Fanfics

【Me, Myself & Tharthar】

19:43, 6 April 2023

⟨ Unicode Version ⟩[ Me, Myself & TharThar]

Me, Myself = Seok Jin

" တော်လိုက်တော့ ဂျွန်ဂျောင်ကု!!!! "

ဟိန်းထွက်သွားတဲ့အော်သံအဆုံး ငါးနှစ်သားလေးရဲ့ မျက်ဝန်းက ဝိုင်းစက်ကြည်လဲ့လာကာ ပြိုတော့မယ့် မိုးအသွင်ဖြင့် အသနားခံသည်။

"  တားတားကို တိုတို အော်လိုက်တာယား  "

** သားသားကို ကိုကို အော်လိုက်တာယား **

မပီ့တပီအသံသေးသေးက ထွက်လာတော့ ဆော့ဂျင်မျက်ဝန်းတွေ အေးခဲကာ စိုက်ကြည့်မိသည်။

" .. သားသားရေ! တီတီ ပြန်ရောက်ပြီ !! ဆော့ဂျင်!! သားသား "

တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေဆဲအခိုက်အတန့်မှာပဲ အရှေ့ကနေ မာမီ့အော်သံကြားတာနဲ့ အသနားခံနေပုံရတဲ့သားသားမျက်နှာ ရုတ်ချည်းပြောင်းကာ မတရားခံနေရတဲ့အနေအထားဖြစ်ပြီး ချက်ချင်း စားပွဲဝိုင်းကနေ ပြေးထွက်သွားသညိ။ လုံးတုံးတုံးနဲ့ ပြေးထွက်သွားတဲ့ သားသားနောက်ကို ရင်တမမနဲ့ လိုက်လာသူက ကင်ဆော့ဂျင်ဆိုတဲ့ကိုကို။

" တီတီ!! အူဝါးးးးး !! တီတီ !!! ကိုကို သားသားကို အနိုင်ကျင့်နေတယ် !! တီတီ!! ကိုကို သားသားကို ~~ ဟင့် ~~ တီတီ!! "

အားကိုးတကြီး အပြေးသွားကာ ဆီးကြိုလာတဲ့ တီတီ့ကို ဖက်တွယ်ရင်း တိုင်တန်းမိတော့ ကိုကိုက သားသားကို မျက်မှောင်ကြုတ်ကာ ခါးထောက်ကြည့်သည်။ ဘာကိုမှ သေသေချာချာမသိသေးတဲ့တီတီကတော့ ငိုချင်ယောင်‌ဆောင်ဖို့ ကြိုးစားနေတဲ့သားသားကို ပွတ်သပ်ချော့မြူသည်။

ငိုချင်ယောင်ဆောင်နေတယ်ဆိုပေမယ့် သားသားရဲ့မျက်ဝန်းဝိုင်းဝိုင်းတွေကတော့ နီရဲစိုစွတ်နေပြီဖြစ်သည်။

" ဆော့ဂျင် သားသားကို ဘာလုပ်လိုက်ပြန်ပြီလဲ ပြော "

ဆော့ဂျင်ပြောပြရင်လည်း အဆူခံရမယ့်သူက ဆော့ဂျင်ကိုယ်တိုင်ပဲမို့ ဘာမှ မပြောဘဲ ပေတေတေနဲ့ မာမီ့ရင်ခွင်ထဲက သားသားကို စိုက်ကြည့်သည်။ မာမီ့ကို ဖက်တွယ်ပြီး တိုင်တန်းဖို့ ပြင်ဆင်နေတဲ့ငါးနှစ်သားလေးဟာ လက်ချောင်းလုံးလုံးတွေကို သူ့ဘက်ညွှန်ကာ မျက်နှာကို ဖွက်ပြီး စကားတွေ စတင်ရေရွတ်လာတော့သည်။

" တိုတိုကလေ တားတားကို မုန့်မကျွေးဘူး ... ကျွေးမယ်လို့ ကတိပေးထားပြီး မကျွေးတဲ့အပြင် တားတားကို ချူတယ် တီတီ ... "

*** ချူ = ဆူ

စကားကိုပီသအောင် ပြောတတ်လာပြီဖြစ်ပေမယ့် တစ်ခါတလေ အချွဲလွန်တဲ့အခါ တမင်သက်သက်ပြောလာသည့် သားသားရဲ့စကားလုံးတွေက ချစ်ဖို့ကောင်းလွန်းနေပေမယ့် အခုအကြိမ်မှာတော့ သူ မကျေမနပ်ကြည့်မိသည်။

" ဆော့ဂျင် မာမီ့ကို ပြောထားတယ်လေ ကလေးကို ကတိပေးပြီးရင် တည်အောင်လုပ်ပါလို့ ~~ မတည်နိုင်တဲ့စကားတွေ မပြောရဘူးလို့ ~~ "

အမြဲတမ်း သားသားဘက်က ကာဆီးကာဆီး လုပ်တတ်တဲ့မာမီကတော့ ထုံးစံအတိုင်း ‌သူ့ကို ဆူလာလေတော့ သူ သားသားကိုသာ ပြန်ကြည့်မိသည်။ သားသားကတော့ မာမီ့ရင်ခွင်ထဲကနေသာ သူ့ကို ပြောင်ပြနေသည်မို့ သူမျက်နှာလွှဲကာ မာမီ့ကို ကြည့်လိုက်မိသည်။

" ~~ မာမီ့သားက ဘာလုပ်နေလဲ မာမီသိလား "

ဆူအောင့်အောင့် ထွက်သွားတဲ့သူ့အသံကို မာမီက မျက်မှောင်ကြုတ်သည်။

" သားသားက ဘာလုပ်လို့လဲ "

" .... စားနေတာလေ ~~ ညည ဆို ချောင်းဆိုးလွန်းလို့ အိပ်လို့ မရတဲ့ကလေးက ‌ဂျယ်လီတွေအကုန်စားလိုက်တာလေ ~~ တခြား ချောင်းမဆိုးတဲ့ဟာတွေ အကုန်ကျွေးပေမယ့် စားမဝဘဲ ဂျယ်လီတွေပါ စားပစ်လိုက်တာလေ ~~ မကျွေးလို့ရှိရင် သူ့ဗိုက်ထဲက ကလေး သောင်းကျန်နေတယ်ဆိုပြီး ပြောနေတာလေ မာမီ"

ဆော့ဂျင်စကားကြောင့် နားမလည်ဟန်နဲ့ အံ့ဩသွားတဲ့မာမီ့ကို သူ စိတ်ဆိုးစွာ ကြည့်လိုက်မိသည်။

" ... မာမီသိလား သားသားက သူ့ဗိုက်ထဲမှာ ကလေးလေးရှိနေပြီဆိုပြီး ကစားနေတာ ~~ ဗိုက်ထဲမှာ ကလေးလေးရှိရင် စားချင်တာ အကုန်ကျွေးရမယ်တဲ့ ... ကလေးမွေးတမ်းကစားမယ်ဆိုပြီး ရေခဲသေတ္တာထဲက မုန့်တွေအကုန် စားနေတာ ~~ သူစားလို့ရတာမှန်သမျှ အကုန်ကျွေးပေမယ့် စားမရတဲ့ ဂျယ်လီတွေပါစားပြီ အခု ရေခဲမုန့်ပါတောင်းနေတာလေ .... ဒီလောက်ချောင်းဆိုးနေတာကို ကျွန်တော်က ကျွေးရမလား ... အဲ့ဒါကြောင့် တော်လိုက်တော့ လို့အော်မိတာကို !!!"

ဆော့ဂျင်စကားကြောင့် ဇာတ်ရည်လည်လာဟန်ရှိတဲ့မာမီဟာ သားသားကို ငုံ့ကြည့်ကာ 'ဟော အဲ့လိုလား' ဆိုတဲ့အကြည့်နဲ့ ကြည့်တော့ သားသားက အပြစ်မလုပ်ထားတဲ့ပုံစံနဲ့ မာမီ့ကို ပြုံးပြသည်။ သူ ထိုအရာကိုပဲ မျက်နှာဆူပုတ်ကာ ကြည့်ရင်း သားသားကို ပြောမိတော့သည်။

" အေး~~ ကိုကို ဒီနေ့ သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့မှာကို ဖျက်ပြီး သားသားနဲ့ ဆော့ပေးတာနော်... သားသားက အဲ့ဒီလို လုပ်မယ်ဆိုရင် ကိုကို့ကို လာမခေါ်နဲ့တော့ ~~ ကိုကို သူငယ်ချင်းတွေနဲ့ပဲ သွားကစားတော့မယ် ဂျွန်ဂျောင်ဂု!!"

အမြင့်သံကိုသုံးကာ ခပ်ဆောင့်ဆောင့်အော်ရင်း သားသားရှေ့ကနေ လှည့်ထွက်ပြီး အိမ်အပြင်က စက်ဘီးလေးယူကာ လှည့်ထွက်မိသည်။ မာမီကတော့ မနေ့ကတည်းက သူ စက်ဘီးလေးနဲ့ သူငယ်ချင်းအိမ်သွားမယ်ဆိုတာ သိလို့ တားတာမျိုးတော့မရှိ။ ထို့ကြောင့် သားသားကို စိတ်ဆိုးကာ အပြင်ထွက်လာမိတော့သည်။

ဆော့ဂျင် ထွက်သွားတာနဲ့ တီတီ့ရင်ခွင်ထဲရောက်နေတဲ့သားသားဟာ ခေါင်းထောင်ကာ ကိုကို့ကို မျှော်ငေးကြည့်သည်။ စနောက်တာမဟုတ်ဘဲ တကယ်ထွက်သွားမှန်းသိတော့ မျက်နှာက မည်းမှောင်အုံ့ဆိုင်းလာသည်။

" ကဲ သားသား ~~ ကိုကိုဆော့ဂျင်တော့ အပြင်ထွက်သွားပြီ ~~ ကိုကိုထယ်ဟျောင်းပဲ ကျန်တော့တယ် .. တီတီ့ကို ပြောပါဦး ဘာဖြစ်လို့ ချောင်းဆိုးစာတွေ စားရတာလဲ ...  "

ချော့မေးလာတဲ့တီတီ့မေးခွန်းကို မျက်လုံးလေး ပေကလပ်ပေကလပ် လုပ်ကာ သူ ပြန်ဖြေမိသည်။

" ဟို ~ သားသားကို မဆူနဲ့နော် ~~ သားသားစားချင်တာ မဟုတ်ဘူး ~~ သားသားဗိုက်ထဲက ကလေးက စားချင်တာ ~ "

" ဟင် "

" ဟုတ်တယ်လေ ဟိုးတစ်ခါတုန်းက ယူအဲတို့မေမေနဲ့တီတီပြောတယ်လေ ~~ ဗိုက်ထဲမှာ ကလေးလေးရှိနေလို့ အဲ့ကလေးက စားချင်တာကို ယူအဲမေမေက စားပေးရတယ်ဆိုပြီးတော့ ~~ အခု သားသားမှာ ကလေးလေးရှိတော့ ကလေးလေးစားချင်တာ သားသားစားပေးရတာပေါ့ "

" သားသားမှာ ဘယ်လိုလုပ် ကလေးလေးရှိမှာလဲ သားသားကိုယ်တိုင်က ကလေးလေးပဲကို "

" ဟုတ်ဘူး တီတီ သားသားမှာရှိတယ် ပြပေးမယ် ဒီမှာကြည့် "

ပြောပြောဆိုဆို တီတီ့ရင်ခွင်ကနေ ထကာ အင်္ကျီကို ဆွဲမတင်တော့ သားသားဗိုက်ထဲကနေ ပြုတ်ကျလာတာက ယုန်ပေါက်စ အရုပ်ကလေးတွေဖြစ်သည်။

" ဝါးးး တွေ့လား တီတီ သားသားရဲ့ကလေးလေးတွေ ~~ သားသားဗိုက်ထဲမှာ သူတို့ရှိနေလို့ သားသားက ဗိုက်ဆာနေတာပေါ့ "

" ဟုတ်ပါပြီ ဟုတ်ပါပြီ သားသားရယ်"

သားသားအပြုအမူကြောင့် တီတီက သဘောကျစွာ ရယ်ရင်း မေးခွန်းတွေ ထုတ်မိသည်။

" ဒါနဲ့ ~~ သားသားက လူလေ ~~ ဘာလို့ ယုန်ကလေးတွေ မွေးရတာလဲ "

" ကိုကိုက ယုန်ကလေးတွေချစ်တယ်လေ ~~ တီတီ သိလား သားသားက ကိုကို ချစ်တာတွေအကုန်လုံးမွေးပေးချင်တယ်လေ ~~ 

စကားတတ်လှပါတဲ့ သားသားကို တီတီအသည်းယားစွာ ပါးတစ်ဖက်ဆွဲညှစ်တော့ နာသွားတဲ့သားသားက မျက်နှာမဲ့ကာ အဝင်ဝဘက်ကို မျက်နှာမူသည်။

" တီတီ ~~ ကိုကိုက တကယ်ထွက်သွားပြီလား တီတီ ~~"

