Fanfics

49💛

20:04, 24 January 2022

Love and Loyaltyအခ်စ္ နဲ႔ သစၥာ

For ZG😍

မ်က္လံုးေရွ႕တည့္တည့္  မွာ ျမင္လိုက္ရတာက ျဖဴလႊလႊ ႏူးညံ့တဲ့ လက္ေလးတစ္ဖက္ရဲ႕ လက္ဖဝါးမွာ ထုတ္ခ်င္းေပါက္ေနတဲ့ တိုက္ပြဲသံုး ဂ်ပန္တပ္မေတာ္က ဓားေျမႇာင္ တစ္လက္။ထိုလက္ ပိုင္ရွင္ကို ၾကည့္လိုက္မိေတာ့ ကိုယ့္မ်က္လံုးေတာင္ကိုယ္ မယံုေတာ့ေပ။

"Jiji !!!! "

ျမင္လိုက္ရတဲ့ ကိုယ့္မ်က္လံုး ကိုယ္ပင္ Chae မယံုနိုင္ပါ။ဒဏ္ရာမ်ားစြာ နဲ႔ Chae လက္ထဲမွာတင္ အသက္ေပ်ာက္သြားတဲ့ Jiji က ခု သူ႔ေရွ႕မွာ မတ္တပ္ရပ္ၿပီး သူ႔ကို ကာကြယ္ေပးေနတယ္ တဲ့လား။

မ်ားျပားလွတဲ့ က်ည္ဆံေတြ ထိမွန္ထားၿပီး အသက္မရွိေတာ့ဘူး လို႔ သိထားတဲ့ လူတေယာက္က Chae ရဲ႕အသက္ကိုကယ္ေပး လိုက္တာတဲ့လား။

Flash back

၀ပ္က်င္း ၃ ကို သြားမယ္ ဆိုကတည္းက Ruby ကို ဧည့္ခန္းထဲ ကို ထည့္ကာ အျပင္မထြက္ဖို႔ အတန္တန္ မွာကာ ထြက္သြား ေလရဲ႕။ေသနတ္သံေတြက ၾကားေနရေပမယ့္ အေ၀းမွာ ျဖစ္ေနမွန္း သိသာသည္။အေတာ္ၾကာေတာ့ ေျပးသံ လႊားသံေတြ  ၾကားရတာေၾကာင့္ Lisa တို႔ စခန္းကို ဆုတ္လာၾက မွန္း သိလိုက္ရေတာ့သည္။Lisa ရဲ႕ အသံကိုၾကားလိုက္တာေၾကာင့္ စိတ္ပူရတာ အနည္းငယ္ေလး သက္သာသြားေတာ့သည္။

ဒါေပမယ့္ ခနအၾကာမွာ က်ယ္ေလာင္နီးကပ္စြာ ၾကားေနရတဲ့ ေသနတ္သံေတြေၾကာင့္ ပိုမို စိတ္ပူရျပန္သည္။ေနာက္ေတာ့ေသနတ္သံေတြ မဟုတ္ေတာ့ဘဲ ဓားခ်င္း ခတ္သံေတြ တခြၽင္ခြၽင္ ျကားရတာေၾကာင့္ အနီးကပ္တိုက္ပြဲဆိုတာ Ruby သေဘာေပါက္ လိုက္ေတာ့သည္။

* ေဖေဖက ေျပာဖူးတယ္ တိုက္ပြဲပံုစံ အမ်ိဳးမ်ိဳးရွိတယ္တဲ့အဲ့ထဲမွာမွ အႏၲရာယ္အမ်ားဆံုးတဲ့ ဘယ္ေနရာကမဆို ကိုယ့္ကို သတ္မဲ့ ရန္သူ ေပၚလာနိုင္တယ္တဲ့ ဒါဆို လီ အတြက္တကယ္ အႏၲရာယ္မ်ားတယ္ ငါထြက္ၾကည့္လိုက္ရမလား။မျဖစ္ေသးပါဘူး လီ က ငါ့ကို အျပင္မထြက္ဖို႔ မွာထားတယ္ရယ္။ဒါေပမယ့္ လီ အတြက္ အႏၲရာယ္အေတာ္မ်ားမွာ *

Ruby လည္း Lisa ကို စိတ္ပူတာေၾကာင့္ အျပင္ထြက္ဖို႔ ဆက္ခနဲ ထလိုက္ရာ ေဘးနားက စားပြဲကို တိုက္မိသြားေတာ့သည္။Ruby မသိလိုက္တာက သူတိုက္မိသြားတဲ့ စားပြဲရဲ႕ အစြန္းမွာ အဖံုးဖြင့္ၿပီး တင္ထားတဲ့ ေရဘူးက စားပြဲေဘးက ခံုတန္း ရွည္ေပၚမွာ ပက္လက္ကေလး တင္ထားတဲ့ Jiji ရဲ႕ ခႏၶာကိုယ္ေပၚကို ျပဳတ္က်သြားေတာ့သည္။တိတိက်က် ေျပာရရင္ Jiji ရဲ႕ မ်က္နွာေပၚပင္ ျဖစ္ေတာ့သည္။

အရွိန္နဲ႔ ျပဳတ္က်လာတဲ့ ေရဘူးေၾကာင့္ နာက်င္တာေရာ ေရဘူးထဲက ေရေတြ နွာေခါင္းထဲ ၀င္လို႔ ေရမႊန္းတာေၾကာင့္ပါသတိေမ့ေျမာေနတဲ့ Jiji လည္း သတိျပန္၀င္လာေတာ့သည္။

Ji-အား....နာလိုက္တာ ေက်ာတစ္ခုလံုးကို စိမ့္ေနေရာပဲ။ဒီေလာက္ အခ်က္ေပါင္းမ်ားစြာ ထိထားတာေတာင္ ငါမေသတာ ဆိုေတာ့ ေသခ်ာတယ္ ငါ့အသက္ Chae ပဲ။ဟမ္....ဓားသံေတြ မဟုတ္မွ အနီးကပ္တိုက္ပြဲလား။

Jiji လည္း အသည္းခိုက္ေအာင္ နာတဲ့ ဒဏ္ရာေတြကို ခန ေမ့ထားၿပီး အျပင္ကို ထြက္လာၿပီး Chae ကို အသည္းအသန္ရွာေနမိသည္။

ေဟာ....ေနာက္ဆံုးေတာ့ ေတြ႕ပါၿပီ။Jiji ရဲ႕ နွင္းဆီပန္းေလးေတာ္ပါေသးရဲ႕ အခုထိ အႏၲရာယ္ကင္းေသးတယ္။ရင္ထဲကအပူလံုးႀကီးေတာင္ ၿပီးေအာင္ မက်ရေသးဘူး။Son Chae နဲ႔Mina ကို ကယ္လိုက္တာေၾကာင့္ လစ္ဟာသြားတဲ့ တစ္ဖက္ျခမ္းကေန ဂ်ပန္စစ္သား တေယာက္က Chae ကို ဓားေျမႇာင္နဲ႔ လွမ္းပစ္လိုက္တာ ျမင္လိုက္တာေၾကာင့္ အရွိန္ကုန္သံုးၿပီး ေျပးသြားေတာ္ေသး လက္တစ္လွမ္းစာ လိုေနတာေၾကာင့္ မမွီေတာ့တာ သိတာမလို႔။ ဓားလာရာ လမ္းေၾကာင္း တည့္တည့္ ဆီသို႔ ညာဖက္လက္ကိုအတတ္နိုင္ဆံုး ထက္လြန္ကာ ဆန္႔ထုတ္လိုက္ေတာ့သည္။

jiji တြက္ထားသည့္အတိုင္း တကယ္လည္း ဓားဟာ Jiji ရဲ႕လက္ဖဝါး ႏုႏုကို ထုတ္ခ်င္းေဖာက္ ၀င္သြားေတာ့သည္။

* နာလိုက္တာ မွ အသည္းခိုက္ေအာင္ နာတယ္ထက္ ပိုၿပီးအဓိပၸါယ္ ရွိရွိ ေျပာလို႔ရမဲ့ စကားမ်ား ရွိေနေသးရင္ ေျပာခ်င္ပါရဲ႕။ဒါေပမယ့္ Chae ကို ကာကြယ္ေပးနိုင္လို႔ ျဖစ္လာတဲ့ ၀မ္းသာမႈ ပီတိက နာက်င္မႈေတြကို တကယ္ႀကီးကိုသက္သာေစပါတယ္။ေပ်ာက္ေတာ့ မေပ်ာက္နိုင္ဘူးရယ္ လက္ေကာ ေက်ာေကာ က  အေတာ္ကို နာေနၿပီရယ္ *

Flash End

" Jiji !!!! "

အံ့ၾသစြာ ထြက္ေပၚလာတဲ့ Chae ရဲ႕ ေခၚသံေလးက ခုလိုခ်ိန္မွာေတာင္ နားေထာင္လို႔ ေကာင္းေနတုန္းရယ္။

Jiji လည္း Chae ဘက္ကို လွည့္ၿပီး သူ႔ကို တအံ့တၾသ ၾကည့္ေနတဲ့ Chae ကို မ်က္လံုး တစ္ဖက္မွိတ္ကာ ျပလိုက္ၿပီး ၿပံဳးျပလိုက္ေတာ့ Chae က မယံုသလိုနဲ႔ မ်က္လံုးေတြကို ပြတ္ၿပီး Jiji ကို ျပဴးေၾကာင္ေၾကာင္ေလး ထပ္ၾကည့္ေနေလရဲ႕

* အမေလး ဒီရွဥ့္ေပါက္နဲ႔ေတာ့ ငါေတာ့ ေသေတာ့မွာပဲ အူယားဖို႔ ေကာင္းေအာင္ေတြ လာလုပ္ေနတယ္။တိုက္ပြဲထဲမွာသာ မဟုတ္ရင္ ငါတကယ္ ဖက္နမ္းတယ္ *

" ေဖ်ာက္ "

Chae မ်က္နွာနားကို ကပ္ၿပီး Jiji လက္ေဖ်ာက္တီးလိုက္ေတာ့မွပဲ Chae လည္း Jiji ကို ၾကည့္ေနရာကေန မ်က္ေတာင္ခတ္ေတာ့သည္။

ji-ဟိတ္....ဘာေတြ အဲ့ေလာက္ၾကည့္ေနတာလဲ ေသၿပီး ျပန္ထလာတာ ပိုေခ်ာလာလို႔လား။

Chae-Ji.....jiji တ...တကယ္ မေသဘူးလား

Chae မွာ ၀မ္းသာလြန္းလို႔ မ်က္ရည္ေတြ ပါ တလွိမ့္လွိမ့္စီးက်လာေတာ့သည္။

Ji-ေဟာရွင္....တကယ္မေသလို႔ ရွင့္ေရွ႕မယ္ အေကာင္လိုက္ႀကီး ေရာက္ေနတာေပါ့။မငိုပါနဲ႔ Chae ရယ္။

Chae-Jiji ရယ္.....Chae....Chae တကယ္၀မ္းသာလိုက္တာ။

ေျပာၿပီး Chae က Jiji ကို ဖက္လိုက္ခ်ိန္ Chae ေနာက္ကိုေျပး၀င္လာတဲ့ ဂ်ပန္စစ္သား တစ္ေယာက္ကို ျမင္လိုက္တာမလို႔ Chae ကို ဆက္ခနဲ ဆြဲၿပီး သူ႔ေနာက္ကို ပို႔လိုက္ကာ ညာ လက္ဖဝါးမွ စိုက္၀င္ေနတဲ့ ဓားကို ဘယ္လက္နဲ႔ ဆက္ခနဲ ဆြဲထုတ္လိုက္ကာ ေျပး၀င္လာတဲ့ ဂ်ပန္ေကာင္ရဲ႕ နွလံုးေနရာကို တဆံုးထိုးစိုက္ လိုက္ေတာ့သည္။

