12
14:44, 6 July 2022ကျောင်းထဲကကျောင်းသားတွေတရုန်းရုန်းဖြစ်နေကြပြီးဆူညံနေလို့ဘာရယ်မဟုတ်လီဆာကျောင်းပေါက်ဝကိုအကြည့်တွေရောက်သွားတယ်
"ဘာဖြစ်ကြတာလဲ"
အန်နာဟာလည်းသူ့လိုပဲစိတ်ဝင်တစားကြည့်နေရင်းမေးတယ်
"ကျောင်းသားတွေရုတ်ရုတ်သဲသဲဖြစ်နေမှတော့သေချာတယ်အရမ်းလှတဲ့မိန်းမလာလို့ပဲ"
ဘမ်ပြောတဲ့စကားကိိုလီဆာနဲ့အန်နာထောက်ခံတဲ့အနေနဲ့ခေါင်းလေးတွေတငြိမ့်ငြိမ့်
"ဘယ်သူလာတာမို့လို့အဲ့လောက်ဖြစ်ပျက်နေကြတာလဲ"
လီဆာကျောပိုးအိတ်ကိုကန့်လန့်ဖြတ်ပြောင်းလွယ်ရင်းစီးကရက်ဘူးထဲကတစ်လိပ်ယူကာမီးညှိနေလေတယ်
မဒမ့်ကိုဆေးလိပ်မသောက်တော့ပါဘူးလို့ကတ်ိပေးထားတာကိုလီဆာသိပါတယ်
တမင်ချိုးဖောက်တာလည်းမဟုတ်ပါဘူးအထက်တန်းကတည်းကစွဲခဲ့တော့အခုထိတမ်းတနေမိတယ်
အရင်ထက်တော့လျော့သောက်နေပါတယ်
"လီဆာရား...အဲ့တာအစ်မဂျန်းနီမလား"
အဟွတ်!!!အဟွတ်!!!
ဘမ့်စကားကြောင့်လှမ်းကြည့်တော့ဟုတ်နေတာပဲ
လီဆာရဲ့မိန်းကလေးမဒမ်...ဒါဆိုဟိုကောင်တွေငမ်းနေတာမဒမ့်ကိုပေါ့...
လက်တွေတောင်ယားလာသလိုပဲတစ်ယောက်ချင်းဆီဆွဲထိုးချင်တာ...
လီဆာဆိုတာစီးကရက်စသောက်တုန်းကတောင်အငွေ့မသီးခဲ့ဖူးဘူး
မဒမ့်ကြောင့်ဘဝမှာပထမဆုံးအဟွတ်အဟွတ်ဖြစ်တာ...
ဟိုကောင်တွေနှာဘူးကျလည်းကျစရာမဒမ်ကလှချင်တိုင်းလှမိုက်ချင်တိုင်းမိုက်နေတာ
"စီးကရက်တွေပြန်သောက်နေတယ်ပေါ့"
လီဆာအတွေးတွေလွန်ရင်းနဲ့မဒမ်ဟာမျက်စိရှေ့တောင်ရောက်နေပြီ
မဒမ့်စကားကြောင့်ပါးစပ်ထဲကစီးကရက်ကိုအလိုလိုမြေကြီးပေါ်ပစ်ချပြီးဘွတ်ဖိနပ်အထူကြီးနဲ့ချေပစ်လိုက်တယ်
"တစ်ခါတစ်လေပါ..နီ"
မောင်ဟာအပြစ်လုပ်ထားတော့ကျွန်မကိုမျက်နှာချိုသွေးပြီးသွားတွေအကုန်ပေါ်အောင်ရယ်ပြနေတာများချစ်စရာကောင်းလိုက်တာ...
မောင့်ကိုအံ့သြစေချင်လို့တမင်အသိမပေးပဲကျောင်းလာကြိုတာ...
"ထားပါတော့တို့ခွင့်လွတ်ပေးလိုက်မယ်"
"ဒါနဲ့ နီ ကဘာလာလုပ်တာလဲ"
"မောင့်ကိုလာကြိုတာလေ"
"တကယ်"
"အွန်း.."
လီဆာဘေးဘီဝဲယာကိုလေ့လာကြည့်တော့မဒမ့်ကိုခုနကငမ်းနေတဲ့ကောင်တွေကပါးစပ်အဟောင်းသားနဲ့စောင့်ကြည့်နေကြတာ
လီဆာ့ကိုသဘောကျနေတဲ့မိန်းမတွေဟာလည်းဘုရားတမမနဲ့ဘေးမှာရပ်ကြည့်နေကြတယ်
"အစ်မဂျန်းနီလာကြိုတယ်ဆိုတော့နင့်ဆိုင်ကယ်ကိုငါယူသွားပေးရမလား"
"မလိုဘူးဘမ်ဘမ်...အစ်မကားထားခဲ့တယ်မောင့်ဆိုင်ကယ်နဲ့ပဲပြန်မှာ"
"မင်းကဘမ်ဘမ်ဟုတ်တယ်မလား"
"ဟုတ်ပါတယ်ဗျ"
မဒမ်ကတော့လူကိုရင်ခုန်ရအောင်လို့ဆိုင်ကယ်အတူစီးဖို့အတွက်လာကြိုတာပေါ့
အနီးကပ်ကြီးမဒမ်နဲ့ရှိရအုန်းမယ်
"ညီမကအန်နာပါ"
"အွန်း...."
