Fanfics

Part 7

07:52, 19 July 2023

Zaw

အိပ္ယာႏုိးတဲ့အခ်ိန္မွာေတာ့ဝမ္ရိေပၚဟာအကုန္႐ွင္း႐ွင္းလင္းလင္းမွတ္မိေနေလၿပီသူကအတိတ္ေမ့သြားခဲ့တာပဲကားတုိက္မူ႔ေၾကာင့္၆ႏွစ္သားမွတ္ဉာဏ္ေတြပ်က္စီးကုန္ၿပီးသူဒုဗုိလ္ခ်ဳပ္ေ႐ွာင္းကုိမမွတ္မိခဲ့တာလက္ထပ္ပါ့မယ္လုိ႔ေမွ်ာ္လင့္ခ်က္ေတြေပးၿပီးငယ္ငယ္ေလးကတည္းကခ်ည္ေႏွာင္ခဲ့တယ္၆ႏွစ္သား​ေလးသူကဗုိလ္ခ်ဳပ္က​ေတာ္ျဖစ္ခ်င္ခဲ့တာမုိ႔လုိ႔ေ႐ွာင္က်န္႔ကလဲသူ႔အသက္၁၀ႏွစ္ကတည္းကစစ္တပ္ထဲဝင္ခဲ့ၿပီးဗုိလ္ခ်ဳပ္ရာထူးကုိရေအာင္လုပ္ေပးခဲ့တယ္ေ႐ွာင္က်န္႔ကသူလုိခ်င္ျဖစ္ခ်င္တဲ့အရာရာအားလုံးကုိရေအာင္လုပ္ေပးခဲ့တယ္ အထူးသျဖင့္ ဒီအခန္းမွာသူလုိခ်င္တဲ့အရာအားလုံးကုိ စုေဆာင္းေပးခဲ့တယ္သူဘယ္လုိအမွားမ်ိဳးလုပ္ခဲ့တာလဲဒီလုိေယာက္်ားမ်ိဳးကုိစြန္႔ပစ္ၿပီးသစၥာေဖာက္ေကာင္ဆီထြက္​ေျပးသြားခဲ့တယ္ဗုိလ္ခ်ဳပ္ေ႐ွာင္းဘယ္ေလာက္ေတာင္ခံစားရမလဲငယ္ငယ္ေလးကတည္းကေမွ်ာ္လင့္ခ်က္ေပးၿပီး႐ုိက္ခ်ိဳးပစ္ခဲ့တဲ့သူ႔ကုိအရမ္းႀကီးမုန္းသြားမလား သူေနာင္တအရမ္းရတယ္ ဒါေပမဲ့အဆုိးထဲကအ​ေကာင္းလုိ႔​ေျပာရမွာပဲကံၾကမၼာကသူ႔ကုိအခြင့္အေရးေပးခဲ့တယ္ ဒီတစ္ခါ...ဒီတစ္ခါမွာေတာ့သူကဗုိလ္ခ်ဳပ္ေ႐ွာင္းကုိပဲ​ေရြးခ်ယ္မယ္သူလက္ေတြဟာကုတင္ေဘးကထုိင္ခုံေပၚမွာအိပ္ေနတဲ့ဗုိလ္ခ်ဳပ္ေ႐ွာင္းရဲ႕မ်က္ႏွာေခ်ာေခ်ာေလးကုိထိကုိင္လုိက္​ေတာ့တယ္သုိ႔​ေသာ္လဲ

"သတိရၿပီလား??"

ဆုိတဲ့စကားစုနဲ႕အတူအအိပ္ဆက္တဲ့ေ႐ွာင္က်န္႔ဟာခ်က္ခ​်င္းႏုိးလာတယ္

"​ေတာင္းပန္ပါတယ္.....ဝမ္ဝမ္ေ႐ွာင္က်န္႔ကုိကုိ ကုိအၾကာႀကီးေမ့ပစ္ခဲ့တယ္"

မထင္မွတ္ထားတဲ့စကားေလးေၾကာင့္ ေ႐ွာင္က်န္႔မွာထိတ္လန္႔မူ႔အျပည့္

"မင္း....မွတ္မိသြားၿပီလား"

ဝမ္ရိေပၚ​ဟာေခါင္းၿငိမ့္ျပရင္း....ေ႐ွာင္က်န္႔ကုိအလွပဆုံးျပံဳးျပလုိက္တယ္ေ႐ွာင္က်န္႔မ်က္လုံးေတြကအလုိလုိေနရင္းမ်က္ရည္​ေတြက်လာခဲ့တယ္ သူေကာင္ေလးကုိႏွစ္ခါေတာင္ဆုံး႐ႈံးခဲ့တယ္အသက္၆ႏွစ္မွာေရာ ၁၉ႏွစ္မွာေရာ ေကာင္ေလးကသူ႔ရင္ကုိတစ္ခါကသူစိမ္းဆန္တဲ့အျပဳအမူေတြနဲ႕ခြဲခဲ့တယ္ ေနာက္တစ္ခါက်ေတာ့အဆုံးမ႐ွိတဲ့မရဏလမ္းကုိသြားကာ သူ႕ရင္ကုိခြဲျပန္တယ္အခုေတာ့​ေကာင္​ေလးကသူ႔ကုိျပန္မွတ္မိသြားၿပီေ႐ွာင့္က်န္႔ဟာဝမ္ရိေပၚတင္းက်ပ္ကုိေပြ႔ဖက္ရင္းနာမည္တစ္ခုတစ္ခုကုိ​ေရရြတ္​ေနခဲ့တယ္

"ဝမ္ဝမ္"

ေကာင္ေလးဖက္ကသူ႔ကုိျပန္ဖက္လာၿပီး

"ေ႐ွာင္က်န္႔ကုိကုိ"

ျပန္ေခၚလုိက္တဲ့အခါ​ေ႐ွာင္က်န္႔ကသူပုခုံးထက္​ေခါင္းေလးကုိခပ္ဖြဖြေလးသာနမ္းလုိက္တယ္ ေကာင္ေလးမသိေပမဲ့ေပါ့

*********"ဘယ္လုိပုံစံမ်ိဳးညႇပ္ခ်င္လဲ"

Hairdresserက​ေမးလာတယ္ဒီေန႔ကစ​ေန​ေန႔သူတုိ႔လက္ထပ္မွတ္ပုံတင္ဓာတ္ပုံ႐ုိက္ဖုိ႔အတြက္သူဆံပင္လာညႇပ္တာျဖစ္သည္

"ကြၽန္ေတာ္ဆံပင္ကုိအညိဳ ဒါမွမဟုတ္ အမဲေရာင္ျပန္ဆုိးခ်င္တယ္"

"ပုံစံက......"

