Fanfics

8

15:30, 2 July 2022

(Unicode)

"ကင်ချယ်ယောင်း"

ချယ်ယောင်းကိုတွေ့တဲ့အခါလီဆာတအံ့တသြဆိုလိုက်တယ်

"အစ်မနင်ဟာဒီအဆိုးနဲ့သဘောမတူပါဘူးဆိုတာကိုဘာတွေလျှောက်လုပ်နေတာလဲ"

စိတ်ပျက်သလိုဆိုလာတဲ့ချယ်ယောင်းကြောင့်လီဆာမျက်မှောင်ကြုံ့လိုက်မိတယ်

လူကိုများအဆိုးဆိုပဲကြီးကြီးကျယ်ကျယ်သဘောမတူဘူးကလုပ်နေသေး

အဆင်ပြေမယ်ကြံကာရှိသေးအဖျက်ဝင်တယ်ဆိုတာဒါမျိုး...

"ချယ်ရယ်အစ်မရှင်းပြပါ့မယ်"

"လာလီဆာငါနင့်ကိုတစ်ခါတည်းပြတ်ပြတ်ပဲပြောမယ်..ငါ့အစ်မနဲ့လာပြီးမပတ်သက်နဲ့ရှင်းလား"

"နင့်စကားကိုနားထောင်စရာလား"

"လာလီဆာနင်ထွက်သွားတော့မဟုတ်ရင်ငါတစ်ခုခုလုပ်မိတော့မယ်"

မီးဟုန်းဟုန်းတောက်နေတဲ့မျက်ဝန်းတွေနဲ့ချယ်ယောင်းကြောင့်ခေါင်းမီးတောက်နေသူကဂျန်းနီ

လီဆာကတော့ဂရုမစိုက်တဲ့အထာနဲ့စီးကရက်တောင်မီးညှိနေသေး..

"နင်ကများငါ့ကိုမထီမဲ့မြင်ပြုတယ်ပေါ့"

ခွပ်!!!

"အ့...."

ချယ်ယောင်းထိုးလိုက်တာကြောင့်ညည်းလိုက်တာမဟုတ်..

အထိုးခံလိုက်ရတော့စီးကရက်ကလက်ဖမိုးပေါ်ကျသွားလို့

"မောင်!!!"

ဂျန်းနီဟာဘာကိုမှမမြင်တော့ပဲလီဆာ့ဆီကိုသာအပြေးလာပြီးမီးပူလောင်သွားတဲ့နေရာလေးကိုတယုတယကြည့်နေတယ်

"အစ်မနင်ရူးနေပြီလားဘာလို့ဒီလူကိုမှ"

ချယ်ယောင်းစကားကိုလီဆာလည်းမကြားသလိုဂျန်းနီလည်းနားမဝင်ပါ

လက်ဖမိုးကအပူလောင်ရာကိုတဖူးဖူးမှုတ်ပေးနေတဲ့မဒမ်ဟာချစ်စရာကောင်းလွန်းလို့....

"နှုတ်ခမ်းမှာဒဏ်ရာထပ်ရပြန်ပြီကွာ"

ကိုယ့်နှုတ်ခမ်းကိုသူမကကိုင်ပြီးမျက်ရည်တွေဝဲကာဆိုနေတာကြောင့်ကြောင်အနေမိတာလီဆာ

"နီ..."

"အရမ်းနာနေတယ်မလား"

စိုးရိမ်တကြီးနဲ့ထိကိုင်လာတဲ့မဒမ့်လက်တွေဟာနူးနူးညံ့ညံ့

အထိုးခံရတာရောအပူလောင်တာရောကမဒမ့်ရဲ့"မောင်"ဆိုတဲ့ခေါ်သံမှာတင်အငွေ့ပျံကုန်တာမသိလေသလားဟင်

"အထိုးခံရတာကိုအဲ့လောက်ပျော်နေလားဟွန့်...ပြုံးနေတာများအမြင်ကပ်စရာချယ်နင်သူ့ကိုထပ်ထိုး"

သူ့ကိုရွဲ့ချင်လို့ချယ်ယောင်းကိုထပ်ထိုးဆိုပြီးပြောမလို့ရှိသေးဟိုကပျောက်သွားပြီ...

