Fanfics

2

19:22, 27 June 2022

လီဆာနဲ့ရင်ခွင်ထဲကကောင်မလေးဟာအတန်ကြာသည်အထိတစ်ယောက်နှင့်တစ်ယောက်ငေးကြည့်နေကြသည်

လီဆာ့ဘက်ကပဲစတင်အကြည့်လွဲရင်း

"ဘာဖြစ်သွားသေးလဲ"

"ဘာမှမဖြစ်ပါဘူးကျေးဇူးပဲနော်"

"ရပါတယ်မလိုပါဘူး"

"အန်နာပတ်ပါတွေ့ရတာဝမ်းသာပါတယ်"

"လာလီဆာပါ"

လီဆာနဲ့အန်နာလက်ဆွဲနှုတ်ဆက်လိုက်ကြတယ်

ဘမ်ကလည်းအားကျမခံဝင်ပြောတာပေါ့

"အန်နာကျွန်တော်ကလီဆာ့သူငယ်ချင်းဘမ်ဘမ်ပါခင်လို့ရပါတယ်"

"အာဟုတ်ကဲ့ပါ"

ဘမ်ကမ်းပေးထားတဲ့လက်ကိုအန်နာကပြန်မဆွဲတာကြောင့်ဘမ့်ခမျာမျက်နှာလေးရဲပြီးကိုယ့်အသိနဲ့ကိုပြန်သိမ်းလိုက်ရတယ်

လီဆာကတော့ကြိတ်ခွီနေတာပေါ့

"အန်နာသွားတော့မယ်နော်ခွင့်ပြုပါဦးလီဆာ"

"ဟုတ်ကဲ့ပါ"

အန်နာသွားတာကိုလီဆာနဲ့ဘမ်မှာမျက်တောင်မခတ်စတမ်းကြည့်နေကြတယ်

အကြောင်းကတော့အန်နာရဲ့လမ်းလျှောက်ပုံကြောင့်ပါပဲ

"ဟေ့ကောင်လီဆာလမ်းလျှောက်ပုံလေးကကြောင်မလေးကျနေတာပဲကွာ"

"နှာဘူး"

လီဆာထိုတစ်လုံးသာအားရပါးရပြောပြီးအတန်းထဲဝင်လာခဲ့လိုက်တယ်

ဘမ်လည်းခေါင်းလေးကုတ်ပြီးသူ့အနောက်လိုက်လာတာပေါ့

🌻🌼

ကော်ဖီဆိုင်တစ်ခုရဲ့စားပွဲဝိုင်းလေးမှာကောင်လေးနဲ့ကောင်မလေးအတူထိုင်ကြရင်းကော်ဖီသောက်နေကြတယ်

"ဂျန်း"

"ဂျန်း!!"

"ဟင် ဂျန်းကိုခေါ်တာလားဂျုံအင်"

"ဟုတ်တယ်လေဂျန်းရယ်ဘာတွေများတွေးနေတာလဲဟင်ကိုယ်ခေါ်တာတောင်မကြားတော့"

"ဘာမှမတွေးပါဘူးဒီတိုင်းအလုပ်ကိစ္စ"

"ကိုယ်နဲ့ရှိနေတဲ့အချိန်တော့အဲ့တာလေးတွေမေ့ထားရအောင်ဂျန်းအလုပ်မှာလည်းပင်ပန်းတယ်အပြင်ထွက်တော့လည်းဒါပဲတွေးရင်ဘယ်ကောင်းမလဲဟုတ်တယ်မလား"

