Fanfics

9

20:13, 18 June 2024

ငါ့ဆီမှာရှိတဲ့ အလှဆုံးနဲ့စျေးအကြီးဆုံး အကျီကိုဝတ်ဆင်ကာ gem ချိန်းထားတဲ့ ကိတ်မုန့်ဆိုင်ကို ငါဝင်လာလိုက်သည်။

"ကျတော် ပြောစရာရှိတယ်" ဟု ဆိုကာ ချိန်းထားသောကြောင့် ငါ ရင်တွေလဲခုန်သည်။

သူ ငါ့ကို ဖွင့်များပြောတော့မလားမသိဘူး။

အဲ့နောက် gem ကရောက်လာသည်။gem ကိုတွေ့တော့ ငါ အလှပဆုံးပြုံးလိုက်ပြီး နှုတ်ဆက်လိုက်သည်။

"Phi ကျတော် မိတ်ဆက်ပေးအုန်းမယ်"

Gem က ငါ့ရှေ့က ခုံမှာထိုင်ရင်း ပြောသည်။သူ့ ဘေးနားမှာလဲ ကောင်မလေးတယောက်နဲ့ပေ။

"ဒါ ကျတော့်ချစ်ရတဲ့လူလေ"

"Phi က ကိုကိုအမြဲပြောနေကျ Fourth ဆိုတဲ့တယောက်ထင်တယ်။ pan ပါရှင့်"

"အာ..မင်းအကြိုက်ဆိုတဲ့အတိုင်း တကယ်ကိုလှတာဘဲ"

အသက်မပါတဲ့ အပြုံးလှလှကို ငါ ပါးစပ်မှာချိတ်ဆွဲလိုက်ပြီး ဖြေလိုက်သည်။

"ကျတော်တို့ တွဲတာဒီနေ့ ၁ ပတ်ပြည့်ပြီ။phi ကိုလဲပြောရင်း ကျတော်တို့ ၁ပတ်ပြည့်အတွက် မုန့်လာဝယ်တာ.."

"အော်...အာ့ဆိုမင်းတို့ဘဲဖြတ်သန်းကြပါ ငါပြန်တော့မယ်"

"ဟုတ်ကဲ့ပါဗျ..ကိုကိုတို့မှာထားတာ ဒီကိတ်မလား ကလေး"

ကြားနေရတဲ့ ငါ့ရဲ့နောက်ဘက်က အသံတွေကို ငါလျစ်လျူရှုနိုင်ပေမဲ့ ငါ့နှလုံးသားကတော့ လျစ်လျူမရှုနိုင်ခဲ့ဘူးထင်တယ်။

ကျလာတဲ့ မျက်ရည်တွေကို အကြမ်းပတမ်း သုတ်လိုက်ပြီး..နာကျင်နေတဲ့ နှလုံးသားနေရာကို လက်နဲ့ဖိကိုင်လိုက်တဲ့အချိန် ငါ အမှောင်ထုကိုခံစားလိုက်ရသည်။____________________အာ..ငါအိမ်မက်မက်နေတာဘဲ။

ဘယ်လိုတောင် အိမ်မက်ဆိုးကြီးလဲ..တကယ်သာ အဲ့လိုဖြစ်လာမယ်ဆိုရင်..

တွေးရင်း မျက်ရည်တွေကျလာပြန်ပြီ။

"Phi! ဘာလို့ ငိုနေပြန်တာလဲ"

Gemini fourth ကိုရင်ခွင်ထဲထည့်ကာ မေးလိုက်သည်။

Phi က ငါသူ့ကိုရင်ခွင်ထဲထည့်ကာ ဖက်လိုက်တော့ ငါ့လိုပင် ပြန်ဖက်တွယ်လာသည်။

ရှိုက်သံလေးတွေထွက်လာတဲ့အထိ ငါ ဖက်ထားလိုက်သည်။

ရင်ခွင်ထဲက အကောင်ပေါက်လေးကို ကြည့်လိုက်တော့ ငိုထားတာကြောင့် နှာခေါင်းထိပ်လေးကနီနေသည်။

"အဆင်မပြေတာတွေရှိလို့လား phi"

"မဟုတ်ပါဘူး"

"ကျတော့်ကိုရင်ဖွင့်လို့ရတယ်နော်"

"ငါ အိမ်မက်ဆိုးမက်လို့ပါ"

"ဟောဗျာ..ကလေးကျနေတာဘဲဗျာ ချစ်စရာလေး"

