Fanfics

【27】

21:53, 15 April 2023

⟨ Unicode Version ⟩Me, Myself & Bad Romance

" .... "

မျက်နှာရှုံ့မဲ့ကာ ကားနောက်မှန်ကနေ အိမ်ကြီးဆီ လှည့်ကြည့်လှည့်ကြည့်လုပ်နေတဲ့သားသားကြောင့် သူမ သားသား လက်လေးကို လှမ်းဆုပ်ကိုင်မိသည်။ ကလေးလေးရှိခါစမို့ စိတ်ခံစားချက်တွေက ကောင်းကောင်းငြိမ်သက်တာမျိုးမရှိသေး၊ ထိခိုက်လွယ်ပြီး နူးညံ့နေတဲ့ကာလမို့ သားသားနဲ့ဆော့ဂျင် ကိစ္စကို သူမ ကိုင်တွယ်နေရတာဖြစ်သည်။ ဆော့ဂျင်အတွက် မတရားတာသိပေမယ့် တစ်ခုခုဆို ကောင်းကောင်းမွန်မွန်ဖြေရှင်းဖို့ အခွင့်အရေးမပေးတဲ့သူမသားကြောင့် သူမ အခုလိုစီစဉ်ခဲ့ရတာပင်။

" သားသား~~ "

သူမ ခေါ်မိတော့ ရှုံ့တွနေတဲ့မျက်နှာက ပိုတိုးလို့ မဲ့လာသည်။

" ဘာလို့လဲ "

" ဟင် "

" ဘာလို့လဲ ... တီတီပြောတော့ ကွာရှင်းဖို့ပြောကြည့်ရုံပဲဆို ~~ တကယ်လက်မှတ်မထိုးခိုင်းဘူးဆို !! အခု ကြည့်! ကိုကိုက ကိုကိုက သားသားကို ထပ်ပြီး ထပ်ပြီး ပစ်သွားပြန်ပြီ! "

တုန်လှုပ်ခြင်းများစွာနဲ့ ပြောလာလေတော့ သူမ သားသားလက်ကို ခပ်ဖွဖွပွတ်မိသည်။

" မဟုတ်ပါဘူး သားသားရယ် ~~ ကိုကို့ကို ခဏလောက် အချိန်ပေးလိုက်ပါဦး ~~ ပြီးတော့ သားသားတို့နှစ်ယောက်လုံး တစ်‌‌ယောက်ကိုတစ်ယောက် မကွာရှင်းချင်ကြမှန်းလည်း သိပါတယ် .. မကွာရှင်းချင်ကြတာကို ပွင့်ပွင့်လင်းလင်းမပြောကြဘဲ ဘာကိုစောင့်နေလို့ စောင့်နေမှန်းမသိ အချိန်ဆွဲနေကြလို့ အခုလိုလုပ်လိုက်တာ ... သားသား! မင်းကိုကိုကို ခဏလောက်ပစ်ထားလိုက်! အခု သားသား ဂရုစိုက်ရမှာက ဟောဒီ့ထဲက ပိစိလေးကိုပဲ ~~~ အန္တရာယ်များတာ သိတယ်ဟုတ် "

" ဟင်အင်း! ကိုကို့ကို မပစ်ထားနိုင်ဘူးတီတီ!! ကိုကိုက သားသားကို ပစ်ထားနိုင်လို့ သားသားက ကိုကို့ကို မပစ်ထားနိုင်ဘူးတီတီ!!  ပြီးတော့ သားသားတို့ အခု ကွာရှင်းလိုက်ကြပြီလေ မပတ်သက်ကြတော့ဘူးလေ အဲ့ဒါကို ဘယ်လိုလုပ်ပြီး ပြန်အဆင်ပြေနိုင်တော့မှာလဲ ... လက်ထပ်ချင်တဲ့အချိန်လက်ထပ်ပြီး ကွာရှင်းချင်တဲ့အချိန်ကွာရှင်းတာက ကစားစရာမဟုတ်ဘူးလေ တီတီ!!! တီတီတို့ ဘာတွေ လုပ်နေကြတာလဲ !! ဟမ်! ... သားသားကို ကိုကို ဘယ်လောက်ချစ်လဲ သားသားမသိချင်တော့ဘူး ... အဲ့ဒါကြောင့် အခုလိုတွေ မလုပ်ဘဲ ကိုကို့နဲ့ အနီးဆုံးနေရာမှာပဲ ထားပေးလို့်မရဘူးလားဟင် "

ပြောချင်တာတွေကို အော်ဟစ်ရင်း အဆုံးသတ်မှာ တောင်းဆိုသယောင် လေသံတွေပျော့ပြောင်းလာတာမို့ သူမ သက်ပြင်းချလိုက်မိသည်။

" အော်မနေဘဲ သေချာကြည့် ဂျောင် ဂျောင်ကု!"

ကားရှေ့ခန်းက နေမနိုင်တော့ပုံရတဲ့ထယ်ဟျောင်းကတော့ ကားနောက်ခန်းက ဂျောင်ကုဆီ ဖိုင်တွဲတစ်ခု ထိုးပေးလာသည်။

" ဘာပြန်ပြီလဲ ကိုကိုထယ်ဟျောင်း "

စိတ်ရှုပ်ငြီးငွေ့စွာ မေးရင်း ထယ်ဟျောင်းဆီက ဖိုင်တွဲကို လှမ်းယူလိုက်သည်။

" ကွာရှင်းစာချုပ်က အတုကြီး ဂျောင်ကု! "

" ဟင် "

ကိုကိုထယ်ဟျောင်းစကားကြောင့် သားသားမျက်ဝန်းတွေ လဲ့ကနဲ့ လင်းလက်သွားသည်။ သို့ပေမယ့် ထိုတောက်ပမှုတွေက ခဏတာသာ ဖြစ်ထွန်းရင်း မှေးမှိန်သွားပြန်သည်။

" ဒါဆို ကိုကို့ကို ဝိုင်းလှည့်စားနေတာလား ~~ ကိုကို သိရင် ~~ "

" သားသား!  ဒီလိုမှ မလုပ်ရင် မင်းကိုကိုက မင်းကို ဘယ်လောက်ချစ်လဲဆိုတာ မင်း သိရမှာမဟုတ်ဘူး .. အဲ့ဒီတော့ စိတ်ရှည်ရှည်နဲ့ စောင့်ပါ ~~~ ဆော့ဂျင်က မင်းမရှိဘဲ မရှင်သန်နိုင်ပါဘူး ~~ သူ မင်းကို လာပြန်ခေါ်လိမ့်မယ် "

တီတီ့စကားအဆုံး သူ တစ်ခုခုတုံ့ပြန်ဖို့ ပြင်လိုက်မိပေမယ့် တီတီ့ဆီဝင်လာတဲ့ အဝင်ကောလ်တစ်ခုကြောင့် သူ ဆွံ့အသွားသည်။

" ~~ ဟယ်လို ~~ "

" ... "

" .. အင်း~~ သားသားရဲ့သဘောထားကို မေးကြည့်လိုက်ပါဦးမယ် ... "

ဦးဦးနဲ့ပြောနေပုံရသည်မို့ ဖုန်းပြောတာကို ခဏရပ်ကာ သူ့ကိုကြည့်ရင်း တီတီမေးခွန်းထုတ်လာသည်။

" သားသား~~ ဦးဦးနဲ့ အဖေအကြောင်း မင်းကိုကို့ဆီ ပြောပြပြီးပြီလား ...."

ရုတ်တရက်ဆန်တဲ့မေးခွန်းအဆုံး သူ‌ခေါင်းငုံ့ကာ အဖြေပြန်ပေးမိသည်။

" ... ဟင်အင်း ~~ ပြောဖို့အခွင့်အရေးမရခဲ့ဘူး တီတီ "

သူ့စကားအဆုံး တီတီက သိပြီ ဆိုတဲ့ပုံစံနဲ့ ခေါင်းညိတ်သည်။ အဲ့ဒီ့နောက် သူ့ဆီကနေ အကြည့်လွှဲကာ ဦးဦးဆီ ပြန်ဖြေသည်။

" သားကို ကျွန်မပြောတာထက် ရှင်ပြောပြလိုက်တာက ပိုအဆင်ပြေစေမှာပါ ... ပြီးတော့ ဆော့ဂျင်က ကလေးမလိုချင်နေဘူး ~~ အဲ့ဒီ့အတွက် ရှင်ဖျောင်းဖျပေးဖို့တော့ လိုလိမ့်မယ် ~~ "

" ဟုတ်ပြီ ~~ ပြီးတော့ အရေးကြီးဆုံးက ဆော့ဂျင် ဆေးခန်းပုံမှန်ပြရဲ့လားဆိုတာကို မေးကြည့်ပါ ~~ ရှင်သိတဲ့အတိုင်းပဲ သူ့နားက စိတ်ဖိစီးမှုများလာရင် ဘယ်လိုမှ အဆင်ပြေနိုင်မှာမဟုတ်ဘူးလေ ~~ အခုအခြေအနေနဲ့ဆို သူ့အတွက် ခက်ခဲနေလောက်တယ် ~~ သားကို ရှင်ပဲ ဂရုစိုက်ထားလိုက်ပါ "

တီတီ့စကားအဆုံး သူနားမလည်တဲ့စကားတွေကြောင့် သူမျက်မှောင်ကြုတ်ထားမိသလို တီတီ့ဘက်ကလည်း ဦးဦးနဲ့ပြောနေတဲ့ဖုန်းလေး အဆုံးသတ်သွားသည်။

" တီတီ! ကိုကိုက ကိုကိုက ~~ ဘာဖြစ်နေတာလဲ ~~ ကိုကို့မှာ တစ်ခုခုရှိနေတာလား ~~ "

သူ့မေးခွန်းအဆုံးမှာတော့ တီတီက သက်ပြင်းချသည်။ အဲ့ဒီ့နောက် တီတီပြောပြလာတဲ့ အမှန်တရားတစ်ချို့က သူ့စိတ်ကို ညှို့ငင်ဖို့ လုံလောက်သွားခဲ့ပါသည်။

ကိုကိုဟာ သူနဲ့ခူရို မင်္ဂလာဆောင်တဲ့နေ့မှာ ကားအက်စီးဒင့်ဖြစ်ခဲ့ပြီး အကြားအာရုံတစ်ချို့ ချို့ယွင်းသွားခဲ့သည်တဲ့လေ။

💠💠💠

" ဂျောင်ကု! ကို့ကို ဒီမှာခဏစောင့်နေနော် ကိုကိုထယ်ဟျောင်း ကားသွားယူလိုက်ဦးမယ် လိုက်မလာခဲ့နဲ့တော့ မောနေလိမ့်မယ် "

ဆေးစစ်ပြီးတာနဲ့ ဆေးရုံကနေပြန်ဖို့ ကိုကိုထယ်ဟျောင်းက သူ့ကို ကားပါကင်ထိ မလိုက်လာစေတော့ဘဲ သက်သောင့်သက်သာနဲ့ စောင့်စေသည်။

" လာ ဂျောင်ကု တက်! ဘယ်သွားချင်သေးလဲ "

သိပ်မကြာတဲ့အချိန်မှာပဲ သူ့‌ဆီ‌ဆိုက်ရောက်ကာ စိတ်မရွှင်ပျနေတဲ့သူ့ကို ပျော်စေဖို့ရည်ရွယ်ပြီး မေးလိုက်ပုံပေါ်သည်။ သူ ကား‌ထွက်တဲ့အထိ ကိုကိုထယ်ဟျောင်းကိုအဖြေပြန်မပေးမိ။ ပြတင်းပေါက်အပြင်ကိုငေးကာ ဘာရယ်မဟုတ် နောက်ကြည့်မှန်ကို ကြည့်လိုက်မိသည်။ ကြည့်နေစဉ်ခဏမှာပဲ နောက်မှာ ကပ်လျက်ပါလာတဲ့ရင်းနှီးနေသယောင်ရှိတဲ့ကားကြောင့် သူ နောက်လှည့်မိသည်။

