Final
14:26, 28 August 2023Uni
ရှောင်ကျန့် သူ့မျက်လုံးတွေအားယူပြီး ဖွင့်လိုက်သည်
"သားလေးသတိရပြီလား နာနေသေးလား"
အမေဖြစ်သူ လန်ရီကမေးလာတော့ရှောင်ကျန့်က ခေါင်းငြိမ့်ကအဆင်ပြေကြောင်းပြလိုက်၏
တိတ်ဆိတ်နေတဲ့ အခန်းကြောင့် ရှောင်ကျန့်မျက်မှောင်တွေ တွန့်ချိုးသွာ၏ သူ့အမျိုသားရော....
"အမေ...ရိပေါ်ရော"
"သားဝမ်က ဟိုဘက်အခန်းမှာ ဆေးချိတ်ထားရတယ်"
ဗိုလ်ချုပ်ရှောင်ကျန့်သည် စိုးရိမ်စိတ်ကြောင့် ပူထူသွား၏သူသည် လက်ထဲကဆေးပုလင်းအပ်ကို အမြန်ဖြုတ်ကာ ဘေးခန်းသို့ ပြေးထွက်သွား၏ သူ့အမျိုးသားလေး အဆင်ပြေမှဖြစ်မယ်
*ကျွီ*
ဝမ်ရိပေါ်ရှိတဲ့ ဆေးရုံအခန်းတံခါးသည် ဆွဲဖွင့်ခံလိုက်ရ၏ကုတင်ပေါ်မှာမှီထိုင်နေတဲ့ကောင်လေးဟာ သူ့ကိုမြင်တော့ ချက်ချင်းမျက်ရည်တွေဝေ့သီလာသည်
"ရှောင်း"
တိုးငြင်းစွာဖြင့် ခေါ်လာသံလေးကြောင့်ဒုဗိုလ်ချုပ်ရှောင်ကျန့်သည် သူ့အမျိုးသားလေးရှိရာသို့ သူ့ခြေလှမ်းအကျယ်ကြီးတွေဖြင့် ခပ်မြန်မြန်သွားပြီး သူ့အသက်လေးကိုထွေးပွေ့ထားလိုက်မိ၏
"အဟင့်...ရှောင်း"
ငိုကြွေးနေသောကောင်လေးကြောင့် ရှောင်ကျန့်ရဲ့ပုခုံးဟာ မျက်ရည်တွေနဲ့စိုရွှဲကုန်၏
"ဘာလို့ဒီလောက်ငိုနေရတာလဲအသက်ရယ် ကိုယ်ဘာမှမဖြစ်ဘူးလေကွာ"
ဝမ်ရိပေါ်သည် ထိုစကားကြောင့်မျက်ရည်တွေပိုမိုကျလာပြီး သူ့အမျိုးသား ဒုဗိုလ်ချုပ်ရှောင်းကို ပို၍ တိုးဖက်လာသည်
ဪ ပြောလေကဲလေ မန်းလေပြဲလေပါလား အသက်ရယ်
"တော်ပြီလေကွာ မငိုနဲ့တော့ မျက်လုံးတွေနာလိမ့်မယ်လေ ကလေးရဲ့"
ဗိုလ်ချုပ် ရှောင်ကျန့်သည် သူအမျိုးသားလေး ရဲ့နဖူးကို နှုးညံ့စွာနမ်းလိုက်၏
"မငိုနဲ့တိတ်တော့"
"အဟင့် ရှောင်းကမကောင်းဘူး လူကိုလန့်အောင်လုပ်တယ် ဒီကဘယ်လောက် စိုးရိမ်သွားရလဲ သိရဲ့လား? သိရဲ့လားအရှုးကြီးရဲ့"
သူ့ရင်ဘတ်ကို လက်သီးဆုပ်ကလေးတွေနဲ့ ထိုးလာတဲ့ အကြင်သူ လေးအား သူဟာလုံးဝမငြိုငြင်ရက်ပါ သူ့ကလေးလေးဘယ်လောက်လန့်သွာမလဲ အသက်နှလုံးမဖောက်သွားတာ ကံကောင်းသည်လို့ပြောရမယ်
"ဟုတ်ပါတယ် ဒါတွေအားလုံးက ကိုယ့်အပြစ်တွေပါ ကိုယ့်အပြစ်တွေပါ ဝမ်ရယ် အဲ့တာကြောင့်မို့လို့ ဝမ်ကိုယ့်ကို စိတ်ကြိုက်ရိုက်နိုင်တယ် ထိုးကြိတ်နိုင်တယ် ဒါပေမဲ့ ငိုတော့မငိုပါနဲ့တော့ ဝမ်ရယ် ကိုယ့်ရင်တွေနာလွန်းလို့ပါ"
တဖြည်းဖြည်း အငိုတိတ်သွားတဲ့ကောင်လေးကိုအနမ်းလေးနဲ့ချော့ရသေးသည်ကျည်ကာဝတ်ဆုံဝတ်ထားပေမဲ့ ပြင်းထန်လှတဲ့အနီးကပ်ပြစ်ချက်ကြောင့် ကျည်ကာပေါက်သွားပြီး ထိခိုက်စေခဲ့သည် ဒဏ်ရာကအပေါ်ယံဆိုပေမဲ့ သွေးကြောနဲ့နီးသဖြင့် သွေးတွေမတရားထွက်ကာ သူအမျိုးသားလေးကိုစိတ်ပူစေ၏
ဆေးရုံရောက်သည်အထိ ကျည်ကာဝတ်မထားဘူးထင်ပြီး အငိုမရပ်တဲ့ ကောင်လေးဟာ ကျည်ကာဝတ်ထားတယ် သူအဆင်ပြေတယ် အသက်ရှင်တယ်လို့ ကြားတော့ ထိန်းထားတဲ့စိတ်ကို လွှတ်ချလိုက်ပုံပဲ မေ့လဲသွားတယ်
