3
15:27, 30 October 2022မဒမ်နဲ့ရင်းနှီးခွင့်ရချင်တယ်လီဆာဘာလုပ်ရမလဲဟင်
ရှည်ရှည်ဝေးဝေးတွေးမနေတော့ပဲလီဆာမဒမ်ထိုင်နေတဲ့ဝိုင်းကိုပဲတစ်လှမ်းချင်းသွားလိုက်တယ်
မဒမ့်ဘေးမှာဝင်ထိုင်လိုက်တဲ့အချိန်မဒမ်ကလီဆာ့ကိုလှည့်ကြည့်လာပြီးခုနကလိုအံ့အားသင့်နေတဲ့မျက်လုံးလေးတွေနဲ့
"မင်းဘာလာလုပ်တာလဲ"
"ဟိုလေလီလီ..မဒမ်နဲ့ခင်ချင်လို့ပါ မဒမ်ကလည်းတစ်ယောက်တည်းဖြစ်နေတာနဲ့ပျင်းနေမှာစိုးလို့"
"မဒမ်???"
လီဆာကမဒမ်လို့ခေါ်လိုက်တာကြောင့်ထပ်ပြီးအံ့သြနေတဲ့ပုံပဲ
"မဒမ့်ကိုပြောတာပါ"
"တို့ကို"
မဒမ်ကသူ့ကိုယ်သူလက်ညိုးထိုးရင်းမေးတာကြောင့်လီဆာလည်းခေါင်းငြိမ့်ပြလိုက်တယ်
"တို့တစ်ယောက်တည်းပဲနေချင်လို့မင်းနဲ့လည်းမခင်ချင်ဘူး"
မဒမ်ကစိတ်မသက်မသာဖြစ်နေတဲ့ပုံစံနဲ့ပြန်ပြောတယ်
"လုပ်ပါနော်လီလီကမဒမ်နဲ့ခင်ချင်လို့ပါ"
အဟွတ်အဟွတ်
"မင်းလက်ထဲကစီးကရက်ကိုမီးသတ်လိုက်ပါလားဟင်တို့အသက်ရှူကျပ်လို့"
"အိုခေအိုခေ"
လီဆာချက်ချင်းပဲစားပွဲပေါ်မှာစီးကရက်ကိုဖိချေလိုက်တယ်
"အဆင်ပြေပြီလားဗျ"
"မင်းဘယ်လိုကလေးမလဲပြောလေဆိုးလေပဲ"
"မဒမ်သာလီလီနဲ့ခင်မယ်ဆိုရင်မဆိုးတော့ဘူးလေ"
"ဘာလို့တို့နဲ့ခင်ချင်တာလဲ"
"မဒမ်ကလှလို့"
ရဲတင်းစွာဆိုလာတဲ့လီဆာ့စကားကြောင့်ရင်တုန်သွားရတာဟာမဒမ်ပဲပေါ့
"ရူးနေတာလား"
"မဒမ်ကဘယ်လိုထင်လို့လဲ"
"အရူးလို့ထင်တယ်"
"ဒါဆိုလီလီရူးပေးမှာပေါ့မဒမ့်အတွက်လီလီအရူးဖြစ်ပေးမယ်"
ကလေးမစကားတွေရဲ့ဆိုလိုရင်းအဓိပ္ပါယ်တွေဟာဂျန်းနီအပေါ်မရိုးသားခြင်းတွေအပြည့်နဲ့ပါလားနော်
ခေတ်လူငယ်တွေများယောကျာ်းမိန်းမမရှောင်ရိသဲ့သဲ့လုပ်ချင်နေကြတာ
ကျောင်းမှာတွေ့ခဲ့တုန်းကဒီလောက်ထိဆိုးမယ်မထင်ခဲ့
အခုတော့နဖူးတွေဒူးတွေ့ကိုလူဆိုးကောင်မှန်းဂျန်းနီသိလိုက်ရပြီ
"တို့ပြန်တော့မယ်"
လက်ကိုင်အိတ်ကိုဆွဲရင်းထထွက်သွားဖို့ပြင်နေတဲ့မဒမ့်ကိုသွားခွင့်မပြုချင်တာကြောင့်လက်လေးကိုပဲလှမ်းဆွဲလိုက်တယ်
"တို့လက်ကိုလွတ်နော်"
"နိုးပါနာမည်ပြောပြမှလွတ်မယ်"
"မပြောနိုင်ပါဘူးတို့ကမင်းလိုအဆိုးကိုနာမည်ပြောပြစရာလား"
"ခက်တော့နေပါပြီနော်မဒမ်နဲ့စကားစပြောတည်းကလီလီ့ကိုနာမည်တွေတစ်ခုပြီးတစ်ခုပေးနေတော့တာပဲ"
"အရူးပြီးတော့အဆိုးတဲ့လား"
မဒမ့်လက်လေးတွေကလူလိုပဲသေးသေးလေးရယ်
လီဆာနားတောင်မလည်တော့ဘူးမဒမ်ကပဲသေးလွန်းနေတာလားလီဆာကပဲထွားနေတာလားဟင်
သေချာတာတစ်ခုကတော့မဒမ်ကလီဆာ့ထက်ဟိုနေရာဒီနေရာကျပိုဖွံ့တယ်
"အဲ့လိုနှာဘူးအကြည့်နဲ့မကြည့်နဲ့"
"နှာဘူးအကြည့်မဟုတ်ပါဘူးနော်မဒမ့်ကိုလှလို့ကြည့်တာပါ"
ဒီအချိန်မှာဂျန်းနီထသာအော်လိုက်ချင်သည်ကျွန်မကိုဟောဒီကလူဆိုးကောင်ကအနိုင်ကျင့်နေပါတယ်ဆိုပြီးတော့ပေါ့
အတူလာတဲ့သူငယ်ချင်းတွေကလည်းအကုန်ဘယ်ပျောက်ကုန်မှန်းမသိနောက်နေ့တွေ့မှပြဿနာရှာပေးအုန်းမယ်
"ဂျန်း ဘာဖြစ်နေတာလဲ"
"ဂျုံအင်"
ရုတ်တရက်ရောက်လာတဲ့ဂျုံအင်ဆိုသည့်ယောကျာ်းကိုလီဆာမျက်ခုံးတွေတွန့်ချိုးပြီးမျက်မှောင်ကြုံ့ကာကြည့်လိုက်သည်
"ဘယ်လိုရောက်လာတာလဲဂျုံအင်"
"သူငယ်ချင်းတွေကလပ်ရောက်နေတယ်ဆိုပြီးကြားတာနဲ့ဂျန်းလည်းပါတယ်ဆိုလို့လိုက်လာလိုက်တာ"
"သူကဘယ်သူလဲမဒမ်"
လူဆိုးကောင်မေးလိုက်တဲ့ပုံကမသိရင်ဂျန်းနီနဲ့အရမ်းတွေရင်းနှီးနေတဲ့ပုံ
"မင်းကိုပြောနေတယ်တို့လက်ကိုလွတ်လို့"
"ဂျန်းဘာတွေလဲ"
"ဟိတ်လူမဆိုင်ရင်ကျော်သွားလိုက်ဒီမှာလီလီကမဒမ်နဲ့ခင်ချင်လို့တောင်းဆိုနေတာ"
"အောင်မာတစ်ဖက်လူရဲ့သဘောအပါပဲအသားထိတာဘယ်လောက်ထိယဥ်ကျေးမှုမရှိတဲ့လုပ်ရပ်လဲဆိုတာမင်းသိလား"
"သိပါတယ်ဒါပေမယ့်ဒီလိုမှမလုပ်ရင်မဒမ်ကထွက်ပြေးသွားမှာစိုးလို့"
ခပ်အေးအေးနဲ့ဂရုမစိုက်တဲ့အထာချိုးပြီးတစ်လုံးချင်းပြောနေတဲ့လူဆိုးကောင်ကိုကြည့်ပြီးဂျန်းနီတကယ်လက်လံမိတယ်
"မင်းကများလွတ်လိုက်နော်"
"မဒမ်ကရုန်းလေဗျာ...ရုန်းနိုင်ရင်ပေါ့"
အစတည်းကရုန်းကြည့်ပေမယ့်အချည်းနှီးပဲလေလူဆိုးကောင်ကအရိုးဆိုပေမယ့်အားရှိသား
"ဒီအရိုင်းအစိုင်းနဲ့တော့"
ခွပ်!!!
