Fanfics

9

14:48, 3 July 2022

(Unicode)

အခန်းကိုအမှောင်ချထားရင်းBest partသီချင်းလေးကိုဖွင့်ထားကာစီးကရက်သောက်နေတဲ့ဂျန်းနီ

တစ်ခါမှမသောက်ဖူးတာကြောင့်ချောင်းတဟွတ်ဟွတ်ဖြစ်သော်ငြားအဆင်ပြေပါတယ်...

🎶You don't know, babe.......

မောင်သိပ်ကြိုက်တဲ့စီးကရက်ကိုကျွန်မသောက်တတ်အောင်ကျင့်ရမှာပေါ့

🎶It's the sweetest thing.....

ဂျုံအင်ကကျွန်မအတွက်Esse strawberry cigarettesဝယ်လာပေးတာ

အရသာကမွှေးတော့ကျွန်မတောင်သဘောကျမိတယ်

မောင်လည်းစီးကရက်ကိုစွဲငြိနေတာဒီလိုခံစားမှုတွေကြောင့်ဖြစ်မယ်

(စတော်ဘယ်ရီစီးကရက်ပါ)

🎶If life is a movieOh you're the best part,oh..oh

မောင်ရယ်တို့မှားပါတယ်ပြန်လာပေးလို့မရဘူးလားဟင်

မောင်မရှိတော့ရင်ထဲမှာဟာတာတာနဲ့ဘာလုပ်လုပ်အဆင်မပြေဘူး

စိတ်နဲ့လူနဲ့ကိုမကပ်ဘူးဖြစ်နေတာမောင်ရယ်

"အစ်မ"

စီးကရက်ကိုရှိုက်နေရင်းချယ်ယောင်းအသံကြောင့်အရင်ဆုံးကတ်ဆက်ကိုပိတ်လိုက်တယ်

"ဘာပြောစရာရှိလို့လဲချယ်"

"အမှောင်ထဲမှာနေပြီးစီးကရက်သောက်ရင်းဆွေးရတာကိုအတော်သဘောတွေ့နေတာလား"

ချယ်ယောင်းကခပ်မာမာပြောရင်းဘေးမှာရှိတဲ့မီးခလုတ်ကိုပြန်ဖွင့်တယ်

"နင့်ပုံစံလည်းကြည့်အုန်းအရူးမကျနေတာပဲအစ်မရာ"

လက်မှာစီးကရက်ကိုညှပ်ထားပြီးပြုံးပြုံးကြီးကြည့်နေတဲ့ဂျန်းနီဟာ

ချယ်ယောင်းအတွက်တကယ့်အထူးအဆန်း

တစ်နေ့လုံးနေမှတစ်ခါမပြုံးတဲ့အစ်မဖြစ်သူကအခုကျပြုံးနေလိုက်တာဆိုတာ

အသည်းကွဲရင်းရူးသွားတာနေမှာ..

"ငါတစ်ယောက်တည်းနေချင်နေတာနင်ထွေထွေထူးထူးပြောစရာမရှိရင်ထွက်သွားပေးပါလား"

"လီဆာပျောက်နေတယ်"

စီးကရက်မီးသတ်နေရင်းချယ်ယောင်းစကားကြောင့်နှလုံးသားထဲမိုးကြိုးပစ်သွားတဲ့အတိုင်းဒိန်းခနဲနာကျင်သွားရတယ်

"နင်ဘာပြောတယ်"

"လီဆာအိမ်ပြန်မလာတာငါးရက်လောက်ရှိပြီလို့သူ့အစ်မကပြောတယ်အားလုံးလည်းစိတ်ပူနေကြတယ်လိုက်ရှာပေမယ့်မတွေ့ဘူးတဲ့"

"မောင်ကဘယ်ရောက်သွားတာလဲ"

မျက်နှာကသာတင်းမာနေတာအသံတွေကကွဲအက်ပြီးလူကတုန်ယင်နေသောဂျန်းနီ

ဘာမှမဖြစ်ယောင်ကလည်းဟန်ဆောင်ချင်သေးတယ်

"ငါလည်းဘယ်သိမှာလဲ"

"မောင့်ကိုလိုက်ရှာရမယ်သူ့သူငယ်ချင်းတွေဆီရောက်နေတာများလား"

ချယ်ယောင်းရဲ့လက်မောင်းတွေကိုဆွဲရင်းပြောနေတဲ့ဂျန်းနီဟာပြိုတော့မယ့်မိုးအတိုင်း...

ဒီတစ်ခါတော့မျက်နှာတောင်မတင်းထားနိုင်တော့ဘူး

"ဂျီကသူသွားတတ်တဲ့နေရာအကုန်ရှာထားပေမယ့်မတွေ့ဘူးဟ"

"ဂျီဆိုတာ..."

"ချယ်ချစ်နေတဲ့အမျိုးသမီး"

"ဟမ်..ဒါဆိုအဲ့တစ်ယောက်ကလီဆာ့အစ်မလို့ဆိုလိုတာလား"

"ဟုတ်တယ်ချယ်လည်းဒီနေ့မှသိတာ"

"အဲ့တာကအရေးမကြီးဘူးမောင့်ကိုတွေ့အောင်ရှာရမယ်ငါကိုယ်တိုင်လိုက်ရှာမယ်"

ကပျာကယာနဲ့ကားသော့ကိုအပြေးသွားယူနေတဲ့အစ်မကြောင့်ချယ်ယောင်းလည်းစိတ်ညစ်မိတယ်

နားလည်းမလည်နိုင်တော့ဘူးချစ်လျက်နဲ့ဘာလို့များနှစ်ဦးနှစ်ဖက်အနာကျင်ခံပြီးဒီလိုတွေလုပ်နေတာလဲ....