အခုတော့ကောင်လေးကို ဒီပုံစံနဲ့ တွေ့ရတာပဲ သေနတ်မှန်တာသူဆိုပေမဲ့ ကောင်လေးကတောင် သူ့ထက်ပိုပြီးဖြူဖျော့နေတုန်းပဲတစ်ဖန် ဒီကျည်ဆန်သာ ဝမ်ကိုမှန်သွားရင်လို့တွေးမိတော့ သူ့စိတ်တွေဟာ ကြောက်စိတ်တွေနဲ့လွမ်းမိုးသွားပြန်သည်
"တော်သေးတာပေါ့ ဝမ်ရယ် ဒီကျည်ဆန်သာ ဝမ်ကိုထိမှန်သွားရင် ကိုကိုတော့ရှုးပြီထင်ပါတယ် ကံကောင်းလို့ ဝမ်ဘာမှမဖြစ်တာ ဝမ်သာတစ်ခုခုဖြစ်ရင် ကိုကိုသေမှာ အွန်း"
ရုတ်တရက် သူ့ကိုဖက်နမ်းလာတဲ့ကောင်လေးကြောင့် ဗိုလ်ချုပ်ရှောင်ကျန့်သည် ပြုံးရင်း ပြန်တုံ့ပြန်သည် သူသည်ဝမ်ရဲ့ခြောက်ကပ်နေတဲ့ နှုတ်ခမ်းပါးကို စိုစွတ်အောင်လုပ်ပေးဖို့လဲမမေ့
"ပြွတ်....အွန်း"
ထွက်ပေါ်လာတဲ့နားရှက်ဖွယ်အသံတွေကြောင့် ဝမ်ကျိုးချန်နဲ့ လျိုဟိုက်ခွမ်းသည် ဘယ်ပြေးရမလဲမသိ
သူတို့သူငယ်ချင်းကြီးက အခန်းထဲစဝင်လာကတည်းက ရိပေါ်အခန်းထဲမှာ သူ့တို့နှစ်ယောက်ရှိနေတာကို မသိတာလဲဖြစ်လောက်တယ်
ဘယ်လိုလုပ်သိမှာလဲ ရောက်လာကတည်းက သူ့လင်ကိုပဲကြည့်ပြီး တစ် ဝမ် ဝမ် ထဲ ဝမ်နေတာလေဘေးပတ်ဝန်ကျင်ကိုတောင်မေ့ပြီး အနမ်းယာဉ်ကြော စီးဆင်းရုံသာမက အခြားတစ်ခုကိုပါလုပ်လာပြီဖြစ်တယ် အဲ့တာက ဝမ်ရိပေါ်ရဲ့ ဆေးရုံအဝတ်တွေကိုလဲ ချွတ်လာခြင်းပင်ဖြစ်သည် တကယ်ပဲ ဒုဗိုလ်ချုပ်ရှောင်းက ဒဏ်ရာရနေတာတောင် နေမကောင်းတဲ့ကလေးကို အလွတ်မပေးဘူးဘဲ
"သွားရအောင် အားချန် ဒီမှဆက်မနေသင့်တော့ဘူး"
နိုင်ငံတော်အဆင့် တရားလွတ်တော်ရဲ့ ရှေ့နေကြီးကပြောလာပြီဆိုတော့ ဝမ်ကျိုးချန်လဲထလိုက်သည်ထို့နောက်လျိုဟိုက်ခွမ်း ခေါ်ဆောင်ရာဘေးအခန်းသို့ လိုက်ခဲ့၏
အခန်းထဲရောက်မှ ဒီအခန်းကရှောင်ကျန့်အခန်းမှန်းသိသွားတော့ ဝမ်ကျိုးချန်သည် သူ့ရှေ့ကအမျိုးသားကို နားမလည်ခြင်းများစွာဖြင့် ကြည့်လိုက်လေသည်
"ခင်ဗျား ဘာလုပ်တာလဲ"
ဘာမှမပြောဘဲ ပြုံးကာတံခါးကိုလော့ချလိုက်သူကြောင့် ဝမ်ကျိုးချန်ခေါင်းထဲမှာ မေးခွန်းသငေ်္ကတတွေပြည့်နက်သွား၏
"အမေ့"
ရုတ်တရက်ခါးကိုလာပြီးဆွဲဖက်လာတဲ့ တည်တည်ငြိမ်ငြိမ်အမျိုးသားကြီးကြောင့် ဝမ်ကျိုးချန်လန့်မိတာအမှန်
သူသည် သူ့မူပိုင်အပြုံးကိုဆင်မြန်းထားပြီး ဝမ်ကျိုးချန်အားခပ်တည်တည်ပဲနမ်းလိုက်သည် တကယ်ပဲ ဒီအမျိုးသားကြီးရဲ့အပြုံးတွေကိုမုန်းလိုက်တာ
တဖက်အခန်းတွင် ဝမ်ရိပေါ်သည် သူအမျိုးသား၏ ရင်ဘတ်ကိုရိုက်ကာ အနမ်းတွေကို ငြင်းဆန်နေ၏
"ဘာလို့လဲ ဝမ်"
နှုတ်ခမ်းပါးလေးကို လွတ်လိုက်တော့ ဝမ်သည် ကြယ်သီးတွေပြုတ်နေတဲ့ အကျႌလေးကိုစုကိုင်လျက် အခန်းကိုလှည့်ပတ်ကြည့်လာသည်
"အကိုကျိုးချန်တို့ရော "
"ထွက်သွားပြီလေ"
"ဘယ်ကိုလဲ??"