"ချယ်ဘယ်ရောက်သွားတာလဲ"

"မောင်တို့အကဲပိုနေတာကိုသူမမြင်ချင်လို့ရှောင်သွားတာနေမှာပေါ့"

"ဟင်!!"

သွားပါပြီအရှက်အကြီးကြီးကွဲတာပဲ

ဂျန်းနီသူ့ကို"မောင်"လို့ခေါ်မိလိုက်တယ်

ရူးတော့မှာပဲ..ကင်ဂျန်းနီနင်ဘာလို့များ

ဒီပါးစပ်နဲ့တော့စည်းမစောင့်ဘူးအခုတော့ဘယ်လိုမျက်နှာပြရပါ့

"နီ...မောင့်ကိုကြည့်ပါအုန်းကွာ"

"ဘာတွေပြောနေတာလဲ..လီဆာနော်ထပ်မပြောနဲ့ထပ်လည်းမမေးနဲ့ဒီတိုင်းထွက်သွားတာ"

"ဟ!!!အဲ့လိုမရဘူးလေနီကလည်းကွာချစ်ရက်သားနဲ့"

ဂျန်းနီကိုအတင်းတွေပွေ့ဖက်ပြီးမျက်နှာအနှံ့နမ်းရှုံ့နေတဲ့လီဆာ့ကြောင့်နေရခက်တာတော့အမှန်ပဲ

"တော်တော့ကွာ.."

"ချစ်တယ်ပြောလေ"

"မချစ်ဘူး"

"လိမ်နေတာ"

"နင်တို့ဒီတစ်သက်ပြီးအုန်းမှာလားပတ်ဝန်းကျင်လည်းလေ့လာအုန်းခြံရှေ့ကြီးမှာမြင်မကောင်းဘူး"

ခြံထဲကချယ်ယောင်းအော်ပြောမှပဲခြံရှေ့မှာဆိုတာအသိဝင်တော့တယ်

"အိမ်ထဲလိုက်ခဲ့လီဆာ"

မဒမ်ဟာလေတကယ်ဟန်ဆောင်ကောင်းတာဘာမှမဖြစ်သလိုမျက်နှာထားနဲ့

အေးအေးလူလူစကားဆိုရင်းခြံထဲကိုဝင်သွားတာများပြောစရာစကားပျောက်တယ်

"နင့်လူကိုဆေးထည့်ပေးပြီးရင်အိမ်ပြန်လွှတ်နော်ညမသိပ်နိုင်ဘူး"

လီဆာ့ဒဏ်ရာတွေကိုဆေးထည့်ပေးနေတာကိုချယ်ယောင်းကနေကြာစေ့စားရင်းကြည့်နေတာ

"အေးပါနင်လည်းအပေါ်တက်တော့"

"နင်မပြောလည်းငါတက်တော့မှာ"

နှုတ်ခမ်းကဒဏ်ရာကိုပဲသဲကြီးမဲကြီးဆေးထည့်ပေးနေတဲ့မဒမ့်လက်တွေကိုလီဆာဆုပ်ကိုင်လိုက်တယ်

"နီ့အတွက်ချစ်တယ်လို့ဝန်ခံရတာအဲ့လောက်ခက်တာလား"

မျက်နှာငယ်လေးနဲ့ဆိုနေရှာတဲ့လီဆာ့ကြောင့်ဂျန်းနီမျက်နှာအမြန်လွဲရင်း

"အဲ့အကြောင်းတွေဆက်မပြောနဲ့တော့"

"မပြောလို့ရမလား..နီရဲ့မောင့်ဘက်လည်းတွေးအုန်းလေနီချစ်နေတာသိရက်နဲ့ချစ်သူတွေမဖြစ်ရသေးတဲ့ဘဝ"