ရိေပၚ ဘယ္လုိပုံစံညႇပ္ရမွန္းမသိလုိ႔ေ႐ွာင့္က်န္႔ကုိၾကည့္လုိက္တယ္ဆုိဖာမွာထုိင္ေနတဲ့ေ႐ွာင္က်န္႔ဟာဒီလထြက္စစ္ဘက္ဆုိင္ရာမဂၢဇင္းကုိဖတ္ေနတယ္ ​ေ႐ွာင္က်န္႔ကမဂၢဇင္းထဲမွာအာ႐ုံ​ေရာက္​ေနေသာ္လဲ​ရိ​ေပၚသူ႕ကုိအၾကံဉာဏ္​ေတာင္း​ေနတာကုိသိတဲ့ပုံပဲဖတ္​ေနတဲ့မဂၢဇင္းကုိခဏပိတ္လုိက္ၿပီးHairdresser ကုိတစ္ခ်က္အၾကည့္ပုိ႔လုိက္တယ္ ထုိ႔​ေနာက္္စကားတစ္ခြန္းပဲေျပာလုိက္ေတာ့တယ္

"ၾကည့္လုိက္တာနဲ႔ သူနဲ႔ကြၽန္ေတာ္ဟာ အရမ္းလုိက္ဖက္ညီ​ေၾကာင္း ေဖာ္ျပႏုိင္တဲ့ပုံစံမ်ိဳးညႇပ္လုိက္"

ေ႐ွာင္က်န္႔ရဲ႕ဒဲ့ဒုိးဆန္တဲ့စကားေၾကာင့္ဝမ္ရိေပၚဟာမ်က္ႏွာပူရတယ္Hairdresser ဟာခဏအံၾသေနေပမဲ့အလ်င္အျမန္ျပန္တုံျပန္လာသည္ သူဟာျပံဳးေနရင္း

"ေကာင္းပါၿပီ ၾကည့္လုိက္တာနဲ႔...ဒီေကာင္ဆုိးေလးကခင္ဗ်ားရဲ႕ေကာင္ေလးဆုိတာ...အားလုံးသိသြားေစရပါမယ္"

ဝမ္ရိေပၚမွာ Hairdresser ရဲ႕စကားေၾကာင့္ နားရြက္ေတြဟာရဲခနဲပဲ

ဒီ​ေန႔လက္ထပ္မွတ္ပုံတင္အတြက္​ ရိ​ေပၚဟာသာမာန္႐ွပ္အက်ႌအျဖဴနဲ႔ ဂ်င္းေဘာင္းဘီအ႐ွည္ကုိသာဝတ္ထားခဲ့တယ္ေ႐ွာင္က်န္႔ကစစ္ဝတ္စုံနဲ႔႐ုိက္မွာျဖစ္ေပမဲ့ အခုေလာေလာဆယ္ဝမ္ရိေပၚအေနခက္မွာစုိးလုိ႔ ရိေပၚနဲ႔ဆင္တူအျဖဴ​ေရာင္႐ွပ္အက်ႌ နဲ႔ ဂ်င္းေဘာင္းဘီ အနက္ အ႐ွည္ကုိဝတ္ထားခဲ့တယ္သူတုိ႔လက္ထပ္မွတ္ပုံတင္သြားတင္တာကုိလူ​ေတြမသိ​ေတာင္မွသူတုိ႔ကုိအတြဲေတြလုိ႔ထင္ေနမွာ အမွန္ေပ

မ​နက္ကသူသတိျပန္ရလာ​ေတာ့ေ႐ွာင္က်န္႔ကသူ႔ကုိဘယ္သြားခ်င္ေသးလဲဆုိၿပီးေမးလာခဲ့တယ္ဘယ္သြားရမလဲမသိတာနဲ႔ဆံပင္ညႇပ္ဆုိင္ကုိသြားခ်င္ေသးတယ္လုိသာျပန္ေျဖလုိက္တယ္ အခု​ေတာ့သူဒီကုိလာခဲ့တာမွားၿပီလုိ႔ထင္တယ္အခု​ေတာ့သူ႔မ်က္ႏွာ​က​ေရ​ေႏြးအုိးထဲစိမ္ထားသလုိပဲ​ပူ​ေႏြးၿပီးနီရဲ​ေနတယ္

ဘာလုိ႔ဆံပင္ညႇပ္ခ်င္တာလဲလုိ႔​ေမးရင္​ေတာ့႐ွင္းပါတယ္သူေတာ္တဆျဖစ္တုန္းကသူဦးေခါင္းထက္ကေသြးနီနီေတြဟာသူရဲ႕အေရာင္ေဖာက္ထားတဲ့ဆံပင္ျဖဴေတြနဲ႔ေပါင္းစည္းသြားၿပီး သူဟာအရမ္းကုိ႐ုပ္ဆုိးအက်ည္းတန္စြာေသဆုံးသြားရတယ္အဲ့တာေၾကာင့္သူဒီဆံပင္​ေတြကုိညႇပ္ခ်င္ခဲ့တာ

အခ်ိန္ခဏၾကာေတာ့Hairdressကဆံပင္ညႇပ္ျခင္းကုိၿပီးစီးသြားၿပီ

"ဘယ္လုိလဲလုိက္တယ္လုိ႔ထင္လား"

