1
19:20, 27 June 2022ကာစီနိုအကြီးစားကြီးရဲ့ဖဲဝိုင်းတစ်ခုမှာဆိုးလ်မြို့တော်ဝန်ရဲ့သမီးဖြစ်သူလာလီဆာမာနိုဘန်လည်းရှိလို့နေသည်
"လီဆာ နင်အကုန်အောမလို့လား"
"ဘာဖြစ်လို့လဲဘမ် နင်ကငါ့မယုံဘူးလား"
ပါလာသမျှငွေတွေကုန်လုနီးပါးဖြစ်နေတဲ့အထဲလက်ထဲကျန်တဲ့ငွေအကုန်ကိုလောင်းကြေးအဖြစ်အောမယ်ဆိုတော့ သူငယ်ချင်းဖြစ်သူဘမ်ကတားလိုက်ခြင်းဖြစ်သည်
"အဲ့လောက်ထိမလုပ်နဲ့နော်လီဆာ"
လီဆာ့လက်ထဲကအပြားလေးတွေကိုဘမ်ကဆွဲယူလိုက်တယ်
"ဘမ်ပြန်ပေးမဟုတ်ရင်ငါ့အကြောင်းသိတယ်နော်"
ငယ်ငယ်တည်းကလည်ပင်းဖက်ပေါင်းလာကြတဲ့သူငယ်ချင်းအရင်းကြီးတွေဖြစ်တာကြောင့်သိပ်လည်းချစ်ကြသလိုအတွင်းသိအဆင်းသိတွေ
ဘမ်ဟာလီဆာ့အားငယ်ငယ်ကတည်းကသိပ်ကြောက်တာ သူ့စကားကိုငြင်းဖို့မရဲခဲ့ဘူး။
"ပြီးရောဟာရော့ဖြစ်ချင်ရာဖြစ်"
"ဒီလိုမှပေါ့"
လီဆာရှိသမျှအားလုံးအောပြီးတဲ့နောက်ဖဲချပ်လေးတွေတရစပ်သူ့ဆီရောက်လာတယ်
ဝိုင်းမှာကစားနေကြတဲ့အိမ်ကလည်းရှစ်အိမ်လောက်ရှိတဲ့အတွက်ကြောင့်အားလုံးဟာကိုယ့်ဖဲကိုကြည့်လိုက်တခြားကစားသူတွေကိုအကဲခတ်လိုက်နဲ့အလုပ်ကိုယ်စီရှုပ်နေကြတယ်
လီဆာကစားနေတဲ့ဝိုင်းဟာကာစီနိုကကြေးအမြင့်ဆုံးဝိုင်းဖြစ်ပြီးလုံးဝပရိုဖဲသမားတွေပဲဆော့ကြတာဖြစ်တယ်
"ရက်စ်!!ဘမ်နင်တွေ့လားငါတို့နိုင်သွားပြီလုံးဝအပြတ်အသတ်ကိုနိုင်သွားတာဟားဟား"
ကံတရားကလီဆာ့ဘက်ပဲရှိတယ်ပြောရမလားဒီတစ်ခါတော့သူနိုင်သွားလေသည်
"လီဆာ့တို့ကတော့မိုက်တယ်ဟေ့ရှုံးထားသမျှပြန်ရပြီပေါ့ဟုတ်လား"
"စောက်ပါးစပ်ကိုပိတ်ထားဂျော့ရှ်ငါ့ကိုအရှုံးဆိုတဲ့စကားလာမပြောနဲ့ငါ့ဘဝမှာအရှုံးဆိုတာမရှိဘူး"
လီဆာကဂျော့ရှ်ဆိုတဲ့လူကိုလက်ညိုးငေါက်ငေါက်ထိုးပြီးပြန်အော်လိုက်တယ်
ဂျော့ရှ်ကတော့ပခုံးတွန့်ပြကာရယ်နေလေတယ်
"နင်ဆက်ကစားမှာလားလီဆာ"
"ကစားမှာပေါ့ဘမ်ရဲ့ကံတရားကငါ့ဘက်ပါလာပြီလေ"
ဘမ်ကတော့လီဆာ့အားကြည့်ပြီးခေါင်းတခါခါနဲ့
သူလည်းမနိုင်လို့လွတ်ထားတဲ့သဘောကိုး
ဘမ်မှမဟုတ်ဘူးလီဆာ့ကိုနိုင်တဲ့သူဘယ်သူမှမရှိဘူးရယ်
🌻🌼
"Shit!!!!တစ်ပြားမှကိုမကျန်ပဲရှုံးလာရတယ်လို့"
ကာစီနိုဝိုင်းကထွက်ထွက်ချင်းလမ်းဘေးမှာတွေ့တဲ့ဘီယာခွံကိုခြေထောက်နဲ့ကန်ရင်းလီဆာအော်လိုက်တယ်
"ငါနင့်ကိုပြောသားပဲအရမ်းမလုပ်ပါနဲ့လို့"
"ဘမ်နင်သိလားငါကလေပိုက်ဆံဘယ်လောက်ရှုံးရှုံးစောက်ဂရုကိုမစိုက်တာဒါပေမယ့်အဲ့အရှုံးဆိုတာကြီးကိုမုန်းတာ"
လီဆာဆိုတာအဲ့လိုရယ်ပါတကယ်လည်းမှန်တာပဲလေ
လီဆာကအရှုံးကိုမကြိုက်ဘူးအမြဲတမ်းသူပဲနိုင်ချင်တာ
"ထားပါတော့ပြန်ရအောင်နောက်ကျနေပြီ"
"ဘိုင့်ဘိုင်"
"နင်ဆိုင်ကယ်ကိုဖြေးဖြေးမောင်းနော်တော်ကြာတစ်ခုခုဖြစ်ရင်နင့်အမေနဲ့အစ်မရင်ကျိုးရချည်ရဲ့"
"ငါကဆယ်နှစ်တည်းကဆိုင်ကယ်စီးလာတာအဲ့လိုအက်စီးဒင့်မျိုးမရှိလာစေရဘူးဘမ်"
လီဆာထိုသို့ပြောလိုက်ပြီးသူ့ဆိုင်ကယ်ရှိရာသို့သွားပါတော့သည်
ဘမ်ကလည်းသူ့ကားနဲ့သူပြန်သွားလေသည်
🌻🌼
"လာလီဆာမာနိုဘန်!!!"
