5
11:15, 29 June 2022(Unicode)
"ဆူရား..."
ဂျီဆူတစ်ယောက်အပေါ်ထပ်ဝရံတာမှာစာအုပ်ထိုင်ဖတ်နေရင်းအမေ့အသံကြားမှဖတ်လက်စကိုပိတ်လိုက်တယ်
"မေမေ"
"ဆူစာဖတ်နေတာဆိုလည်းမေမေမနှောင့်ယှက်တော့ဘူးလေ"
"ရပါတယ်မေမေရဲ့"
"ဒီတိုင်းပါလီလီ့အကြောင်းပြောမလို့"
"လီလီ့အကြောင်း"
"အင်း လီလီကဆိုးချင်တိုင်းဆိုးနေတော့လေမေမေသူ့ကိုဘယ်လိုလုပ်ရင်ကောင်းမလဲတွေးနေတာ"
ဂျီဆူကခပ်ဖွဖွလေးပြုံးရင်း
"မေမေရယ်သူအချိန်တန်လိမ္မာသွားပါလိမ့်မယ်"
"ဟုတ်ပါ့မလားဆူရယ်"
"ဟုတ်ပါတယ်မေမေရဲ့ ဒါနဲ့လေလီလီ့မှာသဘောကျနေတဲ့သူရှိနေပြီသိလား"
"ဟယ်ဘယ်အိမ်ကကလေးများလဲသမီးရယ်"
"အဲ့တာတော့သမီးလည်းမသိဘူးလီလီကအဲ့တစ်ယောက်ကိုမဒမ်တဲ့လေ"
"ထင်ပါတယ်မိန်းကလေးပဲနေမှာလို့"
"သူတကယ်ချစ်မိနေတဲ့ပုံ"
"အဲ့မိန်းကလေးသာလီလီ့ကိုလိမ္မာလာအောင်စာကြိုးစားချင်စိတ်ရှိလာအောင်တွန်းအားဖြစ်ပေးနိုင်ရင်ကောင်းမယ်"
"သမီးပြောချင်တာကလည်းအဲ့တာ"
"အခုလည်းကြည့်ညနက်နေပြီအိမ်ပြန်မရောက်လာသေးဘူးဟိုနေ့ကလည်းနှုတ်ခမ်းကွဲလို့ဘယ်သူတွေနဲ့ရန်ဖြစ်လာလည်းမသိ"
"လီလီ့အကြောင်းလည်းသိသားမေမေရယ်"
"ကဲပါဆူလည်းညဥ့်နက်တဲ့အထိစာဖတ်မနေနဲ့နော်လေစိမ်းတိုက်တယ်တော်ကြာဖျားသွားအုန်းမယ်"
"ဟုတ်ကဲ့မေမေ"
အိမ်ထဲပြန်ဝင်သွားတဲ့မေမေ့ကိုကြည့်ရင်းဂျီဆူပြုံးလိုက်ပြီး
"အဲ့ဒဏ်ရာသာမဒမ်ဆိုတဲ့မိန်းကလေးကြောင့်ရခဲ့မှန်းမေမေသိသွားရင်သွားပြီ"
စာအုပ်ကိုပြန်ဖွင့်ရင်းဖတ်ဖို့ပြင်တဲ့အချိန်ပေါ်လာပြန်တဲ့မျက်နှာလေးကြောင့်ခေါင်းကိုခါပစ်လိုက်သည်
သို့သော်လည်းမထူးတဲ့အပြင်မျက်နှာတင်မကအသံလေးပါပြန်ကြားယောင်နေတာ
"ယောင်း..."
ဂျီဆူစာအုပ်ဖတ်တယ်ဆိုပြီးသာခေါင်းစဥ်တက်ထားတာတကယ်တမ်းတော့ယောင်းကိုသတိရနေတာ
ယောင်းပြန်သွားကတည်းကတွေ့နေမြင်နေရတာမှန်သမျှသူ့မျက်နှာလေးချည်း...
