Fanfics

41💛

03:20, 15 November 2021

Love and Loyaltyအခ်စ္ နဲ႔ သစၥာ

For ZG😍

Mr,Ruby-သမီး ဘယ္သြားမလို႔လဲ အထုတ္အပိုးေတြနဲ႔

အထုတ္အပိုးေတြ မနိုင္မနင္းသယ္ကာ အေပၚထပ္ကေန ဆင္းလာကာ ဧည့္ခန္းထဲ ၀င္လာတဲ့ Ruby ကို ဖခင္လုပ္သူက ေမးလိုက္ျခင္းပင္ ျဖစ္ေတာ့သည္။

Ruby-ဟီး....သမီး ေ႐ႊဝါေရာင္ေျမ မွာ သြားေနမလို႔။

Mrs,Ruby-ဘယ္လိုျဖစ္ရတာတုန္း သမီးေလးရဲ႕ ဆိုင္းမဆင့္ ဗံုမဆင့္ ပါလားကြဲ႕

Ji-အဲ့တာသာ ၾကည့္ေတာ့ အန္တီေရ။အန္တီ့ သမီးေပါ့ မနက္အေစာႀကီး အခန္းတံခါးလာေခါက္ၿပီး ေ႐ႊဝါေရာင္ေျမသြားမယ္လုပ္ေနတာ။

Jiji လည္း ေက်ာပိုးအိတ္ေလး တစ္လံုးကိုလြယ္ကာ လက္တစ္ဖက္ မွာ အထုတ္ တစ္ထုတ္ ကို ကိုင္ၿပီး ဧည့္ခန္းထဲ၀င္လာကာ Ruby အေၾကာင္းကို Mrs,Ruby အား အတိုင္အေျပာ ထူေနျခင္းျဖစ္သည္။

Ruby-Jiji ေနာ္

Sa-ဘာ jiji လည္း မမ လုပ္တာ jiji တင္ မဟုတ္ဘူးSa ပါ အိပ္မရဘူး အေပ်ာ္လြန္း ခုန္ေပါက္ ေအာ္ဟစ္ေနတာSa အခန္းကပါ ၾကားရတယ္။

အ၀တ္ထည့္တဲ့ လက္ဆြဲအိတ္ေလး ၂ လံုးကို ဆြဲကာ Sana ပါ ဧည့္ခန္းထဲ ၀င္လာၿပီး Jiji နဲ႔ ေပါင္းကာ Ruby ကို နွိပ္ကြပ္ေနျခင္း ျဖစ္သည္။

Mrs,Ruby-Jiji နဲ႔ သမီးငယ္ေလး တို႔ ကေကာ အိတ္ေတြနဲ႔ ဘယ္လို ျဖစ္ၾကတာလဲ။

Ji-ဟီး....သမီးက Ruby ကို လိုက္ေစာင့္ေရွာက္ရမယ္ေလ။

Sa-သမီးက မမ နဲ႔ မခြဲနို္င္ဘူး။

Ruby-အပိုေတြက ေျပာၿပီ(Whisper)

သူ႔က် ဘာျဖစ္တယ္ ညာျဖစ္တယ္ ေျပာေနတဲ့ ၂ ေယာက္ကအထုတ္ ကိုယ္ဆီ နဲ႔ ေ႐ႊဝါေရာင္ေျမ ကို လိုက္ဖို႔ျပင္ ေနတာမလို႔ Ruby က ေမတၲာကို စပါရွယ္ ဇြန္းတပ္ကာ ပို႔ေန မိေတာ့သည္။

Mrs,Ruby-ဟယ္ေတာ့ သံုးေယာက္လံုးက ဒီမွာ မေနဘဲေ႐ႊဝါေရာင္ေျမ ကို သြားေနၾကမွာေပါ့။

Ruby+Jiji+Sa-ဟုတ္ပါတယ္ ရွင့္

Mr,Ruby-ေကာင္းေရာကြာ

တစ္ခြန္းမွ စကား၀င္မေျပာတဲ့ Mr,Ruby  က ကိုယ့္ နဖူးကိုယ္ ရိုက္ကာ ေျပာလိုက္တာေၾကာင့္ ဧည့္ခန္း တခန္းလံုးပြဲက်သြားေတာ့သည္။

Mr,Ruby-Lisa ရယ္ Chaeyoung ရယ္ တင္ ဆြဲငင္အားေကာင္းတယ္မွတ္တာ Tzuyu ဆိုလည္း တေယာက္ကလည္း ဆြဲအား တကယ္ေကာင္းတာပဲ။

Sa-ဟာ...ေဖေဖကလည္း။

Mrs,Ruby-ဟုတ္ပါ့ ေဖႀကီးရယ္။သမီးေလး ၃ ေယာက္ရွိပါတယ္ ကြၽန္မတို႔ အိမ္မွာမေနဘဲ သူတို႔ အဖိုးတန္ေလးေတြေနာက္ ေကာက္ေကာက္ပါေအာင္ လိုက္သြားမလို႔ပါလား။

Mr,Ruby-အင္းေလ မေန႔ညေန ကပဲ Lisa တို႔ေတြ ျပန္သြားတာ။ဒီေန႔ မနက္က်ေတာ့ သမီးတို႔က ေ႐ႊဝါေရာင္ေျမကို လိုက္သြားမလို႔တဲ့ အမေလး အရမ္းခ်စ္ဖို႔ေကာင္းလိုက္တဲ့ေဖေဖ့ သမီးေလးေတြ

Ji-အန္ကယ္ကလည္း......

Ruby-ေဖေဖေနာ္.......

Sa-ေဖေဖကလည္း.......

၃ ေယာက္လံုးကုိ စၿပီး အရမ္းေပ်ာ္ေနတဲ့ Mr,Ruby တို႔ကို၃ ေယာက္လံုး မ်က္ေစာင္းသာ ထိုးလိုက္ေနတာ့သည္။

Ji-ကဲ သြားၾကမယ္ေလ ေနာက္က်ေနအံုးမယ္။

Sa-Jiji ေတာ္ေတာ္ျဖစ္ေနတာေနာ္

Ruby-ဟုတ္ပါ့ သူ အေတာ္ျဖစ္ေနတာ

Ji-ေအး နင္တို႔ မလိုက္နဲ႔ ငါ ေတာ္ေတာ္ျဖစ္ ေနတာမလို႔ ငါပဲ သြားမယ္။

Sa-ဟီး jiji ကလည္း စ တာေလ။

Ruby-ဟဲ့ လီ နဲ႔ သေဘာတူတာ ခံရတာ ငါေနာ္ နင္မဟုတ္ဘူး။ငါမပါဘဲ နင္သြားေတာ့ နင္ က လီ့ ကို ယူမွာလား။

Ji-ေအး ယူတာေပါ့။

Ruby-Kim Jisoo❗️

Mrs,Ruby-ေမေမ့ အျမင္ေတာ့ Jiji က အေတာ္ျဖစ္ေနတာမဟုတ္ဘဲ သမီး တို႔ ၂ ေယာက္ က အေတာ္ျဖစ္ေနတာေနာ္။