ဒီကောင်မလေးကိုကျွန်မသိသားပဲမောင်နဲ့ဂျုံအင်ကလပ်မှာပြဿနာဖြစ်တုန်းကမောင့်ကိုအရမ်းတွေအကြင်နာပိုနေခဲ့တာလေ
သူ့ကိုကြည့်တာနဲ့သိလိုက်ပါတယ်မောင့်အပေါ်သူငယ်ချင်းထက်ပိုနေမှန်း
"မောင်သွားကြမယ်လေ"
"ဟုတ်ကဲ့..နီ"
မောင့်ဘယ်လက်ကိုချိတ်လိုက်ပြီးလက်မောင်းမှာခေါင်းလေးအပ်ကာအတူလျှောက်လာခဲ့တယ်
အလာတုန်းကကျွန်မကိုမျက်လုံးကျွတ်ကျမတတ်ကြည့်နေကြတဲ့ကောင်လေးတွေကအခုတော့ရှုံ့တွနေကြတာများခရမ်းသီးပုပ်ကတောင်အဘိုးခေါ်ရမယ်
"နီ...ဆိုင်ကယ်ဦးထုပ်ဆောင်းပေးမယ်နော်"
"မောင့်သဘောပဲလေ"
လီဆာအထင်မမှားဘူးဆိုမဒမ်အရမ်းတွေသဘောကောင်းနေတာ
ဘာလို့များပါလိမ့်အရင်နေ့တွေကတောင်မဒမ်ဟာလီဆာ့ကိုဒီလောက်အလိုမလိုက်ဘူးလေ
မောင်ကအမြဲကြည့်ကောင်းနေတော့တာပဲအခုလည်းကြည့်လေဘာမှထွေထွေထူးထူးမပြင်ဆင်ထားတာတောင်မောင်ဟာချောချက်
ထူးထူးခြားခြားလည်သာမဝတ်ထားဘူး
ဟူဒီအနက်လေးနဲ့ဂျင်းနက်လေးပဲတွဲဝတ်ထားတာရိုးပေမယ့်မောင်နဲ့ကြည့်ကောင်းတယ်
ချစ်စရာလည်းအရမ်းကောင်းတယ်
"နီကဆိုင်ကယ်ဦးထုပ်လေးနဲ့ချစ်စရာကောင်းလိုက်တာ"
ပြွတ်စ်!!!
မောင်ဟာစကားနဲ့တင်မဟုတ်ပဲချစ်စရာကောင်းကြောင်းကိုအမူအရာနဲ့ပါပြတတ်တဲ့သူ
အခုလည်းကျွန်မနှုတ်ခမ်းလေးကိုဖိကပ်နမ်းလိုက်ပြန်တယ်
မောင့်ခါးတွေကိုတင်းတင်းဖက်ထားရင်းမောင့်ကျောပြင်လေးကိုဖွဖွလေးနမ်းလိုက်တယ်
မောင့်ဆီကရယ်သံလေးကိုလည်းကျွန်မပြတ်ပြတ်သားသားကြားလိုက်ရသေး
"မောင်စထွက်ပြီနော်"
"အဆင်သင့်ပဲမောင်"
မောင်ဟာကားမောင်းလည်းညင်သာမှုမရှိသလို
ဆိုင်ကယ်ကိုလည်းထိုနည်းလည်းကောင်း
ပိုတောင်မောင်းတာကြမ်းသလားလို့
နောက်တော့မှာထားအုန်းမှပါတော်ကြာအက်စီးဒင့်ဖြစ်ရင်ကျွန်မပဲရင်ကျိုးရမှာ
ကျောင်းဝန်းထဲကျန်နေခဲ့တဲ့မိန်းကလေးတစ်စုဟာမျက်နှာငယ်လေးတွေနဲ့
မောင့်ဆီလာရတာအဲ့တာကြောင့်လည်းပါတယ်မောင့်ကိုသဘောကျနေတဲ့မိန်းမတွေကFan clubနဲ့ပါရှိတာဆိုတော့
ပိုင်ရှင်ဟာကျွန်မပါဆိုတာသူတို့အားလုံးသိသွားအောင်လို့
နေ့တိုင်းအကုန်ခံနေတဲ့နှင်းဆီဝါတွေတော့သဲထဲရေသွန်ကုန်ကြပြီပေါ့
"မောင်ဆိုင်ကယ်ကိုဖြည်းဖြည်းမောင်းပါလား"
"နီကကြောက်တယ်ပေါ့...မောင့်ခါးကိုသာသေချာဖက်ထား"
လေသံတွေကြောင့်မောင့်အသံကိုမနည်းနားထောင်ရပါသေးတယ်
အခုမှသတိရမိတာရှိသေး
မောင့်ကိုဘယ်သွားမယ်လည်းမပြောရသေးဒါပေမယ့်မောင့်ကြည့်ရတာခေါ်သွားချင်တဲ့နေရာရှိနေတဲ့ပုံပါပဲ...
အဲ့တာကြောင့်ကျွန်မလည်းမောင်ခေါ်ရာကိုပဲလိုက်တော့မယ်
မောင်ပြောသလိုခါးကိုသာတင်းသထက်တင်းအောင်ဖက်ထားလိုက်တယ်
"နီ...ရောက်ပြီနော်"
မဒမ်ဟာလီဆာ့အမောင်းစကေးတွေမှာလန့်နေတဲ့ပုံပဲ
ဆိုင်ကယ်ရပ်တာတောင်မဒမ်မသိသေးဘူး
"ရောက်ပြီလား"
"ဟုတ်ကဲ့...နီ"
ကျွန်မကြည့်လိုက်တော့မြို့ထဲနဲ့အနည်းငယ်ဝေးတဲ့နေရာပဲထင်တယ်
တစ်လမ်းလုံးမောင့်ခါးကိုသိမ်းကြုံးဖက်ပြီးလိုက်လာတော့ဘယ်တွေရောက်လာမှန်းတောင်မသိ
လူသိပ်မရှိတဲ့နေရာမျိုးပဲခြံလေးထဲမှာသစ်သားအိမ်ပုလေးရှိတယ်
"မောင်ဒီအိမ်က"
"မောင်ပိုင်တာလေ"
"မောင်ပိုင်တာဟုတ်လား"
"အွန်းဟုတ်တယ်..မောင့်ကိုအဖိုးကအမွေပေးထားတာ"
မောင်ဟာတကယ့်ကိုမှအချစ်ခံလေးသူတို့မိသားစုမှာလည်းဘယ်လောက်တောင်အလိုလိုက်ခံထားရလဲမသိ
ဆိုးချင်တိုင်းဆိုးနေပုံထောက်တော့မောင့်ကိုဆူကြတဲ့ပုံလည်းမပေါ်
"အိမ်လေးကချစ်စရာလေး"
"အဖိုးကအနားယူဖို့ဆောက်ထားခဲ့တာလေအဲ့တာကြောင့်မြို့ပြင်ရောက်တယ်နားအေးပါးအေးနေချင်ရင်မောင်ဒီကိုလာနေကျ"
အိမ်ထဲကိုဝင်လိုက်တော့လည်းဘာမှမမြင်ရပါဘူး
မီးမှမဖွင့်ထားတာ...