ပံုမွန္ဆို လက္ကို ဓား ပါးပါးေလး ရွတာေတာင္ ေရထိရင္ နာလိုက္ တခုခုနဲ႔ ထိရင္ နာလိုက္ျဖစ္တဲ့ သူခ်ည္းပါပဲ။ဒါေပမယ့္ Jiji ကေတာ့ လက္ဖဝါးထဲကို ဓားက ထုတ္ခ်င္းေပါက္သြားရံုတင္ မကဘူး အဲ့ ဓားကို အစိမ္းလိုက္ ဆြဲထုတ္လိုက္တာေတာင္ နာလို႔ နာရေကာင္းမွန္း မသိေတာ့ပါ။ဘာလို႔ဆို အခုခ်ိန္မွာ Jiji ရဲ႕ စိတ္အာရံု အကုန္လံုးမွာ Chae ကို ကာကြယ္ေပးဖို႔သာ ရွိေတာ့သည္။

Jiji ဘယ္ေလာက္ သူ႔ကို ခ်စ္မွန္း Chae ျမင္ေတြ႕ရတာ မ်ားလာေတာ့ Jiji ကို Chae အားလည္း အားနာရပါတယ္။ၿပီးေတာ့ ေက်းဇူးလည္း တင္မိရပါတယ္။ကိုယ့္ကို အဲ့ေလာက္ထိ ခ်စ္ေပးတဲ့ သူ ရွိတာမလို႔ ၀မ္းသာမိျပန္ပါေရာ။

Ji-ေဟး....ေဆးဗိုလ္ႀကီး Park Chaeyoung ဒါတိုက္ပြဲအတြင္းေနာ္ သတိလြတ္လို႔ မရဘူး။

Jiji ရဲ႕ စကားေၾကာင့္ Chae လည္း လႈပ္လႈပ္ရွားရွား ျပန္ျဖစ္သြားကာ Jiji ရဲ႕ ညာဘက္လက္ကို ခပ္ဖြဖြေလး လွမ္းကိုင္ လိုက္ၿပီး..........

Chae-လက္က အရမ္းနာေနလားဟင္

Ji-မနာပါဘူး။Jiji က ဘာမွမျဖစ္ဘူး Chae သာ ကိုယ့္ဘာသာကိုယ္ ဂရုစိုက္ေနာ္။

Chae-ဟုတ္ကဲ့

ဓားကို ေဘာင္းဘီအိတ္ထဲ ခနထည့္ထားကာ ဘယ္ဘက္ လက္ နဲ႔ Chae ရဲ႕ ပါးေလးကို ဖြဖြေလးကိုင္ၿပီး ျပန္ေျဖေနတဲ့Jiji နဲ႔ ။Jiji ကို စိတ္ပူတာေၾကာင့္ မ်က္ရည္ေလးေတြ ၀ဲကာ ေျပာေနတဲ့ Chae တို႔ကို ၾကည့္ရတာ Kai အတြက္ေတာ့ ျမင္ျမင္းကပ္စရာ ေကာင္းလြန္းလွသည္။

Kai-ေ-ာက္သံုး မက်လိုက္က်တဲ့ ေကာင္ေတြ ဒီ၂ ေယာက္ေလး ကိုေတာင္ ရေအာင္ မသတ္နိုင္ဘူး။ဒီ ၂ ေယာက္ကလည္း ဒီေလာက္ သူေသ ကိုယ္ေသ တိုက္ေနတာေတာင္ လာၿပီး ခ်စ္ခန္းႀကိဳက္ခန္း ဖြင့္ေနနိုင္ေသးတယ္။

ထိုစဥ္ Chae တို႔ ၂ ေယာက္ေရွ႕မွာ ကြယ္ေနတဲ့ ဂ်ပန္တပ္သား တစ္ခ်ိဳ႕နဲ႔ ေတာ္လွန္ေရး တပ္သား အခ်ိဳ႕မွာ တိုက္ခိုက္ရင္း ေ႐ြ႕လ်ားသြားၾကတာေၾကာင့္ Chae တို႔ ၂ ေယာက္နဲ႔ Kai ရဲ႕ ၾကားတြင္ ဘာၾကားခံနယ္မွ မရွိေတာ့ဘဲပစ္ကြင္းရွင္းသြားေတာ့သည္။ဒါကို Kai ကလည္း ျမင္ျဖစ္ေအာင္ ျမင္လိုက္တာေၾကာင့္ ေသနတ္နဲ႔ Chae တို႔ကိုခ်ိန္ကာ အဆက္မျပတ္ ပစ္ခတ္လိုက္ေတာ့သည္။

အခ်က္ေပါင္းမ်ားစြာ ပစ္ေနေသာ္လည္း Chae တို႔ကို တစ္ခ်က္မွ မထိေပ။ဘာလို႔ဆို ေသနတ္သံ စ ထြက္လာကတည္းက Jiji က Chae လက္ကို ဆြဲၿပီး ေျမျပင္ေပၚမွာ ၀ပ္ေနေအာင္ ေမွာက္ခ်ေစခဲ့ၿပီး Chae ရဲ႕ အေပၚကေန သူ႔ခႏၶာကိုယ္ အုပ္မိုးကာ ေျမျပင္ နဲ႔ တစ္သားတည္း ထင္ရေလာက္တဲ့ အထိ ၀ပ္ေနတာေၾကာင့့္ပင္ ျဖစ္ေတာ့သည္။

အနီးကပ္ တိုက္ပြဲတြင္ က်ဟ္ေလာင္စြာ အဆက္မျပတ္ ထြက္ေပၚလာတဲ့ ေသနတ္သံေၾကာင့္ အားလံုးရဲ႕ အာရံုဟာ Chae တို႔ကို သည္းႀကီးမည္းႀကီး ပစ္ေနတဲ့ Kai ဆီကို က်ေရာက္သြား ေတာ့သည္။

Kai ကေတာ့ သူ႔ကို အာရံုေရာက္ေနၾကမွန္း မသိရေအာင္အထိကို Chae တို႔ကိုသာ သည္းႀကီးမည္းႀကီး ပစ္ခတ္ေနေတာ့သည္။Kai ဆီကို အာရံုေရာက္သြားတဲ့ လူေတြ ထဲတြင္ Lisa လည္း အပါအ၀င္ျဖစ္ၿပီး Kai ပစ္ခတ္ေနတဲ့ ေနရာကိုၾကည့္လိုက္ေတာ့ ေျမျပင္ေပၚမွာ ျပားျပား၀ပ္ေနတဲ့ Chae နဲ႔ Chae ရဲ႕ အေပၚမွာ အုပ္မိုးကာေပးထားတဲ့........Jiji ! ။

* jiji က ဘယ္လိုလုပ္......ဟာ အဲ့ကိစၥက ေနာက္ထား Chae တို႔ကို အရင္ကယ္မွ ရမယ္ *

Lisa လည္း ခ်က္ခ်င္းဆိုသလို Kai ရဲ႕ ေနာက္ေက်ာဖက္ကို ေျပးသြားၿပီး Kai ရဲ႕ ေနာက္ဘက္က ဂ်ပန္စစ္သား ၃ ေယာက္ေလာက္ကို လ်ွက္တျပတ္ တိုက္ခဲ့ၿပီး Kai ရဲ႕ ျမင္းေပၚကို ေနာက္ေက်ာဘက္ကေန ခုန္တက္လိုက္ေတာ့သည္။

Chae တို႔ကိုသာ ရန္ျပဳရန္ မဲေနသည့္ Kai ကေတာ့ Lisa ေနာက္က ေရာက္လာတာကို မသိဘဲ ျမင္းေပၚတက္လာကာမွဘယ္သူ တက္လာမွန္း မသိလို႔ လွည့္ၾကည့္ဖို႔ ျပင္လိုက္ေပမယ့္ Lisa ရဲ႕ ဓားက Kai ရဲ႕ လည္ပင္းမွာ စိုက္၀င္သြားတာမလို႔ လွည့္ၾကည့္ခ်ိန္ေတာင္ မရလိုက္ေတာ့ေပ။

တျခားသူကို အႏၲရာယ္ျပဳဖို႔ ပဲ စိတ္ေရာက္ေနတဲ့ Kai က ကိုယ့္ အႏၲရာယ္ကို မျမင္ေတာ့ ဇာတ္သိမ္း မလွခဲ့ဘူး ျဖစ္သြားခဲ့တယ္ ေျပာရမယ္ ထင္ပါရဲ႕။

Kai အသက္မရွိ ေတာ့တာမလို႔ Kai ရဲ႕ တပ္စုက လူေတြက Kai ရဲ႕ ျမင္းေပၚကေန ဆင္းလာတဲ့ Lisa ကို ၀ိုင္းလိုက္ၾကေတာ့သည္။ဒါေပမယ့္ ၇ ေယာက္ေလာက္ပဲ ၀ိုင္းထားၾကတာ မလို႔ ေဖာက္ထြက္ဖို႔ Lisa အတြက္ မခဲယဥ္းေပ။

၇ ေယာက္လံုးကို အေမွာက္သိပ္ကာ Lisa ေဖာက္ထြက္လာနိုင္ေပမယ့္ အျပင္ဘက္မွာ မ်က္ကြယ္ ေနရာကေန အသင့္ေစာင့္ေနတဲ့ Mr,Ruby ရဲ႕ တစ္ဆံုးပစ္သြင္းလာတဲ့ ဓားေၾကာင့္ Lisa ေရွာင္ခ်ိန္မရေတာ့ မ်က္စိသာ စံုမွိတ္ခ်လိုက္ေတာ့ သည္။

မ်က္စိမွိတ္ၿပီး စကၠန္႔ပိုင္းအတြင္းမွာ လည္ပင္းကို လာေရာက္ဖက္တြယ္လာတဲ့ လက္တစ္စံု နဲ႔ သင္းပ်ံ  ့ပ်ံ  ့ ကိုယ္သင္းအနံ႔တစ္ခုေၾကာင့္ Lisa ရဲ႕ နားထင္အေၾကာေတြ ပါ ေထာင္တက္လာသည္အထိ Lisa လန္႔သြားမိေတာ့သည္။

ဒီ အထိအေတြ႕.......ဒီ ကိုယ္သင္းအနံ႔က Unnie !!!!