" ဒါပေါ့ သူငယ်ချင်းတွေနဲ့ ဂိမ်းဆိုင်သွားမယ်လို့ တီတီ့ကို မနေ့ကတည်းက ခွင့်တောင်းထားတာ ~~ သားသားက အိမ်မှာမနေချင်ဘဲ ကိုကို့နဲ့လိုက်သွားချင်လို့လား ~~ "

တီတီ့အမေးကိုတော့ သားသားကမျက်နှာပုတ်ကာ ခေါင်းခါရင်း ဆိုဖာထက် ဆင်းထိုင်သည်။ မျက်နှာမလှနေသည်မို့ ချော့မြူဖို့ တီတီ လက်လှမ်းလိုက်ပေမယ့် ဝင်လာတဲ့ဆေးရုံကဖုန်းကြောင့် တီတီ့လက်တွေ သားသားဆီ မရောက်ဘဲ ဖုန်းဆီ ရောက်သွားရတော့သည်။

အရေးကြီးပုံရတဲ့ဖုန်းကို ခဏတာပြောပြီးမှ သားသားဆီ ကြည့်မိတော့ သားသားက အိမ်အပေါက်ဝနားထွက်ကာ အဝင်ဝလမ်းပေါ်က ကိုကို့ကိုရှာနေဟန်ပင်။ ထို့ကြောင့် တီတီသက်ပြင်းချရင်း သားသားဆီ လှမ်းသွားမိတော့သည်။

" သားသား~ ကိုကို့ကို မျှော်နေတာလား "

" မဟုတ်ပါဘူး ~~ သားသား ပျင်းလို့ ကြည့်နေတာ "

မျှော်နေပါလျက်နဲ့ မဟုတ်ဘူး ချက်ချင်းငြင်းကာ အခန်းထဲ ပြန်ဝင်လာသည်မို့ တီတီ သားသားရဲ့စိတ်ကို သိလိုက်ပြီဖြစ်သည်။ ထို့ကြောင့် သားသားစိတ်မကောင်း မဖြစ်အောင် သူမ ဆေးရုံဘက်သွားရင်း ကိုကိုရှိနေမယ့်နေရာဆီ ပို့ပေးဖို့ ကြိုးစားမိတော့ ဧည့်ခန်းဘက် ပြတင်းပေါက်နေရာကနေ ခိုးကြောင်ခိုးဝှက် ပြန်ဝင်လာတဲ့ သားဖြစ်သူကိုမြင်တော့ သူမ မျက်ဝန်းတွေ ပြူးကျယ်သွားမိသည်။

" ဆေ~~ "

လှမ်းခေါ်ဖို့လုပ်လိုက်တဲ့အချိန်မှာပဲ သားဖြစ်သူက လက်ညှိုးလေးနဲ့ 'ရှူး တိုးတိုး' ပုံစံလုပ်ပြသည်မို့ သူမ အသံတိတ်ပြုံးလိုက်မိသည်။ သားဖြစ်သူ ကင်ဆော့ဂျင်သည် ဘယ်သောအခါမှ သားသားကို စိတ်မဆိုးနိုင်ပါကြောင်း သူမ ကောင်းကောင်းသိသည်လေ။

" ကဲ ~~ သားသား အဒေါ်ကြီးတို့နဲ့အိမ်မှာ ကစားနေနော် ~~ တီတီ အလုပ်ပြန်သွားရဦးမယ် ~~ ကိုကို ပြန်မလာရင်လည်း အပေါ်ထပ်မှာ ကိုကိုထယ်ဟျောင်းရှိတယ် ~~ ကိုကိုထယ်ဟျောင်းနဲ့ သွားကစားပေ့ါနော်~~ ကိုကိုထယ်ဟျောင်းနဲ့ကစားရင်တော့ ကိုကိုထယ်ဟျောင်းရဲ့ပန်းချီတွေကို မဖျက်ဆီးမိစေနဲ့ ~~ ဟုတ်ပြီလား "

သူမ အမှာစကားကြောင့် လက်မခံချင်၊ ခံချင်နဲ့ ခေါင်းညိတ်လာတဲ့သားသားဟာ သူမကို တာ့တာပြသည်။ အဲ့ဒီ့နောက် သားသားကို စိတ်ချလက်ချထားကာ အဒေါ်ကြီးကို အသိပေးပြီး သူမ အပြင်ထွက်လာခဲ့တော့သည်။

အိမ်မှာ ကျန်နေတဲ့သားသားကတော့ ဧည့်ခန်းစားပွဲပေါ်က ဖုန်းကိုယူပြီး နံပါတ်တစ်ခုကို နှိပ်လိုက်တော့သည်။ အဲ့ဒီ့အချိန်မှာပဲ အိမ်နောက်ဖေးကနေ အိမ်ပေါ်ထပ်ကို တက်နေတဲ့ကိုကို့ဖုန်းဆီက အသံတိုးတိုးမြည်လာတော့ ကိုကိုလည်း သားသားမြင်မှာစိုးတာမို့ နီးစပ်ရာအခန်းတစ်ခန်းဆီ ပြေးဝင်ရင်း ဖုန်းကိုင်လိုက်မိသည်။

" ဟယ်ရို တိုတို "

မပီတပီအသံလေး လုပ်လာပြန်တာမို့ ဆော့ဂျင် ကြိတ်ပြုံးရင်း မျက်နှာတည်ကာ အသံကို ခပ်ဆောင့်ဆောင့်နဲ့ပြန်ဖြေမိသည်။

" အေး ဘာလဲ "

" ဘယ်တော့ပြန်လာမှာလဲ ဘယ်အချိန်မှပြန်လာမှာလဲ ဒီမှာ တီတီ ကိုကို့ကို ဆူနေပြီ "

သားသားစကားကြောင့် ဆော့ဂျင် မျက်မှောင်ကြုတ်ရင်း ခဏတာ စဉ်းစားလိုက်မိသည်။

‌မာမီ့ကားသံက ခုနလေးကတင် အပြင်ထွက်သွားခဲ့တာလေ ~~ ဒါကို မာမီက ဘယ်လိုလုပ်ဆူလို့ရပါ့မလဲ မဟုတ်မှ သားသားက ပြန်လာစေချင်လို့ လိမ်ပြီး ပြောနေတာများလား

သံသယ‌ဖြစ်မိသည်မို့ သားသားကို သူမေးခွန်းထုတ်မိသည်။

" ဘယ်လိုဆူနေတာလဲ??"

" အဲ့ဒါက ဟို~~ ဟို သားသားကို ချန်ပြီး အပြင်ထွက်ဝါးလို့ "

" ဒါဆို မာမီ့ကို ဖုန်းပေးလိုက် ဂျောင်ကု! "

" မရဘူး ~~ တီတီက မအားနေဘူး ~~ တိုတို ချက်ချင်းပြန်မလာရင် ဒီည ဂိမ်းပေးမဆော့ဘူးတဲ့ တိုတို "

အသည်းအသန်ငြင်းနေပုံထောက် တကယ်ကို ညာခေါ်နေတာသိပြီမို့ ဆော့ဂျင်ပြုံးလိုက်မိသည်။

" အဲ့ဒါဆိုလည်း မဆော့တော့ဘူး ဂျောင်ကု! ငါ ဂိမ်းဆော့နေတယ် ဒါပဲ ချပြီ "

" နေဦး တို! တိုတို!! ~ တားတား~~ တစ်ယောက်~~ (တီ) "

ပြောပြီးတာနဲ့ သားသားပြန်ပြောတာကို စောင့်မနေဘဲ ဖုန်းချမိရင်း ဆော့ဂျင် ပြုံးလိုက်မိပြန်သည်။ အခုဆို သားသားက စူပုတ်ပုတ်နဲ့ ငိုမဲ့ငိုမဲ့ ဖြစ်နေမှာဖြစ်သည်။ သားသား သူ့ကို သတိရနေရအောင် သူ ဒီအခန်းထဲ ပုန်းရင်း နာရီဝက်လောက် ဂိမ်းဆော့ကာ ပြီးမှ သွားချော့ဖို့ သူရည်ရွယ်ပါသည်။ သူဝင်လာမိတဲ့အခန်းကို ကြည့်မိတော့ မာမီ့အလုပ်ခန်းဖြစ်နေသည်မို့ သူပျော်သွားမိသည်။ မာမီ့အလုပ်ခန်းက အေးအေးဆေးဆေးနဲ့ နေရတာ သက်သောင့်သက်သာရှိသည်မို့ပင်။ ထို့ကြောင့် မာမီ့စားပွဲဆီသွားပြီး ထိုင်ခုံပေါ်ထိုင်ကာ စားပွဲပေါ်ခြေထောက်တင်ရင်း ဂိမ်းဆော့ဖို့ ဂိမ်းထဲဝင်လိုက်မိသည်။ သို့ပေမယ့် သူ့ခြေထောက်နဲ့ တိုက်မိကာ ပြုတ်ကျသွားတဲ့စာရွက်စာတမ်းတွေကြောင့် သူ ဂိမ်းကိုချကာ စာရွက်တွေကိုကောက်ပြီး နေရာတကျပြန်ထားဖို့ ပြင်လိုက်မိသည်။ ထိုခဏမှာပဲ စာရွက်ပေါ်မှာ မြင်လိုက်ရတဲ့နာမည်နဲ့ ဓာတ်ပုံကြောင့် သူ မျက်မှောင်ကြုတ်သွားမိသည်။

' ဂျွန်ဂျောင်ကု'

သူ မာမီ့အလုပ်တွေ မစပ်စုချင်ပေမယ့် သားသားနာမည်နဲ့ သားသား ဓာတ်ပုံမို့ ချက်ချင်းစိုးရိမ်စိတ်တွေ မြင့်ကာ စာတွေဖတ်ကြည့်မိသည်။ သားသား ဘာရောဂါများဖြစ်နေမလဲ သိပ်စိုးရိမ်မိတာမို့ တုန်တုန်ယင်ယင်နဲ့ ဖတ်ကြည့်မိတော့ အများစုက သူနားမလည်။ သူ နားမလည်တဲ့စာကြောင်းတွေ တော်တော်များများရှိပေမယ့် သားသားကိစ္စမို့ အသေးစိတ်ဖတ်ရင်း မသိတာတွေကို ရှာကြည့်မိသည်။အဲ့ဒီ့စာရွက်စာတမ်းတွေကို သူနားလည်နိုင်ဖို့ အချိန် တစ်နာရီလောက်ယူလိုက်ရပြီး သူ သိလာရတာက သားသားဟာ ကလေးမွေးနိုင်တဲ့ထူးခြားတဲ့ကောင်လေးတစ်ယောက်ပင်။

သိသိချင်း သူလန့်သွားကာ ရေခဲမုန့်တူတူစားတဲ့နေ့တုန်းက သားသားရဲ့စကားတွေကို သူပြန်ကြားယောင်လာမိတော့သည်။

//" ~~~~~ဖြစ်နိုင်တယ်လို့ပြောတယ် ... ဘာဖြစ်လို့လဲ... ကိုကိုက ကလေးလေးလိုချင်တာလား ... ဒါဆိုရင် သားသား ကြီးလာကျရင် ကိုကို့အတွက် သားသားနဲ့တူတဲ့ကလေးလေးမွေးပေးမယ်လေ ... သားသားလေးရော မီးမီးလေးရော မွေးပေးမယ်!! "//

ဟိုတစ်နေ့ကတင် စစနောက်နောက်နဲ့ သူ့အတွက် ကလေးမွေးပေးမယ်ပြောခဲ့ပြီး ဒီနေ့တော့ ကလေးမွေးတမ်းကစားကာ ချွဲနေခဲ့ပါတဲ့သားသား။ ဒါဆို ကြီးလာတဲ့အခါ သားသားကလေးမွေးနိုင်ရင် သားသားက အဲ့ဒီလိုဖြစ်လာမှာလား ..။ သားသားကရော ဒီအကြောင်းတွေ သိရဲ့လား။

စာရွက်စာတမ်းထဲမှာ ရေးထားတာက ကလေးမွေးမယ်ဆို သေဆုံးနိုင်ခြေများသည်တဲ့၊ အခုထက်ထိ အောင်အောင်မြင်မြင်မွေးနိုင်တဲ့သူ ဆိုတာလည်း မရှိသေးဘူးတဲ့လေ။

စာရွက်စာတမ်းထဲက အကြောင်းအရာတွေကို ဆော့ဂျင်ဖတ်ရင်း နောက်ဆုံး စာရွက်ကို ချကာ ဂိမ်းမဆော့ဖြစ်ဘဲ သူ အခန်းထဲကနေ လေးပင်စွာ ထွက်လာမိသည်။