ဂျုံအင်သည်းမခံနိုင်တဲ့အဆုံးလီဆာ့ကိုအားပြင်းပြင်းနဲ့ထိုးလိုက်တော့တယ်
"ခင်ဗျားဘာလုပ်တာလဲ"
"ထိုးလိုက်တာလေ ဘယ်လိုမိဘတွေကများမွေးလိုက်လဲရိုင်းစိုင်းနေလိုက်တာဆိုတာ"
"ကျုပ်မိဘတွေကိုအဲ့လိုမပြောနဲ့"
"လီဆာဘာဖြစ်ကြတာလဲ"
ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်းဘမ်နဲ့အန်နာရောက်လာကြတယ်
"လီဆာနင့်နှုတ်ခမ်းမှာသွေးတွေ"
လီဆာနှုတ်ခမ်းကသွေးတွေကိုခပ်ကြမ်းကြမ်းပဲပွတ်ဆွဲပစ်လိုက်တယ်
"အဲ့လိုမလုပ်နဲ့လေနာမှာပေါ့"
အန်နာကလီဆာ့နှုတ်ခမ်းကိုလက်ကိုင်ပဝါနဲ့သွေးတိတ်အောင်ဖိပေးထားတယ်
"ဘာဖြစ်ကြတာလဲဂျန်းနီ"
"ဟယ်ဂျုံအင်နင်ဘယ်လိုရောက်လာတာလဲ"
ဂျန်းနီရဲ့သူငယ်ချင်းတွေပါရောက်လာကြတော့တယ်
ဂျုံအင်ဘက်ကလည်းကျေနပ်သေးသည့်ပုံမပေါ်သလိုလီဆာကလည်းဆွဲထိုးချင်နေသေးတာ
ဒါပေမယ့်လီဆာမလုပ်နိုင်ခဲ့ဘူးဂျုံအင်ဆိုတဲ့လူကိုအတင်းတွေဖက်ရင်းဆွဲထားတဲ့မဒမ့်ကြောင့်ပေါ့
"ဂျုံအင်ရယ်လာပါဟာပြန်ကြရအောင်ဂျန်းလည်းဘာမှမဖြစ်ဘူးလေ"
"မင်းနောက်သတိထားနေမလောက်လေးမလောက်စားနဲ့မိန်းကလေးဖြစ်နေလို့ပေါ့ကွာသွားမယ်ဂျန်း"
ဂျုံအင်ကလီဆာ့ကိုကြိမ်းသွားပြီးဂျန်းနီရဲ့လက်ကိုဆွဲကာထွက်သွားတယ်
မဒမ်ကလီဆာ့ကိုခေါင်းလေးစောင်းကာလှည့်ကြည့်ရင်းဂျုံအင်ခေါ်ရာနောက်ကိုပါသွားတယ်
မဒမ့်ရဲ့အကြည့်တွေကဘာအဓိပ္ပါယ်တွေလဲဆိုတာလီဆာအဖြေရှာကြည့်ချင်ပေမယ့်မတွေ့ခဲ့ပါဘူး
မဒမ်ကလီဆာ့ကိုပထမဆုံးမှာတင်ခံစားရအောင်လုပ်သွားတာပဲ
အထိုးခံရတဲ့ဒဏ်ရာထက်မဒမ်အဲ့လူကိုဆွဲပြီးဖက်ထားတာကပိုနာကျင်ရတယ်
🌻🌼
"ရသွားပြီ နင်အိမ်ရောက်ရင်တော့အကိုက်အခဲပျောက်ဆေးဖြစ်ဖြစ်သောက်လိုက်အုန်းနော်ကြားလား"
လီဆာ့နှုတ်ခမ်းကဒဏ်ရာကိုအန်နာကပလာစတာကပ်ပေးနေခြင်း
"လီဆာရာနင်အတော်ပြဿနာရှာတာပဲ"
"ဘမ်ငါပြဿနာရှာတာမဟုတ်ဘူးအဲ့ဘဲကဘလိုင်းကြီးလုပ်တာဟ"
"သြော်အေးပါကွာနင်ကသူ့စော်လက်ကိုသွားကိုင်တာလည်းထည့်ပြောအုန်းလေဟာ"
"ဘမ်နင်ဘာစကားပြောတာလဲ"
လီဆာကချက်ချင်းကိုမျက်အိမ်တွေရဲကာဘမ့်ကိုထိုးဖို့ရွယ်လိုက်တာကြောင့်အန်နာရောဘမ်ပါလန့်သွားရတယ်
"လီဆာစိတ်လျော့ပါဟာ"
"ဘာဖြစ်တာလဲလီဆာရာငါနဲ့နင်နဲ့ငယ်သူငယ်ချင်းအရင်းခေါက်ခေါက်ကိုဘာလို့ထိုးဖို့ရွယ်ရတာလဲဟာ"
ဘမ်ကစိတ်မကောင်းဖြစ်သွားတဲ့ပုံပါပဲအဲ့တာကြောင့်လီဆာလည်းစိတ်ကိုပြန်လျော့ပြီးအသက်ပြင်းပြင်းရှူလိုက်ရတယ်
"အဲ့ဘဲနဲ့မဒမ်ကရည်းစားတွေမဟုတ်ဘူးဘမ်နောက်တစ်ခါငါ့ရှေ့မှာအဲ့စကားမျိုးထပ်မပြောနဲ့"
"နင်အဲ့အမျိုးသမီးကိုကြိုက်သွားတာလားလီဆာ"
"ဟုတ်တယ်ဘမ်ငါမဒမ့်ကိုသဘောကျတယ်"
"ဟာလာလီဆာနင်ဘယ်တုန်းကအဲ့လိုတွေခံစားတတ်သွားတာလဲ"
"မဒမ့်ကိုရှာဖွေတွေ့ရှိပြီးတည်းကပဲ"
"သွားပြီဒီကောင်တော့ဆေးမမှီတော့ဘူး"
ဘမ်နဲ့လီဆာရဲ့စကားဝိုင်းထဲကိုအန်နာကတော့ဝင်မပါခဲ့ပါဘူး
လီဆာ့ဘေးမှာထိုင်ရင်းကောင်းကင်ကကြယ်တွေကိုငေးကာနားပဲထောင်နေခဲ့တယ်
"မဒမ့်အကြောင်းကိုစုံစမ်းပေးစမ်းပါဘမ်ရာ"
"ဟာမလုပ်ပေးဘူးဟေ့ကောင်ငါအဲ့လောက်အားမနေဘူး"
"ဘမ်ကလည်းကွာမင်းကထောက်လှမ်းရေးနဲ့ပတ်သက်ရင်ဆရာကြီးပဲလေကွာလုပ်စမ်းပါစုံထောက်ကြီးရှားလော့ဘမ်ကလည်း"
