Fanfics

44💛

19:25, 6 December 2021

Love and   yaltyအခ်စ္ နဲ႔ သစၥာ

For ZG😍

Chae-အဲ့တာကေလ.....Lili ငါကေလ......

Li-အင္း ေျပာေလ

Chae-ထားေတာ့ Lili ရယ္ ငါ နားခ်င္ေနၿပီ။

Li-အင္း နားေတာ့ေလ အခန္းျပန္မွာလား ငါ့အခန္းမွာ အိပ္မွာလား။

Chae-နင့္သေဘာ။

Li-နင့္အခန္းက ေ၀းတယ္ ပင္ပန္းတယ္ မသြားနဲ႔ေတာ့။ငါ့ အခန္း မွာပဲ နားေတာ့။

Chae-ျဖစ္ပါ့မလားဟ

Li-ဘာလို႔ မျဖစ္ရမွာလဲ နင္ အၿမဲ ငါ့ အခန္းထဲမွာပဲ အိပ္ေနၾကေလ။

Chae-ဒါေပမယ့္......Ruby က

Ruby-လီ !!

Chae-ျမင္လား ငါ့ စကားေတာင္ မဆံုးေသးဘူး နင့္ Unnie ေလးက လာၿပီ။

Li-ဟင္....Unnie  ညဘက္ႀကီး ဒီကို ဘာလာလုပ္တာလဲ

Ruby-ရွင္ေလးက ကြၽန္မကို " ခနေလး Unnie အစည္းအေ၀း ေလး တက္ခ်င္လို႔"လို႔ ေျပာၿပီးကတည္းက ေပၚမလာေတာ့လို႔ ကြၽန္မ က ရွင့္ေနာက္ကို လိုက္လာတာေလ

Li-ေအာ္....ေတာင္းပန္ပါတယ္ Unnie ရယ္။လီ တို႔ရဲ႕ အစည္းအေ၀းက နည္းနည္း ၾကာသြားတယ္ရယ္။အစည္းအေ၀း ၿပီးေတာ့ ဧည့္ခန္းထဲမယ္ Unnie မရွိဘူးေလ။Unnie အခန္းဘက္ကို ျပန္သြားတယ္ ေျပာၾကေတာ့ ဒီအခ်ိန္ႀကီး အိပ္ၿပီ ထင္လို႔ မလာေတာ့တာေလ။

Ruby-ဟုတ္ပါၿပီရွင္ ရွင့္ဟာရွင္ ေျပာေတာ့ ခြၽန္းေနတာပဲ။ဆူမယ္ စိတ္ကူးထားတာေလးေတာင္ ေပ်ာက္တယ္။

Li-ဟီး.....ဟုတ္လား။

Chae-ကဲ Ruby လာၿပီ ဆိုေတာ့ ငါလည္း အခန္းျပန္ေတာ့မယ္။

Li-ဟဲ့....ျပန္မေနနဲ႔ေတာ့ ငါ့ အခန္းမွာပဲ အိပ္ေတာ့။

Chae-ဟဲ့....ငါ နင့္အခန္းမွာ အိပ္လို႔ရမလားဟ။ဟိုမွာ Ruby ႏႈတ္ခမ္း ကိုလည္း ၾကည့္အံုး ငါတို႔ ၂ ေယာက္လံုးကိုထိုးမိေတာ့မယ္ အေရွ႕ကို ထြက္ေနတာမ်ား။

Ruby-ဟာ....Chae ေနာ္။

Chae-ေနပါ ၾကား ၃ ၾကား မ၀င္ေကာင္းဘူးတဲ့။နင္တို႔ ၂ ေယာက္ ၾကား ငါ မ၀င္ခ်င္ဘူး ၀ဋ္လည္ေနလိမ့္မယ္။

Li-အမေလး....၀ဋ္လည္စရာ  လူလည္း ရွိတာ မဟုတ္ဘဲနဲ႔ လာ ေလက်ယ္ျပေနတယ္။

Chae-Lalisa နင္ကေသခ်င္ေနျပန္ၿပီလား။ငါဆိုတဲ့ ParkChaeyoung က မလိုခ်င္လို႔ လိုခ်င္ရင္ ေလတစ္ခ်က္ခြၽန္ျပလိုက္တာနဲ႔ ေယာက်ာ္းေလး မိန္းကေလး ဆိုဒ္စံု အ႐ြယ္စံုတန္းစီေနတာပဲ ဆိုတာ နင္ သိထားလိုက္ေနာ္။

Li-ဟုတ္ပါၿပီဟယ္ ႂကြားလိုက္တာ တကယ္ပါပဲ။ နင္မျပန္နဲ႔ေတာ့ အေတာ္ညဥ့္နက္ေနၿပီဟ။နင္ ၾကား ၃ ၾကား ၀င္စရာ မလိုဘူး ငါပဲ ၀င္မယ္။

Ruby+Chae-ဘယ္လို ၀င္မွာလဲ။

Li-ဒီလိုေလ။

ေျပာၿပီး ဘယ္ဘက္လက္ နဲ႔ Ruby ကို ခ်ိတ္ကာ ညာဘက္ လက္နဲ႔ Chae ကို ခ်ိတ္ၿပီး အခန္း ထဲ ၀င္လိုက္ေတာ့သည္။Chae နဲ႔ Ruby ကေတာ့ Lisa ဆြဲေခၚရာကို ဆန္႔ငင္ ဆန္႔ငင္ နဲ႔ ပါသြားေတာ့သည္။

Li-လာ အိပ္ၾကမယ္။

Chae-ေဟ ဘယ္လိုအိပ္မွာ။

Li-နင္က ညာဘက္မွာအိပ္ Ruby က ဘယ္ဘက္မွာ အိပ္ငါက အလယ္မွာ အိပ္မယ္။

Chae+Ruby-ဘယ္ျဖစ္မလဲ

Li-ဘာလို႔ မျဖစ္ရမွာလဲ။

Chae-Lili နင့္ အိပ္ရာက ၂ ေယာက္အိပ္ေလ ၂ ေယာက္ပဲအိပ္ရမွာေပါ့။၃ ေယာက္ဆို ၾကပ္ေနမွာေပါ့။

Ruby-ရပါတယ္ လီ ရဲ႕။Unnie ကိုယ့္အခန္း ကိုယ္ျပန္လိုက္မယ္။လီ တို႔ သူငယ္ခ်င္း ၂ ေယာက္ အိပ္က်။

Chae-ဘယ္ဟုတ္မလဲ အျပင္မွာ ဒီေလာက္ေမွာင္ေနတာကိုRuby မျပန္နဲ႔ Chae ျပန္မယ္။

Li-၂ ေယာက္လံုး ေတာ္ေတာ့ ဘယ္သူမွ မျပန္နဲ႔ ငါပဲ ျပန္မယ္။

Ruby-ဒါက လီ့ အခန္းေလ လီ က ဘယ္ကို ျပန္မွာတုန္း

Chae-ေအးေလ ဟုတ္သားပဲ။

Li-ငါ စကားမွားတာဟယ္ ဆိုလိုခ်င္တာက နင္တုိ႔ ၂ ေယာက္လံုး ဒီမွာ အိပ္။ငါ အခုမွ အလုပ္ကိစၥ တခု ေခါင္းထဲ ေပၚလာလို႔S

on Chae နဲ႔ Tzuyu ဆီကို သြားလိုက္အံုးမယ္ ၿပီးရင္ အဲ့မွာ ပဲ အိပ္လိုက္ေတာ့မယ္။

Chae-မဟုတ္တာဟယ္ အလုပ္ကိစၥဆို ငါလည္း လိုက္ခဲ့မယ္

Li-နင္ လိုက္ခဲ့ေတာ့ Unnie က တေယာက္တည္း ျဖစ္ေနမွာေပါ့ဟဲ့ ေနခဲ့ ၂ ေယာက္လံုး ဒါပဲ။Chae က Unnie ကို အေဖာ္ ေနေပးလိုက္ေနာ္ ေတာင္းဆိုတာေလေနာ္။

* Lili ဟာေလ သိပ္ၿပီးေတာ့ကို ကြၽန္မကို အနိုင္ပိုင္း နိုင္မယ့္ နိုင္ကြက္ ေတြကို သိလြန္းတယ္။သူ႔လက္ေအာက္ငယ္သား ျဖစ္တဲ့ ကြၽန္မက သူရဲ႕ " ဒါပဲ " ဆိုတဲ့ အမိန္႔သံကို မလြန္ဆန္ရဲ သလို သူ႔ကို သိပ္ခ်စ္တာေၾကာင့္ သူ ေတာင္းဆိုတာ ဆိုရင္မလုပ္ေပးတာ ဘာမွမရွိတာေၾကာင့္ ကြၽန္မ Ruby နဲ႔ အတူတူေနေပးဖို႔ကို ေခါင္းၿငိမ့္ေပးမိ လိုက္ျပန္တယ္။*

Chae-ငါ က ရပါတယ္ Ruby အဆင္ေျပလား ေမးၾကည့္လိုက္အံုး။

Ruby-ရပါတယ္ အလုပ္ကိစၥ ရွိရင္ သြားေလ။Chae နဲ႔ ကလည္း မသိတဲ့ သူစိမ္းေတြ မွ မဟုတ္တာ အဆင္ေျပပါတယ္ရယ္။

Li-အင္း အဲ့တာဆို ငါသြားေတာ့မယ္။

Lisa လည္း ေျပာၿပီး အခန္းထဲက ထြက္သြားေတာ့သည္။

Chae-Ruby က ကုတင္ေပၚမွာ အိပ္ေလ Chae က ဆိုဖာေပၚမွာ အိပ္မယ္။

Ruby-အယ္ မဟုတ္တာရယ္။ကုတင္က အက်ယ္ႀကီးကိုလာပါ အတူတူ အိပ္မယ္။

Ruby လည္း Chae လက္ကို ဆြဲကာ ကုတင္ေပၚကို ဆြဲခ်ကာ ထိုင္ေစလိုက္သည္။ၿပီးမွ Chae ရဲ႕ လက္ကို ဖြဖြေလး ဆုပ္ကိုင္ထားကာ.........

Ruby-ေတာင္းပန္ပါတယ္ Chae

Chae-ဘာအတြက္လဲ Ruby

Ruby-Chae ဆီကေန လီ့ ကို လုယူသလို ျဖစ္သြားတဲ့ အတြက္။

Chae-Lili က သက္မဲ့ အရာ၀တၳဳ တခု မဟုတ္ပါဘူး။နွလံုးသား ရွိတဲ့ ခံစားတတ္တဲ့ သူ တေယာက္ပါ အဲ့တာေၾကာင့္ လုယူတယ္လို႔ ေျပာလို႔မရပါဘူး။Lili ကို Chae ဘယ္ေလာက္ပဲ ခ်စ္ေပး ခ်စ္ေပး သူခ်စ္ခ်င္မွ ျပန္ခ်စ္မွာေပါ့အတင္းလုပ္ယူလို႔ မရဘူးေလ။Lili က အခု Ruby ကို ခ်စ္ေနရလို႔ Lili ေပ်ာ္တယ္ဆိုရင္ Chae က ေက်နပ္ပါတယ္။

Ruby-အင္းပါ။စကားမစပ္ လီ နဲ႔ Chae က ႐ြယ္တူလား။

Chae-အင္း ဆိုပါေတာ့ Chae က လ ပိုင္းေလာက္ေတာ့ ႀကီးတယ္။

Ruby-Chae ကို ေမြးစားထားတာဆို Chae က လီ့ ထက္ လပိုင္း ႀကီးမွန္း ဘယ္လိုသိတာ။

Chae-Lili ရဲ႕ ေဖေဖ ေျပာတာကေတာ့ အဲ့ေန႔မွာ Chae ကဒီေန႔ သမီး ေမြးေန႔လို႔ ေျပာတာတဲ့ အဲ့တာ နဲ႔ အဲ့ရက္က Chaeေမြးေန႔ ျဖစ္သြားတာေပါ့

Ruby-ေအာ္ အဲ့လိုလား။

Chae-အင္း။

Ruby-ဘာလို႔လဲ မသိဘူး Chae ကိုစေတြ႕ကတည္းက သူငယ္ခ်င္း အရင္းႀကီးလို ခ်စ္တာ ခင္တာ မဟုတ္ဘဲနဲ႔ Sa Sa ေလးကို ခ်စ္သလိုမ်ိဳး ညီမ အရင္းေလးလိုကို ခ်စ္တာ။

Chae-ရွင္ !!

