7
15:53, 30 October 2022(Unicode)မဒမ်နဲ့အဲ့လူနဲ့အတူရှိနေရင်အရိုးထဲကနေကိုစိမ့်နေအောင်နာကျင်ရတာ
အဲ့တာကြောင့်လည်းတမင်ကိုမဒမ့်ကိုအဲ့လူနားကခေါ်ထုတ်လာတာ
တော်ပါသေးတယ်လီဆာထင်နေခဲ့တာမဒမ်ကအဲ့လူကိုရွေးမယ်လို့လေ
ကံကောင်းစွာပဲမဒမ်ရွေးချယ်လိုက်တာလီဆာ
မဒမ့်ကြောင့်ဒီနေ့ကားပြိုင်ဖို့လည်းပျက်သွားပါပြီ.....
ဘမ်နဲ့အန်နာကိုနောက်နေ့မှတောင်းပန်တော့မယ်
သူတို့ဖုန်းဆက်မှာစိုးလို့တောင်လီဆာဖုန်းပိတ်ထားသေး
"မဒမ်ဆင်းလို့ရပြီဗျ"
ခပ်ပြုံးပြုံးဆိုလာတဲ့လီဆာဟာဘာမှဖြစ်တဲ့ပုံလည်းမပေါ်
ဂျန်းနီကတော့စိတ်ရှုပ်နေမိတယ်
ရှက်သလိုလိုကြောက်သလိုလိုဖြစ်နေတာ
သူနဲ့ချိန်းထားတာမှမဟုတ်တာအရူးလိုခေါင်းငြိမ့်လိုက်တဲ့ကိုယ့်ကိုယ်ကိုအံ့သြလို့မှမဆုံး....
ဒီအဂျစ်ကိုရှက်လွန်းလို့ဘယ်လိုမျက်နှာပြရပါ့
"မဒမ်ဘာတွေတွေးနေတာလဲဆင်းတော့လို့ရောက်ပြီလေ"
အဂျစ်ကောင်စကားကြောင့်ဘေးဘီဝဲရာကြည့်မိတော့ကွင်းထီးထိီးကြီးတွေပဲရှိလေတယ်
ဘယ်လိုနေရာမျိုးကိုခေါ်လာတာလဲလူဆိုးရယ်
"တို့မင်းကိုပြောစရာရှိတယ်လီဆာ"
အပြင်ထွက်တော့မယ့်လီဆာတစ်ယောက်မဒမ့်စကားကြောင့်ခြေထောက်တစ်ဖက်ကိုကားထဲပြန်ထည့်လိုက်ရတယ်
တံခါးကိုတော့ဖွင့်ပဲထားလိုက်တယ်
"လီလီနားထောင်နေပါတယ်မဒမ်"
"တို့မင်းခေါ်တာကိုလိုက်လာတယ်ဆိုတာမင်းပြဿနာရှာမှာစိုးလို့"
"ဘယ်လို!!"
"တို့သာမင်းနဲ့လိုက်မလာရင်ဂျုံအင်ကိုတစ်ခုခုလုပ်မှာစိုးလို့"
တောက်ခ်!!!
လီဆာ့တောက်ခ်ခေါ်သံကြောင့်ဂျန်းနီအလန့်တကြားသူ့ကိုကြည့်မိတယ်
မျက်နှာမှာဘယ်လောက်ဒေါသဖြစ်နေလဲအထင်းသား
"အာ့ဆိုကျွန်မနဲ့လိုက်လာတာအဲ့လူကိုနာအောင်လုပ်မှာစိုးလို့အဲ့လိုလား"
"လီဆာ...တို့ပြောချင်တာကလေ"
"တော်ပါတော့..မဒမ်ရယ်ထပ်မကြားပါရစေနဲ့"
အသက်ကိုလုရှူနေရသလိုဖြစ်နေတဲ့လီဆာ့ပုံစံကြောင့်ဂျန်းနီမျက်တောင်မခတ်ကြည့်နေမိသည်
သူဘာဖြစ်နေတာပါလိမ့်...
"မဒမ့်ကိုကျွန်မချစ်တယ်လေကျွန်မချစ်ရေးဆိုထားပြီးသားအဲ့လူနဲ့ရှိနေရင်ကျွန်မမကြိုက်ဘူးအဲ့တာကြောင့်မဒမ့်ကိုချစ်နေတဲ့လူတစ်ယောက်အနေနဲ့ကျွန်မအခုလိုလုပ်လိုက်တာလေမဒမ်"
တစ်လုံးချင်းခပ်အေးအေးဆိုနေတဲ့အဂျစ်ကောင်ကြောင့်ဂျန်းနီအံ့သြနေမိတာအမှန်
"မဒမ့်အတွက်အဲ့လူကအဲ့လောက်ထိအရေးပါလွန်းတာလားမဒမ်"
တို့မင်းကိုနားလည်အောင်လည်းမပြောတတ်တော့ဘူး
တို့ဖြစ်နိုင်ရင်အမှန်ကိုဝန်ခံချင်တာပေါ့တို့ဘဝမှာအရေးပါဆုံးကမင်းပါလို့...
ဒါပေမယ့်မဖြစ်နိုင်ဘူးလီဆာကလေးစိတ်မပျောက်သေးဘဲမရင့်ကျက်နိုင်တဲ့မင်းလိုလူကိုတို့ဘဝကြီးပုံအပ်ဖို့ တို့မရဲဘူး
"ဂျုံအင်ကတို့ကိုချစ်ခွင့်ပန်ခဲ့တာလွန်ခဲ့တဲ့ဆယ်နှစ်တည်းကလီဆာ"
"ဆယ်နှစ်...အဲ့တော့ကျွန်မကဘာလုပ်ရမှာလဲမဒမ့်ကိုလွန်ခဲ့တဲ့ဆယ်နှစ်တည်းကသာတွေ့ခဲ့မယ်ဆိုကျွန်မလည်းအဲ့တည်းကချစ်ခဲ့မှာ"
မဒမ့်ရဲ့မျက်လုံးတွေဟာအေးစက်စက်မျက်နှာဟာလည်းတည်တည်ငြိမ်ငြိမ်ပဲ
အဲ့လောက်တောင်လီဆာ့အပေါ်စိတ်မရှိဘူးလား
"တို့မင်းလိုကလေးဆန်တဲ့လူတွေကိုမကြိုက်ဘူးလီဆာ"
"အဟက်!!!"
