Fanfics

【21】

15:55, 9 February 2023

⟨ Unicode Version ⟩Me, Myself & Bad Romance

ဆေးရုံခန်းအပြင်ဘက်မှာ စာရွက်ကိုင်ပြီး တိတ်ဆိတ်နေမိသည်။ အခြေအနေကတော့ ၅၀-၅၀ပင်။ ကောင်းတယ်ရယ်လို့လည်း မဟုတ်သလို မကောင်းဘူးလည်းမဟုတ်။ သူ့လို လူနာအမျိုးအစားကို VIP လို့သတ်မှတ်ထားတဲ့အတွက် အရာရာက ချက်ချင်းရတော့ သူဆေးစစ်ချက်တွေအတွက် ကြာကြာ မစောင့်လိုက်ရ။ သို့ပေမယ့် ဒီဆေးစစ်ချက်ကို ကိုင်ပြီး ကိုကိုနဲ့ ဆွေးနွေးရမှာတော့ သူနည်းနည်းကြောက်သည်။

သူကလေးမွေးနိုင်တာသိရင် ကိုကိုဘာပြောလေမလဲ။  ဝမ်းသာမှာလား၊ အံ့ဩမှာလား ဒါမှ မဟုတ် အထင်အမြင်သေးနေလေမလား။ အထင်သေးတာကတော့ မဖြစ်နိုင်၊ သူ့ကို ကိုကိုဘယ်လောက်ချစ်လဲ သူသိသည်မို့ အထင်မသေးဘူးဆိုတာတော့ သူသေချာသည်။ ဒါပေမဲ့ အခုမှ ပြောရကောင်းလားဆိုပြီး စိတ်ဆိုးမှာတော့ သူကြောက်သည်။

ဂျောင်ဂု တွေးနေရင်း ဆေးခန်းကနေ အိမ်မပြန်နိုင်ဖြစ်နေမိသည်။ အဲ့အချိန်မှာပဲ ရုတ်တရက် သူ့ကို လာပြေးဖက်တဲ့ကလေးလေးတစ်ယောက်။

" ပါးပါး! ပါးပါး! "

ရင်းနှီးလွန်းသည်မို့ အသိဝင်ပြီး ငုံ့ကြည့်မိတော့ Christopher လေးကို မြင်လိုက်ရသည်။

" ခရစ်! သား! ဘယ်လိုလုပ် "

အံ့ဩနေတဲ့အချိန်မှာပဲ မော့ကြည့်မိတော့ မြင်လိုက်ရတာ ရှင်းခူရို!

" ဂျောင်~~ ဂျောင်ဂု "

မဝံ့မရဲခေါ်လာတဲ့အသံအဆုံး သူ ခူရို့ကို တစ်လှည့် Christopherကို တစ်လှည့်ကြည့်မိသည်။

" ပါးပါးကို လွမ်းနေတာ ~~ ပါးပါး သားတို့ဆီ ဘာဖြစ်လို့ ဖုန်းလေးတစ်ချက်တောင် မဆက်သွယ်ရတာလဲ "

မေးလာတဲ့သားလေးရဲ့ မျက်နှာကို သူပွတ်သပ်ရင်း ပြုံးလိုက်မိသည်။ အဖေရင်းမဟုတ်ဘူးဆိုတာသိနေပေမယ့် သားငယ်လေးကတော့ သူ့ကိုအခုထိ အဖေတစ်ယောက်လို အသိအမှတ်ပြုနေတုန်းပင်။

" ... ပါးပါးကအများကြီး အလုပ်ရှုပ်နေလို့ တောင်းပန်ပါတယ် ~~ ပါးပါးရဲ့ခရစ်လေးအများကြီးကြီးလာပြီပဲ "

ပြောရင်း သူပွေ့ဖက်ကာ သူနဲ့ခရစ်က်ိုကြည့်နေခဲ့တဲ့ခူရိုကို ပြုံးပြလိုက်မိတော့သည်။ Christopher က ဟန်မင်းနဲ့ရှင်းခူရိုရဲ့သားလေးပင်။

💠💠💠

" ... ကိုကို အလုပ်ခရီး တစ်ပတ်သွားရမယ် သားသား ... မနက်ဖြန်စထွက်ရမယ် ..."

ကုတင်ပေါ်ဘေးတစ်ခြမ်းစောင်းပြီး အိပ်နေတဲ့သူ့ကို စကားဆိုလာတဲ့ကိုကို။ ကိုကိုကတော့ အထုတ်အပိုးတွေကို အခုကတည်းက ပြင်ဆင်နေသည်။

" အဒေါ်ကြီးကလည်း နယ်ပြန်သွားတယ်ဆိုတော့ ဒီတစ်ပတ်အတွက် ကိုကို ဟိုတယ်ကနေ ဘွတ်ကင်လုပ်ထားပေးတယ် အတွင်းရေးမှူးခေါင်းဆောင်က လာပို့ပေးလိမ့်မယ် ... ကိုကို ပြန်မလာမချင်း အပြင်မသွားနဲ့နော် ... စိတ်မချဘူး ... "

Luggage ထဲ အင်္ကျီတစ်ထည်ထည့်လိုက်၊ သူ့ခေါင်းကို ပွတ်သပ်လိုက် လုပ်နေတဲ့ ကိုကို့ကို သူဒီအတိုင်း ပြူးကြောင်ကြောင်လေးသာ ကြည့်နေမိသည်။ ဒီနေ့ ဆေးရုံကပြန်လာပြီးကတည်းက ကိုကို့ကို သူ မပြောပြရသေး။ ဆွေးနွေးတိုင်ပင်ဖို့ကလည်း ဒီတစ်ပတ်လုံး ကိုကို အလုပ်ခရီးရှိနေတာမို့လို့ စိတ်မဖြောင့်တာမျိုး မဖြစ်စေချင်။ ထို့ကြောင့် အိပ်ရာက ကုန်းရုန်းထကာ ပြင်ဆင်နေတဲ့ ကိုကို့နောက်ကျောကို ဖက်မိသည်။

" ဟော! သွားတောင် မသွားရသေးဘူး လွမ်းနေပြီလား "

ကိုကိုမေးတာကို မဖြေဘဲ ခေါင်းညိတ်မိတော့ ကိုကိုက သူ့ဘက်ပြန်လှည့်ကာ သူ့ကို ပွေ့ဖက်ပြီး ဆံနွယ်ဖွဖွတွေကြား လက်ချောင်းရှည်တွေ ထိုးထည့်သည်။

" တစ်ပတ်ဆိုပေမယ့် မြန်မြန်အဆုံးသတ်ပြီးတာနဲ့ မြန်မြန်ပြန်လာမယ်နော် ~~ နေမကောင်းမဖြစ်အောင် ဂရုစိုက်ပြီးနေနော် ~~ နေ့တိုင်းကိုကိုဖုန်းဆက်မယ် ... မကိုင်ဘဲ ချပစ်တာမျိုးမလုပ်ရဘူးနော် "

" အင်း "

တိုးဖွဖွအသံနဲ့ ခေါင်းညိတ်ပြီးတဲ့နောက်မှာ သူ့ကိုယ်လေး စွေ့ကနဲ့ဖြစ်သွားတော့ မျက်လွှာတွေဖွင့်ကြည့်မိသည်။ ကိုကိုက သူ့ကို တင်ပါးကနေ ပင့်ချီတင်လိုက်တာဖြစ်ပြီး အိပ်ယာထက် သူ့ကိုချသည်။

" ... ဘယ်လိုလုပ်ရမလဲ ~~~ တစ်ပတ်ကြီးတောင် မမြင်ရဘူးဆိုတော့ ကိုကို့ Big dragon လေးက တအားလွမ်းနေမယ်ထင်တယ် သူ့ရဲ့ဘေဘီလေးကိုလေ ~~ "

ခပ်ချွဲချွဲ ကိုကို့စကားကြောင့် သူ အူယားမိရင်း နှုတ်ခမ်းထောင့်ကွေးအောင် ပြုံးရင်း သူ့လက်ဖျားနှစ်ဖက်ကို ကိုကို့ ပခုံးပေါ် ဖွဖွလေးတင်မိသည်။ အခုအနေအထားက သူက အိပ်ယာပေါ်ကျောကပ်နေတာဖြစ်ပြီး ကိုကိုက သူ့အပေါ်ထပ်လျက်ကပ်ကာ သူ့ကို ငုံ့မိုးထားတော့ ကိုကို့အခြေအနေတင်းမာနေလား၊ မတင်းမာနေဘူးလားဆိုတာ သူကိုယ်တိုင်သိသည်။ သို့ပေမယ့် ကိုကို့ကို သူရစ်ချင်နေမိတဲ့အတွက် မသိနားမလည်သလိုမျိုး ရှောင်ကွင်းမိသည်။

" ... တအားတွေနော် ~~ ဘယ်လို အရှက်မရှိတဲ့မျက်နှာနဲ့ ဒီစကားပြောထွက်တာလဲ ... ကိုကို ~~ "

ပြောမိတော့ ကိုကို့နှုတ်ခမ်းလုံးလုံးက သူ့ပါးပြင်အေးအေးထက် နွေးနွေးထွေးထွေးကျရောက်သည်။

" မွ "

" ... တစ်ပတ်တောင်လေ! တစ်ပတ်! ...  အနည်းဆုံးတော့ မင်းအငွေ့အသက်တွေ ကိုကို့ ကိုယ်ပေါ်မှာ အမှတ်အသားချန်ခဲ့ရမယ်မဟုတ်လား ..."

