Fanfics

32💛

15:44, 28 September 2021

Love and Loyaltyအခ်စ္ နဲ႔ သစၥာ

For ZG😍

Li-လီ့ မွာ လက္ထပ္ရမဲ့သူရွိတယ္

Ruby-ဘယ္လို❗️

Ji+Chae-ဟင္❗️(Whisper)

Lisa ရဲ႕ စကားေၾကာင့္ Ruby ေကာ သစ္ပင္အကြယ္မွာ နားေထာင္ေနတဲ့ Chae နဲ႔ Jiji ပါ အ့ံၾသသြားမိသည္။

*Chae သိတယ္ Ruby ဖြင့္ေျပာကတည္းက Lili က Ruby ကို ျငင္းမယ္ဆိုတာ။Ruby ကို Lili ခ်စ္လား မခ်စ္လား Chae မသိေပမယ့္ ဂ်ပန္ဘုရင္ခံရဲ႕ သမီး ကိုေတာ့Lili က လက္မထပ္ဘူးဆိုတာ Chae သိတယ္။ဒါေပမယ့္Chae ဆုေတာင္းေနမိတယ္ Lili တကယ္ပဲ Ruby ကိုမခ်စ္ပါေစနဲ႔လို႔ ဘာလို႔ဆို တကယ္လို႔ Ruby ကို Lili ခ်စ္ခဲ့ရင္ Ruby ကို ျငင္းလိုက္ရတဲ့ အတြက္ Lili ခံစားရလိမ့္မယ္Lili ခံစားရမွာကိုေတာ့ Chae တကယ္မျမင္ခ်င္ပါဘူးရယ္Lili လက္ထပ္ရမဲ့ သူဆိုတာ ဘယ္သူပါလိမ့္*

* Lisa က Ruby ကို ျငင္းလိုက္တာ ကို jiji သိပ္မအ့ံၾသပါဘူး။ဒါမ်ိဳးက ျဖစ္လာနိုင္တာမလို႔ jiji ႀကိဳေတြးမိထားပါတယ္ဒါေပမယ့္ Lisa မွာ လက္ထပ္ရမဲ့သူရိွတယ္ ဆိုတဲ့ ကိစၥကတကယ္ကို မထင္မွတ္ထားတဲ့ ကိစၥပါပဲ။Lisa ဘာ အကြက္ေတြ ေ႐ြ႕ေနျပန္ၿပီလည္း မသိပါဘူးကြာ*

Ruby-ဘယ္လိုရယ္ လီ့ မွာ လက္ထပ္ရမဲ့ သူ ရွိတယ္ ဟုတ္လား။

Li-ဟုတ္ပါတယ္ Unnie။

Ruby-လီ့ အခ်စ္ နဲ႔ လီ့ ကို ပိုင္ဆိုင္ခြင့္ ရေလာက္တဲ့ အထိ ဒီေလာက္ ကံေကာင္းတဲ့ သူက ဘယ္သူမ်ားပါလိမ့္ လီ ရယ္။Unnie မနာလိုလိုက္တာ။

Li-.........

Lisa ျပန္မေျဖမိခဲ့ပါ။

Ruby-လီ....Unnie ေမးေနတယ္ေလ ေျဖစမ္းပါ လီ လက္ထပ္ရမဲ့ သူက ဘယ္သူလဲလို႔🗣🗣😭😭

Li-Chae❗️❗️❗️

Ji-ဟာ❗️(Whisper)

Chae-ဟင္❗️(Whisper)

Ruby-ဘာ❗️❗️❗️❗ဘယ္သူ.....ျပန္ေျပာပါဘယ္သူလဲလို႔ Unnie နားၾကားမွားတာ မလား 😭😭

Ruby ရဲ႕ ''Unnie နားၾကားမွားတာမလား'' ဆိုတဲ့ ေမးခြန္းရဲ႕ အေျဖကို Lisa ဆီကေန Ruby တေယာက္တည္းတင္မဟုတ္ဘူး jiji ပါ ေမ်ွာ္လင့္ေနမိသည္။သူတို႔ ၂ ေယာက္လံုးနားၾကားမွားတာျဖစ္ပါေစလို႔လဲ ဆုေတာင္းေနမိေတာ့သည္။

Li-Unnie နားၾကားမမွားဘူး။Unnie ၾကားတာ ဟုတ္တယ္ Chae....Chaeyoung ပဲ။Lalisa နဲ႔ လက္ထပ္ရမဲ့သူ Lalisa ရဲ႕ အခ်စ္ကို ရသြားတဲ့ သူက Park Chaeyoung ပဲ 🗣🗣

Lisa လည္း မ်က္၀န္းထဲက က်ဆင္းလာတဲ့ မ်က္ရည္ေတြကိုRuby မျမင္ေအာင္ လက္ခံု နဲ႔ ခပ္ၾကမ္းၾကမ္း ပြတ္ဆြဲ သုတ္လိုက္ၿပီး ငိုသံပါေနတဲ့ သူမရဲ႕ အသံကို Ruby သတိမထားမိလိုက္ေအာင္ ေအာ္ေျပာလိုက္ေတာ့သည္။

ji-ေအာ္.....Chae တဲ့လား ️(Whisper)

* ရင္ထဲက နာနာ က်င္က်င္ နင့္နင့္နဲနဲ ခံစားၿပီး ထြက္လာတဲ့ စကားမွန္း Jiji အသံကို နားေထာင္ရံုနဲ႔ Chae သိတယ္Lili ဘာလို႔ အဲ့လို ေျပာလိုက္မွန္း Chae မသိေပမယ့္ jijiကိုေတာ့ Chae ေၾကာင့္ မခံစားေစလိုပါ။ေနာက္ၿပီး Chae သိတယ္ Chae ကို Lili မခ်စ္ဘူးဆိုတာ။မခ်စ္ဘဲနဲ႔ လက္ထပ္မယ္ေျပာတဲ့ Lili ကို Chae နားမလည္နိုင္ေတာ့ပါ။ခုခ်ိန္မွာေတာ့ ဘာပဲ ျဖစ္ျဖစ္ အမွန္မဟုတ္တဲ့ ကိစၥ တစ္ခုအတြက္ Jiji မခံစားရေအာင္ မဟုတ္ေၾကာင္း ရွင္းျပ ရမွာပါပဲေလ*

Chae-မဟုတ္ဘူး jiji။Lili ေျပာတာ တကယ္မဟုတ္ဘူး။ အဲ့ကိစၥ Chae ဘာမွမသိဘူး။Lili ေလ်ွာက္ေျပာေနတာ။ Chae ကို ယံုပါေနာ္ ️(Whisper)

Ji-အင္းပါ ယံုတယ္😊

ိ* ဒီေကာင္မေလး က တံုးတာလား ေအးတာလား မသဲကြဲဘူးရယ္။Jiji နဲ႔ သူနဲ႔ က ဘာမွ မဆိုင္တာကို သူ႔ကို jiji မယံုမွာဆိုးလို႔ ကြၽန္မကို Lili နဲ႔ ဘာမွမဆိုင္ေၾကာင္းရွင္းျပေနေလရဲ႕သူမသိတာက သူ႔ကိုေလ Jiji က ဘယ္လိုအေျခအေနမ်ိဳးမွာမဆို ယံုတယ္ဆိုတာကိုေလ*

Ruby-ဘာလို႔လဲ.....ဘာလို႔ Unnie မဟုတ္ဘဲ Chae လဲ။ဘာေတြမ်ား ကြာျခားသြားလို႔လဲ ဘယ္လိုေတြေျပာင္းလိုက္လဲမွ Unnie က Chae လိုမ်ိဳး လီ့ ရဲ႕ အခ်စ္ေတြကို ရမွာလဲ😭