Hairdresser ရဲ႕အေမးကုိေ႐ွာင္က်န္႔ျပန္မေျဖႏုိင္ေသးဘာလုိ႔လဲဆုိေတာ့ ဝမ္ရိေပၚက ထုိဆံပင္နဲ႔ အရမ္းလုိက္လုိ႔ပင္ထုိဆံပင္ကစတုိင္ကဝမ္ရိ​ေပၚရဲ႕ပါး​ေဖာင္း​ေဖာင္း​ေလး​ေတြကုိပုိမုိ​ေပၚလြင္​ေစၿပီးခ်စ္ဖုိ႔ေကာင္းေစသည္ ပုံစံေလးကမသိရင္ေခါင္းေပၚမွာမႈိပင္ေလးေပါက္ေနတဲ့အတုိင္းပဲ

"အင္း...လုိက္တယ္"

ေ႐ွာင္က်န္႔ဟာHairdressrကုိေငြစကၠဴအခ်ိဳ႕ေပးလုိက္တယ္

"မဟုတ္တာ....ကြၽန္ေတာ့္ဆံပင္ေလ..ကြၽန္ေတာ္ေပးသင့္တာေပါ့"

ဝမ္ရိေပၚဟာထုိသုိ႔ေျပာရင္းHairdresserကုိပုိက္ဆံေပးဖုိ႔ျပင္လုိက္သည္။ထုိအခါ ေ႐ွာင္က်န္႕ ကဝမ္ရိေပၚရဲ႕လက္ကုိဖမ္းကုိင္ရင္းစကားတစ္ခြန္းဘဲေျပာလုိက္ေတာ့သည္

"မလုိဘူး....မၾကာခင္မွာကုိ႔ပုိက္ဆံေတြကမင္းကုိပဲေပးရေတာ့မွာေလအခုကတည္းကႀကိဳသုံးထားလဲဘာမွမျဖစ္ဘူး"

"?????"

*********တနဂၤ​​ေႏြေန႔အတန္းမ႐ွိ​ေပမဲ့ဝမ္ရိ​ေပၚဟာေက်ာင္းကုိလာခဲ့တယ္ ဘာလုိ႔လဲဆုိေတာ့သူအေဆာင္ကေနေျပာင္းေတာ့မွာမုိ႔လုိ႔ပင္အေရးႀကီးတဲ့အရာအခ်ိဳ႕ကုိသာလာယူတာျဖစ္သည္

ဝမ္ရိေပၚသည္ၿပီးခဲ့တဲ့စ​ေန​ေန႕ကုိသူရဲ႕သတုိ႔သားေလာင္းနဲ႔အတူတူလက္ထပ္မွတ္ပုံတင္ဖုိ႔လုပ္ရင္းကုန္ဆုံးခဲ့သည္ဒုဗုိလ္ခ်ဳပ္ေ႐ွာင္က်န္႔ဟာ နည္းနည္း​ေအးစက္တဲ့ပုံ​ေပၚ​ေပမဲ့တကယ္တမ္းသူ႕ကုိဘယ္​ေလာက္ဂ႐ုစုိက္လဲဆုိတာသူသာအသိဆုံးပင္ျဖစ္သည္

"ရိေပၚ"

*က်စ္....အာ႐ုံပဲ*

ဝမ္ရိေပၚဟာ စိတ္ထဲမွားေတြးရင္း ေနာက္ကုိလွည့္ၾကည့္လုိက္တယ္ ပုိင္ရိဟန္ က သူ႔သူငယ္ခ်င္းအခ်ိဳ႕နဲ႔ဝမ္ရိေပၚကုိထူးဆန္းစြာၾကည့္ေနတယ္မဟုတ္ေသးဘူး တအံ့တၾသၾကည့္ေနတာဆုိပုိမွန္တယ္

"ရိေပၚ...တကယ္ႀကီးရိေပၚလား...ဆံပင္စတုိင္နည္းနည္းေျပာင္းထားေတာ့ကုိမ်က္လုံးမွားတယ္ထင္ေနတာ"

"ဟုတ္တယ္ညီေလးရိေပၚ ပုိင္ဟန္ေျပာတာမွန္တယ္အကုိဆုိလုံးဝမွတ္ေတာင္မမွတ္မိဘူး လုံးဝကုိအျခားသူတစ္ေယာက္လုိပဲ"

ပုိင္ရိဟန္ ရဲ႕ သူငယ္ခ်င္းတစ္ေယာက္ က ထုိသုိ႔ေျပာလာေတာ့ဝမ္ရိေပၚလဲအားနာပါးနာနဲ႔ျပန္တုန္႔ျပန္လုိက္တယ္

"ဟုတ္လားဟန္ေကာ...ကြၽန္ေတာ္႐ုပ္အရမ္းေျပာင္းေနလားဒီ Style နဲ႔ေရာလုိက္ရဲ႕လား"

"လုိက္တယ္.....အရမ္းလုိက္တယ္"

အရမ္းလုိက္လြန္းလုိ႕မင္းကုိကုိယ့္ရဲ႕ေအာက္မွာဖိထားခ်င္ေနၿပီမင္းလုိေကာင္ဆုိးေလးကဒီပုံစံေလးနဲ႔ကုိယ့္အိပ္ယာကုိေႏြးေအာင္ဘယ္လုိလုပ္ေပးမလဲဆုိတာကုိသိခ်င္ေနၿပီ