" ဘာဖြစ်လို့လဲ ဂျောင်ဂျောင်ကု! "

ကိုကိုထယ်ဟျောင်းက မေးငေါ့မေးလာသည့်တိုင် သူအဖြေမပေးမိသေး။ ထို့ကြောင့် ကိုကိုထယ်ဟျောင်းနောက်ကြည့်မှန်ကို ကြည့်တော့ နားလည်သွားပုံရသည်။

" အစ်ကိုဆော့ဂျင်! ဘာလား ~~ နောက်ယောင်ခံလိုက်နေတာလား "

ပြုံးရင်း ပြောလိုက်ပေမယ့် သူကတော့ အနောက်လှည့်ကြည့် လှည့်ကြည့်နဲ့ ငိုမဲ့မဲ့ဖြစ်နေပြီဖြစ်သည်။

" ဂျောင်ကု! နေ့လည်စာပါ တစ်ခါတည်း စားကြရအောင်! လူအများဆုံးဆိုင်ကို ခေါ်သွားပေးမယ် မင်းရဲ့ကိုကို ဘယ်လို ဆက်လိုက်မလဲ ကြည့်ရသေးတာပေါ့ "

ကိုကိုထယ်ဟျောင်းစကားကြောင့် ကိုကိုထယ်ဟျောင်းကို နားမလည်စွာကြည့်ရင်း မျက်စောင်းထိုးလိုက်မိသည်။

" ကျွန်တော် ကိုကိုနဲ့တွေ့ချင်တယ် ကိုကိုထယ်ဟျောင်း "

" ဟေ "

" ဟုတ်တယ် တီတီ့ကို မပြောပြပါနဲ့ ကူညီပေးပါ ကိုကို ထယ်ဟျောင်း! "

" ဂျောင်ကု! ကိုကိုထယ်ဟျောင်းက ကူညီပေးချင်ပေမယ့် အခုတော့ တွေ့လို့ရဦးမယ်မထင်သေးဘူး ဘာဖြစ်လို့လဲဆိုတော့ မင်းရော ကိုကိုဆော့ဂျင်ရော ကောင်းတဲ့အခြေအနေမှာ မရှိဘူး မင်းက စိတ်ထိခိုက်လွယ်တဲ့အခြေအနေမှာရှိနေပြီးတော့ မင်းကိုကိုက ခက်ထန်နေတဲ့အချိန်မှာရှိနေတယ် ~~ အဲ့ဒါကြောင့် နှစ်ရက်လောက်ပဲ ထပ်သည်းခံပြီး စိတ်ကို ငြိမ်ငြိမ်ထားပါ .. အရမ်းချစ်ကြတဲ့အချစ်ငှက်လေးတွေကို ကိုကိုတို့တွေ ခွဲမှာ မဟုတ်ပါဘူး ..."

" ... "

ကိုကိုထယ်ဟျောင်းစကားကြောင့် သူ ငြိမ်သက်ကာ သက်ပြင်းချလိုက်မိသည်။

" ဂျောင်ကု သိလား ~~ မင်းကိုကိုက ပိစိလေးကို လက်ခံပေးဖို့ ကြိုးစားပေးမှာပါ ... အဲ့ဒီ့နေ့တုန်းက ဖျက်ချဖို့ ပြောတယ်ဆိုတာလည်း မင်းကို စိုးရိမ်လို့ သူပြောတာပါ ... အဲ့ဒါကြောင့် စိတ်ထဲမှာ အကြာကြီး မထည့်ထားနဲ့ ... ဟုတ်ပြီလား "

ကိုကိုထယ်ဟျောင်းပြောမှ သူ့စိတ်ထဲ အမြဲလိုလိုစိုးရိမ်နေရတဲ့အကြောင်းအရာကို သတိရမိသွားသည်။ ထုတ်မပြောဖြစ်ပေမယ့် ကိုကိုက သူ့ပိစိလေးကို အတင်းအကျပ် ဖျက်ချခိုင်းမှာ အကြောက်ဆုံးပင်။ ဘယ်လောက်အထိကြောက်လဲဆိုရင် ညညဆို အိပ်လို့မရလောက်တဲ့အထိ တွေးရင်း သူ စိုးထိတ်‌မိသည်။  အခုတော့ ကိုကိုထယ်ဟျောင်းစကားကိုပဲ သူ ခေါင်းညိတ်ကာ ‌အနောက်မှာ ကပ်လျက်ပါလာတဲ့ ကားလေးကို နောက်ကြည့်မှန်ကနေတစ်ဆင့်ကြည့်လာခဲ့တော့သည်။

" ဒီဆိုင်က အမြဲတမ်း ဒီလိုပဲ ပြည့်ကျပ်နေတာ "

ဆိုင်ရောက်တာနဲ့ လူပြည့်ကျပ်နေတာမို့ ကိုကိုထယ်ဟျောင်းက ဝိုင်းတစ်ဝိုင်း ယူရင်း သူ့ကိုစကားစလာသည်။ ဆိုင်ထဲမှာ နေရာလွတ်ကတော့ သိပ်မကျန်တော့။ ထို့ကြောင့် သူတို့အနောက်က ပါလာတဲ့ ကိုကိုဆော့ဂျင် ဘယ်နေရာနေမလဲ သူဝေ့ဝိုက်ကြည့်မိသည်။ ခပ်လှမ်းလှမ်းမှာရှိနေတဲ့နေရာလွတ်ဆီ ဝင်ထိုင်တာတော့ သူ မြင်လိုက်မိသည်။ သို့ပေမယ့် သူကတော့ ကိုကိုထိုင်တဲ့နေရာကို ကျောခိုင်းထိုင်ရတော့မှာဖြစ်သည်။

" ဒီဆိုင်က မိုးခိုသား အရမ်းကောင်းတယ်လေ ~~ ဂျောင်ကုရော ဘာစားချင်လဲ "

မီနူးကြည့်ကာ မှာဖို့‌ပြင်လေတော့ သူ စိတ်မပါစွာတုံ့ပြန်မိသည်။

" ကိုကိုထယ်ဟျောင်းပဲ မှာလိုက်ပါ ~~ အခုတလော ထွေထွေထူးထူး စားချင်တာမျိုးမရှိဘူး "

" အင်း ကိုကိုမှာပေးမယ် ~~ ခဏလေးနော် "

ပြောရင်းဆိုရင်း သူ့ကိုပြုံးပြကာ လိုအပ်တာတွေမှာလေတော့ သူ ဆိုင်အပြင်ဘက်ကို ငေးရင်း သက်ပြင်းချလိုက်မိသည်။ ကိုကိုနဲ့တွေ့ပြီး စကားပြောချင်ပေမယ့် ဟိုနေ့ကလိုမျိုး ပိစိလေးကို လက်မခံမှာ သူစိုးရိမ်သည်။ ကွာရှင်းတဲ့‌နေ့ကလိုမျိုး အသည်းအသန်ငြင်းဆန်မှာ သူကြောက်သည်။ ကိုကိုနဲ့သူဟာ ဘယ်ကနေစပြီး ဘယ်လိုရှုပ်ထွေးသွားလဲ သူမသိ၊ အဲ့ဒီလိုပဲ ကိုကိုနဲ့ပတ်သက်သမျှ ဘယ်ကနေအစချီပြီး ဘယ်လိုရှင်းရမယ်ဆိုတာလည်း သူမသိတော့ပါ။

ဂျောင်ကုတစ်ယောက် စားပွဲဝိုင်းလေးမှာ ငြိမ်သက်ရင်း ထယ်ဟျောင်းပြောသမျှ နားထောင်နေခဲ့ပေမယ့် ထိုမြင်ကွင်းကို စောင့်ကြည့်နေတဲ့တစ်ဖက်လူမှာတော့ မကျေမနပ်ဖြစ်ရင်း လက်သီးကို တင်းနေအောင် ဆုပ်ထားမိတော့သည်။

" အာ~~ ဒီနေရာကို ဦးထားတဲ့သူရှိလား"

သားသားနဲ့ထယ်ဟျောင်းကိုကြည့်နေရင်း ရုတ်တရက် သူ့ဆီရောက်လာတဲ့လူကြောင့် အကြည့်လွှဲကာ မော့ကြည့်မိသည်။

" အာ~~ စီအီးအိုကင် "

တစ်ဖက်လူက သူ့ကို သိနေသည်မို့ သူ မျက်မှောင်ကြုတ်လိုက်တော့ ပေါ်လာတာက ဟိုတလော ဘားမှာ ဂျောင်ကုနဲ့ရှိနေတဲ့စီနီယာ။

" ထိုင်လို့ရလား~ လူလည်းပြည့်နေတယ်ဆိုတော့ ~~ "

" ရပါတယ် ထိုင်ပါ "

" ကျေးဇူးပါ ~~ ဒါနဲ့ ဂျောင်ကုနဲ့ အတူတူမလာဘူးလား "

သူနဲ့ဂျောင်ကု ကွာရှင်းထားတာကို သိနေပုံမရတဲ့ထိုလူကြောင့် သူ ဘာမှပြန်မဖြေမိဘဲ ဒီတိုင်း စိုက်ကြည့်မိတော့ ထိုလူကပြုံးကာ ဘာမှ ဆက်မမေးလာတော့။

အတန်ကြာတဲ့အထိ စားစရာတွေရောက်လာတာတောင် တိတ်ဆိတ်နေတာမို့ သူ မေးခွန်းတစ်ခုမေးဖို့ ဆုံးဖြတ်လိုက်မိသည်။

" သားသား~~ အာ~~ ဂျောင်ကုနဲ့ ခင်တာကြာပြီလား "

" အင်း~~ သူ ပထမနှစ်ကတည်းက သူ့ကို သိလာတာပါ ... "

" ဒါဆို ထပ်မေးလို့ရမလား ကိုယ်ရေးကိုယ်တာမေးခွန်းဖြစ်ပေမယ့် ဂျောင်ကုက ကျွန်တော့်သက်ဆိုင်သူမို့လို့ သိသလောက်ဖြေပေးဖို့မျှော်လင့်တယ် "

" ရပါတယ် ကျွန်တော်ကလည်း တစ်ချို့အရာတွေကို ပြောပြချင်တာမျိုးရှိပါတယ် "

" ... ဟုတ်ပြီ ဂျောင်ကု ကျောင်းတက်တုန်းက ဘာအလုပ်တွေ လုပ်ခဲ့တာလဲ ... အချိန်ပိုင်း အလုပ်တွေနဲ့ပတ်သက်ပြီးမေးတာပါ ~~~ ဌာနတွင်းမှာလည်း ကောလဟာလတစ်ချို့ရှိတော့ ... သူ ဘာလုပ်ခဲ့တယ်ဆိုတာ သိချင်တာပါ "

သူ့မေးခွန်းအဆုံး ဂျောင်ကုစီနီယာက အပြစ်မကင်းတဲ့မျက်နှာနဲ့ သက်ပြင်းချသည်။

" တကယ်တော့ အဲ့ဒီ့အကြောင်းမပြောခင် ပထမဦးဆုံးအနေနဲ့ ကျွန်တော် စီအီးအိုကင်ကို တောင်းပန်ချင်ပါတယ်~~ ဟိုတစ်နေ့ ကလပ်က ကိစ္စအတွက် ကျွန်တော်တောင်းပန်ပါတယ် ဂျောင်ကုကိုလည်း တောင်းပန်ပြီးပါပြီ ~~ အခု စီအီးအိုကင်ကို တောင်းပန်ရတာက ကျောင်းတက်တုန်းကလို တူတဲ့အဖြစ်မျိုး ထပ်ဖြစ်စေခဲ့လို့ပါ "