ထင္မိေနတဲ့ အရာကို မဟုတ္ပါေစနဲ႔ ဆုေတာင္းၿပီး ပိတ္ထားတဲ့ မ်က္လံုးအစံုကို ဖြင့္ၾကည့္လိုက္ေသာ္လည္း ဆုေတာင္း မျပည့္ခဲ့ Lisa ရဲ႕ ကမာၻၿပိဳၿပီ ျဖစ္ေတာ့သည္။ ႏႈတ္ခမ္းစပ္နားက ေသြးေတြနဲ႔ ေခြၽးသီးေခြၽးေပါက္တို႔ အျပင္ Mr,Ruby ရဲ႕အံ့ၾသေနတဲ့ မ်က္နွာတို႔ေၾကာင့္ Lisa ထင္ထားတာေတြ ျဖစ္လာၿပီ ဆိုတာ သိလိုက္ေတာ့သည္။

အားအင္ ခ်ိနဲ႔စြာနဲ႔ ျပဳတ္က်သြားတဲ့ Ruby ရဲ႕ ခႏၶာကိုယ္ကို ထိန္းေပးရင္းနဲ႔ Lisa ပါ အရုပ္ႀကိဳးပ်က္ လိုက္ထိုင္ခ်မိသြားသည္။

* ဘာလို႔......ဘာလို႔မ်ား လီ့ ကို ကယ္ရတာလဲ။Unnie မရွိရင္ ........Unnie တခုခုျဖစ္ရင္ လီ ရွင္လ်က္နဲ႔ ေသမယ္ဆိုတာ မသိလို႔မ်ားလား Unnie ရယ္*

စိတ္ထဲကသာ စကားေတြ ေျပာေနမိေပမယ့္ ႏႈတ္ခမ္းကေန တစ္လံုးမွ ထြက္မလာ အားရပါးရ ေအာ္ဟစ္ငိုျပစ္ခ်င္ေသာ္လည္း မ်က္ရည္ တစ္စက္ေလာက္ေတာင္ မ်က္၀န္းအိမ္ကိုေက်ာ္လြန္ၿပီး က်မလာခဲ့။ရင္ထဲမွာ ဗေလာင္ဆူ ေနရံုတင္ မကကမာၻပါ ပ်က္ေနေသာ္လည္း အသိမဲ့ေနတဲ့ လူ တေယာက္လိုသာ Ruby ကို ရင္ခြင္ထဲမွာ ေပြ႕ဖက္ထားကာ ေတြေတြႀကီးသာ ၾကည့္ေနမိေတာ့သည္။

Mr,Ruby-အား....သမီးေလး မျဖစ္ရဘူးေလ။ေတာင္းပန္ပါတယ္ ေဖေဖ ေတာင္းပန္ပါတယ္ သမီးေလးရယ္။

Mr,Ruby က ေတာ့ Ruby ကို သူကိုယ္တိုင္ ဓား နဲ႔ ထိုးမိလိုက္တာေၾကာင့္ ယူက်ံဴးမရ ျဖစ္ၿပီး ေၾကကြဲစြာ ေအာ္ဟစ္ေနမိေသာ္လည္း Lisa ဆီကေတာ့အသံေလး တစ္သံေတာင္ မၾကားရ။

" ဟား......ဟား.....ဟား.....ဟား"

မထင္မွတ္ထားခ်ိန္မွာ ထြက္ေပၚလာတဲ့ Lisa ရဲ႕ ရီသံေၾကာင့္Mr,Ruby ရဲ႕ ေဒါသဟာ အထြတ္အထိပ္ကို ေရာက္သြားေတာ့သည္။

Mr,Ruby- နင့္လို...နင့္လို  မေကာင္းတဲ့ ဟာမေၾကာင့္ ငါ့သမီးကို ငါျပန္သတ္မိတာ။ငါ့သမီးက နင့္လို ေကာင္မကိုအသက္ေပးၿပီး ကယ္သြားတာေၾကာင့္ နင္က ဟားတိုက္ရီေနနိုင္ေသးတယ္ေပါ့ မေကာင္းတဲ့ ေကာင္မရဲ႕။

အမွန္စင္စစ္ Lisa ဟားတိုက္ရီ သည္ဆိုသည္မွာ ရင္ထဲမွာ နာက်င္ စရာ ေၾကကြဲစရာ ၀မ္းနည္းစရာ ေတြ အရမ္း အရမ္း မ်ားလြန္း လာရင္ လူေတြက ခ်ံဳးပြဲခ် မငိုမိၾကေတာ့ဘဲ ရူးရူးနွမ္းနွမ္း အက်ယ္ႀကီး ေအာ္ရီတတ္ၾကေလရဲ႕။ ကိုယ့္ကိုယ္ကို ဘယ္လိုမွ မထိန္းခ်ဳပ္နိုင္ ေတာ့တာေၾကာင့္ ျဖစ္ေတာ့သည္။

ဒါကို မသိတဲ့ Mr,Ruby က သူ႔သမီးက အသက္ေပး ကယ္သြားတာေတာင္ ရီရပါ့မလား ဆိုၿပီး ေဒါသ အႀကီးအက်ယ္ ထြက္ကာ Lisa ကိုပါ Ruby ကို ထိုးမိတဲ့ဓား နဲ႔ ထပ္ထိုးဖို႔ ႐ြယ္လိုက္တဲ့ အခ်ိန္ Chae က ေျပးသြားၿပီးဓားကိုင္ထားတဲ့ လက္ကို ျဖတ္ကန္လိုက္တာ ေၾကာင့္ ဓားက လြင့္ထြက္သြားေပမယ့္  Mr,Ruby ရဲ႕ ေဒါသကို ပိုႀကီးမားသြားေစသည္။

Mr,Ruby-ဟာ....ေတာက္ ဒီေကာင္မ !!!

Chae ရဲ႕ လည္ပင္းကို ညာဖက္လက္ တစ္ဖက္တည္း နဲ႔ညႇစ္ၿပီး ခႏၶာကိုယ္ကို ေျမႇာက္တင္လိုက္ေတာ့သည္။Chae လည္း အားကုန္သံုးက ထို လက္ကို ရိုက္ခ်ေသာ္လည္း လက္က ျပဳတ္က်မသြားတာေၾကာင့္ အသက္ရွဴေတြ က်ပ္လာကာ အားေတြပင္ စတင္ က ယုတ္ေလ်ာ့လာေတာ့သည္။

Chae အေျခအေန မဟန္တာကို သိတာေၾကာင့္ Jiji လည္းေဘးမွာ ရွိတဲ့ တုတ္ကို ေကာက္ကာ အနားေျပးလာၿပီး Mr,Ruby ရဲ႕ တံေတာင္ဆစ္ေကြးကို ျဖတ္ရိုက္ခ် ပစ္လိုက္တာေၾကာင့္ Chae မွာ Mr,Ruby လက္ကေန လြတ္သြားရေတာ့သည္။ေခြက်သြားတဲ့ Chae ကို Jiji က ဖမ္းၿပီး ရင္ခြင္ထဲ ထည့္ၿပီးကာမွ သူ႔ရဲ႕ အေနာက္ကို ပို႔ထားလိုက္ေတာ့သည္။

Mr,Ruby-Kim jisoo နင့္ကို နင္ ဘာမွန္း ေမ့သြားၿပီလား။နင္က ဂ်ပန္တပ္မေတာ္ရဲ႕ အထူး ေအးဂ်င့္ပါဟ။နင္က ခုေတာ့စံုလံုးကန္းၿပီး သူပုန္မကို ကူညီေနတယ္ေပါ့ ဟုတ္လား။

Ji-အန္ကယ္ သမီးေတာင္းပန္ပါတယ္ Chae ကို ဘာမွမလုပ္ ပါနဲ႔ေနာ္ Chae ကို တခုခုလုပ္မိရင္ အန္ကယ္ေနာင္တ ရလိမ့္မယ္။Chae ကို အန္ကယ္ တစ္ခုခု လုပ္မယ္ဆိုရင္ သမီး ေသမွပဲ ရမယ္ အန္ကယ္။

Mr,Ruby-ေအး အဲ့တာဆိုရင္ေတာ့ နင္ေကာ နင့္ဟာမကိုပါသတ္ေပးရမွာေပါ့။

ေျပာၿပီး ခါးၾကားထဲက ေသနတ္ကို ထုတ္ကာ Jiji နဖူးကို ေတ့ခ်ိန္လိုက္ေတာ့သည္။Jiji ကေတာ့ Mr,Ruby ကို ဘာမွ ျပန္လုပ္မဲ့ ပံုမေပၚ Mr,Ruby လုပ္သမ်ွ ၿငိမ္ခံမဲ့ ပံု။Mr,Ruby လည္း ေမာင္းခလုတ္ကို ဆြဲဖို႔ျပင္လိုက္တဲ့ အခ်ိန္မွာ Chae က အေနာက္ကေန ၀မ္းဗိုက္ကို ျဖတ္ကန္လိုက္ တာမလို႔ အေနာက္ဘက္ကို ပစ္က်သြားတဲ့ Mr,Ruby ကို အေပၚကေန ခြထိုးတာေၾကာင့္ Mr,Rubyလည္း မ်က္နွာ တစ္ခုလံုး စုတ္ျပတ္သတ္ကုန္ေတာ့သည္။

Chae အေမွာက္သိပ္လိုက္တာမလို႔ Mr,Ruby လည္း ျပန္ထမလာ ေတာ့ ေပ။ဒါေၾကာင့္ ထိုေနရာက ထကာ Ruby ဆီ ေျပး အသြား အေနာက္ ထလာၿပီး ေဘးနားက ေသနတ္ကို ေကာက္ကာ Chae ကို လွမ္းပစ္တဲ့ Mr,Ruby ကို ျမင္လိုက္တာမလို႔ Chae ကို အေနာက္က ေျပးဖက္ကာ ကာထားေပးလိုက္ေတာ့သည္။

" ဒိုင္း 💢"

ေသနတ္သံ ၾကားလိုက္ရတဲ့ အျပင္ အေနာက္က လာဖက္တဲ့အထိအေတြ႕ကိုပါ ခံစားလိုက္ရတာမလို႔ လွည့္ၾကည့္လိုက္ခ်ိန္မွာ ဇတ္က်ိဳးက်သြားၿပီ ျဖစ္တဲ့ Jiji ရဲ႕ အသက္မရွိေတာ့တဲ့ ခႏၶာကိုယ္။

Chae-အား jiji !!!!!

Chae လည္း ေဒါသအရမ္းထြက္သြားကာ ဘာ လက္နက္မွမပါဘဲ Mr,Ruby ဆီကို ေျပးသြားေတာ့ Mr,Ruby က ဒူးေခါင္းကို ခ်ိန္ကာ ပစ္ထည့္လိုက္တာမလို႔ ထိုေနရာမွာသာဒူးေထာက္ၿပီး ပစ္က်သြားေတာ့သည္။ထို႔ေနာက္ နဖူး တည့္တည့္ ကို ခ်ိန္ကာ ပစ္ဖို႔ ျပင္လိုက္ေပမယ့္ Chae ကေတာ့ နည္းနည္းေလးေတာင္ ေၾကာက္ပံု မေပၚ။Mr,Ruby လည္း မဲ့ၿပံဳး တစ္ခ်က္ၿပံဳးကာ ေမာင္းခလုတ္ကို ဆြဲလိုက္ေတာ့သည္။

" ဒိုင္း 💢 "

Mrs,Ruby-မျဖစ္ဘူး။ရွင္ ဘာလို႔ ပစ္လိုက္တာလဲ ဘာလို႔ပစ္ရတာလဲ။

Chae ကို ပစ္ၿပီးသြားတဲ့ အခ်ိန္မွာမွ ေရာက္လာကာ ရင္ဘတ္စည္တီး ငိုေႂကြးေနတဲ့ Mrs,Ruby ျဖစ္သူကို Mr,Ruby ေၾကာင္ ၾကည့္ေနမိေတာ့သည္။

Mr,Ruby-မင္းက ဘာလာထျဖစ္တာလဲ ဒီ သူပုန္မကိုသတ္လိုက္တာကို မင္းက ဘာ၀မ္းနည္းစရာ ရွိလို႔လဲ။ဒီသူပုန္မေတြေၾကာင့္ မင္း သမီး Ruby ကို ငါ သတ္မိသလို ျဖစ္ၿပီး ေသသြားတာ ကြ သိရဲ႕လား။

Mrs,Ruby-ေအး အခုေတာ့ ရွင့္ေၾကာင့္ ရွင့္သမီး ၂ ေယာက္လံုး ေသသြားၿပီရွင့္ သိရဲ႕လား။

Mr,Ruby-မင္း ဘာေျပာတယ္။

Mrs,Ruby-ဟုတ္တယ္ ရွင္ၾကားတဲ့ အတိုင္းပဲ။ရွင္ သူပုန္္မပါလို႔ ေျပာတဲ့ Park ChaeYoung က ရွင့္သမီး Minatozaki Chīsana bara ပဲ။

Mr,Ruby-ဘာ !!!!

