Fanfics

33💛

20:23, 1 October 2021

Love and Loyaltyအခ်စ္ နဲ႔ သစၥာ

For ZG😍

Li-မဟုတ္ဘူး Unnie.....🗣😭😭 လီ ေတာင္းပန္ပါတယ္ လီ ျဖစ္ေစခ်င္ခဲ့တာ ဒီလို မဟုတ္ဘူး။ေတာင္းပန္ပါတယ္ Kai ကို လက္မထပ္ပါနဲ႔.....Unnie ေတာင္းပန္ပါတယ္...လီ မွားပါတယ္....အား....Unnie.😭😭😭

Lisa လည္း သူ႔လုပ္ခဲ့တဲ့ အမွားေတြေၾကာင့္ ခ်ံဳးပြဲခ် ငိုကာ ရင္ထဲက အနာေတြမ်ား ေပ်ာက္လိုေပ်ာက္ျငား ေျမျပင္ကို လက္သီးနဲ႔ သာ လွိမ့္ထိုးေနမိေတာ့သည္။Ruby ျပန္သြားကတည္းက တရိပ္ရိပ္တက္လာတဲ့ မိုးတိမ္မဲေတြဟာ ခုေတာ့မိုးေရေတြအျဖစ္ Lisa ကိုယ္ေပၚကို ႐ြာသြန္းေနေလရဲ႕။Lisa ရဲ႕ လက္ႏုႏုေလးေတြကေတာ့ ေျမျပင္ရဲ႕ၾကမ္းတမ္းမႈနဲ႔ အႀကိမ္ႀကိမ္ ထိခိုက္မိတာေၾကာင့္ ေပါက္ၿပဲကာ ေသြးေတြပင္ ဒလေဟာ စီးက်လာေတာ့သည္။

မိုးေရထဲ ထိုင္ငိုေနတဲ့ Lisa ကို သူတေယာက္တည္း ေနခ်င္မွာပဲ ဆိုၿပီး Chae တေယာက္တည္း ထားခဲ့နိုင္ေပမယ့္ ကိုယ့္အသား ကိုယ္နာေအာင္ လုပ္ေနတဲ့ Lisa ကိုေတာ့ Chae ဒီအတိုင္းၾကည့္မေနနိုင္တာေၾကာင့္ သစ္ပင္အကြယ္ကေန Lisa ဆီကို ေျပးထြက္သြားေတာ့သည္။

အနားေရာက္ေတာ့ ျမင္လိုက္ရတာက Chae ရင္ကို မီးစ နဲ႔ထိုးလိုက္သလိုပင္။ဒီေလာက္ မိုးေတြ႐ြာေနတဲ့ အခ်ိန္ Lisaလက္က ဒဏ္ရာေတြနဲ႔ ေသြးေတြကို ျမင္လိုက္ရတာေၾကာင့္Chae ရဲ႕ ခႏၶာကိုယ္ အတြင္း အျပင္ အကုန္လံုး မီးရႈိ႕ခံလိုက္ရသလို တစ္ကုန္လံုး ပူထူသြားေတာ့သည္။

Chae အနားေရာက္ေနတာေတာင္ ေမာ့မၾကည့္ဘဲ ေျမျပင္ကိုသာ စိတ္ရွိလက္ရွိ ထိုးေနတဲ့ Lisa ရဲ႕ လက္ကို ဖမ္းခ်ဳပ္ၿပီးLisa အေရွ႕မွာ ဒူးေထာက္ထိုင္ခ်လိုက္ၿပီး Lisa ေခါင္းေလးကို ရင္ခြင္ထဲ ထည့္ကာ Lisa ခႏၶာကိုယ္ တခုလံုးကို လႈပ္မရေအာင္ တင္းေနေအာင္ ဖက္ထားလိုက္ေတာ့သည္။

Chae-ေတာ္ေတာ့  Lili ကိုယ့္ကိုယ္ကို နာေအာင္မလုပ္စမ္းပါနဲ႔ Lili အဲ့လို လုပ္ေနလို႔ Ruby နဲ႔ Lili က အဆင္ေျပသြားမွာမွ မဟုတ္တာ မနက္ျဖန္က်ရင္ Ruby ကို ျပန္သြားၿပီး ရွင္းျပၾကမယ္ေလ Chae ပါ လိုက္ၿပီး ကူရွင္းေပးမယ္ေလ။ေက်းဇူးျပဳၿပီး ကိုယ့္ကိုယ္ကို နာက်င္ေအာင္ မလုပ္ပါနဲ႔ Lili ရယ္။ေက်းဇူးျပဳၿပီးေတာ့ပါ Chae မခံစားနိုင္လို႔ပါ။Lili နာက်င္တာ ျမင္ရင္ Chae မေနနိုင္လို႔ပါ Lili ျဖစ္ေစခ်င္တာမွန္သမ်ွ Chae ျဖစ္ေအာင္ ကူညီေပးမယ္။Ruby ကိုလည္းကူ ရွင္းျပေပးမယ္ ဒါေၾကာင့္မလို႔ ကိုယ့္ကိုယ္ကိုေတာ့ နာက်င္ ေအာင္ မလုပ္ပါနဲ႔  Lili ရယ္😭😭

Li-Lili ကုိ Unnie က အထင္လြဲသြားၿပီ Chae ရဲ႕😭

Chae-Chae ျပန္ရွင္းျပေပးမယ္ေလေနာ္

Li-Unn...Unnie က....အဟင့္....Lili ကို မုန္းျပစ္ေတာ့....အဟင့္....ဟင့္....မုန္းျပစ္ေတာ့မယ္တဲ့ Chae ရဲ႕😭

Chae-Ruby ကို Chae ေသခ်ာေျပာျပ လိုက္မယ္ေလေနာ္Lili ေလး ကို မမုန္းပါနဲ႔လို႔ Lili ေလးမွာ အျပစ္မရွိပါဘူးလို႔ဆိုၿပီးေတာ့ေလ အဲ့က် Lili ကို Ruby က ဘယ္မုန္းေတာ့မလဲ ပိုၿပီးေတာင္ ခ်စ္လာအံုးမယ္။

ခေလးေလးတေယာက္လို ရင္ခြင္ထဲမွာ တရႈံ႕ရႈံ႕နဲ႔ ငိုလိုက္ ေျပာလိုက္ လုပ္ေနတဲ့ Lisa ကို Chae လည္း ေခါင္းေလးကို ပြတ္ၿပီး ေျပရာေျပေၾကာင္း ေျပာကာ ခေလးေလးတေယာက္ကို ေခ်ာ့သလို ေခ်ာ့ေနရေတာ့သည္။

Li-တ....တကယ္...ေနာ္...အဟင့္...😢

Chae-တကယ္ေပါ့ Lili ရဲ႕။Chae က ဘယ္တုန္းက Liliကို လိမ္ေျပာဖူးလို႔လဲ။

Li-အဟင့္....မ....မေျပာဘူးပါဘူး....😢

Lisa ပံုစံက တကယ္ ခေလးေလး တစ္ေယာက္ လို ျဖစ္သြား တာေၾကာင့္ Chae နားမလည္နိုင္ေတာ့ပါ။ဒါေပမယ့္ Chaeလည္း ထိုအခ်က္ကို အခြင့္ေကာင္းယူကာ Lisa ငိုတာရပ္ၿပီးမိုးေရထဲ က ေန အျမန္ဆံုး အမိုးအကာ ေအာက္ကို သြားနိုင္ရန္သာ ႀကိဳးပမ္းေနမိေတာ့သည္။

Chae-အင္း လိမၼာတယ္ ခုေတာ့ မငိုနဲ႔ေတာ့ တိတ္ေတာ့။ခုဆက္ ငိုေနရင္ Ruby ကို Chae သြားမေျပာေပးေတာ့ဘူးေနာ္။