ဒီစကားအဆုံးမှာတော့ ဆော့ဂျင် ‌ခေါင်းနပန်းကြီးသွားမိသည်။ တူတဲ့အဖြစ်မျိုးဆိုတာက အဲ့ဒီ့ကလပ်မှာဖြစ်ခဲ့တဲ့ကိစ္စလိုမျိုး ကြုံတွေ့ခဲ့ရတယ်လို့ပြောချင်တာလား။

သူထိတ်လန့်မိတဲ့ခဏမှာ ဂျောင်ကုစီနီယာက စကားဆက်လာသည်။

" အဲ့ဒီ့ကောလဟာလက  အဲ့ဒီ့အဖြစ်အပျက်ပေါ်မူတည်ပြီး ဖြစ်လာတာပါ ‌သိတဲ့အတိုင်းပဲ လောကကြီးမှာက နစ်နာသူတွေကပဲ ထပ်ပြီး နစ်နာသူ‌ဖြစ်တာလေ ~~ အဲ့ဒီ့တုန်းက ဂျောင်ကုက ***ကလပ်မှာ အချိန်ပိုင်းလုပ်တာပါ ... စီအီးအိုကင်ရဲ့ဝမ်းကွဲဂျင်မိုက ဂျောင်ကုရဲ့စီနီယာ ၊ ကျွန်တော်တို့နဲ့ တစ်ခန်းထဲတက်ရတဲ့သူ‌ပါ ... အဲ့ဒီ့နေ့က ဂျောင်ကုကို အဲ့ဒီ့ကလပ်ထဲမှာပဲ အနိုင်ကျင့်ခဲ့ကြတာပါ .. ဒါပေမဲ့ ပြစ်မှု မမြောက်ခင်မှာပဲ ဂျောင်ကုက ထွက်ပြေးသွားခဲ့တဲ့အတွက် ဘာမှ ဆက်မဖြစ်လိုက်တာပါ "

ရှင်းပြတဲ့စကားသံအဆုံး သူ့ရင်ထဲ ဖြေမဆည်နိုင်တဲ့တင်းကျပ်မှုက ထပ်လောင်းလာလေလျှင် ခပ်လှမ်းလှမ်းမှာ ထိုင်နေတဲ့ဂျောင်ကုကို သူကြည့်မိသည်။

" ဂျောင်ကုက သန်မာပါတယ် ~~ ထင်ထားတာထက်ကို ပိုသန်မာတယ် ~~ ဒါပေမဲ့ အတင်းအဖျင်းတွေကြားမှာတော့ သူ ခက်ခက်ခဲခဲ နလန်ပြန်ထူရတယ် ~~ ‌သူကျောင်းပြီးသွားတာတောင် အလုပ်တစ်ခုရဖို့ သူ့အတွက် မလွယ်ကူခဲ့ဘူး ... ကြားထဲမှာ သူလက်ထပ်လိုက်သေးတယ်လေ ... အဲ့ဒါကြောင့် သူအလုပ်ရရင်တောင် သူအောင်မြင်ရင်တောင် သူ့အမျိုးသမီးရဲ့အရှိန်အဝါကြောင့်ဆိုပြီး စွပ်စွဲကြပြန်တယ် ~~ ပြီးတော့ ဂျောင်ကုက အလုပ်မရှိရင် မနေနိုင်တဲ့လူမျိုးပါ ... ကျွန်တော့်အမှုကိစ္စကို ကူညီပေးခဲ့တယ်ဆိုတာကလည်း အဲ့ဒါကြောင့်ပါပဲ ... ဂျောင်ကုက ကောလဟလတွေကအတိုင်းလူစားမျိုးမဟုတ်ဘူးဆိုတာ စီအီးအိုကင်က ကျွန်တော့်ထက်ပိုသိမှာပါ ..."

စကားသံတွေအဆုံးသတ်မှာ သူ ဂျောင်ကု‌အပေါ် သူအမြင်မကြည်ခဲ့တာတွေ၊ အမြဲတမ်း နာကျင်အောင် ထိုးနှက်ပြီး ပြောခဲ့တာတွေကို သူ တစတစ မှတ်မိလာသည်။ နဂိုကတည်းက နစ်နာနေခဲ့ပြီးသားလူကို သူ ထပ်ပြီး နာကျင်အောင်လုပ်မိနေခဲ့တာလား။

ပြန်တွေ့ကတည်းက တောက်လျှောက်စွပ်စွဲနေခဲ့တာလေ ~~

အဲ့ဒါအပြင် ‌အဖေပြောပြထားလို့ သားသား သူ့ကို လမ်းခွဲသွားရတဲ့အကြောင်းရင်းကိုလည်း သူ သိခဲ့ပြီးပြီဖြစ်သည်။ သားသား သူ့ကို လမ်းခွဲခဲ့တာ ရှင်းခူရိုကြောင့်မဟုတ်။ ရှင်းခူကို သဘောကျလို့ သူ့ကို လမ်းခွဲခဲ့တာမဟုတ်။ ဒါဆို အခုမှ သူစဉ်းစားမိလာတာက ရှင်းခူရိုကို ဘာဖြစ်လို့ လက်ထပ်ခဲ့တာလဲ။ မတော်တဆ ကိုယ်ဝန်ရသွားခဲ့လို့လား ...။

နှစ်နဲ့ချီပြီး သူအထင်လွဲနေခဲ့တဲ့အကြောင်းအရာတွေကို နောက်မကျခင်မှာ သူသိဖို့ လိုအပ်လာပြီဖြစ်သည်။ ထို့ကြောင့် သူချက်ချင်း မတ်တပ်ရပ်လိုက်မိသည်။

" ကျေးဇူးပဲ ... ခင်ဗျားကျေးဇူးနဲ့ အခု ကျွန်တော် ဘာဆက်လုပ်ရမယ်ဆိုတာ သိသွားတဲ့အတွက် ကျေးဇူးပဲ "

အဲ့ဒီ့နောက် သားသားနောက် ဆက်မလိုက်တော့ဘဲ ရှင်းခူရိုဆီ ဦးတည်သွားမိတော့သည်။

💠💠💠

" အဲ့ဒီ့တုန်းက ကိုကို သားသားကြောင့်နဲ့ ရိုက်ခံထိတာလေ "

အမှတ်တရတွေများစွာရှိတဲ့ ကိုကို့အခန်းထဲ သူရေရွတ်ရင်း ဓာတ်ပုံတွေကို ပြန်ကြည့်မိသည်။ ကွာရှင်းပြီးကတည်းက  ကိုကိုဟာ အိမ်ကြီးဆီပြန်မလာသလို ကွန်ဒိုကိုလည်း မပြန်ပါတဲ့။ သူ့ကို ဖုန်းလေးတစ်ချက်တောင် မဆက်သလို တီတီ့ကိုလည်း အဆက်အသွယ်ဖြတ်ထားသည်တဲ့။  သူ ဟိုတစ်နေ့ စားသောက်ဆိုင်မှာ ကိုကို့ကို နောက်ဆုံးမြင်လိုက်ရတာဖြစ်သည်။ ပိစိလေးရှိနေတာမို့ သူ မလွတ်မလပ်ဖြစ်နေပေမယ့် တီတီနဲ့ ကိုကိုထယ်ဟျောင်းက အရမ်းဂရုစိုက်ပေးသည်။ သို့ပေမယ့် ကိုကို ဆူတာလောက်တော့ သူ့ကို စိတ်ချမ်းသာမှု မပေးနိုင်။ ဒီကြားထဲ မီဒီယာတွေဆီ မပေါက်ကြားအောင် ထိန်းထိန်းသိမ်းသိမ်းနေရသေးသည်မို့ သူ မွန်းကျပ်နေသလို ခံစားနေရသည်။ နာကျင်စရာတွေ ပြောတတ်တဲ့ကိုကို့နှုတ်ခမ်းကိုလည်း သူသိပ်သတိရသည်။

‌ဂျောင်ကု ဓာတ်ပုံအဟောင်းတွေ ကြည့်နေရင်း ဆော့ဂျင်မျက်နှာကို ပွတ်သပ်ကာ အလွမ်းဖြေနေမိသည်။ ထိုခဏမှာပဲ တုန်ယင်သွားတဲ့ဖုန်းကြောင့် မက်ဆေ့ခ်ျတစ်စောင်ဝင်လာမှန်း သိလိုက်သည်။ ပျင်းရိစွာနဲ့ပဲ ဖုန်းကို ဖွင့်ကြည့်တော့ ပို့လာတဲ့သူကြောင့် သူအံ့ဩကာ မျက်ဝန်းတွေပြူးကျယ်သွားရသည်။

" ဟင် ကိုကို!!"

ထူးထူးဆန်းဆန်း ကိုကို့ဆီက မက်ဆေ့ခ်ျမို့ အံ့ဩကာ ဖတ်ကြည့်မိတော့ သူ့ကို တွေ့ ဖို့ လိပ်စာတစ်ခုပို့လာပေးတာဖြစ်သည်။

// ဘယ်သူမှ မသိအောင် တစ်ယောက်တည်းလာခဲ့ ဂျွန်ဂျောင်ကု! ငါ့ကို မတွေ့ချင်ရင်တောင် ရောက်အောင်လာခဲ့ မဟုတ်ရင် ငါတို့ တစ်သက်လုံး ‌တွေ့ရတော့မှာ မဟုတ်ဘူး //

စာနဲ့တင် ကိုကို့ရဲ့ခက်ထန်တဲ့လေသံကို ကြားယောင်နေပေမယ့် ကိုကို့ဆီက သူ့ကိုတွေ့ဖို့ ချိန်းဆိုတာမို့ သူပျော်ရွှင်သွားမိသည်။ ထို့ကြောင့် တွေ့ရမယ့်အချိန်ကို သူကြည့်မိတော့ သိပ်မလိုတော့။ ကိုကိုထယ်ဟျောင်းနဲ့ တီတီကလည်း အလုပ်ကိစ္စကြောင့် အပြင်ထွက်သွားတာဆိုတော့ သူ အခုချိန်လောက် ထွက်မှ တော်ကာကျမည်။ဝမ်းသာအားရ ဖုန်းကို ကောက်ကိုင်ကာ ပေါ့ပေါ့ပါးပါးအဝတ်အစားလဲရင်း ကိုကိုချိန်းဆိုထားတဲ့နေရာကို သူ ပျော်ရွှင်စွာနဲ့ ထွက်ခွာလာမိတော့သည်။

ပိစိလေးကို မလိုချင်လို့ ဖျက်ချခိုင်းမှာ သူ ကြောက်နေပေမယ့် သူ တစ်သက်လုံးရှောင်ဖယ်လို့မှ မရတာလေ ... ကိုကို့ကို နားဝင်အောင် သူသေချာပြောပြဖို့ အစွမ်းကုန်ကြိုးစားပါမည်။ ကိုကို မလိုချင်ဘူးလို့ ပြောတာက သူ့ကို နာကျင်စေပေမယ့် ဘာဖြစ်လို့ မလိုချင်ရလဲ သူသိတာမို့ သူ ဖျောင်းဖျဖို့ကလွဲရင် ကျန်တာ မတတ်နိုင်။

အခုတော့ဖြင့် အိမ်ကြီးထဲကနေ ခိုးထွက်ကာ ကိုကိုချိန်းထားတဲ့ ဂျပန်စားသောက်ဆိုင်ဆီ သူ ထွက်လာခဲ့လိုက်သည်။ ကြိုတင်မှာထားတဲ့အခန်းထဲရောက်တော့ ကိုကိုက သူ့ထက်အရင်ရောက်နေနှင့်ပြီးသားမို့ အံ့ဩမင်သက်သွားရသည်။

