Fanfics

【12】- " ဂျွန့်ဒိုင်ယာရီ "

06:48, 2 December 2022

⟨ Unicode Version ⟩

Jinah's Note:::ဒီဟာလေးကိုလေ သေချာ မဖတ်ကြမှာ စိုးလို့ သီးသန့်လေး ရေးပေးလိုက်တာပါ  ... another Jinkook Versionရဲ့ Kookie Diary လို ခံစားပြီး ဖတ်ပေးရင် ပိုပြီး ကျေးဇူးတင်မိမှာပါ .. ဘာလို့လဲဆိုတော့ Bad Romance ရဲ့ မူရင်း ပလော့မို့လို့ပါ ... SE မို့လို့ အရှည်မရေးဘဲ မွေးလာတဲ့ သားနှစ်ယောက်‌အကြောင်းကို ရေးလာဖို့ အိုင်ဒီယာ ရခဲ့တာပါ .. ဖေဖေတို့ မဆုံဆည်းရသမျှ သားသားတို့ရော SEဖြစ်မလား HEဖြစ်မလား ဆိုတာက မသိသေးပါဘူး ~~ ဂျင်နာ SEမကြိုက်ပေမယ့် အခုတလော တော်တော်လေး သဘောကျနေလို့ပါ … ဒါလေးကို သေချာ ဖတ်ပေးကြပါဦးနော် 🙇🏻‍♀️

᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥

“ ဂျွန့်ဒိုင်ယာရီ ”

[01].... အထက်တန်းကျောင်းပွဲတော်နေ့မှာ စူပါစတားတစ်ယောက်နဲ့တွေ့ခဲ့ရတယ်  ... သူက မမှတ်မိပေမယ့် ငါကတော့ သေချာသိတယ် ... ငါငယ်ငယ်တုန်းက ငါ့အဖေနဲ့အမေကွာရှင်းပြီး အိမ်ရောင်းတဲ့နေ့မှာ ဘေးအိမ်ကို ပြောင်းလာတဲ့အစ်ကိုကြီးဆိုတာ ... တောက်ပနေတဲ့သူ့ဘေးနားမှာ လူတွေအုံနေကြပေမယ့် ငါကတော့ စိတ်ကုန်သလိုပဲ ကျော်သွားခဲ့မိတယ် .. လူအများကြီးသဘောကျတဲ့အရာတွေကို မကြိုက်တာ ငါလေ ... ဒါပေမဲ့ ငါအမှားတစ်ခုလုပ်လိုက်မိတယ် .. ဖျော်ဖြေရမယ့်သူ့အင်္ကျီကို ညစ်ပတ်သွားအောင်လုပ်လိုက်မိတယ် ... သူကတော့ ပြုံးရင်း အဆင်ပြေတဲ့ပုံစံနေနေပေမယ့် ငါကတော့ အမုန်းတွေနဲ့ပဲ ကြည့်ခဲ့မိတယ် ဘာလို့လဲဆိုတော့ ငါအိမ်‌မပြောင်းခင် သူငယ်ချင်းလုပ်မလားမေးမိတာကို သူက ငါ့ကို ကလေးတစ်ယောက်လို ဆက်ဆံသွားလို့လေ ...

[02]တက္ကသိုလ်ပထမနေ့မှာ သူ့ကိုပြန်တွေ့ခဲ့တယ် ... သူက ကျောင်းမှာ ငါ့အ‌ဆောင်ရဲ့ စီနီယာတဲ့ .. စီးပွားရေးမေဂျာယူပြီး အနုပညာရှင်ဖြစ်သွားတဲ့ သူ့ကိုတော့ အံ့ဩမိသား ... ငါကတော့ ရှေ့နေတစ်ယောက်ဖြစ်ချင်ခဲ့မိတာ ... လျှောက်လမ်းတွေ မတူခဲ့ဘူးပဲ ...  ခင်ချင်စိတ်တော့မရှိပေမယ့် သူငယ်ချင်းတစ်ယောက်က သူ့ကို မိတ်ဆက်ပေးခဲ့တယ် ... အဲဲ့ဒီ့သူငယ်ချင်းဟွမ်ဂင်ဝန်းက ကင်မင်ဆွန်းဆိုတဲ့သူနဲ့ တွဲနေတာတဲ့လေ .. ဒါပေမဲ့ ငါ့စိတ်ထဲမှာတော့ သူ့အကြည့်တွေက ဟွမ်ဆီမှာမရှိဘဲ ငါ့ဆီမှာ ရှိနေသလိုမျိုး ခံစားနေရတယ် .. ထားပါတော့ ... ဒီနေ့မူးအောင်သောက်ဖို့ဆုံးဖြတ်ထားပေမယ့် တကယ်မူးအောင်သောက်လိုက်တာက ကင်မင်ဆွန်းဆိုတဲ့စူပါစတားဖြစ်နေတာမို့ ငါ့အဆောင်ထိ သယ်လာရတယ် ... အခုတော့ ငါ့အိပ်ယာက သူ့အပိုင်စားဖြစ်နေလေရဲ့ ... ရယ်တော့ရယ်ရသား ... အရက်မသောက်နိုင်တဲ့ကင်မင်ဆွန်းက လစ်မစ်ကျော်ရင် လိင်စိတ်တွေ ဖြစ်လာတာပဲ ... သူထပ်မလှုပ်နိုင်ရအောင် ငါ့မှာ ကြိုးချည်ထားပေးရတယ် .. ဒီအကြောင်းတွေကို သတင်းအဖြစ်ရောင်းစားရင် အဆင်ပြေလောက်တယ်မလား ...

[03]

ဒီနေ့ ကင်မင်ဆွန်းနဲ့ဟွမ် နမ်းနေတာကို မြင်ခဲ့တယ် ကင့်အပေါ်မှာ ငါဘာစိတ်မှထားလို့မဖြစ်တာသိသိချည်းနဲ့ ငါဒေါသထွက်လာသလို ခံစားလိုက်ရတယ် ... ဟိုတစ်နေ့က ဒိုင်ယာရီထဲချမရေးဖြစ်တဲ့အဖြစ်အပျက်တစ်ခု ငါ့ခေါင်းထဲ ပေါ်လာခဲ့တယ် ကင်က ဟွမ့်ကို မနမ်းခင် ငါ့ကိုအရင်နမ်းခဲ့တာလေ ... မူးနေလို့ဆိုတာ သိပေမယ့် ငါကိုယ်တိုင်လည်း မရှောင်ခဲ့မိဘူး ... ဒါပေမဲ့ အခုတော့ ကင်နဲ့ဟွမ်ကို ငါ ပြတ်စေချင်လိုက်တာ ..

[04]ထူးထူးဆန်းဆန်း ဟွမ်ငါ့ကို  ရင်ဖွင့်လာတယ် ... ကင်က သူ့ကို မချစ်ဘဲ တွဲနေတာတဲ့ .. စစကြားချင်း အံ့ဩသွားပေမယ့် ငါပျော်ခဲ့မိတယ် .. အဲ့ဒီလိုပဲ မလုပ်သင့်မှန်း သိပေမယ့် ငါ ကင့်ကို ဆွဲဆောင်မိခဲ့တယ် ... ငါငယ်ငယ်ကတည်းက အရမ်းမုန်းခဲ့ရတဲ့ ငါ့ရဲ့အားနည်းချက်တစ်ခုကို အသုံးချပြီးတော့ပေါ့ ... ကင့်မိဘတွေက ဆက်ခံသူလိုချင်တယ်ဆိုတာ ငါသိတယ်လေ ...

[05]ကင်ကို မူးအောင်တိုက်မိခဲ့တယ် .. ကင်က ထိန်းမရအောင် မူးလာရင် တစ်ယောက်ယောက်နဲ့ အတူနေချင်တဲ့သူမျိုးလေ ... ဟွမ်ရန်ရှာလို့ စိတ်ညစ်နေတာကို ငါအခွင့်ကောင်းယူခဲ့မိတယ် ... ဆောရီးပဲဟွမ် ... မင်းမှာက အကုန်ပြည့်စုံပေမယ့် မပြည့်စုံတဲ့ငါ့ဘဝမှာ ကင်တစ်ယောက်တည်းကိုပဲ လိုချင်မိခဲ့လို့ ... ငါ့ကို ခွင့်မလွှတ်နဲ့ .. အခုတော့ ကင်က ငါ့ဘေးမှာ အဝတ်ဗလာနဲ့ အိပ်မောကျနေတယ် ... နိုးလာရင် သူ ဘာပြောနိုင်မှာလဲ ... ငါက သူ့ကို အရေးမလုပ်တဲ့ပုံနဲ့ နေပြလိုက်ရင် သူ့ ကို ငါသေချာပေါက်ဆွဲဆောင်နိုင်မှာပေါ့ ... ကင်က အမြဲတမ်းအာရုံစိုက်ခံနေရတဲ့လူလေ ... အဲ့ဒီလို 'ကင်'က ငါ့ကို အာရုံစိုက်ဖို့ပဲ မျှော်လင့်တယ်

...

[06]ဟွမ်နဲ့ကင် လမ်းခွဲလိုက်ကြပြီတဲ့ အကြောင်းရင်းက ငါ့ကြောင့်တော့မဟုတ်ဘူး .. ကင့်မိဘတွေကြောင့် ... ဒါပေမဲ့ ဟွမ်ကတော့ ငါ့ကြောင့်ထင်ပြီး ပြသနာတွေ စရှာတော့တာပဲ ... ကင်က လေးစားဖို့ကောင်းတဲ့သူတစ်ယောက်ပါ ... ငါနဲ့မှားခဲ့ဝာာတောင် ဟွမ့်ကို အဲ့ဒီ့အတွက်နဲ့ လမ်းမခွဲခဲ့ဘူး ... သူ့အမှားကို ငါကျေနပ်တဲ့အထိ သူ တောင်းပန်ပြီး သူ မချစ်တာတောင် ဟွမ့်အပေါ် သစ္စာမပျက်ခဲ့ဘူး ... ဒါပေမဲ့ ဟွမ်ကတော့ ငါ့ကြောင့်လို့ ထင်ပြီး ငါ့ကို စပြီးရန်ရှာတယ် ဟွမ်နဲ့နေ့တိုင်းလိုလို ငါပြသနာဖြစ်ရပေမယ့် ကင်က ဟွမ်ကို ထိန်းရင်း ငါ့ကို ကာကွယ်ပေးခဲ့တယ် ... ငါ ဒီအချက်ကို သုံးပြီး ကင်ကို သိမ်းပိုက်လို့ရတယ်မလား ... အဖေနဲ့အမေကွာရှင်းလို့ အများကြီးထိုင်ငိုနေခဲ့တဲ့ငါ့ကို နှစ်သိမ့်ပေးခဲ့တဲ့အဲ့ဒီ့အစ်ကိုကြီးကို နှစ်တွေအကြာကြီး ငါသဘောကျခဲ့ရတာမို့ ငါအပိုင်လိုချင်တာ ငါ့အပြစ်မဟုတ်ဘူးပဲ ငါခံယူထားတယ် ..

[07]ဒီနေ့ ဆေးရုံကနေ ဆင်းခဲ့တယ် .. ဟွမ်က ငါ့ကို လှေကားပေါ်ကနေ တွန်းချခဲ့လို့ ဆေးရုံရောက်သွားတာလေ .. ကံကောင်းတာက ကင်က အဲ့ဒါကို မြင်ခဲ့တယ် ... ထပ်ပြီး ကံကောင်းတာက ငါ့မှာ ကင်နဲ့ရတဲ့ကိုယ်ဝန်ရှိနေခဲ့တယ် .. မွေးကတည်းက သားအိမ်ပါလာတဲ့အတွက် ကလေးတစ်ခါမွေးခွင့်ရှိတယ်လို့ ဆရာဝန်တွေက ပြောခဲ့ကြပေမယ့် ငါ့အဖေကတော့ ငါ့ကို ဂြိုလ်ဆိုးကောင်လို ကြည့်ခဲ့တာလေ မိဘတွေ ကွာရှင်းမှုရဲ့အဓိကတရားခံက ဟိုမရောက်ဒီမရောက်မွေးဖွားလာတဲ့ငါ့ကြောင့်ဖြစ်ခဲ့ပေမယ့် အခုတော့ ကင့်အတွက် မျိုးဆက်ချန်ပေးနိုင်တော့မှာမို့လို့ အရမ်းပျော်နေခဲ့မိတယ် ... ဒါပေမဲ့ ကင့်ကိုတော့ ငါအကန်စကားတွေနဲ့ပဲ တွန်းထုတ်မိတယ် ... ငါက တွန်းလေ ကင်က ရှေ့တစ်လှမ်းတိုးလေမို့ ငါ ကင့်ကို တွန်းပဲ တွန်းထုတ်မှာ .. အခုတော့ ကင်က ငါ့အတွက် ညစာလုပ်ပေးနေတယ် .. အထီးကျန်ခဲ့ရတဲ့ ဒီအေးစက်စက်အခန်းထဲမှာ နွေးထွေးမှုပေးနိုင်မယ့်ကင်က ရှိနေခဲ့ပြီ .. ကမ္ဘာပေါ်မှာ ငါမှ မပျော်ရင် ဘယ်သူက ငါ့အစားပျော်ပေးမှာတဲ့လဲ သိပ်ချစ်တယ်ကင် ... ဒါက ငါ ဘယ်တော့မှ ခင်ဗျားကို မပြောမယ့်စကားပါ ကင် ...