Mr,Ruby-ဟုတ္ပါ့ မိန္းမရယ္

Ruby+Sa-ေဖေဖ နဲ႔ ေမေမေနာ္ ❗️❗️

~~~~~~~~~~~~~~~~~~~~~~~~~~~~

Chae-ၿငိမ္ၿငိမ္ ထိုင္ေနစမ္းပါ Lili ရယ္။မ်က္လံုးေတြ ကို ေနာက္ေနတာပဲ။ဟိုသြားလိုက္ ဒီသြားလိုက္နဲ႔ လာမွာေပါ့ ဘယ္လိုျဖစ္ေနတာလဲ။

Li-ဟာ....မဟုတ္ပါဘူးဟဲ့ နင္ကလည္း။

Chae-ေလ်ွာက္ေျပာမေနနဲ႔ နင္ Ruby ကို ေမွ်ာ္ေနတာ အရမ္း သိသာလြန္းတယ္။

Li-ဟာ...မဟုတ္ပါဘူးဆိုဟယ္။

Chae-ဟုတ္တာေတြ မဟုတ္တာေတြ ေျပာမေနနဲ႔ ဟိုမွာလာေနၿပီ။

ေ႐ႊဝါေရာင္ေျမ ၀င္းထဲကို ခ်ိဳး၀င္လာတဲ့ ကားေလးေၾကာင့္သစ္ပင္ေအာက္က အရိပ္မွာ ထိုင္ေနတဲ့ Chae က မ်က္စိေနာက္ေလာက္ေအာင္ ၿငိမ္ၿငိမ္မေနေသာ Lisa အား လက္ညႇိဳးထိုးျပလိုက္ကာ ေျပာလိုက္ျခင္းျဖစ္သည္။

Lisa လည္း ကားေလး၀င္လာတာ ျမင္တာနဲ႔ ကားနားကို ဆက္ခနဲေျပးသြားကာ ေစာင့္ေနမိေတာ့သည္။ကားရပ္တာနဲ႔ကားတံခါးဖြင့္ကာ သူ႔ဆီ ဦးတည္ကာ ေျပးဆင္းလာတဲ့ Ruby ကို Lisa လည္း လက္နွစ္ဖက္ဆန္႔တန္းကာ ရင္ဖြင့္ႀကိဳေနမိေတာ့သည္။

''အြန္႔💢´´

အရွိန္နဲ႔ ေျပးလာတဲ့ ခႏၶာကိုယ္ေလးဟာ လံုးလံုး လံုးလံုး နဲ႔ Lisa ရင္ခြင္ထဲ ေဆာင့္၀င္သြားေတာ့ Lisa ခင္မ်ာ အင့္ခနဲ႔ျဖစ္ၿပီးဘအသံ သဲ့သဲ့ေလး ထြက္သြားေပမယ့္ Ruby ခႏၶာကိုယ္ေလးကို ခြာမထုတ္ဘဲ တင္းၾကပ္စြာ ျပန္ ဖက္ထားလိုက္မိသည္။

*Lisa စိတ္ကူးေတာင္ မယဥ္ဖူးဘူး Unnie ကို ခ်စ္သူ တေယာက္ အေနနဲ႔ အခုလို တရား၀င္ေပြ႕ဖက္ခြင့္ ရလိမ့္မယ္လို႔ ေလ*

Li-အဲ့ေတာ့ လီ နဲ႔ Unnie နဲ႔က ခ်စ္သူေတြ ျဖစ္သြားၿပီေပါ့ေနာ္ ဟုတ္တယ္မလား

Lisa စကားေၾကာင့္ Ruby လည္း Lisa ရင္ခြင္ထဲကေန ထြက္ကာ Lisa ကို ခါးေထာက္ၿပီး ေစာင္ေပေပနဲ႔ ၾကည့္ေနတဲ့ Ruby ေၾကာင့္ Lisa ပင္ ေၾကာင္ေတာင္ေတာင္ ျဖစ္သြားေတာ့သည္။

Li-ဘာျဖစ္လို႔လဲ Unnie။

Ruby-ခုန ဘာေမးလိုက္တာလဲ

Li-လီ နဲ႔ Unnie က ခ်စ္သူေတြ ျဖစ္ၿပီလား လို႔ေလ။

Lisa ရဲ႕ စကားဆံုးတာနဲ႔ Lisa ရဲ႕ဗိုက္ေခါက္ကို မရွိတဲ့ ဗိုက္ကို တစ္ဆံုးလိမ္ဆြဲလိုက္တဲ့ Ruby ေၾကာင့္ Lisa မွာထြန္႔ထြန္႔ေတြ လူးေနေတာ့သည္။

Li-အား....အား နာတယ္ Unnie ။လီ့ကို ဘာလို႔ လိမ္ဆြဲတာတုန္း။

Ruby-လိမ္ဆြဲရံုတင္မဟုတ္ဘူး စုတ္ပါၿဖဲခ်င္တာ ရွင္က ကြၽန္မကို ဘယ္နွခါမ်ား ခ်စ္ပါတယ္ဆိုၿပီး ရည္းစားစကား ေျပာဖူးလို႔ ရွင္ နဲ႔ ကြၽန္မက ခ်စ္သူေတြ ျဖစ္ရမွာလဲ။

Li-ဟင္....ရည္းစားစကား

Lisa လည္း တစ္ခ်က္ စဥ္းစားလိုက္ၿပီး ေနာက္ေတာ့ တခုခုကိုစဥ္းစားလို႔ ရတဲ့ ပံုစံ နဲ႔ ေပ်ာ္႐ႊင္ျမဴးထူးစြာ လက္ေဖ်ာက္တစ္ခ်က္ တီးလိုက္ၿပီးေတာ့ ဆက္ခနဲ Ruby ကို ရင္ခြင္ထဲ ဆြဲသြင္းကာ........

Li-Unnie ကို လီ အရမ္းခ်စ္တယ္။လီ့ ရဲ႕ က်န္ရွိတဲ့ ဘ၀ တစ္ေလ်ွာက္လံုး Unnie နဲ႔ပဲ ျဖတ္သန္းခ်င္တယ္။Unnie ကို အၿမဲ ေပ်ာ္႐ႊင္ေအာင္ စိတ္ခ်မ္းသာေအာင္ ထားခ်င္တယ္။Unnie နားမွာ အရိပ္လိုေလး တြယ္ကပ္ေနခ်င္တယ္။Unnie လိုအပ္သမ်ွ အရာေတြ အားလံုးကို ျဖည့္ဆည္းေပးခ်င္တယ္။Unnie ကို လီ့ အခ်စ္ေတြနဲ႔ ေႏြးေထြး ေစခ်င္တယ္။Unnie ကို တစ္ဘ၀လံုးစာ တာ၀န္ယူ ကာကြယ္ ေစာင့္ေရွာက္ ေပးခ်င္တယ္။ဒါေၾကာင့္ Unnie  က လီ့ ရဲ႕ ခ်စ္သူ ျဖစ္ေပးနိုင္မလား။

Ruby-ဟင့္အင္း

Li-ရွင္❗️

Ruby-လီ က Unnie ကို တစ္ဘ၀လံုးစာပဲ တာ၀န္ယူေစာင့္ေရွာက္ို႔မရဘူး ဘ၀ ဆက္တိုင္း တာ၀န္ယူ ကာကြယ္ပါမယ္ဆိုမွ Unnie က အေျဖေပးမွာ။

Ruby ရဲ႕ အေျဖစကားေလးေၾကာင့္ Lisa မွာ ခပ္လြင္လြင္ေလး ရီလိုက္ကာ ရင္ခြင္ထဲက Ruby ကို အျပင္ထုတ္ၿပီးနဖူးေလးကို ခပ္ဖြဖြေလး ဖိကပ္နမ္းလိုက္ကာ.........

Li-လီ ကတိေပးတယ္။Unnie ကို ဘ၀ဆက္တိုင္း ကာကြယ္ေစာင့္ေရွာက္ေပးမယ္။

Ruby-ဒီလိုဆိုရင္ေတာ့ Unnie က Unnie ရဲ႕ ငတံုေလးကို Unnie နဲ႔ ခ်စ္သူျဖစ္ခြင့္ေပးလိုက္ၿပီ။

Li-ဟူး....ေရး....ေပ်ာ္လိုက္တာ Unnie  ရယ္။

Lisa လည္း ေပ်ာ္လြန္းတာေၾကာင့္ Lisa ကို ခါးကေန မ ခ်ီကာ 360° သံုးပတ္ေလာက္ လွည့္ပစ္လိုက္ မိေတာ့သည္။

ji-ဟို ၂ ေယာက္ ေတာ္ရံုတန္ရံုပဲ ေကာင္းတယ္။ရာသီဥတုကုိလသာေနတယ္ မ်ားထင္ေနလား။ဒီေလာက္ေနပူေနတာကိုအပူရွပ္ၿပီး ဖ်ား ေသခ်င္လို႔လား။

Jiji ေျပာမွ Lisa တို႔ ပတ္၀န္းက်င္ကို ၾကည့္လိုက္ေတာ့ ေနမင္းႀကီးက Lisa တို႔ ေခါင္းေပၚတည့္တည့္ကေန ျခစ္ျခစ္ေတာက္ပူေနေလရဲ႕။ေစာနကေတာ့ ခ်စ္သူ ၂ ေယာက္ ၾကည္ႏုူးေနၾကတာမလို႔ သတိမထားမိေပမယ့္ ခု သတိထားမိတဲ့ အခ်ိန္မွာ အသားေတြေတာင္ ကြၽမ္းၿပီ ထင္ရေလာက္တဲ့ အထိ ပူေနတာမလို႔။Lisa လည္း Ruby ကို ရင္ခြင္ထဲထည့္ကာ အေပၚကေန မိုးေပးၿပီး Jiji ရွိရာ သစ္ပင္ရိပ္ကို ေလ်ွာက္လာ ခဲ့ၾကေတာ့သည္။

ji-နင္တို႔ တကယ္ ပိုကို ပိုလြန္းတယ္။

Li-ဟာ....jiji ကလည္း။ဒါနဲ႔ Chae ေကာ ေစာနက ရွိပါတယ္။

Ji-နင္ တို႔ ပိုလြန္းတာ ေတြ႕ၿပီ မခံစားနိုင္ေတာ့လို႔ သြားအန္တယ္။

Li-ဟာ....jiji က လည္း။

ji-ဘာကို jiji ကလည္းေနတာလဲ မိုးမျမင္ ေလမျမင္ ျဖစ္ေနလိုက္တာမ်ား မေျပာလိုက္ခ်င္ဘူး ၾကပ္ၾကပ္သတိထား

Ruby-Jiji ေနာ္ ၾကည့္ေနတာ အေကာင္းၾကည့္ ေနတယ္မ်ား မွတ္ေနလား။Ruby ရဲ႕ ခေလးေလးကို ဟိန္းလား ေဟာက္လား နဲ႔ ေနာ္။ကိုယ့္ဘာသာခ်စ္လို႔ ခ်စ္ျပၾကတာပဲ ဘာျဖစ္လဲ Jiji လည္း ခ်စ္ျခင္ရင္ Chae ကို သြားေျပာေပါ့။Ruby ခေလးကို လာမေျပာပါနဲ႔။

Li-ဟုတ္သားပဲ jiji ရဲ႕ Chae ကို သြားေျပာေလ။

Ji-ႀကီးေတာ္ကို Chae ကို သြားေျပာရမွာလား။နင္တို႔ ေတာ္ေတာ္ျဖစ္ေန ၾကတာပဲ။လံုး၀ ေဆးမမွီဘူးေဟ့။ေတာ္ၿပီကိုယ့္ဘာသာ ေနတာပဲေကာင္းတယ္။

Ruby-ေနပါအံုး jiji ရဲ႕။

Ji-ဘာတုန္း မေနဘူး။

Ruby-ေနပါအံုး စိတ္မဆိုးပါနဲ႔ Jiji ေလးရဲ႕။ဒါနဲ႔ စကားမစပ္Sa ေလး ဘယ္သြားလဲ။

Ji-ဘယ္သြားတယ္ ရွိမလဲ Tzuyu ဆီ သြားတာေပါ့ဟ။

Ruby-မနိုင္ပါလားဟ အတင္းပဲ နားေတာင္ မနားဘဲ။သူ႔ မယားေလးကို သြားရွာေနတယ္။

Ji-ဘာထူးလို႔လဲ နင္တို႔ ညီအမေတြ အတူတူပဲ။လြန္ကို လြန္လြန္းတယ္ ျဖစ္ပ်က္ေနၾကတာ။

Ruby-Jiji ေနာ္.....။

Ji-jiji မေနနဲ႔ ငါ ေတာ့သြားနားေတာ့မယ္။နင္တို႔ဘာသာ လုပ္ခ်င္တာ လုပ္ၾကေတာ့။

Li-ဟာ....Jiji ကလည္း Lisa တို႔က ဘာလုပ္ရမွာလဲ။

Ji-အဲ့တာငါ့ လာမေမးနဲ႔ ငါမသိဘူး။Ruby နဲ႔သာ တိုင္ပင္ၿပီးအဆင္ေျပ သလိုလုပ္ၾက။

Ruby-Jiji❗️❗️❗️

jiji လည္း Ruby က စၿပီး အပုရဲ႕ ေဒါသကို သိတာမလို႔ထိုေနရာကေန လစ္ခနဲ ေျပးသြားေတာ့ေလသည္။