ထွက်ပေါ်လာတဲ့အသံအေးအေးကြောင့်လီဆာလှမ်းလက်စခြေလှမ်းတွေရပ်သွားရသည်
လီဆာသေချာပေါက်သိတာပေါ့ဒါကဖေဖေ့အသံဆိုတာ
အဲ့တာကြောင့်လည်းအလိုက်တသိပဲဧည့်ခန်းထဲကိုအမြန်သွားလိုက်သည်
"ဖေဖေ"
"ဘယ်အချိန်ရှိနေပြီလဲလာလီဆာဒီအချိန်ကမိန်းကလေးတစ်ယောက်ပြန်လာရမယ့်အချိန်လား"
ထုံးစံအတိုင်းဖေဖေ့ရဲ့ဓါတ်ပြားဟောင်းကြီးကိုနားထောင်ရတော့မယ်ဆိုတာလီဆာသဘောပေါက်လိုက်သည်
"အခုမှမနက်တစ်နာရီရှိသေးတာပါဖေဖေကလည်း"
"ဘာဖြစ်တယ်လာလီဆာနင်အခုအဲ့တာကိုစကားလုပ်ပြီးပြောလိုက်တာလား ဟမ်"
"ဖေဖေကလည်း ဆူချင်နောက်မှဆူတော့ဒီနေ့လီလီပင်ပန်းလာတယ်အိပ်ချင်ပြီ"
"သြော်ဟုတ်ကဲ့ပါဗျာကာစီနိုမှာမနားမနေဖဲရိုက်လာရတော့အတော်ပင်ပန်းနေတယ်ပေါ့ဟုတ်ကလား"
"သိရင်လည်းဘာလို့မေးနေသေးလဲဖေဖေကလည်းတော်ပြီလီလီသွားတော့မယ်"
"နင့်ကိုယ်နင်မြို့တော်ဝန်ရဲ့သမီးဆိုတာလည်းသတိရအုန်းနော်"
လီဆာလှေကားပေါ်တက်ခါနီးဖေဖေ့ရဲ့စကားသံကြောင့်ပျင်းတွဲတွဲအသံနဲ့ပြန်ပြောလိုက်သည်
"ဟုတ်ကဲ့ပါ"
လီဆာ့ဘဝကထူးတော့ထူးတယ်မြို့တော်ဝန်ရဲ့သမီးဖြစ်သော်ငြားသူ့ကိုဘယ်သူကမှမြို့တော်ဝန်သမီးမှန်းမသိကြဘူး
အဖေကသူ့ဂုဏ်သိက္ခာကျမှာစိုးလို့လီဆာ့နာမည်မှာမျိုးရိုးကိုဖွက်ထားကြတာ
ဒါကြောင့်လီဆာကလည်းဆိုးသထက်ကိုဆိုးပေးနေတာပေါ့
အတွင်းသိတွေကလွဲလီဆာ့ကိုမာနိုဘန်မိသားစုကမှန်းမသိကြဘူး
အခန်းထဲလည်းရောက်ရောအိပ်ရာပေါ်ကိုတခါတည်းကိုပစ်လှဲလိုက်ကာ
သိပ်ချစ်ရတဲ့ကြောင်လေးလီယိုကိုလည်းရင်ခွင်ထဲကိုအတင်းထည့်ထားလိုက်တယ်
လီယိုကသူ့ကိုကုန်ခြစ်ပြီးထွက်ပြေးသွားတော့လီဆာလည်းစိတ်ညစ်ညစ်နဲ့တစ်ကျိုးတည်းအိပ်ပျော်သွားတော့တယ်
🌻🌼
မနေ့ကနောက်ကျမှပြန်လာရပြီးအိပ်ပျော်သွားတာကြောင့်မနက်ရောက်တော့လည်းအတော်လေးနောက်ကျမှနိုးလာသည်
"တယ်ချောတဲ့ငါပါလားနော်"
မှန်ထဲကမျက်နှာချောချောကိုကြည့်ရင်းလီဆာရေရွတ်လိုက်သည်
"ကျောင်းနောက်ကျတော့မယ်အမြန်အောက်ထပ်ကိုဂိုးမယ်ဗျို့"
ကျောပိုးအိတ်လေးကိုတစောင်းလွယ်ကာအခန်းပြင်ကိုပြေးထွက်သွားသည်
လီဆာဆိုသည်မှာဘယ်လောက်တောင်ကမြင်းကျောထလဲဆိုလှေကားကိုတောင်တစ်ထစ်ချင်းမဆင်းဘူးနော်
လှေကားဘေးတန်းကနေထိုင်ရက်နဲ့လျှောဆင်းတာ
"ဟိုမှာဆူရဲ့မောင်တော်လေးဆင်းလာပါပြီဗျာ"
လီဆာအသံကြားလို့ကြည့်လိုက်တော့မြင်လိုက်ရတဲ့သူကြောင့်မျက်ခုံးတွေတွန့်ချိုးသွားမိသည်
မနက်စောစောကိုကျက်သရေမရှိထယ်ဝူဆိုတဲ့လူရောက်လာပြန်ပြီ
ထယ်ဝူဆိုတာလီဆာ့အစ်မဖြစ်သူဂျီဆူမာနိုဘန်ကိုပိုးပန်းနေတာလေ
"လီလီရယ်အဲ့လိုလျှောမဆင်းပါနဲ့ဆိုတော်ကြာချော်ကျရင်ဘယ်နှယ့်လုပ်"
"မမကလည်းလီလီကမွေးကတည်းကဒီလိုပဲဆော့လာတာပါနော်ဆရာကြီးပါ"
"ကဲလာတော့ကဲမနေနဲ့မနက်စာစားပြီးရင်ကျောင်းသွားတော့"
"မေမေနဲ့ဖေဖေရော"
"ဖေဖေကကုမ္ပဏီသွားပြီမေမေကတော့ရှော့ပင်းထင်တယ်"
"ဟာ မေမေကလီလီ့ကိုတောင်မခေါ်ဘူး"
"ဒီအဆိုးလေးနဲ့တော့ရှင့်မှာကျောင်းတက်ဖို့ရှိတယ်လေ"
"ဟွန့်"
လီဆာကတော့ရိုးရာမပျက်ဘဲနှုတ်ခမ်းလေးဟာသူစိတ်အလိုမကျတိုင်းစူထွက်လာပြန်ပါပြီ
"ဒါနဲ့မမကရောဘယ်သွားမှာလဲ"
"ဟယ်တော့ကျွန်မလည်းအလုပ်သွားမှာပေါ့"