"အစ်မနင်တစ်ယောက်တည်းမသွားနဲ့ငါလည်းလိုက်မယ်ငါကားမောင်းမယ်"

ဂျန်းနီဆီကကားသော့ကိုချယ်ယောင်းယူသွားပြီးအရှေ့ကနေအရင်ထွက်သွားတယ်

မောင်...တို့တောင်းပန်ပါတယ်ကျေးဇူးပြုပြီးမဟုတ်တာတွေလျှောက်မလုပ်ပါနဲ့ကွယ်...

တို့ကိုချစ်တယ်ဆိုရင်ပြန်ပေါ်လာခဲ့ပေးပါ...

🌻🌼

အချိန်အားဖြင့်မနက်တစ်နာရီ...

ဂျယ်ဂျူကျွန်းရဲ့ဘန်ဂလိုတစ်ခုမှာပေါ့..

"လီဆာရား...မအိပ်သေးဘူးလား"

လီဆာဟာစီးကရက်ကိုခဲကာကောင်းကင်ကကြယ်တွေကိုဒီအချိန်ထိရေတွက်နေခဲ့တာ

ဘယ်လိုပဲကြိုးစားပြီးရေတွက်ပါစေကြယ်တွေကဟိုကနေထပ်ပေါ်လာလိုက်ဒီကနေထပ်ပေါ်လာလိုက်နဲ့မပြီးနိုင်ဖြစ်နေတော့တာ..

ကြယ်လေးတွေဟာလည်းကိုယ်မဒမ့်ကိုချစ်တဲ့အချစ်တွေလိုပဲရေတွက်လို့မရအောင်ကျယ်ပြန့်တယ်

"အန်နာရား..ငါလေမဒမ့်ကိုသိပ်လွမ်းတာပဲသိလား"

အန်နာဟာအကြောင်းစုံကိုသိရှိပြီးတော့လီဆာစိတ်ပြေလက်ပျောက်ဖြစ်အောင်ဂျယ်ဂျူကျွန်းကိုခေါ်လာခဲ့တာ

သို့သော်လည်းမထူးပါဘူးမဒမ့်ကြောင့်ရတဲ့နာကျင်မှုတွေဟာပျောက်မသွားတဲ့အပြင်

နောက်ဒဏ်တစ်ခုဖြစ်တဲ့လွမ်းဆွတ်မှုကတိုးလာတော့လူလည်းနုံးချိနေပြီ

နှလုံးသားလေးကလည်းအားမရှိတော့ဘူးခန္ဓာကိုယ်ကလည်းချိနဲ့နေလေတယ်

"အာ့ဆိုငါတို့ပြန်ကြမယ်လေနင်သူ့ကိုသွားတွေ့လိုက်ပေါ့"

"ထပ်ပြီးမောင်းထုတ်ရင်ဘယ်နှယ့်လုပ်မလဲ"

စီးကရက်ငွေ့တွေကိုမှုတ်ထုတ်ရင်းခပ်ဆွေးဆွေးဆိုလာတဲ့လီဆာကိုကြည့်ပြီးအန်နာ့ရင်ထဲလည်းမကောင်း

လီဆာ့ပခုံးတစ်ဖက်ကိုဖွဖွလေးပုတ်ပေးရင်း

"နင်တကယ်ချစ်ရင်ကပ်တွယ်ထားပေါ့ဟနင့်အချစ်တွေကိုသူကမယုံရင်ယုံလာမယ့်အချိန်ထိသက်သေပြလိုက်"

"အဲ့လိုလုပ်ရမလား"

"အွန်း..သူငယ်ချင်းတစ်ယောက်အနေနဲ့နင်ဒီလိုခံစားနေတာငါမကြည့်ရက်ဘူး"

နင့်ကိုသဘောကျနေတဲ့ကောင်မလေးတစ်ယောက်အနေနဲ့ရောပေါ့

ဒီစကားကိုအန်နာရင်ထဲကနေပဲပြောလိုက်တာပါ...

"ကျေးဇူးတင်ပါတယ်အန်နာရား..ငါပြိုလဲနေတဲ့အချိန်ဘေးနားမှာရှိပေးလို့"

"ငါတို့ကသူငယ်ချင်းတွေပဲမဟုတ်ဘူးလား"

"ဒါပေါ့ဟာ"

လီဆာအန်နာ့ကိုဖက်လိုက်တယ်

ကျေးဇူးတင်မိလို့ပါ...

သူငယ်ချင်းဖြစ်တာမကြာသေးသော်လည်းအန်နာကကိုယ့်အပေါ်ကောင်းရှာတယ်

"ကဲအိပ်တော့တော်ကြာမနက်ဖြန်နင့်မဒမ်ကိုသွားတွေ့ရင်မျက်ကွင်းတွေညိုနေမှမချောပဲနေမယ်"

"ဟားဟား..အင်းပါငါအိပ်တော့မယ်"

လီဆာအန်နာ့ခေါင်းလေးကိုပုတ်ပေးရင်းဘန်ဂလိုထဲဝင်သွားတယ်

အန်နာကတော့ကျောပြင်လေးကိုငေးရင်း

"ငါနင့်ကိုချစ်တယ်လီဆာ"

ဒီစကားကိုငါတစ်သက်လုံးမပြောပဲထိန်းသိမ်းသွားမှာပါ

ငါတို့ကသူငယ်ချင်းတွေပဲလေ

အဲ့စည်းလေးကိုနင့်ဘက်ကမပိုပေမယ့်ငါ့ဘက်ကကျော်နေခဲ့ပြီလီဆာ...