စကားအဆုံးသတ်တာနဲ့ သူ့ပါးပြင်ပေါ် ကိုကို့အနမ်းတွေ ထပ်ကျရောက်လာပြန်တော့ သူရယ်သွေးသမ်းရင်း ကိုကို့ပါးပြင်ကို လက်တစ်ဖက်နဲ့ခပ်ဖွဖွ ထိတွေ့မိသည်။ သူဖျားနေတာမျိုးတော့ မဟုတ်ပေမယ့် အင်အားတွေ မရှိသလို ခံစားနေရတာတော့အမှန်။ ငြီစီစီနဲ့ အိပ်ယာပေါ်ကနေ ထချင်တဲ့ခံစားချက်မရှိ။ သက်သောင့်သက်သာလဲလျောင်းကာ အေးအေးဆေးဆေး အနားယူချင်သည်။ ကိုကို့ကို တွယ်ကပ်ရင်းနဲ့ပေါ့။ သို့ပေမယ့် အခု ကိုကို့အခြေအနေက တကယ်ကို တင်းမာနေတာမို့ သူ လိုက်လျောပေးဖို့ ဆုံးဖြတ်ထားမိသည်။

" ကိုကို ... ယုတ္တိမရှိဘူးဆိုပေမယ့် သားသား ပင်ပန်းချင်နေသလို ဖြစ်နေတာမို့ ... ငြင်ငြင်သာသာလေး ~~"

" (ပြွတ်) "

စကားမဆုံးသေး ကိုကိုက သူ့ကို ဖျတ်ကနဲ့ ငုံထွေးသည်။

" ဒီလောက်ဆို အဆင်ပြေလား ~~ "

" စကားတောင် မဆုံးသေးဘူး ဘာလို့တအားကဲနေရ~~ "

" ( မွ ) "

" ~အင်း ~ ပင်ပန်းချင်သလိုဖြစ်နေတဲ့ သားသားကြောင့် ကိုကိုက ငြင်ငြင်သာသာလေး လုပ်ပေးမယ်နော် ~~ "

ကိုကို့စကားအဆုံး သူ ဘာမှ ထပ်မပြောတော့ဘဲ ပူနွေးနေသလိုဖြစ်နေတဲ့ ကိုကို့ခန္ဓာကိုယ်ပေါ်က ရှပ်လေးကို သူ ဆွဲယူချွတ်လိုက်မိသည်။ အဝတ်ဗလာဖြစ်သွားတဲ့ကိုကို့ခန္ဓာကိုယ်က အနွေးငွေ့နွေးနွေးက သူ့မျက်နှာကို ရိုက်ခတ်နေတာမို့ သူ့သွေးသားတွေကိုပါ ပူနွေးစေလာတော့ ကိုကိုက သူ့ပါးကို ခပ်ဖွဖွဆွဲညှစ်သည်။

" ပင်ပန်းချင်သလိုဖြစ်နေတယ်ပြောပြီး ~~ တကယ်တမ်းလောနေတာက မင်း မဟုတ်လား သားသား ~~ "

" ~~ ကိုကိုက အဲ့ဒီ့မျက်နှာနဲ့ လာမြူဆွယ်နေမှတော့ ဘယ်သူက စိတ်မပါဘဲ နေပါ့မလဲ ~~ "

သူ့အင်္ကျီ‌ကို ချွတ်နေတဲ့ကိုကို့ကို သူပြောမိတော့ ကိုကိုရယ်ရင်း ဗလာဖြစ်သွားတဲ့သူ့ ရင်ဘတ်ကို ကိုကို့နှုတ်ခမ်းတွေနဲ့ လာထိကပ်သည်။ ပူနွေးစိုစွတ်သွားတဲ့အခိုက်အတန့်မှာ ကိုကို့လျှာဖျားတွေဆီက အနမ်းတွေ မွတ်သပ်စွာ ပြိုဆင်းကျလာလေတော့ သူ ကိုကို့ ဆံနွယ်တွေကြား လက်ချောင်းတွေ ထိုးထည့်ရင်း ကိုကို့ခါးကို ခြေခွထားမိသည်။ အဲ့ဒီ့နောက် ကိုကို့အနမ်းတွေက သူ့ရင်ဘတ်ကနေတစ်ဆင့် သူ့လည်တိုင်တွေဆီ ဦးတည်လာတော့ သူ ကိုကို့ကို တင်းတင်းကျပ်ကျပ်ဖက်တွယ်မိရင်း ကိုကိုပေးလာမယ့် ချစ်ခြင်းတရားတွေကို မွတ်သိပ်စွာ ငံ့လင့်နေမိတော့သည်။

💠💠💠

" ( !! ) "

" ( !! ) "

ငြီစီစီဖြစ်နေရာကနေ အသံတစ်ခုကြောင့် နိုးလာခဲ့သည်။ သူ့အာရုံခံစားနိုင်စွမ်းက အဆင်မပြေသေးပေမယ့် အသံလာရာဖုန်းကို ကောက်ကိုင်ကာ နားနဲ့ကပ်မိသည်။ မျက်လုံးကနေရော , နားနှစ်ဖက်ကနေပါ ရှိသမျှအပူတွေအကုန်သူခံစားမိနေပြီး လည်ချောင်းက နေလုံးမြိုချထားသလို ပူလောင်ခြောက်သွေ့လွန်းလှသည်။ သို့ပေမယ့် တစ်ဖက်က ဖုန်းဆက်လာသူက ကိုကိုများဖြစ်နေခဲ့ရင် ဆိုတဲ့အတွေးလေးနဲ့ သူကိုင်လိုက်တာမို့ မဖြစ်မနေ အသံပေးရတော့သည်။

" အင်း~~ ဟယ်လို ~~ "

ခြောက်အက်ပူပြင်းစွာ ထွက်သွားခဲ့တာမို့ သူ့အသံတွေက အဆင်မပြေ။ ဒါကို တစ်ဖက်သူက ကောင်းကောင်းသိပုံရသည်။

" ပါးပါး! ပါးပါး နေမကောင်းနေဘူးလား "

ကိုကိုမဟုတ်ဘဲ သူ့အချစ်တော်ခရစ္စတိုဖာလေးရဲ့အသံကြောင့် သူ့တင်းခံထားတဲ့အလွှာလေး လျော့ကျသွားသည်။ ကိုကိုသာ သူအခုလို အဖျားကြီးဖျားနေမှန်းသိရင် ရောက်ရာအရပ်က ချက်ချင်းပြန်လာမှာ သိနေတာမို့လို့ ကိုကိုဖုန်းဆက်ရင် သူ ဘာမှမဖြစ်သလိုဟန်ဆောင်ဖို့ ‌ရည်ရွယ်ထားသည်လေ။

" ဂျောင်ဂု! ဟယ်လို ဂျောင်ဂု! ငါပြောတာနင်ကြားလား! အဆင်ပြေလားဂျောင်ဂု! ဘာဖြစ်နေတာလဲ! တစ်ယောက်တည်းရှိနေတာမလား! ‌ဖြေစမ်းပါ ဂျွန်ဂျောင်ဂုရ! ငါစိတ်ပူလို့သေတော့မယ် "သူပြန်မဖြေတဲ့အပေါ် သူငယ်ချင်းမလေး ရှင်းခူရိုရဲ့စိုးရိမ်တကြီး အသံထွက်လာတော့ သူ လေးဖင့်စွာ စကားပြောဖို့အားယူမိသည်။

" ~~ အွန်း ~~ ငါ ... ငါ ... ဖျား ~~ "

'ငါဖျားနေတာ' ဆိုတဲ့စကားကို အဆုံးထိပြောလိုက်ပေမယ့် အသံမထွက်သွားဘူးဆိုတာ သူသိသည်။ သို့ပေမယ့် အားတင်းပြီးပြောရပေဦးမည်။

" ဖျားနေတာလား! ‌အရင်က အိုပါးရဲ့အိမ်မှာပဲလား ! တစ်ယောက်တည်းမလား! ငါလာခဲ့မယ်! နင်က ဖုန်းပဲဖွင့်ထား ~~ ငါ့ဖုန်းကို မချလိုက်နဲ့ "

ပြန်မဖြေတော့တဲ့အသံလေးကြောင့် ခူရို သက်ပြင်းချကာ ကားသော့ကောက်ကိုင်ပြီး ခရစ္စတိုဖာလေးကို ကြည့်မိသည်။ သားဖြစ်သူ ခရစ္စဘေးနားမှာတော့ ခင်ပွန်းဖြစ်သူဟန်မင်း။

" ရိုရို! ဘာဖြစ်လို့လဲ ဂျောင်ကုနေမကောင်းဘူးလား "

" အွန်း ~~ အဖျားအရမ်းကြီးနေတာထင်တယ် တစ်ယောက်တည်းဖြစ်နေပုံပဲ အဲ့ဒါကြောင့် သွားမှရမယ်ထင်တယ် ... မျက်နှာချင်းဆိုင်ရမှာ အားနာပေမယ့် ဒီလိုတော့ တစ်ယောက်တည်း ပစ်မထားနိုင်ဘူးလေ ..."