"ပြီးခဲ့တာတွေကိုအစမဖော်နဲ့ဒီနေ့တစ်နေ့လုံးဖြစ်ခဲ့တာတွေကိုမေ့ပစ်လိုက်"

"ဘာ"

"ဒီနေ့ကိုမရှိခဲ့ဘူးလို့သဘောထားလိုက်လီဆာ"

ရက်စက်လိုက်တာနီရာ...မောင်ကဘယ်လိုမေ့ရမှာလဲ

"မောင့်ကိုယုံကြည်ပြီးလိုက်ခဲ့ပေးပါလားကွာ"

"တို့ပြောပြီးသားနော်လီဆာအချစ်ကအရေးမကြီးဘူးလို့"

"ဆေးထည့်ပေးမနေနဲ့တော့"

လီဆာမတ်ခနဲထရပ်ရင်း

"နားလည်ရခက်လိုက်တာနီရာ..ကျွန်မရူးတောင်ရူးတော့မယ်နမ်းခဲ့ကြတယ်ခံစားချက်တွေကိုလည်းသိသွားကြပြီဟာကိုချစ်သူတွေမဟုတ်ကြဘူးတဲ့"

"အဲ့လောက်တောင်သွေးအေးရလားနီရဲ့စကားတွေကြောင့်သွေးတွေတောင်ပြောင်းပြန်စီးကုန်ပြီထင်တယ်"

"ကျွန်မနားမလည်တော့ဘူးအသက်ငယ်လို့မတွဲရဲတာလားအချစ်ဆိုတာအရေးမပါလို့ငြင်းတာလား.."

"တစ်ခုတော့မှတ်ထားပါကျွန်မကကလေးဆန်ပြီးမရင့်ကျက်သေးပေမယ့်နီ့ကိုတော့တကယ်ချစ်ခဲ့တာ"

လီဆာကျဆင်းနေတဲ့မျက်ရည်စတွေကိုအကြမ်းပတမ်းဆွဲသုတ်ရင်းအိမ်ထဲကနေအမြန်ထွက်လာတယ်

ဂျန်းနီကတော့ဆိုဖာမှာပဲမျက်နှာသေနဲ့ကျန်ခဲ့တာ

"တောင်းပန်ပါတယ်မောင်..."

သိမ်းစရာရှိတာသိမ်းရင်းအပေါ်ထပ်ကိုပြန်တက်လာတော့လှေကားမှာနေကြာစေ့ထိုင်စားနေတဲ့ညီမဖြစ်သူချယ်ယောင်းကိုကြည့်ပြီး

"လမ်းဖယ်ပေး"

"အကျယ်ကြီးကိုဟိုဘက်ကသွားလေ"

"မရွဲ့နဲ့ချယ်..နင်နဲ့ရန်မဖြစ်ချင်ဘူး"

လှေကားအကျယ်တစ်ခုလုံးကိုဖြဲကားထားပြီးအပြည့်ပိတ်ထားတာကြောင့်ဂျန်းနီတက်မရဖြစ်နေတာလေ

"နင်ဘာတွေလျှောက်လုပ်နေတာလဲအစ်မရာ"

"သူနဲ့ငါကဘာမှမဟုတ်ဘူးချယ်အဲ့တာကြောင့်နင်ပူမနေနဲ့"

"ငါအဲ့တာကိုပြောတာမဟုတ်ဘူးချစ်ရက်သားနဲ့ဘာလို့လဲ"

"ငါမဖြေချင်ဘူးဟာနားချင်ပြီ"

မထူးတဲ့အဆုံးချယ်ယောင်းကိုကျော်ခွရင်းပဲတက်လိုက်ရတယ်

"လီဆာ့နေရာမှာငါဆိုလည်းခံပြင်းမိမှာအသေအချာပဲဇာတ်လမ်းကြီးကဟက်ကော့ကြီးကျန်ခဲ့တာလေဟာ"

"သူ့အကြောင်းမပြောနဲ့"

"ငါသာသူဆိုနင့်ကိုနာကျည်းမိမှာနင့်ဟာကမသိရင်ကြိုးရှည်ရှည်နဲ့လှန်နေသလိုပဲ"