လီဆာခနဲ့သလိုအသံထွက်ရယ်လိုက်ပြီးမဲ့ပြုံးလေးနဲ့ဂျန်းနီကိုကြည့်နေတယ်
"ဒါဆိုလည်းလူကြီးဆန်တဲ့အဲ့လူကိုပဲလွန်ခဲ့တဲ့ဆယ်နှစ်တည်းကဘာလို့မရွေးချယ်ခဲ့လဲကင်ဂျန်းနီ"
"တို့သူ့စိတ်ကိုစမ်းသပ်ချင်လို့"
"အခုထိမပြီးသေးဘူးလားအဲ့လူဆယ်စုနှစ်တစ်ခုအထိမဒမ့်ကိုပဲချစ်ပြီးစောင့်နေခဲ့တာမလား"
မဒမ်ဟာနားလည်ရခက်တဲ့အကြည့်မျိုးနဲ့လီဆာ့ကိုကြည့်နေခဲ့တယ်
"တို့သူ့ကိုမချစ်လို့လေ"
"ဒါဆိုရှင်းနေတာပဲ..အဲ့လူကိုပြတ်ပြတ်သားသားငြင်းပစ်လိုက်လေမဒမ်ရာ"
"တို့ဘဝရဲ့ဦးစားပေးတွေထဲမှာအချစ်ဆိုတာနောက်ဆုံးအဆင့်ပဲလီဆာ"
"ဟမ်..."
လီဆာဘာပြန်ပြောလို့ပြောရမှန်းမသိမဒမ်ကသွေးအေးတဲ့လူမှန်းသိပေမယ့်ဒီလောက်ထိလိုလို့လားဟင်
"အဲ့တာကြောင့်မင်းရဲ့လူငယ်ဘဝကိုတို့ဆီမှာလာကုန်ဆုံးစရာမလိုဘူးလီဆာ"
"အာ့ဆိုလီလီဘာလုပ်ရမလဲမဒမ်ဆိုလိုချင်တာကအကယ်၍လီလီ့ကိုချစ်မိခဲ့ရင်တောင်မရွေးချယ်ဘူးလို့ပြောတာမလား"
အဂျစ်လေးဟာဒီလိုကျနားလည်လွယ်သား
ပါးနပ်တဲ့လူသားလေးပဲ
"တို့ဆက်မပြောချင်ဘူးလီဆာ"
"မဒမ့်ကိုလီလီတကယ်ချစ်တာပါတကယ်လို့လီလီ့နှလုံးသားကြီးကလီလီစီးနေကျဆိုင်ကယ်တို့ကားတိုလို့ကိုယ်တိုင်ထိန်းချုပ်လို့ရရင်မဒမ့်ကိုမချစ်နဲ့တော့ဆိုပြီးအမိန့်ပေးလိုက်မှာ"
"ဒါပေမယ့်နှလုံးသားမဒမ်ရဲ့အဲ့လိုထိန်းချုပ်လို့မရဘူး"
လီဆာဒီစကားတွေကိုမနည်းထိန်းပြီးဆိုနေရတာ
ငိုချင်စိတ်ကဘယ်လိုမှထိန်းမရ
ရင်ဘတ်ထဲကလည်းအောင့်လိုက်တာဆိုတာ
"လီဆာ...တို့ကလည်းအဲ့အချစ်ကိုမယုံဘူး"
"မဒမ်ရာ..."
စီယာတိုင်ကိုခပ်ပြင်းပြင်းထုလိုက်ပြီးလီဆာအပြင်ကိုထွက်သွားတယ်
ညနေတောင်စောင်းတော့မယ်မကြာခင်နေဝင်ပြီးမှောင်ရီပျိုးတော့မှာ
လမ်းပေါ်မှာရပ်ရင်းလယ်ကွင်းတွေကိုကြည့်ရင်းလီဆာစီးကရက်သောက်နေခဲ့တယ်
ဂျန်းနီကတော့ကားထဲကနေပဲလီဆာ့ကိုကြည့်နေခဲ့သည်
"တို့တောင်းပန်ပါတယ်လီဆာရယ်တို့ကိုမချစ်ပါနဲ့လား....."
"လီဆာပဲနာကျင်ရမှာတို့အရွယ်ကအချစ်အတွက်စွန့်စားသင့်တဲ့အရွယ်လည်းမဟုတ်ရူးမိုက်လို့ကလည်းမဖြစ်လေ"
ကိုယ့်ကိုမချစ်တော့အောင်သာစကားလုံးအပြင်းစားတွေပြောလိုက်တာ
ဂျန်းနီကိုယ်တိုင်လည်းခံစားရတာပေါ့
ဒီလူသားလေးကိုမချစ်တာမှမဟုတ်တာ...
ချစ်ရတဲ့သူနဲ့အတူအချစ်ကိုခံစားချင်ခဲ့တယ်
ဒါပေမယ့်သတ္တိမရှိဘူးလီဆာရယ်
သူ့ကိုလည်းအပြည့်အဝမယုံကြည်ရဲဘူး...
ဂျန်းနီအတွေးတွေတစ်ခန်းရပ်ပြီးလီဆာ့ဆီသွားတယ်
"မဒမ်သိလား..."
လီဆာဟာသူမရောက်လာတာကိုသိနေတာပဲ
စီးကရက်ငွေ့တွေကိုနှာခေါင်းကနေထုတ်ရင်းကောင်းကင်ကြီးကိုမော့ကြည့်ကာပြောတယ်
"လီလီ့အချစ်တွေကိုမဒမ်ကတိမ်စိုင်တွေလိုထင်နေတာလား"
သူ့စကားကြောင့်ဂျန်းနီအလိုလိုကောင်းကင်ကတိမ်တွေကိုငေးကြည့်မိတယ်
"လီလီ့အချစ်တွေကတိမ်စိုင်မဟုတ်ဘူးထာဝရတည်ရှိနေမယ့်ကောင်းကင်ကြီးမဒမ်ရဲ့"
"ဟင်!!!"
ရုတ်တရက်ကြီးအဖက်ခံလိုက်ရတာကြောင့်ဂျန်းနီလန့်တောင်သွားတယ်
သူ့စကားတွေကြောင့်ကောင်းကင်ထဲစိတ်ရောက်နေတုန်းလူဆိုးကောင်ကရင်ခွင်ထဲဆွဲသွင်းတာ
"ချစ်တယ်မဒမ်...ပြန်မချစ်နိုင်ရင်တောင်လီလီ့ကိုမောင်းမထုတ်ပါနဲ့"
သူ့စကားတွေဟာအစစ်အမှန်တွေမှန်းဂျန်းနီခံစားမိပါတယ်....