" ဒါပေမဲ့ သူ့ယောင်္ကျားက မင်းကို ခွင့်မပြုထားဘူးလေ ~~ ရိုရို ... ပြသနာတက်အောင် မလုပ်ချင်စမ်းနဲ့ ... အခု ကိုးရီးယားကိုပြန်လာတာ ဗိုက်ထဲကကလေးကို အကြောင်းပြပြီး ဂျောင်ကုကို တွေ့ချင်လို့ဆိုတာ ငါသိတယ် ... ဒါပေမဲ့ သူများအုပ်ထိန်းသူက ခွင့်မပြုတဲ့ကိစ္စကို ရှေ့ဆက်မတိုးရဘူးလေ ရိုရို ...  "

ဟန်မင်းစကားကြောင့် သူမ တွန့်ဆုတ်ပြီး အကြံအိုက်မိသည်။ တကယ်ဆို အိုပါးက ဘာဖြစ်နေမှန်း သူမ သေချာမသိ။ ဂျောင်ကုနဲ့သူမလည်း တကယ်ပတ်သက်တာမျိုးမှ မရှိခဲ့တာကို။ မဟုတ်မှ ဂျောင်ကုက ဖြစ်သမျှကုန်စင်အကြောင်းစုံကို မပြောပြရသေးတာလား။

" .. ဟန်မင်းရား ... နင်ဆေးရုံပေါ်မှာ လှဲနေရတဲ့အချိန်တွေအားလုံးမှာ ငါ့နဲ့ခရစ်ကို သူများလက်ညှိုးမထိုးအောင် သူကာကွယ်ပေးခဲ့တာပါ ... နင်တို့အမြင်မှာ ဂျောင်ကုက အားနည်းချင်အားနည်းနေမယ် ဒါပေမဲ့ ငါ့အတွက်တော့ လောကကြီးမှာ သူကအသန်မာဆုံးသူပဲ ... အဲ့ဒါကြောင့် ငါ သူ့ကိုပစ်ပယ်လို့မရဘူး ... ငါ့အဖေက သူ့မိဘတွေအပေါ် အပြစ်ကျူးလွန်ထားတာတောင် ငါ့ကို သူငယ်ချင်းအဖြစ်လက်ခံခဲ့ပေးတယ် ... ငါ သူ့အပေါ် ဒီထက်ကောင်းပေးဖို့ဆုံးဖြတ်ထားတယ် ... အဲ့ဒါ နင့်ထက်ပိုချင်ပိုလိမ့်မယ် ဟန်မင်း "

သူမစကားအဆုံး ဟန်မင်းက သူမကို စူးစိုက်ကြည့်သည်။ ဇနီးတစ်ယောက်အနေနဲ့ ထိုစကားက လွန်သွားမယ်ဆိုတာ သိပေမယ့် ဟန်မင်းမျက်ဝန်းတွေက သူမကို နားလည်ကြောင်းပြောပြနေတော့ သူမ အကြည့်လွှဲမိသည်။

" ကောင်းပြီ ငါလိုက်ပို့ပေးမယ် ရိုရို! "

မထင်မှတ်ထားတဲ့စကားအဆုံးမှာတော့ သူမလက်ထဲက ကားသော့ကို ဟန်မင်းဆွဲယူကာ အိမ်အပြင်ဘက်ကို ထွက်သွားတော့သည်။

💠💠💠

'" ငါထင်တာက နင်ငါ့ကို တစ်သက်လုံး လာပြန်မတွေ့တော့ဘူး ထင်နေတာ "

ဧည့်ခန်းရဲ့ဆိုဖာပေါ် သက်သောင့်သက်သာမှီရင်း ပြောမိတော့ ခူရိုက ပန်းသီးစိတ်နေရာကနေ သူ့ကို ပြုံးပြသည်။

" တစ်သက်လုံးမပြစ်ထားနိုင်ပါဘူး နင့်‌ကျေးဇူးတွေ ငါ့အပေါ် ဘယ်လောက်တောင်များလိုက်လဲ ... နင့်မိဘတွေအပေါ်ရော ငါ့အဖေက .."

" ~~ ဒါနဲ့ ကလေးနာမည်ဘာပေးမယ်လို့ စဉ်းစားထားတာလဲ "

သူ့မိဘတွေနဲ့ပတ်သက်တဲ့အတိတ်အကြောင်းကို ပြန်မပြောချင်တာမို့ စကားလမ်းကြောင်းလွှဲမိတော့ ခူရိုက အလိုက်တသိ ခေါင်းညိတ်ရင်း ပြုံးသည်။

" မသိသေးဘူး နာမည်ပေးတာ သူ့အဖေဟန်မင်း လုပ်လိမ့်မယ် .. နင်သာ ကျန်းမာအောင်နေ! ငါတောင် ဒုတိယကလေးရနေပြီ! နင်က အခုထိ ဆိုးလို့ကောင်းနေတုန်း "

စိတ်လို့ပြီးတဲ့ပန်းသီးစိတ်တွေ သူ့ရှေ့ချရင်း ပြောတော့ သူရယ်လိုက်မိသည်။ ဟိုတစ်နေ့ သူအသည်းအသန်ဖျားနေတုန်းက တစ်မိသားစုလုံး သူ့အိမ်ကို ပေါက်ရောက်ချလာပြီးနောက် အခုတော့ ခူရိုက ကိုကိုပြန်မလာခင် နေ့တိုင်းလိုလို သူ့အခြေအနေကို လာစစ်ဆေးနေတာဖြစ်သည်။

" ငါဘယ်မှာဆိုးလို့တုန်း! "

" နေမကောင်းဘူးဆိုတာ ကောင်းကောင်းမနေလို့လေ .. ကောင်းကောင်းမနေတော့ အဲ့ဒါက ဆိုးတာပေါ့ ကဲ ပြောစမ်းပါဦး! ကိုယ်ဝန်ရနိုင်တဲ့အခြေအနေမှာ အမျိုးသားကို အတူတူနေခွင့်ပေးလိုက်တော့ တကယ်ကိုယ်ဝန်ရသွားရင် ဘယ်လိုလုပ်မလဲ! နင့်အမျိုးသားက နင့်အကြောင်းတောင် သေချာမသိသေးဘူးမဟုတ်လား! "

ပန်းသီးတစ်စိပ်ကို ယူရင်း သူ့ကို ဦးတည်လာတော့ သူလည်ဂုတ်ပွတ်လိုက်မိသည်။ တကယ်ဆို ခူရိုသိသွားစေဖို့ သူမရည်ရွယ်ပါ။ သူအဖျားကြီးနေသည်မို့ ဆေးမှတ်တမ်းရှာကာ ဆေးရုံသွားဖို့ လုပ်ခဲ့သည်။ အဲ့ဒီတော့မှ သူ့ဆေးမှတ်တမ်းကို ကြည့်ပြီး သူဟာ ကလေးတစ်ယောက်မွေးနိုင်မှန်း သိသွားခဲ့တာဖြစ်သည်။

" ... တော်စမ်းပါကွာ ~~ ကိုယ်ဝန်ရနိုင်ချေပဲရှိတာပါ တကယ်မရနိုင်ပါဘူး ... ငါ့ကိုယ်ငါသိတာပေါ့ ပြီးတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး နင့်ပါးစပ်ကို ပိတ်ထားရင်ကောင်းမယ် ငါတောင် ကိုကို့ကို မပြောပြရသေးဘူး "

" ဂျောင်ကု! နင် ကလေးလေးမလိုချင်ဘူးလား "

" အင်း ~~ လိုချင်တာပေါ့ ကိုကိုနဲ့တူတဲ့သမီးလေးတစ်ယောက်မွေးပေးချင်ခဲ့တာ ~~ ပြီးတော့ နင်သိလား ~~ ငါက လောကကြီးမှာ အကြာကြီးမနေရမယ့်သူဆိုတာ ငါခံစားမိတယ် ငါ့မှာ အချိန်တွေ အများကြီးမရှိတော့သလိုပဲ ... အဲ့ဒါကြောင့် ငါမရှိတော့ရင် ငါ့ကိုယ်ပွားလေးတွေ ကိုကို့ဆီမှာ ထားခဲ့ချင်တယ် ဒါမှ ကိုကို အထီးမကျန်ရအောင်လေ ~~ နင်သိလား ငါ့ကိုကိုက အရမ်းအထီးကျန်နေခဲ့တာ ... သူအဲ့ဒီလိုဖြစ်အောင် ငါလုပ်ခဲ့မိတာ "

‌သူ့စကားကြောင့် ခူရိုက သူ့ကို မျက်မှောင်ကြုတ်ကာ ကြည့်သည်။

" သေမယ်ဆိုတဲ့စကားက နင်နဲ့မလိုက်ဖက်ဘူးဂျောင်ကု! မပြောနဲ့! နင်က အိုပါးအတွက် ကလေးလေးတွေ မွေးပေးပြီး အိုပါးနဲ့အတူတူ အကြာကြီးရှိနေဦးမှာ! ပြီးတော့ အိုပါးကအထီးကျန်ရတာ နင့်ကြောင့်ဆိုရင် ပြန်ဆယ်လို့မရတဲ့နောင်တတွေနဲ့ နင် ရှင်သန်နေရတာက အိုပါးကြောင့်ပေါ့ ~~ ဘာဖြစ်ဖြစ် တစ်ဖက်စောင်းနင်းမတွေးလိုက်နဲ့ အရမ်းတွေးနေတာက နင်နဲ့မလိုက်ဘူး ... ငါတို့ခမည်းခမက်တော်ဖို့ နင် သမီးလေးမွေးပါဦး "