သူ့ရဲ့ချစ်လှစွာသော ညီငယ်လေးဟာ ဒီအကြောင်းတွေကို သိဦးမယ့်ပုံ မပေါ်ပါ၊ သိရင်တောင် ဒါကို သေချာနားလည်ဦးမှာမဟုတ်။ ကလေးတစ်ယောက်မွေးဖို့အတွက် သားသားကို အသက်ဆုံးရှုံးရမယ်ဆိုရင် အဲ့ဒီ့အရာကြီး မဖြစ်လာအောင် သူ တားမြစ်ပါမည်။ သူ သူ့ထက်ငယ်တဲ့ကလေးတွေကို ချစ်ပေမယ့် သားသားကို ဆုံးရှုံးပြီးမှ ရလာမယ့်ကလေးကို မလိုချင်။ သားသားကိုသာ သူချစ်သည်မို့ သားသား အန္တရာယ်မဖြစ်အောင် သူကာကွယ်ပါမည်။ သူ့အသက်က အခုမှ ၁၀ နှစ်သားပဲရှိသေးတယ်ဆိုပေမယ့် သားသားကို ကာကွယ်နိုင်အောင် သူ စပြီး ကြိုးစားတော့မှာဖြစ်သည်။

ဆယ်နှစ်သားလေးတစ်ယောက် အိမ်ပေါ်ထပ်ကနေ လေးပင်တဲ့ခြေလှမ်းတွေနဲ့ ဆင်းလာရင်း ဧည့်ခန်းထဲမှာ ရှိနေတဲ့ ကလေးငယ်လေးဆီ တရွေ့ရွေ့လှမ်းလာမိသည်။ ကလေးငယ်ကတော့ စားပွဲပေါ်ငုံ့ကာ တစ်ခုခုလုပ်နေသည်မို့ ဘေးနားဝန်းကျင်က လှုပ်ရှားမှုတွေကို မမြင်ရ။

" သားသား! "

ဆော့ဂျင်ခေါ်လိုက်တော့ ဖျတ်ကနဲ့ မော့ကြည့်လာတဲ့ သားသားဟာ မယုံနိုင်တဲ့မျက်ဝန်းတွေနဲ့ တမေ့တမောပင်။ နီရဲရဲမျက်ဝန်းတွေဟာ ဝိုင်းစက်စိုရွှဲနေတာမို့ ငိုထားတယ်ဆိုတာ သူသိလိုက်သည်။ ထို့ကြောင့် သားသားလေး ဝမ်းမနည်းစေဖို့ အလျော့ပေးကာ ချော့မြူဖို့ကြိုးစားတော့ သားသားက  သူ့ကို ခဏလောက်သာ စိုက်ကြည့်ပြီး မျက်နှာလွှဲကာ သူ့ကို ကျောခိုင်းသွားသည်။

" သားသား!! "

" ... "

" သားသား!! "

ပခုံးကို ကိုင်ကာ ခေါ်နေပေမယ့် ခေါင်းလုံးလုံးလေးကတော့ 'ကိုကို့ကို စိတ်ဆိုးနေတယ်' ပြောနေသယောင် မလှည့်လာတာမို့ ဆော့ဂျင် မျက်နှာစူပုတ်သွားမိသည်။

စိတ်ဆိုးမိတာက သူ!ချော့ရမှာလည်း သူ!

ဘာဖြစ်ဖြစ် သူသာ အမြဲတမ်းရှုံးသည်မို့ ဒီတစ်ခါလည်း သားသားကို အလျော့ပေးရတော့မှာပင်။

" ဒီမှာ ဂျွန်ဂျောင်ကု!! "

အလျော့ပေးတယ် ဆိုပေမယ့် ခပ်ဆတ်ဆတ်ခေါ်ကာ ပခုံးကို ဆွဲလှည့်မိသည်။

" ဒီမှာ!!! ဂျွန်ဂျောင်ကု!! ကိုကို့ကိုကြည့် "

ခေါင်းကိုပါ ဆွဲလှည့်မှ လှည့်ကြည့်ပါတဲ့သားသားဟာ ‌နှုတ်ခမ်းတွေကို ရှုံ့မဲ့ကာ ငိုနေပြီ ဖြစ်သည်။ သားသားကို ဆူဆူအောင့်အောင့်ပြောပြီး ချော့ဖို့ စဉ်းစားထားတဲ့သူ့အတွေးတွေအကုန် လွင့်ပြယ်ကာ ထိတ်ထိတ်ပျာပျာဖြစ်သွားရတော့သည်။

" သားသား!! ဘာဖြစ်လို့လဲ!! ဘာဖြစ်လို့ငိုနေရတာလဲ ..."

မေးလိုက်မှ ပိုဆိုးကာ အသံထွက်ပြီး တအီအီ လုပ်လာတာမို့ ဆော့ဂျင် ပွေ့ဖက်လိုက်မိသည်။ ငိုထားလို့ နှပ်တွေနဲ့ ရွှဲနေတဲ့သားသားကတော့ သူ့အင်္ကျီကို မျက်နှာအပ်ကာ လက်ဖောင်းဖောင်းတွေက သူ့ကို ပြန်ပွေ့ဖက်လာသည်။

" ( ဟင့်! ~~~ ရွှတ် ~~ ဟင့်!) "

" သားသား~~ ဘာဖြစ်လို့လဲ ... ဝမ်းနည်းလို့လား ~~ ကိုကို့သားသားကို ဘယ်သူ ဝမ်းနည်းအောင်လုပ်လိုက်တာလဲ "

ခေါင်းလုံးလုံးကိုပွတ်ကာ မေးမိတော့ သားသားက သူ့ကိုမော့ကြည့်လာသည်။

" တိုတို ရုပ်တာယေ "( ကိုကိုလုပ်တာလေ )

ငိုထားသည်မို့ ရှိုက်ဝင်နေတဲ့အသံက မပီသစွာ ထွက်လာတော့ သိပ်ကို ချစ်စရာကောင်းနေသည်မို့ သူရယ်လိုက်မိသည်။

" ဟင် ဟုတ်ယား~ တိုတိုရုပ်တာယား "(ဟင် ဟုတ်လား ကိုကိုလုပ်တာလား )

သားသားအသံကိုတုကာ ပြန်ပြောမိတော့ သားသား လက်သေးသေးတွေက သူ့ကို ရိုက်ပုတ်တော့သည်။

" သားသားက ကောင်းကောင်းပြောနေတာကို !!! တိုတိုက စိတ်တိုအောင် လာစနေတယ်!! တိုတိုပဲ သားသားနဲ့ ကဂျားပေးမယ်ဆိုပြီး နေခဲ့တာလေ ~~ သားသားလည်း ကဂျားနေတဲ့ဟာကို ဘာလို့ တိုတိုက တိုတို့ သူငယ်ချင်းဆီ  ... (အဟွတ်)..... သွားဝါးရတာယဲ ... ဒီနေ့ တိုတိုထယ်ဟျောင်းက မကဂျားဘူးပြောထားတဲ့ဟာကို ... (အဟွတ်) သားသားကို တိုတိုက တစ်ယောက်တည်းချန်ခဲ့တယ် ... တားတားတစ်ယောက်တည်း သနားစရာကောင်းတယ် ~~ ဘာလို့ တားတားကို တစ်ယောက်တည်း ချန်ခဲ့တာလဲ ..  ကိုကို တားတားကို မချစ်တော့ဘူးယား ~~~ တားတားနဲ့ တူတူ မဆော့ချင်တော့ဘူးယား ~~ ဟီး ~~ ဟင့် ဟင့် အဟွတ်!  "

ပြောလည်း ပြော၊ ချောင်းကလည်းဆိုး၊ လက်ကလည်း သူ့ကို ထုရိုက်ရင်း ငိုပါငိုချလာသည်မို့ ဆော့ဂျင် တိတ်တိတ်လေး ကြိတ်ပြုံးကာ သားသားရဲ့ကျောပြင်လေးကို ပွတ်သပ်ပေးမိသည်။ ပီလိုက် မပီလိုက်ဖြစ်နေတဲ့သားသားရဲ့စကားသံဟာ သိပ်ကို ချစ်စရာကောင်းလွန်းသည်။ သူ့တုန်းက အသက် ၈ နှစ်ခွဲလောက်ထိ စကားမပီသေးပေမယ့် သားသားကတော့ ငါးနှစ်နဲ့တင်  ပီသအောင် တော်တော်လေး ပြောနိုင်နေပြီဖြစ်သည်။ သူ ကိုယ်တိုင်ကလည်း ကလေးတစ်ယောက်အရွယ်ဆိုပေမယ့် သူ့အောက်မှာ ထယ်ဟျောင်းနဲ့ သားသား ရှိနေတာက သူ့ကိုယ်သူ လူကြီးလေးလို့ မြင်လာစေသည်။ ထို့ကြောင့် ရီတော့မယ့်စိတ်ကို ချုပ်တည်းကာ သားသားရဲ့ပါးဖောင်းဖောင်းပေါ်က မျက်ရည်တွေကို လက်နဲ့ ဖိသုတ်မိသည်။

" ကဲ ကိုကို့ကလေးလေး~~ အူကြူးကြူးပိစိလေး မငိုနဲ့တော့နော် .... သားသားက တီတီ့ကို မဟုတ်တာတွေ တိုင်ပြောလိုက်တော့ ကိုကိုဆူခံထိတယ်လေ ... ပြီးတော့ သားသားက ချောင်းဆိုးနေတာကို မစားရတဲ့ဟာတွေ စားလိုက်တာကိုး ..."

သားသားနားလည်စေဖို့ ရည်ရွည်ပြီး သားသားအပေါ် သူမကျေနပ်တာကို ချော့ပြောတော့ စဉ်းစားနေပုံရတဲ့ မျက်လုံးဝိုင်းဝိုင်းလေးက မလုပ်သင့်ကြောင်း သိလာပုံရသည်။ သို့ပေမယ့် အလျော့မပေးချင်တဲ့သားသားဟာ သူ့ကို လှည့်ပတ်ကာ အဖြေပြန်ပေးပါတော့သည်။

" အဲ့ဒါကြောင့် တီတီ့ကို ပြောလိုက်တာယေ ... တီတီအရင်သိဝါးရင် တားတား အရင်ချူခံရမှာလေ ~~  ပြီး‌တော့ တိုတိုက သားသားကို ချစ်တယ်မဟုတ်လား .... ချစ်ရင် သားသားအစား တိုတို ချူခံရမှာပေါ့ ~~~ သားသားလည်း ဆေးသောက်နေတာပဲကို ~~ ဒီတခါပဲ ချားမိတာကို တိုတိုက စိတ်ပုတ်ပြီး သားသားကို အရင်လာချူတာကိုး ~~~ "

အပြစ်လွှတ်အောင် ပြောလာလေတော့ဆော့ဂျင်ပြုံးရင်း ငိုထားတဲ့သားသားကို ပွေ့ဖက်ကာ ကျောပြင်လေးကို ပွတ်သပ်ပေးလိုက်ပြန်သည်။

" နောက်ခါဆို ကိုကို့စကားနားထောင်ရမယ်နော် ~~ မဟုတ်ရင် သားသားနဲ့ မဆော့ဘဲ အပြင်ထွက်တော့မှာ!!"

" ဟုတ် !! နားထောင်မယ် တိုတို ~~ တိုတို သားသားကို တစ်ယောက်တည်း မထားခဲ့နဲ့နော် ~~ သားသား များရီး ဝမ်းနည်းတယ် ~~ "

မပွင့်တပွင့်နဲ့ ပြောလာပြန်တော့ ဆော့ဂျင် သဘောကျစွာ ပြုံးရင်း စားပွဲပေါ်က သားသားအလုပ်ရှုပ်နေခဲ့တဲ့အရာကို သူ အကြည့်ရောက်သွားမိသည်။ စုံလင်လှတဲ့အရောင်အသွေးတွေနဲ့ ရုပ်ပုံတွေကို မြင်မိတာနဲ့ အံ့ဩကာ သားသားကို ဖက်ထားရာကနေ ဖယ်ခွာပြီး ကောက်ကိုင်လိုက်မိသည်။

" ဒါက ?? "

သူကိုင်ထားတာကို သားသားကပါလိုက်ကြည့်ရင်း သူ့ကို သွားဖြဲပြကာ ပြုံးလာပြန်သည်။ သားသားရဲ့မျက်တောင်လေးကတော့ မျက်ရည်တွေကြောင့် ဟိုတစ်စု ဒီတစ်စုနဲ့ စုပုံကော့ညွှန့်နေသည်။

" ဟီးဟီး! ဒါက (အဟွတ်) ... တိုတိုရယ် ~~ သားသားရယ် ~~ ကလေးလေးရယ်လေ ~~ ခုနက သားသားတို့ ကလေးမွေးတမ်းဆော့တယ် ~~ အဲ့ဒီ့အတွက် မိသားစုဓာတ်ပုံ ~~ တိုတိုပြန်လာရင် ‌ဆက်ဆော့ဖို့ ဆွဲထားတာ "

သားသားစကားကြောင့် အပေါ်ထပ်မှာ သူမြင်ခဲ့ရတာကို ပြန်သတိရသွားရင်း ခဏတာ ငြိမ်သက်ကာ ကြည့်မိသည်။ သားသားဆွဲထားတဲ့ပုံလေးဟာ သူ့ပုံရယ်၊ သားသားပုံရယ်၊ ပြီးတော့ အလယ်မှာ ယုန်ကလေးရယ်။

သူ ဝမ်းနည်းစွာ ကြည့်ရင်း သားသားရဲ့ခေါင်းလုံးလုံးလေးကို လက်နဲ့ပွတ်သပ်မိသည်။

" တိုတို့အတွက် လက်ချောင် "

ပြောရင်း ပြုံးရယ်ကာ ပျော်ရွှင်လာသည်မို့ သူပါရောယောင်ပြီး ပြုံးလိုက်မိသည်။ သို့ပေမယ့် စိတ်ထဲမှာတော့ ဘာကိုမှ ရေရေရာရာ နားမလည်သေးခင်ကတည်းက ချမှတ်လိုက်မိတဲ့ ဆုံးဖြတ်ချက်တစ်ခုရှိသည်။  သားသား ကလေးမမွေးနိုင်အောင်၊ ကလေးမွေးမရအောင် သူ အစွမ်းကုန်ကြိုးစားပြီး တားမြစ်ဖို့ပင်။

သားသားပါးပြင်ပေါ်က သိပ်ကိုချစ်မြတ်နိုးဖို့ကောင်းတဲ့အပြုံးလှလှလေးတွေ မပျောက်ပျက်ဖို့အတွက်၊ သူနဲ့ သားသား အကြာကြီးနေနိုင်ဖို့အတွက် သားသားကြီးလာတဲ့အခါ ဒီကိစ္စတွေ မဖြစ်နိုင်အောင် သူ တားဆီးပါမည်။ အခုတော့ ငိုနေရာကနေ ပျော်ရွှင်လာတဲ့ကလေးကိုပဲ ကြည့်ကာ သူပါ ပြုံးရင်း မိသားစုပုံဆိုတဲ့ ပုံကလေးကို သူ သိမ်းဆည်းထားဖို့ ရည်ရွယ်လိုက်မိသည်။

မိသားစု!