"ကိုယ့်အခန်းထဲကို"
"ခင်ဗျားကဒီအခန်းထဲမှာ ရှိနေတာလေ သူတို့ကဟိုဘက်အခန်းကို သွားပြီးဘာလုပ်ကြတာလဲ"
"သူတို့ဘာလုပ်လဲဆိုတာကိုပြမယ်"
ဗိုလ်ချုပ်ရှောင်းသည် သူအမျိုးသား၏ နှုတ်ခမ်းလေးကို ပြုံးရင်းဖြင့်နမ်းလိုက်သည်
သူခုနက ရိပေါ်တို့ကိုနမ်းရင်းနဲ့ ဟိုအတွဲကိုတွေ့လိုက်သည်အရှက်အကြောက်ကြီးတဲ့ ဝမ်ကျိုးချန်က သူ့တို့ရဲ့ Kissing live ကိုမကြည့်ရဲပေမဲ့ လျိုဟိုက်ခွမ်းကတော့ ထိုသို့မဟုတ်ပေသူတို့နှစ်ယောက်ကိုစိုက်ကြည့်နေ၏ သူဟိုဘက်အခန်းကိုသွားဖို့အချက်ပြလိုက်မှ လျိုဟိုက်ခွမ်းသည် ဝမ်ကျိုးချန်လက်ကိုဆွဲကာထွက်သွားခြင်းဖြစ်သည်
သူအခုချိန်ထိ သူတို့နှစ်ယောက် ဘယ်လိုရည်းစားဖြစ်သွားလဲ ဆိုတာတွေးမရသေး ဝမ်ကျိုးချန်က ဘာမှပြောပေမဲ့ လျိုဟိုက်ခွမ်းကတော့ အမြဲတမ်း အရိပ်အမြွတ်ပြတက်၏အထာနပ်တဲ့ သူနဲ့ သမ္မတရှီက ဘာကိုပြောချင်လဲဆိုတာသိသည်ဝမ်ကျိုးချန်က သူ့အပိုင်ပါတဲ့
ကိစ္စတွေပြီးမြှောက်သွားတော့ဝမ်ကလေးဟာ ရှောင်ကျန့်ရင်ခွင်မှာမျော့လေးလိုတွယ်ကပ်နေရင်း အနားယူနေသည် သူ့လက်ကလေးတွေကတော့ ရှောင်ကျန့်ရင်ဘတ်မှာဆော့ကစားလျက်
ရှောင်ကျန့်သည်သူရင်ဘတ်မှာပြေးလွှားဆော့ကစားနေတဲ့ လက်လေးတစ်ဖက်ဆုပ်ကိုင်ကာ နမ်းလိုက်၏
"လက်သည်းတွေအရမ်းရှည်နေပြီဝမ်"
"ဟုတ်လို့လား"
"မယုံရင်ကို့နောက်ကျောကိုကြည့်မလား ဝမ်လက်သည်းရာတွေကိုတွေ့ရလိမ့်မယ် ကိုယ့်ဒဏ်ရာတောင်ဝမ်ကုတ်ချက်ကြောင့် သွေးပြန်ထွက်သွးပြီးနေမှာ"
ဝမ်ကလေးလေးသည် သူ့နောက်ကျောကိုစိုးရိမ်စွာ ကြည့်ဖို့ပြင်တော့ ရှောင်ကျန့်ကပြုံးရင်း ရင်ခွင်ထဲပြန်ထည့်လိုက်ကာအကြည့်မခံပေ
သူဒဏ်ရာကိုမြင်ရင် ဝမ်ကငိုမှာမလွဲဧကန်ပင်
"ဘာမှမဖြစ်ပါဘူးအသက်ရယ် ကိုယ်ကစတာပါကွာ"
ဝမ်ကောင်လေးသည် ရှောင်ကျန့် ရင်ဘတ်ကို သွားသေးသေးလေးနဲ့ ကိုက်ခဲလာပြန်သည်
"ရှောင်းကိုချစ်တယ်"
ရှောင်ကျန့်သည်ခေါင်းငုံ့ကာ သူအမျိုးသားလေး၏ ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို သူ့နှာခေါင်းချွန်ချွန်တွေနဲ့ နစ်ဝင်သွားတဲ့အထိနမ်းရှိုက်လိုက်၏
"ကိုယ်လဲ ထပ်တူမြတ်နိုးရပါတယ် ဝမ်ရယ်"