ဂျုံအင်အပြောကိုဂျန်းနီကော်ဖီလေးသောက်ကာထောက်ခံသည့်သဘောဖြင့်ခေါင်းငြိမ့်ပြလိုက်သည်

အမှန်တကယ်ဂျန်းနီတွေးနေသည့်အကြောင်းမှာအလုပ်ကိစ္စမဟုတ်ပါ။

မနက်ကတွေ့ခဲ့တဲ့လီဆာဆိုတဲ့ကောင်မလေးအကြောင်း

ကိုယ့်ကိုယ်တိုင်တောင်ဘာလို့သူ့ကိုတွေးနေမိလဲမသိဘူး

ပုံစံလေးကဂျစ်ကန်ကန်နဲ့အရပ်ကခပ်ရှည်ရှည်ဆံပင်ကဂုတ်ထောက်နဖူးပေါ်မှာလည်းညီညီညာညာစီထားတဲ့ဆံမြိတ်လေးနဲ့

ရုပ်ပိုင်းဆိုင်ရာတော့ချောမောသည်ဟုဆိုရမည်ဂျန်းနီသူ့ကိုကြည့်ရတာစိတ်ထဲဘဝင်မကျတာတော့အမှန်

ဘယ်လိုပြောရမလဲထောင့်မကျိုးဘူးဟုတ်တယ်အဲ့လိုပဲခေါင်းစဥ်တက်ရမှာပဲ

နှုတ်ခမ်းဖူးဖူးမှာလည်းမလိုက်မဖက်စီးကရက်ကရှိနေသေးသည်

"ဂျန်းအခုရောဘာတွေတွေးနေပြန်တာလဲပြုံးနေတယ်"

"ညကကြည့်ရတဲ့ဇာတ်ကားကရယ်ရလို့ပါဂျုံအင်ရယ်"

"ဟုတ်လားဘာကားများလဲဟင်"

"မသိချင်ပါနဲ့ဂျုံအင်ကြိုက်မှာမဟုတ်ဘူး"

ဂျုံအင်ကတော့ဂျန်းနီစကားကြောင့်ဆက်ပြီးမေးမနေတော့ပါဘူး

"ကိုယ့်ကိုအခုထိသူငယ်ချင်းပဲလား"

"ဒါပေါ့ဂျုံအင်ကဂျန်းရဲ့သူငယ်ချင်းပဲလေ"

"ဒါပေမယ့်လည်းဂျန်းရယ်ကိုယ်စောင့်နေခဲ့ရတာဆယ်နှစ်ရှိတော့မယ်နော်"

ဂျုံအင်ဘက်ကကြည့်ပြန်တော့လည်းဂျန်းနီဆီကတိကျတဲ့အဖြေတစ်ခုကြားချင်မှာတော့အသေအချာ

ဂျုံအင်သဘောကလည်းမမှားပါဘူးလေဂျန်းနီကသာ ဘာလုပ်ရမှန်းမသိဖြစ်နေတာ

အသက်ဆယ့်ငါးနှစ်တည်းကဂျုံအင်ကဖွင့်ပြောခဲ့တာအခုဆိုရင်နှစ်ဆယ့်ငါးနှစ်တောင်ရှိပြီဆိုတော့လည်းအတော်တောင်ကြာနေပြီလေ

"ကိုယ့်ကိုမချစ်ဘူးလားဟင်"

"ဂျုံအင်ရယ်ဒီအဖြေကိုသိရဲ့သားနဲ့ဂျန်းကိုထပ်မမေးပါနဲ့လားဟင်"

"ကိုယ်ထပ်စောင့်ပါ့မယ်ဂျန်းကိုယ့်အချစ်တွေကိုတစ်ရက်ကျရင်ဂျန်းလက်ခံလာမယ်ဆိုတာကိုယ်ယုံကြည်တယ်"

"အဲ့တာကဂျုံအင်သဘောပါ"

ကင်ဂျုံအင်ဆိုတာအဲ့လိုလူမျိုးပါဇွဲမလျော့ပဲကိုကြိုးစားနေတာ

"ဂျန်းမှာသဘောကျနေတဲ့သူတော့မရှိဘူးမလားဟင်"

