္

ဒီကေလးကပံုစံၾကည့္ရိုးေပမယ့္လူရိုးေလးမဟုတ္တာေတာ့ကိုယ္တိုင္ႀကံဳေတြ့ဖူးထားၿပီးၿပီ

ငယ္နဲ႔အတူျဖတ္သန္းခဲ့ရတဲ့ပထမဆံုးကိုဘယ္ေတာ့မွကြၽန္မေမ့မွာမဟုတ္ဘူး

"ဂ်ီ...."

အခုလည္းၾကည့္ပါးေတြသာရဲေနတာကြၽန္မမ်က္ႏွာကိုဆုပ္ကိုင္ၿပီးငယ့္အၾကည့္ေတြကကြၽန္မႏႈတ္ခမ္းမွာ

အြတ္စ္!!!!

ငယ္ဟာကြၽန္မႏႈတ္ခမ္းကိုသိပ္သေဘာက်ေၾကာင္းအခ်ိန္တိုင္းေျပာေလ့ရိွတာအလကားေတာ့မဟုတ္

တကယ္ပဲသူသေဘာက်ပံုရသည္

တစ္ခါနမ္းရင္ႁမြတ္ႁမြတ္သိပ္သိပ္နမ္းလြန္းတဲ့အျပင္ခြာေပးဖို႔လည္းစိတ္ကူးလံုးဝမရိွတဲ့အဆိုးေလး

အသက္ငယ္တဲ့ကေလးေတြရထားေတာ့လည္းသူတို႔နဲ႔အၿပိဳင္ဝိုင္းဆိုးရေတာ့တာေပါ့ရွင္

ဂ်န္းနီလည္းဘယ္ေလာက္ေတာင္လီလီဆိုးတာခံေနရလဲမသိ

"Ceo...မာလာ"

မာလာရွမ္းေကာဘူးလာပို႔တဲ့ဝန္ထမ္းမေလးရဲ့စကားေတြျပတ္ေတာက္သြားရတယ္

ဆိုဖာေပၚမွာနမ္းေနၾကတဲ့အတြဲေၾကာင့္ေပါ့

ထိုဝန္ထမ္းမေလးအသံၾကားမွပဲဂ်ီဆူကတြန္းလြန္းမကတြန္းလို႔ခ်ယ္ေယာင္းကလြတ္ေပးတာ

ခ်ယ္ေယာင္းဟာဂ်ီဆူ႔ႏႈတ္ခမ္းနဲ႔ထိေတြ့လိုက္ရင္အသိကိုလြတ္လို႔...

"မာလာရွမ္းေကာလာပို႔တာမလားဒီေပၚမွာခ်သြားေလ"

အမိန္႔ဆန္ဆန္အသံနဲ႔ေျပာမွေက်ာက္ရုပ္လိုရပ္ေနတဲ့ေကာင္မေလးဟာအသက္ဝင္ၿပီးစားပြဲေပၚအထုပ္အျမန္ခ်ကာခပ္သြက္သြက္ပဲျပန္ထြက္သြားတယ္

"စိတ္ညစ္ပါတယ္..."

"ဘာကိုလဲဂ်ီရဲ့"

"သူျမင္သြားၿပီေလ"

"အဲ့တာဘာျဖစ္လို႔လဲငယ္တို႔ဆက္ဆံေရးကိုတစ္ဆိုင္လံုးနီးပါးသိေနၾကတာပဲကို"

ငယ္ေျပာတာလည္းဟုတ္ပါတယ္

ကြၽန္မကအလုပ္ေတြအၿမဲရႈပ္ေနတတ္တဲ့လူဆိုေတာ့ငယ္နဲ႔ခ်ိန္းေတြ့ျဖစ္တာသူမ်ားသမီးရည္းစားေတြလိုပန္းၿခံတို႔ရုပ္ရွင္ရံုတို႔မဟုတ္

ကြၽန္မရဲ့ဆိုင္ကရံုးခန္းမွာပါပဲ

ဒါေၾကာင့္လည္းငယ္ေျပာသလိုကြၽန္မတို႔ရဲ့ပတ္သက္ပံုကိုသူတို႔ေတြသိသင့္သေလာက္သိၾကတာပဲေလ

"အဲ့တာေတာ့အဲ့တာေပါ့အခုဟာက"

"ဂ်ီရွက္ေနတာကိုး"

အရွက္သည္းေနတဲ့ဂ်ီ့ကိုရင္ခြင္ထဲဆြဲထည့္ထားလိုက္တယ္

ရွက္စိတ္ေတျြမန္ျမန္ဆန္ဆန္ေျပေပ်ာက္သြားေအာင္လို႔

ငယ္ကထူးေတာ့ထူးဆန္းသားဒီလိုမ်ိဳးက်သူကမရွက္ဘူးကြၽန္မကပဲရွက္တာ...

ကြၽန္မတို႔အတြဲကေတာ့တစ္ေယာက္တစ္လွည့္ကိုအလွည့္က်ရွက္ေနၾကသလားမွတ္ရတယ္

ငယ့္ရဲ့ရင္ခြင္ေနြးေနြးေမႊးေမႊးေလးဟာကမ႓ာေပၚမွာကြၽန္မအႏွစ္ၿခိဳက္ဆံုးေနရာ

×××××××××××××အဲ့လိုေမႊးလြန္းတဲ့ရင္ခြင္ေလးပိုင္ၿပီလားခ်စ္တို႔😌

ၾကယ္ေလးေတြေပးသြားၾကေနာ္💫

Voteေတြက်သြားရင္ရင္ျပည့္လို႔စားမဝင္ဘူး😒

အခ်ိဳေတြခ်ည္းဆိုေတာ့အီၿပီထင္တယ္

စပ္လိုက္ရင္ေကာင္းမလား🤔×××××××××××××

There are no comments yet. Log in to be the first to leave a review!

Similar stories