Fanfics

10💛

11:04, 15 May 2021

Love and Loyaltyအခ်စ္ နဲ႔ သစၥာ

For ZG😍

Ruby-လီ.....😳

Kai-မင္း.....😡

Li-သူမလိုက္ခ်င္တာကို အတင္းမေခၚပါနဲ႔လား လူႀကီးမင္း။

Kai-မင္းက ဘာေကာင္မို႔ ငါ့လိုလူကို တားရတာလဲ။

Li-လူႀကီးမင္း ဘယ္သူလဲဆိုတာ ကြၽန္မမသိပါဘူး။ကြၽန္မကေတာ့ ေဟာဒီက Ruby Jane ရဲ႕ သက္ေတာ္ေစာင့္ပါ။သူကို အတင္းအၾကပ္လုပ္လို႔မရသလို သူ႔ကို အတင္းအၾကပ္လုပ္မယ္ဆိုရင္လည္း ကြၽန္မနဲ႔အရင္ေျဖရွင္းရပါလိမ့္မယ္ လူႀကီးမင္း။

Kai-အဟက္....ငါက အဲ့လိုမ်ိဳးမွႀကိဳက္တာ။Ruby Jane မင္း ဒီေန႔ငါနဲ႔အျပင္ လိုက္ကို လိုက္ခ့ဲရမယ္။

Kai လည္း Lisa ကိုင္ထားတဲ့ သူရဲ႕လက္ကို ေဆာင့္ျဖဳတ္ခ်လိုက္ၿပီး ထပ္ၿပီး Ruby ရဲ႕လက္ေနာက္တစ္ဖက္ကို လွမ္းဆြဲေလသည္။Lisa လည္း ရေအာင္ကိုတားလိုက္နိုင္ေတာ့သည္။Kai လည္း ေဒါသထြက္ၿပီး လြတ္ေနတဲ့ လက္နဲ႔Lisa ကို ၀ိုက္လက္သီးျဖင့္ထိုးသည္။Lisa ကေတာ့ လာထိုးတဲ့ Kai ရဲ႕လက္ကို တားၿပီး နံရိုးကို ျဖတ္ကန္ေလသည္။

''ဘုတ္💢´´

''အ❗️´´

Kai လည္း ''အ´´ လို႔သာ ေအာ္နိုင္ၿပီးေတာ့ ၾကမ္းျပင္ေပၚကို ဖင္ထိုင္လ်က္ ျပဳတ္က်သြားေတာ့သည္။Ruby ကေတာ့ခုထိ Lisa မ်က္နွာကိုပဲ ၾကည့္ေနမိသည္။

Li-ေတာင္းပန္ပါတယ္ လူႀကီးမင္း။ကြၽန္မက တာ၀န္အရမို႔သာလုပ္ရတာပါ။ဦးေလးBin....💢

Bin-ဟုတ္ကဲ့ မမေလး။

Li-ဒီက လူႀကီးမင္းကို ေဆးခန္းျဖစ္ျဖစ္ ေဆးရံုျဖစ္ျဖစ္ေခၚသြားလိုက္ပါ။မသြားရင္ သူ ၃ ပတ္ေလာက္ ငုတ္တုတ္ထိုင္နိုင္မွာမဟုတ္ဘူး။

Bin-ဟုတ္ကဲ့ပါ မမေလး။ႂကြပါ လူႀကီးမင္း။

Kai လည္း မခံခ်င္ျဖစ္ကာ ေဒါသထြက္ေနေပမယ့္ အကန္ခံရတဲ့ေနရာက ေတာ္ေတာ္နာတာမို႔ ဘာမွမေျပာဘဲ ''ေတာက္´´တစ္ခ်က္ ေခါက္ကာ အိမ္ေတာ္ထိန္း Bin ေခၚရာေနာက္ကိုသာ လိုက္ခဲ့ေတာ့သည္။

* မင္းနဲ႔ငါ ေနာက္ထပ္ေတြ႕အံုးမွာပါကြာ *

Li- အဆင္ေျပရဲ႕လား Ruby.

Ruby-အဆင္ေျပပါတယ္ လီ ေကာ။

Li-ဒို႔လည္း အဆင္ေျပပါတယ္။

ထိုျမင္ကြင္းကိုၾကည့္ေနတဲ့ Chae ကေတာ့ တခုခုကိုဆံုးရွံုးရေတာ့မလို ခံစားခ်က္ႀကီးျဖစ္ေနတာကို သူ႔ကိုသူပင္ နားမလည္နိုင္ေတာ့ေအာင္ ျဖစ္ေနရသည္။

*Flash back

Lisa လည္း Chae ႏွိုးၿပီး အ၀တ္အစားလဲခိုင္းတာေၾကာင့္ လဲၿပီး ေအာက္ထပ္ကို ဆင္းလာေတာ့ Ruby က အမ်ိဳးသားတေယာက္နဲ႔ စကားေျပာေနတာကို ေတြ႕ရတယ္ ေၿပေျပလည္လည္ ေျပာေနတဲ့ပံုေတာ့မဟုတ္ ဒါေပမယ့္ ကိုယ္နဲ႔မဆိုင္တာမို႔မသိခ်င္ေယာင္သာေဆာင္ၿပီး ဧည့္ခန္းအျပင္မွာသာ မတ္တပ္ရပ္ေနၾကသည္။

ၾကည့္ရင္း ၾကည့္ရင္းနဲ႔ အေျခအေနက တင္းမာလာပံုေပၚသည္Chae က Lisa ကို ဘယ္လိုလုပ္မလဲ လွည့္တိုင္ပင္မလို႔ရွိေသးတယ္ Lisa က Ruby ဆီ ကို ဦးတည္သြားေနၿပီျဖစ္သည္။ျမန္လိုက္တာမွ Chae ပင္ လွမ္းတားလို႔မမွီ။

အမွန္ေတာ့ Lisa ထို အမ်ိဳးသားကို ျမင္ထဲက စိတ္ထဲတြင္ဘ၀မက်။ရုပ္ေခ်ာ သေလာက္ အျမင္ကပ္စရာေကာင္းတဲ့ အမ်ိဳးသားပါ။ဒါေပမယ့္ ကိုယ္နဲ႔မဆိုင္ဘူးဆိုၿပီး ဒီတိုင္း မသိခ်င္ေယာင္ေဆာင္ကာေနလိုက္ေတာ့သည္။သို႔ေသာ္ Ruby ရဲ႕ လက္ကို ထိုအမ်ိဳးသားဆြဲဖို႔ျပင္တဲ့အခါမွာေတာ့Lisa အား မည္သည့္အရာက လွႈံ႕ေဆာ္ေနတယ္မသိ။အျမန္ဆံုးသြားၿပီး ထိုအမ်ိဳးသားကို တားလိုက္မိသည္။