Jiji ကို ေဒါသထြက္လို႔ ၀မွ Lisa ကို သတိရသြားတာေၾကာင့္ေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ လက္ပိုက္ကာ သူ႔မကို ၿပံဳးၿပံဳးႀကီး ၾကည့္ေနတဲ့ ခ်စ္လွစြာေသာ လီ.....။

Ruby-ဘာေတြ အဲ့ေလာက္ေတာင္ ၾကည့္ေနတာလဲ

Li-Unnie ကို......

Ruby-တို႔ကို....?

Li-အြန္း

Ruby-ဘာလို႔ၾကည့္တာလဲ

Li-လွ လို႔ Unnie က အရမ္းလွလို႔ ေနာက္ေက်ာေလးပဲ ျမင္ေန ရတာေတာင္ Unnie က သိပ္လွလို႔။ၿပီးေတာ့ Unnieကို အရမ္းခ်စ္လို႔။

Ruby-အတတ္ေလး

Lisa ေျပာလိုက္တဲ့ စကားေၾကာင့္ Ruby ရဲ႕ မ်က္နွာမွာ ရဲခနဲဘယ္ေလာက္ပဲ ခ်စ္တယ္ေျပာေျပာ သူ႔ဆီက မၾကားဖူးတဲ့ စကားမ်ိဳးေတြ ၾကားရေတာ့ Ruby မွာ ရွက္အားပိုရ ျပန္တာေၾကာင့္ မ်က္ေစာင္းလွလွေလးပင္ အပိုဆု အေနနဲ႔ ေပးလိုက္မိေသးသည္။

Li-ရွက္မေနနဲ႔ ရွက္ေနတဲ့ ပံုေလးက ပိုလွၿပီ။

Ruby-ေတာ္ၿပီေနာ္ လီ။Unnie ရွက္လာၿပီ မေျပာနဲ႔ေတာ့။

Li-ဟုတ္ပါၿပီ မေျပာေတာ့ဘူး။

Ruby-ေနအံုး ေမးစရာရွိတယ္ရွင့္

Li-ဟုတ္ ေမးေလ။

Ruby-ဒီေန႔ လီ အားလား။

Li-ဒီေန႔.....အင္း အားတယ္ေလ ဘာလို႔လဲ။

Ruby-Unnie တို႔ အျပင္ ေလ်ွာက္လည္ရေအာင္ေလ။

Li-အျပင္ ေလ်ွာက္လည္မယ္။ဟုတ္....ေကာင္းသားပဲ သြားၾကမယ္ေလ။လီ ေလ်ွာက္မလည္ျဖစ္တာေတာင္ ၈ နွစ္ေလာက္ ရွိၿပီ အလုပ္ကိစၥ ဘာညာ ရွိမွ သာ အျပင္ထြက္ျဖစ္တယ္။

Ruby-ဟင္.....လီ ရယ္။၈ နွစ္ေလာက္ အျပင္မသြား ေလ်ွာက္မလည္ အပန္းမေျဖဘဲ ဘာအလုပ္ေတြမ်ား လုပ္ေနတာလဲ။

Li-ဒီလိုပါပဲ ဆိုင္ကိစၥေတြ နဲ႔ ရႈပ္ေနလို႔ပါ။

ဆက္တိုက္ ဆင္ႏႊဲေနရတဲ့ တိုက္ပြဲေတြ အေၾကာင္း နဲ႔အဆက္မျပတ္ ေလ့က်င့္ေနရတဲ့ ခက္ခဲတဲ့ ေလ့က်င့္မႈေတြအေၾကာင္းေတာ့ Lisa မေျပာျဖစ္ခဲ့ပါဘူး။

Ruby-ဒါဆို လာ သြားၾကမယ္

လက္ကို လာဆြဲကာ တေနရာကို သြားဖို႔ ျပင္ေနတဲ့ Ruby ကိုမ်က္လံုးေလး ၀ိုင္း၀ိုင္း ေလးနဲ႔ ခပ္ေၾကာင္ေၾကာင္ေလး ၾကည္ကာ Lisa ေမးလိုက္မိသည္။

Li-ဘယ္ကိုသြားမွာလဲ။

Ruby-ေလ်ွာက္လည္မယ္ေလ။

Li-အခုလား Unnie မနားေတာ့ဘူးလား။

Ruby-ခ်စ္သူနဲ႔ အတူ ရွိေနရရင္ Unnie အတြက္ ပင္ပန္းတယ္ ဆိုတာ မရွိပါဘူး။ဒါေၾကာင့္ မနားေတာ့ဘူး။၈ နွစ္ေတာင္အျပင္ေလာက ကို ေလ်ွာက္မသြားဘူးတဲ့ ေကာင္မေလး ကိုေဟာဒီက Unnie က ေစာင့္ေရွာက္ၿပီး ေခၚသြားေပးမယ္။

Lisa လက္ေမာင္းကို လက္တစ္ဖက္လာခ်ိတ္ကာ က်န္တဲ့လက္ တစ္ဖက္နဲ႔ သူ႔ ရင္ဘတ္ေလး သူပုတ္ျပကာ ေခါင္းေလးေမာ့ၿပီး အသံေလး စာစာ စာစာ နဲ႔ ေျပာေနတဲ့ Ruby ကို ၾကည့္ၿပီး Lisa မွာ အသည္းေတြ ယားၿပီး ခ်စ္လိုက္ ရတာ ဆိုတာ ခႏၶာကိုယ္အတြင္းထဲမွာ ရွိတဲ့ အသည္းနွလံုး ကလီစာ ေတြေတာင္ ေျပာင္းျပန္ေတြ ေဇာက္ထိုးေတြ ျဖစ္သြားသလား ထင္ရတယ္။ဒီတိုင္းသာ ဆက္သြားရင္သူ႔ကို ခ်စ္လြန္းလို႔ Lisa ေသမယ္ ထင္ပါရဲ႕။

Li-အမေလးေနာ္ Unnie က မွ တကယ့္ အတတ္ေလး ခ်စ္လိုက္တာ ရွင္။

ေျပာၿပီး Ruby ရဲ႕ ပါးေဖာင္းေဖာင္းေလးထံသို႔ သူမရဲ႕ နွာေခါင္းခြၽန္ခြၽန္ေလးကို ထိုးအပ္ေပးလိုက္မိေတာ့သည္။

Li-Unnie ကိုေတာ့ ခ်စ္ရလြန္းလို႔ လီ ရူးလိမ့္မယ္။

သူမရဲ႕ ေခါင္းေပၚက ဆံသား လွလွေလးကို လက္ေလးနဲ႔ ခပ္ဖြဖြေလး ထိုးဖြကာ ေျပာလာတဲ့ Lisa ရဲ႕ ခ်စ္စကားေလးေၾကာင့္ Ruby ရဲ႕ ႏႈတ္ခမ္း နွစ္လႊာဟာ ေကြးၫႊန္႔ ေကာ့တက္ကာ ၾကည္ႏူးစြာ ၿပံဳးေနမိေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~

ေလ်ွာက္လည္မယ္ ဆိုၿပီး ၂ ေယာက္သား ထြက္လာလိုက္ၾကတာ နယ္ေျမ မကြၽမ္းတဲ့ Ruby နဲ႔ ေလ်ွာက္လည္ရင္ ဘယ္သြားရမလဲ မသိတဲ့ Lisa တို႔ ေနာက္ဆံုးေတာ့ ဘူဆန္ေစ်းႀကီး အျပင္ဘက္က ဆိုင္ခန္း တန္းေလးေတြ ဆီေရာက္သြားေလရဲ႕။

Ruby-လီ....Unnie ဗိုက္ဆာတယ္

Li-Unnie ေစာနကပဲ ပဲေခါက္ဆြဲ စားထားတာေလ။

Ruby-လမ္းေလ်ွာက္တာမ်ားေတာ့ စာသြားၿပီရွင့္

Li-ေအာ္အဲ့လိုလား

Ruby-အင္း

Li-ဒါဆို ဘာစားခ်င္လဲ

Ruby-ဟိုနားမွာေတြ႕လား ၾကက္သားဒုတ္ထိုး စားၾကမယ္

Li-ဟုတ္ၿပီ စားပါရွင့္

* အမေလး ကြၽန္မ လူႀကီး ကေလးေလး စားေနတဲ့ ပံုေလးကေလ ပါးေဖာင္းေလးက လႈပ္စိလႈပ္စိ ေလးနဲ႔ ႏႈတ္ခမ္းေလးကတစ္ခ်က္ တစ္ခ်က္ေထာ္လာေသးတယ္။စိတ္ရွိလက္ရွိသာ ဆြဲနမ္းလိုက္ရရင္ေတာ့ ဒီေနရာမွာတင္ မဟုတ္တာေတြ ျဖစ္ကုန္နိုင္တယ္။ျဖစ္နိုင္ရင္ ပံုစံေလးက ခ်စ္ဖို႔ေကာင္းလြန္းလို႔သူမ်ားေတြ ျမင္မွာဆိုးလို႔ ရင္ခြင္ထဲသာ အၿမဲ ထည့္ၿပီး ဖြက္ထား လိုက္ခ်င္ေတာ့သည္။လူသားတေယာက္က အဲ့ေလာက္ ခ်စ္ဖို႔ေကာင္းၿပီး ၿပီးျပည့္စံုေနစရာ လို႔လို႔လား ရွင္။တျခာသူေတြ ၾကည့္မွာေတာင္ သ၀န္တိုတယ္*

Ruby-လီ....စားေလ ဘာလို႔ Unnie ကို ၾကည့္ေနတာလဲ။

Li-Unnie စားတာေလးက ခ်စ္စရာေကာင္းလို႔။Unnie စားတာၾကည့္ၿပီး လီ အလိုလိုကို ဗိုက္၀ေနၿပီ။

Ruby-ဟုတ္ပါၿပီ အတတ္ေလးရယ္။Unnie စားလို႔ၿပီးၿပီရွင္းလို႔ရၿပီေနာ္။

Li-ဟုတ္ကဲ့ Unnie။ဦးေလး ဘယ္ေလာက္က်ပါသလဲရွင့္။

''၁၅၀၀ ၀မ္ပါ တူမႀကီး´´

Li-ဟုတ္ကဲ့ ဦးေလး။ဒီမွာ ၂၀၀၀ ပါရွင့္။ျပန္မအမ္းပါနဲ႔ေတာ့

''ေက်းဇူးတင္ပါတယ္ တူမႀကီး တို႔ရယ္´´

Ruby-ဟုတ္ကဲ့ပါရွင့္။

Ruby နဲ႔ Lisa လည္း ဆိုင္အျပင္ဘက္ကို ျပန္ထြက္လာၿပီးလမ္းဆက္ေလ်ွာက္ ေနမိေတာ့သည္။ထိုစဥ္........

Ruby-ရပ္....ရပ္ လီ ခန ရပ္။

Li-ဘာလို႔လဲ Unnie ရဲ႕

Ruby-ဟိုမွာၾကည့္

Lisa လည္း Ruby ၫႊန္ျပတဲ့ ေနရာကိုၾကည့္လိုက္ေတာ့ဓာတ္ပံုဆိုင္ တစ္ဆိုင္။

Li-ဓာတ္ပံုဆိုင္....? ဘာလုပ္ဖို႔လဲ Unnie ရဲ႕။

Ruby-လီ နဲ႔ Unnie ဓာတ္ပံုရိုက္မယ္ေလ ၿပီးရင္ တေယာက္တစ္ပံု သိမ္းထားၾကမယ္ေလေနာ္။

Lisa လည္း တစ္ခ်က္ၿပံဳးလိုက္ကာ......

Li-Unnie သေဘာ ပါရွင့္။

Ruby လည္း Lisa ရဲ႕ လက္ကိုၿပံဳးၿပီး ဆြဲြသြားကာ ဓာတ္ပံု ဆိုင္ထဲ ၀င္သြားေတာ့သည္။

Ruby-ဒီမွာရွင့္ ဓာတ္ပံုရိုက္ခ်င္လို႔ပါ။

Ruby က ဆိုင္ အတြင္းက ေကာင္တာမွာ ထိုင္ေနေသာ ေကာင္ေလး တေယာက္ကို ေမးလိုက္ျခင္း ျဖစ္သည္။

"ဟုတ္ကဲ့ ဘယ္လိုအမ်ိဳးအစားမ်ားလဲ ခင္မ်။အလွဓာတ္ပံုလား။ရံုးသံုး လုပ္ငန္းအတြက္ လုိအပ္တဲ့ ဓာတ္ပံုလားဗ်"

Ruby-အလွဓာတ္ပံုပါရွင့္

"ဟုတ္ကဲ့ဗ် ဒါဆို ခနေလာက္ ဟိုနားေလးမွာ ထိုင္ေစာင့္ေပးပါအံုး ခင္ဗ်။ကြၽန္ေတာ္ ဓာတ္ပံုဆရာ သြားေခၚလိုက္ပါအံုးမယ္ဗ်"