မောင်မိန်းတင်လိုက်မှပဲတစ်အိမ်လုံးထိန်ထိန်ကြဲသွားသည်
သစ်လုံးအိမ်ကအတွင်းပိုင်းကိုလည်းကျွန်းသစ်တွေနဲ့ဆောက်ထားတာ
မောင့်အဖိုးကအဲ့လောက်တောင်အကုန်ကျခံပြီးဆောက်ခဲ့တာလား
"မောင်အိမ်လေးကနေချင်စရာလေး"
"ပြန်တောင်မပြန်ချင်တော့ဘူးမလား"
"အွန်း..."
"အာ့ဆိုဒီညမပြန်နဲ့တော့"
"အဲ့လိုကျမဖြစ်ဘူးလေချယ်တစ်ယောက်တည်း"
ကျွန်မလည်းမောင်နဲ့အတူရှိချင်ပေမယ့်မဖြစ်သေးဘူးလေ...
အိမ်မှာကချယ်ယောင်းရယ်ကျွန်မရယ်ပဲရှိကြတာ...
တစ်ယောက်တည်းစိတ်မချနိုင်ဘူး
"ချယ်ယောင်းကိုစိတ်မချရင်မောင့်အစ်မကိုအဖော်အိပ်ပေးဖို့လွတ်လိုက်ရမလား"
"ဟင်.."
မောင်ဒီလိုပြောပုံထောက်တော့မောင်တစ်ယောက်ချယ်ယောင်းနဲ့သူ့အစ်မဆက်ဆံရေးကိုမသိသေးဘူးထင်တယ်
ဂျန်းနီတစ်ယောက်ပြုံးစစနဲ့...
"လွတ်လိုက်လေမောင့်အစ်မကသွားပါ့မလား"
"မောင့်စကားတစ်ခွန်းပါပဲ နီ ရယ်"
မောင်ဟာအနိုင်ရသူအပြုံးကြီးနဲ့ဖုန်းပြောဖို့ထွက်သွားတယ်
ကျွန်မကတော့ထိန်းထားသမျှဖွင့်ထုတ်တဲ့အနေနဲ့အားရပါးရကိုရယ်မောနေမိတာ...
ချယ်ယောင်းနဲ့သူ့အစ်မသာချစ်သူတွေမှန်းမောင်သိသွားရင်သွားပြီ..
တစ်ဖက်မှာတော့လီဆာဟာဂျီဆူ့အားဖုန်းဆက်နေခဲ့တယ်
"ဟယ်လို..."
"လီလီပြောလေ"
"မမဒီတစ်ညလောက်လေကင်ချယ်ယောင်းနဲ့အတူသွားအိပ်ပေးစမ်းပါ"
လီဆာ့စကားကြောင့်ဂျီဆူ့ရင်ထဲအထိတ်တလန့်ကိုဖြစ်လို့...
"ဘာလို့အိပ်ရမှာလဲလီလီရဲ့"
"လီလီဒီနေ့ည..နီ နဲ့အတူမြို့ပြင်ကသစ်လုံးအိမ်မှာအိပ်မလို့အဲ့တာမမကချယ်ယောင်းကိုအဖော်လုပ်ပေးလိုက်"
"အဲ့တာကလေ.."
"ဘာမှမကြားချင်ဘူးသွားအိပ်ပါဆို..ဒါပဲ"
လီဆာဖုန်းကိုဂွက်ခနဲချပစ်လိုက်တယ်ဂျီဆူကတော့ဖုန်းကိုရင်မှာအပ်ပြီး
"ငယ်ရေ...မမလာပြီ"
ချက်ချင်းကိုကုတ်ရှည်တစ်ထည်ကမန်းကတန်းကောက်ဝတ်ရင်းပြေးထွက်သွားတော့တယ်
လီဆာအိမ်ထဲဝင်လာတော့မဒမ်ဟာမီးလင်းဖိုနားမှာဘာတွေစပ်စုနေလဲမသိ
"နီ..."
မဒမ့်ပခုံးနှစ်ဖက်ကိုလက်နဲ့ကိုင်ပြီးခြောက်လိုက်တော့အတော်လန့်သွားတဲ့ပုံ
ရင်ဘတ်လေးကိုဖိပြီးထအော်တာများလီဆာနားကွဲတော့မလို့...
"နီရယ်..မောင်ပါအရမ်းလန့်သွားလားဟင်"
မောင့်အသံကြားမှကြည့်မိတော့တော်ပါသေးရဲ့မောင်ဖြစ်နေတယ်
တစ်ခုခုဆိုလန့်တတ်လွန်းတဲ့အကျင့်ဟာငယ်စဥ်တည်းကဖျောက်မရခဲတာ..
