Fanfics
30💛
20:39, 21 September 2021
For ZG😍
Ji-ဟိုဟာလေ......
Chae-ဟုတ်
Chae-အော်😔
Chae-အော် ဟုတ်လား😄
Ji-ဟုတ်တယ်😊
Ji-ဟုတ် ကျေးဇူး။
Ji-ရှင်....ဟုတ်
Chae-လာ အထဲဝင်ကြစို့
Chae-ဟုတ် သွားကြမယ်လေ။
Ji-ခန
Chae-ဘာလို့လဲဟင်။
ိနပ်အဖြူလေးရဲ့ ဖိနပ်ကြိုးကို သေချာလှလှပပလေး ချည်ပေးလိုက်တော့သည်။
~~~~~~~~~~~~~~~~~~~~~
Lisa-အ😖
Ruby-လီ ထ ထ။
Lisa-အွန်း ၅ မိနစ်ဘဲ
Ruby-ဟာမရဘူး ထ ဆိုကွာ။
Ruby-Unnie တို့ ပြန်တော့မယ်လေ အဲ့တာ လိုက်ပို့ပေးအုံးလေ Chae ကိုတော့ jiji သွားနှိုးတယ်။
Ruby-အင်း
Li-အင်း ဟုတ်တယ်။
Ruby-ဟုတ်ကဲ့ပါရှင့်။
Li-ရှင်....😳
Li-ရှင်....😲❗️
Li-ဘာရယ်
Li-အော် အဲ့လိုလား။
Ruby-အင်းလေ။
Ruby- ဘာပြောတာလဲဟင်။
Li-ဘာမှမဟုတ်ဘူးရယ်။
Li-ဟုတ် Unnie ။
Li-ကျေးဇူးပါ
~~~~~~~~~~~~~~~~~~~~~~~~~~
ဖွင့်ကြည့်လိုက်တော့.............
~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~
Ruby-ဟင်.....ဧည့်သည်တွေ🤔......
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
For Uni😘
မနက်စောစော အခန်းတံခါးကို လာခေါက်ကာ လာနှိုးတဲ့သူ ကြောင့် Chae အိပ်ရာကနေ မထချင်ပေမယ့် ကုန်းရုန်းထ လိုက်ရသည်။
Chae-အစောကြီး ဘယ်သူပါလိမ့်။
Chae လည်း အိပ်ချင်နေသေးတဲ့ မျက်လုံးကို အသားကုန်ဖွင့်ကာ အခန်းတံခါးကို သွားဖွင့်ပေးလိုက်တော့သည်။
Ji-Chae အိပ်ပျော်နေတုန်းထင်တယ် အားနာလိုက်တာတောင်းပန်ပါတယ်။
တံခါးလေး ဖွင့်ရုံရှိသေးတယ် အိပ်ချင်မူးတူး  ဆံပင် စုတ်ဖွားလေး နဲ့ ခုထိ မျက်လုံးမပွင့်သေးတဲ့ Chase ကို ကြည့်ပြီး jijiလည်း အားနာကာ တောင်းပန်တော့လေသည်။
Chae-Jiji က တောင်းပန်ပါတယ် ဆိုတဲ့ စကားအပြင် တခြား မပြောတတ်တော့တာလား။တခြားစကားလေးဘာလေး ပြောကြည့်ပါလား ကြားဖူးချင်လို့ပါ။တကယ်တည်း။
ဘာမှမလုပ်ထားဘဲ အမြဲတမ်း တောင်းပန်စကား ပဲ ဆိုနေတဲ့Jiji ကို Chae မာန်လိုက်မိတော့သည်။
အိပ်ချင်မူးတူး နဲ့ မျက်စိမဖွင့်ဘဲ စောစောစီးစီး ပါးဖောင်းဖောင်း လေးတွေကို လုပ်သွားအောင်အထိ အားကြီးနဲ့ လူကိုလာမာန်နေတဲ့ jiji ထက်ငယ်တဲ့ လူကြီးလေးကို Jiji တယောက်အသည်းတွေယားပြီး အချစ်ပိုနေမိပြန်တော့သည်။
Ji-အဲ့လိုလည်း မဟုတ်ပါဘူး Chae ရယ်။Chae အိပ်နေတုန်း jiji ကလာ နှိုးမိသွားတော့ အားနာလို့ပါ
Chae-ရပါတယ် jiji ရယ် အားနာစရာမလိုပါဘူး။ဒါနဲ့ ဘာကိစ္စ ရှိလို့လဲဟင်။
Ji-အော် ကိစ္စက jiji တို့ ပြန်တော့မလို့ အဲ့တာ Jiji တို့ကိုလိုက်ပို့ပေးလို့ရမလား။
Chae-ဟင်....အစောကြီး ရှိသေးတယ်လေ။
Ji-အင်း ဟုတ်တယ်။အန်တီက ကိစ္စရှိလို့ စောစောပြန်မယ်တဲ့အဲ့တာ လိုက်ပို့ပေးလို့ရမလားဟင်။
Chae-ဟုတ် ရပါတယ် Lili ကို သွားနှိုးရအုံးမယ်။
Ji-ဟိုဟာလေ......