Ruby ရဲ႕ အေမးေၾကာင့္ Jiji ေတြးလက္စ အေတြးကို ေဖ်ာက္ၿပီး Lisa ျပန္ေျဖမဲ့ အေျဖကို ေမ်ွာ္လင့္ေနမိသည္။

Li-ဘယ္လိုမွ လုပ္လို႔မရဘူး လီ က Chae ကို Chae ျဖစ္ေနလို႔ကို ခ်စ္တာ ေတာင္ကိုရီးယား အမ်ိဳးေကာင္းသမီးေလး Park Chaeyoung ျဖစ္ေနလို႔ကို ခ်စ္တာ။လီ က Chae ကိုပဲ ခ်စ္တာ Chae ကိုပဲ လက္ထပ္မွာ။

* သိသြားပါၿပီ ဘာမွထပ္ေျပာစရာမလိုေအာင္ Ruby သေဘာေပါက္ သြားပါၿပီ။Chae နဲ႔ Ruby ရဲ႕ၾကားက ကြာျခားခ်က္....။ကြၽန္မ သိပ္ခ်စ္တဲ့ လီ ေျပာတဲ့ စကား ထဲမွာ ပါသြားၿပီေလ.တစ္ခုေလးပါပဲ တစ္ခုေလးပဲ မတူတာ ဒါေပမယ့္အဲ့ တစ္ခုေလးက လည္း ဘယ္လိုမွေျပာင္းလဲ လုပ္ယူလို႔မရတဲ့ အရာ.....။ဟုတ္ပါတယ္ေလ ကြၽန္မက လီ တို႔ ေတာင္ကိုရီးယား လူမ်ိဳးေတြ သိပ္ေၾကာက္သိပ္႐ြံတဲ့ ဖက္စစ္လို႔ေခၚတဲ့ ဂ်ပန္ လူမ်ိဳး။Chae က ေတာင္ကိုရီးယား လူမ်ိဳး။လီ က ကိုယ့္လူမ်ိဳးပဲ ကိုယ္ေ႐ြးမွာေပါ့ လီ မမွားပါဘူေလ *

Li-လက္ထပ္ပြဲအတြက္ ဂုဏ္ျပဳပါတယ္

Ruby-ဘာ❗️😡

Li-လက္ထပ္ပြဲအတြက္ ဂုဏ္ျပဳပါတယ္လို႔။

* Lisa သိတာေပါ့ Unnie က Lisa ကို စိတ္မဆိုးဘူး စိတ္မနာဘူးဆိုတာ။အမွန္ေတာ့ Lisa ကို Unnie စိတ္နာသြားေစခ်င္ပါတယ္။ဒါေၾကာင့္လည္း Unnie ကို အဲ့လို ေျပာလိုက္တာ Unnie က မာနႀကီး တဲ့ သူမလို႔ Lisa ဒီလိုေျပာလိုက္ရင္ Lisa ကို စိတ္ဆိုးမွာ ေသခ်ာပါတယ္။Unnie ရယ္ မုန္းပစ္လိုက္စမ္းပါ။Unnie အခ်စ္ေတြ လက္မခံတဲ့ အျပင္ ေစာ္ကားၿပီး မ်က္နွာေျပာင္တိုက္တဲ့ ဒီလို စကားမ်ိဳး ေျပာတဲ့ Lisa ကို*

''ျဖန္း💢´´

Lisa ရဲ႕ ပါးျပင္ႏုႏုေပၚသို႔ က်ေရာက္သြားတဲ့ Ruby ရဲ႕ခပ္ျပင္းျပင္း လက္ဝါးခ်က္.......။

* ခံစမ္း Lalisa.....နင္ျဖစ္ေစခ်င္တာ ဒီလိုမ်ိဳးမလား။ဒီလိုုျဖစ္ေစခ်င္လို႔ နင္ Unnie ကို အဲ့လိုေျပာတာမလား။ခု ျဖစ္ၿပီမလား ခံလိုက္စမ္း..... *

Lisa ကို Ruby က ပါး ရိုက္လိုက္တာ ေၾကာင့္ Chae က ထြက္တားဖို႔ ျပင္ေတာ့.....jiji လည္း Chae ရဲ႕ လက္ေကာက္၀တ္ ကို ဆြဲကာ ျပန္တားလိုက္ေတာ့သည္။

Ji-သြားလို႔မျဖစ္ဘူးေလ Ruby ရဲ႕ ေနရာက ကိုယ္ခ်င္းစာၾကည့္အံုး(Whisper)

Jiji စကားေၾကာင့္ Chae လည္း ခနေလး ၿငိမ္က်သြားေတာ့သည္။ၿပီးမွ.........။

Chae-ေတာင္းပန္ပါတယ္။Lili ကို Chae စိတ္ပူသြားလို႔ပါ(Whisper)

jiji လည္း ေခါင္းေလး တစ္ခ်က္ၿငိမ့္ျပကာ ၂ ေယာက္လံုးLisa နဲ႔ Ruby ရဲ႕ အေျခအေနကို ျပန္ေစာင့္ၾကည့္ေနမိေတာ့သည္။

Ruby-Lalisa မင္း အေတာ္ တရားလြန္သြားၿပီ။မင္း ငါ့အခ်စ္ ကို လက္မခံတာကိုလည္း ငါ စိတ္မဆိုးဘူး။ငါမဟုတ္တဲ့ Chae ကို ခ်စ္တာလည္း ငါစိတ္မဆိုးဘူး။ငါ့ လူမ်ိဳးကိုမထိတထိေလး ေစာ္ကားသြားတာလည္း ငါ စိတ္မဆိုးဘူး။မင္း ငါ့ကို ျငင္းၿပီးၿပီပဲ ဘာေၾကာင့္ မင္းကို ခ်စ္လို႔ လက္ထပ္ပြဲ ကိုေတာင္ ျငင္းၿပီး မင္းအခ်စ္ကို ရမလားလို႔ ေမ်ွာ္လင့္ခ်က္ ေလးနဲ႔ လာခဲ့တဲ့ ငါ့အခ်စ္ ငါ့သိကၡာ ငါ့မာန ကိုေစာ္ကား ရတာလဲ မင္း အဲ့ေလာက္ေတာင္ မ်က္နွာေျပာင္ တိုက္ရလား ဟမ္ Lalisa.....🗣😭😭

ေျပာၿပီး Lisa ကို ပါးရိုက္ဖို႔ ႐ြယ္လိုက္ေတာ့သည္။Ruby ေပးတဲ့ အျပစ္က ဘာျဖစ္ျဖစ္ ဘယ္လိုျဖစ္ျဖစ္ လက္ခံမယ္လို႔ ဆံုးျဖတ္ထားတာမလို႔ မၾကာခင္ က်ေရာက္လာေတာ့မယ့္Ruby ရဲ႕ လက္ဝါးခ်က္ကို မ်က္လံုးစံုမွိတ္ကာ ေစာင့္ေမ်ွာ္ေနမိေတာ့သည္။သို႔ေသာ္ Ruby ရဲ႕ လက္ေတြက Lisa ရဲ႕ ပါးျပင္ေပၚသို႔ မေရာက္ခင္ ရပ္တန္႔သြားေတာ့သည္။

