7
17:49, 16 June 2024ငါတို့ အိမ်ပြန်ရောက်တော့ Gemini ကိုပြန်ခိုင်းလိုက်သည်။ငါ လိုက်ပို့ပေးမယ် လို့ပြောပေမဲ့ အဆင်ပြေတယ် ဟုဆိုကာ ထွက်သွားတာကြောင့် အိမ်ပြန်ရောက်ရင် စာပို့လိုက် ဟုသာ ပြောလိုက်သည်။
"မင်း မရှိတော့ နှစ်အတော်ကြာနေခဲ့တဲ့ ဒီအိမ်ကြီးက ဟာတာတာဖြစ်သွားသလိုဘဲ"
Gemini ထွက်သွားတာကိုငေးကြည့်ပြီးမှ အိမ်ထဲဝင်ကာ လုပ်စရာရှိတဲ့အလုပ်တွေလုပ်ရတော့သည်။
Gemini စာပို့ရင်သိရအောင် အမြဲ silent လုပ်နေကြ ဖုန်းကိုလဲ noti ဖွင့်ထားရသေးသည်။
မနက်ကျောင်းတက်မှာမို့လို့ ပြင်စရာရှိတာတွေ ပြင်ပြီးတာနဲ့ ငါ ဖုန်းကိုရှေ့ချကာ တောင် ဆိုတဲ့ အသံလေးကိုထိုင်စောင့်နေမိပြန်သည်။
အော် ချစ်မိတော့လဲ ဒုက္ခများလိုက်တာ...
📨(Gemini)-p'fourth ကျတော်ပြန်ရောက်ပြီနော် ညစာစားနေတာနဲ့စာလာမပို့ဖြစ်တာ
📨(fourth)-ဟုတ်ပါပြီ ငါစိတ်ပူနေတာ
📨(Gemini)-phi မနက်ဖြန်ကျောင်းသွားမှာလားဗျ
📨(fourth)-သွားမှာ မင်းလာမလို့လား
📨(Gemini)-လာခဲ့ရမလား။satang ကလာခဲ့မှာတဲ့
📨(fourth)-အဲ့လိုလား အဲ့တာဆိုမင်းလဲလာခဲ့လေ
📨(Gemini)-ဟုတ်ပါပြီဗျာ လာခဲ့မယ်။ကျတော် phi ကိုလာခေါ်ရမလား??
📨(fourth)-မလာပါနဲ့ လမ်းမှမကြုံတာ
📨(Gemini)-ရပါတယ် ကျတော်လာကြိုမယ် စောင့် နေနော် phi
📨(fourth)-သဘော" အိပ်တော့မှာမို့ တာ့တာ
📨(Gemini)-Gn phi
သူ့စာကို အသဲရီအက်ပေးကာ ငါ အိပ်ဖို့ပြင်လိုက်သည်။
သူက ဘာလို့ငါ့ကိုလာကြိုချင်တာလဲ??ရင်ခုန်လိုက်တာ...
"Gemini ငါ မင်းကြောင့် ငါအိပ်လို့မရတော့ကွ!"
ငါ ကြိမ်းဝါးလိုက်ပြီး ဘေးကဖက်ခေါင်းအုံးကို ငါဆွဲခွလိုက်ကာ အိပ်ဖို့ကြိုးစားရတော့သည်။______________________ကျောင်းသွားရမဲ့ မနက်တွေဆို တကယ်ကို အိပ်လို့ကောင်းတာဘဲ။
"အာ ချီးဘဲ နောက်ကျပြီ"
မနေ့ညလဲ အိပ်ပျော်တာနောက်ကျတာလဲပါသည်။အခု Gemini ဖုန်းဆက်မှနိုးတယ်။နောက်ထပ် ၁၅ မိနစ်ဘဲလိုတော့တာမို့ ငါ အမြန်ပြင်ဆင်ရတော့သည်။
အမြန်ပြင်ဆင်ပြီးတာနဲ့ အိမ်ပြင်ထွက်လိုက်ကာ Gemini ကိုစောင့်နေလိုက်သည်။
ဟူး မောလိုက်တာ...တကယ်ကိုကံဆိုးတဲ့နေ့ကြီးဘဲ
"P'fourth!!"