စိတ်အားငယ်နေပုံရတဲ့သူ့ကို ခူရိုက အားပေးစကားပြောလာတော့ သူသက်ပြင်းချရင်း ‌ရယ်လိုက်မိတော့သည်။ တကယ်တော့ သူ ကိုကို့အတွက် ကလေးလေးမွေးပြီးရင် သေတော့မယ် လို့ ခံစားနေရတာဖြစ်သည်။ သူ့အဖေတုန်းက မွေးလာတဲ့ရင်သွေး အသက်မရှင်ပေမယ့် သူ့အလှည့်ကျရင် သူ့ကလေးကအသက်ရှင်ပြီး သူက ထွက်သွားရမယ့်သူလို့ သူခံစားမိနေသည်။

" ~~ ဒါနဲ့ နင် ဟင်းချက်တတ်တယ်မလား ... ငါတို့လက်ထပ်တုန်းက နင်ပဲ ငါ့‌မနက်စာ နေ့လည်စာ ညစာတွေကို စီစဉ်ပေးတာလေ ~~ "

" ... အင်း! ဘာဖြစ်လို့လဲ "

" အာ~~ ငါ ကိုကို့အတွက် အစားအသောက်တွေလုပ်ပေးချင်လို့ပါ ... အမြဲတမ်း ကိုကိုက ငါ့အတွက်ပဲလုပ်ပေးနေတော့ သူအပြင်စာစားတဲ့အခါ ငါ့လက်ရာတွေပဲ သတိရနေရအောင်လို့! "

သူ့စကားကြောင့် ခူရိုက ပြုံးစိစိနဲ့ရယ်သည်။

" အမလေး ~ အဲ့ဒါကြောင့် ဟိုတုန်းက ငါမပြောဘူးလား ... ကွာရှင်းပြီးရင် နင်တစ်ယောက်တည်း မားမားဘူးတွေပဲစားမရဘူးလို့! ချက်တတ်ရမယ်လို့! အဲ့တုန်းက ငါသင်ပေးတာ နင်ဘာလုပ်လိုက်လဲ မှတ်မိလား! "

" ဟီး ဟီး မှတ်မိတယ်လေ ... ငါတို့ ဟင်းရွက်တိုက်ပွဲကစားကွင်းဖြစ်သွားတယ်လေ ... ငါက သေချာလိုက်မလုပ်ဘဲ မသင်ချင်လို့ ဆော့ပစ်လိုက်တာလေ "

" အေး အခုလည်း အဲ့လိုထပ်ဖြစ်ရင်ဘယ်လိုလုပ်မလဲ "

" အခုက မတူတော့ဘူး ငါက ကိုကို့အတွက် သေချာလေးလုပ်ပေးချင်လို့ပါ "

" ဒီလောက်တောင် လေးနက်နေမှတော့ ငါသင်ပေးရတော့တာပေါ့ ပြော! ဘယ်တစ်ခုကို အရင်စမ်းကြည့်ချင်လဲ ငါအကုန်သင်ပေးမယ် "

" နင် နှစ်ရက်အတွင်း တက်အောင် သင်ပေးရမယ် ဘာလို့ဆို နောက်သုံးရက်မြောက်နေ့က ကိုကိုပြန်ရောက်ပြီမို့လို့ ငါက သိပ်လွတ်လပ်တော့မှာမဟုတ်ဘူး "

သူ့စကားကြောင့် ပြုံးရယ်နေတဲ့ခူရို့မျက်နှာလေး တည်သွားမိသည်။

" ငါနင်နဲ့လာတွေ့တာ အိုပါးက မကြိုက်ပုံပဲ "

" ဟင်! မဖြစ်နိုင်တာ ~~  ငါခုနက ပြောလိုက်တာ အဲ့ဒီ့အဓိပ္ပါယ်မဟုတ်ပါဘူး ငါပြောတာက ကိုကိုက ငါ့ကို မျက်စိအောက်ပျောက်မခံဘဲ အမြဲမရိပ်တကြည့်ကြည့်မို့ ငါဟင်းချက်သင်နေတာ သိသွားမှာ စိုးလို့ပါ ငါက ကိုကို့ကို စပရိုက်လုပ်မလို့ပါဆို! "

" ~~ မဟုတ်ဘူး ဂျောင်ကုရ! ငါနင့်ကိုတွေ့ချင်ပါတယ်လို့ အိုပါးကို တောင်းဆိုထားတာ ~~ သူခွင့်မပြုခဲ့ဘူး ... အကယ်လို့ ငါတို့သာ ဆေးရုံမှာ ပြန်မဆုံခဲ့ရင် ~~ ခရစ်က နင့်ကိုသာ ဖုန်းမဆက်ခဲ့ရင် ~ ငါတို့ ဒီလိုတွေ့ရမှာမဟုတ်ဘူး ဂျောင်ကု "

" ... "

" ငါပြောချင်တာက နင် မပြောပြရသးဘူးလား ~~ ငါတို့နှစ်ယောက်က ဘာမှမဖြစ်ခဲ့ကြဘူးဆိုတာလေ ... အသေးစိတ်ကအစ ပြန်ပြောပြသင့်တဲ့အချိန်ရောက်ပြီ မဟုတ်ရင် ယုံကြည်မှုမရှိတဲ့ဆက်ဆံရေးဖြစ်သွားလိမ့်မယ် "

ခူရို့စကားကြောင့် သူ ခေါင်းငုံ့ပြီး တိတ်ဆိတ်မိသွားသည်။ ပြောပြချင်ပေမယ့် သူအချိန်ဆွဲနေမိခဲ့တာနဲ့တူသည်။ ပြောဖို့ကလည်း အခွင့်မသာသလို ခူရို့အကြောင်းပြောတာနဲ့ ကိုကိုက မသိသလို၊မကြားသလိုလုပ်ပစ်သည်။ ကြည့်ရတာ ကိုကို့ကို အတင်းအကျပ်ပြောပြမှပဲ ရပေတော့မည်။ ဒါတောင် နားပိတ်ထားရင် ဒုက္ခ!

" ကဲ အတွေးမလွန်နဲ့ ဂျောင်ကု  ~~~ နှစ်ရက်အတွင်း ဟင်းချက်တတ်ဖို့ဆိုရင် သေချာပေါက်လိုတာတွေ အခုသွားဝယ်ရတော့မှာပေါ့! ကဲ သွားရအောင် ခရစ်ကို ဝင်ကြိုရင်းနဲ့ နင်အရင်ဆုံးချက်ချင်တဲ့ဟာကို ချက်ကြည့်ရအောင် ! "

အဲ့ဒီ့နောက် သူလည်း အချိန်မဆွဲတော့ဘဲ ခူရိုနဲ့လိုက်ကာ ခရစ်ကို နေ့ကလေးထိန်းကျောင်းမှာ ကြိုပြီးနောက် အတူတူဈေးဝယ်ထွက်ခဲ့ကြတော့သည်။

💠💠💠

30/01/23

▬▬▬▬▬▬▬▬▬▬▬▬▬▬▬◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇▬▬▬▬▬▬▬▬▬▬▬▬▬▬▬

⟨ Zawgyi Version ⟩Me, Myself & Bad Romance

ေဆး႐ုံခန္းအျပင္ဘက္မွာ စာ႐ြက္ကိုင္ၿပီး တိတ္ဆိတ္ေနမိသည္။ အေျခအေနကေတာ့ ၅၀-၅၀ပင္။ ေကာင္းတယ္ရယ္လို႔လည္း မဟုတ္သလို မေကာင္းဘူးလည္းမဟုတ္။ သူ႔လို လူနာအမ်ိဳးအစားကို VIP လို႔သတ္မွတ္ထားတဲ့အတြက္ အရာရာက ခ်က္ခ်င္းရေတာ့ သူေဆးစစ္ခ်က္ေတြအတြက္ ၾကာၾကာ မေစာင့္လိုက္ရ။ သို႔ေပမယ့္ ဒီေဆးစစ္ခ်က္ကို ကိုင္ၿပီး ကိုကိုနဲ႔ ေဆြးေႏြးရမွာေတာ့ သူနည္းနည္းေၾကာက္သည္။

သူကေလးေမြးႏိုင္တာသိရင္ ကိုကိုဘာေျပာေလမလဲ။  ဝမ္းသာမွာလား၊ အံ့ဩမွာလား ဒါမွ မဟုတ္ အထင္အျမင္ေသးေနေလမလား။ အထင္ေသးတာကေတာ့ မျဖစ္ႏိုင္၊ သူ႔ကို ကိုကိုဘယ္ေလာက္ခ်စ္လဲ သူသိသည္မို႔ အထင္မေသးဘူးဆိုတာေတာ့ သူေသခ်ာသည္။ ဒါေပမဲ့ အခုမွ ေျပာရေကာင္းလားဆိုၿပီး စိတ္ဆိုးမွာေတာ့ သူေၾကာက္သည္။

ေဂ်ာင္ဂု ေတြးေနရင္း ေဆးခန္းကေန အိမ္မျပန္ႏိုင္ျဖစ္ေနမိသည္။ အဲ့အခ်ိန္မွာပဲ ႐ုတ္တရက္ သူ႔ကို လာေျပးဖက္တဲ့ကေလးေလးတစ္ေယာက္။

" ပါးပါး! ပါးပါး! "

ရင္းႏွီးလြန္းသည္မို႔ အသိဝင္ၿပီး ငုံ႔ၾကည့္မိေတာ့ Christopher ေလးကို ျမင္လိုက္ရသည္။

" ခရစ္! သား! ဘယ္လိုလုပ္ "

အံ့ဩေနတဲ့အခ်ိန္မွာပဲ ေမာ့ၾကည့္မိေတာ့ ျမင္လိုက္ရတာ ရွင္းခူ႐ို!