* ဒုတိယ တစ္ၿကိမ္ လီ ကိုပါးရိုက္ဖို႔ ႐ြယ္လိုက္ေပမယ့္ ကြၽန္မ မလုပ္နိုင္ခဲ့ပါ။ကြၽန္မ ျမတ္ျမတ္နိုးနိုး နဲ႔ အနမ္းေႁခြ ဖို႔ပဲ စိတ္ကူးခဲ့ဖူးတဲ့ လီ့ ရဲ႕ ပါးကို ဒုတိယ အႀကိမ္ ထပ္ရိုက္ဖို႔ဆိုတာ ကြၽန္မအတြက္ ဘယ္လိုမွမျဖစ္နိုင္ပါ။ပထမ တစ္ခ်က္ ရိုက္လိုက္မိတာ ေတာင္ ကြၽန္မ လြန္လွပါၿပီ။ကြၽန္မဆိုတဲ့ Ruby Jane က ကြၽန္မ မာန နဲ႔ ကြၽန္မ သိကၡာ ကို ေစာ္ကားခဲ့ေပမယ့္ အဲ့ လူက လီ ျဖစ္ေနလို႔ ....ကြၽန္မ တစ္ခ်က္ပဲ ရိုက္နိုင္ခဲ့တယ္။ကြၽန္မ အဲ့ေလာက္ထိကို Lalisa ဆိုတဲ့ လီ့ ကို ခ်စ္ေနမိတာပါ *

ေရာက္သင့္တဲ့ အခ်ိန္ မွာ ေရာက္မလာတဲ့ Ruby ရဲ႕ လက္ဝါးခ်က္ ေၾကာင့္ Lisa လည္း မ်က္၀န္းအစံုကို ဖြင့္ၾကည့္ လိုက္ေတာ့ သူ႔ေရွ႕မွာ ေဆာင့္ေၾကာင့္ေလး ထိုင္ကာ ငိုေနတဲ့ R

uby ကို ေတြ႕လိုက္ရေတာ့သည္။

တစ္ခ်က္ တစ္ခ်က္ ခႏၶာကိုယ္ေလး တုန္တက္သြားတဲ့ အထိ ငိုေနတဲ့ Ruby ကို ၾကည့္ၿပီး Lisa ကိုယ့္ကိုယ္ကို အေတာ္ ေဒါသထြက္မိတယ္။ငိုလည္း အရမ္းငိုခ်င္ေနမိတယ္။ရင္ဘတ္ေတြေကာ လည္ေခ်ာင္းေတြပါ တင္းၾကပ္လာၿပီး ေပါက္ကြဲ ေအာ္ဟစ္ ပစ္ခ်င္လာတယ္။ဒါေပမယ့္ Lisa စိတ္ထိန္းၿပီးRuby အနားမွာ သူပါ ေဆာင့္ေၾကာင့္ေလး ထိုင္လိုက္ၿပီးRuby ပခံုးကို ပြတ္ကာ နွစ္သိမ့္ေပးေနမိေတာ့သည္။

Ruby-မကိုင္နဲ႔.......

ေလသံ ခပ္ေဖ်ာ့ေဖ်ာ့ ေလးနဲ႔ ေျပာကာ သူမ ရဲ႕ ပခံုးေပၚက Lisa ရဲ႕ လက္ကုိ တြန္းဖယ္လိုက္ေတာ့သည္။

Ruby-မကိုင္နဲ႔....

တြန္းဖယ္လိုက္တာေတာင္ ထပ္မံေရာက္လာတဲာ Lisa ရဲ႕ လက္ေၾကာင့္ ေစာနက ေလသံထက္ ပိုမာတဲ့ အသံျဖင့္ ေျပာကာ Lisa ရဲ႕ လက္ ကို ဒုတိယ အႀကိမ္ ထပ္ဖယ္လိုက္ေတာ့သည္။

Ruby က ဖယ္လိုက္ေပမယ့္ တတိယအႀကိမ္ ထပ္ေရာက္လာတဲ့ Lisa ရဲ႕ လက္ကို Ruby အေပၚကေန အုပ္မိုးကိုင္ကာ ေစာင့္ဆြဲျဖဳတ္ ျပစ္လိုက္ၿပီး......

Ruby-မကိုင္နဲ႔လို႔ ေျပာေနတယ္ေလ❗️🗣🗣🗣

ေဆာင့္ေၾကာင့္ထိုင္ေနရာကေန ေအာ္ၿပီး ရုတ္တရက္ မတ္တပ္ထရပ္လိုက္တာေၾကာင့္ ေဆာင့္ေၾကာင့္ ထိုင္ေနတဲ့ Lisaခင္မ်ာ ေျမျပင္ေပၚကို ဖင္ထိုင္လ်က္ ကေလး ျပဳတ္က်သြားေတာ့သည္။

Ruby-မင္း ဘယ္လိုျဖစ္ေနတာလဲ Lalisa။မင္းက အနာေပးလိုက္ ေဆးေကြၽးလိုက္ပါလား ဟ။ေအာ္....စကားမစပ္ေက်းဇူးတင္ပါတယ္ မင္းက ဒို႔ လက္ထပ္ပြဲကို ဂုဏ္ျပဳေပးလို႔မင္းျဖစ္ေစခ်င္တာ ဒီလိုမလား။

ေျပာရင္း Lisa မ်က္နွာ နားကို အနီးဆံုး ျဖစ္ေအာင္ ကပ္လာတဲ့ Ruby မ်က္နွာေၾကာင့္ Lisa လည္း သူမ မ်က္၀န္းအိမ္ထဲက ရစ္၀ဲေနတယ့္ မ်က္ရည္ေတြကို ျမင္မွာဆိုးလို႔ မ်က္လံုးကို စံုမွိတ္ခ်လိုက္ကာ တစ္ျခား တစ္ဖက္ကို မ်က္နွာ လႊဲလိုက္မိသည္။

* မျဖစ္ဘူး လီ့ မ်က္ရည္ေတြကို Unnie ျမင္သြားလို႔မျဖစ္ဘူးUnnie အတြက္ လီ ဟာ အဆံုးထိ မေပ်ာ့ညံ့ဘူးဆိုတာကိုပဲUnnie  ေတြ႕ရမွာ ျမင္ရမွာ*

* ကြၽန္မ သိပ္ခ်စ္တဲ့ လီ က ကြၽန္မ မ်က္နွာေတာင္ မျမင္ခ်င္ေတာ့ဘူး ထင္ပါရဲ႕ သူေလး မ်က္နွာနား ကို ကြၽန္မ မ်က္နွာကပ္လာတာေတာင္ မ်က္လံုးစံုမွိတ္ခ်ၿပီး တျခားဖက္ကိုေတာင္မ်က္နွာလႊဲသြားတယ္ အမွန္ေတာ့ ကြၽန္မ လီ နဲ႔ စကားေျပာေနတုန္း လီ့ မ်က္၀န္းထဲမွာ မ်က္ရည္ေတြ ေတြ႕လိုက္လို႔ ကြၽန္မ အတြက္ ေမ်ွာ္လင့္ခ်က္ေလးမ်ားလား ဆိုၿပီး အနီးကပ္ၾကည့္မိလိုက္တာ လီကေတာ့ တျခားဘက္ေတာင္ မ်က္နွာေလးလႊဲသြားေသးတယ္။ေစာနက လီ ကေျပာတယ္ လက္ထပ္ပြဲကို ဂုဏ္ျပဳပါတယ္တဲ့ ၾကည့္ရတာ လီ က Kai နဲ႔ ကြၽန္မ ကိုလက္ထပ္ေစခ်င္တယ္ ထင္ပါရဲ႕ လီ ရဲ႕ ဆႏၵ ကြၽန္မ ရဲ႕ မာနနဲ႔ သိကၡာ ၿပီးေတာ့ ေဖေဖ ရဲ႕ အသက္ အဲ့တာေတြ အတြက္ကြၽန္မ Kai ကို လက္ထပ္ပါ့မယ္*