ထိုအချိန်နောက်ထပ်ခံစားရတာကပခုံးထက်ကစိုစိစိအတွေ့....
"လီဆာမင်းငိုနေတာလား"
ဂျန်းနီသူ့ရင်ခွင်ထဲကရုန်းပြီးသူ့မျက်နှာကိုဆွဲယူကြည့်လိုက်တော့သိပ်လှတဲ့မျက်လုံးဝိုင်းဝိုင်းတွေဟာမျက်ရည်တွေကျနေလိုက်တာ...
မငိုပါနဲ့လားလီဆာရယ်...မင်းမျက်လုံးလေးတွေကသိပ်လှတာ
အဲ့လိုအရည်တွေတွဲခိုနေရင်အကျည်းတန်သလိုဖြစ်သွားလို့
"ဘာလို့ငိုနေတာလဲမင်းကကလေးလား"
"လီလီကအိမ်မှာဆိုအငယ်ဆုံးပဲကလေးလိုပဲဆိုးလာခဲ့တာ.."
ဒီကလေးဆိုးချင်သလိုဆိုးနေတာဒါကြောင့်ကိုး
"တော်တော့တိတ်..မင်းဆက်ငိုနေမယ်ဆိုတို့ဒီတစ်ခါတကယ်အနားမှာနေခွင့်မပေးတော့ဘူး"
"မငိုတော့ပါဘူး..လီလီတိတ်တော့မယ်နော်"
ဝတ်ထားတဲ့လည်သာဂျာကင်လက်နဲ့မျက်နှာကိုပွတ်ဆွဲနေတဲ့လီဆာ့ကိုကြည့်ပြီးဂျန်းနီခေါင်းခါပြီးရယ်နေမိတယ်
"အဲ့လိုသုတ်မှတော့မင်းမျက်နှာကြီးပါးရေတွေတွန့်ကုန်မှာပေါ့"
"မိန်းကလေးဖြစ်ပြီးကြမ်းတမ်းလိုက်တာဆိုတာ"
"မင်းကတကယ့်အဆိုးအဂျစ်"
ဂျန်းနီဟာပါးစပ်ကလည်းပြောလက်ကလည်းလီဆာ့ပါးပြင်ကမျက်ရည်တွေကိုခပ်ဖွဖွသုတ်ပေးနေတာ
လီဆာကတော့သူ့မျက်ရည်တွေသုတ်ပေးနေတဲ့ဂျန်းနီကိုကြည့်ပြီးပြုံးနေမိတာပါးစပ်နားရွက်တပ်ချိတ်တော့မှာ
"မဒမ်....."
လီဆာဟာလေးနက်သောအကြည့်တွေနဲ့သူ့ပါးထက်ကဂျန်းနီရဲ့လက်လေးကိုဆုပ်ကိုင်ပြီး
"ချစ်တယ်"
တကယ့်ကိုအတည်ငြိမ်ဆုံးဆိုပြီးသူမမျက်နှာအနားကိုလီဆာတိုးကပ်လာတယ်
ဂျန်းနီဟာလည်းသူ့မျက်လုံးဝိုင်းဝိုင်းတွေအကြည့်နက်နက်တွေမှာကျရှုံးနေပြီ
ဘာကိုမှမတွေးတောနိုင်တော့ပေ...
ထိကပ်သွားတဲ့နှုတ်ခမ်းလေးနှစ်ခု...
အလိုလိုလှုပ်ရှားမိသွားတဲ့နှုတ်ခမ်းသားတွေဟာလည်းအနိုင်မခံအရှုံးမပေးပါပဲ...
စီးကရက်နံ့မခံနိုင်တဲ့မဒမ်ဟာလူဆိုးကောင်နဲ့တွေ့မှပဲအသားကျနေသယောင်
စီးကရက်နံ့တွေမွန်နေတဲ့သူ့နှုတ်ခမ်းဖူးဖူးကိုမက်မောနေတာ
လီဆာ့လက်ဖဝါးတွေဟာဂျန်းနီမျက်နှာကိုထိန်းကိုင်ထားသလို
သူမလက်တွေဟာလည်းသူ့လည်တိုင်မှာချိတ်ဆက်ထားတာ
နေလုံးလှလှဟာလည်းအချိန်မှန်ပဲပျောက်ကွယ်ပါတော့မယ်
အပြန်အလှန်မောဟိုက်စွာနမ်းနေကြတဲ့အဂျစ်လေးနဲ့မဒမ်ရယ်
နောက်ခံနေဝင်ချိန်ရယ်ဟာအဖိုးမဖြတ်နိုင်သောပါပဲ....
"မဒမ်အရမ်းမောနေလားဟင်"
ဂျန်းနီအသက်ရှူဖို့လိုတာကြောင့်လူဆိုးလေးကိုတွန်းလိုက်ပြီးအနမ်းတွေကိုရပ်တန့်လိုက်တာ
"တို့တွေပြန်ရအောင်.."
မဒမ်ဟာရင်ဘတ်လေးကိုဖိထားရင်းကားဆီကိုပြန်သွားလေတယ်...
လီဆာကတော့ကိုယ့်နှုတ်ခမ်းကိုပြန်ကိုင်ရင်း
"မဒမ့်နှုတ်ခမ်းလေးကအိချက်..."
"ရူးနေပြီမဒမ်ရေ..လီလီတော့ရူးပြီးရင်းရူးပဲ"
အာဗြဲကြီးနဲ့အော်ပြောနေတဲ့လီဆာ့စကားတွေကိုသူမကြားပါတယ်
အဂျစ်ကောင်ရဲ့ချစ်စဖွယ်စကားကိုသဘောမကျဘူးပြောရင်ညာရာကျတာပေါ့
ဒါပေမယ့်လည်းအရူးထပြီးသူနမ်းတာကိုလက်ခံလိုက်မိလို့ရှက်နေရပြန်ပြီ...
ဆယ်ကျော်သက်လည်းမဟုတ်တော့ပဲအခုမှအဲ့အရွယ်ရောက်နေသလိုခံစားချက်တွေဖြစ်ပေါ်နေလည်းဂျန်းနီကိုယ့်ဟာကိုတောင်နားမလည်တော့ပါ..
