Fanfics

42💛

18:51, 19 November 2021

Love and Loyaltyအခ်စ္ နဲ႔ သစၥာ

For ZG😍

Ji-Chae ဒီကို ဘယ္လိုေရာက္ေနတာလဲ

Ruby ရဲ႕ ေဒါသရန္ကေန ေျပးၿပီး နည္းနည္းပင္ပန္းေနတာနဲ႔အခန္းမွာ နားဖို႔ လာတုန္း အခန္းေရွ႕မွာ မတ္တပ္ေလးရပ္ ေစာင့္ေနတဲ့ Chae ကို ေတြ႕လိုက္ရတာေၾကာင့္ ေမးလိုက္ျခင္း ပင္ျဖစ္သည္။

Chae-jiji ကို ေျပာစရာရွိလို႔

Ji-အင္း ေျပာေလ။

Chae-ဟို.....ဒီေနရာႀကီး.....

Ji-ေအာ္.....ဟုတ္သား။လာ အခန္းထဲ ၀င္ေလ။

jiji လည္း အခန္းတံခါးဖြင့္ၿပီး Chae ကို ေခၚေတာ့ Chae လည္း အခန္းထဲကို ၀င္လာလိုက္ေတာ့သည္။

Ji-ကဲ ထိုင္ ကုတင္ေပၚမွာ။Jiji က ဒီမွာထိုင္မယ္။

ေျပာၿပီး ကုတင္ေဘးက ဗီဒိုနားမွာ ထားတဲ့ ေခြးေျခေလးကိုယူကာ Chae နဲ႔ မ်က္နွာခ်င္းဆိုင္ ၀င္ထိုင္လိုက္ေတာ့သည္။

Chae-ကုတင္ေပၚလာထိုင္ပါ jiji ရယ္။Chae အေနမခက္ပါဘူးရယ္။

Ji-ရပါတယ္ Jiji ထိုင္ရတာ အဆင္ေျပပါတယ္။ဒါနဲ႔ ဆိုပါအံုးဘာကိစၥ ေျပာစရာရွိလို႔လဲ။

Chae-ဟို.....ဟိုဟာေလ။

Ji-အင္း ေျပာ

Chae-Chae က Minatozaki တေယာက္ ျဖစ္တယ္ ဆိုတာကို တျခားသူေတြကို မေျပာပါနဲ႔ေနာ္။

Ji-ေအာ္ ဒါလား။Chae မတားလည္း Jiji က ေျပာဖို႔ စိတ္ကူးမရွိပါဘူး။ဒီအတြက္ေတာ့ စိတ္မပူနဲ႔ Jiji ေသေတာင္ မေျပာဘူး။

Chae-ဟုတ္ ေက်းဇူးပါ Jiji။

Ji-မလိုပါဘူး Jiji နဲ႔ Chae ရဲ႕ ၾကားမွာ ေက်းဇူးဆိုတာ။

Chae-ၿပီးေတာ့ ေတာင္းပန္ပါတယ္။Jiji အခ်စ္ကို လက္မခံေပးနိုင္တာကို။

Ji-Chae ရယ္ Jiji ေျပာသား မလို.......

Jiji စကားေတာင္ မဆံုးေသးဘူး သူ႔အရပ္ႀကီးမွ အားမနာရင္ခြင္ထဲ တိုးေ၀ွ႔ ၀င္ေရာက္လာတဲ့ Chae ေၾကာင့္ Jiji မွာ ေျပာစရာ စကားေတြ ေပ်ာက္သြားေတာ့သည္။

Ji-Chae.........

Chae-ခနေလးပါ။Chae ကေလ Jiji ကို မခ်စ္နိုင္တာ မွန္ေပမယ့္ Jiji ရဲ႕ ေမတၱာ နဲ႔ အၾကင္နာေတြရဲ႕ တန္ဖိုးေတြကိုနားလည္ပါတယ္။ဒါေၾကာင့္ Chae အတြက္ အရမ္းကို ၾကမ္းတမ္းလြန္းတဲ့ ေလာကဓံႀကီးဆီကေန ခနထြက္ၿပီး Chae အတြက္ သိပ္လံုၿခံဳေႏြးေထြးတဲ့ Jiji ရင္ခြင္ထဲမွာ ခနေနပါရေစ။

Chae ရဲ႕စကားေၾကာင့္ jiji လည္း ဘာမွမေျပာေတာ့ဘဲChae ဖက္တာကိုသာ ၿငိမ္ေနမိေတာ့သည္။သူကေတာ့ လံုး၀ျပန္မဖက္ခဲ့ဖူးဆိုတာ အသက္နဲ႔ ေလာင္းၿပီး သစၥာဆိုရဲပါတယ္ေလ။အေတာ္ၾကာတဲ့ အထိ Chae က ရင္ခြင္ထဲက မထြက္ေသးတာမလို႔ Jiji လည္း စကားစေျပာလိုက္ေတာ့သည္။

Ji-Chae အရူး အမဲသား ေကြၽးသလို ဆိုတဲ့ စကားပံုကို ၾကားဖူးလား။

Chae-အြန္း

ရင္ခြင္ထဲကေန မထြက္ဘဲ အသံေလး မပြင့္တပြင့္နဲ႔ ျပန္ေျဖလာတဲ့ Chae ေျကာင့္ jiji ၿပံဳးလိုက္မိသည္။Chae နဲ႔ေတြ႕ရရင္ကို Jiji မွာ အၿမဲၿပံဳးေနရတာပါ။

Ji-စကားပံုရဲ႕ အဓိပၸါယ္က Chae အရူးတေယာက္ကို သိပ္ေကာင္းတဲ့ အမဲသားဟင္း တစ္ခြက္ကို ေကြၽးလိုက္ရင္အဲ့ အရူးက အမဲသားဟင္းကို စြဲလမ္းသြားၿပီ Chae ကိုေနာက္ တစ္ပြဲေတာင္းလိုက္မယ္။Chae ကလည္း ေနာက္တစ္ပြဲ ထပ္ေကြၽးနိုင္လို႔ ေကြၽးလိမ့္မယ္။၂ ပြဲေျမာက္ကေန၃ ပြဲေျမာက္ ထပ္ေတာင္းလာရင္ေတာ့ Chae ဘက္က အင္တင္တင္ ျဖစ္လာလိမ့္မယ္။မရလို႔ အတင္းေတာင္းရင္Chae ေကြၽးလိမ့္မယ္။၃ ပြဲကေန ၄ပြဲ ၄ပြဲကေန ၅ပြဲ ဆိုရင္ေတာ့ Chae စိတ္ညစ္တာေတြ စိတ္ရႈပ္တာေတြ ျဖစ္လာလိမ့္မယ္ ဟုတ္တယ္မလား။

Chae-အင္း ဟုတ္တယ္။ဒါေပမယ့္ ဘာရည္႐ြယ္ခ်က္ နဲ႔ ဒီအေၾကာင္းေတြ ေျပာေနတာလဲ Jiji။

ရင္ခြင္ထဲကေန မထြက္ေသးဘဲ ေမးေနတဲ့ Chae ကို Jiji လည္း သက္ျပင္းတစ္ခ်က္ ခ်ကာ ဆက္ရွင္းျပဖို႔ ျပင္လိုက္ေတာ့သည္။