သူ့အတွက် မိသားစုဆိုတာက တကွဲတပြားပဲဖြစ်နေခဲ့ဝာာမို့လို့ သူ့ဘာသာသူ မိသားစုလို့ခေါင်းစဉ်တပ်ရမယ်ဆိုရင် သားသားနဲ့သူ နှစ်ယောက်တည်းသာ မိသားစုလုပ်ချင်ပါသည်။ သားသားဆွဲထားတဲ့ပုံထဲကအတိုင်း ယုန်ကလေးဆိုတဲ့ ကလေးသားလေးကို သူ မလိုချင်။ သူရွေးချယ်ထားမိတဲ့ သားသားနဲ့သူရဲ့နှစ်ယောက်ကမ္ဘာကို မိသားစုထပ်ဖြည့်ရမယ်ဆိုရင်တော့ အဲ့ဒါဟာ ကင်ထယ်ဟျောင်းဆိုတဲ့ ညီငယ်ပဲ ဖြစ်ပါလိမ့်မည်။

ဧည့်ခန်းထဲမှာတော့ ပျော်ရွှင်နေတဲ့ကလေးလေးကို ကြည့်ရင်း ပြုံးရယ်လာတဲ့ကလေးလေးရှိနေခဲ့သည်။ ထိုမြင်ကွင်းကိုတော့ လှေကားထိပ်ကာနေ ရပ်ကြည့်နေခဲ့တဲ့ ကောင်ငယ်လေးတစ်ယောက်။

သူကတော့ ကင်ထယ်ဟျောင်း!

" ... အစ်ကိုဆော့ဂျင်! သားသား ဂျောင်ဂျောင်ကု!! "

မျက်နှာမဲ့မဲ့လေးနဲ့ ထယ်ဟျောင်း လှမ်းခေါ်လိုက်မိတော့ အောက်ထပ်ဧည့်ခန်းက ကလေးနှစ်ယောက် ထယ်ဟျောင်းကို မော့ကြည့်သည်။

" ... ရေခဲသေတ္တာထဲက ထယ်ထယ့်စတော်ပယ်လီတွေ ပယ်သူယူလိုက်လဲ "

ဆူပုတ်ကာ မေးနေပြီမို့ ကိုကိုနဲ့ သားသား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိသည်။

" ဟိဟိ "

" သားဟာ ပယ်သူယူလိုက်လဲလို့!!!! မနက်ကတည်းက ဘာမှ မချားဘဲ စတော်ပယ်လီပဲ ချားမယ်ပြောထားတာယေ!!!! ဘယ်သူ ခိုးချားလိုက်ယဲလို့ !!"

မျက်နှာက ငိုတော့မှာမို့ ‌သားသားက ကိုကိုထယ်ဟျောင်းကိုကြည့်ကာ ကိုကို့ကိုအချက်ပြသည်။ ကိုကိုကတော့ သားသားအချက်ပြတာကို သဘောမပေါက်သေး။ ထို့ကြောင့် နောက်ဆုံးအနေနဲ့ သားသားဆီကနေ အသံထွက်လာသည်။

" ဟီးဟီး တိုတိုထယ်ဟျောင်း~~ April FOOLLLLLLLL "

ပြောပြီးတာနဲ့ ကိုကို့လက်ကိုဆွဲကာ အပေါ်ထပ်ပြေးတက်သည်မို့ ထယ်ဟျောင်းနားကနေ ဖြတ်တိုက်သွားသည်။ ထယ်ဟျောင်းကတော့ ဘာကိုဆိုလိုလဲ ခဏစဉ်းစားနေသေးတာနဲ့ တူသည်။ သားသားနဲ့ကိုကို ထယ်ဟျောင်းကို ကျော်သွားမှ အသိဝင်ကာ သားသားနဲ့ကိုကိုအနောက်ကို ပြေးလိုက်တော့သည်။

" ရား!!!!!! April FOOLLLLLLLL က အဲ့ဒါမဟုတ်ဘူး!!! အဲ့ဒါက ခိုးချားတာ!!! ခိုးချားတာဖြစ်ဝါးပြီ !!! သားသား ပြန်ပေး!! ကိုကိုထယ်ထယ့်ဟာ ပြန်ပေး !!"

အခန်းထဲမရောက်ခင်မှာပဲ သဘောပေါက်ကာပြေးလိုက်သည်မို့ ဆော့ဂျင်လည်း ထယ်ဟျောင်း လိုက်မမှီနိုင်အောင် အမြန်ပြေးရတော့သည်။

" ဟုတ်တယ် တိုတိုထယ်ဟျောင်း!!! တိုတိုပြောတယ် !! တိုတိုထယ်ဟျောင်းမေးရင် April FOOL လို့ပြောလိုက်လို့ တိုတိုပြောထားတယ်!!! အဲ့ဒါ April FOOLပဲ တိုတိုထယ်ဟျောင်း "

ပြေးရင်းလွှားရင်း ဆော့ဂျင်ကိုပါ ဆွဲထည့်လာတော့ ဆော့ဂျင် သားသားကို 'ဘာလို့လဲ' ဆိုပြီးပြူးကြည့်မိသည်။ သားသားကတော့ 'တိုတိုပဲ သားသားအစား ခံလိုက်တော့' ပြောနေသယောင် ပြန်ကြည့်ကာ ပြူးပြလာသည်မို့ ထယ်ဟျောင်းကို ဆော့ဂျင်ကြည့်မိသည်။ ထယ်ဟျောင်းကတော့ မပြုံးနိုင်လောက်အောင် မျက်နှာမဲ့ကာ စိတ်ဆိုးနေပြီမို့ ထယ်ဟျောင်းနဲ့ မိရင်တော့မလွယ်။

" မဟုတ်ဘူးရို့!! ဧပရယ်ဖူးလ်က စပဲစရမှာ တကယ်မချားရဘူး!! ခုပြန်ပေး!! မပေးရင် တီတီနဲ့တိုင်မှာ ပြန်ပေး!!! ထယ်ထယ့်စတော်ပယ်လီတွေပြန်ပေး!! "

ငိုမဲ့မဲ့နဲ့တောင်းကာ သားသားနဲ့သူ့အနောက် ပြေးလိုက်နေတဲ့‌ထယ်ဟျောင်းကိုတော့ ရယ်မောမိရင်း ထယ်ဟျောင်း မမိအောင် ရှောင်ပြေးနေခဲ့ပါတော့သည်။

ထိုနေ့က အိမ်ကြီးရဲ့ဒုတိယအထပ်မှာ  ပျော်ရွှင်စွာ ပြေးလွှားနေကြတဲ့ ကလေးနှစ်ယောက်အနောက်ကို ငိုမဲ့မဲ့နဲ့ကလေးလေးတစ်ယောက် လိုက်နေတဲ့ပုံရိပ်တွေ ပြည့်နှက်ရင်း သမရိုးကျညနေခင်းတစ်ခု ရှိခဲ့ပါသည်။

သို့ပေမယ့် ထိုအရာအားလုံးဟာ လွမ်းမောဖွယ်ကောင်းလွန်းတဲ့ အတိတ်ဆိုတာကို စာဖတ်သူတို့ သတိထားမိတဲ့အချိန်မှာတော့ ကိုကိုဟာ အသည်းကြွေမတတ်နာကျင်နေရတဲ့အချိန်တစ်ခုဆီ ရောက်‌နှင့်နေခဲ့ပြီးပြီဖြစ်သည်။     ။

💠💠💠

အပိုင်း (၂၇) မလာခင် April Fool အတွက် လက်ဆောင်အဖြစ် ရေးထားပေးတဲ့ အတိုလေးတစ်ဖြတ်ပါ။  ရေးပြီးတာ ကြာပေမယ့် ဂျင်နာ အချိန်မရသေးလို့ လာမတင်ပေးဖြစ်တာပါ။ အပိုင်း (၂၇)ကိုတော့ သင်္ကြန်တွင်းရုံးပိတ်ရက်ကျမှ အေးဆေးရေးပြီး တင်ပေးပါ့မယ်နော်။  သင်္ကြန်ကာလအတွင်းမှာတော့ ကိုကိုနဲ့သားသား ဇာတ်သိမ်းဖို့ ရည်ရွယ်ထားပါတယ် ♡♡⁠。 အပ်ပုဒိတ်တွေ အရမ်းကြာနေခဲ့တဲ့အတွက်လည်း တောင်းပန်ပါတယ် ... ဂျင်နာလည်း မနက်ဆို သုံးနာရီလောက်မှ အိပ်ရတဲ့အထိ အလုပ်တွေရှုပ်နေသေးလို့ပါ ...

ပြီးတော့ဒီအပိုင်းလေးကိုလေ side story အနေနဲ့ပဲဖတ်ပေးပါနော် .. ကိုကိုနဲ့သားသားငယ်ဘဝမှာ အမှတ်တရတွေအများကြီးရှိတဲ့အထဲက တစ်ခုကို ဆွဲထုတ်ပြီး ရေးထားပေးတာမို့လို့ပါ

▬▬▬▬▬▬▬▬▬▬▬▬▬▬▬◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇▬▬▬▬▬▬▬▬▬▬▬▬▬▬▬

⟨ Zawgyi Version ⟩[ Me, Myself & TharThar]Me, Myself. = Seok Jin " ေတာ္လိုက္ေတာ့ ဂြၽန္ေဂ်ာင္ကု!!!! "

ဟိန္းထြက္သြားတဲ့ေအာ္သံအဆုံး ငါးႏွစ္သားေလးရဲ႕ မ်က္ဝန္းက ဝိုင္းစက္ၾကည္လဲ့လာကာ ၿပိဳေတာ့မယ့္ မိုးအသြင္ျဖင့္ အသနားခံသည္။

"  တားတားကို တိုတို ေအာ္လိုက္တာယား  "

** သားသားကို ကိုကို ေအာ္လိုက္တာယား **

မပီ့တပီအသံေသးေသးက ထြက္လာေတာ့ ေဆာ့ဂ်င္မ်က္ဝန္းေတြ ေအးခဲကာ စိုက္ၾကည့္မိသည္။

" .. သားသားေရ! တီတီ ျပန္ေရာက္ၿပီ !! ေဆာ့ဂ်င္!! သားသား "

တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္ေနဆဲအခိုက္အတန႔္မွာပဲ အေရွ႕ကေန မာမီ့ေအာ္သံၾကားတာနဲ႔ အသနားခံေနပုံရတဲ့သားသားမ်က္ႏွာ ႐ုတ္ခ်ည္းေျပာင္းကာ မတရားခံေနရတဲ့အေနအထားျဖစ္ၿပီး ခ်က္ခ်င္း စားပြဲဝိုင္းကေန ေျပးထြက္သြားသညိ။ လုံးတုံးတုံးနဲ႔ ေျပးထြက္သြားတဲ့ သားသားေနာက္ကို ရင္တမမနဲ႔ လိုက္လာသူက ကင္ေဆာ့ဂ်င္ဆိုတဲ့ကိုကို။

" တီတီ!! အူဝါးးးးး !! တီတီ !!! ကိုကို သားသားကို အႏိုင္က်င့္ေနတယ္ !! တီတီ!! ကိုကို သားသားကို ~~ ဟင့္ ~~ တီတီ!! "

အားကိုးတႀကီး အေျပးသြားကာ ဆီးႀကိဳလာတဲ့ တီတီ့ကို ဖက္တြယ္ရင္း တိုင္တန္းမိေတာ့ ကိုကိုက သားသားကို မ်က္ေမွာင္ၾကဳတ္ကာ ခါးေထာက္ၾကည့္သည္။ ဘာကိုမွ ေသေသခ်ာခ်ာမသိေသးတဲ့တီတီကေတာ့ ငိုခ်င္ေယာင္‌ေဆာင္ဖို႔ ႀကိဳးစားေနတဲ့သားသားကို ပြတ္သပ္ေခ်ာ့ျမဴသည္။