Li-ဟာ....အဲ့...အဲ့လိုေတာ့ မလုပ္နဲ႔....Liliမငို....မငိုေတာ့ ဘူးေနာ္။

ေျပာကာ မ်က္ရည္ေတြကို အတင္း လက္ခံုေကာ လက္ဖဝါး နဲ႔ပြတ္သုတ္ၿပီး တန္းၿပံဳးျပတဲ့ Lisa ေၾကာင့္ Chae ရင္ထဲ နင့္ခနဲ ျဖစ္သြားေတာ့သည္။ၿပီးေတာ့ Lisa ဘာျဖစ္တယ္ဆိုတာပါ Chae နားလည္သြားေတာ့သည္။

Chae-လာ....မိုးေရထဲမွာ ၾကာၾကာ ေနရင္ ေနမေကာင္းျဖစ္လိမ့္မယ္ ထ....အထဲ၀င္ၾကစို႔။

Li-Unnie ကို တကယ္လိုက္ ေျပာေပးမွာမလား။

Chae-အင္း အခု အထဲကို အတူတူ လိုက္၀င္ရင္ တကယ္ေျပာေပးမွာ။

Li-အဲ့တာဆို....လာေလ သြားမယ္။

Lisa လည္း စကားဆံုးတာနဲ႔ Chae ရဲ႕ လက္ကို ဆြဲကာ မိုးေရထဲ အျမန္ ျဖတ္ေျပးကာ အေဆာင္ထဲ ေျပး၀င္သြားေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~

Lisa ဆီက Ruby ျပန္ထြက္လာတာ ေတြ႕တာနဲ႔ Jiji ကChae ကို ႏႈတ္ဆက္ကာ သူအရင္ ကားဆီသို႔ အျမန္ျပန္လာၿပီး Ruby ကို ေစာင့္ေနမိသည္။

ခနေနေတာ့ Ruby ေရာက္လာေတာ့ Jiji လည္း အသင့္ေစာင့္ ေနၿပီး ကားတံခါးကို ဖြင့္ေပးလိုက္ေတာ့ Ruby က Jijiကို ေမာ့ၾကည့္လိုက္ၿပီး တခုခုေျပာဖို႔ ျပင္လိုက္ေပမယ့္ Ruby ကို ဆြဲဖက္ကာ ရင္ခြင္ထဲ ထည့္ၿပီး ေခါင္းေလးကို ပြတ္ေပးတာေၾကာင့္ Ruby ေျပာမည့္ စကားမ်ားမွာ ႏႈတ္ခမ္းကေန ထြက္မလာေတာ့ဘဲ မ်က္၀န္းကေန မ်က္ရည္ အျဖစ္သာ စီးက် လာေတာ့သည္။

Ji-ငို Ruby.....ငိုခ်လိုက္။Jiji ကို ဘာမွ ေျပာျပစရာမလိုဘူးjiji အကုန္သိတယ္ အကုန္လည္း ၾကားတယ္။ငိုခ်ပလိုက္

Jiji ရဲ႕ စကားေၾကာင့္ Ruby ရဲ႕ မ်က္ရည္ေတြဟာ Jiji ရင္ခြင္ကို နွစ္ဆ ပိုမို စိုစြတ္ေစခဲ့သည္။Ruby ငိုေနတုန္း  မိုးေတြ႐ြာခ်တာမလို႔ Ruby က jiji ရင္ခြင္ထဲကေန ထြက္ဖို႔ျပင္လိုက္ေပမယ့္ Jiji က တင္းၾကပ္စြာ ဖက္ထားတာေၾကာင့္ထြက္မရခဲ့ေပ။

Ji-ငိုလို႔မ၀ေသးဘဲ ရင္ထဲမွာ ေပါ့မသြားေသးရင္ jiji ရင္ခြင္ထဲက မထြက္ဘဲနဲ႔ ငိုပါ။ရင္ထဲမွာ ဘယ္ေလာက္ခံစား ေနရမယ္ ဆိုတာ ကိုယ္ခ်င္းစာတယ္ လို႔ေျပာရင္ Jiji လိမ္ရာက်လိမ့္မယ္ ဆိုေပမယ့္ Ruby ဘယ္လို ခံစားေနရလဲ Jiji သိပါတယ္။ငိုခ်လိုက္ပါ Ruby ရင္ထဲက ခံစားရတာေတြ အကုန္ မသက္သာရင္ေတာင္ နည္းနည္းျဖစ္ျဖစ္ သက္သာသြားေအာင္ပါ Ruby ရယ္ ငိုခ်လိုက္ပါ။

jiji စကားေၾကာင့္ Ruby လည္း မိုး႐ြာေနတာကိုပါ ဂရုမစိုက္ ေတာ့ဘဲ Jiji ရင္ခြင္ထဲမွာ ရင္ထဲက ခံစားေနတာေတြ သက္သာေအာင္ ငိုခ်ျပစ္လိုက္ေတာ့သည္။

မိုးေရထဲမယ္ အေတာ္ၾကာေအာင္ ငိုေနမိတာေၾကာင့္ Ruby  ရဲ႕ ခႏၶာကိုယ္ေလးမွာ ေအးလို႕ တုန္ေနၿပီျဖစ္သည္။ရင္ခြင္ထဲက Ruby ရဲ႕ ခႏၶာကိုယ္ေလး ေအးလို႔ တုန္ေနၿပီျဖစ္တာေၾကာင့္ jiji လည္း ကားထဲ၀င္ဖို႔ပဲ ဆံုးျဖတ္လိုက္ေတာ့သည္။

Ji-ကားထဲ၀င္ရေအာင္ အရမ္းေအးေနရင္ ေနမေကာင္းျဖစ္လိမ့္မယ္။

Jiji ရဲ႕ စကားကို သေဘာတူတဲ့ အေနနဲ႔ ရင္ခြင္ထဲကေန Ruby ေခါင္းညႇိမ့္ျပတာေၾကာင့္ Jiji လည္း Ruby ကို ေပြ႕ခ်ီကာ ကားထဲထည့္လိုက္သည္။

ၿပီးေတာ့ သူက Driver set တြင္ ၀င္ထိုင္လိုက္ၿပီး ေ႐ႊဝါေရာင္ေျမကို ေက်ာေပးထြက္ခြာကာ ဘူဆန္ ဂ်ပန္ ဌာနခ်ဳပ္ကို သာ ဦးတည္လိုက္ေတာ့သည္။

Ruby တို႔ အိမ္ျပန္ေရာက္ေတာ့ jiji က အိမ္ေရွ႕မွာ ကားကိုရပ္လိုက္ၿပီး ကားေပၚက အျမန္ဆင္းကာ  Ruby ရွိတဲ့ အျခမ္းကို ေျပးသြားၿပီး Ruby ကို ေပြ႕ခ်ီက အိမ္ထဲသို႔ ၀င္လာခဲ့ေတာ့သည္။

တကယ္ေတာ့ Ruby ကို ကားထဲ ခ်ီ ထည့္ ၊ ကားေပၚကေန အိမ္ထဲကို ေပြ႕ခ်ီ ၿပီးေခၚလာတဲ့ Jij ကို Ruby ေက်းဇူးတင္ ရမည္ ဘာလို႔ဆို ခုခ်ိန္မွာ Ruby ခႏၶာကိုယ္ တစ္ခုလံုးက ရွိသမ်ွ အားေတြ ထုတ္သံုးလိုက္ရင္ေတာင္ Ruby အဖို႔ မတ္တပ္ရပ္ဖို႔ေတာင္မလြယ္ကူေသာ ေၾကာင့္ပင္ ျဖစ္ေတာ့သည္

Mrs,Ruby-ဟယ္ သမီး jiji နဲ႔ သမီး Ruby ဘယ္လိုျဖစ္တာလဲ မိုးေရေတြလဲ ႐ႊဲလို႔ပါလား။Ruby ေလးကေကာ ဘာျဖစ္လို႔ jiji က ခ်ီ လာရတာလဲ။

ဧည့္ခန္းထဲမွာ Mr,Ruby နဲ႔ အတူ ထိုင္ကာ စကားေျပာေနတဲ့ Mrs,Ruby က ေမးလိုက္ျခင္းပင္ ျဖစ္သည္။

ji-ဟုတ္ အန္တီ။jiji တို႔ မိုးနည္းနည္း မိလာၾကတယ္။

Mrs,Ruby-ေအာ္ ေအး ဂရုစိုက္ပါကြယ္ ေနမေကာင္းျဖစ္အံုးမယ္။

Mr,Ruby-သမီး Ruby....သမီး ခ်စ္သူနဲ႔ သြားေတြ႕တာ အဆင္ေကာ ေျပရဲ႕လား။

ji-ဟိုေလ အန္ကယ္ အဲ့တာကိုေလ........