စတွေ့တည်းကသဘောကျခဲ့တာဒါပေမယ့်မဖြစ်နိုင်ဘူးမလား

သူငယ်ချင်းအဖြစ်ပဲနင့်အနားဆက်ရှိသွားတာကအကောင်းဆုံးဖြစ်မှာပါ..

🌻🌼

"အစ်မရာပြန်ရအောင်ဟာတွေ့မှမတွေ့တာဘယ်တတ်နိုင်မလဲ"

ကလပ်တွေဘားတွေတစ်ခုပြီးတစ်ခုဝင်လိုက်ထွက်လိုက်ရှာသော်လည်းလီဆာ့အားမတွေ့

ညစာတောင်မစားရသေးဘဲရှာဖွေရေးပဲလုပ်နေရတော့ချယ်ယောင်းတစ်ယောက်အူလိမ့်နေပြီ

"ချယ်..သူဘယ်ဆီများရောက်နေလဲဟင်"

"တစ်နေရာရာမှာရှိနေမှာပေါ့"

"ငါ့ကိုများစိတ်ပျက်သွားတာလား"

"မဟုတ်တာတွေစဥ်းစားမနေစမ်းနဲ့"

"သူပြန်လာမှဖြစ်မယ်"

"အစ်မရယ်သိပ်စိတ်ပူမနေပါနဲ့သူဘာမှမဖြစ်လောက်ပါဘူးဂျီတို့လည်းရှာပေးနေတာပဲလေနောက်ပြီးသူ့အဖေကမြို့တော်ဝန်ဆိုတာသတိရအုန်း"

ချယ်ပြောမှအားလုံးသိလိုက်ရတယ်

မောင်ဟာမျိုးရိုးကိုလူသိမခံတဲ့အကြောင်းဟာဒါကြောင့်ကိုး

အခြေအမြစ်မရှိတဲ့အသိုင်းအဝိုင်းကမဟုတ်ပဲကြီးကြီးတက်ချမ်းသာပြီးအာဏာရှိမိသားစုကဖူးဖူးမှုတ်အငယ်ဆုံးလေးတဲ့

အဲ့လိုသူများအိမ်ရဲ့အဖိုးတန်လေးကိုမှကျွန်မနာကျင်အောင်လုပ်မိသွားတယ်

"ဟဲ့အစ်မငိုတော့မချလိုက်နဲ့နော်ဆက်ရှာချင်ရင်လည်းရှာမယ်"

ဂျန်းနီရဲ့မျက်အိမ်ထဲမှာအရည်တွေနဲ့ပြည့်နှက်နေတာကြောင့်ချယ်ယောင်းစိုးရိမ်တကြီးနဲ့ပြောလိုက်တယ်

"အိမ်ပဲပြန်ရအောင်ချယ်"

အားမရှိတဲ့ခြေလှမ်းတွေနဲ့ကားထဲဝင်လိုက်တယ်

မောင့်ကိုတွေ့အောင်ရှာချင်ပေမယ့်ချယ်ယောင်းကိုလည်းငဲ့သင့်တယ်မလား

အခုပဲအချိန်ကမနက်နှစ်နာရီကပ်နေပြီလေ

"အားလုံးအဆင်ပြေသွားပါလိမ့်မယ်ဟာ"

ချယ်ယောင်းဟာဂျန်းနီရဲ့လက်လေးကိုဖွဖွလေးဆုပ်ကိုင်ရင်းအားပေးရှာတယ်

အစ်မလူတစ်ယောက်ကိုအခုလောက်ထိတစ်ခါမှစိတ်မပူခဲ့ဖူးဘူး

အမြဲတမ်းသန်မာတဲ့အစ်မဟာအဲ့ငဆိုးကြောင့်ခံစားနေလိုက်ရတာ

အစ်မစိတ်ဆင်းရဲနေတာကိုတော့မကြည့်ရက်ဘူး

လာလီဆာရေနင်ပြန်ပေါ်လာပါတော့

🌻🌼

"အစ်မရာ..တစ်ခုခုတော့စားပါအုန်း"

မနက်စာလည်းမစားနေ့လည်စာလည်းရှောင်နဲ့အိပ်ရာထဲပဲလဲနေတဲ့အစ်မကြောင့်ချယ်ယောင်းလည်းစိတ်ညစ်ရတယ်

အခုလည်းကြည့်ထမလာတဲ့အပြင်ဟိုဘက်တောင်စောင်းအိပ်လိုက်သေး

"နင်ဒီလိုနဲ့ဆေးရုံရောက်မယ်ဟ"

"ငါတစ်ယောက်တည်းနေချင်တယ်ချယ်စားချင်စိတ်လည်းမရှိဘူးပြန်ယူသွားတော့"

ချယ်ယောင်းလည်းစိတ်ပေါက်ပေါက်နဲ့ယူလာတဲ့ဗန်းကိုဆောင့်ခနဲချရင်း

"နင်တစ်ယောက်တည်းအသည်းကွဲဖူးတာမဟုတ်ဘူးနော်အစ်မအဲ့လောက်ထိဖြစ်ပျက်မနေစမ်းနဲ့ဒီအသက်အရွယ်ထိအိန္ဒြေအပြည့်နဲ့နေလာခဲ့ပြီးဒီလာလီဆာနဲ့မှ"

"ငါမောင့်ကိုချစ်တယ်ချယ်"

အစ်မအသံကိုနားထောင်လိုက်တာနဲ့ငိုနေပြန်ပြီဆိုတာသိလိုက်တယ်

သူ့ခေါင်းအုံးစွပ်လည်းမျက်ရည်တွေနဲ့နစ်နေလောက်ပြီ

ပြန်လာတည်းကငိုနေတာမွန်းတည့်နေပြီလေ...