ထုိစကားကုိေတာ့ပုိင္ရိဟန္အေတြးထဲမွာပဲေျပာလုိက္ပါသည္တကယ္ပဲဝမ္ရိေပၚကဒီပုံစံ​ေလးနဲ႔အရမ္းခ်စ္ဖုိ႔ေကာင္းတယ္ေလခ်င္ေမာ့ရန္ ထက္ေတာင္ပုိလွ​ေသးတယ္ ရိေပၚသာသူ႔ကုိဖြင့္ေျပာတုန္းက ဒီလုိပုံစံေလးဆုိရင္သူခ်က္ခ်င္းလက္ခံလုိက္မွာသူကနာခံတက္တဲ့ပုံေပၚတဲ့အလွေလးေတြကုိႀကိဳက္တယ္ေလအဲ့တာေၾကာင့္ပဲ နာခံတက္တဲ့ ခ်င္ေမာ့ရန္ ကုိခ်က္ခ်င္းသူ႔ကုတင္​ေပၚကုိတက္ခြင့္​ေပးခဲ့တာ​ေပါ့

ပုိင္ရိဟန္အေတြး​ေတြကဝမ္ရိေပၚစကားေၾကာင့္ရပ္တန္သြားရတယ္

"ဟုတ္လားဟန္ေကာ တကယ္လုိက္တာလား ဒီပုံေလးကကြၽန္ေတာ့္သတုိ႔သားေလာင္းေရြးေပးထားတာေလ"

ပုိင္ရိဟန္ တင္မက ပုိင္ရိဟန္သူငယ္ခ်င္း​ေတြပါအကုန္​ေက်ာက္႐ုပ္သဖြယ္​ေျပာင္းလဲသြားတယ္ဝမ္သခင္ေလးကဘယ္တုန္းကမ်ားသတုိ႔သားေလာင္းရသြားတာလဲမေန႔ကထိကုိဒီေကာင္​ေလးကသူတုိ႔သူငယ္ခ်င္းရိဟန္ ရဲ႕အၿမီွးေလးျဖစ္ေန​ေသးတာ​ေလ

"ဪ...ဒါနဲ႔ဟန္​ေကာ....ဒီဖိတ္စာေလးကုိေမာ့ရန္ကုိေပးေပးပါဦးကြၽန္ေတာ္ကမနက္ျဖန္​ေက်ာင္းလာျဖစ္မွာမဟုတ္လုိ႔ပါ"

"မင္းနဲ႔ေမာ့ရန္ကအေဆာင္တူတယ္မဟုတ္ဘူးလားဘာလုိ႔ကုိယ္တုိင္သြားမေပးတာလဲ"

"ကြၽန္ေတာ္အေဆာင္ကထြက္လုိက္ၿပီ"

"ထြက္တယ္"

"ဟုတ္ကြၽန္ေတာ္ဒီေန႔ပဲပစၥည္းေတြလာသိမ္းတာ"

ဝမ္ရိေပၚကေက်ာပုိးအိတ္ကုိပုတ္ျပတယ္

"အဆင္ေျပလား...ရိေပၚအကုိတုိ႕လာကူဖုိ႔လုိေသးလား"

"မလုိပါဘူးသယ္စရာလဲဒီတစ္အိတ္ပဲလုိတာ...အဝတ္အစားေတြနဲ႔အျခားပစၥည္း​ေတြက အခန္းေဖာ္ေတြကုိလက္ေဆာင္ေပးခဲ့လုိက္ၿပီ"

ထုိစကားေၾကာင့္ပုိင္ရိဟန္တုိ႔အုပ္စုမွာရိေပၚအခန္းေဖာ္မျဖစ္လုိ႔ဝမ္နည္းမိသြားတယ္ရိေပၚအခန္းေဖာ္သာျဖစ္ခဲ့ရင္ သိန္းေက်ာ္တဲ့ အဝတ္အစားေတြရႏုိင္တယ္မဟုတ္လား

"ေရာ့....ဖိတ္စာကုိယူလုိက္ပါေမာ့ရန္ကသာမာန္မိသားစုကပဲဆုိေပမဲ့ ကြၽန္ေတာ္သူငယ္ခ်င္းပဲေလ"

​ပုိင္ရိဟန္ လက္ထဲကုိ​ေရႊ​ေရာင္ဖိတ္စာကတ္​ေလး​ေရာက္လာခဲ့တယ္

"ေ႐ွာင္းGPရဲ႕ေရႊရတုႏွစ္ပတ္လည္ပြဲ...."

ပုိင္ရိဟန္နဲ႔သူငယ္ခ်င္းတစ္သုိက္မွာအံ့ၾသမူ႔ကုိမရပ္တန္႔ႏုိင္ေတာ့ေပဒီလုိဖိတ္စာကုိ ဝမ္ရိေပၚကခ်င္မိသားစုက မယားပါသားကုိေပးမယ္ေပါ့ တကယ္ပဲဝမ္သခင္​ေလးကစဥ္းစားဉာဏ္မ႐ွိလုိက္တာ သူ႔သူငယ္ခ်င္းေလးကျဖင့္ သူ႔ခ်စ္လွပါခ်ည္ရဲ႕ဆုိတဲ့ပုိင္ရိဟန္ရဲ႕အိပ္ယာေဖာ္ေလးေတာင္ျဖစ္ေနၿပီေလ

"အကုိတုိ႔အိမ္​ေတြကုိလဲဖိတ္စာေတြပုိ႔ေပးထားပါတယ္ ဆက္ဆက္လာခဲ့ၾကေနာ္"

ပုိင္ရိဟန္သူငယ္ခ်င္းေတြမွာအခုမွပဲျပံဳးႏုိင္ေတာ့တယ္ဘယ္သူကမ်ားဒီေရႊေရာင္အခြင့္အေရးႀကီးကုိလက္လြတ္ခံႏုိင္ပါ့မလဲ အဲ့ပြဲမွာဒိတ္ဒိတ္ၾကဲသူေဌးႀကီးေတြ႐ွိတယ္ေလ

"ဒါဆုိရင္သြားခြင့္ျပဳပါဦးအိမ္ကလာႀကိဳေနၿပီမုိ႔လုိ႔"

ဝမ္ရိေပၚဟာအလ်င္အျမန္ပဲေက်ာင္းဂိတ္ဝက​ုိ​ေျပးထြက္သြားေတာ့တယ္ထုိေနာက္ေနာက္ဆုံးေပၚၿပိဳင္ကားအနီေလးထဲကုိဝင္သြားေတာ့သည္