Flash End*

Jisoo လည္း ဆူညံဆူညံ သံေတြၾကားလို႔ ဧည့္ခန္းထဲကိုေျပး၀င္လာခဲ့သည္။ၾကည့္လိုက္ေတာ့ အျခားသူဘယ္သူမွမရွိLisa ရယ္ Lisa ေဘးက Ruby ရယ္နဲ႔ ဧည့္ခန္း၀က Chae ရယ္။

Ji-ဘာျဖစ္တာလဲ Ruby

ruby-Kai ေပါ့ Ruby ကို အတင္းလက္ဆြဲၿပီး အျပင္သြားမယ္လုပ္လို႔။Lisa ပညာေပးလိုက္တာ။တစ္ခ်က္ထဲကန္လိုက္တာေတာင္ ျပန္မထနိုင္ေတာ့ဘူး။

ji-ဘာရယ္ ထပ္ၿပီးေတာ့ Kai ပဲလား။

Ruby-Omm

Jisoo ရဲ႕ ထပ္ၿပီးေတာ့ Kai ပဲလား ဆိုတဲ့ စကားဟာ Lisa ကို တကယ္အေတြးမ်ားစရာ တခုျဖစ္လာေတာ့သည္။

''ထပ္ၿပီးေတာ့ Kai ပဲလား။ဒါဆို အရင္ကေကာ ဒီလိုပဲေနွာက္ယွက္ေနတာလား။အဲ့လို အခ်ိန္ဆို ဘယ္သူက ကူညီလဲJisoo က ကူညီလား။ဟာ ဘာလို႔ေလ်ွာက္ေတြးေနတာပါလိမ့္ သူ႔ကိစၥေတြပဲ ငါနဲ႔မွမဆိုင္တာ´´

Ruby-လီ....လီ

Li-ဟမ္  ဘာ....ဘာျဖစ္လို႔လဲ။

Ruby-သြားၾကမယ္လို႔ေျပာေနတာေလ ၃ ခါေလာက္ရွိၿပီ။

Li-Sorry...ဒို႔နဲနဲ အေတြးလြန္ေနလို႔။

Ruby-ရပါတယ္။ဒါဆို သြားၾကမလား

Li-ဟုတ္ သြားၾကတာေပါ့

Ruby-jiji ေရ သြားစို႔။Chae ကို ေခၚခဲ့။

Ji-ေအးေအး လာၿပီ ေခၚခဲ့မယ္။

Jisoo လည္း ဧည့္ခန္း၀နားက Chae ဆီကို ဦးတည္လိုက္ေတာ့သည္။

Ji-jiji တို႔သြားၾကမလား။

Chae-ဟုတ္ သြားၾကတာေပါ့။

ကားေပၚေရာက္ေတာ့ Lisa က Driver set မွာ ၀င္ထိုင္လိုက္ၿပီး ခါးပတ္ပတ္လိုက္သည္။Ruby က Lisa ေဘးမွာထိုင္ၿပီးေတာ့ Jisoo နဲ႔ Chae က ေနာက္ခန္းမွာ ထိုင္လိုက္ၾကသည္။

Li-ဒို႔ ဘယ္ကို ေမာင္းရမလဲ Ruby?

Ruby-မသိဘူးေလ

Li-ဟမ္😳

Ruby-ဟုတ္တယ္ေလ Ruby က ခုမွ ကိုရီးယားေျမကို ေျခခ်ဖူးတာေလ အဲ့ေတာ့ ဘယ္နားဘာရွိတယ္ ဘယ္လို သိမလဲလီ သြားခ်င္တဲ့ေနရာကို သြား်လ အဆင္ေျပမဲ့ ေနရာ။

Li-အာ....အဲ့တာဆို ဟန္ ျမစ္ကမ္းေဘးကို သြားၾကမလားေလေကာင္းေလသန္႔လည္း ရွဴလို႔ရတယ္။

Ruby-လီ အဆင္ေျပသလိုလုပ္ေလ။

Li-အင္း အဲ့တာဆို ဒို႔ အဲ့ေနရာကိုပဲ ေမာင္းလိုက္မယ္

Ruby-ဟုတ္😊

Lisa လည္း နွစ္နွစ္ကာကာ ၿပံဳးျပတဲ့ Ruby အၿပံဳးကိုၾကည့့္္ၿပီး ဘာရယ္မဟုတ္ ၿပံဳးလိုက္မိေသးသည္။ရင္ထဲမွာေတာ့ ရိုလာကိုစတာ စီးေနရသလိုပင္။

ီဒီလိုနဲ႔ကားစထြက္တည္းက Lisa နဲ႔ Chae က ၿငိမ္ေနေပမယ့္ Ruby နဲ႔ Jisoo ကေတာ့ စကားေတြေျပာေနတာ ေရပက္ရင္ေတာင္ ၀င္မယ္မထင္။jisoo နဲ႔စကားေျပာရင္းရီစရာပါရင္ ခပ္လြင္လြင္ေလးရီတတ္တဲ့ Ruby ကို Lisa ခိုးခိုးၾကည့္ၿပီး ၿပံဳးမိေသးသည္။

Lisa ကို ပဲ ၾကည့္ေနတဲ့ Chae ကေတာ့ Lisa ခိုးခိုးၾကည့္ၿပီး ၿပံဳးေနတာကို အစအဆံုးျမင္လိုက္ၿပီး ရင္ထဲက အမည္တပ္လို႔မရတဲ့ ခံစားခ်က္ေတြေၾကာင့္ မ်က္ရည္ေတြပဲ ၀ဲတက္လာသည္။

Ji-Chae ဘာလို႔စကားမေျပာ....။ဟင္ Chae မ်က္ရည္ေတြ ၀ဲေနတယ္ ဘာလို႔ငိုေနတာလဲ။

Jisoo ရဲ႕ စိုးရိမ္တႀကီး ေျပာတဲ့ စကား အဆံုးမွာ Lisa ကေမာင္းေနတဲ့ကားကို ဘရိတ္ကို တန္းအုပ္ခ်လိုက္ေတာ့ တံုခနျဖစ္သြားၿပီး ေလးေယာက္လံုး အေရွ႕ကို ထိုးက်သြားေတာ့သည္။ေနာက္ကနွစ္ေယာက္ကေတာ့ အေရွ႕ထိုင္ခံုက ကူရွင္နဲ႔ပဲေဆာင့္မိလိုက္လို႔ ဘာမွေထြေထြထူးထူး ျဖစ္မသြား။Lisa က Ruby အေရွ႕ကို ထိုးက်ခ်ိန္မွာ Ruby ရဲ႕ ေခါင္းကို ကားနဲ႔မေဆာင့္မိေအာင္ လက္နဲ႔ကာေပးလိုက္သည္။သူကိုယ္တိုင္ကေတာ့ စီယာတိုင္နဲ႔ ေဆာင့္မိၿပီးေတာ့ နဖူးက နည္းနည္းေလး ေပါက္သြားၿပီး ေသြးေတြ စီးက်လာသည္။

Ji-Chae ဘာျဖစ္သြားေသးလဲ

Chae-ကြၽန္မ အဆင္ေျပပါတယ္။

Li-Ruby မင္း အဆင္ေျပရဲ႕လား။

Ruby-ဟုတ္ အဆင္ေျပပါတယ္။လီ....နဖူး..........