" ရောက်ပြီလား ထိုင်! "

သူ့ကို တစ်ချက်လေးတောင် မကြည့်ဘဲ ရေနွေးကြမ်းငှဲ့ကာ ထိုင်ဖို့ ပြောတော့ ကိုကို့ရှေ့တည့်တည့် သူထိုင်လိုက်မိသည်။ ရောက်ရောက်ချင်း တစ်ချက်တောင် မကြည့်တာမို့ သူဝမ်းနည်းကာ မျက်နှာမဲ့သွားမိသည်။

" သောက်လိုက်ဦး မောနေတယ်မလား "

နွေးနွေးလေးဖြစ်အောင် အအေးခံထားပုံရတဲ့အကြမ်း‌ရည်တစ်ခွက်ကို ‌သူ့ရှေ့တိုးပေးတော့ သူလှမ်းယူမိသည်။ သောက်တော့ မသောက်သေး။ လွမ်းရလွန်းလို့ ကိုကို့လှုပ်ရှားမှုကိုသာ သူငေးနေမိသေးသည်။ အစားအသောက်တွေရောက်မှ ကိုကိုဟာ သူ့အတွက် ပြင်ဆင်ပေးရင်း သူ့ကို စိုက်ကြည့်လာသည်။ ကိုကို့မျက်ဝန်းတွေမှာ ဝမ်းနည်းမှု၊ နာကျင်မှုတွေအပြင် အလွမ်းတွေကိုပါ တွေ့လိုက်ရတာမို့ သူ့မျက်ဝန်းတွေ ကျိန်းစပ်လာရသည်။

" ကိုကို ~~ သားသားကို ဘာဖြစ်လို့ တွေ့ချင်ရတာလဲ ~~ "

" လွမ်းလို့ "

ပြန်မဖြေဘဲ တိတ်ဆိတ်မယ်ထင်ခဲ့ပေမယ့် ချက်ချင်းကြီးဖြေချလိုက်တဲ့စကားကြောင့် သူ့ရင်ဘတ်က ဒိတ်ကနဲ့ ဆောင့်တက်သည်။

" ဒါဆိုရင် ဘာလို့စောစောလာမတွေ့လဲ "

" ရူးနေလို့လေ "

သူ့ကိုစိုက်ကြည့်ကာ ပြောလာတဲ့ ကိုကို့စကားကို နားမလည်။

" ~~ ‌အရင်ဆုံး စားရအောင်~~ စားပြီးမှပဲ ကျန်တာ ဆက်ပြောကြမယ် ~~ မင်းကိုကြည့်ရတာ တအားဖျော့တော့လွန်းတယ် ဂျောင်ကု "

သူ‌ဆက်မေးချင်တဲ့ မေးခွန်းတွေကို မေးခွင့်မရအောင် ကိုကိုက ပိတ်ပစ်တော့ သူလည်း ဘာမှ ထပ်မပြောတော့ဘဲ အစားအသောက်တွေကိုသာ အာရုံထားလိုက်မိသည်။

" များများစားပါ မင်းအားရှိဖို့ လိုတယ် သားသား "

ကိုကိုကတော့ တစ်ခုလေးတောင်မစားဘဲ သူစားဖို့အတွက်ပဲ လုပ်ပေးနေလေတော့ သူမျက်နှာမဲ့ချင်လာသည်။ ကိုကို သူ့ကို အပြင်ခေါ်ထုတ်ရတဲ့အကြောင်းရင်းကို သူ သိပ်သိချင်နေပြီဖြစ်သည်။

" ဂျောင်ကု ~ ကိုကိုနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်မယ် စဉ်းစားထားလဲ "

အစားသောက်တွေ ကုန်ခါနီးမှာ မေးလာတဲ့မေးခွန်းကြောင့် သူ ဆက်မစားတော့ဘဲ ဇွန်းကို ချလိုက်မိသည်။

" ကိုကိုရော ဘာဆက်လုပ်မယ် စဉ်းစားထားလဲ "

" မင်းကို မေးနေတာလေ "

" ကျွန်တော်ကတော့ ထွေထွေထူးထူးမရှိဘူး ~~ ကိုကို့ကို တွေ့ရတဲ့နေရာမှာ နေမယ် ~~ ပြီးရင် ပိစိလေးကို ရအောင် ခေါ်ထုတ်မယ် ~~ ပိစိကြောင့် ကိုကို ကျွန်တော့်ကို လက်မခံချင်လည်းရတယ် ဒါပေမဲ့ ကျွန်တော်ကတော့ ကိုကို လက်ခံတဲ့အချိန်အထိ စောင့်မယ် "

သူ့စကားအဆုံး ကိုကိုမျက်နှာလွှဲသွားသည်။ ပိစိလေးနဲ့ပတ်သက်ပြီး ကိုကို သူ့ကို တုံ့ပြန်ပေးတာမျိုးမရှိ။

" ဂျောင်ကု! စားပြီးရင် သွားရအောင်! "

" ဘယ်ကိုလဲ "

" အိမ်! အိမ်ကို "

နည်းနည်းအေးတိအေးစက်ဖြစ်နေတဲ့ ကိုကို့ကြောင့် သူ့စိတ်ထဲ မတင်မကျဖြစ်လာပေမယ့် သူ ကိုကို့စကားကို နာခံစွာ ကိုကို့ကားပေါ် အတူပါလာမိသည်။

" အများကြီးစားထားတယ်မလား ~~ ဒါလေးသောက်လိုက်~~ မင်းနဲ့ငါ ပြောစရာစကားတွေအများကြီး ကျန်သေးတယ် အိမ်ရောက်တဲ့အခါ ပြောကြမယ် "

ကားပေါ်ရောက်တော့ အစာကြေဖို့အတွက် ဆေးရည်လှမ်းပေးတော့ ကိုကို့စကားနားထောင်ကာ သူငြိမ်ငြိမ်သက်သက်နေမိသည်။ သူထိခိုက်အောင်တော့ ကိုကို မလုပ်ဘူးဆိုတာ သူသေချာသိနေသည်လေ။ သို့ပေမယ့် သောက်ပြီး မကြာတဲ့အချိန်မှာပဲ တဖြည်းဖြည်း မူးနောက်‌လာတဲ့ခေါင်းကြောင့် သူ ကိုကို့ကို ကြည့်လိုက်မိသည်။

" ကိုကို ကျွန်တော့်ကို ဘာတွေတိုက်လိုက်တာလဲ ကိုကို! "

" အိပ်လိုက်ပါ ဂျောင်ကု! မင်း ငါ့လက်က ပြေးမလွတ်နိုင်ပါဘူး "

" ကိုကို!!! "

" အေးအေးဆေးဆေးအိပ်ပြီး လိုက်ခဲ့! အိမ်ရောက်ရင် ငါ မင်းကို နှိုးလိုက်မယ် ဂျွန်ဂျောင်ကု!"

သူ တစ်ခုခုကို တုံ့ပြန်ပြောချင်ခဲ့ပေမယ့် တဖြည်းဖြည်းဝေဝါးလာတဲ့ မြင်ကွင်းတွေကြောင့် သူ အရှုံးပေးလိုက်မိတော့သည်။ တဖြည်းဖြည်းအိပ်မောကျသွားတဲ့ဂျောင်ကုကြောင့် ဆော့ဂျင် ကားကို လမ်းဘေးချရပ်လိုက်မိသည်။ အဲ့ဒီ့နောက် သူ့ဘေးနားမှာ အိပ်မောကျသွားပြီဖြစ်တဲ့ဂျောင်ကုရဲ့ပါးပြင်လေးကို သူ ပွတ်သပ်ရင်း ကျိန်းစပ်လာတဲ့ မျက်ဝန်းတွေကို မျက်တောင်နဲ့ပုတ်ခတ်မိသည်။

" ~~ ချစ်တယ် ဂျောင်ကု ~~ ဘာအကြောင်းပြချက်နဲ့မှ ကိုကိုတို့တွေ ထပ်မဝေးကြရအောင် သားသားရယ် ~~ "

နှစ်ကိုယ်ကြား တီးတိုးရေရွတ်ရင်း ဂျောင်ကု နဖူးပေါ် အနမ်းခပ်ဖွဖွခြွေမိလိုက်သည်။ အဲ့ဒီ့နောက် အဝတ်ပါးပါးလေးသာ ဝတ်လာခဲ့တဲ့ဂျောင်ကုကိုယ်ပေါ်ကို သူ့အ‌ပေါ်ကုတ်ထူထူခြုံပေးရင်း ဆိုးလ်မြို့ပြင်ဘက်သို့ သူ ဦးတည်လိုက်မိသည်။

ဘယ်သူမှ ရှာမတွေ့နိုင်တဲ့နေရာကို အတူတူသွားကြရအောင် သားသားရယ် ~~

💠💠💠

15 April 2023

*** အင်္ဂါဂြိုဟ်ကနေ လှမ်းပြီး အပ်ပုဒိတ်ပေးလိုက်ပါတယ် 💐 ကလေးတွေရေပတ်လို့်မရအောင် အင်္ဂါဂြိုဟ်ပေါ်ရောက်နေတာမို့ အပ်ပုဒိတ်လေးတွေ နောက်ကျသွားပါတယ် ဇာတ်သိမ်းပိုင်းက နောက်တစ်ပိုင်းဖြစ်နိုင်ပါတယ်

▬▬▬▬▬▬▬▬▬▬▬▬▬▬▬◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇▬▬▬▬▬▬▬▬▬▬▬▬▬▬▬

⟨ Zawgyi Version ⟩Me, Myself & Bad Romance

" .... "

မ်က္ႏွာရႈံ႕မဲ့ကာ ကားေနာက္မွန္ကေန အိမ္ႀကီးဆီ လွည့္ၾကည့္လွည့္ၾကည့္လုပ္ေနတဲ့သားသားေၾကာင့္ သူမ သားသား လက္ေလးကို လွမ္းဆုပ္ကိုင္မိသည္။ ကေလးေလးရွိခါစမို႔ စိတ္ခံစားခ်က္ေတြက ေကာင္းေကာင္းၿငိမ္သက္တာမ်ိဳးမရွိေသး၊ ထိခိုက္လြယ္ၿပီး ႏူးညံ့ေနတဲ့ကာလမို႔ သားသားနဲ႔ေဆာ့ဂ်င္ ကိစၥကို သူမ ကိုင္တြယ္ေနရတာျဖစ္သည္။ ေဆာ့ဂ်င္အတြက္ မတရားတာသိေပမယ့္ တစ္ခုခုဆို ေကာင္းေကာင္းမြန္မြန္ေျဖရွင္းဖို႔ အခြင့္အေရးမေပးတဲ့သူမသားေၾကာင့္ သူမ အခုလိုစီစဥ္ခဲ့ရတာပင္။

" သားသား~~ "

သူမ ေခၚမိေတာ့ ရႈံ႕တြေနတဲ့မ်က္ႏွာက ပိုတိုးလို႔ မဲ့လာသည္။

" ဘာလို႔လဲ "

" ဟင္ "

" ဘာလို႔လဲ ... တီတီေျပာေတာ့ ကြာရွင္းဖို႔ေျပာၾကည့္႐ုံပဲဆို ~~ တကယ္လက္မွတ္မထိုးခိုင္းဘူးဆို !! အခု ၾကည့္! ကိုကိုက ကိုကိုက သားသားကို ထပ္ၿပီး ထပ္ၿပီး ပစ္သြားျပန္ၿပီ! "