ပုိင္ရိဟန္မွာ ရိေပၚေနာက္ေက်ာေလးကုိၾကည့္ရင္းစိတ္ေတြေလးေနမိတယ္ တစ္ခ်ိန္တည္းမွာပဲသူခ်င္ေမာ့ရန္ကုိအခြင့္ေရးေပးလုိက္တာမွားတယ္လုိ႔ထင္ေနမိတယ္

ေျပးလာတဲ့ဝမ္ရိေပၚကမသိေပမဲ့ၿပိဳင္ကားထဲကေ႐ွာင့္က်န္႔ကေတာ့ရိေပၚကုိၾကည့္ေနတဲ့ပုိင္ရိဟန္ရဲ႕မ်က္လုံးေတြကုိသိေနတယ္

မင္းကရိေပၚကုိအခုမွလာလုိခ်င္ေနတယ္ေပါ့ေကာင္းၿပီေလ ငါမင္းကုိထပ္သတ္ျပမယ္ပုိင္ရိဟန္မင္းေနာက္တစ္ႀကိမ္ငါရဲ႕ေသနတ္ေအာက္မွာေသေစရမယ္

******Uni

အိပ်ယာနိုးတဲ့အချိန်မှာတော့ဝမ်ရိပေါ်ဟာအကုန်ရှင်းရှင်းလင်းလင်းမှတ်မိနေလေပြီသူကအတိတ်မေ့သွားခဲ့တာပဲကားတိုက်မူ့ကြောင့်၆နှစ်သားမှတ်ဉာဏ်တွေပျက်စီးကုန်ပြီးသူဒုဗိုလ်ချုပ်ရှောင်းကိုမမှတ်မိခဲ့တာလက်ထပ်ပါ့မယ်လို့မျှော်လင့်ချက်တွေပေးပြီးငယ်ငယ်လေးကတည်းကချည်နှောင်ခဲ့တယ်၆နှစ်သား​လေးသူကဗိုလ်ချုပ်က​တော်ဖြစ်ချင်ခဲ့တာမို့လို့ရှောင်ကျန့်ကလဲသူ့အသက်၁၀နှစ်ကတည်းကစစ်တပ်ထဲဝင်ခဲ့ပြီးဗိုလ်ချုပ်ရာထူးကိုရအောင်လုပ်ပေးခဲ့တယ်ရှောင်ကျန့်ကသူလိုချင်ဖြစ်ချင်တဲ့အရာရာအားလုံးကိုရအောင်လုပ်ပေးခဲ့တယ် အထူးသဖြင့် ဒီအခန်းမှာသူလိုချင်တဲ့အရာအားလုံးကို စုဆောင်းပေးခဲ့တယ်သူဘယ်လိုအမှားမျိုးလုပ်ခဲ့တာလဲဒီလိုယောက်ျားမျိုးကိုစွန့်ပစ်ပြီးသစ္စာဖောက်ကောင်ဆီထွက်​ပြေးသွားခဲ့တယ်ဗိုလ်ချုပ်ရှောင်းဘယ်လောက်တောင်ခံစားရမလဲငယ်ငယ်လေးကတည်းကမျှော်လင့်ချက်ပေးပြီးရိုက်ချိုးပစ်ခဲ့တဲ့သူ့ကိုအရမ်းကြီးမုန်းသွားမလား သူနောင်တအရမ်းရတယ် ဒါပေမဲ့အဆိုးထဲကအ​ကောင်းလို့​ပြောရမှာပဲကံကြမ္မာကသူ့ကိုအခွင့်အရေးပေးခဲ့တယ် ဒီတစ်ခါ...ဒီတစ်ခါမှာတော့သူကဗိုလ်ချုပ်ရှောင်းကိုပဲ​ရွေးချယ်မယ်သူလက်တွေဟာကုတင်ဘေးကထိုင်ခုံပေါ်မှာအိပ်နေတဲ့ဗိုလ်ချုပ်ရှောင်းရဲ့မျက်နှာချောချောလေးကိုထိကိုင်လိုက်​တော့တယ်သို့​သော်လဲ

"သတိရပြီလား??"

ဆိုတဲ့စကားစုနဲ့အတူအအိပ်ဆက်တဲ့ရှောင်ကျန့်ဟာချက်ခ​ျင်းနိုးလာတယ်

"​တောင်းပန်ပါတယ်.....ဝမ်ဝမ်ရှောင်ကျန့်ကိုကို ကိုအကြာကြီးမေ့ပစ်ခဲ့တယ်"

မထင်မှတ်ထားတဲ့စကားလေးကြောင့် ရှောင်ကျန့်မှာထိတ်လန့်မူ့အပြည့်

"မင်း....မှတ်မိသွားပြီလား"

ဝမ်ရိပေါ်​ဟာခေါင်းငြိမ့်ပြရင်း....ရှောင်ကျန့်ကိုအလှပဆုံးပြုံးပြလိုက်တယ်ရှောင်ကျန့်မျက်လုံးတွေကအလိုလိုနေရင်းမျက်ရည်​တွေကျလာခဲ့တယ် သူကောင်လေးကိုနှစ်ခါတောင်ဆုံးရှုံးခဲ့တယ်အသက်၆နှစ်မှာရော ၁၉နှစ်မှာရော ကောင်လေးကသူ့ရင်ကိုတစ်ခါကသူစိမ်းဆန်တဲ့အပြုအမူတွေနဲ့ခွဲခဲ့တယ် နောက်တစ်ခါကျတော့အဆုံးမရှိတဲ့မရဏလမ်းကိုသွားကာ သူ့ရင်ကိုခွဲပြန်တယ်အခုတော့​ကောင်​လေးကသူ့ကိုပြန်မှတ်မိသွားပြီရှောင့်ကျန့်ဟာဝမ်ရိပေါ်တင်းကျပ်ကိုပွေ့ဖက်ရင်းနာမည်တစ်ခုတစ်ခုကို​ရေရွတ်​နေခဲ့တယ်