**************ကြီးမားလှသောခန်းမကြီးအလယ်တွင်ဘုန်းတော်ကြီးတစ်ဦးနဲ့အတူ ဗိုလ်ချုပ်ရှောင်ကျန့်သည်အဖြူရောင်သတို့သားဝတ်ဆုံဖြင့်ခန်ငြားစွာရပ်နေသည်
ဧည့်သည်တော်တွေရဲ့မျက်လုံးက သူ့အပေါ်မှာကျောက်ချနေပေမဲ့သူမျက်လုံးတွေကတော့ အနီရောင်ကော်ဇောပေါ်မှာ ဖခင်လက်ကိုဆွဲ၍ သူဆီကိုလျောက်လှမ်းလာသော သူ့နဲ့ဆင်တူအကျႌကို ဝတ်ထားတဲ့ အဖြူရောင် ကောင်လေးပေါ်မှာကျောက်ချ၏
ဒီမင်္ဂလာပွဲသည် မိဘတွေစီစဉ်တာလဲမဟုတ်သလို တစ်ဖက်သတ်ကျင်းပတဲ့ ပွဲလဲမဟုတ်ချေ
ဒါဟာသူတို့နှစ်ယောက်ရဲ့ နှစ်ဦးသဘောတူဆန္ဒဖြင့်ကျင်းပတဲ့ မင်္ဂလာပွဲ သူတို့အချစ်တွေကို ထုတ်ပြတဲ့ပွဲပေ
"သားလေးကိုစိတ်ချမယ်နော် သားရှောင်း"
ယောက္ခဖြစ်သူဝမ်ရိုဟန်ကို ပြုံးပြရင်း ရှောင်ကျန့်သည် ကောင်လေးလက်ကိုတွဲကာ မင်္ဂလာဆင်မြင့်ပေါ်သို့ တက်လှမ်းသွားခဲ့သည် သူဒီလက်ကလေးကို ဘယ်တော့မှ လက်တွဲဖြုတ်မှာမဟုတ်ချေ သူရဲ့ ငယ်ဘဝကတည်းက အခုချိန်ထိ သူ့ရင်ထဲကိုစိုးမိုးနေတာ ဒီပါးဖောင်းဖောင်းနဲ့ကောင်လေးပင်
"ကျွန်တော်ရှောင်ကျန့်သည် ဝမ်ရိပေါ်ဆိုတဲ့လူသားလေးအားဆင်းရဲ ချမ်းသာ ကျန်းမာ နာမကျန်းမရွေး ထာဝစဉ်ချစ်မြတ်နိုးသွားပါ့မယ် မည့်သည့်ဒုက္ခ သုခကိုမဆို ထိုအမျိုးသားလေး၏ ဘေးမှာရပ်ကာ အတူတူ ရင်ဆိုင်ခံစားပါ့မယ်လို့ကတိပေးပြုသည်"
စကားအဆုံးကလေးငယ် ပါးဖောင်းဖောင်းလေးတွေ မို့တက်လာတဲ့အထိပြုံးရီ၏ ရှောင်ကျန့်သည်လဲ ကလေးငယ်ကိုကြည့်ရင်း ဖုံးထားတဲ့ ပါးချိုင့်တွေပေါ်လာတဲ့အထိပြုံးလိုက်မိတယ်
ဒီကလေးလေးတစ်ယောက်သာ သူ့ဘဝကို ပြည့်စုံအောင်လုပ်ပေးနိုင်တယ် သူတစ်ယောက်တည်းကပဲ ု"ကျွန်တော်ဝမ်ရိပေါ်သည် ရှောင်းရှောင်ကျန့်အားဆင်းရဲ ချမ်းသာ ကျန်းမာ နာမကျန်းမရွေး ထာဝစဉ်ချစ်မြတ်နိုးသွားပါ့မယ် မည့်သည့်ဒုက္ခ သုခကိုမဆို ထိုအမျိုးသား၏ ဘေးမှာရပ်ကာ အတူတူ ရင်ဆိုင်ခံစားပါ့မယ်လို့ကတိပေးပြုသည်"
ကျမ်ကျိန်ပြီးသွားတော့ အနမ်းမလှယ်ခြင်းကိုစတင်၏ရှောင်ကျန့်သည်တော်ရုံနဲ့ရိပေါ်နှုတ်ခမ်းကို မလွတ်ပေးခဲ့သလို အခြားသောနေရာများကိုလဲ မြတ်နိုးစွာနမ်းရှိုက်နေ၏ အထူးသဖြင့်ပါးဖောင်းဖောင်းလေးတွေပဲ
"ရွတ်...ရွတ်"
"တော်ပြီလေ ဧည့်သည်တွေရှိနေတာကို ဘယ်လိုဖြစ်နေတာလဲ "
"ကိုယ်နမ်းလို့မဝသေးလို့ပါ အသက်ရယ်"