"ချစ်ရင်လည်းအစတည်းကတစ်ခါတည်းလက်ခံလိုက်ပြီးရောဘာလို့အိုက်တင်ခံနေသေးလဲအခုတော့နင်ခံစားနေရတာဘေးလူဖြစ်တဲ့ငါကမကြည့်ရက်ဘူးဟဲ့"

"ထွက်သွားပေးချယ်"

"အေးပါအစ်မရယ်ထပ်ငိုမနေနဲ့အုန်းခေါင်းတွေကိုက်မယ်"

ချယ်ယောင်းလည်းထမင်းဗန်းကိုထားခဲ့ပြီးအပြင်ပြန်ထွက်လာလိုက်တယ်

"လာလီဆာလိုမက်လောက်စရာမရှိတဲ့လူကိုများအစ်မကဘာတွေချစ်နေလဲမသိ"

"ဂျုံအင်အိုပါးလိုလူကိုတောင်လက်မခံပဲ"

"ဒီအဆိုးနဲ့မှခံစားနေလိုက်တာဆိုတာ"

ချယ်ယောင်းတစ်ယောက်ပွစိပွစိနဲ့အောက်ဆင်းလာတယ်

"လာလီဆာ..လာလီဆာ..နင်နဲ့ငါနဲ့တွေ့ပြီပေါ့ဟာ"

"နင်ကဘာလို့ငါနဲ့တွေ့ချင်တာလဲ"

"အမလေး....ပလုတ်တုတ်"

ရေသောက်နေတုန်းမြင်လိုက်ရတဲ့လူကြောင့်ရေတွေတောင်ထွက်ကျတယ်

"လာလီဆာ..နင်ဟုတ်တယ်မလား"

"အေးဟုတ်တယ်လေ"

"လာလီဆာရယ်တွေ့ချင်နေတာနဲ့အတော်ပဲ"

လီဆာတစ်ယောက်ကတော့ချယ်ယောင်းပုံစံကြောင့်ကြောင်တောင်တောင်ဖြစ်နေတာပေါ့

"ဘာလို့လဲ"

"အပေါ်တက်ပြီးအစ်မကိုသွားတွေ့စမ်းပါ"

"မဒမ့်ကိုလား"

အသည်းအသန်ဖြစ်နေတဲ့ချယ်ယောင်းကိုကြည့်ပြီးနားမလည်နိုင်တာတော့အမှန်

"ဟုတ်တယ်ငါ့အစ်မနင့်ကြောင့်အိပ်ရာထဲလဲနေတယ်"

"ဘာ!!!"

လီဆာအော်လိုက်တဲ့အသံကြောင့်ချယ်ယောင်းလိပ်ပြာလွင့်တော့မလို့

"အဲ့တာအခုမှပြောရလားကင်ချယ်ယောင်းစုတ်ရဲ့"

ချယ်ယောင်းကိုပြောဆိုအော်​ငေါက်ပြီးလီဆာကတော့အပေါ်ထပ်ကိုလေအဟုန်နဲ့တက်သွားလေတယ်

"ငါ့များသူကငေါက်သွားသေး"

"အစ်မ​နဲ့ဂျီ့ကြောင့်သာမဟုတ်ရင်လာလီဆာတော့မလွယ်ဘူး"

ချယ်ယောင်းဟာလည်းလီဆာ့ကိုကြိမ်းဝါးနေခဲ့တယ်

"ငါတစ်ယောက်တည်းနေချင်တယ်လို့ပြောထားတယ်လေချယ်ယောင်း"

လီဆာဝင်လာတာကိုမဒမ်ဟာချယ်ယောင်းထင်နေပုံပဲ

မဒမ်တကယ်ပဲအိပ်ရာထဲလဲနေတာပဲ

လီဆာ့ကိုစိတ်ပူရအောင်လို့မဒမ်ရယ်

"မဒမ်"

မောင်...မောင့်အသံပဲ

ဂျန်းနီပြတ်ပြတ်သားသားကိုကြားလိုက်ရတာ

နောက်ဆုံးတော့သူပြန်လာပြီ

"မောင်..."

တံခါးအဝလေးမှာရပ်နေတဲ့မောင့်ဆီကိုကုတင်ပေါ်ကအမြန်ဆင်းကာပြေးဖက်လိုက်တယ်

အရမ်းလွမ်းနေခဲ့ရတာ...

"နီ..."

မဒမ်ပဲနှင်ခဲ့လို့လီဆာထွက်သွားခဲ့တာ

အခုကျမဒမ်ကလီဆာ့ကို"မောင်"တဲ့လား

ချစ်နေလျက်နဲ့နှလုံးသားကိုညာချင်သေးတယ်မဒမ်ရယ်

×××××××××××ကြယ်လေးတွေပေးသွားကြအုန်းနော်💫

အားလုံးကိုလေးစားချစ်ခင်လျက်🤎×××××××××××(Zawgyi)

အခန္းကိုအေမွာင္ခ်ထားရင္းBest partသီခ်င္းေလးကိုဖြင့္ထားကာစီးကရက္ေသာက္ေနတဲ့ဂ်န္းနီ

တစ္ခါမွမေသာက္ဖူးတာေၾကာင့္ေခ်ာင္းတဟြတ္ဟြတ္ျဖစ္ေသာ္ျငားအဆင္ေျပပါတယ္...

🎶You don't know, babe.......

ေမာင္သိပ္ႀကိဳက္တဲ့စီးကရက္ကိုကြၽန္မေသာက္တတ္ေအာင္က်င့္ရမွာေပါ့

🎶It's the sweetest thing.....