" ေဂ်ာင္~~ ေဂ်ာင္ဂု "

မဝံ့မရဲေခၚလာတဲ့အသံအဆုံး သူ ခူ႐ို႕ကို တစ္လွည့္ Christopherကို တစ္လွည့္ၾကည့္မိသည္။

" ပါးပါးကို လြမ္းေနတာ ~~ ပါးပါး သားတို႔ဆီ ဘာျဖစ္လို႔ ဖုန္းေလးတစ္ခ်က္ေတာင္ မဆက္သြယ္ရတာလဲ "

ေမးလာတဲ့သားေလးရဲ႕ မ်က္ႏွာကို သူပြတ္သပ္ရင္း ၿပဳံးလိုက္မိသည္။ အေဖရင္းမဟုတ္ဘူးဆိုတာသိေနေပမယ့္ သားငယ္ေလးကေတာ့ သူ႔ကိုအခုထိ အေဖတစ္ေယာက္လို အသိအမွတ္ျပဳေနတုန္းပင္။

" ... ပါးပါးကအမ်ားႀကီး အလုပ္ရႈပ္ေနလို႔ ေတာင္းပန္ပါတယ္ ~~ ပါးပါးရဲ႕ခရစ္ေလးအမ်ားႀကီးႀကီးလာၿပီပဲ "

ေျပာရင္း သူေပြ႕ဖက္ကာ သူနဲ႔ခရစ္က္ိုၾကည့္ေနခဲ့တဲ့ခူ႐ိုကို ၿပဳံးျပလိုက္မိေတာ့သည္။ Christopher က ဟန္မင္းနဲ႔ရွင္းခူ႐ိုရဲ႕သားေလးပင္။

💠💠💠

" ... ကိုကို အလုပ္ခရီး တစ္ပတ္သြားရမယ္ သားသား ... မနက္ျဖန္စထြက္ရမယ္ ..."

ကုတင္ေပၚေဘးတစ္ျခမ္းေစာင္းၿပီး အိပ္ေနတဲ့သူ႔ကို စကားဆိုလာတဲ့ကိုကို။ ကိုကိုကေတာ့ အထုတ္အပိုးေတြကို အခုကတည္းက ျပင္ဆင္ေနသည္။

" အေဒၚႀကီးကလည္း နယ္ျပန္သြားတယ္ဆိုေတာ့ ဒီတစ္ပတ္အတြက္ ကိုကို ဟိုတယ္ကေန ဘြတ္ကင္လုပ္ထားေပးတယ္ အတြင္းေရးမႉးေခါင္းေဆာင္က လာပို႔ေပးလိမ့္မယ္ ... ကိုကို ျပန္မလာမခ်င္း အျပင္မသြားနဲ႔ေနာ္ ... စိတ္မခ်ဘူး ... "

Luggage ထဲ အက်ႌတစ္ထည္ထည့္လိုက္၊ သူ႔ေခါင္းကို ပြတ္သပ္လိုက္ လုပ္ေနတဲ့ ကိုကို႔ကို သူဒီအတိုင္း ျပဴးေၾကာင္ေၾကာင္ေလးသာ ၾကည့္ေနမိသည္။ ဒီေန႔ ေဆး႐ုံကျပန္လာၿပီးကတည္းက ကိုကို႔ကို သူ မေျပာျပရေသး။ ေဆြးေႏြးတိုင္ပင္ဖို႔ကလည္း ဒီတစ္ပတ္လုံး ကိုကို အလုပ္ခရီးရွိေနတာမို႔လို႔ စိတ္မေျဖာင့္တာမ်ိဳး မျဖစ္ေစခ်င္။ ထို႔ေၾကာင့္ အိပ္ရာက ကုန္း႐ုန္းထကာ ျပင္ဆင္ေနတဲ့ ကိုကို႔ေနာက္ေက်ာကို ဖက္မိသည္။

" ေဟာ! သြားေတာင္ မသြားရေသးဘူး လြမ္းေနၿပီလား "

ကိုကိုေမးတာကို မေျဖဘဲ ေခါင္းညိတ္မိေတာ့ ကိုကိုက သူ႔ဘက္ျပန္လွည့္ကာ သူ႔ကို ေပြ႕ဖက္ၿပီး ဆံႏြယ္ဖြဖြေတြၾကား လက္ေခ်ာင္းရွည္ေတြ ထိုးထည့္သည္။

" တစ္ပတ္ဆိုေပမယ့္ ျမန္ျမန္အဆုံးသတ္ၿပီးတာနဲ႔ ျမန္ျမန္ျပန္လာမယ္ေနာ္ ~~ ေနမေကာင္းမျဖစ္ေအာင္ ဂ႐ုစိုက္ၿပီးေနေနာ္ ~~ ေန႔တိုင္းကိုကိုဖုန္းဆက္မယ္ ... မကိုင္ဘဲ ခ်ပစ္တာမ်ိဳးမလုပ္ရဘူးေနာ္ "

" အင္း "

တိုးဖြဖြအသံနဲ႔ ေခါင္းညိတ္ၿပီးတဲ့ေနာက္မွာ သူ႔ကိုယ္ေလး ေစြ႕ကနဲ႔ျဖစ္သြားေတာ့ မ်က္လႊာေတြဖြင့္ၾကည့္မိသည္။ ကိုကိုက သူ႔ကို တင္ပါးကေန ပင့္ခ်ီတင္လိုက္တာျဖစ္ၿပီး အိပ္ယာထက္ သူ႔ကိုခ်သည္။

" ... ဘယ္လိုလုပ္ရမလဲ ~~~ တစ္ပတ္ႀကီးေတာင္ မျမင္ရဘူးဆိုေတာ့ ကိုကို႔ Big dragon ေလးက တအားလြမ္းေနမယ္ထင္တယ္ သူ႔ရဲ႕ေဘဘီေလးကိုေလ ~~ "

ခပ္ခြၽဲခြၽဲ ကိုကို႔စကားေၾကာင့္ သူ အူယားမိရင္း ႏႈတ္ခမ္းေထာင့္ေကြးေအာင္ ၿပဳံးရင္း သူ႔လက္ဖ်ားႏွစ္ဖက္ကို ကိုကို႔ ပခုံးေပၚ ဖြဖြေလးတင္မိသည္။ အခုအေနအထားက သူက အိပ္ယာေပၚေက်ာကပ္ေနတာျဖစ္ၿပီး ကိုကိုက သူ႔အေပၚထပ္လ်က္ကပ္ကာ သူ႔ကို ငုံ႔မိုးထားေတာ့ ကိုကို႔အေျခအေနတင္းမာေနလား၊ မတင္းမာေနဘူးလားဆိုတာ သူကိုယ္တိုင္သိသည္။ သို႔ေပမယ့္ ကိုကို႔ကို သူရစ္ခ်င္ေနမိတဲ့အတြက္ မသိနားမလည္သလိုမ်ိဳး ေရွာင္ကြင္းမိသည္။

" ... တအားေတြေနာ္ ~~ ဘယ္လို အရွက္မရွိတဲ့မ်က္ႏွာနဲ႔ ဒီစကားေျပာထြက္တာလဲ ... ကိုကို ~~ "

ေျပာမိေတာ့ ကိုကို႔ႏႈတ္ခမ္းလုံးလုံးက သူ႔ပါးျပင္ေအးေအးထက္ ေႏြးေႏြးေထြးေထြးက်ေရာက္သည္။

" မြ "

" ... တစ္ပတ္ေတာင္ေလ! တစ္ပတ္! ...  အနည္းဆုံးေတာ့ မင္းအေငြ႕အသက္ေတြ ကိုကို႔ ကိုယ္ေပၚမွာ အမွတ္အသားခ်န္ခဲ့ရမယ္မဟုတ္လား ..."

