Fanfics

10

16:32, 30 October 2022

လီဆာ့ရင်ခွင်ထဲကမဒမ်ဟာကလေးတစ်ယောက်လိုပဲချုံးပွဲချငိုကြွေးနေခဲ့တယ်

လီဆာလည်းမဒမ့်ကျောပြင်လေးကိုပုတ်ပေးရင်းပဲနှစ်သိမ့်ပေးနေမိတယ်

"မင်းတကယ်မကောင်းဘူးကွာ"

မျက်ရည်တွေကိုတံတောင်နဲ့ပွတ်ချပြီးငိုမဲ့မဲ့မျက်နှာလေးနဲ့မဒမ်ဟာလီဆာ့ရင်ဘတ်တွေကိုလည်းလက်သီးဆုပ်သေးသေးလေးနဲ့ထုရိုက်နေသေးတာ

"လီလီဘာလုပ်လို့လဲမဒမ်ရယ်"

"မင်းပျောက်သွားလို့ဘယ်လောက်ထိတို့စိတ်ပူနေရလည်းသိရဲ့လား"

"ဟောတော့..မဒမ်ပဲနှင်လွတ်ခဲ့ပြီးတော့"

"အဲ့လောက်တောင်စကားနားထောင်တတ်မှန်းမသိခဲ့ဘူး"

မျက်စောင်းလေးထိုးကာဆိုလာတဲ့မဒမ့်ကိုအသည်းယားလွန်းလို့ရင်ခွင်ထဲကိုသွင်းလိုက်ပြီးရုန်းမရအောင်ဖက်ပစ်လိုက်တယ်

မဒမ်ဟာလည်းမရုန်းခဲ့ပါဘူး

"လီလီကဆိုးပေမယ့်မဒမ့်စကားတော့နားထောင်ပါတယ်"

"နောက်တစ်ခါဒီလိုမျိုးလူကိုစိတ်ပူရအောင်မလုပ်နဲ့ကြားလား"

"ဟုတ်"

"မင်းမိဘတွေလည်းသိပ်စိတ်ပူနေတာမင်းအစ်မရောပဲ"

"မဒမ်ကမေမေတို့ကိုဘယ်လိုသိတာလဲ"

"သိတာပေါ့တို့မသိတာဘာမှမရှိဘူး"

လီဆာကတော့စဥ်းစားလို့မရ

မဒမ်ဟာဘယ်လိုလုပ်ပြီးမိသားစုဝင်တွေကိုသိနေရတာလဲ

"မင်းကမာနိုဘန်မျိုးရိုးကဆိုတာဘာလို့ဖုံးကွယ်ထားရတာလဲ"

"လီလီတို့ထိုင်ပြီးပြောရအောင်လား"

"ကောင်းပြီလေ"

စစတွေ့ချင်းအပြေးလာဖက်တဲ့မဒမ်ဟာထပ်ပြီးသူမဟုတ်သလိုခပ်တည်တည်ဖြစ်သွားပြန်ပြီ

လီဆာဆိုငိုပြီးရင်မရပ်တော့တဲ့လူစားမဒမ်ကကျမျက်ရည်တွေကိုကောင်းကောင်းထိန်းချုပ်နိုင်သား

"ထိုင်.."

မဒမ့်အခန်းထဲမှာဆိုဖာအသေးစားလေးတွေရှိတယ်

လီဆာလည်းနှစ်ယောက်ထိုင်ဆိုဖာပေါ်ကမဒမ့်ဘေးကိုဝင်ထိုင်ပြီးလက်လေးကိုင်လိုက်တော့

"မကိုင်နဲ့"

ချက်ချင်းကိုရုန်းသွားတာများမျက်စိတစ်မှိတ်ပဲကြာတယ်

"မရဘူးကွာ...ကိုင်မှာပဲ"

လီဆာ့ကိုများလျော့တွက်လို့

ဘယ်ရမလဲမဒမ့်လက်တွေကိုရုန်းမရအောင်ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်

"ပြောအုန်းလေဘာလို့မာနိုဘန်မျိုးရိုးကဆိုတာဖုံးကွယ်ထားတာလဲလို့"

"ပြောပါမယ်ဗျာ..နားထောင်"

"အွန်း.."