ဂ်ံဳအင္ကကြၽန္မအတြက္Esse strawberry cigarettesဝယ္လာေပးတာ

အရသာကေမႊးေတာ့ကြၽန္မေတာင္သေဘာက်မိတယ္

ေမာင္လည္းစီးကရက္ကိုစြဲၿငိေနတာဒီလိုခံစားမႈေတြေၾကာင့္ျဖစ္မယ္

(စေတာ္ဘယ္ရီစီးကရက္ပါ)

🎶If life is a movieOh you're the best part,oh..oh

ေမာင္ရယ္တို႔မွားပါတယ္ျပန္လာေပးလို႔မရဘူးလားဟင္

ေမာင္မရိွေတာ့ရင္ထဲမွာဟာတာတာနဲ႔ဘာလုပ္လုပ္အဆင္မေျပဘူး

စိတ္နဲ႔လူနဲ႔ကိုမကပ္ဘူးျဖစ္ေနတာေမာင္ရယ္

"အစ္မ"

စီးကရက္ကိုရိႈက္ေနရင္းခ်ယ္ေယာင္းအသံေၾကာင့္အရင္ဆံုးကတ္ဆက္ကိုပိတ္လိုက္တယ္

"ဘာေျပာစရာရိွလို႔လဲခ်ယ္"

"အေမွာင္ထဲမွာေနၿပီးစီးကရက္ေသာက္ရင္းေဆြးရတာကိုအေတာ္သေဘာေတြ့ေနတာလား"

ခ်ယ္ေယာင္းကခပ္မာမာေျပာရင္းေဘးမွာရိွတဲ့မီးခလုတ္ကိုျပန္ဖြင့္တယ္

"နင့္ပံုစံလည္းၾကည့္အုန္းအရူးမက်ေနတာပဲအစ္မရာ"

လက္မွာစီးကရက္ကိုၫွပ္ထားၿပီးၿပံဳးၿပံဳးႀကီးၾကည့္ေနတဲ့ဂ်န္းနီဟာ

ခ်ယ္ေယာင္းအတြက္တကယ့္အထူးအဆန္း

တစ္ေန့လံုးေနမွတစ္ခါမၿပံဳးတဲ့အစ္မျဖစ္သူကအခုက်ၿပံဳးေနလိုက္တာဆိုတာ

အသည္းကြဲရင္းရူးသြားတာေနမွာ..

"ငါတစ္ေယာက္တည္းေနခ်င္ေနတာနင္ေထြေထြထူးထူးေျပာစရာမရိွရင္ထြက္သြားေပးပါလား"

"လီဆာေပ်ာက္ေနတယ္"

စီးကရက္မီးသတ္ေနရင္းခ်ယ္ေယာင္းစကားေၾကာင့္ႏွလံုးသားထဲမိုးႀကိဳးပစ္သြားတဲ့အတိုင္းဒိန္းခနဲနာက်င္သြားရတယ္

"နင္ဘာေျပာတယ္"

"လီဆာအိမ္ျပန္မလာတာငါးရက္ေလာက္ရိွၿပီလို႔သူ႔အစ္မကေျပာတယ္အားလံုးလည္းစိတ္ပူေနၾကတယ္လိုက္ရွာေပမယ့္မေတြ့ဘူးတဲ့"

"ေမာင္ကဘယ္ေရာက္သြားတာလဲ"

မ်က္ႏွာကသာတင္းမာေနတာအသံေတြကကြဲအက္ၿပီးလူကတုန္ယင္ေနေသာဂ်န္းနီ

ဘာမွမျဖစ္ေယာင္ကလည္းဟန္ေဆာင္ခ်င္ေသးတယ္

"ငါလည္းဘယ္သိမွာလဲ"

"ေမာင့္ကိုလိုက္ရွာရမယ္သူ႔သူငယ္ခ်င္းေတြဆီေရာက္ေနတာမ်ားလား"

ခ်ယ္ေယာင္းရဲ့လက္ေမာင္းေတြကိုဆြဲရင္းေျပာေနတဲ့ဂ်န္းနီဟာၿပိဳေတာ့မယ့္မိုးအတိုင္း...

ဒီတစ္ခါေတာ့မ်က္ႏွာေတာင္မတင္းထားႏိုင္ေတာ့ဘူး

"ဂ်ီကသူသြားတတ္တဲ့ေနရာအကုန္ရွာထားေပမယ့္မေတြ့ဘူးဟ"

"ဂ်ီဆိုတာ..."

"ခ်ယ္ခ်စ္ေနတဲ့အမ်ိဳးသမီး"

"ဟမ္..ဒါဆိုအဲ့တစ္ေယာက္ကလီဆာ့အစ္မလို႔ဆိုလိုတာလား"

"ဟုတ္တယ္ခ်ယ္လည္းဒီေန့မွသိတာ"

"အဲ့တာကအေရးမႀကီးဘူးေမာင့္ကိုေတြ့ေအာင္ရွာရမယ္ငါကိုယ္တိုင္လိုက္ရွာမယ္"

ကပ်ာကယာနဲ႔ကားေသာ့ကိုအေျပးသြားယူေနတဲ့အစ္မေၾကာင့္ခ်ယ္ေယာင္းလည္းစိတ္ညစ္မိတယ္

နားလည္းမလည္ႏိုင္ေတာ့ဘူးခ်စ္လ်က္နဲ႔ဘာလို႔မ်ားႏွစ္ၪီးႏွစ္ဖက္အနာက်င္ခံၿပီးဒီလိုေတြလုပ္ေနတာလဲ....

"အစ္မနင္တစ္ေယာက္တည္းမသြားနဲ႔ငါလည္းလိုက္မယ္ငါကားေမာင္းမယ္"

ဂ်န္းနီဆီကကားေသာ့ကိုခ်ယ္ေယာင္းယူသြားၿပီးအေရ႔ွကေနအရင္ထြက္သြားတယ္

ေမာင္...တို႔ေတာင္းပန္ပါတယ္ေက်းဇူးျပဳျပီးမဟုတ္တာေတြေလ်ွာက္မလုပ္ပါနဲ႔ကြယ္...