Mrs,Ruby-ေအး ဟုတ္တယ္ ရွင္ၾကားတဲ့ အတိုင္းပဲ။

Mr,Ruby-ဟာ.....မဟုတ္ဘူး မဟုတ္ဘူး။ဟိုဟာမ ဟိုဟာမ Manoban ဆိုတဲ့ တေယာက္ေၾကာင့္ ဒီဟာမကို ငါအေသသတ္မယ္။

~~~~~~~~~~~~~~~~~~~~

Ruby-လီ့ ကို ေဖ....ေဖေဖ အႏၲရာယ္မ....မေပးေစ ရဘူးဆိုတဲ့ က....ကတိကို Unnie တည္ပါတယ္ေနာ္။

Li-Unnie ရာ စကားေတြ ေလ်ွာက္မေျပာပါနဲ႔။Chae ကလည္း လီ့ ကို ထားသြားၿပီ Unnie ကပါ လီ့ ကို ထားမသြားပါနဲ႔ေနာ္။

Ruby-လီ့ ကို အား.....Unnie ....အ....အရမ္းခ်စ္တယ္ေနာ္။

ေျပာၿပီး က်ဳိးက် သြားတဲ့ လည္တိုင္ နဲ႔ အတူ က်ယ္ေလာင္စြာ ထြက္ေပၚလာတဲ့ Lisa ရဲ႕ ငိုေႂကြးသံ။ၿပီးေတာ့ နာက်ည္းစြာေပၚေပါက္လာတဲ့ Lisa ရဲ႕ အၾကည့္တစ္ခ်က္ ထိုအၾကည့္ကMr,Ruby ကို အေတာ္ေလး လန္႔ျဖတ္သြားေစသည္။Lisaရဲ႕ အၾကည့္ကို ေက်ာခ်မ္းလာတာေၾကာင့္ Lisa ကို ေသနတ္နဲ႔ ခ်ိန္လိုက္တဲ့ အခ်ိန္မွာ Lisa က ခ်က္ခ်င္းေျပးသြားၿပီး Mr,Ruby ကို ေျပးဖက္ကာ ေျမျပင္ေပၚကို လိွမ့္ခ်လိုက္ၿပီးေနာက္သူတို႔ ၂ ေယာက္စီက က်ယ္ေလာင္စြာ ထြက္လာေတာ့သည္။

ဒါဆို အဲ့ အသံက ......................

Lisa လည္း နာက်ည္းခ်က္ မ်ားစြာနဲ႔  ရင္ဘတ္မွာ ခ်ိတ္ထားတဲ့ လက္ပစ္ဗံုး ၂  လံုးကို စနက္တံ ျဖဳတ္လိုက္ကာသူ႔ကို ေသနတ္နဲ႔ ခ်ိန္ထားတဲ့ Mr,Ruby ဆီေျပးသြားတာၿပီး၂ ေယာက္လံုး  ေသမယ့္ လမ္းကိုသာ ေ႐ြးလိုက္ေတာ့သည္။

က်ယ္ေလာင္စြာ ထြက္ေပၚလာတဲ့ ေပ်ာက္ကြဲသံ နဲ႔ အတူ လႊင့္ထြက္သြားတဲ့ Lisa ရဲ႕ ခႏၶာကိုယ္ငယ္ေလး။ေျမျပင္ေပၚကို အရွိန္ျပင္းစြာ ျပဳတ္က်သြားၿပီးေနာက္ ပါးစပ္ထဲမွ ေသြးေတြ ျမင္မေကာင္းေအာင္ ထြက္လာၿပီး နိုင္ငံအတြက္ အသက္ေပးသြားေလရဲ႕။

လက္ထဲမွာ က်စ္က်စ္ပါေအာင္ ဆုတ္ကိုင္ထားတဲ့ အရာေလးကလည္း အသက္မရွိေတာ့တဲ့ေနာက္ လက္က ဆုတ္ကိုင္အား မရွိေတာ့ဘဲ ေျပေလ်ာ့သြားခ်ိန္မွာ ေလနဲ႔ အတူလႊင့္သြားကာ ပထမဆံုး Unnie လို႔ စေခၚခဲ့တဲ့ ကန္စပ္ေလးရဲ႕ ဟေနတဲ့ အုတ္ ၂ ခ်ပ္ၾကားကို တိတိက်က်ေလး ညပ္သြားေတာ့သည္။

ထိုသည္ကား Ruby နဲ႔ Lisa တို႔ အတူ ရိုက္ထားတဲ့ ဓာတ္ပံုေလးသာ ျဖစ္ေတာ့သည္။

Lisa ေကာ Chae ပါ တိုက္ပြဲ အတြင္းမွာ က်ဆံုးသြားၿပီ ျဖစ္တာတင္မက V ေကာ Jin ပါ နိုင္ငံအတြက္ အသက္ေပးလိုက္ရတာေၾကာင့္ တိုက္ပြဲအတြင္း အမိန္႔ေပးခြင့္ရွိသူမွာဆာဂ်င္ Yeol နဲ႔ Mina သာ ျဖစ္ေတာ့သည္။

Mi-ဆာဂ်င္ Yeol.....ဗိုလ္မွဴး တို႔လည္း က်သြားၿပီ။ကြၽန္မတို႔အမြန္ျမတ္ဆံုး ကိစၥကို လုပ္ရေတာ့မယ္ နဲ႔ တူတယ္။

Mina ရဲ႕ အသံမွာ လုပ္ေဖာ္ကိုင္ဖက္ အရာရွိေတြ က်ဆံုးသြားတာေၾကာင့္ ၀မ္းနည္းေနတာမလို႔ ငိုသံေပါက္ေနေပမယ့္ ထို အသံထဲမွာတင္ ဘယ္ေလာက္နာက်ည္းေနေၾကာင္း ဘယ္ေလာက္မုန္းတီးေနေၾကာင္း သိသာလြန္းလွတယ္။

Yeol-ဟုတ္ လုပ္ၾကတာေပါ့။

Mi-ေတာ္လွန္ေရး တပ္သားအားလံုး ငါတို႔ေတြ အမြန္ျမတ္ဆံုးကိစၥကို လုပ္ၾကမယ္။

Mina ရဲ႕ အမိန္႔ေပးသံ အၿပီးမွာ တိုက္ပြဲ၀င္ေနတဲ့ ေတာ္လွန္ေရး တပ္သား အားလံုးက ေ႐ႊဝါေရာင္ေျမရဲ႕ ပင္မအေဆာင္ထဲကို ေျပး၀င္သြားတာေၾကာင့္ ဂ်ပန္တပ္သားေတြလည္း ေနာက္ကေျပးလိုက္ၾကသည္။

ေတာ္လွန္ေရးတပ္သား အားလံုးက တံခါးေတြကို အေသပိတ္ၿပီး ၾကမ္းျပင္ေအာက္က ဒိုင္းနမိုက္ ေတြကို ၾကမ္းေတြကို ခြာကာ ထုတ္ယူၿပီး တံခါးေပါက္ေတြနဲ႔ နံရံေတြကို လိုက္ကပ္ၿပီး ထိန္းခ်ဳပ္တဲ့ စနက္တံကို Mina လက္ထဲ ထည့္ေပး လိုက္ၾကေတာ့သည္။

Son-မမ Mi သူတို႔ေတြ ၀ိုင္းေနၾကၿပီ။

Mi-အားလံုး အသင့္ပဲလား။

" ျဖစ္ပါၿပီ Mina shii..."

Mina နဲ႔ Son Chae လည္း တစ္ေယာက္လက္ တစ္ေယာက္ ဆုတ္ကိုင္ကာ တစ္ေယာက္ကို တေယာက္ အလွဆံုး ၿပံဳးျပလိုက္ၿပီး............

" ငါတို႔ ေတာ္လွန္ေရး ေအာင္ရမယ္  အေရးေတာ္ပံု ေအာင္ရမယ္ "

" ငါတို႔ ေတာ္လွန္ေရး ေအာင္ရမယ္  အေရးေတာ္ပံု ေအာင္ရမယ္ "

" ငါတို႔ ေတာ္လွန္ေရး ေအာင္ရမယ္  အေရးေတာ္ပံု ေအာင္ရမယ္ "

အေဆာင္ထဲက လူေတြ အားလံုး သံၿပိဳင္ ႐ြတ္ဆိုလိုက္ၾကၿပီးMina က လက္ထဲက စနက္တံကို နွိပ္လိုက္တာနဲ႔" အုန္း " ခနဲ ျမည္ဟီး သံႀကီး နဲ႔ အတူ အေဆာင္တစ္ခုလံုးပြင့္ထြက္ သြားကာ အေဆာင္ထဲက လူေတြကေတာ့ နိုင္ငံ့အတြက္ အသက္ေပးသြားၾကၿပီး အေဆာင္အျပင္က အေဆာင္ကို ၀ိုင္းထားတဲ့ ဂ်ပန္တပ္ေတြထဲက တစ္ေယာက္ေလးေတာင္ေ႐ႊဝါေရာင္ေျမ ကေန အသက္ရွင္လ်က္ ထြက္မသြားရခဲ့ပါ။

တပ္ဆုတ္သြားတဲ့ တပ္သားေတြက ေ႐ႊဝါေရာင္ေျမက ေပါက္ကြဲမႈကို ျမင္ရၾကားရတဲ့ အခါ က်န္ခဲ့တဲ့ ရဲေဘာ္ရဲဘက္ ေတြအတြက္ ရင္ထဲ မွာ မခ်ိတင္ကဲ ျဖစ္လြန္းလို႔ ေယာက်ာ္း ရင့္မာ ႀကီးေတြေတာင္ မ်က္ရည္ေတြပါ က်ရေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~

မတရား ဖိနွိပ္ အုပ္ခ်ဳပ္မႈေတြေၾကာင့္ မေသသင့္တဲ့ သူေတြ ေသခဲ့ရတယ္။ေတာ္လွန္ေရး သမားလို႔ ေခၚတဲ့ လူငယ္ေတြအသက္ေပးခဲ့ၾကရတယ္။

မတရားအုပ္ခ်ဳပ္မႈေတြသာ မရွိခဲ့ရင္.............

Lisa နဲ႔ Ruby တို႔ Son Chae နဲ႔ Mina တို႔လို ေသကြဲကြဲရမယ့္ ခ်စ္သူေတြ မရွိခဲ့ေလာက္ဘူး။

အေဖျဖစ္သူ ကိုယ္တိုင္ သတ္တာ ခံရတဲ့ Chaeyoung လိုသူမ်ိဳးေတြ မရွိခဲ့ေလာက္ဘူး။

ကိုယ့္သမီးေတြ ေသသြားတာကို ျမင္လိုက္ရၿပီး ရင္ကြဲမတတ္ခံစားရတဲ့ Mrs,Ruby လို အေမမ်ိဳးေတြ မရွိခဲ့ေလာက္ဘူး။

Sana လို မိဘအိမ္ နဲ႔ ခြဲၿပီး ေတာထဲ ေတာင္ထဲ မွာ ေန ေနရတဲ့ သူေတြလည္း မရွိခဲ့ေလာက္ဘူး။

Tzuyu လို မိဘ နွစ္ပါး နဲ႔ ေသခြဲခြဲလိုက္ရတဲ့ သားသမီးေတြလည္း ရွိလာမွာ မဟုတ္ဘူး။

V , Jin နဲ႔ Chaeyeol တို႔လို နိုင္ငံရဲ႕ အနာဂတ္ၾကယ္ပြင့္လူငယ္ေတြလည္း အသက္ေပးခဲ့ရမွာ မဟုတ္ဘူး။