"လီလီကဆိုးတယ်လေအဲ့တော့ဖေဖေကသူ့ဂုဏ်သိက္ခာကျမှာစိုးလို့အထက်တန်းကတည်းကမျိုးရိုးကိုလူသိမခံတော့တာ"

"အဲ့တာကြောင့်အတွင်းသိအဆင်းသိကလွဲရင်ကျန်တဲ့လူအားလုံးကလီလီ့ကိုလာလီဆာလို့ပဲသိထားကြတာလေ"

"ထင်တော့ထင်သားပဲမင်းကအဆိုးအပေမို့ပြစ်ဒဏ်ပေးထားတာဖြစ်မယ်လို့"

"မဒမ်ကတော်သား"

အူးမွ!!!

လီဆာဆုချတဲ့အနေနဲ့မဒမ့်ပါးလေးတစ်ဖက်ကိုနမ်းပစ်လိုက်တယ်

ချစ်ရတဲ့မဒမ်ကတော့ပါးစပ်အဟောင်းသားနဲ့

အတော်လန့်သွားတဲ့ပုံပဲ

"လီဆာမင်းနော်တအားဆိုးတဲ့ကလေးလူကိုရုတ်တရက်ကြီးနမ်းရလား"

"အာ့ဆိုခွင့်ပြုချက်တောင်းရမှာလား"

"ဒါပေါ့သူများအသားကိုယူချင်တိုင်းယူလို့ဖြစ်မလား"

သူ့ပါးလေးသူပွတ်ရင်းလီဆာ့ကိုပြောနေတဲ့ပုံဟာနောက်ထပ်အနမ်းတွေထပ်ပေးချင်စရာ

ဒါပေမယ့်လည်းထပ်နမ်းရင်ပါးချခံရမှာစိုးလို့စိတ်ထိန်းလိုက်ပါတယ်

"ကိုယ့်ချစ်သူကိုနမ်းတာဘာဖြစ်လဲ"

လီဆာ့စကားကြောင့်မဒမ့်မျက်နှာဟာရဲခနဲ

"ဘယ်သူကမင်းချစ်သူလဲ"

ရှက်ရှက်နဲ့မဒမ်ဟာဆိုဖာကိုဆွဲဆွဲဆိတ်နေသေးတာ

ဘယ်လိုမျိုးများယောက္ခမကြီးကမွေးထုတ်ပေးလိုက်ပါလိမ့်..

ဘယ်လိုနေနေချစ်စရာကောင်းနေလိုက်တာ

"ဟောဒီ့ကကင်ဂျန်းနီလေ"

"မင်းကိုတို့အဖြေမပေးရသေးဘူးနော်ပေါက်ကရပြောမနေနဲ့"

"အာ့ဆိုအခုပေး.."

"တို့စဥ်းစားအုန်းမှာ"

"မဒမ်ကလည်းလူကိုမောင်ဆိုပြီးလည်းခေါ်တယ်လီလီမရှိတော့လည်းလွမ်းဖျားလွမ်းနာကျတယ်အဲ့လောက်ဆိုချစ်နေတာထင်ရှားနေပြီလေ"

"မင်းနော်အဲ့လိုမပြောနဲ့တို့မင်းကိုမယုံရဲသေးဘူး"

"ယုံလိုက်ပါမဒမ်ရာတစ်သက်လုံးမဒမ့်ကိုပဲချစ်သွားမယ်မဒမ့်ကိုသာကိုးကွယ်သွားမှာပါ"

မျက်နှာငယ်လေးနဲ့ပြောနေရှာတဲ့မောင်ဟာအချွဲအနွဲ့လည်းသိပ်တော်

"မောင့်ကိုချစ်တယ်မလား"

မဒမ့်ပါးလေးအားလီဆာဟာခပ်ဖွဖွပွတ်သပ်ရင်းဆိုတယ်

"လီဆာ"

"ဟုတ်ကဲ့မဒမ်"