🌻🌼
"ကျေးဇူးတင်ပါတယ်ဂျီ..အိမ်လိုက်ပို့လို့"
ခါးပတ်ကိုဖြုတ်ပြီးဂျီဆူ့ကိုပြုံးကာပြောနေတဲ့ချယ်ယောင်း
"မလိုပါဘူးယောင်းရယ်"
"နောက်ဆိုဂျီ့ကိုခဏခဏလာတွေ့မယ်နော်"
"ဖုန်းနံပါတ်ပေးထားတယ်လေဖုန်းပဲဆက်ပေါ့"
"မရပါဘူး..ဂျီ့ကိုတွေ့ချင်တာ"
"ဘာလို့လဲယောင်း"
ချယ်ယောင်းမျက်လုံးတွေကိုတည့်တည့်ကြီးစိုက်ကြည့်ပြီးမေးနေတဲ့ဂျီဆူကြောင့်
သူ့ခမျာခြေဖျားလက်ဖျားတောင်အေးတယ်
"အယ်..ဟို...ဟိုလေဂျီကမုန့်ဝယ်ကျွေးလို့"
"ဟမ်!!!"
"ယောင်းသွားပြီနော်..တာ့တာဂျီ"
ကားပေါ်ကနေလေအဟုန်နဲ့ပြေးဆင်းသွားတဲ့ယောင်းငယ်ကြောင့်သဘောတကျရယ်နေမိတာဂျီဆူ...
ယောင်းငယ်လိုပုံမျိုးနဲ့ဒီတစ်သက်ဂျီဆူတော့အပျိုကြီးအဖြစ်နဲ့ပဲနေရတော့မယ်ထင်တယ်
သေတဲ့အထိညီအစ်မဇုန်ထဲကရုန်းမထွက်နိုင်ရင်ဘယ်နှယ့်လုပ်...
"ယောင်းရယ်..ချစ်ရင်ချစ်တယ်ပြောတော့လား"
ဂျီဆူလည်းကားလေးကိုမောင်းထွက်သွားလေတယ်
"မဒမ်"
"........"
မဒမ်ဟာရှက်နေပုံပဲ..တစ်လမ်းလုံးဘာစကားမှလည်းမပြောသလိုသက်ပြင်းတွေပဲအခါခါချနေတာ
အခုလည်းကြည့်ပါးလေးတွေရဲပြီးလီဆာခေါ်တာလည်းပြန်မပြောဘူး
"မဒမ်လို့"
"အမလေး"
မျက်နှာအနားအရမ်းကပ်လာတဲ့လီဆာ့ကြောင့်ဂျန်းနီလန့်သွားရတယ်
"အဲ့လောက်တောင်ကြောက်စရာကောင်းနေတာလား"
ဘဲလိုနှုတ်ခမ်းကြီးစူပြီးမေးနေတဲ့အဂျစ်ကောင်ကြောင့်ဂျန်းနီမှာမရယ်မိအောင်မနည်းထိန်းထားရတယ်
"မဟုတ်ပါဘူးမင်းကအတင်းကပ်လာတော့ တို့ကလန့်တာပေါ့"
"နမ်းတုန်းကကျမလန့်ဘူးနော်"
ပြီတီတီနဲ့ဆိုလာတဲ့အဂျစ်လေးကြောင့်မျက်နှာကြီးရဲသထက်ရဲလာတာဟာအရှက်ကြီးတဲ့မဒမ်ပဲပေါ့
"အဲ့အကြောင်းမပြောနဲ့"
"မေ့ခိုင်းတာလား"
"မေ့လို့ရရင်မေ့ပေါ့"
ထိုစကားကြားတော့လီဆာဟာခေါင်းကိုအတွင်တွင်ခါတယ်
ဂျန်းနီရဲ့ညာဘက်လက်ကိုလည်းဆွဲယူပြီး
"လီလီ့ဘဝမှာအပျော်ရွှင်ရဆုံးအခိုက်အတန့်မို့အရိုးထဲထိစိမ့်နေအောင်မှတ်သားထားမှာမဒမ်..."
ပြွတ်စ်!!!
မဒမ့်လက်ဖမိုးလေးကိုအမြတ်တန်ိုးလေးနမ်းလိုက်တဲ့လီဆာ
သူ့ရဲ့ဒီလိုအသည်းယားစရာအပြုအမူတွေမှာလူကဘာမှမခံစားရအောင်သံမဏိလူသားမှမဟုတ်တာ...
ရင်ထဲမှာကုလားဘုရားလှည့်နေသလိုပဲ
"တို့ဆင်းတော့မယ်"
ကားပေါ်ကပြေးဆင်းသွားတဲ့မဒမ့်နောက်ကိုလီဆာဟာပြေးလိုက်သွားတယ်
ခြံထဲဝင်တော့မယ့်မဒမ့်ကိုအနောက်ကနေတင်းတင်းကြပ်ကြပ်ကိုဖက်လိုက်တယ်
"နီ့ကိုအရမ်းချစ်တယ်..နီ"
သူမရဲ့ဆံနွယ်လေးတွေကိုနမ်းရှိုက်ရင်းလီဆာကဆိုတယ်
ဒုန်းဆိုင်းခုန်ပေါက်နေတဲ့ရင်အစုံကြောင့်အဂျစ်ကောင်ကြားသွားမှာတောင်ကြောက်နေရတယ်
"အဲ့တာဘာလုပ်နေကြတာလဲ"
ကြားလိုက်ရတဲ့အသံကြောင့်ဂျန်းနီရောလီဆာပါလန့်သွားတယ်
×××××××××××××××ကြယ်လေးတွေပေးသွားကြပါအုန်း💫
အားလုံးကိုလေးစားချစ်ခင်လျက်🤎
××××××××××××××××(Zawgyi)
မဒမ္နဲ႔အဲ့လူနဲ႔အတူရိွေနရင္အရိုးထဲကေနကိုစိမ့္ေနေအာင္နာက်င္ရတာ
အဲ့တာေၾကာင့္လည္းတမင္ကိုမဒမ့္ကိုအဲ့လူနားကေခၚထုတ္လာတာ
ေတာ္ပါေသးတယ္လီဆာထင္ေနခဲ့တာမဒမ္ကအဲ့လူကိုေရြးမယ္လို႔ေလ
ကံေကာင္းစြာပဲမဒမ္ေရြးခ်ယ္လိုက္တာလီဆာ
မဒမ့္ေၾကာင့္ဒီေန့ကားၿပိဳင္ဖို႔လည္းပ်က္သြားပါၿပီ.....