"ဒီလူနဲ့အတူသွားမှာလား"
ထယ်ဝူ့ကိုမေးငေါ့ပြရင်းဂျီဆူ့အားမေးလိုက်သည်
"ဟုတ်တယ်လေအိုပါးနဲ့အတူသွားမှာ"
ချက်ချင်းပဲလီဆာကထယ်ဝူအနားကပ်ကာ
"လီလီ့မမကိုဘာမှလုပ်ဖို့မကြံနဲ့နော်"
"ဟဲ့လီလီ ဘာတွေပြောနေတာလဲ"
"မမဝင်မပါနဲ့ဒါလီလီကသူ့ကိုပြောတာ"
"အေးပါကွငါကမင်းအစ်မကိုစောင့်ရှောက်ပေးမှာပါ"
"ရုပ်ကိုကကြာကူလီရုပ်နဲ့"
လီဆာကမျက်နှာလွဲကာပြောလိုက်တာပေမယ့်ဟိုနှစ်ယောက်ကတော့နားတွေပါတော့ကြားတာပေါ့
"လီလီရိုက်မိတော့မယ်နော်အကြီးကိုအဲ့လိုမပြောရဘူးလေ"
"ဗလာဗလာ"
လီဆာကလျှာထုတ်ကာပြောင်ပြရင်းထမင်းစားခန်းထဲပြေးဝင်သွားသည်
"အိုပါးရယ်လီလီ့အစားဆူပဲတောင်းပန်ပါတယ်နော်"
"ရပါတယ်ဆူရယ်"
"အဲ့ကလေးကအလိုလိုက်ထားတော့ဆိုးသွမ်းနေတာ"
"ဆူလည်းသူ့ကိုသိပ်ချစ်တာပဲနော်"
"တစ်ဦးတည်းသောသွေးသားအရင်းအချာပဲလေချစ်တာပေါ့နောက်ပြီးလီလီကညီမလေးဆိုပေမယ့်ဆူ့အတွက်တော့မောင်လေးတစ်ယောက်ရထားသလိုပဲမျောက်ရှုံးအောင်ဆော့ပြီးတကယ့်အဆိုးလေး"
"ဟုတ်တယ်ဆူ လီလီကဆူနဲ့မတူဘူး ဆူကကျမိန်းကလေးဆန်ပြီးလှတာ"
ဂျီဆူကတော့ပါးစပ်လေးအုပ်ကာရယ်နေတယ်။အဲ့မြင်ကွင်းကိုထယ်ဝူကလည်းအပြုံးလေးနဲ့ကြည့်နေလေတယ်။
🌻🌼
တက္ကသိုလ်ထဲကိုလီဆာတို့ဆိုင်ကယ်လေးနဲ့ဝင်ရောက်လာတယ်ဆိုရင်ပဲရှိရှိသမျှမိန်းမတွေအားလုံးဆပ်ပြာသည်လင်ပျောက်သလိုကိုဖြစ်ကုန်ကြတာထုံးစံပါ
"လီလီလေးလာပြီဟဲ့"
"ကောင်မနင်ဖယ်နော်ငါ့လီလီပန်းလေးကိုမလုနဲ့"
"အမလေးအားလုံးတိတ်ကြငါတို့အားလုံးကဘဝတူတွေပဲကိုနင်တို့လည်းလီလီ့ကိုငမ်းဖို့မလားပါးစပ်ပိတ်ပြီးငမ်းစကားမများနဲ့"
"ပြီးတာပဲဟယ်"
မိန်းကလေးတွေအများကြီးကနှင်းဆီပန်းတစ်ပွင့်စီကိုင်ကာပြုံးပြုံးလေးတွေနဲ့ရပ်နေကြတယ်
လီဆာကလည်းဆိုင်ကယ်ကိုပါကင်သေချာထိုးပြီးပါးစပ်မှာစီးကရက်လေးတေ့ကာလာနေတာပေါ့
"နင်တို့တွေကအချိန်မှန်ပဲနော်"
လီဆာ့စကားကြောင့်မိန်းကလေးတွေအားလုံးလည်းပြန်ဖြေကြတယ်
"လီလီ့အတွက်ဆိုအချိန်မှန်ပဲဟီးဟီး"
လီဆာသူတို့ကိုကြည့်ပြီးလှောင်သလိုရယ်လိုက်တယ်
အဲ့အပြုအမူကလည်းလီဆာလုပ်နေကျပါပဲ
မိန်းမတွေကလည်းမမောနိုင်လာစောင့်တတ်ကြသလိုလီဆာကလည်းသူတို့ကိုကြည့်ပြီးလှောင်သလိုရယ်လိုက်နှာခေါင်းရှုံ့လိုက်လုပ်နေကျ။
အဲ့တာကိုသူတို့စိတ်ထဲတော့လီဆာဘာလုပ်လုပ်ကြည့်ကောင်းနေတာပဲ
"ကဲကဲအဲ့ပန်းတွေကငါ့အတွက်မလား"
"ဟုတ်ပါတယ်လီလီ့အတွက်"
"ငါယူသွားမယ်"
လီဆာကနေ့တိုင်းတော့သူ့ကိုပေးတဲ့နှင်းဆီဝါတွေကိုယူသွားရှာတယ်
အနည်းဆုံးတော့ဒီမိန်းမတွေရဲ့စိတ်ရှည်စွာကြိုးစားမှုကိုအသိအမှတ်ပြုတဲ့အထိမ်းအမှတ်နဲ့ပေါ့
"ဟိုးထားလီဆာ ငါပဲသယ်ပါ့မယ်"
နှင်းဆီပန်းတွေအလုအယက်ပေးဖို့မိန်းကလေးတွေဟန်ပြင်နေတုန်းဘမ်ဘမ်ရောက်လာတယ်
ဘမ်ရဲ့တာဝန်ကလည်းလီဆာ့ကိုကောင်မလေးတွေပေးသမျှသယ်ရတာပါ
"နင်တို့တွေလည်းမပျင်းကြဘူးလားမသိဘူးနေ့တိုင်းကိုနှင်းဆီတစ်ပွင့်စီနဲ့စောင့်နေကြတယ်"
"အောင်မယ်ဘမ်စုတ် နင့်ကိုကြိုက်မယ့်သူမရှိလို့လီလီ့ကိုမနာလိုဖြစ်နေတာမလား"
ဘမ့်ခမျာပြန်ချေပခံလိုက်ရတဲ့စကားလုံးတွေကြောင့်မျက်နှာမှာအီခနဲကိုဖြစ်သွားရတယ်
လီဆာကတော့ဘမ်နဲ့ကောင်မလေးတွေရဲ့အဖြစ်ကိုကြည့်ပြီးရယ်နေလေတယ်