"မောင်တောင်းပန်ပါတယ်နော်မောင်ကစ,လိုက်တာပါ"
"တောင်းပန်ဖို့မလိုပါဘူးမောင်ရယ်တို့ကအဲ့လိုပဲလန့်တတ်တာအကျင့်"
မောင့်ပါးလေးတစ်ဖက်ကိုပွတ်ပေးရင်းပြောတော့မောင်ဟာဂျန်းနီကိုပြုံးစစနဲ့ကြည့်နေပြန်တယ်
"အဲ့မျက်နှာပိုးကြီးကနော်အမြင်ကပ်စရာကောင်းလိုက်တာ"
"ချစ်တယ်မလား..ဟီးဟီး"
နှုတ်ခမ်းလေးကိုအသားကုန်စူကာအတင်းတွေတိုးကပ်လာတဲ့မောင့်ကိုလက်နဲ့တားထားရတယ်
မောင်ဟာဘယ်လောက်ဆိုးလဲဆိုအဲ့လက်ဖဝါးကိုတောင်တဖွဖွနမ်းသေးတာ
ဂျန်းနီတကယ်လက်လံပါတယ်
"နှာဘူးလေး..ညစာစားဖို့ပြင်လေကွာ"
"အော်ဟော်...လူကိုနှာဘူးလို့ပြောပြန်ပြီ"
မောင်ပြောတော့မှသတိရတယ်
သူ့နှာဘူးလို့ခေါ်ရင်မောင်ဟာအတည်ပေါက်နဲ့နောက်တတ်တယ်
"အမလေး!!!"
တွေးလို့မှမဆုံးသေးဆတ်ခနဲပွေ့ချီခံလိုက်ရတဲ့ဂျန်းနီ
ပြုတ်ကျမှာကြောက်လို့အလိုလိုတွယ်ထားမိတာဟာမောင့်လည်ပင်းကို...
"မောင့်မိန်းကလေးကိုအများကြီးချစ်ပေးမယ်"
"မောင်နော်သူ့အိမ်ခေါ်လာတယ်ဆိုပြီးအနိုင်ကျင့်ဖို့မကြံနဲ့"
"ဘာလို့လဲချစ်သူတွေဖြစ်နေပြီလေအတူတူနေလည်းဘာဖြစ်လဲ"
မောင်ဟာပြောလေဆိုးလေပါပဲ
ဂျန်းနီနှုတ်ခမ်းတွေကိုအတင်းတွေနမ်းရင်းအိပ်ခန်းဆီကိုခေါ်သွားနေတဲ့ပုံပဲ
ဂျန်းနီကတော့အမြန်အကြံထုတ်နေရတယ်
မောင့်ကိုဘယ်လိုတားရင်ကောင်းမလဲလို့
ဂျန်းနီကိုတစ်ယောက်ယောက်မကယ်နိုင်တော့ဘူးလားဟင်....
ပွမ်!!!ပွမ်!!!!
ခြံရှေ့ကကားဟွန်းသံကြောင့်မုန့်စားရင်းဇာတ်ကားကြည့်နေတဲ့ချယ်ယောင်းအပြင်အမြန်ထွက်လာတယ်
"အစ်မ..အစ်မ...ရည်းစားရပြီးတည်းကအိမ်ပြန်နောက်ကျလာလိုက်တာဆိုတာ"
"ဟိုကောင်လိုက်ပို့တာဆိုမတွေ့ချင်တဲ့မျက်နှာကကြုံရအုန်းမယ်"
ပွစိပွစိနဲ့တစ်ယောက်တည်းပြောချင်ရာပြောပြီးခြံတံခါးဖွင့်ဖို့လုပ်မှမျက်လုံးပြူးသွားတယ်
"ဂျီ့ကားမဟုတ်ဘူးလား"
ခြံတံခါးပွင့်သွားတော့တန်းတန်းမတ်မတ်ကြီးဝင်ရောက်လာတဲ့ကားအနီလေး
"တကယ်ကြီးလား"
ချယ်ယောင်းလည်းတံခါးကိုအမြန်ပြန်ပိတ်ပြီးကားနားသွားတယ်
ကားပေါ်ကဆင်းလာတာဟာဂျီမှဂျီအစစ်...
"ဂျီဘယ်ကနေဘယ်လို"
"ရော့အထုတ်သယ်ပြီးလိုက်ခဲ့"
လက်ဆွဲအိတ်အသေးစားလေးကိုလက်ထဲထည့်ပေးသွားပြီးခပ်ပြုံးပြုံးနဲ့ဂျီဟာသူ့အိမ်သူ့ရာအတိုင်းဝင်သွားတယ်
"ဂျီ...ငယ်မေးတာဖြေအုန်းလေဘာလာလုပ်တာလဲလို့"
"ဒီညမမကငယ်နဲ့အတူအိပ်ရမှာ"
"ဟမ်!!!!"
××××××××ကြယ်လေးတွေပေးသွားကြအုန်းနော်💫
ဒီနေ့တော့စိတ်တွေပျော်နေရပါတယ်
မျှော်နေခဲ့ရတဲ့ကမ်းဘတ်ကြီးလာပြီတဲ့ဗျို့🤩🥳
မနေ့ညကအငယ်နှစ်ယောက်ရဲ့liveကြောင့်လည်းကြည့်ရင်းချစ်လည်းချစ်ရ ခွီလည်းခွီရနဲ့😂
မနိုင်စိန်လေးတွေ(or)ချစ်မဝလေးတွေ....
××××××××(Zawgyi)
ေက်ာင္းထဲကေက်ာင္းသားေတြတရုန္းရုန္းျဖစ္ေနၾကၿပီးဆူညံေနလို႔ဘာရယ္မဟုတ္လီဆာေက်ာင္းေပါက္ဝကိုအၾကည့္ေတြေရာက္သြားတယ္
"ဘာျဖစ္ၾကတာလဲ"
အန္နာဟာလည္းသူ႔လိုပဲစိတ္ဝင္တစားၾကည့္ေနရင္းေမးတယ္
"ေက်ာင္းသားေတြရုတ္ရုတ္သဲသဲျဖစ္ေနမွေတာ့ေသခ်ာတယ္အရမ္းလွတဲ့မိန္းမလာလို႔ပဲ"
ဘမ္ေျပာတဲ့စကားကိုလီဆာနဲ႔အန္နာေထာက္ခံတဲ့အေနနဲ႔ေခါင္းေလးေတြတၿငိမ့္ၿငိမ့္
"ဘယ္သူလာတာမို႔လို႔အဲ့ေလာက္ျဖစ္ပ်က္ေနၾကတာလဲ"
လီဆာေက်ာပိုးအိတ္ကိုကန္႔လန္႔ျဖတ္ေျပာင္းလြယ္ရင္းစီးကရက္ဘူးထဲကတစ္လိပ္ယူကာမီးၫွိေနေလတယ္
မဒမ့္ကိုေဆးလိပ္မေသာက္ေတာ့ပါဘူးလို႔ကတ္ိေပးထားတာကိုလီဆာသိပါတယ္
တမင္ခ်ိဳးေဖာက္တာလည္းမဟုတ္ပါဘူးအထက္တန္းကတည္းကစြဲခဲ့ေတာ့အခုထိတမ္းတေနမိတယ္
အရင္ထက္ေတာ့ေလ်ာ့ေသာက္ေနပါတယ္
"လီဆာရား...အဲ့တာအစ္မဂ်န္းနီမလား"
အဟြတ္!!!အဟြတ္!!!