Ruby-အဲ့ေလာက္ေတာင္လား မ်က္နွာေတာင္ မျမင္ခ်င္ေတာ့တာလား......။

* ငါ မွားၿပီး Unnie အထင္လြဲသြားၿပီ သူ႔မ်က္နွာေလး အနားကို တိုးလာမွ တျခားဘက္ကို မ်က္နွာလႊဲမိတာ။ငါျပန္ရွင္းျပ......မျဖစ္ဘူး ျပန္ရွင္းျပလို႔ မျဖစ္ဘူး ဒီလို အထင္လြဲၿပီး စိတ္နာသြား တာပဲေကာင္းပါတယ္။*

Lisa လည္း ပိတ္ထားတဲ့ မ်က္၀န္းေတြက္ို ဖြင့္ၾကည့္လိုက္ေတာ့ သူမကို ေက်ာေပးကာ ရပ္ေနတဲ့ ေက်ာျပင္ငယ္ေလးတစ္စံု......။အေနာက္ကေန သိုင္းဖက္ၿပီး ရင္ခြင္ထဲ ထည့္ကာခ်စ္ပါတယ္လို႔ အႀကိမ္ႀကိမ္ ေျပာခ်င္ေပမယ့္ ေျပာမလို႔မရေတာ့တဲ့ ခ်စ္လွစြာေသာ ေက်ာျပင္ငယ္ေလးေပါ့.......။

Ruby-အခု ဒို႔ ေျပာတာကို ေသခ်ာ နားေထာင္ပါ။ဒို႔ စကားေျပာေနတုန္း ဘာစကားမွ ျဖတ္မေျပာပါနဲ႔.....။

Li-အင္း

Ruby-ဒို႔ Kai နဲ႔ လက္ထပ္ေတာ့မယ္

Li-ဟင္❗️

Ruby-မင္းျဖစ္ေစခ်င္တဲ့ အတိုင္းေပါ့

Li-မဟုတ္.....(Whisper)

* မဟုတ္ဘူး လီ ျဖစ္ေစခ်င္တာ အဲ့လို မဟုတ္ဘူး။Unnie ကို အဲ့ေကာင္နဲ႔ လက္ထပ္ေစခ်င္တာ မဟုတ္ရပါဘူး*

မဟုတ္ေၾကာင္း ရွင္းျပခ်င္ေပမယ့္ စကားေတြ အားလံုးဟာလည္ပင္းနားမွာတင္ ေပ်ာက္ကြယ္သြားတာ မလို႔ Lisa ဆီက ဘာ သံမွ ထြက္မလာခဲ့......။

Ruby-မင္း ဆီက လက္ဖြဲ႕ေတာင္းပါရေစ။မင္း ေပးနိုင္တဲ့အရာမလို႔ ေက်းဇူးျပဳၿပီး မျငင္းပါနဲ႔ ဒို႔ ေတာင္းဆိုတာပါ။ေနာက္၂ ရက္ ေနရင္ ဒို႔ နဲ႔ Kai နဲ႔ ေစ့စပ္မွာ အဲ့ေန႔မွာပဲ မင္း နဲ႔ Chae လည္း ေစ့စပ္ေပးပါ။ၿပီးေတာ့ ေနာက္ ၂ ပတ္ေနရင္ ရက္နဲ႔ ေျပာရရင္ေတာ့ ဒို႔ လုပ္ခ်င္တဲ့ ရက္ကို လုပ္ေပးၾကမွာမလို႔ လာမဲ့ 23 ရက္ေန႔က်ရင္ ဒို႔ နဲ႔ Kai လက္ထပ္မွာမလို႔ မင္း နဲ႔Chae လည္း အဲ့ေန႔မွာပဲ လက္ထပ္ေပးပါ။

Li-မဟုတ္......

Ruby-မင္းကို စကားျဖတ္မေျပာဖို႔ ေျပာထားတယ္ေလ 🗣ဒို႔ ေျပာတာပဲ ေအးေအးေဆးေဆး နားေထာင္ ဒို႔ ထပ္မေအာ္ခ်င္ဘူး။လက္ထပ္ပြဲ အတြက္ေကာ ေစ့စပ္ပြဲအတြက္ပါ ကုန္က်စရိတ္ ေတြ အားလံုး နဲ႔ အ၀တ္အစားက စလို႔ အခမ္းအနားအျပင္မဆင္ထိ ဒို႔ အကုန္ လက္ဖြဲ႕မွာ မလို႔ ဘာမွ စိတ္မပူနဲ႔ဒို႔ ျပန္ေတာ့မယ္ ဒီေန႔ လာေနွာက္ယွက္မိတာ ေတာင္းပန္ပါတယ္ ဒို႔ ကို အေကာင္းအတိုင္း ျမင္ခ်င္ေသးရင္ ေနာက္က လိုက္မလာပါနဲ႔။မင္းကို ဒို႔ အရမ္းခ်စ္ပါတယ္ ဒါေပမယ့္ ဒီေန႔ဒီ အခ်ိန္ကစၿပီး မုန္းဖို႔ ေမ့ဖို႔ ဒို႔ ႀကိဳးစားေတာ့မယ္လို႔ ဒို႔ ကတိေပးပါတယ္။

Lisa ကို ေက်ာေပးကာ ေျပာခ်င္တာေတြ ေျပာၿပီး တေျဖးေျဖးေပ်ာက္ကြယ္သြားတဲ့ သူေနာက္ ေျပးလိုက္ကာ တားခ်င္ေပမယ့္ မွားခဲ့တဲ့သူက Lisa မလို႔ မတားရဲေတာ့။တားခဲ့သည္ထားအံုး အရင္က ဘာလို႔ ျငင္းတာလဲဆိုရင္ Lisa မွာ ေျဖစရာစကားမရွိ။အားလံုးဟာ အလြန္ေတြ ျဖစ္ကုန္ခဲ့ၿပီ။

* ေတာင္းပန္ပါတယ္ Unnie ရယ္ ေတာင္းပန္ပါတယ္ ျဖစ္နိုင္ရင္ အခ်ိန္ ေတြကို ေနာက္ျပန္လွည့္ ျပစ္လိုက္ခ်င္ပါတယ္။*

* ကြၽန္မ ရဲ႕ လီ ကို ကြၽန္မ ေတာင္တဲ့ လက္ဖြဲ႕က ရူးေၾကာင္ေၾကာင္ နိုင္ခ်င္နိုင္ေနပါလိမ့္မယ္ ဒါေပမယ့္ ဒါက ကြၽန္မ အတြက္ တန္ဖိုးအရွိဆံုး လက္ဖြဲ႕ပါပဲ။သူ႔လက္ထပ္ပြဲကို ကြၽန္မသြားတက္ရခဲ့ရင္ ကြၽန္မ စိတ္ထိန္းနိုင္မွညမဟုတ္သလိုကြၽန္မ လက္ထပ္ပြဲကို သူ လာတက္ရင္လည္း ကြၽန္မစိတ္ကြၽန္မ နိုင္မွာ မဟုတ္ပါဘူး ဒါေၾကာင့္ ဒီ လက္ဖြဲ႕ကို ကြၽန္မေတာင္းလိုက္မိတာပါ။*

သိပ္ခ်စ္ရပါေသာ ေက်ာျပင္ငယ္ေလး ျမင္ကြင္းကေန ေပ်ာက္ကြယ္သြားရံုတင္မကပါဘူး ဟိုးအေ၀းႀကီး ေရာက္သြားကာမွ Lisaထိန္းခ်ဳပ္ထားရသမ်ွ မ်က္ရည္ေတြကို စီးက်ခြင့္ျပဳလိုက္ေတာ့သည္ ထို ေနရာမွာပဲ ဒူးေထာက္ထိုင္ခ်လိုၿပီး ငိုေနမိေတာ့သည္။