Chae-ဟုတ်
Ji-Ruby ရယ် Lisa ကို သွားနှိုးတယ် Chae ရဲ့😞
Chae-အော်😔
အနည်းငယ် ညှိုးကျသွားတဲ့ Chae ရဲ့ မျက်နှာကြောင့် Jiji ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ပေ။အဲ့တာကြောင့်Jiji လည်း မနက်စောစော မုသာဝါဒ တခုကို ကျူးလွန်လိုက်ရတော့သည်။
Ji-ဟိုဟာလေ....Lisa ကို သွားနှိုးတာ အန်တီပါ ပါတယ်
Chae-အော် ဟုတ်လား😄
Ji-ဟုတ်တယ်😊
*ဲjiji မနက်စောစော မုသာဝါဒ တစ်ခုကို ကျူးလွန်လိုက်တာကြောင့် Chae မျက်နှာလေး ပြန်ပြီး ရွှင်ပျ လာတယ်ဆိုရင်တော့ဖြင့် ငရဲကြီးလည်း တန်ပါတယ်လေ။*
Chae-ဒါဆို Chae မျက်နှာသွားသစ် လိုက်အုံးမယ်နော်ခနလေး စောင့်ပေးပါအုံး
Ji-ဟုတ် jiji ဒီမှာစောင့်မယ်လေ။
Chae-ဟယ်.....ဒီမှာတော့ မစောင့်ပါနဲ့ Chae ရဲ့ အခန်းထဲမှာ ဝင်စောင့်ပါ အပြင်က အေးရအေးနဲ့။
Ji-အခန်းထဲ ဝင်လို့ ဖြစ်ပါ့မလား။
Chae-ဟယ်....ဘာကိစ္စ မဖြစ်ရမှာလဲ။Chae က ကိုက်မစားပါဘူးရယ်။
Ji-မဟုတ်ဘူးလေ Jiji က အားနာလို့ရယ်။
Chae-လာပြန်ပြီ ဒီအားနာတာ။Chae စိတ်ဆိုးလိုက်တော့မှာနော် အမြဲ အားနာလိုက် တောင်းပန်လိုက်နဲ့။
ji-အယ်....စိတ်တော့မဆိုးနဲ့ Chae မကြိုက်ရင် နောက်တခါ jiji မပြောတော့ပါဘူးရယ်။
Chae-ပြီးရော လိမ္မာတယ်။လာ....အထဲဝင်
Ji-ဟုတ် ကျေးဇူး။
Chae-နေအုံး ပြောစရာရှိသေးတယ်။
Ji-ရှင်....ဟုတ်
Chae-အားနာတာရယ် တောင်းပန်တာရယ် အပြင် နောက်ထပ် ကျေးဇူးတင်တယ် ဆိုတာပါ မပြောနဲ့ Jiji နဲ့ Chae ကြားမှာ ဒီစကားတွေမလိုဘူးရယ်။
ji-ဟုတ် နောက်တခါမပြောတော့ပါဘူး
Chae-လာ အထဲဝင်ကြစို့
Chae လည်း jiji ကို လက်ဆွဲပြီး အခန်းထဲ ခေါ်သွားပြီးအခန်းထဲက ကုတင်ပေါ်မှာ ခန ထိုင်စောင့်ခိုင်းကာ ရေချိုးခန်းထဲ သို့ ဝင်သွားလေသည်။Jiji ကတော့ ကုတင်ပေါ်ထိုင်ကာဟိုကြည့် ဒီကြည့် လုပ်နေတော့သည်။
ကုတင် ဘေးက စားပွဲပေါ်မှာ တင်ထားတဲ့ Lisa နဲ့ Chae ရဲ့၂ ယောက်တွဲပုံရယ် Lisa ပုံရယ်ကြောင့် Lisa ကို Chae ဘယ်လောက်ချစ်လဲ သိပ်သိသာသည်။စားပွဲပေါ်မှာ သူ့ပုံတောင် မရှိဘူးရယ်။
တခါတလေ Lisa ကို jiji မနာလိုမိပေမယ့် jiji က ခု ဖြစ်တည်နေတဲ့ Jiji ဘဝကို jiji ပိုကျေနပ်တယ် ဘာလို့ဆို Chae က jiji အတွက် ဖြစ်တည်တာ မဟုတ်ဘဲ Jiji က Chae အတွက် အရာအားလုံးကို ပေးဆပ်ဖို့ ဖြစ်တည်လာတာ မလို့ပါပဲ။ကိုယ်ချစ်တဲ့ သူက ကိုယ့်အတွက် အရာအားလုံး ကို လိုက်ဖြည့်ဆည်းပေးနေတာထက် ကိုယ်ချစ်တဲ့သူ လိုအပ်တာ အားလုံးကို Jiji က အသက်ပေးပြီး ဖြည့်ဆည်းပေးချင်တာပါ