"တော်တော့ အိပ်ကျမှနမ်းတော့ မဟုတ်လဲ ကျွန်တော်က လောင်ကုန်း အပိုင်ပဲကို"
ဗိုလ်ချုပ်ရှောင်ကျန့်သည် လောင်ကုန်း ဆိုတဲ့စကားလုံးလေးကြောင့် အပျော်ကြီးပျော်ကာ ထပ်နမ်းဖို့လုပ်ပြန်တယ်
"တော်တော့်နော် ခင်ဗျားမရပ်ရင် ကျွန်တော် ညကျ အခန်းတံခါးပိတ်ထားမှာ"
ထိုစကားကြောင့် ဒုဗုရှောင်ကျန့်သည် ချက်ချင်းရပ်သွား၏ဝမ်ရိပေါ်သည် သူ့အမျိုးသား၏ အပြုအမူကြောင့် ချက်ခြင်းပြုံးမိသွား၏ နောက်ဆုံးတော့သူ့အမျိုးသားနိုင်မဲ့အကွက် တွေ့သွားပြီလေ
"1 2 3"
အဖြူရောင်ပန်းစည်းသည် လေထဲကနေတဆင့် ဝမ်ကျိုးချန်ရဲ့လက်ထဲကို တည့်တည့်ကျ၏
ဝမ်ကျိုးချန်သည် ပန်းစည်းကိုရိပေါ်ထံပြန်လာပေးသည်
"ရိပေါ်လေး....ပြန်ပစ်နော်...ပြန်ပစ်...အကိုကဒီနှစ်အတွင်းမှာ လက်ထပ်လို့မရသေးဘူး ဗေဒင်ဆရာကဟောထားလို့"
ထိုစကားအဆုံးဝမ်ရိပေါ်နဲ့ရှောင်ကျန့်သည် ရှေ့နေလျိုဟိုက်ခွမ်းကို ကြည့်လိုက်မိ၏
ရှေ့နေလျိုဟိုက်ခွမ်း၏မျက်နှာသည် လငမုပ် ဖမ်းနေသည့်အလား မည်းပုပ်နေသည် ထိုအဖြစ်ကိုဝမ်ကျိုးချန့်မြင်တော့အခါစိတ်မကောင်းချေ သူသည်ချောင်းတစ်ချက်ဟန့်လိုက်ရင်း မိုက်ကိုဆွဲယူကာ လျိုဟိုက်ခွမ်းကိုကြည့်ပြီး စကားအချို့ပြောလိုက်သည်
"ဒီနှစ်ကတော့တကယ်အဆင်မပြေလို့ပါ မေမေတို့ကနဲနဲရှေးရိုးစွဲတယ်လေ နောက်နှစ်နွေဦးထိတော့စောင့်ပေးပါနော် အကို"
စကားအဆုံး လျိုဟိုက်ခွမ်းရဲ့ မျက်နှာသည် နေရောင်ခြည်ပမာ ပြန်တောက်ပလာသည် တကယ်ပဲအပြောင်းအလဲမြန်လိုက်တာ ဒီနှစ်အကယ်ဒမီကို ရှေ့နေလျိုဟိုက်ခွမ်းကိုပေးရမှာ
ဒုတိယတစ်ခါပန်းစီးပစ်တော့ ကျိရန်ဆီကျ၏ ဒေါက်တာစုန့်ကျိရန်က ဗိုလ်မှူးဟောက်ရွမ်းနဲ့ လက်ထပ်ပြီးပြီမို့လိုနောက်တစ်ခါထပ်ပစ်ရပြန်သည်
တတိယတစ်ခေါက်ကြတော့ သမ္မတကြီးဆီကိုကျ၏ ဝမ်ရိပေါ်သည် သူရှေ့ကိုလျောက်လာတဲ့ သမ္မတကြီးကို ကြည့်ရင်းစိတ်ပျက်နေပြီ သူထပ်ပစ်ရမှာလား
သို့သော်လဲ သမ္မတရှီက သူ့ကိုကျော်သွား၏
"ရှန့်ကော ပန်းစည်းပြန်မပေးဘူးလား"
"ဘာလို့ပြန်ပေးရမှာလဲ ကောကဒီပန်းစည်းကို ကောအိမ်သားဆီပေးမလို့လေ"
ဝမ်ရိပေါ်သည် သမ္မတကြီးရဲ့စကားကိုနားမလည်ပေမဲ့ ကိုယ်ရံတော်ခေါင်းဆောင်ကို ပန်းစည်းပေးလိုက်တာကြောင့် ဆိုလိုရင်းကိုသိသွား၏ ဒုဗိုလ်ချုပ်ရှောင်းသည် သူအမျိုးသားလေးပုခုံးကိုဖက်ရင်း သမ္မတကြီး တို့အတွဲကိုကြည့်ရှုနေ၏