"အစ်မ ဒီမှာကော်ဖီအေးသောက်လိုက်နော်ချယ်တို့ကန်တင်းကကော်ဖီကသိပ်ကောင်းတာ"
"အင်းပါချယ်ရဲ့"
"အစ်မနင်ဘာတွေကြည့်နေတာလဲ"
ဂျန်းနီရဲ့အကြည့်တွေကကျောင်းပေါက်ဝနားကနေမခွာနိုင်ဖြစ်နေတာကြောင့်ချယ်ယောင်းမေးလိုက်ရခြင်း
"ချယ်ဟိုတစ်ယောက်ကဘယ်သူလဲဟင်"
"ဘယ်သူ့ကိုပြောတာလဲအစ်မ"
"ဟိုးမှာလေလည်သာဂျာကင်နဲ့လက်ပိုက်ပြီးရပ်နေတဲ့တစ်ယောက်"
ဂျန်းနီကပိုက်ကိုပါးစပ်နဲ့တေ့ရင်းချယ်ယောင်းကိုပြန်ပြောလိုက်တယ်
"သြော်အဲ့တာလာလီဆာလေကျောင်းရဲ့နာမည်ကြီးပဲ"
"ဟုတ်လား"
"အွန်းအခုပဲကြည့်လေသူလာတာနဲ့ကျောင်းသူတွေကတီကောင်ကိုဆားနဲ့ပက်လိုက်သလိုပဲ"
ဂျန်းနီကတော့ချယ်ယောင်းရဲ့စကားကြောင့်ထင်သည်
ရယ်နေတာများဟက်ဟက်ပက်ပက်ပဲ
"အစ်မဘာလို့မေးတာလဲ"
"ဒီတိုင်းပါကောင်မလေးတွေကသူဝင်လာတည်းကစောင့်နေကြလို့ဒီတိုင်းသိချင်မိလို့မေးကြည့်တာ"
"အစ်မရယ်အဲ့ဆန်ကုန်မြေလေးအကြောင်းမတွေးနဲ့သူကငဆိုး"
ဘယ်လောက်များဆိုးလို့လဲချယ်ရယ်လို့ဂျန်းနီပြန်မေးလိုက်ချင်သည်
ဂျန်းနီဘာလို့မှန်းမသိအဲ့တစ်ယောက်ကိုစတွေ့တည်းကရင်ထဲတစ်မျိုးလေးခံစားမိတာ
ငဆိုးလေးတဲ့လေ ဆန်ကုန်မြေလေးဆိုတဲ့ဘွဲ့တစ်ခုကိုလည်းပိုင်သေးသကိုး
"ချယ်လည်းအတန်းသွားတော့တော်ကြာနောက်ကျနေလို့ဆရာဆူနေအုန်းမယ်"
"ဟုတ်သားပဲ အစ်မတာ့တာနော်ဂျုံအင်အိုပါးနဲ့လည်းပျော်ပျော်ရွှင်ရွှင်ဒိတ်လာခဲ့ကြားလား"
ဂျန်းနီလက်ပြရင်းပဲခေါင်းငြိမ့်ပြလိုက်သည်
ဂျုံအင်ဆိုလို့သူကဂျန်းနီရဲ့အလယ်တန်းထဲကသူငယ်ချင်းတစ်ယောက်အခုထိလည်းအဲ့အဆင့်ကမတက်သေးပါဘူး
ဂျုံအင်ကဂျန်းနီကိုဖွင့်ပြောထားပေမယ့်လည်းဂျန်းနီကအခုထိပြန်လက်မခံသေးတာ
ဘာလို့ဆိုအဖြေကရှင်းပါတယ်
ဂျန်းနီဂျုံအင်ကိုမချစ်ဘူးသူငယ်ချင်းထက်လည်းမပိုဘူး
"လီဆာရယ်နင်နဲ့လည်းနော်တကယ့်ကိုစွန်ချက်"
"မကောင်းဘူးလားငါစော်ကြည်တာ"
"ကောင်းတာတော့ကောင်းတာပေါ့ကွာဒါပေမယ့်လည်းငါစိတ်ညစ်ရတယ်"
"ဘာလို့လဲ"
"နင်စဥ်းစားကြည့်လေအဲ့ကောင်မလေးတွေကငါ့ဆီလာပြီးစာတွေပေးခိုင်းမုန့်တွေကျွေးခိုင်းနဲ့ပြီးလို့နင်ကသူတို့ကိုပြန်မတွဲရင်လည်းငါ့ပြဿနာရှာကြတာ"
"ထားစမ်းပါဟာငါရည်းစားမထားချင်ဘူးအဲ့လောက်ထိငါအားမနေဘူးဘမ်"
လီဆာကဘယ်လောက်ပဲစော်တွေဘဲတွေကြည်နေပါစေတခါမှတော့ရည်းစားမထားဖူးဘူး
အကြောင်းပြချက်ကလည်းအဲ့မအားလို့ဆိုတာပါပဲလီဆာ့တစ်နေ့တာမှာဖဲရိုက်တယ်ဆိုင်ကယ်ပြိုင်တယ်ကားပြိုင်တယ်ကလပ်တက်တယ်
ဒါတွေကိုအချိန်ပေးရတော့ရည်းစားထားဖို့အချိန်မရှိ
"အမလေးဘုရား"
လီဆာကျောင်းခန်းထဲဝင်ဖို့အကွေ့ကောင်မလေးတစ်ယောက်အရှိန်လွန်ပြီးလီဆာ့ရင်ခွင်ထဲကိုရောက်လာတယ်။
အဲ့ကောင်မလေးကလည်းလန့်ပြီးဘုရားတောင်'တ'လိုက်သေးတယ်
•••••••••••••••••••••••••••••••••••••••••••Kအချစ်လေးတွေသဘောတွေ့ရဲ့လား???
ဒီFicထဲမှာတော့Liliကအဆိုးလေးပေါ့ကွယ်
မဒမ့်အနားမှာပီကေလိုကပ်နေမယ့်လူဆိုးလေး
(ဒီFicထဲကLisaရဲ့Styleဟာဒီလိုမျိုးပါ)
အမြဲလည်သာဂျာကင်တွေနဲ့အမိုက်စား
ဆိုင်ကယ်ကြီးနဲ့အလန်းဇယားgirl crushကြီး
PFWအတွက်လည်းရင်တွေခုန်ပြီးစောင့်နေပါတယ်လို့....