ငိုခ်င္ေယာင္ေဆာင္ေနတယ္ဆိုေပမယ့္ သားသားရဲ႕မ်က္ဝန္းဝိုင္းဝိုင္းေတြကေတာ့ နီရဲစိုစြတ္ေနၿပီျဖစ္သည္။

" ေဆာ့ဂ်င္ သားသားကို ဘာလုပ္လိုက္ျပန္ၿပီလဲ ေျပာ "

ေဆာ့ဂ်င္ေျပာျပရင္လည္း အဆူခံရမယ့္သူက ေဆာ့ဂ်င္ကိုယ္တိုင္ပဲမို႔ ဘာမွ မေျပာဘဲ ေပေတေတနဲ႔ မာမီ့ရင္ခြင္ထဲက သားသားကို စိုက္ၾကည့္သည္။ မာမီ့ကို ဖက္တြယ္ၿပီး တိုင္တန္းဖို႔ ျပင္ဆင္ေနတဲ့ငါးႏွစ္သားေလးဟာ လက္ေခ်ာင္းလုံးလုံးေတြကို သူ႔ဘက္ၫႊန္ကာ မ်က္ႏွာကို ဖြက္ၿပီး စကားေတြ စတင္ေရ႐ြတ္လာေတာ့သည္။

" တိုတိုကေလ တားတားကို မုန႔္မေကြၽးဘူး ... ေကြၽးမယ္လို႔ ကတိေပးထားၿပီး မေကြၽးတဲ့အျပင္ တားတားကို ခ်ဴတယ္ တီတီ ... "

*** ခ်ဴ = ဆူ

စကားကိုပီသေအာင္ ေျပာတတ္လာၿပီျဖစ္ေပမယ့္ တစ္ခါတေလ အခြၽဲလြန္တဲ့အခါ တမင္သက္သက္ေျပာလာသည့္ သားသားရဲ႕စကားလုံးေတြက ခ်စ္ဖို႔ေကာင္းလြန္းေနေပမယ့္ အခုအႀကိမ္မွာေတာ့ သူ မေက်မနပ္ၾကည့္မိသည္။

" ေဆာ့ဂ်င္ မာမီ့ကို ေျပာထားတယ္ေလ ကေလးကို ကတိေပးၿပီးရင္ တည္ေအာင္လုပ္ပါလို႔ ~~ မတည္ႏိုင္တဲ့စကားေတြ မေျပာရဘူးလို႔ ~~ "

အၿမဲတမ္း သားသားဘက္က ကာဆီးကာဆီး လုပ္တတ္တဲ့မာမီကေတာ့ ထုံးစံအတိုင္း ‌သူ႔ကို ဆူလာေလေတာ့ သူ သားသားကိုသာ ျပန္ၾကည့္မိသည္။ သားသားကေတာ့ မာမီ့ရင္ခြင္ထဲကေနသာ သူ႔ကို ေျပာင္ျပေနသည္မို႔ သူမ်က္ႏွာလႊဲကာ မာမီ့ကို ၾကည့္လိုက္မိသည္။

" ~~ မာမီ့သားက ဘာလုပ္ေနလဲ မာမီသိလား "

ဆူေအာင့္ေအာင့္ ထြက္သြားတဲ့သူ႔အသံကို မာမီက မ်က္ေမွာင္ၾကဳတ္သည္။

" သားသားက ဘာလုပ္လို႔လဲ "

" .... စားေနတာေလ ~~ ညည ဆို ေခ်ာင္းဆိုးလြန္းလို႔ အိပ္လို႔ မရတဲ့ကေလးက ‌ဂ်ယ္လီေတြအကုန္စားလိုက္တာေလ ~~ တျခား ေခ်ာင္းမဆိုးတဲ့ဟာေတြ အကုန္ေကြၽးေပမယ့္ စားမဝဘဲ ဂ်ယ္လီေတြပါ စားပစ္လိုက္တာေလ ~~ မေကြၽးလို႔ရွိရင္ သူ႔ဗိုက္ထဲက ကေလး ေသာင္းက်န္ေနတယ္ဆိုၿပီး ေျပာေနတာေလ မာမီ"

ေဆာ့ဂ်င္စကားေၾကာင့္ နားမလည္ဟန္နဲ႔ အံ့ဩသြားတဲ့မာမီ့ကို သူ စိတ္ဆိုးစြာ ၾကည့္လိုက္မိသည္။

" ... မာမီသိလား သားသားက သူ႔ဗိုက္ထဲမွာ ကေလးေလးရွိေနၿပီဆိုၿပီး ကစားေနတာ ~~ ဗိုက္ထဲမွာ ကေလးေလးရွိရင္ စားခ်င္တာ အကုန္ေကြၽးရမယ္တဲ့ ... ကေလးေမြးတမ္းကစားမယ္ဆိုၿပီး ေရခဲေသတၱာထဲက မုန႔္ေတြအကုန္ စားေနတာ ~~ သူစားလို႔ရတာမွန္သမွ် အကုန္ေကြၽးေပမယ့္ စားမရတဲ့ ဂ်ယ္လီေတြပါစားၿပီ အခု ေရခဲမုန႔္ပါေတာင္းေနတာေလ .... ဒီေလာက္ေခ်ာင္းဆိုးေနတာကို ကြၽန္ေတာ္က ေကြၽးရမလား ... အဲ့ဒါေၾကာင့္ ေတာ္လိုက္ေတာ့ လို႔ေအာ္မိတာကို !!!"

ေဆာ့ဂ်င္စကားေၾကာင့္ ဇာတ္ရည္လည္လာဟန္ရွိတဲ့မာမီဟာ သားသားကို ငုံ႔ၾကည့္ကာ 'ေဟာ အဲ့လိုလား' ဆိုတဲ့အၾကည့္နဲ႔ ၾကည့္ေတာ့ သားသားက အျပစ္မလုပ္ထားတဲ့ပုံစံနဲ႔ မာမီ့ကို ၿပဳံးျပသည္။ သူ ထိုအရာကိုပဲ မ်က္ႏွာဆူပုတ္ကာ ၾကည့္ရင္း သားသားကို ေျပာမိေတာ့သည္။

" ေအး~~ ကိုကို ဒီေန႔ သူငယ္ခ်င္းေတြနဲ႔ ဂိမ္းေဆာ့မွာကို ဖ်က္ၿပီး သားသားနဲ႔ ေဆာ့ေပးတာေနာ္... သားသားက အဲ့ဒီလို လုပ္မယ္ဆိုရင္ ကိုကို႔ကို လာမေခၚနဲ႔ေတာ့ ~~ ကိုကို သူငယ္ခ်င္းေတြနဲ႔ပဲ သြားကစားေတာ့မယ္ ဂြၽန္ေဂ်ာင္ဂု!!"

အျမင့္သံကိုသုံးကာ ခပ္ေဆာင့္ေဆာင့္ေအာ္ရင္း သားသားေရွ႕ကေန လွည့္ထြက္ၿပီး အိမ္အျပင္က စက္ဘီးေလးယူကာ လွည့္ထြက္မိသည္။ မာမီကေတာ့ မေန႔ကတည္းက သူ စက္ဘီးေလးနဲ႔ သူငယ္ခ်င္းအိမ္သြားမယ္ဆိုတာ သိလို႔ တားတာမ်ိဳးေတာ့မရွိ။ ထို႔ေၾကာင့္ သားသားကို စိတ္ဆိုးကာ အျပင္ထြက္လာမိေတာ့သည္။

ေဆာ့ဂ်င္ ထြက္သြားတာနဲ႔ တီတီ့ရင္ခြင္ထဲေရာက္ေနတဲ့သားသားဟာ ေခါင္းေထာင္ကာ ကိုကို႔ကို ေမွ်ာ္ေငးၾကည့္သည္။ စေနာက္တာမဟုတ္ဘဲ တကယ္ထြက္သြားမွန္းသိေတာ့ မ်က္ႏွာက မည္းေမွာင္အုံ႔ဆိုင္းလာသည္။

" ကဲ သားသား ~~ ကိုကိုေဆာ့ဂ်င္ေတာ့ အျပင္ထြက္သြားၿပီ ~~ ကိုကိုထယ္ေဟ်ာင္းပဲ က်န္ေတာ့တယ္ .. တီတီ့ကို ေျပာပါဦး ဘာျဖစ္လို႔ ေခ်ာင္းဆိုးစာေတြ စားရတာလဲ ...  "

ေခ်ာ့ေမးလာတဲ့တီတီ့ေမးခြန္းကို မ်က္လုံးေလး ေပကလပ္ေပကလပ္ လုပ္ကာ သူ ျပန္ေျဖမိသည္။

" ဟို ~ သားသားကို မဆူနဲ႔ေနာ္ ~~ သားသားစားခ်င္တာ မဟုတ္ဘူး ~~ သားသားဗိုက္ထဲက ကေလးက စားခ်င္တာ ~ "

" ဟင္ "

" ဟုတ္တယ္ေလ ဟိုးတစ္ခါတုန္းက ယူအဲတို႔ေမေမနဲ႔တီတီေျပာတယ္ေလ ~~ ဗိုက္ထဲမွာ ကေလးေလးရွိေနလို႔ အဲ့ကေလးက စားခ်င္တာကို ယူအဲေမေမက စားေပးရတယ္ဆိုၿပီးေတာ့ ~~ အခု သားသားမွာ ကေလးေလးရွိေတာ့ ကေလးေလးစားခ်င္တာ သားသားစားေပးရတာေပါ့ "

" သားသားမွာ ဘယ္လိုလုပ္ ကေလးေလးရွိမွာလဲ သားသားကိုယ္တိုင္က ကေလးေလးပဲကို "

" ဟုတ္ဘူး တီတီ သားသားမွာရွိတယ္ ျပေပးမယ္ ဒီမွာၾကည့္ "

ေျပာေျပာဆိုဆို တီတီ့ရင္ခြင္ကေန ထကာ အက်ႌကို ဆြဲမတင္ေတာ့ သားသားဗိုက္ထဲကေန ျပဳတ္က်လာတာက ယုန္ေပါက္စ အ႐ုပ္ကေလးေတြျဖစ္သည္။

" ဝါးးး ေတြ႕လား တီတီ သားသားရဲ႕ကေလးေလးေတြ ~~ သားသားဗိုက္ထဲမွာ သူတို႔ရွိေနလို႔ သားသားက ဗိုက္ဆာေနတာေပါ့ "

" ဟုတ္ပါၿပီ ဟုတ္ပါၿပီ သားသားရယ္"

သားသားအျပဳအမူေၾကာင့္ တီတီက သေဘာက်စြာ ရယ္ရင္း ေမးခြန္းေတြ ထုတ္မိသည္။

" ဒါနဲ႔ ~~ သားသားက လူေလ ~~ ဘာလို႔ ယုန္ကေလးေတြ ေမြးရတာလဲ "

" ကိုကိုက ယုန္ကေလးေတြခ်စ္တယ္ေလ ~~ တီတီ သိလား သားသားက ကိုကို ခ်စ္တာေတြအကုန္လုံးေမြးေပးခ်င္တယ္ေလ ~~ 

စကားတတ္လွပါတဲ့ သားသားကို တီတီအသည္းယားစြာ ပါးတစ္ဖက္ဆြဲညႇစ္ေတာ့ နာသြားတဲ့သားသားက မ်က္ႏွာမဲ့ကာ အဝင္ဝဘက္ကို မ်က္ႏွာမူသည္။

" တီတီ ~~ ကိုကိုက တကယ္ထြက္သြားၿပီလား တီတီ ~~"

" ဒါေပါ့ သူငယ္ခ်င္းေတြနဲ႔ ဂိမ္းဆိုင္သြားမယ္လို႔ တီတီ့ကို မေန႔ကတည္းက ခြင့္ေတာင္းထားတာ ~~ သားသားက အိမ္မွာမေနခ်င္ဘဲ ကိုကို႔နဲ႔လိုက္သြားခ်င္လို႔လား ~~ "

တီတီ့အေမးကိုေတာ့ သားသားကမ်က္ႏွာပုတ္ကာ ေခါင္းခါရင္း ဆိုဖာထက္ ဆင္းထိုင္သည္။ မ်က္ႏွာမလွေနသည္မို႔ ေခ်ာ့ျမဴဖို႔ တီတီ လက္လွမ္းလိုက္ေပမယ့္ ဝင္လာတဲ့ေဆး႐ုံကဖုန္းေၾကာင့္ တီတီ့လက္ေတြ သားသားဆီ မေရာက္ဘဲ ဖုန္းဆီ ေရာက္သြားရေတာ့သည္။

အေရးႀကီးပုံရတဲ့ဖုန္းကို ခဏတာေျပာၿပီးမွ သားသားဆီ ၾကည့္မိေတာ့ သားသားက အိမ္အေပါက္ဝနားထြက္ကာ အဝင္ဝလမ္းေပၚက ကိုကို႔ကိုရွာေနဟန္ပင္။ ထို႔ေၾကာင့္ တီတီသက္ျပင္းခ်ရင္း သားသားဆီ လွမ္းသြားမိေတာ့သည္။