ဘမ့္စကားေၾကာင့္လွမ္းၾကည့္ေတာ့ဟုတ္ေနတာပဲ
လီဆာရဲ့မိန္းကေလးမဒမ္...ဒါဆိုဟိုေကာင္ေတြငမ္းေနတာမဒမ့္ကိုေပါ့...
လက္ေတြေတာင္ယားလာသလိုပဲတစ္ေယာက္ခ်င္းဆီဆြဲထိုးခ်င္တာ...
လီဆာဆိုတာစီးကရက္စေသာက္တုန္းကေတာင္အေငြ့မသီးခဲ့ဖူးဘူး
မဒမ့္ေၾကာင့္ဘဝမွာပထမဆံုးအဟြတ္အဟြတ္ျဖစ္တာ...
ဟိုေကာင္ေတြႏွာဘူးက်လည္းက်စရာမဒမ္ကလွခ်င္တိုင္းလွမိုက္ခ်င္တိုင္းမိုက္ေနတာ
"စီးကရက္ေတျြပန္ေသာက္ေနတယ္ေပါ့"
လီဆာအေတြးေတြလြန္ရင္းနဲ႔မဒမ္ဟာမ်က္စိေရ႔ွေတာင္ေရာက္ေနၿပီ
မဒမ့္စကားေၾကာင့္ပါးစပ္ထဲကစီးကရက္ကိုအလိုလိုေျမၾကီးေပၚပစ္ခ်ၿပီးဘြတ္ဖိနပ္အထူႀကီးနဲ႔ေခ်ပစ္လိုက္တယ္
"တစ္ခါတစ္ေလပါ..နီ"
ေမာင္ဟာအျပစ္လုပ္ထားေတာ့ကြၽန္မကိုမ်က္ႏွာခ်ိဳေသြးၿပီးသြားေတြအကုန္ေပၚေအာင္ရယ္ျပေနတာမ်ားခ်စ္စရာေကာင္းလိုက္တာ...
ေမာင့္ကိုအံ့ၾသေစခ်င္လို႔တမင္အသိမေပးပဲေက်ာင္းလာႀကိဳတာ...
"ထားပါေတာ့တို႔ခြင့္လြတ္ေပးလိုက္မယ္"
"ဒါနဲ႔ နီ ကဘာလာလုပ္တာလဲ"
"ေမာင့္ကိုလာႀကိဳတာေလ"
"တကယ္"
"အြန္း.."
လီဆာေဘးဘီဝဲယာကိုေလ့လာၾကည့္ေတာ့မဒမ့္ကိုခုနကငမ္းေနတဲ့ေကာင္ေတြကပါးစပ္အေဟာင္းသားနဲ႔ေစာင့္ၾကည့္ေနၾကတာ
လီဆာ့ကိုသေဘာက်ေနတဲ့မိန္းမေတြဟာလည္းဘုရားတမမနဲ႔ေဘးမွာရပ္ၾကည့္ေနၾကတယ္
"အစ္မဂ်န္းနီလာႀကိဳတယ္ဆိုေတာ့နင့္ဆိုင္ကယ္ကိုငါယူသြားေပးရမလား"
"မလိုဘူးဘမ္ဘမ္...အစ္မကားထားခဲ့တယ္ေမာင့္ဆိုင္ကယ္နဲ႔ပဲျပန္မွာ"
"မင္းကဘမ္ဘမ္ဟုတ္တယ္မလား"
"ဟုတ္ပါတယ္ဗ်"
မဒမ္ကေတာ့လူကိုရင္ခုန္ရေအာင္လို႔ဆိုင္ကယ္အတူစီးဖို႔အတြက္လာႀကိဳတာေပါ့
အနီးကပ္ႀကီးမဒမ္နဲ႔ရိွရအုန္းမယ္
"ညီမကအန္နာပါ"
"အြန္း...."
ဒီေကာင္မေလးကိုကြၽန္မသိသားပဲေမာင္နဲ႔ဂ်ံဳအင္ကလပ္မွာျပႆနာျဖစ္တုန္းကေမာင့္ကိုအရမ္းေတြအၾကင္နာပိုေနခဲ့တာေလ
သူ႔ကိုၾကည့္တာနဲ႔သိလိုက္ပါတယ္ေမာင့္အေပၚသူငယ္ခ်င္းထက္ပိုေနမွန္း
"ေမာင္သြားၾကမယ္ေလ"
"ဟုတ္ကဲ့..နီ"
ေမာင့္ဘယ္လက္ကိုခ်ိတ္လိုက္ၿပီးလက္ေမာင္းမွာေခါင္းေလးအပ္ကာအတူေလ်ွာက္လာခဲ့တယ္
အလာတုန္းကကြၽန္မကိုမ်က္လံုးကြၽတ္က်မတတ္ၾကည့္ေနၾကတဲ့ေကာင္ေလးေတြကအခုေတာ့ရႈံ႔တြေနၾကတာမ်ားခရမ္းသီးပုပ္ကေတာင္အဘိုးေခၚရမယ္
"နီ...ဆိုင္ကယ္ၪီးထုပ္ေဆာင္းေပးမယ္ေနာ္"
"ေမာင့္သေဘာပဲေလ"
လီဆာအထင္မမွားဘူးဆိုမဒမ္အရမ္းေတြသေဘာေကာင္းေနတာ
ဘာလို႔မ်ားပါလိမ့္အရင္ေန့ေတြကေတာင္မဒမ္ဟာလီဆာ့ကိုဒီေလာက္အလိုမလိုက္ဘူးေလ
ေမာင္ကအၿမဲၾကည့္ေကာင္းေနေတာ့တာပဲအခုလည္းၾကည့္ေလဘာမွေထြေထြထူးထူးမျပင္ဆင္ထားတာေတာင္ေမာင္ဟာေခ်ာခ်က္
ထူးထူးျခားျခားလည္သာမဝတ္ထားဘူး
ဟူဒီအနက္ေလးနဲ႔ဂ်င္းနက္ေလးပဲတြဲဝတ္ထားတာရိုးေပမယ့္ေမာင္နဲ႔ၾကည့္ေကာင္းတယ္
ခ်စ္စရာလည္းအရမ္းေကာင္းတယ္
"နီကဆိုင္ကယ္ၪီးထုပ္ေလးနဲ႔ခ်စ္စရာေကာင္းလိုက္တာ"
ႁပြတ္စ္!!!