Nini's 🐣
အားလုံးကိုလေးစားချစ်ခင်လျက်🤎
Zawgyi
ကာစီႏိုအႀကီးစားႀကီးရဲ့ဖဲဝိုင္းတစ္ခုမွာဆိုးလ္ၿမိဳ႔ေတာ္ဝန္ရဲ့သမီးျဖစ္သူလာလီဆာမာႏိုဘန္လည္းရိွလို႔ေနသည္
"လီဆာ နင္အကုန္ေအာမလို႔လား"
"ဘာျဖစ္လို႔လဲဘမ္ နင္ကငါ့မယံုဘူးလား"
ပါလာသမ်ွေငြေတြကုန္လုနီးပါးျဖစ္ေနတဲ့အထဲလက္ထဲက်န္တဲ့ေငြအကုန္ကိုေလာင္းေၾကးအျဖစ္ေအာမယ္ဆိုေတာ့ သူငယ္ခ်င္းျဖစ္သူဘမ္ကတားလိုက္ျခင္းျဖစ္သည္
"အဲ့ေလာက္ထိမလုပ္နဲ႔ေနာ္လီဆာ"
လီဆာ့လက္ထဲကအျပားေလးေတြကိုဘမ္ကဆြဲယူလိုက္တယ္
"ဘမ္ျပန္ေပးမဟုတ္ရင္ငါ့အေၾကာင္းသိတယ္ေနာ္"
ငယ္ငယ္တည္းကလည္ပင္းဖက္ေပါင္းလာၾကတဲ့သူငယ္ခ်င္းအရင္းႀကီးေတျြဖစ္တာေၾကာင့္သိပ္လည္းခ်စ္ၾကသလိုအတြင္းသိအဆင္းသိေတြ
ဘမ္ဟာလီဆာ့အားငယ္ငယ္ကတည္းကသိပ္ေၾကာက္တာ သူ႔စကားကိုျငင္းဖို႔မရဲခဲ့ဘူး။
"ၿပီးေရာဟာေရာ့ျဖစ္ခ်င္ရာျဖစ္"
"ဒီလိုမွေပါ့"
လီဆာရိွသမ်ွအားလံုးေအာၿပီးတဲ့ေနာက္ဖဲခ်ပ္ေလးေတြတရစပ္သူ႔ဆီေရာက္လာတယ္
ဝိုင္းမွာကစားေနၾကတဲ့အိမ္ကလည္းရွစ္အိမ္ေလာက္ရိွတဲ့အတြက္ေၾကာင့္အားလံုးဟာကိုယ့္ဖဲကိုၾကည့္လိုက္တျခားကစားသူေတြကိုအကဲခတ္လိုက္နဲ႔အလုပ္ကိုယ္စီရႈပ္ေနၾကတယ္
လီဆာကစားေနတဲ့ဝိုင္းဟာကာစီႏိုကေၾကးအျမင့္ဆံုးဝိုင္းျဖစ္ၿပီးလံုးဝပရိုဖဲသမားေတြပဲေဆာ့ၾကတာျဖစ္တယ္
"ရက္စ္!!ဘမ္နင္ေတြ့လားငါတို႔ႏိုင္သြားၿပီလံုးဝအျပတ္အသတ္ကိုႏိုင္သြားတာဟားဟား"
ကံတရားကလီဆာ့ဘက္ပဲရိွတယ္ေျပာရမလားဒီတစ္ခါေတာ့သူႏိုင္သြားေလသည္
"လီဆာ့တို႔ကေတာ့မိုက္တယ္ေဟ့ရႈံးထားသမ်ျွပန္ရၿပီေပါ့ဟုတ္လား"
"ေစာက္ပါးစပ္ကိုပိတ္ထားေဂ်ာ့ရွ္ငါ့ကိုအရႈံးဆိုတဲ့စကားလာမေျပာနဲ႔ငါ့ဘဝမွာအရႈံးဆိုတာမရိွဘူး"
လီဆာကေဂ်ာ့ရွ္ဆိုတဲ့လူကိုလက္ညိုးေငါက္ေငါက္ထိုးၿပီးျပန္ေအာ္လိုက္တယ္
ေဂ်ာ့ရွ္ကေတာ့ပခံုးတြန္႔ျပကာရယ္ေနေလတယ္
"နင္ဆက္ကစားမွာလားလီဆာ"
"ကစားမွာေပါ့ဘမ္ရဲ့ကံတရားကငါ့ဘက္ပါလာၿပီေလ"
ဘမ္ကေတာ့လီဆာ့အားၾကည့္ၿပီးေခါင္းတခါခါနဲ႔
သူလည္းမႏိုင္လို႔လြတ္ထားတဲ့သေဘာကိုး
ဘမ္မွမဟုတ္ဘူးလီဆာ့ကိုႏိုင္တဲ့သူဘယ္သူမွမရိွဘူးရယ္
🌻🌼
"Shit!!!!တစ္ျပားမွကိုမက်န္ပဲရႈံးလာရတယ္လို႔"
ကာစီႏိုဝိုင္းကထြက္ထြက္ခ်င္းလမ္းေဘးမွာေတြ့တဲ့ဘီယာခြံကိုေျခေထာက္နဲ႔ကန္ရင္းလီဆာေအာ္လိုက္တယ္
"ငါနင့္ကိုေျပာသားပဲအရမ္းမလုပ္ပါနဲ႔လို႔"
"ဘမ္နင္သိလားငါကေလပိုက္ဆံဘယ္ေလာက္ရႈံးရႈံးေစာက္ဂရုကိုမစိုက္တာဒါေပမယ့္အဲ့အရႈံးဆိုတာႀကီးကိုမုန္းတာ"
လီဆာဆိုတာအဲ့လိုရယ္ပါတကယ္လည္းမွန္တာပဲေလ
လီဆာကအရႈံးကိုမႀကိဳက္ဘူးအၿမဲတမ္းသူပဲႏိုင္ခ်င္တာ
"ထားပါေတာ့ျပန္ရေအာင္ေနာက္က်ေနၿပီ"
"ဘိုင့္ဘိုင္"
"နင္ဆိုင္ကယ္ကိုေျဖးေျဖးေမာင္းေနာ္ေတာ္ၾကာတစ္ခုခုျဖစ္ရင္နင့္အေမနဲ႔အစ္မရင္က်ိဳးရခ်ည္ရဲ့"
"ငါကဆယ္ႏွစ္တည္းကဆိုင္ကယ္စီးလာတာအဲ့လိုအက္စီးဒင့္မ်ိဳးမရိွလာေစရဘူးဘမ္"
လီဆာထိုသို႔ေျပာလိုက္ၿပီးသူ႔ဆိုင္ကယ္ရိွရာသို႔သြားပါေတာ့သည္
ဘမ္ကလည္းသူ႔ကားနဲ႔သူျပန္သြားေလသည္
🌻🌼
"လာလီဆာမာႏိုဘန္!!!"