Ji-ဟင္း....ဆက္ေျပာျပမယ္ေလ

Chae-အြန္း.....ေျပာ

Ji-ဒီလိုပဲ Jiji က Chae နဲ႔ ပတ္သတ္လာရင္ ရူးေနတဲ့အခ်စ္ရူး။ေစာနက Jiji ကို Chae ဖက္လိုက္တဲ့ အခ်ိန္မွာJiji ေခါင္းထဲမွာ အေတြးေတြ အမ်ားႀကီးမွ အမ်ားႀကီးကို၀င္လာတာ။အဲ့ထဲမွာ အႀကိမ္ေရ အမ်ားဆံုး၀င္လာတာကChae ကို ျပန္ဖက္ရမလား ဆိုတာရယ္။Chae လာဖက္တာကို ေနာက္တစ္ႀကိမ္ ခံခ်င္ေသးတယ္ဆိုတာရယ္ ၿပီးေတာ့သိပ္ၾကည္ႏူးစရာ ေကာင္းလြန္းတဲ့ Chae ရဲ႕ အထိအေတြ႕ေၾကာင့္ Chae ကို ပိုင္ဆိုင္ခ်င္တယ္ ဆိုတာရယ္ ဆိုတာေတြပဲ။Jiji ကလည္း လူသား တေယာက္မလို႔ တခါတေလ အတၱဆိုတာ ရွိမိတယ္ Jiji ခ်စ္တဲ့ Chae ကို Jiji ပိုင္ဆိုင္ခ်င္တယ္ ဒါေပမယ့္ Jiji အတၲကို Jiji ရဲ႕ ဦးေနွာက္နဲ႔ Jiji ထိန္းခဲ့တယ္။ေစာနက Jiji ကို Chae လာဖက္လိုက္တဲ့ အခ်ိန္မွာေတာ့ Jiji ထိန္းထားတဲ့ အတၲေတြကႀကိဳးေတြ အမ်ားႀကီးနဲ႔ ခ်ည္ခံထားရတဲ့ ျမင္းရိုင္းတေကာင္လိုပဲေသာင္းက်န္းေနတယ္ လြတ္ထြက္သြားမွာ ဆိုးလို႔ Jiji မနဲ ျပန္ထိန္း လိုက္ရတယ္။ေနာက္တခါ ဆိုရင္ေတာ့ Jiji အာမမခံနိုင္ဘူး။Jiji ရဲ႕ အတၲေတြ ျမင္းရိုင္းတေကာင္လို လြတ္သြားရင္Chae ပဲ စိတ္ညစ္ရလိမ့္ စိတ္ထိခိုက္ရလိမ့္မယ္ နာက်င္ခံစားရလိမ့္မယ္၊အဲ့လိုမ်ိဳး Jiji တကယ္ အျဖစ္မခံနိုင္ဘူး။Chae ကို Jiji က မထိရက္ မကိုင္ရက္ မ်က္နွာေလး တစ္ခ်က္ အညႇိဳးမခံဘဲ တန္ဖိုးထားၿပီး ျမတ္ျမတ္နိုးႏုိး ခ်စ္တာမလို႔ Jiji ရဲ႕ အတၲေၾကာင့္ Chae ထိခိုက္မွာ မလိုလားဘူး Chae ရယ္။အရူး တကာ့ အရူးထဲမွာ အခ်စ္ရူးက အဆိုးဆံုးပဲ Chae ရဲ႕။အဲ့တာေၾကာင့္ အရူး အမဲသား ေကြၽးသလိုမ်ိဳး မျဖစ္ေအာင္ ေနာက္တခါ Jiji ရင္ခြင္ထဲကို မ၀င္လာပါနဲ႔။

Jiji ရဲ႕ ရွည္လ်ားတဲ့ ရွင္းျပမႈ အဆံုးမွာ Jiji ရဲ႕ ခါးမွာ ရစ္ေနွာင္ထားတဲ့ Chae ရဲ႕ လက္ေတြ႕ဟာ ေျပာေလ်ာ့သြား သလို ခႏၶာကိုယ္ ေလးကလည္း Jiji ရင္ခြင္ထဲ ကေန ထြက္လိုက္ကာ Jiji ေရွ႕မွာ ရပ္ေနလိုက္ေတာ့ သည္။Jiji ရင္ထဲမွာလည္း သူ႔ေနရာ နဲ႔ သူ စနစ္တက် ရွိေနတဲ့ အတြင္း ကလီစာ ေတြထဲက တစ္ခုကို ဆြဲထုတ္ခံလိုက္ ရသလို တစ္ခုခု လိုအပ္သလိုမ်ိဳးႀကီး ဟာတာတာႀကီး ျဖစ္ကာ မည္သည့္ေနရာ လွစ္ဟာ သြားသည္ကိုေတာ့ မသိရ ေပမယ့္လည္း ရင္ထဲမွာ ေသေလာက္ေအာင္ နာက်င္ေနရ တာကေတာ့ အမွန္ပါ။

Chae-ေတာင္းပန္ပါတယ္ Jiji

Ji-ရပါတယ္ Jiji ထိန္းနိုင္ခဲ့ပါတယ္။

ခပ္ၿပံဳးၿပံဳးေလးနဲ႔ ေျပာလာတဲ့ Jiji ေၾကာင့္ စိတ္ထဲကေန အားနာမႈမ်ားစြာ စိတ္မေကာင္းမႈမ်ားစြာ နဲ႔ Chae အလွဆံုးျပန္ၿပံဳး ျပလိုက္မိသည္။

Jiji ခ်စ္ေပး သမ်ွေတြ တန္ဖိုးထားေပး သမ်ွေတြ ကူညီေပးသမ်ွေတြ နားလည္ေပး သမ်ွေတြ အတြက္ Jiji ကို Chae ျပန္ေပးနိုင္တာ ဆိုလို႔ Chae ရဲ႕ ဒီအၿပံဳးေလးေတြပဲ ရွိတာမလို႔ ေပးနိုင္တဲ့ ဒီအၿပံဳးေလးေတြ ကိုပဲ Chae မ်က္ရည္ေတြ ၀ဲတက္လာ တဲ့ ၾကားထဲကေန အလွဆံုး ျဖစ္ေအာင္သာ ၿပံဳးျပေပး လိုက္မိပါေတာ့တယ္။

Ji-Chae ကို ရင္ခြင္ထဲကို မလာပါနဲ႔ လို႔ ပဲေျပာတာေနာ္။Jiji ပခံုးကေတာ့ Chae အတြက္ အၿမဲ ဖြင့္ေပးထားတယ္။Chae မွာ ၀မ္းနည္းစရာရွိရင္လည္း Jiji ပခံုးေပၚမွာ လာၿပီးငိုလို႔ရတယ္။ပင္ပန္းရတာ ရွိရင္လည္း Jiji ပခံုးေပၚမွာ အနားယူ လို႔ရတယ္။ေျပာစရာရွိတာ ဘာမဆို Jiji ပခံုးေပၚမွာမွီၿပီး ေျပာလို႔ရတယ္ေနာ္။

Chae-ဟုတ္ကဲ့ ေက်းဇူးပါ Jijiရယ္။

Ji-မလိုပါဘူးဆို ဒီကေလးမကေတာ့။

Chae-ဟီး ဟုတ္ကဲ့။

Ji-လာ သြားၾကမယ္။

Chae-ဘယ္ကိုလဲ

Ji-တစ္ခုခုသြားစားၾကမယ္ေလ။ဘာလဲ မစားဘူးလား။

Chae-ဟီး စားမွာေပါ့လို႔

Ji-ဟုတ္ပါၿပီ ဘာစားမွာလဲ။

Chae-Jiji ကို......