"ပြီးရောကွာစုံစမ်းပေးမယ်နင့်ရဲ့မဒမ့်အကြောင်းတွေ"
ဘမ်ကငယ်ငယ်တည်းကစုံထောက်သိပ်ဖြစ်ချင်ခဲ့တာအကြောင်းစုံသိတဲ့လီဆာ့အတွက်ဘမ်ကိုဘယ်လိုမြှောက်ပေးရင်အဆင်ပြေမလဲဆိုတာထမင်းစားရေသောက်
"ဒီလိုမှပေါ့ထမင်းဝယ်ကျွေးမယ်နော်"
"နေပါကိုယ့်ဘာသာကိုဝယ်စားနိုင်တယ်"
"အဲ့တော့မစားဘူးပေါ့"
"စားရမှာပေါ့ကွ"
ဘမ်နဲ့လီဆာဟာတစ်ယောက်ပခုံးတစ်ယောက်ဖက်ပြီးပျော်ပျော်ရွှင်ရွှင်စကားတွေပြောနေသော်ငြားအန်နာကတော့တစ်သီးတစ်သန့်အတွေးကမ္ဘာထဲမှာ
မဒမ်ရေလီဆာ့ကိုချစ်ဖို့ပြင်ထားပါဗျို့မဒမ့်ရဲ့ချစ်သူနေရာရောမိန်းမနေရာရောယောကျာ်းနေရာကိုပါလီဆာကယူပစ်မှာရှင့်
မဒမ်ကိုစွဲလမ်းနေမိတာအရူးအမူးပဲ......
🌻🌼
"အစ်မနင်မအိပ်သေးဘူးလား"
"သြော်ချယ်ပါလား အွန်းအစ်မမအိပ်ချင်သေးလို့"
ဂျန်းနီကလပ်မှာဖြစ်ခဲ့တဲ့ကိစ္စတွေကိုပြန်တွေးမိပြီးအိပ်မရတာနဲ့ခြံထဲမှာထိုင်နေမိတာ
"အစ်မကိုပြောနေတဲ့ချယ်ကရောဘာလို့မအိပ်သေးတာလဲ"
"ဒီတိုင်းပါလူတစ်ယောက်အကြောင်းတွေးနေမိလို့ ဟိဟိ"
ချယ်ယောင်းကရယ်ကျဲကျဲနဲ့လက်သည်းလေးကိုက်ပြီးပြောနေတာကိုဂျန်းနီကတော့အထူးတဆန်းဖြစ်နေသည်
"ဘာလဲCrushရှိနေပြီပေါ့ဟုတ်လား"
"အွန်းဟုတ်တယ်အစ်မရဲ့"
"ဘယ်သူလဲပြောပါအုန်း"
"ချယ်လည်းဒီနေ့မှတွေ့ဖူးတာကုန်တိုက်ကိုဆူဇီနဲ့အတူသွားရင်းနဲ့"
"ဟုတ်လားကောင်လေးကချောမှာပဲငါ့ညီမလေးသဘောကျသွားတာဆိုတော့"
"ဂျီကမိန်းမပါ"
"ဟမ်"
ချယ်ယောင်းကမိန်းမတစ်ယောက်ကိုသဘောကျနေသည်တဲ့လားဂျန်းနီနားမလည်နိုင်သလိုရှိသွားသည်
ဂျန်းနီရဲ့ညီမလေးကအရပ်ကြီးကသာရှည်တာမိန်းကလေးဆန်ဆန်လေးပါ
ဘယ်လိုဖြစ်ပြီးမိန်းမကိုမှသဘောကျသွားရတာလဲ
"ဘာလို့လဲအစ်မ ချယ့်ကိုရွံသွားတာလား"
"မဟုတ်တာဘာလို့အဲ့လိုဖြစ်ရမှာလဲဒီတိုင်းပါချယ်ကတစ်ခါမှအချစ်အကြောင်းလည်းမပြောဖူးသလိုသဘောကျတဲ့သူရှိတော့လည်းမိန်းမတစ်ယောက်ဆိုလို့အံ့သြသွားတာ"
"ချယ်လည်းမသိတော့ပါဘူးချယ်သိတာကလေဂျီနဲ့ဆုံခဲ့ရတဲ့အခိုက်အတန့်လေးမှာချယ်ရင်တွေခုန်နေခဲ့တာ"
"ဂျီဆိုတဲ့တစ်ယောက်ကတော်တော်လှတဲ့ပုံပဲ"
"အရမ်းလှတာအစ်မရဲ့သိလား"
ချယ်ယောင်းအတော်သဘောကျသွားတာပဲဖြစ်သင့်တာပဲလေဒါကသူ့အတွက်ပထမဆုံးကိုး
စိတ်ကစားတတ်တဲ့အရွယ်မို့ခဏတာလို့ပဲဂျန်းနီတော့မှတ်ယူလိုက်တယ်
"ချယ်အစ်မမေးစရာရှိတယ်"
"မေးလေ"
"မိန်းကလေးအချင်းချင်းချစ်ကြတယ်ဆိုတာဖြစ်နိုင်လို့လားဟင်"
"ဟာအစ်မကလည်းဖြစ်နိုင်တာပေါ့ချယ့်ကိုပဲကြည့်လေဂျီ့ကိုချစ်မိသွားတာ"
"ထားပါတော့လေ ဒါနဲ့လီဆာကဘယ်လိုလူမျိုးလဲဟင်"
"လီဆာ...အစ်မနင်ဘာလို့သူ့အကြောင်းမေးတာလဲချယ်ရှုပ်ရှုပ်ရှက်ရှက်တွေမကြားချင်ဘူးနော်"
"ဒီတိုင်းသိချင်ယုံပါ"
"ဒါဆိုလည်းနင်တစ်ခုပဲသိထားအဲ့လာလီဆာကငဆိုးကောင်"
"ဘယ်လိုဆိုးတာလဲဟင်"
"အတန်းထဲမှာလည်းဘိတ်ချီးမိန်းကလေးဖြစ်ပြီးစီးကရက်သောက်တယ်ဖဲရိုက်တယ်ကလပ်တက်တယ်ကားပြိုင်ပွဲတို့ဆိုင်ကယ်ပြိုင်တာတို့ဆိုလည်းလာလီဆာတို့ကထိပ်ဆုံးကပဲ"
"အဲ့လောက်တောင်ဆိုးတာလား"
"အဲ့ထက်ကိုပိုတယ်"
လူဆိုးကောင်ကိုချယ်ယောင်းကအတော်ကြည့်မရတဲ့ပုံပဲပြောလိုက်ရင်ကောင်းကွက်ကိုမရှိတာ
ဟုတ်တော့လည်းဟုတ်သားလူဆိုးကောင်ကတကယ်လည်းလက်လံစရာ