"မရှိပါဘူးဂျန်းအတွက်အလုပ်နဲ့ညီမလေးကသာအရေးကြီးဆုံးလေအဲ့ကိစ္စကိုမတွေးချင်ဘူး"

ဂျုံအင်မျက်နှာထက်ပျော်သွားတဲ့အရိပ်လေးတွေသန်းလာသည်။

ဂျုံအင်စောင့်နေတာကလည်းအဲ့အချက်တွေကြောင့်ပေါ့ဂျန်းနီဟာနှလုံးသားကိုဦးစားမပေးတဲ့သူမှန်းဂျုံအင်သိထားသည်လေ

တစ်ချိန်အိမ်ထောင်ပြုရမယ့်အရွယ်ရောက်လာတဲ့အခါဂျန်းနီဟာဂျုံအင်ကိုပဲရွေးချယ်မယ်လို့သူကတွက်ပြီးသား။

🌻🌼

"ဒီညငါကလပ်တက်မှာနော်ဘမ်"

ဘမ်နဲ့လီဆာအတန်းပြီးလို့တက္ကသိုလ်ရဲ့မေပယ်ပင်အိုကြီးအောက်ကစားပွဲမှာထိုင်နေကြတာ

"အေးပါဟာ ငါလိုက်မှာပါ"

"မလိုက်လို့ရမလားနင်သာမလိုက်ရင်ဒါရာကိုကြိုက်နေတာပြောလိုက်မှာ"

"ဟာ...လာပြန်ပြီလားအဲ့ကိစ္စ"

"ဘာလို့လဲမကြိုက်တော့ဘူးလား"

"ဒီတိုင်းလေးလှလို့ကြိုက်တယ်ပြောတာလေကွာအဲ့တာကိုအတည်လာယူနေတယ်"

ဘမ်ကဒုတိယနှစ်ကလီဒါရာဆိုတဲ့Queenကိုလှလို့ဒီတိုင်းခဏတာcrushခဲ့တာကို

လီဆာကတစ်ခုခုဆိုအဲ့အကြောင်းနဲ့ပဲခြိမ်းခြောက်နေရှာတာ

အဲ့ဒါရာကသူ့ကိုကြိုက်နေတယ်ဆိုတဲ့သတင်းကြားရင်မေဂျာအထိအရောက်လာပြီးပါးလာရိုက်တတ်တဲ့လူထူးဆန်း

ဒါကြောင့်မို့လည်းဘမ်ကလန့်နေရတာပေါ့

"လီဆာ"

လီဆာခေါ်သံကြားလို့ကြည့်လိုက်တော့မနက်ကတွေ့ခဲ့ရတဲ့အန်နာဖြစ်နေတယ်

"သြော် အန်နာလာလေထိုင်"

"အွန်း"

အန်နာကလီဆာ့ဘေးကိုမှကပ်ပြီးဝင်ထိုင်လိုက်သည်

"အန်နာအကူအညီလေးတောင်းချင်လို့"

"ဘာများလဲ"

"မနက်ကသင်သွားတဲ့စာတွေကိုအန်နာသိပ်နားမလည်လို့ရှင်းပြပေးပါလား"

"ဟင်"

လီဆာကလည်းမျက်နှာသေနဲ့ကြောင်နေသလိုဘမ်ကတော့ဘေးကနေဗိုက်နှိပ်ပြီးရယ်နေတယ်

"ဘာလို့လဲဟင်အဆင်မပြေလို့လား"

"အမလေးအန်နာရယ်နင်ကတကယ့်သူကိုမှစာရှင်းပြခိုင်းနေတယ်လီဆာကအတန်းသာတက်တာစာကိုလိုက်ကြည့်တဲ့သူမဟုတ်ဘူး"

"ဟမ်"

"မဟမ်ပါနဲ့အန်နာရဲ့ဘမ်ပြောသလိုပဲငါကစာဆိုဂရုကိုမစိုက်တာ"