Ji-ဗုေဒၶါ ေရ!!!

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Sa-ဟိတ္ !!!

Tzu-အား....အေမ့ေရ !!!

Sa-ဟယ္....ဘယ္လို ျဖစ္လို႔ အဲ့ေလာက္ေတာင္ လန္႔သြားရတာလဲ Tzuyu ရဲ႕။

Tzu-Unnie က အသံမေပး ဘာမေပးနဲ႔ေလ လန္႔တာေပါ့။Tzu က အလုပ္လုပ္ေနတာေလ။

Sa-ဟုတ္လား မွန္းစမ္း ဘာအလုပ္ေတြ လုပ္ေနတာလဲ။

Tzu-ဒီမွာေလ သိုးေမႊးထိုးေနတာ။

Sa-ဘာလုပ္ဖို႔လဲ

Tzu-ဝါးစားဖို႔.....

Sa-ဟ....အက်ဴစုတ္ မေျပာင္နဲ႔ေနာ္ အေကာင္းေမးေနတာ။

Tzu-Unnie ေမးတာလည္း စဥ္းစားၾကည့္အံုးေလ။သို႔ေမႊးထိုးပါတယ္ ဆိုမွ ဘာလုပ္ဖို႔လဲ ေမးေတာ့ Tzu က ဘယ္လိုေျဖရမွာလဲ။၀တ္ဖို႔ ကို သိရက္သားနဲ႔ကို။

Sa-ဟြန္႔....ဘာလဲ ၿငိဳျငင္တာလား။

Tzu-အယ္....မဟုတ္ရပါဘူး ရွင့္။ကဲ ေျပာပါအံုး ဒီကို ဘာလာလုပ္တာလဲ။Lisa Unnie ကို Ruby Unnie လာေတြ႕တာကို လိုက္လာတာလား။

Sa-ဟုတ္ေတာ့ ဟုတ္တယ္ ဒါေပမယ့္ မဟုတ္ဘူး။

Tzu-ဘာလဲဗ် ဟုတ္တယ္ ေတြေရာ မဟုတ္ဘူးေတြေရာရႈပ္ေနတာပဲ။

Sa-ေျပာျပမယ္ေလ sweet heart ေလးရယ္။

Tzu-ဘာလဲ လူကို ပိုင္စိုးပိုင္နင္း sweet heart ေလး ဘာေလးနဲ႔။

Sa-ဘာလဲ မႀကိဳက္ဘူးလား ၿငိဳျငင္တာလား

Tzu-ဟာ...ဒီ ရစ္လံုးကေတာ့ေနာ္။ဟုတ္တယ္ မဟုတ္ဘူးကိစၥကိုပဲ ရွင္းျပစမ္းပါ။

Sa-ဟုတ္ပါၿပီ ရွင္းျပပါ့မယ္ တကယ္တည္း။ဟုတ္တယ္ဆိုတာက မမ တို႔ နဲ႔ လာတာဆိုတာက ဟုတ္တယ္။မဟုတ္ဘူးဆိုတာက လာလည္တာ မဟုတ္ဘူး။

Tzu-လာလည္တာ မဟုတ္ေတာ့ ဘာလာလုပ္တာလဲ။

Sa-လာေနတာ ပါရွင့္။

Tzu-ဟယ္....လာေနတာ ဟုတ္လား။Unnie တေယာက္တည္းလား။

Sa-နာ႔...နာ

လက္ညႇိဳးေလး တစ္ေခ်ာင္းေထာင္ကာ လက္ညႇိဳးေလးကိုဟိုဘက္ ဒီဘက္ အလ်ားလိုက္ေ႐ြ႕ၿပီး ေခါင္းေလး ခါျပေနေလရဲ႕။

Tzu-ဘာလဲ အဲ့ နာ႔....နာ ဆိုတာက

Sana လုပ္ျပတဲ့ ပံုအတိုင္း တစ္ပံုစံတည္း တူေအာင္ လုပ္ၿပီးအသံ တူေအာင္ပါ လုပ္ျပေနတဲ့ Tzuyu က တကယ့္ကို အသည္းယား စရာေလးပါ။

Sa-မဟုတ္ဘူးလို႔ ေျပာတာေလ ငယ္ရယ္။

Tzu-ဟဲ့....နာမည္ေတြကို စံုေနပါ့လား ေခၚေနတာ။နားေတြယားလိုက္တာ Unnie ရယ္။နာ႔.....နာ ဆိုေတာ့ ဘယ္သူေတြ ပါေသးလို႔လဲ။

Sa-Jiji ေရာ မမ ပါ လာေနတာ။

Tzu-Unnie တို႔ ၃ ေယာက္လံုးေပါ့။

Sa-အင္းေလ။

Tzu-သမီး အလိမၼာေလးေတြ ပဲဟ။

Sa-ဘာလို႔တုန္း

Tzu-အေဖလုပ္သူ နဲ႔ အေမလုပ္သူ ကို ၂ ေယာက္တည္းထားခဲ့ၿပီး ၃ ေယာက္လံုးက ဒီကို ေရာက္ေနတယ္ေပါ့။

Sa-ေဖေဖ တို႔ ေမေမ တို႔မွာ သူတို႔ တပည့္ တပန္းေတြ အမ်ားႀကီးပဲေလ။ေနပါအံုး Tzuyu က Unnie တို႔ကို မလာေစခ်င္တာလား။Unnie ကေတာ့ Tzuyu ကို လြမ္းလို႔ ေတြ႕ခ်င္လို႔လာခဲ့တာေလ။

ေျပာရင္း မ်က္ရည္ေတြ ၀ဲလာတဲ့ Sana ေၾကာင့္ သူ စ လိုက္တာ လြန္သြားၿပီ ဆိုတာ Tzuyu သိလိုက္တာေၾကာင့္Tzuyu ျပန္ေခ်ာ့မလို႔ ျပင္လိုက္ေပမယ့္.........