မျက်လုံးလေးတွေဝိုင်းသွားပြီး ချက်ချင်းပြေးထွက်သွားသောကြောင့် phi ရှက်သွားပြီ ဆိုတာငါသိလိုက်သည်။

"Phi! ရှက်သွားတာမလား"

ငါ အော်မေးလိုက်တော့ "ဘာတွေပြောနေတာလဲ" ဟု ပြန်အော်လေသည်။

ဒီပေါက်စကိုတော့ ပြုစားခံရထားသလို အရမ်းကိုချစ်ရပါတယ်။_________________မနေ့ညက ငိုနေတဲ့ ကလေးပေါက်စကို ငါချော့ကာ အိမ်ကိုခေါ်လာခဲ့ရသည်။

အိမ်ပြန်ရောက်တော့ ကားပေါ်မှာ အိပ်ပျော်သွားတာကြောင့် ငါကဘဲချီကာ ကုတင်ပေါ်တင်ပေးရသေးသည်။

ငါ မအိပ်ဘဲ အိပ်ပျော်နေတဲ့ phi ရဲ့မျက်နှာလေးကို ထိုင်ကြည့်ရင်း တခုခုဖြစ်လာသလိုခံစားရသည်။

ငါ့ စိတ်တွေထိန်းချုပ်မရတော့ဘဲ phi ရဲ့ နှုတ်ခမ်းလေးကို လက်နဲ့သွားထိကြည့်လိုက်သည်။

နမ်းချင်လိုက်တာ...

အိပ်ပျော်နေတုန်း နမ်းလို့ရတာသိပေမဲ့ ငါ မလုပ်နိုင်ခဲ့။ငါ phi နဲ့မတွဲမချင်း ထိန်းထားရမယ်။

မဖြစ်ဘူး gemini ဟု ကိုယ့်ကိုယ်ကို သတိပေးကာPhi ရဲ့ဘေးမှာဘဲဝင်အိပ်လိုက်သည်။

အနည်းဆုံးတော့ ဒီလိုအိပ်ရတာနဲ့တင် အဆင်ပြေနေပါပြီ။____________________"Gemini"

Phi ပေါက်စကို သေချာဂရုစိုက်ပေးပြီး ငါအိမ်ပြန်လာတော့..အိမ်ထဲဝင်ဝင်ခြင်း အဖေနဲ့တည့်တည့်တိုးတော့သည်။

"ဗျာ"

"ဘယ်ကပြန်လာတာလဲ မနေ့ညထဲကမင်းထွက်သွားတာမလား"

"သူငယ်ချင်းဆေးရုံတက်ရလို့ သွားကြည့်တာ"

"အခုဘယ်အချိန်ရှိနေပြီလဲ"

"၅ နာရီ"

"မင်းဘယ်သူတွေနဲ့ပေါင်းနေတာလဲ ဘယ်ကလဲ"

"ကျတော့်ကိုလွှတ်ထားပေးလို့မရဘူးလား"

"Gemini! မင်းတော်တော်အကျင့်ပျက်နေပြီ"

ပြောချင်တာတွေပြောနေသည့် အဖေဆိုတဲ့ လူကို ငါ ဂရုမစိုက်ဘဲ အခန်းထဲဝင်သွားလိုက်သည်။

ငယ်စဉ်ထဲကနေ အခုထိ တခါမှလဲသေချာအချစ်မခံရခဲ့ပါဘူး။သူထားတဲ့နေရာမှာနေ သူကျွေးတာစား သူခိုင်းတာလုပ် ဆိုတာတွေနဲ့ဘဲကြီးပြင်းလာရတာ..

သူငယ်ချင်းဆိုလဲ satang နဲ့မတွေ့ခင် ဘယ်သူမှမရှိခဲ့တာကိုဘဲ ကြည့်..ငါသူငယ်ချင်းရတိုင်း အဖေဟာ အကြောင်းပြချက်တခုမဟုတ် တခုရှာကာ အမြဲ အဆက်ဖြတ်ခိုင်းသည်။

ငါအရင်က ကြောက်ခဲ့ပေမဲ့ အခုသာ phi နဲ့အဆက်ဖြတ်ခိုင်းရင် ငါ တကယ်ဒီကနေထွက်သွားမိမှာပါ။

