11
15:01, 5 July 2022(Unicode)
လီဆာနဲ့မဒမ်ချစ်သူတွေဖြစ်တာတစ်ပတ်တောင်ပြည့်တော့မယ်
တစ်ပတ်လုံးလုံးမောင်ဟာဂျန်းနီအနားကကိုမခွာခဲ့ပါ
ကျောင်းတက်ပြီးစာလေးဘာလေးလုပ်ဆိုလည်းမောင်ကတော့နားကိုမထောင်
နီ့စကားဆိုမြေဝယ်မကျပါပဲဆိုတဲ့မောင်ဟာဂျစ်ကန်ကန်နိုင်တဲ့အကျင့်ကတော့ပျောက်မသွားပါဘူး
အခုလည်းကြည့်ကုမ္ပဏီရုံးခန်းကဆိုဖာပေါ်မှာထိုင်ရင်းဂျန်းနီကိုတစိမ့်စိမ့်ကြည့်နေပြန်တာ
"မောင်..."
"ဟုတ်ကဲ့ နီ"
သွားလေးတွေပေါ်တဲ့အထိပြုံးပြနေတဲ့မောင့်အနားကိုဂျန်းနီမျက်မှန်လေးပင့်တင်ကာတစ်လှမ်းချင်းသွားလိုက်တယ်
"ဗိုက်ဆာနေပြီလား"
မောင့်ပေါင်ပေါ်မှာထိုင်ရင်းပါးလေးတစ်ဖက်ကိုဆွဲကာမေးလိုက်တော့
"ဆာနေပြီ"
"အာ့ဆိုသွားကြမယ်လေတော်ကြာမောင်ဗိုက်အောင့်ရင်ဘယ်လိုလုပ်မလဲ"
စိုးရိမ်တကြီးပြောနေရှာတဲ့မဒမ့်ကိုကြည့်ပြီးရင်ထဲမှာကြည်နူးရပြန်တယ်
"နီ...မောင်ကလေထမင်းထက်ပိုစားချင်နေတာရှိတယ်သိလား"
"ဟုတ်လားဘာများလဲပြောပါအုန်း"
မဒမ်ဟာလီဆာ့လည်တိုင်ကိုလက်တွေနဲ့ချိတ်တွယ်လိုက်သေး
"နီ့ကို"
နှုတ်ခမ်းတစ်ဝှိုက်ကိုလျှာနဲ့သပ်လိုက်ပြီးအကြည့်စူးစူးတွေနဲ့ပြောလာတဲ့မောင့်ကြောင့်ဂျန်းနီရင်ထဲဝယ်ဂျိန်းခနဲ
သေချာပါတယ်မျက်နှာကြီးလည်းခရမ်းချဥ်သီးလိုရဲတွတ်နေတော့မှာ
မဒမ်ဟာသိပ်ရှက်တတ်တဲ့မိန်းမ
မဒမ့်လိုမိန်းမကိုမှအဂျစ်ကလည်းချစ်တာ...
"မောင့်မိန်းကလေးကဘာလို့ဒီလောက်ထိရှက်တတ်ရတာလဲဟင်"
မဒမ့်ရဲ့မေးရိုးလေးကိုဆွဲမော့ရင်းအကြည့်ချင်းဆုံစေတော့လည်းမဒမ်ဟာလီဆာ့မျက်လုံးတွေကိုမကြည့်ဘေးဘီဝဲယာအား360°လှည့်နေတာ..
လီဆာ့ကိုအူယားအောင်သိပ်လုပ်နိုင်တဲ့မဒမ်
"နီ...."
"မောင်ချစ်တာသိတယ်မလား"
မောင့်စကားကြောင့်ဂျန်းနီလည်းခေါင်းငြိမ့်ပြကာတုန့်ပြန်တယ်
"နီ့ကြောင့်ရူးတော့မယ်ကွာ..."
အွတ်စ်!!!!
ထိကပ်လိုက်ရတဲ့မဒမ့်နှုတ်ခမ်းထူထူလေးဟာနူးညံ့တာထက်ကိုပိုနူးညံ့တယ်
တကယ့်ကိုရူးခါးစေတာ...