" သားသား~ ကိုကို႔ကို ေမွ်ာ္ေနတာလား "

" မဟုတ္ပါဘူး ~~ သားသား ပ်င္းလို႔ ၾကည့္ေနတာ "

ေမွ်ာ္ေနပါလ်က္နဲ႔ မဟုတ္ဘူး ခ်က္ခ်င္းျငင္းကာ အခန္းထဲ ျပန္ဝင္လာသည္မို႔ တီတီ သားသားရဲ႕စိတ္ကို သိလိုက္ၿပီျဖစ္သည္။ ထို႔ေၾကာင့္ သားသားစိတ္မေကာင္း မျဖစ္ေအာင္ သူမ ေဆး႐ုံဘက္သြားရင္း ကိုကိုရွိေနမယ့္ေနရာဆီ ပို႔ေပးဖို႔ ႀကိဳးစားမိေတာ့ ဧည့္ခန္းဘက္ ျပတင္းေပါက္ေနရာကေန ခိုးေၾကာင္ခိုးဝွက္ ျပန္ဝင္လာတဲ့ သားျဖစ္သူကိုျမင္ေတာ့ သူမ မ်က္ဝန္းေတြ ျပဴးက်ယ္သြားမိသည္။

" ေဆ~~ "

လွမ္းေခၚဖို႔လုပ္လိုက္တဲ့အခ်ိန္မွာပဲ သားျဖစ္သူက လက္ညႇိဳးေလးနဲ႔ 'ရႉး တိုးတိုး' ပုံစံလုပ္ျပသည္မို႔ သူမ အသံတိတ္ၿပဳံးလိုက္မိသည္။ သားျဖစ္သူ ကင္ေဆာ့ဂ်င္သည္ ဘယ္ေသာအခါမွ သားသားကို စိတ္မဆိုးႏိုင္ပါေၾကာင္း သူမ ေကာင္းေကာင္းသိသည္ေလ။

" ကဲ ~~ သားသား အေဒၚႀကီးတို႔နဲ႔အိမ္မွာ ကစားေနေနာ္ ~~ တီတီ အလုပ္ျပန္သြားရဦးမယ္ ~~ ကိုကို ျပန္မလာရင္လည္း အေပၚထပ္မွာ ကိုကိုထယ္ေဟ်ာင္းရွိတယ္ ~~ ကိုကိုထယ္ေဟ်ာင္းနဲ႔ သြားကစားေပ့ါေနာ္~~ ကိုကိုထယ္ေဟ်ာင္းနဲ႔ကစားရင္ေတာ့ ကိုကိုထယ္ေဟ်ာင္းရဲ႕ပန္းခ်ီေတြကို မဖ်က္ဆီးမိေစနဲ႔ ~~ ဟုတ္ၿပီလား "

သူမ အမွာစကားေၾကာင့္ လက္မခံခ်င္၊ ခံခ်င္နဲ႔ ေခါင္းညိတ္လာတဲ့သားသားဟာ သူမကို တာ့တာျပသည္။ အဲ့ဒီ့ေနာက္ သားသားကို စိတ္ခ်လက္ခ်ထားကာ အေဒၚႀကီးကို အသိေပးၿပီး သူမ အျပင္ထြက္လာခဲ့ေတာ့သည္။

အိမ္မွာ က်န္ေနတဲ့သားသားကေတာ့ ဧည့္ခန္းစားပြဲေပၚက ဖုန္းကိုယူၿပီး နံပါတ္တစ္ခုကို ႏွိပ္လိုက္ေတာ့သည္။ အဲ့ဒီ့အခ်ိန္မွာပဲ အိမ္ေနာက္ေဖးကေန အိမ္ေပၚထပ္ကို တက္ေနတဲ့ကိုကို႔ဖုန္းဆီက အသံတိုးတိုးျမည္လာေတာ့ ကိုကိုလည္း သားသားျမင္မွာစိုးတာမို႔ နီးစပ္ရာအခန္းတစ္ခန္းဆီ ေျပးဝင္ရင္း ဖုန္းကိုင္လိုက္မိသည္။

" ဟယ္႐ို တိုတို "

မပီတပီအသံေလး လုပ္လာျပန္တာမို႔ ေဆာ့ဂ်င္ ႀကိတ္ၿပဳံးရင္း မ်က္ႏွာတည္ကာ အသံကို ခပ္ေဆာင့္ေဆာင့္နဲ႔ျပန္ေျဖမိသည္။

" ေအး ဘာလဲ "

" ဘယ္ေတာ့ျပန္လာမွာလဲ ဘယ္အခ်ိန္မွျပန္လာမွာလဲ ဒီမွာ တီတီ ကိုကို႔ကို ဆူေနၿပီ "

သားသားစကားေၾကာင့္ ေဆာ့ဂ်င္ မ်က္ေမွာင္ၾကဳတ္ရင္း ခဏတာ စဥ္းစားလိုက္မိသည္။

‌မာမီ့ကားသံက ခုနေလးကတင္ အျပင္ထြက္သြားခဲ့တာေလ ~~ ဒါကို မာမီက ဘယ္လိုလုပ္ဆူလို႔ရပါ့မလဲ မဟုတ္မွ သားသားက ျပန္လာေစခ်င္လို႔ လိမ္ၿပီး ေျပာေနတာမ်ားလား

သံသယ‌ျဖစ္မိသည္မို႔ သားသားကို သူေမးခြန္းထုတ္မိသည္။

" ဘယ္လိုဆူေနတာလဲ??"

" အဲ့ဒါက ဟို~~ ဟို သားသားကို ခ်န္ၿပီး အျပင္ထြက္ဝါးလို႔ "

" ဒါဆို မာမီ့ကို ဖုန္းေပးလိုက္ ေဂ်ာင္ကု! "

" မရဘူး ~~ တီတီက မအားေနဘူး ~~ တိုတို ခ်က္ခ်င္းျပန္မလာရင္ ဒီည ဂိမ္းေပးမေဆာ့ဘူးတဲ့ တိုတို "

အသည္းအသန္ျငင္းေနပုံေထာက္ တကယ္ကို ညာေခၚေနတာသိၿပီမို႔ ေဆာ့ဂ်င္ၿပဳံးလိုက္မိသည္။

" အဲ့ဒါဆိုလည္း မေဆာ့ေတာ့ဘူး ေဂ်ာင္ကု! ငါ ဂိမ္းေဆာ့ေနတယ္ ဒါပဲ ခ်ၿပီ "

" ေနဦး တို! တိုတို!! ~ တားတား~~ တစ္ေယာက္~~ (တီ) "

ေျပာၿပီးတာနဲ႔ သားသားျပန္ေျပာတာကို ေစာင့္မေနဘဲ ဖုန္းခ်မိရင္း ေဆာ့ဂ်င္ ၿပဳံးလိုက္မိျပန္သည္။ အခုဆို သားသားက စူပုတ္ပုတ္နဲ႔ ငိုမဲ့ငိုမဲ့ ျဖစ္ေနမွာျဖစ္သည္။ သားသား သူ႔ကို သတိရေနရေအာင္ သူ ဒီအခန္းထဲ ပုန္းရင္း နာရီဝက္ေလာက္ ဂိမ္းေဆာ့ကာ ၿပီးမွ သြားေခ်ာ့ဖို႔ သူရည္႐ြယ္ပါသည္။ သူဝင္လာမိတဲ့အခန္းကို ၾကည့္မိေတာ့ မာမီ့အလုပ္ခန္းျဖစ္ေနသည္မို႔ သူေပ်ာ္သြားမိသည္။ မာမီ့အလုပ္ခန္းက ေအးေအးေဆးေဆးနဲ႔ ေနရတာ သက္ေသာင့္သက္သာရွိသည္မို႔ပင္။ ထို႔ေၾကာင့္ မာမီ့စားပြဲဆီသြားၿပီး ထိုင္ခုံေပၚထိုင္ကာ စားပြဲေပၚေျခေထာက္တင္ရင္း ဂိမ္းေဆာ့ဖို႔ ဂိမ္းထဲဝင္လိုက္မိသည္။ သို႔ေပမယ့္ သူ႔ေျခေထာက္နဲ႔ တိုက္မိကာ ျပဳတ္က်သြားတဲ့စာ႐ြက္စာတမ္းေတြေၾကာင့္ သူ ဂိမ္းကိုခ်ကာ စာ႐ြက္ေတြကိုေကာက္ၿပီး ေနရာတက်ျပန္ထားဖို႔ ျပင္လိုက္မိသည္။ ထိုခဏမွာပဲ စာ႐ြက္ေပၚမွာ ျမင္လိုက္ရတဲ့နာမည္နဲ႔ ဓာတ္ပုံေၾကာင့္ သူ မ်က္ေမွာင္ၾကဳတ္သြားမိသည္။

' ဂြၽန္ေဂ်ာင္ကု'

သူ မာမီ့အလုပ္ေတြ မစပ္စုခ်င္ေပမယ့္ သားသားနာမည္နဲ႔ သားသား ဓာတ္ပုံမို႔ ခ်က္ခ်င္းစိုးရိမ္စိတ္ေတြ ျမင့္ကာ စာေတြဖတ္ၾကည့္မိသည္။ သားသား ဘာေရာဂါမ်ားျဖစ္ေနမလဲ သိပ္စိုးရိမ္မိတာမို႔ တုန္တုန္ယင္ယင္နဲ႔ ဖတ္ၾကည့္မိေတာ့ အမ်ားစုက သူနားမလည္။ သူ နားမလည္တဲ့စာေၾကာင္းေတြ ေတာ္ေတာ္မ်ားမ်ားရွိေပမယ့္ သားသားကိစၥမို႔ အေသးစိတ္ဖတ္ရင္း မသိတာေတြကို ရွာၾကည့္မိသည္။အဲ့ဒီ့စာ႐ြက္စာတမ္းေတြကို သူနားလည္ႏိုင္ဖို႔ အခ်ိန္ တစ္နာရီေလာက္ယူလိုက္ရၿပီး သူ သိလာရတာက သားသားဟာ ကေလးေမြးႏိုင္တဲ့ထူးျခားတဲ့ေကာင္ေလးတစ္ေယာက္ပင္။

သိသိခ်င္း သူလန႔္သြားကာ ေရခဲမုန႔္တူတူစားတဲ့ေန႔တုန္းက သားသားရဲ႕စကားေတြကို သူျပန္ၾကားေယာင္လာမိေတာ့သည္။

//" ~~~~~ျဖစ္ႏိုင္တယ္လို႔ေျပာတယ္ ... ဘာျဖစ္လို႔လဲ... ကိုကိုက ကေလးေလးလိုခ်င္တာလား ... ဒါဆိုရင္ သားသား ႀကီးလာက်ရင္ ကိုကို႔အတြက္ သားသားနဲ႔တူတဲ့ကေလးေလးေမြးေပးမယ္ေလ ... သားသားေလးေရာ မီးမီးေလးေရာ ေမြးေပးမယ္!! "//

ဟိုတစ္ေန႔ကတင္ စစေနာက္ေနာက္နဲ႔ သူ႔အတြက္ ကေလးေမြးေပးမယ္ေျပာခဲ့ၿပီး ဒီေန႔ေတာ့ ကေလးေမြးတမ္းကစားကာ ခြၽဲေနခဲ့ပါတဲ့သားသား။ ဒါဆို ႀကီးလာတဲ့အခါ သားသားကေလးေမြးႏိုင္ရင္ သားသားက အဲ့ဒီလိုျဖစ္လာမွာလား ..။ သားသားကေရာ ဒီအေၾကာင္းေတြ သိရဲ႕လား။

စာ႐ြက္စာတမ္းထဲမွာ ေရးထားတာက ကေလးေမြးမယ္ဆို ေသဆုံးႏိုင္ေျခမ်ားသည္တဲ့၊ အခုထက္ထိ ေအာင္ေအာင္ျမင္ျမင္ေမြးႏိုင္တဲ့သူ ဆိုတာလည္း မရွိေသးဘူးတဲ့ေလ။

စာ႐ြက္စာတမ္းထဲက အေၾကာင္းအရာေတြကို ေဆာ့ဂ်င္ဖတ္ရင္း ေနာက္ဆုံး စာ႐ြက္ကို ခ်ကာ ဂိမ္းမေဆာ့ျဖစ္ဘဲ သူ အခန္းထဲကေန ေလးပင္စြာ ထြက္လာမိသည္။