"ဝမ်ဝမ်"

ကောင်လေးဖက်ကသူ့ကိုပြန်ဖက်လာပြီး

"ရှောင်ကျန့်ကိုကို"

ပြန်ခေါ်လိုက်တဲ့အခါ​ရှောင်ကျန့်ကသူပုခုံးထက်​ခေါင်းလေးကိုခပ်ဖွဖွလေးသာနမ်းလိုက်တယ် ကောင်လေးမသိပေမဲ့ပေါ့

*********"ဘယ်လိုပုံစံမျိုးညှပ်ချင်လဲ"

Hairdresserက​မေးလာတယ်ဒီနေ့ကစ​နေ​နေ့သူတို့လက်ထပ်မှတ်ပုံတင်ဓာတ်ပုံရိုက်ဖို့အတွက်သူဆံပင်လာညှပ်တာဖြစ်သည်

"ကျွန်တော်ဆံပင်ကိုအညို ဒါမှမဟုတ် အမဲရောင်ပြန်ဆိုးချင်တယ်"

"ပုံစံက......"

ရိပေါ် ဘယ်လိုပုံစံညှပ်ရမှန်းမသိလို့ရှောင့်ကျန့်ကိုကြည့်လိုက်တယ်ဆိုဖာမှာထိုင်နေတဲ့ရှောင်ကျန့်ဟာဒီလထွက်စစ်ဘက်ဆိုင်ရာမဂ္ဂဇင်းကိုဖတ်နေတယ် ​ရှောင်ကျန့်ကမဂ္ဂဇင်းထဲမှာအာရုံ​ရောက်​နေသော်လဲ​ရိ​ပေါ်သူ့ကိုအကြံဉာဏ်​တောင်း​နေတာကိုသိတဲ့ပုံပဲဖတ်​နေတဲ့မဂ္ဂဇင်းကိုခဏပိတ်လိုက်ပြီးHairdresser ကိုတစ်ချက်အကြည့်ပို့လိုက်တယ် ထို့​နောက််စကားတစ်ခွန်းပဲပြောလိုက်တော့တယ်

"ကြည့်လိုက်တာနဲ့ သူနဲ့ကျွန်တော်ဟာ အရမ်းလိုက်ဖက်ညီ​ကြောင်း ဖော်ပြနိုင်တဲ့ပုံစံမျိုးညှပ်လိုက်"

ရှောင်ကျန့်ရဲ့ဒဲ့ဒိုးဆန်တဲ့စကားကြောင့်ဝမ်ရိပေါ်ဟာမျက်နှာပူရတယ်Hairdresser ဟာခဏအံသြနေပေမဲ့အလျင်အမြန်ပြန်တုံပြန်လာသည် သူဟာပြုံးနေရင်း

"ကောင်းပါပြီ ကြည့်လိုက်တာနဲ့...ဒီကောင်ဆိုးလေးကခင်ဗျားရဲ့ကောင်လေးဆိုတာ...အားလုံးသိသွားစေရပါမယ်"

ဝမ်ရိပေါ်မှာ Hairdresser ရဲ့စကားကြောင့် နားရွက်တွေဟာရဲခနဲပဲ

ဒီ​နေ့လက်ထပ်မှတ်ပုံတင်အတွက်​ ရိ​ပေါ်ဟာသာမာန်ရှပ်အကျႌအဖြူနဲ့ ဂျင်းဘောင်းဘီအရှည်ကိုသာဝတ်ထားခဲ့တယ်ရှောင်ကျန့်ကစစ်ဝတ်စုံနဲ့ရိုက်မှာဖြစ်ပေမဲ့ အခုလောလောဆယ်ဝမ်ရိပေါ်အနေခက်မှာစိုးလို့ ရိပေါ်နဲ့ဆင်တူအဖြူ​ရောင်ရှပ်အကျႌ နဲ့ ဂျင်းဘောင်းဘီ အနက် အရှည်ကိုဝတ်ထားခဲ့တယ်သူတို့လက်ထပ်မှတ်ပုံတင်သွားတင်တာကိုလူ​တွေမသိ​တောင်မှသူတို့ကိုအတွဲတွေလို့ထင်နေမှာ အမှန်ပေ

မ​နက်ကသူသတိပြန်ရလာ​တော့ရှောင်ကျန့်ကသူ့ကိုဘယ်သွားချင်သေးလဲဆိုပြီးမေးလာခဲ့တယ်ဘယ်သွားရမလဲမသိတာနဲ့ဆံပင်ညှပ်ဆိုင်ကိုသွားချင်သေးတယ်လိုသာပြန်ဖြေလိုက်တယ် အခု​တော့သူဒီကိုလာခဲ့တာမှားပြီလို့ထင်တယ်အခု​တော့သူ့မျက်နှာ​က​ရေ​နွေးအိုးထဲစိမ်ထားသလိုပဲ​ပူ​နွေးပြီးနီရဲ​နေတယ်

ဘာလို့ဆံပင်ညှပ်ချင်တာလဲလို့​မေးရင်​တော့ရှင်းပါတယ်သူတော်တဆဖြစ်တုန်းကသူဦးခေါင်းထက်ကသွေးနီနီတွေဟာသူရဲ့အရောင်ဖောက်ထားတဲ့ဆံပင်ဖြူတွေနဲ့ပေါင်းစည်းသွားပြီး သူဟာအရမ်းကိုရုပ်ဆိုးအကျည်းတန်စွာသေဆုံးသွားရတယ်အဲ့တာကြောင့်သူဒီဆံပင်​တွေကိုညှပ်ချင်ခဲ့တာ

အချိန်ခဏကြာတော့Hairdressကဆံပင်ညှပ်ခြင်းကိုပြီးစီးသွားပြီ

"ဘယ်လိုလဲလိုက်တယ်လို့ထင်လား"