တုန္လႈပ္ျခင္းမ်ားစြာနဲ႔ ေျပာလာေလေတာ့ သူမ သားသားလက္ကို ခပ္ဖြဖြပြတ္မိသည္။

" မဟုတ္ပါဘူး သားသားရယ္ ~~ ကိုကို႔ကို ခဏေလာက္ အခ်ိန္ေပးလိုက္ပါဦး ~~ ၿပီးေတာ့ သားသားတို႔ႏွစ္ေယာက္လုံး တစ္‌‌ေယာက္ကိုတစ္ေယာက္ မကြာရွင္းခ်င္ၾကမွန္းလည္း သိပါတယ္ .. မကြာရွင္းခ်င္ၾကတာကို ပြင့္ပြင့္လင္းလင္းမေျပာၾကဘဲ ဘာကိုေစာင့္ေနလို႔ ေစာင့္ေနမွန္းမသိ အခ်ိန္ဆြဲေနၾကလို႔ အခုလိုလုပ္လိုက္တာ ... သားသား! မင္းကိုကိုကို ခဏေလာက္ပစ္ထားလိုက္! အခု သားသား ဂ႐ုစိုက္ရမွာက ေဟာဒီ့ထဲက ပိစိေလးကိုပဲ ~~~ အႏၲရာယ္မ်ားတာ သိတယ္ဟုတ္ "

" ဟင္အင္း! ကိုကို႔ကို မပစ္ထားႏိုင္ဘူးတီတီ!! ကိုကိုက သားသားကို ပစ္ထားႏိုင္လို႔ သားသားက ကိုကို႔ကို မပစ္ထားႏိုင္ဘူးတီတီ!!  ၿပီးေတာ့ သားသားတို႔ အခု ကြာရွင္းလိုက္ၾကၿပီေလ မပတ္သက္ၾကေတာ့ဘူးေလ အဲ့ဒါကို ဘယ္လိုလုပ္ၿပီး ျပန္အဆင္ေျပႏိုင္ေတာ့မွာလဲ ... လက္ထပ္ခ်င္တဲ့အခ်ိန္လက္ထပ္ၿပီး ကြာရွင္းခ်င္တဲ့အခ်ိန္ကြာရွင္းတာက ကစားစရာမဟုတ္ဘူးေလ တီတီ!!! တီတီတို႔ ဘာေတြ လုပ္ေနၾကတာလဲ !! ဟမ္! ... သားသားကို ကိုကို ဘယ္ေလာက္ခ်စ္လဲ သားသားမသိခ်င္ေတာ့ဘူး ... အဲ့ဒါေၾကာင့္ အခုလိုေတြ မလုပ္ဘဲ ကိုကို႔နဲ႔ အနီးဆုံးေနရာမွာပဲ ထားေပးလို႔္မရဘူးလားဟင္ "

ေျပာခ်င္တာေတြကို ေအာ္ဟစ္ရင္း အဆုံးသတ္မွာ ေတာင္းဆိုသေယာင္ ေလသံေတြေပ်ာ့ေျပာင္းလာတာမို႔ သူမ သက္ျပင္းခ်လိုက္မိသည္။

" ေအာ္မေနဘဲ ေသခ်ာၾကည့္ ေဂ်ာင္ ေဂ်ာင္ကု!"

ကားေရွ႕ခန္းက ေနမႏိုင္ေတာ့ပုံရတဲ့ထယ္ေဟ်ာင္းကေတာ့ ကားေနာက္ခန္းက ေဂ်ာင္ကုဆီ ဖိုင္တြဲတစ္ခု ထိုးေပးလာသည္။

" ဘာျပန္ၿပီလဲ ကိုကိုထယ္ေဟ်ာင္း "

စိတ္ရႈပ္ၿငီးေငြ႕စြာ ေမးရင္း ထယ္ေဟ်ာင္းဆီက ဖိုင္တြဲကို လွမ္းယူလိုက္သည္။

" ကြာရွင္းစာခ်ဳပ္က အတုႀကီး ေဂ်ာင္ကု! "

" ဟင္ "

ကိုကိုထယ္ေဟ်ာင္းစကားေၾကာင့္ သားသားမ်က္ဝန္းေတြ လဲ့ကနဲ႔ လင္းလက္သြားသည္။ သို႔ေပမယ့္ ထိုေတာက္ပမႈေတြက ခဏတာသာ ျဖစ္ထြန္းရင္း ေမွးမွိန္သြားျပန္သည္။

" ဒါဆို ကိုကို႔ကို ဝိုင္းလွည့္စားေနတာလား ~~ ကိုကို သိရင္ ~~ "

" သားသား!  ဒီလိုမွ မလုပ္ရင္ မင္းကိုကိုက မင္းကို ဘယ္ေလာက္ခ်စ္လဲဆိုတာ မင္း သိရမွာမဟုတ္ဘူး .. အဲ့ဒီေတာ့ စိတ္ရွည္ရွည္နဲ႔ ေစာင့္ပါ ~~~ ေဆာ့ဂ်င္က မင္းမရွိဘဲ မရွင္သန္ႏိုင္ပါဘူး ~~ သူ မင္းကို လာျပန္ေခၚလိမ့္မယ္ "

တီတီ့စကားအဆုံး သူ တစ္ခုခုတုံ႔ျပန္ဖို႔ ျပင္လိုက္မိေပမယ့္ တီတီ့ဆီဝင္လာတဲ့ အဝင္ေကာလ္တစ္ခုေၾကာင့္ သူ ဆြံ႕အသြားသည္။

" ~~ ဟယ္လို ~~ "

" ... "

" .. အင္း~~ သားသားရဲ႕သေဘာထားကို ေမးၾကည့္လိုက္ပါဦးမယ္ ... "

ဦးဦးနဲ႔ေျပာေနပုံရသည္မို႔ ဖုန္းေျပာတာကို ခဏရပ္ကာ သူ႔ကိုၾကည့္ရင္း တီတီေမးခြန္းထုတ္လာသည္။

" သားသား~~ ဦးဦးနဲ႔ အေဖအေၾကာင္း မင္းကိုကို႔ဆီ ေျပာျပၿပီးၿပီလား ...."

႐ုတ္တရက္ဆန္တဲ့ေမးခြန္းအဆုံး သူ‌ေခါင္းငုံ႔ကာ အေျဖျပန္ေပးမိသည္။

" ... ဟင္အင္း ~~ ေျပာဖို႔အခြင့္အေရးမရခဲ့ဘူး တီတီ "

သူ႔စကားအဆုံး တီတီက သိၿပီ ဆိုတဲ့ပုံစံနဲ႔ ေခါင္းညိတ္သည္။ အဲ့ဒီ့ေနာက္ သူ႔ဆီကေန အၾကည့္လႊဲကာ ဦးဦးဆီ ျပန္ေျဖသည္။

" သားကို ကြၽန္မေျပာတာထက္ ရွင္ေျပာျပလိုက္တာက ပိုအဆင္ေျပေစမွာပါ ... ၿပီးေတာ့ ေဆာ့ဂ်င္က ကေလးမလိုခ်င္ေနဘူး ~~ အဲ့ဒီ့အတြက္ ရွင္ေဖ်ာင္းဖ်ေပးဖို႔ေတာ့ လိုလိမ့္မယ္ ~~ "

" ဟုတ္ၿပီ ~~ ၿပီးေတာ့ အေရးႀကီးဆုံးက ေဆာ့ဂ်င္ ေဆးခန္းပုံမွန္ျပရဲ႕လားဆိုတာကို ေမးၾကည့္ပါ ~~ ရွင္သိတဲ့အတိုင္းပဲ သူ႔နားက စိတ္ဖိစီးမႈမ်ားလာရင္ ဘယ္လိုမွ အဆင္ေျပႏိုင္မွာမဟုတ္ဘူးေလ ~~ အခုအေျခအေနနဲ႔ဆို သူ႔အတြက္ ခက္ခဲေနေလာက္တယ္ ~~ သားကို ရွင္ပဲ ဂ႐ုစိုက္ထားလိုက္ပါ "

တီတီ့စကားအဆုံး သူနားမလည္တဲ့စကားေတြေၾကာင့္ သူမ်က္ေမွာင္ၾကဳတ္ထားမိသလို တီတီ့ဘက္ကလည္း ဦးဦးနဲ႔ေျပာေနတဲ့ဖုန္းေလး အဆုံးသတ္သြားသည္။

" တီတီ! ကိုကိုက ကိုကိုက ~~ ဘာျဖစ္ေနတာလဲ ~~ ကိုကို႔မွာ တစ္ခုခုရွိေနတာလား ~~ "

သူ႔ေမးခြန္းအဆုံးမွာေတာ့ တီတီက သက္ျပင္းခ်သည္။ အဲ့ဒီ့ေနာက္ တီတီေျပာျပလာတဲ့ အမွန္တရားတစ္ခ်ိဳ႕က သူ႔စိတ္ကို ညႇိဳ႕ငင္ဖို႔ လုံေလာက္သြားခဲ့ပါသည္။

ကိုကိုဟာ သူနဲ႔ခူ႐ို မဂၤလာေဆာင္တဲ့ေန႔မွာ ကားအက္စီးဒင့္ျဖစ္ခဲ့ၿပီး အၾကားအာ႐ုံတစ္ခ်ိဳ႕ ခ်ိဳ႕ယြင္းသြားခဲ့သည္တဲ့ေလ။

💠💠💠

" ေဂ်ာင္ကု! ကို႔ကို ဒီမွာခဏေစာင့္ေနေနာ္ ကိုကိုထယ္ေဟ်ာင္း ကားသြားယူလိုက္ဦးမယ္ လိုက္မလာခဲ့နဲ႔ေတာ့ ေမာေနလိမ့္မယ္ "

ေဆးစစ္ၿပီးတာနဲ႔ ေဆး႐ုံကေနျပန္ဖို႔ ကိုကိုထယ္ေဟ်ာင္းက သူ႔ကို ကားပါကင္ထိ မလိုက္လာေစေတာ့ဘဲ သက္ေသာင့္သက္သာနဲ႔ ေစာင့္ေစသည္။

" လာ ေဂ်ာင္ကု တက္! ဘယ္သြားခ်င္ေသးလဲ "

သိပ္မၾကာတဲ့အခ်ိန္မွာပဲ သူ႔‌ဆီ‌ဆိုက္ေရာက္ကာ စိတ္မ႐ႊင္ပ်ေနတဲ့သူ႔ကို ေပ်ာ္ေစဖို႔ရည္႐ြယ္ၿပီး ေမးလိုက္ပုံေပၚသည္။ သူ ကား‌ထြက္တဲ့အထိ ကိုကိုထယ္ေဟ်ာင္းကိုအေျဖျပန္မေပးမိ။ ျပတင္းေပါက္အျပင္ကိုေငးကာ ဘာရယ္မဟုတ္ ေနာက္ၾကည့္မွန္ကို ၾကည့္လိုက္မိသည္။ ၾကည့္ေနစဥ္ခဏမွာပဲ ေနာက္မွာ ကပ္လ်က္ပါလာတဲ့ရင္းႏွီးေနသေယာင္ရွိတဲ့ကားေၾကာင့္ သူ ေနာက္လွည့္မိသည္။

" ဘာျဖစ္လို႔လဲ ေဂ်ာင္ေဂ်ာင္ကု! "

ကိုကိုထယ္ေဟ်ာင္းက ေမးေငါ့ေမးလာသည့္တိုင္ သူအေျဖမေပးမိေသး။ ထို႔ေၾကာင့္ ကိုကိုထယ္ေဟ်ာင္းေနာက္ၾကည့္မွန္ကို ၾကည့္ေတာ့ နားလည္သြားပုံရသည္။

" အစ္ကိုေဆာ့ဂ်င္! ဘာလား ~~ ေနာက္ေယာင္ခံလိုက္ေနတာလား "

ၿပဳံးရင္း ေျပာလိုက္ေပမယ့္ သူကေတာ့ အေနာက္လွည့္ၾကည့္ လွည့္ၾကည့္နဲ႔ ငိုမဲ့မဲ့ျဖစ္ေနၿပီျဖစ္သည္။