Ruby ပင္ စကားေျပာလို႔မၿပီးေသး။Ruby ဆီက အဆင္ေျပပါတယ္လို႔ ေျပာသံၾကားလိုက္တည္းက ကားတံခါးကေန ခုန္ဆင္းၿပီးကားေနာက္ခန္း Chae ေနတဲ့တံခါးဘက္ဆီ ေျပးဆင္းသြားေလသည္။ထို႔ေနာက္ တံခါးကို ဆြဲဖြင့္ၿပီး.......

Li-Chae အဆင္ေျပရဲ႕လား ဘာလို႔ငိုတာလဲ။

Chae - Chae မငိုပါဘူး Lili ရဲ႕ မ်က္လံုးထဲ အမႈန္၀င္လို႔ပါ

Li-ဟူး....ေတာ္ေသးတာေပါ့။Chae ငိုတယ္ဆိုလို႔။

Chae-ေအာ္ Chae ငိုတယ္ထင္ၿပီး ကားကို အဲ့လိုႀကီး ဘရိတ္အုပ္ခ်လိုက္တာေပါ့ ဟုတ္လား။

Li-အင္းေလ

Chae-အရူးရဲ႕ ေလးေလာင္းၿပိဳင္ေတြ ျဖစ္ကုန္ေတာ့မွာေပါ့ Lili အရူးရဲ႕။

Li-ဟီး😁 Chae ငိုတယ္ဆိုေတာ့ Lili ကစိတ္ပူသြားတာေပါ့။Chae မ်က္ရည္မက်တာ ဘယ္ေလာက္ၾကာၿပီလဲ။

Chae-ခုေတာ့ နဖူးမွာ ဒဏ္ရာေတြျဖစ္ကုန္ၿပီမလား ခနေနအံုး။Chae ေဆးထည့္ေပးမယ္။

Chae လည္း ေျပာၿပီး သူ႔လြယ္အိတ္ထဲက လက္တစ္ဝါးစာအရက္ျပန္ဗူးေလးရယ္ ေဆးဗူးေလးရယ္ ဂြမ္းထုတ္ေလးရယ္အနာကပ္ ပလာစတာေလးရယ္ ထုတ္ၿပီး အရက္ျပန္ကို ဂြမ္းမွာဆြတ္ၿပီး Lisa ရဲ႕ အနာကို သန္႔ရွင္းေရး လုပ္ေပးေနေလသည္။ေဆးေလးထည့္ေပးၿပီးေတာ့ အနာကပ္ ပလာစတာေလးကို ကပ္ေပးလိုက္သည္။အနာကပ္ ပလာစတာေလးေပၚမွာ ပါတဲ့ စာလံုးေလးက ''R´´တဲ့။ထိုစာလံုးကို ျမင္ၿပီး မိန္းကေလး ၂ ေယာက္ကေတာ့ အေတြးကိုယ္စီျဖင့္။

* Lili ဆီမွ ရွိတဲ့ ''R´´ ဆိုေတာ့ Rose ပဲေပါ့*

*ကံၾကမၼာက မ်က္နွာသာေပးတယ္ ထင္တယ္။လီ့ အတြက္''R´´ဆိုေတာ့ Ruby Jane ဆိုတဲ့ ကိုယ္ပဲရွိတာမလား*

ji-ေခၚေနတာၾကာၿပီေလဟယ္ ငါ့ကို နဲနဲေလာက္ အဖတ္လုပ္ၾကပါအံုး။

Li-ေအးေလ Kim jisoo က ေခၚတာမ်ားၿပီး ေမာလို႔ အသက္ထြက္ေသေတာ့မယ္

ji-ေျပာျပလိုက္စမ္းပါဟယ္

Ruby-ဘာေျပာမလို႔လဲ ေျပာေလ လီ။

Ji-နင့္မယားေျပာမွာ မဟုတ္ဘူး ငါေျပာမွာ....ငါေျပာမွာတစ္ကယ္တည္း😏

Ruby+Li-Kim jisoo😡

Ji-စတာ စတာ နင္တို႔ကလည္းဟာ တစ္ေလသံတည္းရယ္ငါေျပာေတာ့ မႀကိဳက္ၾကဘူး။

Ruby-နင္ အခုေျပာစရာရွိတာေျပာ မေျပာရင္ နင့္တစ္သက္လံုး မေျပာရဘဲ ေနသြားမယ္။

Ji-ေအး....ေအးပါဟာ ေျပာပါ့မယ္။နင္ကလည္း ၿခိမ္းမယ္ေျခာက္မယ္ ဆိုတာခ်ည္းပဲ။ငါေျပာမွာက Lisa ရဲ႕ အနာလည္းေဆးထည့္ၿပီးၿပီ ဆိုေတာ့ ငါတို႔ ဆက္သြားၾကမလား။

Chae-သြားၾကတာေပါ့။

Li-အင္းေလ ဆက္သြားတာေပါ့။

အမွန္ေတာ့ Chae သြားမယ္လို႔ေျပာတာက Lisa နဲ႔ Ruby ကို Jisoo က သမီးရည္းစားေတြလိုေျပာၿပီး စေနတာကို တကယ္ နားမခံနိုင္ေတာ့လို႔သာျဖစ္သည္။

တကယ္တန္းက်ေတာ့ Ruby ေတြးရင္းေတြးရင္း ၀မ္းနည္းမိတဲ့ အရာတခုေတာ့ရွိတယ္။ဘာလို႔ဆို Chae က မ်က္ရည္က်တယ္လို႔ Jisoo က ေျပာလို႔ ေဘးဘယ္ညာ ဘာျဖစ္မယ္ဆိုတာကိုလည္း မၾကည့္။အားလံုး အႏၲရာယ္ျဖစ္နိုင္သာ သိသိလ်က္နဲ႔ဘရိတ္ကို အုပ္ခ်ပစ္လိုက္သည္။နဖူးမွာ ခိုက္မိၿပီး ေသြးေတြစီးက်ေနတာေတာင္ Chae ဆီ ေရာက္ေအာင္သြားၿပီးChae ကို ဘာေၾကာင့္မ်က္ရည္က်လဲဆိုတာကို အရင္ေမးတယ္။ဒီအျဖစ္အပ်က္ေတြ ျမင္ခဲ့ရတာ Ruby ဖို႔ေတာ့တကယ္အဆင္မေျပပါ။ေတြးမိရင္ ပိုေတာင္ အဆင္မေျပေသးတယ္။

ေတြးလိုက္တိုင္း အဆင္မေျပေစတဲ့ ထို အေတြးႀကီးကို ေဖ်ာက္ၿပီး ကားျပဴတင္းေပါက္ကေန ေဘးဘက္ကို ေငးေနတုန္း.....