မတရား အုပ္ခ်ဳပ္မႈက ဘ၀ေပါင္းမ်ားစြာကို ဖ်က္စီး ပစ္လိုက္ေလရဲ႕။မတရား အုပ္ခ်ဳပ္မႈေတြက ေနာက္ထပ္ ဘ၀ေပါင္းမ်ားစြာကို ထပ္မဖ်က္စီးေစခ်င္ေတာ့ပါဘူးရယ္။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ခ ရဲ႕ Wp acc log က်သြားလို႔ ဆိုင္သြားၿပီး မနဲျပန္လုပ္လိုက္ရတယ္ ရယ္။မနက္ကမွ ရလို႔ ခ တန္းေရးၿပီး တင္ေပးတာရယ္အဲ့ မတိုင္ခင္ ခ မယ္ ၅ ရက္ go to the ေဆးရံု လိုက္ရပါေသးတယ္ ဒါေၾကာင့္ ေနာက္က်ေနတာကို နားလည္ေပးပါေနာ္။ခ ကို ေခ်ာင္းမရိုက္ဘူးမလား။ဒါနဲ႔ ဒိုက္ဦးတို႔ ပဲခူးတို႔နားမွာ ေနတဲ့ Reader ေလးေတြ ရွိလားဟင္

Readers တို႔ကို အရမ္းခ်စ္ပါတယ္Readers ေတြကို အရမ္းခ်စ္တဲ့ Tu Nhai Kha#

....................................................................

Love and Loyaltyအချစ် နဲ့ သစ္စာ

For Uni😘

မျက်လုံးရှေ့တည့်တည့်  မှာ မြင်လိုက်ရတာက ဖြူလွှလွှ နူးညံ့တဲ့ လက်လေးတစ်ဖက်ရဲ့ လက်ဖဝါးမှာ ထုတ်ချင်းပေါက်နေတဲ့ တိုက်ပွဲသုံး ဂျပန်တပ်မတော်က ဓားမြှောင် တစ်လက်။ထိုလက် ပိုင်ရှင်ကို ကြည့်လိုက်မိတော့ ကိုယ့်မျက်လုံးတောင်ကိုယ် မယုံတော့ပေ။

"Jiji !!!! "

မြင်လိုက်ရတဲ့ ကိုယ့်မျက်လုံး ကိုယ်ပင် Chae မယုံနိုင်ပါ။ဒဏ်ရာများစွာ နဲ့ Chae လက်ထဲမှာတင် အသက်ပျောက်သွားတဲ့ Jiji က ခု သူ့ရှေ့မှာ မတ်တပ်ရပ်ပြီး သူ့ကို ကာကွယ်ပေးနေတယ် တဲ့လား။

များပြားလှတဲ့ ကျည်ဆံတွေ ထိမှန်ထားပြီး အသက်မရှိတော့ဘူး လို့ သိထားတဲ့ လူတယောက်က Chae ရဲ့အသက်ကိုကယ်ပေး လိုက်တာတဲ့လား။

Flash back

၀ပ်ကျင်း ၃ ကို သွားမယ် ဆိုကတည်းက Ruby ကို ဧည့်ခန်းထဲ ကို ထည့်ကာ အပြင်မထွက်ဖို့ အတန်တန် မှာကာ ထွက်သွား လေရဲ့။သေနတ်သံတွေက ကြားနေရပေမယ့် အဝေးမှာ ဖြစ်နေမှန်း သိသာသည်။အတော်ကြာတော့ ပြေးသံ လွှားသံတွေ  ကြားရတာကြောင့် Lisa တို့ စခန်းကို ဆုတ်လာကြ မှန်း သိလိုက်ရတော့သည်။Lisa ရဲ့ အသံကိုကြားလိုက်တာကြောင့် စိတ်ပူရတာ အနည်းငယ်လေး သက်သာသွားတော့သည်။

ဒါပေမယ့် ခနအကြာမှာ ကျယ်လောင်နီးကပ်စွာ ကြားနေရတဲ့ သေနတ်သံတွေကြောင့် ပိုမို စိတ်ပူရပြန်သည်။နောက်တော့သေနတ်သံတွေ မဟုတ်တော့ဘဲ ဓားချင်း ခတ်သံတွေ တချွင်ချွင် ကြားရတာကြောင့် အနီးကပ်တိုက်ပွဲဆိုတာ Ruby သဘောပေါက် လိုက်တော့သည်။

* ဖေဖေက ပြောဖူးတယ် တိုက်ပွဲပုံစံ အမျိုးမျိုးရှိတယ်တဲ့အဲ့ထဲမှာမှ အန္တရာယ်အများဆုံးတဲ့ ဘယ်နေရာကမဆို ကိုယ့်ကို သတ်မဲ့ ရန်သူ ပေါ်လာနိုင်တယ်တဲ့ ဒါဆို လီ အတွက်တကယ် အန္တရာယ်များတယ် ငါထွက်ကြည့်လိုက်ရမလား။မဖြစ်သေးပါဘူး လီ က ငါ့ကို အပြင်မထွက်ဖို့ မှာထားတယ်ရယ်။ဒါပေမယ့် လီ အတွက် အန္တရာယ်အတော်များမှာ *

Ruby လည်း Lisa ကို စိတ်ပူတာကြောင့် အပြင်ထွက်ဖို့ ဆက်ခနဲ ထလိုက်ရာ ဘေးနားက စားပွဲကို တိုက်မိသွားတော့သည်။Ruby မသိလိုက်တာက သူတိုက်မိသွားတဲ့ စားပွဲရဲ့ အစွန်းမှာ အဖုံးဖွင့်ပြီး တင်ထားတဲ့ ရေဘူးက စားပွဲဘေးက ခုံတန်း ရှည်ပေါ်မှာ ပက်လက်ကလေး တင်ထားတဲ့ Jiji ရဲ့ ခန္ဓာကိုယ်ပေါ်ကို ပြုတ်ကျသွားတော့သည်။တိတိကျကျ ပြောရရင် Jiji ရဲ့ မျက်နှာပေါ်ပင် ဖြစ်တော့သည်။

အရှိန်နဲ့ ပြုတ်ကျလာတဲ့ ရေဘူးကြောင့် နာကျင်တာရော ရေဘူးထဲက ရေတွေ နှာခေါင်းထဲ ၀င်လို့ ရေမွှန်းတာကြောင့်ပါသတိမေ့မြောနေတဲ့ Jiji လည်း သတိပြန်ဝင်လာတော့သည်။

Ji-အား....နာလိုက်တာ ကျောတစ်ခုလုံးကို စိမ့်နေရောပဲ။ဒီလောက် အချက်ပေါင်းများစွာ ထိထားတာတောင် ငါမသေတာ ဆိုတော့ သေချာတယ် ငါ့အသက် Chae ပဲ။ဟမ်....ဓားသံတွေ မဟုတ်မှ အနီးကပ်တိုက်ပွဲလား။

Jiji လည်း အသည်းခိုက်အောင် နာတဲ့ ဒဏ်ရာတွေကို ခန မေ့ထားပြီး အပြင်ကို ထွက်လာပြီး Chae ကို အသည်းအသန်ရှာနေမိသည်။

ဟော....နောက်ဆုံးတော့ တွေ့ပါပြီ။Jiji ရဲ့ နှင်းဆီပန်းလေးတော်ပါသေးရဲ့ အခုထိ အန္တရာယ်ကင်းသေးတယ်။ရင်ထဲကအပူလုံးကြီးတောင် ပြီးအောင် မကျရသေးဘူး။Son Chae နဲ့Mina ကို ကယ်လိုက်တာကြောင့် လစ်ဟာသွားတဲ့ တစ်ဖက်ခြမ်းကနေ ဂျပန်စစ်သား တယောက်က Chae ကို ဓားမြှောင်နဲ့ လှမ်းပစ်လိုက်တာ မြင်လိုက်တာကြောင့် အရှိန်ကုန်သုံးပြီး ပြေးသွားတော်သေး လက်တစ်လှမ်းစာ လိုနေတာကြောင့် မမှီတော့တာ သိတာမလို့။ ဓားလာရာ လမ်းကြောင်း တည့်တည့် ဆီသို့ ညာဖက်လက်ကိုအတတ်နိုင်ဆုံး ထက်လွန်ကာ ဆန့်ထုတ်လိုက်တော့သည်။

jiji တွက်ထားသည့်အတိုင်း တကယ်လည်း ဓားဟာ Jiji ရဲ့လက်ဖဝါး နုနုကို ထုတ်ချင်းဖောက် ၀င်သွားတော့သည်။

* နာလိုက်တာ မှ အသည်းခိုက်အောင် နာတယ်ထက် ပိုပြီးအဓိပ္ပါယ် ရှိရှိ ပြောလို့ရမဲ့ စကားများ ရှိနေသေးရင် ပြောချင်ပါရဲ့။ဒါပေမယ့် Chae ကို ကာကွယ်ပေးနိုင်လို့ ဖြစ်လာတဲ့ ၀မ်းသာမှု ပီတိက နာကျင်မှုတွေကို တကယ်ကြီးကိုသက်သာစေပါတယ်။ပျောက်တော့ မပျောက်နိုင်ဘူးရယ် လက်ကော ကျောကော က  အတော်ကို နာနေပြီရယ် *

Flash End

" Jiji !!!! "

အံ့သြစွာ ထွက်ပေါ်လာတဲ့ Chae ရဲ့ ခေါ်သံလေးက ခုလိုချိန်မှာတောင် နားထောင်လို့ ကောင်းနေတုန်းရယ်။

Jiji လည်း Chae ဘက်ကို လှည့်ပြီး သူ့ကို တအံ့တသြ ကြည့်နေတဲ့ Chae ကို မျက်လုံး တစ်ဖက်မှိတ်ကာ ပြလိုက်ပြီး ပြုံးပြလိုက်တော့ Chae က မယုံသလိုနဲ့ မျက်လုံးတွေကို ပွတ်ပြီး Jiji ကို ပြူးကြောင်ကြောင်လေး ထပ်ကြည့်နေလေရဲ့

* အမလေး ဒီရှဉ့်ပေါက်နဲ့တော့ ငါတော့ သေတော့မှာပဲ အူယားဖို့ ကောင်းအောင်တွေ လာလုပ်နေတယ်။တိုက်ပွဲထဲမှာသာ မဟုတ်ရင် ငါတကယ် ဖက်နမ်းတယ် *

" ဖျောက် "

Chae မျက်နှာနားကို ကပ်ပြီး Jiji လက်ဖျောက်တီးလိုက်တော့မှပဲ Chae လည်း Jiji ကို ကြည့်နေရာကနေ မျက်တောင်ခတ်တော့သည်။

ji-ဟိတ်....ဘာတွေ အဲ့လောက်ကြည့်နေတာလဲ သေပြီး ပြန်ထလာတာ ပိုချောလာလို့လား။

Chae-Ji.....jiji တ...တကယ် မသေဘူးလား

Chae မှာ ၀မ်းသာလွန်းလို့ မျက်ရည်တွေ ပါ တလှိမ့်လှိမ့်စီးကျလာတော့သည်။

Ji-ဟောရှင်....တကယ်မသေလို့ ရှင့်ရှေ့မယ် အကောင်လိုက်ကြီး ရောက်နေတာပေါ့။မငိုပါနဲ့ Chae ရယ်။

Chae-Jiji ရယ်.....Chae....Chae တကယ်ဝမ်းသာလိုက်တာ။