ချယ်ယောင်းပြောမယ့်စကားတွေကိုထပ်နားမထောင်ချင်လို့အခန်းထဲကိုအမြန်ဝင်သွားလိုက်တယ်

မွေ့ဟာပေါ်ကိုပစ်မှောက်လိုက်ပြီးခေါင်းအုံးမှာမျက်နှာအပ်ရင်းငိုနေမိတယ်

ထိုအချိန်အပြင်မှာလည်းမိုးတွေချိန်းပြီးလျှပ်စီးတွေလက်နေတာ

ဂျိန်း!!!

ဂျန်းနီအရမ်းများရက်စက်သွားသလားဟင်ဂျန်းနီကြောင့်မောင်အရမ်းခံစားသွားရမလား

မောင်ရယ်..တို့လည်းမောင့်ကိုချစ်ပါတယ်

ဒါပေမယ့်တို့တွေကမဖြစ်နိုင်ဘူးကွယ်

အရာရာကိုဦးနှောက်နဲ့ပဲဆုံးဖြတ်တတ်တဲ့ဂျန်းနီကအချစ်ရေးမှာလည်းနှလုံးသားကိုဦးစားမပေးဖြစ်ပြန်ဘူး...

ဂျန်းနီအကြီးကြီးမှားတယ်ဆိုတာသိပေမယ့်နှစ်ယောက်လုံးကောင်းဖို့ပါပဲမောင်ရယ်

မောင့်အချစ်ကိုမယုံရဲတာလည်းအမှန်မောင်သာစိတ်ကစားသာဆိုဘယ်နှယ့်လုပ်

ဂျန်းနီပဲအထားခဲ့ခံရမှာ...

ဆယ်ကျော်သက်တစ်ယောက်လိုတို့မရူးမိုက်ပါရစေနဲ့မောင်.....

သဘောမတူဘူးဆိုတဲ့ချယ်ဟာလည်းအခုမှမောင့်ဘက်ကဖြစ်နေသယောင်

နားကိုမလည်နိုင်တော့ဘူးမောင်ရယ်

ဂျန်းနီသာခြံရှေ့မှာမောင်ဆိုတဲ့လူသားလေးမိုးရေထဲရပ်ရင်းသူ့အခန်းလေးကိုငေးနေခဲ့မှန်းသိသွားခဲ့ရင်ရောဆုံးဖြတ်ချက်ပြောင်းလေမလား

"မောင့်အချစ်ဟာအစစ်အမှန်ပါ..မောင်နီ့ကိုအရမ်းချစ်တာပါ"

မိုးတွေသဲကြီးမည်းကြီးရွာတဲ့ကြားကကားထဲဝင်မနေပဲဂျန်းနီအခန်းကိုမိုးစက်တွေရွဲရွဲစိုနေတဲ့ကြားကရင်နာနာနဲ့လီဆာငေးနေမိတယ်

"နီဟာလူကိုရူးသထက်ရူးအောင်လုပ်နေသလိုပဲကွာ"

ဘာလို့များဝန်မခံရတာလဲလီဆာ့ကိုနည်းနည်းလေးပဲဖြစ်ဖြစ်ယုံကြည်ပေးပါမဒမ်ရယ်.....

🌻🌼

ဂျန်းနီဒီတလောတမှိုင်မှိုင်ဖြစ်နေခဲ့တာအကြောင်းကတော့သေချာပေါက်သူ့ကြောင့်ပဲပေါ့

စိတ်များနာသွားလားမသိသူဂျန်းနီဆီရောက်မလာတော့ဘူး

ဖုန်းနဲ့လည်းမဆက်သွယ်သလိုခိုးပြီးတောင်မချောင်းဘူး

ချယ်ယောင်းကိုမေးကြည့်တော့လည်းမောင်ဟာကျောင်းမလာတာငါးရက်ရှိပြီတဲ့

"ဂျန်း..."