ငါ့ရဲ့ကံကောင်းမှုလေးလာပြီ။
"Phi စောင့်နေရတာကြာသွားလား"
ငါ phi ဆီကိုပြေးသွားလိုက်သည်။မတွေ့ရတာ နာရီပိုင်းလောက်ကြာပြီဆိုတော့ ပိုချစ်ဖို့ကောင်းလာသည်။
"မကြာသေးပါဘူးကွာ ဘာလုပ်တာလဲ Gem"
ငါ အကို့ဆီက လွယ်အိတ်ကိုဆွဲယူနေတာကြောင့် အော်ခံလိုက်ရတာပင်။
"ကူသယ်ပေးမလို့လေ"
"မင်းက ငါ့ကို အားနည်းတယ်လို့ထင်နေတာလား"
Gemini သူ့ရှေ့မှာ လက်ညိုးတထိုးထိုးနဲ့ ပြောနေတဲ့ အကိုပေါက်စကို ပြုံးပြုံးကြီးသာ ကြည့်နေလိုက်တော့သည်။
"ဘာကြည့်နေတာလဲ"
"ဟင် အာ ကျတော်အဲ့လိုမထင်ပါဘူး ဒီတိုင်း..."
"အင်း အင်း သွားမယ် နောက်ကျတော့မယ်"
"ဟုတ်"
လမ်းတလျှောက်လုံး "Gem ငါ မင်းကိုပြောပြမယ်" ဆိုကာ သူပြောချင်တာတွေပြောနေသည့် fourth ကို အကြည့်တွေမခွါနိုင်ဘဲကြည့်နေမိတဲ့ Gemini ကတော့ အကျိုးဆက်အနေနဲ့ crh လေးရှေ့မှာခလုတ်တိုက်ပြီး ချော်လဲသွားတယ်။
"အဆင်ပြေရဲ့လား မင်း မမြင်လို့လား"
Fourth တယောက်အပြေးသွားထူပြီး စိတ်ပူလို့မေးကြည့်ရသေးသည်။တခုခုဖြစ်ရင် သူဘဲနာကျင်ရမှာမလား။
"ဘယ်နားထိသွားလဲ ပြပါအုန်း"
"ဟင့်အင်း မထိပါဘူး ဟဲဟဲ"
"မျက်နှာပြောင်မနေနဲ့ အတည်မေးနေတာ"
ငါ မျက်စောင်းထိုးပြီး မေးလိုက်တော့သွားဖြီးပြသည်။
"တကယ်ပြောတာပါ"
ငါတို့ပြောနေရင်း ကျောင်းကိုတောင် ဘယ်ကမှန်းမသိရောက်သွားတယ်။ကျောင်းပေါက်ဝရောက်တော့ ကောင်မလေးတယောက်က ငါတို့ဆီကို အလျင်စလိုပြေးထွက်လာသည်။
"P'Gem"
ဘာကြီး Gem?? အဲ့ဒါ ငါခေါ်တဲ့ nickname ဟ!
Fourth စိတ်တိုတိုနဲ့စိတ်ထဲမှာ အော်ပြောလိုက်သည်။
"ဗျာ"
ဘာကို ဗျာ လဲ Gemini ရ။အဲ့ဒါမင်းကိုကြောင်မလို့လေ။
"အကို့အတွက်..."
ထိုးပေးလာတဲ့ ရေဗူးတဗူး..ငါရိုက်ခွဲပလိုက်ရ!
Fourth အူတို၍ ရှူး"ရှဲ"လို့တောင် မြည်ချင်မြည်နေလောက်ပေမဲ့ Gemini ကတော့ အဲ့တာကိုမသိခဲ့ပါဘူး။
"အကို့ ကိုပေးချင်နေတာ ဒီနေ့ကျောင်းတက်မယ်ဆိုလို့ လာစောင့်နေတာ.."
"အာ ဟုတ်ကဲ့ပါဗျ"
Gemini လက်က အဲ့ရေဗူးကိုယူလိုက်တာနဲဲ့ တပြိုင်နက် ငါလဲအဲ့နေရာကလှည့်ထွက်သွားလိုက်သည်။
"အယ် Phi! P'fourth ဘယ်သွားတာလဲ"
ငါ့နောက်က လှမ်းခေါ်နေတဲ့ Gemini အသံကိုကြားပေမဲ့လဲ ငါ စိတ်တိုနေ၍လှည့်မကြည့်ဘဲ ဆက်သွားနေလိုက်သည်။
"ဘာဖြစ်သွားတာလဲ အကို"
ငါ့ လက်ကိုဆွဲကာ သူ့နဲ့မျက်နှာချင်းဆိုင်သို့ လှည့်လိုက်တဲ့ ကောင်..