Ruby-Jiji ေန Ruby ဘဲ ေျပာလိုက္မယ္။

Jiji က Ruby နဲ႔ Lisa အေျခအေနက အဆင္မေျပခဲ့တာမလို႔ Ruby ေျဖရတာ အဆင္မေျပမွာဆိုးလို႔ ေရွ႕ကေန စကား လမ္းေၾကာင္းလႊဲဖို႔ ျပင္လိုက္ေပမယ့္ Ruby က တားလိုက္တာေၾကာင့္ ဘာမွမေျပာဘဲ ႏႈတ္ဆိတ္သာ ေနလိုက္ၿပီး Ruby ေျပာရတာ အဆင္ေျပပါေစလို႔သာ ရင္ထဲက ဆုေတာင္း ေနမိေတာ့တယ္။

Ruby-သမီးေရာ Jiji ပါ မိုးေတြမိလာလို႔ အက်ီေလး သြားလဲ လိုက္ပါအံုးမယ္ ၿပီးရင္ ျပန္ဆင္းလာၿပီး အေၾကာင္းစံုေျပာျပပါ့မယ္ ေဖေဖ။

Mrs,Ruby-ဟုတ္သားပဲ ေဖႀကီးရယ္ ခေလးေတြ အေအးပတ္ၿပီး ဖ်ားကုန္ေတာ့မယ္ သြားသြား အျမန္ အက်ီသြားလဲလိုက္။ေႏြးေႏြးေထြးေထြးလည္း ၀တ္ေနာ္။

Ji-ဟုတ္ကဲ့ အန္တီ။

jiji လည္း Ruby ကို အေပၚထပ္ကို ေပြ႕ခ်ီ လ်က္သားေလး ေခၚသြားကာ Ruby အခန္းဘက္ကို မသြားဘဲ သူ႔ရဲ႕ အခန္းဘက္ကို သြားတာေၾကာင့္ Ruby လည္း Jiji ကို တားလိုက္ေတာ့သည္။

Ruby-Jiji ေနအံုးေလ။Ruby ကို အရင္ လိုက္ပို႔ရအံုးမယ္ေလ။

Ji-မသြားဘူး Jiji အခန္းကိုပဲ လိုက္ခဲ့။

Ruby-အ၀တ္အစားေတြ လဲရအံုးမယ္ေလ။

Ji-Jiji ဟာေတြပဲ ယူ၀တ္။

Ruby-ဘာလို႔ Ruby ရဲ႕ အခန္းကို လိုက္မပို႔တာလဲ။

Ji-စိတ္မခ်လို႔။

Ruby-ဘာကိုစိတ္မခ်တာလဲ Ruby ကိုလား။

Ji-အင္း ဟုတ္တယ္။အက်ီ မလဲဘဲ အက်ီေရစိုႀကီးနဲ႔ တေယာက္တည္း ထိုင္ေနမွာဆိုးလို႔။

Jiji စကားေၾကာင့္ စိတ္ေတြညစ္ေနတဲ့ ၾကားက Ruby ၿပံဳးလိုက္မိသည္။

* jiji ကေလ Ruby ကိုဆို သိပ္ဂရုစိုက္တာ။ခုလည္း ၾကည့္ပါလား Ruby စိတ္ေတြညစ္ေနရင္ ဘာလုပ္မယ္မွန္းသိလို႔ Ruby ကို သူ႔ အခန္းထဲေခၚလာတာတဲ့*

Jiji လည္း သူ႔အခန္းတံခါးေလးကို Ruby  ကို ေပြ႕ခ်ီထားလ်က္ပင္ လက္ကိုင္ဘုေလးကို လွည့္လိုက္ၿပီး ေျခေထာက္ေလးနဲ႔ တြန္းဖြင့္ကာ အခန္းထဲ ၀င္လာလိုက္ေတာ့သည္။Ruby ကို သူ႔ ကုတင္ေပၚမွာ ခ်လိုက္ၿပီး သူမရဲ႕ အ၀တ္ဗီရိုထဲက အက်ီထုတ္ေပးၿပီး Ruby ကို အ၀တ္အစား လဲခိုင္းေနေလရဲ႕။

Ji-ေရာ႕.....အက်ီ နင္က ဒီမွာလဲလိုက္ ငါက ေရခ်ိဳးခန္းထဲ၀င္လဲလိုက္မယ္။ငါထြက္မလာခင္ နင္ အျမန္လဲေနာ္။

Ruby-Kim Jisoo shi....ရွင္ ကြၽန္မကို အဲ့ေလာက္ ဂရုစိုက္ေပးေနတာ ဘာလို႔လဲ ကြၽန္မ ကိုမ်ား ခ်စ္ေနလို႔လား။

Ji-ေပါက္ကရေတြမေျပာစမ္းပါနဲ႔ဟယ္။ငါ Chae က လြဲလို႔ဘယ္သူ႔ကိုမွ မခ်စ္ဘူး။နင့္က ငါ့ညီမေလးအရင္းေလးလို ခ်စ္ရတဲ့ သူမလို႔  ငါက ဂရုစိုက္ေပးေနတာ။

Jiji စကားေၾကာင့္ ၿပံဳးေနတဲ့ Ruby ရဲ႕ မ်က္နွာေလး ျပန္ညႇိဳးသြားတာေၾကာင့္ ကိုယ့္ပါးကိုယ္သာ ျပန္ရိုက္ခ်င္မိေတာ့သည္။

Ji-ေတာင္းပန္ပါတယ္။

Ruby-ေတာင္းပန္ပါတယ္။

၂ ေယာက္လံုးဆီက တစ္ၿပိဳင္နက္တည္း ထြက္လာတဲ့ စကားတစ္ခြန္း.....။

Ruby- ေတာင္းပန္ပါတယ္ jiji။ငါ့ေၾကာင့္....လီ နဲ႔ Chae က လက္ထပ္ေတာ့မွာ။

Ji-ဘာမွမျဖစ္ပါဘူး Ruby ရယ္။ငါက Chae ကို စခ်စ္ကတည္းက သူ႔အခ်စ္ကို ျပန္ရတာ မရတာ ထည့္မတြက္မခဲ့ပါဘူး။ငါက သူ႔ကို ခ်စ္ေနရရင္ ပဲ ေက်နပ္တာ သူ ဘယ္လို အေျခအေန ဘယ္လို အေနအထားျဖစ္ျဖစ္ ငါကေတာ့ ခ်စ္ေနမွာပဲ။သူ႔အတြက္ လိုအပ္တာ သူ လိုအပ္တာ မွန္သမ်ွကိုငါက အစြမ္းကုန္ျဖည့္စည္းေပးမွာ ေတာ္ၿပီေလ ဒီေလာက္ဆိုငါ့အခ်စ္က ငါ့အတြက္ အဓိပၸါယ္အမ်ားၿကီး ရွိသြားၿပီ။

Jiji စကားေၾကာင့္ Ruby ပညာေတြ အမ်ားႀကီးရသြားသလို။Jiji က တကယ့္ကို ခ်စ္တတ္တဲ့ သူပါလား ဆိုတာကိုပါ သိလိုက္ရေတာ့သည္။

* ဟုတ္တယ္ Ruby ခ်စ္တဲ့ သူက ဘယ္လို အေျခအေနပဲျဖစ္ျဖစ္ ဘယ္လိုအေနအထားျဖစ္ျဖစ္ Ruby ကိုယ္တိုင္ကလည္း ဘယ္လို အေျခအေန ဘယ္လို အေနအထားပဲျဖစ္ျဖစ္ အေရးႀကီးတာ Ruby က သူ႔ကို အၿမဲ ခ်စ္ေနဖို႔ပဲ။က်န္တာမလိုေတာ့ပါဘူး*

Ji-Ruby......