Li-မဟုတ္ဘူး Unnie.....🗣😭😭😭

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ေမ်ွာ္ေနတဲ့ သူ တေယာက္တေလ ေလးမ်ား ရွိမလားလို႔  ေစာေစာေလး Up လိုက္တယ္။အမွားပါရင္ ေထာက္ျပၾကပါ လိုအပ္တာေလးေတြ ေျပာၾကပါ။ဇာတ္လမ္းကို ေသခ်ာ မ်က္လံုးထဲ ျမင္ေအာင္ ခံစားရေအာင္ မေရးနိုင္ခဲ့ရင္လည္း ေတာင္းပန္ပါတယ္ေနာ္ ခ က အသက္ေကာ ပညာပါ ငယ္ေသးလို႔ပါေနာ္ ဖတ္ေပး ေ၀ဖန္ေပးတဲ့ စာဖတ္သူ တေယာက္ခ်င္းကိုအရမ္းေက်းဇူးတင္ၿပီး အရမ္းခ်စ္ပါတယ္။

Readers ေတြကို အရမ္းခ်စ္ပါတယ္Readers တို႔ကို အရမ္းခ်စ္တဲ့Tu Nhai Kha#

....................................................................Love and Loyaltyအချစ် နဲ့ သစ္စာ

For Uni😘

Li-လီ့ မှာ လက်ထပ်ရမဲ့သူရှိတယ်

Ruby-ဘယ်လို❗️

Ji+Chae-ဟင်❗️(Whisper)

Lisa ရဲ့ စကားကြောင့် Ruby ကော သစ်ပင်အကွယ်မှာ နားထောင်နေတဲ့ Chae နဲ့ Jiji ပါ အံ့သြသွားမိသည်။

*Chae သိတယ် Ruby ဖွင့်ပြောကတည်းက Lili က Ruby ကို ငြင်းမယ်ဆိုတာ။Ruby ကို Lili ချစ်လား မချစ်လား Chae မသိပေမယ့် ဂျပန်ဘုရင်ခံရဲ့ သမီး ကိုတော့Lili က လက်မထပ်ဘူးဆိုတာ Chae သိတယ်။ဒါပေမယ့်Chae ဆုတောင်းနေမိတယ် Lili တကယ်ပဲ Ruby ကိုမချစ်ပါစေနဲ့လို့ ဘာလို့ဆို တကယ်လို့ Ruby ကို Lili ချစ်ခဲ့ရင် Ruby ကို ငြင်းလိုက်ရတဲ့ အတွက် Lili ခံစားရလိမ့်မယ်Lili ခံစားရမှာကိုတော့ Chae တကယ်မမြင်ချင်ပါဘူးရယ်Lili လက်ထပ်ရမဲ့ သူဆိုတာ ဘယ်သူပါလိမ့်*

* Lisa က Ruby ကို ငြင်းလိုက်တာ ကို jiji သိပ်မအံ့သြပါဘူး။ဒါမျိုးက ဖြစ်လာနိုင်တာမလို့ jiji ကြိုတွေးမိထားပါတယ်ဒါပေမယ့် Lisa မှာ လက်ထပ်ရမဲ့သူရှိတယ် ဆိုတဲ့ ကိစ္စကတကယ်ကို မထင်မှတ်ထားတဲ့ ကိစ္စပါပဲ။Lisa ဘာ အကွက်တွေ ရွေ့နေပြန်ပြီလည်း မသိပါဘူးကွာ*

Ruby-ဘယ်လိုရယ် လီ့ မှာ လက်ထပ်ရမဲ့ သူ ရှိတယ် ဟုတ်လား။

Li-ဟုတ်ပါတယ် Unnie။

Ruby-လီ့ အချစ် နဲ့ လီ့ ကို ပိုင်ဆိုင်ခွင့် ရလောက်တဲ့ အထိ ဒီလောက် ကံကောင်းတဲ့ သူက ဘယ်သူများပါလိမ့် လီ ရယ်။Unnie မနာလိုလိုက်တာ။

Li-.........

Lisa ပြန်မဖြေမိခဲ့ပါ။

Ruby-လီ....Unnie မေးနေတယ်လေ ဖြေစမ်းပါ လီ လက်ထပ်ရမဲ့ သူက ဘယ်သူလဲလို့🗣🗣😭😭

Li-Chae❗️❗️❗️

Ji-ဟာ❗️(Whisper)

Chae-ဟင်❗️(Whisper)

Ruby-ဘာ❗️❗️❗️❗ဘယ်သူ.....ပြန်ပြောပါဘယ်သူလဲလို့ Unnie နားကြားမှားတာ မလား 😭😭

Ruby ရဲ့ ''Unnie နားကြားမှားတာမလား'' ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို Lisa ဆီကနေ Ruby တယောက်တည်းတင်မဟုတ်ဘူး jiji ပါ မျှော်လင့်နေမိသည်။သူတို့ ၂ ယောက်လုံးနားကြားမှားတာဖြစ်ပါစေလို့လဲ ဆုတောင်းနေမိတော့သည်။

Li-Unnie နားကြားမမှားဘူး။Unnie ကြားတာ ဟုတ်တယ် Chae....Chaeyoung ပဲ။Lalisa နဲ့ လက်ထပ်ရမဲ့သူ Lalisa ရဲ့ အချစ်ကို ရသွားတဲ့ သူက Park Chaeyoung ပဲ 🗣🗣

Lisa လည်း မျက်ဝန်းထဲက ကျဆင်းလာတဲ့ မျက်ရည်တွေကိုRuby မမြင်အောင် လက်ခုံ နဲ့ ခပ်ကြမ်းကြမ်း ပွတ်ဆွဲ သုတ်လိုက်ပြီး ငိုသံပါနေတဲ့ သူမရဲ့ အသံကို Ruby သတိမထားမိလိုက်အောင် အော်ပြောလိုက်တော့သည်။

ji-အော်.....Chae တဲ့လား ️(Whisper)

* ရင်ထဲက နာနာ ကျင်ကျင် နင့်နင့်နဲနဲ ခံစားပြီး ထွက်လာတဲ့ စကားမှန်း Jiji အသံကို နားထောင်ရုံနဲ့ Chae သိတယ်Lili ဘာလို့ အဲ့လို ပြောလိုက်မှန်း Chae မသိပေမယ့် jijiကိုတော့ Chae ကြောင့် မခံစားစေလိုပါ။နောက်ပြီး Chae သိတယ် Chae ကို Lili မချစ်ဘူးဆိုတာ။မချစ်ဘဲနဲ့ လက်ထပ်မယ်ပြောတဲ့ Lili ကို Chae နားမလည်နိုင်တော့ပါ။ခုချိန်မှာတော့ ဘာပဲ ဖြစ်ဖြစ် အမှန်မဟုတ်တဲ့ ကိစ္စ တစ်ခုအတွက် Jiji မခံစားရအောင် မဟုတ်ကြောင်း ရှင်းပြ ရမှာပါပဲလေ*

Chae-မဟုတ်ဘူး jiji။Lili ပြောတာ တကယ်မဟုတ်ဘူး။ အဲ့ကိစ္စ Chae ဘာမှမသိဘူး။Lili လျှောက်ပြောနေတာ။ Chae ကို ယုံပါနော် ️(Whisper)