[08]ကင်က ငါ့ကိုလက်ထပ်ဖို့အတွက် အနုပညာလောကကနေ အနားယူပြီး ကုမ္ပဏီတွေ ဦးစီးခဲ့တယ် ... ကင်က ငါ့ကို သိပ်ချစ်ကြောင်း နေ့တိုင်း ပြောနေပေမယ့် ငါကတော့ တစ်ခွန်းလေးတောင် ပြန်မပြောပြပေးနိုင်ခဲ့ဘူး ဒါပေမဲ့ ငါလုပ်သမျှက ကင့်အတွက်ပဲ .. သူများအပိုင်ကိုလုယူမိခဲ့လို့လားမသိဘူး ... ငါ့မှာ အမြဲပူလောင်နေရတယ် .. ငါ ကင့်ကိုချစ်တယ် .. ဒါပေမဲ့  ကင်နဲ့ငါ့ဆက်ဆံရေးကို ငါမထိန်းထားနိုင်မှာကြောက်တယ် ... ကင့်မိဘတွေနဲ့ မိတ်ဆက်ပေးတုန်းက ကင့်မိဘတွေ ငါ့ကို သဘောမကျတာ ငါသိပါတယ် ... ဒါပေမဲ့လည်း သူတို့မြေးက ငါ့ဆီမှာလေ ... ငါသေမယ်ဆိုရင်တောင် ကင့်အတွက် ငါ့ကိုယ်ပွားလေး ချန်ခဲ့ပေးမယ် ...

[09]ငါမွေးခါနီးမှာ ကင်အလုပ်ကိစ္စနဲ့ အမေရိကားကိုသွားမှာ တစ်လတဲ့ .. ငါကင့်ကို လွမ်းနေရတော့မှာဆိုပေမယ့် မသွားပါနဲ့လို့ ငါမဆွဲထားခဲ့ဘူး ကင်ထွက်သွားတဲ့ညနေမှာ ကင့်မိဘတွေ ငါ့ဆီရောက်လာခဲ့တယ် ... ငါထင်တဲ့အတိုင်း ကင်နဲ့လမ်းခွဲပေးဖို့ လာတောင်းဆိုကြတာပေါ့ ... ငါ့ဆီက မမွေးလာသေးတဲ့ကလေးကို လိုချင်ပေမယ့် ကင့်ရဲ့လက်‌တွဲဖော်အဖြစ် ငါ့ကို မသတ်မှတ်နိုင်ဘူးတဲ့။ သေချာပေါက် ငါငြင်းခဲ့တာပေါ့ ... ငါ့ဘဝမှာ ငွေထက် ကင့်ကို ပိုချစ်လို့ ဒီလမ်းရွေးခဲ့တာလေ ...။

[10]ဒီစာအုပ်ထဲ မရေးချဖြစ်တာ တစ်လလောက်ရှိပြီ ... အကြောင်းရင်းက ငါ့တစ်ဘဝလုံးမှာ အဆိုးရွားဆုံးကိစ္စကို ကြုံခဲ့ရတယ် ... ကင်ပြန်မလာတဲ့အတောအတွင်းမှာ ငါကင့်မိဘတွေရဲ့ထိန်းသိမ်းခြင်းခံခဲ့ရတယ်  ... မကျဉ်းမကျယ်တဲ့အခန်းထဲမှာ ပိတ်လှောင်ထားပြီး လိုလေသေးမရှိထားထားပေမယ့် ငါသိတယ် ကလေးကို မွေးပြီးတာနဲ့ ငါ့နဲ့ ခွဲတော့မယ်ဆိုတာ.. အဲ့ဒါကြောင့် ငါအသက်လုရတာတောင် သတိမမေ့ဖို့ ကြိုးစားရင်း ငါ့သားလေးကို သူတို့ဆီကနေ အတင်းလုပြီး ထွက်ပြေးခဲ့မိတယ် ... ထွက်ပြေးဖို့ ကြိုးစားတာ ငါအောင်မြင်ခဲ့ပေမယ့် ငါ့ရင်သွေးကို ဆုံးရှူံးလိုက်ရတယ် .. အဲ့ဒီ့ညက ‌မိုးရေထဲမှာ ငါတစ်ညလုံး အသက်မရှိတော့တဲ့ ငါ့ရင်သွေးကို ပွေ့ပြီး ငိုနေခဲ့တယ် ... ဘယ်အချိန်ထိလဲတော့ ငါမသိဘူး ... အခု သတိရလာတဲ့အချိန်မှာတော့  အယ်ရာ ဆိုတဲ့ ကောင်မလေးတစ်ယောက်က ငါ့အနားမှာရှိနေခဲ့တယ်

[11]ငါ ထူထူထောင်ထောင်ဖြစ်လာတဲ့အချိန်မှာ ငါသတင်းတစ်ပုဒ်မြင်လိုက်ရတယ် ... ကင် လက်ထပ်လိုက်ပြီတဲ့ ကင့်အမျိုးသမီးကတော့  ဆေးဝါးဆိုင်ရာ သုတေသနအဖွဲ့ချုပ်က  ဆရာဝန်‌မလေး တစ်ယောက်တဲ့။ ပျောက်နေတဲ့ငါ့ကို ရှာဖို့ သတိတောင်မရဘဲ ငါမရှိတာနဲ့ နောက်တစ်ယောက်နဲ့ လက်ထပ်လိုက်တဲ့ ကင့်ကို ငါ မုန်းတယ် ... ဒီထက်ပိုဆိုးတာက အဲ့ဒီ့အမျိုးသမီးမှာ ကလေးရှိနေခဲ့တာတဲ့လေ ... ဘယ်လိုတောင် လှည့်စားရက်နိုင်ခဲ့တာလဲ ကင်ရယ် ~~~ ငါ့မှာတော့ ခင်ဗျားကို ချစ်လိုက်ရတာ အကြိမ်ကြိမ်အခါခါလေ ... ဒါပေမဲ့ ငါ သိလိုက်တယ် လောကကြီးမှာ ငွေက အရေးကြီးဆုံးဆိုတာ ... အဲ့ဒါကြောင့် ငါလည်း ငွေအတွက်နဲ့ အနားမှာရှိနေပေးခဲ့တဲ့ အယ်ရာ့ကို လက်ထပ်မိခဲ့တယ် ... ငါ့အပေါ် အချစ်စစ်နဲ့ချစ်ပေးတဲ့ အယ်ရာ့ကို ‌လှည့်စားပြီးယူခဲ့တယ်ဆိုပေမယ့် ကတိတစ်ခုတော့ ပေးနိုင်တယ် ... အယ်ရာ့ကို အပျော်ရွှင်ဆုံးထားနိုင်ဖို့ ကတိ။

[12]ငါ လက်ထပ်တဲ့နေ့က ကင့်ရဲ့သားလေး မွေးတဲ့နေ့ ... မီဒီယာထက်မှာ ကင့်အပြုံးတွေနဲ့အတူ ကောင်းချီးအဖြာဖြာနဲ့ ချီးမြှောက်ခံနေရတဲ့ အဲ့ဒီ့ကလေးကို မြင်တိုင်း ငါ အရှုံးပေးလိုက်ရတဲ့ ငါ့ရင်သွေးကို ငါသတိရမိတယ် ... ကင်သာ ငါ့ကို သေချာဂရုစိုက်ပေးခဲ့ရင် ငါနဲ့ငါ့သား ဒီလို အဖြစ်မျိုး ကြုံရမှာ မဟုတ်ဘူး ငါ ကင့်မျက်နှာပေါ်ကအပြုံးတွေကို ဖျက်ဆီးပစ်ချင်လိုက်တာ ... ကင့်ရဲ့သားလေးကို ကြည့်နေတဲ့ ကင့်မျက်ဝန်းတွေကို ဖောက်ထုတ်ပစ်ချင်လိုက်တာ ...  ... အဲ့ဒါကြောင့် အဖေနဲ့အမေရောင်းခဲ့တဲ့ ကင့်အိမ်ဘေးနားက အိမ်ကြီးကို အယ်ရာ့နောက်ခံနဲ့ ဝယ်ပြီး ကင့်ကို ပြန်ချဉ်းကပ်ဖို့ ကြိုးစားမိခဲ့တယ် ... ကင် ~~ ငါ ခင်ဗျားရဲ့မိဘတွေကိုရော ... ခင်ဗျားရဲ့သားကိုရော ... ခင်ဗျားရဲ့မိန်းမကိုရော ... သိပ်မုန်းတယ် ကင် ~~

[13]အစီစဉ်တွေက အောင်မြင်တယ်ပြောရလေမလား ... ငါ့ကြောင့်နဲ့ ကင်က ငါ့အိမ်ဘေးကို ပြန်ပြောင်းရွှေ့ခဲ့တယ် ... သူ့မိသားစုကြောင့် ငါ့‌ဆီ ပြန်မလာတော့ရလောက်တဲ့အထိ ကင်က သစ္စာရှိတဲ့သူဖြစ်ပေမယ့် ငါကတော့ သူ့သားကစလို ကင်တစ်မျိုးနွယ်လုံးကို ပျက်စီးစေဖို့ ရည်ရွယ်ပါတယ် ... ‘ကင်ဆော့ဂျင်’ လို့ ခေါ်တဲ့ ကလေးသေးသေးကို ငါမုန်းသလို ကင်မင်ဆွန်း လို့ ခေါ်တဲ့ ငါ့အချစ်ဦးကိုလည်း ငါ မုန်းတယ် ... အဲ့ဒီလိုပဲ ငါ့အပိုင်ကို လုယူသွားတဲ့ ကင်ဂျယ်ဟီးကိုလည်း မုန်းတယ် ...

[14]တော်တော်ကြာ မရေးဖြစ်တော့တဲ့ ဒီစာအုပ်ထဲ အခု  ဝမ်းသာစရာသတင်း တစ်ခုကို သိမ်းထားချင်လို့ ဒီစာအုပ်ကို အကြာကြီး ပြန်ရှာလိုက်ရတယ် .. အယ်ရာ့မှာ ငါ့ရင်သွေးလေး ရှိနေပြီတဲ့ ... ဒီခံစားချက်က ကင့်ရဲ့ကလေးကို ငါလွယ်တုန်းကထက် ခံစားချက်တွေ ပိုနေခဲ့တယ် .. ငါ မစောင့်ရှောက်နိုင်မှာ စိုးတယ် ဒုတိယအကြိမ် ငါ့ကြောင့်နဲ့ ငါ့ကလေးလေး တစ်ခုခုဖြစ်သွားမှာ စိုးတယ် .. အဲ့ဒါကြောင့် ကင့်ကို ဖျက်ဆီးပစ်မယ့် ကိစ္စကို ရပ်ပြီး ငါ့ကလေးလေးအတွက် ငါရှင်သန်တော့မယ် ... လူတစ်ယောက်ကို ချစ်မိတာ ဘဝတစ်ခုလုံး ရူးဖို့မှ မဟုတ်တာလေ ... အဖေတစ်ယောက်ဖြစ်တော့မှာမို့လို့ မကောင်းတဲ့အတွေးတွေ ရပ်တန့်ပစ်လိုက်တော့မယ် ..

[15]ဒီနေ့ ရင်သွေးလေးကို သိခဲ့ရပြီ သားလေး တဲ့ ... နာမည်ကတော့ ဂျွန်ဂျောင်ဂု လို့ ငါပေးခဲ့တယ် ... အမြန်ဆုံး ချီပိုးချင်နေတာမို့  ဖြစ်နိုင်ရင် အချိန်တွေကို ရစ်ပစ်လိုက်ချင်မိတယ် ...