Ruby-ေျပာေလ jiji။

Ji-နင္ အန္ကယ့္ကို ဘယ္လိုေျပာျပမွာလဲ။အျဖစ္မွန္အတိုင္းေျပာျပမွာလား။

Ruby-အျဖစ္အမွန္တိုင္း မေျပာလို႔ ငါက ဘယ္လိုေျပာရမွာလဲ။

Ji-နင္ Kai ကို လက္မထပ္ခ်င္ဘူးမလား။

Ruby-အင္း။

Ji-အဲ့တာဆို ဟိုေလ.....ငါ နင့္ ခ်စ္သူ ေနရာက ကူၿပီးသရုပ္ေဆာင္ေပးရမလား အဲ့တာမွ နင္ Kai ကို လက္မထပ္ရမွာေလ။

Ruby-...........................

အေတာ္ေလးၾကာေတာ့ Ruby ကို ေက်ာပိုးကာ ေအာက္ထပ္က ဧည့္ခန္းထဲကို ဆင္းလာတဲ့ Jiji ရယ္ပါ။

Mr,Ruby-လာ သမီးတို႔ ထိုင္ၾက။Ruby ေလးက ခုထိ Jijiေလးဆီမွာ ခေလးလုပ္လို႔ေကာင္းတုန္းလား ေက်ာပိုးခိုင္းၿပီး ဆင္းလာရတယ္လို႔။

Ji-ရပါတယ္ အန္ကယ္ရယ္ ကိစၥမရွိပါဘူး။

Mr,Ruby-ေျပာပါအံုး Ruby ေလး သမီးခ်စ္ရသူနဲ႔ အေျခအေနေလး။ေဖေဖက လက္ထပ္ပြဲကို ျငင္းလိုက္ရေတာ့မွာလား။

Ruby-ေဖေဖ.......သမီး ရဲ႕ ခ်စ္ရသူက.........jiji နဲ႔ အသိေတြပါ။

Mr,Ruby-ေအာ္....ေကာင္းတာေပါ့။

Ruby-ေဖေဖ......Kai ရဲ႕ Appa တို႔ကို အေၾကာင္းျပန္လိုက္ပါ။သမီး က လက္ထပ္ပြဲကို လက္ခံတယ္လို႔။

Flash Back

Ji-နင္ Kai ကို လက္မထပ္ခ်င္ဘူးမလား။

Ruby-အင္း။

Ji-အဲ့တာဆို ဟိုေလ.....ငါ နင့္ ခ်စ္သူ ေနရာက ကူၿပီးသရုပ္ေဆာင္ေပးရမလား အဲ့တာမွ နင္ Kai ကို လက္မထပ္ရမွာေလ။

Ruby-ဟင့္အင္း jiji။ငါ လီ မွ မဟုတ္ရင္ ဘယ္သူ႔ကိုမွငါ့ ခ်စ္ရသူပါ ငါ့ ခ်စ္သူပါ လို႔ မေျပာခ်င္ဘူး မိတ္ဆက္မေပးခ်င္ဘူး။ၿပီးေတာ့ လီ က ငါ နဲ႔ Kai ရဲ႕ လက္ထပ္ပြဲကို ျဖစ္ေစခ်င္တဲ့ ပံုပဲ။ငါ့မွာ ေ႐ြးခ်ယ္စရာ ၂ ခုပဲ ရွိတာ ငါ လီ့ ကိုေ႐ြးခ်ယ္ခဲ့ေပမယ့္ ငါ့မွာ လီ့ကို ေ႐ြးခ်ယ္ခြင့္မရခဲ့ေတာ့ Kai ကိုပဲ ေ႐ြးရလိမ့္မယ္။လီ့  ေနရာမွာေတာ့ ဘယ္သူ႔ကိုမွ အစားထိုးမေ႐ြးခ်ယ္နိုင္ဘူး။နင့္ေစတနာကို ငါနလည္ပါတယ္ Jiji။ေက်းဇူးလည္းတင္ပါတယ္ ဒါေပမယ့္ လီ ေ႐ြးေပးခဲ့တဲ့ လမ္းကိုငါ ဆက္ေလ်ွာက္မယ္ ငါ Kai နဲ႔ လက္ထပ္မယ္ Jiji။ငါ Kaiနဲ႔ လက္ထပ္မယ္😓

Jiji-ေအာ္.....Ruby ရယ္ 😢

Flash End

Mr,Ruby-ဘယ္လိုျဖစ္တာလဲ သမီးရယ္။မနက္က အထိသမီး ေမာင္ရင္ Kai ကို ခါးခါးသီးသီး ျငင္းေနတာပါ။

Ruby-ဒါေပမယ့္ သမီး ခု Kai ကို လက္ထပ္ပါ့မယ္။ဒါေပမယ့္ Kai နဲ႔ Kai ရဲ႕ Appa ကို ေျပာလိုက္ပါ သမီးကို Kai နဲ႔ လက္ထပ္ေပးခ်င္ရင္ သမီး ေစ့စပ္ပြဲ နဲ႔ လက္ထပ္ပြဲ လုပ္တဲ့ေန႔ နွစ္ေန႔လံုးမွာပဲ သမီး မိတ္ေဆြ ျဖစ္တဲ့ လီ နဲ႔ Chae တို႔ရဲ႕ ေစ့စပ္ပြဲ နဲ႔ လက္ထပ္ပြဲကို တစ္ၿပိဳင္တည္း ႀကီးၿကီးက်ယ္က်ယ္ ခမ္းခမ္းနားနား က်င္းပေပးၿပီးကုန္က်စရိတ္အားလံုးကို သူတို႔ဘက္က ရွင္းေပးရပါမယ္လို႔ေျပာလိုက္ပါ။ထပ္ၿပီးေျပာေပးရမွာက အဲ့ ကုန္က်စရိတ္အားလံုးဟာ Minatozaki Ruby Jane ကို လက္ထပ္ခြင့္ရဖို႔ တင္ေတာင္း ရမဲ့ ပမာဏ ပါပဲ လို႔ေျပာလိုက္ပါ။

Mr,Ruby-ဒါေပမယ့္ သမီး....ဘာလို႔.......

Runy-ေက်းဇူးျပဳၿပီး သမီးကို ဘာမွမေမးပါနဲ႔ ေဖေဖ။သမီး ေျပာခိုင္းတဲ့ အတိုင္းသာ ေျပာလိုက္ပါ။

Mr,Ruby-ေအးပါ ေျပာလိုက္ပါ့မယ္ သမီးရယ္။

Ruby-ေမေမ.....ေမေမ က သမီး လက္ထပ္ပြဲအတြက္စီစဥ္ေပးသလိုမ်ိဳး Chae နဲ႔ လီ တို႔ ရဲ႕ လက္ထပ္ပြဲကိုလည္းလစ္ဟာမႈ မရွိေအာင္ စီစဥ္ေပးပါ။

Mrs,Ruby-စိတ္ခ် Ruby ေလး Lili ေလး နဲ႔  Chae ေလးဆိုတာက ေမေမရဲ႕ သမီးေတြလိုပါပဲ ေမေမ ေသခ်ာကို စီစဥ္ေပးလိုက္ပါ့မယ္ သမီးေလးရယ္။

Ruby-ေက်းဇူးပါ ေမေမ။Jiji သြားၾကစို႔။

Jiji လည္း Ruby ကို ေပြ႕ခ်ီကာ အေပၚထပ္ကို တက္သြားေတာ့သည္။Mr,Ruby ရဲ႕  ဦးေနွာက္ ထဲမွာေတာ့ နားမလည္မႈေတြ မ်ားစြာရွိေနခဲ့ၿပီး Mrs,Ruby ရဲ႕ မ်က္၀န္းထဲ မွာကေတာ့ ၀မ္းနည္းမႈမ်ားစြာဟာ ထင္ဟပ္ေနေတာ့ေလသည္။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