"သူကမျိုးရိုးလည်းမရှိဘူးဟ"
"ဘယ်လို"
"သူ့မျိုးရိုးကိုဖုံးထားတာလားဘယ်လိုလဲငါမသိပေမယ့်အဲ့လိုလူမျိုးဆိုတည်းကကလေကချေပဲနေမှာ"
"သူ့ကြည့်ရတာပြည့်ပြည့်စုံစုံထဲကပါ"
"ဟွန်း..ဟွန်း..နင်မရိုးဘူးနော်"
ချယ်ယောင်းအကြည့်တွေကြောင့်ဂျန်းနီလည်းမလုံမလဲဖြစ်မိတယ်
ဒါပေမယ့်လည်းမတတ်နိုင်ပဲသိချင်လွန်းတဲ့အဓိကအချက်ကိုမေးလိုက်တယ်
"မိန်းမကိစ္စရောရှုပ်လား"
"ဘာလို့မေးတာလဲ"
"သိချင်လို့ပါဆို သူ့ကိုတက္ကသိုလ်ကမိန်းမတွေကပိုးပန်းနေကြတာအပြိုင်အဆိုင်မို့"
ချယ်ယောင်းကမယုံသင်္ကာအကြည့်တွေနဲ့ကြည့်လာတာကြောင့်ဂျန်းနီမှာပျာပျာသလဲရှင်းရသေးသည်
"သူကမိန်းမကိစ္စတော့အရှုပ်အရှင်းကင်းတယ်ဟ"
ဘာလို့မှန်းမသိ ဂျန်းနီသက်ပြင်းခိုးချမိသည်
စိတ်ထဲလည်းသက်သာသလိုရှိသွားသည်
နားလည်အောင်ပြောရရင်ရင်ထဲကအလုံးကြီးကျသွားသလို
"အာ့ဆိုသူ့ကိုနှင်းဆီအဝါတွေပေးတာကရောဘာလို့လဲ"
"သူကအဝါရောင်ကိုသိပ်ကြိုက်လို့နင်လည်းလေအမေးအမြန်းကထူတာဟွန့်တစ်ခါတည်းပြောထားမယ်နော်ချယ်ဘာသံညာသံမကြားချင်ဘူးသွားအိပ်တော့မယ်ကောင်းသောညပါ"
ချယ်ယောင်းကဟန့်သလိုပြောတာခံလိုက်ရမှပဲဂျန်းနီခမျာဘယ်သူကအကြီးဘယ်သူကအငယ်ဆိုတာပြန်တောင်တွေးလိုက်ရသေးသည်
ချယ်ယောင်းသာကလပ်မှာဖြစ်ခဲ့တာတွေသိသွားရင်လွယ်မှာမဟုတ်ဘူး
ဂျန်းနီလေအဲ့အဆိုးလေးကိုသတိရနေတာလားမသိဂျစ်ကန်ကန်လေးကိုပဲတစ်ချိန်လုံးမြင်ယောင်နေတာ
စိတ်လည်းညစ်ပါတယ်အဂျစ်ကောင်နဲ့မှပဲဂျန်းနီလည်းပုံမှန်သိပ်မဟုတ်ချင်တော့ဘူး
ဂျန်းနီရဲ့လက်သေးသေးလေးကိုဆုပ်ကိုင်လိုက်တဲ့အဆိုးလေးရဲ့လက်လေးတွေဟာနွေးထွေးတယ်လို့ခံစားနေရတယ်
မျက်ဝန်းညိုညိုတွေနဲ့မျက်လုံးဝိုင်းဝိုင်းတွေကထောင်ချောက်အကြီးစားတွေပဲမိသွားရင်မလွတ်လောက်တော့ဘူး
စီးကရက်တွေကကံကောင်းလိုက်တာအဆိုးလေးရဲ့နှုတ်ခမ်းဖူးလေးနဲ့ထိတွေ့ချင်တိုင်းထိတွေ့နိုင်နေတာ
သူ့သူငယ်ချင်းကောင်မလေးကသူ့နှုတ်ခမ်းကသွေးတွေကိုတိတ်အောင်လုပ်ပေးနေတုန်းကဂျန်းနီဝမ်းနည်းမှုကိုခံစားလိုက်ရတယ်
အဆိုးအပေလေးကိုမှချစ်မိသွားပြီဆိုတာသေချာသလောက်ရှိနေပြီ
အဆိုးလေးကမိဘကိုတော့ချစ်သားလို့တွေးမိသေးတယ်ဂျုံအင်ကမိဘကိုပြောတော့သူအရမ်းဒေါသထွက်သွားတာ
ဂျုံအင်ကသူ့နှုတ်ခမ်းဖူးဖူးကိုဆွဲထိုးလိုက်တုန်းကဆိုဂျန်းနီရဲ့ရင်ထဲကမ္ဘာပျက်သွားသလိုပဲ
အဆိုးလေးကအူယားအောင်ရင်ခုန်အောင်လည်းသိပ်လုပ်တတ်သေးတာ
ဂျန်းနီကိုခေါ်တာလေးကအစ"မဒမ်"တဲ့
သူ့ဒဏ်ရာအရမ်းများနာနေမလား...
•••••••••••••••••••••••••••••••••••••••••••ပုံမှန်Upနိုင်အောင်ကြိုးစားနေတယ်နော်
အရေးထဲအိမ်ကwifiကလည်းကဂျိုးကဂျောင်🥴
အားလုံးကိုလေးစားချစ်ခင်လျက်🤎
×××××××××××
Zawgyi
မဒမ္နဲ႔ရင္းႏွီးခြင့္ရခ်င္တယ္လီဆာဘာလုပ္ရမလဲဟင္
ရွည္ရွည္ေဝးေဝးေတြးမေနေတာ့ပဲလီဆာမဒမ္ထိုင္ေနတဲ့ဝိုင္းကိုပဲတစ္လွမ္းခ်င္းသြားလိုက္တယ္
မဒမ့္ေဘးမွာဝင္ထိုင္လိုက္တဲ့အခ်ိန္မဒမ္ကလီဆာ့ကိုလွည့္ၾကည့္လာၿပီးခုနကလိုအံ့အားသင့္ေနတဲ့မ်က္လံုးေလးေတြနဲ႔
"မင္းဘာလာလုပ္တာလဲ"
"ဟိုေလလီလီ..မဒမ္နဲ႔ခင္ခ်င္လို႔ပါ မဒမ္ကလည္းတစ္ေယာက္တည္းျဖစ္ေနတာနဲ႔ပ်င္းေနမွာစိုးလို႔"
"မဒမ္???"