ဘမ္နဲ႔အန္နာကိုေနာက္ေန့မွေတာင္းပန္ေတာ့မယ္
သူတို႔ဖုန္းဆက္မွာစိုးလို႔ေတာင္လီဆာဖုန္းပိတ္ထားေသး
"မဒမ္ဆင္းလို႔ရၿပီရွင့္"
ခပ္ၿပံဳးၿပံဳးဆိုလာတဲ့လီဆာဟာဘာမျွဖစ္တဲ့ပံုလည္းမေပၚ
ဂ်န္းနီကေတာ့စိတ္ရႈပ္ေနမိတယ္
ရွက္သလိုလိုေၾကာက္သလိုလိုျဖစ္ေနတာ
သူနဲ႔ခ်ိန္းထားတာမွမဟုတ္တာအရူးလိုေခါင္းၿငိမ့္လိုက္တဲ့ကိုယ့္ကိုယ္ကိုအံ့ၾသလို႔မွမဆံုး....
ဒီအဂ်စ္ကိုရွက္လြန္းလို႔ဘယ္လိုမ်က္ႏွာျပရပါ့
"မဒမ္ဘာေတြေတြးေနတာလဲဆင္းေတာ့လို႔ေရာက္ၿပီေလ"
အဂ်စ္ေကာင္စကားေၾကာင့္ေဘးဘီဝဲရာၾကည့္မိေတာ့ကြင္းထီးထီးႀကီးေတြပဲရိွေလတယ္
ဘယ္လိုေနရာမ်ိဳးကိုေခၚလာတာလဲလူဆိုးရယ္
"တို႔မင္းကိုေျပာစရာရိွတယ္လီဆာ"
အျပင္ထြက္ေတာ့မယ့္လီဆာတစ္ေယာက္မဒမ့္စကားေၾကာင့္ေျခေထာက္တစ္ဖက္ကိုကားထဲျပန္ထည့္လိုက္ရတယ္
တံခါးကိုေတာ့ဖြင့္ပဲထားလိုက္တယ္
"လီလီနားေထာင္ေနပါတယ္မဒမ္"
"တို႔မင္းေခၚတာကိုလိုက္လာတယ္ဆိုတာမင္းျပႆနာရွာမွာစိုးလို႔"
"ဘယ္လို!!"
"တို႔သာမင္းနဲ႔လိုက္မလာရင္ဂ်ံဳအင္ကိုတစ္ခုခုလုပ္မွာစိုးလို႔"
ေတာက္ခ္!!!
လီဆာ့ေတာက္ခ္ေခၚသံေၾကာင့္ဂ်န္းနီအလန္႔တၾကားသူ႔ကိုၾကည့္မိတယ္
မ်က္ႏွာမွာဘယ္ေလာက္ေဒါသျဖစ္ေနလဲအထင္းသား
"အာ့ဆိုကြၽန္မနဲ႔လိုက္လာတာအဲ့လူကိုနာေအာင္လုပ္မွာစိုးလို႔အဲ့လိုလား"
"လီဆာ...တို႔ေျပာခ်င္တာကေလ"
"ေတာ္ပါေတာ့..မဒမ္ရယ္ထပ္မၾကားပါရေစနဲ႔"
အသက္ကိုလုရႉေနရသလိုျဖစ္ေနတဲ့လီဆာ့ပံုစံေၾကာင့္ဂ်န္းနီမ်က္ေတာင္မခတ္ၾကည့္ေနမိသည္
သူဘာျဖစ္ေနတာပါလိမ့္...
"မဒမ့္ကိုကြၽန္မခ်စ္တယ္ေလကြၽန္မခ်စ္ေရးဆိုထားၿပီးသားအဲ့လူနဲ႔ရိွေနရင္ကြၽန္မမႀကိဳက္ဘူးအဲ့တာေၾကာင့္မဒမ့္ကိုခ်စ္ေနတဲ့လူတစ္ေယာက္အေနနဲ႔ကြၽန္မအခုလိုလုပ္လိုက္တာေလမဒမ္"
တစ္လံုးခ်င္းခပ္ေအးေအးဆိုေနတဲ့အဂ်စ္ေကာင္ေၾကာင့္ဂ်န္းနီအံ့ၾသေနမိတာအမွန္
"မဒမ့္အတြက္အဲ့လူကအဲ့ေလာက္ထိအေရးပါလြန္းတာလားမဒမ္"
တို႔မင္းကိုနားလည္ေအာင္လည္းမေျပာတတ္ေတာ့ဘူး
တို႔ျဖစ္ႏိုင္ရင္အမွန္ကိုဝန္ခံခ်င္တာေပါ့တို႔ဘဝမွာအေရးပါဆံုးကမင္းပါလို႔...
ဒါေပမယ့္မျဖစ္ႏိုင္ဘူးလီဆာကေလးစိတ္မေပ်ာက္ေသးဘဲမရင့္က်က္ႏိုင္တဲ့မင္းလိုလူကိုတို႔ဘဝႀကီးပံုအပ္ဖို႔ တို႔မရဲဘူး
"ဂ်ံဳအင္ကတို႔ကိုခ်စ္ခြင့္ပန္ခဲ့တာလြန္ခဲ့တဲ့ဆယ္ႏွစ္တည္းကလီဆာ"
"ဆယ္ႏွစ္...အဲ့ေတာ့ကြၽန္မကဘာလုပ္ရမွာလဲမဒမ့္ကိုလြန္ခဲ့တဲ့ဆယ္ႏွစ္တည္းကသာေတြ့ခဲ့မယ္ဆိုကြၽန္မလည္းအဲ့တည္းကခ်စ္ခဲ့မွာ"
မဒမ့္ရဲ့မ်က္လံုးေတြဟာေအးစက္စက္မ်က္ႏွာဟာလည္းတည္တည္ၿငိမ္ၿငိမ္ပဲ
အဲ့ေလာက္ေတာင္လီဆာ့အေပၚစိတ္မရိွဘူးလား
"တို႔မင္းလိုကေလးဆန္တဲ့လူေတြကိုမႀကိဳက္ဘူးလီဆာ"
"အဟက္!!!"