''ဒုန္း💢´´

Lisa တို႔ရဲ႕ ကားေနာက္ျမႇီးကို အရွိန္ျပင္းျပင္းနဲ႔ ၀င္တိုက္လိုက္တဲ့ အရာတခု။အားလံုးကေတာ့ အရွိန္ေၾကာင့္ အေရွ႕ကို ထိုးကိ ေပမယ့္ ေစာနကေလာက္ မဆိုးတာေၾကာင့္ အားလံုးကိုယ့္အရွိန္ကိုယ္ထိန္းနို္င္ၾကသည္။

Ji-Lisa ခု နင္ ထပ္ၿပီး ဘရိတ္အုပ္လိုက္ျပန္တာလား။

Li-ဒီတခါေတာ့ ဒို႔ မဟုတ္ဘူး Kim jisoo။ၾကည့္ရတာKai ဒါမွမဟုတ္ တျခားတေယာက္ထင္တယ္။

Lisa ေျပာစကားေၾကာင့္ ကားေနာက္ကို လွည့္ၾကည့္ေတာ့သူတို႔ကားကို ေနာက္က ၀င္တိုက္လိုက္တဲ့ ကားတစ္စီးနဲ႔ အေရွ႕ကေန သူတို႔ ကားေခါင္းဆီ ေခါင္းတည္၀င္လာတဲ့ ကားတစ္စီး။တစ္စီးစီေပၚမွ ဆင္းလာတဲ့ ၀တ္စံုျပည့္နဲ႔ လူ၆ ေယာက္စီ။

Ji-Lisa ေရ အိမ္က ေသြးပူေလ့က်င့္ခန္းလုပ္မလာတာ ခုေတာ့ လုပ္ရေတာ့မယ္ထင္တယ္။

Li-ထင္တာပဲ Jisoo Unnie ေရ။

Ji-နင္ငါ့ကိ ဘာ္လိုေခၚလိုက္တာ။

Li-Jisoo Unnie လို႔ေလ။

Ji-ေနာက္ပိုင္းအဲ့လိုပဲေခၚ ငါႀကိဳက္တယ္။

Li-အမ္😕....ဟုတ္ကဲ့။

Man1-မင္းတို႔ထဲက Lisa ဆိုတဲ့ တေယာက္က ဘယ္သူလဲသူနဲ႔ပဲ စာရင္းရွင္းခ်င္တာ မဆိုင္တဲ့သူ ကားထဲမွာေနခဲ့။Lisa ဆိုတဲ့ တေယာက္ထြက္ခဲ့။ေကာင္းေကာင္း မြန္မြန္ေခၚတုန္းလာေနာ္။နမို႔ဆို အကုန္လံုး ဒုကၡေရာက္ကုန္မယ္။

Li-jisoo Unnie နဲ႔ Chae က Ruby ကို ေစာင့္ေရွာက္ေပး ခန ဆင္းလိုက္အံုးမယ္။

Chae-Lili ငါလည္းလိုက္မယ္ေလဟာ။

Ji+Li-မလိုက္နဲ႔။

Ji-ငါလိုက္မယ္ Lisa

Li-မလိုက္.....

Ji-ဘာမွ ျငင္းဖို႔ မႀကိဳးစားနဲ႔

Lisa လည္း jisoo ကို တားမရဘူးဆိုတာ သိတာမို႔ မတားေတာ့ဘဲ သူအရင္ကားေပၚက ဆင္းသြားလိုက္သည္။Jisoo က လည္း Lisa ဆင္းတာနဲ႔ ကားေပၚက လိုက္ဆင္းလိုက္သြားေတာ့သည္။

Man1-ေဟ့ ငါေခၚတာ Lisa ဆိုတဲ့ တစ္ေယာက္ကို ဘာလို႔၂ ေယာက္ျဖစ္ေနတာလဲ။ဘယ္သူက Lisa လဲ?

Ji-ငါတို႔ ၂ ေယာက္လံုးက Lisa ပဲ။သူက Li ငါက Sa။ဆိုေတာ့ ငါ့တို႔ကိုေခၚတာ ဘာကိစၥလဲ။

Man1-ဘာ မင္းတို႔က ငါတို႔ကို ဘာေကာင္ေတြမွတ္ေနလဲလာေျပာင္မေနနဲ႔။

Ji-ငါေတာ့ နင့္တို႔ကို လူလို႔ကို မထင္တာ။၀တ္စံုျပည့္၀တ္ထားတဲ့ သခင္ခိုင္းတဲ့အတိုင္းေဟာင္တတ္တဲ့ ေကာင္ေတြလို႔ပဲ ထင္တယ္။

Man1-ရႈပ္တယ္ကြာ တေယာက္မွ အရွင္မထားနဲ႔

Men-ဟုတ္

အဲ့လူစကားဆံုးတာနဲ႔ ထို ငနဲသားေတြက Lisa တို႔ဆီ ေျပး၀င္လာသည္။ပထမဆံုးေျပး၀င္လာတဲ့ ၁ ေယာက္ကို jisoo ကခုန္ၿပီးကန္လႊတ္လိုက္သည္။

၁၂ ေယာက္ ၂ ေယာက္ဆိုေပမယ့္ ဗိုလ္မွဴး Manoban နဲ႔ေအးဂ်င့္ Kim jisoo ကို မည္သို႔ယွဥ္နိုင္မည္နည္း။အားလံုးအတံုးအရုန္းလဲက်တာပါပဲ။ထိုစဥ္ Lisa ေနာက္ကေန ရိုက္ဖို႔ေျပး၀င္လာတဲ့ လူတေယာက္ကို တျခားတစ္ဖက္ကJisoo က ေဘးနားကရွိတဲ့ အုတ္ခဲက်ိဳးကို ေဘာလံုးပံုစံမိ်ဳးကန္လႊတ္လိုက္ေတာ့ ငနဲသား နွာႏုကို တည့္တည့္ကိုထိေတာ့သာပဲ။