လီဆာကမဒမ္လို႔ေခၚလိုက္တာေၾကာင့္ထပ္ၿပီးအံ့ၾသေနတဲ့ပံုပဲ
"မဒမ့္ကိုေျပာတာပါ"
"တို႔ကို"
မဒမ္ကသူ႔ကိုယ္သူလက္ညိုးထိုးရင္းေမးတာေၾကာင့္လီဆာလည္းေခါင္းၿငိမ့္ျပလိုက္တယ္
"တို႔တစ္ေယာက္တည္းပဲေနခ်င္လို႔မင္းနဲ႔လည္းမခင္ခ်င္ဘူး"
မဒမ္ကစိတ္မသက္မသာျဖစ္ေနတဲ့ပံုစံနဲ႔ျပန္ေျပာတယ္
"လုပ္ပါေနာ္လီလီကမဒမ္နဲ႔ခင္ခ်င္လို႔ပါ"
အဟြတ္အဟြတ္
"မင္းလက္ထဲကစီးကရက္ကိုမီးသတ္လိုက္ပါလားဟင္တို႔အသက္ရႉက်ပ္လို႔"
"အိုေခအိုေခ"
လီဆာခ်က္ခ်င္းပဲစားပြဲေပၚမွာစီးကရက္ကိုဖိေခ်လိုက္တယ္
"အဆင္ေျပၿပီလားရွင့္"
"မင္းဘယ္လိုကေလးမလဲေျပာေလဆိုးေလပဲ"
"မဒမ္သာလီလီနဲ႔ခင္မယ္ဆိုရင္မဆိုးေတာ့ဘူးေလ"
"ဘာလို႔တို႔နဲ႔ခင္ခ်င္တာလဲ"
"မဒမ္ကလွလို႔"
ရဲတင္းစြာဆိုလာတဲ့လီဆာ့စကားေၾကာင့္ရင္တုန္သြားရတာဟာမဒမ္ပဲေပါ့
"ရူးေနတာလား"
"မဒမ္ကဘယ္လိုထင္လို႔လဲ"
"အရူးလို႔ထင္တယ္"
"ဒါဆိုလီလီရူးေပးမွာေပါ့မဒမ့္အတြက္လီလီအရူးျဖစ္ေပးမယ္"
ကေလးမစကားေတြရဲ့ဆိုလိုရင္းအဓိပၸါယ္ေတြဟာဂ်န္းနီအေပၚမရိုးသားျခင္းေတြအျပည့္နဲ႔ပါလားေနာ္
ေခတ္လူငယ္ေတြမ်ားေယာက်ာ္းမိန္းမမေရွာင္ရိသဲ့သဲ့လုပ္ခ်င္ေနၾကတာ
ေက်ာင္းမွာေတြ့ခဲ့တုန္းကဒီေလာက္ထိဆိုးမယ္မထင္ခဲ့
အခုေတာ့နဖူးေတြဒူးေတြ့ကိုလူဆိုးေကာင္မွန္းဂ်န္းနီသိလိုက္ရၿပီ
"တို႔ျပန္ေတာ့မယ္"
လက္ကိုင္အိတ္ကိုဆြဲရင္းထထြက္သြားဖို႔ျပင္ေနတဲ့မဒမ့္ကိုသြားခြင့္မျပဳခ်င္တာေၾကာင့္လက္ေလးကိုပဲလွမ္းဆြဲလိုက္တယ္
"တို႔လက္ကိုလြတ္ေနာ္"
"ႏိုးပါနာမည္ေျပာျပမွလြတ္မယ္"
"မေျပာႏိုင္ပါဘူးတို႔ကမင္းလိုအဆိုးကိုနာမည္ေျပာျပစရာလား"
"ခက္ေတာ့ေနပါၿပီေနာ္မဒမ္နဲ႔စကားစေျပာတည္းကလီလီ့ကိုနာမည္ေတြတစ္ခုၿပီးတစ္ခုေပးေနေတာ့တာပဲ"
"အရူးၿပီးေတာ့အဆိုးတဲ့လား"
မဒမ့္လက္ေလးေတြကလူလိုပဲေသးေသးေလးရယ္
လီဆာနားေတာင္မလည္ေတာ့ဘူးမဒမ္ကပဲေသးလြန္းေနတာလားလီဆာကပဲထြားေနတာလားဟင္
ေသခ်ာတာတစ္ခုကေတာ့မဒမ္ကလီဆာ့ထက္ဟိုေနရာဒီေနရာက်ပိုဖြံ႔တယ္
"အဲ့လိုႏွာဘူးအၾကည့္နဲ႔မၾကည့္နဲ႔"
"ႏွာဘူးအၾကည့္မဟုတ္ပါဘူးေနာ္မဒမ့္ကိုလွလို႔ၾကည့္တာပါ"
ဒီအခ်ိန္မွာဂ်န္းနီထသာေအာ္လိုက္ခ်င္သည္ကြၽန္မကိုေဟာဒီကလူဆိုးေကာင္ကအႏိုင္က်င့္ေနပါတယ္ဆိုၿပီးေတာ့ေပါ့
အတူလာတဲ့သူငယ္ခ်င္းေတြကလည္းအကုန္ဘယ္ေပ်ာက္ကုန္မွန္းမသိေနာက္ေန့ေတြ့မျွပႆနာရွာေပးအုန္းမယ္
"ဂ်န္း ဘာျဖစ္ေနတာလဲ"
"ဂ်ံဳအင္"
ရုတ္တရက္ေရာက္လာတဲ့ဂ်ံဳအင္ဆိုသည့္ေယာက်ာ္းကိုလီဆာမ်က္ခံုးေတြတြန္႔ခ်ိဳးၿပီးမ်က္ေမွာင္ႀကံဳ႔ကာၾကည့္လိုက္သည္
"ဘယ္လိုေရာက္လာတာလဲဂ်ံဳအင္"
"သူငယ္ခ်င္းေတြကလပ္ေရာက္ေနတယ္ဆိုၿပီးၾကားတာနဲ႔ဂ်န္းလည္းပါတယ္ဆိုလို႔လိုက္လာလိုက္တာ"
"သူကဘယ္သူလဲမဒမ္"
လူဆိုးေကာင္ေမးလိုက္တဲ့ပံုကမသိရင္ဂ်န္းနီနဲ႔အရမ္းေတြရင္းႏွီးေနတဲ့ပံု
"မင္းကိုေျပာေနတယ္တို႔လက္ကိုလြတ္လို႔"
"ဂ်န္းဘာေတြလဲ"
"ဟိတ္လူမဆိုင္ရင္ေက်ာ္သြားလိုက္ဒီမွာလီလီကမဒမ္နဲ႔ခင္ခ်င္လို႔ေတာင္းဆိုေနတာ"
"ေအာင္မာတစ္ဖက္လူရဲ့သေဘာအပါပဲအသားထိတာဘယ္ေလာက္ထိယဥ္ေက်းမႈမရိွတဲ့လုပ္ရပ္လဲဆိုတာမင္းသိလား"
"သိပါတယ္ဒါေပမယ့္ဒီလိုမွမလုပ္ရင္မဒမ္ကထြက္ေျပးသြားမွာစိုးလို႔"
ခပ္ေအးေအးနဲ႔ဂရုမစိုက္တဲ့အထာခ်ိဳးၿပီးတစ္လံုးခ်င္းေျပာေနတဲ့လူဆိုးေကာင္ကိုၾကည့္ၿပီးဂ်န္းနီတကယ္လက္လံမိတယ္
"မင္းကမ်ားလြတ္လိုက္ေနာ္"
"မဒမ္ကရုန္းေလရွင္...ရုန္းႏိုင္ရင္ေပါ့"
အစတည္းကရုန္းၾကည့္ေပမယ့္အခ်ည္းႏွီးပဲေလလူဆိုးေကာင္ကအရိုးဆိုေပမယ့္အားရိွသား
"ဒီအရိုင္းအစိုင္းနဲ႔ေတာ့"
ခြပ္!!!