Ruby တို႔ ၂ ေယာက္လည္း ေကာင္က ၀န္ထမ္း ေကာင္ေလးၫႊန္ျပတဲ့ ေနရာမွာ ၀င္ထိုင္ ေနလိုက္ေတာ့သည္။Lisa လည္းထိုင္ေနတုန္း သူ႔ပခံုးေပၚမွီလာတဲ့ ငပ်င္း လူႀကီးေလးကို နဖူးေလးကို ခပ္ဖြဖြ ေတာက္လိုက္ကာ..........

Li-ေလ်ွာက္သြား ေလ်ွာက္စားရတာ ပင္ပန္းသြားၿပီလားရွင့္

Ruby-လီ....ေနာ္။

စ လိုက္တဲ့ ေကာင္းမႈေၾကာင့္ Lisa ျပန္ရလိုက္တဲ့ အရာကားသိပမလွတဲ့ မ်က္ေစာင္းေလး တခု.....။

" အမ တို႔  ဓာတ္ပံု ဆရာ ေရာက္ပါၿပီ ဗ်။ဓာတ္ပံုရိုက္ဖို႔ အထဲကို ႂကြၾကပါ ခင္မ်"

ေစာနက ထြက္သြားတဲ့ ၀န္ထမ္းေကာင္ေလးက ဓာတ္ပံုရိုက္လို႔ ရၿပီလို႔ လာေခၚတာေၾကာင့္ Ruby လည္း Lisa လက္ကိုဆြဲကာ ဓာတ္ပံုရိုက္မည့္ ေနရာသို႔ ဦးတည္လိုက္ ေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~~

Ruby-ေက်းဇူးတင္ပါတယ္ရွင့္ ပံုေကာင္းေလး ထြက္ေအာင္ရိုက္ေပးလို႔။

"ဟုတ္ကဲ့ လာ အာေပးတဲ့ အမေလးတို႔ကိုလည္း ကြၽန္ေတာ္တို႔ ဘက္က ေက်းဇူ အမ်ားႀကီး တင္ပါတယ္ဗ်။ဒီမွာ ပံုေတြပါဗ်"

Li-ဟုတ္ကဲ့ က်သင့္ေငြ ပါရွင့္။

" ေက်းဇူးတင္ပါတယ္ ခင္မ် "

Ruby တို႔လည္း တေယာက္လက္ တေယာက္ဆြဲကာ  ကားဆီရာ ဆီသို႔ ျပန္ေလ်ွာက္လာၾကေတာ့သည္။ကားေပၚေရာက္ေတာ့.......။

Ruby-လီ....ပံုေလးၾကည့္ရေအာင္ေလ ေကာင္းလားလို႔

Li-ဟုတ္ကဲ့ Unnie

Ruby လည္း ပံုေလး ထည့္ထားတဲ့ ဝါက်င့္က်င့္ စာအိတ္ေလးကို ဖြင့္ၿပီး ဓာတ္ပံုေလးကို ၾကည့္လိုက္ေတာ့သည္။

Ruby-ဟယ္ လွတယ္ေတာ့။လီ က ရုပ္တည္နဲ႔ေတာင္ ေခ်ာေနတာ ဓာတ္ရွင္ မင္းသမီး လုပ္လို႔ရၿပီ။

Li-ဟာ....Unnie ကလည္း လုပ္ၿပီ။ဒီမွာၾကည့္ပါလားUnnie ကမွ ပို ေခ်ာတာပါေနာ္။

Ruby-ဟုတ္ပါၿပီ ရွင္ရယ္။ေရာ႕....လီ က တစ္ပံု သိမ္းထား Unnie က တစ္ပံု သိမ္းထားမယ္။တို႔ ၂ေယာက္ အမွတ္တရေပါ့။

Li-ဟုတ္ကဲပါ ရွင့္

Lisa လည္း Ruby လက္ေလးကို ဆုပ္ကိုင္ၿပီး ခပ္ဖြဖြေလး ငံု႔နမ္းကာ Ruby လက္တစ္ဖက္ကို ကိုင္ထားလ်က္ပင္ သူတို႔ရဲ႕ ခ်စ္ရိပ္ၿမံဳေလး ေ႐ႊဝါေရာင္ေျမ သို႔ ျပန္လည္ ထြက္ခြာလာၾကေတာ့သည္။Ruby ကေတာ့ သူမ  ဘက္ျခမ္းက Lisa ရဲ႕လက္ေမာင္းေလးကို မွီလ်က္ေပါ့။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ဆံုးဆံုးျမဳတ္ေနတဲ့ JL သေဘၤာႀကီးေၾကာင့္ေရာ ခ ဘာသာ ပ်င္းေနတာနဲ႔ပါ စာေရးတာ ၾကာေနတာေလးကို ဆံုးမခဲ့ ၾကပါအံုး။ခ ဘ၀မွာေလ အျဖစ္ခ်င္ဆံုး ဆႏၵ ၅ ခုရွိတယ္ သိလား။အဲ့ထဲက တစ္ခုက ဒီ ဇာတ္လမ္းေလး ဒါမွမဟုတ္ ေနာက္ေရးမဲ့ Home ဆိုတဲ့ ဇာတ္လမ္းေလး နွစ္ခု ထဲက တစ္ခုကို စာအုပ္ထုတ္ခ်င္တာ ျဖစ္နိုင္ရင္ေတာ့ ၂ အုပ္လံုးေပါ့ခ လည္း စာအုပ္ထုတ္ လို႔ ရတဲ့ အထိပါ ေသခ်ာႀကိဳးစား ေနတာမလို႔ ခ်စ္တို႔ကလည္း အားေပးေပးၾကပါေနာ္။စပ္တယ္ေျပာေနၾကလို႔ ခ်ိဳေပးထားတယ္ရွင့္။

Readers တို႔ကို အရမ္းခ်စ္ပါတယ္။Readers ေတြကို အရမ္းခ်စ္တဲ့ Tu Nhai Kha#💚

..................................................................

Love and Loyaltyအချစ် နဲ့ သစ္စာ

For Uni😘

Mr,Ruby-သမီး ဘယ်သွားမလို့လဲ အထုတ်အပိုးတွေနဲ့

အထုတ်အပိုးတွေ မနိုင်မနင်းသယ်ကာ အပေါ်ထပ်ကနေ ဆင်းလာကာ ဧည့်ခန်းထဲ ဝင်လာတဲ့ Ruby ကို ဖခင်လုပ်သူက မေးလိုက်ခြင်းပင် ဖြစ်တော့သည်။

Ruby-ဟီး....သမီး ရွှေဝါရောင်မြေ မှာ သွားနေမလို့။

Mrs,Ruby-ဘယ်လိုဖြစ်ရတာတုန်း သမီးလေးရဲ့ ဆိုင်းမဆင့် ဗုံမဆင့် ပါလားကွဲ့

Ji-အဲ့တာသာ ကြည့်တော့ အန်တီရေ။အန်တီ့ သမီးပေါ့ မနက်အစောကြီး အခန်းတံခါးလာခေါက်ပြီး ရွှေဝါရောင်မြေသွားမယ်လုပ်နေတာ။

Jiji လည်း ကျောပိုးအိတ်လေး တစ်လုံးကိုလွယ်ကာ လက်တစ်ဖက် မှာ အထုတ် တစ်ထုတ် ကို ကိုင်ပြီး ဧည့်ခန်းထဲဝင်လာကာ Ruby အကြောင်းကို Mrs,Ruby အား အတိုင်အပြော ထူနေခြင်းဖြစ်သည်။

Ruby-Jiji နော်

Sa-ဘာ jiji လည်း မမ လုပ်တာ jiji တင် မဟုတ်ဘူးSa ပါ အိပ်မရဘူး အပျော်လွန်း ခုန်ပေါက် အော်ဟစ်နေတာSa အခန်းကပါ ကြားရတယ်။

အဝတ်ထည့်တဲ့ လက်ဆွဲအိတ်လေး ၂ လုံးကို ဆွဲကာ Sana ပါ ဧည့်ခန်းထဲ ဝင်လာပြီး Jiji နဲ့ ပေါင်းကာ Ruby ကို နှိပ်ကွပ်နေခြင်း ဖြစ်သည်။

Mrs,Ruby-Jiji နဲ့ သမီးငယ်လေး တို့ ကကော အိတ်တွေနဲ့ ဘယ်လို ဖြစ်ကြတာလဲ။

Ji-ဟီး....သမီးက Ruby ကို လိုက်စောင့်ရှောက်ရမယ်လေ။

Sa-သမီးက မမ နဲ့ မခွဲနိုင်ဘူး။

Ruby-အပိုတွေက ပြောပြီ(Whisper)

သူ့ကျ ဘာဖြစ်တယ် ညာဖြစ်တယ် ပြောနေတဲ့ ၂ ယောက်ကအထုတ် ကိုယ်ဆီ နဲ့ ရွှေဝါရောင်မြေ ကို လိုက်ဖို့ပြင် နေတာမလို့ Ruby က မေတ္တာကို စပါရှယ် ဇွန်းတပ်ကာ ပို့နေ မိတော့သည်။

Mrs,Ruby-ဟယ်တော့ သုံးယောက်လုံးက ဒီမှာ မနေဘဲရွှေဝါရောင်မြေ ကို သွားနေကြမှာပေါ့။

Ruby+Jiji+Sa-ဟုတ်ပါတယ် ရှင့်

Mr,Ruby-ကောင်းရောကွာ

တစ်ခွန်းမှ စကားဝင်မပြောတဲ့ Mr,Ruby  က ကိုယ့် နဖူးကိုယ် ရိုက်ကာ ပြောလိုက်တာကြောင့် ဧည့်ခန်း တခန်းလုံးပွဲကျသွားတော့သည်။

Mr,Ruby-Lisa ရယ် Chaeyoung ရယ် တင် ဆွဲငင်အားကောင်းတယ်မှတ်တာ Tzuyu ဆိုလည်း တယောက်ကလည်း ဆွဲအား တကယ်ကောင်းတာပဲ။

Sa-ဟာ...ဖေဖေကလည်း။

Mrs,Ruby-ဟုတ်ပါ့ ဖေကြီးရယ်။သမီးလေး ၃ ယောက်ရှိပါတယ် ကျွန်မတို့ အိမ်မှာမနေဘဲ သူတို့ အဖိုးတန်လေးတွေနောက် ကောက်ကောက်ပါအောင် လိုက်သွားမလို့ပါလား။

Mr,Ruby-အင်းလေ မနေ့ညနေ ကပဲ Lisa တို့တွေ ပြန်သွားတာ။ဒီနေ့ မနက်ကျတော့ သမီးတို့က ရွှေဝါရောင်မြေကို လိုက်သွားမလို့တဲ့ အမလေး အရမ်းချစ်ဖို့ကောင်းလိုက်တဲ့ဖေဖေ့ သမီးလေးတွေ

Ji-အန်ကယ်ကလည်း......

Ruby-ဖေဖေနော်.......

Sa-ဖေဖေကလည်း.......

၃ ယောက်လုံးကို စပြီး အရမ်းပျော်နေတဲ့ Mr,Ruby တို့ကို၃ ယောက်လုံး မျက်စောင်းသာ ထိုးလိုက်နေတာ့သည်။

Ji-ကဲ သွားကြမယ်လေ နောက်ကျနေအုံးမယ်။

Sa-Jiji တော်တော်ဖြစ်နေတာနော်

Ruby-ဟုတ်ပါ့ သူ အတော်ဖြစ်နေတာ

Ji-အေး နင်တို့ မလိုက်နဲ့ ငါ တော်တော်ဖြစ် နေတာမလို့ ငါပဲ သွားမယ်။

Sa-ဟီး jiji ကလည်း စ တာလေ။

Ruby-ဟဲ့ လီ နဲ့ သဘောတူတာ ခံရတာ ငါနော် နင်မဟုတ်ဘူး။ငါမပါဘဲ နင်သွားတော့ နင် က လီ့ ကို ယူမှာလား။

Ji-အေး ယူတာပေါ့။

Ruby-Kim Jisoo❗️

Mrs,Ruby-မေမေ့ အမြင်တော့ Jiji က အတော်ဖြစ်နေတာမဟုတ်ဘဲ သမီး တို့ ၂ ယောက် က အတော်ဖြစ်နေတာနော်။

Mr,Ruby-ဟုတ်ပါ့ မိန်းမရယ်

Ruby+Sa-ဖေဖေ နဲ့ မေမေနော် ❗️❗️