Ruby-ဘာျဖစ္ လုိ႔လဲဟင္။  Chae-ဘာမွမျဖစ္ပါဘူး။ဟိုဟာေလ Chae အိပ္ခ်င္လို႔ အိပ္နွင့္ေတာ့မယ္ေနာ္

Ruby-အင္း အင္း အိပ္ေတာ့ေလ Ruby လည္း အခု ပဲ အိပ္ေတာ့မွာ။

Chae-ဟုတ္ကဲ့ ဒါဆို ေကာင္းေသာ ည ျဖစ္ပါေစေနာ္

Ruby-အင္း ေက်းဇူးပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Son-ဟင္ ဗိုလ္မွဴး ဒီကို ဘာလာလုပ္တာလဲ

Li-လာ အိပ္တာေလ။

Tzu-ဗိုလ္မွဴး အခန္းကေကာ။

Li-မင္းတို႔ ေဆးဗိုလ္ႀကီး နဲ႔ ငါ့ ခ်စ္သူ Ruby အိပ္ေနတယ္။

ညႀကီး အခ်ိန္မေတာ္ အခန္း တံခါး လာေခါက္တာေၾကာင့္ Son Chae နဲ႔ Tzuyu တို႔ ၂ ေယာက္ တံခါးသြားဖြင့္ ေပးၿပီးမွ သူတို႔ ဗိုလ္မွဴး ျဖစ္ေနတာေၾကာင့္ အံ့ၾသကာ ေမးခြန္းေတြ ေမးေနၾကျခင္း ပင္ျဖစ္သည္။

Son-အယ္ ဘယ္လိုျဖစ္ရတာလဲ။

Li-နင္ တို႔ ၂ ေယာက္ ငါ့ကို အခန္းထဲေပး မ၀င္ဘဲ ဒီေနရာမွာတင္ တရားခံ စစ္ စစ္ေနေတာ့မွာလားေဟ

Tzu-ဟုတ္သားပဲ ေတာင္းပန္ပါတယ္ ဗိုလ္မွဴးရယ္။ေမ့သြားလို႔ဟီး လာေလ ဗိုလ္မွဴး လာ အထဲ ၀င္။

Lisa လည္း Tzuyu တို႔ အခန္းထဲ ၀င္ၿပီး Tzuyu တို႔ကို ျဖစ္ေၾကာင္းကုန္စင္ ေျပာျပလိုက္ေတာ့သည္။ထိုအခါ.......

Son-ဒါဆို ဗိုလ္မွဴးက ေဆးဗိုလ္ႀကီး နဲ႔ မမေလး Ruby ကိုနွစ္ေယာက္တည္း ထားခဲ့တာေပါ့

Li-အင္းေလ။

Son-ဟာ....ညံ့ပါ့ ဗိုလ္မွဴးရာ။

Li-ဟင္.....ဘာလို႔လဲဟ

Son-ကိုယ့္ ခ်စ္သူ နဲ႔ ကိုယ့္ သူငယ္ခ်င္း ကို တစ္ခန္းတည္း ထားခဲ့ၿပီး ဗိုလ္မွဴးက ဒီကို လာအိပ္ရလား။

Li-မလာလို႔ ငါက ဘာလုပ္ရမွာလဲ

Son-ေဆးဗိုလ္ႀကီး ကို အခန္းထဲ ထားခဲ့ၿပီး မမေလး Ruby နဲ႔ ထြက္လာပါလား လို႔။

Li-ဘယ္ျဖစ္မလဲဟ။

Tzu-ဟေကာင္ က်ားပု နင္ အပိုမေျပာနဲ႔ ဗိုလ္မွဴးက နင့္ထက္စာရင္ ေတာ္ေသးတယ္။နင္က မွ တကယ္ ညံ့တာ

Son-ဘာ ညံ့လို႔လဲဟ။

Lisa နဲ႔ စကားေျပာေနတဲ့ Son Chae ကို ေနာက္ကေန နားရင္း လွမ္းအုပ္ကာ ေျပာတဲ့ Tzuyu ကို Son Chae က ဘုၾကည့္ ျပန္ၾကည့္ကာ  ေမးလိုက္ျခင္း ျဖစ္သည္။

Tzu-ဗိုလ္မွဴး က မွ မမေလး Ruby နဲ႔ ခ်စ္သူေတြ ျဖစ္ေနေသးတယ္။နင္က်ေတာ့ Mina Unnie ကို ဖြင့္ေတာင္ ဖြင့္ ေျပာရဲလို႔လား။Mina Unnie အေရွ႕ေရာက္ရင္ကိုဒူးတုန္ ေျခတုန္ ေခြၽးစီး ေခြၽးေပါက္ေတြပါ က်လာတဲ့ သူကမ်ား

Son-ဟာ.....နင္ ကလည္း

Li-ဟုတ္တယ္ ဟုတ္တယ္ Tzuyu ေျပာတာ မွန္တယ္။

Son-ကဲပါ ထားပါေတာ့ လူကိုဆို နွိပ္ကြပ္မယ္ ဆိုတာခ်ည္းပဲ။ဒါနဲ႔ ေလ ဗိုလ္မွဴး Chaw တခုေလာက္ ခြင့္ေတာင္းခ်င္လို႔

Li-ဘာကိစၥလဲ ေျပာေလ။

Son-မမ Mi တို႔ ေရွ႕တန္း ထြက္ရင္ Chaw လိုက္ပို႔ ပါရေစေနာ္။

Li-အင္း ရပါတယ္။Son Chae ေတာ္ေတာ္ ျဖစ္ေနတာပဲ။

Tzu-ဟုတ္ပါ့ သူ ေတာ္ေတာ္ျဖစ္ေနတာ။

Son-ဟာ.....ဗိုလ္မွဴး တို႔ကလည္း။

Tzu-ဟဲ့ ရုပ္ၾကမ္းႀကီး နဲ႔ ႏြဲ႕ျပ ရွက္ျပမေနနဲ႔။မ်က္နွာဆိုးနဲ႔။

Son-ေခြးေကာင္Tzuyu နင့္ကို အေသသတ္မယ္!!!!

ထိုညေတာ့ Tzuyu ရယ္ Son Chae ရယ္ Lisa တို႔ တဟားဟား ရယ္ၿပီး ပင္ပန္းစြာ အိပ္ေပ်ာ္သြားၾကေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~

Son-ဗိုလ္မွဴး လူစံုၿပီတဲ့။

Li- ေအး ငါလာၿပီ။

မနက္ အိက္ရာႏိုးတာနဲ႔ တစ္မနက္လံုး ေရွ႕တန္းထြက္မဲ့ သူေတြက သိုိသိုသိပ္သိပ္ ျပင္ဆင္ေနၾကတာေၾကာင့္ ကူညီ ျပင္ဆင္ေပးတဲ့ သူေတြ နဲ႔ စခန္း တခုလံုး အလုပ္ရႈပ္ေနၾက ေပမယ့္ လႈပ္ရွားတာ သိုသိပ္လြန္းတာေၾကာင့္ Ruby ေကာ Sana တို႔ပါသတိမထားမိၾက။

ခုလည္း အားလံုး ျပင္ဆင္ၿပီးတာ မလို႔ ေရွ႕တန္း ထြက္မဲ့ သူတို႔ကို မထြက္ခင္ ညဘက္ႀကီး ဗိုလ္မွဴး က ေတြ႕ဆံုမွာ မလို႔အခု လူစံုေနတာမလို႔  ဗိုလ္မွဴးကို Son Chae က လာေခၚျခင္း ပင္ ျဖစ္သည္။

Li-ရဲေဘာ္တို႔ ဒီေန႔ည ငါ မပါဘဲ ေရွ႕တန္းထြက္ရမွာ မလို႔ ငါတကယ္ စိတ္မခ်ဘူး။ဒါေပမယ့္ ဗိုလ္ႀကီး V တို႔ ဆာဂ်င္ Jin တို႔ ဆာဂ်င္ Suho တို႔ MinaUnnie တို႔ MoMo Unnie တို႔ ပါတာမလို႔ ငါ ေအးေအးေဆးေးဆး စိတ္ခ်နိုင္မွာပါ။အားလံုး ေဘးကင္းကင္းနဲ႔ ျပန္ခဲ့ၾကပါ။မင္းတို႔ ျပန္လာမဲ့ အခ်ိန္ငါ စခန္း တံခါး၀ ကေန အရင္ဆံုး ေစာင့္ေနမယ္။

All-ဟုတ္ကဲ့ပါ ဗိုလ္မွဴး။ေလးစားပါတယ္ ဗိုလ္မွဴး။

Li-အင္း ေလးစားပါတယ္။အေရးေတာ္ပံု ေအာင္ရမည္။

All-အေရးေတာ္ပံု ေအာင္ရမည္။

Li-ကဲ သြားၾကေတာ့ Son Chae လိုက္ပို႔မွာ မလား။သြား လိုက္ပို႔လိုက္။

Son-ဟုတ္ကဲ့ ဗိုလ္မွဴး။

Son Chae လည္း Lisa စကားေၾကာင့္ Mina နားကို ကပ္သြားကာ.........။

Son Chae-မမ Mi.....မမ Mi ရဲ႕ ေက်ာပိုးအိတ္ကိုေပး Chaw လြယ္ေပးပါမယ္။

Mi-ရပါတယ္ မလိုပါဘူး။

တိုက္ပြဲအတြက္ ယူနီေဖာင္း အနက္ေရာင္ ၀မ္းဆက္ကို ၀တ္ထားၿပီး လိုအပ္တဲ့ ေဆးပစၥည္း ေတြနဲ႔ လက္နက္ခဲယမ္းေတြ ထည့္ထားတဲ့ လြယ္အိတ္ အႀကီးႀကီး ကို လြယ္ထားတဲ့Mina ဟာ မ်က္လံုးေလး တခုပဲ ျမင္ရေပမယ့္ လက္ေမာင္းကၾကက္ေျခနီ တံဆိပ္ နဲ႔ သိပ္လွတဲ့ မ်က္၀န္းေတြေၾကာင့္ Minaဆိုတာ Son Chae အတတ္ေျပာနိုင္ပါတယ္။

Son-မမ Mi ရယ္ Chaw လြယ္ေပးပါရေစ။လုပ္ပါေနာ္။

မ်က္နွာငယ္ေလး နဲ႔ ေျပာလာတဲ့ Son Chae ေၾကာင့္ Minaလည္း မေနနိုင္ေတာ့ဘဲ သူမရဲ႕ပခံုးေပၚက စစ္လြယ္အိတ္ အေလးႀကီးကို ျဖဳတ္လိုက္ၿပီး Son Chae ရဲ႕ လက္ထဲကို ထည့္ေပးလိုက္ေတာ့သည္။

Mina လည္း လြယ္အိတ္ကို ျဖဳတ္ေပးေရာ Son Chae မွာပါးခ်ိဳင့္ႀကီးကို ထင္းေနေအာင္ ေပၚေအာင္ ၿပံဳးျပၿပီး လြယ္အိတ္ႀကီးကို ဆတ္ခနဲ ေကာက္လြယ္ လိုက္ေတာ့သည္။

V-အားလံုး အဆင္သင့္ ျဖစ္ၿပီဆိုရင္ ထြက္ၾကမယ္ေဟ့။

Jin-ကြၽန္ေတာ့္ တပ္စိတ္ အသင့္ပဲ

Suho-ကြၽန္ေတာ့္ တပ္စိတ္လည္း အသင့္ပါပဲ။

Mi+Mo-ေဆးတပ္စိတ္လည္း အသင့္ပါ။

V-ကဲ ဒါဆို ထြက္ၾကစို႔။

V ရဲ႕ စကား အဆံုးမွာ ေရွ႕တန္းထြက္တဲ့ စစ္သည္ေတြ အားလံုးဟာ ၅ ေယာက္ တစ္တြဲ တန္းဆီၿပီး စခန္းကရဲ႕ အေနာက္ဘက္ ေတာအုပ္နဲ႔ စပ္ေနတဲ့ တံခါးကေန စတင္ထြက္ခြာလာ ၾကေတာ့သည္။

Son Chae ကေတာ ့Mina ရဲ ေက်ာပိုးအိတ္ႀကီး ကို လြယ္ကာ Mina ေဘးနားကေန ကပ္ပါလာေတာ့သည္။တစ္လမ္းလံုး ဘာစကားမွ မေျပာရဲဘဲ ေဘးကေန ကုတ္ကုတ္ကုတ္ကုတ္ နဲ႔ လြယ္အိတ္ႀကီး လြယ္ကာ လိုက္လာတဲ့Son Chae ေၾကာင့္Mina မွာ ၿပံဳးလိုက္မိေသးသည္။

V-ကဲ Son Chae မင္း မမMi ကို ဒီ ေတာထဲ အထိပဲ လိုက္ပို႔ေတာ့။မင္း ျပန္ရမွာ လွမ္းေနၿပီ။ဘာမွစိတ္မပူနဲ႔ မင္း မမ Mi ကို အေကာင္းအတိုင္း ျပန္ေခၚခဲ့မယ္။

Son-ေက်းဇူးတင္ပါတယ္ ဗိုလ္ႀကီး။မမ Mi နဲ႔ စကား ခနေျပာလို႔ ရမလား ဗိုလ္ႀကီး။

Son Chae စကားေၾကာင့္ V လည္း ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ေတာ့ ညဖက္ဆိုေပမယ့္ အလင္းေရာင္ခပ္ေဖ်ာ့ေဖ်ာ့ က်န္ေသးတာမလို႔..........။

V-အင္း ေျပာေလ။သိပ္ေတာ့ မၾကာနဲ႔ ငါတို႔ အေရွ႕နားကကြၽန္းပင္ႀကီးနားမွာ ေစာင့္မယ္။

Son-ဟုတ္ကဲ့ ေက်းဇူးပါ ဗိုလ္ႀကီး။

V-Mina shi ေရ ခန က်န္ခဲ့ေနာ္။တပ္ဖြဲ႕ ေရွ႕ခ်ီမယ္။

V ရဲ႕ အမိန္႔ အသံ နဲ႔ အတူ Mina နဲ႔ Son Chae နားကထြက္သြားတဲ့ ေရွ႕တန္းထြက္မဲ့ စစ္သည္ေတြရယ္ပါ။

Mi-မင္း တို႔ကို ဘာေျပာမလို႔လဲ

Son-မမ Mi ကိုယ့္ကိုယ္ကို ဂရုစိုက္ေနာ္။

Mi-အင္းပါ တို႔က အခုမွ ေရွ႕တန္းထြက္ဖူးတဲ့ စစ္သား ေပါက္စ မဟုတ္ပါဘူး။

Son-မမ Mi သတၲိရွိတာကို Chaw သိပါတယ္။ဒါေပမယ့္စိတ္ပူလို႔ပါ။

Mi-စိတ္ပူေပးတာ ေက်းဇူးတင္ပါတယ္။

Son-ၿပီးေတာ့..........