လီဆာ့စကားကြားတော့အန်နာကရယ်ကျဲကျဲလေးနဲ့ဘမ့်ဘက်ကိုဦးတည်လာသည်

"ဟေးဟေး...မရဘူးနော်ငါလည်းစာမရဘူး"

"နင်တို့နှစ်ယောက်ကအဲ့လောက်တောင်တော်တာလားဟယ်"

အန်နာ့စကားကြောင့်သုံးယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးအူတက်အောင်ရယ်နေကြတယ်

"ငါနဲ့ဘမ်ကအမြဲအတန်းထဲဘိတ်ချီးဟ။အဲ့တာအခုမှမဟုတ်ဘူးငယ်ငယ်တည်းက"

"လီဆာကဘိတ်ဆိုငါကဘိတ်ရှေ့"

လီဆာ့စကားကိုဘမ်ကအနောက်ကနေထပ်ဆက်လိုက်တော့အန်နာ့ခမျာတော့ရယ်ပြီးရင်းရယ်နေရတယ်

"မဖြစ်တော့ဘူးပဲနောက်ဆိုငါကပဲစာသင်ရင်လိုက်ကြည့်မှနင်တို့နှစ်ကောင်ကအားကိုးလို့မရဘူး"

"နင်ကကျောင်းသူသစ်ဆိုတော့ငါတို့ဂုဏ်သတင်းတွေကိုမသိလို့လေနောက်ဆိုတစ်စတစ်စနဲ့ပိုသိလာရလိမ့်မယ်"

"ဒါနဲ့လေငါမနက်ကျောင်းလာတော့လီဆာ့ကိုအရင်တွေ့တာမိန်းမတွေအများကြီးတန်းစီပြီးပန်းနဲ့စောင့်နေတာလေအဲ့တာဘာလုပ်တာလဲဟင်"

"ငါ့ရဲ့fan clubပေါ့ဟာအဲ့မိန်းမတွေအကုန်လုံးကငါ့ကိုကြိုက်နေကြတာ"

"သြော်တကယ်အများကြီးပဲနင့်လိုနာမည်ကြီးနဲ့ခင်ခွင့်ရတာတကယ်ဂုဏ်ယူမိတယ်"

"ဟုတ်ပါပြီဟာ"

"အန်နာငါတို့နဲ့ဒီညကလပ်လိုက်ခဲ့ပါလား"

"လစ်မယ်လေဘယ်ကလပ်လဲ"

"ဝိုး!!တကယ့်ကိုငါတို့နဲ့သူငယ်ချင်းလာဖြစ်တာနင်မှန်သွားပြီ"

"အီထယ်ဝန်ကJ Club"

"ငါမရောက်ဖူးသေးဘူးဟ"

"ဖွင့်တာမှမကြာသေးပဲ"

"ထားပါဒါဆိုညကျတွေ့မယ်"

"အိုခေပါ"

🌻🌼

"ချယ်ယောင်းနင်ဟာအကျင့်ကိုမကောင်းဘူးငါ့နည်းနည်းကျွေးတော့ဘာဖြစ်မှာမို့လို့လဲပြော"

"နိုးပါမကျွေးဘူး"

"နင်ဆိုသည်မှာလေအစားအသောက်နဲ့ပတ်သက်ရင်ပေါင်းလို့သင်းလို့မကောင်းတော့တာအမှန်"

ချယ်ယောင်းကတော့ဂရုမစိုက်ဘူးဆိုတဲ့အထာနဲ့ပခုံးပြန်တွန့်ပြတယ်

"မကောင်းတဲ့သူငယ်ချင်း"

"အမလေး"

ဆူဇီကအားနဲ့တွန်းလိုက်တာကြောင့်ချယ်ယောင်းအရှိန်မထိန်းနိုင်ပဲအရှေ့တည့်တည့်မှာရှိနေတဲ့အမျိုးသမီးတစ်ယောက်ကိုသွားတိုက်တော့တယ်