မဒမ့်အပေါ်နှုတ်ခမ်းလေးထက်အောက်နှုတ်ခမ်းလေးကိုလီဆာပိုသဘောကျတယ်
စုပ်ယူလိုက်တိုင်းမှာရင်ဖိုလှိုက်မောစရာ...
ခံစားချက်တွေပိုပြင်းထန်လာတာနဲ့အမျှလျှာချင်းပါနှောင်ဖွဲ့လာကြရင်း
အောက်စီဂျင်လိုအပ်လာတာကြောင့်လီဆာဟာမဒမ့်ညှပ်ရိုးတွေကိုပြောင်းကာသိမ်းပိုက်နေပြန်တယ်
မဒမ့်ခမျာလီဆာပေးတဲ့အထိအတွေ့တွေကိုမျက်စိမှိတ်ရင်းကိုခံစားနေတာ...
ဒီလိုမျိုးထိတွေ့ကြတိုင်းမဒမ်အားကိုးတကြီးဆုပ်ကိုင်နေကြဟာလီဆာ့လက်မောင်းတွေကိုပါပဲ
"ဂျန်းရေ...ကိုယ်ပြန်လာ..."
ဘုမသိဘမသိနဲ့ဇွတ်ဝင်လာတဲ့ဂျုံအင်တစ်ယောက်ကတော့မျက်စိရှေ့ကမြင်ကွင်းကြောင့်လက်ထဲကပန်းစည်းနဲ့စက္ကူအိတ်တောင်ကြမ်းပေါ်ပြုတ်ကျတယ်
ဂျုံအင့်အသံကြောင့်မဒမ်ဟာလည်းလီဆာ့ကိုတွန်းထုတ်တယ်
ဒါတောင်အဂျစ်ကောင်ကအတင်းတွေနမ်းနေသေးတာ...
"ဂျုံအင်..နင်ပြန်ရောက်ပြီပေါ့"
မောင့်ကြောင့်မလုံတလုံဖြစ်နေတဲ့အဝတ်တွေကိုပြန်ဆွဲချရင်းဂျုံအင့်အားနှုတ်ဆက်ရသေးတယ်
မောင်ကတော့ဘေးမှာအတူလာရပ်ပြီးဂျုံအင့်အားဘုကြည့်ကြည့်ကာပါးစောင်ကိုတောင်လျှာနဲ့ထိုးထားသေး
"ဂျန်း..ဟိုကိုယ်လေ.."
အထစ်ထစ်အငေါ့ငေါ့နဲ့ဘယ်ကဘယ်လိုပြောရမှန်းမသိလောက်အောင်ဂျုံအင်လမ်းတွေပျောက်နေခဲ့တာ
စကားလုံးတွေဟာရှာလို့ကိုမတွေ့ရူးချင်တာပဲ
"ကိုယ်ဂျပန်ကမနေ့ကမှပြန်ရောက်တာအဲ့တာဂျန်းအတွက်လက်ဆောင်နဲ့ပန်းစည်းလာပေးတာ"
ဖြူစုတ်နေတဲ့ဂျုံအင်မျက်နှာကိုကြည့်ရုံနဲ့ဘယ်လောက်ထိစပရိုက်ဖြစ်သွားလဲခန့်မှန်းလို့ရပါတယ်
အသားညိုတဲ့လူကနေအခုကျအဖြူကောင်ကိုဖြစ်လို့
"ကျေးဇူးတင်ပါတယ်ဂျုံအင်ရယ်ထိုင်ပါအုန်း"
"ကိုယ့်မှာမေးစရာတွေအများကြီးရှိနေပြီဂျန်း"
မောင်နဲ့စတွဲကတည်းကဂျုံအင်ကဂျပန်ကိုအရေးတကြီးအလုပ်ကြောင့်ထွက်သွားတာလေ
အခုပြန်ရောက်လာပြီးဂျန်းနီတို့ကိုမြင်တွေ့လိုက်တော့သူအရမ်းရှုပ်နေတော့မှာ
"ခင်ဗျားမေးခွန်းတွေအများကြီးမေးနေရမှာစိုးလို့ကျုပ်တခါတည်းပြောလိုက်မယ်"
အကြည့်တွေပြင်းထန်လွန်းနေသောမောင့်အားဂျန်းနီကြည့်ပြီးလက်ဖျားတွေတောင်အေးတယ်
"ကျုပ်နဲ့နီကတွဲနေကြပြီချစ်သူတွေဖြစ်နေကြပြီ"
မောင့်စကားကြောင့်ဂျုံအင်လည်ပင်းကြောတွေရောမေးရိုးတွေပါတင်းသွားတာဂျန်းနီတွေ့လိုက်ရတယ်
မောင်ကတော့ပါးစောင်ကိုလျှာနဲ့ထိုးထားပြီးဂျုံအင့်အားကြည့်နေဆဲ
"ကိုယ်ပြန်တော့မယ်ဂျန်း..."