Up ေပးလိုက္ပါၿပီ💚 ခ ကို ဒီ fic ေလးနဲ႔ ပတ္သတ္ၿပီးမသိတာ မရွင္းတာ ေမးခ်င္တာပဲ ျဖစ္ျဖစ္ Plot ေလးေတြကို အႀကံေပးခ်င္တာေလးပဲ ျဖစ္ျဖစ္ Fic အသစ္ေတြကိုေရးေစခ်င္တဲ့ ပံုစံေလး ေတြ ျဖစ္ျဖစ္ ခ နဲ႔ ဒီတိုင္း ရင္းရင္းနွီးနွီး စကားေျပာခ်င္လို႔ျဖစ္ျဖစ္ ခ ရဲ႕ Wp Acc ရဲ႕ Massage box ကေကာ Fb acc ရဲ႕ Cb ကပါ အၿမဲတမ္း Welcome ပါ စကားလာေျပာတာ ေတြ႕တာနဲ႔ တန္း Rp ျပန္ပါ့မယ္။ဒီအပိုင္းက စပ္ေပမယ့္ နည္းနည္းေလး အစပ္ေပါ့ထားပါတယ္

TU Fan ေလးေတြ  BL Fan ေလးေတြ ရွိရင္ ခ ေကာင္မေလး ေရးေနတဲ့ ေအာက္က Fic ေလးကို သြားအားေပးေပးၾကပါအံုး စတာပါ ခ ရဲ႕ Bff ပါ ေကာင္မေလး မဟုတ္ဘူးရယ္

Readers ေတြကို အရမ္းခ်စ္ပါတယ္Readers တို႔ကို အရမ္းခ်စ္တဲ့Tu Nhai Kha#

...................................................................

Love and Loyaltyအချစ် နဲ့ သစ္စာ

For Uni😘

Li-မဟုတ်ဘူး Unnie.....🗣😭😭 လီ တောင်းပန်ပါတယ် လီ ဖြစ်စေချင်ခဲ့တာ ဒီလို မဟုတ်ဘူး။တောင်းပန်ပါတယ် Kai ကို လက်မထပ်ပါနဲ့.....Unnie တောင်းပန်ပါတယ်...လီ မှားပါတယ်....အား....Unnie.😭😭😭

Lisa လည်း သူ့လုပ်ခဲ့တဲ့ အမှားတွေကြောင့် ချုံးပွဲချ ငိုကာ ရင်ထဲက အနာတွေများ ပျောက်လိုပျောက်ငြား မြေပြင်ကို လက်သီးနဲ့ သာ လှိမ့်ထိုးနေမိတော့သည်။Ruby ပြန်သွားကတည်းက တရိပ်ရိပ်တက်လာတဲ့ မိုးတိမ်မဲတွေဟာ ခုတော့မိုးရေတွေအဖြစ် Lisa ကိုယ်ပေါ်ကို ရွာသွန်းနေလေရဲ့။Lisa ရဲ့ လက်နုနုလေးတွေကတော့ မြေပြင်ရဲ့ကြမ်းတမ်းမှုနဲ့ အကြိမ်ကြိမ် ထိခိုက်မိတာကြောင့် ပေါက်ပြဲကာ သွေးတွေပင် ဒလဟော စီးကျလာတော့သည်။

မိုးရေထဲ ထိုင်ငိုနေတဲ့ Lisa ကို သူတယောက်တည်း နေချင်မှာပဲ ဆိုပြီး Chae တယောက်တည်း ထားခဲ့နိုင်ပေမယ့် ကိုယ့်အသား ကိုယ်နာအောင် လုပ်နေတဲ့ Lisa ကိုတော့ Chae ဒီအတိုင်းကြည့်မနေနိုင်တာကြောင့် သစ်ပင်အကွယ်ကနေ Lisa ဆီကို ပြေးထွက်သွားတော့သည်။

အနားရောက်တော့ မြင်လိုက်ရတာက Chae ရင်ကို မီးစ နဲ့ထိုးလိုက်သလိုပင်။ဒီလောက် မိုးတွေရွာနေတဲ့ အချိန် Lisaလက်က ဒဏ်ရာတွေနဲ့ သွေးတွေကို မြင်လိုက်ရတာကြောင့်Chae ရဲ့ ခန္ဓာကိုယ် အတွင်း အပြင် အကုန်လုံး မီးရှို့ခံလိုက်ရသလို တစ်ကုန်လုံး ပူထူသွားတော့သည်။

Chae အနားရောက်နေတာတောင် မော့မကြည့်ဘဲ မြေပြင်ကိုသာ စိတ်ရှိလက်ရှိ ထိုးနေတဲ့ Lisa ရဲ့ လက်ကို ဖမ်းချုပ်ပြီးLisa အရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီး Lisa ခေါင်းလေးကို ရင်ခွင်ထဲ ထည့်ကာ Lisa ခန္ဓာကိုယ် တခုလုံးကို လှုပ်မရအောင် တင်းနေအောင် ဖက်ထားလိုက်တော့သည်။

Chae-တော်တော့  Lili ကိုယ့်ကိုယ်ကို နာအောင်မလုပ်စမ်းပါနဲ့ Lili အဲ့လို လုပ်နေလို့ Ruby နဲ့ Lili က အဆင်ပြေသွားမှာမှ မဟုတ်တာ မနက်ဖြန်ကျရင် Ruby ကို ပြန်သွားပြီး ရှင်းပြကြမယ်လေ Chae ပါ လိုက်ပြီး ကူရှင်းပေးမယ်လေ။ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို နာကျင်အောင် မလုပ်ပါနဲ့ Lili ရယ်။ကျေးဇူးပြုပြီးတော့ပါ Chae မခံစားနိုင်လို့ပါ။Lili နာကျင်တာ မြင်ရင် Chae မနေနိုင်လို့ပါ Lili ဖြစ်စေချင်တာမှန်သမျှ Chae ဖြစ်အောင် ကူညီပေးမယ်။Ruby ကိုလည်းကူ ရှင်းပြပေးမယ် ဒါကြောင့်မလို့ ကိုယ့်ကိုယ်ကိုတော့ နာကျင် အောင် မလုပ်ပါနဲ့  Lili ရယ်😭😭

Li-Lili ကို Unnie က အထင်လွဲသွားပြီ Chae ရဲ့😭

Chae-Chae ပြန်ရှင်းပြပေးမယ်လေနော်

Li-Unn...Unnie က....အဟင့်....Lili ကို မုန်းပြစ်တော့....အဟင့်....ဟင့်....မုန်းပြစ်တော့မယ်တဲ့ Chae ရဲ့😭

Chae-Ruby ကို Chae သေချာပြောပြ လိုက်မယ်လေနော်Lili လေး ကို မမုန်းပါနဲ့လို့ Lili လေးမှာ အပြစ်မရှိပါဘူးလို့ဆိုပြီးတော့လေ အဲ့ကျ Lili ကို Ruby က ဘယ်မုန်းတော့မလဲ ပိုပြီးတောင် ချစ်လာအုံးမယ်။

ခလေးလေးတယောက်လို ရင်ခွင်ထဲမှာ တရှုံ့ရှုံ့နဲ့ ငိုလိုက် ပြောလိုက် လုပ်နေတဲ့ Lisa ကို Chae လည်း ခေါင်းလေးကို ပွတ်ပြီး ပြေရာပြေကြောင်း ပြောကာ ခလေးလေးတယောက်ကို ချော့သလို ချော့နေရတော့သည်။

Li-တ....တကယ်...နော်...အဟင့်...😢

Chae-တကယ်ပေါ့ Lili ရဲ့။Chae က ဘယ်တုန်းက Liliကို လိမ်ပြောဖူးလို့လဲ။

Li-အဟင့်....မ....မပြောဘူးပါဘူး....😢

Lisa ပုံစံက တကယ် ခလေးလေး တစ်ယောက် လို ဖြစ်သွား တာကြောင့် Chae နားမလည်နိုင်တော့ပါ။ဒါပေမယ့် Chaeလည်း ထိုအချက်ကို အခွင့်ကောင်းယူကာ Lisa ငိုတာရပ်ပြီးမိုးရေထဲ က နေ အမြန်ဆုံး အမိုးအကာ အောက်ကို သွားနိုင်ရန်သာ ကြိုးပမ်းနေမိတော့သည်။