ပြောပြီး Chae က Jiji ကို ဖက်လိုက်ချိန် Chae နောက်ကိုပြေးဝင်လာတဲ့ ဂျပန်စစ်သား တစ်ယောက်ကို မြင်လိုက်တာမလို့ Chae ကို ဆက်ခနဲ ဆွဲပြီး သူ့နောက်ကို ပို့လိုက်ကာ ညာ လက်ဖဝါးမှ စိုက်ဝင်နေတဲ့ ဓားကို ဘယ်လက်နဲ့ ဆက်ခနဲ ဆွဲထုတ်လိုက်ကာ ပြေးဝင်လာတဲ့ ဂျပန်ကောင်ရဲ့ နှလုံးနေရာကို တဆုံးထိုးစိုက် လိုက်တော့သည်။

ပုံမှန်ဆို လက်ကို ဓား ပါးပါးလေး ရှတာတောင် ရေထိရင် နာလိုက် တခုခုနဲ့ ထိရင် နာလိုက်ဖြစ်တဲ့ သူချည်းပါပဲ။ဒါပေမယ့် Jiji ကတော့ လက်ဖဝါးထဲကို ဓားက ထုတ်ချင်းပေါက်သွားရုံတင် မကဘူး အဲ့ ဓားကို အစိမ်းလိုက် ဆွဲထုတ်လိုက်တာတောင် နာလို့ နာရကောင်းမှန်း မသိတော့ပါ။ဘာလို့ဆို အခုချိန်မှာ Jiji ရဲ့ စိတ်အာရုံ အကုန်လုံးမှာ Chae ကို ကာကွယ်ပေးဖို့သာ ရှိတော့သည်။

Jiji ဘယ်လောက် သူ့ကို ချစ်မှန်း Chae မြင်တွေ့ရတာ များလာတော့ Jiji ကို Chae အားလည်း အားနာရပါတယ်။ပြီးတော့ ကျေးဇူးလည်း တင်မိရပါတယ်။ကိုယ့်ကို အဲ့လောက်ထိ ချစ်ပေးတဲ့ သူ ရှိတာမလို့ ၀မ်းသာမိပြန်ပါရော။

Ji-ဟေး....ဆေးဗိုလ်ကြီး Park Chaeyoung ဒါတိုက်ပွဲအတွင်းနော် သတိလွတ်လို့ မရဘူး။

Jiji ရဲ့ စကားကြောင့် Chae လည်း လှုပ်လှုပ်ရှားရှား ပြန်ဖြစ်သွားကာ Jiji ရဲ့ ညာဘက်လက်ကို ခပ်ဖွဖွလေး လှမ်းကိုင် လိုက်ပြီး..........

Chae-လက်က အရမ်းနာနေလားဟင်

Ji-မနာပါဘူး။Jiji က ဘာမှမဖြစ်ဘူး Chae သာ ကိုယ့်ဘာသာကိုယ် ဂရုစိုက်နော်။

Chae-ဟုတ်ကဲ့

ဓားကို ဘောင်းဘီအိတ်ထဲ ခနထည့်ထားကာ ဘယ်ဘက် လက် နဲ့ Chae ရဲ့ ပါးလေးကို ဖွဖွလေးကိုင်ပြီး ပြန်ဖြေနေတဲ့Jiji နဲ့ ။Jiji ကို စိတ်ပူတာကြောင့် မျက်ရည်လေးတွေ ၀ဲကာ ပြောနေတဲ့ Chae တို့ကို ကြည့်ရတာ Kai အတွက်တော့ မြင်မြင်းကပ်စရာ ကောင်းလွန်းလှသည်။

Kai-ေ-ာက်သုံး မကျလိုက်ကျတဲ့ ကောင်တွေ ဒီ၂ ယောက်လေး ကိုတောင် ရအောင် မသတ်နိုင်ဘူး။ဒီ ၂ ယောက်ကလည်း ဒီလောက် သူသေ ကိုယ်သေ တိုက်နေတာတောင် လာပြီး ချစ်ခန်းကြိုက်ခန်း ဖွင့်နေနိုင်သေးတယ်။

ထိုစဉ် Chae တို့ ၂ ယောက်ရှေ့မှာ ကွယ်နေတဲ့ ဂျပန်တပ်သား တစ်ချို့နဲ့ တော်လှန်ရေး တပ်သား အချို့မှာ တိုက်ခိုက်ရင်း ရွေ့လျားသွားကြတာကြောင့် Chae တို့ ၂ ယောက်နဲ့ Kai ရဲ့ ကြားတွင် ဘာကြားခံနယ်မှ မရှိတော့ဘဲပစ်ကွင်းရှင်းသွားတော့သည်။ဒါကို Kai ကလည်း မြင်ဖြစ်အောင် မြင်လိုက်တာကြောင့် သေနတ်နဲ့ Chae တို့ကိုချိန်ကာ အဆက်မပြတ် ပစ်ခတ်လိုက်တော့သည်။

အချက်ပေါင်းများစွာ ပစ်နေသော်လည်း Chae တို့ကို တစ်ချက်မှ မထိပေ။ဘာလို့ဆို သေနတ်သံ စ ထွက်လာကတည်းက Jiji က Chae လက်ကို ဆွဲပြီး မြေပြင်ပေါ်မှာ ၀ပ်နေအောင် မှောက်ချစေခဲ့ပြီး Chae ရဲ့ အပေါ်ကနေ သူ့ခန္ဓာကိုယ် အုပ်မိုးကာ မြေပြင် နဲ့ တစ်သားတည်း ထင်ရလောက်တဲ့ အထိ ၀ပ်နေတာကြောင့့်ပင် ဖြစ်တော့သည်။

အနီးကပ် တိုက်ပွဲတွင် ကျဟ်လောင်စွာ အဆက်မပြတ် ထွက်ပေါ်လာတဲ့ သေနတ်သံကြောင့် အားလုံးရဲ့ အာရုံဟာ Chae တို့ကို သည်းကြီးမည်းကြီး ပစ်နေတဲ့ Kai ဆီကို ကျရောက်သွား တော့သည်။

Kai ကတော့ သူ့ကို အာရုံရောက်နေကြမှန်း မသိရအောင်အထိကို Chae တို့ကိုသာ သည်းကြီးမည်းကြီး ပစ်ခတ်နေတော့သည်။Kai ဆီကို အာရုံရောက်သွားတဲ့ လူတွေ ထဲတွင် Lisa လည်း အပါအ၀င်ဖြစ်ပြီး Kai ပစ်ခတ်နေတဲ့ နေရာကိုကြည့်လိုက်တော့ မြေပြင်ပေါ်မှာ ပြားပြားဝပ်နေတဲ့ Chae နဲ့ Chae ရဲ့ အပေါ်မှာ အုပ်မိုးကာပေးထားတဲ့........Jiji ! ။

* jiji က ဘယ်လိုလုပ်......ဟာ အဲ့ကိစ္စက နောက်ထား Chae တို့ကို အရင်ကယ်မှ ရမယ် *

Lisa လည်း ချက်ချင်းဆိုသလို Kai ရဲ့ နောက်ကျောဖက်ကို ပြေးသွားပြီး Kai ရဲ့ နောက်ဘက်က ဂျပန်စစ်သား ၃ ယောက်လောက်ကို လျှက်တပြတ် တိုက်ခဲ့ပြီး Kai ရဲ့ မြင်းပေါ်ကို နောက်ကျောဘက်ကနေ ခုန်တက်လိုက်တော့သည်။

Chae တို့ကိုသာ ရန်ပြုရန် မဲနေသည့် Kai ကတော့ Lisa နောက်က ရောက်လာတာကို မသိဘဲ မြင်းပေါ်တက်လာကာမှဘယ်သူ တက်လာမှန်း မသိလို့ လှည့်ကြည့်ဖို့ ပြင်လိုက်ပေမယ့် Lisa ရဲ့ ဓားက Kai ရဲ့ လည်ပင်းမှာ စိုက်ဝင်သွားတာမလို့ လှည့်ကြည့်ချိန်တောင် မရလိုက်တော့ပေ။

တခြားသူကို အန္တရာယ်ပြုဖို့ ပဲ စိတ်ရောက်နေတဲ့ Kai က ကိုယ့် အန္တရာယ်ကို မမြင်တော့ ဇာတ်သိမ်း မလှခဲ့ဘူး ဖြစ်သွားခဲ့တယ် ပြောရမယ် ထင်ပါရဲ့။

Kai အသက်မရှိ တော့တာမလို့ Kai ရဲ့ တပ်စုက လူတွေက Kai ရဲ့ မြင်းပေါ်ကနေ ဆင်းလာတဲ့ Lisa ကို ၀ိုင်းလိုက်ကြတော့သည်။ဒါပေမယ့် ၇ ယောက်လောက်ပဲ ၀ိုင်းထားကြတာ မလို့ ဖောက်ထွက်ဖို့ Lisa အတွက် မခဲယဉ်းပေ။

၇ ယောက်လုံးကို အမှောက်သိပ်ကာ Lisa ဖောက်ထွက်လာနိုင်ပေမယ့် အပြင်ဘက်မှာ မျက်ကွယ် နေရာကနေ အသင့်စောင့်နေတဲ့ Mr,Ruby ရဲ့ တစ်ဆုံးပစ်သွင်းလာတဲ့ ဓားကြောင့် Lisa ရှောင်ချိန်မရတော့ မျက်စိသာ စုံမှိတ်ချလိုက်တော့ သည်။

မျက်စိမှိတ်ပြီး စက္ကန့်ပိုင်းအတွင်းမှာ လည်ပင်းကို လာရောက်ဖက်တွယ်လာတဲ့ လက်တစ်စုံ နဲ့ သင်းပျံ့ပျံ့ ကိုယ်သင်းအနံ့တစ်ခုကြောင့် Lisa ရဲ့ နားထင်အကြောတွေ ပါ ထောင်တက်လာသည်အထိ Lisa လန့်သွားမိတော့သည်။

ဒီ အထိအတွေ့.......ဒီ ကိုယ်သင်းအနံ့က Unnie !!!!

ထင်မိနေတဲ့ အရာကို မဟုတ်ပါစေနဲ့ ဆုတောင်းပြီး ပိတ်ထားတဲ့ မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်သော်လည်း ဆုတောင်း မပြည့်ခဲ့ Lisa ရဲ့ ကမ္ဘာပြိုပြီ ဖြစ်တော့သည်။ နှုတ်ခမ်းစပ်နားက သွေးတွေနဲ့ ချွေးသီးချွေးပေါက်တို့ အပြင် Mr,Ruby ရဲ့အံ့သြနေတဲ့ မျက်နှာတို့ကြောင့် Lisa ထင်ထားတာတွေ ဖြစ်လာပြီ ဆိုတာ သိလိုက်တော့သည်။

အားအင် ချိနဲ့စွာနဲ့ ပြုတ်ကျသွားတဲ့ Ruby ရဲ့ ခန္ဓာကိုယ်ကို ထိန်းပေးရင်းနဲ့ Lisa ပါ အရုပ်ကြိုးပျက် လိုက်ထိုင်ချမိသွားသည်။