သမ္မတရှီသည် ပန်းစီကိုအကြောင်းပြပြီး ကိုယ်ရံတော်ခေါင်းဆောင်ကို လက်ထပ်ခွင့်မရရအောင်တောင်းတော့သည်
ဘာတဲ့ ဘာတဲ့ မင်္ဂလာပန်းစည်းရပြီးလို့ ၃လအတွင်းမှာ လက်မထပ်ရင် ကံဆိုးတယ်ဆိုလား သေတက်တယ်ဆိုလား
တစ်ဆိတ်လောက် ပန်းစည်းရပြီး ၃လအတွင်းမှာလက်မထပ်ရင် တစ်ဘဝလုံး လူပျိုကြီး အပျိုကြီးဖြစ်မယ်လို့ပဲ ပြောကြတာမဟုတ်လား
သမ္မတကြီးကကျမှ ကံဆိုးတာတွေရော သေတာတွေရောအလားကား Date ကုန်တော့မှာမို့လို့ မဝယ်ဝယ်အောင် ဈေးဗန်းခင်းနေတာ
*******ပင်လယ်ကမ်းခြေအနီးတွင် ဆိုင်ကယ်တစ်စီးသည် ကြမ်းတမ်းစွာမောင်းနှင်နေသည်
မောင်းနှင်နေသူက ဒုဗိုလ်ချုပ် ဖြစ်ပြီး နောက်ကထိုင်လိုက်လာသူမှာ သူ့အသည်းအသက်လေးပင်ဖြစ်သည်
သူတို့သည်ဟန်နီးမွန်းခရီးစဉ် အဖြစ် ဝမ်ရိပေါ်မွေးနေ့မှာမိဘတွေ လက်ဆောင်ပေးထားတဲ့စံအိမ်ကြီးကို လာနေခြင်းပေဖြစ်သည်
ကြီးမားလှသော ကျွန်းကုတင်ပေါ်တွင် ဒုဗိုလ်ချုပ်ရှောင်းသည် မှီထိုငိနေ၏ သူရင်ခွင်ထဲမှာတော့ သူအသည်းအသက်လေးက ငြိမ်သက်စွာအနားယူနေ၏
"ရှောင်း...ခင်ဗျားကျွန်တော့်ရဲ့ဘေးမှာ အမြဲတမ်းနေပြီး ကျွန်တော်လုပ်သမျှကို ထောက်ခံပေးမှာလား "
တိုးငြင်းစွာထွက်ပေါ်လာတဲ့ မေးခွန်းလေးကြောင့် ရှောင်ကျန့်ပြုံးလိုက်မိ၏
သူသည် သူရင်ခွင်ထဲကဝမ်ရိပေါ်ရဲ့ မျက်နှာလေးကိုဆွဲမော့လိုက်ကာ မျက်လုံးခြင်းဆုံစေသည်
"အင်း ကိုမင်းဘေးမှာအမြဲတမ်းရှိနေပြီး မင်းလုပ်သမျှကိုထောက်ခံပေးမယ်"
ဒုဗိုလ်ချုပ်ရှောင်း၏ အသံတွင် တွန့်ဆုတ်မူ့နောင်တရမူ့တစ်ခုမှမပါဝမ်ရိပေါ်သည် ပြုံးကာသူ့အမျိုးသား၏ နှုတ်ခမ်းကို ခပ်ဖွဖွလေးအနမ်းခြွေရင်း နောက်မေးခွန်းတစ်ခုကို ဆက်မေးလိုက်၏
"တကယ်လို့ ကျွန်တော်လူသတ်မိခဲ့ရင်ရော"
ဒုဗိုလ်ချုပ်ကလဲ ခပ်ပြုံးပြုံးပဲ ပြန်ဖြေလာသည်
"က့ိုတပ်ကကောင်တွေကိုအလောင်းဖျောက်ခိုင်းလိုက်မယ်"
(ဒုဗိုလ်ချုပ်တပ်ထဲကစစ်သားများ-?????)
စကားအဆုံးဝမ်ရိပေါ်ဟာ သူ့ကိုဖက်ထားတဲ့ဒုဗိုလ်ချုပ်ရှောင်ကျန့်ကိုတွန်းထုတ်လိုက်တယ်
"ခင််ဗျားကျွန်တော့်ကိုချစ်နေတာလား အကျင့်ပျက်အောင် ဖျက်ဆီးနေတာလား??"