Chae-အင်း လိမ္မာတယ် ခုတော့ မငိုနဲ့တော့ တိတ်တော့။ခုဆက် ငိုနေရင် Ruby ကို Chae သွားမပြောပေးတော့ဘူးနော်။

Li-ဟာ....အဲ့...အဲ့လိုတော့ မလုပ်နဲ့....Liliမငို....မငိုတော့ ဘူးနော်။

ပြောကာ မျက်ရည်တွေကို အတင်း လက်ခုံကော လက်ဖဝါး နဲ့ပွတ်သုတ်ပြီး တန်းပြုံးပြတဲ့ Lisa ကြောင့် Chae ရင်ထဲ နင့်ခနဲ ဖြစ်သွားတော့သည်။ပြီးတော့ Lisa ဘာဖြစ်တယ်ဆိုတာပါ Chae နားလည်သွားတော့သည်။

Chae-လာ....မိုးရေထဲမှာ ကြာကြာ နေရင် နေမကောင်းဖြစ်လိမ့်မယ် ထ....အထဲဝင်ကြစို့။

Li-Unnie ကို တကယ်လိုက် ပြောပေးမှာမလား။

Chae-အင်း အခု အထဲကို အတူတူ လိုက်ဝင်ရင် တကယ်ပြောပေးမှာ။

Li-အဲ့တာဆို....လာလေ သွားမယ်။

Lisa လည်း စကားဆုံးတာနဲ့ Chae ရဲ့ လက်ကို ဆွဲကာ မိုးရေထဲ အမြန် ဖြတ်ပြေးကာ အဆောင်ထဲ ပြေးဝင်သွားတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~

Lisa ဆီက Ruby ပြန်ထွက်လာတာ တွေ့တာနဲ့ Jiji ကChae ကို နှုတ်ဆက်ကာ သူအရင် ကားဆီသို့ အမြန်ပြန်လာပြီး Ruby ကို စောင့်နေမိသည်။

ခနနေတော့ Ruby ရောက်လာတော့ Jiji လည်း အသင့်စောင့် နေပြီး ကားတံခါးကို ဖွင့်ပေးလိုက်တော့ Ruby က Jijiကို မော့ကြည့်လိုက်ပြီး တခုခုပြောဖို့ ပြင်လိုက်ပေမယ့် Ruby ကို ဆွဲဖက်ကာ ရင်ခွင်ထဲ ထည့်ပြီး ခေါင်းလေးကို ပွတ်ပေးတာကြောင့် Ruby ပြောမည့် စကားများမှာ နှုတ်ခမ်းကနေ ထွက်မလာတော့ဘဲ မျက်ဝန်းကနေ မျက်ရည် အဖြစ်သာ စီးကျ လာတော့သည်။

Ji-ငို Ruby.....ငိုချလိုက်။Jiji ကို ဘာမှ ပြောပြစရာမလိုဘူးjiji အကုန်သိတယ် အကုန်လည်း ကြားတယ်။ငိုချပလိုက်

Jiji ရဲ့ စကားကြောင့် Ruby ရဲ့ မျက်ရည်တွေဟာ Jiji ရင်ခွင်ကို နှစ်ဆ ပိုမို စိုစွတ်စေခဲ့သည်။Ruby ငိုနေတုန်း  မိုးတွေရွာချတာမလို့ Ruby က jiji ရင်ခွင်ထဲကနေ ထွက်ဖို့ပြင်လိုက်ပေမယ့် Jiji က တင်းကြပ်စွာ ဖက်ထားတာကြောင့်ထွက်မရခဲ့ပေ။

Ji-ငိုလို့မဝသေးဘဲ ရင်ထဲမှာ ပေါ့မသွားသေးရင် jiji ရင်ခွင်ထဲက မထွက်ဘဲနဲ့ ငိုပါ။ရင်ထဲမှာ ဘယ်လောက်ခံစား နေရမယ် ဆိုတာ ကိုယ်ချင်းစာတယ် လို့ပြောရင် Jiji လိမ်ရာကျလိမ့်မယ် ဆိုပေမယ့် Ruby ဘယ်လို ခံစားနေရလဲ Jiji သိပါတယ်။ငိုချလိုက်ပါ Ruby ရင်ထဲက ခံစားရတာတွေ အကုန် မသက်သာရင်တောင် နည်းနည်းဖြစ်ဖြစ် သက်သာသွားအောင်ပါ Ruby ရယ် ငိုချလိုက်ပါ။

jiji စကားကြောင့် Ruby လည်း မိုးရွာနေတာကိုပါ ဂရုမစိုက် တော့ဘဲ Jiji ရင်ခွင်ထဲမှာ ရင်ထဲက ခံစားနေတာတွေ သက်သာအောင် ငိုချပြစ်လိုက်တော့သည်။

မိုးရေထဲမယ် အတော်ကြာအောင် ငိုနေမိတာကြောင့် Ruby  ရဲ့ ခန္ဓာကိုယ်လေးမှာ အေးလို့ တုန်နေပြီဖြစ်သည်။ရင်ခွင်ထဲက Ruby ရဲ့ ခန္ဓာကိုယ်လေး အေးလို့ တုန်နေပြီဖြစ်တာကြောင့် jiji လည်း ကားထဲဝင်ဖို့ပဲ ဆုံးဖြတ်လိုက်တော့သည်။

Ji-ကားထဲဝင်ရအောင် အရမ်းအေးနေရင် နေမကောင်းဖြစ်လိမ့်မယ်။

Jiji ရဲ့ စကားကို သဘောတူတဲ့ အနေနဲ့ ရင်ခွင်ထဲကနေ Ruby ခေါင်းညှိမ့်ပြတာကြောင့် Jiji လည်း Ruby ကို ပွေ့ချီကာ ကားထဲထည့်လိုက်သည်။

ပြီးတော့ သူက Driver set တွင် ဝင်ထိုင်လိုက်ပြီး ရွှေဝါရောင်မြေကို ကျောပေးထွက်ခွာကာ ဘူဆန် ဂျပန် ဌာနချုပ်ကို သာ ဦးတည်လိုက်တော့သည်။

Ruby တို့ အိမ်ပြန်ရောက်တော့ jiji က အိမ်ရှေ့မှာ ကားကိုရပ်လိုက်ပြီး ကားပေါ်က အမြန်ဆင်းကာ  Ruby ရှိတဲ့ အခြမ်းကို ပြေးသွားပြီး Ruby ကို ပွေ့ချီက အိမ်ထဲသို့ ဝင်လာခဲ့တော့သည်။

တကယ်တော့ Ruby ကို ကားထဲ ချီ ထည့် ၊ ကားပေါ်ကနေ အိမ်ထဲကို ပွေ့ချီ ပြီးခေါ်လာတဲ့ Jij ကို Ruby ကျေးဇူးတင် ရမည် ဘာလို့ဆို ခုချိန်မှာ Ruby ခန္ဓာကိုယ် တစ်ခုလုံးက ရှိသမျှ အားတွေ ထုတ်သုံးလိုက်ရင်တောင် Ruby အဖို့ မတ်တပ်ရပ်ဖို့တောင်မလွယ်ကူသော ကြောင့်ပင် ဖြစ်တော့သည်

Mrs,Ruby-ဟယ် သမီး jiji နဲ့ သမီး Ruby ဘယ်လိုဖြစ်တာလဲ မိုးရေတွေလဲ ရွှဲလို့ပါလား။Ruby လေးကကော ဘာဖြစ်လို့ jiji က ချီ လာရတာလဲ။

ဧည့်ခန်းထဲမှာ Mr,Ruby နဲ့ အတူ ထိုင်ကာ စကားပြောနေတဲ့ Mrs,Ruby က မေးလိုက်ခြင်းပင် ဖြစ်သည်။

ji-ဟုတ် အန်တီ။jiji တို့ မိုးနည်းနည်း မိလာကြတယ်။

Mrs,Ruby-အော် အေး ဂရုစိုက်ပါကွယ် နေမကောင်းဖြစ်အုံးမယ်။

Mr,Ruby-သမီး Ruby....သမီး ချစ်သူနဲ့ သွားတွေ့တာ အဆင်ကော ပြေရဲ့လား။

ji-ဟိုလေ အန်ကယ် အဲ့တာကိုလေ........