~~~~~~~~~~~~~~~~~~~~~~~~~~~~

Chae-ငြိမ်ငြိမ် ထိုင်နေစမ်းပါ Lili ရယ်။မျက်လုံးတွေ ကို နောက်နေတာပဲ။ဟိုသွားလိုက် ဒီသွားလိုက်နဲ့ လာမှာပေါ့ ဘယ်လိုဖြစ်နေတာလဲ။

Li-ဟာ....မဟုတ်ပါဘူးဟဲ့ နင်ကလည်း။

Chae-လျှောက်ပြောမနေနဲ့ နင် Ruby ကို မျှော်နေတာ အရမ်း သိသာလွန်းတယ်။

Li-ဟာ...မဟုတ်ပါဘူးဆိုဟယ်။

Chae-ဟုတ်တာတွေ မဟုတ်တာတွေ ပြောမနေနဲ့ ဟိုမှာလာနေပြီ။

ရွှေဝါရောင်မြေ ဝင်းထဲကို ချိုးဝင်လာတဲ့ ကားလေးကြောင့်သစ်ပင်အောက်က အရိပ်မှာ ထိုင်နေတဲ့ Chae က မျက်စိနောက်လောက်အောင် ငြိမ်ငြိမ်မနေသော Lisa အား လက်ညှိုးထိုးပြလိုက်ကာ ပြောလိုက်ခြင်းဖြစ်သည်။