Chae-စောင့်နေရတာ ကြာသွားလားဟင်
မျက်လုံးလေးမှိတ်ကာ Chae အိပ်ရာပေါ်လှဲနေတဲ့ jiji ကိုChae မေးလိုက်ခြင်းဖြစ်သည်။
Ji-ရပါတယ် သွားကြတော့မလား
Chae-ဟုတ် သွားကြမယ်လေ။
Ji-ခန
Chae-ဘာလို့လဲဟင်။
ji-ဖိနပ်ကြိုးပြေနေတယ်။
Chae-အယ် ဟုတ်သား ခနနော်။
ဖိနပ်ကြိုးကို ငုံ့ချည်ဖို့ လုပ်တဲ့ Chae ရဲ့ ပခုံးလေးကို ကိုင်ကာjiji တားလိုက်ပြီး Chae ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ကာဖ
ိနပ်အဖြူလေးရဲ့ ဖိနပ်ကြိုးကို သေချာလှှလှပပလေး ချည်ပေးလိုက်တော့သည်။
Chae-ဟယ်....jiji ရယ် ဘာလို့.......။
Ji-ရပါတယ် Jiji ချည်ပေးချင်လို့ပါ။ခု သွားလို့ရပါပြီ။
Chae-အင်းပါ သွားကြစို့။
ပြောပြီး Jiji လက်ကို ဆွဲကာ ရှေ့က ဦးဆောင်သွားတဲ့ Chae ကြောင့် လက်ကိုင်ခံရတဲ့ jiji အဖို့တော့ ရင်တွေခုန်လို့သေတော့မယ် ဆိုတာ Chae တယောက် သိပါလေစ။
~~~~~~~~~~~~~~~~~~~~~
အခန်းတံခါးကို တော်တော်ကြာ ခေါက်နေပမယ့် တန့်ပြန်သံဘာမှမကြားရတော့ Ruby တယောက် Lisa ကို စိတ်ပူလာမိသည်။နောက်ဆုံးတော့ မနေနိုင်တော့တာကြောင့် တံခါးလက်က
ိုင်ဘု ကို လှည့်ကြည့်လိုက်တော့ သာသာယာယာ ပဲ ပွင့်သွားတဲ့ တံခါးကြောင့် Ruby အခန်းထဲကို ဝင်လာမိလိုက်သည်။
အခန်းထဲရောက်တော့ အခန်းထဲက ကုတင်ပေါ်မှာ သူ့အရပ်ကြီး မှ အားမနာ စောင်လေးခြုံပြီး ခလေးလေး လို ကွေးနေတဲ့Lisa ရယ်ပါ သေချာ နီးနီးကပ်ကပ်ကြည့်မိတော့မှ ထော်နေတဲ့ နှုတ်ခမ်းဖူးဖူးလေး တစ်စုံ။Lisa ရဲ့ နှုတ်ခမ်းက အနည်းငယ် ထူပြီး ထော်တယ်ဆိုတာ သိထားပေမယ့် ခုအိပ်နေတဲ့ပုံလေးက ပိုလို့တောင် ထော်နသေးတာများ အသည်းယားစရာပင် ကောင်းလှသည်။
Ruby လည်း မနေနိုင်တော့ပဲ Lisa ရဲ့ နှုတ်ခမ်းလေးကို ခပ်ဖွဖွလေး ထိကပ်ကာ ဖွဖွလေး ကိုက်ဆွဲလိုက်တော့သည်။
Lisa-အ😖
Ruby-လီ ထ ထ။
Lisa-အွန်း ၅ မိနစ်ဘဲ
Ruby-ဟာမရဘူး ထ ဆိုကွာ။
Lisa-အင်း....အင်း ထပြီ ဘာလို့လဲ Unnie ရယ် အစောကြီးရှိသေးတယ်လေ။
Ruby-အရမ်းကြီးတော့ မစောတော့ပါဘူး လီ ရဲ့။
Li-အင်းပါ ခုက ဘာကိစ္စရှိလို့လဲ။
Ruby-Unnie တို့ ပြန်တော့မယ်လေ အဲ့တာ လိုက်ပို့ပေးအုံးလေ Chae ကိုတော့ jiji သွားနှိုူးတယ်။
Li-ဟင်....ပြန်တော့မလို့လား။