ဂျီဆူရူးများသွားတာလား
တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှဒီလိုမဖြစ်ဖူးပါဘူးနော်
ယောင်းငယ်နဲ့မှထူးဆန်းနေတာ
ဒါဟာအချစ်များလားယောင်းရယ်??
"မမတော့ယောင်းငယ်ကိုချစ်မိနေပြီထင်တယ်"
ယောင်းငယ်လည်းချစ်တယ်မလားဟင်ထယ်ဝူနဲ့မမကိုတွေ့ပြီးယောင်းငယ်မျက်ရည်တွေဝဲနေပုံထောက်မမလိုပဲခံစားချက်တွေရှိနေတာမလား
မမစောင့်နေတယ်နော်ယောင်း...
ယောင်းငယ်ဖွင့်ပြောလာမယ့်တစ်ရက်ပေါ့
🌻🌼
အချိန်အားဖြင့်ညဆယ်နာရီဝန်းကျင်
လမ်းပေါ်မှာလူသွားလူလာနည်းပေမယ့်ဟန်မြစ်ကမ်းမှာတော့မီးထိန်ထိန်ကြဲပြီးလူလည်းအများအပြားရှိပါတယ်
အဲ့ထဲမှာမှဟန်မြစ်ကြီးကိုမျက်နှာမူကာလက်ပိုက်ထားတဲ့မဒမ်ရယ်မဒမ့်ကားဘောနက်စ်ပေါ်တက်ထိုင်နေတဲ့လီဆာရယ်ရှိနေခဲ့တယ်
"မဒမ်...လီလီ့ကိုဒီခေါ်လာပြီးဘာမှလည်းမပြောသေးပါလား"
လီဆာ့စကားကြောင့်မဒမ်ဟာဟန်မြစ်ကိုကြည့်နေရင်းကသူ့ဆီလှမ်းလာနေသည်
"မင်းကိုဒီခေါ်လာတယ်ဆိုတာတို့အိမ်သားထဲကတစ်ယောက်ယောက်မင်းနဲ့တို့ကိုမြင်ပြီးအထင်လွဲမှာစိုးလို့"
အထူးသဖြင့်ချယ်ပဲပေါ့ဒီအဂျစ်ကောင်ကိုဆိုချယ်ကလုံးဝကြည့်မရဖြစ်နေတာလေ
သူနဲ့ချယ်ယောင်းကနံပါတ်သုံးနဲ့လေးအတိုင်း
"အထင်လွဲသွားတော့ကောင်းတာပေါ့"
ခပ်ပြုံးပြုံးလေးဆိုလာတဲ့လီဆာဟာတကယ့်ကိုဘာမှန်းမသ််ိလေး
"မင်းကပြောလေဆိုးလေလေး"
"မဒမ်..လီလီ့ကိုပြန်ချစ်ပါလားဟင်"
"ချစ်စရာလား တို့ကအဲ့လောက်ထိလွယ်တဲ့မိန်းမစားမဟုတ်ဘူးနော်"
"လီလီသိပါတယ်မဒမ်ရဲ့မဒမ့်ကိုလည်းလွယ်တယ်လို့မဆိုလိုပါဘူးဒါပေမယ့်လီလီမဒမ့်ကိုချစ်တယ်လေအဖြေလိုချင်တယ်"
ပိုင်ဆိုးပိုင်နင်းနဲ့လူဆိုးလေးဟာဂျန်းနီရဲ့လက်နုနုလေးတွေကိုဆုပ်ကိုင်ထားပြန်ပါပြီ
"အချိန်တိုင်းအသားယူနေတဲ့နှာဗူး"
လီဆာ့လက်တွေထဲကရုန်းရင်းမဒမ်ကကျောပေးသွားသည်
အချိန်အတော်ကြာသည်အထိဂျန်းနီဘာသံမှမကြားရ
သူမထင်နေခဲ့တာလီဆာဟာသူမကိုတစ်ခုခုပြန်ချွဲပြီးချော့မယ်ပေါ့
အခုတော့ကျောပေးထားရတာဟိုကဘာမှတုတ်တုတ်မလှုပ်
"လီဆာမင်းဘာလုပ်"
လူဆိုးလေးဘက်ပြန်လှည့်လိုက်တော့မျက်နှာလေးမှိုင်ကျနေတဲ့သူ့ကြောင့်ဂျန်းနီအံ့သြသွားသည်
လူဆိုးလေးနဲ့စသိတည်းကပထမဆုံးအနေနဲ့ဒီလိုမျက်နှာမျိုးတွေ့ဖူးတာ
"ဘာဖြစ်နေတာလဲလီဆာ"
"မဒမ်ပြန်တော့လေအလုပ်မှာပင်ပန်းလာတော့နားချင်မှာပေါ့ကျွန်မနှောင့်ယှက်မိသလိုဖြစ်သွားတယ်တောင်းပန်ပါတယ်မဒမ်"
"ဟင်...."