" ေဂ်ာင္ကု! ေန႔လည္စာပါ တစ္ခါတည္း စားၾကရေအာင္! လူအမ်ားဆုံးဆိုင္ကို ေခၚသြားေပးမယ္ မင္းရဲ႕ကိုကို ဘယ္လို ဆက္လိုက္မလဲ ၾကည့္ရေသးတာေပါ့ "

ကိုကိုထယ္ေဟ်ာင္းစကားေၾကာင့္ ကိုကိုထယ္ေဟ်ာင္းကို နားမလည္စြာၾကည့္ရင္း မ်က္ေစာင္းထိုးလိုက္မိသည္။

" ကြၽန္ေတာ္ ကိုကိုနဲ႔ေတြ႕ခ်င္တယ္ ကိုကိုထယ္ေဟ်ာင္း "

" ေဟ "

" ဟုတ္တယ္ တီတီ့ကို မေျပာျပပါနဲ႔ ကူညီေပးပါ ကိုကို ထယ္ေဟ်ာင္း! "

" ေဂ်ာင္ကု! ကိုကိုထယ္ေဟ်ာင္းက ကူညီေပးခ်င္ေပမယ့္ အခုေတာ့ ေတြ႕လို႔ရဦးမယ္မထင္ေသးဘူး ဘာျဖစ္လို႔လဲဆိုေတာ့ မင္းေရာ ကိုကိုေဆာ့ဂ်င္ေရာ ေကာင္းတဲ့အေျခအေနမွာ မရွိဘူး မင္းက စိတ္ထိခိုက္လြယ္တဲ့အေျခအေနမွာရွိေနၿပီးေတာ့ မင္းကိုကိုက ခက္ထန္ေနတဲ့အခ်ိန္မွာရွိေနတယ္ ~~ အဲ့ဒါေၾကာင့္ ႏွစ္ရက္ေလာက္ပဲ ထပ္သည္းခံၿပီး စိတ္ကို ၿငိမ္ၿငိမ္ထားပါ .. အရမ္းခ်စ္ၾကတဲ့အခ်စ္ငွက္ေလးေတြကို ကိုကိုတို႔ေတြ ခြဲမွာ မဟုတ္ပါဘူး ..."

" ... "

ကိုကိုထယ္ေဟ်ာင္းစကားေၾကာင့္ သူ ၿငိမ္သက္ကာ သက္ျပင္းခ်လိုက္မိသည္။

" ေဂ်ာင္ကု သိလား ~~ မင္းကိုကိုက ပိစိေလးကို လက္ခံေပးဖို႔ ႀကိဳးစားေပးမွာပါ ... အဲ့ဒီ့ေန႔တုန္းက ဖ်က္ခ်ဖို႔ ေျပာတယ္ဆိုတာလည္း မင္းကို စိုးရိမ္လို႔ သူေျပာတာပါ ... အဲ့ဒါေၾကာင့္ စိတ္ထဲမွာ အၾကာႀကီး မထည့္ထားနဲ႔ ... ဟုတ္ၿပီလား "

ကိုကိုထယ္ေဟ်ာင္းေျပာမွ သူ႔စိတ္ထဲ အၿမဲလိုလိုစိုးရိမ္ေနရတဲ့အေၾကာင္းအရာကို သတိရမိသြားသည္။ ထုတ္မေျပာျဖစ္ေပမယ့္ ကိုကိုက သူ႔ပိစိေလးကို အတင္းအက်ပ္ ဖ်က္ခ်ခိုင္းမွာ အေၾကာက္ဆုံးပင္။ ဘယ္ေလာက္အထိေၾကာက္လဲဆိုရင္ ညညဆို အိပ္လို႔မရေလာက္တဲ့အထိ ေတြးရင္း သူ စိုးထိတ္‌မိသည္။  အခုေတာ့ ကိုကိုထယ္ေဟ်ာင္းစကားကိုပဲ သူ ေခါင္းညိတ္ကာ ‌အေနာက္မွာ ကပ္လ်က္ပါလာတဲ့ ကားေလးကို ေနာက္ၾကည့္မွန္ကေနတစ္ဆင့္ၾကည့္လာခဲ့ေတာ့သည္။

" ဒီဆိုင္က အၿမဲတမ္း ဒီလိုပဲ ျပည့္က်ပ္ေနတာ "

ဆိုင္ေရာက္တာနဲ႔ လူျပည့္က်ပ္ေနတာမို႔ ကိုကိုထယ္ေဟ်ာင္းက ဝိုင္းတစ္ဝိုင္း ယူရင္း သူ႔ကိုစကားစလာသည္။ ဆိုင္ထဲမွာ ေနရာလြတ္ကေတာ့ သိပ္မက်န္ေတာ့။ ထို႔ေၾကာင့္ သူတို႔အေနာက္က ပါလာတဲ့ ကိုကိုေဆာ့ဂ်င္ ဘယ္ေနရာေနမလဲ သူေဝ့ဝိုက္ၾကည့္မိသည္။ ခပ္လွမ္းလွမ္းမွာရွိေနတဲ့ေနရာလြတ္ဆီ ဝင္ထိုင္တာေတာ့ သူ ျမင္လိုက္မိသည္။ သို႔ေပမယ့္ သူကေတာ့ ကိုကိုထိုင္တဲ့ေနရာကို ေက်ာခိုင္းထိုင္ရေတာ့မွာျဖစ္သည္။

" ဒီဆိုင္က မိုးခိုသား အရမ္းေကာင္းတယ္ေလ ~~ ေဂ်ာင္ကုေရာ ဘာစားခ်င္လဲ "

မီႏူးၾကည့္ကာ မွာဖို႔‌ျပင္ေလေတာ့ သူ စိတ္မပါစြာတုံ႔ျပန္မိသည္။

" ကိုကိုထယ္ေဟ်ာင္းပဲ မွာလိုက္ပါ ~~ အခုတေလာ ေထြေထြထူးထူး စားခ်င္တာမ်ိဳးမရွိဘူး "

" အင္း ကိုကိုမွာေပးမယ္ ~~ ခဏေလးေနာ္ "

ေျပာရင္းဆိုရင္း သူ႔ကိုၿပဳံးျပကာ လိုအပ္တာေတြမွာေလေတာ့ သူ ဆိုင္အျပင္ဘက္ကို ေငးရင္း သက္ျပင္းခ်လိုက္မိသည္။ ကိုကိုနဲ႔ေတြ႕ၿပီး စကားေျပာခ်င္ေပမယ့္ ဟိုေန႔ကလိုမ်ိဳး ပိစိေလးကို လက္မခံမွာ သူစိုးရိမ္သည္။ ကြာရွင္းတဲ့‌ေန႔ကလိုမ်ိဳး အသည္းအသန္ျငင္းဆန္မွာ သူေၾကာက္သည္။ ကိုကိုနဲ႔သူဟာ ဘယ္ကေနစၿပီး ဘယ္လိုရႈပ္ေထြးသြားလဲ သူမသိ၊ အဲ့ဒီလိုပဲ ကိုကိုနဲ႔ပတ္သက္သမွ် ဘယ္ကေနအစခ်ီၿပီး ဘယ္လိုရွင္းရမယ္ဆိုတာလည္း သူမသိေတာ့ပါ။

ေဂ်ာင္ကုတစ္ေယာက္ စားပြဲဝိုင္းေလးမွာ ၿငိမ္သက္ရင္း ထယ္ေဟ်ာင္းေျပာသမွ် နားေထာင္ေနခဲ့ေပမယ့္ ထိုျမင္ကြင္းကို ေစာင့္ၾကည့္ေနတဲ့တစ္ဖက္လူမွာေတာ့ မေက်မနပ္ျဖစ္ရင္း လက္သီးကို တင္းေနေအာင္ ဆုပ္ထားမိေတာ့သည္။

" အာ~~ ဒီေနရာကို ဦးထားတဲ့သူရွိလား"

သားသားနဲ႔ထယ္ေဟ်ာင္းကိုၾကည့္ေနရင္း ႐ုတ္တရက္ သူ႔ဆီေရာက္လာတဲ့လူေၾကာင့္ အၾကည့္လႊဲကာ ေမာ့ၾကည့္မိသည္။

" အာ~~ စီအီးအိုကင္ "

တစ္ဖက္လူက သူ႔ကို သိေနသည္မို႔ သူ မ်က္ေမွာင္ၾကဳတ္လိုက္ေတာ့ ေပၚလာတာက ဟိုတေလာ ဘားမွာ ေဂ်ာင္ကုနဲ႔ရွိေနတဲ့စီနီယာ။

" ထိုင္လို႔ရလား~ လူလည္းျပည့္ေနတယ္ဆိုေတာ့ ~~ "

" ရပါတယ္ ထိုင္ပါ "

" ေက်းဇူးပါ ~~ ဒါနဲ႔ ေဂ်ာင္ကုနဲ႔ အတူတူမလာဘူးလား "

သူနဲ႔ေဂ်ာင္ကု ကြာရွင္းထားတာကို သိေနပုံမရတဲ့ထိုလူေၾကာင့္ သူ ဘာမွျပန္မေျဖမိဘဲ ဒီတိုင္း စိုက္ၾကည့္မိေတာ့ ထိုလူကၿပဳံးကာ ဘာမွ ဆက္မေမးလာေတာ့။

အတန္ၾကာတဲ့အထိ စားစရာေတြေရာက္လာတာေတာင္ တိတ္ဆိတ္ေနတာမို႔ သူ ေမးခြန္းတစ္ခုေမးဖို႔ ဆုံးျဖတ္လိုက္မိသည္။

" သားသား~~ အာ~~ ေဂ်ာင္ကုနဲ႔ ခင္တာၾကာၿပီလား "

" အင္း~~ သူ ပထမႏွစ္ကတည္းက သူ႔ကို သိလာတာပါ ... "

" ဒါဆို ထပ္ေမးလို႔ရမလား ကိုယ္ေရးကိုယ္တာေမးခြန္းျဖစ္ေပမယ့္ ေဂ်ာင္ကုက ကြၽန္ေတာ့္သက္ဆိုင္သူမို႔လို႔ သိသေလာက္ေျဖေပးဖို႔ေမွ်ာ္လင့္တယ္ "

" ရပါတယ္ ကြၽန္ေတာ္ကလည္း တစ္ခ်ိဳ႕အရာေတြကို ေျပာျပခ်င္တာမ်ိဳးရွိပါတယ္ "

" ... ဟုတ္ၿပီ ေဂ်ာင္ကု ေက်ာင္းတက္တုန္းက ဘာအလုပ္ေတြ လုပ္ခဲ့တာလဲ ... အခ်ိန္ပိုင္း အလုပ္ေတြနဲ႔ပတ္သက္ၿပီးေမးတာပါ ~~~ ဌာနတြင္းမွာလည္း ေကာလဟာလတစ္ခ်ိဳ႕ရွိေတာ့ ... သူ ဘာလုပ္ခဲ့တယ္ဆိုတာ သိခ်င္တာပါ "

သူ႔ေမးခြန္းအဆုံး ေဂ်ာင္ကုစီနီယာက အျပစ္မကင္းတဲ့မ်က္ႏွာနဲ႔ သက္ျပင္းခ်သည္။

" တကယ္ေတာ့ အဲ့ဒီ့အေၾကာင္းမေျပာခင္ ပထမဦးဆုံးအေနနဲ႔ ကြၽန္ေတာ္ စီအီးအိုကင္ကို ေတာင္းပန္ခ်င္ပါတယ္~~ ဟိုတစ္ေန႔ ကလပ္က ကိစၥအတြက္ ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ေဂ်ာင္ကုကိုလည္း ေတာင္းပန္ၿပီးပါၿပီ ~~ အခု စီအီးအိုကင္ကို ေတာင္းပန္ရတာက ေက်ာင္းတက္တုန္းကလို တူတဲ့အျဖစ္မ်ိဳး ထပ္ျဖစ္ေစခဲ့လို႔ပါ "