"တို့လေမင်းကိုချစ်ပါတယ်ဒါပေမယ့်ကြောက်လည်းကြောက်တယ်မင်းကတို့ထက်လည်းငယ်တယ်အခုထိလည်းဘဝမှာလေးနက်တာတစ်ခုမှမရှိသေးဘူး..အဲ့တာတွေကြောင့်တို့မင်းနဲ့လက်တွဲရမှာလန့်နေတာ"

"မဒမ်ကလည်းချစ်ရင်ရပြီလေလီလီလည်းလိမ္မာပါ့မယ်နော်လီလီ့ကိုမဒမ့်ချစ်သူအဖြစ်သာတော်လိုက်အရာအားလုံးအဆင်ပြေသွားစေရမယ်"

"တကယ်လား"

"တကယ်ပြောတာပါမဒမ်"

"တို့မင်းကိုစောင့်ကြည့်လေ့လာအုန်းမှာနော်တစ်ခုခုမကြိုက်တာရှိလို့ကတော့အပြတ်ပဲ"

"အမိန့်အတိုင်းပါမဒမ်"

"ချစ်တယ်မောင်..တို့မောင့်ကိုသိပ်ချစ်တယ်"

"ရက်စ်...နောက်ဆုံးတော့နီကငါ့ကိုချစ်တယ်တဲ့ကွ"

အသံကျယ်ကြီးနဲ့ထအော်တဲ့လီဆာ့ကြောင့်ဂျန်းနီမှာပါးစပ်ကိုအတင်းပိတ်ရသေးတယ်

"ရှက်စရာကြီးမအော်နဲ့"

"နီကလည်းကွာပျော်လို့လေ"

"အခုတည်းကစကားနားမထောင်ချင်ဘူးပေါ့ဟုတ်လား"

မျက်စောင်းတွေထပ်ကျွေးနေပြန်တဲ့အသစ်စက်စက်ချစ်သူလေးကိုလီဆာတုန်နေအောင်ချစ်သလိုကြောက်လည်းကြောက်ပါတယ်

တစ်ဖက်ကိုလှည့်သွားတဲ့နီ့မျက်နှာလေးကိုလက်နဲ့ဆွဲယူပြီး

"နီကရှက်ရင်မောင်မအော်တော့ပါဘူးနီ့စကားကိုမောင်နားထောင်ပါမယ်နော်ချစ်တယ်မောင့်မိန်းကလေး"

​မောင့်မျက်နှာဟာကျွန်မမျက်နှာဆီနီးသထက်နီးကပ်လာတာမို့ကျွန်မလည်းမျက်လွှာလေးတွေမှိတ်ချလိုက်တယ်

ပြွတ်စ်!!!

မောင့်နှုတ်ခမ်းသားလေးကိုခံစားလိုက်ရတဲ့အချိန်လေပေါ်မြောက်တက်သွားသလိုပဲ

ဒီအသက်အရွယ်ထိရည်းစားကိုယောင်လို့တောင်မထားခဲ့တဲ့ကျွန်မဟာမောင်နဲ့မှနမ်းဖူးတော့တယ်

ပထမဆုံးအနမ်းတော့မဟုတ်ပေမယ့်ရင်တွေခုန်နေရတုန်း

အမြဲတမ်းဦးနှောက်ကိုပဲဦးစားပေးတတ်တဲ့ဂျန်းနီဟာအချစ်ရေးမှာလည်းနှလုံးသားကိုမျက်ကွယ်ပြုဖို့ကြံစည်ခဲ့သော်ငြားမအောင်မြင်ခဲ့ပါ

သူမနှလုံးသားဟာအဂျစ်ကောင်မှအဂျစ်ကောင်ပဲ

"နီ..စီးကရက်တွေသောက်ထားတာလား"

"အွန်းဟုတ်တယ်"

စီးကရက်ချစ်သူပီပီမောင်ဟာကျွန်မနှုတ်ခမ်းကိုအရသာခံပြီးသည်နဲ့

စီးကရက်သောက်ထားမှန်းတန်းသိတော့တာပဲ

"ဘာလို့သောက်ရတာလဲ"

"မောင့်ကိုလွမ်းလို့လေ"

"ဟင်..."