တို႔ကိုခ်စ္တယ္ဆိုရင္ျပန္ေပၚလာခဲ့ေပးပါ...

🌻🌼

အခ်ိန္အားျဖင့္မနက္တစ္နာရီ...

ဂ်ယ္ဂ်ူကြၽန္းရဲ့ဘန္ဂလိုတစ္ခုမွာေပါ့..

"လီဆာရား...မအိပ္ေသးဘူးလား"

လီဆာဟာစီးကရက္ကိုခဲကာေကာင္းကင္ကၾကယ္ေတြကိုဒီအခ်ိန္ထိေရတြက္ေနခဲ့တာ

ဘယ္လိုပဲႀကိဳးစားၿပီးေရတြက္ပါေစၾကယ္ေတြကဟိုကေနထပ္ေပၚလာလိုက္ဒီကေနထပ္ေပၚလာလိုက္နဲ႔မၿပီးႏိုင္ျဖစ္ေနေတာ့တာ..

ၾကယ္ေလးေတြဟာလည္းကိုယ္မဒမ့္ကိုခ်စ္တဲ့အခ်စ္ေတြလိုပဲေရတြက္လို႔မရေအာင္က်ယ္ျပန္႔တယ္

"အန္နာရား..ငါေလမဒမ့္ကိုသိပ္လြမ္းတာပဲသိလား"

အန္နာဟာအေၾကာင္းစံုကိုသိရိွၿပီးေတာ့လီဆာစိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ဂ်ယ္ဂ်ူကြၽန္းကိုေခၚလာခဲ့တာ

သို႔ေသာ္လည္းမထူးပါဘူးမဒမ့္ေၾကာင့္ရတဲ့နာက်င္မႈေတြဟာေပ်ာက္မသြားတဲ့အျပင္

ေနာက္ဒဏ္တစ္ခုျဖစ္တဲ့လြမ္းဆြတ္မႈကတိုးလာေတာ့လူလည္းႏံုးခ်ိေနၿပီ

ႏွလံုးသားေလးကလည္းအားမရိွေတာ့ဘူးခႏၶာကိုယ္ကလည္းခ်ိနဲ႔ေနေလတယ္

"အာ့ဆိုငါတို႔ျပန္ၾကမယ္ေလနင္သူ႔ကိုသြားေတြ့လိုက္ေပါ့"

"ထပ္ၿပီးေမာင္းထုတ္ရင္ဘယ္ႏွယ့္လုပ္မလဲ"

စီးကရက္ေငြ့ေတြကိုမႈတ္ထုတ္ရင္းခပ္ေဆြးေဆြးဆိုလာတဲ့လီဆာကိုၾကည့္ၿပီးအန္နာ့ရင္ထဲလည္းမေကာင္း

လီဆာ့ပခံုးတစ္ဖက္ကိုဖြဖြေလးပုတ္ေပးရင္း

"နင္တကယ္ခ်စ္ရင္ကပ္တြယ္ထားေပါ့ဟနင့္အခ်စ္ေတြကိုသူကမယံုရင္ယံုလာမယ့္အခ်ိန္ထိသက္ေသျပလိုက္"

"အဲ့လိုလုပ္ရမလား"

"အြန္း..သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔နင္ဒီလိုခံစားေနတာငါမၾကည့္ရက္ဘူး"

နင့္ကိုသေဘာက်ေနတဲ့ေကာင္မေလးတစ္ေယာက္အေနနဲ႔ေရာေပါ့

ဒီစကားကိုအန္နာရင္ထဲကေနပဲေျပာလိုက္တာပါ...

"ေက်းဇူးတင္ပါတယ္အန္နာရား..ငါၿပိဳလဲေနတဲ့အခ်ိန္ေဘးနားမွာရိွေပးလို႔"

"ငါတို႔ကသူငယ္ခ်င္းေတြပဲမဟုတ္ဘူးလား"

"ဒါေပါ့ဟာ"

လီဆာအန္နာ့ကိုဖက္လိုက္တယ္

ေက်းဇူးတင္မိလို႔ပါ...

သူငယ္ခ်င္းျဖစ္တာမၾကာေသးေသာ္လည္းအန္နာကကိုယ့္အေပၚေကာင္းရွာတယ္

"ကဲအိပ္ေတာ့ေတာ္ၾကာမနက္ျဖန္နင့္မဒမ္ကိုသြားေတြ့ရင္မ်က္ကြင္းေတြညိုေနမွမေခ်ာပဲေနမယ္"

"ဟားဟား..အင္းပါငါအိပ္ေတာ့မယ္"

လီဆာအန္နာ့ေခါင္းေလးကိုပုတ္ေပးရင္းဘန္ဂလိုထဲဝင္သြားတယ္

အန္နာကေတာ့ေက်ာျပင္ေလးကိုေငးရင္း

"ငါနင့္ကိုခ်စ္တယ္လီဆာ"

ဒီစကားကိုငါတစ္သက္လံုးမေျပာပဲထိန္းသိမ္းသြားမွာပါ

ငါတို႔ကသူငယ္ခ်င္းေတြပဲေလ

အဲ့စည္းေလးကိုနင့္ဘက္ကမပိုေပမယ့္ငါ့ဘက္ကေက်ာ္ေနခဲ့ၿပီလီဆာ...

စေတြ့တည္းကသေဘာက်ခဲ့တာဒါေပမယ့္မျဖစ္ႏိုင္ဘူးမလား

သူငယ္ခ်င္းအျဖစ္ပဲနင့္အနားဆက္ရိွသြားတာကအေကာင္းဆံုးျဖစ္မွာပါ..