Lisa ကလည္း ေနာက္ကလာမွန္းသိလို႔ လွည့္ကန္ဖို႔အလုပ္ထိုငနဲသားကို လာမွန္တဲ့ အုတ္ခဲက်ိဳးေၾကာင့္ အုတ္ခဲက်ိဳးလာတဲ့ေနရာကိုၾကည့္လိုက္ေတာ့ Jisoo က ၿပံဳးၿပီး မ်က္စိတစ္ဖက္မွိတ္ျပလိုက္သည္။

''Lili😱❗️❗️❗️´´

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ခ နဲနဲဖ်ားေနတယ္ သိလား🤒🤒🤒Lili ဆိုတာ ဘယ္သူေအာ္တာလဲ ဘာလို႔ေအာ္တာလဲ ေျဖၾကည့္ၾကပါလား။

Readers တို႔ကို အရမ္းခ်စ္ပါတယ္Readers ေတြကို အရမ္းခ်စ္တဲ့Tu Nhai Kha#

.....................................................................

Love and Loyaltyအချစ် နဲ့ သစ္စာ

For Uni😘

Ruby-လီ.....😳

Kai-မင်း.....😡

Li-သူမလိုက်ချင်တာကို အတင်းမခေါ်ပါနဲ့လား လူကြီးမင်း။

Kai-မင်းက ဘာကောင်မို့ ငါ့လိုလူကို တားရတာလဲ။

Li-လူကြီးမင်း ဘယ်သူလဲဆိုတာ ကျွန်မမသိပါဘူး။ကျွန်မကတော့ ဟောဒီက Ruby Jane ရဲ့ သက်တော်စောင့်ပါ။သူကို အတင်းအကြပ်လုပ်လို့မရသလို သူ့ကို အတင်းအကြပ်လုပ်မယ်ဆိုရင်လည်း ကျွန်မနဲ့အရင်ဖြေရှင်းရပါလိမ့်မယ် လူကြီးမင်း။

Kai-အဟက်....ငါက အဲ့လိုမျိုးမှကြိုက်တာ။Ruby Jane မင်း ဒီနေ့ငါနဲ့အပြင် လိုက်ကို လိုက်ခဲ့ရမယ်။

Kai လည်း Lisa ကိုင်ထားတဲ့ သူရဲ့လက်ကို ဆောင့်ဖြုတ်ချလိုက်ပြီး ထပ်ပြီး Ruby ရဲ့လက်နောက်တစ်ဖက်ကို လှမ်းဆွဲလေသည်။Lisa လည်း ရအောင်ကိုတားလိုက်နိုင်တော့သည်။Kai လည်း ဒေါသထွက်ပြီး လွတ်နေတဲ့ လက်နဲ့Lisa ကို ဝိုက်လက်သီးဖြင့်ထိုးသည်။Lisa ကတော့ လာထိုးတဲ့ Kai ရဲ့လက်ကို တားပြီး နံရိုးကို ဖြတ်ကန်လေသည်။

''ဘုတ်💢´´

''အ❗️´´

Kai လည်း ''အ´´ လို့သာ အော်နိုင်ပြီးတော့ ကြမ်းပြင်ပေါ်ကို ဖင်ထိုင်လျက် ပြုတ်ကျသွားတော့သည်။Ruby ကတော့ခုထိ Lisa မျက်နှာကိုပဲ ကြည့်နေမိသည်။

Li-တောင်းပန်ပါတယ် လူကြီးမင်း။ကျွန်မက တာဝန်အရမို့သာလုပ်ရတာပါ။ဦးလေးBin....💢

Bin-ဟုတ်ကဲ့ မမလေး။

Li-ဒီက လူကြီးမင်းကို ဆေးခန်းဖြစ်ဖြစ် ဆေးရုံဖြစ်ဖြစ်ခေါ်သွားလိုက်ပါ။မသွားရင် သူ ၃ ပတ်လောက် ငုတ်တုတ်ထိုင်နိုင်မှာမဟုတ်ဘူး။

Bin-ဟုတ်ကဲ့ပါ မမလေး။ကြွပါ လူကြီးမင်း။

Kai လည်း မခံချင်ဖြစ်ကာ ဒေါသထွက်နေပေမယ့် အကန်ခံရတဲ့နေရာက တော်တော်နာတာမို့ ဘာမှမပြောဘဲ ''တောက်´´တစ်ချက် ခေါက်ကာ အိမ်တော်ထိန်း Bin ခေါ်ရာနောက်ကိုသာ လိုက်ခဲ့တော့သည်။

* မင်းနဲ့ငါ နောက်ထပ်တွေ့အုံးမှာပါကွာ *

Li- အဆင်ပြေရဲ့လား Ruby.

Ruby-အဆင်ပြေပါတယ် လီ ကော။

Li-ဒို့လည်း အဆင်ပြေပါတယ်။

ထိုမြင်ကွင်းကိုကြည့်နေတဲ့ Chae ကတော့ တခုခုကိုဆုံးရှုံးရတော့မလို ခံစားချက်ကြီးဖြစ်နေတာကို သူ့ကိုသူပင် နားမလည်နိုင်တော့အောင် ဖြစ်နေရသည်။

*Flash back

Lisa လည်း Chae နှိုးပြီး အဝတ်အစားလဲခိုင်းတာကြောင့် လဲပြီး အောက်ထပ်ကို ဆင်းလာတော့ Ruby က အမျိုးသားတယောက်နဲ့ စကားပြောနေတာကို တွေ့ရတယ် ပြေပြေလည်လည် ပြောနေတဲ့ပုံတော့မဟုတ် ဒါပေမယ့် ကိုယ်နဲ့မဆိုင်တာမို့မသိချင်ယောင်သာဆောင်ပြီး ဧည့်ခန်းအပြင်မှာသာ မတ်တပ်ရပ်နေကြသည်။

ကြည့်ရင်း ကြည့်ရင်းနဲ့ အခြေအနေက တင်းမာလာပုံပေါ်သည်Chae က Lisa ကို ဘယ်လိုလုပ်မလဲ လှည့်တိုင်ပင်မလို့ရှိသေးတယ် Lisa က Ruby ဆီ ကို ဦးတည်သွားနေပြီဖြစ်သည်။မြန်လိုက်တာမှ Chae ပင် လှမ်းတားလို့မမှီ။