Ruby-Jiji နေ Ruby ဘဲ ပြောလိုက်မယ်။

Jiji က Ruby နဲ့ Lisa အခြေအနေက အဆင်မပြေခဲ့တာမလို့ Ruby ဖြေရတာ အဆင်မပြေမှာဆိုးလို့ ရှေ့ကနေ စကား လမ်းကြောင်းလွှဲဖို့ ပြင်လိုက်ပေမယ့် Ruby က တားလိုက်တာကြောင့် ဘာမှမပြောဘဲ နှုတ်ဆိတ်သာ နေလိုက်ပြီး Ruby ပြောရတာ အဆင်ပြေပါစေလို့သာ ရင်ထဲက ဆုတောင်း နေမိတော့တယ်။

Ruby-သမီးရော Jiji ပါ မိုးတွေမိလာလို့ အကျီလေး သွားလဲ လိုက်ပါအုံးမယ် ပြီးရင် ပြန်ဆင်းလာပြီး အကြောင်းစုံပြောပြပါ့မယ် ဖေဖေ။

Mrs,Ruby-ဟုတ်သားပဲ ဖေကြီးရယ် ခလေးတွေ အအေးပတ်ပြီး ဖျားကုန်တော့မယ် သွားသွား အမြန် အကျီသွားလဲလိုက်။နွေးနွေးထွေးထွေးလည်း ဝတ်နော်။

Ji-ဟုတ်ကဲ့ အန်တီ။

jiji လည်း Ruby ကို အပေါ်ထပ်ကို ပွေ့ချီ လျက်သားလေး ခေါ်သွားကာ Ruby အခန်းဘက်ကို မသွားဘဲ သူ့ရဲ့ အခန်းဘက်ကို သွားတာကြောင့် Ruby လည်း Jiji ကို တားလိုက်တော့သည်။

Ruby-Jiji နေအုံးလေ။Ruby ကို အရင် လိုက်ပို့ရအုံးမယ်လေ။

Ji-မသွားဘူး Jiji အခန်းကိုပဲ လိုက်ခဲ့။

Ruby-အဝတ်အစားတွေ လဲရအုံးမယ်လေ။

Ji-Jiji ဟာတွေပဲ ယူဝတ်။

Ruby-ဘာလို့ Ruby ရဲ့ အခန်းကို လိုက်မပို့တာလဲ။

Ji-စိတ်မချလို့။

Ruby-ဘာကိုစိတ်မချတာလဲ Ruby ကိုလား။

Ji-အင်း ဟုတ်တယ်။အကျီ မလဲဘဲ အကျီရေစိုကြီးနဲ့ တယောက်တည်း ထိုင်နေမှာဆိုးလို့။

Jiji စကားကြောင့် စိတ်တွေညစ်နေတဲ့ ကြားက Ruby ပြုံးလိုက်မိသည်။

* jiji ကလေ Ruby ကိုဆို သိပ်ဂရုစိုက်တာ။ခုလည်း ကြည့်ပါလား Ruby စိတ်တွေညစ်နေရင် ဘာလုပ်မယ်မှန်းသိလို့ Ruby ကို သူ့ အခန်းထဲခေါ်လာတာတဲ့*

Jiji လည်း သူ့အခန်းတံခါးလေးကို Ruby  ကို ပွေ့ချီထားလျက်ပင် လက်ကိုင်ဘုလေးကို လှည့်လိုက်ပြီး ခြေထောက်လေးနဲ့ တွန်းဖွင့်ကာ အခန်းထဲ ဝင်လာလိုက်တော့သည်။Ruby ကို သူ့ ကုတင်ပေါ်မှာ ချလိုက်ပြီး သူမရဲ့ အဝတ်ဗီရိုထဲက အကျီထုတ်ပေးပြီး Ruby ကို အဝတ်အစား လဲခိုင်းနေလေရဲ့။

Ji-ရော့.....အကျီ နင်က ဒီမှာလဲလိုက် ငါက ရေချိုးခန်းထဲဝင်လဲလိုက်မယ်။ငါထွက်မလာခင် နင် အမြန်လဲနော်။

Ruby-Kim Jisoo shi....ရှင် ကျွန်မကို အဲ့လောက် ဂရုစိုက်ပေးနေတာ ဘာလို့လဲ ကျွန်မ ကိုများ ချစ်နေလို့လား။

Ji-ပေါက်ကရတွေမပြောစမ်းပါနဲ့ဟယ်။ငါ Chae က လွဲလို့ဘယ်သူ့ကိုမှ မချစ်ဘူး။နင့်က ငါ့ညီမလေးအရင်းလေးလို ချစ်ရတဲ့ သူမလို့  ငါက ဂရုစိုက်ပေးနေတာ။

Jiji စကားကြောင့် ပြုံးနေတဲ့ Ruby ရဲ့ မျက်နှာလေး ပြန်ညှိုးသွားတာကြောင့် ကိုယ့်ပါးကိုယ်သာ ပြန်ရိုက်ချင်မိတော့သည်။

Ji-တောင်းပန်ပါတယ်။

Ruby-တောင်းပန်ပါတယ်။

၂ ယောက်လုံးဆီက တစ်ပြိုင်နက်တည်း ထွက်လာတဲ့ စကားတစ်ခွန်း.....။

Ruby- တောင်းပန်ပါတယ် jiji။ငါ့ကြောင့်....လီ နဲ့ Chae က လက်ထပ်တော့မှာ။

Ji-ဘာမှမဖြစ်ပါဘူး Ruby ရယ်။ငါက Chae ကို စချစ်ကတည်းက သူ့အချစ်ကို ပြန်ရတာ မရတာ ထည့်မတွက်မခဲ့ပါဘူး။ငါက သူ့ကို ချစ်နေရရင် ပဲ ကျေနပ်တာ သူ ဘယ်လို အခြေအနေ ဘယ်လို အနေအထားဖြစ်ဖြစ် ငါကတော့ ချစ်နေမှာပဲ။သူ့အတွက် လိုအပ်တာ သူ လိုအပ်တာ မှန်သမျှကိုငါက အစွမ်းကုန်ဖြည့်စည်းပေးမှာ တော်ပြီလေ ဒီလောက်ဆိုငါ့အချစ်က ငါ့အတွက် အဓိပ္ပါယ်အများကြီး ရှိသွားပြီ။

Jiji စကားကြောင့် Ruby ပညာတွေ အများကြီးရသွားသလို။Jiji က တကယ့်ကို ချစ်တတ်တဲ့ သူပါလား ဆိုတာကိုပါ သိလိုက်ရတော့သည်။

* ဟုတ်တယ် Ruby ချစ်တဲ့ သူက ဘယ်လို အခြေအနေပဲဖြစ်ဖြစ် ဘယ်လိုအနေအထားဖြစ်ဖြစ် Ruby ကိုယ်တိုင်ကလည်း ဘယ်လို အခြေအနေ ဘယ်လို အနေအထားပဲဖြစ်ဖြစ် အရေးကြီးတာ Ruby က သူ့ကို အမြဲ ချစ်နေဖို့ပဲ။ကျန်တာမလိုတော့ပါဘူး*

Ji-Ruby......

Ruby-ပြောလေ jiji။

Ji-နင် အန်ကယ့်ကို ဘယ်လိုပြောပြမှာလဲ။အဖြစ်မှန်အတိုင်းပြောပြမှာလား။

Ruby-အဖြစ်အမှန်တိုင်း မပြောလို့ ငါက ဘယ်လိုပြောရမှာလဲ။

Ji-နင် Kai ကို လက်မထပ်ချင်ဘူးမလား။

Ruby-အင်း။

Ji-အဲ့တာဆို ဟိုလေ.....ငါ နင့် ချစ်သူ နေရာက ကူပြီးသရုပ်ဆောင်ပေးရမလား အဲ့တာမှ နင် Kai ကို လက်မထပ်ရမှာလေ။

Ruby-...........................