Mi-အြမ္း...... ၿပီးေတာ့ ဘာျဖစ္လဲ

Son-Chaw.......Chaw မမ Mi ကုိ ခ်စ္တယ္။

* ခ်ာတိတ္ မင္း ေနာက္ဆံုးေတာ့ တို႔ကို ဖြင့္ေျပာၿပီေပါ့ *

Mi-အြန္း။မမ သိတယ္။ၿပီးေတာ့ မမ ေရွ႕တန္းက ျပန္လာတဲ့ အခါ မင္းကို အေျဖျပန္ေပးမယ္။အခုေတာ့ ျပန္ေတာ့ ခ်ာတိတ္စခန္း နဲ႔ လည္း လွမ္းေနၿပီ။ေမွာင္လည္း ေမွာင္ေနၿပီ။

Son-ဟုတ္ကဲ့ မမ။

Son Chae လည္း ေျပာၿပီး သူ႔ထက္အရပ္ျမင့္တဲ့ Mina ရဲ႕ နွဖူးေလးကို ေျခဖ်ားေလး ေထာက္ၿပီး ျမတ္ျမတ္နိုးနိုး နမ္းသြားကာ...........

Son Chae- ဂရုစိုက္ပါ မမ

ေျပာခ်င္ရာေျပာ လုပ္ခ်င္ရာ လုပ္ၿပီး ေျပးသြားတဲ့ Son Chae ကို ၾကည့္ၿပီး တစ္ခ်က္ၿပံဳးကာ တပ္ဖြဲ႕ ရိွရာဆီသို႔ ထြက္လာ လိုက္ ေတာ့သည္။

Mo-🎶 မ....မမ ရဲ႕ ေမာင္ေလး ေဟး မင္းအၾကည့္ကတကယ္ရဲ။ဟ ခိုက္သြားၿပီ ရင္ထဲ။🎶

Mina က တပ္ဖြဲ႕ဆီ ျပန္လာေတာ့ Momo က သီခ်င္းေလးဆိုၿပီး စ ေတာ့ တစ္ဖြဲ႕လံုး က ရီေနေတာ့။Mina တေယာက္ ရွက္ၿပီး ေခါင္းပင္ မေဖာ္နိုင္ေတာ့။

V-ကဲပါ စ မေနၾကနဲ႔ေတာ့ သြားၾကမယ္။

V ရဲ႕ စကားေၾကာင့္ အားလံုးလည္း ရီေနရာကို ရပ္လိုက္ၿပီး ေရွ႕တန္း စစ္မ်က္နွာျပင္ ကိုသာ ဦးတည္လိုက္ၾကေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~

V-ဒီေန႔ ရိကၡာ ပို႔မွာေတာ့ ေသခ်ာပါတယ္ေနာ္

တိုက္ပြဲျဖစ္ရမည့္ ေနရာဟု ႀကိဳတင္ တြက္ခ်က္ထား တဲ့ ေနရာမွာ ေစာင့္ေနတာ ၃ နာရီေလာက္ ရွိေနေပမယ့္ ရိကၡာသယ္ လာတဲ့ တပ္ကို အရိပ္အေယာင္ေတာင္ မျမင္ရေသးတာမို႔ V က စိုးရိမ္စိတ္ နဲ႔ ေမးလိုက္ျခင္းျဖစ္သည္။

Suho-လင္းယုန္ ၂ သတင္းေပးလာတဲ့ တေလ်ွာက္မွာေတာ့တခါမွ မမွားဖူးဘူးဗ်။

Jin-ဒါဆိုလည္း ေစာင့္ရတာေပါ့ဗ်ာ။က်ဳပ္ေတာ့ အေတာ္လက္ယားေနၿပီ။

Mo-Mi နင္ Son Chae ကို ခ်စ္လား။

Mi-Hirari MoMo နင္ တာ၀န္ခ်ိန္မွာ တာ၀န္ကိုပဲ ဂရုစိုက္စမ္းပါ တျခားဟာေတြ ေလ်ွာက္ေမးမေနနဲ႔။

Mo-ငါသိပါတယ္ဟ။ငါက နင္ အဲ့ ခေလးကို ခ်စ္လား မခ်စ္လား သိခ်င္ရံုပါ။

Mi-ခ်စ္တယ္ေဟ့ ခ်စ္တယ္။ငါ တိုက္ပြဲကေန နိုင္ၿပီး ျပန္လာရင္ စခန္းေရာက္တာနဲ႔ ခ်စ္ပါတယ္လို႔ တန္း အေျဖေပးလိုက္မွာ။

Mo-ဟယ္ မိန္းမ ရွင္ ေတာ္ေတာ္ျဖစ္။

ထိုစဥ္ လမ္းေၾကာင္းထိပ္ဘက္မွာ ကင္းေစာင့္ရတဲ့ ကင္းသမားတစ္ေယာက္က ေျပးခ်လာတာမလို႔ အားလံုးရဲ႕ အာရံုစိုက္မႈအလံုးစံုဟာ ထိုကင္းသမားဆီကို စုၿပံဳၾက ေရာက္သြားေတာ့သည္။

Man-ဗိုလ္ႀကီး လွည္း ၅ စီး ျမင္ရၿပီ လူ ၃၀ ေလာက္ပဲ ပါတယ္။

V-အင္း ေနရာ ျပန္ယူထား။စခန္းမွာ ေျပာတဲ့ အတိုင္းပဲ ငါအခ်က္ျပတာ နဲ႔ အားလံုး တစ္ၿပိဳင္နက္ တိုက္ၾကမယ္။

" ဟုတ္ကဲ့ပါ ဗိုလ္ႀကီး "

လွည္း ၅ စီး နဲ႔ ဂ်ပန္ အရာရွိ တေယာက္ အပါအ၀င္ ဂ်ပန္ တပ္သား ၃၀ ေလာက္က လမ္းရဲ႕ ထိပ္ပိုင္းကေန V တို႔ ရဲ႕ ပစ္ကြင္း ထဲကို တေ႐ြ႕ေ႐ြ႕ နဲ႔၀င္ေရာက္လာၾကေတာ့သည္။တပ္သား အားလံုးကလည္း ဂ်ပန္ တပ္စုကို ၾကည့္ကာ ေသနတ္ကို တင္းေနေအာင္ စုပ္ကိုင္ထားၿပီး တိုက္ပြဲ ၀င္ရန္အသင့္အေနအထား ျဖင့္ V ရဲ႕ အမိန္႔ကိုေစာင့္ေနၾကသည္။

" ပစ္ !!!! "

ရုတ္တရက္ ထြက္ေပၚလာတဲ့ V ရဲ႕အမိန္႔ေပးသံ အဆံုးမွာ ဘယ္ဘက္ ကုန္းျမင့္ေရာ ညာဘက္က ကုန္းျမင့္ကပါ အရွိန္ အဟုန္ နဲ႔ ၀ဲပ်ံလာတဲ့ ရိုင္ဖယ္ က်ည္ဆံေတြက ဂ်ပန္တပ္စုကိုအေတာ္ကို အထိအခိုက္ အက်အဆံုး မ်ားလာသည္။

ဂ်ပန္တပ္စုလည္း သူတို႔ အရာရွိကို ၀ိုင္းကာကြယ္ကာ ခံပစ္ရံုပဲပစ္နိုင္ၿပီး ရိကၡာ လွည္းေတြကို ဒီအတိုင္း ထားခဲ့ကာ လာရာလမ္း အတိုင္း ေနာက္ေၾကာင္္းျပန္လွည့္ ေျပးၾက  ေတာ့သည္။ဂ်ပန္စစ္သားေတြ ေျပးတာနဲ႔ ေတာ္လွန္ေရး တပ္သားေတြက ညာသံေပးၿပီး ကုန္းျမင့္ေပၚကေန ေျပးဆင္းလာၿပီး ထြက္ေျပးတဲ့ ဂ်ပန္ တပ္သားေတြကို လိုက္လံ ပစ္ခတ္ၾကေတာ့သည္။

Jin-ေတာ္ၿပီ မလိုက္နဲ႔ေတာ့

Jin ရဲ႕ အမိန္႔ေပးသံေၾကာင့္ လိုက္ပစ္တဲ့ တပ္သားေတြက ျပန္ဆုတ္လာၾကသည္။

Suho-ကင္းသမားေတြ အစီအစဥ္ အတိုင္း ကင္းခ်မယ္။အထိအခိုက္ အက်အဆံုး သတင္းကို တင္ျပပါ။

Man- အထိအခိုက္ အက်အဆံုး မရွိပါဘူး ဆာဂ်င္။

All-ေဟး!!!!

ၾကားလိုက္ရတဲ့ သတင္းက မဂၤလာ သတင္းမလို႔ တပ္သား အားလံုး ေပ်ာ္႐ႊင္စြာ ေအာ္လိုက္ၾကေတာ့သည္။

Mi-ဗိုလ္ႀကီး

V-ကိစၥ ရွိလို႔လား Mina shi......

Mi-Mi စိတ္ထဲ တစ္မ်ိဳးပဲ တိုက္ပြဲက အရမ္းမ်ား လြယ္ကူေနလားလို႔။

V-ခင္ဗ်ာ....။ဘာကို ဆိုလိုတာလဲဟင္။

Mi-ဂ်ပန္တပ္ရဲ႕ အဓိက ရိကၡာကို ၿဖတ္တိုက္တာ ဒီေလာက္ လြယ္ပါ့မလား။

V-Mina shi....ဆိုလိုခ်င္တာက

Mi-ျဖစ္နိုင္ရင္ ရိကၡာထုတ္ေတြကို စစ္ေဆးၾကည့္ခ်င္ပါတယ္။

V-ဟုတ္ စစ္ပါ။

V ရဲ႕ ခြင့္ျပဳခ်က္ရတာနဲ႔ Mina လည္း ခါးမွာ ခ်ိတ္ထားတဲ့ ဓားအိတ္ထဲက ဓားကို ထုတ္လိုက္ၿပီး အနီးဆံုး လွည္းကပီနံအိတ္ကို ထိုးခြဲ လိုက္ေတာ့သည္။

အိတ္ထဲကေန တေဝါ ေဝါ က်လာတဲ့ ဖြဲေတြေၾကာင့္ Mina နဲ႔ V အပါအ၀င္ အားလံုး မ်က္စိ မ်က္နွာ မ်က္သြားၾကေတာ့သည္။တခ်ိန္တည္းမွာပဲ က်ယ္ေလာက္စြာ ထြက္ေပၚလာတဲ့V ရဲ႕ အမိန္႔ေပးသံ.........။

V-တပ္ အားလံုးအစီအစဥ္ နွစ္ စမယ္။ကိုယ့္ေနရာကိုယ္ ယူၿပီးျပန္ဆုတ္..........!!!!!

" ၀ိုင္းေဟ့ ၀ိုင္းၾက သူပုန္တပ္ ေတြကို ၀ိုင္းၾက "

V ရဲ႕ အမိန္႔ အသံပင္ မဆံုးေသးဘူး ေတာ္လွန္ေရး တပ္သားေတြ ၾကားထဲ က်ေရာက္လာတဲ့ စနက္တံ အရွည္ လက္ပစ္ဗံုး မ်ား နဲ႔ က်ည္ဆံမိုးမ်ား။

V-Myoui နဲ႔ Hirari စခန္းကို အျမန္ျပန္ၿပီး သတင္းပို႔ပါ။

Mi+Mo-ဟုတ္ကဲ့ ဗိုလ္ႀကီး။

V-က်န္တဲ့ တပ္သားေတြ အကာအကြယ္ယူပါ။ငါ နဲ႔ အတူ အဆံုးထိ အေသခံတိုက္မယ္။တိုက္ရဲလား။

All-တိုက္ရဲတယ္။

V-ေသရဲလား။

All-ေသရဲတယ္။

အင္အား အဆမတန္ကြာစြာ ၀ိုင္းၿပီး အတိုက္ ခံေနရတဲ့ ေတာ္လွန္ေရး တပ္သားေတြက ေသရမွာကို မေၾကာက္ဘဲညာသံေပးကာ တိုက္ပြဲ ၀င္ရန္ အသင့္ ရွိေနတာေၾကာင့္ စိတ္ဓာတ္ေတြဟာ အေတာ္ပင္ ေလးစား စရာေကာင္းလြန္း လွသည္။

Mina နဲ႔ Momo လည္း V ရဲ႕ အမိန္႔ေၾကာင့္ စခန္းကို ျပန္ဆုတ္ ဖို႔ ျပင္ေတာ့ ကုန္းျမင့္ နဲ႔ နီး တဲ့ Momo က ကုန္းျမင့္ေပၚကို အရင္ ေရာက္သြားေပမယ့္ ေနာက္က လိုက္လာတဲ့ Mina ရဲ႕ ညာေျခေထာက္ကို ရိုင္ဖယ္ က်ည္ဆံမွန္သြားတာေၾကာင့္ Mina က လိုက္ မေျပးနိုင္ေတာ့ေပ။

Mo-Myoui !!!