🌻🌼

"အစ္မရာျပန္ရေအာင္ဟာေတြ့မွမေတြ့တာဘယ္တတ္ႏိုင္မလဲ"

ကလပ္ေတြဘားေတြတစ္ခုၿပီးတစ္ခုဝင္လိုက္ထြက္လိုက္ရွာေသာ္လည္းလီဆာ့အားမေတြ့

ညစာေတာင္မစားရေသးဘဲရွာေဖြေရးပဲလုပ္ေနရေတာ့ခ်ယ္ေယာင္းတစ္ေယာက္အူလိမ့္ေနၿပီ

"ခ်ယ္..သူဘယ္ဆီမ်ားေရာက္ေနလဲဟင္"

"တစ္ေနရာရာမွာရိွေနမွာေပါ့"

"ငါ့ကိုမ်ားစိတ္ပ်က္သြားတာလား"

"မဟုတ္တာေတြစဥ္းစားမေနစမ္းနဲ႔"

"သူျပန္လာမျွဖစ္မယ္"

"အစ္မရယ္သိပ္စိတ္ပူမေနပါနဲ႔သူဘာမွမျဖစ္ေလာက္ပါဘူးဂ်ီတို႔လည္းရွာေပးေနတာပဲေလေနာက္ၿပီးသူ႔အေဖကၿမိဳ႔ေတာ္ဝန္ဆိုတာသတိရအုန္း"

ခ်ယ္ေျပာမွအားလံုးသိလိုက္ရတယ္

ေမာင္ဟာမ်ိဳးရိုးကိုလူသိမခံတဲ့အေၾကာင္းဟာဒါေၾကာင့္ကိုး

အေျခအျမစ္မရိွတဲ့အသိုင္းအဝိုင္းကမဟုတ္ပဲႀကီးႀကီးတက္ခ်မ္းသာၿပီးအာဏာရိွမိသားစုကဖူးဖူးမႈတ္အငယ္ဆံုးေလးတဲ့

အဲ့လိုသူမ်ားအိမ္ရဲ့အဖိုးတန္ေလးကိုမွကြၽန္မနာက်င္ေအာင္လုပ္မိသြားတယ္

"ဟဲ့အစ္မငိုေတာ့မခ်လိုက္နဲ႔ေနာ္ဆက္ရွာခ်င္ရင္လည္းရွာမယ္"

ဂ်န္းနီရဲ့မ်က္အိမ္ထဲမွာအရည္ေတြနဲ႔ျပည့္ႏွက္ေနတာေၾကာင့္ခ်ယ္ေယာင္းစိုးရိမ္တႀကီးနဲ႔ေျပာလိုက္တယ္

"အိမ္ပဲျပန္ရေအာင္ခ်ယ္"

အားမရိွတဲ့ေျခလွမ္းေတြနဲ႔ကားထဲဝင္လိုက္တယ္

ေမာင့္ကိုေတြ့ေအာင္ရွာခ်င္ေပမယ့္ခ်ယ္ေယာင္းကိုလည္းငဲ့သင့္တယ္မလား

အခုပဲအခ်ိန္ကမနက္ႏွစ္နာရီကပ္ေနၿပီေလ

"အားလံုးအဆင္ေျပသြားပါလိမ့္မယ္ဟာ"

ခ်ယ္ေယာင္းဟာဂ်န္းနီရဲ့လက္ေလးကိုဖြဖြေလးဆုပ္ကိုင္ရင္းအားေပးရွာတယ္

အစ္မလူတစ္ေယာက္ကိုအခုေလာက္ထိတစ္ခါမွစိတ္မပူခဲ့ဖူးဘူး

အၿမဲတမ္းသန္မာတဲ့အစ္မဟာအဲ့ငဆိုးေၾကာင့္ခံစားေနလိုက္ရတာ

အစ္မစိတ္ဆင္းရဲေနတာကိုေတာ့မၾကည့္ရက္ဘူး

လာလီဆာေရနင္ျပန္ေပၚလာပါေတာ့

🌻🌼

"အစ္မရာ..တစ္ခုခုေတာ့စားပါအုန္း"

မနက္စာလည္းမစားေန့လည္စာလည္းေရွာင္နဲ႔အိပ္ရာထဲပဲလဲေနတဲ့အစ္မေၾကာင့္ခ်ယ္ေယာင္းလည္းစိတ္ညစ္ရတယ္

အခုလည္းၾကည့္ထမလာတဲ့အျပင္ဟိုဘက္ေတာင္ေစာင္းအိပ္လိုက္ေသး

"နင္ဒီလိုနဲ႔ေဆးရံုေရာက္မယ္ဟ"

"ငါတစ္ေယာက္တည္းေနခ်င္တယ္ခ်ယ္စားခ်င္စိတ္လည္းမရိွဘူးျပန္ယူသြားေတာ့"

ခ်ယ္ေယာင္းလည္းစိတ္ေပါက္ေပါက္နဲ႔ယူလာတဲ့ဗန္းကိုေဆာင့္ခနဲခ်ရင္း

"နင္တစ္ေယာက္တည္းအသည္းကြဲဖူးတာမဟုတ္ဘူးေနာ္အစ္မအဲ့ေလာက္ထိျဖစ္ပ်က္မေနစမ္းနဲ႔ဒီအသက္အရြယ္ထိအိႁႏၵေအျပည့္နဲ႔ေနလာခဲ့ၿပီးဒီလာလီဆာနဲ႔မွ"

"ငါေမာင့္ကိုခ်စ္တယ္ခ်ယ္"

အစ္မအသံကိုနားေထာင္လိုက္တာနဲ႔ငိုေနျပန္ၿပီဆိုတာသိလိုက္တယ္

သူ႔ေခါင္းအံုးစြပ္လည္းမ်က္ရည္ေတြနဲ႔နစ္ေနေလာက္ၿပီ

ျပန္လာတည္းကငိုေနတာမြန္းတည့္ေနၿပီေလ...