ဘာဖြစ်သွားတာလဲဟအဂျစ်ကောင်ကစိတ်များကောက်သွားတာလား
"လီဆာ.."
လီဆာဟာဆိုင်ကယ်ပေါ်တောင်ရောက်နေပြီးဦးထုပ်ဆောင်းနေတယ်လေ
သူ့ကိုဘာဖြစ်သွားလဲမေးချင်သော်လည်းသူကအနားမှာမရှိတော့ဘူးဆိုတော့စိတ်လျော့လိုက်ရတယ်
ကားပေါ်တက်ခါနီးတော့လီဆာကမဒမ့်အားအော်ပြောသည်
"ကျွန်မအနောက်ကလိုက်ခဲ့အုန်းမှာနော်မဒမ်အိမ်ပြန်ရောက်တော့မှပြန်မှာ"
သူ့စကားကြောင့်ကားထဲဝင်ဖို့ပြင်နေတဲ့မဒမ်တစ်ယောက်ပျော်နေတာကိုသူတော့သိမှာမဟုတ်
"တို့ကိုငါးနှစ်သမီးများထင်နေတာလားလီလီရယ်"
ဘယ်လိုကောင်မလေးလည်းမသိစိတ်ကလည်းမချဘူး
ဒါတောင်စိတ်ဆိုးနေသလိုကလုပ်နေသေးတယ်
ဂျန်းနီကားကိုဖြေးဖြေးပဲမောင်းဖြစ်ခဲ့တယ်
တော်ကြာသူမအမြန်မောင်းလို့လီဆာကလည်းအရှိန်နဲ့လိုက်ရင်တစ်ခုခုဖြစ်မှာစိုးလို့ပါ
"အိမ်လည်းပြန်ရောက်ပြီဆိုတော့မင်းလည်းပြန်တော့နော်လီဆာ"
ကားကိုခြံရှေ့မှာထိုးပြီးဆိုင်ကယ်ပေါ်ကလူဆိုးလေးကိုပြောရသေးသည်
"မဒမ်..."
