Fanfics

6

15:44, 30 October 2022

(Unicode)ကျောင်းရဲ့မေပယ်ပင်ကြီးအောက်ကနေရာလေးမှာထုံးစံအတိုင်းလီဆာတို့အုပ်စုရှိနေကြတယ်

"ဟဲ့လီဆာ..."

စီးကရက်သောက်ရင်းဖုန်းသုံးနေတဲ့လီဆာဟာဘမ့်အားဘာလဲဆိုတဲ့အထာနဲ့မေးငေါ့ပြတယ်

"နင်ဒီနေ့ကားပြိုင်မလို့ဆို"

"ဟုတ်တယ်လေငါအဲ့နေရာတွေမသွားရတာကြာတော့လွမ်းနေပြီ"

"နင်ကမဒမ့်ကိုပဲငမ်းနေတာကိုး"

လီဆာကဘာစကားမှမပြောပဲပြုံးစိပြုံးစိဖြစ်နေတာကြောင့်

"လီဆာနင်ဘာတွေတွေးနေတာလဲ"

"မဒမ့်အကြောင်းပေါ့ကွာ"

"နင်တော့ဆေးမမှီတော့ဘူး"

"လီဆာကအစ်မဂျန်းနီကိုအတော်သဘောကျသွားတာပဲ"

ဘာစကားမှဝင်မပြောတဲ့အန်နာကအခုမှပဲပြောတော့တယ်

"မဒမ့်ကိုချစ်မိသွားတာ"

"အခြေအနေဘယ်လိုလဲ"

"အေးဟုတ်တယ်ငါတို့ကိုပြောပြအုန်းမဒမ်ကနင့်အပေါ်ဘယ်လိုဆက်ဆံလဲဆိုတာ"

"ဘမ်!!"

"အေးပြောလေ"

"မဒမ်လို့ခေါ်ခွင့်ရှိတာငါတစ်ယောက်တည်း"

"နင်ကလည်းတွန့်တိုလိုက်တာ"

"ဘာဖြစ်လဲတိုတယ်ဟာ"

"နင်တို့နှစ်ကောင်ကလည်းအချိန်တိုင်းရန်ပဲဖြစ်နေကြတာပဲတော်ကြတော့"

"ဒီကောင်အရင်စ,တာကိုး"

"အေးပါဟာငါမခေါ်တော့ဘူးအန်နာ့လိုပဲအစ်မဂျန်းနီလို့ခေါ်မယ်"

"အဲ့လိုမှပေါ့"

လိမ္မာတယ်ဆိုတဲ့ပုံစံနဲ့လီဆာကဘမ့်ခေါင်းကိုတောင်ပုတ်လိုက်သေးတယ်

"မဒမ့်ကိုချစ်ရေးဆိုထားတယ်"

"လီဆာရယ်မမြန်လွန်းဘူးလား"

"မမြန်ပါဘူးနှေးတောင်နေသေး"

"နင်ကချစ်ရေးဆိုတော့ဟိုကငြင်းလိုက်တယ်မလား"

"ကဲကွာ"

လီဆာဒေါသထွက်ပြီးဘမ့်ကိုကန်လိုက်တာခုံပေါ်ကပြုတ်ကျတယ်

"နာတာလီဆာရာငါကစ,တဲ့ဟာက်ို"

"မဒမ်နဲ့ပတ်သက်ပြီးမစ,နဲ့ငါလုံးဝမကြိုက်ဘူးငါ့လိုလူချောလေးကိုငြင်းစရာလားကွ"

"အာ့ဆိုလက်ခံလိုက်တာလား"

"မဟုတ်ဘူး"

လီဆာ့စကားကြောင့်ဘမ်ရောအန်နာပါစိတ်ပျက်သွားတယ်

"လီဆာရယ်မသိရင်ပဲနင်ပြောနေတဲ့ပုံစံကြီးကချက်ချင်းရည်းစားတွေဖြစ်သွားသလိုနဲ့"

"အေးလေဟုတ်တာလည်းမဟုတ်ပဲ"

"ငါ့ကိုအထင်မသေးကြပါနဲ့ဟမဒမ်ငါ့ကိုချစ်လာစေရမယ်"

"ဟိုကနင့်ကိုစဥ်းစားပေးမယ်ရောပြောလား"

"မပြောဘူး"

"လီဆာရယ်နင်တို့ဇာတ်ကဟုတ်မှလည်းလုပ်"

"ဟုတ်အောင်လုပ်မှာပါငါကလာလီဆာပဲကို"

လီဆာစီးကရက်ကိုမြေကြီးပေါ်ပစ်ချကာပြောင်လက်နေတဲ့ရှူးဖိနပ်နဲ့ဖိချေလိုက်ပြီး....