အမှန်တော့ Lisa ထို အမျိုးသားကို မြင်ထဲက စိတ်ထဲတွင်ဘဝမကျ။ရုပ်ချော သလောက် အမြင်ကပ်စရာကောင်းတဲ့ အမျိုးသားပါ။ဒါပေမယ့် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ဒီတိုင်း မသိချင်ယောင်ဆောင်ကာနေလိုက်တော့သည်။သို့သော် Ruby ရဲ့ လက်ကို ထိုအမျိုးသားဆွဲဖို့ပြင်တဲ့အခါမှာတော့Lisa အား မည်သည့်အရာက လှှုံ့ဆော်နေတယ်မသိ။အမြန်ဆုံးသွားပြီး ထိုအမျိုးသားကို တားလိုက်မိသည်။

Flash End*

Jisoo လည်း ဆူညံဆူညံ သံတွေကြားလို့ ဧည့်ခန်းထဲကိုပြေးဝင်လာခဲ့သည်။ကြည့်လိုက်တော့ အခြားသူဘယ်သူမှမရှိLisa ရယ် Lisa ဘေးက Ruby ရယ်နဲ့ ဧည့်ခန်းဝက Chae ရယ်။

Ji-ဘာဖြစ်တာလဲ Ruby

ruby-Kai ပေါ့ Ruby ကို အတင်းလက်ဆွဲပြီး အပြင်သွားမယ်လုပ်လို့။Lisa ပညာပေးလိုက်တာ။တစ်ချက်ထဲကန်လိုက်တာတောင် ပြန်မထနိုင်တော့ဘူး။

ji-ဘာရယ် ထပ်ပြီးတော့ Kai ပဲလား။

Ruby-Omm

Jisoo ရဲ့ ထပ်ပြီးတော့ Kai ပဲလား ဆိုတဲ့ စကားဟာ Lisa ကို တကယ်အတွေးများစရာ တခုဖြစ်လာတော့သည်။

''ထပ်ပြီးတော့ Kai ပဲလား။ဒါဆို အရင်ကကော ဒီလိုပဲနှောက်ယှက်နေတာလား။အဲ့လို အချိန်ဆို ဘယ်သူက ကူညီလဲJisoo က ကူညီလား။ဟာ ဘာလို့လျှောက်တွေးနေတာပါလိမ့် သူ့ကိစ္စတွေပဲ ငါနဲ့မှမဆိုင်တာ´´

Ruby-လီ....လီ

Li-ဟမ်  ဘာ....ဘာဖြစ်လို့လဲ။

Ruby-သွားကြမယ်လို့ပြောနေတာလေ ၃ ခါလောက်ရှိပြီ။

Li-Sorry...ဒို့နဲနဲ အတွေးလွန်နေလို့။

Ruby-ရပါတယ်။ဒါဆို သွားကြမလား

Li-ဟုတ် သွားကြတာပေါ့

Ruby-jiji ရေ သွားစို့။Chae ကို ခေါ်ခဲ့။

Ji-အေးအေး လာပြီ ခေါ်ခဲ့မယ်။

Jisoo လည်း ဧည့်ခန်းဝနားက Chae ဆီကို ဦးတည်လိုက်တော့သည်။

Ji-jiji တို့သွားကြမလား။

Chae-ဟုတ် သွားကြတာပေါ့။

ကားပေါ်ရောက်တော့ Lisa က Driver set မှာ ဝင်ထိုင်လိုက်ပြီး ခါးပတ်ပတ်လိုက်သည်။Ruby က Lisa ဘေးမှာထိုင်ပြီးတော့ Jisoo နဲ့ Chae က နောက်ခန်းမှာ ထိုင်လိုက်ကြသည်။

Li-ဒို့ ဘယ်ကို မောင်းရမလဲ Ruby?

Ruby-မသိဘူးလေ

Li-ဟမ်😳

Ruby-ဟုတ်တယ်လေ Ruby က ခုမှ ကိုရီးယားမြေကို ခြေချဖူးတာလေ အဲ့တော့ ဘယ်နားဘာရှိတယ် ဘယ်လို သိမလဲလီ သွားချင်တဲ့နေရာကို သွားျလ အဆင်ပြေမဲ့ နေရာ။

Li-အာ....အဲ့တာဆို ဟန် မြစ်ကမ်းဘေးကို သွားကြမလားလေကောင်းလေသန့်လည်း ရှူလို့ရတယ်။

Ruby-လီ အဆင်ပြေသလိုလုပ်လေ။

Li-အင်း အဲ့တာဆို ဒို့ အဲ့နေရာကိုပဲ မောင်းလိုက်မယ်

Ruby-ဟုတ်😊

Lisa လည်း နှစ်နှစ်ကာကာ ပြုံးပြတဲ့ Ruby အပြုံးကိုကြည့့််ပြီး ဘာရယ်မဟုတ် ပြုံးလိုက်မိသေးသည်။ရင်ထဲမှာတော့ ရိုလာကိုစတာ စီးနေရသလိုပင်။

ီဒီလိုနဲ့ကားစထွက်တည်းက Lisa နဲ့ Chae က ငြိမ်နေပေမယ့် Ruby နဲ့ Jisoo ကတော့ စကားတွေပြောနေတာ ရေပက်ရင်တောင် ဝင်မယ်မထင်။jisoo နဲ့စကားပြောရင်းရီစရာပါရင် ခပ်လွင်လွင်လေးရီတတ်တဲ့ Ruby ကို Lisa ခိုးခိုးကြည့်ပြီး ပြုံးမိသေးသည်။

Lisa ကို ပဲ ကြည့်နေတဲ့ Chae ကတော့ Lisa ခိုးခိုးကြည့်ပြီး ပြုံးနေတာကို အစအဆုံးမြင်လိုက်ပြီး ရင်ထဲက အမည်တပ်လို့မရတဲ့ ခံစားချက်တွေကြောင့် မျက်ရည်တွေပဲ ဝဲတက်လာသည်။

Ji-Chae ဘာလို့စကားမပြော....။ဟင် Chae မျက်ရည်တွေ ဝဲနေတယ် ဘာလို့ငိုနေတာလဲ။

Jisoo ရဲ့ စိုးရိမ်တကြီး ပြောတဲ့ စကား အဆုံးမှာ Lisa ကမောင်းနေတဲ့ကားကို ဘရိတ်ကို တန်းအုပ်ချလိုက်တော့ တုံခနဖြစ်သွားပြီး လေးယောက်လုံး အရှေ့ကို ထိုးကျသွားတော့သည်။နောက်ကနှစ်ယောက်ကတော့ အရှေ့ထိုင်ခုံက ကူရှင်နဲ့ပဲဆောင့်မိလိုက်လို့ ဘာမှထွေထွေထူးထူး ဖြစ်မသွား။Lisa က Ruby အရှေ့ကို ထိုးကျချိန်မှာ Ruby ရဲ့ ခေါင်းကို ကားနဲ့မဆောင့်မိအောင် လက်နဲ့ကာပေးလိုက်သည်။သူကိုယ်တိုင်ကတော့ စီယာတိုင်နဲ့ ဆောင့်မိပြီးတော့ နဖူးက နည်းနည်းလေး ပေါက်သွားပြီး သွေးတွေ စီးကျလာသည်။

Ji-Chae ဘာဖြစ်သွားသေးလဲ

Chae-ကျွန်မ အဆင်ပြေပါတယ်။

Li-Ruby မင်း အဆင်ပြေရဲ့လား။

Ruby-ဟုတ် အဆင်ပြေပါတယ်။လီ....နဖူး..........