[16]ငါ့သားလေး မွေးတဲ့နေ့မှာ ... ငါသိသိချင်း ရုံးကလုပ်တဲ့ ပါတီကနေ အမှီပြန်လာခဲ့ပေမယ့် ငါ မူးနေတဲ့ ကင်နဲ့ ဆုံခဲ့တယ် .. ပထမတော့ ဒီအတိုင်း ကျော်ခဲ့ဖို့ပေမယ့် ဟွမ်နဲ့ တွဲမြင်လိုက်ရတဲ့အခါ ငါ စိုးရိမ်သွားမိခဲ့တယ် ... ကင်က မူးလာရင် ဘာဖြစ်တတ်လဲ ငါရော ဟွမ်ရော သေချာသိတယ်လေ ... အဲ့ဒါအပြင် ဟွမ်က အခုထိ ကင့်ကို လက်မလျော့သေးဘူးဆိုတာ သိလိုက်ရတော့ ငါ ကင့်ကို တကယ်စိုးရိမ်ခဲ့တယ် ... အဲ့ဒါကြောင့် မထူးဇာတ်ခင်းပြီး ကင့်ကို အိမ်ပြန်ပို့ပေးခဲ့တယ် ... ဒါပေမဲ့ ကင့်အမျိုးသမီးက ငါ့ကို ကင်နဲ့ဖောက်ပြန်နေတာဆိုပြီး အထင်လွဲသွားခဲ့တယ် ... ဟုတ်တယ် ကင် ငါ့ကို  တောင်းပန်ရင်း နမ်းခဲ့တာ သူမ မြင်သွားခဲ့တယ် .. ငါ့မာနကို မ‌ချနိုင်တာမို့လို့ ငါ မရှင်းပြမိခဲ့ဘူး ... ပြီးတော့ ငါ သိလိုက်ရတယ် ကင်‌တို့ အိမ်ထောင်ရေးက တစ်ဖက်သတ်အချစ်တွေနဲ့ အပေါ်ယံသက်သက်ပဲဆိုတာလေ ... အဲ့ဒီလို သိလိုက်ရလို့ ပျော်ပေမယ့် ငါ့မှာ ဂျောင်ဂုဂီလေး ရှိနေပြီးတဲ့အပြင် ကင့်မှာလည်း ကင်ဆော့ဂျင်ဆိုတဲ့ သားလေးတစ်ယောက် ရှိနှင့်ပြီးပြီ ... တစ်ယောက်ကို တစ်ယောက် ဒီအတိုင်းချစ်ရုံကလွဲလို့ ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ဘူးလေ ...

[17]ကင့်အမျိုးသမီးက ထက်မြက်တဲ့မိန်းမပဲ .. ငါနဲ့ကင့်နောက်ကြောင်းတွေ သူမ သိသွားခဲ့တယ် .. ဒါပေမဲ့ ကင့်မိဘတွေရဲ့လုပ်ရပ်ကိုတော့ သူမ မသိခဲ့ဘူး ... သာမန်သူငယ်ချင်းလို ဆက်ဆံရေးနဲ့ စည်းခြားထားတဲ့ ငါနဲ့ကင်ကို သူမ အထင်တွေ လွဲနေခဲ့တယ် .. ကင်ရော ငါရော အဖေဖြစ်ပြီမို့ တစ်ယောက်ကို တစ်ယောက် ချစ်ပေမယ့် ဘာစည်းမှ ထပ်‌မကျော်ခဲ့ကြဘူး ... ငါ့ကြောင့်နဲ့ ကင် သူ့အမျိုးသမီးနဲ့ ခဏခဏ စကားများတာ ငါသိပေမယ့် ငါ ဘာမှ မရှင်းပြမိခဲ့ဘူး ... ကင့်အမျိုးသမီးက ငါ့နေရာကို လုထားတာပဲလေ ... ဒီလောက်တော့ ပူလောင်လိုက်ဦးပေါ့ ... ငါ့နေရာမှာ ဟွမ်မဟုတ်တာပဲ သူမ ကျေးဇူးတင်နေရမှာ .. ဟွမ်သာဆိုရင် သူမ ကင်နဲ့ ကွာရှင်းနေရလောက်ပြီ ...

[18]ဒီနေ့ ငါ မကြားချင်ဆုံး သတင်းကို ငါကြားလိုက်ရတယ် .. ငါ့သားက ငါ့လိုမျိုး ထူးခြားတဲ့ကလေးတစ်ယောက် ... ဒါပေမဲ့ မတူတဲ့အချက်က ငါ့သားက တစ်ကြိမ်တည်းနဲ့ ကိုယ်ဝန်ရနိုင်တဲ့အပြင် မွေးဖွားပြီးရင် သေ‌ဆုံးနိုင်ချေရှိတယ်တဲ့ .. အဲ့ဒါကြောင့် ကိုယ်ဝန်ဆောင်လို့ မရအောင် ခွဲစိတ်ပေးဖို့ ငါတောင်းဆိုခဲ့ပေမယ့် ငယ်လွန်းသေးတဲ့အတွက် ဆရာဝန်တွေက လက်မခံခဲ့ကြဘူး .. အဲ့ဒီ့အစား ပျက်ယွင်းနေတဲ့ တစ်ရှူးနံရံတွေကို အစားထိုးကုသဖို့ ဆုံးဖြတ်ခဲ့ကြတယ် ... အဲ့ဒီ့ကုသနည်းက ဘယ်သူမှ မသုံးဖူးတဲ့အတွက် အသက်အန္တရာယ်ရှိလာနိုင်တယ်တဲ့ ... ဆေးပညာတွေကို သိပ်နားမလည်ပေမယ့် ငါ့ဆီမှာ ပျက်ယွင်းနေတဲ့ သားအိမ်ရှိနေတဲ့အတွက် ငါ့ကိုယ်ငါ အစမ်းသပ်ခံဖို့ သဘောတူမိခဲ့တယ် .. ငါအောင်မြင်ရင် ငါ့‌သားလေးလည်း အန္တရာယ်ဖြစ်မှာ မဟုတ်တော့ဘူးလေ ...  နှစ်ရှည်လများ ကုသဖို့ လိုပေမယ့် ငါ့ရဲ့ဂုဂီလေးက ဆေးဒဏ်ကို ခံဖို့ ငယ်လွန်းသေးတယ် ... ငါ့တုန်းက ငါ့မိဘတွေ ငါ့ကို မကောင်းဆိုးဝါးတစ်ကောင်လို ဆက်ဆံခဲ့ကြပေမယ့် ငါ့သားလေးကိုတော့ ကမ္ဘာပေါ်က အကောင်းဆုံးဆိုတဲ့အရာတွေ အကုန်ယူပေးမယ် ...

[19]တိုက်ဆိုင်တာလား ဘာလားတော့ မသိပေမယ့် စမ်းသပ်မှုမှာ တာဝန်ယူပေးရတဲ့ တာဝန်ခံဒေါက်တာက ကင်ဂျယ်ဟီးတဲ့လေ ..  ငါ့အကြောင်းအကုန်သိသွားတော့ သူမ အံ့ဩသွားပေမယ့် ငါကတော့ ငါ့သားအကြောင်းကို ငါ ဖုံးကွယ်မိခဲ့တယ် ... သူမက ဆေးပညာနဲ့စမ်းသပ်ချက်တွေရဲ့နယ်ပယ်မှာ လောဘရှိသူမို့ ငါ့သားအကြောင်း မေးတဲ့အခါတိုင်း ငါစိုးရိမ်မိတာက ငါ့သားက သူမရဲ့သားကောင်ဖြစ်မှာကို ... အဲ့ဒါကြောင့် သူမသားနဲ့ အတူတူရှိနေတာမျိုးကအစ ငါ သဘောမကျခဲ့ဘူး ... ကောင်လေးတစ်ယောက်က ကလေးမွေးနိုင်တယ်ဆိုတဲ့အချက်အပေါ်မှာ ငါ့သားကို အမြတ်မထုတ်စေချင်ခဲ့ဘူး ... အဲ့ဒါကြောင့်မို့ အသုံးမဝင်တဲ့စကားတွေနဲ့ ငါ သူမကို နာကျင်အောင် ပြောခဲ့မိတယ် ... ' ကင်မင်ဆွန်းအတွက် ဆက်ခံသူ မွေးပေးချင်လို့ ' ဆိုပြီးတော့လေ ... ဒီလောက်ဆို ငါ့သားအကြောင်းကို သူမ ထပ်ပြီး အာရုံမစိုက်နိုင်လောက်ပါဘူးလေ ....

[20]ဒီနေ့က စမ်းသပ်ချက်ရလဒ်အဖြေ ထွက်လာတဲ့နေ့ပဲ ...  ' ကင်မင်ဆွန်းအတွက် ဆက်ခံသူ မွေးပေးချင်လို့ 'ဆိုတဲ့စကားကို ဟွမ်က ဘယ်လို သိသွားခဲ့လဲ မသိပေမယ့် ငါ့ဆီ စကားနိူင်ထိုးဖို့လာခဲ့တယ် .. ငါနာကျင်မယ်အထင်နဲ့ ကင့်ကို သူပိုင်ကြောင်း ပြောနေတာကို ငါ ဒီအတိုင်းလေး ကြည့်နေမိခဲ့တယ် ဟွမ့်ကို ကြည့်ရတာ ငါ့မျက်စိထဲမှာ အရူးတစ်ယောက်လိုပဲ ... ဘယ်ဘက်ကနေ ဘယ်လိုကြည့်ကြည့် ကင်က ဟွမ့်ကို မချစ်တာ သေချာတယ်လေ ... ဒါကို ဘာဖြစ်လို့များ ကင့်ကို ဟွမ်ကသူ့အပိုင်ဆိုပြီး အမြဲတွေးနေလဲတော့မသိ။ သေချာတာက ဟွမ်က အန္တရာယ်များတဲ့သူပါ။ ကင်ဂျယ်ဟီးကို ဘာလို့ ဒုက္ခမပေးပေမယ့် မိသားစုဖြစ်တည်နေတဲ့ ငါ့ကိုတော့ အခုထိ နှောင့်ယှက်နေဆဲ။ အကြောင်းရင်းကတော့ ဟွမ်က ကင်ချစ်တဲ့ဘယ်သူ့ကိုမဆို သိပ်မုန်းတာမို့လို့လေ ။ ဂျယ်ဟီးကို ကင်က မချစ်တဲ့အတွက် ဟွမ်က သိပ်အရေးမလုပ်တာလို့  ငါထင်တယ် ... ဟွမ်က ကင့်ကို ပိုင်ဆိုင်ရဖို့ထက် အချစ်ငတ်နေတဲ့သူမို့ ကင့်ဆီက အချစ်တွေရဖို့ မျှော်နေတဲ့ကောင်ပါ ...  ခက်တာက ကင်ဟာ ငါ့ကိုချစ်ပြီး ကင်ဂျယ်ဟီးအပေါ်မှာတော့ သစ္စာရှိတယ်လေ ... ဒါပေမဲ့ ဒီနေ့တော့ ငါ ကင်ဂျယ်ဟီးကို သနားမိတယ် ... အချစ်မခံရတဲ့ဘဝမှာ ဘယ်လိုများ နေထိုင်နေပါလိမ့် ...

[21]စမ်းသပ်ချက်အောင်မြင်လို့ ဒီနေ့ ဆေးရုံကနေ ဆင်းရမယ့်နေ့ပဲ .. ဟွမ် ထပ်ရောက်လာခဲ့တယ် ... ဒီတစ်ခါတော့ ဟွမ် ငါ့ကို ရန်မရှာဘဲ အနိုင်ရသလို အပြုံးနဲ့ ပြုံးပြီး ကြောက်စရာကောင်းအောင် ကြည့်နေခဲ့တယ် ... 'ငါမပျော်သလို မင်းရော ကင်ရော မပျော်ရွှင်ရဘူး' ဆိုပြီး ငါနဲ့ကင် ဖောက်ပြန်နေသလိုမျိုး အယ်ရာ့ကို သူပြောခဲ့တဲ့အကြောင်းတွေ အရသာခံပြီး ပြန်ပြောပြလာတယ် ...  ခြိမ်းခြောက်တာမျိုးကို ငါ ဘယ်တုန်းကမှ မတုန်လှုပ်ပေမယ့် အခုတော့ အယ်ရာ သိသွားတာကို တုန်လှုပ်နေမိခဲ့တယ် ... ငါ ကင်နဲ့မဖောက်ပြန်ခဲ့ပေမယ့် အယ်ရာကတော့ ဒီအကြောင်းတွေ သိလို့မရဘူးလေ .. ငါ သူမကို လိမ်ညာထားမိတဲ့အပေါ်  အရမ်းဝမ်းနည်းပြီး စိတ်ထိခိုက်နေမှာ ... နှလုံးအခံရှိတာမို့ အခန့်မသင့်ရင် အသက်ပါ သေနိုင်တာ ... လိမ်ညာထားမိသမျှ ပြန်ပေးဆပ်တဲ့အနေနဲ့ ပျော်ရွှင်အောင် လုပ်ပေးမယ် ဆိုတဲ့ကတိကို ငါမတည်နိုင်တော့ဘူး ထင်ပါရဲ့ ~~ တောင်းပန်တယ် အယ်ရာ ~~ လိမ်ခဲ့တာ မဟုတ်ပေမယ့် မင်းကိုတော့ မချစ်မိခဲ့ပါဘူး ... သံယောဇဉ်လေးပဲ ရှိခဲ့မိတယ် အယ်ရာ ...