လီဆာတစ်ယောက်အူကြောင်ကြောင်ဖြစ်နေချိန်ဂျန်းနီဟာသူ့လည်ပင်းကိုချိတ်တွယ်ပြီးပခုံးပေါ်မှာမျက်နှာအပ်လိုက်တယ်

"မောင့်ကိုလွမ်းတဲ့အချိန်မောင်ချစ်တဲ့အရာတွေထဲကတစ်ခုဖြစ်တဲ့စီးကရက်တွေနဲ့ဖြေသိမ့်လိုက်တာမောင်"

"စီးကရက်နံ့မခံနိုင်တဲ့ နီ ကလား"

မောင့်စကားကြောင့်ဂျန်းနီခပ်ဖွဖွလေးရယ်မိတယ်

"မောင့်ကိုချစ်မိသွားလို့ထင်တယ်စီးကရက်တွေကိုအရင်လိုမမုန်းနိုင်တော့ဘူး"

နီဟာစကားကိုရိုးရိုးမဆိုပဲလီဆာ့လည်ပင်းသားလေးကိုနမ်းသေး

"မောင့်ကိုလွမ်းလို့သောက်ခဲ့တာဆိုတော့အခုမလိုတော့ဘူး..မောင်ရှိနေပြီလေ"

"အင်းပါမောင်က တို့စီးကရက်သောက်တာကျမကြိုက်ဘူးပဲ"

"နီကျန်းမာရေးထိခိုက်မှာစိုးလို့"

"အာ့ဆိုမောင်လည်းဖြတ်လေ"

"မောင်ကစီးကရက်ကိုစွဲလမ်းတာမျိုးမဟုတ်ဘူး နီဒီတိုင်းအာသာပြေသောက်ရုံ"

"ဒါပေမယ့်တို့လည်းမောင်စီးကရက်သောက်တာမကြိုက်ဘူးလေကွာ"

"အဲ့တော့မောင့်ကိုဖြတ်စေချင်တယ်ပေါ့"

ကိုယ့်လည်ပင်းတွေကိုဖက်တွယ်ထားတဲ့အသည်းအသက်လေးဟာကလေးတစ်ယောက်လိုခေါင်းငြိမ့်ပြလာတာများချစ်စရာအတိ

နှစ်ဆယ့်ငါးနှစ်အရွယ်အမျိုးသမီးဆိုတာဘယ်သူကယုံပါတော့မလဲ

"မောင်လည်းဖြတ်ဖို့စဥ်းစားထားတယ်ဘာလို့ဆိုစီးကရက်တွေထက်ပိုသဘောကျရတဲ့နီ့ရဲ့နှုတ်ခမ်းပြည့်ပြည့်လေးရှိနေပြီလေ"

မောင်ဟာထိုစကားကိုဂျန်းနီရဲ့နှုတ်ခမ်းသားတွေကိုလက်မနဲ့ပွတ်ဆွဲရင်းပြောနေခြင်း

ဂျန်းနီမှာမောင့်ရဲ့အကြည့်တွေကြောင့်ရင်ထဲမှာတလှပ်လှပ်ကိုဖြစ်နေပြီ

"ချစ်တယ်မောင့်အူကြူးလေး"

အွတ်စ်!!!

ဒီတစ်ခါတော့ပထမလိုမနူးညံ့တော့ဘူး

မောင်ဟာနှုတ်ခမ်းသားတွေကိုရေငတ်နေတဲ့လူလိုပဲအငမ်းမရစုပ်နေတာများ

ဂျန်းနီကလည်းမောင့်နဲ့အပြိုင်အပေါ်တစ်လှည့်အောက်တစ်လှည့်လှုပ်ရှားနေတာ

အရှိန်ပိုရလာတဲ့အမျှမောင်ဟာဂျန်းနီရဲ့ကိုယ်လေးကိုဆိုဖာပေါ်တွန်းလှဲပစ်လိုက်ပြီးလျှာပါဝင်ခွင့်တောင်းလာတယ်

ဂျန်းနီလည်းသူ့အလိုကျအာခံတွင်းလေးကိုဟပေးလိုက်တော့လျှာနှစ်ခုဟာမြွေလိမ်မြွေခေါက်ရစ်ပတ်နေလိုက်တာ...