Ruby ပင် စကားပြောလို့မပြီးသေး။Ruby ဆီက အဆင်ပြေပါတယ်လို့ ပြောသံကြားလိုက်တည်းက ကားတံခါးကနေ ခုန်ဆင်းပြီးကားနောက်ခန်း Chae နေတဲ့တံခါးဘက်ဆီ ပြေးဆင်းသွားလေသည်။ထို့နောက် တံခါးကို ဆွဲဖွင့်ပြီး.......

Li-Chae အဆင်ပြေရဲ့လား ဘာလို့ငိုတာလဲ။

Chae - Chae မငိုပါဘူး Lili ရဲ့ မျက်လုံးထဲ အမှုန်ဝင်လို့ပါ

Li-ဟူး....တော်သေးတာပေါ့။Chae ငိုတယ်ဆိုလို့။

Chae-အော် Chae ငိုတယ်ထင်ပြီး ကားကို အဲ့လိုကြီး ဘရိတ်အုပ်ချလိုက်တာပေါ့ ဟုတ်လား။

Li-အင်းလေ

Chae-အရူးရဲ့ လေးလောင်းပြိုင်တွေ ဖြစ်ကုန်တော့မှာပေါ့ Lili အရူးရဲ့။

Li-ဟီး😁 Chae ငိုတယ်ဆိုတော့ Lili ကစိတ်ပူသွားတာပေါ့။Chae မျက်ရည်မကျတာ ဘယ်လောက်ကြာပြီလဲ။

Chae-ခုတော့ နဖူးမှာ ဒဏ်ရာတွေဖြစ်ကုန်ပြီမလား ခနနေအုံး။Chae ဆေးထည့်ပေးမယ်။

Chae လည်း ပြောပြီး သူ့လွယ်အိတ်ထဲက လက်တစ်ဝါးစာအရက်ပြန်ဗူးလေးရယ် ဆေးဗူးလေးရယ် ဂွမ်းထုတ်လေးရယ်အနာကပ် ပလာစတာလေးရယ် ထုတ်ပြီး အရက်ပြန်ကို ဂွမ်းမှာဆွတ်ပြီး Lisa ရဲ့ အနာကို သန့်ရှင်းရေး လုပ်ပေးနေလေသည်။ဆေးလေးထည့်ပေးပြီးတော့ အနာကပ် ပလာစတာလေးကို ကပ်ပေးလိုက်သည်။အနာကပ် ပလာစတာလေးပေါ်မှာ ပါတဲ့ စာလုံးလေးက ''R´´တဲ့။ထိုစာလုံးကို မြင်ပြီး မိန်းကလေး ၂ ယောက်ကတော့ အတွေးကိုယ်စီဖြင့်။

* Lili ဆီမှ ရှိတဲ့ ''R´´ ဆိုတော့ Rose ပဲပေါ့*

*ကံကြမ္မာက မျက်နှာသာပေးတယ် ထင်တယ်။လီ့ အတွက်''R´´ဆိုတော့ Ruby Jane ဆိုတဲ့ ကိုယ်ပဲရှိတာမလား*

ji-ခေါ်နေတာကြာပြီလေဟယ် ငါ့ကို နဲနဲလောက် အဖတ်လုပ်ကြပါအုံး။

Li-အေးလေ Kim jisoo က ခေါ်တာများပြီး မောလို့ အသက်ထွက်သေတော့မယ်

ji-ပြောပြလိုက်စမ်းပါဟယ်

Ruby-ဘာပြောမလို့လဲ ပြောလေ လီ။

Ji-နင့်မယားပြောမှာ မဟုတ်ဘူး ငါပြောမှာ....ငါပြောမှာတစ်ကယ်တည်း😏

Ruby+Li-Kim jisoo😡

Ji-စတာ စတာ နင်တို့ကလည်းဟာ တစ်လေသံတည်းရယ်ငါပြောတော့ မကြိုက်ကြဘူး။

Ruby-နင် အခုပြောစရာရှိတာပြော မပြောရင် နင့်တစ်သက်လုံး မပြောရဘဲ နေသွားမယ်။

Ji-အေး....အေးပါဟာ ပြောပါ့မယ်။နင်ကလည်း ခြိမ်းမယ်ခြောက်မယ် ဆိုတာချည်းပဲ။ငါပြောမှာက Lisa ရဲ့ အနာလည်းဆေးထည့်ပြီးပြီ ဆိုတော့ ငါတို့ ဆက်သွားကြမလား။

Chae-သွားကြတာပေါ့။

Li-အင်းလေ ဆက်သွားတာပေါ့။

အမှန်တော့ Chae သွားမယ်လို့ပြောတာက Lisa နဲ့ Ruby ကို Jisoo က သမီးရည်းစားတွေလိုပြောပြီး စနေတာကို တကယ် နားမခံနိုင်တော့လို့သာဖြစ်သည်။

တကယ်တန်းကျတော့ Ruby တွေးရင်းတွေးရင်း ဝမ်းနည်းမိတဲ့ အရာတခုတော့ရှိတယ်။ဘာလို့ဆို Chae က မျက်ရည်ကျတယ်လို့ Jisoo က ပြောလို့ ဘေးဘယ်ညာ ဘာဖြစ်မယ်ဆိုတာကိုလည်း မကြည့်။အားလုံး အန္တရာယ်ဖြစ်နိုင်သာ သိသိလျက်နဲ့ဘရိတ်ကို အုပ်ချပစ်လိုက်သည်။နဖူးမှာ ခိုက်မိပြီး သွေးတွေစီးကျနေတာတောင် Chae ဆီ ရောက်အောင်သွားပြီးChae ကို ဘာကြောင့်မျက်ရည်ကျလဲဆိုတာကို အရင်မေးတယ်။ဒီအဖြစ်အပျက်တွေ မြင်ခဲ့ရတာ Ruby ဖို့တော့တကယ်အဆင်မပြေပါ။တွေးမိရင် ပိုတောင် အဆင်မပြေသေးတယ်။

တွေးလိုက်တိုင်း အဆင်မပြေစေတဲ့ ထို အတွေးကြီးကို ဖျောက်ပြီး ကားပြူတင်းပေါက်ကနေ ဘေးဘက်ကို ငေးနေတုန်း.....