ထြက္ေပၚလာတဲ့အသံေအးေအးေၾကာင့္လီဆာလွမ္းလက္စေျခလွမ္းေတြရပ္သြားရသည္
လီဆာေသခ်ာေပါက္သိတာေပါ့ဒါကေဖေဖ့အသံဆိုတာ
အဲ့တာေၾကာင့္လည္းအလိုက္တသိပဲဧည့္ခန္းထဲကိုအျမန္သြားလိုက္သည္
"ေဖေဖ"
"ဘယ္အခ်ိန္ရိွေနၿပီလဲလာလီဆာဒီအခ်ိန္ကမိန္းကေလးတစ္ေယာက္ျပန္လာရမယ့္အခ်ိန္လား"
ထံုးစံအတိုင္းေဖေဖ့ရဲ့ဓါတ္ျပားေဟာင္းႀကီးကိုနားေထာင္ရေတာ့မယ္ဆိုတာလီဆာသေဘာေပါက္လိုက္သည္
"အခုမွမနက္တစ္နာရီရိွေသးတာပါေဖေဖကလည္း"
"ဘာျဖစ္တယ္လာလီဆာနင္အခုအဲ့တာကိုစကားလုပ္ၿပီးေျပာလိုက္တာလား ဟမ္"
"ေဖေဖကလည္း ဆူခ်င္ေနာက္မွဆူေတာ့ဒီေန့လီလီပင္ပန္းလာတယ္အိပ္ခ်င္ၿပီ"
"ေၾသာ္ဟုတ္ကဲ့ပါဗ်ာကာစီႏိုမွာမနားမေနဖဲရိုက္လာရေတာ့အေတာ္ပင္ပန္းေနတယ္ေပါ့ဟုတ္ကလား"
"သိရင္လည္းဘာလို႔ေမးေနေသးလဲေဖေဖကလည္းေတာ္ၿပီလီလီသြားေတာ့မယ္"
"နင့္ကိုယ္နင္ၿမိဳ႔ေတာ္ဝန္ရဲ့သမီးဆိုတာလည္းသတိရအုန္းေနာ္"
လီဆာေလွကားေပၚတက္ခါနီးေဖေဖ့ရဲ့စကားသံေၾကာင့္ပ်င္းတြဲတြဲအသံနဲ႔ျပန္ေျပာလိုက္သည္
"ဟုတ္ကဲ့ပါ"
လီဆာ့ဘဝကထူးေတာ့ထူးတယ္ၿမိဳ႔ေတာ္ဝန္ရဲ့သမီးျဖစ္ေသာ္ျငားသူ႔ကိုဘယ္သူကမွၿမိဳ႔ေတာ္ဝန္သမီးမွန္းမသိၾကဘူး
အေဖကသူ႔ဂုဏ္သိကၡာက်မွာစိုးလို႔လီဆာ့နာမည္မွာမ်ိဳးရိုးကိုဖြက္ထားၾကတာ
ဒါေၾကာင့္လီဆာကလည္းဆိုးသထက္ကိုဆိုးေပးေနတာေပါ့
အတြင္းသိေတြကလြဲလီဆာ့ကိုမာႏိုဘန္မိသားစုကမွန္းမသိၾကဘူး
အခန္းထဲလည္းေရာက္ေရာအိပ္ရာေပၚကိုတခါတည္းကိုပစ္လွဲလိုက္ကာ
သိပ္ခ်စ္ရတဲ့ေၾကာင္ေလးလီယိုကိုလည္းရင္ခြင္ထဲကိုအတင္းထည့္ထားလိုက္တယ္
လီယိုကသူ႔ကိုကုန္ျခစ္ၿပီးထြက္ေျပးသြားေတာ့လီဆာလည္းစိတ္ညစ္ညစ္နဲ႔တစ္က်ိဳးတည္းအိပ္ေပ်ာ္သြားေတာ့တယ္
🌻🌼
မေန့ကေနာက္က်မျွပန္လာရၿပီးအိပ္ေပ်ာ္သြားတာေၾကာင့္မနက္ေရာက္ေတာ့လည္းအေတာ္ေလးေနာက္က်မွႏိုးလာသည္
"တယ္ေခ်ာတဲ့ငါပါလားေနာ္"
မွန္ထဲကမ်က္ႏွာေခ်ာေခ်ာကိုၾကည့္ရင္းလီဆာေရရြတ္လိုက္သည္
"ေက်ာင္းေနာက္က်ေတာ့မယ္အျမန္ေအာက္ထပ္ကိုဂိုးမယ္ဗ်ိဳ႕"
ေက်ာပိုးအိတ္ေလးကိုတေစာင္းလြယ္ကာအခန္းျပင္ကိုေျပးထြက္သြားသည္
လီဆာဆိုသည္မွာဘယ္ေလာက္ေတာင္ကျမင္းေက်ာထလဲဆိုေလွကားကိုေတာင္တစ္ထစ္ခ်င္းမဆင္းဘူးေနာ္
ေလွကားေဘးတန္းကေနထိုင္ရက္နဲ႔ေလ်ွာဆင္းတာ
"ဟိုမွာဆူရဲ့ေမာင္ေတာ္ေလးဆင္းလာပါၿပီဗ်ာ"
လီဆာအသံၾကားလို႔ၾကည့္လိုက္ေတာ့ျမင္လိုက္ရတဲ့သူေၾကာင့္မ်က္ခံုးေတြတြန္႔ခ်ိဳးသြားမိသည္
မနက္ေစာေစာကိုက်က္သေရမရိွထယ္ဝူဆိုတဲ့လူေရာက္လာျပန္ၿပီ
ထယ္ဝူဆိုတာလီဆာ့အစ္မျဖစ္သူဂ်ီဆူမာႏိုဘန္ကိုပိုးပန္းေနတာေလ
"လီလီရယ္အဲ့လိုေလ်ွာမဆင္းပါနဲ႔ဆိုေတာ္ၾကာေခ်ာ္က်ရင္ဘယ္ႏွယ့္လုပ္"
"မမကလည္းလီလီကေမြးကတည္းကဒီလိုပဲေဆာ့လာတာပါေနာ္ဆရာႀကီးပါ"
"ကဲလာေတာ့ကဲမေနနဲ႔မနက္စာစားၿပီးရင္ေက်ာင္းသြားေတာ့"
"ေမေမနဲ႔ေဖေဖေရာ"
"ေဖေဖကကုမၸဏီသြားၿပီေမေမကေတာ့ေရွာ့ပင္းထင္တယ္"
"ဟာ ေမေမကလီလီ့ကိုေတာင္မေခၚဘူး"
"ဒီအဆိုးေလးနဲ႔ေတာ့ရွင့္မွာေက်ာင္းတက္ဖို႔ရိွတယ္ေလ"
"ဟြန္႔"
လီဆာကေတာ့ရိုးရာမပ်က္ဘဲႏႈတ္ခမ္းေလးဟာသူစိတ္အလိုမက်တိုင္းစူထြက္လာျပန္ပါၿပီ
"ဒါနဲ႔မမကေရာဘယ္သြားမွာလဲ"
"ဟယ္ေတာ့ကြၽန္မလည္းအလုပ္သြားမွာေပါ့"