"တောင်းပန်ပါတယ်နော်အစ်မချယ်တကယ်တောင်းပန်ပါတယ်"

လက်ထဲကရေခဲမုန့်လည်းအဲ့အမျိုးသမီးရဲ့အကျီကိုအကုန်ပေကုန်တာကြောင့်ချယ်ယောင်းလည်းငတ်ပြီ

"ရပါတယ်မလိုဘူးတော်တော့ငါ့ကိုမထိနဲ့"

"မဟုတ်တာချယ်ကြောင့်ဖြစ်တာချယ်ပြန်သုတ်ပေးပါ့မယ်"

ချယ်ယောင်းကအယောင်ယောင်အမှားမှားနဲ့သုတ်ပေးနေရင်းဖြစ်ချင်တော့သူသွားထိနေတာအဲ့အမျိုးသမီးရဲ့ရင်သားကို

ဆူဇီကတော့ဘေးကနေကြည့်ပြီးရယ်နေတယ်

"နင်ဘယ်တွေလာထိနေတာလဲ"

"ရှင်....ဟိုလေမဟုတ်ဘူးနော်ချယ်ကရေခဲမုန့်သုတ်ပေးတာ"

"စိတ်ညစ်လိုက်တာသုတ်ပေးမနေနဲ့ပြောင်မှာလည်းမဟုတ်ပဲ"

"တောင်းပန်ပါတယ်"

ချယ်ယောင်းကတောင်းသာပန်နေတာလက်ကအခုထိအဲ့နေရာကမဖယ်သေး

"ဟဲ့ချယ်ယောင်းနင့်လက်ကဖယ်တော့လေ"

ဆူဇီကရယ်သံနဲ့ဝင်ပြောမှချယ်ယောင်းလည်းရှက်ပြီးဖယ်ပေးလိုက်တယ်

ချယ်ယောင်းရှက်နေစဥ်မှာပဲဟိုအမျိုးသမီးကထွက်သွားလေပြီ

"အမလေးနေရာတွေမှားနေပြီနော်ရှက်သင့်တာဟိုအစ်မပါဟယ်"

"ဟယ် ဘယ်ရောက်သွားပြီလဲ"

"သွားပြီလေ"

"ဟာ..နာမည်လေးတောင်မသိလိုက်ရဘူး"

"နင်ကနာမည်သိပြီးဘာလုပ်မလို့လဲ"

"ဒီတိုင်းပါ"

ချယ်ယောင်းစိတ်လေးမဆိုသလောက်ညစ်မိသွားသည်နာမည်လေးတောင်သိရအောင်မမေးလိုက်ရလေခြင်းဆိုပြီးနောင်တလည်းအကြီးကြီးရပါသည်

"ဟဲ့ဒီမှာကြည့်စမ်း အဲ့အစ်မကျကျန်ခဲ့တာမလား"

ဆူဇီပြလို့ကြည့်လိုက်တော့လိပ်စာကတ်လေးဖြစ်မယ်

"ဟုတ်လောက်တယ်ဟသူခုနကပိုက်ဆံထည့်နေတာထင်တယ်အဲ့အချိန်နင်တွန်းလို့ငါတိုက်မိသွားတာ"

"ဂျီဆူမာနိုဘန်တဲ့"

"နာမည်ပါတယ်ပေါ့"

"ဟဲ့ဒီမှာလေကတ်ထဲမှာအားလုံးပါတယ်"

ချယ်ယောင်းအလျင်အမြန်ပဲကတ်လေးကိုဆွဲယူလိုက်သည်

"M ကျောက်မြတ်ရတနာဆိုင်ပိုင်ရှင်ပဲဟ"

"အေးဟသူဌေးမကြီးပဲနောက်ပြီးသူကမာနိုဘန်ဆိုတော့မြို့တော်ဝန်ရဲ့သမီးပေါ့"