လီဆာခနဲ႔သလိုအသံထြက္ရယ္လိုက္ၿပီးမဲ့ၿပံဳးေလးနဲ႔ဂ်န္းနီကိုၾကည့္ေနတယ္
"ဒါဆိုလည္းလူႀကီးဆန္တဲ့အဲ့လူကိုပဲလြန္ခဲ့တဲ့ဆယ္ႏွစ္တည္းကဘာလို႔မေရြးခ်ယ္ခဲ့လဲကင္ဂ်န္းနီ"
"တို႔သူ႔စိတ္ကိုစမ္းသပ္ခ်င္လို႔"
"အခုထိမၿပီးေသးဘူးလားအဲ့လူဆယ္စုႏွစ္တစ္ခုအထိမဒမ့္ကိုပဲခ်စ္ၿပီးေစာင့္ေနခဲ့တာမလား"
မဒမ္ဟာနားလည္ရခက္တဲ့အၾကည့္မ်ိဳးနဲ႔လီဆာ့ကိုၾကည့္ေနခဲ့တယ္
"တို႔သူ႔ကိုမခ်စ္လို႔ေလ"
"ဒါဆိုရွင္းေနတာပဲ..အဲ့လူကိုျပတ္ျပတ္သားသားျငင္းပစ္လိုက္ေလမဒမ္ရာ"
"တို႔ဘဝရဲ့ၪီးစားေပးေတြထဲမွာအခ်စ္ဆိုတာေနာက္ဆံုးအဆင့္ပဲလီဆာ"
"ဟမ္..."
လီဆာဘာျပန္ေျပာလို႔ေျပာရမွန္းမသိမဒမ္ကေသြးေအးတဲ့လူမွန္းသိေပမယ့္ဒီေလာက္ထိလိုလို႔လားဟင္
"အဲ့တာေၾကာင့္မင္းရဲ့လူငယ္ဘဝကိုတို႔ဆီမွာလာကုန္ဆံုးစရာမလိုဘူးလီဆာ"
"အာ့ဆိုလီလီဘာလုပ္ရမလဲမဒမ္ဆိုလိုခ်င္တာကအကယ္၍လီလီ့ကိုခ်စ္မိခဲ့ရင္ေတာင္မေရြးခ်ယ္ဘူးလို႔ေျပာတာမလား"
အဂ်စ္ေလးဟာဒီလိုက်နားလည္လြယ္သား
ပါးနပ္တဲ့လူသားေလးပဲ
"တို႔ဆက္မေျပာခ်င္ဘူးလီဆာ"
"မဒမ့္ကိုလီလီတကယ္ခ်စ္တာပါတကယ္လို႔လီလီ့ႏွလံုးသားႀကီးကလီလီစီးေနက်ဆိုင္ကယ္တို႔ကားတိုလို႔ကိုယ္တိုင္ထိန္းခ်ဳပ္လို႔ရရင္မဒမ့္ကိုမခ်စ္နဲ႔ေတာ့ဆိုၿပီးအမိန္႔ေပးလိုက္မွာ"
"ဒါေပမယ့္ႏွလံုးသားမဒမ္ရဲ့အဲ့လိုထိန္းခ်ဳပ္လို႔မရဘူး"
လီဆာဒီစကားေတြကိုမနည္းထိန္းၿပီးဆိုေနရတာ
ငိုခ်င္စိတ္ကဘယ္လိုမွထိန္းမရ
ရင္ဘတ္ထဲကလည္းေအာင့္လိုက္တာဆိုတာ
"လီဆာ...တို႔ကလည္းအဲ့အခ်စ္ကိုမယံုဘူး"
"မဒမ္ရာ..."
စီယာတိုင္ကိုခပ္ျပင္းျပင္းထုလိုက္ၿပီးလီဆာအျပင္ကိုထြက္သြားတယ္
ညေနေတာင္ေစာင္းေတာ့မယ္မၾကာခင္ေနဝင္ၿပီးေမွာင္ရီပ်ိဳးေတာ့မွာ
လမ္းေပၚမွာရပ္ရင္းလယ္ကြင္းေတြကိုၾကည့္ရင္းလီဆာစီးကရက္ေသာက္ေနခဲ့တယ္
ဂ်န္းနီကေတာ့ကားထဲကေနပဲလီဆာ့ကိုၾကည့္ေနခဲ့သည္
"တို႔ေတာင္းပန္ပါတယ္လီဆာရယ္တို႔ကိုမခ်စ္ပါနဲ႔လား....."
"လီဆာပဲနာက်င္ရမွာတို႔အရြယ္ကအခ်စ္အတြက္စြန္႔စားသင့္တဲ့အရြယ္လည္းမဟုတ္ရူးမိုက္လို႔ကလည္းမျဖစ္ေလ"
ကိုယ့္ကိုမခ်စ္ေတာ့ေအာင္သာစကားလံုးအျပင္းစားေတြေျပာလိုက္တာ
ဂ်န္းနီကိုယ္တိုင္လည္းခံစားရတာေပါ့
ဒီလူသားေလးကိုမခ်စ္တာမွမဟုတ္တာ...
ခ်စ္ရတဲ့သူနဲ႔အတူအခ်စ္ကိုခံစားခ်င္ခဲ့တယ္
ဒါေပမယ့္သတၲိမရိွဘူးလီဆာရယ္
သူ႔ကိုလည္းအျပည့္အဝမယံုၾကည္ရဲဘူး...
ဂ်န္းနီအေတြးေတြတစ္ခန္းရပ္ၿပီးလီဆာ့ဆီသြားတယ္
"မဒမ္သိလား..."
လီဆာဟာသူမေရာက္လာတာကိုသိေနတာပဲ
စီးကရက္ေငြ့ေတြကိုႏွာေခါင္းကေနထုတ္ရင္းေကာင္းကင္ႀကီးကိုေမာ့ၾကည့္ကာေျပာတယ္
"လီလီ့အခ်စ္ေတြကိုမဒမ္ကတိမ္စိုင္ေတြလိုထင္ေနတာလား"
သူ႔စကားေၾကာင့္ဂ်န္းနီအလိုလိုေကာင္းကင္ကတိမ္ေတြကိုေငးၾကည့္မိတယ္
"လီလီ့အခ်စ္ေတြကတိမ္စိုင္မဟုတ္ဘူးထာဝရတည္ရိွေနမယ့္ေကာင္းကင္ႀကီးမဒမ္ရဲ့"
"ဟင္!!!"
ရုတ္တရက္ႀကီးအဖက္ခံလိုက္ရတာေၾကာင့္ဂ်န္းနီလန္႔ေတာင္သြားတယ္
သူ႔စကားေတြေၾကာင့္ေကာင္းကင္ထဲစိတ္ေရာက္ေနတုန္းလူဆိုးေကာင္ကရင္ခြင္ထဲဆြဲသြင္းတာ
"ခ်စ္တယ္မဒမ္...ျပန္မခ်စ္ႏိုင္ရင္ေတာင္လီလီ့ကိုေမာင္းမထုတ္ပါနဲ႔"
သူ႔စကားေတြဟာအစစ္အမွန္ေတြမွန္းဂ်န္းနီခံစားမိပါတယ္....