"ငါတို့ကားပြိုင်ပွဲမသွားခင်ငါ့အိမ်မှာကားဝင်ယူပြီးတစ်နေရာကိုဝင်မယ်နင်တို့တွေကတော့ပြိုင်ကွင်းကပဲစောင့်နေ"

"ဘယ်လဲ"

"မသိချင်နဲ့"

"အန်နာနင်လိုက်မှာလား"

"လိုက်မှာပေါ့ဘမ်ဘမ်ရာငါတို့ကသွေးသောက်သုံးယောက်ပဲလေအတူတူဆိုးကြတာပေါ့မဟုတ်ဘူးလား"

"အေးအန်နာပြောတာမှန်တယ်"

"ဒါဆိုငါတို့လစ်ကြမယ်"

အန်နာ့ကိုအလယ်မှာထားရင်းတစ်ယောက်ပခုံးတစ်ယောက်ဖက်ပြီးထွက်သွားကြလေသည်...

🌻🌼

ဒီနေ့လည်းအတန်းပြီးတာနဲ့ဂျီ့ကိုတွေ့ဖို့အပြေးလေးကိုရတနာဆိုင်ကိုလှမ်းခဲ့တယ်

ဆိုင်ထဲဝင်ဖို့မှန်တံခါးကိုတွန်းဖွင့်ဖို့ကြိုးစားလိုက်တဲ့အချိန်တွေ့လိုက်ရတဲ့မျက်နှာလှလှကြောင့်ချယ်ယောင်းခြေမကိုင်မိလက်မကိုင်မိဖြစ်သွားလေတယ်

"ဂျီ...."

"ယောင်း...မမဆီလာလည်တာလား"

ချယ်ယောင်းအူတူတူနဲ့ခေါင်းငြိမ့်ပြလိုက်တယ်

ဂျီကတော့ပြုံးပြီးကိုချယ်ယောင်းရဲ့တစ်ကိုယ်လုံးကိုအကဲခတ်နေလေတယ်

ဂျီ့ကြောင့်ချယ်ယောင်းတောင်နည်းနည်းနေရခက်သွားတယ်

"ဂျီဘာလို့အဲ့လောက်ကြည့်နေတာလဲဟင်"

"ဒီနေ့ယောင်းကကြည့်ကောင်းနေလို့"

"ရှင်!!"

"ထားပါအဝကြီးမှာပိတ်သလိုဖြစ်နေပြီမမတို့တစ်နေရာရာသွားကြမလား"

"ဂျီအပြင်ထွက်တာသွားစရာရှိလို့မဟုတ်ဘူးလား"

"ကော်ဖီသောက်ချင်စိတ်ဖြစ်လာတာနဲ့ဆိုင်သွားသောက်မလို့"

"သြော်...သွားကြမယ်လေ"

ယောင်းငယ်ဟာပိုင်ဆိုးပိုင်နင်းနဲ့ဂျီဆူ့လက်ကိုဆွဲပြီးခေါ်သွားတယ်

မအူမလည်ပုံစံလေးနဲ့ဒီလိုကျယောင်းငယ်ကတော်သား

"ကားပေါ်တက်"

"ဒါဂျီ့ကားလား"

"မမကားပေါ်မတက်ခိုင်းလို့ဘယ်သူ့ကားပေါ်တက်ခိုင်းရမှာလဲ"

ခပ်ပြုံးပြုံးဆိုလာတဲ့ဂျီဟာသိပ်လှတာပဲ

ချောပေ့လှပေ့ဆိုတဲ့ရာဇဝင်ထဲကအမျိုးသမီးတွေတောင်ယောင်းငယ်ရဲ့ဂျီ့အလှကိုမှီမှာမဟုတ်

စာဖွဲ့လို့မရလောက်အောင်လှတာ

"ယောင်းကော်ဖီကြိုက်ရဲ့လား"

လုံခြုံရေးခါးပတ်ပတ်ရင်းဂျီဟာချယ်ယောင်းကိုမေးလိုက်တယ်

"ကြိုက်ပါတယ်ဂျီရဲ့"

"ပြီးတာပဲဒါဆိုငြိမ်ငြိမ်လေးလိုက်ခဲ့"

ရယ်သံလေးနဲ့ပြောလိုက်တဲ့ဂျီဟာချယ်ယောင်းကိုငါးနှစ်ကလေးများထင်နေတာလားနော်

ငြိမ်ငြိမ်လိုက်ဆိုပဲ....