Ji-အင်းပါ ယုံတယ်😊

ိ* ဒီကောင်မလေး က တုံးတာလား အေးတာလား မသဲကွဲဘူးရယ်။Jiji နဲ့ သူနဲ့ က ဘာမှ မဆိုင်တာကို သူ့ကို jiji မယုံမှာဆိုးလို့ ကျွန်မကို Lili နဲ့ ဘာမှမဆိုင်ကြောင်းရှင်းပြနေလေရဲ့သူမသိတာက သူ့ကိုလေ Jiji က ဘယ်လိုအခြေအနေမျိုးမှာမဆို ယုံတယ်ဆိုတာကိုလေ*

Ruby-ဘာလို့လဲ.....ဘာလို့ Unnie မဟုတ်ဘဲ Chae လဲ။ဘာတွေများ ကွာခြားသွားလို့လဲ ဘယ်လိုတွေပြောင်းလိုက်လဲမှ Unnie က Chae လိုမျိုး လီ့ ရဲ့ အချစ်တွေကို ရမှာလဲ😭

Ruby ရဲ့ အမေးကြောင့် Jiji တွေးလက်စ အတွေးကို ဖျောက်ပြီး Lisa ပြန်ဖြေမဲ့ အဖြေကို မျှော်လင့်နေမိသည်။

Li-ဘယ်လိုမှ လုပ်လို့မရဘူး လီ က Chae ကို Chae ဖြစ်နေလို့ကို ချစ်တာ တောင်ကိုရီးယား အမျိုးကောင်းသမီးလေး Park Chaeyoung ဖြစ်နေလို့ကို ချစ်တာ။လီ က Chae ကိုပဲ ချစ်တာ Chae ကိုပဲ လက်ထပ်မှာ။

* သိသွားပါပြီ ဘာမှထပ်ပြောစရာမလိုအောင် Ruby သဘောပေါက် သွားပါပြီ။Chae နဲ့ Ruby ရဲ့ကြားက ကွာခြားချက်....။ကျွန်မ သိပ်ချစ်တဲ့ လီ ပြောတဲ့ စကား ထဲမှာ ပါသွားပြီလေ.တစ်ခုလေးပါပဲ တစ်ခုလေးပဲ မတူတာ ဒါပေမယ့်အဲ့ တစ်ခုလေးက လည်း ဘယ်လိုမှပြောင်းလဲ လုပ်ယူလို့မရတဲ့ အရာ.....။ဟုတ်ပါတယ်လေ ကျွန်မက လီ တို့ တောင်ကိုရီးယား လူမျိုးတွေ သိပ်ကြောက်သိပ်ရွံတဲ့ ဖက်စစ်လို့ခေါ်တဲ့ ဂျပန် လူမျိုး။Chae က တောင်ကိုရီးယား လူမျိုး။လီ က ကိုယ့်လူမျိုးပဲ ကိုယ်ရွေးမှာပေါ့ လီ မမှားပါဘူလေ *

Li-လက်ထပ်ပွဲအတွက် ဂုဏ်ပြုပါတယ်

Ruby-ဘာ❗️😡

Li-လက်ထပ်ပွဲအတွက် ဂုဏ်ပြုပါတယ်လို့။

* Lisa သိတာပေါ့ Unnie က Lisa ကို စိတ်မဆိုးဘူး စိတ်မနာဘူးဆိုတာ။အမှန်တော့ Lisa ကို Unnie စိတ်နာသွားစေချင်ပါတယ်။ဒါကြောင့်လည်း Unnie ကို အဲ့လို ပြောလိုက်တာ Unnie က မာနကြီး တဲ့ သူမလို့ Lisa ဒီလိုပြောလိုက်ရင် Lisa ကို စိတ်ဆိုးမှာ သေချာပါတယ်။Unnie ရယ် မုန်းပစ်လိုက်စမ်းပါ။Unnie အချစ်တွေ လက်မခံတဲ့ အပြင် စော်ကားပြီး မျက်နှာပြောင်တိုက်တဲ့ ဒီလို စကားမျိုး ပြောတဲ့ Lisa ကို*

''ဖြန်း💢´´

Lisa ရဲ့ ပါးပြင်နုနုပေါ်သို့ ကျရောက်သွားတဲ့ Ruby ရဲ့ခပ်ပြင်းပြင်း လက်ဝါးချက်.......။

* ခံစမ်း Lalisa.....နင်ဖြစ်စေချင်တာ ဒီလိုမျိုးမလား။ဒီလိုုဖြစ်စေချင်လို့ နင် Unnie ကို အဲ့လိုပြောတာမလား။ခု ဖြစ်ပြီမလား ခံလိုက်စမ်း..... *

Lisa ကို Ruby က ပါး ရိုက်လိုက်တာ ကြောင့် Chae က ထွက်တားဖို့ ပြင်တော့.....jiji လည်း Chae ရဲ့ လက်ကောက်ဝတ် ကို ဆွဲကာ ပြန်တားလိုက်တော့သည်။

Ji-သွားလို့မဖြစ်ဘူးလေ Ruby ရဲ့ နေရာက ကိုယ်ချင်းစာကြည့်အုံး(Whisper)

Jiji စကားကြောင့် Chae လည်း ခနလေး ငြိမ်ကျသွားတော့သည်။ပြီးမှ.........။

Chae-တောင်းပန်ပါတယ်။Lili ကို Chae စိတ်ပူသွားလို့ပါ(Whisper)

jiji လည်း ခေါင်းလေး တစ်ချက်ငြိမ့်ပြကာ ၂ ယောက်လုံးLisa နဲ့ Ruby ရဲ့ အခြေအနေကို ပြန်စောင့်ကြည့်နေမိတော့သည်။

Ruby-Lalisa မင်း အတော် တရားလွန်သွားပြီ။မင်း ငါ့အချစ် ကို လက်မခံတာကိုလည်း ငါ စိတ်မဆိုးဘူး။ငါမဟုတ်တဲ့ Chae ကို ချစ်တာလည်း ငါစိတ်မဆိုးဘူး။ငါ့ လူမျိုးကိုမထိတထိလေး စော်ကားသွားတာလည်း ငါ စိတ်မဆိုးဘူး။မင်း ငါ့ကို ငြင်းပြီးပြီပဲ ဘာကြောင့် မင်းကို ချစ်လို့ လက်ထပ်ပွဲ ကိုတောင် ငြင်းပြီး မင်းအချစ်ကို ရမလားလို့ မျှော်လင့်ချက် လေးနဲ့ လာခဲ့တဲ့ ငါ့အချစ် ငါ့သိက္ခာ ငါ့မာန ကိုစော်ကား ရတာလဲ မင်း အဲ့လောက်တောင် မျက်နှာပြောင် တိုက်ရလား ဟမ် Lalisa.....🗣😭😭

ပြောပြီး Lisa ကို ပါးရိုက်ဖို့ ရွယ်လိုက်တော့သည်။Ruby ပေးတဲ့ အပြစ်က ဘာဖြစ်ဖြစ် ဘယ်လိုဖြစ်ဖြစ် လက်ခံမယ်လို့ ဆုံးဖြတ်ထားတာမလို့ မကြာခင် ကျရောက်လာတော့မယ့်Ruby ရဲ့ လက်ဝါးချက်ကို မျက်လုံးစုံမှိတ်ကာ စောင့်မျှော်နေမိတော့သည်။သို့သော် Ruby ရဲ့ လက်တွေက Lisa ရဲ့ ပါးပြင်ပေါ်သို့ မရောက်ခင် ရပ်တန့်သွားတော့သည်။