ဂျုံအင်တစ်ယောက်ခြေတစ်လှမ်းလှမ်းနိုင်ဖို့တောင်မနည်းအားယူလိုက်ရပြီးပြန်သွားတယ်
"မောင်...."
ဂျုံအင်ထွက်သွားတာနဲ့မောင်ဟာဂျန်းနီရဲ့ခါးတွေကိုအနောက်ကနေဖက်တွယ်လာပြီးပခုံးလေးပေါ်မေးတင်တော့တာ
"ဟုတ်ကဲ့နီ"
"မင်းကတကယ့်မလွယ်ကြောလေး"
မဒမ်ဟာသူ့ဘာသူပြောရင်းသူကိုယ်တိုင်ပဲသဘောတကျရယ်မောနေတာ
မဒမ့်ရယ်သံလေးတွေဟာနားထောင်အကောင်းဆုံးမဒမ့်ရယ်မောနေပုံလေးဟာဆွဲဆောင်မှုအရှိဆုံး
မိုနာလီဆာတောင်ထိုင်ငိုသွားမှာ....
ဒီကလီဆာကတော့ချစ်ပြီးရင်းချစ်ပဲ
"အဲ့ဘဲကိုကြည့်မရတာနဲ့အတော်ပဲအခုမှပဲစိတ်ထဲကျေနပ်သွားတော့တယ်"
"ဂျုံအင်ကလူကောင်းပါမောင်ရယ်"
"မသိဘူး နီ ရာ..အဲ့ဘဲအကြောင်းတွေမကြားချင်ပါဘူးနော်"
"မောင်မကြိုက်ရင်မပြောတော့ဘူး"
မဒမ်ဟာမသိမသာရောသိသိသာသာရောလီဆာ့အားအလိုသိပ်လိုက်ပါသည်
အပြင်လူတွေအမြင်မှာမဒမ်ဟာလီဆာ့ကိုချုပ်ကိုင်တယ်လို့ထင်နိုင်ကြပေမယ့်
တကယ့်အမှန်တရားကတော့အဂျစ်ကောင်ကမဒမ့်ကိုနိုင်စားတာ
မဒမ်ဟာမဒမ်မပီသစွာပဲအဂျစ်ကောင်ကိုချစ်လွန်းလို့အရာရာခေါင်းငြိမ့်တဲ့မိန်းမ...
"ကဲဖက်ထားတာလွတ်အုန်း..ထမင်းသွားစားကြမယ်"
"ဟုတ်ကဲ့..နီ"
လွတ်ဆိုလည်းမရ....ပါးဖောင်းဖောင်းတွေကိုတပြွတ်ပြွတ်ကနမ်းသေး
မနိုင်စိန်လေးပါ...
🌻🌼
"လှလိုက်တာဂျီနဲ့လိုက်တယ်"
ယောင်းကဂျီဆူ့ရုံးခန်းအထိလာပြီးအတူရှိပေးရုံသာမကလက်သည်းနီပါဆိုးပေးနေတာ
"ယောင်းကရွေးတတ်သား"
"အိမ်မှာလည်းအစ်မကိုဆိုးပေးနေကျ"
"လီလီကတော့တခါမှမလုပ်ပေးဖူးဘူးသူကိုယ်တိုင်လည်းအလှအပစိတ်မဝင်စားဘူးလေ"
"အဲ့အဆိုးအပေကဘာလုပ်တတ်မှာလဲပြဿနာပဲရှာတတ်တဲ့ကောင်"
"ဘာ!!!!"