ပြန်တောင်မဖြည်တတ်လောက်အောင်ပဲ

နောက်ဆုံးအသက်ရှူဖိူ့လိုလာလို့မောင့်ရင်ဘတ်ကိုတွန်းတော့မှပဲမောင်ဟာနှုတ်ခမ်းတွေကိုအလွတ်ပေးတာ

သူအလွတ်ပေးတာနှုတ်ခမ်းပါပဲဦးတည်ရာပြောင်းရင်းလည်ပင်းသားတွေကိုနမ်းရှုံ့ပြီးကိုက်ခဲနေပြန်တယ်

ဒီလိုအပြုအမူတွေကိုဂျန်းနီအရင်ကသိပ်မုန်းတာ

မောင်နဲ့မှပဲမလွန်ဆန်နိုင်ဖြစ်နေတယ်

"မောင်တော်ကြရအောင်နော်"

ဂျန်းနီစကားကြောင့်မောင်ဟာချက်ချင်းလှုပ်ရှားမှုတွေကိုရပ်လိုက်ပါတယ်

ပြီးတော့ဂျန်းနီအပေါ်ကနေပြန်အုပ်မိုးပြီးနဖူးပေါ်ဝဲကျနေတဲ့ဖရိုဖရဲဆံနွယ်တွေကိုသေချာနားသယ်စနောက်ပို့ပေးကာ

"မောင်လောသွားတယ်နီ..."

"မောင်ကနော်ချစ်သူစဖြစ်တဲ့နေ့မှာတင်အပိုင်သိမ်းဖို့အထိများတွေးထားသလား"

"အဲ့လောက်ထိမတွေးထားပေမယ့်နီကိုယ်တိုင်ကလည်းမတားတော့မောင်နည်းနည်းစိတ်လွတ်ချင်သွားတာ"

"တော်ပြီပြန်တော့...တို့အိပ်တော့မယ်"

လီဆာ့စကားကြောင့်မဒမ်ရှက်သွားပုံပဲ

အခုလည်းရှက်ရမ်းတွေဇွတ်ရမ်းပြီးဆိုဖာပေါ်ကပြေးဆင်းရင်းကုတင်ပေါ်သွားလှဲနေပြန်တယ်

မောင့်မိန်းကလေးကတယ်လည်းရှက်တတ်သကိုး

မောင်ကတော့ပျော်တယ်မောင့်အချစ်တွေကိုလက်ခံပေးလို့

အချစ်ရဲ့စံချိန်စံညွှန်းတွေကိုဥပေက္ခာပြုကာနှလုံးသားရဲ့စည်းချက်ကျကျရင်ခုန်သံတွေကိုပဲဦးစားပေးလိုက်လျောလို့ကျေးဇူးတင်ပါတယ်

မောင့်မိန်းကလေးစိတ်ပျက်ရအောင်ဘယ်တော့မှမလုပ်ပါဘူး...

ကတိပေးတယ်...နီ

🌻🌼

လီဆာတစ်ယောက်လေတချွန်ချွန်နဲ့လှေကားလက်ရန်းကနေလျှောဆင်းလာပြန်တယ်

"လာလီဆာနင်တကယ်မျောက်လောင်းဘယ်လိုတောင်ကမြင်းကြောထနိုင်ရတာလဲ"

အိမ်ပေါက်ဝမှာချယ်ယောင်းဟာခါးနှစ်ဖက်မှာလက်ထောက်ပြီးလီဆာ့အားပြောဆိုနေတယ်

"ချယ်ယောင်း...ယောက်ဖလေး"

အသက်ရှူကြပ်မတတ်ပြေးဖက်တဲ့လီဆာ့ကြောင့်ချယ်ယောင်းရင်တောင်တုန်တယ်

"ငါ့ကိုနင့်အစ်မကချစ်တယ်တဲ့"