[22]ဟွမ် ထွက်သွားတာနဲ့ ငါ တစ်ယောက်တည်း ဒီစာအုပ်ထဲ ချရေးလိုက်မိတယ် ... ရေးပြီးတဲ့အချိန်မှာ ငါ့အခန်းထဲ ထပ်ရောက်လာတာက ကင်ဂျယ်ဟီး။ နောက်ဆုံး ဆေးထိုးပြီးရင် ဆင်းရတော့မှာ ဆိုပေမယ့် ကင်ဂျယ်ဟီးက အချိန်တွေ ဆွဲနေခဲ့တယ် ... သူမကို ကြည့်ရတာ တစ်ခုခု ချီတုံချတုံဖြစ်နေပုံပဲ ... ဆေးထိုးအပ် ကိုင်နေတဲ့သူမလက်တွေ တုန်လှုပ်နေသလို အသံတွေကလည်း ပုံမှန်နဲ့ မတူ ... ဆေးထိုးအပ်ကိုင်ပြီး တွေဝေနေပုံထောက်ရင် မဟုတ်မှ ငါ့ကို တစ်ခုခုလုပ်ပစ်မလို့လား ငါထင်မိတယ် ... အေးလေ စမ်းသပ်ချက်အောင်မြင်တော့ ကင့်အတွက် ကလေးလေး မွေးပေးလို့ရပြီလေ ... သူမ အနေနဲ့ ငါ့ကို သတ်ချင်တာ မဆန်း ... ဒါပေမဲ့ ငါ သူမကို ကင့်အကြောင်းတော့ သိစေချင်တယ် ... ကင်က ငါ့ကို ဘယ်လောက်ချစ်ချစ် ဖောက်ပြန်တာမျိုး ဘယ်တော့မှ မလုပ်ဘူး ဆိုတဲ့အကြောင်းလေ ... တုန်တုန်လှုပ်လှုပ်နဲ့ ငါ့လက်ထဲ ဆေးထိုးနေတဲ့အချိန် ငါ သူမကို နည်းနည်း ပြောလိုက်မိတယ် ...

'စိတ်မပူနဲ့ ကင်က ငါ့ကိုချစ်ရင်တောင် မင်းကို မဖောက်ပြန်ပါဘူး ... ငါ ဂျောင်ဂုဂီကိုအရမ်းချစ်သလို ကင်လည်း ကင်ဆော့ဂျင်ကို အရမ်းချစ်တာ မင်းသိတယ်မလား ... ပြီးတော့ အယ်ရာက မင်းရဲ့အချစ်ဆုံးသူငယ်ချင်းလေ ... ငါ့အတွက်ကျတော့ အယ်ရာက ဂျောင်ဂုပြီးရင် ဒုတိယမြောက် အရေးကြီးဆုံးလူပါ '

  ... ငါ့စကားကြောင့် သူမ လက်တွေ ရပ်သွားပေမယ့် ဘာမှတော့ ပြန်မပြောခဲ့ဘူး ... ငါသတိထားမိတာက ငါ့ကို ထိုးပေးနေတဲ့ ဆေးထိုးအပ်မှာ ဆေးတွေ ကျန်နေခဲ့တယ် ... ငါ နည်းနည်းတော့ ရီလိုက်မိတယ် ... သူမ ငါ့ကို သတ်ပစ်မယ်လို့ ရည်ရွယ်ထားတာကို ရပ်ပစ်လိုက်ပုံပဲ ... ငါသိပါတယ် ... ကင်ဂျယ်ဟီးက ငါ့ကို သတ်ပစ်ချင်ပေမယ့် ဟွမ်လောက်တော့ တကယ်မလုပ်ဘူးဆိုတာလေ ..... သူမ ထွက်သွားတဲ့နောက်မှာတော့ အယ်ရာ့ဆီက ဖုန်းခေါ်လာခဲ့တယ် ... နောက်ဆုံး ငါရင်ဆိုင်ရတော့မယ်မှန်းသိတော့ ငါ အသာတကြည်ပဲ ဖုန်းကိုင်လိုက်မိတယ် ... ရှိုက်သံတွေ ပါဝင်တဲ့ အယ်ရာ့မေးခွန်းတွေကို အမှန်အတိုင်းပဲ ဝန်ခံခဲ့မိတယ် ... ကားမောင်းနေတာမို့ အေးဆေးပြောမယ်ဆိုပြီး သူမ ဖုန်းချသွားခဲ့တယ် ... နာကျင်နေမယ်ဆိုတာ သိပေမယ့် နှစ်သိမ့်ပေးဖို့ စကားလုံးလည်း ငါ့ဆီမှာ မရှိခဲ့ပါဘူး .. ငါ အယ်ရာ့အပေါ်မှာ လုပ်မိတဲ့အမှားက တအားကြီးမားလွန်းတယ်လေ ... အခုတော့ ခေါင်းနည်းနည်းကိုက် နေပေမယ့် ဒီစာကိုတော့ ငါရအောင် ရေးချင်မိသေးတယ် ... ငါ အယ်ရာအပါအဝင် ကင်မင်ဆွန်းနဲ့ ကင်ဂျယ်ဟီးကို တောင်းပန်ချင်သေးတယ် ... ပြီးတော့ တစ်သက်လုံး မပြောခဲ့မိတဲ့ စကားကိုလည်း ကင်မင်ဆွန်းကို ပြောချင်မိတယ် ... " အစ်ကိုမင်ဆွန်း ... ကျွန်တော် ခင်ဗျားကို ချစ်တယ် " ... ဆိုတာလေးပေါ့ ...

အခုတော့ ငါ့ကို ဆေးရုံဆင်းဖို့ လာခေါ်မယ့် အယ်ရာ့ကို ထိုင်စောင့်ရင်း ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်တော့မယ် ... ဒီစာအုပ်လည်း ကုန်ပြီလေ ....

᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥

စာအုပ်လေး အဆုံးသတ်တာနဲ့ သူမ မျက်ဝန်းတွေ ကျိန်းစပ်သွားသည်။ လူတစ်ယောက်ကို ချစ်လို့ရတဲ့ နည်းလမ်းပေါင်းများစွာထဲမှာမှ ဂျွန်ဟေယောင်းကတော့ ခေါင်းမာမာနဲ့ ချစ်ဖို့ တွေးခဲ့ပုံပေါ်သည်။ သူမကရော ဘာထူးသေးလဲ အနားမှာ မရှိတာတောင် ကွာရှင်းဖို့ အခုထိ သဘောမတူခဲ့ဘူးလေ ...

"ဟင်း"

အတွေးတွေ များနေတဲ့အပြင် လုပ်စရာတွေကလည်းဆက်တိုက်ရှိနေတာမို့ ကင်ဂျယ်ဟီး သက်ပြင်းချလိုက်သည်။ အဲ့ဒီ့နောက်မှာတော့ ကိုင်ထားမိတဲ့ ဒိုင်ယာရီစာအုပ်လေးကို ကင်မင်ဆွန်းထံပို့ပေးဖို့ သူမ ဆုံးဖြတ်လိုက်မိတော့သည်။

ချစ်ရသူဆီက ချစ်တဲ့အကြောင်းတွေကို ကင်မင်ဆွန်းလည်း သိဖို့ လိုအပ်သည် မဟုတ်ပါလားလေ ...

💠💠💠

NOV 04, 2022

ဂျွန့်ဖေဖေရဲ့ဒိုင်ယာရီကို အရှည်ကြီးရေးလိုက်မိပါတယ် ... အကြောင်းရင်းကတော့ Me, Myself And Bad Romance ရဲ့ မူရင်းplot မို့လို့ပါ (အမှန်က အဲ့ဒါလေးကို ရေးမှာပေါ့နော်) ...  အရှည်ရေးချင်ခဲ့တာမို့လို့ အတတ်နိုင်ဆုံး အတိုလေးချုပ်ထားပေမယ့် ဖတ်ရတာ အနှောင့်အယှက်ဖြစ်သွားရင် ဂျင်နာရဲ့ လိုအပ်ချက်ကြောင့်ပါ ... ကိုကိုနဲ့ သားသားကိုတော့ သိပ်မကြာခင် ပေးတွေ့ပါမယ်နော် 🙆🏻‍♀️

ပြီးတော့ ဂျင်နာ တမင်သက်သက်မထည့်ထားတဲ့အကြောင်းအရာလေးတွေရှိပါတယ် ( ဥပမာ- သားသားက ဒိုင်ယာရီလေးဖတ်ပြီး သူ့ကိုယ်သူ ထူးခြားတဲ့သူမှန်း သိသွားတာမျိုး ~~ အဲ့ဒါကိုသိလို့ သူ့တီတီကို သူ့ကိုယ်သူဂရုစိုက်မယ်လို့ ကတိတွေ ပေးနေတာမျိုး ~~  ) မဖော်ပြလည်း ဆက်စပ်တွေးနိုင်မယ်လို့ မျှော်လင့်ပါတယ် ... နောက်ဆို ဂျင်နာ Noteတွေ မထည့်တော့ဘူးနော် မေးသမျှမေးခွန်းတွေအကုန်လုံးကို ဇာတ်သိမ်းမှပဲ Noteလေး ပြန်လုပ်ပေးပါ့မယ် ... ဘာလို့ဆို စာဖတ်ရတာ အရမ်းရှုပ်သွားမှာ စိုးလို့ပါ ... 🙇🏻‍♀️

▬▬▬▬▬▬▬▬▬▬▬▬▬▬▬◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇▬▬▬▬▬▬▬▬▬▬▬▬▬▬▬

⟨ Zawgyi Version ⟩

Jinah's Note:::ဒီဟာေလးကိုေလ ေသခ်ာ မဖတ္ၾကမွာ စိုးလို႔ သီးသန႔္ေလး ေရးေပးလိုက္တာပါ  ... another Jinkook Versionရဲ႕ Kookie Diary လို ခံစားၿပီး ဖတ္ေပးရင္ ပိုၿပီး ေက်းဇူးတင္မိမွာပါ .. ဘာလို႔လဲဆိုေတာ့ Bad Romance ရဲ႕ မူရင္း ပေလာ့မို႔လို႔ပါ ... SE မို႔လို႔ အရွည္မေရးဘဲ ေမြးလာတဲ့ သားႏွစ္ေယာက္‌အေၾကာင္းကို ေရးလာဖို႔ အိုင္ဒီယာ ရခဲ့တာပါ .. ေဖေဖတို႔ မဆုံဆည္းရသမွ် သားသားတို႔ေရာ SEျဖစ္မလား HEျဖစ္မလား ဆိုတာက မသိေသးပါဘူး ~~ ဂ်င္နာ SEမႀကိဳက္ေပမယ့္ အခုတေလာ ေတာ္ေတာ္ေလး သေဘာက်ေနလို႔ပါ … ဒါေလးကို ေသခ်ာ ဖတ္ေပးၾကပါဦးေနာ္ 🙇🏻‍♀️

᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥

“ ဂြၽန႔္ဒိုင္ယာရီ ”

[01].... အထက္တန္းေက်ာင္းပြဲေတာ္ေန႔မွာ စူပါစတားတစ္ေယာက္နဲ႔ေတြ႕ခဲ့ရတယ္  ... သူက မမွတ္မိေပမယ့္ ငါကေတာ့ ေသခ်ာသိတယ္ ... ငါငယ္ငယ္တုန္းက ငါ့အေဖနဲ႔အေမကြာရွင္းၿပီး အိမ္ေရာင္းတဲ့ေန႔မွာ ေဘးအိမ္ကို ေျပာင္းလာတဲ့အစ္ကိုႀကီးဆိုတာ ... ေတာက္ပေနတဲ့သူ႔ေဘးနားမွာ လူေတြအုံေနၾကေပမယ့္ ငါကေတာ့ စိတ္ကုန္သလိုပဲ ေက်ာ္သြားခဲ့မိတယ္ .. လူအမ်ားႀကီးသေဘာက်တဲ့အရာေတြကို မႀကိဳက္တာ ငါေလ ... ဒါေပမဲ့ ငါအမွားတစ္ခုလုပ္လိုက္မိတယ္ .. ေဖ်ာ္ေျဖရမယ့္သူ႔အက်ႌကို ညစ္ပတ္သြားေအာင္လုပ္လိုက္မိတယ္ ... သူကေတာ့ ၿပဳံးရင္း အဆင္ေျပတဲ့ပုံစံေနေနေပမယ့္ ငါကေတာ့ အမုန္းေတြနဲ႔ပဲ ၾကည့္ခဲ့မိတယ္ ဘာလို႔လဲဆိုေတာ့ ငါအိမ္‌မေျပာင္းခင္ သူငယ္ခ်င္းလုပ္မလားေမးမိတာကို သူက ငါ့ကို ကေလးတစ္ေယာက္လို ဆက္ဆံသြားလို႔ေလ ...