ဂ်ံဳအင္သည္းမခံႏိုင္တဲ့အဆံုးလီဆာ့ကိုအားျပင္းျပင္းနဲ႔ထိုးလိုက္ေတာ့တယ္
"ခင္ဗ်ားဘာလုပ္တာလဲ"
"ထိုးလိုက္တာေလ ဘယ္လိုမိဘေတြကမ်ားေမြးလိုက္လဲရိုင္းစိုင္းေနလိုက္တာဆိုတာ"
"က်ဳပ္မိဘေတြကိုအဲ့လိုမေျပာနဲ႔"
"လီဆာဘာျဖစ္ၾကတာလဲ"
ရုန္းရင္းဆန္ခတ္ျဖစ္ေနတုန္းဘမ္နဲ႔အန္နာေရာက္လာၾကတယ္
"လီဆာနင့္ႏႈတ္ခမ္းမွာေသြးေတြ"
လီဆာႏႈတ္ခမ္းကေသြးေတြကိုခပ္ၾကမ္းၾကမ္းပဲပြတ္ဆြဲပစ္လိုက္တယ္
"အဲ့လိုမလုပ္နဲ႔ေလနာမွာေပါ့"
အန္နာကလီဆာ့ႏႈတ္ခမ္းကိုလက္ကိုင္ပဝါနဲ႔ေသြးတိတ္ေအာင္ဖိေပးထားတယ္
"ဘာျဖစ္ၾကတာလဲဂ်န္းနီ"
"ဟယ္ဂ်ံဳအင္နင္ဘယ္လိုေရာက္လာတာလဲ"
ဂ်န္းနီရဲ့သူငယ္ခ်င္းေတြပါေရာက္လာၾကေတာ့တယ္
ဂ်ံဳအင္ဘက္ကလည္းေက်နပ္ေသးသည့္ပံုမေပၚသလိုလီဆာကလည္းဆြဲထိုးခ်င္ေနေသးတာ
ဒါေပမယ့္လီဆာမလုပ္ႏိုင္ခဲ့ဘူးဂ်ံဳအင္ဆိုတဲ့လူကိုအတင္းေတြဖက္ရင္းဆြဲထားတဲ့မဒမ့္ေၾကာင့္ေပါ့
"ဂ်ံဳအင္ရယ္လာပါဟာျပန္ၾကရေအာင္ဂ်န္းလည္းဘာမွမျဖစ္ဘူးေလ"
"မင္းေနာက္သတိထားေနမေလာက္ေလးမေလာက္စားနဲ႔မိန္းကေလးျဖစ္ေနလို႔ေပါ့ကြာသြားမယ္ဂ်န္း"
ဂ်ံဳအင္ကလီဆာ့ကိုႀကိမ္းသြားၿပီးဂ်န္းနီရဲ့လက္ကိုဆြဲကာထြက္သြားတယ္
မဒမ္ကလီဆာ့ကိုေခါင္းေလးေစာင္းကာလွည့္ၾကည့္ရင္းဂ်ံဳအင္ေခၚရာေနာက္ကိုပါသြားတယ္
မဒမ့္ရဲ့အၾကည့္ေတြကဘာအဓိပၸါယ္ေတြလဲဆိုတာလီဆာအေျဖရွာၾကည့္ခ်င္ေပမယ့္မေတြ့ခဲ့ပါဘူး
မဒမ္ကလီဆာ့ကိုပထမဆံုးမွာတင္ခံစားရေအာင္လုပ္သြားတာပဲ
အထိုးခံရတဲ့ဒဏ္ရာထက္မဒမ္အဲ့လူကိုဆြဲၿပီးဖက္ထားတာကပိုနာက်င္ရတယ္
🌻🌼
"ရသြားၿပီ နင္အိမ္ေရာက္ရင္ေတာ့အကိုက္အခဲေပ်ာက္ေဆးျဖစ္ျဖစ္ေသာက္လိုက္အုန္းေနာ္ၾကားလား"
လီဆာ့ႏႈတ္ခမ္းကဒဏ္ရာကိုအန္နာကပလာစတာကပ္ေပးေနျခင္း
"လီဆာရာနင္အေတာ္ျပႆနာရွာတာပဲ"
"ဘမ္ငါျပႆနာရွာတာမဟုတ္ဘူးအဲ့ဘဲကဘလိုင္းႀကီးလုပ္တာဟ"
"ေၾသာ္ေအးပါကြာနင္ကသူ႔ေစာ္လက္ကိုသြားကိုင္တာလည္းထည့္ေျပာအုန္းေလဟာ"
"ဘမ္နင္ဘာစကားေျပာတာလဲ"
လီဆာကခ်က္ခ်င္းကိုမ်က္အိမ္ေတြရဲကာဘမ့္ကိုထိုးဖို႔ရြယ္လိုက္တာေၾကာင့္အန္နာေရာဘမ္ပါလန္႔သြားရတယ္
"လီဆာစိတ္ေလ်ာ့ပါဟာ"
"ဘာျဖစ္တာလဲလီဆာရာငါနဲ႔နင္နဲ႔ငယ္သူငယ္ခ်င္းအရင္းေခါက္ေခါက္ကိုဘာလို႔ထိုးဖို႔ရြယ္ရတာလဲဟာ"
ဘမ္ကစိတ္မေကာင္းျဖစ္သြားတဲ့ပံုပါပဲအဲ့တာေၾကာင့္လီဆာလည္းစိတ္ကိုျပန္ေလ်ာ့ၿပီးအသက္ျပင္းျပင္းရႉလိုက္ရတယ္
"အဲ့ဘဲနဲ႔မဒမ္ကရည္းစားေတြမဟုတ္ဘူးဘမ္ေနာက္တစ္ခါငါ့ေရ႔ွမွာအဲ့စကားမ်ိဳးထပ္မေျပာနဲ႔"
"နင္အဲ့အမ်ိဳးသမီးကိုႀကိဳက္သြားတာလားလီဆာ"
"ဟုတ္တယ္ဘမ္ငါမဒမ့္ကိုသေဘာက်တယ္"
"ဟာလာလီဆာနင္ဘယ္တုန္းကအဲ့လိုေတြခံစားတတ္သြားတာလဲ"
"မဒမ့္ကိုရွာေဖြေတြ့ရိွၿပီးတည္းကပဲ"
"သြားၿပီဒီေကာင္ေတာ့ေဆးမမွီေတာ့ဘူး"
ဘမ္နဲ႔လီဆာရဲ့စကားဝိုင္းထဲကိုအန္နာကေတာ့ဝင္မပါခဲ့ပါဘူး
လီဆာ့ေဘးမွာထိုင္ရင္းေကာင္းကင္ကၾကယ္ေတြကိုေငးကာနားပဲေထာင္ေနခဲ့တယ္
"မဒမ့္အေၾကာင္းကိုစံုစမ္းေပးစမ္းပါဘမ္ရာ"
"ဟာမလုပ္ေပးဘူးေဟ့ေကာင္ငါအဲ့ေလာက္အားမေနဘူး"