စကားအဆုံးသတ္တာနဲ႔ သူ႔ပါးျပင္ေပၚ ကိုကို႔အနမ္းေတြ ထပ္က်ေရာက္လာျပန္ေတာ့ သူရယ္ေသြးသမ္းရင္း ကိုကို႔ပါးျပင္ကို လက္တစ္ဖက္နဲ႔ခပ္ဖြဖြ ထိေတြ႕မိသည္။ သူဖ်ားေနတာမ်ိဳးေတာ့ မဟုတ္ေပမယ့္ အင္အားေတြ မရွိသလို ခံစားေနရတာေတာ့အမွန္။ ၿငီစီစီနဲ႔ အိပ္ယာေပၚကေန ထခ်င္တဲ့ခံစားခ်က္မရွိ။ သက္ေသာင့္သက္သာလဲေလ်ာင္းကာ ေအးေအးေဆးေဆး အနားယူခ်င္သည္။ ကိုကို႔ကို တြယ္ကပ္ရင္းနဲ႔ေပါ့။ သို႔ေပမယ့္ အခု ကိုကို႔အေျခအေနက တကယ္ကို တင္းမာေနတာမို႔ သူ လိုက္ေလ်ာေပးဖို႔ ဆုံးျဖတ္ထားမိသည္။

" ကိုကို ... ယုတၱိမရွိဘူးဆိုေပမယ့္ သားသား ပင္ပန္းခ်င္ေနသလို ျဖစ္ေနတာမို႔ ... ျငင္ျငင္သာသာေလး ~~"

" (ႁပြတ္) "

စကားမဆုံးေသး ကိုကိုက သူ႔ကို ဖ်တ္ကနဲ႔ ငုံေထြးသည္။

" ဒီေလာက္ဆို အဆင္ေျပလား ~~ "

" စကားေတာင္ မဆုံးေသးဘူး ဘာလို႔တအားကဲေနရ~~ "

" ( မြ ) "

" ~အင္း ~ ပင္ပန္းခ်င္သလိုျဖစ္ေနတဲ့ သားသားေၾကာင့္ ကိုကိုက ျငင္ျငင္သာသာေလး လုပ္ေပးမယ္ေနာ္ ~~ "

ကိုကို႔စကားအဆုံး သူ ဘာမွ ထပ္မေျပာေတာ့ဘဲ ပူေႏြးေနသလိုျဖစ္ေနတဲ့ ကိုကို႔ခႏၶာကိုယ္ေပၚက ရွပ္ေလးကို သူ ဆြဲယူခြၽတ္လိုက္မိသည္။ အဝတ္ဗလာျဖစ္သြားတဲ့ကိုကို႔ခႏၶာကိုယ္က အေႏြးေငြ႕ေႏြးေႏြးက သူ႔မ်က္ႏွာကို ႐ိုက္ခတ္ေနတာမို႔ သူ႔ေသြးသားေတြကိုပါ ပူေႏြးေစလာေတာ့ ကိုကိုက သူ႔ပါးကို ခပ္ဖြဖြဆြဲညႇစ္သည္။

" ပင္ပန္းခ်င္သလိုျဖစ္ေနတယ္ေျပာၿပီး ~~ တကယ္တမ္းေလာေနတာက မင္း မဟုတ္လား သားသား ~~ "

" ~~ ကိုကိုက အဲ့ဒီ့မ်က္ႏွာနဲ႔ လာျမဴဆြယ္ေနမွေတာ့ ဘယ္သူက စိတ္မပါဘဲ ေနပါ့မလဲ ~~ "

သူ႔အက်ႌ‌ကို ခြၽတ္ေနတဲ့ကိုကို႔ကို သူေျပာမိေတာ့ ကိုကိုရယ္ရင္း ဗလာျဖစ္သြားတဲ့သူ႔ ရင္ဘတ္ကို ကိုကို႔ႏႈတ္ခမ္းေတြနဲ႔ လာထိကပ္သည္။ ပူေႏြးစိုစြတ္သြားတဲ့အခိုက္အတန႔္မွာ ကိုကို႔လွ်ာဖ်ားေတြဆီက အနမ္းေတြ မြတ္သပ္စြာ ၿပိဳဆင္းက်လာေလေတာ့ သူ ကိုကို႔ ဆံႏြယ္ေတြၾကား လက္ေခ်ာင္းေတြ ထိုးထည့္ရင္း ကိုကို႔ခါးကို ေျခခြထားမိသည္။ အဲ့ဒီ့ေနာက္ ကိုကို႔အနမ္းေတြက သူ႔ရင္ဘတ္ကေနတစ္ဆင့္ သူ႔လည္တိုင္ေတြဆီ ဦးတည္လာေတာ့ သူ ကိုကို႔ကို တင္းတင္းက်ပ္က်ပ္ဖက္တြယ္မိရင္း ကိုကိုေပးလာမယ့္ ခ်စ္ျခင္းတရားေတြကို မြတ္သိပ္စြာ ငံ့လင့္ေနမိေတာ့သည္။

💠💠💠

" ( !! ) "

" ( !! ) "

ၿငီစီစီျဖစ္ေနရာကေန အသံတစ္ခုေၾကာင့္ ႏိုးလာခဲ့သည္။ သူ႔အာ႐ုံခံစားႏိုင္စြမ္းက အဆင္မေျပေသးေပမယ့္ အသံလာရာဖုန္းကို ေကာက္ကိုင္ကာ နားနဲ႔ကပ္မိသည္။ မ်က္လုံးကေနေရာ , နားႏွစ္ဖက္ကေနပါ ရွိသမွ်အပူေတြအကုန္သူခံစားမိေနၿပီး လည္ေခ်ာင္းက ေနလုံးၿမိဳခ်ထားသလို ပူေလာင္ေျခာက္ေသြ႕လြန္းလွသည္။ သို႔ေပမယ့္ တစ္ဖက္က ဖုန္းဆက္လာသူက ကိုကိုမ်ားျဖစ္ေနခဲ့ရင္ ဆိုတဲ့အေတြးေလးနဲ႔ သူကိုင္လိုက္တာမို႔ မျဖစ္မေန အသံေပးရေတာ့သည္။

" အင္း~~ ဟယ္လို ~~ "

ေျခာက္အက္ပူျပင္းစြာ ထြက္သြားခဲ့တာမို႔ သူ႔အသံေတြက အဆင္မေျပ။ ဒါကို တစ္ဖက္သူက ေကာင္းေကာင္းသိပုံရသည္။

" ပါးပါး! ပါးပါး ေနမေကာင္းေနဘူးလား "

ကိုကိုမဟုတ္ဘဲ သူ႔အခ်စ္ေတာ္ခရစၥတိုဖာေလးရဲ႕အသံေၾကာင့္ သူ႔တင္းခံထားတဲ့အလႊာေလး ေလ်ာ့က်သြားသည္။ ကိုကိုသာ သူအခုလို အဖ်ားႀကီးဖ်ားေနမွန္းသိရင္ ေရာက္ရာအရပ္က ခ်က္ခ်င္းျပန္လာမွာ သိေနတာမို႔လို႔ ကိုကိုဖုန္းဆက္ရင္ သူ ဘာမွမျဖစ္သလိုဟန္ေဆာင္ဖို႔ ‌ရည္႐ြယ္ထားသည္ေလ။

" ေဂ်ာင္ဂု! ဟယ္လို ေဂ်ာင္ဂု! ငါေျပာတာနင္ၾကားလား! အဆင္ေျပလားေဂ်ာင္ဂု! ဘာျဖစ္ေနတာလဲ! တစ္ေယာက္တည္းရွိေနတာမလား! ‌ေျဖစမ္းပါ ဂြၽန္ေဂ်ာင္ဂုရ! ငါစိတ္ပူလို႔ေသေတာ့မယ္ "သူျပန္မေျဖတဲ့အေပၚ သူငယ္ခ်င္းမေလး ရွင္းခူ႐ိုရဲ႕စိုးရိမ္တႀကီး အသံထြက္လာေတာ့ သူ ေလးဖင့္စြာ စကားေျပာဖို႔အားယူမိသည္။

" ~~ အြန္း ~~ ငါ ... ငါ ... ဖ်ား ~~ "

'ငါဖ်ားေနတာ' ဆိုတဲ့စကားကို အဆုံးထိေျပာလိုက္ေပမယ့္ အသံမထြက္သြားဘူးဆိုတာ သူသိသည္။ သို႔ေပမယ့္ အားတင္းၿပီးေျပာရေပဦးမည္။

" ဖ်ားေနတာလား! ‌အရင္က အိုပါးရဲ႕အိမ္မွာပဲလား ! တစ္ေယာက္တည္းမလား! ငါလာခဲ့မယ္! နင္က ဖုန္းပဲဖြင့္ထား ~~ ငါ့ဖုန္းကို မခ်လိုက္နဲ႔ "

ျပန္မေျဖေတာ့တဲ့အသံေလးေၾကာင့္ ခူ႐ို သက္ျပင္းခ်ကာ ကားေသာ့ေကာက္ကိုင္ၿပီး ခရစၥတိုဖာေလးကို ၾကည့္မိသည္။ သားျဖစ္သူ ခရစၥေဘးနားမွာေတာ့ ခင္ပြန္းျဖစ္သူဟန္မင္း။

" ႐ို႐ို! ဘာျဖစ္လို႔လဲ ေဂ်ာင္ကုေနမေကာင္းဘူးလား "

" အြန္း ~~ အဖ်ားအရမ္းႀကီးေနတာထင္တယ္ တစ္ေယာက္တည္းျဖစ္ေနပုံပဲ အဲ့ဒါေၾကာင့္ သြားမွရမယ္ထင္တယ္ ... မ်က္ႏွာခ်င္းဆိုင္ရမွာ အားနာေပမယ့္ ဒီလိုေတာ့ တစ္ေယာက္တည္း ပစ္မထားႏိုင္ဘူးေလ ..."