ေမာင္ဟာစကားနဲ႔တင္မဟုတ္ပဲခ်စ္စရာေကာင္းေၾကာင္းကိုအမူအရာနဲ႔ပါျပတတ္တဲ့သူ
အခုလည္းကြၽန္မႏႈတ္ခမ္းေလးကိုဖိကပ္နမ္းလိုက္ျပန္တယ္
ေမာင့္ခါးေတြကိုတင္းတင္းဖက္ထားရင္းေမာင့္ေက်ာျပင္ေလးကိုဖြဖြေလးနမ္းလိုက္တယ္
ေမာင့္ဆီကရယ္သံေလးကိုလည္းကြၽန္မျပတ္ျပတ္သားသားၾကားလိုက္ရေသး
"ေမာင္စထြက္ၿပီေနာ္"
"အဆင္သင့္ပဲေမာင္"
ေမာင္ဟာကားေမာင္းလည္းညင္သာမႈမရိွသလို
ဆိုင္ကယ္ကိုလည္းထိုနည္းလည္းေကာင္း
ပိုေတာင္ေမာင္းတာၾကမ္းသလားလို႔
ေနာက္ေတာ့မွာထားအုန္းမွပါေတာ္ၾကာအက္စီးဒင့္ျဖစ္ရင္ကြၽန္မပဲရင္က်ိဳးရမွာ
ေက်ာင္းဝန္းထဲက်န္ေနခဲ့တဲ့မိန္းကေလးတစ္စုဟာမ်က္ႏွာငယ္ေလးေတြနဲ႔
ေမာင့္ဆီလာရတာအဲ့တာေၾကာင့္လည္းပါတယ္ေမာင့္ကိုသေဘာက်ေနတဲ့မိန္းမေတြကFan clubနဲ႔ပါရိွတာဆိုေတာ့
ပိုင္ရွင္ဟာကြၽန္မပါဆိုတာသူတို႔အားလံုးသိသြားေအာင္လို႔
ေန့တိုင္းအကုန္ခံေနတဲ့ႏွင္းဆီဝါေတြေတာ့သဲထဲေရသြန္ကုန္ၾကၿပီေပါ့
"ေမာင္ဆိုင္ကယ္ကိုျဖည္းျဖည္းေမာင္းပါလား"
"နီကေၾကာက္တယ္ေပါ့...ေမာင့္ခါးကိုသာေသခ်ာဖက္ထား"
ေလသံေတြေၾကာင့္ေမာင့္အသံကိုမနည္းနားေထာင္ရပါေသးတယ္
အခုမွသတိရမိတာရိွေသး
ေမာင့္ကိုဘယ္သြားမယ္လည္းမေျပာရေသးဒါေပမယ့္ေမာင့္ၾကည့္ရတာေခၚသြားခ်င္တဲ့ေနရာရိွေနတဲ့ပံုပါပဲ...
အဲ့တာေၾကာင့္ကြၽန္မလည္းေမာင္ေခၚရာကိုပဲလိုက္ေတာ့မယ္
ေမာင္ေျပာသလိုခါးကိုသာတင္းသထက္တင္းေအာင္ဖက္ထားလိုက္တယ္
"နီ...ေရာက္ၿပီေနာ္"
မဒမ္ဟာလီဆာ့အေမာင္းစေကးေတြမွာလန္႔ေနတဲ့ပံုပဲ
ဆိုင္ကယ္ရပ္တာေတာင္မဒမ္မသိေသးဘူး
"ေရာက္ၿပီလား"
"ဟုတ္ကဲ့...နီ"
ကြၽန္မၾကည့္လိုက္ေတာ့ၿမိဳ႔ထဲနဲ႔အနည္းငယ္ေဝးတဲ့ေနရာပဲထင္တယ္
တစ္လမ္းလံုးေမာင့္ခါးကိုသိမ္းႀကံဳးဖက္ၿပီးလိုက္လာေတာ့ဘယ္ေတြေရာက္လာမွန္းေတာင္မသိ
လူသိပ္မရိွတဲ့ေနရာမ်ိဳးပဲၿခံေလးထဲမွာသစ္သားအိမ္ပုေလးရိွတယ္
"ေမာင္ဒီအိမ္က"
"ေမာင္ပိုင္တာေလ"
"ေမာင္ပိုင္တာဟုတ္လား"
"အြန္းဟုတ္တယ္..ေမာင့္ကိုအဖိုးကအေမြေပးထားတာ"
ေမာင္ဟာတကယ့္ကိုမွအခ်စ္ခံေလးသူတို႔မိသားစုမွာလည္းဘယ္ေလာက္ေတာင္အလိုလိုက္ခံထားရလဲမသိ
ဆိုးခ်င္တိုင္းဆိုးေနပံုေထာက္ေတာ့ေမာင့္ကိုဆူၾကတဲ့ပံုလည္းမေပၚ
"အိမ္ေလးကခ်စ္စရာေလး"
"အဖိုးကအနားယူဖို႔ေဆာက္ထားခဲ့တာေလအဲ့တာေၾကာင့္ၿမိဳ႔ျပင္ေရာက္တယ္နားေအးပါးေအးေနခ်င္ရင္ေမာင္ဒီကိုလာေနက်"
အိမ္ထဲကိုဝင္လိုက္ေတာ့လည္းဘာမွမျမင္ရပါဘူး
မီးမွမဖြင့္ထားတာ...