"ဟုတ်သား"

ဂျီဆူတဲ့လားချယ်ယောင်းတော့ဘဝမှာတစ်သက်နဲ့တစ်ကိုယ်မကြုံဖူးတဲ့ခံစားချက်တွေဖြစ်ပေါ်နေမိပြီထင်သည်

ဂျီရေ ချယ်ယောင်းတော့ဂျီ့ကိုသဘောကျသွားပြီထင်တယ်

"ဂျီ"လို့ခေါ်ပါရစေနော်

🌻🌼

Djသံတွေbeatမြူးမြူးတွေနဲ့ကလပ်ထဲမှာစောက်ရမ်းလန်းနေတယ်

လီဆာကတော့စီးကရက်ကိုပါးစပ်မှာဖွာရင်းDancing floorကလူတွေကိုကြည့်နေတာ

"လီဆာနင်မကတော့ဘူးလား"

"ဟင့်အင်းငါစိတ်မပါဘူး"

"လီဆာကလည်းအန်နာနဲ့အတူကရအောင်"

အန်နာကလီဆာ့လက်တွေကိုအတင်းဆွဲလာတာကြောင့်လီဆာပြန်ရုန်းလိုက်ရသည်

"စိတ်မပါလို့"

"အန်နာခေါ်မနေနဲ့တော့လီဆာကစိတ်မပါရင်ဘာမှမလုပ်ဘူး"

"အာ့ဆိုအန်နာတော့သွားကဲပြီနော်"

လီဆာစီးကရက်အငွေ့တွေကိုရှိုက်ထုတ်လိုက်ရင်းခေါင်းငြိမ့်ပြလိုက်သည်

"ဂျန်းနီနင်ဘာဖြစ်နေတာလဲဒီလိုနေရာမျိုးလာပြီးတရားမှတ်နေရင်တော့သိပ်မဟုတ်သေးပါဘူးဟာ"

"ငါအေးဆေးနေချင်လို့ပါ"

"ငါတို့သွားကတော့မလို့နင်တစ်ယောက်တည်းဖြစ်လား"

"အွန်းဖြစ်ပါတယ်ဟ"

ဂျန်းနီကဒီလိုနေရာမျိုးတွေတစ်ခါမှမရောက်ဖူးပါဒီတစ်ခါတော့သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေကချိန်းလွန်းမကချိန်းလို့မငြင်းသာလို့သာလာရတာ

ဆူညံပြီးalcoholနံ့တွေမွှန်နေရင်ဂျန်းနီစိတ်ထဲကျဥ်းကျပ်လာတယ်

အထူးသဖြင့်စီးကရက်နံ့တွေကိုဂျန်းနီဟာသိပ်မုန်းတဲ့သူ

တစ်ယောက်တည်းပဲကျန်ခဲ့တော့လည်းအရှေ့မှာရှိနေတဲ့ကော့တေးအပျော့လေးပဲသောက်နေရတယ်

"လှလိုက်တာ"

လီဆာမျက်လုံးဝိုင်းဝိုင်းလေးတွေအရောင်ပြောင်းကာတောက်ပသွားသည်

နတ်မိမယ်များလား....သိပ်လှတာပဲလီဆာ့ဘဝမှာဒီလောက်ထိလှတဲ့အမျိုးသမီးမတွေ့ဖူးခဲ့ဘူး

ကော့တေးခွက်လေးကိုနီဆွေးဆွေးနှုတ်ခမ်းပါးမှာတေ့ရင်းလည်ချောင်းလေးအတိုင်းအရည်လေးတွေလျှောဆင်းသွားတာကိုလီဆာကြည့်နေရတာစိတ်တွေတောင်မူမမှန်တော့သလိုဖြစ်လာတယ်