"ဒီလူနဲ႔အတူသြားမွာလား"
ထယ္ဝူ႔ကိုေမးေငါ့ျပရင္းဂ်ီဆူ႔အားေမးလိုက္သည္
"ဟုတ္တယ္ေလအိုပါးနဲ႔အတူသြားမွာ"
ခ်က္ခ်င္းပဲလီဆာကထယ္ဝူအနားကပ္ကာ
"လီလီ့မမကိုဘာမွလုပ္ဖို႔မႀကံနဲ႔ေနာ္"
"ဟဲ့လီလီ ဘာေတြေျပာေနတာလဲ"
"မမဝင္မပါနဲ႔ဒါလီလီကသူ႔ကိုေျပာတာ"
"ေအးပါကြငါကမင္းအစ္မကိုေစာင့္ေရွာက္ေပးမွာပါ"
"ရုပ္ကိုကၾကာကူလီရုပ္နဲ႔"
လီဆာကမ်က္ႏွာလြဲကာေျပာလိုက္တာေပမယ့္ဟိုႏွစ္ေယာက္ကေတာ့နားေတြပါေတာ့ၾကားတာေပါ့
"လီလီရိုက္မိေတာ့မယ္ေနာ္အႀကီးကိုအဲ့လိုမေျပာရဘူးေလ"
"ဗလာဗလာ"
လီဆာကလ်ွာထုတ္ကာေျပာင္ျပရင္းထမင္းစားခန္းထဲေျပးဝင္သြားသည္
"အိုပါးရယ္လီလီ့အစားဆူပဲေတာင္းပန္ပါတယ္ေနာ္"
"ရပါတယ္ဆူရယ္"
"အဲ့ကေလးကအလိုလိုက္ထားေတာ့ဆိုးသြမ္းေနတာ"
"ဆူလည္းသူ႔ကိုသိပ္ခ်စ္တာပဲေနာ္"
"တစ္ၪီးတည္းေသာေသြးသားအရင္းအခ်ာပဲေလခ်စ္တာေပါ့ေနာက္ၿပီးလီလီကညီမေလးဆိုေပမယ့္ဆူ႔အတြက္ေတာ့ေမာင္ေလးတစ္ေယာက္ရထားသလိုပဲေမ်ာက္ရႈံးေအာင္ေဆာ့ၿပီးတကယ့္အဆိုးေလး"
"ဟုတ္တယ္ဆူ လီလီကဆူနဲ႔မတူဘူး ဆူကက်မိန္းကေလးဆန္ၿပီးလွတာ"
ဂ်ီဆူကေတာ့ပါးစပ္ေလးအုပ္ကာရယ္ေနတယ္။အဲ့ျမင္ကြင္းကိုထယ္ဝူကလည္းအၿပံဳးေလးနဲ႔ၾကည့္ေနေလတယ္။
🌻🌼
တကၠသိုလ္ထဲကိုလီဆာတို႔ဆိုင္ကယ္ေလးနဲ႔ဝင္ေရာက္လာတယ္ဆိုရင္ပဲရိွရိွသမ်ွမိန္းမေတြအားလံုးဆပ္ျပာသည္လင္ေပ်ာက္သလိုကိုျဖစ္ကုန္ၾကတာထံုးစံပါ
"လီလီေလးလာၿပီဟဲ့"
"ေကာင္မနင္ဖယ္ေနာ္ငါ့လီလီပန္းေလးကိုမလုနဲ႔"
"အမေလးအားလံုးတိတ္ၾကငါတို႔အားလံုးကဘဝတူေတြပဲကိုနင္တို႔လည္းလီလီ့ကိုငမ္းဖို႔မလားပါးစပ္ပိတ္ၿပီးငမ္းစကားမမ်ားနဲ႔"
"ၿပီးတာပဲဟယ္"
မိန္းကေလးေတြအမ်ားႀကီးကႏွင္းဆီပန္းတစ္ပြင့္စီကိုင္ကာၿပံဳးၿပံဳးေလးေတြနဲ႔ရပ္ေနၾကတယ္
လီဆာကလည္းဆိုင္ကယ္ကိုပါကင္ေသခ်ာထိုးၿပီးပါးစပ္မွာစီးကရက္ေလးေတ့ကာလာေနတာေပါ့
"နင္တို႔ေတြကအခ်ိန္မွန္ပဲေနာ္"
လီဆာ့စကားေၾကာင့္မိန္းကေလးေတြအားလံုးလည္းျပန္ေျဖၾကတယ္
"လီလီ့အတြက္ဆိုအခ်ိန္မွန္ပဲဟီးဟီး"
လီဆာသူတို႔ကိုၾကည့္ၿပီးေလွာင္သလိုရယ္လိုက္တယ္
အဲ့အျပဳအမူကလည္းလီဆာလုပ္ေနက်ပါပဲ
မိန္းမေတြကလည္းမေမာႏိုင္လာေစာင့္တတ္ၾကသလိုလီဆာကလည္းသူတို႔ကိုၾကည့္ၿပီးေလွာင္သလိုရယ္လိုက္ႏွာေခါင္းရႈံ႔လိုက္လုပ္ေနက်။
အဲ့တာကိုသူတို႔စိတ္ထဲေတာ့လီဆာဘာလုပ္လုပ္ၾကည့္ေကာင္းေနတာပဲ
"ကဲကဲအဲ့ပန္းေတြကငါ့အတြက္မလား"
"ဟုတ္ပါတယ္လီလီ့အတြက္"
"ငါယူသြားမယ္"
လီဆာကေန့တိုင္းေတာ့သူ႔ကိုေပးတဲ့ႏွင္းဆီဝါေတြကိုယူသြားရွာတယ္
အနည္းဆံုးေတာ့ဒီမိန္းမေတြရဲ့စိတ္ရွည္စြာႀကိဳးစားမႈကိုအသိအမွတ္ျပဳတဲ့အထိမ္းအမွတ္နဲ႔ေပါ့
"ဟိုးထားလီဆာ ငါပဲသယ္ပါ့မယ္"
ႏွင္းဆီပန္းေတြအလုအယက္ေပးဖို႔မိန္းကေလးေတြဟန္ျပင္ေနတုန္းဘမ္ဘမ္ေရာက္လာတယ္
ဘမ္ရဲ့တာဝန္ကလည္းလီဆာ့ကိုေကာင္မေလးေတြေပးသမ်ွသယ္ရတာပါ
"နင္တို႔ေတြလည္းမပ်င္းၾကဘူးလားမသိဘူးေန့တိုင္းကိုႏွင္းဆီတစ္ပြင့္စီနဲ႔ေစာင့္ေနၾကတယ္"
"ေအာင္မယ္ဘမ္စုတ္ နင့္ကိုႀကိဳက္မယ့္သူမရိွလို႔လီလီ့ကိုမနာလိုျဖစ္ေနတာမလား"
ဘမ့္ခမ်ာျပန္ေခ်ပခံလိုက္ရတဲ့စကားလံုးေတြေၾကာင့္မ်က္ႏွာမွာအီခနဲကိုျဖစ္သြားရတယ္