Ruby-အင်း
မနက်စောစော Ruby က ပြန်တော့မယ် လာပြောတာကြောင့်နိုးထလာရတဲ့ Lisa ရဲ့ မနက်ခင်းဟာ အဆင်ပြေမနေခဲ့ပါ။စိတ်အခြေအနေကတော့ ရူးချင်နေတာ အမှန်ပင်။
မျက်နှာ သိပ်မကောင်းတဲ့ Ruby ကြောင့် Lisa လည်း အဆင်ပြေမနေတဲ့ သူမရဲ့ စိတ်အခြေအနေကို သေချာငြိမ်အောင် ပြန်ထိန်းလိုက်သည်။
Li-မနက်က နိုးခါနီး အိမ်မက်မက်သေးတယ်။Unnie တောင် ပါသေးတယ်။
Ruby-ဟမ်😕 Unnie ပါတယ် ဟုတ်လား🤔
Li-အင်း ဟုတ်တယ်။
Ruby-ပြောပါအုံး Unnie က လီ့ ရဲ့ အိမ်မက်ထဲမှာ ဘာလာလုပ်တာလဲ။
Li-အင်း အိမ်မက်ထဲမှာ Unnie က လီ့ ကို ခိုးနမ်းတာနဲ့ နှုတ်ခမ်းလေးကိုတောင် ခပ်ဖွဖွလေး ကိုက်လိုက်သေးတယ်
Ruby-ဟယ်....အိမ်မက်က ပေါက်ပေါက်ရှာရှာ မက်စရာရှားလို့။ကျွန်မက ဘာကိစ္စ ရှင့်ကို ခိုးနမ်းရမှာလဲ
Li-Unnie က လီ့ ရဲ့ ဟောဒီ နှုတ်ခမ်း ဖူးဖူးလေးကို မနမ်းချင် ဘူးပေါ့ ဟုတ်လား။
ပြောပြီး မျက်လုံးလေး မှိတ်ကာ နှုတ်ခမ်းလေး ထော်ပြနေတဲ့Lisa ကြောင့် Ruby မှာ ခြေဖျား လက်ဖျားတွေပင် အေးလာတော့သည်။
Ruby-မ....မ နမ်းချင်ပါဘူး။နမ်းချင်စရာလား တော်ပါတော့Lisa ရယ် လာ မျက်နှာသစ် ရေချိုး။
ဘယ်လိုမှ မနေနိုင်တော့ဘဲ ခြေဖျားလက်ဖျားတွေက အတော့်ကို အေးလာကြောင့် Lisa ကို လက်က ဆွဲကာ ရေချိုးခန်းထဲကို အတင်းတွန်းပို့လိုက်တော့သည်။
Li-Unnie.....Unnie လက်တွေ အေးနေလားလို့နော်ဘာလို့လဲ🗣
ရေချိုးခန်းထဲကို အတင်းတွန်းပို့လိုက်တာတောင် အထဲမှာ ကောင်းကောင်း ရေမချိုးဘဲ Ruby ကို အော်စနေတဲ့ Lisaကြောင့် Ruby မှာ ရှက်ပြီး မျက်နှာတွေပူနေတာကြောင့်ခန္ဓာကိုယ် အပူချိန်ပါ မြင့်တက်လာပြီး လက်ဖျား ခြေဖျားတွေအေးနေပေမယ့် ချွေးတွေပြန်နေတော့လေသည်။
Ruby-မ....မအေးပါဘူး ရာသီဥတုကြောင့်ပါ။ကိုယ့်ဘာသာ ချိုးစရာရှိတာ ချိုးစမ်းပါ။Unnie သွားပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်အုံးမယ်။
Li-အင်း သွားလေ။အဝတ်အစား ထူထူ ဝတ်အုံး ရာသီဥတုကအေးတယ်
Ruby-ဟုတ်ကဲ့ပါရှင့်။
ရေချိုးပြီး Ruby မရှိဘူး အမှတ်နဲ့ သပတ်လေးပတ်ကာ ပြန်ထွက်လာတဲ့ Lisa တယောက် ရေချိုးခန်း ရှေ့တည့်တည့်က ခုံမှာ မိန့်မိန့်ကြီး ထိုင်နေတဲ့ Ruby နဲ့ တည့်တည့်ကြီး တိုးပါလေရော။
Li-စောနကပြန်....ပြန်တော့မလို့ဆို
ဒီတခါ ရှက်ပြီး မျက်နှာကြီး ရဲကာ စကားတွေ ထစ်နေတဲ့ သူကတော့ Ruby မဟုတ်တော့ဘဲ Lisa ပင်။