Sa-Unnie သြားေတာ့မယ္။

သူ႔ ေရွ႕ကေန ထြက္ေျပးဖို႔ ျပင္တဲ့ Sana ေၾကာင့္ Sana ရဲ႕လက္ေကာက္၀တ္ကို လွမ္းဆြဲလိုက္ကာ Sana ရဲ႕ ထြက္ေျပးမယ့္ ေျခလွမ္းေတြကို သူ႔ရင္ခြင္ထဲမွာ ရပ္တန္႔လိုက္ ေစေတာ့သည္။

Tzu-အရူး Unnie....Unnie ကို မေတြ႕ခ်င္ဘဲ ေနမလား။Unnie ကို သိပ္လြမ္းေနတာ။စတာကို စတာမွန္း မသိတဲ့Unnie အရူးကို သိပ္လြမ္းေနတာ။

Tzuyu ရဲ႕ စကားေလးေၾကာင့္ Tzuyu ရင္ခြင္ထဲက Sanaၿပံဳးေနတယ္ ဆိုတာကို Tzuyu အထိအေတြ႕က တစ္ဆင့္သိလိုက္ရတာေၾကာင့္ Tzuyu ပါ အလိုလို လိုက္ၿပံဳးေနမိသည္။

ဒါေပမယ့္ ရင္ခြင္ထဲက Sana တေယာက္ လူယုတ္မာ ၿပံဳးၿပံဳးလိုက္တာ ကိုေတာ့ Tzuyu သတိမထားမိ လိုက္ေတာ့ပါ။

" အား💢 "

အမ်ိဳးသား ၀တ္ T-shirt ၀တ္ထားတာ ေၾကာင့္ ေပၚေနတဲ့ညႇပ္ရိုး ျဖဴျဖဴေလးကို အားႀကီးနဲ႔ ကိုက္ခ်လိုက္တဲ့ Sana ေၾကာင့္ ထြက္ေပၚလာတဲ့ Tzuyu ရဲ႕ ေအာ္သံေလး ပင္ျဖစ္ေတာ့သည္။

Tzu-ေခြးေပါက္ေလးလား Unnie က ဘာလို႔ ကိုက္တာလဲနာလိုက္တာ။ၾကည့္အံုး အနီေရာင္ သြားရာ အကြက္ႀကီး ျဖစ္သြားၿပီ ေတြ႕လား။

Sa-ျဖစ္ပါေစေပါ့ တမင္ျဖစ္ေအာင္ လုပ္တာေလ။လူကို ၀မ္းနည္းေအာင္ စ လို႔ ကိုက္တာ။ဘာလဲ မေက်နပ္ဘူးလား။ဘာလဲ ထိုးမလား လာ ထိုးမလား။

လက္သီးစုတ္ ေသးေသးေလး ၂ ဖက္ကို ေထာင္ကာ Tzuyuကို စိန္ေခၚေနတဲ့ Sana ကို Tzuyu အသည္းယားလြန္းလို႔ကိုက္သာ ဆြဲျပစ္ခ်င္ေတာ့သည္။

ေနာက္ဆံုးေတာ့ Sana ကို စမယ္လို႔ ေတြးလိုက္ကာ ပါးတစ္ျခမ္းေလးပဲ ႐ြဲ႕ကာ ၿပံဳးလိုက္ၿပီး Sana ရဲ႕ မ်က္နွာနား ကို တိုးကပ္လာတဲ့ Tzuyu ရဲ႕ မ်က္နွာေၾကာင့္ Sana ေနာက္ကို ေျခ ၂ လွမ္း ၃ လွမ္းေလာက္ ဆုတ္သြားမိသည္။

Tzuyu ကေတာ့ လန္႔သြားၿပီး ေနာက္ဆုတ္သြားတဲ့ Sana ကို ၾကည့္ၿပီး ရင္ထဲမွာသာ ႀကိတ္ရီ ေနမိေတာ့သည္။

Tzu-အင္း မေက်နပ္ဘူး လက္စားျပန္ေခ်မွာ

Sa-ဘယ္....ဘယ္လို လက္စားေခ်မွာလည္း.....!

Tzu-ဟိုး အရင္ေခတ္က သမိုင္းမွာ သင္ရတဲ့ ကိုဓ ဥပေဒလိုပဲ မ်က္လံုး တစ္လံုးဆို တစ္လံုး လက္တစ္ဖက္ ဆို တစ္ဖက္ေလ။အဲ့ေတာ့ ခုလည္း ကိုဓဥပေဒလိုပဲ Unnie က Tzuyu ကို ကိုက္ေတာ့ Tzuyu ကလည္း Unnie ကို ျပန္ကိုက္မယ္ေလ။

Tzuyu စကားဆံုးတာ နဲ႔ လည္ဟိုက္ အက်ီ ၀တ္ထားေၾကာင့္ေပၚေနတဲ့ Sana ရဲ႕ ညႇပ္ရိုး ျဖဴျဖဴေလးေပၚကို က်ေရာက္လာတဲ့ Tzuyu ရဲ႕ မ်က္လံုး တစ္စံု။

Tzuyu မ်က္လံုးရဲ႕ လားရာကို ျမင္တာနဲ႔ Sana လည္း လက္ခ်င္းယွက္ကာ သူ႔ရင္ဘတ္ကို ကာလိုက္ၿပီး Tzuyu ကိုေက်ာ ေပးကာ ေျပးေတာ့ေလသည္။