ေမာင္မိန္းတင္လိုက္မွပဲတစ္အိမ္လံုးထိန္ထိန္ႀကဲသြားသည္
သစ္လံုးအိမ္ကအတြင္းပိုင္းကိုလည္းကြၽန္းသစ္ေတြနဲ႔ေဆာက္ထားတာ
ေမာင့္အဖိုးကအဲ့ေလာက္ေတာင္အကုန္က်ခံၿပီးေဆာက္ခဲ့တာလား
"ေမာင္အိမ္ေလးကေနခ်င္စရာေလး"
"ျပန္ေတာင္မျပန္ခ်င္ေတာ့ဘူးမလား"
"အြန္း..."
"အာ့ဆိုဒီညမျပန္နဲ႔ေတာ့"
"အဲ့လိုက်မျဖစ္ဘူးေလခ်ယ္တစ္ေယာက္တည္း"
ကြၽန္မလည္းေမာင္နဲ႔အတူရိွခ်င္ေပမယ့္မျဖစ္ေသးဘူးေလ...
အိမ္မွာကခ်ယ္ေယာင္းရယ္ကြၽန္မရယ္ပဲရိွၾကတာ...
တစ္ေယာက္တည္းစိတ္မခ်ႏိုင္ဘူး
"ခ်ယ္ေယာင္းကိုစိတ္မခ်ရင္ေမာင့္အစ္မကိုအေဖာ္အိပ္ေပးဖို႔လြတ္လိုက္ရမလား"
"ဟင္.."
ေမာင္ဒီလိုေျပာပံုေထာက္ေတာ့ေမာင္တစ္ေယာက္ခ်ယ္ေယာင္းနဲ႔သူ႔အစ္မဆက္ဆံေရးကိုမသိေသးဘူးထင္တယ္
ဂ်န္းနီတစ္ေယာက္ၿပံဳးစစနဲ႔...
"လြတ္လိုက္ေလေမာင့္အစ္မကသြားပါ့မလား"
"ေမာင့္စကားတစ္ခြန္းပါပဲ နီ ရယ္"
ေမာင္ဟာအႏိုင္ရသူအၿပံဳးႀကီးနဲ႔ဖုန္းေျပာဖို႔ထြက္သြားတယ္
ကြၽန္မကေတာ့ထိန္းထားသမ်ွဖြင့္ထုတ္တဲ့အေနနဲ႔အားရပါးရကိုရယ္ေမာေနမိတာ...
ခ်ယ္ေယာင္းနဲ႔သူ႔အစ္မသာခ်စ္သူေတြမွန္းေမာင္သိသြားရင္သြားၿပီ..
တစ္ဖက္မွာေတာ့လီဆာဟာဂ်ီဆူ႔အားဖုန္းဆက္ေနခဲ့တယ္
"ဟယ္လို..."
"လီလီေျပာေလ"
"မမဒီတစ္ညေလာက္ေလကင္ခ်ယ္ေယာင္းနဲ႔အတူသြားအိပ္ေပးစမ္းပါ"
လီဆာ့စကားေၾကာင့္ဂ်ီဆူ႔ရင္ထဲအထိတ္တလန္႔ကိုျဖစ္လို႔...
"ဘာလို႔အိပ္ရမွာလဲလီလီရဲ့"
"လီလီဒီေန့ည..နီ နဲ႔အတူၿမိဳ႔ျပင္ကသစ္လံုးအိမ္မွာအိပ္မလို႔အဲ့တာမမကခ်ယ္ေယာင္းကိုအေဖာ္လုပ္ေပးလိုက္"
"အဲ့တာကေလ.."
"ဘာမွမၾကားခ်င္ဘူးသြားအိပ္ပါဆို..ဒါပဲ"
လီဆာဖုန္းကိုဂြက္ခနဲခ်ပစ္လိုက္တယ္ဂ်ီဆူကေတာ့ဖုန္းကိုရင္မွာအပ္ၿပီး
"ငယ္ေရ...မမလာၿပီ"
ခ်က္ခ်င္းကိုကုတ္ရွည္တစ္ထည္ကမန္းကတန္းေကာက္ဝတ္ရင္းေျပးထြက္သြားေတာ့တယ္
လီဆာအိမ္ထဲဝင္လာေတာ့မဒမ္ဟာမီးလင္းဖိုနားမွာဘာေတြစပ္စုေနလဲမသိ
"နီ..."
မဒမ့္ပခံုးႏွစ္ဖက္ကိုလက္နဲ႔ကိုင္ၿပီးေျခာက္လိုက္ေတာ့အေတာ္လန္႔သြားတဲ့ပံု
ရင္ဘတ္ေလးကိုဖိၿပီးထေအာ္တာမ်ားလီဆာနားကြဲေတာ့မလို႔...
"နီရယ္..ေမာင္ပါအရမ္းလန္႔သြားလားဟင္"
ေမာင့္အသံၾကားမွၾကည့္မိေတာ့ေတာ္ပါေသးရဲ့ေမာင္ျဖစ္ေနတယ္
တစ္ခုခုဆိုလန္႔တတ္လြန္းတဲ့အက်င့္ဟာငယ္စဥ္တည္းကေဖ်ာက္မရခဲတာ..