သူ႔ရဲ႕ခ်စ္လွစြာေသာ ညီငယ္ေလးဟာ ဒီအေၾကာင္းေတြကို သိဦးမယ့္ပုံ မေပၚပါ၊ သိရင္ေတာင္ ဒါကို ေသခ်ာနားလည္ဦးမွာမဟုတ္။ ကေလးတစ္ေယာက္ေမြးဖို႔အတြက္ သားသားကို အသက္ဆုံးရႈံးရမယ္ဆိုရင္ အဲ့ဒီ့အရာႀကီး မျဖစ္လာေအာင္ သူ တားျမစ္ပါမည္။ သူ သူ႔ထက္ငယ္တဲ့ကေလးေတြကို ခ်စ္ေပမယ့္ သားသားကို ဆုံးရႈံးၿပီးမွ ရလာမယ့္ကေလးကို မလိုခ်င္။ သားသားကိုသာ သူခ်စ္သည္မို႔ သားသား အႏၲရာယ္မျဖစ္ေအာင္ သူကာကြယ္ပါမည္။ သူ႔အသက္က အခုမွ ၁၀ ႏွစ္သားပဲရွိေသးတယ္ဆိုေပမယ့္ သားသားကို ကာကြယ္ႏိုင္ေအာင္ သူ စၿပီး ႀကိဳးစားေတာ့မွာျဖစ္သည္။

ဆယ္ႏွစ္သားေလးတစ္ေယာက္ အိမ္ေပၚထပ္ကေန ေလးပင္တဲ့ေျခလွမ္းေတြနဲ႔ ဆင္းလာရင္း ဧည့္ခန္းထဲမွာ ရွိေနတဲ့ ကေလးငယ္ေလးဆီ တေ႐ြ႕ေ႐ြ႕လွမ္းလာမိသည္။ ကေလးငယ္ကေတာ့ စားပြဲေပၚငုံ႔ကာ တစ္ခုခုလုပ္ေနသည္မို႔ ေဘးနားဝန္းက်င္က လႈပ္ရွားမႈေတြကို မျမင္ရ။

" သားသား! "

ေဆာ့ဂ်င္ေခၚလိုက္ေတာ့ ဖ်တ္ကနဲ႔ ေမာ့ၾကည့္လာတဲ့ သားသားဟာ မယုံႏိုင္တဲ့မ်က္ဝန္းေတြနဲ႔ တေမ့တေမာပင္။ နီရဲရဲမ်က္ဝန္းေတြဟာ ဝိုင္းစက္စို႐ႊဲေနတာမို႔ ငိုထားတယ္ဆိုတာ သူသိလိုက္သည္။ ထို႔ေၾကာင့္ သားသားေလး ဝမ္းမနည္းေစဖို႔ အေလ်ာ့ေပးကာ ေခ်ာ့ျမဴဖို႔ႀကိဳးစားေတာ့ သားသားက  သူ႔ကို ခဏေလာက္သာ စိုက္ၾကည့္ၿပီး မ်က္ႏွာလႊဲကာ သူ႔ကို ေက်ာခိုင္းသြားသည္။

" သားသား!! "

" ... "

" သားသား!! "

ပခုံးကို ကိုင္ကာ ေခၚေနေပမယ့္ ေခါင္းလုံးလုံးေလးကေတာ့ 'ကိုကို႔ကို စိတ္ဆိုးေနတယ္' ေျပာေနသေယာင္ မလွည့္လာတာမို႔ ေဆာ့ဂ်င္ မ်က္ႏွာစူပုတ္သြားမိသည္။

စိတ္ဆိုးမိတာက သူ!ေခ်ာ့ရမွာလည္း သူ!

ဘာျဖစ္ျဖစ္ သူသာ အၿမဲတမ္းရႈံးသည္မို႔ ဒီတစ္ခါလည္း သားသားကို အေလ်ာ့ေပးရေတာ့မွာပင္။

" ဒီမွာ ဂြၽန္ေဂ်ာင္ကု!! "

အေလ်ာ့ေပးတယ္ ဆိုေပမယ့္ ခပ္ဆတ္ဆတ္ေခၚကာ ပခုံးကို ဆြဲလွည့္မိသည္။

" ဒီမွာ!!! ဂြၽန္ေဂ်ာင္ကု!! ကိုကို႔ကိုၾကည့္ "

ေခါင္းကိုပါ ဆြဲလွည့္မွ လွည့္ၾကည့္ပါတဲ့သားသားဟာ ‌ႏႈတ္ခမ္းေတြကို ရႈံ႕မဲ့ကာ ငိုေနၿပီ ျဖစ္သည္။ သားသားကို ဆူဆူေအာင့္ေအာင့္ေျပာၿပီး ေခ်ာ့ဖို႔ စဥ္းစားထားတဲ့သူ႔အေတြးေတြအကုန္ လြင့္ျပယ္ကာ ထိတ္ထိတ္ပ်ာပ်ာျဖစ္သြားရေတာ့သည္။

" သားသား!! ဘာျဖစ္လို႔လဲ!! ဘာျဖစ္လို႔ငိုေနရတာလဲ ..."

ေမးလိုက္မွ ပိုဆိုးကာ အသံထြက္ၿပီး တအီအီ လုပ္လာတာမို႔ ေဆာ့ဂ်င္ ေပြ႕ဖက္လိုက္မိသည္။ ငိုထားလို႔ ႏွပ္ေတြနဲ႔ ႐ႊဲေနတဲ့သားသားကေတာ့ သူ႔အက်ႌကို မ်က္ႏွာအပ္ကာ လက္ေဖာင္းေဖာင္းေတြက သူ႔ကို ျပန္ေပြ႕ဖက္လာသည္။

" ( ဟင့္! ~~~ ႐ႊတ္ ~~ ဟင့္!) "

" သားသား~~ ဘာျဖစ္လို႔လဲ ... ဝမ္းနည္းလို႔လား ~~ ကိုကို႔သားသားကို ဘယ္သူ ဝမ္းနည္းေအာင္လုပ္လိုက္တာလဲ "

ေခါင္းလုံးလုံးကိုပြတ္ကာ ေမးမိေတာ့ သားသားက သူ႔ကိုေမာ့ၾကည့္လာသည္။

" တိုတို ႐ုပ္တာေယ "( ကိုကိုလုပ္တာေလ )

ငိုထားသည္မို႔ ရႈိက္ဝင္ေနတဲ့အသံက မပီသစြာ ထြက္လာေတာ့ သိပ္ကို ခ်စ္စရာေကာင္းေနသည္မို႔ သူရယ္လိုက္မိသည္။

" ဟင္ ဟုတ္ယား~ တိုတို႐ုပ္တာယား "(ဟင္ ဟုတ္လား ကိုကိုလုပ္တာလား )

သားသားအသံကိုတုကာ ျပန္ေျပာမိေတာ့ သားသား လက္ေသးေသးေတြက သူ႔ကို ႐ိုက္ပုတ္ေတာ့သည္။

" သားသားက ေကာင္းေကာင္းေျပာေနတာကို !!! တိုတိုက စိတ္တိုေအာင္ လာစေနတယ္!! တိုတိုပဲ သားသားနဲ႔ ကဂ်ားေပးမယ္ဆိုၿပီး ေနခဲ့တာေလ ~~ သားသားလည္း ကဂ်ားေနတဲ့ဟာကို ဘာလို႔ တိုတိုက တိုတို႔ သူငယ္ခ်င္းဆီ  ... (အဟြတ္)..... သြားဝါးရတာယဲ ... ဒီေန႔ တိုတိုထယ္ေဟ်ာင္းက မကဂ်ားဘူးေျပာထားတဲ့ဟာကို ... (အဟြတ္) သားသားကို တိုတိုက တစ္ေယာက္တည္းခ်န္ခဲ့တယ္ ... တားတားတစ္ေယာက္တည္း သနားစရာေကာင္းတယ္ ~~ ဘာလို႔ တားတားကို တစ္ေယာက္တည္း ခ်န္ခဲ့တာလဲ ..  ကိုကို တားတားကို မခ်စ္ေတာ့ဘူးယား ~~~ တားတားနဲ႔ တူတူ မေဆာ့ခ်င္ေတာ့ဘူးယား ~~ ဟီး ~~ ဟင့္ ဟင့္ အဟြတ္!  "

ေျပာလည္း ေျပာ၊ ေခ်ာင္းကလည္းဆိုး၊ လက္ကလည္း သူ႔ကို ထု႐ိုက္ရင္း ငိုပါငိုခ်လာသည္မို႔ ေဆာ့ဂ်င္ တိတ္တိတ္ေလး ႀကိတ္ၿပဳံးကာ သားသားရဲ႕ေက်ာျပင္ေလးကို ပြတ္သပ္ေပးမိသည္။ ပီလိုက္ မပီလိုက္ျဖစ္ေနတဲ့သားသားရဲ႕စကားသံဟာ သိပ္ကို ခ်စ္စရာေကာင္းလြန္းသည္။ သူ႔တုန္းက အသက္ ၈ ႏွစ္ခြဲေလာက္ထိ စကားမပီေသးေပမယ့္ သားသားကေတာ့ ငါးႏွစ္နဲ႔တင္  ပီသေအာင္ ေတာ္ေတာ္ေလး ေျပာႏိုင္ေနၿပီျဖစ္သည္။ သူ ကိုယ္တိုင္ကလည္း ကေလးတစ္ေယာက္အ႐ြယ္ဆိုေပမယ့္ သူ႔ေအာက္မွာ ထယ္ေဟ်ာင္းနဲ႔ သားသား ရွိေနတာက သူ႔ကိုယ္သူ လူႀကီးေလးလို႔ ျမင္လာေစသည္။ ထို႔ေၾကာင့္ ရီေတာ့မယ့္စိတ္ကို ခ်ဳပ္တည္းကာ သားသားရဲ႕ပါးေဖာင္းေဖာင္းေပၚက မ်က္ရည္ေတြကို လက္နဲ႔ ဖိသုတ္မိသည္။

" ကဲ ကိုကို႔ကေလးေလး~~ အူၾကဴးၾကဴးပိစိေလး မငိုနဲ႔ေတာ့ေနာ္ .... သားသားက တီတီ့ကို မဟုတ္တာေတြ တိုင္ေျပာလိုက္ေတာ့ ကိုကိုဆူခံထိတယ္ေလ ... ၿပီးေတာ့ သားသားက ေခ်ာင္းဆိုးေနတာကို မစားရတဲ့ဟာေတြ စားလိုက္တာကိုး ..."

သားသားနားလည္ေစဖို႔ ရည္႐ြည္ၿပီး သားသားအေပၚ သူမေက်နပ္တာကို ေခ်ာ့ေျပာေတာ့ စဥ္းစားေနပုံရတဲ့ မ်က္လုံးဝိုင္းဝိုင္းေလးက မလုပ္သင့္ေၾကာင္း သိလာပုံရသည္။ သို႔ေပမယ့္ အေလ်ာ့မေပးခ်င္တဲ့သားသားဟာ သူ႔ကို လွည့္ပတ္ကာ အေျဖျပန္ေပးပါေတာ့သည္။

" အဲ့ဒါေၾကာင့္ တီတီ့ကို ေျပာလိုက္တာေယ ... တီတီအရင္သိဝါးရင္ တားတား အရင္ခ်ဴခံရမွာေလ ~~  ၿပီး‌ေတာ့ တိုတိုက သားသားကို ခ်စ္တယ္မဟုတ္လား .... ခ်စ္ရင္ သားသားအစား တိုတို ခ်ဴခံရမွာေပါ့ ~~~ သားသားလည္း ေဆးေသာက္ေနတာပဲကို ~~ ဒီတခါပဲ ခ်ားမိတာကို တိုတိုက စိတ္ပုတ္ၿပီး သားသားကို အရင္လာခ်ဴတာကိုး ~~~ "

အျပစ္လႊတ္ေအာင္ ေျပာလာေလေတာ့ေဆာ့ဂ်င္ၿပဳံးရင္း ငိုထားတဲ့သားသားကို ေပြ႕ဖက္ကာ ေက်ာျပင္ေလးကို ပြတ္သပ္ေပးလိုက္ျပန္သည္။

" ေနာက္ခါဆို ကိုကို႔စကားနားေထာင္ရမယ္ေနာ္ ~~ မဟုတ္ရင္ သားသားနဲ႔ မေဆာ့ဘဲ အျပင္ထြက္ေတာ့မွာ!!"