[02]တကၠသိုလ္ပထမေန႔မွာ သူ႔ကိုျပန္ေတြ႕ခဲ့တယ္ ... သူက ေက်ာင္းမွာ ငါ့အ‌ေဆာင္ရဲ႕ စီနီယာတဲ့ .. စီးပြားေရးေမဂ်ာယူၿပီး အႏုပညာရွင္ျဖစ္သြားတဲ့ သူ႔ကိုေတာ့ အံ့ဩမိသား ... ငါကေတာ့ ေရွ႕ေနတစ္ေယာက္ျဖစ္ခ်င္ခဲ့မိတာ ... ေလွ်ာက္လမ္းေတြ မတူခဲ့ဘူးပဲ ...  ခင္ခ်င္စိတ္ေတာ့မရွိေပမယ့္ သူငယ္ခ်င္းတစ္ေယာက္က သူ႔ကို မိတ္ဆက္ေပးခဲ့တယ္ ... အဲဲ့ဒီ့သူငယ္ခ်င္းဟြမ္ဂင္ဝန္းက ကင္မင္ဆြန္းဆိုတဲ့သူနဲ႔ တြဲေနတာတဲ့ေလ .. ဒါေပမဲ့ ငါ့စိတ္ထဲမွာေတာ့ သူ႔အၾကည့္ေတြက ဟြမ္ဆီမွာမရွိဘဲ ငါ့ဆီမွာ ရွိေနသလိုမ်ိဳး ခံစားေနရတယ္ .. ထားပါေတာ့ ... ဒီေန႔မူးေအာင္ေသာက္ဖို႔ဆုံးျဖတ္ထားေပမယ့္ တကယ္မူးေအာင္ေသာက္လိုက္တာက ကင္မင္ဆြန္းဆိုတဲ့စူပါစတားျဖစ္ေနတာမို႔ ငါ့အေဆာင္ထိ သယ္လာရတယ္ ... အခုေတာ့ ငါ့အိပ္ယာက သူ႔အပိုင္စားျဖစ္ေနေလရဲ႕ ... ရယ္ေတာ့ရယ္ရသား ... အရက္မေသာက္ႏိုင္တဲ့ကင္မင္ဆြန္းက လစ္မစ္ေက်ာ္ရင္ လိင္စိတ္ေတြ ျဖစ္လာတာပဲ ... သူထပ္မလႈပ္ႏိုင္ရေအာင္ ငါ့မွာ ႀကိဳးခ်ည္ထားေပးရတယ္ .. ဒီအေၾကာင္းေတြကို သတင္းအျဖစ္ေရာင္းစားရင္ အဆင္ေျပေလာက္တယ္မလား ...

[03]

ဒီေန႔ ကင္မင္ဆြန္းနဲ႔ဟြမ္ နမ္းေနတာကို ျမင္ခဲ့တယ္ ကင့္အေပၚမွာ ငါဘာစိတ္မွထားလို႔မျဖစ္တာသိသိခ်ည္းနဲ႔ ငါေဒါသထြက္လာသလို ခံစားလိုက္ရတယ္ ... ဟိုတစ္ေန႔က ဒိုင္ယာရီထဲခ်မေရးျဖစ္တဲ့အျဖစ္အပ်က္တစ္ခု ငါ့ေခါင္းထဲ ေပၚလာခဲ့တယ္ ကင္က ဟြမ့္ကို မနမ္းခင္ ငါ့ကိုအရင္နမ္းခဲ့တာေလ ... မူးေနလို႔ဆိုတာ သိေပမယ့္ ငါကိုယ္တိုင္လည္း မေရွာင္ခဲ့မိဘူး ... ဒါေပမဲ့ အခုေတာ့ ကင္နဲ႔ဟြမ္ကို ငါ ျပတ္ေစခ်င္လိုက္တာ ..

[04]ထူးထူးဆန္းဆန္း ဟြမ္ငါ့ကို  ရင္ဖြင့္လာတယ္ ... ကင္က သူ႔ကို မခ်စ္ဘဲ တြဲေနတာတဲ့ .. စစၾကားခ်င္း အံ့ဩသြားေပမယ့္ ငါေပ်ာ္ခဲ့မိတယ္ .. အဲ့ဒီလိုပဲ မလုပ္သင့္မွန္း သိေပမယ့္ ငါ ကင့္ကို ဆြဲေဆာင္မိခဲ့တယ္ ... ငါငယ္ငယ္ကတည္းက အရမ္းမုန္းခဲ့ရတဲ့ ငါ့ရဲ႕အားနည္းခ်က္တစ္ခုကို အသုံးခ်ၿပီးေတာ့ေပါ့ ... ကင့္မိဘေတြက ဆက္ခံသူလိုခ်င္တယ္ဆိုတာ ငါသိတယ္ေလ ...

[05]ကင္ကို မူးေအာင္တိုက္မိခဲ့တယ္ .. ကင္က ထိန္းမရေအာင္ မူးလာရင္ တစ္ေယာက္ေယာက္နဲ႔ အတူေနခ်င္တဲ့သူမ်ိဳးေလ ... ဟြမ္ရန္ရွာလို႔ စိတ္ညစ္ေနတာကို ငါအခြင့္ေကာင္းယူခဲ့မိတယ္ ... ေဆာရီးပဲဟြမ္ ... မင္းမွာက အကုန္ျပည့္စုံေပမယ့္ မျပည့္စုံတဲ့ငါ့ဘဝမွာ ကင္တစ္ေယာက္တည္းကိုပဲ လိုခ်င္မိခဲ့လို႔ ... ငါ့ကို ခြင့္မလႊတ္နဲ႔ .. အခုေတာ့ ကင္က ငါ့ေဘးမွာ အဝတ္ဗလာနဲ႔ အိပ္ေမာက်ေနတယ္ ... ႏိုးလာရင္ သူ ဘာေျပာႏိုင္မွာလဲ ... ငါက သူ႔ကို အေရးမလုပ္တဲ့ပုံနဲ႔ ေနျပလိုက္ရင္ သူ႔ ကို ငါေသခ်ာေပါက္ဆြဲေဆာင္ႏိုင္မွာေပါ့ ... ကင္က အၿမဲတမ္းအာ႐ုံစိုက္ခံေနရတဲ့လူေလ ... အဲ့ဒီလို 'ကင္'က ငါ့ကို အာ႐ုံစိုက္ဖို႔ပဲ ေမွ်ာ္လင့္တယ္

...

[06]ဟြမ္နဲ႔ကင္ လမ္းခြဲလိုက္ၾကၿပီတဲ့ အေၾကာင္းရင္းက ငါ့ေၾကာင့္ေတာ့မဟုတ္ဘူး .. ကင့္မိဘေတြေၾကာင့္ ... ဒါေပမဲ့ ဟြမ္ကေတာ့ ငါ့ေၾကာင့္ထင္ၿပီး ျပသနာေတြ စရွာေတာ့တာပဲ ... ကင္က ေလးစားဖို႔ေကာင္းတဲ့သူတစ္ေယာက္ပါ ... ငါနဲ႔မွားခဲ့ဝာာေတာင္ ဟြမ့္ကို အဲ့ဒီ့အတြက္နဲ႔ လမ္းမခြဲခဲ့ဘူး ... သူ႔အမွားကို ငါေက်နပ္တဲ့အထိ သူ ေတာင္းပန္ၿပီး သူ မခ်စ္တာေတာင္ ဟြမ့္အေပၚ သစၥာမပ်က္ခဲ့ဘူး ... ဒါေပမဲ့ ဟြမ္ကေတာ့ ငါ့ေၾကာင့္လို႔ ထင္ၿပီး ငါ့ကို စၿပီးရန္ရွာတယ္ ဟြမ္နဲ႔ေန႔တိုင္းလိုလို ငါျပသနာျဖစ္ရေပမယ့္ ကင္က ဟြမ္ကို ထိန္းရင္း ငါ့ကို ကာကြယ္ေပးခဲ့တယ္ ... ငါ ဒီအခ်က္ကို သုံးၿပီး ကင္ကို သိမ္းပိုက္လို႔ရတယ္မလား ... အေဖနဲ႔အေမကြာရွင္းလို႔ အမ်ားႀကီးထိုင္ငိုေနခဲ့တဲ့ငါ့ကို ႏွစ္သိမ့္ေပးခဲ့တဲ့အဲ့ဒီ့အစ္ကိုႀကီးကို ႏွစ္ေတြအၾကာႀကီး ငါသေဘာက်ခဲ့ရတာမို႔ ငါအပိုင္လိုခ်င္တာ ငါ့အျပစ္မဟုတ္ဘူးပဲ ငါခံယူထားတယ္ ..

[07]ဒီေန႔ ေဆး႐ုံကေန ဆင္းခဲ့တယ္ .. ဟြမ္က ငါ့ကို ေလွကားေပၚကေန တြန္းခ်ခဲ့လို႔ ေဆး႐ုံေရာက္သြားတာေလ .. ကံေကာင္းတာက ကင္က အဲ့ဒါကို ျမင္ခဲ့တယ္ ... ထပ္ၿပီး ကံေကာင္းတာက ငါ့မွာ ကင္နဲ႔ရတဲ့ကိုယ္ဝန္ရွိေနခဲ့တယ္ .. ေမြးကတည္းက သားအိမ္ပါလာတဲ့အတြက္ ကေလးတစ္ခါေမြးခြင့္ရွိတယ္လို႔ ဆရာဝန္ေတြက ေျပာခဲ့ၾကေပမယ့္ ငါ့အေဖကေတာ့ ငါ့ကို ၿဂိဳလ္ဆိုးေကာင္လို ၾကည့္ခဲ့တာေလ မိဘေတြ ကြာရွင္းမႈရဲ႕အဓိကတရားခံက ဟိုမေရာက္ဒီမေရာက္ေမြးဖြားလာတဲ့ငါ့ေၾကာင့္ျဖစ္ခဲ့ေပမယ့္ အခုေတာ့ ကင့္အတြက္ မ်ိဳးဆက္ခ်န္ေပးႏိုင္ေတာ့မွာမို႔လို႔ အရမ္းေပ်ာ္ေနခဲ့မိတယ္ ... ဒါေပမဲ့ ကင့္ကိုေတာ့ ငါအကန္စကားေတြနဲ႔ပဲ တြန္းထုတ္မိတယ္ ... ငါက တြန္းေလ ကင္က ေရွ႕တစ္လွမ္းတိုးေလမို႔ ငါ ကင့္ကို တြန္းပဲ တြန္းထုတ္မွာ .. အခုေတာ့ ကင္က ငါ့အတြက္ ညစာလုပ္ေပးေနတယ္ .. အထီးက်န္ခဲ့ရတဲ့ ဒီေအးစက္စက္အခန္းထဲမွာ ေႏြးေထြးမႈေပးႏိုင္မယ့္ကင္က ရွိေနခဲ့ၿပီ .. ကမာၻေပၚမွာ ငါမွ မေပ်ာ္ရင္ ဘယ္သူက ငါ့အစားေပ်ာ္ေပးမွာတဲ့လဲ သိပ္ခ်စ္တယ္ကင္ ... ဒါက ငါ ဘယ္ေတာ့မွ ခင္ဗ်ားကို မေျပာမယ့္စကားပါ ကင္ ...