"ဘမ္ကလည္းကြာမင္းကေထာက္လွမ္းေရးနဲ႔ပတ္သက္ရင္ဆရာႀကီးပဲေလကြာလုပ္စမ္းပါစံုေထာက္ႀကီးရွားေလာ့ဘမ္ကလည္း"
"ၿပီးေရာကြာစံုစမ္းေပးမယ္နင့္ရဲ့မဒမ့္အေၾကာင္းေတြ"
ဘမ္ကငယ္ငယ္တည္းကစံုေထာက္သိပ္ျဖစ္ခ်င္ခဲ့တာအေၾကာင္းစံုသိတဲ့လီဆာ့အတြက္ဘမ္ကိုဘယ္လိုေျမႇာက္ေပးရင္အဆင္ေျပမလဲဆိုတာထမင္းစားေရေသာက္
"ဒီလိုမွေပါ့ထမင္းဝယ္ေကြၽးမယ္ေနာ္"
"ေနပါကိုယ့္ဘာသာကိုဝယ္စားႏိုင္တယ္"
"အဲ့ေတာ့မစားဘူးေပါ့"
"စားရမွာေပါ့ကြ"
ဘမ္နဲ႔လီဆာဟာတစ္ေယာက္ပခံုးတစ္ေယာက္ဖက္ၿပီးေပ်ာ္ေပ်ာ္ရႊင္ရႊင္စကားေတြေျပာေနေသာ္ျငားအန္နာကေတာ့တစ္သီးတစ္သန္႔အေတြးကမ႓ာထဲမွာ
မဒမ္ေရလီဆာ့ကိုခ်စ္ဖို႔ျပင္ထားပါဗ်ိဳ႕မဒမ့္ရဲ့ခ်စ္သူေနရာေရာမိန္းမေနရာေရာေယာက်ာ္းေနရာကိုပါလီဆာကယူပစ္မွာရွင့္
မဒမ္ကိုစြဲလမ္းေနမိတာအရူးအမူးပဲ......
🌻🌼
"အစ္မနင္မအိပ္ေသးဘူးလား"
"ေၾသာ္ခ်ယ္ပါလား အြန္းအစ္မမအိပ္ခ်င္ေသးလို႔"
ဂ်န္းနီကလပ္မွာျဖစ္ခဲ့တဲ့ကိစၥေတြကိုျပန္ေတြးမိၿပီးအိပ္မရတာနဲ႔ၿခံထဲမွာထိုင္ေနမိတာ
"အစ္မကိုေျပာေနတဲ့ခ်ယ္ကေရာဘာလို႔မအိပ္ေသးတာလဲ"
"ဒီတိုင္းပါလူတစ္ေယာက္အေၾကာင္းေတြးေနမိလို႔ ဟိဟိ"
ခ်ယ္ေယာင္းကရယ္က်ဲက်ဲနဲ႔လက္သည္းေလးကိုက္ၿပီးေျပာေနတာကိုဂ်န္းနီကေတာ့အထူးတဆန္းျဖစ္ေနသည္
"ဘာလဲCrushရိွေနၿပီေပါ့ဟုတ္လား"
"အြန္းဟုတ္တယ္အစ္မရဲ့"
"ဘယ္သူလဲေျပာပါအုန္း"
"ခ်ယ္လည္းဒီေန့မွေတြ့ဖူးတာကုန္တိုက္ကိုဆူဇီနဲ႔အတူသြားရင္းနဲ႔"
"ဟုတ္လားေကာင္ေလးကေခ်ာမွာပဲငါ့ညီမေလးသေဘာက်သြားတာဆိုေတာ့"
"ဂ်ီကမိန္းမပါ"
"ဟမ္"
ခ်ယ္ေယာင္းကမိန္းမတစ္ေယာက္ကိုသေဘာက်ေနသည္တဲ့လားဂ်န္းနီနားမလည္ႏိုင္သလိုရိွသြားသည္
ဂ်န္းနီရဲ့ညီမေလးကအရပ္ႀကီးကသာရွည္တာမိန္းကေလးဆန္ဆန္ေလးပါ
ဘယ္လိုျဖစ္ၿပီးမိန္းမကိုမွသေဘာက်သြားရတာလဲ
"ဘာလို႔လဲအစ္မ ခ်ယ့္ကိုရြံသြားတာလား"
"မဟုတ္တာဘာလို႔အဲ့လိုျဖစ္ရမွာလဲဒီတိုင္းပါခ်ယ္ကတစ္ခါမွအခ်စ္အေၾကာင္းလည္းမေျပာဖူးသလိုသေဘာက်တဲ့သူရိွေတာ့လည္းမိန္းမတစ္ေယာက္ဆိုလို႔အံ့ၾသသြားတာ"
"ခ်ယ္လည္းမသိေတာ့ပါဘူးခ်ယ္သိတာကေလဂ်ီနဲ႔ဆံုခဲ့ရတဲ့အခိုက္အတန္႔ေလးမွာခ်ယ္ရင္ေတြခုန္ေနခဲ့တာ"
"ဂ်ီဆိုတဲ့တစ္ေယာက္ကေတာ္ေတာ္လွတဲ့ပံုပဲ"
"အရမ္းလွတာအစ္မရဲ့သိလား"
ခ်ယ္ေယာင္းအေတာ္သေဘာက်သြားတာပဲျဖစ္သင့္တာပဲေလဒါကသူ႔အတြက္ပထမဆံုးကိုး
စိတ္ကစားတတ္တဲ့အရြယ္မို႔ခဏတာလို႔ပဲဂ်န္းနီေတာ့မွတ္ယူလိုက္တယ္
"ခ်ယ္အစ္မေမးစရာရိွတယ္"
"ေမးေလ"
"မိန္းကေလးအခ်င္းခ်င္းခ်စ္ၾကတယ္ဆိုတာျဖစ္ႏိုင္လို႔လားဟင္"
"ဟာအစ္မကလည္းျဖစ္ႏိုင္တာေပါ့ခ်ယ့္ကိုပဲၾကည့္ေလဂ်ီ့ကိုခ်စ္မိသြားတာ"
"ထားပါေတာ့ေလ ဒါနဲ႔လီဆာကဘယ္လိုလူမ်ိဳးလဲဟင္"
"လီဆာ...အစ္မနင္ဘာလို႔သူ႔အေၾကာင္းေမးတာလဲခ်ယ္ရႈပ္ရႈပ္ရွက္ရွက္ေတြမၾကားခ်င္ဘူးေနာ္"
"ဒီတိုင္းသိခ်င္ယံုပါ"
"ဒါဆိုလည္းနင္တစ္ခုပဲသိထားအဲ့လာလီဆာကငဆိုးေကာင္"
"ဘယ္လိုဆိုးတာလဲဟင္"
"အတန္းထဲမွာလည္းဘိတ္ခ်ီးမိန္းကေလးျဖစ္ၿပီးစီးကရက္ေသာက္တယ္ဖဲရိုက္တယ္ကလပ္တက္တယ္ကားၿပိဳင္ပြဲတို႔ဆိုင္ကယ္ၿပိဳင္တာတို႔ဆိုလည္းလာလီဆာတို႔ကထိပ္ဆံုးကပဲ"