စကားနားထောင်တဲ့ချယ်ယောင်းဟာလည်းတစ်လမ်းလုံးဘာစကားမှမပြောရှာဘူး

ဂျီ့ကိုပဲငေးရင်းလိုက်လာတာဂျီ့မျက်နှာသာတစ်ကမ္ဘာ

ဂျီဆူဟာလည်းသူ့အတွေးနဲ့သူ

ဟာဝိုင်အီရှပ်ကိုကြယ်သီးနှစ်လုံးလောက်ထိဖြုတ်ထားပြီးဂျင်းနဲ့တွဲဝတ်ထားတဲ့ယောင်းဟာရင်ခုန်သံတွေမြန်ဆန်အောင်ပြုစားနေသလိုပဲ

ဒီကမမကယောင်းငယ်မပြုစားတောင်ပစ်ကြွေချင်နေတာမသိလေသလားကွယ်

"ဂျီဘာကော်ဖီသောက်မလဲချယ်သွားမှာပေးမယ်လေ"

ဆိုင်ရောက်တော့လည်းယောင်းငယ်ဟာထိုင်ခုံကအစနေရာစီစဥ်ပေးရင်းအလိုက်တသိဂရုစိုက်ပေးနေသေးတာ

"အမေရိကာနိုပဲယောင်း"

"ခဏပဲစောင့်ချယ်သွားမှာလိုက်မယ်"

ဂျီဆူခေါင်းပဲငြိမ့်ပြလိုက်တယ်

ကော်ဖီဘားမှာမတ်တပ်ရပ်စောင့်နေတဲ့ယောင်းငယ်ကိုကြည့်ရင်းတွေးမိတယ်

ယောင်းငယ်သာမမအပိုင်ဖြစ်လာရင်ဘယ်လောက်ကောင်းလိုက်မလဲ

"ဂျီဘာတွေစဥ်းစားနေတာလဲ"

စိတ်တွေလွင့်နေဟန်တူတဲ့ဂျီ့ကိုခေါ်ဖို့ချယ်ယောင်းလက်ဖျောက်တီးလိုက်ရသေးတယ်

"ဒီတိုင်းပါ"

"ဂျီ့အတွက်"

သူမအတွက်ဆိုပြီးထိုးပေးလာတဲ့အထဲမှာအမေရိကာနိုအပြင်အသည်းပုံချောကလက်ကိတ်လေးကပါသေး

"ယောင်း..ဒါက"

"အမေရိကာနိုကြီးပဲကျပျင်းစရာကောင်းတယ်လေ"

မျက်ခုံးလေးတစ်ဖက်ပင့်ရင်းချယ်ယောင်းကice coffeeလေးသောက်ကာပြန်ဖြေတယ်

"ယောင်းကျတော့ရောမပျင်းဘူးလား"

သူကျကော်ဖီအေးတစ်ခွက်ပဲမှာလာတာမို့ဂျီဆူကမေးငေါ့ရင်းပြန်မေးတယ်

"တူတူစားမှာလေ"

ကလေးတစ်ယောက်လိုချစ်စရာကောင်းအောင်ပြုံးပြနေတဲ့ယောင်းငယ်ဟာအပြစ်ကင်းလိုက်တာ

"ရှင်လေးသဘောပါပဲခြွေတာရာလည်းရောက်တာပေါ့"

"ဒါပေါ့ဂျီရဲ့"

ဂျီဆူကကိတ်ကိုအရင်မြည်းတယ်

ချယ်ယောင်းကတော့ဂျီစားတာလေးကိုတစိမ့်စိမ့်လေးကြည့်ရင်း

"အဲ့အသည်းကိတ်ကိုချယ့်နှလုံးသားလို့သဘောထားနော်ဂျီ"