Tzu-ေဟ့....ေဟ့ ဘယ္ေျပးတာလဲ Tzu ကိုက္တာ ခံရအံုးမယ္ေလ။

Sa-လံုး၀ အကိုက္မခံဘူး။

ေရွ႕ကေန ေျပးတဲ့ Sana ကို ေနာက္ကလိုက္ စ ၿပီး ေအာ္ေနတဲ့ Tzuyu နဲ႔ Tzuyu ကို ျပန္ေအာ္ကာ Tzuyu ဖမ္းမမိေအာင္ ေျပးေနတဲ့ Sana တို႔ ရဲ႕ အသံဟာ ေ႐ႊဝါေရာင္ေျမ တစ္၀န္းလံုး ဆူညံ့ေနေတာ့ေလသည္။

~~~~~~~~~~~~~~~~~~~~~~~

Mo-သူေဌး......

Li-လာေလ Momo Unnie။ကိစၥရွိလို႔လား။

Mo-ဟုတ္ကဲ့ ဟိုဟာေလ......

Momo လည္း Lisa အေရွ႕မွာ Ruby ရွိေနတာမလို႔ ေျပာစရာရွိတာကို Lisa နားကပ္ကာ တိုးတိုး တိုးတိုး နဲ႔ ေျပာေနေတာ့သည္။

Li-ခုပဲ Chae အပါအ၀င္ ပြဲတက္ခြင့္ ရွိတဲ့သူ အားလံုးကို  ခန္းမ ကို လာခဲ့ပါလို႔ ေျပာေပးပါ ျမန္ျမန္ေလး။

Lisa လည္း Momo ဆီက သတင္းၾကားၿပီတာနဲ႔ Momoကို အေရးႀကီး ကိစၥ တစ္ခုအတြက္ တာ၀န္ေပးခိုင္းလိုက္သလိုခ်က္ခ်င္း ခိုင္းလိုက္ေတာ့သည္။

Mo-ဟုတ္ကဲ့ သူေဌး

Momo လည္းLisa ကို ေခါင္းငံုၿပီး အရိုအေသျပဳသြားကာခပ္ျမန္ျမန္ ထြက္သြားေတာ့သည္။

Li-Unnie ခနေလးေနာ္ Lili အေရးႀကီး ကိစၥရွိလို႔ ပ်င္းရင္Sana ျဖစ္ျဖစ္ Jiji ျဖစ္ျဖစ္ ေခၚထားေနာ္။

Ruby-အင္းပါ လုပ္စရာရွိတာ လုပ္ပါ။

Li-အြန္း ခ်စ္တယ္။

ေျပာၿပီး Lisa လည္း Ruby နဖူးေလးကို နမ္းကာ အျမန္ဆံုးထြက္လာခဲ့ေတာ့သည္။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ကဲ Momo က ဘာေျပာလိုက္တယ္ ထင္လဲ။Jiji လို ခ်စ္တတ္တဲ့ သူ တေယာက္ အလိုရွိပါတယ္။တကယ္ႀကီးကိုတန္ဖိုး ရွိတဲ့  ခ်စ္သူမ်ိဳးေနာ္။ခ Parallel World Fic Review ဆိုတဲ့ Page ေလးေထာင္ထားပါတယ္။Meme ေရာ ခ လက္ရာ One short ေတြနဲ႔ ဝါသနာရွင္ေတြရဲ႕ One short ေတြပါ ပါမွာေနာ္။လာခဲ့ၾကပါ အံုး Page မေတြ႕ရင္ ခ acc မွာ Link လာေတာင္းၾကပါေနာ္။

. . . . . . . .  . . . . . . . . . . . . .. . . . . .. ... . . .  .. ..  .  . ..Love and Loyaltyအချစ် နဲ့ သစ္စာ

For Uni😘

Ji-Chae ဒီကို ဘယ်လိုရောက်နေတာလဲ

Ruby ရဲ့ ဒေါသရန်ကနေ ပြေးပြီး နည်းနည်းပင်ပန်းနေတာနဲ့အခန်းမှာ နားဖို့ လာတုန်း အခန်းရှေ့မှာ မတ်တပ်လေးရပ် စောင့်နေတဲ့ Chae ကို တွေ့လိုက်ရတာကြောင့် မေးလိုက်ခြင်း ပင်ဖြစ်သည်။

Chae-jiji ကို ပြောစရာရှိလို့

Ji-အင်း ပြောလေ။

Chae-ဟို.....ဒီနေရာကြီး.....

Ji-အော်.....ဟုတ်သား။လာ အခန်းထဲ ဝင်လေ။

jiji လည်း အခန်းတံခါးဖွင့်ပြီး Chae ကို ခေါ်တော့ Chae လည်း အခန်းထဲကို ဝင်လာလိုက်တော့သည်။

Ji-ကဲ ထိုင် ကုတင်ပေါ်မှာ။Jiji က ဒီမှာထိုင်မယ်။

ပြောပြီး ကုတင်ဘေးက ဗီဒိုနားမှာ ထားတဲ့ ခွေးခြေလေးကိုယူကာ Chae နဲ့ မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်တော့သည်။

Chae-ကုတင်ပေါ်လာထိုင်ပါ jiji ရယ်။Chae အနေမခက်ပါဘူးရယ်။

Ji-ရပါတယ် Jiji ထိုင်ရတာ အဆင်ပြေပါတယ်။ဒါနဲ့ ဆိုပါအုံးဘာကိစ္စ ပြောစရာရှိလို့လဲ။

Chae-ဟို.....ဟိုဟာလေ။

Ji-အင်း ပြော

Chae-Chae က Minatozaki တယောက် ဖြစ်တယ် ဆိုတာကို တခြားသူတွေကို မပြောပါနဲ့နော်။

Ji-အော် ဒါလား။Chae မတားလည်း Jiji က ပြောဖို့ စိတ်ကူးမရှိပါဘူး။ဒီအတွက်တော့ စိတ်မပူနဲ့ Jiji သေတောင် မပြောဘူး။

Chae-ဟုတ် ကျေးဇူးပါ Jiji။

Ji-မလိုပါဘူး Jiji နဲ့ Chae ရဲ့ ကြားမှာ ကျေးဇူးဆိုတာ။

Chae-ပြီးတော့ တောင်းပန်ပါတယ်။Jiji အချစ်ကို လက်မခံပေးနိုင်တာကို။

Ji-Chae ရယ် Jiji ပြောသား မလို.......

Jiji စကားတောင် မဆုံးသေးဘူး သူ့အရပ်ကြီးမှ အားမနာရင်ခွင်ထဲ တိုးဝှေ့ ဝင်ရောက်လာတဲ့ Chae ကြောင့် Jiji မှာ ပြောစရာ စကားတွေ ပျောက်သွားတော့သည်။

Ji-Chae.........

Chae-ခနလေးပါ။Chae ကလေ Jiji ကို မချစ်နိုင်တာ မှန်ပေမယ့် Jiji ရဲ့ မေတ္တာ နဲ့ အကြင်နာတွေရဲ့ တန်ဖိုးတွေကိုနားလည်ပါတယ်။ဒါကြောင့် Chae အတွက် အရမ်းကို ကြမ်းတမ်းလွန်းတဲ့ လောကဓံကြီးဆီကနေ ခနထွက်ပြီး Chae အတွက် သိပ်လုံခြုံနွေးထွေးတဲ့ Jiji ရင်ခွင်ထဲမှာ ခနနေပါရစေ။

Chae ရဲ့စကားကြောင့် jiji လည်း ဘာမှမပြောတော့ဘဲChae ဖက်တာကိုသာ ငြိမ်နေမိတော့သည်။သူကတော့ လုံးဝပြန်မဖက်ခဲ့ဖူးဆိုတာ အသက်နဲ့ လောင်းပြီး သစ္စာဆိုရဲပါတယ်လေ။အတော်ကြာတဲ့ အထိ Chae က ရင်ခွင်ထဲက မထွက်သေးတာမလို့ Jiji လည်း စကားစပြောလိုက်တော့သည်။

Ji-Chae အရူး အမဲသား ကျွေးသလို ဆိုတဲ့ စကားပုံကို ကြားဖူးလား။

Chae-အွန်း

ရင်ခွင်ထဲကနေ မထွက်ဘဲ အသံလေး မပွင့်တပွင့်နဲ့ ပြန်ဖြေလာတဲ့ Chae ကြောင့် jiji ပြုံးလိုက်မိသည်။Chae နဲ့တွေ့ရရင်ကို Jiji မှာ အမြဲပြုံးနေရတာပါ။

Ji-စကားပုံရဲ့ အဓိပ္ပါယ်က Chae အရူးတယောက်ကို သိပ်ကောင်းတဲ့ အမဲသားဟင်း တစ်ခွက်ကို ကျွေးလိုက်ရင်အဲ့ အရူးက အမဲသားဟင်းကို စွဲလမ်းသွားပြီ Chae ကိုနောက် တစ်ပွဲတောင်းလိုက်မယ်။Chae ကလည်း နောက်တစ်ပွဲ ထပ်ကျွေးနိုင်လို့ ကျွေးလိမ့်မယ်။၂ ပွဲမြောက်ကနေ၃ ပွဲမြောက် ထပ်တောင်းလာရင်တော့ Chae ဘက်က အင်တင်တင် ဖြစ်လာလိမ့်မယ်။မရလို့ အတင်းတောင်းရင်Chae ကျွေးလိမ့်မယ်။၃ ပွဲကနေ ၄ပွဲ ၄ပွဲကနေ ၅ပွဲ ဆိုရင်တော့ Chae စိတ်ညစ်တာတွေ စိတ်ရှုပ်တာတွေ ဖြစ်လာလိမ့်မယ် ဟုတ်တယ်မလား။