Mina က်ည္ထိတာ ျမင္တာေၾကာင့္ ျပန္လာဆင္း ကယ္ဖို႔ လုပ္တဲ့ Momo က Mina က လွမ္းတားလိုက္ ေတာ့သည္။

Mi-Hirari လြတ္ေအာင္ေျပး။ရေအာင္သြား ငါ့ကို ထားခဲ့။ငါ ဘာမွမျဖစ္ဘူး။သတင္း ရေအာင္ ပို႔။

Mina ရဲ႕ စကားေၾကာင့္ Momo လည္း မ်က္ရည္ေတြ ကို လက္ခံု နဲ႔ တစ္ခ်က္ ပြတ္သုတ္လိုက္ကာ ေတြ႕တဲ့ ျမင္းေပၚ ခုန္တက္ၿပီး စခန္းကိုသာ ဒုန္းဆိုင္း ျပန္ေျပးလာေတာ့သည္။

Mina လည္း အကြယ္တခုကို ၀င္ကာ ေျခေထာက္ ထဲ ၀င္ေနတဲ့က်ည္ဆံကို ခါးက ဓား နဲ႔ ကလန္႔ ထုတ္ကာ ေက်ာပိုးအိတ္ ေဘးက အရက္ပ်ံပုလင္း ကို အနာေပၚ ေလာင္းခ် လိုက္ၿပီး ညာဘက္ လက္ေမာင္းက လက္ေမာင္းစည္း အနီေလးကို ျဖဳတ္လိုက္ၿပီး ေျခေထာက္က ဒဏ္ရာေပၚ တင္းေနေအာင္ စည္းလိုက္ေတာ့သည္။ထို႔ေနာက္လက္ထဲက ေသနတ္ကို က်ည္ျပန္စစ္ ေမာင္းတင္ၿပီး အကြယ္ ေနရာကေန ထြက္ကာ ေရွ႕မွာ ေပၚလာသမ်ွ သူကို ငုတ္တုတ္ထိုင္ၿပီး ပစ္ေနေတာ့သည္။

ခနေနေတာ့ Mina ရဲ႕ အနားကို ေျခေထာက္ ဒဏ္ရာႀကီး နဲ႔ V မွာ တြားသြား ေရာက္လာၿပီး Mina လို ထိုင္ပစ္ေနေတာ့သည္ေနာက္ဆံုးေတာ့ ၂ ေယာက္လံုး ဆီမွာ က်ည္မရွိေတာ့ သူတို႔၂ ေယာက္လံုး အေရွ႕မွာေတာ့ ဂ်ပန္ အေလာင္းေတြ ပံုလို႔

Mi-ဗိုလ္ႀကီး က်ည္ရွိေသးလား။

V-ဟင့္အင္း Mina ေရာ

Mi-မရွိေတာ့ဘူးရယ္

ေျဖၿပီး ခပ္လြင္လြင္ေလး ရီလိုက္တဲ့ Mina ေၾကာင့္ V မွာ အသံေလး ထြက္ၿပီး ရီလိုက္မိသည္။ရီေနရင္းကေန V က ခါးၾကားက အိတ္ထဲကေန စနက္တံ အတို လက္ပစ္ဗံုးကို ထုတ္ကာ လက္ထဲမွာ စုပ္ကိုင္ထားၿပီး Mina ကေတာ့ ေဘးနားက ေျမျပင္ေပၚမွာ ခ်ထားတဲ့ သူရဲ႕ ဓားေလးကို တင္း ေနေအာင္ စုပ္ကိုင္ထားေတာ့သည္။

လွံစြပ္ေရာင္ တ၀င္း၀င္း နဲ႔ သူတို႔ဆီ ေျပးလာေနတဲ့ ဂ်ပန္ တပ္သားေတြကို ၾကည့္ၿပီး V က Mina ကို စကား စေျပာလိုက္ေတာ့သည္။

V- Son Chae ကို အားနာ စရာေတြ ျဖစ္ကုန္ၿပီ။မင္း မမ Mi ကို အေကာင္းအတိုင္း ျပန္ေခၚခဲ့မယ္ ေျပာၿပီးမွ ကတိ မတည္သလို ျဖစ္ေတာ့မယ္။

Mi-အင္းေနာ္ သူ႔ကို ျပန္လာရင္ အေျဖေပးပါ့မယ္ ေျပာၿပီးကာမွ ခုေတာ့ မေပးရေတာ့ဘူး။ဒါလည္း တခုေကာင္းတာပဲ ခ်ာတိတ္ သိပ္ မခံစားရေတာ့ဘူး။

ထို႔ေနာက္ နီးကပ္လာတဲ့ ရန္သူေတြေၾကာင့္ V ကလည္း လက္ထဲက လက္ပစ္ဗံုး ရဲ႕စနက္တံကို ျဖဳတ္ဖို႔အသင့္ ျပင္ထားသလို Mina ကလည္း ေျခေထာက္တစ္ဖက္တည္း နဲ႔ ခုန္ၿပီးဓား နဲ႔ ထိုးလို႔ရေအာင္ အသင့္ျပင္ထားေတာ့သည္။

အရမ္းနီးကပ္လာတဲ့ ရန္သူေတြေၾကာင့္ Mina က ထခုန္မလို႔ျပင္လိုက္ေတာ့..........

Kai-ေဟ့ သူတို႔ အရာရွိ နဲ႔ မိန္းကေလးေတြ အကုန္လံုးကို မသတ္ နဲ႔ ငါ အရွင္ လိုခ်င္တယ္။

Kai ရဲ႕ စကားေၾကာင့္ V လည္း လက္ထဲက လက္ပစ္ဗံုးကိုအိတ္ထဲ မသိမသာ ျပန္ထည့္ကာ..........

V-Mina shi မိုက္ရူးရဲ မဆန္နဲ႔ အရွင္ဖမ္းမိရင္ ရေအာင္ထြက္ေျပးမယ္ သူတို႔ စခန္း အေျခအေနလည္း သိရတယ္။

V ရဲ႕ ခပ္တိုးတိုး ေျပာလာတဲ့ စကားေၾကာင့္ Mina လည္း လက္ထဲက ဓားကို မသိမသာ ျပန္ခ်ထားလိုက္ၿပီး အဖမ္းခံလိုက္ေတာ့သည္။

တခ်ိဳ႕ ေတာ္လွန္ေရး တပ္သားေတြက က်ဆံုးသြားေပမယ့္ V , jin , Suho နဲ႔ Mina တို႔ကေတာ့ အရွင္ အဖမ္းခံလိုက္ ရေတာ့သည္။

Kai-ေဟ့ မင္းတို႔ထဲက ဗိုလ္မွဴး Manoban က ဘယ္သူလဲကြ။

Suho-ငါပဲ ငါက ဗိုလ္မွဴး Manoban။

Kai-မဟုတ္ေသးပါဘူးရယ္ ငါ သိတဲ့ ဗိုလ္မွဴး Manoban က မိန္းကေလးပါ။

Mi-ကြၽန္မပဲ ဗိုလ္မွဴး Manoban ဆိုတာ။

Kai-အိုး မင္းတို႔ ဆီမွာ ဗိုလ္မွဴး Manoban ေတြ မ်ားလွခ်ည္လား။အဲ့ေတာ့ အတိအက် သိသြားရေအာင္ မင္းတို႔႔ဗိုလ္မွဴး Manoban ရဲ႕ အဆင္းသိ အခ်င္းသိ ႀကီးကို ေခၚလိုက္မယ္ေနာ္။ေဟ့ သားႀကီးေရ။

Kai ရဲ႕စကားဆံုးတာ နဲ႔ Kai ရဲ႕ ေနာက္ေက်ာဘက္ အေမွာင္ ဘက္ကေန ထြက္လာတဲ့ လူရိပ္တခု............

V+Jin-ဟင္.....မင္း!

Suho - ေသာက္ ေခြးမ်ိဳးကြာ

Mi-ရွင္ !!!!

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Lisa , Chae , Tzuyu နဲ႔ Son Chae တို႔က တပ္ဖြဲ႕ ျပန္လာမဲ့ လမ္းရဲ႕ တံခါးကေန ေစာင့္ေနတုန္း ဒုန္းဆိုင္း စီးလာတဲ့ ျမင္းခြာသံကို ၾကားရတာေၾကာင့္ အသံလာရာကို အားလံုး အာရံုစိုက္မိၾကေတာ့သည္။

အရမ္းျမန္လြန္တဲ့ ျမင္းေၾကာင့္ ခနေလး အတြင္းမွာပဲ ျမင္းေပၚက သူက Momo ဆိုတာ သိလိုက္ခ်ိန္တြင္ ျမင္းက တံု႔ခနဲ ရပ္သြားၿပီး Momo လည္း ျမင္းေပၚကေန ေျခပစ္လက္ပစ္ ျပဳတ္က်သြားေတာ့သည္။

Momo ျပဳတ္က်တာနဲ႔ ေလးေယာက္လံုး Momo ဆီကို အေျပး သြားလိုက္ၾကၿပီး အရင္ ေရာက္တဲ့ Tzuyuက Momo ကို ဆြဲေပြ႕ကာ ရင္ခြင္ထဲတြင္ ထည့္ထားေတာ့သည္

Li-ဘာေတြ ျဖစ္လာတာလဲ Momo Unnie။က်န္တဲ့ သူေတြေကာ။

Mo-ဗိုလ္မွဴး.........ငါတို႔ .......တိုက္....တိုက္ပြဲက ေထာက္ေခ်ာက္ တခုပဲ အာလံုး အ၀ိုင္းခံထားရတယ္။ငါ....ငါ တေယာက္ပဲ လြတ္လာတာ။

Li-ဘာ !!!!

ရႈိက္ႀကီး တငင္ငိုကာ ေျပာလာတဲ့ Momo ရဲ႕စကားဟာ ၄ ေယာက္လံုးရဲ႕ ေခါင္းကို မိုးႀကိဳး ပစ္ခ်လိုက္သလိုပါပဲ။ဘယ္က က်လာမွန္း မသိတဲ့ မ်က္ရည္ေတြဟာ ေလးေယာက္ လံုး ရဲ႕မ်က္နွာမွာ ႐ြဲစိုလ်က္။

Son-မမ Mi ေကာ Momo Unnie......မမ Mi ေကာလို႔ေျဖပါဗ်ာ မမ Mi ေနာက္မွာ ပါလာတယ္မလား။MomoUnnie မမ Mi ေကာလို႔ !!!!!!

ရႈိက္ရႈိက္ငိုကာ Momo လက္ ၂ဖက္ကို ကိုင္ၿပီး အက်ယ္ႀကီးေအာ္ေမးေနတဲ့ Son Chae ေၾကာင့္ အားလံုးရင္ထဲက၀မ္းနည္းမႈေတြက ၂ဆ ပိုတိုးရပါေတာ့တယ္။

Mo-Mi......Mi က ငါနဲ႔အတူတူ ျပန္ဆုတ္ရင္း.....ေျခေထာက္ကို က်ည္.....က်ည္မွန္ၿပီး တိုက္ပြဲထဲ မွာ က်န္ခဲ့တယ္။

Momo ရဲ႕ အေျဖေၾကာင့္ Son Chae ကမာၻႀကီး ေဇာက္ထိုး မိုးေမ်ွာ္ေတြ ျဖစ္ကုန္ေတာ့သည္။ရင္ဘတ္ တစ္ခုလံုး မြန္းၾကပ္ၿပီး အသက္ရွဴေတြပင္ မ၀ေတာ့။

Son- မမ Mi က Unnie ရဲ႕တြဲဖက္ မဟုတ္ဘူးလား။ အတူတူ ဆုတ္လာတဲ့သူက ေျခေထာက္ က်ည္ဆံ မွန္ ရင္ေတာင္ Unnie ထမ္းေခၚလာရမွာေပါ့ ဘာလို႔ တေယာက္တည္း ထားခဲ့ရတာလဲ။ဘာလို႔လဲ။

Momo ရဲ႕ အက်ီ ေကာ္လံကို ဆြဲကာ ေဒါသတႀကီး ေအာ္ဟစ္ၿပီး ငိုေျပာေနတဲ့ Son Chae ကို Tzuyuက ခါးကေန ဖက္ကာ ဆြဲထားၿပီး Lisa က Momo ေကာ္လံ က လက္ကို ဆြဲျဖဳတ္ေနေတာ့သည္။

Tzu-Son Chae ေတာ္ၿပီ စိတ္ေလ်ာ။့Son Chae စိတ္ေလ်ာ့။

" ေျဖာင္း "

Li-Son Chaeyoung အသိကပ္စမ္း။ငါတို႔ အားလံုးကိုရေအာင္ ျပန္ကယ္မယ္။ဒါေၾကာင့္ အသိကပ္ !!!!