ရှောင်ကျန့်ဟာဝမ်ရိပေါ်ကိုပြန်ဖက်လိုက်ကာတိုးတိုးလေးကပ်ပြောလိုက်တယ်
"မင်းနဲ့တူတူလူသတ်အလောင်းဖျောက်ပေးပါတယ်ဆိုနေမှတော့မင်းကိုချစ်လို့ပေါ့ကွာ...နောက်ပြီးမင်းစိတ်ပူစရာမလိုပါဘူးကို့တပ်ထဲကကောင်တွေကအလောင်းဖျောက်ကျွမ်းတယ်လေ"
"ရှောင်းနော်.....ဝမ်ကအတည်ပြောနေတာ"
"ကိုယ်လဲအတည်ပြောနေတာလေ မယုံဘူးလား ခဏလေးစောင့်"
ရှောင်ကျန့်သည် အပြုံးမပျက် အိပ်ယာပေါ်မှထကာ သူ့စကားပြောစက်ကိုယူလိုက်၏
သူခေါ်တာက သူ့ညာလက်ရုံးယွီပင်းကို
"ယွီပင်း မင်းတို့ဗိုလ်ချုပ်ကတော်က လူသတ်ချင်တယ်တဲ့ အဲ့တာမင်းတို့ကောင်တွဘယ်နေရာ အလောင်းဖျောက်ပေးမလဲဆိုတာ စဉ်းစားထားလိုက်"
"ချန်အန်းတောင်ဆိုရင်ရော....အဲ့နားကလူတွေသိပ်မသွားဘူးလေ"
"မဆိုးဘူးအဆင်ပြေတယ်"
စကားပြောစက်ကနေထွက်ပေါ်လာတဲ့ ယွီပင်းအသံကြောင့် ဝမ်ရိပေါ်မှာအံ့သြလွန်းလို့ မဆုံး ဒီဆရာတပည့်နှစ်ယောက်လိုက်လဲလိုက်ပါ့
"ယွီပင်းကောကော ဘာတွေပြောနေတာလဲ ရှောင်းကစ...အွန်း"
စကားပြောလို့မဆုံးသေး ရှောင်းကသူ့ကိုအကြမ်းပတမ်းနမ်းရှုံလာသည်
"မခေါ်ရဘူး...ကိုယ်ကလွဲပြီးဘယ်သူ့ကိုမှကောကောလို့မခေါ်ရဘူး..ဝမ်"
ရှောင်ကျန့်ရဲ့နှုတ်ခမ်းတွေဟာ ဝမ်ရိပေါ်ရဲ့နှုတ်ခမ်းတွေကို တစ်ဖန်စုပ်နမ်းရင်း သူလျှာကို ဝမ့်ရဲ့လျှာနဲ့ ဆက်နွယ်စေလိုက်တယ်
သိပ်မကြာပါဘူး သူတို့နှစ်ယောက်သည် ဒုတိယအကြိမ်မြှောက် ချစ်တင်းနှောကြပြန်သည်
"ဟ!အသက်ရယ် ချစ်တယ်ကွာ"
"အား!နာတယ် ရှောင်း"
"ခဏလေးပဲ အသက်ရယ် ကိုယ်ကချစ်လို့ပါကွာ"
နားမထောင်သင့်တဲ့ အသံထွက်လာတာကြောင့်ယွီပင်းသည် စက်သွယ်ရေးစက်ကိုပိတ်လိုက်ရ၏ အရင်ကတည်းက သူ့ကိုရိပေါ်ကကောကောလို့ခေါ်တာပါဒါကိုအခုမှဗိုလ်ချုပ်ကဘာထဖြစ်တာလဲ
အကြောင်းမရှိသူ့ကိုအကြောင်းပြပြီးဝမ်ရိပေါ်ကိုဆွဲစားနေတာတကယ်ပဲ သူတို့ဗိုလ်ချုပ်က သူတို့ဗိုလ်ချုပ်ကတော်လေးနဲ့ ပတ်သတ်ရင် မြေခွေးလိုကောက်ကျစ်စဉ်းလဲလာပြီ အကြောင်းမရှိအကြောင်းရှာပြီး အချိန်ပြည့်ဝက်သားစားနေတာ
ယွီပင်းသည် သူရှေ့က ရေခွက်ကိုမော့သောက်လိုက်တော့စားပွဲပေါ်က ဖိတ်စာကိုမြင်လိုက်၏ သတိုသား သတို့သမီးနာမည်က ရွှေရောင်စာတန်းကြီးနဲ့ ပြုးလို့
"ဗိုလ်မှူးခေါင်ယွီချန်နဲ့ဒေါက်တာရွမ်လုတဲ့"
ယွီပင်းသည် ကောင်ကင်ကြီးကို လက်ခလယ်ထောင်ပြလိုက်တယ်
"မိုးနတ်မင်းကြီးရယ် အင်ဖနတီ Fuck ပဲ ဘာလို့ကျွန်တော့်ကို $တွဲတွေကြားမှာ Single Dogလေးဖြစ်စေခဲ့တာလဲ"
ဂျိန်း
မိုးချိန်းသံထွက်လာတော့ ယွီပင်းသည် ထောင်ထားတဲ့လက်ကလေးကိုပြန်ချမိလိုက်သည် မိုးရွာနေတာကို သူမေ့သွားတာ တော်သေးတယ် မိုးကြိုးမပစ်လို့
ယွီပင်းသည် မိုးကြိုးလွဲရှိတဲ့ တပ်စု၆ရဲ့အိမ်ယာကိုပြန်ဝင်သွားတော့သည်
နောက်နှစ်မှာ ဒုဗိုလ်ချုပ်ရှောင်းသည် ပြည်သူတွေရဲ့ ထောက်ခံမူဖြင့် စစ်ဦးစီးမှူးချုပ် ရာထူးကိုရရှိသည်