* ဘာလို့......ဘာလို့များ လီ့ ကို ကယ်ရတာလဲ။Unnie မရှိရင် ........Unnie တခုခုဖြစ်ရင် လီ ရှင်လျက်နဲ့ သေမယ်ဆိုတာ မသိလို့များလား Unnie ရယ်*

စိတ်ထဲကသာ စကားတွေ ပြောနေမိပေမယ့် နှုတ်ခမ်းကနေ တစ်လုံးမှ ထွက်မလာ အားရပါးရ အော်ဟစ်ငိုပြစ်ချင်သော်လည်း မျက်ရည် တစ်စက်လောက်တောင် မျက်ဝန်းအိမ်ကိုကျော်လွန်ပြီး ကျမလာခဲ့။ရင်ထဲမှာ ဗလောင်ဆူ နေရုံတင် မကကမ္ဘာပါ ပျက်နေသော်လည်း အသိမဲ့နေတဲ့ လူ တယောက်လိုသာ Ruby ကို ရင်ခွင်ထဲမှာ ပွေ့ဖက်ထားကာ တွေတွေကြီးသာ ကြည့်နေမိတော့သည်။

Mr,Ruby-အား....သမီးလေး မဖြစ်ရဘူးလေ။တောင်းပန်ပါတယ် ဖေဖေ တောင်းပန်ပါတယ် သမီးလေးရယ်။

Mr,Ruby က တော့ Ruby ကို သူကိုယ်တိုင် ဓား နဲ့ ထိုးမိလိုက်တာကြောင့် ယူကျူံးမရ ဖြစ်ပြီး ကြေကွဲစွာ အော်ဟစ်နေမိသော်လည်း Lisa ဆီကတော့အသံလေး တစ်သံတောင် မကြားရ။

" ဟား......ဟား.....ဟား.....ဟား"

မထင်မှတ်ထားချိန်မှာ ထွက်ပေါ်လာတဲ့ Lisa ရဲ့ ရီသံကြောင့်Mr,Ruby ရဲ့ ဒေါသဟာ အထွတ်အထိပ်ကို ရောက်သွားတော့သည်။

Mr,Ruby- နင့်လို...နင့်လို  မကောင်းတဲ့ ဟာမကြောင့် ငါ့သမီးကို ငါပြန်သတ်မိတာ။ငါ့သမီးက နင့်လို ကောင်မကိုအသက်ပေးပြီး ကယ်သွားတာကြောင့် နင်က ဟားတိုက်ရီနေနိုင်သေးတယ်ပေါ့ မကောင်းတဲ့ ကောင်မရဲ့။

အမှန်စင်စစ် Lisa ဟားတိုက်ရီ သည်ဆိုသည်မှာ ရင်ထဲမှာ နာကျင် စရာ ကြေကွဲစရာ ၀မ်းနည်းစရာ တွေ အရမ်း အရမ်း များလွန်း လာရင် လူတွေက ချုံးပွဲချ မငိုမိကြတော့ဘဲ ရူးရူးနှမ်းနှမ်း အကျယ်ကြီး အော်ရီတတ်ကြလေရဲ့။ ကိုယ့်ကိုယ်ကို ဘယ်လိုမှ မထိန်းချုပ်နိုင် တော့တာကြောင့် ဖြစ်တော့သည်။

ဒါကို မသိတဲ့ Mr,Ruby က သူ့သမီးက အသက်ပေး ကယ်သွားတာတောင် ရီရပါ့မလား ဆိုပြီး ဒေါသ အကြီးအကျယ် ထွက်ကာ Lisa ကိုပါ Ruby ကို ထိုးမိတဲ့ဓား နဲ့ ထပ်ထိုးဖို့ ရွယ်လိုက်တဲ့ အချိန် Chae က ပြေးသွားပြီးဓားကိုင်ထားတဲ့ လက်ကို ဖြတ်ကန်လိုက်တာ ကြောင့် ဓားက လွင့်ထွက်သွားပေမယ့်  Mr,Ruby ရဲ့ ဒေါသကို ပိုကြီးမားသွားစေသည်။

Mr,Ruby-ဟာ....တောက် ဒီကောင်မ !!!

Chae ရဲ့ လည်ပင်းကို ညာဖက်လက် တစ်ဖက်တည်း နဲ့ညှစ်ပြီး ခန္ဓာကိုယ်ကို မြှောက်တင်လိုက်တော့သည်။Chae လည်း အားကုန်သုံးက ထို လက်ကို ရိုက်ချသော်လည်း လက်က ပြုတ်ကျမသွားတာကြောင့် အသက်ရှူတွေ ကျပ်လာကာ အားတွေပင် စတင် က ယုတ်လျော့လာတော့သည်။

Chae အခြေအနေ မဟန်တာကို သိတာကြောင့် Jiji လည်းဘေးမှာ ရှိတဲ့ တုတ်ကို ကောက်ကာ အနားပြေးလာပြီး Mr,Ruby ရဲ့ တံတောင်ဆစ်ကွေးကို ဖြတ်ရိုက်ချ ပစ်လိုက်တာကြောင့် Chae မှာ Mr,Ruby လက်ကနေ လွတ်သွားရတော့သည်။ခွေကျသွားတဲ့ Chae ကို Jiji က ဖမ်းပြီး ရင်ခွင်ထဲ ထည့်ပြီးကာမှ သူ့ရဲ့ အနောက်ကို ပို့ထားလိုက်တော့သည်။

Mr,Ruby-Kim jisoo နင့်ကို နင် ဘာမှန်း မေ့သွားပြီလား။နင်က ဂျပန်တပ်မတော်ရဲ့ အထူး အေးဂျင့်ပါဟ။နင်က ခုတော့စုံလုံးကန်းပြီး သူပုန်မကို ကူညီနေတယ်ပေါ့ ဟုတ်လား။

Ji-အန်ကယ် သမီးတောင်းပန်ပါတယ် Chae ကို ဘာမှမလုပ် ပါနဲ့နော် Chae ကို တခုခုလုပ်မိရင် အန်ကယ်နောင်တ ရလိမ့်မယ်။Chae ကို အန်ကယ် တစ်ခုခု လုပ်မယ်ဆိုရင် သမီး သေမှပဲ ရမယ် အန်ကယ်။

Mr,Ruby-အေး အဲ့တာဆိုရင်တော့ နင်ကော နင့်ဟာမကိုပါသတ်ပေးရမှာပေါ့။

ပြောပြီး ခါးကြားထဲက သေနတ်ကို ထုတ်ကာ Jiji နဖူးကို တေ့ချိန်လိုက်တော့သည်။Jiji ကတော့ Mr,Ruby ကို ဘာမှ ပြန်လုပ်မဲ့ ပုံမပေါ် Mr,Ruby လုပ်သမျှ ငြိမ်ခံမဲ့ ပုံ။Mr,Ruby လည်း မောင်းခလုတ်ကို ဆွဲဖို့ပြင်လိုက်တဲ့ အချိန်မှာ Chae က အနောက်ကနေ ၀မ်းဗိုက်ကို ဖြတ်ကန်လိုက် တာမလို့ အနောက်ဘက်ကို ပစ်ကျသွားတဲ့ Mr,Ruby ကို အပေါ်ကနေ ခွထိုးတာကြောင့် Mr,Rubyလည်း မျက်နှာ တစ်ခုလုံး စုတ်ပြတ်သတ်ကုန်တော့သည်။

Chae အမှောက်သိပ်လိုက်တာမလို့ Mr,Ruby လည်း ပြန်ထမလာ တော့ ပေ။ဒါကြောင့် ထိုနေရာက ထကာ Ruby ဆီ ပြေး အသွား အနောက် ထလာပြီး ဘေးနားက သေနတ်ကို ကောက်ကာ Chae ကို လှမ်းပစ်တဲ့ Mr,Ruby ကို မြင်လိုက်တာမလို့ Chae ကို အနောက်က ပြေးဖက်ကာ ကာထားပေးလိုက်တော့သည်။

" ဒိုင်း 💢"

သေနတ်သံ ကြားလိုက်ရတဲ့ အပြင် အနောက်က လာဖက်တဲ့အထိအတွေ့ကိုပါ ခံစားလိုက်ရတာမလို့ လှည့်ကြည့်လိုက်ချိန်မှာ ဇတ်ကျိုးကျသွားပြီ ဖြစ်တဲ့ Jiji ရဲ့ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်။

Chae-အား jiji !!!!!

Chae လည်း ဒေါသအရမ်းထွက်သွားကာ ဘာ လက်နက်မှမပါဘဲ Mr,Ruby ဆီကို ပြေးသွားတော့ Mr,Ruby က ဒူးခေါင်းကို ချိန်ကာ ပစ်ထည့်လိုက်တာမလို့ ထိုနေရာမှာသာဒူးထောက်ပြီး ပစ်ကျသွားတော့သည်။ထို့နောက် နဖူး တည့်တည့် ကို ချိန်ကာ ပစ်ဖို့ ပြင်လိုက်ပေမယ့် Chae ကတော့ နည်းနည်းလေးတောင် ကြောက်ပုံ မပေါ်။Mr,Ruby လည်း မဲ့ပြုံး တစ်ချက်ပြုံးကာ မောင်းခလုတ်ကို ဆွဲလိုက်တော့သည်။

" ဒိုင်း 💢 "

Mrs,Ruby-မဖြစ်ဘူး။ရှင် ဘာလို့ ပစ်လိုက်တာလဲ ဘာလို့ပစ်ရတာလဲ။

Chae ကို ပစ်ပြီးသွားတဲ့ အချိန်မှာမှ ရောက်လာကာ ရင်ဘတ်စည်တီး ငိုကြွေးနေတဲ့ Mrs,Ruby ဖြစ်သူကို Mr,Ruby ကြောင် ကြည့်နေမိတော့သည်။

Mr,Ruby-မင်းက ဘာလာထဖြစ်တာလဲ ဒီ သူပုန်မကိုသတ်လိုက်တာကို မင်းက ဘာဝမ်းနည်းစရာ ရှိလို့လဲ။ဒီသူပုန်မတွေကြောင့် မင်း သမီး Ruby ကို ငါ သတ်မိသလို ဖြစ်ပြီး သေသွားတာ ကွ သိရဲ့လား။

Mrs,Ruby-အေး အခုတော့ ရှင့်ကြောင့် ရှင့်သမီး ၂ ယောက်လုံး သေသွားပြီရှင့် သိရဲ့လား။

Mr,Ruby-မင်း ဘာပြောတယ်။

Mrs,Ruby-ဟုတ်တယ် ရှင်ကြားတဲ့ အတိုင်းပဲ။ရှင် သူပုန်မပါလို့ ပြောတဲ့ Park ChaeYoung က ရှင့်သမီး Minatozaki Chīsana bara ပဲ။

Mr,Ruby-ဘာ !!!!

Mrs,Ruby-အေး ဟုတ်တယ် ရှင်ကြားတဲ့ အတိုင်းပဲ။

Mr,Ruby-ဟာ.....မဟုတ်ဘူး မဟုတ်ဘူး။ဟိုဟာမ ဟိုဟာမ Manoban ဆိုတဲ့ တယောက်ကြောင့် ဒီဟာမကို ငါအသေသတ်မယ်။