Hairdresser ရဲ့အမေးကိုရှောင်ကျန့်ပြန်မဖြေနိုင်သေးဘာလို့လဲဆိုတော့ ဝမ်ရိပေါ်က ထိုဆံပင်နဲ့ အရမ်းလိုက်လို့ပင်ထိုဆံပင်ကစတိုင်ကဝမ်ရိ​ပေါ်ရဲ့ပါး​ဖောင်း​ဖောင်း​လေး​တွေကိုပိုမို​ပေါ်လွင်​စေပြီးချစ်ဖို့ကောင်းစေသည် ပုံစံလေးကမသိရင်ခေါင်းပေါ်မှာမှိုပင်လေးပေါက်နေတဲ့အတိုင်းပဲ

"အင်း...လိုက်တယ်"

ရှောင်ကျန့်ဟာHairdressrကိုငွေစက္ကူအချို့ပေးလိုက်တယ်

"မဟုတ်တာ....ကျွန်တော့်ဆံပင်လေ..ကျွန်တော်ပေးသင့်တာပေါ့"

ဝမ်ရိပေါ်ဟာထိုသို့ပြောရင်းHairdresserကိုပိုက်ဆံပေးဖို့ပြင်လိုက်သည်။ထိုအခါ ရှောင်ကျန့် ကဝမ်ရိပေါ်ရဲ့လက်ကိုဖမ်းကိုင်ရင်းစကားတစ်ခွန်းဘဲပြောလိုက်တော့သည်

"မလိုဘူး....မကြာခင်မှာကို့ပိုက်ဆံတွေကမင်းကိုပဲပေးရတော့မှာလေအခုကတည်းကကြိုသုံးထားလဲဘာမှမဖြစ်ဘူး"

"?????"

*********တနင်္ဂ​​နွေနေ့အတန်းမရှိ​ပေမဲ့ဝမ်ရိ​ပေါ်ဟာကျောင်းကိုလာခဲ့တယ် ဘာလို့လဲဆိုတော့သူအဆောင်ကနေပြောင်းတော့မှာမို့လို့ပင်အရေးကြီးတဲ့အရာအချို့ကိုသာလာယူတာဖြစ်သည်

ဝမ်ရိပေါ်သည်ပြီးခဲ့တဲ့စ​နေ​နေ့ကိုသူရဲ့သတို့သားလောင်းနဲ့အတူတူလက်ထပ်မှတ်ပုံတင်ဖို့လုပ်ရင်းကုန်ဆုံးခဲ့သည်ဒုဗိုလ်ချုပ်ရှောင်ကျန့်ဟာ နည်းနည်း​အေးစက်တဲ့ပုံ​ပေါ်​ပေမဲ့တကယ်တမ်းသူ့ကိုဘယ်​လောက်ဂရုစိုက်လဲဆိုတာသူသာအသိဆုံးပင်ဖြစ်သည်

"ရိပေါ်"

*ကျစ်....အာရုံပဲ*

ဝမ်ရိပေါ်ဟာ စိတ်ထဲမှားတွေးရင်း နောက်ကိုလှည့်ကြည့်လိုက်တယ် ပိုင်ရိဟန် က သူ့သူငယ်ချင်းအချို့နဲ့ဝမ်ရိပေါ်ကိုထူးဆန်းစွာကြည့်နေတယ်မဟုတ်သေးဘူး တအံ့တသြကြည့်နေတာဆိုပိုမှန်တယ်

"ရိပေါ်...တကယ်ကြီးရိပေါ်လား...ဆံပင်စတိုင်နည်းနည်းပြောင်းထားတော့ကိုမျက်လုံးမှားတယ်ထင်နေတာ"

"ဟုတ်တယ်ညီလေးရိပေါ် ပိုင်ဟန်ပြောတာမှန်တယ်အကိုဆိုလုံးဝမှတ်တောင်မမှတ်မိဘူး လုံးဝကိုအခြားသူတစ်ယောက်လိုပဲ"

ပိုင်ရိဟန် ရဲ့ သူငယ်ချင်းတစ်ယောက် က ထိုသို့ပြောလာတော့ဝမ်ရိပေါ်လဲအားနာပါးနာနဲ့ပြန်တုန့်ပြန်လိုက်တယ်

"ဟုတ်လားဟန်ကော...ကျွန်တော်ရုပ်အရမ်းပြောင်းနေလားဒီ Style နဲ့ရောလိုက်ရဲ့လား"

"လိုက်တယ်.....အရမ်းလိုက်တယ်"

အရမ်းလိုက်လွန်းလို့မင်းကိုကိုယ့်ရဲ့အောက်မှာဖိထားချင်နေပြီမင်းလိုကောင်ဆိုးလေးကဒီပုံစံလေးနဲ့ကိုယ့်အိပ်ယာကိုနွေးအောင်ဘယ်လိုလုပ်ပေးမလဲဆိုတာကိုသိချင်နေပြီ

ထိုစကားကိုတော့ပိုင်ရိဟန်အတွေးထဲမှာပဲပြောလိုက်ပါသည်တကယ်ပဲဝမ်ရိပေါ်ကဒီပုံစံ​လေးနဲ့အရမ်းချစ်ဖို့ကောင်းတယ်လေချင်မော့ရန် ထက်တောင်ပိုလှ​သေးတယ် ရိပေါ်သာသူ့ကိုဖွင့်ပြောတုန်းက ဒီလိုပုံစံလေးဆိုရင်သူချက်ချင်းလက်ခံလိုက်မှာသူကနာခံတက်တဲ့ပုံပေါ်တဲ့အလှလေးတွေကိုကြိုက်တယ်လေအဲ့တာကြောင့်ပဲ နာခံတက်တဲ့ ချင်မော့ရန် ကိုချက်ချင်းသူ့ကုတင်​ပေါ်ကိုတက်ခွင့်​ပေးခဲ့တာ​ပေါ့