"အဲ့ေလာက္ေတာင္ဆိုးတာလား"
"အဲ့ထက္ကိုပိုတယ္"
လူဆိုးေကာင္ကိုခ်ယ္ေယာင္းကအေတာ္ၾကည့္မရတဲ့ပံုပဲေျပာလိုက္ရင္ေကာင္းကြက္ကိုမရိွတာ
ဟုတ္ေတာ့လည္းဟုတ္သားလူဆိုးေကာင္ကတကယ္လည္းလက္လံစရာ
"သူကမ်ိဳးရိုးလည္းမရိွဘူးဟ"
"ဘယ္လို"
"သူ႔မ်ိဳးရိုးကိုဖံုးထားတာလားဘယ္လိုလဲငါမသိေပမယ့္အဲ့လိုလူမ်ိဳးဆိုတည္းကကေလကေခ်ပဲေနမွာ"
"သူ႔ၾကၫ့္ရတာျပည့္ျပၫ့္စံုစံုထဲကပါ"
"ဟြန္း..ဟြန္း..နင္မရိုးဘူးေနာ္"
ခ်ယ္ေယာင္းအၾကည့္ေတြေၾကာင့္ဂ်န္းနီလည္းမလံုမလဲျဖစ္မိတယ္
ဒါေပမယ့္လည္းမတတ္ႏိုင္ပဲသိခ်င္လြန္းတဲ့အဓိကအခ်က္ကိုေမးလိုက္တယ္
"မိန္းမကိစၥေရာရႈပ္လား"
"ဘာလို႔ေမးတာလဲ"
"သိခ်င္လို႔ပါဆို သူ႔ကိုတကၠသိုလ္ကမိန္းမေတြကပိုးပန္းေနၾကတာအၿပိဳင္အဆိုင္မို႔"
ခ်ယ္ေယာင္းကမယံုသကၤာအၾကည့္ေတြနဲ႔ၾကည့္လာတာေၾကာင့္ဂ်န္းနီမွာပ်ာပ်ာသလဲရွင္းရေသးသည္
"သူကမိန္းမကိစၥေတာ့အရႈပ္အရွင္းကင္းတယ္ဟ"
ဘာလို႔မွန္းမသိ ဂ်န္းနီသက္ျပင္းခိုးခ်မိသည္
စိတ္ထဲလည္းသက္သာသလိုရိွသြားသည္
နားလည္ေအာင္ေျပာရရင္ရင္ထဲကအလံုးႀကီးက်သြားသလို
"အာ့ဆိုသူ႔ကိုႏွင္းဆီအဝါေတြေပးတာကေရာဘာလို႔လဲ"
"သူကအဝါေရာင္ကိုသိပ္ႀကိဳက္လို႔နင္လည္းေလအေမးအျမန္းကထူတာဟြန္႔တစ္ခါတည္းေျပာထားမယ္ေနာ္ခ်ယ္ဘာသံညာသံမၾကားခ်င္ဘူးသြားအိပ္ေတာ့မယ္ေကာင္းေသာညပါ"
ခ်ယ္ေယာင္းကဟန္႔သလိုေျပာတာခံလိုက္ရမွပဲဂ်န္းနီခမ်ာဘယ္သူကအႀကီးဘယ္သူကအငယ္ဆိုတာျပန္ေတာင္ေတြးလိုက္ရေသးသည္
ခ်ယ္ေယာင္းသာကလပ္မွာျဖစ္ခဲ့တာေတြသိသြားရင္လြယ္မွာမဟုတ္ဘူး
ဂ်န္းနီေလအဲ့အဆိုးေလးကိုသတိရေနတာလားမသိဂ်စ္ကန္ကန္ေလးကိုပဲတစ္ခ်ိန္လံုးျမင္ေယာင္ေနတာ
စိတ္လည္းညစ္ပါတယ္အဂ်စ္ေကာင္နဲ႔မွပဲဂ်န္းနီလည္းပံုမွန္သိပ္မဟုတ္ခ်င္ေတာ့ဘူး
ဂ်န္းနီရဲ့လက္ေသးေသးေလးကိုဆုပ္ကိုင္လိုက္တဲ့အဆိုးေလးရဲ့လက္ေလးေတြဟာေနြးေထြးတယ္လို႔ခံစားေနရတယ္
မ်က္ဝန္းညိုညိုေတြနဲ႔မ်က္လံုးဝိုင္းဝိုင္းေတြကေထာင္ေခ်ာက္အႀကီးစားေတြပဲမိသြားရင္မလြတ္ေလာက္ေတာ့ဘူး
စီးကရက္ေတြကကံေကာင္းလိုက္တာအဆိုးေလးရဲ့ႏႈတ္ခမ္းဖူးေလးနဲ႔ထိေတြ့ခ်င္တိုင္းထိေတြ့ႏိုင္ေနတာ
သူ႔သူငယ္ခ်င္းေကာင္မေလးကသူ႔ႏႈတ္ခမ္းကေသြးေတြကိုတိတ္ေအာင္လုပ္ေပးေနတုန္းကဂ်န္းနီဝမ္းနည္းမႈကိုခံစားလိုက္ရတယ္
အဆိုးအေပေလးကိုမွခ်စ္မိသြားၿပီဆိုတာေသခ်ာသေလာက္ရိွေနၿပီ
အဆိုးေလးကမိဘကိုေတာ့ခ်စ္သားလို႔ေတြးမိေသးတယ္ဂ်ံဳအင္ကမိဘကိုေျပာေတာ့သူအရမ္းေဒါသထြက္သြားတာ
ဂ်ံဳအင္ကသူ႔ႏႈတ္ခမ္းဖူးဖူးကိုဆြဲထိုးလိုက္တုန္းကဆိုဂ်န္းနီရဲ့ရင္ထဲကမ႓ာပ်က္သြားသလိုပဲ
အဆိုးေလးကအူယားေအာင္ရင္ခုန္ေအာင္လည္းသိပ္လုပ္တတ္ေသးတာ
ဂ်န္းနီကိုေခၚတာေလးကအစ"မဒမ္"တဲ့
သူ႔ဒဏ္ရာအရမ္းမ်ားနာေနမလား...
•••••••••••••••••••••••••••••••••••••••••••ပံုမွန္Upႏိုင္ေအာင္ႀကိဳးစားေနတယ္ေနာ္
အေရးထဲအိမ္ကwifiကလည္းကဂ်ိဳးကေဂ်ာင္🥴
အားလံုးကိုေလးစားခ်စ္ခင္လ်က္🤎
There are no comments yet. Log in to be the first to leave a review!