ကြားလာရတဲ့ ဖုန်းမြည်သံကြောင့် တွေးနေတဲ့ အတွေးစကိုဖြတ်ကာ ဖုန်းကိုကိုင်လိုက်သည်။

"Hello satang"

"ငါပြောစရာရှိလို့"

"အင်း ပြောလေ"

"ငါ ဆိုင်လိပ်စာမသိလို့ location ပို့လိုက်မယ်"

"ဟုတ်ပြီ"

ဖုန်းပြောတာကို ရပ်လိုက်ပြီး satang ပို့တဲ့ နေရာကိုသွားရန် ရေချိုးဖို့လုပ်လိုက်သည်။

ရေချိုးပြီးတော့ အောက်ပိုင်းကိုတဘတ်နဲ့ပတ်လိုက်ပြီး ငါ တခုတွေးလိုက်သည်။

Satang ကပြောစရာရှိတာဆို သေချာပေါက် phi ကိုလဲခေါ်မှာ..ငါ ဖုန်းဆက်လိုက်မယ်

"Gem ပြောလေ"

ငါ ဖုန်းဆက်လိုက်တာနဲ့  မကြာပါ phi ကချက်ချင်းကိုင်သည်။

"Phi ကို satang ဆိုင်ကိုခေါ်ထားလား"

"ခေါ်ထားတယ်လေ ဘာဖြစ်လို့လဲ"

"အဲ့တာဆိုကျတော်နဲ့တူတူသွားမယ်လေ လာကြိုမယ်"

"ဟုတ်ပြီလေ အဲ့ဒါဆိုပြင်ဆင်ထားလိုက်မယ်"

"ခနနေလာခဲ့မယ်နော် phi"

"Krub"

ဖုန်းချပြီး ငါ အကောင်းဆုံး ပြင်ဆင်လိုက်ပြီး phi ကိုကြိုဖို့ထွက်လာလိုက်သည်။_______________________Phi အိမ်ရှေ့ကိုရောက်တော့ အနီရောင်ရှပ်အကျီနဲ့ဘောင်းဘီကိုဝတ်ဆင်ထားတဲ့ စတော်ဘယ်ရီသီးလေးကို ကားပေါ်တင်ကာ ငါ တည်နေရာသို့ထွက်လာလိုက်သည်။

"ငါနဲ့မောင် ကိုအိမ်ကသဘောတူလိုက်ပြီ"

Winny ရဲ့ စကားကို fourth မှပြန်တုံ့ပြန်လိုက်သည်။

"ဆလပ်ရွက်လောက်အရေးမကြီးဘူး"

ဖြုန်း!

ပြောင်နေတဲ့ fourth ရဲ့ပုခုံးကို satang ကရိုက်လိုက်တော့ ဆလပ်ရွက်ပြီးကိုက်ပြီး fourth ကမျက်စောင်းထိုးလိုက်လေသည်။

"ဘာလို့ phi ကိုရိုက်တာလဲ ဟျောင့် မင်းဟာမင်းကြည့်ပြော"

Phi Fourth ရဲ့သက်တောင်စောင့်ဖြစ်တဲ့ ငါက နာသွားတဲ့ ပုခုံးကိုပွတ်ပေးပြီး satang ကိုပြောလိုက်သည်။

"ကိုကို ဘာလုပ်လုပ် ငါ့အတွက်အကုန်မှန်ပြီးသား"

"မင်းကို ငါပြန်ရိုက်မယ်လေ လာ လာ"

"ဟေ့ကောင် မင်း မောင့်ကိုထိရဲထိကြည့်!"

"မင်းတို့ကနှစ်ယောက်အားကိုးနဲ့ အနိုင်ကျင့်နေတာလား"

"မင်းမှာကော အဲ့လိုအားကိုးစရာရှိလို့လား"

Gemini ကော satang ကော အားမရစွာ မတ်တပ်ပါထရပ်ပြီး ရန်ဖြစ်နေကြသည်။

"တော်ပြီ တော်ပြီ gem ပြန်ထိုင်"

"ဗျာ...ဟုတ် phi"

Gem ကငါ့စကားကိုအမြဲနားထောင်တဲ့ တချက်ကတော့ကောင်းသည်။

ရန်ဖြစ်နေတဲ့နှစ်ယောက်ကိုထိန်းပေးရင်း စကားဆက်ပြောကြကာ စားရင်း အချိန်တွေကြာကုန်သည်။

"ငါတို့ပြန်ပြီနော် တာ့တာ"

Winnny နဲ့ satang ကိုနှုတ်ဆက်အပြီး ငါတို့နှစ်ယောက်ပြန်လာခဲ့ကြသည်။

"P'fourth..."