ဒီစကားအဆုံးမွာေတာ့ ေဆာ့ဂ်င္ ‌ေခါင္းနပန္းႀကီးသြားမိသည္။ တူတဲ့အျဖစ္မ်ိဳးဆိုတာက အဲ့ဒီ့ကလပ္မွာျဖစ္ခဲ့တဲ့ကိစၥလိုမ်ိဳး ႀကဳံေတြ႕ခဲ့ရတယ္လို႔ေျပာခ်င္တာလား။

သူထိတ္လန႔္မိတဲ့ခဏမွာ ေဂ်ာင္ကုစီနီယာက စကားဆက္လာသည္။

" အဲ့ဒီ့ေကာလဟာလက  အဲ့ဒီ့အျဖစ္အပ်က္ေပၚမူတည္ၿပီး ျဖစ္လာတာပါ ‌သိတဲ့အတိုင္းပဲ ေလာကႀကီးမွာက နစ္နာသူေတြကပဲ ထပ္ၿပီး နစ္နာသူ‌ျဖစ္တာေလ ~~ အဲ့ဒီ့တုန္းက ေဂ်ာင္ကုက ***ကလပ္မွာ အခ်ိန္ပိုင္းလုပ္တာပါ ... စီအီးအိုကင္ရဲ႕ဝမ္းကြဲဂ်င္မိုက ေဂ်ာင္ကုရဲ႕စီနီယာ ၊ ကြၽန္ေတာ္တို႔နဲ႔ တစ္ခန္းထဲတက္ရတဲ့သူ‌ပါ ... အဲ့ဒီ့ေန႔က ေဂ်ာင္ကုကို အဲ့ဒီ့ကလပ္ထဲမွာပဲ အႏိုင္က်င့္ခဲ့ၾကတာပါ .. ဒါေပမဲ့ ျပစ္မႈ မေျမာက္ခင္မွာပဲ ေဂ်ာင္ကုက ထြက္ေျပးသြားခဲ့တဲ့အတြက္ ဘာမွ ဆက္မျဖစ္လိုက္တာပါ "

ရွင္းျပတဲ့စကားသံအဆုံး သူ႔ရင္ထဲ ေျဖမဆည္ႏိုင္တဲ့တင္းက်ပ္မႈက ထပ္ေလာင္းလာေလလွ်င္ ခပ္လွမ္းလွမ္းမွာ ထိုင္ေနတဲ့ေဂ်ာင္ကုကို သူၾကည့္မိသည္။

" ေဂ်ာင္ကုက သန္မာပါတယ္ ~~ ထင္ထားတာထက္ကို ပိုသန္မာတယ္ ~~ ဒါေပမဲ့ အတင္းအဖ်င္းေတြၾကားမွာေတာ့ သူ ခက္ခက္ခဲခဲ နလန္ျပန္ထူရတယ္ ~~ ‌သူေက်ာင္းၿပီးသြားတာေတာင္ အလုပ္တစ္ခုရဖို႔ သူ႔အတြက္ မလြယ္ကူခဲ့ဘူး ... ၾကားထဲမွာ သူလက္ထပ္လိုက္ေသးတယ္ေလ ... အဲ့ဒါေၾကာင့္ သူအလုပ္ရရင္ေတာင္ သူေအာင္ျမင္ရင္ေတာင္ သူ႔အမ်ိဳးသမီးရဲ႕အရွိန္အဝါေၾကာင့္ဆိုၿပီး စြပ္စြဲၾကျပန္တယ္ ~~ ၿပီးေတာ့ ေဂ်ာင္ကုက အလုပ္မရွိရင္ မေနႏိုင္တဲ့လူမ်ိဳးပါ ... ကြၽန္ေတာ့္အမႈကိစၥကို ကူညီေပးခဲ့တယ္ဆိုတာကလည္း အဲ့ဒါေၾကာင့္ပါပဲ ... ေဂ်ာင္ကုက ေကာလဟလေတြကအတိုင္းလူစားမ်ိဳးမဟုတ္ဘူးဆိုတာ စီအီးအိုကင္က ကြၽန္ေတာ့္ထက္ပိုသိမွာပါ ..."

စကားသံေတြအဆုံးသတ္မွာ သူ ေဂ်ာင္ကု‌အေပၚ သူအျမင္မၾကည္ခဲ့တာေတြ၊ အၿမဲတမ္း နာက်င္ေအာင္ ထိုးႏွက္ၿပီး ေျပာခဲ့တာေတြကို သူ တစတစ မွတ္မိလာသည္။ နဂိုကတည္းက နစ္နာေနခဲ့ၿပီးသားလူကို သူ ထပ္ၿပီး နာက်င္ေအာင္လုပ္မိေနခဲ့တာလား။

ျပန္ေတြ႕ကတည္းက ေတာက္ေလွ်ာက္စြပ္စြဲေနခဲ့တာေလ ~~

အဲ့ဒါအျပင္ ‌အေဖေျပာျပထားလို႔ သားသား သူ႔ကို လမ္းခြဲသြားရတဲ့အေၾကာင္းရင္းကိုလည္း သူ သိခဲ့ၿပီးၿပီျဖစ္သည္။ သားသား သူ႔ကို လမ္းခြဲခဲ့တာ ရွင္းခူ႐ိုေၾကာင့္မဟုတ္။ ရွင္းခူကို သေဘာက်လို႔ သူ႔ကို လမ္းခြဲခဲ့တာမဟုတ္။ ဒါဆို အခုမွ သူစဥ္းစားမိလာတာက ရွင္းခူ႐ိုကို ဘာျဖစ္လို႔ လက္ထပ္ခဲ့တာလဲ။ မေတာ္တဆ ကိုယ္ဝန္ရသြားခဲ့လို႔လား ...။

ႏွစ္နဲ႔ခ်ီၿပီး သူအထင္လြဲေနခဲ့တဲ့အေၾကာင္းအရာေတြကို ေနာက္မက်ခင္မွာ သူသိဖို႔ လိုအပ္လာၿပီျဖစ္သည္။ ထို႔ေၾကာင့္ သူခ်က္ခ်င္း မတ္တပ္ရပ္လိုက္မိသည္။

" ေက်းဇူးပဲ ... ခင္ဗ်ားေက်းဇူးနဲ႔ အခု ကြၽန္ေတာ္ ဘာဆက္လုပ္ရမယ္ဆိုတာ သိသြားတဲ့အတြက္ ေက်းဇူးပဲ "

အဲ့ဒီ့ေနာက္ သားသားေနာက္ ဆက္မလိုက္ေတာ့ဘဲ ရွင္းခူ႐ိုဆီ ဦးတည္သြားမိေတာ့သည္။

💠💠💠

" အဲ့ဒီ့တုန္းက ကိုကို သားသားေၾကာင့္နဲ႔ ႐ိုက္ခံထိတာေလ "

အမွတ္တရေတြမ်ားစြာရွိတဲ့ ကိုကို႔အခန္းထဲ သူေရ႐ြတ္ရင္း ဓာတ္ပုံေတြကို ျပန္ၾကည့္မိသည္။ ကြာရွင္းၿပီးကတည္းက  ကိုကိုဟာ အိမ္ႀကီးဆီျပန္မလာသလို ကြန္ဒိုကိုလည္း မျပန္ပါတဲ့။ သူ႔ကို ဖုန္းေလးတစ္ခ်က္ေတာင္ မဆက္သလို တီတီ့ကိုလည္း အဆက္အသြယ္ျဖတ္ထားသည္တဲ့။  သူ ဟိုတစ္ေန႔ စားေသာက္ဆိုင္မွာ ကိုကို႔ကို ေနာက္ဆုံးျမင္လိုက္ရတာျဖစ္သည္။ ပိစိေလးရွိေနတာမို႔ သူ မလြတ္မလပ္ျဖစ္ေနေပမယ့္ တီတီနဲ႔ ကိုကိုထယ္ေဟ်ာင္းက အရမ္းဂ႐ုစိုက္ေပးသည္။ သို႔ေပမယ့္ ကိုကို ဆူတာေလာက္ေတာ့ သူ႔ကို စိတ္ခ်မ္းသာမႈ မေပးႏိုင္။ ဒီၾကားထဲ မီဒီယာေတြဆီ မေပါက္ၾကားေအာင္ ထိန္းထိန္းသိမ္းသိမ္းေနရေသးသည္မို႔ သူ မြန္းက်ပ္ေနသလို ခံစားေနရသည္။ နာက်င္စရာေတြ ေျပာတတ္တဲ့ကိုကို႔ႏႈတ္ခမ္းကိုလည္း သူသိပ္သတိရသည္။

‌ေဂ်ာင္ကု ဓာတ္ပုံအေဟာင္းေတြ ၾကည့္ေနရင္း ေဆာ့ဂ်င္မ်က္ႏွာကို ပြတ္သပ္ကာ အလြမ္းေျဖေနမိသည္။ ထိုခဏမွာပဲ တုန္ယင္သြားတဲ့ဖုန္းေၾကာင့္ မက္ေဆ့ခ္်တစ္ေစာင္ဝင္လာမွန္း သိလိုက္သည္။ ပ်င္းရိစြာနဲ႔ပဲ ဖုန္းကို ဖြင့္ၾကည့္ေတာ့ ပို႔လာတဲ့သူေၾကာင့္ သူအံ့ဩကာ မ်က္ဝန္းေတြျပဴးက်ယ္သြားရသည္။

" ဟင္ ကိုကို!!"

ထူးထူးဆန္းဆန္း ကိုကို႔ဆီက မက္ေဆ့ခ္်မို႔ အံ့ဩကာ ဖတ္ၾကည့္မိေတာ့ သူ႔ကို ေတြ႕ ဖို႔ လိပ္စာတစ္ခုပို႔လာေပးတာျဖစ္သည္။

// ဘယ္သူမွ မသိေအာင္ တစ္ေယာက္တည္းလာခဲ့ ဂြၽန္ေဂ်ာင္ကု! ငါ့ကို မေတြ႕ခ်င္ရင္ေတာင္ ေရာက္ေအာင္လာခဲ့ မဟုတ္ရင္ ငါတို႔ တစ္သက္လုံး ‌ေတြ႕ရေတာ့မွာ မဟုတ္ဘူး //

စာနဲ႔တင္ ကိုကို႔ရဲ႕ခက္ထန္တဲ့ေလသံကို ၾကားေယာင္ေနေပမယ့္ ကိုကို႔ဆီက သူ႔ကိုေတြ႕ဖို႔ ခ်ိန္းဆိုတာမို႔ သူေပ်ာ္႐ႊင္သြားမိသည္။ ထို႔ေၾကာင့္ ေတြ႕ရမယ့္အခ်ိန္ကို သူၾကည့္မိေတာ့ သိပ္မလိုေတာ့။ ကိုကိုထယ္ေဟ်ာင္းနဲ႔ တီတီကလည္း အလုပ္ကိစၥေၾကာင့္ အျပင္ထြက္သြားတာဆိုေတာ့ သူ အခုခ်ိန္ေလာက္ ထြက္မွ ေတာ္ကာက်မည္။ဝမ္းသာအားရ ဖုန္းကို ေကာက္ကိုင္ကာ ေပါ့ေပါ့ပါးပါးအဝတ္အစားလဲရင္း ကိုကိုခ်ိန္းဆိုထားတဲ့ေနရာကို သူ ေပ်ာ္႐ႊင္စြာနဲ႔ ထြက္ခြာလာမိေတာ့သည္။