~~~~~~~~~~~~~~~~~~~~

Ruby-လီ့ ကို ဖေ....ဖေဖေ အန္တရာယ်မ....မပေးစေ ရဘူးဆိုတဲ့ က....ကတိကို Unnie တည်ပါတယ်နော်။

Li-Unnie ရာ စကားတွေ လျှောက်မပြောပါနဲ့။Chae ကလည်း လီ့ ကို ထားသွားပြီ Unnie ကပါ လီ့ ကို ထားမသွားပါနဲ့နော်။

Ruby-လီ့ ကို အား.....Unnie ....အ....အရမ်းချစ်တယ်နော်။

ပြောပြီး ကျိုးကျ သွားတဲ့ လည်တိုင် နဲ့ အတူ ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ Lisa ရဲ့ ငိုကြွေးသံ။ပြီးတော့ နာကျည်းစွာပေါ်ပေါက်လာတဲ့ Lisa ရဲ့ အကြည့်တစ်ချက် ထိုအကြည့်ကMr,Ruby ကို အတော်လေး လန့်ဖြတ်သွားစေသည်။Lisaရဲ့ အကြည့်ကို ကျောချမ်းလာတာကြောင့် Lisa ကို သေနတ်နဲ့ ချိန်လိုက်တဲ့ အချိန်မှာ Lisa က ချက်ချင်းပြေးသွားပြီး Mr,Ruby ကို ပြေးဖက်ကာ မြေပြင်ပေါ်ကို လှိမ့်ချလိုက်ပြီးနောက်သူတို့ ၂ ယောက်စီက ကျယ်လောင်စွာ ထွက်လာတော့သည်။

ဒါဆို အဲ့ အသံက ......................

Lisa လည်း နာကျည်းချက် များစွာနဲ့  ရင်ဘတ်မှာ ချိတ်ထားတဲ့ လက်ပစ်ဗုံး ၂  လုံးကို စနက်တံ ဖြုတ်လိုက်ကာသူ့ကို သေနတ်နဲ့ ချိန်ထားတဲ့ Mr,Ruby ဆီပြေးသွားတာပြီး၂ ယောက်လုံး  သေမယ့် လမ်းကိုသာ ရွေးလိုက်တော့သည်။

ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ ပျောက်ကွဲသံ နဲ့ အတူ လွှင့်ထွက်သွားတဲ့ Lisa ရဲ့ ခန္ဓာကိုယ်ငယ်လေး။မြေပြင်ပေါ်ကို အရှိန်ပြင်းစွာ ပြုတ်ကျသွားပြီးနောက် ပါးစပ်ထဲမှ သွေးတွေ မြင်မကောင်းအောင် ထွက်လာပြီး နိုင်ငံအတွက် အသက်ပေးသွားလေရဲ့။

လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားတဲ့ အရာလေးကလည်း အသက်မရှိတော့တဲ့နောက် လက်က ဆုတ်ကိုင်အား မရှိတော့ဘဲ ပြေလျော့သွားချိန်မှာ လေနဲ့ အတူလွှင့်သွားကာ ပထမဆုံး Unnie လို့ စခေါ်ခဲ့တဲ့ ကန်စပ်လေးရဲ့ ဟနေတဲ့ အုတ် ၂ ချပ်ကြားကို တိတိကျကျလေး ညပ်သွားတော့သည်။

ထိုသည်ကား Ruby နဲ့ Lisa တို့ အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးသာ ဖြစ်တော့သည်။

Lisa ကော Chae ပါ တိုက်ပွဲ အတွင်းမှာ ကျဆုံးသွားပြီ ဖြစ်တာတင်မက V ကော Jin ပါ နိုင်ငံအတွက် အသက်ပေးလိုက်ရတာကြောင့် တိုက်ပွဲအတွင်း အမိန့်ပေးခွင့်ရှိသူမှာဆာဂျင် Yeol နဲ့ Mina သာ ဖြစ်တော့သည်။

Mi-ဆာဂျင် Yeol.....ဗိုလ်မှူး တို့လည်း ကျသွားပြီ။ကျွန်မတို့အမွန်မြတ်ဆုံး ကိစ္စကို လုပ်ရတော့မယ် နဲ့ တူတယ်။

Mina ရဲ့ အသံမှာ လုပ်ဖော်ကိုင်ဖက် အရာရှိတွေ ကျဆုံးသွားတာကြောင့် ၀မ်းနည်းနေတာမလို့ ငိုသံပေါက်နေပေမယ့် ထို အသံထဲမှာတင် ဘယ်လောက်နာကျည်းနေကြောင်း ဘယ်လောက်မုန်းတီးနေကြောင်း သိသာလွန်းလှတယ်။

Yeol-ဟုတ် လုပ်ကြတာပေါ့။

Mi-တော်လှန်ရေး တပ်သားအားလုံး ငါတို့တွေ အမွန်မြတ်ဆုံးကိစ္စကို လုပ်ကြမယ်။

Mina ရဲ့ အမိန့်ပေးသံ အပြီးမှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး တပ်သား အားလုံးက ရွှေဝါရောင်မြေရဲ့ ပင်မအဆောင်ထဲကို ပြေးဝင်သွားတာကြောင့် ဂျပန်တပ်သားတွေလည်း နောက်ကပြေးလိုက်ကြသည်။

တော်လှန်ရေးတပ်သား အားလုံးက တံခါးတွေကို အသေပိတ်ပြီး ကြမ်းပြင်အောက်က ဒိုင်းနမိုက် တွေကို ကြမ်းတွေကို ခွာကာ ထုတ်ယူပြီး တံခါးပေါက်တွေနဲ့ နံရံတွေကို လိုက်ကပ်ပြီး ထိန်းချုပ်တဲ့ စနက်တံကို Mina လက်ထဲ ထည့်ပေး လိုက်ကြတော့သည်။

Son-မမ Mi သူတို့တွေ ၀ိုင်းနေကြပြီ။

Mi-အားလုံး အသင့်ပဲလား။

" ဖြစ်ပါပြီ Mina shii..."

Mina နဲ့ Son Chae လည်း တစ်ယောက်လက် တစ်ယောက် ဆုတ်ကိုင်ကာ တစ်ယောက်ကို တယောက် အလှဆုံး ပြုံးပြလိုက်ပြီး............

" ငါတို့ တော်လှန်ရေး အောင်ရမယ်  အရေးတော်ပုံ အောင်ရမယ် "

" ငါတို့ တော်လှန်ရေး အောင်ရမယ်  အရေးတော်ပုံ အောင်ရမယ် "

" ငါတို့ တော်လှန်ရေး အောင်ရမယ်  အရေးတော်ပုံ အောင်ရမယ် "

အဆောင်ထဲက လူတွေ အားလုံး သံပြိုင် ရွတ်ဆိုလိုက်ကြပြီးMina က လက်ထဲက စနက်တံကို နှိပ်လိုက်တာနဲ့" အုန်း " ခနဲ မြည်ဟီး သံကြီး နဲ့ အတူ အဆောင်တစ်ခုလုံးပွင့်ထွက် သွားကာ အဆောင်ထဲက လူတွေကတော့ နိုင်ငံ့အတွက် အသက်ပေးသွားကြပြီး အဆောင်အပြင်က အဆောင်ကို ၀ိုင်းထားတဲ့ ဂျပန်တပ်တွေထဲက တစ်ယောက်လေးတောင်ရွှေဝါရောင်မြေ ကနေ အသက်ရှင်လျက် ထွက်မသွားရခဲ့ပါ။

တပ်ဆုတ်သွားတဲ့ တပ်သားတွေက ရွှေဝါရောင်မြေက ပေါက်ကွဲမှုကို မြင်ရကြားရတဲ့ အခါ ကျန်ခဲ့တဲ့ ရဲဘော်ရဲဘက် တွေအတွက် ရင်ထဲ မှာ မချိတင်ကဲ ဖြစ်လွန်းလို့ ယောကျာ်း ရင့်မာ ကြီးတွေတောင် မျက်ရည်တွေပါ ကျရတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~

မတရား ဖိနှိပ် အုပ်ချုပ်မှုတွေကြောင့် မသေသင့်တဲ့ သူတွေ သေခဲ့ရတယ်။တော်လှန်ရေး သမားလို့ ခေါ်တဲ့ လူငယ်တွေအသက်ပေးခဲ့ကြရတယ်။

မတရားအုပ်ချုပ်မှုတွေသာ မရှိခဲ့ရင်.............

Lisa နဲ့ Ruby တို့ Son Chae နဲ့ Mina တို့လို သေကွဲကွဲရမယ့် ချစ်သူတွေ မရှိခဲ့လောက်ဘူး။

အဖေဖြစ်သူ ကိုယ်တိုင် သတ်တာ ခံရတဲ့ Chaeyoung လိုသူမျိုးတွေ မရှိခဲ့လောက်ဘူး။

ကိုယ့်သမီးတွေ သေသွားတာကို မြင်လိုက်ရပြီး ရင်ကွဲမတတ်ခံစားရတဲ့ Mrs,Ruby လို အမေမျိုးတွေ မရှိခဲ့လောက်ဘူး။

Sana လို မိဘအိမ် နဲ့ ခွဲပြီး တောထဲ တောင်ထဲ မှာ နေ နေရတဲ့ သူတွေလည်း မရှိခဲ့လောက်ဘူး။

Tzuyu လို မိဘ နှစ်ပါး နဲ့ သေခွဲခွဲလိုက်ရတဲ့ သားသမီးတွေလည်း ရှိလာမှာ မဟုတ်ဘူး။

V , Jin နဲ့ Chaeyeol တို့လို နိုင်ငံရဲ့ အနာဂတ်ကြယ်ပွင့်လူငယ်တွေလည်း အသက်ပေးခဲ့ရမှာ မဟုတ်ဘူး။

မတရား အုပ်ချုပ်မှုက ဘ၀ပေါင်းများစွာကို ဖျက်စီး ပစ်လိုက်လေရဲ့။မတရား အုပ်ချုပ်မှုတွေက နောက်ထပ် ဘ၀ပေါင်းများစွာကို ထပ်မဖျက်စီးစေချင်တော့ပါဘူးရယ်။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ခ ရဲ့ Wp acc log ကျသွားလို့ ဆိုင်သွားပြီး မနဲပြန်လုပ်လိုက်ရတယ် ရယ်။မနက်ကမှ ရလို့ ခ တန်းရေးပြီး တင်ပေးတာရယ်အဲ့ မတိုင်ခင် ခ မယ် ၅ ရက် go to the ဆေးရုံ လိုက်ရပါသေးတယ် ဒါကြောင့် နောက်ကျနေတာကို နားလည်ပေးပါနော်။ခ ကို ချောင်းမရိုက်ဘူးမလား။ဒါနဲ့ ဒိုက်ဦးတို့ ပဲခူးတို့နားမှာ နေတဲ့ Reader လေးတွေ ရှိလားဟင်

Readers တို့ကို အရမ်းချစ်ပါတယ်Readers တွေကို အရမ်းချစ်တဲ့ Tu Nhai Kha#

There are no comments yet. Log in to be the first to leave a review!

Similar stories