ချယ်ယောင်းတစ်ယောက်ယောင်ပြီးတော့ဂျီဆူရှေ့မှာမှလီဆာကိုမကောင်းပြောလိုက်မိတယ်
ညီမကိုထိတော့ပြန်အော်တာများချယ်ယောင်းနားစည်ကွဲတော့မတတ်
"ဟိုလေ..ဂျီ..ချယ်ကလေလီဆာနဲ့သူငယ်ချင်းတွေဆိုတော့ဒီလိုပဲပြောတတ်တာ"
"ဒါတော့ဒါပေါ့..လီလီ့ကိုအဲ့လိုမျိုးအဆိုးအပေလို့ပြောတာကျမကြိုက်ဘူးယောင်းရယ်"
"တောင်းပန်ပါတယ်ဂျီ"
ကိုယ့်ရှေ့မှာခေါင်းလေးငုံ့ပြီးကြောက်ပြနေတဲ့ယောင်းငယ်ကိုမြင်တော့လည်းစိတ်ထဲမကောင်း
လီလီနဲ့ကသူငယ်ချင်းတွေဆိုတော့နှုတ်ကျိုးနေလို့ဖြစ်ပါလိမ့်မယ်
"အင်းပါယောင်းရယ်...မမကိုကြည့်ပါအုန်း"
ဂျီဆူစကားကြားမှပဲယောင်းလည်းပြန်မော့ကြည့်လာတယ်
"မမကယောင်းငယ်ကိုဆူတာမဟုတ်ပါဘူး"
"ဟုတ်ကဲ့ပါဂျီ...ချယ်ပြန်တော့မယ်"
"ဟယ်ဘယ်ပြန်မလို့လဲ"
"အိမ်ကိုလေ"
"ဟောတော့...မမဘယ်လက်ဆိုးဖို့ကျန်သေးတယ်လေယောင်း"
ချယ်ယောင်းကတော့လေကြောက်ပြီးအယောင်ယောင်အမှားမှားနဲ့ပေါက်ကရလုပ်လိုက်ပြန်ပြီ
ဂျီ့ကိုညာလက်ပဲဆိုးလို့ပြီးသေးတာချယ်ယောင်းမေ့သွားတယ်
"ဟုတ်သားပဲဆောရီးပါဂျီရယ်"
ဂျီ့ဘယ်လက်လေးကိုယူလိုက်ရင်းလက်သည်းနီဆိုးဖို့ပြင်လိုက်တယ်
ဂျီဟာမျက်နှာလေးတင်လှတာမဟုတ်ရှိရှိသမျှအစိတ်အပိုင်းတွေအားလုံးလှပတယ်
"ယောင်းကလီလီ့ကိုသဘောရောကျရဲ့လား"
"ဂျီ့ကိုပဲသဘောကျတာ"
"ဘယ်လို"
မျက်လုံးလေးပြူးကာအံ့အားသင့်နေတဲ့ဂျီဟာသိပ်လှရက်တာပဲ
ချယ်ယောင်းလည်းဂျီ့မျက်လုံးတွေကိုတည့်တည့်ကြည့်ပြီး
"ဟုတ်တယ်ဂျီ....ချယ်လေဂျီ့ကိုချစ်တယ်"
ယောင်းငယ်ကကျွန်မကိုချစ်တယ်တဲ့လားယောင်းငယ်ဆီကအမျှော်လင့်ခဲ့ရဆုံးစကား
ဒီနေ့တော့ကျွန်မကြားလိုက်ရပြီဒါပေမယ့်စိတ်ထဲရှင်းအောင်တော့မေးစရာရှိတာမေးအုန်းမှ
"ယောင်း..မမကိုဒီလိုပြောတာကလီလီကြောတာမခံချင်လို့တော့မဟုတ်ပါဘူးနော်"
"ပေါက်ကရဂျီရယ်...စတွေ့ကတည်းကဂျီ့ကိုစွဲလမ်းခဲ့ရတာပါ"
ဂျီဟာဟိုလူဆိုးကောင်ကိုနိုင်ချင်လို့ပြောမှာကိုစိုးနေတဲ့ပုံပဲ
မဟုတ်ရပါဘူးဂျီရယ်ချယ်ယောင်းကဂျီ့ကိုသိပ်ချစ်တာပါ
"တကယ်လား"
အရှက်ပိုစွာအကြည့်တွေလွဲနေတဲ့ဂျီ့ပုံရိပ်ကိုပထမဆုံးမြင်ဖူးခြင်း
ပုံမှန်ဆိုချယ်ကပဲရှက်နေခဲ့တာမလား
ဒီတစ်ခါတော့ဘာလို့မှန်းမသိချယ်သတ္တိတွေသိပ်ရှိနေပါတယ်
"တကယ်ပြောတာပါဂျီ...ချယ့်ရင်ခုန်သံတွေကိုကြားရလားဟင်"
ငယ်ဟာကျွန်မညာလက်ကိုဆွဲယူပြီးသူ့နှလုံးသားရှိရာကိုထားလိုက်တယ်
ကျွန်မလက်ဖဝါးရဲ့အသွေးအသားတွေကတစ်ဆင့်ငယ့်ရင်ခုန်သံတွေကိုခံစားနေမိတာတော့အမှန်
"ယောင်း....."