ဒီကလပ်မှာလည်းတစ်ခါမှမတွေ့ဖူးပါဘူး

မဒမ့်ကြည့်ရတာလူသစ်ပဲဖြစ်ရမယ်

မဒမ့်အကြောင်းတွေးရင်းငေးနေတုန်းမထင်မှတ်ပဲမဒမ်ကလီဆာ့ဘက်ကိုငဲ့ကြည့်လာတာကြောင့်

မဒမ်နဲ့လီဆာအကြည့်ချင်းဆုံသွားတယ်

စက္ကန့်ပိုင်းလေးပါပဲခဏလေးရယ်

လီဆာနားမလည်နိုင်တာတစ်ခုကဘာလို့မဒမ်ကလီဆာ့ကိုတွေ့တာသရဲတစ္ဆေတွေ့သလိုလန့်သွားတဲ့မျက်နှာထားနဲ့မျက်နှာလွဲသွားရတာလဲ

ပထမဆုံးတွေ့ဆုံမှုနဲ့တင်လီဆာမဒမ့်ကိုစွဲလမ်းနေမိပြီ

•••••••••••••••••••••••••••••••••••••••••••ကြယ်လေးတွေပေးသွားကြအုန်း💫

အားလုံးကိုလေးစားချစ်ခင်လျက်🙆

🤎

Enjoy!!

××××××××××

Zawgyi



"ဘာဖြစ်သွားသေးလဲ"


"ရပါတယ်မလိုပါဘူး"


"လာလီဆာပါ"




"အာဟုတ်ကဲ့ပါ"



"အန်နာသွားတော့မယ်နော်ခွင့်ပြုပါဉီးလီဆာ"

"ဟုတ်ကဲ့ပါ"




"နှာဘူး"



🌻🌼


"ဂျန်း"

"ဂျန်း!!"



























"အဲ့တာကဂျုံအင်သဘောပါ"





ဂျုံအင်စောင့်နေတာကလည်းအဲ့အချက်တွေကြောင့်ပေါ့ဂျန်းနီဟာနှလုံးသားကိုဉီးစားမပေးတဲ့သူမှန်းဂျုံအင်သိထားသည်လေ


🌻🌼



"အေးပါဟာ ငါလိုက်မှာပါ"









"လီဆာ"


"သြော် အန်နာလာလေထိုင်"

"အွန်း"



"ဘာများလဲ"


"ဟင်"




"ဟမ်"


လီဆာ့စကားကြားတော့အန်နာကရယ်ကျဲကျဲလေးနဲ့ဘမ့်ဘက်ကိုဉီးတည်လာသည်












"ဟုတ်ပါပြီဟာ"


"လစ်မယ်လေဘယ်ကလပ်လဲ"


"အီထယ်ဝန်ကJ Club"

"ငါမရောက်ဖူးသေးဘူးဟ"

"ဖွင့်တာမှမကြာသေးပဲ"


"အိုခေပါ"

🌻🌼


"နိုးပါမကျွေးဘူး"




"အမလေး"








"နင်ဘယ်တွေလာထိနေတာလဲ"



"တောင်းပန်ပါတယ်"







"သွားပြီလေ"



"ဒီတိုင်းပါ"





"ဂျီဆူမာနိုဘန်တဲ့"

"နာမည်ပါတယ်ပေါ့"





"ဟုတ်သား"




🌻🌼



"လီဆာနင်မကတော့ဘူးလား"




"စိတ်မပါလို့"







"အွန်းဖြစ်ပါတယ်ဟ"





"လှလိုက်တာ"









လီဆာနားမလည်နိုင်တာတစ်ခုကဘာလို့မဒမ်ကလီဆာ့ကိုတွေ့တာသရဲတစ္ဆတွေ့သလိုလန့်သွားတဲ့မျက်နှာထားနဲ့မျက်နှာလွဲသွားရတာလဲ




🤎

Enjoy!!

There are no comments yet. Log in to be the first to leave a review!

Similar stories