ပိစိေလးကို မလိုခ်င္လို႔ ဖ်က္ခ်ခိုင္းမွာ သူ ေၾကာက္ေနေပမယ့္ သူ တစ္သက္လုံးေရွာင္ဖယ္လို႔မွ မရတာေလ ... ကိုကို႔ကို နားဝင္ေအာင္ သူေသခ်ာေျပာျပဖို႔ အစြမ္းကုန္ႀကိဳးစားပါမည္။ ကိုကို မလိုခ်င္ဘူးလို႔ ေျပာတာက သူ႔ကို နာက်င္ေစေပမယ့္ ဘာျဖစ္လို႔ မလိုခ်င္ရလဲ သူသိတာမို႔ သူ ေဖ်ာင္းဖ်ဖို႔ကလြဲရင္ က်န္တာ မတတ္ႏိုင္။

အခုေတာ့ျဖင့္ အိမ္ႀကီးထဲကေန ခိုးထြက္ကာ ကိုကိုခ်ိန္းထားတဲ့ ဂ်ပန္စားေသာက္ဆိုင္ဆီ သူ ထြက္လာခဲ့လိုက္သည္။ ႀကိဳတင္မွာထားတဲ့အခန္းထဲေရာက္ေတာ့ ကိုကိုက သူ႔ထက္အရင္ေရာက္ေနႏွင့္ၿပီးသားမို႔ အံ့ဩမင္သက္သြားရသည္။

" ေရာက္ၿပီလား ထိုင္! "

သူ႔ကို တစ္ခ်က္ေလးေတာင္ မၾကည့္ဘဲ ေရေႏြးၾကမ္းငွဲ႔ကာ ထိုင္ဖို႔ ေျပာေတာ့ ကိုကို႔ေရွ႕တည့္တည့္ သူထိုင္လိုက္မိသည္။ ေရာက္ေရာက္ခ်င္း တစ္ခ်က္ေတာင္ မၾကည့္တာမို႔ သူဝမ္းနည္းကာ မ်က္ႏွာမဲ့သြားမိသည္။

" ေသာက္လိုက္ဦး ေမာေနတယ္မလား "

ေႏြးေႏြးေလးျဖစ္ေအာင္ အေအးခံထားပုံရတဲ့အၾကမ္း‌ရည္တစ္ခြက္ကို ‌သူ႔ေရွ႕တိုးေပးေတာ့ သူလွမ္းယူမိသည္။ ေသာက္ေတာ့ မေသာက္ေသး။ လြမ္းရလြန္းလို႔ ကိုကို႔လႈပ္ရွားမႈကိုသာ သူေငးေနမိေသးသည္။ အစားအေသာက္ေတြေရာက္မွ ကိုကိုဟာ သူ႔အတြက္ ျပင္ဆင္ေပးရင္း သူ႔ကို စိုက္ၾကည့္လာသည္။ ကိုကို႔မ်က္ဝန္းေတြမွာ ဝမ္းနည္းမႈ၊ နာက်င္မႈေတြအျပင္ အလြမ္းေတြကိုပါ ေတြ႕လိုက္ရတာမို႔ သူ႔မ်က္ဝန္းေတြ က်ိန္းစပ္လာရသည္။

" ကိုကို ~~ သားသားကို ဘာျဖစ္လို႔ ေတြ႕ခ်င္ရတာလဲ ~~ "

" လြမ္းလို႔ "

ျပန္မေျဖဘဲ တိတ္ဆိတ္မယ္ထင္ခဲ့ေပမယ့္ ခ်က္ခ်င္းႀကီးေျဖခ်လိုက္တဲ့စကားေၾကာင့္ သူ႔ရင္ဘတ္က ဒိတ္ကနဲ႔ ေဆာင့္တက္သည္။

" ဒါဆိုရင္ ဘာလို႔ေစာေစာလာမေတြ႕လဲ "

" ႐ူးေနလို႔ေလ "

သူ႔ကိုစိုက္ၾကည့္ကာ ေျပာလာတဲ့ ကိုကို႔စကားကို နားမလည္။

" ~~ ‌အရင္ဆုံး စားရေအာင္~~ စားၿပီးမွပဲ က်န္တာ ဆက္ေျပာၾကမယ္ ~~ မင္းကိုၾကည့္ရတာ တအားေဖ်ာ့ေတာ့လြန္းတယ္ ေဂ်ာင္ကု "

သူ‌ဆက္ေမးခ်င္တဲ့ ေမးခြန္းေတြကို ေမးခြင့္မရေအာင္ ကိုကိုက ပိတ္ပစ္ေတာ့ သူလည္း ဘာမွ ထပ္မေျပာေတာ့ဘဲ အစားအေသာက္ေတြကိုသာ အာ႐ုံထားလိုက္မိသည္။

" မ်ားမ်ားစားပါ မင္းအားရွိဖို႔ လိုတယ္ သားသား "

ကိုကိုကေတာ့ တစ္ခုေလးေတာင္မစားဘဲ သူစားဖို႔အတြက္ပဲ လုပ္ေပးေနေလေတာ့ သူမ်က္ႏွာမဲ့ခ်င္လာသည္။ ကိုကို သူ႔ကို အျပင္ေခၚထုတ္ရတဲ့အေၾကာင္းရင္းကို သူ သိပ္သိခ်င္ေနၿပီျဖစ္သည္။

" ေဂ်ာင္ကု ~ ကိုကိုနဲ႔ ပတ္သက္ၿပီး ဘာဆက္လုပ္မယ္ စဥ္းစားထားလဲ "

အစားေသာက္ေတြ ကုန္ခါနီးမွာ ေမးလာတဲ့ေမးခြန္းေၾကာင့္ သူ ဆက္မစားေတာ့ဘဲ ဇြန္းကို ခ်လိုက္မိသည္။

" ကိုကိုေရာ ဘာဆက္လုပ္မယ္ စဥ္းစားထားလဲ "

" မင္းကို ေမးေနတာေလ "

" ကြၽန္ေတာ္ကေတာ့ ေထြေထြထူးထူးမရွိဘူး ~~ ကိုကို႔ကို ေတြ႕ရတဲ့ေနရာမွာ ေနမယ္ ~~ ၿပီးရင္ ပိစိေလးကို ရေအာင္ ေခၚထုတ္မယ္ ~~ ပိစိေၾကာင့္ ကိုကို ကြၽန္ေတာ့္ကို လက္မခံခ်င္လည္းရတယ္ ဒါေပမဲ့ ကြၽန္ေတာ္ကေတာ့ ကိုကို လက္ခံတဲ့အခ်ိန္အထိ ေစာင့္မယ္ "

သူ႔စကားအဆုံး ကိုကိုမ်က္ႏွာလႊဲသြားသည္။ ပိစိေလးနဲ႔ပတ္သက္ၿပီး ကိုကို သူ႔ကို တုံ႔ျပန္ေပးတာမ်ိဳးမရွိ။

" ေဂ်ာင္ကု! စားၿပီးရင္ သြားရေအာင္! "

" ဘယ္ကိုလဲ "

" အိမ္! အိမ္ကို "

နည္းနည္းေအးတိေအးစက္ျဖစ္ေနတဲ့ ကိုကို႔ေၾကာင့္ သူ႔စိတ္ထဲ မတင္မက်ျဖစ္လာေပမယ့္ သူ ကိုကို႔စကားကို နာခံစြာ ကိုကို႔ကားေပၚ အတူပါလာမိသည္။

" အမ်ားႀကီးစားထားတယ္မလား ~~ ဒါေလးေသာက္လိုက္~~ မင္းနဲ႔ငါ ေျပာစရာစကားေတြအမ်ားႀကီး က်န္ေသးတယ္ အိမ္ေရာက္တဲ့အခါ ေျပာၾကမယ္ "

ကားေပၚေရာက္ေတာ့ အစာေၾကဖို႔အတြက္ ေဆးရည္လွမ္းေပးေတာ့ ကိုကို႔စကားနားေထာင္ကာ သူၿငိမ္ၿငိမ္သက္သက္ေနမိသည္။ သူထိခိုက္ေအာင္ေတာ့ ကိုကို မလုပ္ဘူးဆိုတာ သူေသခ်ာသိေနသည္ေလ။ သို႔ေပမယ့္ ေသာက္ၿပီး မၾကာတဲ့အခ်ိန္မွာပဲ တျဖည္းျဖည္း မူးေနာက္‌လာတဲ့ေခါင္းေၾကာင့္ သူ ကိုကို႔ကို ၾကည့္လိုက္မိသည္။

" ကိုကို ကြၽန္ေတာ့္ကို ဘာေတြတိုက္လိုက္တာလဲ ကိုကို! "

" အိပ္လိုက္ပါ ေဂ်ာင္ကု! မင္း ငါ့လက္က ေျပးမလြတ္ႏိုင္ပါဘူး "

" ကိုကို!!! "

" ေအးေအးေဆးေဆးအိပ္ၿပီး လိုက္ခဲ့! အိမ္ေရာက္ရင္ ငါ မင္းကို ႏႈိးလိုက္မယ္ ဂြၽန္ေဂ်ာင္ကု!"

သူ တစ္ခုခုကို တုံ႔ျပန္ေျပာခ်င္ခဲ့ေပမယ့္ တျဖည္းျဖည္းေဝဝါးလာတဲ့ ျမင္ကြင္းေတြေၾကာင့္ သူ အရႈံးေပးလိုက္မိေတာ့သည္။ တျဖည္းျဖည္းအိပ္ေမာက်သြားတဲ့ေဂ်ာင္ကုေၾကာင့္ ေဆာ့ဂ်င္ ကားကို လမ္းေဘးခ်ရပ္လိုက္မိသည္။ အဲ့ဒီ့ေနာက္ သူ႔ေဘးနားမွာ အိပ္ေမာက်သြားၿပီျဖစ္တဲ့ေဂ်ာင္ကုရဲ႕ပါးျပင္ေလးကို သူ ပြတ္သပ္ရင္း က်ိန္းစပ္လာတဲ့ မ်က္ဝန္းေတြကို မ်က္ေတာင္နဲ႔ပုတ္ခတ္မိသည္။

" ~~ ခ်စ္တယ္ ေဂ်ာင္ကု ~~ ဘာအေၾကာင္းျပခ်က္နဲ႔မွ ကိုကိုတို႔ေတြ ထပ္မေဝးၾကရေအာင္ သားသားရယ္ ~~ "

ႏွစ္ကိုယ္ၾကား တီးတိုးေရ႐ြတ္ရင္း ေဂ်ာင္ကု နဖူးေပၚ အနမ္းခပ္ဖြဖြေႁခြမိလိုက္သည္။ အဲ့ဒီ့ေနာက္ အဝတ္ပါးပါးေလးသာ ဝတ္လာခဲ့တဲ့ေဂ်ာင္ကုကိုယ္ေပၚကို သူ႔အ‌ေပၚကုတ္ထူထူၿခဳံေပးရင္း ဆိုးလ္ၿမိဳ႕ျပင္ဘက္သို႔ သူ ဦးတည္လိုက္မိသည္။

ဘယ္သူမွ ရွာမေတြ႕ႏိုင္တဲ့ေနရာကို အတူတူသြားၾကရေအာင္ သားသားရယ္ ~~

💠💠💠

15 April 2023

*** အဂၤါၿဂိဳဟ္ကေန လွမ္းၿပီး အပ္ပုဒိတ္ေပးလိုက္ပါတယ္ 💐 ကေလးေတြေရပတ္လို႔္မရေအာင္ အဂၤါၿဂိဳဟ္ေပၚေရာက္ေနတာမို႔ အပ္ပုဒိတ္ေလးေတြ ေနာက္က်သြားပါတယ္ ဇာတ္သိမ္းပိုင္းက ေနာက္တစ္ပိုင္းျဖစ္ႏိုင္ပါတယ္

There are no comments yet. Log in to be the first to leave a review!

Similar stories