လီဆာကဆိုင်ကယ်ပေါ်ကဆင်းလာပြီးလေးနက်လွန်းသောမျက်ဝန်းတွေနဲ့မဒမ့်ကိုစိုက်ကြည့်နေခဲ့တယ်
"ကျွန်မကလိမ္မာတဲ့သူတစ်ယောက်တော့မဟုတ်ဘူးမဒမ်ဒါပေမယ့်သူများသားသမီးကိုလည်းမကောင်းတဲ့အတွေးမျိုးမတွေးခဲ့ဖူးဘူးကျွန်မကိုသဘောကျနေကြတဲ့လူတွေအများကြီးရှိပေမယ့်အပျော်ရယ်လို့တောင်မတွဲခဲ့ဘူးမဒမ်"
"ကျွန်မကနှာဗူးလည်းမဟုတ်ပါဘူးဗူးသလိုဖြစ်သွားရင်တောင်မဒမ့်ကိုချစ်လို့ပါ"
ဒီကလေးအတည်ပေါက်ကြီးပြောနေတာပဲ
"မဒမ်ကနှာဗူးလို့ပြောတော့အပြောခံရတာနဲ့တန်အောင်တော့လုပ်ရမှာပေါ့"
လီဆာတစ်ယောက်လူယုတ်မာအပြုံးပြုံးကာဂျန်းနီအနားကိုတစ်လှမ်းချင်းကပ်လာခဲ့တယ်
"လီဆာမင်းဘာလုပ်မလို့လဲ"
ဂျန်းနီနောက်ဆုတ်ရင်းနဲ့ခြံတံခါးနဲ့ကျောထိနေပြီ
"လီလီကနှာဗူးဆိုအဲ့တော့နှာဗူးကဘယ်လိုလဲပြပေးမလို့"
"လီဆာမင်းမယုတ်မာနဲ့နော်"
"ယုတ်မာမှာပဲလာမတားနဲ့"
မျက်နှာနားအတင်းတိုးလာတဲ့လီဆာ့ကြောင့်ဂျန်းနီလည်းလန့်ပြီးမျက်လုံးတွေတင်းနေအောင်မှိတ်ချလိုက်သည်
"ဟင်..."
လီဆာဟာဂျန်းနီရဲ့နဖူးလေးကိုဖိကပ်နမ်းလိုက်တာ
ဂျန်းနီထင်နေခဲ့တာလူဆိုးကောင်ဟာအကြမ်းပတမ်းနမ်းပြီးယုတ်မာတော့မယ်ထင်တာ
"လီလီကယုတ်မာချင်ရင်တောင်တကယ်မလုပ်ပါဘူးမဒမ်ရယ်"
လီဆာမျက်လုံးလေးပြူးပြီးမော့ကြည့်နေရှာတဲ့မဒမ့်ရဲ့ပါးတစ်ဖက်ကိုကိုင်ရင်းပြောလိုက်သည်
"လီလီ့ကိုအဲ့လောက်တောင်ကြောက်တာလားစိတ်မကောင်းဖြစ်လိုက်တာမဒမ်ရယ်လီလီချစ်တဲ့မဒမ်ကလီလီ့ကိုတကယ့်လူဆိုးမကောင်းတဲ့လူလို့ထင်နေခဲ့တာပဲလီလီကလူလိမ္မာတော့မဟုတ်ပေမယ့်လူယုတ်မာလည်းမဟုတ်သေးပါဘူး"
သူပြောချင်ရာပြောပြီးလီဆာဟာဆိုင်ကယ်ပေါ်တပ်ကာဦးထုပ်ဆောင်းရင်းမောင်းထွက်သွားသည်
တစ်ယောက်တည်းငေါင်ငေါင်ကြီးကျန်နေခဲ့တာမဒမ်..