"အရင်တည်းကချစ်နေတာပဲလေ"

"အခုကချစ်သူအဖြစ်လက်ခံလိုက်တာလေဟာနင်နည်းနည်းပါးပါးဂုဏ်မပြုပေးချင်ဘူးလား"

"တော်ပါနင်တို့နှစ်ယောက်ကြောင့်ငါ့မှာအိပ်ရေးလည်းပျက်စားချိန်လည်းပုံမှန်မစားရဖြစ်ခဲ့ရတာ"

"ဘာဖြစ်ဖြစ်ယောက်ဖလေးရာကိုယ်ပြန်လိုက်အုန်းမယ်"

ပခုံးနှစ်ဖက်ကိုတွန့်ပြရင်းအောင်နိုင်သူအပြုံးကြီးနဲ့ချယ်ယောင်းအားပြုံးပြနေသောလာလီဆာ

"အိမ်ပြန်မယ်ဆိုလည်းဂျီ့ကိုပြောလိုက်ပါအုန်းဒီကယောင်းငယ်ကဂျီ့ကိုအရမ်းသတိရနေပါတယ်လို့"

အိမ်ပြင်ကိုလှမ်းတော့မယ့်ခြေတစ်လှမ်းကိုရုတ်သိမ်းလိုက်တဲ့လီဆာ

အကြောင်းကတော့ချယ်ယောင်းကြောင့်ပေါ့

"ဂျီဆိုတာဘယ်သူ့ကိုပြောတာလဲ"

"နင့်အစ်မကိုပြောတာလေ"

ချယ်ယောင်းကမေးငေါ့ရင်းပြန်ဖြေတယ်

"မမကိုနင်ကဘယ်လိုသိတာလဲ"

"ဒီတိုင်း"

လီဆာ့လိုမျိုးပခုံးပြန်တွန့်ပြရင်းချယ်ယောင်းဟာလေတချွန်ချွန်နဲ့မီးဖိုချောင်ဘက်ထွက်သွားတယ်

ခေါင်းကုတ်ရင်းတစ်ကိုယ်တည်းကျန်နေခဲ့တာတစ်မိုးအောက်လီဆာ

"ချယ်ယောင်းနဲ့မမကဘယ်ကနေဘယ်လိုသိသွားကြတာလဲ"

"ကုန်တိုက်မှာတိုက်မိရင်းသိကြတာတဲ့"

မေးစေ့ကိုလက်နဲ့ပွတ်ရင်းပညာရှိဆိုက်နဲ့တွေးတောနေတဲ့အဂျစ်လေးဟာအဖြေထွက်မှာမဟုတ်မှန်းသိလို့ဂျန်းနီပဲဖြေပေးလိုက်တယ်

"နီ....."

"လိုက်ပို့ပေးမလို့လေ"

မဒမ်ဟာလီဆာ့ဘယ်လက်ကိုလာချိတ်ပြီးဆိုတယ်

"ချစ်စရာကောင်းလိုက်တာနီရာ..."

​လီဆာကအပြောနဲ့တင်မဟုတ်သူ့အချစ်တွေကိုအမူအရာနဲ့ပါပြတတ်တယ်

အခုလည်းမျက်နှာအနှံ့ကိုနေရာလွတ်မကျန်လိုက်နမ်းနေတဲ့အဂျစ်

"အိမ်ပေါက်ဝမှာကြည့်မကောင်းဘူးဟေ့"

မုန့်ထုတ်တွေတစ်သီကြီးနဲ့ချယ်ယောင်းဟာခပ်ရွဲ့ရွဲ့ပြောရင်းလှေကားပေါ်တက်သွားတယ်

"မောင်တော်တော့ပြန်မယ်ဆို"

"နီကလည်းချစ်လို့လေ..အဲ့ချယ်ယောင်းကရည်းစားမရှိလို့အလကားမနာလိုဖြစ်နေတာ"

မောင့်ရဲ့ကလေးစကားကြောင့်ဂျန်းနီမှာအသံထွက်သည်အထိရယ်လိုက်ပြီး

"မောင်ကတော့ကွာ..ချယ့်ကိုကြိမ်းမနေနဲ့တော့ကားဆီလိုက်ပို့ပေးမယ်"