"နားထောင်နေပါတယ်ဂျီ"
"အမှန်တော့လေမမလည်းယောင်းငယ်ကိုချစ်နေမိတာပါ"
ဂျီဆူ့စကားကြောင့်ချယ်ယောင်းမျက်နှာမှာဝင်းလဲ့ထိန်လင်းသွားလိုက်တာညကောင်းကင်ကလမင်းထက်တောင်သာပါသေးတယ်
"ချစ်လိုက်တာဂျီရယ်...."
ငယ်ဟာကျွန်မကိုအပျော်တွေလွန်ပြီးအတင်းကိုဖက်တော့တာပဲ
ငယ်လည်းပျော်နေသလိုကျွန်မလည်းသေမတတ်ပျော်ရတယ်
အချစ်ဆိုတာကိုအယုံအကြည်မရှိတဲ့လူသားပေမယ့်ငယ့်ကြောင့်ပြောင်းလဲသွားတယ်
အရာရာဟာငယ်နဲ့စတွေ့တည်းကပို၍ပို၍လှပလာနေတာ...
ငယ့်ကိုသိစေချင်လိုက်တာ
"ငယ်အသက်ရှူကြပ်နေပြီဖက်ထားတာလွတ်ပါအုန်း"
"မရဘူးကွာ...ဖက်ထားအုန်းမှာ"
"ငယ်နော်မဆိုးနဲ့တွန်းမရလို့ငြိမ်နေရတာ"
ဂျီ့လက်သည်းနီတွေဟာသိပ်မခြောက်သေးတာကြောင့်စိတ်လိုလက်ရလုပ်မရဘူးလေ
ကောင်းလိုက်တာကွာ....ချစ်သူလေးကိုတင်းနေအောင်ဖက်ထားရတဲ့ခံစားချက်က
ရင်ခွင်တစ်ခုလုံးနွေးထွေးနေတာပဲ
"အခုဆိုငယ်တို့ကနှစ်ထပ်ကွမ်းပြီးဆွေမျိုးတွေဖြစ်ကြတော့မှာနော်"
"ဒါပေါ့ငယ်ရယ်"
ကံတရားကြီးကဆန်းသပငယ့်အစ်မဟာတခြားသူမဟုတ်လီလီသိပ်ချစ်ရတဲ့မဒမ်တဲ့....
ကျွန်မသိပ်ချစ်ရတဲ့ငယ်ဟာလည်းမဒမ့်ရဲ့ညီမလေးဆိုပဲ...