Lisa လည်း ကားလေးဝင်လာတာ မြင်တာနဲ့ ကားနားကို ဆက်ခနဲပြေးသွားကာ စောင့်နေမိတော့သည်။ကားရပ်တာနဲ့ကားတံခါးဖွင့်ကာ သူ့ဆီ ဦးတည်ကာ ပြေးဆင်းလာတဲ့ Ruby ကို Lisa လည်း လက်နှစ်ဖက်ဆန့်တန်းကာ ရင်ဖွင့်ကြိုနေမိတော့သည်။

''အွန့်💢´´

အရှိန်နဲ့ ပြေးလာတဲ့ ခန္ဓာကိုယ်လေးဟာ လုံးလုံး လုံးလုံး နဲ့ Lisa ရင်ခွင်ထဲ ဆောင့်ဝင်သွားတော့ Lisa ခင်မျာ အင့်ခနဲ့ဖြစ်ပြီးဘအသံ သဲ့သဲ့လေး ထွက်သွားပေမယ့် Ruby ခန္ဓာကိုယ်လေးကို ခွာမထုတ်ဘဲ တင်းကြပ်စွာ ပြန် ဖက်ထားလိုက်မိသည်။

*Lisa စိတ်ကူးတောင် မယဉ်ဖူးဘူး Unnie ကို ချစ်သူ တယောက် အနေနဲ့ အခုလို တရားဝင်ပွေ့ဖက်ခွင့် ရလိမ့်မယ်လို့ လေ*

Li-အဲ့တော့ လီ နဲ့ Unnie နဲ့က ချစ်သူတွေ ဖြစ်သွားပြီပေါ့နော် ဟုတ်တယ်မလား

Lisa စကားကြောင့် Ruby လည်း Lisa ရင်ခွင်ထဲကနေ ထွက်ကာ Lisa ကို ခါးထောက်ပြီး စောင်ပေပေနဲ့ ကြည့်နေတဲ့ Ruby ကြောင့် Lisa ပင် ကြောင်တောင်တောင် ဖြစ်သွားတော့သည်။

Li-ဘာဖြစ်လို့လဲ Unnie။

Ruby-ခုန ဘာမေးလိုက်တာလဲ

Li-လီ နဲ့ Unnie က ချစ်သူတွေ ဖြစ်ပြီလား လို့လေ။

Lisa ရဲ့ စကားဆုံးတာနဲ့ Lisa ရဲ့ဗိုက်ခေါက်ကို မရှိတဲ့ ဗိုက်ကို တစ်ဆုံးလိမ်ဆွဲလိုက်တဲ့ Ruby ကြောင့် Lisa မှာထွန့်ထွန့်တွေ လူးနေတော့သည်။

Li-အား....အား နာတယ် Unnie ။လီ့ကို ဘာလို့ လိမ်ဆွဲတာတုန်း။

Ruby-လိမ်ဆွဲရုံတင်မဟုတ်ဘူး စုတ်ပါဖြဲချင်တာ ရှင်က ကျွန်မကို ဘယ်နှခါများ ချစ်ပါတယ်ဆိုပြီး ရည်းစားစကား ပြောဖူးလို့ ရှင် နဲ့ ကျွန်မက ချစ်သူတွေ ဖြစ်ရမှာလဲ။

Li-ဟင်....ရည်းစားစကား

Lisa လည်း တစ်ချက် စဉ်းစားလိုက်ပြီး နောက်တော့ တခုခုကိုစဉ်းစားလို့ ရတဲ့ ပုံစံ နဲ့ ပျော်ရွှင်မြူးထူးစွာ လက်ဖျောက်တစ်ချက် တီးလိုက်ပြီးတော့ ဆက်ခနဲ Ruby ကို ရင်ခွင်ထဲ ဆွဲသွင်းကာ........

Li-Unnie ကို လီ အရမ်းချစ်တယ်။လီ့ ရဲ့ ကျန်ရှိတဲ့ ဘ၀ တစ်လျှောက်လုံး Unnie နဲ့ပဲ ဖြတ်သန်းချင်တယ်။Unnie ကို အမြဲ ပျော်ရွှင်အောင် စိတ်ချမ်းသာအောင် ထားချင်တယ်။Unnie နားမှာ အရိပ်လိုလေး တွယ်ကပ်နေချင်တယ်။Unnie လိုအပ်သမျှ အရာတွေ အားလုံးကို ဖြည့်ဆည်းပေးချင်တယ်။Unnie ကို လီ့ အချစ်တွေနဲ့ နွေးထွေး စေချင်တယ်။Unnie ကို တစ်ဘဝလုံးစာ တာဝန်ယူ ကာကွယ် စောင့်ရှောက် ပေးချင်တယ်။ဒါကြောင့် Unnie  က လီ့ ရဲ့ ချစ်သူ ဖြစ်ပေးနိုင်မလား။

Ruby-ဟင့်အင်း

Li-ရှင်❗️

Ruby-လီ က Unnie ကို တစ်ဘဝလုံးစာပဲ တာဝန်ယူစောင့်ရှောကို့မရဘူး ဘ၀ ဆက်တိုင်း တာဝန်ယူ ကာကွယ်ပါမယ်ဆိုမှ Unnie က အဖြေပေးမှာ။

Ruby ရဲ့ အဖြေစကားလေးကြောင့် Lisa မှာ ခပ်လွင်လွင်လေး ရီလိုက်ကာ ရင်ခွင်ထဲက Ruby ကို အပြင်ထုတ်ပြီးနဖူးလေးကို ခပ်ဖွဖွလေး ဖိကပ်နမ်းလိုက်ကာ.........

Li-လီ ကတိပေးတယ်။Unnie ကို ဘဝဆက်တိုင်း ကာကွယ်စောင့်ရှောက်ပေးမယ်။

Ruby-ဒီလိုဆိုရင်တော့ Unnie က Unnie ရဲ့ ငတုံလေးကို Unnie နဲ့ ချစ်သူဖြစ်ခွင့်ပေးလိုက်ပြီ။

Li-ဟူး....ရေး....ပျော်လိုက်တာ Unnie  ရယ်။

Lisa လည်း ပျော်လွန်းတာကြောင့် Lisa ကို ခါးကနေ မ ချီကာ 360° သုံးပတ်လောက် လှည့်ပစ်လိုက် မိတော့သည်။

ji-ဟို ၂ ယောက် တော်ရုံတန်ရုံပဲ ကောင်းတယ်။ရာသီဥတုကိုလသာနေတယ် များထင်နေလား။ဒီလောက်နေပူနေတာကိုအပူရှပ်ပြီး ဖျား သေချင်လို့လား။

Jiji ပြောမှ Lisa တို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ နေမင်းကြီးက Lisa တို့ ခေါင်းပေါ်တည့်တည့်ကနေ ခြစ်ခြစ်တောက်ပူနေလေရဲ့။စောနကတော့ ချစ်သူ ၂ ယောက် ကြည်နုူးနေကြတာမလို့ သတိမထားမိပေမယ့် ခု သတိထားမိတဲ့ အချိန်မှာ အသားတွေတောင် ကျွမ်းပြီ ထင်ရလောက်တဲ့ အထိ ပူနေတာမလို့။Lisa လည်း Ruby ကို ရင်ခွင်ထဲထည့်ကာ အပေါ်ကနေ မိုးပေးပြီး Jiji ရှိရာ သစ်ပင်ရိပ်ကို လျှောက်လာ ခဲ့ကြတော့သည်။

ji-နင်တို့ တကယ် ပိုကို ပိုလွန်းတယ်။

Li-ဟာ....jiji ကလည်း။ဒါနဲ့ Chae ကော စောနက ရှိပါတယ်။

Ji-နင် တို့ ပိုလွန်းတာ တွေ့ပြီ မခံစားနိုင်တော့လို့ သွားအန်တယ်။

Li-ဟာ....jiji က လည်း။

ji-ဘာကို jiji ကလည်းနေတာလဲ မိုးမမြင် လေမမြင် ဖြစ်နေလိုက်တာများ မပြောလိုက်ချင်ဘူး ကြပ်ကြပ်သတိထား

Ruby-Jiji နော် ကြည့်နေတာ အကောင်းကြည့် နေတယ်များ မှတ်နေလား။Ruby ရဲ့ ခလေးလေးကို ဟိန်းလား ဟောက်လား နဲ့ နော်။ကိုယ့်ဘာသာချစ်လို့ ချစ်ပြကြတာပဲ ဘာဖြစ်လဲ Jiji လည်း ချစ်ခြင်ရင် Chae ကို သွားပြောပေါ့။Ruby ခလေးကို လာမပြောပါနဲ့။

Li-ဟုတ်သားပဲ jiji ရဲ့ Chae ကို သွားပြောလေ။

Ji-ကြီးတော်ကို Chae ကို သွားပြောရမှာလား။နင်တို့ တော်တော်ဖြစ်နေ ကြတာပဲ။လုံး၀ ဆေးမမှီဘူးဟေ့။တော်ပြီကိုယ့်ဘာသာ နေတာပဲကောင်းတယ်။