* ဒုတိယ တစ်ကြိမ် လီ ကိုပါးရိုက်ဖို့ ရွယ်လိုက်ပေမယ့် ကျွန်မ မလုပ်နိုင်ခဲ့ပါ။ကျွန်မ မြတ်မြတ်နိုးနိုး နဲ့ အနမ်းခြွေ ဖို့ပဲ စိတ်ကူးခဲ့ဖူးတဲ့ လီ့ ရဲ့ ပါးကို ဒုတိယ အကြိမ် ထပ်ရိုက်ဖို့ဆိုတာ ကျွန်မအတွက် ဘယ်လိုမှမဖြစ်နိုင်ပါ။ပထမ တစ်ချက် ရိုက်လိုက်မိတာ တောင် ကျွန်မ လွန်လှပါပြီ။ကျွန်မဆိုတဲ့ Ruby Jane က ကျွန်မ မာန နဲ့ ကျွန်မ သိက္ခာ ကို စော်ကားခဲ့ပေမယ့် အဲ့ လူက လီ ဖြစ်နေလို့ ....ကျွန်မ တစ်ချက်ပဲ ရိုက်နိုင်ခဲ့တယ်။ကျွန်မ အဲ့လောက်ထိကို Lalisa ဆိုတဲ့ လီ့ ကို ချစ်နေမိတာပါ *

ရောက်သင့်တဲ့ အချိန် မှာ ရောက်မလာတဲ့ Ruby ရဲ့ လက်ဝါးချက် ကြောင့် Lisa လည်း မျက်ဝန်းအစုံကို ဖွင့်ကြည့် လိုက်တော့ သူ့ရှေ့မှာ ဆောင့်ကြောင့်လေး ထိုင်ကာ ငိုနေတဲ့ R

uby ကို တွေ့လိုက်ရတော့သည်။

တစ်ချက် တစ်ချက် ခန္ဓာကိုယ်လေး တုန်တက်သွားတဲ့ အထိ ငိုနေတဲ့ Ruby ကို ကြည့်ပြီး Lisa ကိုယ့်ကိုယ်ကို အတော် ဒေါသထွက်မိတယ်။ငိုလည်း အရမ်းငိုချင်နေမိတယ်။ရင်ဘတ်တွေကော လည်ချောင်းတွေပါ တင်းကြပ်လာပြီး ပေါက်ကွဲ အော်ဟစ် ပစ်ချင်လာတယ်။ဒါပေမယ့် Lisa စိတ်ထိန်းပြီးRuby အနားမှာ သူပါ ဆောင့်ကြောင့်လေး ထိုင်လိုက်ပြီးRuby ပခုံးကို ပွတ်ကာ နှစ်သိမ့်ပေးနေမိတော့သည်။

Ruby-မကိုင်နဲ့.......

လေသံ ခပ်ဖျော့ဖျော့ လေးနဲ့ ပြောကာ သူမ ရဲ့ ပခုံးပေါ်က Lisa ရဲ့ လက်ကို တွန်းဖယ်လိုက်တော့သည်။

Ruby-မကိုင်နဲ့....

တွန်းဖယ်လိုက်တာတောင် ထပ်မံရောက်လာတဲာ Lisa ရဲ့ လက်ကြောင့် စောနက လေသံထက် ပိုမာတဲ့ အသံဖြင့် ပြောကာ Lisa ရဲ့ လက် ကို ဒုတိယ အကြိမ် ထပ်ဖယ်လိုက်တော့သည်။

Ruby က ဖယ်လိုက်ပေမယ့် တတိယအကြိမ် ထပ်ရောက်လာတဲ့ Lisa ရဲ့ လက်ကို Ruby အပေါ်ကနေ အုပ်မိုးကိုင်ကာ စောင့်ဆွဲဖြုတ် ပြစ်လိုက်ပြီး......

Ruby-မကိုင်နဲ့လို့ ပြောနေတယ်လေ❗️🗣🗣🗣

ဆောင့်ကြောင့်ထိုင်နေရာကနေ အော်ပြီး ရုတ်တရက် မတ်တပ်ထရပ်လိုက်တာကြောင့် ဆောင့်ကြောင့် ထိုင်နေတဲ့ Lisaခင်မျာ မြေပြင်ပေါ်ကို ဖင်ထိုင်လျက် ကလေး ပြုတ်ကျသွားတော့သည်။

Ruby-မင်း ဘယ်လိုဖြစ်နေတာလဲ Lalisa။မင်းက အနာပေးလိုက် ဆေးကျွေးလိုက်ပါလား ဟ။အော်....စကားမစပ်ကျေးဇူးတင်ပါတယ် မင်းက ဒို့ လက်ထပ်ပွဲကို ဂုဏ်ပြုပေးလို့မင်းဖြစ်စေချင်တာ ဒီလိုမလား။

ပြောရင်း Lisa မျက်နှာ နားကို အနီးဆုံး ဖြစ်အောင် ကပ်လာတဲ့ Ruby မျက်နှာကြောင့် Lisa လည်း သူမ မျက်ဝန်းအိမ်ထဲက ရစ်ဝဲနေတယ့် မျက်ရည်တွေကို မြင်မှာဆိုးလို့ မျက်လုံးကို စုံမှိတ်ချလိုက်ကာ တစ်ခြား တစ်ဖက်ကို မျက်နှာ လွှဲလိုက်မိသည်။

* မဖြစ်ဘူး လီ့ မျက်ရည်တွေကို Unnie မြင်သွားလို့မဖြစ်ဘူးUnnie အတွက် လီ ဟာ အဆုံးထိ မပျော့ညံ့ဘူးဆိုတာကိုပဲUnnie  တွေ့ရမှာ မြင်ရမှာ*

* ကျွန်မ သိပ်ချစ်တဲ့ လီ က ကျွန်မ မျက်နှာတောင် မမြင်ချင်တော့ဘူး ထင်ပါရဲ့ သူလေး မျက်နှာနား ကို ကျွန်မ မျက်နှာကပ်လာတာတောင် မျက်လုံးစုံမှိတ်ချပြီး တခြားဖက်ကိုတောင်မျက်နှာလွှဲသွားတယ် အမှန်တော့ ကျွန်မ လီ နဲ့ စကားပြောနေတုန်း လီ့ မျက်ဝန်းထဲမှာ မျက်ရည်တွေ တွေ့လိုက်လို့ ကျွန်မ အတွက် မျှော်လင့်ချက်လေးများလား ဆိုပြီး အနီးကပ်ကြည့်မိလိုက်တာ လီကတော့ တခြားဘက်တောင် မျက်နှာလေးလွှဲသွားသေးတယ်။စောနက လီ ကပြောတယ် လက်ထပ်ပွဲကို ဂုဏ်ပြုပါတယ်တဲ့ ကြည့်ရတာ လီ က Kai နဲ့ ကျွန်မ ကိုလက်ထပ်စေချင်တယ် ထင်ပါရဲ့ လီ ရဲ့ ဆန္ဒ ကျွန်မ ရဲ့ မာနနဲ့ သိက္ခာ ပြီးတော့ ဖေဖေ ရဲ့ အသက် အဲ့တာတွေ အတွက်ကျွန်မ Kai ကို လက်ထပ်ပါ့မယ်*

Ruby-အဲ့လောက်တောင်လား မျက်နှာတောင် မမြင်ချင်တော့တာလား......။

* ငါ မှားပြီး Unnie အထင်လွဲသွားပြီ သူ့မျက်နှာလေး အနားကို တိုးလာမှ တခြားဘက်ကို မျက်နှာလွှဲမိတာ။ငါပြန်ရှင်းပြ......မဖြစ်ဘူး ပြန်ရှင်းပြလို့ မဖြစ်ဘူး ဒီလို အထင်လွဲပြီး စိတ်နာသွား တာပဲကောင်းပါတယ်။*