"ဂျီ့ကိုငယ်နမ်းမယ်နော်"
ငယ်နဲ့တော့လေအရူးလေးရှက်ပါတယ်ဆိုဘာတွေလာပြောမှန်းမသိ
ရူးချင်တော့တာပါပဲ
ကျွန်မလည်းရှက်ရှက်နဲ့ခေါင်းပဲငြိမ့်လိုက်တယ်
တစ်ဆက်တည်းခံစားမိလိုက်တာငယ့်ရဲ့နှုတ်ခမ်းသားလေး
ဂျီ့အသည်းပုံနှုတ်ခမ်းလေးကိုထိတွေ့ချင်နေခဲ့တာကြာပေါ့
အခုတော့ဖြစ်ခွင့်ရပြီ
တွေးထားထက်တောင်ဂျီ့နှုတ်ခမ်းပါးပါးလေးကပိုချိုနေသေး
အစကထိရုံပဲထိဖို့..သို့သော်လက်တွေ့မှာခံစားခွင့်ရတဲ့အခါရမ္မက်ကလှုံ့ဆော်လာတယ်
အပေါ်တစ်လွှာအောက်တစ်လွှာကိုအပီအပြင်စုပ်ယူရင်းအရသာခံတယ်
ဂျီကတော့ရိုးသားချက်ပြန်တောင်မနမ်းတတ်ဘူး
"ဂျီ....ငယ်နမ်းတာသဘောကျရဲ့လား"
"မသိဘူးကွာ..လူရိုးလေးထင်ထားတာရှင်လေးလည်းနှာဘူးလေးပဲ"
"ချစ်တာကိုး...ငယ်ကဂျီ့ကိုချစ်လို့"
ကျွန်မလည်းဘာမှဆက်မပြောချင်တော့တာနဲ့ငယ့်ရင်ခွင်ထဲကိုပစ်ဝင်လိုက်တယ်
ငယ်ကတော့ကျွန်မနဖူးလေးကိုဖိကပ်နမ်းနေခဲ့တယ်
ငယ့်ကိုအရမ်းချစ်တယ်.....
×××××××××××××××သဘောကျကြရဲ့လား🤓
ကြယ်ပေးဖို့မမေ့နဲ့နော်💫
အားလုံးကိုလေးစားချစ်ခင်လျက်🤎×××××××××××××××(Zawgyi)
လီဆာနဲ့မဒမ်ချစ်သူတြွေဖစ်တာတစ်ပတ်တောင်ပြည့်တော့မယ်
"မောင်..."
"ဟုတ်ကဲ့ နီ"
"ဗိုက်ဆာနေပြီလား"
"ဆာနေပြီ"
"နီ့ကို"
မဒမ့်ရဲ့မေးရိုးလေးကိုဆွဲမော့ရင်းအကြည့်ချင်းဆုံစေတော့လည်းမဒမ်ဟာလီဆာ့မျက်လုံးတွေကိုမကြည့်ဘေးဘီဝဲယာအာ3း60°လှည့်နေတာ..
"နီ...."
အွတ်စ်!!!!
တကယ့်ကိုရူးခါးစေတာ...
"ဂျန်းရေ...ကိုယ်ပြန်လာ..."
"ဂျန်း..ဟိုကိုယ်လေ.."
"ကိုယ်ဂျပန်ကမနေ့ကမြှပန်ရောက်တာအဲ့တာဂျန်းအတွက်လက်ဆောင်နဲ့ပန်းစည်းလာပေးတာ"
အကြည့်တြွေပင်းထန်လွန်းနေသောမောင့်အားဂျန်းနီကြည့်ပြီးလက်ဖျားတွေတောင်အေးတယ်
"ကျုပ်နဲ့နီကတွဲနေကြပြီချစ်သူတြွေဖစ်နေကြပြီ"
"မောင်...."
"ဟုတ်ကဲ့နီ"
"ဟုတ်ကဲ့..နီ"
မနိုင်စိန်လေးပါ...
🌻🌼
"ယောင်းကရွေးတတ်သား"
"ဘာ!!!!"
"တောင်းပန်ပါတယ်ဂျီ"
"ဟယ်ဘယ်ပြန်မလို့လဲ"
"အိမ်ကိုလေ"
"ဂျီ့ကိုပဲသဘောကျတာ"
"ဘယ်လို"
"တကယ်လား"
"ယောင်း....."
"နားထောင်နေပါတယ်ဂျီ"
"ချစ်လိုက်တာဂျီရယ်...."
"အခုဆိုငယ်တို့ကနှစ်ထပ်ကွမ်းပြီးဆွေမျိုးတြွေဖစ်ကြတော့မှာနော်"
"ဒါပေါ့ငယ်ရယ်"
ရူးချင်တော့တာပါပဲ
ငယ့်ကိုအရမ်းချစ်တယ်.....
×××××××××××××××သဘောကျကြရဲ့လား🤓
There are no comments yet. Log in to be the first to leave a review!