Ruby-နေပါအုံး jiji ရဲ့။

Ji-ဘာတုန်း မနေဘူး။

Ruby-နေပါအုံး စိတ်မဆိုးပါနဲ့ Jiji လေးရဲ့။ဒါနဲ့ စကားမစပ်Sa လေး ဘယ်သွားလဲ။

Ji-ဘယ်သွားတယ် ရှိမလဲ Tzuyu ဆီ သွားတာပေါ့ဟ။

Ruby-မနိုင်ပါလားဟ အတင်းပဲ နားတောင် မနားဘဲ။သူ့ မယားလေးကို သွားရှာနေတယ်။

Ji-ဘာထူးလို့လဲ နင်တို့ ညီအမတွေ အတူတူပဲ။လွန်ကို လွန်လွန်းတယ် ဖြစ်ပျက်နေကြတာ။

Ruby-Jiji နော်.....။

Ji-jiji မနေနဲ့ ငါ တော့သွားနားတော့မယ်။နင်တို့ဘာသာ လုပ်ချင်တာ လုပ်ကြတော့။

Li-ဟာ....Jiji ကလည်း Lisa တို့က ဘာလုပ်ရမှာလဲ။

Ji-အဲ့တာငါ့ လာမမေးနဲ့ ငါမသိဘူး။Ruby နဲ့သာ တိုင်ပင်ပြီးအဆင်ပြေ သလိုလုပ်ကြ။

Ruby-Jiji❗️❗️❗️

jiji လည်း Ruby က စပြီး အပုရဲ့ ဒေါသကို သိတာမလို့ထိုနေရာကနေ လစ်ခနဲ ပြေးသွားတော့လေသည်။

Jiji ကို ဒေါသထွက်လို့ ဝမှ Lisa ကို သတိရသွားတာကြောင့်နောက်ကို လှည့်ကြည့်လိုက်တော့ လက်ပိုက်ကာ သူ့မကို ပြုံးပြုံးကြီး ကြည့်နေတဲ့ ချစ်လှစွာသော လီ.....။

Ruby-ဘာတွေ အဲ့လောက်တောင် ကြည့်နေတာလဲ

Li-Unnie ကို......

Ruby-တို့ကို....?

Li-အွန်း

Ruby-ဘာလို့ကြည့်တာလဲ

Li-လှ လို့ Unnie က အရမ်းလှလို့ နောက်ကျောလေးပဲ မြင်နေ ရတာတောင် Unnie က သိပ်လှလို့။ပြီးတော့ Unnieကို အရမ်းချစ်လို့။

Ruby-အတတ်လေး

Lisa ပြောလိုက်တဲ့ စကားကြောင့် Ruby ရဲ့ မျက်နှာမှာ ရဲခနဲဘယ်လောက်ပဲ ချစ်တယ်ပြောပြော သူ့ဆီက မကြားဖူးတဲ့ စကားမျိုးတွေ ကြားရတော့ Ruby မှာ ရှက်အားပိုရ ပြန်တာကြောင့် မျက်စောင်းလှလှလေးပင် အပိုဆု အနေနဲ့ ပေးလိုက်မိသေးသည်။

Li-ရှက်မနေနဲ့ ရှက်နေတဲ့ ပုံလေးက ပိုလှပြီ။

Ruby-တော်ပြီနော် လီ။Unnie ရှက်လာပြီ မပြောနဲ့တော့။

Li-ဟုတ်ပါပြီ မပြောတော့ဘူး။

Ruby-နေအုံး မေးစရာရှိတယ်ရှင့်

Li-ဟုတ် မေးလေ။

Ruby-ဒီနေ့ လီ အားလား။

Li-ဒီနေ့.....အင်း အားတယ်လေ ဘာလို့လဲ။

Ruby-Unnie တို့ အပြင် လျှောက်လည်ရအောင်လေ။

Li-အပြင် လျှောက်လည်မယ်။ဟုတ်....ကောင်းသားပဲ သွားကြမယ်လေ။လီ လျှောက်မလည်ဖြစ်တာတောင် ၈ နှစ်လောက် ရှိပြီ အလုပ်ကိစ္စ ဘာညာ ရှိမှ သာ အပြင်ထွက်ဖြစ်တယ်။

Ruby-ဟင်.....လီ ရယ်။၈ နှစ်လောက် အပြင်မသွား လျှောက်မလည် အပန်းမဖြေဘဲ ဘာအလုပ်တွေများ လုပ်နေတာလဲ။

Li-ဒီလိုပါပဲ ဆိုင်ကိစ္စတွေ နဲ့ ရှုပ်နေလို့ပါ။

ဆက်တိုက် ဆင်နွှဲနေရတဲ့ တိုက်ပွဲတွေ အကြောင်း နဲ့အဆက်မပြတ် လေ့ကျင့်နေရတဲ့ ခက်ခဲတဲ့ လေ့ကျင့်မှုတွေအကြောင်းတော့ Lisa မပြောဖြစ်ခဲ့ပါဘူး။

Ruby-ဒါဆို လာ သွားကြမယ်

လက်ကို လာဆွဲကာ တနေရာကို သွားဖို့ ပြင်နေတဲ့ Ruby ကိုမျက်လုံးလေး ဝိုင်းဝိုင်း လေးနဲ့ ခပ်ကြောင်ကြောင်လေး ကြည်ကာ Lisa မေးလိုက်မိသည်။

Li-ဘယ်ကိုသွားမှာလဲ။

Ruby-လျှောက်လည်မယ်လေ။

Li-အခုလား Unnie မနားတော့ဘူးလား။

Ruby-ချစ်သူနဲ့ အတူ ရှိနေရရင် Unnie အတွက် ပင်ပန်းတယ် ဆိုတာ မရှိပါဘူး။ဒါကြောင့် မနားတော့ဘူး။၈ နှစ်တောင်အပြင်လောက ကို လျှောက်မသွားဘူးတဲ့ ကောင်မလေး ကိုဟောဒီက Unnie က စောင့်ရှောက်ပြီး ခေါ်သွားပေးမယ်။

Lisa လက်မောင်းကို လက်တစ်ဖက်လာချိတ်ကာ ကျန်တဲ့လက် တစ်ဖက်နဲ့ သူ့ ရင်ဘတ်လေး သူပုတ်ပြကာ ခေါင်းလေးမော့ပြီး အသံလေး စာစာ စာစာ နဲ့ ပြောနေတဲ့ Ruby ကို ကြည့်ပြီး Lisa မှာ အသည်းတွေ ယားပြီး ချစ်လိုက် ရတာ ဆိုတာ ခန္ဓာကိုယ်အတွင်းထဲမှာ ရှိတဲ့ အသည်းနှလုံး ကလီစာ တွေတောင် ပြောင်းပြန်တွေ ဇောက်ထိုးတွေ ဖြစ်သွားသလား ထင်ရတယ်။ဒီတိုင်းသာ ဆက်သွားရင်သူ့ကို ချစ်လွန်းလို့ Lisa သေမယ် ထင်ပါရဲ့။

Li-အမလေးနော် Unnie က မှ တကယ့် အတတ်လေး ချစ်လိုက်တာ ရှင်။

ပြောပြီး Ruby ရဲ့ ပါးဖောင်းဖောင်းလေးထံသို့ သူမရဲ့ နှာခေါင်းချွန်ချွန်လေးကို ထိုးအပ်ပေးလိုက်မိတော့သည်။

Li-Unnie ကိုတော့ ချစ်ရလွန်းလို့ လီ ရူးလိမ့်မယ်။

သူမရဲ့ ခေါင်းပေါ်က ဆံသား လှလှလေးကို လက်လေးနဲ့ ခပ်ဖွဖွလေး ထိုးဖွကာ ပြောလာတဲ့ Lisa ရဲ့ ချစ်စကားလေးကြောင့် Ruby ရဲ့ နှုတ်ခမ်း နှစ်လွှာဟာ ကွေးညွှန့် ကော့တက်ကာ ကြည်နူးစွာ ပြုံးနေမိတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

လျှောက်လည်မယ် ဆိုပြီး ၂ ယောက်သား ထွက်လာလိုက်ကြတာ နယ်မြေ မကျွမ်းတဲ့ Ruby နဲ့ လျှောက်လည်ရင် ဘယ်သွားရမလဲ မသိတဲ့ Lisa တို့ နောက်ဆုံးတော့ ဘူဆန်ဈေးကြီး အပြင်ဘက်က ဆိုင်ခန်း တန်းလေးတွေ ဆီရောက်သွားလေရဲ့။

Ruby-လီ....Unnie ဗိုက်ဆာတယ်

Li-Unnie စောနကပဲ ပဲခေါက်ဆွဲ စားထားတာလေ။

Ruby-လမ်းလျှောက်တာများတော့ စာသွားပြီရှင့်

Li-အော်အဲ့လိုလား

Ruby-အင်း

Li-ဒါဆို ဘာစားချင်လဲ

Ruby-ဟိုနားမှာတွေ့လား ကြက်သားဒုတ်ထိုး စားကြမယ်

Li-ဟုတ်ပြီ စားပါရှင့်

* အမလေး ကျွန်မ လူကြီး ကလေးလေး စားနေတဲ့ ပုံလေးကလေ ပါးဖောင်းလေးက လှုပ်စိလှုပ်စိ လေးနဲ့ နှုတ်ခမ်းလေးကတစ်ချက် တစ်ချက်ထော်လာသေးတယ်။စိတ်ရှိလက်ရှိသာ ဆွဲနမ်းလိုက်ရရင်တော့ ဒီနေရာမှာတင် မဟုတ်တာတွေ ဖြစ်ကုန်နိုင်တယ်။ဖြစ်နိုင်ရင် ပုံစံလေးက ချစ်ဖို့ကောင်းလွန်းလို့သူများတွေ မြင်မှာဆိုးလို့ ရင်ခွင်ထဲသာ အမြဲ ထည့်ပြီး ဖွက်ထား လိုက်ချင်တော့သည်။လူသားတယောက်က အဲ့လောက် ချစ်ဖို့ကောင်းပြီး ပြီးပြည့်စုံနေစရာ လို့လို့လား ရှင်။တခြာသူတွေ ကြည့်မှာတောင် သဝန်တိုတယ်*