အိမ်ထဲရောက်တဲ့အထိလူဟာအဆင်သိပ်မပြေသေး
အခုန်မြန်နေပြီးဗရမ်းဗတာဖြစ်နေတဲ့နှလုံးသားကြောင့်ရူးချင်တာပဲသိတယ်
"အစ်မ"
ချယ်ယောင်းရဲ့ခေါ်သံကိုတောင်ပြန်မတုန့်ပြန်နိုင်ပဲဂျန်းနီအခန်းထဲပဲဝင်သွားတယ်
ချယ်ယောင်းကလည်းအခန်းထဲထိပါလိုက်လာတာ
"အစ်မ"
"ဘာလဲချယ်ရာငါပင်ပန်းနေပြီ"
"နင့်အကောင်နဲ့တွေ့နေရလို့ပင်ပန်းနေတာမလား"
"ဘာ!!ဘယ်ကအကောင်လဲ"
ဧကန္တချယ်ယောင်း လီလီ့ကိုမြင်လိုက်တာများလား
"ဘယ်သူရှိရမလဲမျိုးရိုးမရှိတဲ့လာလီဆာပေါ့"
"သူ့ကိုအဲ့လိုမပြောနဲ့ချယ်"
"နင်ကနင့်လူထိတော့နာတာလားအစ်မငါအတန်တန်မှာတဲ့ကြားကဘာလို့လဲဟာအဲ့လူဆိုးအကြောင်းနင်မေးတည်းကထူးဆန်းနေမှန်းသိလိုက်ပေမယ့်ရူးသွားပြီလားအစ်မရယ်"
"ငါနဲ့သူကဘာမှမဟုတ်ဘူး"
"အာ့ဆိုဘာလို့အဲ့မျိုးမစစ်ကနင့်ကိုနမ်းသွားတာလဲ"
ချယ်ယောင်းကအဲ့တာတွေပါမြင်သွားတာလား
သေသာသေလိုက်ချင်တယ်
"နာမည်ခေါ်ပါလားချယ်ရယ်မျိုးမစစ်ကကျမကောင်းဘူးလေ"
"ဘာမကောင်းလို့လဲဘယ်အိမ်ကသမီးမှန်းလည်းမသိရတဲ့ကောင်ပဲဟာတော်ကြာဆိုးရွားတဲ့မျိုးရိုးကဆိုဘယ်နှယ့်လုပ်"
"လီဆာကအဲ့လိုအခြေအမြစ်မရှိတဲ့လူမျိုးမဟုတ်ဘူးချယ်ယောင်းငါအဲ့လောက်လူကဲခတ်မညံ့ဘူး"
"တော်စမ်းပါအစ်မရာနင်ဘာမှအရူးထမနေနဲ့ဂျုံအင်အိုပါးရှိနေတာပဲကိုအဲ့လူဆိုးနဲ့မပတ်သက်စမ်းပါနဲ့"
"ငါကနင့်အစ်မနော်ချယ်ယောင်းလာဆုံးမမနေနဲ့နင်သွားတော့"
ဂျန်းနီမျက်နှာဟာတင်းမာလွန်းနေတာကြောင့်ချယ်ယောင်းလည်းစိတ်လျော့ပြီးပြန်သွားတယ်
"သူ့ကြောင့်နဲ့ရင်ခုန်နေတာတောင်ပျောက်တယ်"
အဂျစ်လေးကစကားကိုအတည်ပေါက်နဲ့ပြောပြီးလည်းစ,တတ်သေးတာကိုး
ဘယ်လိုဟာလေးလည်းမသိဘူးတင်ကိုနာနာလေးသာရိုက်လိုက်ချင်တာ
လူကြီးကိုမလေးမစားလုပ်စရာလားသူရုပ်တည်ကြီးနဲ့စ,တာဒီကအသက်ထွက်တော့မလို့
နှုတ်ခမ်းကဒဏ်ရာလည်းသက်သာသွားလို့တော်သေးတယ်
သိပ်လှတဲ့နှုတ်ခမ်းဖူးဖူးလေးမှာဒဏ်ရာကြီးနေရာယူနေမှာစိုးခဲ့တာ
အရာလေးတောင်ကျန်မနေပဲပျောက်သွားလို့ရင်ထဲပေါ့သွားတာပဲ
ကင်ဂျန်းနီရဲ့ဘဝမှာဘယ်သူ့ကိုမှဒီလိုမဖြစ်ခဲ့ဖူးဘူး