"အွန်း..ဘာပြောမလို့လဲဂျုံအင်"

"အဆင်ပြေရဲ့လားဒီကအစားအသောက်တွေမကောင်းလို့လားမကြိုက်ရင်ထပ်မှာလေ"

ဂျုံအင်ကနေ့လည်စာအတူစားဖို့ပြောလွန်းမကပြောလို့သာဂျန်းနီလက်ခံလိုက်ရတာစားချင်စိတ်တစိုးတစိမျှမရှိ

"အစားအသောက်တွေကကောင်းပါတယ်"

ရင်ထဲမှာပြည့်ကြပ်လွန်းနေလို့သာဘာစားစားမဝင်ဖြစ်နေတာ.....

"ဂျန်းမှာကိစ္စတစ်ခုခုရှိနေတယ်မလားကိုယ့်ကိုပြောပြနိုင်မလား"

"အဲ့အကြောင်းတွေမပြောချင်ဘူးဂျုံအင်ရယ်စားမှာသာစားပါပြီးရင်ပြန်ရအောင်"

မှာထားသမျှနာမည်ကြီးအစားအသောက်တွေကိုတစ်စိတောင်မတို့ပဲဂျန်းနီတစ်ယောက်လက်ကိုင်အိတ်ဆွဲကာပြန်ဖို့ပြင်နေတယ်

"ကားထဲကနေပဲစောင့်နေမယ်"

ကျန်နေခဲ့တဲ့ဂျုံအင်ကတော့နားမလည်ခြင်းများစွာနဲ့ပေါ့

ကားပေါ်ရောက်တော့လည်းဂျန်းနီဟာမျက်နှာလုံးဝမကောင်း

"ကိုယ်အိမ်ပဲပြန်ပို့ပေးရမလားဒီပုံစံနဲ့အလုပ်သွားလို့မဖြစ်လောက်ဘူး"

ဂျန်းနီခေါင်းပဲငြိမ့်ပြလိုက်တယ်

ဘာဖြစ်ချင်လို့ဖြစ်ချင်မှန်းမသိတဲ့ကိုယ့်စိတ်ကိုဂျန်းနီနားမလည်တော့ပါ

မောင့်ကိုအနားကတွန်းလွတ်ပြီးကတည်းကစိတ်တွေဂယောက်ဂယက်နဲ့...

နေရာတကာမောင့်မျက်နှာတွေချည်းမြင်ယောင်နေမိတာ..ရောဂါကလည်းတယ်ဆိုးသကိုး

"စီးကရက်သောက်ချင်တယ်"

ရုတ်တရက်ထပြောတဲ့ဂျန်းနီရဲ့စကားကြောင့်ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတဲ့ဂျုံအင်...

"ဂျန်းတကယ်ပြောနေတာလား"

"အွန်း..ဝင်ဝယ်ပေးပါ"

စီးကရက်နံ့ကိုကူးစက်ရောဂါလိုမုန်းတီးတဲ့တစ်မိုးအောက်ဂျန်းနီကယခုလိုပြောလာတော့ဂျုံအင်ပြောစရာစကားတောင်ပျောက်ရှကုန်တယ်

"ကောင်းပါပြီကိုယ်ရှေ့နားကျမတ်တစ်ခုမှာရပ်ပြီးဝယ်လိုက်မယ်"

"Esse တံဆိပ်ပဲဝယ်ခဲ့ပေးဂျုံအင်"

မောင်ကအဲ့Esseကထုတ်တဲ့စီးကရက်ကိုပဲသောက်တတ်တာ

ဂျန်းနီဟာအေးတိအေးစက်ဆန်ပေမယ့်တကယ်တမ်းကျအသေးအမွှားကအစမှတ်သားထားတတ်သူလေးပါ

🌻🌼

"စိတ်ညစ်တယ်ဟာစိတ်ညစ်တယ်"

တစ်နေကုန်မျက်နှာကြီးဟာချီးမှန်ထားသလိုဆူပုတ်နေတဲ့ချယ်ယောင်းကိုကြည့်ပြီးဆူဇီအတော်စိတ်ပျက်နေပြီ