Ruby-လီ....စားလေ ဘာလို့ Unnie ကို ကြည့်နေတာလဲ။

Li-Unnie စားတာလေးက ချစ်စရာကောင်းလို့။Unnie စားတာကြည့်ပြီး လီ အလိုလိုကို ဗိုက်ဝနေပြီ။

Ruby-ဟုတ်ပါပြီ အတတ်လေးရယ်။Unnie စားလို့ပြီးပြီရှင်းလို့ရပြီနော်။

Li-ဟုတ်ကဲ့ Unnie။ဦးလေး ဘယ်လောက်ကျပါသလဲရှင့်။

''၁၅၀၀ ဝမ်ပါ တူမကြီး´´

Li-ဟုတ်ကဲ့ ဦးလေး။ဒီမှာ ၂၀၀၀ ပါရှင့်။ပြန်မအမ်းပါနဲ့တော့

''ကျေးဇူးတင်ပါတယ် တူမကြီး တို့ရယ်´´

Ruby-ဟုတ်ကဲ့ပါရှင့်။

Ruby နဲ့ Lisa လည်း ဆိုင်အပြင်ဘက်ကို ပြန်ထွက်လာပြီးလမ်းဆက်လျှောက် နေမိတော့သည်။ထိုစဉ်........

Ruby-ရပ်....ရပ် လီ ခန ရပ်။

Li-ဘာလို့လဲ Unnie ရဲ့

Ruby-ဟိုမှာကြည့်

Lisa လည်း Ruby ညွှန်ပြတဲ့ နေရာကိုကြည့်လိုက်တော့ဓာတ်ပုံဆိုင် တစ်ဆိုင်။

Li-ဓာတ်ပုံဆိုင်....? ဘာလုပ်ဖို့လဲ Unnie ရဲ့။

Ruby-လီ နဲ့ Unnie ဓာတ်ပုံရိုက်မယ်လေ ပြီးရင် တယောက်တစ်ပုံ သိမ်းထားကြမယ်လေနော်။

Lisa လည်း တစ်ချက်ပြုံးလိုက်ကာ......

Li-Unnie သဘော ပါရှင့်။

Ruby လည်း Lisa ရဲ့ လက်ကိုပြုံးပြီး ဆွဲသွားကာ ဓာတ်ပုံ ဆိုင်ထဲ ဝင်သွားတော့သည်။

Ruby-ဒီမှာရှင့် ဓာတ်ပုံရိုက်ချင်လို့ပါ။

Ruby က ဆိုင် အတွင်းက ကောင်တာမှာ ထိုင်နေသော ကောင်လေး တယောက်ကို မေးလိုက်ခြင်း ဖြစ်သည်။

"ဟုတ်ကဲ့ ဘယ်လိုအမျိုးအစားများလဲ ခင်မျ။အလှဓာတ်ပုံလား။ရုံးသုံး လုပ်ငန်းအတွက် လိုအပ်တဲ့ ဓာတ်ပုံလားဗျ"

Ruby-အလှဓာတ်ပုံပါရှင့်

"ဟုတ်ကဲ့ဗျ ဒါဆို ခနလောက် ဟိုနားလေးမှာ ထိုင်စောင့်ပေးပါအုံး ခင်ဗျ။ကျွန်တော် ဓာတ်ပုံဆရာ သွားခေါ်လိုက်ပါအုံးမယ်ဗျ"

Ruby တို့ ၂ ယောက်လည်း ကောင်က ဝန်ထမ်း ကောင်လေးညွှန်ပြတဲ့ နေရာမှာ ဝင်ထိုင် နေလိုက်တော့သည်။Lisa လည်းထိုင်နေတုန်း သူ့ပခုံးပေါ်မှီလာတဲ့ ငပျင်း လူကြီးလေးကို နဖူးလေးကို ခပ်ဖွဖွ တောက်လိုက်ကာ..........

Li-လျှောက်သွား လျှောက်စားရတာ ပင်ပန်းသွားပြီလားရှင့်

Ruby-လီ....နော်။

စ လိုက်တဲ့ ကောင်းမှုကြောင့် Lisa ပြန်ရလိုက်တဲ့ အရာကားသိပမလှတဲ့ မျက်စောင်းလေး တခု.....။

" အမ တို့  ဓာတ်ပုံ ဆရာ ရောက်ပါပြီ ဗျ။ဓာတ်ပုံရိုက်ဖို့ အထဲကို ကြွကြပါ ခင်မျ"

စောနက ထွက်သွားတဲ့ ဝန်ထမ်းကောင်လေးက ဓာတ်ပုံရိုက်လို့ ရပြီလို့ လာခေါ်တာကြောင့် Ruby လည်း Lisa လက်ကိုဆွဲကာ ဓာတ်ပုံရိုက်မည့် နေရာသို့ ဦးတည်လိုက် တော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~

Ruby-ကျေးဇူးတင်ပါတယ်ရှင့် ပုံကောင်းလေး ထွက်အောင်ရိုက်ပေးလို့။

"ဟုတ်ကဲ့ လာ အာပေးတဲ့ အမလေးတို့ကိုလည်း ကျွန်တော်တို့ ဘက်က ကျေးဇူ အများကြီး တင်ပါတယ်ဗျ။ဒီမှာ ပုံတွေပါဗျ"

Li-ဟုတ်ကဲ့ ကျသင့်ငွေ ပါရှင့်။

" ကျေးဇူးတင်ပါတယ် ခင်မျ "

Ruby တို့လည်း တယောက်လက် တယောက်ဆွဲကာ  ကားဆီရာ ဆီသို့ ပြန်လျှောက်လာကြတော့သည်။ကားပေါ်ရောက်တော့.......။

Ruby-လီ....ပုံလေးကြည့်ရအောင်လေ ကောင်းလားလို့

Li-ဟုတ်ကဲ့ Unnie

Ruby လည်း ပုံလေး ထည့်ထားတဲ့ ဝါကျင့်ကျင့် စာအိတ်လေးကို ဖွင့်ပြီး ဓာတ်ပုံလေးကို ကြည့်လိုက်တော့သည်။

Ruby-ဟယ် လှတယ်တော့။လီ က ရုပ်တည်နဲ့တောင် ချောနေတာ ဓာတ်ရှင် မင်းသမီး လုပ်လို့ရပြီ။

Li-ဟာ....Unnie ကလည်း လုပ်ပြီ။ဒီမှာကြည့်ပါလားUnnie ကမှ ပို ချောတာပါနော်။

Ruby-ဟုတ်ပါပြီ ရှင်ရယ်။ရော့....လီ က တစ်ပုံ သိမ်းထား Unnie က တစ်ပုံ သိမ်းထားမယ်။တို့ ၂ယောက် အမှတ်တရပေါ့။

Li-ဟုတ်ကဲပါ ရှင့်

Lisa လည်း Ruby လက်လေးကို ဆုပ်ကိုင်ပြီး ခပ်ဖွဖွလေး ငုံ့နမ်းကာ Ruby လက်တစ်ဖက်ကို ကိုင်ထားလျက်ပင် သူတို့ရဲ့ ချစ်ရိပ်မြုံလေး ရွှေဝါရောင်မြေ သို့ ပြန်လည် ထွက်ခွာလာကြတော့သည်။Ruby ကတော့ သူမ  ဘက်ခြမ်းက Lisa ရဲ့လက်မောင်းလေးကို မှီလျက်ပေါ့။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ဆုံးဆုံးမြုတ်နေတဲ့ JL သင်္ဘောကြီးကြောင့်ရော ခ ဘာသာ ပျင်းနေတာနဲ့ပါ စာရေးတာ ကြာနေတာလေးကို ဆုံးမခဲ့ ကြပါအုံး။ခ ဘဝမှာလေ အဖြစ်ချင်ဆုံး ဆန္ဒ ၅ ခုရှိတယ် သိလား။အဲ့ထဲက တစ်ခုက ဒီ ဇာတ်လမ်းလေး ဒါမှမဟုတ် နောက်ရေးမဲ့ Home ဆိုတဲ့ ဇာတ်လမ်းလေး နှစ်ခု ထဲက တစ်ခုကို စာအုပ်ထုတ်ချင်တာ ဖြစ်နိုင်ရင်တော့ ၂ အုပ်လုံးပေါ့ခ လည်း စာအုပ်ထုတ် လို့ ရတဲ့ အထိပါ သေချာကြိုးစား နေတာမလို့ ချစ်တို့ကလည်း အားပေးပေးကြပါနော်။စပ်တယ်ပြောနေကြလို့ ချိုပေးထားတယ်ရှင့်။

Readers တို့ကို အရမ်းချစ်ပါတယ်။Readers တွေကို အရမ်းချစ်တဲ့ Tu Nhai Kha#💚

..................................................................

There are no comments yet. Log in to be the first to leave a review!

Similar stories