"ေမာင္ေတာင္းပန္ပါတယ္ေနာ္ေမာင္ကစ,လိုက္တာပါ"
"ေတာင္းပန္ဖို႔မလိုပါဘူးေမာင္ရယ္တို႔ကအဲ့လိုပဲလန္႔တတ္တာအက်င့္"
ေမာင့္ပါးေလးတစ္ဖက္ကိုပြတ္ေပးရင္းေျပာေတာ့ေမာင္ဟာဂ်န္းနီကိုၿပံဳးစစနဲ႔ၾကည့္ေနျပန္တယ္
"အဲ့မ်က္ႏွာပိုးႀကီးကေနာ္အျမင္ကပ္စရာေကာင္းလိုက္တာ"
"ခ်စ္တယ္မလား..ဟီးဟီး"
ႏႈတ္ခမ္းေလးကိုအသားကုန္စူကာအတင္းေတြတိုးကပ္လာတဲ့ေမာင့္ကိုလက္နဲ႔တားထားရတယ္
ေမာင္ဟာဘယ္ေလာက္ဆိုးလဲဆိုအဲ့လက္ဖဝါးကိုေတာင္တဖြဖြနမ္းေသးတာ
ဂ်န္းနီတကယ္လက္လံပါတယ္
"ႏွာဘူးေလး..ညစာစားဖို႔ျပင္ေလကြာ"
"ေအာ္ေဟာ္...လူကိုႏွာဘူးလို႔ေျပာျပန္ၿပီ"
ေမာင္ေျပာေတာ့မွသတိရတယ္
သူ႔ႏွာဘူးလို႔ေခၚရင္ေမာင္ဟာအတည္ေပါက္နဲ႔ေနာက္တတ္တယ္
"အမေလး!!!"
ေတြးလို႔မွမဆံုးေသးဆတ္ခနဲေပြ့ခ်ီခံလိုက္ရတဲ့ဂ်န္းနီ
ျပဳတ္က်မွာေၾကာက္လို႔အလိုလိုတြယ္ထားမိတာဟာေမာင့္လည္ပင္းကို...
"ေမာင့္မိန္းကေလးကိုအမ်ားႀကီးခ်စ္ေပးမယ္"
"ေမာင္ေနာ္သူ႔အိမ္ေခၚလာတယ္ဆိုၿပီးအႏိုင္က်င့္ဖို႔မႀကံနဲ႔"
"ဘာလို႔လဲခ်စ္သူေတျြဖစ္ေနၿပီေလအတူတူေနလည္းဘာျဖစ္လဲ"
ေမာင္ဟာေျပာေလဆိုးေလပါပဲ
ဂ်န္းနီႏႈတ္ခမ္းေတြကိုအတင္းေတြနမ္းရင္းအိပ္ခန္းဆီကိုေခၚသြားေနတဲ့ပံုပဲ
ဂ်န္းနီကေတာ့အျမန္အႀကံထုတ္ေနရတယ္
ေမာင့္ကိုဘယ္လိုတားရင္ေကာင္းမလဲလို႔
ဂ်န္းနီကိုတစ္ေယာက္ေယာက္မကယ္ႏိုင္ေတာ့ဘူးလားဟင္....
ပြမ္!!!ပြမ္!!!!
ၿခံေရ႔ွကကားဟြန္းသံေၾကာင့္မုန္႔စားရင္းဇာတ္ကားၾကည့္ေနတဲ့ခ်ယ္ေယာင္းအျပင္အျမန္ထြက္လာတယ္
"အစ္မ..အစ္မ...ရည္းစားရၿပီးတည္းကအိမ္ျပန္ေနာက္က်လာလိုက္တာဆိုတာ"
"ဟိုေကာင္လိုက္ပို႔တာဆိုမေတြ့ခ်င္တဲ့မ်က္ႏွာကႀကံဳရအုန္းမယ္"
ပြစိပြစိနဲ႔တစ္ေယာက္တည္းေျပာခ်င္ရာေျပာၿပီးၿခံတံခါးဖြင့္ဖို႔လုပ္မွမ်က္လံုးျပဴးသြားတယ္
"ဂ်ီ့ကားမဟုတ္ဘူးလား"
ၿခံတံခါးပြင့္သြားေတာ့တန္းတန္းမတ္မတ္ႀကီးဝင္ေရာက္လာတဲ့ကားအနီေလး
"တကယ္ႀကီးလား"
ခ်ယ္ေယာင္းလည္းတံခါးကိုအျမန္ျပန္ပိတ္ၿပီးကားနားသြားတယ္
ကားေပၚကဆင္းလာတာဟာဂ်ီမွဂ်ီအစစ္...
"ဂ်ီဘယ္ကေနဘယ္လို"
"ေရာ့အထုတ္သယ္ၿပီးလိုက္ခဲ့"
လက္ဆြဲအိတ္အေသးစားေလးကိုလက္ထဲထည့္ေပးသြားၿပီးခပ္ၿပံဳးၿပံဳးနဲ႔ဂ်ီဟာသူ႔အိမ္သူ႔ရာအတိုင္းဝင္သြားတယ္
"ဂ်ီ...ငယ္ေမးတာေျဖအုန္းေလဘာလာလုပ္တာလဲလို႔"
"ဒီညမမကငယ္နဲ႔အတူအိပ္ရမွာ"
"ဟမ္!!!!"
××××××××ၾကယ္ေလးေတြေပးသြားၾကအုန္းေနာ္💫
ဒီေန့ေတာ့စိတ္ေတြေပ်ာ္ေနရပါတယ္
ေမ်ွာ္ေနခဲ့ရတဲ့ကမ္းဘတ္ႀကီးလာၿပီတဲ့ဗ်ိဳ႕🤩🥳
မေန့ညကအငယ္ႏွစ္ေယာက္ရဲ့liveေၾကာင့္လည္းၾကည့္ရင္းခ်စ္လည္းခ်စ္ရ ခြီလည္းခြီရနဲ႔😂
မႏိုင္စိန္ေလးေတြ(or)ခ်စ္မဝေလးေတြ....
××××××××
There are no comments yet. Log in to be the first to leave a review!