"ခ်စ္ရင္လည္းအစတည္းကတစ္ခါတည္းလက္ခံလိုက္ၿပီးေရာဘာလို႔အိုက္တင္ခံေနေသးလဲအခုေတာ့နင္ခံစားေနရတာေဘးလူျဖစ္တဲ့ငါကမၾကည့္ရက္ဘူးဟဲ့"

"ထြက္သြားေပးခ်ယ္"

"ေအးပါအစ္မရယ္ထပ္ငိုမေနနဲ႔အုန္းေခါင္းေတြကိုက္မယ္"

ခ်ယ္ေယာင္းလည္းထမင္းဗန္းကိုထားခဲ့ၿပီးအျပင္ျပန္ထြက္လာလိုက္တယ္

"လာလီဆာလိုမက္ေလာက္စရာမရိွတဲ့လူကိုမ်ားအစ္မကဘာေတြခ်စ္ေနလဲမသိ"

"ဂ်ံဳအင္အိုပါးလိုလူကိုေတာင္လက္မခံပဲ"

"ဒီအဆိုးနဲ႔မွခံစားေနလိုက္တာဆိုတာ"

ခ်ယ္ေယာင္းတစ္ေယာက္ပြစိပြစိနဲ႔ေအာက္ဆင္းလာတယ္

"လာလီဆာ..လာလီဆာ..နင္နဲ႔ငါနဲ႔ေတြ့ၿပီေပါ့ဟာ"

"နင္ကဘာလို႔ငါနဲ႔ေတြ့ခ်င္တာလဲ"

"အမေလး....ပလုတ္တုတ္"

ေရေသာက္ေနတုန္းျမင္လိုက္ရတဲ့လူေၾကာင့္ေရေတြေတာင္ထြက္က်တယ္

"လာလီဆာ..နင္ဟုတ္တယ္မလား"

"ေအးဟုတ္တယ္ေလ"

"လာလီဆာရယ္ေတြ့ခ်င္ေနတာနဲ႔အေတာ္ပဲ"

လီဆာတစ္ေယာက္ကေတာ့ခ်ယ္ေယာင္းပံုစံေၾကာင့္ေၾကာင္ေတာင္ေတာင္ျဖစ္ေနတာေပါ့

"ဘာလို႔လဲ"

"အေပၚတက္ၿပီးအစ္မကိုသြားေတြ့စမ္းပါ"

"မဒမ့္ကိုလား"

အသည္းအသန္ျဖစ္ေနတဲ့ခ်ယ္ေယာင္းကိုၾကည့္ၿပီးနားမလည္ႏိုင္တာေတာ့အမွန္

"ဟုတ္တယ္ငါ့အစ္မနင့္ေၾကာင့္အိပ္ရာထဲလဲေနတယ္"

"ဘာ!!!"

လီဆာေအာ္လိုက္တဲ့အသံေၾကာင့္ခ်ယ္ေယာင္းလိပ္ျပာလြင့္ေတာ့မလို႔

"အဲ့တာအခုမွေျပာရလားကင္ခ်ယ္ေယာင္းစုတ္ရဲ့"

ခ်ယ္ေယာင္းကိုေျပာဆိုေအာ္​ေငါက္ၿပီးလီဆာကေတာ့အေပၚထပ္ကိုေလအဟုန္နဲ႔တက္သြားေလတယ္

"ငါ့မ်ားသူကေငါက္သြားေသး"

"အစ္မ​နဲ႔ဂ်ီ့ေၾကာင့္သာမဟုတ္ရင္လာလီဆာေတာ့မလြယ္ဘူး"

ခ်ယ္ေယာင္းဟာလည္းလီဆာ့ကိုႀကိမ္းဝါးေနခဲ့တယ္

"ငါတစ္ေယာက္တည္းေနခ်င္တယ္လို႔ေျပာထားတယ္ေလခ်ယ္ေယာင္း"

လီဆာဝင္လာတာကိုမဒမ္ဟာခ်ယ္ေယာင္းထင္ေနပံုပဲ

မဒမ္တကယ္ပဲအိပ္ရာထဲလဲေနတာပဲ

လီဆာ့ကိုစိတ္ပူရေအာင္လို႔မဒမ္ရယ္

"မဒမ္"

ေမာင္...ေမာင့္အသံပဲ

ဂ်န္းနီျပတ္ျပတ္သားသားကိုၾကားလိုက္ရတာ

ေနာက္ဆံုးေတာ့သူျပန္လာၿပီ

"ေမာင္..."

တံခါးအဝေလးမွာရပ္ေနတဲ့ေမာင့္ဆီကိုကုတင္ေပၚကအျမန္ဆင္းကာေျပးဖက္လိုက္တယ္

အရမ္းလြမ္းေနခဲ့ရတာ...

"နီ..."

မဒမ္ပဲႏွင္ခဲ့လို႔လီဆာထြက္သြားခဲ့တာ

အခုက်မဒမ္ကလီဆာ့ကို"ေမာင္"တဲ့လား

ခ်စ္ေနလ်က္နဲ႔ႏွလံုးသားကိုညာခ်င္ေသးတယ္မဒမ္ရယ္

×××××××××××ၾကယ္ေလးေတြေပးသြားၾကအုန္းေနာ္💫

အားလံုးကိုေလးစားခ်စ္ခင္လ်က္🤎×××××××××××

There are no comments yet. Log in to be the first to leave a review!

Similar stories