" ဒါေပမဲ့ သူ႔ေယာက်ၤားက မင္းကို ခြင့္မျပဳထားဘူးေလ ~~ ႐ို႐ို ... ျပသနာတက္ေအာင္ မလုပ္ခ်င္စမ္းနဲ႔ ... အခု ကိုးရီးယားကိုျပန္လာတာ ဗိုက္ထဲကကေလးကို အေၾကာင္းျပၿပီး ေဂ်ာင္ကုကို ေတြ႕ခ်င္လို႔ဆိုတာ ငါသိတယ္ ... ဒါေပမဲ့ သူမ်ားအုပ္ထိန္းသူက ခြင့္မျပဳတဲ့ကိစၥကို ေရွ႕ဆက္မတိုးရဘူးေလ ႐ို႐ို ...  "

ဟန္မင္းစကားေၾကာင့္ သူမ တြန႔္ဆုတ္ၿပီး အႀကံအိုက္မိသည္။ တကယ္ဆို အိုပါးက ဘာျဖစ္ေနမွန္း သူမ ေသခ်ာမသိ။ ေဂ်ာင္ကုနဲ႔သူမလည္း တကယ္ပတ္သက္တာမ်ိဳးမွ မရွိခဲ့တာကို။ မဟုတ္မွ ေဂ်ာင္ကုက ျဖစ္သမွ်ကုန္စင္အေၾကာင္းစုံကို မေျပာျပရေသးတာလား။

" .. ဟန္မင္းရား ... နင္ေဆး႐ုံေပၚမွာ လွဲေနရတဲ့အခ်ိန္ေတြအားလုံးမွာ ငါ့နဲ႔ခရစ္ကို သူမ်ားလက္ညႇိဳးမထိုးေအာင္ သူကာကြယ္ေပးခဲ့တာပါ ... နင္တို႔အျမင္မွာ ေဂ်ာင္ကုက အားနည္းခ်င္အားနည္းေနမယ္ ဒါေပမဲ့ ငါ့အတြက္ေတာ့ ေလာကႀကီးမွာ သူကအသန္မာဆုံးသူပဲ ... အဲ့ဒါေၾကာင့္ ငါ သူ႔ကိုပစ္ပယ္လို႔မရဘူး ... ငါ့အေဖက သူ႔မိဘေတြအေပၚ အျပစ္က်ဴးလြန္ထားတာေတာင္ ငါ့ကို သူငယ္ခ်င္းအျဖစ္လက္ခံခဲ့ေပးတယ္ ... ငါ သူ႔အေပၚ ဒီထက္ေကာင္းေပးဖို႔ဆုံးျဖတ္ထားတယ္ ... အဲ့ဒါ နင့္ထက္ပိုခ်င္ပိုလိမ့္မယ္ ဟန္မင္း "

သူမစကားအဆုံး ဟန္မင္းက သူမကို စူးစိုက္ၾကည့္သည္။ ဇနီးတစ္ေယာက္အေနနဲ႔ ထိုစကားက လြန္သြားမယ္ဆိုတာ သိေပမယ့္ ဟန္မင္းမ်က္ဝန္းေတြက သူမကို နားလည္ေၾကာင္းေျပာျပေနေတာ့ သူမ အၾကည့္လႊဲမိသည္။

" ေကာင္းၿပီ ငါလိုက္ပို႔ေပးမယ္ ႐ို႐ို! "

မထင္မွတ္ထားတဲ့စကားအဆုံးမွာေတာ့ သူမလက္ထဲက ကားေသာ့ကို ဟန္မင္းဆြဲယူကာ အိမ္အျပင္ဘက္ကို ထြက္သြားေတာ့သည္။

💠💠💠

'" ငါထင္တာက နင္ငါ့ကို တစ္သက္လုံး လာျပန္မေတြ႕ေတာ့ဘူး ထင္ေနတာ "

ဧည့္ခန္းရဲ႕ဆိုဖာေပၚ သက္ေသာင့္သက္သာမွီရင္း ေျပာမိေတာ့ ခူ႐ိုက ပန္းသီးစိတ္ေနရာကေန သူ႔ကို ၿပဳံးျပသည္။

" တစ္သက္လုံးမျပစ္ထားႏိုင္ပါဘူး နင့္‌ေက်းဇူးေတြ ငါ့အေပၚ ဘယ္ေလာက္ေတာင္မ်ားလိုက္လဲ ... နင့္မိဘေတြအေပၚေရာ ငါ့အေဖက .."

" ~~ ဒါနဲ႔ ကေလးနာမည္ဘာေပးမယ္လို႔ စဥ္းစားထားတာလဲ "

သူ႔မိဘေတြနဲ႔ပတ္သက္တဲ့အတိတ္အေၾကာင္းကို ျပန္မေျပာခ်င္တာမို႔ စကားလမ္းေၾကာင္းလႊဲမိေတာ့ ခူ႐ိုက အလိုက္တသိ ေခါင္းညိတ္ရင္း ၿပဳံးသည္။

" မသိေသးဘူး နာမည္ေပးတာ သူ႔အေဖဟန္မင္း လုပ္လိမ့္မယ္ .. နင္သာ က်န္းမာေအာင္ေန! ငါေတာင္ ဒုတိယကေလးရေနၿပီ! နင္က အခုထိ ဆိုးလို႔ေကာင္းေနတုန္း "

စိတ္လို႔ၿပီးတဲ့ပန္းသီးစိတ္ေတြ သူ႔ေရွ႕ခ်ရင္း ေျပာေတာ့ သူရယ္လိုက္မိသည္။ ဟိုတစ္ေန႔ သူအသည္းအသန္ဖ်ားေနတုန္းက တစ္မိသားစုလုံး သူ႔အိမ္ကို ေပါက္ေရာက္ခ်လာၿပီးေနာက္ အခုေတာ့ ခူ႐ိုက ကိုကိုျပန္မလာခင္ ေန႔တိုင္းလိုလို သူ႔အေျခအေနကို လာစစ္ေဆးေနတာျဖစ္သည္။

" ငါဘယ္မွာဆိုးလို႔တုန္း! "

" ေနမေကာင္းဘူးဆိုတာ ေကာင္းေကာင္းမေနလို႔ေလ .. ေကာင္းေကာင္းမေနေတာ့ အဲ့ဒါက ဆိုးတာေပါ့ ကဲ ေျပာစမ္းပါဦး! ကိုယ္ဝန္ရႏိုင္တဲ့အေျခအေနမွာ အမ်ိဳးသားကို အတူတူေနခြင့္ေပးလိုက္ေတာ့ တကယ္ကိုယ္ဝန္ရသြားရင္ ဘယ္လိုလုပ္မလဲ! နင့္အမ်ိဳးသားက နင့္အေၾကာင္းေတာင္ ေသခ်ာမသိေသးဘူးမဟုတ္လား! "

ပန္းသီးတစ္စိပ္ကို ယူရင္း သူ႔ကို ဦးတည္လာေတာ့ သူလည္ဂုတ္ပြတ္လိုက္မိသည္။ တကယ္ဆို ခူ႐ိုသိသြားေစဖို႔ သူမရည္႐ြယ္ပါ။ သူအဖ်ားႀကီးေနသည္မို႔ ေဆးမွတ္တမ္းရွာကာ ေဆး႐ုံသြားဖို႔ လုပ္ခဲ့သည္။ အဲ့ဒီေတာ့မွ သူ႔ေဆးမွတ္တမ္းကို ၾကည့္ၿပီး သူဟာ ကေလးတစ္ေယာက္ေမြးႏိုင္မွန္း သိသြားခဲ့တာျဖစ္သည္။

" ... ေတာ္စမ္းပါကြာ ~~ ကိုယ္ဝန္ရႏိုင္ေခ်ပဲရွိတာပါ တကယ္မရႏိုင္ပါဘူး ... ငါ့ကိုယ္ငါသိတာေပါ့ ၿပီးေတာ့ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး နင့္ပါးစပ္ကို ပိတ္ထားရင္ေကာင္းမယ္ ငါေတာင္ ကိုကို႔ကို မေျပာျပရေသးဘူး "

" ေဂ်ာင္ကု! နင္ ကေလးေလးမလိုခ်င္ဘူးလား "

" အင္း ~~ လိုခ်င္တာေပါ့ ကိုကိုနဲ႔တူတဲ့သမီးေလးတစ္ေယာက္ေမြးေပးခ်င္ခဲ့တာ ~~ ၿပီးေတာ့ နင္သိလား ~~ ငါက ေလာကႀကီးမွာ အၾကာႀကီးမေနရမယ့္သူဆိုတာ ငါခံစားမိတယ္ ငါ့မွာ အခ်ိန္ေတြ အမ်ားႀကီးမရွိေတာ့သလိုပဲ ... အဲ့ဒါေၾကာင့္ ငါမရွိေတာ့ရင္ ငါ့ကိုယ္ပြားေလးေတြ ကိုကို႔ဆီမွာ ထားခဲ့ခ်င္တယ္ ဒါမွ ကိုကို အထီးမက်န္ရေအာင္ေလ ~~ နင္သိလား ငါ့ကိုကိုက အရမ္းအထီးက်န္ေနခဲ့တာ ... သူအဲ့ဒီလိုျဖစ္ေအာင္ ငါလုပ္ခဲ့မိတာ "