ဂုတ်ပိုးလေးပွတ်ရင်းဆိုလာတဲ့ယောင်းငယ်ဟာနေရာမှားစွာပဲအရှက်ပိုနေလေတယ်

သူ့စကားကြောင့်ဂျီဆူ့ရင်ထဲဝယ်လိပ်ပြာအကောင်တစ်ထောင်ပျံသန်းနေတာတော့မသိရှာ

"ဘာအဓိပ္ပာယ်လဲယောင်း"

အရဲစွန့်ရင်းဂျီဆူမေးလိုက်တယ်

ယောင်းသာဖွင့်ပြောရင်ဂျီဆူကခေါင်းငြိမ့်တော့မှာ

"ဒီတိုင်းပြောလိုက်တာပါစိတ်ထဲမထားနဲ့"

မျက်နှာသေနဲ့ပြောလာတဲ့ယောင်းစကားတွေကြောင့်တစ်ကိုယ်လုံးကသွေးတွေဆောင့်တက်ချင်သွားတယ်

ဂျီဆူအများကြီးမျှော်လင့်မိသွားလား

ယောင်းဟာခံစားချက်ကိုဝန်ခံဖို့အရေးဝေ့လည်ကြောင်ပတ်လုပ်နေသေးတယ်

ဒါမှမဟုတ်ဂျီဆူ့ဘက်ကပဲတစ်ဖက်သတ်အထင်မှားခဲ့တာလား...

🌻🌼

"Ceo...မနက်ဖြန်အစည်းအဝေးအတွက်အချက်အလက်တွေကိုကျွန်မဒီညပဲmailကပို့ပေးထားပါ့မယ်"

"ကောင်းပြီလေအမှားမပါစေနဲ့"

"ဟုတ်ကဲ့Ceo"

"ပြန်လို့ရပြီ"

အတွင်းရေးမှူးမလေးကိုပြန်လွတ်ရင်းဂျန်းနီလည်းအိမ်ပြန်ဖို့ကားပါကင်ကိုဆင်းလာခဲ့တယ်

ကားဆီအလာတစ်ဖက်ပလပ်ဖောင်းမှာတွေ့လိုက်ရတဲ့လီဆာ့ကြောင့်မျက်ခုံးတွေပင့်တက်သွားတယ်

"သူဘယ်လိုရောက်နေတာလဲ"

ဂျန်းနီကသာအံ့သြနေတာအဂျစ်ကောင်ကတော့စီးကရက်ခဲပြီးအငွေ့တရှိုက်ရှိုက်နဲ့လက်ပြနေသေးတာ

ဂျန်းနီမသိချင်ယောင်ပဲဆောင်နေလိုက်တယ်

"ဂျန်း...."

မသိကျိုးကျွံပြုဖို့ပြင်နေတဲ့အချိန်ဘယ်ကမှန်းမသိရောက်လာတဲ့ဂျုံအင်

"ဂျုံအင်နင်ဘာလာလုပ်တာလဲ"

"ဂျန်းရယ်အရင်လည်းလာနေကျကို"

ဟုတ်သားပဲဂျုံအင်ကဒီလိုပဲဝင်ထွက်နေလေ့ရှိတာကိုဂျန်းနီကအထူးအဆန်းမေးမိသလိုဖြစ်သွားတယ်

"အိမ်ပြန်တော့မလို့လား"

"အေးဟုတ်တယ်"

"ငါနဲ့တစ်နေရာလိုက်ခဲ့ပါလား"

"မဒမ်ကကျွန်မနဲ့ချိန်းပြီသား"

ကြားလိုက်ရတဲ့အသံနဲ့မြင်လိုက်ရတဲ့လူသားကြောင့်လန့်သွားရတာဂျုံအင်ရောဂျန်းနီရော

"မင်းကဘယ်လိုလုပ်"

"နားကန်းနေတာလားမကြားလိုက်ဘူးလားမဒမ်ကကျွန်မနဲ့ချိန်းထားတယ်လို့"

ဇောင့်ကြွားဇောင့်ကြွားနဲ့အချိုးမပြေပုံကတော့ဖျောက်လို့မရတဲ့လူဆိုးကောင်ပါပဲ

"ဂျန်းသူပြောတာတကယ်လား"

ဂျန်းနီတစ်ယောက်အဖြေရှာရခက်နေသလိုဘာမှမပြောနိုင်ပဲငြိမ်နေခဲ့တယ်

"နီ...ပြောလိုက်လေဗျာ...ကျွန်မနဲ့ချိန်းထားတာလို့"