ပိုင်ရိဟန်အတွေး​တွေကဝမ်ရိပေါ်စကားကြောင့်ရပ်တန်သွားရတယ်

"ဟုတ်လားဟန်ကော တကယ်လိုက်တာလား ဒီပုံလေးကကျွန်တော့်သတို့သားလောင်းရွေးပေးထားတာလေ"

ပိုင်ရိဟန် တင်မက ပိုင်ရိဟန်သူငယ်ချင်း​တွေပါအကုန်​ကျောက်ရုပ်သဖွယ်​ပြောင်းလဲသွားတယ်ဝမ်သခင်လေးကဘယ်တုန်းကများသတို့သားလောင်းရသွားတာလဲမနေ့ကထိကိုဒီကောင်​လေးကသူတို့သူငယ်ချင်းရိဟန် ရဲ့အမြှီးလေးဖြစ်နေ​သေးတာ​လေ

"ဪ...ဒါနဲ့ဟန်​ကော....ဒီဖိတ်စာလေးကိုမော့ရန်ကိုပေးပေးပါဦးကျွန်တော်ကမနက်ဖြန်​ကျောင်းလာဖြစ်မှာမဟုတ်လို့ပါ"

"မင်းနဲ့မော့ရန်ကအဆောင်တူတယ်မဟုတ်ဘူးလားဘာလို့ကိုယ်တိုင်သွားမပေးတာလဲ"

"ကျွန်တော်အဆောင်ကထွက်လိုက်ပြီ"

"ထွက်တယ်"

"ဟုတ်ကျွန်တော်ဒီနေ့ပဲပစ္စည်းတွေလာသိမ်းတာ"

ဝမ်ရိပေါ်ကကျောပိုးအိတ်ကိုပုတ်ပြတယ်

"အဆင်ပြေလား...ရိပေါ်အကိုတို့လာကူဖို့လိုသေးလား"

"မလိုပါဘူးသယ်စရာလဲဒီတစ်အိတ်ပဲလိုတာ...အဝတ်အစားတွေနဲ့အခြားပစ္စည်း​တွေက အခန်းဖော်တွေကိုလက်ဆောင်ပေးခဲ့လိုက်ပြီ"

ထိုစကားကြောင့်ပိုင်ရိဟန်တို့အုပ်စုမှာရိပေါ်အခန်းဖော်မဖြစ်လို့ဝမ်နည်းမိသွားတယ်ရိပေါ်အခန်းဖော်သာဖြစ်ခဲ့ရင် သိန်းကျော်တဲ့ အဝတ်အစားတွေရနိုင်တယ်မဟုတ်လား

"ရော့....ဖိတ်စာကိုယူလိုက်ပါမော့ရန်ကသာမာန်မိသားစုကပဲဆိုပေမဲ့ ကျွန်တော်သူငယ်ချင်းပဲလေ"

​ပိုင်ရိဟန် လက်ထဲကို​ရွှေ​ရောင်ဖိတ်စာကတ်​လေး​ရောက်လာခဲ့တယ်

"ရှောင်းGPရဲ့ရွှေရတုနှစ်ပတ်လည်ပွဲ...."

ပိုင်ရိဟန်နဲ့သူငယ်ချင်းတစ်သိုက်မှာအံ့သြမူ့ကိုမရပ်တန့်နိုင်တော့ပေဒီလိုဖိတ်စာကို ဝမ်ရိပေါ်ကချင်မိသားစုက မယားပါသားကိုပေးမယ်ပေါ့ တကယ်ပဲဝမ်သခင်​လေးကစဉ်းစားဉာဏ်မရှိလိုက်တာ သူ့သူငယ်ချင်းလေးကဖြင့် သူ့ချစ်လှပါချည်ရဲ့ဆိုတဲ့ပိုင်ရိဟန်ရဲ့အိပ်ယာဖော်လေးတောင်ဖြစ်နေပြီလေ

"အကိုတို့အိမ်​တွေကိုလဲဖိတ်စာတွေပို့ပေးထားပါတယ် ဆက်ဆက်လာခဲ့ကြနော်"

ပိုင်ရိဟန်သူငယ်ချင်းတွေမှာအခုမှပဲပြုံးနိုင်တော့တယ်ဘယ်သူကများဒီရွှေရောင်အခွင့်အရေးကြီးကိုလက်လွတ်ခံနိုင်ပါ့မလဲ အဲ့ပွဲမှာဒိတ်ဒိတ်ကြဲသူဌေးကြီးတွေရှိတယ်လေ

"ဒါဆိုရင်သွားခွင့်ပြုပါဦးအိမ်ကလာကြိုနေပြီမို့လို့"

ဝမ်ရိပေါ်ဟာအလျင်အမြန်ပဲကျောင်းဂိတ်ဝက​ို​ပြေးထွက်သွားတော့တယ်ထိုနောက်နောက်ဆုံးပေါ်ပြိုင်ကားအနီလေးထဲကိုဝင်သွားတော့သည်

ပိုင်ရိဟန်မှာ ရိပေါ်နောက်ကျောလေးကိုကြည့်ရင်းစိတ်တွေလေးနေမိတယ် တစ်ချိန်တည်းမှာပဲသူချင်မော့ရန်ကိုအခွင့်ရေးပေးလိုက်တာမှားတယ်လို့ထင်နေမိတယ်

ပြေးလာတဲ့ဝမ်ရိပေါ်ကမသိပေမဲ့ပြိုင်ကားထဲကရှောင့်ကျန့်ကတော့ရိပေါ်ကိုကြည့်နေတဲ့ပိုင်ရိဟန်ရဲ့မျက်လုံးတွေကိုသိနေတယ်

မင်းကရိပေါ်ကိုအခုမှလာလိုချင်နေတယ်ပေါ့ကောင်းပြီလေ ငါမင်းကိုထပ်သတ်ပြမယ်ပိုင်ရိဟန်မင်းနောက်တစ်ကြိမ်ငါရဲ့သေနတ်အောက်မှာသေစေရမယ်

There are no comments yet. Log in to be the first to leave a review!

Similar stories