ဒီအဂျစ်နဲ့ကျမှပဲလူကပုံမှန်မဟုတ်တော့တာ
🌻🌼
ချယ်ယောင်းကတော့ကုတင်ပေါ်မှာဇောက်ထိုးကြီးနေရင်းအလိုမကျဖြစ်နေတယ်
ဘယ်သူ့ကြောင့်လဲမေးစရာမလိုလောက်အောင်သေချာပေါက်အစ်မဂျန်းနီကြောင့်ပေါ့
"အဲ့ငဆိုးကိုများအစ်မကကြိုက်သွားတာလား"
"အစ်မအရွယ်ကစိတ်ကစားတတ်တဲ့အရွယ်လည်းမဟုတ်"
အစ်မရဲ့အချစ်ရေးကိုဝင်စွက်ဖက်တာမျိုးဝါသနာမပါသော်လည်းအဲ့ဆန်ကုန်မြေလေးနဲ့သာဆိုသဘောမတူနိုင်ပါဘူး
လာလီဆာနဲ့ပတ်သက်ပြီးသတင်းတွေကြားလိုက်ရင်ဆိုးရွားတာတွေကြီး
လူရှုပ်လူပွေတော့မဟုတ်ပေမယ့်အစ်မအဖိုးတန်ကိုတော့မပေးနိုင်ပါဘူး
"ငါ့အစ်မကိုနင့်လက်ထဲတော့ထည့်မပေးနိုင်ပါဘူးလာလီဆာရာအကယ်၍နင့်မှာအစ်မရှိလို့ပြန်ပေးရင်တစ်မျိုး"
"အယ်!!အဲ့လိုလည်းမဖြစ်ပါဘူးငါကဂျီ့ကိုပဲချစ်တာ"
ပြောရင်းနဲ့ဂျီ့ကိုသတိရလာပြီမနက်ဖြန်ကျရင်တော့သွားတွေ့အုန်းမှပါ
"ဂျီ့ကိုချစ်မိထားလို့ထင်ပါတယ်အစ်မကိုလည်းသိပ်အပြစ်မတင်ချင်ဘူးချစ်မိသွားရင်ဘာမှလုပ်လို့မရဘူးလေ"
"ချစ်သွားမှတော့ဘယ်တတ်နိုင်မလဲ"
နေ့လည်ကဂျီရဲ့"မမ"ဆိုတာလေးပြန်ကြားယောင်ရင်း
နှလုံးသားကြီးကလှုပ်ရှားလာပြန်ပြီ
ဂျီ့ကိုဖွင့်ပြောဖို့တော့မရဲသေးဘူးချယ်ယောင်းကကြောက်တတ်တယ်
××××××××××(Zawgyi)
"ဆူရား..."
"မေမေ"
"ရပါတယ်မေမေရဲ့"
"လီလီ့အကြောင်း"
"ဟုတ်ပါ့မလားဆူရယ်"
"ဟုတ်ကဲ့မေမေ"
"ယောင်း..."
🌻🌼
ခပ်ပြုံးပြုံးလေးဆိုလာတဲ့လီဆာဟာတကယ့်ကိုဘာမှန်းမသိလေး
"လီဆာမင်းဘာလုပ်"
"ဘာဖြစ်နေတာလဲလီဆာ"
"ဟင်...."
"လီဆာ.."
လီဆာဟာဆိုင်ကယ်ပေါ်တောင်ရောက်နေပြီးဉီးထုပ်ဆောင်းနေတယ်လေ
"ကျွန်မအနောက်ကလိုက်ခဲ့အုန်းမှာနော်မဒမ်အိမ်ပြန်ရောက်တော့မြှပန်မှာ"
"မဒမ်..."
"ဟင်..."
သူပြောချင်ရာပြောပြီးလီဆာဟာဆိုင်ကယ်ပေါ်တပ်ကာဉီးထုပ်ဆောင်းရင်းမောင်းထွက်သွားသည်
"အစ်မ"
"အစ်မ"
"ဘာ!!ဘယ်ကအကောင်လဲ"
သေသာသေလိုက်ချင်တယ်
🌻🌼
•••••••••••••••••••••••••••••••••••••••••••🤎
There are no comments yet. Log in to be the first to leave a review!