* လီ ရှက်နေတာပဲ ငါ့ကို စောနက စ ထားတဲ့ လီ။ခုတော့ ငါ့အလှည့်ပဲ တွေ့ကြပြီပေါ့ လီ ရယ်*
Ruby-အင်း ဟုတ်တယ် စောနက ပြန်တော့မလို့ပဲ ဒါပေမယ့်လီ ရေချိုးတဲ့ အသံလေး နားထောင်ချင်လို့
Li-ရှင်....😳
Ruby လည်း သူ့ဂွင်ထဲရောက်တော့ စောနက သူ့ကို Lisaစ ခဲ့ သမျှ အတိုးရောအရင်းပါ ပေါင်းပြီး ပြန် စ ဖို့ ဆုံးဖြတ်ထားပုံပေါ်သည်။
Ruby-ဟုတ်တယ် အမှန်တော့ အသံလေးတင် နားထောင်ချင်တာ မဟုတ်ဘူး မြင်ပါမြင်ချင်တာ။
Li-ရှင်....😲❗️
ပြောပြီး ရီဝေေ၀ သိပ်ညှို့အားပြင်းတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့် လာတဲ့ Ruby ကြောင့် Lisa တယောက် ကြက်သီး တွေပင် ထလာတော့သည်။
Ruby ကတော့ သိပ်ရှက်တတ်တဲ့ Lisa ကို စ နေရတာမလို့ ရှက်နေတာလေးကို ကြည့်ပြီး စိတ်ထဲကနေတာ ကြိတ်ရီနေမိတော့သည်။
နဂိုတည်း စိုက်ကြည့်နေတာတောင် ကြက်သီးတွေ ထနေပါတယ် ဆိုမှ တဖြေးဖြေးချင်း ကပ်လာတဲ့ Ruby ကြောင့် ယောင်ယမ်းပြီး Lisa လည်း သပတ်အစလေးကိုခပ်တင်းတင်းကိုင်ကာ အနောက်ကို တစ်ဖြေးဖြေးချင်း ဆုတ်နေမိတော့သည်။
နောက်ဆုံးတော့ Lisa ပြေးစရာ မြေ ကုန်ပြီဖြစ်တော့လေသည်။Lisa ရဲ့ ကျောက ရေချိုးခန်းတံခါးနဲ့ ထိကပ်နေပြီဖြစ်တာကြောင့် Lisa နောက်ကို ထပ်ဆုတ်လို့မရတော့ပေ။Lisa မျက်နှာနဲ့ အလွန်နီးကပ်လာတဲ့ Ruby မျက်နှာရယ်။သပတ်အစလေး ကိုင်ထားတဲ့ Lisa ရဲ့ လက်ပေါ်ကို ကျရောက် လုဆဲဆဲ Ruby လက်ရယ်ကြောင့် Lisa မျက်လုံးကို စုံမှိတ်ချလိုက်တော့သည်။
ထင်ထားတဲ့ အတိုင်း Lisa လက်ခုံပေါ်ကျရောက်လာတဲ့ Ruby ရဲ့ လက်ကြောင့် Lisa အတွင်းနှုတ်ခမ်းသားကိုူသာ ကြိတ်ကိုက်ထားမိတော့သည်။Lisa ရဲ့ လက်ခုံ ကနေလက်အပေါ်ပိုင်းကို လက်ဖျားလေးနဲ့ ပွတ်ဆွဲကာ တက်သွားတဲ့Ruby ရဲ့ လက်လေးတွေကြောင့် Lisa ခင်မျာ အသက်တောင် မရှူရဲတော့ဘဲ နှုတ်ခမ်းအတွင်းသားကိုသာ ပိုပြီးကြိတ်ကိုက်ထားမိတော့သည်။
Ruby ရဲ့ လက်တွေဟာ Lisa ရဲ့ ပခုံးအသားလေး ပေါ်မှာရပ်တန့်သွားပြီး Lisa ကို အသာဆွဲဖယ်လိုက်ပြီး Lisa နောက်က ရေချိုးခန်း တံခါးကို ဖွင့်ပြီး ရေချိုးခန်း ပတ်ပတ်လည်ကို မျက်လုံးလေးဖြင့်ဝှေ့ကြည့်လိုက်တော့သည်။
* ရေချိုးခန်းတခုလုံး အဝါတွေချည်းပဲ သူ့အကြိုက်တွေ လုပ်ထားတာထင်တယ်*
Ruby-အင်း မြင်ချင်တာတော့ မြင်ရသွားပြီ။ကျေနပ်တယ်။
Li-ဘာတွေ မြင်ရသွားတာလဲ🗣