Tzuyu ဘယ္ေလာက္ ေျပာေျပာမရတာမလို႔ Lisa လည္းSon Chae ကို ပါးရိုက္ကာ ေအာ္ေျပာလိုက္ေတာ့သည္။ထိုအခါမွ Son Chae လည္း စိတ္နဲ႔ ကိုယ္ျပန္ကပ္ သြားၿပီး........

Son - ေတာင္း......ေတာင္းပန္ပါတယ္ ဗိုလ္မွဴး။

Mo- ဗိုလ္မွဴး.....Minari တို႔ အားလံုးကို.....ရ...ရေအာင္ကယ္ေပးပါ။

Chae-Momo Unnie!!!!

Tzu-Momo Unnie!!!

Li+Son- Momo Unnie !!!!!

ေျပာၿပီး သတိေမ့သြားတဲ့ Momo ကို Lisa က ေပြ႕ခ်ီလိုက္ၿပီး.........

Li-Chae နင္ကိုယ္တိုင္ Momo Unnie ကို အျမန္ဆံုး သက္သာေအာင္ ကုသပါ။

Chae-ဟုတ္ၿပီ Lili။

Li-ငါကိုယ္တိုင္ ငါ့ တပ္သားေတြကို ရေအာင္ ျပန္ကယ္မယ္။

Son-Chaw လည္း လိုက္မယ္။

Tzu-Tzuyu လည္း လိုက္မယ္။

Lisa လည္း နွစ္ေယာက္လံုးကို ေခါင္းပဲညႇိမ့္ျပလိုက္ကာ Momo ကို ခ်ီၿပီး တပ္ရင္းေဆးခန္းကို ဦးတည္လိုက္ ေတာ့သည္။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

အရွည္ႀကီး တင္ေပးထားတယ္ရယ္ feedback ေလးေတြ ေပးၾကပါအံုး။ေနာက္က်တာေတာ့ ခြင့္လႊတ္ပါ။ရာသီဥတု က ေအးလာၿပီမလို႔ က်န္းမာေရး ဂရုစိုက္ၾကပါ။ခ ေတာ့ ငယ္ငယ္က ရင္က်ပ္ေရာဂါ ျပန္ထေနတယ္။

Readers တို႔ကို အရမ္းခ်စ္ပါတယ္Readers ေတြကို အရမ္းခ်စ္တဲ့ Tu Nhai Kha#💚

. . . . . . . . . . . . .  . . . . . . . . . . . . . . . . . . . . . . . .Love and   yaltyအချစ် နဲ့ သစ္စာ

For Uni😘

Chae-အဲ့တာကလေ.....Lili ငါကလေ......

Li-အင်း ပြောလေ

Chae-ထားတော့ Lili ရယ် ငါ နားချင်နေပြီ။

Li-အင်း နားတော့လေ အခန်းပြန်မှာလား ငါ့အခန်းမှာ အိပ်မှာလား။

Chae-နင့်သဘော။

Li-နင့်အခန်းက ဝေးတယ် ပင်ပန်းတယ် မသွားနဲ့တော့။ငါ့ အခန်း မှာပဲ နားတော့။

Chae-ဖြစ်ပါ့မလားဟ

Li-ဘာလို့ မဖြစ်ရမှာလဲ နင် အမြဲ ငါ့ အခန်းထဲမှာပဲ အိပ်နေကြလေ။

Chae-ဒါပေမယ့်......Ruby က

Ruby-လီ !!

Chae-မြင်လား ငါ့ စကားတောင် မဆုံးသေးဘူး နင့် Unnie လေးက လာပြီ။

Li-ဟင်....Unnie  ညဘက်ကြီး ဒီကို ဘာလာလုပ်တာလဲ

Ruby-ရှင်လေးက ကျွန်မကို " ခနလေး Unnie အစည်းအဝေး လေး တက်ချင်လို့"လို့ ပြောပြီးကတည်းက ပေါ်မလာတော့လို့ ကျွန်မ က ရှင့်နောက်ကို လိုက်လာတာလေ

Li-အော်....တောင်းပန်ပါတယ် Unnie ရယ်။လီ တို့ရဲ့ အစည်းအဝေးက နည်းနည်း ကြာသွားတယ်ရယ်။အစည်းအဝေး ပြီးတော့ ဧည့်ခန်းထဲမယ် Unnie မရှိဘူးလေ။Unnie အခန်းဘက်ကို ပြန်သွားတယ် ပြောကြတော့ ဒီအချိန်ကြီး အိပ်ပြီ ထင်လို့ မလာတော့တာလေ။

Ruby-ဟုတ်ပါပြီရှင် ရှင့်ဟာရှင် ပြောတော့ ချွန်းနေတာပဲ။ဆူမယ် စိတ်ကူးထားတာလေးတောင် ပျောက်တယ်။

Li-ဟီး.....ဟုတ်လား။

Chae-ကဲ Ruby လာပြီ ဆိုတော့ ငါလည်း အခန်းပြန်တော့မယ်။

Li-ဟဲ့....ပြန်မနေနဲ့တော့ ငါ့ အခန်းမှာပဲ အိပ်တော့။

Chae-ဟဲ့....ငါ နင့်အခန်းမှာ အိပ်လို့ရမလားဟ။ဟိုမှာ Ruby နှုတ်ခမ်း ကိုလည်း ကြည့်အုံး ငါတို့ ၂ ယောက်လုံးကိုထိုးမိတော့မယ် အရှေ့ကို ထွက်နေတာများ။

Ruby-ဟာ....Chae နော်။

Chae-နေပါ ကြား ၃ ကြား မဝင်ကောင်းဘူးတဲ့။နင်တို့ ၂ ယောက် ကြား ငါ မဝင်ချင်ဘူး ဝဋ်လည်နေလိမ့်မယ်။

Li-အမလေး....ဝဋ်လည်စရာ  လူလည်း ရှိတာ မဟုတ်ဘဲနဲ့ လာ လေကျယ်ပြနေတယ်။

Chae-Lalisa နင်ကသေချင်နေပြန်ပြီလား။ငါဆိုတဲ့ ParkChaeyoung က မလိုချင်လို့ လိုချင်ရင် လေတစ်ချက်ချွန်ပြလိုက်တာနဲ့ ယောကျာ်းလေး မိန်းကလေး ဆိုဒ်စုံ အရွယ်စုံတန်းစီနေတာပဲ ဆိုတာ နင် သိထားလိုက်နော်။

Li-ဟုတ်ပါပြီဟယ် ကြွားလိုက်တာ တကယ်ပါပဲ။ နင်မပြန်နဲ့တော့ အတော်ညဥ့်နက်နေပြီဟ။နင် ကြား ၃ ကြား ဝင်စရာ မလိုဘူး ငါပဲ ဝင်မယ်။

Ruby+Chae-ဘယ်လို ဝင်မှာလဲ။

Li-ဒီလိုလေ။

ပြောပြီး ဘယ်ဘက်လက် နဲ့ Ruby ကို ချိတ်ကာ ညာဘက် လက်နဲ့ Chae ကို ချိတ်ပြီး အခန်း ထဲ ဝင်လိုက်တော့သည်။Chae နဲ့ Ruby ကတော့ Lisa ဆွဲခေါ်ရာကို ဆန့်ငင် ဆန့်ငင် နဲ့ ပါသွားတော့သည်။

Li-လာ အိပ်ကြမယ်။

Chae-ဟေ ဘယ်လိုအိပ်မှာ။

Li-နင်က ညာဘက်မှာအိပ် Ruby က ဘယ်ဘက်မှာ အိပ်ငါက အလယ်မှာ အိပ်မယ်။

Chae+Ruby-ဘယ်ဖြစ်မလဲ

Li-ဘာလို့ မဖြစ်ရမှာလဲ။

Chae-Lili နင့် အိပ်ရာက ၂ ယောက်အိပ်လေ ၂ ယောက်ပဲအိပ်ရမှာပေါ့။၃ ယောက်ဆို ကြပ်နေမှာပေါ့။

Ruby-ရပါတယ် လီ ရဲ့။Unnie ကိုယ့်အခန်း ကိုယ်ပြန်လိုက်မယ်။လီ တို့ သူငယ်ချင်း ၂ ယောက် အိပ်ကျ။

Chae-ဘယ်ဟုတ်မလဲ အပြင်မှာ ဒီလောက်မှောင်နေတာကိုRuby မပြန်နဲ့ Chae ပြန်မယ်။

Li-၂ ယောက်လုံး တော်တော့ ဘယ်သူမှ မပြန်နဲ့ ငါပဲ ပြန်မယ်။

Ruby-ဒါက လီ့ အခန်းလေ လီ က ဘယ်ကို ပြန်မှာတုန်း

Chae-အေးလေ ဟုတ်သားပဲ။

Li-ငါ စကားမှားတာဟယ် ဆိုလိုချင်တာက နင်တို့ ၂ ယောက်လုံး ဒီမှာ အိပ်။ငါ အခုမှ အလုပ်ကိစ္စ တခု ခေါင်းထဲ ပေါ်လာလို့S

on Chae နဲ့ Tzuyu ဆီကို သွားလိုက်အုံးမယ် ပြီးရင် အဲ့မှာ ပဲ အိပ်လိုက်တော့မယ်။

Chae-မဟုတ်တာဟယ် အလုပ်ကိစ္စဆို ငါလည်း လိုက်ခဲ့မယ်

Li-နင် လိုက်ခဲ့တော့ Unnie က တယောက်တည်း ဖြစ်နေမှာပေါ့ဟဲ့ နေခဲ့ ၂ ယောက်လုံး ဒါပဲ။Chae က Unnie ကို အဖော် နေပေးလိုက်နော် တောင်းဆိုတာလေနော်။

* Lili ဟာလေ သိပ်ပြီးတော့ကို ကျွန်မကို အနိုင်ပိုင်း နိုင်မယ့် နိုင်ကွက် တွေကို သိလွန်းတယ်။သူ့လက်အောက်ငယ်သား ဖြစ်တဲ့ ကျွန်မက သူရဲ့ " ဒါပဲ " ဆိုတဲ့ အမိန့်သံကို မလွန်ဆန်ရဲ သလို သူ့ကို သိပ်ချစ်တာကြောင့် သူ တောင်းဆိုတာ ဆိုရင်မလုပ်ပေးတာ ဘာမှမရှိတာကြောင့် ကျွန်မ Ruby နဲ့ အတူတူနေပေးဖို့ကို ခေါင်းငြိမ့်ပေးမိ လိုက်ပြန်တယ်။*

Chae-ငါ က ရပါတယ် Ruby အဆင်ပြေလား မေးကြည့်လိုက်အုံး။

Ruby-ရပါတယ် အလုပ်ကိစ္စ ရှိရင် သွားလေ။Chae နဲ့ ကလည်း မသိတဲ့ သူစိမ်းတွေ မှ မဟုတ်တာ အဆင်ပြေပါတယ်ရယ်။

Li-အင်း အဲ့တာဆို ငါသွားတော့မယ်။

Lisa လည်း ပြောပြီး အခန်းထဲက ထွက်သွားတော့သည်။

Chae-Ruby က ကုတင်ပေါ်မှာ အိပ်လေ Chae က ဆိုဖာပေါ်မှာ အိပ်မယ်။

Ruby-အယ် မဟုတ်တာရယ်။ကုတင်က အကျယ်ကြီးကိုလာပါ အတူတူ အိပ်မယ်။

Ruby လည်း Chae လက်ကို ဆွဲကာ ကုတင်ပေါ်ကို ဆွဲချကာ ထိုင်စေလိုက်သည်။ပြီးမှ Chae ရဲ့ လက်ကို ဖွဖွလေး ဆုပ်ကိုင်ထားကာ.........

Ruby-တောင်းပန်ပါတယ် Chae

Chae-ဘာအတွက်လဲ Ruby

Ruby-Chae ဆီကနေ လီ့ ကို လုယူသလို ဖြစ်သွားတဲ့ အတွက်။

Chae-Lili က သက်မဲ့ အရာဝတ္ထု တခု မဟုတ်ပါဘူး။နှလုံးသား ရှိတဲ့ ခံစားတတ်တဲ့ သူ တယောက်ပါ အဲ့တာကြောင့် လုယူတယ်လို့ ပြောလို့မရပါဘူး။Lili ကို Chae ဘယ်လောက်ပဲ ချစ်ပေး ချစ်ပေး သူချစ်ချင်မှ ပြန်ချစ်မှာပေါ့အတင်းလုပ်ယူလို့ မရဘူးလေ။Lili က အခု Ruby ကို ချစ်နေရလို့ Lili ပျော်တယ်ဆိုရင် Chae က ကျေနပ်ပါတယ်။

Ruby-အင်းပါ။စကားမစပ် လီ နဲ့ Chae က ရွယ်တူလား။

Chae-အင်း ဆိုပါတော့ Chae က လ ပိုင်းလောက်တော့ ကြီးတယ်။

Ruby-Chae ကို မွေးစားထားတာဆို Chae က လီ့ ထက် လပိုင်း ကြီးမှန်း ဘယ်လိုသိတာ။

Chae-Lili ရဲ့ ဖေဖေ ပြောတာကတော့ အဲ့နေ့မှာ Chae ကဒီနေ့ သမီး မွေးနေ့လို့ ပြောတာတဲ့ အဲ့တာ နဲ့ အဲ့ရက်က Chaeမွေးနေ့ ဖြစ်သွားတာပေါ့

Ruby-အော် အဲ့လိုလား။

Chae-အင်း။

Ruby-ဘာလို့လဲ မသိဘူး Chae ကိုစတွေ့ကတည်းက သူငယ်ချင်း အရင်းကြီးလို ချစ်တာ ခင်တာ မဟုတ်ဘဲနဲ့ Sa Sa လေးကို ချစ်သလိုမျိုး ညီမ အရင်းလေးလိုကို ချစ်တာ။

Chae-ရှင် !!