''ဒုန်း💢´´

Lisa တို့ရဲ့ ကားနောက်မြှီးကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်လိုက်တဲ့ အရာတခု။အားလုံးကတော့ အရှိန်ကြောင့် အရှေ့ကို ထိုးကိ ပေမယ့် စောနကလောက် မဆိုးတာကြောင့် အားလုံးကိုယ့်အရှိန်ကိုယ်ထိန်းနိုင်ကြသည်။

Ji-Lisa ခု နင် ထပ်ပြီး ဘရိတ်အုပ်လိုက်ပြန်တာလား။

Li-ဒီတခါတော့ ဒို့ မဟုတ်ဘူး Kim jisoo။ကြည့်ရတာKai ဒါမှမဟုတ် တခြားတယောက်ထင်တယ်။

Lisa ပြောစကားကြောင့် ကားနောက်ကို လှည့်ကြည့်တော့သူတို့ကားကို နောက်က ဝင်တိုက်လိုက်တဲ့ ကားတစ်စီးနဲ့ အရှေ့ကနေ သူတို့ ကားခေါင်းဆီ ခေါင်းတည်ဝင်လာတဲ့ ကားတစ်စီး။တစ်စီးစီပေါ်မှ ဆင်းလာတဲ့ ဝတ်စုံပြည့်နဲ့ လူ၆ ယောက်စီ။

Ji-Lisa ရေ အိမ်က သွေးပူလေ့ကျင့်ခန်းလုပ်မလာတာ ခုတော့ လုပ်ရတော့မယ်ထင်တယ်။

Li-ထင်တာပဲ Jisoo Unnie ရေ။

Ji-နင်ငါ့ကိ ဘာ်လိုခေါ်လိုက်တာ။

Li-Jisoo Unnie လို့လေ။

Ji-နောက်ပိုင်းအဲ့လိုပဲခေါ် ငါကြိုက်တယ်။

Li-အမ်😕....ဟုတ်ကဲ့။

Man1-မင်းတို့ထဲက Lisa ဆိုတဲ့ တယောက်က ဘယ်သူလဲသူနဲ့ပဲ စာရင်းရှင်းချင်တာ မဆိုင်တဲ့သူ ကားထဲမှာနေခဲ့။Lisa ဆိုတဲ့ တယောက်ထွက်ခဲ့။ကောင်းကောင်း မွန်မွန်ခေါ်တုန်းလာနော်။နမို့ဆို အကုန်လုံး ဒုက္ခရောက်ကုန်မယ်။

Li-jisoo Unnie နဲ့ Chae က Ruby ကို စောင့်ရှောက်ပေး ခန ဆင်းလိုက်အုံးမယ်။

Chae-Lili ငါလည်းလိုက်မယ်လေဟာ။

Ji+Li-မလိုက်နဲ့။

Ji-ငါလိုက်မယ် Lisa

Li-မလိုက်.....

Ji-ဘာမှ ငြင်းဖို့ မကြိုးစားနဲ့

Lisa လည်း jisoo ကို တားမရဘူးဆိုတာ သိတာမို့ မတားတော့ဘဲ သူအရင်ကားပေါ်က ဆင်းသွားလိုက်သည်။Jisoo က လည်း Lisa ဆင်းတာနဲ့ ကားပေါ်က လိုက်ဆင်းလိုက်သွားတော့သည်။

Man1-ဟေ့ ငါခေါ်တာ Lisa ဆိုတဲ့ တစ်ယောက်ကို ဘာလို့၂ ယောက်ဖြစ်နေတာလဲ။ဘယ်သူက Lisa လဲ?

Ji-ငါတို့ ၂ ယောက်လုံးက Lisa ပဲ။သူက Li ငါက Sa။ဆိုတော့ ငါ့တို့ကိုခေါ်တာ ဘာကိစ္စလဲ။

Man1-ဘာ မင်းတို့က ငါတို့ကို ဘာကောင်တွေမှတ်နေလဲလာပြောင်မနေနဲ့။

Ji-ငါတော့ နင့်တို့ကို လူလို့ကို မထင်တာ။ဝတ်စုံပြည့်ဝတ်ထားတဲ့ သခင်ခိုင်းတဲ့အတိုင်းဟောင်တတ်တဲ့ ကောင်တွေလို့ပဲ ထင်တယ်။

Man1-ရှုပ်တယ်ကွာ တယောက်မှ အရှင်မထားနဲ့

Men-ဟုတ်

အဲ့လူစကားဆုံးတာနဲ့ ထို ငနဲသားတွေက Lisa တို့ဆီ ပြေးဝင်လာသည်။ပထမဆုံးပြေးဝင်လာတဲ့ ၁ ယောက်ကို jisoo ကခုန်ပြီးကန်လွှတ်လိုက်သည်။

၁၂ ယောက် ၂ ယောက်ဆိုပေမယ့် ဗိုလ်မှူး Manoban နဲ့အေးဂျင့် Kim jisoo ကို မည်သို့ယှဉ်နိုင်မည်နည်း။အားလုံးအတုံးအရုန်းလဲကျတာပါပဲ။ထိုစဉ် Lisa နောက်ကနေ ရိုက်ဖို့ပြေးဝင်လာတဲ့ လူတယောက်ကို တခြားတစ်ဖက်ကJisoo က ဘေးနားကရှိတဲ့ အုတ်ခဲကျိုးကို ဘောလုံးပုံစံမျိုးကန်လွှတ်လိုက်တော့ ငနဲသား နှာနုကို တည့်တည့်ကိုထိတော့သာပဲ။

Lisa ကလည်း နောက်ကလာမှန်းသိလို့ လှည့်ကန်ဖို့အလုပ်ထိုငနဲသားကို လာမှန်တဲ့ အုတ်ခဲကျိုးကြောင့် အုတ်ခဲကျိုးလာတဲ့နေရာကိုကြည့်လိုက်တော့ Jisoo က ပြုံးပြီး မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

''Lili😱❗️❗️❗️´´

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ခ နဲနဲဖျားနေတယ် သိလား🤒🤒🤒Lili ဆိုတာ ဘယ်သူအော်တာလဲ ဘာလို့အော်တာလဲ ဖြေကြည့်ကြပါလား။

Readers တို့ကို အရမ်းချစ်ပါတယ်Readers တွေကို အရမ်းချစ်တဲ့Tu Nhai Kha#

There are no comments yet. Log in to be the first to leave a review!

Similar stories