"ဗျာ"

ပြန် ထူးသံလေးအဆုံးမှာ ငါ မေးလိုက်သည်။

"P'fourth မှာရီးစားရှိလား"

"ဟင့်အင်း မရှိဘူး"

"အဲ့ဒါဆိုလေ..."

"ဘာလဲ မင်းလုပ်မလို့လား"

"ဟုတ် ကျတော် phi ရဲ့ရီးစားလုပ်လို့ရမလား.."

"ဘာ..!"

တကယ်ဘဲ Gem က...ငါ့ကို ရီးစားစကားပြောတာလား! မဖြစ်ဘူး ငါ မူရမယ်"

"ဟို အဲ့ဒါ phi ကမင်းကို နောက်လိုက်တာပါ"

"ကျတော်ကအတည်ပြောနေတာ ကျတော် phi ကိုချစ်တယ်။ကျတော်တို့တွဲရအောင်!"

ဘုရားရေ! Fourth nattawat ဒါက မင်း ၁၈နှစ်အတွင်း ပထမဆုံးဖွင့်ပြောခံရတာဘဲ!!

အထူးသဖြင့် မင်းချစ်ရတဲ့လူဆီက ဖွင့်ပြောခံရတာ!!________________ဖွင့်ပြောလိုက်ပါပြီကြိုက်ရင် vote တွေမစလို့ရပါတယ်ဗျ

Zawgyi

ငါ့ဆီမွာရွိတဲ့ အလွဆုံးနဲ႔ေစ်းအႀကီးဆုံး အက်ီကိုဝတ္ဆင္ကာ gem ခ်ိန္းထားတဲ့ ကိတ္မုန့္ဆိုင္ကို ငါဝင္လာလိုက္သည္။

"က်ေတာ္ ေျပာစရာရွိတယ္" ဟု ဆိုကာ ခ်ိန္းထားေသာေၾကာင့္ ငါ ရင္ေတြလဲခုန္သည္။

သူ ငါ့ကို ဖြင့္မ်ားေျပာေတာ့မလားမသိဘူး။

အဲ့ေနာက္ gem ကေရာက္လာသည္။gem ကိုေတြ႕ေတာ့ ငါ အလွပဆုံးျပဳံးလိုက္ၿပီး ႏွုတ္ဆက္လိုက္သည္။

"Phi က်ေတာ္ မိတ္ဆက္ေပးအုန္းမယ္"

Gem က ငါ့ေရွ႕က ခုံမွာထိုင္ရင္း ေျပာသည္။သူ႔ ေဘးနားမွာလဲ ေကာင္မေလးတေယာက္နဲ႔ေပ။

"ဒါ က်ေတာ့္ခ်စ္ရတဲ့လူေလ"

"Phi က ကိုကိုအျမဲေျပာေနက် Fourth ဆိုတဲ့တေယာက္ထင္တယ္။ pan ပါရွင့္"

"အာ..မင္းအႀကိဳက္ဆိုတဲ့အတိုင္း တကယ္ကိုလွတာဘဲ"

အသက္မပါတဲ့ အျပဳံးလွလွကို ငါ ပါးစပ္မွာခ်ိတ္ဆြဲလိုက္ၿပီး ေျဖလိုက္သည္။

"က်ေတာ္တို႔ တြဲတာဒီေန႔ ၁ ပတ္ျပည့္ၿပီ။phi ကိုလဲေျပာရင္း က်ေတာ္တို႔ ၁ပတ္ျပည့္အတြက္ မုန့္လာဝယ္တာ.."

"ေအာ္...အာ့ဆိုမင္းတို႔ဘဲျဖတ္သန္းၾကပါ ငါျပန္ေတာ့မယ္"

"ဟုတ္ကဲ့ပါဗ်..ကိုကိုတို႔မွာထားတာ ဒီကိတ္မလား ကေလး"

ၾကားေနရတဲ့ ငါ့ရဲ့ေနာက္ဘက္က အသံေတြကို ငါလ်စ္လ်ဴရွုနိုင္ေပမဲ့ ငါ့ႏွလုံးသားကေတာ့ လ်စ္လ်ဴမရွုနိုင္ခဲ့ဘူးထင္တယ္။

က်လာတဲ့ မ်က္ရည္ေတြကို အၾကမ္းပတမ္း သုတ္လိုက္ၿပီး..နာက်င္ေနတဲ့ ႏွလုံးသားေနရာကို လက္နဲ႔ဖိကိုင္လိုက္တဲ့အခ်ိန္ ငါ အေမွာင္ထုကိုခံစားလိုက္ရသည္။____________________အာ..ငါအိမ္မက္မက္ေနတာဘဲ။

ဘယ္လိုေတာင္ အိမ္မက္ဆိုးႀကီးလဲ..တကယ္သာ အဲ့လိုျဖစ္လာမယ္ဆိုရင္..