ဒီတစ်ခါတော့ဂျန်းနီတို့မျက်လုံးပါပြူးသွားတာ

နားကြားမလွဲပါသေချာပေါက်အဆိုးလေးကသူ့ကို"နီ"လို့ခေါ်လိုက်တာ

"အွန်း"

ကိုယ်ကိုယ်တိုင်တောင်မသိလိုက်ပဲခေါင်းငြိမ့်မိသွားတာဘာလို့များလဲ

ဒီအဂျစ်ကမှော်အတတ်များတတ်သလားနော်

"ကြားတယ်နော်ဘရို....လစ်လိုက်တော့"

လူဆိုးလေးဟာနှုတ်ခမ်းကစီးကရက်ကိုမြေပြင်ပေါ်ပစ်ချကာသူဝတ်နေကျဘွတ်ဖိနပ်အထူကြီးနဲ့ဖိချေလိုက်တယ်

"သွားကြမယ်..နီ"

ဂျန်းနီရဲ့လက်ကိုဆွဲပြီးခေါ်သွားတဲ့အဂျစ်နဲ့

မခံမရပ်နိုင်ဖြစ်ပြီးကျန်နေခဲ့တာဂျုံအင်

လီဆာကပြန်လှည့်ကြည့်ရင်းမျက်ခုံးတစ်ဖက်ပင့်ပြသွားသေးသည်

ဂျန်းနီရဲ့ကားလေးဟာလည်းမောင်းသူမဲ့ကျန်နေခဲ့ပြီးဂျုံအင်ဟာလည်းမျက်နှာကြီးနီရဲကာကျန်ခဲ့လေတယ်...

×××××××××××ကြယ်လေးတွေပေးသွားကြအုန်း💫

ညဘက်Ocတစ်ခုရှိလို့စောupပေးလိုက်တယ်

အားလုံးကိုလေးစားချစ်ခင်လျက်🤎

××××××××××××(Zawgyi)


"ဟဲ့လီဆာ..."












"အခြေအနေဘယ်လိုလဲ"


"ဘမ်!!"

"အေးပြောလေ"



"ဘာဖြစ်လဲတိုတယ်ဟာ"


"ဒီကောင်အရင်စ,တာကိုး"


"အဲ့လိုမှပေါ့"






"ကဲကွာ"


"နာတာလီဆာရာငါကစ,တဲ့ဟာကို"



"မဟုတ်ဘူး"


"လီဆာရယ်မသိရင်ပဲနင်ပြောနေတဲ့ပုံစံကြီးကချက်ချင်းရည်းစားတြွေဖစ်သွားသလိုနဲ့"




"မပြောဘူး"





"ဘယ်လဲ"

"မသိချင်နဲ့"

"အန်နာနင်လိုက်မှာလား"



"ဒါဆိုငါတို့လစ်ကြမယ်"


🌻🌼



"ဂျီ...."







"ရှင်!!"




"သြော်...သွားကြမယ်လေ"



"ကားပေါ်တက်"

"ဒါဂျီ့ကားလား"







"ကြိုက်ပါတယ်ဂျီရဲ့"







ဟာဝိုင်အီရှပ်ကိုကြယ်သီးနှစ်လုံးလောက်ထိဖြုတ်ထားပြီးဂျင်းနဲ့တွဲဝတ်ထားတဲ့ယောင်းဟာရင်ခုန်သံတြွေမန်ဆန်အောင်ပြုစားနေသလိုပဲ




"အမေရိကာနိုပဲယောင်း"







"ဒီတိုင်းပါ"

"ဂျီ့အတွက်"


"ယောင်း..ဒါက"





"တူတူစားမှာလေ"



"ဒါပေါ့ဂျီရဲ့"






"ဘာအဓိပ္ပာယ်လဲယောင်း"








🌻🌼



"ဟုတ်ကဲ့Ceo"

"ပြန်လို့ရပြီ"



"သူဘယ်လိုရောက်နေတာလဲ"



"ဂျန်း...."






"အေးဟုတ်တယ်"




"မင်းကဘယ်လိုလုပ်"





"နီ...ပြောလိုက်လေရှင်...ကျွန်မနဲ့ချိန်းထားတာလို့"



"အွန်း"





"သွားကြမယ်..နီ"








There are no comments yet. Log in to be the first to leave a review!

Similar stories