ပြည်သူတွေရဲ့နှလုံးသားထဲမှာ သူ့အတွက်နေရာတစ်ခုရှိနေပေမဲ့သူ့နှလုံးသားထဲမှာတော့ ဝမ်ရိပေါ်ဆိုတဲ့လူသားလေးတစ်ယောက်သာအပိုင်စိုးထား၏
နောင်နှစ်ပေါင်များစွာတိုင်အောင် သူသည်သူ့အမျိုးသားလေးကို များစွာအလိုလိုက်ပြီးဖျက်ဆီးနေဦးမှာဖြစ်သည်
ဘယ်လောင်တောင်ဖျက်ဆီးမလဲဆိုရင် သူမရှိရင် သူအမျိုးသားလေးက ဘာမှမလုပ်နိုင်လောက်တဲ့အထိဖျက်ဆီးပြစ်မှာဖြစ်သည် အဲ့တာမှာသူ့ကလေးလေးသည် သူ့အနားကနေဘယ်မှထွက်မသွားနိုင်မှာ
ဝမ်ရိပေါ်သည် နောက်ဆုံးထွက်ပြိုင်ကား အစိမ်းလေးကိုကြည့်ရင်း ကြက်သေသေနေမိတယ် ဒီကားဟာသူ 26 နှစ်ပြည့်မွေးနေ့အတွက် သူအမျိုးသားပေးတဲ့လက်ဆောင်သာ ဖြစ်သည် သူသည်ကားသော့ကိုင်ရင်း အကျယ်ကြီးအော်ဟစ်မိလိုက်သည်
"ဗိုလ်ချုပ်ရှောင်းက ငါ့ကိုချစ်နေတာမဟုတ်ဘူး"
"ဗိုလ်ချုပ်ရှောင်းက ငါ့ကိုဖျက်ဆီးနေတာ"
....End
(ပထမဆုံး Ficလေး မို့လို့အမှားတွေအများကြီးရှိခဲ့ပါတယ်ဒါပေမဲ့ လိုအပ်ချက်တွေကိုလျစ်လျူရှုပြီး ဗိုလ်ချုပ် နဲ့သူ့ကလေးလေး ကိုချစ်ပေးခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ် မကောင်းမကန်းလေးကြောင့်တော်တော်လဲ အနှောက်အယှက်ဖြစ်သွားမှာပါ နောက်Ficတွေက ကြိုးစားပြီးရေးနေပြီမို့လို ဂျူးနဲ့တူတူလိုက်ခဲ့ပါဦး
ဒီပြီးသွားတဲ့ Fic လေးအတွက်လဲ အမြင်လေးတွေရေးခဲ့ကြအုံးသိပ်မကောင်းပေမဲ့ ဗိုလ်ချုပ်နဲ့သူ့ကလေးလေးကို မေ့မသွားဖို့တော့တောင်းဆိုပါတယ်)
#အဆုံးထိဖတ်ရှုပေးတဲ့တစ်ဦးချင်းစီကိုကျေးဇူးအထူးတင်ပါတယ်
Zaw
"အမေ...ရိပေါ်ရော"
*ကျွီ*
"ရှောင်း"
"အဟင့်...ရှောင်း"
"မငိုနဲ့တိတ်တော့"
"ပြွတ်....အွန်း"
"ခင်ဗျား ဘာလုပ်တာလဲ"
ဘာမှမပြောဘဲ ပြုံးကာတံခါးကိုလော့ချလိုက်သူကြောင့် ဝမ်ကျိုးချန်ခေါင်းထဲမှာ မေးခွန်းသင်္ကေတတွေပြည့်နက်သွား၏
"အမေ့"
"ဘာလို့လဲ ဝမ်"
နှုတ်ခမ်းပါးလေးကို လွတ်လိုက်တော့ ဝမ်သည် ကြယ်သီးတွေပြုတ်နေတဲ့ အင်္ကျီလေးကိုစုကိုင်လျက် အခန်းကိုလှည့်ပတ်ကြည့်လာသည်
"ထွက်သွားပြီလေ"
"ဘယ်ကိုလဲ??"
"ကိုယ့်အခန်းထဲကို"
"ဟုတ်လို့လား"
"ရှောင်းကိုချစ်တယ်"
ဧည့်သည်တော်တွေရဲ့မျက်လုံးက သူ့အပေါ်မှာကျောက်ချနေပေမဲ့သူမျက်လုံးတွေကတော့ အနီရောင်ကော်ဇောပေါ်မှာ ဖခင်လက်ကိုဆွဲ၍ သူဆီကိုလျောက်လှမ်းလာသော သူ့နဲ့ဆင်တူအင်္ကျီကို ဝတ်ထားတဲ့ အဖြူရောင် ကောင်လေးပေါ်မှာကျောက်ချ၏
"ရွတ်...ရွတ်"
"1 2 3"
"ကို့တပ်ကကောင်တွေကိုအလောင်းဖျောက်ခိုင်းလိုက်မယ်"
"ခင်ဗျားကျွန်တော့်ကိုချစ်နေတာလား အကျင့်ပျက်အောင် ဖျက်ဆီးနေတာလား??"
"မဆိုးဘူးအဆင်ပြေတယ်"
"ဟ!အသက်ရယ် ချစ်တယ်ကွာ"
"အား!နာတယ် ရှောင်း"
ဂျိန်း
....End
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