ေတြးရင္း မ်က္ရည္ေတြက်လာျပန္ၿပီ။

"Phi! ဘာလို႔ ငိုေနျပန္တာလဲ"

Gemini fourth ကိုရင္ခြင္ထဲထည့္ကာ ေမးလိုက္သည္။

Phi က ငါသူ႔ကိုရင္ခြင္ထဲထည့္ကာ ဖက္လိုက္ေတာ့ ငါ့လိုပင္ ျပန္ဖက္တြယ္လာသည္။

ရွိုက္သံေလးေတြထြက္လာတဲ့အထိ ငါ ဖက္ထားလိုက္သည္။

ရင္ခြင္ထဲက အေကာင္ေပါက္ေလးကို ၾကည့္လိုက္ေတာ့ ငိုထားတာေၾကာင့္ ႏွာေခါင္းထိပ္ေလးကနီေနသည္။

"အဆင္မေျပတာေတြရွိလို႔လား phi"

"မဟုတ္ပါဘူး"

"က်ေတာ့္ကိုရင္ဖြင့္လို႔ရတယ္ေနာ္"

"ငါ အိမ္မက္ဆိုးမက္လို႔ပါ"

"ေဟာဗ်ာ..ကေလးက်ေနတာဘဲဗ်ာ ခ်စ္စရာေလး"

မ်က္လုံးေလးေတြဝိုင္းသြားၿပီး ခ်က္ခ်င္းေျပးထြက္သြားေသာေၾကာင့္ phi ရွက္သြားၿပီ ဆိုတာငါသိလိုက္သည္။

"Phi! ရွက္သြားတာမလား"

ငါ ေအာ္ေမးလိုက္ေတာ့ "ဘာေတြေျပာေနတာလဲ" ဟု ျပန္ေအာ္ေလသည္။

ဒီေပါက္စကိုေတာ့ ျပဳစားခံရထားသလို အရမ္းကိုခ်စ္ရပါတယ္။_________________မေန႔ညက ငိုေနတဲ့ ကေလးေပါက္စကို ငါေခ်ာ့ကာ အိမ္ကိုေခၚလာခဲ့ရသည္။

အိမ္ျပန္ေရာက္ေတာ့ ကားေပၚမွာ အိပ္ေပ်ာ္သြားတာေၾကာင့္ ငါကဘဲခ်ီကာ ကုတင္ေပၚတင္ေပးရေသးသည္။

ငါ မအိပ္ဘဲ အိပ္ေပ်ာ္ေနတဲ့ phi ရဲ့မ်က္ႏွာေလးကို ထိုင္ၾကည့္ရင္း တခုခုျဖစ္လာသလိုခံစားရသည္။

ငါ့ စိတ္ေတြထိန္းခ်ဳပ္မရေတာ့ဘဲ phi ရဲ့ ႏွုတ္ခမ္းေလးကို လက္နဲ႔သြားထိၾကည့္လိုက္သည္။

နမ္းခ်င္လိုက္တာ...

အိပ္ေပ်ာ္ေနတုန္း နမ္းလို႔ရတာသိေပမဲ့ ငါ မလုပ္နိုင္ခဲ့။ငါ phi နဲ႔မတြဲမခ်င္း ထိန္းထားရမယ္။

မျဖစ္ဘူး gemini ဟု ကိုယ့္ကိုယ္ကို သတိေပးကာPhi ရဲ့ေဘးမွာဘဲဝင္အိပ္လိုက္သည္။

အနည္းဆုံးေတာ့ ဒီလိုအိပ္ရတာနဲ႔တင္ အဆင္ေျပေနပါၿပီ။____________________"Gemini"

Phi ေပါက္စကို ေသခ်ာဂ႐ုစိုက္ေပးၿပီး ငါအိမ္ျပန္လာေတာ့..အိမ္ထဲဝင္ဝင္ျခင္း အေဖနဲ႔တည့္တည့္တိုးေတာ့သည္။