"ဘာမှမဖြစ်ပါဘူး"
"အဲ့တာဆို ဘာလို့ထွက်သွားတာလဲ"
"ရှောင်ပေးတာလေ စကားအေးဆေးပြောလို့ရအောင်"
ငါ လက်ပိုက်ကာ ခပ်တည်တည်ဘဲပြောလိုက်တော့ ငါ့ရှေ့က ကောင်က ထရယ်တယ်။
"မင်း ဘာရယ်တာလဲ"
"အကို အူတိုနေတာလား"
"ဘာ..ဘာကိစ္စငါကအူတိုရမှာလဲ တော်ပြီ သွားတော့မယ်"
ငါ သူ့ရှေ့ကခပ်မြန်မြန်သာပြေးထွက်ခဲ့လိုက်သည်။အာ..အရမ်းသိသာသွားတာလား? ရှက်လိုက်တာကွာ
ငါ့ ခံစားချက်တွေသာ သူသိသွားရင် သူအခုလို ငါ့ကိုဆက်ဆံအုန်းမှာလား ဒါမှမဟုတ် သူလဲ ငါ့လိုဘဲခံစားနေရမလား
မဖြစ်နိုင်ပါဘူး Gem မှာချစ်ရတဲ့လူရှိတယ်..ငါ ဘာတွေမျော်လင့်နေမိတာတုန်း။
"အသေးကောင်"
"အော် winny ပြောလေ"
ငါအတွေးထဲမျော်နေတုန်း winny ကရောက်လာသည်။
"ငါ မင်းကိုပြောစရာရှိလို့"
"ပြောလေ"
"ငါနဲ့ satang တွဲသွားတာသိလား"
"ဘာ!! မင်းနဲ့ satang တွဲတောင်သွားပြီလား"
"ဟေ့ကောင် တိုးတိုးပြော"
ငါ့မယုံသက်ာနဲ့ကြည့်ကာ ထအော်တော့ ငါ့ပါးစပ်ကို လက်နဲ့လာအုပ်သည်။
"နေအုန်း မင်းကမူတောင်မမူဘူးလား"
"အင်းလေ"
"မင်းကလဲ နည်းနည်းပါးပါးတော့မူသင့်တာပေါ့"
"မူနေဖို့အချိန်မရှိဘူး အသေးကောင်ရ!"
"ငါသာဆို မူထားအုန်းမှာ"
"မင်းအလှည့်ကျ မူလား မမူဘူးလားကြည့်မယ်"
ငါတို့ စကားပြောနေတဲ့နေရာကို Gemini နဲ့ satang ရောက်လာသည်။
ငါ့ဘေးက ကောင်က ထကာ သူ့လင်ပါးကိုသွားနမ်းပြီးအဆဲတောင်းနေလို့ "ခွေးကောင်" လို့ဆဲပေးလိုက်ရသည်။
"လာပါ ကိုကိုရယ် မောင်တို့သွားကြမယ်"
"မောင်နဲ့ဘဲသွားတော့မယ် မင်းတို့နေခဲ့တော့"
ထိုအတွဲကို ငါ နှစ်နှစ်ကာကာဆဲပေးလိုက်တော့ သူ့လင် လက်ကိုချိတ်ကာ "ငါ့လိုရီးစားရှိလား" ဟု ချေသွားလေသည်။
"ချော်လဲကျပါစေ နှစ်ကောင်လုံး"
"P'fourth"
"ဗျာ"
"ကျတော်တို့လဲသွားကြမယ်လေ"
"ဟုတ်ပြီလေ nong"
"Phi လက်တွဲလို့ရမလား"
"ရတာပေါ့ လာ"
Winny ကိုပြန်ချေဖို့ ငါ လက်ခံလိုက်ပြီး Gemini လက်ကိုတွဲကာ ကျောင်းတပတ် ပတ်ဖို့ဆုံးဖြတ်လိုက်သည်။
"Phi ခုနကအူတိုသွားတာမလား"
ငါ မေးလိုက်တော့ phi က ခေါင်းလေးငုံ့သွားသည် ကြည့်ရတာ တကယ်အူတိုနေတာထင်တယ်။
"မဟုတ်ပါဘူး"