Ruby-ဘာဖြစ် လို့လဲဟင်။  Chae-ဘာမှမဖြစ်ပါဘူး။ဟိုဟာလေ Chae အိပ်ချင်လို့ အိပ်နှင့်တော့မယ်နော်

Ruby-အင်း အင်း အိပ်တော့လေ Ruby လည်း အခု ပဲ အိပ်တော့မှာ။

Chae-ဟုတ်ကဲ့ ဒါဆို ကောင်းသော ည ဖြစ်ပါစေနော်

Ruby-အင်း ကျေးဇူးပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Son-ဟင် ဗိုလ်မှူး ဒီကို ဘာလာလုပ်တာလဲ

Li-လာ အိပ်တာလေ။

Tzu-ဗိုလ်မှူး အခန်းကကော။

Li-မင်းတို့ ဆေးဗိုလ်ကြီး နဲ့ ငါ့ ချစ်သူ Ruby အိပ်နေတယ်။

ညကြီး အချိန်မတော် အခန်း တံခါး လာခေါက်တာကြောင့် Son Chae နဲ့ Tzuyu တို့ ၂ ယောက် တံခပေးပြီးမှ သူတို့ ဗိုလ်မှူး ဖြစ်နေတာကြောင့် အံ့သြကာ မေးခွန်းတွေ မေးနေကြခြင်း ပင်ဖြစ်သည်။

Son-အယ် ဘယ်လိုဖြစ်ရတာလဲ။

Li-နင် တို့ ၂ ယောက် ငါ့ကို အခန်းထဲပေး မဝင်ဘဲ ဒီနေရာမှာတင် တရားခံ စစ် စစ်နေတော့မှာလားဟေ

Tzu-ဟုတ်သားပဲ တောင်းပန်ပါတယ် ဗိုလ်မှူးရယ်။မေ့သွားလို့ဟီး လာလေ ဗိုလ်မှူး လာ အထဲ ဝင်။

Lisa လည်း Tzuyu တို့ အခန်းထဲ ဝင်ပြီး Tzuyu တို့ကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တော့သည်။ထိုအခါ.......

Son-ဒါဆို ဗိုလ်မှူးက ဆေးဗိုလ်ကြီး နဲ့ မမလေး Ruby ကိုနှစ်ယောက်တည်း ထားခဲ့တာပေါ့

Li-အင်းလေ။

Son-ဟာ....ညံ့ပါ့ ဗိုလ်မှူးရာ။

Li-ဟင်.....ဘာလို့လဲဟ

Son-ကိုယ့် ချစ်သူ နဲ့ ကိုယ့် သူငယ်ချင်း ကို တစ်ခန်းတည်း ထားခဲ့ပြီး ဗိုလ်မှူးက ဒီကို လာအိပ်ရလား။

Li-မလာလို့ ငါက ဘာလုပ်ရမှာလဲ

Son-ဆေးဗိုလ်ကြီး ကို အခန်းထဲ ထားခဲ့ပြီး မမလေး Ruby နဲ့ ထွက်လာပါလား လို့။

Li-ဘယ်ဖြစ်မလဲဟ။

Tzu-ဟကောင် ကျားပု နင် အပိုမပြောနဲ့ ဗိုလ်မှူးက နင့်ထက်စာရင် တော်သေးတယ်။နင်က မှ တကယ် ညံ့တာ

Son-ဘာ ညံ့လို့လဲဟ။

Lisa နဲ့ စကားပြောနေတဲ့ Son Chae ကို နောက်ကနေ နားရင်း လှမ်းအုပ်ကာ ပြောတဲ့ Tzuyu ကို Son Chae က ဘုကြည့် ပြန်ကြည့်ကာ  မေးလိုက်ခြင်း ဖြစ်သည်။

Tzu-ဗိုလ်မှူး က မှ မမလေး Ruby နဲ့ ချစ်သူတွေ ဖြစ်နေသေးတယ်။နင်ကျတော့ Mina Unnie ကို ဖွင့်တောင် ဖွင့် ပြောရဲလို့လား။Mina Unnie အရှေ့ရောက်ရင်ကိုဒူးတုန် ခြေတုန် ချွေးစီး ချွေးပေါက်တွေပါ ကျလာတဲ့ သူကများ

Son-ဟာ.....နင် ကလည်း

Li-ဟုတ်တယ် ဟုတ်တယ် Tzuyu ပြောတာ မှန်တယ်။

Son-ကဲပါ ထားပါတော့ လူကိုဆို နှိပ်ကွပ်မယ် ဆိုတာချည်းပဲ။ဒါနဲ့ လေ ဗိုလ်မှူး Chaw တခုလောက် ခွင့်တောင်းချင်လို့

Li-ဘာကိစ္စလဲ ပြောလေ။

Son-မမ Mi တို့ ရှေ့တန်း ထွက်ရင် Chaw လိုက်ပို့ ပါရစေနော်။

Li-အင်း ရပါတယ်။Son Chae တော်တော် ဖြစ်နေတာပဲ။

Tzu-ဟုတ်ပါ့ သူ တော်တော်ဖြစ်နေတာ။

Son-ဟာ.....ဗိုလ်မှူး တို့ကလည်း။

Tzu-ဟဲ့ ရုပ်ကြမ်းကြီး နဲ့ နွဲ့ပြ ရှက်ပြမနေနဲ့။မျက်နှာဆိုးနဲ့။

Son-ခွေးကောင်Tzuyu နင့်ကို အသေသတ်မယ်!!!!

ထိုညတော့ Tzuyu ရယ် Son Chae ရယ် Lisa တို့ တဟားဟား ရယ်ပြီး ပင်ပန်းစွာ အိပ်ပျော်သွားကြတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

Son-ဗိုလ်မှူး လူစုံပြီတဲ့။

Li- အေး ငါလာပြီ။

မနက် အိက်ရာနိုးတာနဲ့ တစ်မနက်လုံး ရှေ့တန်းထွက်မဲ့ သူတွေက သိုသိုသိပ်သိပ် ပြင်ဆင်နေကြတာကြောင့် ကူညီ ပြင်ဆင်ပေးတဲ့ သူတွေ နဲ့ စခန်း တခုလုံး အလုပ်ရှုပ်နေကြ ပေမယ့် လှုပ်ရှားတာ သိုသိပ်လွန်းတာကြောင့် Ruby ကော Sana တို့ပါသတိမထားမိကြ။

ခုလည်း အားလုံး ပြင်ဆင်ပြီးတာ မလို့ ရှေ့တန်း ထွက်မဲ့ သူတို့ကို မထွက်ခင် ညဘက်ကြီး ဗိုလ်မှူး က တွေ့ဆုံမှာ မလို့အခု လူစုံနေတာမလို့  ဗိုလ်မှူးကို Son Chae က လာခေါ်ခြင်း ပင် ဖြစ်သည်။

Li-ရဲဘော်တို့ ဒီနေ့ည ငါ မပါဘဲ ရှေ့တန်းထွက်ရမှာ မလို့ ငါတကယ် စိတ်မချဘူး။ဒါပေမယ့် ဗိုလ်ကြီး V တို့ ဆာဂျင် Jin တို့ ဆာဂျင် Suho တို့ MinaUnnie တို့ MoMo Unnie တို့ ပါတာမလို့ ငါ အေးအေးဆေးေးဆး စိတ်ချနိုင်မှာပါ။အားလုံး ဘေးကင်းကင်းနဲ့ ပြန်ခဲ့ကြပါ။မင်းတို့ ပြန်လာမဲ့ အချိန်ငါ စခန်း တံခါး၀ ကနေ အရင်ဆုံး စောင့်နေမယ်။

All-ဟုတ်ကဲ့ပါ ဗိုလ်မှူး။လေးစားပါတယ် ဗိုလ်မှူး။

Li-အင်း လေးစားပါတယ်။အရေးတော်ပုံ အောင်ရမည်။

All-အရေးတော်ပုံ အောင်ရမည်။

Li-ကဲ သွားကြတော့ Son Chae လိုက်ပို့မှာ မလား။သွား လိုက်ပို့လိုက်။

Son-ဟုတ်ကဲ့ ဗိုလ်မှူး။

Son Chae လည်း Lisa စကားကြောင့် Mina နားကို ကပ်သွားကာ.........။

Son Chae-မမ Mi.....မမ Mi ရဲ့ ကျောပိုးအိတ်ကိုပေး Chaw လွယ်ပေးပါမယ်။

Mi-ရပါတယ် မလိုပါဘူး။

တိုက်ပွဲအတွက် ယူနီဖောင်း အနက်ရောင် ဝမ်းဆက်ကို ဝတ်ထားပြီး လိုအပ်တဲ့ ဆေးပစ္စည်း တွေနဲ့ လက်နက်ခဲယမ်းတွေ ထည့်ထားတဲ့ လွယ်အိတ် အကြီးကြီး ကို လွယ်ထားတဲ့Mina ဟာ မျက်လုံးလေး တခုပဲ မြင်ရပေမယ့် လက်မောင်းကကြက်ခြေနီ တံဆိပ် နဲ့ သိပ်လှတဲ့ မျက်ဝန်းတွေကြောင့် Minaဆိုတာ Son Chae အတတ်ပြောနိုင်ပါတယ်။

Son-မမ Mi ရယ် Chaw လွယ်ပေးပါရစေ။လုပ်ပါနော်။

မျက်နှာငယ်လေး နဲ့ ပြောလာတဲ့ Son Chae ကြောင့် Minaလည်း မနေနိုင်တော့ဘဲ သူမရဲ့ပခုံးပေါ်က စစ်လွယ်အိတ် အလေးကြီးကို ဖြုတ်လိုက်ပြီး Son Chae ရဲ့ လက်ထဲကို ထည့်ပေးလိုက်တော့သည်။

Mina လည်း လွယ်အိတ်ကို ဖြုတ်ပေးရော Son Chae မှာပါးချိုင့်ကြီးကို ထင်းနေအောင် ပေါ်အောင် ပြုံးပြပြီး လွယ်အိတ်ကြီးကို ဆတ်ခနဲ ကောက်လွယ် လိုက်တော့သည်။

V-အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ထွက်ကြမယ်ဟေ့။

Jin-ကျွန်တော့် တပ်စိတ် အသင့်ပဲ

Suho-ကျွန်တော့် တပ်စိတ်လည်း အသင့်ပါပဲ။

Mi+Mo-ဆေးတပ်စိတ်လည်း အသင့်ပါ။

V-ကဲ ဒါဆို ထွက်ကြစို့။

V ရဲ့ စကား အဆုံးမှာ ရှေ့တန်းထွက်တဲ့ စစ်သည်တွေ အားလုံးဟာ ၅ ယောက် တစ်တွဲ တန်းဆီပြီး စခန်းကရဲ့ အနောက်ဘက် တောအုပ်နဲ့ စပ်နေတဲ့ တံခါးကနေ စတင်ထွက်ခွာလာ ကြတော့သည်။

Son Chae ကတော့Mina ရဲ ကျောပိုးအိတ်ကြီး ကို လွယ်ကာ Mina ဘေးနားကနေ ကပ်ပါလာတော့သည်။တစ်လမ်းလုံး ဘာစကားမှ မပြောရဲဘဲ ဘေးကနေ ကုတ်ကုတ်ကုတ်ကုတ် နဲ့ လွယ်အိတ်ကြီး လွယ်ကာ လိုက်လာတဲ့Son Chae ကြောင့်Mina မှာ ပြုံးလိုက်မိသေးသည်။

V-ကဲ Son Chae မင်း မမMi ကို ဒီ တောထဲ အထိပဲ လိုက်ပို့တော့။မင်း ပြန်ရမှာ လှမ်းနေပြီ။ဘာမှစိတ်မပူနဲ့ မင်း မမ Mi ကို အကောင်းအတိုင်း ပြန်ခေါ်ခဲ့မယ်။

Son-ကျေးဇူးတင်ပါတယ် ဗိုလ်ကြီး။မမ Mi နဲ့ စကား ခနပြောလို့ ရမလား ဗိုလ်ကြီး။

Son Chae စကားကြောင့် V လည်း ကောင်းကင်ကို မော့ကြည့်လိုက်တော့ ညဖက်ဆိုပေမယ့် အလင်းရောင်ခပ်ဖျော့ဖျော့ ကျန်သေးတာမလို့..........။

V-အင်း ပြောလေ။သိပ်တော့ မကြာနဲ့ ငါတို့ အရှေ့နားကကျွန်းပင်ကြီးနားမှာ စောင့်မယ်။

Son-ဟုတ်ကဲ့ ကျေးဇူးပါ ဗိုလ်ကြီး။

V-Mina shi ရေ ခန ကျန်ခဲ့နော်။တပ်ဖွဲ့ ရှေ့ချီမယ်။

V ရဲ့ အမိန့် အသံ နဲ့ အတူ Mina နဲ့ Son Chae နားကထွက်သွားတဲ့ ရှေ့တန်းထွက်မဲ့ စစ်သည်တွေရယ်ပါ။

Mi-မင်း တို့ကို ဘာပြောမလို့လဲ

Son-မမ Mi ကိုယ့်ကိုယ်ကို ဂရုစိုက်နော်။

Mi-အင်းပါ တို့က အခုမှ ရှေ့တန်းထွက်ဖူးတဲ့ စစ်သား ပေါက်စ မဟုတ်ပါဘူး။

Son-မမ Mi သတ္တိရှိတာကို Chaw သိပါတယ်။ဒါပေမယ့်စိတ်ပူလို့ပါ။

Mi-စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်

Son-ပြီးတော့..........