လီဆာကေတာ့ဘမ္နဲ႔ေကာင္မေလးေတြရဲ့အျဖစ္ကိုၾကည့္ၿပီးရယ္ေနေလတယ္
"အစ္မ ဒီမွာေကာ္ဖီေအးေသာက္လိုက္ေနာ္ခ်ယ္တို႔ကန္တင္းကေကာ္ဖီကသိပ္ေကာင္းတာ"
"အင္းပါခ်ယ္ရဲ့"
"အစ္မနင္ဘာေတြၾကည့္ေနတာလဲ"
ဂ်န္းနီရဲ့အၾကည့္ေတြကေက်ာင္းေပါက္ဝနားကေနမခြာႏိုင္ျဖစ္ေနတာေၾကာင့္ခ်ယ္ေယာင္းေမးလိုက္ရျခင္း
"ခ်ယ္ဟိုတစ္ေယာက္ကဘယ္သူလဲဟင္"
"ဘယ္သူ႔ကိုေျပာတာလဲအစ္မ"
"ဟိုးမွာေလလည္သာဂ်ာကင္နဲ႔လက္ပိုက္ၿပီးရပ္ေနတဲ့တစ္ေယာက္"
ဂ်န္းနီကပိုက္ကိုပါးစပ္နဲ႔ေတ့ရင္းခ်ယ္ေယာင္းကိုျပန္ေျပာလိုက္တယ္
"ေၾသာ္အဲ့တာလာလီဆာေလေက်ာင္းရဲ့နာမည္ႀကီးပဲ"
"ဟုတ္လား"
"အြန္းအခုပဲၾကည့္ေလသူလာတာနဲ႔ေက်ာင္းသူေတြကတီေကာင္ကိုဆားနဲ႔ပက္လိုက္သလိုပဲ"
ဂ်န္းနီကေတာ့ခ်ယ္ေယာင္းရဲ့စကားေၾကာင့္ထင္သည္
ရယ္ေနတာမ်ားဟက္ဟက္ပက္ပက္ပဲ
"အစ္မဘာလို႔ေမးတာလဲ"
"ဒီတိုင္းပါေကာင္မေလးေတြကသူဝင္လာတည္းကေစာင့္ေနၾကလို႔ဒီတိုင္းသိခ်င္မိလို႔ေမးၾကည့္တာ"
"အစ္မရယ္အဲ့ဆန္ကုန္ေျမေလးအေၾကာင္းမေတြးနဲ႔သူကငဆိုး"
ဘယ္ေလာက္မ်ားဆိုးလို႔လဲခ်ယ္ရယ္လို႔ဂ်န္းနီျပန္ေမးလိုက္ခ်င္သည္
ဂ်န္းနီဘာလို႔မွန္းမသိအဲ့တစ္ေယာက္ကိုစေတြ့တည္းကရင္ထဲတစ္မ်ိဳးေလးခံစားမိတာ
ငဆိုးေလးတဲ့ေလ ဆန္ကုန္ေျမေလးဆိုတဲ့ဘြဲ႔တစ္ခုကိုလည္းပိုင္ေသးသကိုး
"ခ်ယ္လည္းအတန္းသြားေတာ့ေတာ္ၾကာေနာက္က်ေနလို႔ဆရာဆူေနအုန္းမယ္"
"ဟုတ္သားပဲ အစ္မတာ့တာေနာ္ဂ်ံဳအင္အိုပါးနဲ႔လည္းေပ်ာ္ေပ်ာ္ရႊင္ရႊင္ဒိတ္လာခဲ့ၾကားလား"
ဂ်န္းနီလက္ျပရင္းပဲေခါင္းၿငိမ့္ျပလိုက္သည္
ဂ်ံဳအင္ဆိုလို႔သူကဂ်န္းနီရဲ့အလယ္တန္းထဲကသူငယ္ခ်င္းတစ္ေယာက္အခုထိလည္းအဲ့အဆင့္ကမတက္ေသးပါဘူး
ဂ်ံဳအင္ကဂ်န္းနီကိုဖြင့္ေျပာထားေပမယ့္လည္းဂ်န္းနီကအခုထိျပန္လက္မခံေသးတာ
ဘာလို႔ဆိုအေျဖကရွင္းပါတယ္
ဂ်န္းနီဂ်ံဳအင္ကိုမခ်စ္ဘူးသူငယ္ခ်င္းထက္လည္းမပိုဘူး
"လီဆာရယ္နင္နဲ႔လည္းေနာ္တကယ့္ကိုစြန္ခ်က္"
"မေကာင္းဘူးလားငါေစာ္ၾကည္တာ"
"ေကာင္းတာေတာ့ေကာင္းတာေပါ့ကြာဒါေပမယ့္လည္းငါစိတ္ညစ္ရတယ္"
"ဘာလို႔လဲ"
"နင္စဥ္းစားၾကည့္ေလအဲ့ေကာင္မေလးေတြကငါ့ဆီလာၿပီးစာေတြေပးခိုင္းမုန္႔ေတြေကြၽးခိုင္းနဲ႔ၿပီးလို႔နင္ကသူတို႔ကိုျပန္မတြဲရင္လည္းငါ့ျပႆနာရွာၾကတာ"
"ထားစမ္းပါဟာငါရည္းစားမထားခ်င္ဘူးအဲ့ေလာက္ထိငါအားမေနဘူးဘမ္"
လီဆာကဘယ္ေလာက္ပဲေစာ္ေတြဘဲေတြၾကည္ေနပါေစတခါမွေတာ့ရည္းစားမထားဖူးဘူး
အေၾကာင္းျပခ်က္ကလည္းအဲ့မအားလို႔ဆိုတာပါပဲလီဆာ့တစ္ေန့တာမွာဖဲရိုက္တယ္ဆိုင္ကယ္ၿပိဳင္တယ္ကားၿပိဳင္တယ္ကလပ္တက္တယ္
ဒါေတြကိုအခ်ိန္ေပးရေတာ့ရည္းစားထားဖို႔အခ်ိန္မရိွ
"အမေလးဘုရား"
လီဆာေက်ာင္းခန္းထဲဝင္ဖို႔အေကြ့ေကာင္မေလးတစ္ေယာက္အရိွန္လြန္ၿပီးလီဆာ့ရင္ခြင္ထဲကိုေရာက္လာတယ္။
အဲ့ေကာင္မေလးကလည္းလန္႔ၿပီးဘုရားေတာင္'တ'လိုက္ေသးတယ္
•••••••••••••••••••••••••••••••••••••••••••Kအခ်စ္ေလးေတြသေဘာေတြ့ရဲ့လား???
ဒီFicထဲမွာေတာ့Liliကအဆိုးေလးေပါ့ကြယ္
မဒမ့္အနားမွာပီေကလိုကပ္ေနမယ့္လူဆိုးေလး
အားလံုးကိုေလးစားခ်စ္ခင္လ်က္🤎
There are no comments yet. Log in to be the first to leave a review!