Chae-အင်း ဟုတ်တယ်။ဒါပေမယ့် ဘာရည်ရွယ်ချက် နဲ့ ဒီအကြောင်းတွေ ပြောနေတာလဲ Jiji။

ရင်ခွင်ထဲကနေ မထွက်သေးဘဲ မေးနေတဲ့ Chae ကို Jiji လည်း သက်ပြင်းတစ်ချက် ချကာ ဆက်ရှင်းပြဖို့ ပြင်လိုက်တော့သည်။

Ji-ဟင်း....ဆက်ပြောပြမယ်လေ

Chae-အွန်း.....ပြော

Ji-ဒီလိုပဲ Jiji က Chae နဲ့ ပတ်သတ်လာရင် ရူးနေတဲ့အချစ်ရူး။စောနက Jiji ကို Chae ဖက်လိုက်တဲ့ အချိန်မှာJiji ခေါင်းထဲမှာ အတွေးတွေ အများကြီးမှ အများကြီးကိုဝင်လာတာ။အဲ့ထဲမှာ အကြိမ်ရေ အများဆုံးဝင်လာတာကChae ကို ပြန်ဖက်ရမလား ဆိုတာရယ်။Chae လာဖက်တာကို နောက်တစ်ကြိမ် ခံချင်သေးတယ်ဆိုတာရယ် ပြီးတော့သိပ်ကြည်နူးစရာ ကောင်းလွန်းတဲ့ Chae ရဲ့ အထိအတွေ့ကြောင့် Chae ကို ပိုင်ဆိုင်ချင်တယ် ဆိုတာရယ် ဆိုတာတွေပဲ။Jiji ကလည်း လူသား တယောက်မလို့ တခါတလေ အတ္တဆိုတာ ရှိမိတယ် Jiji ချစ်တဲ့ Chae ကို Jiji ပိုင်ဆိုင်ချင်တယ် ဒါပေမယ့် Jiji အတ္တကို Jiji ရဲ့ ဦးနှောက်နဲ့ Jiji ထိန်းခဲ့တယ်။စောနက Jiji ကို Chae လာဖက်လိုက်တဲ့ အချိန်မှာတော့ Jiji ထိန်းထားတဲ့ အတ္တတွေကကြိုးတွေ အများကြီးနဲ့ ချည်ခံထားရတဲ့ မြင်းရိုင်းတကောင်လိုပဲသောင်းကျန်းနေတယ် လွတ်ထွက်သွားမှာ ဆိုးလို့ Jiji မနဲ ပြန်ထိန်း လိုက်ရတယ်။နောက်တခါ ဆိုရင်တော့ Jiji အာမမခံနိုင်ဘူး။Jiji ရဲ့ အတ္တတွေ မြင်းရိုင်းတကောင်လို လွတ်သွားရင်Chae ပဲ စိတ်ညစ်ရလိမ့် စိတ်ထိခိုက်ရလိမ့်မယ် နာကျင်ခံစားရလိမ့်မယ်၊အဲ့လိုမျိုး Jiji တကယ် အဖြစ်မခံနိုင်ဘူး။Chae ကို Jiji က မထိရက် မကိုင်ရက် မျက်နှာလေး တစ်ချက် အညှိုးမခံဘဲ တန်ဖိုးထားပြီး မြတ်မြတ်နိုးနိုး ချစ်တာမလို့ Jiji ရဲ့ အတ္တကြောင့် Chae ထိခိုက်မှာ မလိုလားဘူး Chae ရယ်။အရူး တကာ့ အရူးထဲမှာ အချစ်ရူးက အဆိုးဆုံးပဲ Chae ရဲ့။အဲ့တာကြောင့် အရူး အမဲသား ကျွေးသလိုမျိုး မဖြစ်အောင် နောက်တခါ Jiji ရင်ခွင်ထဲကို မဝင်လာပါနဲ့။

Jiji ရဲ့ ရှည်လျားတဲ့ ရှင်းပြမှု အဆုံးမှာ Jiji ရဲ့ ခါးမှာ ရစ်နှောင်ထားတဲ့ Chae ရဲ့ လက်တွေ့ဟာ ပြောလျော့သွား သလို ခန္ဓာကိုယ် လေးကလည်း Jiji ရင်ခွင်ထဲ ကနေ ထွက်လိုက်ကာ Jiji ရှေ့မှာ ရပ်နေလိုက်တော့ သည်။Jiji ရင်ထဲမှာလည်း သူ့နေရာ နဲ့ သူ စနစ်တကျ ရှိနေတဲ့ အတွင်း ကလီစာ တွေထဲက တစ်ခုကို ဆွဲထုတ်ခံလိုက် ရသလို တစ်ခုခု လိုအပ်သလိုမျိုးကြီး ဟာတာတာကြီး ဖြစ်ကာ မည်သည့်နေရာ လှစ်ဟာ သွားသည်ကိုတော့ မသိရ ပေမယ့်လည်း ရင်ထဲမှာ သေလောက်အောင် နာကျင်နေရ တာကတော့ အမှန်ပါ။

Chae-တောင်းပန်ပါတယ် Jiji

Ji-ရပါတယ် Jiji ထိန်းနိုင်ခဲ့ပါတယ်။

ခပ်ပြုံးပြုံးလေးနဲ့ ပြောလာတဲ့ Jiji ကြောင့် စိတ်ထဲကနေ အားနာမှုများစွာ စိတ်မကောင်းမှုများစွာ နဲ့ Chae အလှဆုံးပြန်ပြုံး ပြလိုက်မိသည်။

Jiji ချစ်ပေး သမျှတွေ တန်ဖိုးထားပေး သမျှတွေ ကူညီပေးသမျှတွေ နားလည်ပေး သမျှတွေ အတွက် Jiji ကို Chae ပြန်ပေးနိုင်တာ ဆိုလို့ Chae ရဲ့ ဒီအပြုံးလေးတွေပဲ ရှိတာမလို့ ပေးနိုင်တဲ့ ဒီအပြုံးလေးတွေ ကိုပဲ Chae မျက်ရည်တွေ ဝဲတက်လာ တဲ့ ကြားထဲကနေ အလှဆုံး ဖြစ်အောင်သာ ပြုံးပြပေး လိုက်မိပါတော့တယ်။

Ji-Chae ကို ရင်ခွင်ထဲကို မလာပါနဲ့ လို့ ပဲပြောတာနော်။Jiji ပခုံးကတော့ Chae အတွက် အမြဲ ဖွင့်ပေးထားတယ်။Chae မှာ ဝမ်းနည်းစရာရှိရင်လည်း Jiji ပခုံးပေါ်မှာ လာပြီးငိုလို့ရတယ်။ပင်ပန်းရတာ ရှိရင်လည်း Jiji ပခုံးပေါ်မှာ အနားယူ လို့ရတယ်။ပြောစရာရှိတာ ဘာမဆို Jiji ပခုံးပေါ်မှာမှီပြီး ပြောလို့ရတယ်နော်။

Chae-ဟုတ်ကဲ့ ကျေးဇူးပါ Jijiရယ်။

Ji-မလိုပါဘူးဆို ဒီကလေးမကတော့။

Chae-ဟီး ဟုတ်ကဲ့။

Ji-လာ သွားကြမယ်။

Chae-ဘယ်ကိုလဲ

Ji-တစ်ခုခုသွားစားကြမယ်လေ။ဘာလဲ မစားဘူးလား။

Chae-ဟီး စားမှာပေါ့လို့

Ji-ဟုတ်ပါပြီ ဘာစားမှာလဲ။

Chae-Jiji ကို......

Ji-ဗုဒ္ဓေါ ရေ!!!

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Sa-ဟိတ် !!!

Tzu-အား....အမေ့ရေ !!!

Sa-ဟယ်....ဘယ်လို ဖြစ်လို့ အဲ့လောက်တောင် လန့်သွားရတာလဲ Tzuyu ရဲ့။

Tzu-Unnie က အသံမပေး ဘာမပေးနဲ့လေ လန့်တာပေါ့။Tzu က အလုပ်လုပ်နေတာလေ။

Sa-ဟုတ်လား မှန်းစမ်း ဘာအလုပ်တွေ လုပ်နေတာလဲ။

Tzu-ဒီမှာလေ သိုးမွှေးထိုးနေတာ။

Sa-ဘာလုပ်ဖို့လဲ

Tzu-ဝါးစားဖို့.....

Sa-ဟ....အကျူစုတ် မပြောင်နဲ့နော် အကောင်းမေးနေတာ။

Tzu-Unnie မေးတာလည်း စဉ်းစားကြည့်အုံးလေ။သို့မွှေးထိုးပါတယ် ဆိုမှ ဘာလုပ်ဖို့လဲ မေးတော့ Tzu က ဘယ်လိုဖြေရမှာလဲ။ဝတ်ဖို့ ကို သိရက်သားနဲ့ကို။

Sa-ဟွန့်....ဘာလဲ ငြိုငြင်တာလား။