" ဟုတ္ !! နားေထာင္မယ္ တိုတို ~~ တိုတို သားသားကို တစ္ေယာက္တည္း မထားခဲ့နဲ႔ေနာ္ ~~ သားသား မ်ားရီး ဝမ္းနည္းတယ္ ~~ "

မပြင့္တပြင့္နဲ႔ ေျပာလာျပန္ေတာ့ ေဆာ့ဂ်င္ သေဘာက်စြာ ၿပဳံးရင္း စားပြဲေပၚက သားသားအလုပ္ရႈပ္ေနခဲ့တဲ့အရာကို သူ အၾကည့္ေရာက္သြားမိသည္။ စုံလင္လွတဲ့အေရာင္အေသြးေတြနဲ႔ ႐ုပ္ပုံေတြကို ျမင္မိတာနဲ႔ အံ့ဩကာ သားသားကို ဖက္ထားရာကေန ဖယ္ခြာၿပီး ေကာက္ကိုင္လိုက္မိသည္။

" ဒါက ?? "

သူကိုင္ထားတာကို သားသားကပါလိုက္ၾကည့္ရင္း သူ႔ကို သြားၿဖဲျပကာ ၿပဳံးလာျပန္သည္။ သားသားရဲ႕မ်က္ေတာင္ေလးကေတာ့ မ်က္ရည္ေတြေၾကာင့္ ဟိုတစ္စု ဒီတစ္စုနဲ႔ စုပုံေကာ့ၫႊန႔္ေနသည္။

" ဟီးဟီး! ဒါက (အဟြတ္) ... တိုတိုရယ္ ~~ သားသားရယ္ ~~ ကေလးေလးရယ္ေလ ~~ ခုနက သားသားတို႔ ကေလးေမြးတမ္းေဆာ့တယ္ ~~ အဲ့ဒီ့အတြက္ မိသားစုဓာတ္ပုံ ~~ တိုတိုျပန္လာရင္ ‌ဆက္ေဆာ့ဖို႔ ဆြဲထားတာ "

သားသားစကားေၾကာင့္ အေပၚထပ္မွာ သူျမင္ခဲ့ရတာကို ျပန္သတိရသြားရင္း ခဏတာ ၿငိမ္သက္ကာ ၾကည့္မိသည္။ သားသားဆြဲထားတဲ့ပုံေလးဟာ သူ႔ပုံရယ္၊ သားသားပုံရယ္၊ ၿပီးေတာ့ အလယ္မွာ ယုန္ကေလးရယ္။

သူ ဝမ္းနည္းစြာ ၾကည့္ရင္း သားသားရဲ႕ေခါင္းလုံးလုံးေလးကို လက္နဲ႔ပြတ္သပ္မိသည္။

" တိုတို႔အတြက္ လက္ေခ်ာင္ "

ေျပာရင္း ၿပဳံးရယ္ကာ ေပ်ာ္႐ႊင္လာသည္မို႔ သူပါေရာေယာင္ၿပီး ၿပဳံးလိုက္မိသည္။ သို႔ေပမယ့္ စိတ္ထဲမွာေတာ့ ဘာကိုမွ ေရေရရာရာ နားမလည္ေသးခင္ကတည္းက ခ်မွတ္လိုက္မိတဲ့ ဆုံးျဖတ္ခ်က္တစ္ခုရွိသည္။  သားသား ကေလးမေမြးႏိုင္ေအာင္၊ ကေလးေမြးမရေအာင္ သူ အစြမ္းကုန္ႀကိဳးစားၿပီး တားျမစ္ဖို႔ပင္။

သားသားပါးျပင္ေပၚက သိပ္ကိုခ်စ္ျမတ္ႏိုးဖို႔ေကာင္းတဲ့အၿပဳံးလွလွေလးေတြ မေပ်ာက္ပ်က္ဖို႔အတြက္၊ သူနဲ႔ သားသား အၾကာႀကီးေနႏိုင္ဖို႔အတြက္ သားသားႀကီးလာတဲ့အခါ ဒီကိစၥေတြ မျဖစ္ႏိုင္ေအာင္ သူ တားဆီးပါမည္။ အခုေတာ့ ငိုေနရာကေန ေပ်ာ္႐ႊင္လာတဲ့ကေလးကိုပဲ ၾကည့္ကာ သူပါ ၿပဳံးရင္း မိသားစုပုံဆိုတဲ့ ပုံကေလးကို သူ သိမ္းဆည္းထားဖို႔ ရည္႐ြယ္လိုက္မိသည္။

မိသားစု!

သူ႔အတြက္ မိသားစုဆိုတာက တကြဲတျပားပဲျဖစ္ေနခဲ့ဝာာမို႔လို႔ သူ႔ဘာသာသူ မိသားစုလို႔ေခါင္းစဥ္တပ္ရမယ္ဆိုရင္ သားသားနဲ႔သူ ႏွစ္ေယာက္တည္းသာ မိသားစုလုပ္ခ်င္ပါသည္။ သားသားဆြဲထားတဲ့ပုံထဲကအတိုင္း ယုန္ကေလးဆိုတဲ့ ကေလးသားေလးကို သူ မလိုခ်င္။ သူေ႐ြးခ်ယ္ထားမိတဲ့ သားသားနဲ႔သူရဲ႕ႏွစ္ေယာက္ကမာၻကို မိသားစုထပ္ျဖည့္ရမယ္ဆိုရင္ေတာ့ အဲ့ဒါဟာ ကင္ထယ္ေဟ်ာင္းဆိုတဲ့ ညီငယ္ပဲ ျဖစ္ပါလိမ့္မည္။

ဧည့္ခန္းထဲမွာေတာ့ ေပ်ာ္႐ႊင္ေနတဲ့ကေလးေလးကို ၾကည့္ရင္း ၿပဳံးရယ္လာတဲ့ကေလးေလးရွိေနခဲ့သည္။ ထိုျမင္ကြင္းကိုေတာ့ ေလွကားထိပ္ကာေန ရပ္ၾကည့္ေနခဲ့တဲ့ ေကာင္ငယ္ေလးတစ္ေယာက္။

သူကေတာ့ ကင္ထယ္ေဟ်ာင္း!

" ... အစ္ကိုေဆာ့ဂ်င္! သားသား ေဂ်ာင္ေဂ်ာင္ကု!! "

မ်က္ႏွာမဲ့မဲ့ေလးနဲ႔ ထယ္ေဟ်ာင္း လွမ္းေခၚလိုက္မိေတာ့ ေအာက္ထပ္ဧည့္ခန္းက ကေလးႏွစ္ေယာက္ ထယ္ေဟ်ာင္းကို ေမာ့ၾကည့္သည္။

" ... ေရခဲေသတၱာထဲက ထယ္ထယ့္စေတာ္ပယ္လီေတြ ပယ္သူယူလိုက္လဲ "

ဆူပုတ္ကာ ေမးေနၿပီမို႔ ကိုကိုနဲ႔ သားသား တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္မိသည္။

" ဟိဟိ "

" သားဟာ ပယ္သူယူလိုက္လဲလို႔!!!! မနက္ကတည္းက ဘာမွ မခ်ားဘဲ စေတာ္ပယ္လီပဲ ခ်ားမယ္ေျပာထားတာေယ!!!! ဘယ္သူ ခိုးခ်ားလိုက္ယဲလို႔ !!"

မ်က္ႏွာက ငိုေတာ့မွာမို႔ ‌သားသားက ကိုကိုထယ္ေဟ်ာင္းကိုၾကည့္ကာ ကိုကို႔ကိုအခ်က္ျပသည္။ ကိုကိုကေတာ့ သားသားအခ်က္ျပတာကို သေဘာမေပါက္ေသး။ ထို႔ေၾကာင့္ ေနာက္ဆုံးအေနနဲ႔ သားသားဆီကေန အသံထြက္လာသည္။

" ဟီးဟီး တိုတိုထယ္ေဟ်ာင္း~~ April FOOLLLLLLLL "

ေျပာၿပီးတာနဲ႔ ကိုကို႔လက္ကိုဆြဲကာ အေပၚထပ္ေျပးတက္သည္မို႔ ထယ္ေဟ်ာင္းနားကေန ျဖတ္တိုက္သြားသည္။ ထယ္ေဟ်ာင္းကေတာ့ ဘာကိုဆိုလိုလဲ ခဏစဥ္းစားေနေသးတာနဲ႔ တူသည္။ သားသားနဲ႔ကိုကို ထယ္ေဟ်ာင္းကို ေက်ာ္သြားမွ အသိဝင္ကာ သားသားနဲ႔ကိုကိုအေနာက္ကို ေျပးလိုက္ေတာ့သည္။

" ရား!!!!!! April FOOLLLLLLLL က အဲ့ဒါမဟုတ္ဘူး!!! အဲ့ဒါက ခိုးခ်ားတာ!!! ခိုးခ်ားတာျဖစ္ဝါးၿပီ !!! သားသား ျပန္ေပး!! ကိုကိုထယ္ထယ့္ဟာ ျပန္ေပး !!"

အခန္းထဲမေရာက္ခင္မွာပဲ သေဘာေပါက္ကာေျပးလိုက္သည္မို႔ ေဆာ့ဂ်င္လည္း ထယ္ေဟ်ာင္း လိုက္မမွီႏိုင္ေအာင္ အျမန္ေျပးရေတာ့သည္။

" ဟုတ္တယ္ တိုတိုထယ္ေဟ်ာင္း!!! တိုတိုေျပာတယ္ !! တိုတိုထယ္ေဟ်ာင္းေမးရင္ April FOOL လို႔ေျပာလိုက္လို႔ တိုတိုေျပာထားတယ္!!! အဲ့ဒါ April FOOLပဲ တိုတိုထယ္ေဟ်ာင္း "

ေျပးရင္းလႊားရင္း ေဆာ့ဂ်င္ကိုပါ ဆြဲထည့္လာေတာ့ ေဆာ့ဂ်င္ သားသားကို 'ဘာလို႔လဲ' ဆိုၿပီးျပဴးၾကည့္မိသည္။ သားသားကေတာ့ 'တိုတိုပဲ သားသားအစား ခံလိုက္ေတာ့' ေျပာေနသေယာင္ ျပန္ၾကည့္ကာ ျပဴးျပလာသည္မို႔ ထယ္ေဟ်ာင္းကို ေဆာ့ဂ်င္ၾကည့္မိသည္။ ထယ္ေဟ်ာင္းကေတာ့ မၿပဳံးႏိုင္ေလာက္ေအာင္ မ်က္ႏွာမဲ့ကာ စိတ္ဆိုးေနၿပီမို႔ ထယ္ေဟ်ာင္းနဲ႔ မိရင္ေတာ့မလြယ္။

" မဟုတ္ဘူး႐ို႕!! ဧပရယ္ဖူးလ္က စပဲစရမွာ တကယ္မခ်ားရဘူး!! ခုျပန္ေပး!! မေပးရင္ တီတီနဲ႔တိုင္မွာ ျပန္ေပး!!! ထယ္ထယ့္စေတာ္ပယ္လီေတြျပန္ေပး!! "

ငိုမဲ့မဲ့နဲ႔ေတာင္းကာ သားသားနဲ႔သူ႔အေနာက္ ေျပးလိုက္ေနတဲ့‌ထယ္ေဟ်ာင္းကိုေတာ့ ရယ္ေမာမိရင္း ထယ္ေဟ်ာင္း မမိေအာင္ ေရွာင္ေျပးေနခဲ့ပါေတာ့သည္။

ထိုေန႔က အိမ္ႀကီးရဲ႕ဒုတိယအထပ္မွာ  ေပ်ာ္႐ႊင္စြာ ေျပးလႊားေနၾကတဲ့ ကေလးႏွစ္ေယာက္အေနာက္ကို ငိုမဲ့မဲ့နဲ႔ကေလးေလးတစ္ေယာက္ လိုက္ေနတဲ့ပုံရိပ္ေတြ ျပည့္ႏွက္ရင္း သမ႐ိုးက်ညေနခင္းတစ္ခု ရွိခဲ့ပါသည္။

သို႔ေပမယ့္ ထိုအရာအားလုံးဟာ လြမ္းေမာဖြယ္ေကာင္းလြန္းတဲ့ အတိတ္ဆိုတာကို စာဖတ္သူတို႔ သတိထားမိတဲ့အခ်ိန္မွာေတာ့ ကိုကိုဟာ အသည္းေႂကြမတတ္နာက်င္ေနရတဲ့အခ်ိန္တစ္ခုဆီ ေရာက္‌ႏွင့္ေနခဲ့ၿပီးၿပီျဖစ္သည္။     ။

💠💠💠

အပိုင္း (၂၇) မလာခင္ April Fool အတြက္ လက္ေဆာင္အျဖစ္ ေရးထားေပးတဲ့ အတိုေလးတစ္ျဖတ္ပါ။  ေရးၿပီးတာ ၾကာေပမယ့္ ဂ်င္နာ အခ်ိန္မရေသးလို႔ လာမတင္ေပးျဖစ္တာပါ။ အပိုင္း (၂၇)ကိုေတာ့ သၾကၤန္တြင္း႐ုံးပိတ္ရက္က်မွ ေအးေဆးေရးၿပီး တင္ေပးပါ့မယ္ေနာ္။  သၾကၤန္ကာလအတြင္းမွာေတာ့ ကိုကိုနဲ႔သားသား ဇာတ္သိမ္းဖို႔ ရည္႐ြယ္ထားပါတယ္ ♡♡⁠。 အပ္ပုဒိတ္ေတြ အရမ္းၾကာေနခဲ့တဲ့အတြက္လည္း ေတာင္းပန္ပါတယ္ ... ဂ်င္နာလည္း မနက္ဆို သုံးနာရီေလာက္မွ အိပ္ရတဲ့အထိ အလုပ္ေတြရႈပ္ေနေသးလို႔ပါ ...

ၿပီးေတာ့ဒီအပိုင္းေလးကိုေလ side story အေနနဲ႔ပဲဖတ္ေပးပါေနာ္ .. ကိုကိုနဲ႔သားသားငယ္ဘဝမွာ အမွတ္တရေတြအမ်ားႀကီးရွိတဲ့အထဲက တစ္ခုကို ဆြဲထုတ္ၿပီး ေရးထားေပးတာမို႔လို႔ပါ

There are no comments yet. Log in to be the first to leave a review!

Similar stories