‌သူ႔စကားေၾကာင့္ ခူ႐ိုက သူ႔ကို မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္သည္။

" ေသမယ္ဆိုတဲ့စကားက နင္နဲ႔မလိုက္ဖက္ဘူးေဂ်ာင္ကု! မေျပာနဲ႔! နင္က အိုပါးအတြက္ ကေလးေလးေတြ ေမြးေပးၿပီး အိုပါးနဲ႔အတူတူ အၾကာႀကီးရွိေနဦးမွာ! ၿပီးေတာ့ အိုပါးကအထီးက်န္ရတာ နင့္ေၾကာင့္ဆိုရင္ ျပန္ဆယ္လို႔မရတဲ့ေနာင္တေတြနဲ႔ နင္ ရွင္သန္ေနရတာက အိုပါးေၾကာင့္ေပါ့ ~~ ဘာျဖစ္ျဖစ္ တစ္ဖက္ေစာင္းနင္းမေတြးလိုက္နဲ႔ အရမ္းေတြးေနတာက နင္နဲ႔မလိုက္ဘူး ... ငါတို႔ခမည္းခမက္ေတာ္ဖို႔ နင္ သမီးေလးေမြးပါဦး "

စိတ္အားငယ္ေနပုံရတဲ့သူ႔ကို ခူ႐ိုက အားေပးစကားေျပာလာေတာ့ သူသက္ျပင္းခ်ရင္း ‌ရယ္လိုက္မိေတာ့သည္။ တကယ္ေတာ့ သူ ကိုကို႔အတြက္ ကေလးေလးေမြးၿပီးရင္ ေသေတာ့မယ္ လို႔ ခံစားေနရတာျဖစ္သည္။ သူ႔အေဖတုန္းက ေမြးလာတဲ့ရင္ေသြး အသက္မရွင္ေပမယ့္ သူ႔အလွည့္က်ရင္ သူ႔ကေလးကအသက္ရွင္ၿပီး သူက ထြက္သြားရမယ့္သူလို႔ သူခံစားမိေနသည္။

" ~~ ဒါနဲ႔ နင္ ဟင္းခ်က္တတ္တယ္မလား ... ငါတို႔လက္ထပ္တုန္းက နင္ပဲ ငါ့‌မနက္စာ ေန႔လည္စာ ညစာေတြကို စီစဥ္ေပးတာေလ ~~ "

" ... အင္း! ဘာျဖစ္လို႔လဲ "

" အာ~~ ငါ ကိုကို႔အတြက္ အစားအေသာက္ေတြလုပ္ေပးခ်င္လို႔ပါ ... အၿမဲတမ္း ကိုကိုက ငါ့အတြက္ပဲလုပ္ေပးေနေတာ့ သူအျပင္စာစားတဲ့အခါ ငါ့လက္ရာေတြပဲ သတိရေနရေအာင္လို႔! "

သူ႔စကားေၾကာင့္ ခူ႐ိုက ၿပဳံးစိစိနဲ႔ရယ္သည္။

" အမေလး ~ အဲ့ဒါေၾကာင့္ ဟိုတုန္းက ငါမေျပာဘူးလား ... ကြာရွင္းၿပီးရင္ နင္တစ္ေယာက္တည္း မားမားဘူးေတြပဲစားမရဘူးလို႔! ခ်က္တတ္ရမယ္လို႔! အဲ့တုန္းက ငါသင္ေပးတာ နင္ဘာလုပ္လိုက္လဲ မွတ္မိလား! "

" ဟီး ဟီး မွတ္မိတယ္ေလ ... ငါတို႔ ဟင္း႐ြက္တိုက္ပြဲကစားကြင္းျဖစ္သြားတယ္ေလ ... ငါက ေသခ်ာလိုက္မလုပ္ဘဲ မသင္ခ်င္လို႔ ေဆာ့ပစ္လိုက္တာေလ "

" ေအး အခုလည္း အဲ့လိုထပ္ျဖစ္ရင္ဘယ္လိုလုပ္မလဲ "

" အခုက မတူေတာ့ဘူး ငါက ကိုကို႔အတြက္ ေသခ်ာေလးလုပ္ေပးခ်င္လို႔ပါ "

" ဒီေလာက္ေတာင္ ေလးနက္ေနမွေတာ့ ငါသင္ေပးရေတာ့တာေပါ့ ေျပာ! ဘယ္တစ္ခုကို အရင္စမ္းၾကည့္ခ်င္လဲ ငါအကုန္သင္ေပးမယ္ "

" နင္ ႏွစ္ရက္အတြင္း တက္ေအာင္ သင္ေပးရမယ္ ဘာလို႔ဆို ေနာက္သုံးရက္ေျမာက္ေန႔က ကိုကိုျပန္ေရာက္ၿပီမို႔လို႔ ငါက သိပ္လြတ္လပ္ေတာ့မွာမဟုတ္ဘူး "

သူ႔စကားေၾကာင့္ ၿပဳံးရယ္ေနတဲ့ခူ႐ို႕မ်က္ႏွာေလး တည္သြားမိသည္။

" ငါနင္နဲ႔လာေတြ႕တာ အိုပါးက မႀကိဳက္ပုံပဲ "

" ဟင္! မျဖစ္ႏိုင္တာ ~~  ငါခုနက ေျပာလိုက္တာ အဲ့ဒီ့အဓိပၸါယ္မဟုတ္ပါဘူး ငါေျပာတာက ကိုကိုက ငါ့ကို မ်က္စိေအာက္ေပ်ာက္မခံဘဲ အၿမဲမရိပ္တၾကည့္ၾကည့္မို႔ ငါဟင္းခ်က္သင္ေနတာ သိသြားမွာ စိုးလို႔ပါ ငါက ကိုကို႔ကို စပ႐ိုက္လုပ္မလို႔ပါဆို! "

" ~~ မဟုတ္ဘူး ေဂ်ာင္ကုရ! ငါနင့္ကိုေတြ႕ခ်င္ပါတယ္လို႔ အိုပါးကို ေတာင္းဆိုထားတာ ~~ သူခြင့္မျပဳခဲ့ဘူး ... အကယ္လို႔ ငါတို႔သာ ေဆး႐ုံမွာ ျပန္မဆုံခဲ့ရင္ ~~ ခရစ္က နင့္ကိုသာ ဖုန္းမဆက္ခဲ့ရင္ ~ ငါတို႔ ဒီလိုေတြ႕ရမွာမဟုတ္ဘူး ေဂ်ာင္ကု "

" ... "

" ငါေျပာခ်င္တာက နင္ မေျပာျပရသးဘူးလား ~~ ငါတို႔ႏွစ္ေယာက္က ဘာမွမျဖစ္ခဲ့ၾကဘူးဆိုတာေလ ... အေသးစိတ္ကအစ ျပန္ေျပာျပသင့္တဲ့အခ်ိန္ေရာက္ၿပီ မဟုတ္ရင္ ယုံၾကည္မႈမရွိတဲ့ဆက္ဆံေရးျဖစ္သြားလိမ့္မယ္ "

ခူ႐ို႕စကားေၾကာင့္ သူ ေခါင္းငုံ႔ၿပီး တိတ္ဆိတ္မိသြားသည္။ ေျပာျပခ်င္ေပမယ့္ သူအခ်ိန္ဆြဲေနမိခဲ့တာနဲ႔တူသည္။ ေျပာဖို႔ကလည္း အခြင့္မသာသလို ခူ႐ို႕အေၾကာင္းေျပာတာနဲ႔ ကိုကိုက မသိသလို၊မၾကားသလိုလုပ္ပစ္သည္။ ၾကည့္ရတာ ကိုကို႔ကို အတင္းအက်ပ္ေျပာျပမွပဲ ရေပေတာ့မည္။ ဒါေတာင္ နားပိတ္ထားရင္ ဒုကၡ!

" ကဲ အေတြးမလြန္နဲ႔ ေဂ်ာင္ကု  ~~~ ႏွစ္ရက္အတြင္း ဟင္းခ်က္တတ္ဖို႔ဆိုရင္ ေသခ်ာေပါက္လိုတာေတြ အခုသြားဝယ္ရေတာ့မွာေပါ့! ကဲ သြားရေအာင္ ခရစ္ကို ဝင္ႀကိဳရင္းနဲ႔ နင္အရင္ဆုံးခ်က္ခ်င္တဲ့ဟာကို ခ်က္ၾကည့္ရေအာင္ ! "

အဲ့ဒီ့ေနာက္ သူလည္း အခ်ိန္မဆြဲေတာ့ဘဲ ခူ႐ိုနဲ႔လိုက္ကာ ခရစ္ကို ေန႔ကေလးထိန္းေက်ာင္းမွာ ႀကိဳၿပီးေနာက္ အတူတူေဈးဝယ္ထြက္ခဲ့ၾကေတာ့သည္။

💠💠💠

30/01/23

There are no comments yet. Log in to be the first to leave a review!

Similar stories