ထိုအခ်ိန္ေနာက္ထပ္ခံစားရတာကပခံုးထက္ကစိုစိစိအေတြ့....
"လီဆာမင္းငိုေနတာလား"
ဂ်န္းနီသူ႔ရင္ခြင္ထဲကရုန္းၿပီးသူ႔မ်က္ႏွာကိုဆြဲယူၾကည့္လိုက္ေတာ့သိပ္လွတဲ့မ်က္လံုးဝိုင္းဝိုင္းေတြဟာမ်က္ရည္ေတြက်ေနလိုက္တာ...
မငိုပါနဲ႔လားလီဆာရယ္...မင္းမ်က္လံုးေလးေတြကသိပ္လွတာ
အဲ့လိုအရည္ေတြတြဲခိုေနရင္အက်ည္းတန္သလိုျဖစ္သြားလို႔
"ဘာလို႔ငိုေနတာလဲမင္းကကေလးလား"
"လီလီကအိမ္မွာဆိုအငယ္ဆံုးပဲကေလးလိုပဲဆိုးလာခဲ့တာ.."
ဒီကေလးဆိုးခ်င္သလိုဆိုးေနတာဒါေၾကာင့္ကိုး
"ေတာ္ေတာ့တိတ္..မင္းဆက္ငိုေနမယ္ဆိုတို႔ဒီတစ္ခါတကယ္အနားမွာေနခြင့္မေပးေတာ့ဘူး"
"မငိုေတာ့ပါဘူး..လီလီတိတ္ေတာ့မယ္ေနာ္"
ဝတ္ထားတဲ့လည္သာဂ်ာကင္လက္နဲ႔မ်က္ႏွာကိုပြတ္ဆြဲေနတဲ့လီဆာ့ကိုၾကည့္ၿပီးဂ်န္းနီေခါင္းခါၿပီးရယ္ေနမိတယ္
"အဲ့လိုသုတ္မွေတာ့မင္းမ်က္ႏွာႀကီးပါးေရေတြတြန္႔ကုန္မွာေပါ့"
"မိန္းကေလးျဖစ္ၿပီးၾကမ္းတမ္းလိုက္တာဆိုတာ"
"မင္းကတကယ့္အဆိုးအဂ်စ္"
ဂ်န္းနီဟာပါးစပ္ကလည္းေျပာလက္ကလည္းလီဆာ့ပါးျပင္ကမ်က္ရည္ေတြကိုခပ္ဖြဖြသုတ္ေပးေနတာ
လီဆာကေတာ့သူ႔မ်က္ရည္ေတြသုတ္ေပးေနတဲ့ဂ်န္းနီကိုၾကည့္ၿပီးၿပံဳးေနမိတာပါးစပ္နားရြက္တပ္ခ်ိတ္ေတာ့မွာ
"မဒမ္....."
လီဆာဟာေလးနက္ေသာအၾကည့္ေတြနဲ႔သူ႔ပါးထက္ကဂ်န္းနီရဲ့လက္ေလးကိုဆုပ္ကိုင္ၿပီး
"ခ်စ္တယ္"
တကယ့္ကိုအတည္ၿငိမ္ဆံုးဆိုၿပီးသူမမ်က္ႏွာအနားကိုလီဆာတိုးကပ္လာတယ္
ဂ်န္းနီဟာလည္းသူ႔မ်က္လံုးဝိုင္းဝိုင္းေတြအၾကည့္နက္နက္ေတြမွာက်ရႈံးေနၿပီ
ဘာကိုမွမေတြးေတာႏိုင္ေတာ့ေပ...
ထိကပ္သြားတဲ့ႏႈတ္ခမ္းေလးႏွစ္ခု...
အလိုလိုလႈပ္ရွားမိသြားတဲ့ႏႈတ္ခမ္းသားေတြဟာလည္းအႏိုင္မခံအရႈံးမေပးပါပဲ...
စီးကရက္နံ႔မခံႏိုင္တဲ့မဒမ္ဟာလူဆိုးေကာင္နဲ႔ေတြ့မွပဲအသားက်ေနသေယာင္
စီးကရက္နံ႔ေတြမြန္ေနတဲ့သူ႔ႏႈတ္ခမ္းဖူးဖူးကိုမက္ေမာေနတာ
လီဆာ့လက္ဖဝါးေတြဟာဂ်န္းနီမ်က္ႏွာကိုထိန္းကိုင္ထားသလို
သူမလက္ေတြဟာလည္းသူ႔လည္တိုင္မွာခ်ိတ္ဆက္ထားတာ
ေနလံုးလွလွဟာလည္းအခ်ိန္မွန္ပဲေပ်ာက္ကြယ္ပါေတာ့မယ္
အျပန္အလွန္ေမာဟိုက္စြာနမ္းေနၾကတဲ့အဂ်စ္ေလးနဲ႔မဒမ္ရယ္
ေနာက္ခံေနဝင္ခ်ိန္ရယ္ဟာအဖိုးမျဖတ္ႏိုင္ေသာပါပဲ....
"မဒမ္အရမ္းေမာေနလားဟင္"
ဂ်န္းနီအသက္ရႉဖို႔လိုတာေၾကာင့္လူဆိုးေလးကိုတြန္းလိုက္ၿပီးအနမ္းေတြကိုရပ္တန္႔လိုက္တာ
"တို႔ေတျြပန္ရေအာင္.."
မဒမ္ဟာရင္ဘတ္ေလးကိုဖိထားရင္းကားဆီကိုျပန္သြားေလတယ္...
လီဆာကေတာ့ကိုယ့္ႏႈတ္ခမ္းကိုျပန္ကိုင္ရင္း
"မဒမ့္ႏႈတ္ခမ္းေလးကအိခ်က္..."
"ရူးေနၿပီမဒမ္ေရ..လီလီေတာ့ရူးၿပီးရင္းရူးပဲ"
အာၿဗဲႀကီးနဲ႔ေအာ္ေျပာေနတဲ့လီဆာ့စကားေတြကိုသူမၾကားပါတယ္
အဂ်စ္ေကာင္ရဲ့ခ်စ္စဖြယ္စကားကိုသေဘာမက်ဘူးေျပာရင္ညာရာက်တာေပါ့
ဒါေပမယ့္လည္းအရူးထၿပီးသူနမ္းတာကိုလက္ခံလိုက္မိလို႔ရွက္ေနရျပန္ၿပီ...