Tzu-အယ်....မဟုတ်ရပါဘူး ရှင့်။ကဲ ပြောပါအုံး ဒီကို ဘာလာလုပ်တာလဲ။Lisa Unnie ကို Ruby Unnie လာတွေ့တာကို လိုက်လာတာလား။

Sa-ဟုတ်တော့ ဟုတ်တယ် ဒါပေမယ့် မဟုတ်ဘူး။

Tzu-ဘာလဲဗျ ဟုတ်တယ် တွေရော မဟုတ်ဘူးတွေရောရှုပ်နေတာပဲ။

Sa-ပြောပြမယ်လေ sweet heart လေးရယ်။

Tzu-ဘာလဲ လူကို ပိုင်စိုးပိုင်နင်း sweet heart လေး ဘာလေးနဲ့။

Sa-ဘာလဲ မကြိုက်ဘူးလား ငြိုငြင်တာလား

Tzu-ဟာ...ဒီ ရစ်လုံးကတော့နော်။ဟုတ်တယ် မဟုတ်ဘူးကိစ္စကိုပဲ ရှင်းပြစမ်းပါ။

Sa-ဟုတ်ပါပြီ ရှင်းပြပါ့မယ် တကယ်တည်း။ဟုတ်တယ်ဆိုတာက မမ တို့ နဲ့ လာတာဆိုတာက ဟုတ်တယ်။မဟုတ်ဘူးဆိုတာက လာလည်တာ မဟုတ်ဘူး။

Tzu-လာလည်တာ မဟုတ်တော့ ဘာလာလုပ်တာလဲ။

Sa-လာနေတာ ပါရှင့်။

Tzu-ဟယ်....လာနေတာ ဟုတ်လား။Unnie တယောက်တည်းလား။

Sa-နာ့...နာ

လက်ညှိုးလေး တစ်ချောင်းထောင်ကာ လက်ညှိုးလေးကိုဟိုဘက် ဒီဘက် အလျားလိုက်ရွေ့ပြီး ခေါင်းလေး ခါပြနေလေရဲ့။

Tzu-ဘာလဲ အဲ့ နာ့....နာ ဆိုတာက

Sana လုပ်ပြတဲ့ ပုံအတိုင်း တစ်ပုံစံတည်း တူအောင် လုပ်ပြီးအသံ တူအောင်ပါ လုပ်ပြနေတဲ့ Tzuyu က တကယ့်ကို အသည်းယား စရာလေးပါ။

Sa-မဟုတ်ဘူးလို့ ပြောတာလေ ငယ်ရယ်။

Tzu-ဟဲ့....နာမည်တွေကို စုံနေပါ့လား ခေါ်နေတာ။နားတွေယားလိုက်တာ Unnie ရယ်။နာ့.....နာ ဆိုတော့ ဘယ်သူတွေ ပါသေးလို့လဲ။

Sa-Jiji ရော မမ ပါ လာနေတာ။

Tzu-Unnie တို့ ၃ ယောက်လုံးပေါ့။

Sa-အင်းလေ။

Tzu-သမီး အလိမ္မာလေးတွေ ပဲဟ။

Sa-ဘာလို့တုန်း

Tzu-အဖေလုပ်သူ နဲ့ အမေလုပ်သူ ကို ၂ ယောက်တည်းထားခဲ့ပြီး ၃ ယောက်လုံးက ဒီကို ရောက်နေတယ်ပေါ့။

Sa-ဖေဖေ တို့ မေမေ တို့မှာ သူတို့ တပည့် တပန်းတွေ အများကြီးပဲလေ။နေပါအုံး Tzuyu က Unnie တို့ကို မလာစေချင်တာလား။Unnie ကတော့ Tzuyu ကို လွမ်းလို့ တွေ့ချင်လို့လာခဲ့တာလေ။

ပြောရင်း မျက်ရည်တွေ ဝဲလာတဲ့ Sana ကြောင့် သူ စ လိုက်တာ လွန်သွားပြီ ဆိုတာ Tzuyu သိလိုက်တာကြောင့်Tzuyu ပြန်ချော့မလို့ ပြင်လိုက်ပေမယ့်.........

Sa-Unnie သွားတော့မယ်။

သူ့ ရှေ့ကနေ ထွက်ပြေးဖို့ ပြင်တဲ့ Sana ကြောင့် Sana ရဲ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ကာ Sana ရဲ့ ထွက်ပြေးမယ့် ခြေလှမ်းတွေကို သူ့ရင်ခွင်ထဲမှာ ရပ်တန့်လိုက် စေတော့သည်။

Tzu-အရူး Unnie....Unnie ကို မတွေ့ချင်ဘဲ နေမလား။Unnie ကို သိပ်လွမ်းနေတာ။စတာကို စတာမှန်း မသိတဲ့Unnie အရူးကို သိပ်လွမ်းနေတာ။

Tzuyu ရဲ့ စကားလေးကြောင့် Tzuyu ရင်ခွင်ထဲက Sanaပြုံးနေတယ် ဆိုတာကို Tzuyu အထိအတွေ့က တစ်ဆင့်သိလိုက်ရတာကြောင့် Tzuyu ပါ အလိုလို လိုက်ပြုံးနေမိသည်။

ဒါပေမယ့် ရင်ခွင်ထဲက Sana တယောက် လူယုတ်မာ ပြုံးပြုံးလိုက်တာ ကိုတော့ Tzuyu သတိမထားမိ လိုက်တော့ပါ။

" အား💢 "

အမျိုးသား ဝတ် T-shirt ဝတ်ထားတာ ကြောင့် ပေါ်နေတဲ့ညှပ်ရိုး ဖြူဖြူလေးကို အားကြီးနဲ့ ကိုက်ချလိုက်တဲ့ Sana ကြောင့် ထွက်ပေါ်လာတဲ့ Tzuyu ရဲ့ အော်သံလေး ပင်ဖြစ်တော့သည်။

Tzu-ခွေးပေါက်လေးလား Unnie က ဘာလို့ ကိုက်တာလဲနာလိုက်တာ။ကြည့်အုံး အနီရောင် သွားရာ အကွက်ကြီး ဖြစ်သွားပြီ တွေ့လား။

Sa-ဖြစ်ပါစေပေါ့ တမင်ဖြစ်အောင် လုပ်တာလေ။လူကို ဝမ်းနည်းအောင် စ လို့ ကိုက်တာ။ဘာလဲ မကျေနပ်ဘူးလား။ဘာလဲ ထိုးမလား လာ ထိုးမလား။

လက်သီးစုတ် သေးသေးလေး ၂ ဖက်ကို ထောင်ကာ Tzuyuကို စိန်ခေါ်နေတဲ့ Sana ကို Tzuyu အသည်းယားလွန်းလို့ကိုက်သာ ဆွဲပြစ်ချင်တော့သည်။

နောက်ဆုံးတော့ Sana ကို စမယ်လို့ တွေးလိုက်ကာ ပါးတစ်ခြမ်းလေးပဲ ရွဲ့ကာ ပြုံးလိုက်ပြီး Sana ရဲ့ မျက်နှာနား ကို တိုးကပ်လာတဲ့ Tzuyu ရဲ့ မျက်နှာကြောင့် Sana နောက်ကို ခြေ ၂ လှမ်း ၃ လှမ်းလောက် ဆုတ်သွားမိသည်။

Tzuyu ကတော့ လန့်သွားပြီး နောက်ဆုတ်သွားတဲ့ Sana ကို ကြည့်ပြီး ရင်ထဲမှာသာ ကြိတ်ရီ နေမိတော့သည်။

Tzu-အင်း မကျေနပ်ဘူး လက်စားပြန်ချေမှာ

Sa-ဘယ်....ဘယ်လို လက်စားချေမှာလည်း.....!

Tzu-ဟိုး အရင်ခေတ်က သမိုင်းမှာ သင်ရတဲ့ ကိုဓ ဥပဒေလိုပဲ မျက်လုံး တစ်လုံးဆို တစ်လုံး လက်တစ်ဖက် ဆို တစ်ဖက်လေ။အဲ့တော့ ခုလည်း ကိုဓဥပဒေလိုပဲ Unnie က Tzuyu ကို ကိုက်တော့ Tzuyu ကလည်း Unnie ကို ပြန်ကိုက်မယ်လေ။

Tzuyu စကားဆုံးတာ နဲ့ လည်ဟိုက် အကျီ ဝတ်ထားကြောင့်ပေါ်နေတဲ့ Sana ရဲ့ ညှပ်ရိုး ဖြူဖြူလေးပေါ်ကို ကျရောက်လာတဲ့ Tzuyu ရဲ့ မျက်လုံး တစ်စုံ။

Tzuyu မျက်လုံးရဲ့ လားရာကို မြင်တာနဲ့ Sana လည်း လက်ချင်းယှက်ကာ သူ့ရင်ဘတ်ကို ကာလိုက်ပြီး Tzuyu ကိုကျော ပေးကာ ပြေးတော့လေသည်။

Tzu-ဟေ့....ဟေ့ ဘယ်ပြေးတာလဲ Tzu ကိုက်တာ ခံရအုံးမယ်လေ။

Sa-လုံး၀ အကိုက်မခံဘူး။

ရှေ့ကနေ ပြေးတဲ့ Sana ကို နောက်ကလိုက် စ ပြီး အော်နေတဲ့ Tzuyu နဲ့ Tzuyu ကို ပြန်အော်ကာ Tzuyu ဖမ်းမမိအောင် ပြေးနေတဲ့ Sana တို့ ရဲ့ အသံဟာ ရွှေဝါရောင်မြေ တစ်ဝန်းလုံး ဆူညံ့နေတော့လေသည်။