Mi-အွမ်း...... ပြီးတော့ ဘာဖြစ်လဲ

Son-Chaw.......Chaw မမ Mi ကို ချစ်တယ်။

* ချာတိတ် မင်း နောက်ဆုံးတော့ တို့ကို ဖွင့်ပြောပြီပေါ့ *

Mi-အွန်း။မမ သိတယ်။ပြီးတော့ မမ ရှေ့တန်းက ပြန်လာတဲ့ အခါ မင်းကို အဖြေပြန်ပေးမယ်။အခုတော့ ပြန်တော့ ချာတိတ်စခန်း နဲ့ လည်း လှမ်းနေပြီ။မှောင်လည်း မှောင်နေပြီ။

Son-ဟုတ်ကဲ့ မမ။

Son Chae လည်း ပြောပြီး သူ့ထက်အရပ်မြင့်တဲ့ Mina ရဲ့ နှဖူးလေးကို ခြေဖျားလေး ထောက်ပြီး မြတ်မြတ်နိုးနိုး နမ်းသွားကာ...........

Son Chae- ဂရုစိုက်ပါ မမ

ပြောချင်ရာပြော လုပ်ချင်ရာ လုပ်ပြီး ပြေးသွားတဲ့ Son Chae ကို ကြည့်ပြီး တစ်ချက်ပြုံးကာ တပ်ဖွဲ့ ရှိရာဆီသို့ ထွက်လာ လိုက် တော့သည်။

Mo-🎶 မ....မမ ရဲ့ မောင်လေး ဟေး မင်းအကြည့်ကတကယ်ရဲ။ဟ ခိုက်သွားပြီ ရင်ထဲ။🎶

Mina က တပ်ဖွဲ့ဆီ ပြန်လာတော့ Momo က သီချင်းလေးဆိုပြီး စ တော့ တစ်ဖွဲ့လုံး က ရီနေတော့။Mina တယောက် ရှက်ပြီး ခေါင်းပင် မဖော်နိုင်တော့။

V-ကဲပါ စ မနေကြနဲ့တော့ သွားကြမယ်။

V ရဲ့ စကားကြောင့် အားလုံးလည်း ရီနေရာကို ရပ်လိုက်ပြီး ရှေ့တန်း စစ်မျက်နှာပြင် ကိုသာ ဦးတည်လိုက်ကြတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

V-ဒီနေ့ ရိက္ခာ ပို့မှာတော့ သေချာပါတယ်နော်

တိုက်ပွဲဖြစ်ရမည့် နေရာဟု ကြိုတင် တွက်ချက်ထား တဲ့ နေရာမှာ စောင့်နေတာ ၃ နာရီလောက် ရှိနေပေမယ့် ရိက္ခာသယ် လာတဲ့ တပ်ကို အရိပ်အယောင်တောင် မမြင်ရသေးတာမို့ V က စိုးရိမ်စိတ် နဲ့ မေးလိုက်ခြင်းဖြစ်သည်။

Suho-လင်းယုန် ၂ သတင်းပေးလာတဲ့ တလျှောက်မှာတော့တခါမှ မမှားဖူးဘူးဗျ။

Jin-ဒါဆိုလည်း စောင့်ရတာပေါ့ဗျာ။ကျုပ်တော့ အတော်လက်ယားနေပြီ။

Mo-Mi နင် Son Chae ကို ချစ်လား။

Mi-Hirari MoMo နင် တာဝန်ချိန်မှာ တာဝန်ကိုပဲ ဂရုစိုက်စမ်းပါ တခြားဟာတွေ လျှောက်မေးမနေနဲ့။

Mo-ငါသိပါတယ်ဟ။ငါက နင် အဲ့ ခလေးကို ချစ်လား မချစ်လား သိချင်ရုံပါ။

Mi-ချစ်တယ်ဟေ့ ချစ်တယ်။ငါ တိုက်ပွဲကနေ နိုင်ပြီး ပြန်လာရင် စခန်းရောက်တာနဲ့ ချစ်ပါတယ်လို့ တန်း အဖြေပေးလိုက်မှာ။

Mo-ဟယ် မိန်းမ ရှင် တော်တော်ဖြစ်။

ထိုစဉ် လမ်းကြောင်းထိပ်ဘက်မှာ ကင်းစောင့်ရတဲ့ ကင်းသမားတစ်ယောက်က ပြေးချလာတာမလို့ အားလုံးရဲ့ အာရုံစိုက်မှုအလုံးစုံဟာ ထိုကင်းသမားဆီကို စုပြုံကြ ရောက်သွားတော့သည်။

Man-ဗိုလ်ကြီး လှည်း ၅ စီး မြင်ရပြီ လူ ၃၀ လောက်ပဲ ပါတယ်။

V-အင်း နေရာ ပြန်ယူထား။စခန်းမှာ ပြောတဲ့ အတိုင်းပဲ ငါအချက်ပြတာ နဲ့ အားလုံး တစ်ပြိုင်နက် တိုက်ကြမယ်။

" ဟုတ်ကဲ့ပါ ဗိုလ်ကြီး "

လှည်း ၅ စီး နဲ့ ဂျပန် အရာရှိ တယောက် အပါအဝင် ဂျပန် တပ်သား ၃၀ လောက်က လမ်းရဲ့ ထိပ်ပိုင်းကနေ V တို့ ရဲ့ ပစ်ကွင်း ထဲကို တရွေ့ရွေ့ နဲ့ဝင်ရောက်လာကြတော့သည်။တပ်သား အားလုံးကလည်း ဂျပန် တပ်စုကို ကြည့်ကာ သေနတ်ကို တင်းနေအောင် စုပ်ကိုင်ထားပြီး တိုက်ပွဲ ဝင်ရန်အသင့်အနေအထား ဖြင့် V ရဲ့ အမိန့်ကိုစောင့်နေကြသည်။

" ပစ် !!!! "

ရုတ်တရက် ထွက်ပေါ်လာတဲ့ V ရဲ့အမိန့်ပေးသံ အဆုံးမှာ ဘယ်ဘက် ကုန်းမြင့်ရော ညာဘက်က ကုန်းမြင့်ကပါ အရှိန် အဟုန် နဲ့ ဝဲပျံလာတဲ့ ရိုင်ဖယ် ကျည်ဆံတွေက ဂျပန်တပ်စုကိုအတော်ကို အထိအခိုက် အကျအဆုံး များလာသည်။

ဂျပန်တပ်စုလည်း သူတို့ အရာရှိကို ဝိုင်းကာကွယ်ကာ ခံပစ်ရုံပဲပစ်နိုင်ပြီး ရိက္ခာ လှည်းတွေကို ဒီအတိုင်း ထားခဲ့ကာ လာရာလမ်း အတိုင်း နောက်ကြောင်းပြန်လှည့် ပြေးကြ  တော့သည်။ဂျပန်စစ်သားတွေ ပြေးတာနဲ့ တော်လှန်ရေး တပ်သားတွေက ညာသံပေးပြီး ကုန်းမြင့်ပေါ်ကနေ ပြေးဆင်းလာပြီး ထွက်ပြေးတဲ့ ဂျပန် တပ်သားတွေကို လိုက်လံ ပစ်ခတ်ကြတော့သည်။

Jin-တော်ပြီ မလိုက်နဲ့တော့

Jin ရဲ့ အမိန့်ပေးသံကြောင့် လိုက်ပစ်တဲ့ တပ်သားတွေက ပြန်ဆုတ်လာကြသည်။

Suho-ကင်းသမားတွေ အစီအစဉ် အတိုင်း ကင်းချမယ်။အထိအခိုက် အကျအဆုံး သတင်းကို တင်ပြပါ။

Man- အထိအခိုက် အကျအဆုံး မရှိပါဘူး ဆာဂျင်။

All-ဟေး!!!!

ကြားလိုက်ရတဲ့ သတင်းက မင်္ဂလာ သတင်းမလို့ တပ်သား အားလုံး ပျော်ရွှင်စွာ အော်လိုက်ကြတော့သည်။

Mi-ဗိုလ်ကြီး

V-ကိစ္စ ရှိလို့လား Mina shi......

Mi-Mi စိတ်ထဲ တစ်မျိုးပဲ တိုက်ပွဲက အရမ်းများ လွယ်ကူနေလားလို့။

V-ခင်ဗျာ....။ဘာကို ဆိုလိုတာလဲဟင်။

Mi-ဂျပန်တပ်ရဲ့ အဓိက ရိက္ခာကို ဖြတ်တိုက်တာ ဒီလောက် လွယ်ပါ့မလား။

V-Mina shi....ဆိုလိုချင်တာက

Mi-ဖြစ်နိုင်ရင် ရိက္ခာထုတ်တွေကို စစ်ဆေးကြည့်ချင်ပါတယ်။

V-ဟုတ် စစ်ပါ။

V ရဲ့ ခွင့်ပြုချက်ရတာနဲ့ Mina လည်း ခါးမှာ ချိတ်ထားတဲ့ ဓားအိတ်ထဲက ဓားကို ထုတ်လိုက်ပြီး အနီးဆုံး လှည်းကပီနံအိတ်ကို ထိုးခွဲ လိုက်တော့သည်။

အိတ်ထဲကနေ တဝေါ ဝေါ ကျလာတဲ့ ဖွဲတွေကြောင့် Mina နဲ့ V အပါအဝင် အားလုံး မျက်စိ မျက်နှာ မျက်သွားကြတော့သည်။တချိန်တည်းမှာပဲ ကျယ်လောက်စွာ ထွက်ပေါ်လာတဲ့V ရဲ့ အမိန့်ပေးသံ.........။

V-တပ် အားလုံးအစီအစဉ် နှစ် စမယ်။ကိုယ့်နေရာကိုယ် ယူပြီးပြန်ဆုတ်..........!!!!!

" ဝိုင်းဟေ့ ဝိုင်းကြ သူပုန်တပ် တွေကို ဝိုင်းကြ "

V ရဲ့ အမိန့် အသံပင် မဆုံးသေးဘူး တော်လှန်ရေး တပ်သားတွေ ကြားထဲ ကျရောက်လာတဲ့ စနက်တံ အရှည် လက်ပစ်ဗုံး များ နဲ့ ကျည်ဆံမိုးများ။

V-Myoui နဲ့ Hirari စခန်းကို အမြန်ပြန်ပြီး သတင်းပို့ပါ။

Mi+Mo-ဟုတ်ကဲ့ ဗိုလ်ကြီး။

V-ကျန်တဲ့ တပ်သားတွေ အကာအကွယ်ယူပါ။ငါ နဲ့ အတူ အဆုံးထိ အသေခံတိုက်မယ်။တိုက်ရဲလား။

All-တိုက်ရဲတယ်။

V-သေရဲလား။

All-သေရဲတယ်။

အင်အား အဆမတန်ကွာစွာ ဝိုင်းပြီး အတိုက် ခံနေရတဲ့ တော်လှန်ရေး တပ်သားတွေက သေရမှာကို မကြောက်ဘဲညာသံပေးကာ တိုက်ပွဲ ဝင်ရန် အသင့် ရှိနေတာကြောင့် စိတ်ဓာတ်တွေဟာ အတော်ပင် လေးစား စရာကောင်းလွန်း လှသည်။

Mina နဲ့ Momo လည်း V ရဲ့ အမိန့်ကြောင့် စခန်းကို ပြန်ဆုတ် ဖို့ ပြင်တော့ ကုန်းမြင့် နဲ့ နီး တဲ့ Momo က ကုန်းမြင့်ပေါ်ကို အရင် ရောက်သွားပေမယ့် နောက်က လိုက်လာတဲ့ Mina ရဲ့ ညာခြေထောက်ကို ရိုင်ဖယ် ကျည်ဆံမှန်သွားတာကြောင့် Mina က လိုက် မပြေးနိုင်တော့ပေ။

Mo-Myoui !!!