ဆယ္ေက်ာ္သက္လည္းမဟုတ္ေတာ့ပဲအခုမွအဲ့အရြယ္ေရာက္ေနသလိုခံစားခ်က္ေတျြဖစ္ေပၚေနလည္းဂ်န္းနီကိုယ့္ဟာကိုေတာင္နားမလည္ေတာ့ပါ..
🌻🌼
"ေက်းဇူးတင္ပါတယ္ဂ်ီ..အိမ္လိုက္ပို႔လို႔"
ခါးပတ္ကိုျဖဳတ္ၿပီးဂ်ီဆူ႔ကိုၿပံဳးကာေျပာေနတဲ့ခ်ယ္ေယာင္း
"မလိုပါဘူးေယာင္းရယ္"
"ေနာက္ဆိုဂ်ီ့ကိုခဏခဏလာေတြ့မယ္ေနာ္"
"ဖုန္းနံပါတ္ေပးထားတယ္ေလဖုန္းပဲဆက္ေပါ့"
"မရပါဘူး..ဂ်ီ့ကိုေတြ့ခ်င္တာ"
"ဘာလို႔လဲေယာင္း"
ခ်ယ္ေယာင္းမ်က္လံုးေတြကိုတည့္တည့္ႀကီးစိုက္ၾကည့္ၿပီးေမးေနတဲ့ဂ်ီဆူေၾကာင့္
သူ႔ခမ်ာေျခဖ်ားလက္ဖ်ားေတာင္ေအးတယ္
"အယ္..ဟို...ဟိုေလဂ်ီကမုန္႔ဝယ္ေကြၽးလို႔"
"ဟမ္!!!"
"ေယာင္းသြားၿပီေနာ္..တာ့တာဂ်ီ"
ကားေပၚကေနေလအဟုန္နဲ႔ေျပးဆင္းသြားတဲ့ေယာင္းငယ္ေၾကာင့္သေဘာတက်ရယ္ေနမိတာဂ်ီဆူ...
ေယာင္းငယ္လိုပံုမ်ိဳးနဲ႔ဒီတစ္သက္ဂ်ီဆူေတာ့အပ်ိဳႀကီးအျဖစ္နဲ႔ပဲေနရေတာ့မယ္ထင္တယ္
ေသတဲ့အထိညီအစ္မဇုန္ထဲကရုန္းမထြက္ႏိုင္ရင္ဘယ္ႏွယ့္လုပ္...
"ေယာင္းရယ္..ခ်စ္ရင္ခ်စ္တယ္ေျပာေတာ့လား"
ဂ်ီဆူလည္းကားေလးကိုေမာင္းထြက္သြားေလတယ္
"မဒမ္"
"........"
မဒမ္ဟာရွက္ေနပံုပဲ..တစ္လမ္းလံုးဘာစကားမွလည္းမေျပာသလိုသက္ျပင္းေတြပဲအခါခါခ်ေနတာ
အခုလည္းၾကည့္ပါးေလးေတြရဲၿပီးလီဆာေခၚတာလည္းျပန္မေျပာဘူး
"မဒမ္လို႔"
"အမေလး"
မ်က္ႏွာအနားအရမ္းကပ္လာတဲ့လီဆာ့ေၾကာင့္ဂ်န္းနီလန္႔သြားရတယ္
"အဲ့ေလာက္ေတာင္ေၾကာက္စရာေကာင္းေနတာလား"
ဘဲလိုႏႈတ္ခမ္းႀကီးစူၿပီးေမးေနတဲ့အဂ်စ္ေကာင္ေၾကာင့္ဂ်န္းနီမွာမရယ္မိေအာင္မနည္းထိန္းထားရတယ္
"မဟုတ္ပါဘူးမင္းကအတင္းကပ္လာေတာ့ တို႔ကလန္႔တာေပါ့"
"နမ္းတုန္းကက်မလန္႔ဘူးေနာ္"
ၿပီတီတီနဲ႔ဆိုလာတဲ့အဂ်စ္ေလးေၾကာင့္မ်က္ႏွာႀကီးရဲသထက္ရဲလာတာဟာအရွက္ႀကီးတဲ့မဒမ္ပဲေပါ့
"အဲ့အေၾကာင္းမေျပာနဲ႔"
"ေမ့ခိုင္းတာလား"
"ေမ့လို႔ရရင္ေမ့ေပါ့"
ထိုစကားၾကားေတာ့လီဆာဟာေခါင္းကိုအတြင္တြင္ခါတယ္
ဂ်န္းနီရဲ့ညာဘက္လက္ကိုလည္းဆြဲယူၿပီး
"လီလီ့ဘဝမွာအေပ်ာ္ရႊင္ရဆံုးအခိုက္အတန္႔မို႔အရိုးထဲထိစိမ့္ေနေအာင္မွတ္သားထားမွာမဒမ္..."
ႁပြတ္စ္!!!
မဒမ့္လက္ဖမိုးေလးကိုအျမတ္တန္ိုးေလးနမ္းလိုက္တဲ့လီဆာ
သူ႔ရဲ့ဒီလိုအသည္းယားစရာအျပဳအမူေတြမွာလူကဘာမွမခံစားရေအာင္သံမဏိလူသားမွမဟုတ္တာ...
ရင္ထဲမွာကုလားဘုရားလွည့္ေနသလိုပဲ
"တို႔ဆင္းေတာ့မယ္"
ကားေပၚကေျပးဆင္းသြားတဲ့မဒမ့္ေနာက္ကိုလီဆာဟာေျပးလိုက္သြားတယ္
ၿခံထဲဝင္ေတာ့မယ့္မဒမ့္ကိုအေနာက္ကေနတင္းတင္းၾကပ္ၾကပ္ကိုဖက္လိုက္တယ္
"နီ႔ကိုအရမ္းခ်စ္တယ္..နီ"
သူမရဲ့ဆံႏြယ္ေလးေတြကိုနမ္းရိႈက္ရင္းလီဆာကဆိုတယ္
ဒုန္းဆိုင္းခုန္ေပါက္ေနတဲ့ရင္အစံုေၾကာင့္အဂ်စ္ေကာင္ၾကားသြားမွာေတာင္ေၾကာက္ေနရတယ္
"အဲ့တာဘာလုပ္ေနၾကတာလဲ"
ၾကားလိုက္ရတဲ့အသံေၾကာင့္ဂ်န္းနီေရာလီဆာပါလန္႔သြားတယ္
×××××××××××××××ၾကယ္ေလးေတြေပးသြားၾကပါအုန္း💫
အားလံုးကိုေလးစားခ်စ္ခင္လ်က္🤎
××××××××××××××××
There are no comments yet. Log in to be the first to leave a review!