~~~~~~~~~~~~~~~~~~~~~~~

Mo-သူဌေး......

Li-လာလေ Momo Unnie။ကိစ္စရှိလို့လား။

Mo-ဟုတ်ကဲ့ ဟိုဟာလေ......

Momo လည်း Lisa အရှေ့မှာ Ruby ရှိနေတာမလို့ ပြောစရာရှိတာကို Lisa နားကပ်ကာ တိုးတိုး တိုးတိုး နဲ့ ပြောနေတော့သည်။

Li-ခုပဲ Chae အပါအဝင် ပွဲတက်ခွင့် ရှိတဲ့သူ အားလုံးကို  ခန်းမ ကို လာခဲ့ပါလို့ ပြောပေးပါ မြန်မြန်လေး။

Lisa လည်း Momo ဆီက သတင်းကြားပြီတာနဲ့ Momoကို အရေးကြီး ကိစ္စ တစ်ခုအတွက် တာဝန်ပေးခိုင်းလိုက်သလိုချက်ချင်း ခိုင်းလိုက်တော့သည်။

Mo-ဟုတ်ကဲ့ သူဌေး

Momo လည်းLisa ကို ခေါင်းငုံပြီး အရိုအသေပြုသွားကာခပ်မြန်မြန် ထွက်သွားတော့သည်။

Li-Unnie ခနလေးနော် Lili အရေးကြီး ကိစ္စရှိလို့ ပျင်းရင်Sana ဖြစ်ဖြစ် Jiji ဖြစ်ဖြစ် ခေါ်ထားနော်။

Ruby-အင်းပါ လုပ်စရာရှိတာ လုပ်ပါ။

Li-အွန်း ချစ်တယ်။

ပြောပြီး Lisa လည်း Ruby နဖူးလေးကို နမ်းကာ အမြန်ဆုံးထွက်လာခဲ့တော့သည်။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ကဲ Momo က ဘာပြောလိုက်တယ် ထင်လဲ။Jiji လို ချစ်တတ်တဲ့ သူ တယောက် အလိုရှိပါတယ်။တကယ်ကြီးကိုတန်ဖိုး ရှိတဲ့  ချစ်သူမျိုးနော်။ခ Parallel World Fic Review ဆိုတဲ့ Page လေးထောင်ထားပါတယ်။Meme ရော ခ လက်ရာ One short တွေနဲ့ ဝါသနာရှင်တွေရဲ့ One short တွေပါ ပါမှာနော်။လာခဲ့ကြပါ အုံး Page မတွေ့ရင် ခ acc မှာ Link လာတောင်းကြပါနော်။

There are no comments yet. Log in to be the first to leave a review!

Similar stories