Mina ကျည်ထိတာ မြင်တာကြောင့် ပြန်လာဆင်း ကယ်ဖို့ လုပ်တဲ့ Momo က Mina က လှမ်းတားလိုက် တော့သည်။

Mi-Hirari လွတ်အောင်ပြေး။ရအောင်သွား ငါ့ကို ထားခဲ့။ငါ ဘာမှမဖြစ်ဘူး။သတင်း ရအောင် ပို့။

Mina ရဲ့ စကားကြောင့် Momo လည်း မျက်ရည်တွေ ကို လက်ခုံ နဲ့ တစ်ချက် ပွတ်သုတ်လိုက်ကာ တွေ့တဲ့ မြင်းပေါ် ခုန်တက်ပြီး စခန်းကိုသာ ဒုန်းဆိုင်း ပြန်ပြေး လာတော့သည်။

Mina လည်း အကွယ်တခုကို ဝင်ကာ ခြေထောက် ထဲ ဝင်နေတဲ့ကျည်ဆံကို ခါးက ဓား နဲ့ ကလန့် ထုတ်ကာ ကျောပိုးအိတ် ဘေးက အရက်ပျံပုလင်း ကို အနာပေါ် လောင်းချ လိုက်ပြီး ညာဘက် လက်မောင်းက လက်မောင်းစည်း အနီလေးကို ဖြုတ်လိုက်ပြီး ခြေထောက်က ဒဏ်ရာပေါ် တင်းနေအောင် စည်းလိုက်တော့သည်။ထို့နောက်လက်ထဲက သေနတ်ကို ကျည်ပြန်စစ် မောင်းတင်ပြီး အကွယ် နေရာကနေ ထွက်ကာ ရှေ့မှာ ပေါ်လာသမျှ သူကို ငုတ်တုတ်ထိုင်ပြီး ပစ်နေတော့သည်။

ခနနေတော့ Mina ရဲ့ အနားကို ခြေထောက် ဒဏ်ရာကြီး နဲ့ V မှာ တွားသွား ရောက်လာပြီး Mina လို ထိုင်ပစ်နေတော့သည်နောက်ဆုံးတော့ ၂ ယောက်လုံး ဆီမှာ ကျည်မရှိတော့ သူတို့၂ ယောက်လုံး အရှေ့မှာတော့ ဂျပန် အလောင်းတွေ ပုံလို့

Mi-ဗိုလ်ကြီး ကျည်ရှိသေးလား။

V-ဟင့်အင်း Mina ရော

Mi-မရှိတော့ဘူးရယ်

ဖြေပြီး ခပ်လွင်လွင်လေး ရီလိုက်တဲ့ Mina ကြောင့် V မှာ အသံလေး ထွက်ပြီး ရီလိုက်မိသည်။ရီနေရင်းကနေ V က ခါးကြားက အိတ်ထဲကနေ စနက်တံ အတို လက်ပစ်ဗုံးကို ထုတ်ကာ လက်ထဲမှာ စုပ်ကိုင်ထားပြီး Mina ကတော့ ဘေးနားက မြေပြင်ပေါ်မှာ ချထားတဲ့ သူရဲ့ ဓားလေးကို တင်း နေအောင် စုပ်ကိုင်ထားတော့သည်။

လှံစွပ်ရောင် တဝင်းဝင်း နဲ့ သူတို့ဆီ ပြေးလာနေတဲ့ ဂျပန် တပ်သားတွေကို ကြည့်ပြီး V က Mina ကို စကား စပြောလိုက်တော့သည်။

V- Son Chae ကို အားနာ စရာတွေ ဖြစ်ကုန်ပြီ။မင်း မမ Mi ကို အကောင်းအတိုင်း ပြန်ခေါ်ခဲ့မယ် ပြောပြီးမှ ကတိ မတည်သလို ဖြစ်တော့မယ်။

Mi-အင်းနော် သူ့ကို ပြန်လာရင် အဖြေပေးပါ့မယ် ပြောပြီးကာမှ ခုတော့ မပေးရတော့ဘူး။ဒါလည်း တခုကောင်းတာပဲ ချာတိတ် သိပ် မခံစားရတော့ဘူး။

ထို့နောက် နီးကပ်လာတဲ့ ရန်သူတွေကြောင့် V ကလည်း လက်ထဲက လက်ပစ်ဗုံး ရဲ့စနက်တံကို ဖြုတ်ဖို့အသင့် ပြင်ထားသလို Mina ကလည်း ခြေထောက်တစ်ဖက်တည်း နဲ့ ခုန်ပြီးဓား နဲ့ ထိုးလို့ရအောင် အသင့်ပြင်ထားတော့သည်။

အရမ်းနီးကပ်လာတဲ့ ရန်သူတွေကြောင့် Mina က ထခုန်မလို့ပြင်လိုက်တော့..........

Kai-ဟေ့ သူတို့ အရာရှိ နဲ့ မိန်းကလေးတွေ အကုန်လုံးကို မသတ် နဲ့ ငါ အရှင် လိုချင်တယ်။

Kai ရဲ့ စကားကြောင့် V လည်း လက်ထဲက လက်ပစ်ဗုံးကိုအိတ်ထဲ မသိမသာ ပြန်ထည့်ကာ..........

V-Mina shi မိုက်ရူးရဲ မဆန်နဲ့ အရှင်ဖမ်းမိရင် ရအောင်ထွက်ပြေးမယ် သူတို့ စခန်း အခြေအနေလည်း သိရတယ်။

V ရဲ့ ခပ်တိုးတိုး ပြောလာတဲ့ စကားကြောင့် Mina လည်း လက်ထဲက ဓားကို မသိမသာ ပြန်ချထားလိုက်ပြီး အဖမ်းခံလိုက်တော့သည်။

တချို့ တော်လှန်ရေး တပ်သားတွေက ကျဆုံးသွားပေမယ့် V , jin , Suho နဲ့ Mina တို့ကတော့ အရှင် အဖမ်းခံလိုက် ရတော့သည်။

Kai-ဟေ့ မင်းတို့ထဲက ဗိုလ်မှူး Manoban က ဘယ်သူလဲကွ။

Suho-ငါပဲ ငါက ဗိုလ်မှူး Manoban။

Kai-မဟုတ်သေးပါဘူးရယ် ငါ သိတဲ့ ဗိုလ်မှူး Manoban က မိန်းကလေးပါ။

Mi-ကျွန်မပဲ ဗိုလ်မှူး Manoban ဆိုတာ။

Kai-အိုး မင်းတို့ ဆီမှာ ဗိုလ်မှူး Manoban တွေ များလှချည်လား။အဲ့တော့ အတိအကျ သိသွားရအောင် မင်းတို့ဗိုလ်မှူး Manoban ရဲ့ အဆင်းသိ အချင်းသိ ကြီးကို ခေါ်လိုက်မယ်နော်။ဟေ့ သားကြီးရေ။

Kai ရဲ့စကားဆုံးတာ နဲ့ Kai ရဲ့ နောက်ကျောဘက် အမှောင် ဘက်ကနေ ထွက်လာတဲ့ လူရိပ်တခု............

V+Jin-ဟင်.....မင်း!

Suho - သောက် ခွေးမျိုးကွာ

Mi-ရှင် !!!!~~~~~~~~~~~~~~~~~~~~~~~~~~~~~~~Lisa , Chae , Tzuyu နဲ့ Son Chae တို့က တပ်ဖွဲ့ ပြန်လာမဲ့ လမ်းရဲ့ တံခါးကနေ စောင့်နေတုန်း ဒုန်းဆိုင်း စီးလာတဲ့ မြင်းခွာသံကို ကြားရတာကြောင့် အသံလာရာကို အားလုံး အာရုံစိုက်မိကြတော့သည်။

အရမ်းမြန်လွန်တဲ့ မြင်းကြောင့် ခနလေး အတွင်းမှာပဲ မြင်းပေါ်က သူက Momo ဆိုတာ သိလိုက်ချိန်တွင် မြင်းက တုံ့ခနဲ ရပ်သွားပြီး Momo လည်း မြင်းပေါ်ကနေ ခြေပစ်လက်ပစ် ပြုတ်ကျသွားတော့သည်။

Momo ပြုတ်ကျတာနဲ့ လေးယောက်လုံး Momo ဆီကို အပြေး သွားလိုက်ကြပြီး အရင် ရောက်တဲ့ Tzuyuက Momo ကို ဆွဲပွေ့ကာ ရင်ခွင်ထဲတွင် ထည့်ထားတော့သည်

Li-ဘာတွေ ဖြစ်လာတာလဲ Momo Unnie။ကျန်တဲ့ သူတွေကော။

Mo-ဗိုလ်မှူး.........ငါတို့ .......တိုက်....တိုက်ပွဲက ထောက်ချောက် တခုပဲ အာလုံး အဝိုင်းခံထားရတယ်။ငါ....ငါ တယောက်ပဲ လွတ်လာတာ။

Li-ဘာ !!!!

ရှိုက်ကြီး တငင်ငိုကာ ပြောလာတဲ့ Momo ရဲ့စကားဟာ ၄ ယောက်လုံးရဲ့ ခေါင်းကို မိုးကြိုး ပစ်ချလိုက်သလိုပါပဲ။ဘယ်က ကျလာမှန်း မသိတဲ့ မျက်ရည်တွေဟာ လေးယောက် လုံး ရဲ့မျက်နှာမှာ ရွဲစိုလျက်။

Son-မမ Mi ကော Momo Unnie......မမ Mi ကောလို့ဖြေပါဗျာ မမ Mi နောက်မှာ ပါလာတယ်မလား။MomoUnnie မမ Mi ကောလို့ !!!!!!

ရှိုက်ရှိုက်ငိုကာ Momo လက် ၂ဖက်ကို ကိုင်ပြီး အကျယ်ကြီးအော်မေးနေတဲ့ Son Chae ကြောင့် အားလုံးရင်ထဲကဝမ်းနည်းမှုတွေက ၂ဆ ပိုတိုးရပါတော့တယ်။

Mo-Mi......Mi က ငါနဲ့အတူတူ ပြန်ဆုတ်ရင်း.....ခြေထောက်ကို ကျည်.....ကျည်မှန်ပြီး တိုက်ပွဲထဲ မှာ ကျန်ခဲ့တယ်။

Momo ရဲ့ အဖြေကြောင့် Son Chae ကမ္ဘာကြီး ဇောက်ထိုး မိုးမျှော်တွေ ဖြစ်ကုန်တော့သည်။ရင်ဘတ် တစ်ခုလုံး မွန်းကြပ်ပြီး အသက်ရှူတွေပင် မဝတော့။

Son- မမ Mi က Unnie ရဲ့တွဲဖက် မဟုတ်ဘူးလား။ အတူတူ ဆုတ်လာတဲ့သူက ခြေထောက် ကျည်ဆံ မှန် ရင်တောင် Unnie ထမ်းခေါ်လာရမှာပေါ့ ဘာလို့ တယောက်တည်း ထားခဲ့ရတာလဲ။ဘာလို့လဲ။

Momo ရဲ့ အကျီ ကော်လံကို ဆွဲကာ ဒေါသတကြီး အော်ဟစ်ပြီး ငိုပြောနေတဲ့ Son Chae ကို Tzuyuက ခါးကနေ ဖက်ကာ ဆွဲထားပြီး Lisa က Momo ကော်လံ က လက်ကို ဆွဲဖြုတ်နေတော့သည်။

Tzu-Son Chae တော်ပြီ စိတ်လျော။့Son Chae စိတ်လျော့။

" ဖြောင်း "

Li-Son Chaeyoung အသိကပ်စမ်း။ငါတို့ အားလုံးကိုရအောင် ပြန်ကယ်မယ်။ဒါကြောင့် အသိကပ် !!!!

Tzuyu ဘယ်လောက် ပြောပြောမရတာမလို့ Lisa လည်းSon Chae ကို ပါးရိုက်ကာ အော်ပြောလိုက်တော့သည်။ထိုအခါမှ Son Chae လည်း စိတ်နဲ့ ကိုယ်ပြန်ကပ် သွားပြီး........

Son - တောင်း......တောင်းပန်ပါတယ် ဗိုလ်မှူး။

Mo- ဗိုလ်မှူး.....Minari တို့ အားလုံးကို.....ရ...ရအောင်ကယ်ပေးပါ။

Chae-Momo Unnie!!!!

Tzu-Momo Unnie!!!

Li+Son- Momo Unnie !!!!!

ပြောပြီး သတိမေ့သွားတဲ့ Momo ကို Lisa က ပွေ့ချီလိုက်ပြီး.........

Li-Chae နင်ကိုယ်တိုင် Momo Unnie ကို အမြန်ဆုံး သက်သာအောင် ကုသပါ။

Chae-ဟုတ်ပြီ Lili။

Li-ငါကိုယ်တိုင် ငါ့ တပ်သားတွေကို ရအောင် ပြန်ကယ်မယ်။

Son-Chaw လည်း လိုက်မယ်။

Tzu-Tzuyu လည်း လိုက်မယ်။

Lisa လည်း နှစ်ယောက်လုံးကို ခေါင်းပဲညှိမ့်ပြလိုက်ကာ Momo ကို ချီပြီး တပ်ရင်းဆေးခန်းကို ဦးတည်လိုက် တော့သည်။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

အရှည်ကြီး တင်ပေးထားတယ်ရယ် feedback လေးတွေ ပေးကြပါအုံး။နောက်ကျတာတော့ ခွင့်လွှတ်ပါ။ရာသီဥတု က အေးလာပြီမလို့ ကျန်းမာရေး ဂရုစိုက်ကြပါ။ခ တော့ ငယ်ငယ်က ရင်ကျပ်ရောဂါ ပြန်ထနေတယ်။

Readers တို့ကို အရမ်းချစ်ပါတယ်Readers တွေကို အရမ်းချစ်တဲ့ Tu Nhai Kha#💚

There are no comments yet. Log in to be the first to leave a review!

Similar stories