Ruby ရဲ့ စကားကြောင့် စုံမှိတ်ထားတဲ့ မျက်ဝန်းတွေကို ဆက်ခနဲ ဖွင့်ကာ သဘက်စကို ပိုပြီး တင်းအောင်ကိုင်ကာ ထ အော်တဲ့ Lisa ရယ်ပါ။
Ruby-လီ့ ရဲ့ ရေချိုးခန်းလေ
Li-ဘာရယ်
Ruby-အင်းလေ စောနက လီ ရေချိုးနေတော့ ရေကျသံပဲကြားရတာလေ ရေချိုးခန်းပုံကို မြင်မှမမြင်ရတာ။အဲ့တာကြောင့် လီ ရဲ့ ရေချိုးခန်းကိုမြင်ဖူးချင်လို့ ကြည့်တာလေ။ခုတော့ မြင်ချင်တာ မြင်ရသွားလို့ ကျေနပ်သွားပြီလေ။
Li-အော် အဲ့လိုလား။
Ruby-အင်းလေ။
Li-တော်ပါသေးရဲ့ (Whisper)
Ruby- ဘာပြောတာလဲဟင်။
Li-ဘာမှမဟုတ်ဘူးရယ်။
Ruby-ဘာမှမဟုတ်ရင်လဲ အဝတ်စားလဲတော့ အအေးပတ်မယ်။Unnie အကျီ ထုတ်ပေးထားတယ်။
Li-ဟုတ် Unnie ။
Lisa လည်း Ruby ထုတ်ပေးထားတဲ့ အကျီတွေကို ယူကာရေချိုးခန်းထဲ ပြန်ဝင်သွားတော့သည်။
ပြန်ထွက်လာတော့ ဆွယ်တာ လည်ထောင်အဖြူလေး ဂျင်းအပြာလေးနဲ့ long coat အညိုလေးဝတ်ထားတဲ့Lisa က ရိုးရိုးလေးနဲ့ လှလွန်းတော့သည်။
Ruby-မာဖလာ ဘာလို့ မဝတ်တာလဲ။ထုတ်ပေးထားတာကို
Li-ဝတ်လေ့ ဝတ်ထ မရှိတော့ သေချာလှအောင် မဝတ်တတ်လို့။
Ruby-ပေး Unnie ဝတ်ပေးမယ်။
Lisa လည်း သူမ လက်ထဲက မာဖလာလေးကို Ruby လက်ထဲ ကို ထည့်ပေးလိုက်တော့ Ruby လည်း Lisa ကို သေချာ ဝတ်ပေးလိုက်တော့သည်။ပြီးတော့မှ သတိထားမိတာကသူမတို့ ၂ ယောက်ရဲ့ မျက်နှာဟာ လိုအပ်တာထက် ပိုပြီး နီးကပ်နေခြင်းဖြစ်သည်။တယောက်တပြန် အမြန်အကြည့်လွှဲလိုက်ကြပြီးတော့ မရှက်သလို ဟန်ဆောင်နေကျလေရဲ့။
Ruby-Unnie ရွေးပေးထားတဲ့ အကျီလေးနဲ့ လီ တကယ်လှတယ်။
Li-ကျေးဇူးပါ
Lisa စကားဆုံးတာနဲ့ Lisa နဖူးပေါ်ကို ခြေဖျားလေး ထောက်ကာ ကျရောက်လာတဲ့ Ruby ရဲ့ အနမ်းနွေးနွေး။ ၁၀ စက္ကန့်လောက်ကြာတော့ ပြန်ခွာလိုက်ပြီး ထိုနေရာကနေ Ruby လည်း အမြန်ထွက်ပြေးသွားတော့သည်။
Lalisa တယောက်ဟာ ဆိုရင်ဖြင့်တော့ ထိုနေရာမှာ ပြုံးပြုံးကြီး နဲ့ တောင့်တောင့်ကြီး ကျန်ခဲ့လေရဲ့။
(ဒီအပိုဒ်မှာတော့ ဗိုလ်မှူးကြီးရဲ့ ကျားယားမှုတွေနဲ့ သတ္တိရှိမှုတွေကို ဖတ်ရှုခဲ့ရတာ ဖြစ်ပါတယ်😆)
~~~~~~~~~~~~~~~~~~~~~~~~~~
ိုမိုးလင်းလာတော့ လစ်ဟာနေပြီး နွေးထွေးမှု မရှိတော့တဲ့ ရင်ခွင်ငယ်လေးကြောင့် Tzuyu တယောက် အိပ်နေရာကနေကမန်းကတန်း ထကာ ညတုန်းက ရင်ခွင်ထဲမှာ အိပ်စက်နေ