[08]ကင္က ငါ့ကိုလက္ထပ္ဖို႔အတြက္ အႏုပညာေလာကကေန အနားယူၿပီး ကုမၸဏီေတြ ဦးစီးခဲ့တယ္ ... ကင္က ငါ့ကို သိပ္ခ်စ္ေၾကာင္း ေန႔တိုင္း ေျပာေနေပမယ့္ ငါကေတာ့ တစ္ခြန္းေလးေတာင္ ျပန္မေျပာျပေပးႏိုင္ခဲ့ဘူး ဒါေပမဲ့ ငါလုပ္သမွ်က ကင့္အတြက္ပဲ .. သူမ်ားအပိုင္ကိုလုယူမိခဲ့လို႔လားမသိဘူး ... ငါ့မွာ အၿမဲပူေလာင္ေနရတယ္ .. ငါ ကင့္ကိုခ်စ္တယ္ .. ဒါေပမဲ့  ကင္နဲ႔ငါ့ဆက္ဆံေရးကို ငါမထိန္းထားႏိုင္မွာေၾကာက္တယ္ ... ကင့္မိဘေတြနဲ႔ မိတ္ဆက္ေပးတုန္းက ကင့္မိဘေတြ ငါ့ကို သေဘာမက်တာ ငါသိပါတယ္ ... ဒါေပမဲ့လည္း သူတို႔ေျမးက ငါ့ဆီမွာေလ ... ငါေသမယ္ဆိုရင္ေတာင္ ကင့္အတြက္ ငါ့ကိုယ္ပြားေလး ခ်န္ခဲ့ေပးမယ္ ...

[09]ငါေမြးခါနီးမွာ ကင္အလုပ္ကိစၥနဲ႔ အေမရိကားကိုသြားမွာ တစ္လတဲ့ .. ငါကင့္ကို လြမ္းေနရေတာ့မွာဆိုေပမယ့္ မသြားပါနဲ႔လို႔ ငါမဆြဲထားခဲ့ဘူး ကင္ထြက္သြားတဲ့ညေနမွာ ကင့္မိဘေတြ ငါ့ဆီေရာက္လာခဲ့တယ္ ... ငါထင္တဲ့အတိုင္း ကင္နဲ႔လမ္းခြဲေပးဖို႔ လာေတာင္းဆိုၾကတာေပါ့ ... ငါ့ဆီက မေမြးလာေသးတဲ့ကေလးကို လိုခ်င္ေပမယ့္ ကင့္ရဲ႕လက္‌တြဲေဖာ္အျဖစ္ ငါ့ကို မသတ္မွတ္ႏိုင္ဘူးတဲ့။ ေသခ်ာေပါက္ ငါျငင္းခဲ့တာေပါ့ ... ငါ့ဘဝမွာ ေငြထက္ ကင့္ကို ပိုခ်စ္လို႔ ဒီလမ္းေ႐ြးခဲ့တာေလ ...။

[10]ဒီစာအုပ္ထဲ မေရးခ်ျဖစ္တာ တစ္လေလာက္ရွိၿပီ ... အေၾကာင္းရင္းက ငါ့တစ္ဘဝလုံးမွာ အဆိုး႐ြားဆုံးကိစၥကို ႀကဳံခဲ့ရတယ္ ... ကင္ျပန္မလာတဲ့အေတာအတြင္းမွာ ငါကင့္မိဘေတြရဲ႕ထိန္းသိမ္းျခင္းခံခဲ့ရတယ္  ... မက်ဥ္းမက်ယ္တဲ့အခန္းထဲမွာ ပိတ္ေလွာင္ထားၿပီး လိုေလေသးမရွိထားထားေပမယ့္ ငါသိတယ္ ကေလးကို ေမြးၿပီးတာနဲ႔ ငါ့နဲ႔ ခြဲေတာ့မယ္ဆိုတာ.. အဲ့ဒါေၾကာင့္ ငါအသက္လုရတာေတာင္ သတိမေမ့ဖို႔ ႀကိဳးစားရင္း ငါ့သားေလးကို သူတို႔ဆီကေန အတင္းလုၿပီး ထြက္ေျပးခဲ့မိတယ္ ... ထြက္ေျပးဖို႔ ႀကိဳးစားတာ ငါေအာင္ျမင္ခဲ့ေပမယ့္ ငါ့ရင္ေသြးကို ဆုံးရႉံးလိုက္ရတယ္ .. အဲ့ဒီ့ညက ‌မိုးေရထဲမွာ ငါတစ္ညလုံး အသက္မရွိေတာ့တဲ့ ငါ့ရင္ေသြးကို ေပြ႕ၿပီး ငိုေနခဲ့တယ္ ... ဘယ္အခ်ိန္ထိလဲေတာ့ ငါမသိဘူး ... အခု သတိရလာတဲ့အခ်ိန္မွာေတာ့  အယ္ရာ ဆိုတဲ့ ေကာင္မေလးတစ္ေယာက္က ငါ့အနားမွာရွိေနခဲ့တယ္

[11]ငါ ထူထူေထာင္ေထာင္ျဖစ္လာတဲ့အခ်ိန္မွာ ငါသတင္းတစ္ပုဒ္ျမင္လိုက္ရတယ္ ... ကင္ လက္ထပ္လိုက္ၿပီတဲ့ ကင့္အမ်ိဳးသမီးကေတာ့  ေဆးဝါးဆိုင္ရာ သုေတသနအဖြဲ႕ခ်ဳပ္က  ဆရာဝန္‌မေလး တစ္ေယာက္တဲ့။ ေပ်ာက္ေနတဲ့ငါ့ကို ရွာဖို႔ သတိေတာင္မရဘဲ ငါမရွိတာနဲ႔ ေနာက္တစ္ေယာက္နဲ႔ လက္ထပ္လိုက္တဲ့ ကင့္ကို ငါ မုန္းတယ္ ... ဒီထက္ပိုဆိုးတာက အဲ့ဒီ့အမ်ိဳးသမီးမွာ ကေလးရွိေနခဲ့တာတဲ့ေလ ... ဘယ္လိုေတာင္ လွည့္စားရက္ႏိုင္ခဲ့တာလဲ ကင္ရယ္ ~~~ ငါ့မွာေတာ့ ခင္ဗ်ားကို ခ်စ္လိုက္ရတာ အႀကိမ္ႀကိမ္အခါခါေလ ... ဒါေပမဲ့ ငါ သိလိုက္တယ္ ေလာကႀကီးမွာ ေငြက အေရးႀကီးဆုံးဆိုတာ ... အဲ့ဒါေၾကာင့္ ငါလည္း ေငြအတြက္နဲ႔ အနားမွာရွိေနေပးခဲ့တဲ့ အယ္ရာ့ကို လက္ထပ္မိခဲ့တယ္ ... ငါ့အေပၚ အခ်စ္စစ္နဲ႔ခ်စ္ေပးတဲ့ အယ္ရာ့ကို ‌လွည့္စားၿပီးယူခဲ့တယ္ဆိုေပမယ့္ ကတိတစ္ခုေတာ့ ေပးႏိုင္တယ္ ... အယ္ရာ့ကို အေပ်ာ္႐ႊင္ဆုံးထားႏိုင္ဖို႔ ကတိ။

[12]ငါ လက္ထပ္တဲ့ေန႔က ကင့္ရဲ႕သားေလး ေမြးတဲ့ေန႔ ... မီဒီယာထက္မွာ ကင့္အၿပဳံးေတြနဲ႔အတူ ေကာင္းခ်ီးအျဖာျဖာနဲ႔ ခ်ီးေျမႇာက္ခံေနရတဲ့ အဲ့ဒီ့ကေလးကို ျမင္တိုင္း ငါ အရႈံးေပးလိုက္ရတဲ့ ငါ့ရင္ေသြးကို ငါသတိရမိတယ္ ... ကင္သာ ငါ့ကို ေသခ်ာဂ႐ုစိုက္ေပးခဲ့ရင္ ငါနဲ႔ငါ့သား ဒီလို အျဖစ္မ်ိဳး ႀကဳံရမွာ မဟုတ္ဘူး ငါ ကင့္မ်က္ႏွာေပၚကအၿပဳံးေတြကို ဖ်က္ဆီးပစ္ခ်င္လိုက္တာ ... ကင့္ရဲ႕သားေလးကို ၾကည့္ေနတဲ့ ကင့္မ်က္ဝန္းေတြကို ေဖာက္ထုတ္ပစ္ခ်င္လိုက္တာ ...  ... အဲ့ဒါေၾကာင့္ အေဖနဲ႔အေမေရာင္းခဲ့တဲ့ ကင့္အိမ္ေဘးနားက အိမ္ႀကီးကို အယ္ရာ့ေနာက္ခံနဲ႔ ဝယ္ၿပီး ကင့္ကို ျပန္ခ်ဥ္းကပ္ဖို႔ ႀကိဳးစားမိခဲ့တယ္ ... ကင္ ~~ ငါ ခင္ဗ်ားရဲ႕မိဘေတြကိုေရာ ... ခင္ဗ်ားရဲ႕သားကိုေရာ ... ခင္ဗ်ားရဲ႕မိန္းမကိုေရာ ... သိပ္မုန္းတယ္ ကင္ ~~

[13]အစီစဥ္ေတြက ေအာင္ျမင္တယ္ေျပာရေလမလား ... ငါ့ေၾကာင့္နဲ႔ ကင္က ငါ့အိမ္ေဘးကို ျပန္ေျပာင္းေ႐ႊ႕ခဲ့တယ္ ... သူ႔မိသားစုေၾကာင့္ ငါ့‌ဆီ ျပန္မလာေတာ့ရေလာက္တဲ့အထိ ကင္က သစၥာရွိတဲ့သူျဖစ္ေပမယ့္ ငါကေတာ့ သူ႔သားကစလို ကင္တစ္မ်ိဳးႏြယ္လုံးကို ပ်က္စီးေစဖို႔ ရည္႐ြယ္ပါတယ္ ... ‘ကင္ေဆာ့ဂ်င္’ လို႔ ေခၚတဲ့ ကေလးေသးေသးကို ငါမုန္းသလို ကင္မင္ဆြန္း လို႔ ေခၚတဲ့ ငါ့အခ်စ္ဦးကိုလည္း ငါ မုန္းတယ္ ... အဲ့ဒီလိုပဲ ငါ့အပိုင္ကို လုယူသြားတဲ့ ကင္ဂ်ယ္ဟီးကိုလည္း မုန္းတယ္ ...

[14]ေတာ္ေတာ္ၾကာ မေရးျဖစ္ေတာ့တဲ့ ဒီစာအုပ္ထဲ အခု  ဝမ္းသာစရာသတင္း တစ္ခုကို သိမ္းထားခ်င္လို႔ ဒီစာအုပ္ကို အၾကာႀကီး ျပန္ရွာလိုက္ရတယ္ .. အယ္ရာ့မွာ ငါ့ရင္ေသြးေလး ရွိေနၿပီတဲ့ ... ဒီခံစားခ်က္က ကင့္ရဲ႕ကေလးကို ငါလြယ္တုန္းကထက္ ခံစားခ်က္ေတြ ပိုေနခဲ့တယ္ .. ငါ မေစာင့္ေရွာက္ႏိုင္မွာ စိုးတယ္ ဒုတိယအႀကိမ္ ငါ့ေၾကာင့္နဲ႔ ငါ့ကေလးေလး တစ္ခုခုျဖစ္သြားမွာ စိုးတယ္ .. အဲ့ဒါေၾကာင့္ ကင့္ကို ဖ်က္ဆီးပစ္မယ့္ ကိစၥကို ရပ္ၿပီး ငါ့ကေလးေလးအတြက္ ငါရွင္သန္ေတာ့မယ္ ... လူတစ္ေယာက္ကို ခ်စ္မိတာ ဘဝတစ္ခုလုံး ႐ူးဖို႔မွ မဟုတ္တာေလ ... အေဖတစ္ေယာက္ျဖစ္ေတာ့မွာမို႔လို႔ မေကာင္းတဲ့အေတြးေတြ ရပ္တန႔္ပစ္လိုက္ေတာ့မယ္ ..

[15]ဒီေန႔ ရင္ေသြးေလးကို သိခဲ့ရၿပီ သားေလး တဲ့ ... နာမည္ကေတာ့ ဂြၽန္ေဂ်ာင္ဂု လို႔ ငါေပးခဲ့တယ္ ... အျမန္ဆုံး ခ်ီပိုးခ်င္ေနတာမို႔  ျဖစ္ႏိုင္ရင္ အခ်ိန္ေတြကို ရစ္ပစ္လိုက္ခ်င္မိတယ္ ...