အတော်လေးကြာတော့ Ruby ကို ကျောပိုးကာ အောက်ထပ်က ဧည့်ခန်းထဲကို ဆင်းလာတဲ့ Jiji ရယ်ပါ။

Mr,Ruby-လာ သမီးတို့ ထိုင်ကြ။Ruby လေးက ခုထိ Jijiလေးဆီမှာ ခလေးလုပ်လို့ကောင်းတုန်းလား ကျောပိုးခိုင်းပြီး ဆင်းလာရတယ်လို့။

Ji-ရပါတယ် အန်ကယ်ရယ် ကိစ္စမရှိပါဘူး။

Mr,Ruby-ပြောပါအုံး Ruby လေး သမီးချစ်ရသူနဲ့ အခြေအနေလေး။ဖေဖေက လက်ထပ်ပွဲကို ငြင်းလိုက်ရတော့မှာလား။

Ruby-ဖေဖေ.......သမီး ရဲ့ ချစ်ရသူက.........jiji နဲ့ အသိတွေပါ။

Mr,Ruby-အော်....ကောင်းတာပေါ့။

Ruby-ဖေဖေ......Kai ရဲ့ Appa တို့ကို အကြောင်းပြန်လိုက်ပါ။သမီး က လက်ထပ်ပွဲကို လက်ခံတယ်လို့။

Flash Back

Ji-နင် Kai ကို လက်မထပ်ချင်ဘူးမလား။

Ruby-အင်း။

Ji-အဲ့တာဆို ဟိုလေ.....ငါ နင့် ချစ်သူ နေရာက ကူပြီးသရုပ်ဆောင်ပေးရမလား အဲ့တာမှ နင် Kai ကို လက်မထပ်ရမှာလေ။

Ruby-ဟင့်အင်း jiji။ငါ လီ မှ မဟုတ်ရင် ဘယ်သူ့ကိုမှငါ့ ချစ်ရသူပါ ငါ့ ချစ်သူပါ လို့ မပြောချင်ဘူး မိတ်ဆက်မပေးချင်ဘူး။ပြီးတော့ လီ က ငါ နဲ့ Kai ရဲ့ လက်ထပ်ပွဲကို ဖြစ်စေချင်တဲ့ ပုံပဲ။ငါ့မှာ ရွေးချယ်စရာ ၂ ခုပဲ ရှိတာ ငါ လီ့ ကိုရွေးချယ်ခဲ့ပေမယ့် ငါ့မှာ လီ့ကို ရွေးချယ်ခွင့်မရခဲ့တော့ Kai ကိုပဲ ရွေးရလိမ့်မယ်။လီ့  နေရာမှာတော့ ဘယ်သူ့ကိုမှ အစားထိုးမရွေးချယ်နိုင်ဘူး။နင့်စေတနာကို ငါနလည်ပါတယ် Jiji။ကျေးဇူးလည်းတင်ပါတယ် ဒါပေမယ့် လီ ရွေးပေးခဲ့တဲ့ လမ်းကိုငါ ဆက်လျှောက်မယ် ငါ Kai နဲ့ လက်ထပ်မယ် Jiji။ငါ Kaiနဲ့ လက်ထပ်မယ်😓

Jiji-အော်.....Ruby ရယ် 😢

Flash End

Mr,Ruby-ဘယ်လိုဖြစ်တာလဲ သမီးရယ်။မနက်က အထိသမီး မောင်ရင် Kai ကို ခါးခါးသီးသီး ငြင်းနေတာပါ။

Ruby-ဒါပေမယ့် သမီး ခု Kai ကို လက်ထပ်ပါ့မယ်။ဒါပေမယ့် Kai နဲ့ Kai ရဲ့ Appa ကို ပြောလိုက်ပါ သမီးကို Kai နဲ့ လက်ထပ်ပေးချင်ရင် သမီး စေ့စပ်ပွဲ နဲ့ လက်ထပ်ပွဲ လုပ်တဲ့နေ့ နှစ်နေ့လုံးမှာပဲ သမီး မိတ်ဆွေ ဖြစ်တဲ့ လီ နဲ့ Chae တို့ရဲ့ စေ့စပ်ပွဲ နဲ့ လက်ထပ်ပွဲကို တစ်ပြိုင်တည်း ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပေးပြီးကုန်ကျစရိတ်အားလုံးကို သူတို့ဘက်က ရှင်းပေးရပါမယ်လို့ပြောလိုက်ပါ။ထပ်ပြီးပြောပေးရမှာက အဲ့ ကုန်ကျစရိတ်အားလုံးဟာ Minatozaki Ruby Jane ကို လက်ထပ်ခွင့်ရဖို့ တင်တောင်း ရမဲ့ ပမာဏ ပါပဲ လို့ပြောလိုက်ပါ။

Mr,Ruby-ဒါပေမယ့် သမီး....ဘာလို့.......

Runy-ကျေးဇူးပြုပြီး သမီးကို ဘာမှမမေးပါနဲ့ ဖေဖေ။သမီး ပြောခိုင်းတဲ့ အတိုင်းသာ ပြောလိုက်ပါ။

Mr,Ruby-အေးပါ ပြောလိုက်ပါ့မယ် သမီးရယ်။

Ruby-မေမေ.....မေမေ က သမီး လက်ထပ်ပွဲအတွက်စီစဉ်ပေးသလိုမျိုး Chae နဲ့ လီ တို့ ရဲ့ လက်ထပ်ပွဲကိုလည်းလစ်ဟာမှု မရှိအောင် စီစဉ်ပေးပါ။

Mrs,Ruby-စိတ်ချ Ruby လေး Lili လေး နဲ့  Chae လေးဆိုတာက မေမေရဲ့ သမီးတွေလိုပါပဲ မေမေ သေချာကို စီစဉ်ပေးလိုက်ပါ့မယ် သမီးလေးရယ်။

Ruby-ကျေးဇူးပါ မေမေ။Jiji သွားကြစို့။

Jiji လည်း Ruby ကို ပွေ့ချီကာ အပေါ်ထပ်ကို တက်သွားတော့သည်။Mr,Ruby ရဲ့  ဦးနှောက် ထဲမှာတော့ နားမလည်မှုတွေ များစွာရှိနေခဲ့ပြီး Mrs,Ruby ရဲ့ မျက်ဝန်းထဲ မှာကတော့ ဝမ်းနည်းမှုများစွာဟာ ထင်ဟပ်နေတော့လေသည်။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

Up ပေးလိုက်ပါပြီ💚 ခ ကို ဒီ fic လေးနဲ့ ပတ်သတ်ပြီးမသိတာ မရှင်းတာ မေးချင်တာပဲ ဖြစ်ဖြစ် Plot လေးတွေကို အကြံပေးချင်တာလေးပဲ ဖြစ်ဖြစ် Fic အသစ်တွေကိုရေးစေချင်တဲ့ ပုံစံလေး တွေ ဖြစ်ဖြစ် ခ နဲ့ ဒီတိုင်း ရင်းရင်းနှီးနှီး စကားပြောချင်လို့ဖြစ်ဖြစ် ခ ရဲ့ Wp Acc ရဲ့ Massage box ကကော Fb acc ရဲ့ Cb ကပါ အမြဲတမ်း Welcome ပါ စကားလာပြောတာ တွေ့တာနဲ့ တန်း Rp ပြန်ပါ့မယ်။ဒီအပိုင်းက စပ်ပေမယ့် နည်းနည်းလေး အစပ်ပေါ့ထားပါတယ်

TU Fan လေးတွေ  BL Fan လေးတွေ ရှိရင် ခ ကောင်မလေး ရေးနေတဲ့ အောက်က Fic လေးကို သွားအားပေးပေးကြပါအုံး စတာပါ ခ ရဲ့ Bff ပါ ကောင်မလေး မဟုတ်ဘူးရယ်

Readers တွေကို အရမ်းချစ်ပါတယ်Readers တို့ကို အရမ်းချစ်တဲ့Tu Nhai Kha#

There are no comments yet. Log in to be the first to leave a review!

Similar stories