"ဗ်ာ"

"ဘယ္ကျပန္လာတာလဲ မေန႔ညထဲကမင္းထြက္သြားတာမလား"

"သူငယ္ခ်င္းေဆး႐ုံတက္ရလို႔ သြားၾကည့္တာ"

"အခုဘယ္အခ်ိန္ရွိေနၿပီလဲ"

"၅ နာရီ"

"မင္းဘယ္သူေတြနဲ႔ေပါင္းေနတာလဲ ဘယ္ကလဲ"

"က်ေတာ့္ကိုလႊတ္ထားေပးလို႔မရဘူးလား"

"Gemini! မင္းေတာ္ေတာ္အက်င့္ပ်က္ေနၿပီ"

ေျပာခ်င္တာေတြေျပာေနသည့္ အေဖဆိုတဲ့ လူကို ငါ ဂ႐ုမစိုက္ဘဲ အခန္းထဲဝင္သြားလိုက္သည္။

ငယ္စဥ္ထဲကေန အခုထိ တခါမွလဲေသခ်ာအခ်စ္မခံရခဲ့ပါဘူး။သူထားတဲ့ေနရာမွာေန သူေကၽြးတာစား သူခိုင္းတာလုပ္ ဆိုတာေတြနဲ႔ဘဲႀကီးျပင္းလာရတာ..

သူငယ္ခ်င္းဆိုလဲ satang နဲ႔မေတြ႕ခင္ ဘယ္သူမွမရွိခဲ့တာကိုဘဲ ၾကည့္..ငါသူငယ္ခ်င္းရတိုင္း အေဖဟာ အေၾကာင္းျပခ်က္တခုမဟုတ္ တခုရွာကာ အျမဲ အဆက္ျဖတ္ခိုင္းသည္။

ငါအရင္က ေၾကာက္ခဲ့ေပမဲ့ အခုသာ phi နဲ႔အဆက္ျဖတ္ခိုင္းရင္ ငါ တကယ္ဒီကေနထြက္သြားမိမွာပါ။

ၾကားလာရတဲ့ ဖုန္းျမည္သံေၾကာင့္ ေတြးေနတဲ့ အေတြးစကိုျဖတ္ကာ ဖုန္းကိုကိုင္လိုက္သည္။

"Hello satang"

"ငါေျပာစရာရွိလို႔"

"အင္း ေျပာေလ"

"ငါ ဆိုင္လိပ္စာမသိလို႔ location ပို႔လိုက္မယ္"

"ဟုတ္ၿပီ"

ဖုန္းေျပာတာကို ရပ္လိုက္ၿပီး satang ပို႔တဲ့ ေနရာကိုသြားရန္ ေရခ်ိဳးဖို႔လုပ္လိုက္သည္။

ေရခ်ိဳးၿပီးေတာ့ ေအာက္ပိုင္းကိုတဘတ္နဲ႔ပတ္လိုက္ၿပီး ငါ တခုေတြးလိုက္သည္။

Satang ကေျပာစရာရွိတာဆို ေသခ်ာေပါက္ phi ကိုလဲေခၚမွာ..ငါ ဖုန္းဆက္လိုက္မယ္

"Gem ေျပာေလ"

ငါ ဖုန္းဆက္လိုက္တာနဲ႔ မၾကာပါ phi ကခ်က္ခ်င္းကိုင္သည္။

"Phi ကို satang ဆိုင္ကိုေခၚထားလား"

"ေခၚထားတယ္ေလ ဘာျဖစ္လို႔လဲ"

"အဲ့တာဆိုက်ေတာ္နဲ႔တူတူသြားမယ္ေလ လာႀကိဳမယ္"

"ဟုတ္ၿပီေလ အဲ့ဒါဆိုျပင္ဆင္ထားလိုက္မယ္"

"ခနေနလာခဲ့မယ္ေနာ္ phi"

"Krub"

ဖုန္းခ်ၿပီး ငါ အေကာင္းဆုံး ျပင္ဆင္လိုက္ၿပီး phi ကိုႀကိဳဖို႔ထြက္လာလိုက္သည္။_______________________Phi အိမ္ေရွ႕ကိုေရာက္ေတာ့ အနီေရာင္ရွပ္အက်ီနဲ႔ေဘာင္းဘီကိုဝတ္ဆင္ထားတဲ့ စေတာ္ဘယ္ရီသီးေလးကို ကားေပၚတင္ကာ ငါ တည္ေနရာသို႔ထြက္လာလိုက္သည္။

"ငါနဲ႔ေမာင္ ကိုအိမ္ကသေဘာတူလိုက္ၿပီ"

Winny ရဲ့ စကားကို fourth မွျပန္တုံ႔ျပန္လိုက္သည္။

"ဆလပ္ရြက္ေလာက္အေရးမႀကီးဘူး"

ျဖဳန္း!