[16]ငါ့သားေလး ေမြးတဲ့ေန႔မွာ ... ငါသိသိခ်င္း ႐ုံးကလုပ္တဲ့ ပါတီကေန အမွီျပန္လာခဲ့ေပမယ့္ ငါ မူးေနတဲ့ ကင္နဲ႔ ဆုံခဲ့တယ္ .. ပထမေတာ့ ဒီအတိုင္း ေက်ာ္ခဲ့ဖို႔ေပမယ့္ ဟြမ္နဲ႔ တြဲျမင္လိုက္ရတဲ့အခါ ငါ စိုးရိမ္သြားမိခဲ့တယ္ ... ကင္က မူးလာရင္ ဘာျဖစ္တတ္လဲ ငါေရာ ဟြမ္ေရာ ေသခ်ာသိတယ္ေလ ... အဲ့ဒါအျပင္ ဟြမ္က အခုထိ ကင့္ကို လက္မေလ်ာ့ေသးဘူးဆိုတာ သိလိုက္ရေတာ့ ငါ ကင့္ကို တကယ္စိုးရိမ္ခဲ့တယ္ ... အဲ့ဒါေၾကာင့္ မထူးဇာတ္ခင္းၿပီး ကင့္ကို အိမ္ျပန္ပို႔ေပးခဲ့တယ္ ... ဒါေပမဲ့ ကင့္အမ်ိဳးသမီးက ငါ့ကို ကင္နဲ႔ေဖာက္ျပန္ေနတာဆိုၿပီး အထင္လြဲသြားခဲ့တယ္ ... ဟုတ္တယ္ ကင္ ငါ့ကို  ေတာင္းပန္ရင္း နမ္းခဲ့တာ သူမ ျမင္သြားခဲ့တယ္ .. ငါ့မာနကို မ‌ခ်ႏိုင္တာမို႔လို႔ ငါ မရွင္းျပမိခဲ့ဘူး ... ၿပီးေတာ့ ငါ သိလိုက္ရတယ္ ကင္‌တို႔ အိမ္ေထာင္ေရးက တစ္ဖက္သတ္အခ်စ္ေတြနဲ႔ အေပၚယံသက္သက္ပဲဆိုတာေလ ... အဲ့ဒီလို သိလိုက္ရလို႔ ေပ်ာ္ေပမယ့္ ငါ့မွာ ေဂ်ာင္ဂုဂီေလး ရွိေနၿပီးတဲ့အျပင္ ကင့္မွာလည္း ကင္ေဆာ့ဂ်င္ဆိုတဲ့ သားေလးတစ္ေယာက္ ရွိႏွင့္ၿပီးၿပီ ... တစ္ေယာက္ကို တစ္ေယာက္ ဒီအတိုင္းခ်စ္႐ုံကလြဲလို႔ ေရွ႕ဆက္ဖို႔ မျဖစ္ႏိုင္ေတာ့ဘူးေလ ...

[17]ကင့္အမ်ိဳးသမီးက ထက္ျမက္တဲ့မိန္းမပဲ .. ငါနဲ႔ကင့္ေနာက္ေၾကာင္းေတြ သူမ သိသြားခဲ့တယ္ .. ဒါေပမဲ့ ကင့္မိဘေတြရဲ႕လုပ္ရပ္ကိုေတာ့ သူမ မသိခဲ့ဘူး ... သာမန္သူငယ္ခ်င္းလို ဆက္ဆံေရးနဲ႔ စည္းျခားထားတဲ့ ငါနဲ႔ကင္ကို သူမ အထင္ေတြ လြဲေနခဲ့တယ္ .. ကင္ေရာ ငါေရာ အေဖျဖစ္ၿပီမို႔ တစ္ေယာက္ကို တစ္ေယာက္ ခ်စ္ေပမယ့္ ဘာစည္းမွ ထပ္‌မေက်ာ္ခဲ့ၾကဘူး ... ငါ့ေၾကာင့္နဲ႔ ကင္ သူ႔အမ်ိဳးသမီးနဲ႔ ခဏခဏ စကားမ်ားတာ ငါသိေပမယ့္ ငါ ဘာမွ မရွင္းျပမိခဲ့ဘူး ... ကင့္အမ်ိဳးသမီးက ငါ့ေနရာကို လုထားတာပဲေလ ... ဒီေလာက္ေတာ့ ပူေလာင္လိုက္ဦးေပါ့ ... ငါ့ေနရာမွာ ဟြမ္မဟုတ္တာပဲ သူမ ေက်းဇူးတင္ေနရမွာ .. ဟြမ္သာဆိုရင္ သူမ ကင္နဲ႔ ကြာရွင္းေနရေလာက္ၿပီ ...

[18]ဒီေန႔ ငါ မၾကားခ်င္ဆုံး သတင္းကို ငါၾကားလိုက္ရတယ္ .. ငါ့သားက ငါ့လိုမ်ိဳး ထူးျခားတဲ့ကေလးတစ္ေယာက္ ... ဒါေပမဲ့ မတူတဲ့အခ်က္က ငါ့သားက တစ္ႀကိမ္တည္းနဲ႔ ကိုယ္ဝန္ရႏိုင္တဲ့အျပင္ ေမြးဖြားၿပီးရင္ ေသ‌ဆုံးႏိုင္ေခ်ရွိတယ္တဲ့ .. အဲ့ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္လို႔ မရေအာင္ ခြဲစိတ္ေပးဖို႔ ငါေတာင္းဆိုခဲ့ေပမယ့္ ငယ္လြန္းေသးတဲ့အတြက္ ဆရာဝန္ေတြက လက္မခံခဲ့ၾကဘူး .. အဲ့ဒီ့အစား ပ်က္ယြင္းေနတဲ့ တစ္ရႉးနံရံေတြကို အစားထိုးကုသဖို႔ ဆုံးျဖတ္ခဲ့ၾကတယ္ ... အဲ့ဒီ့ကုသနည္းက ဘယ္သူမွ မသုံးဖူးတဲ့အတြက္ အသက္အႏၲရာယ္ရွိလာႏိုင္တယ္တဲ့ ... ေဆးပညာေတြကို သိပ္နားမလည္ေပမယ့္ ငါ့ဆီမွာ ပ်က္ယြင္းေနတဲ့ သားအိမ္ရွိေနတဲ့အတြက္ ငါ့ကိုယ္ငါ အစမ္းသပ္ခံဖို႔ သေဘာတူမိခဲ့တယ္ .. ငါေအာင္ျမင္ရင္ ငါ့‌သားေလးလည္း အႏၲရာယ္ျဖစ္မွာ မဟုတ္ေတာ့ဘူးေလ ...  ႏွစ္ရွည္လမ်ား ကုသဖို႔ လိုေပမယ့္ ငါ့ရဲ႕ဂုဂီေလးက ေဆးဒဏ္ကို ခံဖို႔ ငယ္လြန္းေသးတယ္ ... ငါ့တုန္းက ငါ့မိဘေတြ ငါ့ကို မေကာင္းဆိုးဝါးတစ္ေကာင္လို ဆက္ဆံခဲ့ၾကေပမယ့္ ငါ့သားေလးကိုေတာ့ ကမာၻေပၚက အေကာင္းဆုံးဆိုတဲ့အရာေတြ အကုန္ယူေပးမယ္ ...

[19]တိုက္ဆိုင္တာလား ဘာလားေတာ့ မသိေပမယ့္ စမ္းသပ္မႈမွာ တာဝန္ယူေပးရတဲ့ တာဝန္ခံေဒါက္တာက ကင္ဂ်ယ္ဟီးတဲ့ေလ ..  ငါ့အေၾကာင္းအကုန္သိသြားေတာ့ သူမ အံ့ဩသြားေပမယ့္ ငါကေတာ့ ငါ့သားအေၾကာင္းကို ငါ ဖုံးကြယ္မိခဲ့တယ္ ... သူမက ေဆးပညာနဲ႔စမ္းသပ္ခ်က္ေတြရဲ႕နယ္ပယ္မွာ ေလာဘရွိသူမို႔ ငါ့သားအေၾကာင္း ေမးတဲ့အခါတိုင္း ငါစိုးရိမ္မိတာက ငါ့သားက သူမရဲ႕သားေကာင္ျဖစ္မွာကို ... အဲ့ဒါေၾကာင့္ သူမသားနဲ႔ အတူတူရွိေနတာမ်ိဳးကအစ ငါ သေဘာမက်ခဲ့ဘူး ... ေကာင္ေလးတစ္ေယာက္က ကေလးေမြးႏိုင္တယ္ဆိုတဲ့အခ်က္အေပၚမွာ ငါ့သားကို အျမတ္မထုတ္ေစခ်င္ခဲ့ဘူး ... အဲ့ဒါေၾကာင့္မို႔ အသုံးမဝင္တဲ့စကားေတြနဲ႔ ငါ သူမကို နာက်င္ေအာင္ ေျပာခဲ့မိတယ္ ... ' ကင္မင္ဆြန္းအတြက္ ဆက္ခံသူ ေမြးေပးခ်င္လို႔ ' ဆိုၿပီးေတာ့ေလ ... ဒီေလာက္ဆို ငါ့သားအေၾကာင္းကို သူမ ထပ္ၿပီး အာ႐ုံမစိုက္ႏိုင္ေလာက္ပါဘူးေလ ....

[20]ဒီေန႔က စမ္းသပ္ခ်က္ရလဒ္အေျဖ ထြက္လာတဲ့ေန႔ပဲ ...  ' ကင္မင္ဆြန္းအတြက္ ဆက္ခံသူ ေမြးေပးခ်င္လို႔ 'ဆိုတဲ့စကားကို ဟြမ္က ဘယ္လို သိသြားခဲ့လဲ မသိေပမယ့္ ငါ့ဆီ စကားႏိူင္ထိုးဖို႔လာခဲ့တယ္ .. ငါနာက်င္မယ္အထင္နဲ႔ ကင့္ကို သူပိုင္ေၾကာင္း ေျပာေနတာကို ငါ ဒီအတိုင္းေလး ၾကည့္ေနမိခဲ့တယ္ ဟြမ့္ကို ၾကည့္ရတာ ငါ့မ်က္စိထဲမွာ အ႐ူးတစ္ေယာက္လိုပဲ ... ဘယ္ဘက္ကေန ဘယ္လိုၾကည့္ၾကည့္ ကင္က ဟြမ့္ကို မခ်စ္တာ ေသခ်ာတယ္ေလ ... ဒါကို ဘာျဖစ္လို႔မ်ား ကင့္ကို ဟြမ္ကသူ႔အပိုင္ဆိုၿပီး အၿမဲေတြးေနလဲေတာ့မသိ။ ေသခ်ာတာက ဟြမ္က အႏၲရာယ္မ်ားတဲ့သူပါ။ ကင္ဂ်ယ္ဟီးကို ဘာလို႔ ဒုကၡမေပးေပမယ့္ မိသားစုျဖစ္တည္ေနတဲ့ ငါ့ကိုေတာ့ အခုထိ ေႏွာင့္ယွက္ေနဆဲ။ အေၾကာင္းရင္းကေတာ့ ဟြမ္က ကင္ခ်စ္တဲ့ဘယ္သူ႔ကိုမဆို သိပ္မုန္းတာမို႔လို႔ေလ ။ ဂ်ယ္ဟီးကို ကင္က မခ်စ္တဲ့အတြက္ ဟြမ္က သိပ္အေရးမလုပ္တာလို႔  ငါထင္တယ္ ... ဟြမ္က ကင့္ကို ပိုင္ဆိုင္ရဖို႔ထက္ အခ်စ္ငတ္ေနတဲ့သူမို႔ ကင့္ဆီက အခ်စ္ေတြရဖို႔ ေမွ်ာ္ေနတဲ့ေကာင္ပါ ...  ခက္တာက ကင္ဟာ ငါ့ကိုခ်စ္ၿပီး ကင္ဂ်ယ္ဟီးအေပၚမွာေတာ့ သစၥာရွိတယ္ေလ ... ဒါေပမဲ့ ဒီေန႔ေတာ့ ငါ ကင္ဂ်ယ္ဟီးကို သနားမိတယ္ ... အခ်စ္မခံရတဲ့ဘဝမွာ ဘယ္လိုမ်ား ေနထိုင္ေနပါလိမ့္ ...