အခုလည်းစိတ်ညစ်ကြောင်းကြွေးကြော်နေပြန်တယ်

"ချယ်ယောင်းနင်ဘာတွေဖြစ်နေတာလဲ"

"ဆူဇီရား..နင်သိလားငါဂျီ့ကိုလွမ်းတယ်"

"သြော်အဲ့တာများသွားတွေ့လိုက်ပေါ့ဟယ်"

"ငါသွားတွေ့ပေမယ့်ဂျီမရှိဘူး"

"ဘယ်သွားလို့လဲ"

"မိသားစုကိစ္စလေးရှိလို့အလုပ်မလာတာငါးရက်တောင်ရှိနေပြီတဲ့"

"ဖုန်းဆက်ကြည့်လေဟာ"

"ဆက်သွယ်မှုဧရိယာပြင်ပနဲ့ပဲတိုးနေတာ"

မျှော်လင့်ချက်တွေပျောက်ဆုံးနေတဲ့သူငယ်ချင်းဖြစ်သူကိုကြည့်ပြီးဆူဇီလည်းသက်ပြင်းဖွဖွချမိတယ်

"ဟဲ့ချယ်ယောင်း..ဟိုမှာနင့်ရဲ့ဂျီမလား"

"ဘယ်မှာလဲ"

"ဟိုးမှာလေ"

ဆူဇီလက်ညိုးထိုးရာကြည့်တော့ဂျီမှဂျီအစစ်

အဆောက်အဦးတစ်ခုထဲကနေထွက်လာတာပဲ

မျက်နှာလည်းမကောင်းဘူးဘယ်လိုစိတ်ညစ်စရာတွေများရှိနေတာလဲ

"ငါသွားတော့မယ်နော်ဆူဇီ"

ချက်ချင်းတွေထွက်သွားတဲ့ချယ်ယောင်းကြောင့်ဆူဇီီ့ခမျာ

"ဟဲ့..နင်ရှင်းမှာဆို...ကင်ချယ်ယောင်းငါ့ကိုလုပ်ချသွားပြန်ပြီ"

စိတ်ထဲကနေပဲချယ်ယောင်းကိုမေတ္တာတွေပွားများပေးလိုက်တယ်

"ဂျီ....."

ကားတံခါးဖွင့်ဖို့ပြင်နေတဲ့ဂျီဆူ့လက်တွေရပ်တန့်သွားပြီးအနောက်ပြန်လှည့်ကြည့်လိုက်တော့

"ယောင်း.."

မတွေ့ရတဲ့အတောအတွင်းဂျီ့ကိုသိပ်လွမ်းနေခဲ့တာကြောင့်လူကဟန်တောင်မဆောင်နိုင်ပဲပြေးဖက်ပစ်လိုက်တယ်

"လွမ်းနေခဲ့တာဂျီ..."

ဂျီ့ဆံနွယ်တွေကိုပွတ်သပ်ရင်းချယ်ယောင်းဆိုလိုက်တယ်

"ဒီရက်ပိုင်းဘာတွေလုပ်နေခဲ့တာလဲဂျီရယ်ဖုန်းလည်းဆက်မရ..ဆိုင်ကိုလည်းမလာနဲ့ချယ်သိပ်စိတ်ပူခဲ့ရတာ"

ဂျီပင်ပန်းနေတာအသိသာကြီးမျက်နှာလေးကလည်းချောင်ကျသွားလိုက်တာ

ဇီးရွက်လောက်သာကျန်တော့တယ်

"အိမ်ကညီမလေးပျောက်နေလို့ပါ"

"ဟမ်...ဂျီ့ညီမလေးပျောက်နေတယ်"

"ဟုတ်တယ်ယောင်း"

"သူကဘယ်အရွယ်ရှိပြီလဲဂျီချယ်လည်းကူရှာပေးမယ်လေ"

"အသက်ကယောင်းနဲ့ရွယ်တူပဲအိမ်ပြန်မလာတာငါးရက်လောက်ရှိနေပြီအရင်လည်းလီလီကအိမ်ပြန်မအိပ်တာမျိုးရှိတတ်လို့ဒီတိုင်းနေနေသေးတာ"

"ဒါပေမယ့်အခုဟာကအဆက်အသွယ်လည်းမရပဲပျောက်နေတာငါးရက်တောင်ရှိပြီဆိုတော့"

ဂျီ့အသံနဲ့မျက်နှာကိုကြည့်ရုံနဲ့တင်ညီမဖြစ်သူကိုဘယ်လောက်ထိစိတ်ပူနေလဲဆိုတာအထင်းသား...