ေျပာင္ေနတဲ့ fourth ရဲ့ပုခုံးကို satang ကရိုက္လိုက္ေတာ့ ဆလပ္ရြက္ၿပီးကိုက္ၿပီး fourth ကမ်က္ေစာင္းထိုးလိုက္ေလသည္။

"ဘာလို႔ phi ကိုရိုက္တာလဲ ေဟ်ာင့္ မင္းဟာမင္းၾကည့္ေျပာ"

Phi Fourth ရဲ့သက္ေတာင္ေစာင့္ျဖစ္တဲ့ ငါက နာသြားတဲ့ ပုခုံးကိုပြတ္ေပးၿပီး satang ကိုေျပာလိုက္သည္။

"ကိုကို ဘာလုပ္လုပ္ ငါ့အတြက္အကုန္မွန္ၿပီးသား"

"မင္းကို ငါျပန္ရိုက္မယ္ေလ လာ လာ"

"ေဟ့ေကာင္ မင္း ေမာင့္ကိုထိရဲထိၾကည့္!"

"မင္းတို႔ကႏွစ္ေယာက္အားကိုးနဲ႔ အနိုင္က်င့္ေနတာလား"

"မင္းမွာေကာ အဲ့လိုအားကိုးစရာရွိလို႔လား"

Gemini ေကာ satang ေကာ အားမရစြာ မတ္တပ္ပါထရပ္ၿပီး ရန္ျဖစ္ေနၾကသည္။

"ေတာ္ၿပီ ေတာ္ၿပီ gem ျပန္ထိုင္"

"ဗ်ာ...ဟုတ္ phi"

Gem ကငါ့စကားကိုအျမဲနားေထာင္တဲ့ တခ်က္ကေတာ့ေကာင္းသည္။

ရန္ျဖစ္ေနတဲ့ႏွစ္ေယာက္ကိုထိန္းေပးရင္း စကားဆက္ေျပာၾကကာ စားရင္း အခ်ိန္ေတြၾကာကုန္သည္။

"ငါတို႔ျပန္ၿပီေနာ္ တာ့တာ"

Winnny နဲ႔ satang ကိုႏွုတ္ဆက္အၿပီး ငါတို႔ႏွစ္ေယာက္ျပန္လာခဲ့ၾကသည္။

"P'fourth..."

"ဗ်ာ"

ျပန္ ထူးသံေလးအဆုံးမွာ ငါ ေမးလိုက္သည္။

"P'fourth မွာရီးစားရွိလား"

"ဟင့္အင္း မရွိဘူး"

"အဲ့ဒါဆိုေလ..."

"ဘာလဲ မင္းလုပ္မလို႔လား"

"ဟုတ္ က်ေတာ္ phi ရဲ့ရီးစားလုပ္လို႔ရမလား.."

"ဘာ..!"

တကယ္ဘဲ Gem က...ငါ့ကို ရီးစားစကားေျပာတာလား! မျဖစ္ဘူး ငါ မူရမယ္"

"ဟို အဲ့ဒါ phi ကမင္းကို ေနာက္လိုက္တာပါ"

"က်ေတာ္ကအတည္ေျပာေနတာ က်ေတာ္ phi ကိုခ်စ္တယ္။က်ေတာ္တို႔တြဲရေအာင္!"

ဘုရားေရ! Fourth nattawat ဒါက မင္း ၁၈ႏွစ္အတြင္း ပထမဆုံးဖြင့္ေျပာခံရတာဘဲ!!

အထူးသျဖင့္ မင္းခ်စ္ရတဲ့လူဆီက ဖြင့္ေျပာခံရတာ!!________________ဖြင့္ေျပာလိုက္ပါၿပီႀကိဳက္ရင္ vote ေတြမစလို႔ရပါတယ္ဗ်

There are no comments yet. Log in to be the first to leave a review!

More by louis-nattawat

Similar stories