[21]စမ္းသပ္ခ်က္ေအာင္ျမင္လို႔ ဒီေန႔ ေဆး႐ုံကေန ဆင္းရမယ့္ေန႔ပဲ .. ဟြမ္ ထပ္ေရာက္လာခဲ့တယ္ ... ဒီတစ္ခါေတာ့ ဟြမ္ ငါ့ကို ရန္မရွာဘဲ အႏိုင္ရသလို အၿပဳံးနဲ႔ ၿပဳံးၿပီး ေၾကာက္စရာေကာင္းေအာင္ ၾကည့္ေနခဲ့တယ္ ... 'ငါမေပ်ာ္သလို မင္းေရာ ကင္ေရာ မေပ်ာ္႐ႊင္ရဘူး' ဆိုၿပီး ငါနဲ႔ကင္ ေဖာက္ျပန္ေနသလိုမ်ိဳး အယ္ရာ့ကို သူေျပာခဲ့တဲ့အေၾကာင္းေတြ အရသာခံၿပီး ျပန္ေျပာျပလာတယ္ ...  ၿခိမ္းေျခာက္တာမ်ိဳးကို ငါ ဘယ္တုန္းကမွ မတုန္လႈပ္ေပမယ့္ အခုေတာ့ အယ္ရာ သိသြားတာကို တုန္လႈပ္ေနမိခဲ့တယ္ ... ငါ ကင္နဲ႔မေဖာက္ျပန္ခဲ့ေပမယ့္ အယ္ရာကေတာ့ ဒီအေၾကာင္းေတြ သိလို႔မရဘူးေလ .. ငါ သူမကို လိမ္ညာထားမိတဲ့အေပၚ  အရမ္းဝမ္းနည္းၿပီး စိတ္ထိခိုက္ေနမွာ ... ႏွလုံးအခံရွိတာမို႔ အခန႔္မသင့္ရင္ အသက္ပါ ေသႏိုင္တာ ... လိမ္ညာထားမိသမွ် ျပန္ေပးဆပ္တဲ့အေနနဲ႔ ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးမယ္ ဆိုတဲ့ကတိကို ငါမတည္ႏိုင္ေတာ့ဘူး ထင္ပါရဲ႕ ~~ ေတာင္းပန္တယ္ အယ္ရာ ~~ လိမ္ခဲ့တာ မဟုတ္ေပမယ့္ မင္းကိုေတာ့ မခ်စ္မိခဲ့ပါဘူး ... သံေယာဇဥ္ေလးပဲ ရွိခဲ့မိတယ္ အယ္ရာ ...

[22]ဟြမ္ ထြက္သြားတာနဲ႔ ငါ တစ္ေယာက္တည္း ဒီစာအုပ္ထဲ ခ်ေရးလိုက္မိတယ္ ... ေရးၿပီးတဲ့အခ်ိန္မွာ ငါ့အခန္းထဲ ထပ္ေရာက္လာတာက ကင္ဂ်ယ္ဟီး။ ေနာက္ဆုံး ေဆးထိုးၿပီးရင္ ဆင္းရေတာ့မွာ ဆိုေပမယ့္ ကင္ဂ်ယ္ဟီးက အခ်ိန္ေတြ ဆြဲေနခဲ့တယ္ ... သူမကို ၾကည့္ရတာ တစ္ခုခု ခ်ီတုံခ်တုံျဖစ္ေနပုံပဲ ... ေဆးထိုးအပ္ ကိုင္ေနတဲ့သူမလက္ေတြ တုန္လႈပ္ေနသလို အသံေတြကလည္း ပုံမွန္နဲ႔ မတူ ... ေဆးထိုးအပ္ကိုင္ၿပီး ေတြေဝေနပုံေထာက္ရင္ မဟုတ္မွ ငါ့ကို တစ္ခုခုလုပ္ပစ္မလို႔လား ငါထင္မိတယ္ ... ေအးေလ စမ္းသပ္ခ်က္ေအာင္ျမင္ေတာ့ ကင့္အတြက္ ကေလးေလး ေမြးေပးလို႔ရၿပီေလ ... သူမ အေနနဲ႔ ငါ့ကို သတ္ခ်င္တာ မဆန္း ... ဒါေပမဲ့ ငါ သူမကို ကင့္အေၾကာင္းေတာ့ သိေစခ်င္တယ္ ... ကင္က ငါ့ကို ဘယ္ေလာက္ခ်စ္ခ်စ္ ေဖာက္ျပန္တာမ်ိဳး ဘယ္ေတာ့မွ မလုပ္ဘူး ဆိုတဲ့အေၾကာင္းေလ ... တုန္တုန္လႈပ္လႈပ္နဲ႔ ငါ့လက္ထဲ ေဆးထိုးေနတဲ့အခ်ိန္ ငါ သူမကို နည္းနည္း ေျပာလိုက္မိတယ္ ...

'စိတ္မပူနဲ႔ ကင္က ငါ့ကိုခ်စ္ရင္ေတာင္ မင္းကို မေဖာက္ျပန္ပါဘူး ... ငါ ေဂ်ာင္ဂုဂီကိုအရမ္းခ်စ္သလို ကင္လည္း ကင္ေဆာ့ဂ်င္ကို အရမ္းခ်စ္တာ မင္းသိတယ္မလား ... ၿပီးေတာ့ အယ္ရာက မင္းရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းေလ ... ငါ့အတြက္က်ေတာ့ အယ္ရာက ေဂ်ာင္ဂုၿပီးရင္ ဒုတိယေျမာက္ အေရးႀကီးဆုံးလူပါ '

  ... ငါ့စကားေၾကာင့္ သူမ လက္ေတြ ရပ္သြားေပမယ့္ ဘာမွေတာ့ ျပန္မေျပာခဲ့ဘူး ... ငါသတိထားမိတာက ငါ့ကို ထိုးေပးေနတဲ့ ေဆးထိုးအပ္မွာ ေဆးေတြ က်န္ေနခဲ့တယ္ ... ငါ နည္းနည္းေတာ့ ရီလိုက္မိတယ္ ... သူမ ငါ့ကို သတ္ပစ္မယ္လို႔ ရည္႐ြယ္ထားတာကို ရပ္ပစ္လိုက္ပုံပဲ ... ငါသိပါတယ္ ... ကင္ဂ်ယ္ဟီးက ငါ့ကို သတ္ပစ္ခ်င္ေပမယ့္ ဟြမ္ေလာက္ေတာ့ တကယ္မလုပ္ဘူးဆိုတာေလ ..... သူမ ထြက္သြားတဲ့ေနာက္မွာေတာ့ အယ္ရာ့ဆီက ဖုန္းေခၚလာခဲ့တယ္ ... ေနာက္ဆုံး ငါရင္ဆိုင္ရေတာ့မယ္မွန္းသိေတာ့ ငါ အသာတၾကည္ပဲ ဖုန္းကိုင္လိုက္မိတယ္ ... ရႈိက္သံေတြ ပါဝင္တဲ့ အယ္ရာ့ေမးခြန္းေတြကို အမွန္အတိုင္းပဲ ဝန္ခံခဲ့မိတယ္ ... ကားေမာင္းေနတာမို႔ ေအးေဆးေျပာမယ္ဆိုၿပီး သူမ ဖုန္းခ်သြားခဲ့တယ္ ... နာက်င္ေနမယ္ဆိုတာ သိေပမယ့္ ႏွစ္သိမ့္ေပးဖို႔ စကားလုံးလည္း ငါ့ဆီမွာ မရွိခဲ့ပါဘူး .. ငါ အယ္ရာ့အေပၚမွာ လုပ္မိတဲ့အမွားက တအားႀကီးမားလြန္းတယ္ေလ ... အခုေတာ့ ေခါင္းနည္းနည္းကိုက္ ေနေပမယ့္ ဒီစာကိုေတာ့ ငါရေအာင္ ေရးခ်င္မိေသးတယ္ ... ငါ အယ္ရာအပါအဝင္ ကင္မင္ဆြန္းနဲ႔ ကင္ဂ်ယ္ဟီးကို ေတာင္းပန္ခ်င္ေသးတယ္ ... ၿပီးေတာ့ တစ္သက္လုံး မေျပာခဲ့မိတဲ့ စကားကိုလည္း ကင္မင္ဆြန္းကို ေျပာခ်င္မိတယ္ ... " အစ္ကိုမင္ဆြန္း ... ကြၽန္ေတာ္ ခင္ဗ်ားကို ခ်စ္တယ္ " ... ဆိုတာေလးေပါ့ ...

အခုေတာ့ ငါ့ကို ေဆး႐ုံဆင္းဖို႔ လာေခၚမယ့္ အယ္ရာ့ကို ထိုင္ေစာင့္ရင္း ဒီေလာက္နဲ႔ပဲ အဆုံးသတ္လိုက္ေတာ့မယ္ ... ဒီစာအုပ္လည္း ကုန္ၿပီေလ ....

᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥

စာအုပ္ေလး အဆုံးသတ္တာနဲ႔ သူမ မ်က္ဝန္းေတြ က်ိန္းစပ္သြားသည္။ လူတစ္ေယာက္ကို ခ်စ္လို႔ရတဲ့ နည္းလမ္းေပါင္းမ်ားစြာထဲမွာမွ ဂြၽန္ေဟေယာင္းကေတာ့ ေခါင္းမာမာနဲ႔ ခ်စ္ဖို႔ ေတြးခဲ့ပုံေပၚသည္။ သူမကေရာ ဘာထူးေသးလဲ အနားမွာ မရွိတာေတာင္ ကြာရွင္းဖို႔ အခုထိ သေဘာမတူခဲ့ဘူးေလ ...

"ဟင္း"

အေတြးေတြ မ်ားေနတဲ့အျပင္ လုပ္စရာေတြကလည္းဆက္တိုက္ရွိေနတာမို႔ ကင္ဂ်ယ္ဟီး သက္ျပင္းခ်လိုက္သည္။ အဲ့ဒီ့ေနာက္မွာေတာ့ ကိုင္ထားမိတဲ့ ဒိုင္ယာရီစာအုပ္ေလးကို ကင္မင္ဆြန္းထံပို႔ေပးဖို႔ သူမ ဆုံးျဖတ္လိုက္မိေတာ့သည္။

ခ်စ္ရသူဆီက ခ်စ္တဲ့အေၾကာင္းေတြကို ကင္မင္ဆြန္းလည္း သိဖို႔ လိုအပ္သည္ မဟုတ္ပါလားေလ ...

💠💠💠

NOV 04, 2022

ဂြၽန႔္ေဖေဖရဲ႕ဒိုင္ယာရီကို အရွည္ႀကီးေရးလိုက္မိပါတယ္ ... အေၾကာင္းရင္းကေတာ့ Me, Myself And Bad Romance ရဲ႕ မူရင္းplot မို႔လို႔ပါ (အမွန္က အဲ့ဒါေလးကို ေရးမွာေပါ့ေနာ္) ...  အရွည္ေရးခ်င္ခဲ့တာမို႔လို႔ အတတ္ႏိုင္ဆုံး အတိုေလးခ်ဳပ္ထားေပမယ့္ ဖတ္ရတာ အေႏွာင့္အယွက္ျဖစ္သြားရင္ ဂ်င္နာရဲ႕ လိုအပ္ခ်က္ေၾကာင့္ပါ ... ကိုကိုနဲ႔ သားသားကိုေတာ့ သိပ္မၾကာခင္ ေပးေတြ႕ပါမယ္ေနာ္ 🙆🏻‍♀️

ၿပီးေတာ့ ဂ်င္နာ တမင္သက္သက္မထည့္ထားတဲ့အေၾကာင္းအရာေလးေတြရွိပါတယ္ ( ဥပမာ- သားသားက ဒိုင္ယာရီေလးဖတ္ၿပီး သူ႔ကိုယ္သူ ထူးျခားတဲ့သူမွန္း သိသြားတာမ်ိဳး ~~ အဲ့ဒါကိုသိလို႔ သူ႔တီတီကို သူ႔ကိုယ္သူဂ႐ုစိုက္မယ္လို႔ ကတိေတြ ေပးေနတာမ်ိဳး ~~  ) မေဖာ္ျပလည္း ဆက္စပ္ေတြးႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ ... ေနာက္ဆို ဂ်င္နာ Noteေတြ မထည့္ေတာ့ဘူးေနာ္ ေမးသမွ်ေမးခြန္းေတြအကုန္လုံးကို ဇာတ္သိမ္းမွပဲ Noteေလး ျပန္လုပ္ေပးပါ့မယ္ ... ဘာလို႔ဆို စာဖတ္ရတာ အရမ္းရႈပ္သြားမွာ စိုးလို႔ပါ ... 🙇🏻‍♀️

There are no comments yet. Log in to be the first to leave a review!

Similar stories