"အရမ်းလည်းမစိုးရိမ်ပါနဲ့သူအန္တရာယ်ကင်းကင်းရှိနေမှာပါ"

ဂျီဆူ့လက်တွေကိုဆုပ်ကိုင်ပေးလာတဲ့ယောင်းငယ်ရဲ့လက်တွေဟာအင်မတန်နွေးထွေးလွန်းတယ်

ကျေးဇူးတင်ပါတယ်ယောင်းငယ်

"သူ့နာမည်ကဘယ်သူလဲချယ်လည်းလိုက်ရှာပေးမယ်"

"လာလီဆာ"

"ဟမ်..ဘယ်သူ"

"လာလီဆာလို့..လာလီဆာမာနိုဘန်"

ကမ္ဘာကြီးကအဲ့လောက်ကျဥ်းရလားဟင်အဆိုးအပေကဂျီ့ရဲ့ညီမလေးတဲ့..

သေလိုက်ပါတော့လားချယ်ယောင်းရယ်

ယောင်းငယ်ကလီလီ့နာမည်ကြားပြီးဘာလို့အဲ့လောက်လန့်သွားရတာလဲ

ထူးဆန်းတယ်.....

×××××××××××မဒမ့်လိုနှလုံးသားကိုဦးစားမပေးတဲ့သူလေးတွေရှိကြလား????

အားလုံးကိုလေးစားချစ်ခင်လျက်🤎××××××××××××(Zawgyi)

"ကင်ချယ်ယောင်း"













ခွပ်!!!

"အ့...."



"မောင်!!!"







"နီ..."

"အရမ်းနာနေတယ်မလား"







"ဟင်!!"









"တော်တော့ကွာ.."

"ချစ်တယ်ပြောလေ"

"မချစ်ဘူး"

"လိမ်နေတာ"



"အိမ်ထဲလိုက်ခဲ့လီဆာ"













"ဘာ"






လီဆာမတ်ခနဲထရပ်ရင်း







"တောင်းပန်ပါတယ်မောင်..."


"လမ်းဖယ်ပေး"










"သူ့အကြောင်းမပြောနဲ့"





ဂျိန်း!!!




အရာရာကိုဉီးနှောက်နဲ့ပဲဆုံးဖြတ်တတ်တဲ့ဂျန်းနီကအချစ်ရေးမှာလည်းနှလုံးသားကိုဉီးစားမပေးဖြစ်ပြန်ဘူး...












🌻🌼





"ဂျန်း..."

















"စီးကရက်သောက်ချင်တယ်"



"အွန်း..ဝင်ဝယ်ပေးပါ"






🌻🌼




"ချယ်ယောင်းနင်ဘာတြွေဖစ်နေတာလဲ"




"ဘယ်သွားလို့လဲ"


"ဖုန်းဆက်ကြည့်လေဟာ"




"ဘယ်မှာလဲ"

"ဟိုးမှာလေ"


အဆောက်အဉီးတစ်ခုထဲကနေထွက်လာတာပဲ



ချက်ချင်းတွေထွက်သွားတဲ့ချယ်ယောင်းကြောင့်ဆူဇီ့ခမျာ



"ဂျီ....."


"ယောင်း.."


"လွမ်းနေခဲ့တာဂျီ..."







"ဟုတ်တယ်ယောင်း"









"လာလီဆာ"

"ဟမ်..ဘယ်သူ"





ထူးဆန်းတယ်.....



There are no comments yet. Log in to be the first to leave a review!

Similar stories