တဲ့ Sana ကို ရှာမိနေသည်။ရေချိုးခန်းထဲမှာ ရှိရဲ့လားဆိုပြီးသွားကြည့်တော့လည်း မရှိ။နောက်ဆုံး မတွေ့တာနဲ့ ရှာရတာ မောလာလို့ ကုတင်ပေါ်မှာ ပြန်ထိုင်လိုက်ရော ကုတင်ဘေးနားစားပွဲလေးပေါ်မှာ စာရွက်ခေါက်လေးတစ်ခု......။
ဖွင့်ကြည့်လိုက်တော့.............
📝💛 Tzuyu yarr....နိုးပြီလား။တောင်းပန်ပါတယ် Tzu ရယ် Tzu မနိုးခင် Unnie ထွက်သွားလိုက်ရတာ အမှန်တော့ ညတည်းက Unnie တို့ jiji Unnie တို့ Ruby Unnie တို့တွေ ဒီမနက် ပြန်ရမယ်ဆိုတာကို မေမေ က ပြောပြီးသားပါ။ညတည်းက Tzu ကို ပြောမပြတာက ညဘက်Tzu ဝမ်းနည်းပြီး အိပ်မပျော်မှာဆိုးလို့ပါ။မနက်မှ Tzu ကို နှုတ်ဆက်ပြီး ပြန်မလို့ပဲကို Tzu မနိုးခင် Unnie က အစောကြီး ထွက်သွားရလို့ ခုလို စာပဲ ရေးပြီး ထားခဲ့နိုင်တော့တယ်။လူကိုယ်တိုင် နှုတ်မဆက်ဘဲ စာလေးပဲ ထားခဲ့လို့ စိတ်တော့မဆိုးနဲ့အုံးနော် ။အမှန်တော့ Unnie အတွက်တော့  ဒီလိုပဲ စာ နဲ့ရေးပြီး နှုတ်ဆက်ရတာ က အဆင်ပြေပါတယ်။လူကိုယ်တိုင် နှုတ်ဆက်ရရင် Unnie ငိုမိလိမ့်မယ်။Unnie ငိုရင် Tzu က မကြိုက်ဘူးမလား အဲ့တော့ Tzu မကြိုက်တာကို Unnie မလုပ်ချင်ဘူးရယ်။စဉ်းစားကြည့်ရရင် Unnieရူးနေပြီလား မသိပါဘူးကွယ်။တစ်မြို့ထဲ တူတူနေနေရတာပဲကို Unnie က လည်း Tzu ကို အချိန်မရွေး လာတွေ့လို့ ရတယ်။Tzu ကလည်း Unnie ကို အချိန်မရွေးလာတွေ့လို့ရတယ် အဲ့တာကို ခွဲရတော့မယ်ဆိုပြီး ဝမ်းနည်းနေတယ်။အမှန်တော့ Unnie က ညဘက်တောင် အိပ်ချင်တာမဟုတ်ဘူး ဘာလို့ဆို Unnie မျက်စိအောက်ကနေ Tzu ကို လုံးဝကို အပျောက်မခံနိုင်တာ တော်ပါသေးရဲ့ အိပ်ပျော်သွားရင် အိမ်မက်ထဲမှာ အမြဲတွေ့ရလို့ နမို့ဆို အိမ်မိမယ်တောင်  မထင်။ခုတော့ အိမ်ခွဲပြီးနေရမယ်ဆိုတော့ Unnie တကယ် ဝမ်းနည်းတာပါ။စကားမစပ် ညက Tzu ရဲ့ ရင်ခွင်ထဲမှာ အိပ်ရတာမို့ တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါတယ်။အိမ်မက်လေးကလည်း အရင်နေ့တွေကထက် ပိုပြီးလှခဲ့ပါတယ်။ဒီအတွက် အတော်ကို ကျေးဇူးတင်ပါတယ် Tzu ရယ်။ကဲ Unnie သွားတော့မယ်။ကိုယ့်ကိုယ်ကို ဂရုစိုက်နော်။ အစားလည်း သေချာစား နေမကောင်းမဖြစ်စေနဲ့။ချစ်တယ်နော် ခလေးငယ်လေး။ 📝💛
Tzuyu လည်း စာဖတ်ပြီးတော့ မျက်ဝန်းအတွင်း ရစ်ဝဲနေတဲ့မျက်ရည်တွေကို သူမရဲ့ မျက်တောင် ရှည်ရှည် လှလှလေးတွေ နဲ့ တစ်ချက် နှစ်ချက် လောက် ပုတ်ထုတ်လိုက်တော့သည်ပြီးတော့ ခပ်ရေးရေးလေး ပြုံးကာ.......