Lisa လည်း ပိတ်ထားတဲ့ မျက်ဝန်းတွေကို ဖွင့်ကြည့်လိုက်တော့ သူမကို ကျောပေးကာ ရပ်နေတဲ့ ကျောပြင်ငယ်လေးတစ်စုံ......။အနောက်ကနေ သိုင်းဖက်ပြီး ရင်ခွင်ထဲ ထည့်ကာချစ်ပါတယ်လို့ အကြိမ်ကြိမ် ပြောချင်ပေမယ့် ပြောမလို့မရတော့တဲ့ ချစ်လှစွာသော ကျောပြင်ငယ်လေးပေါ့.......။

Ruby-အခု ဒို့ ပြောတာကို သေချာ နားထောင်ပါ။ဒို့ စကားပြောနေတုန်း ဘာစကားမှ ဖြတ်မပြောပါနဲ့.....။

Li-အင်း

Ruby-ဒို့ Kai နဲ့ လက်ထပ်တော့မယ်

Li-ဟင်❗️

Ruby-မင်းဖြစ်စေချင်တဲ့ အတိုင်းပေါ့

Li-မဟုတ်.....(Whisper)

* မဟုတ်ဘူး လီ ဖြစ်စေချင်တာ အဲ့လို မဟုတ်ဘူး။Unnie ကို အဲ့ကောင်နဲ့ လက်ထပ်စေချင်တာ မဟုတ်ရပါဘူး*

မဟုတ်ကြောင်း ရှင်းပြချင်ပေမယ့် စကားတွေ အားလုံးဟာလည်ပင်းနားမှာတင် ပျောက်ကွယ်သွားတာ မလို့ Lisa ဆီက ဘာ သံမှ ထွက်မလာခဲ့......။

Ruby-မင်း ဆီက လက်ဖွဲ့တောင်းပါရစေ။မင်း ပေးနိုင်တဲ့အရာမလို့ ကျေးဇူးပြုပြီး မငြင်းပါနဲ့ ဒို့ တောင်းဆိုတာပါ။နောက်၂ ရက် နေရင် ဒို့ နဲ့ Kai နဲ့ စေ့စပ်မှာ အဲ့နေ့မှာပဲ မင်း နဲ့ Chae လည်း စေ့စပ်ပေးပါ။ပြီးတော့ နောက် ၂ ပတ်နေရင် ရက်နဲ့ ပြောရရင်တော့ ဒို့ လုပ်ချင်တဲ့ ရက်ကို လုပ်ပေးကြမှာမလို့ လာမဲ့ 23 ရက်နေ့ကျရင် ဒို့ နဲ့ Kai လက်ထပ်မှာမလို့ မင်း နဲ့Chae လည်း အဲ့နေ့မှာပဲ လက်ထပ်ပေးပါ။

Li-မဟုတ်......

Ruby-မင်းကို စကားဖြတ်မပြောဖို့ ပြောထားတယ်လေ 🗣ဒို့ ပြောတာပဲ အေးအေးဆေးဆေး နားထောင် ဒို့ ထပ်မအော်ချင်ဘူး။လက်ထပ်ပွဲ အတွက်ကော စေ့စပ်ပွဲအတွက်ပါ ကုန်ကျစရိတ် တွေ အားလုံး နဲ့ အဝတ်အစားက စလို့ အခမ်းအနားအပြင်မဆင်ထိ ဒို့ အကုန် လက်ဖွဲ့မှာ မလို့ ဘာမှ စိတ်မပူနဲ့ဒို့ ပြန်တော့မယ် ဒီနေ့ လာနှောက်ယှက်မိတာ တောင်းပန်ပါတယ် ဒို့ ကို အကောင်းအတိုင်း မြင်ချင်သေးရင် နောက်က လိုက်မလာပါနဲ့။မင်းကို ဒို့ အရမ်းချစ်ပါတယ် ဒါပေမယ့် ဒီနေ့ဒီ အချိန်ကစပြီး မုန်းဖို့ မေ့ဖို့ ဒို့ ကြိုးစားတော့မယ်လို့ ဒို့ ကတိပေးပါတယ်။

Lisa ကို ကျောပေးကာ ပြောချင်တာတွေ ပြောပြီး တဖြေးဖြေးပျောက်ကွယ်သွားတဲ့ သူနောက် ပြေးလိုက်ကာ တားချင်ပေမယ့် မှားခဲ့တဲ့သူက Lisa မလို့ မတားရဲတော့။တားခဲ့သည်ထားအုံး အရင်က ဘာလို့ ငြင်းတာလဲဆိုရင် Lisa မှာ ဖြေစရာစကားမရှိ။အားလုံးဟာ အလွန်တွေ ဖြစ်ကုန်ခဲ့ပြီ။

* တောင်းပန်ပါတယ် Unnie ရယ် တောင်းပန်ပါတယ် ဖြစ်နိုင်ရင် အချိန် တွေကို နောက်ပြန်လှည့် ပြစ်လိုက်ချင်ပါတယ်။*

* ကျွန်မ ရဲ့ လီ ကို ကျွန်မ တောင်တဲ့ လက်ဖွဲ့က ရူးကြောင်ကြောင် နိုင်ချင်နိုင်နေပါလိမ့်မယ် ဒါပေမယ့် ဒါက ကျွန်မ အတွက် တန်ဖိုးအရှိဆုံး လက်ဖွဲ့ပါပဲ။သူ့လက်ထပ်ပွဲကို ကျွန်မသွားတက်ရခဲ့ရင် ကျွန်မ စိတ်ထိန်းနိုင်မှညမဟုတ်သလိုကျွန်မ လက်ထပ်ပွဲကို သူ လာတက်ရင်လည်း ကျွန်မစိတ်ကျွန်မ နိုင်မှာ မဟုတ်ပါဘူး ဒါကြောင့် ဒီ လက်ဖွဲ့ကို ကျွန်မတောင်းလိုက်မိတာပါ။*

သိပ်ချစ်ရပါသော ကျောပြင်ငယ်လေး မြင်ကွင်းကနေ ပျောက်ကွယ်သွားရုံတင်မကပါဘူး ဟိုးအဝေးကြီး ရောက်သွားကာမှ Lisaထိန်းချုပ်ထားရသမျှ မျက်ရည်တွေကို စီးကျခွင့်ပြုလိုက်တော့သည် ထို နေရာမှာပဲ ဒူးထောက်ထိုင်ချလိုပြီး ငိုနေမိတော့သည်။

Li-မဟုတ်ဘူး Unnie.....🗣😭😭😭

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

မျှော်နေတဲ့ သူ တယောက်တလေ လေးများ ရှိမလားလို့  စောစောလေး Up လိုက်တယ်။အမှားပါရင် ထောက်ပြကြပါ လိုအပ်တာလေးတွေ ပြောကြပါ။ဇာတ်လမ်းကို သေချာ မျက်လုံးထဲ မြင်အောင် ခံစားရအောင် မရေးနိုင်ခဲ့ရင်လည်း တောင်းပန်ပါတယ်နော် ခ က အသက်ကော ပညာပါ ငယ်သေးလို့ပါနော် ဖတ်ပေး ဝေဖန်ပေးတဲ့ စာဖတ်သူ တယောက်ချင်းကိုအရမ်းကျေးဇူးတင်ပြီး အရမ်းချစ်ပါတယ်။

Readers တွေကို အရမ်းချစ်ပါတယ်Readers တို့ကို အရမ်းချစ်တဲ့Tu Nhai Kha#

There are no comments yet. Log in to be the first to leave a review!

Similar stories