"ဟုတ်ကဲ့နီ"

ဂျန်းနီနဲ့လက်လေးချိတ်ကာထွက်သွားတဲ့လီဆာ့ကိုကြည့်ပြီး

ချယ်ယောင်းမျက်နှာမှာမဲ့ပြုံးလေးချိတ်ဆွဲကာ

"ငါ့များရည်းစားမရှိလို့မနာလိုတယ်ပဲဖြစ်ရသေး"

"တွေ့ကြသေးတာပေါ့လာလီဆာရာနင့်အစ်မလည်းငါ့အပိုင်ဖြစ်လာစေရမယ်"

"ဟင်းဟင်း...."

ချစ်ခြင်းမေတ္တာကြီးမားလွန်းတဲ့ယောက်ဖလောင်းများအားဤဇာတ်လမ်းတွင်တွေ့ရှိနိုင်သည်.....

×××××××××××××××××××ကြယ်လေးတွေပေးသွားကြပါအုန်း💫

အဂျစ်နဲ့မဒမ်ကတော့သာယာသွားပြီ

ယောရော်ဘွန်းတို့ရောချစ်သူရှိလား????

×××××××××××××××××××(Zawgyi)













"ဟုတ်"








"ကောင်းပြီလေ"



"ထိုင်.."



"မကိုင်နဲ့"


"မရဘူးကွာ...ကိုင်မှာပဲ"




"ပြောပါမယ်ရှင်..နားထောင်"

"အွန်း.."




"မဒမ်ကတော်သား"

အူးမွ!!!











"ဘယ်သူကမင်းချစ်သူလဲ"




"ဟောဒီ့ကကင်ဂျန်းနီလေ"


"အာ့ဆိုအခုပေး.."

"တို့စဉ်းစားအုန်းမှာ"







"လီဆာ"

"ဟုတ်ကဲ့မဒမ်"



"တကယ်လား"

"တကယ်ပြောတာပါမဒမ်"


"အမိန့်အတိုင်းပါမဒမ်"




"ရှက်စရာကြီးမအော်နဲ့"







ပြွတ်စ်!!!




အမြဲတမ်းဉီးနှောက်ကိုပဲဉီးစားပေးတတ်တဲ့ဂျန်းနီဟာအချစ်ရေးမှာလည်းနှလုံးသားကိုမျက်ကွယ်ပြုဖို့ကြံစည်ခဲ့သော်ငြားမအောင်မြင်ခဲ့ပါ



"အွန်းဟုတ်တယ်"



"ဘာလို့သောက်ရတာလဲ"


"ဟင်..."




















အွတ်စ်!!!







နောက်ဆုံးအသက်ရှူဖို့လိုလာလို့မောင့်ရင်ဘတ်ကိုတွန်းတော့မှပဲမောင်ဟာနှုတ်ခမ်းတွေကိုအလွတ်ပေးတာ

သူအလွတ်ပေးတာနှုတ်ခမ်းပါပဲဉီးတည်ရာပြောင်းရင်းလည်ပင်းသားတွေကိုနမ်းရှုံ့ပြီးကိုက်ခဲနေပြန်တယ်






"မောင်လောသွားတယ်နီ..."








အချစ်ရဲ့စံချိန်စံညွှန်းတွေကိုဥပေက္ခာပြုကာနှလုံးသားရဲ့စည်းချက်ကျကျရင်ခုန်သံတွေကိုပဲဉီးစားပေးလိုက်လျောလို့ကျေးဇူးတင်ပါတယ်


ကတိပေးတယ်...နီ

🌻🌼




"ချယ်ယောင်း...ယောက်ဖလေး"












"နင့်အစ်မကိုပြောတာလေ"



"ဒီတိုင်း"






"နီ....."

"လိုက်ပို့ပေးမလို့လေ"











"ဟုတ်ကဲ့နီ"





"ဟင်းဟင်း...."





×××××××××××××××××××

There are no comments yet. Log in to be the first to leave a review!

Similar stories