Tzu-အရူး Unnie ကို အရမ်းချစ်တယ်။
ပြောပြီး ထကာ လေးလံနေသော ခြေလှမ်းများဖြင့် ရေချိူးခန်းထဲကို ဝင်ကာ ရေချိုးလိုက်မိတော့သည်။ရေချိုးတယ်ဆိုတာထက် စိတ်ညစ်စရာ တွေကို ရေနဲ့ဆေး ချတယ်လို့ပဲ ပြောရတော့မယ် ထင်တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~
Lisa နဲ့ Chae က Jiji တို့ Ruby တို့ ကို ဘူဆန် ဌာနချုပ်အတွင်းက ဘုရင်ခံ အိမ်တော်ဖြစ်တဲ့ ဗိုလ်တဲ ကို လိုက်ပို့လိုက်ကြတော့သည်။
ဟိုရောက်တော့ ဘုရင်ခံ အပါအဝင် အားလုံးက ရင်းနှီး စွာကြိုဆိုကြပြီး နောက်အပတ်ကျရင် သူတို့ အိမ်မှာ ထမင်းလာစားဖို့ အတင်းဖိတ်နေကျသေးသည်။
Lisa နဲ့ Chae လည်း အတင်းဝိုင်းဖိတ်နေတာကြော်င့ လက်ခံလိုက်ကြတော့သည်။ထို့နောက် အလုပ်ကိစ္စ အကြောင်းပြကာ ရွှေဝါရောင်မြေကို ပြန်လာလိုက်ကြတော့သည်။
~~~~~~~~~~~~~~~~~~~
Lisa နဲ့ Chae တို့ ပြန်သွားကတည်းက Ruby,Sana နဲ့jiji ၃ ယောက်လုံး ကိုယ့်အခန်းကိုယ်ဝင်နေလိုက်ကြတာပြန်ထောင် ထွက်မလာကျတော့ဘူး။နောက်ဆုံးတော့ထွက်ပေါ်လာတဲ့ တံခါးခေါက်သံကြောင့် Ruby အခန်းတံခါးကို သွားဖွင့်ပေးလိုက်တော့သည်။
Ruby-ဟင်....jiji ဘာကိစ္စရှိလို့လဲ
Ji-အန်ကယ်က ခေါ်ခိုင်းလိုက်လို့ ဧည့်သည်တွေ ရောက်နေပြီတဲ့။
Ruby-ဟင်.....ဧည့်သည်တွေ🤔......
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤
''နောက် ငါတို့အတွက် နောက်ဆုံး အခွင့်အရေးနော်´´
''Unnie ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူး´´
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
၁ ရက် နောက်ကျသွားတာ ခွင့်လွှတ်ပါ။အပေါ်က ၂ ကြောင်းကတော့ အဟေး အဟေး💃💃(ဘယ်လိုထင်ကြလဲ)စကားမစပ် ချစ်ရသူနဲ့ တွေ့ရင် ဗိုလ်မှူးလို ရဲရင့်ကြပါ😆
Readers တို့ကို အရမ်းချစ်ပါတယ်Readers တွေကို အရမ်းချစ်တဲ့Tu Nhai Kha#
There are no comments yet. Log in to be the first to leave a review!
Similar stories