"အဲ့တာဆို ဘာဖြစ်တာလဲ"
"ဘာမှမဖြစ်ဘူး မင်းတို့စကားအေးဆေးပြောလို့ရအောင် ရှောင်ပေးတာပါဆို"
နားရွက်လေးတွေပါ နီလာပြီး လက်တွေကရုန်းလာပုံထောက်ရင် ဒီပေါက်စကရှက်လာပုံဘဲ။
"အဲ့တာဆို ကျတော့်ကိုကြည့်ပြီးပြောလေ ဘာလို့ငုံ့နေတာလဲ"
ငါ့ လက်ကိုသုံးကာ အကို့ရဲ့မျက်နှာကို ငါနဲ့ အကြည့်ချင်းဆုံစေရန် မော့စေလိုက်သည်။
"အကို ကချစ်ဖို့ကောင်းတယ်"
"ကျေးဇူးဘဲ ငါသွားတော့မယ်"
ငါ ဒုတိယအကြိမ်သူ့ရှေ့က ခပ်မြန်မြန်ပြေးထွက်ခဲ့ရပြန်ပြီ။
ငါ့ ရင်ခုန်သံတွေကို Gemini ဆိုတဲ့ လူကထိန်းချုပ်နေတာဘဲ..ဆိုးဝါးလိုက်တာ
ဒီလိုဆက်လုပ်နေရင် ငါ့ရင်ခုန်သံတွေက မင်းကိုစကားပြောလာတော့မယ်ထင်တယ် Gemini..။______________________ရေးနေရင်း အိပ်ပျော်သွားလိုက် မီးပျက်သွားလိုက်နဲ့မို့ အခုမှ up နိုင်တာပါ။ဒါကို အမြန်အပြီးဖြတ်ပါမယ်ဗျ
Zawgyi
ငါတို႔ အိမ္ျပန္ေရာက္ေတာ့ Gemini ကိုျပန္ခိုင္းလိုက္သည္။ငါ လိုက္ပို႔ေပးမယ္ လို႔ေျပာေပမဲ့ အဆင္ေျပတယ္ ဟုဆိုကာ ထြက္သြားတာေၾကာင့္ အိမ္ျပန္ေရာက္ရင္ စာပို႔လိုက္ ဟုသာ ေျပာလိုက္သည္။
"မင္း မရွိေတာ့ ႏွစ္အေတာ္ၾကာေနခဲ့တဲ့ ဒီအိမ္ႀကီးက ဟာတာတာျဖစ္သြားသလိုဘဲ"
Gemini ထြက္သြားတာကိုေငးၾကည့္ၿပီးမွ အိမ္ထဲဝင္ကာ လုပ္စရာရွိတဲ့အလုပ္ေတြလုပ္ရေတာ့သည္။
Gemini စာပို႔ရင္သိရေအာင္ အျမဲ silent လုပ္ေနၾက ဖုန္းကိုလဲ noti ဖြင့္ထားရေသးသည္။
မနက္ေက်ာင္းတက္မွာမို႔လို႔ ျပင္စရာရွိတာေတြ ျပင္ၿပီးတာနဲ႔ ငါ ဖုန္းကိုေရွ႕ခ်ကာ ေတာင္ ဆိုတဲ့ အသံေလးကိုထိုင္ေစာင့္ေနမိျပန္သည္။
ေအာ္ ခ်စ္မိေတာ့လဲ ဒုကၡမ်ားလိုက္တာ...
📨(Gemini)-p'fourth က်ေတာ္ျပန္ေရာက္ၿပီေနာ္ ညစာစားေနတာနဲ႔စာလာမပို႔ျဖစ္တာ
📨(fourth)-ဟုတ္ပါၿပီ ငါစိတ္ပူေနတာ
📨(Gemini)-phi မနက္ျဖန္ေက်ာင္းသြားမွာလားဗ်
📨(fourth)-သြားမွာ မင္းလာမလို႔လား
📨(Gemini)-လာခဲ့ရမလား။satang ကလာခဲ့မွာတဲ့
📨(fourth)-အဲ့လိုလား အဲ့တာဆိုမင္းလဲလာခဲ့ေလ
📨(Gemini)-ဟုတ္ပါၿပီဗ်ာ လာခဲ့မယ္။က်ေတာ္ phi ကိုလာေခၚရမလား??
📨(fourth)-မလာပါနဲ႔ လမ္းမွမၾကဳံတာ
📨(Gemini)-ရပါတယ္ က်ေတာ္လာႀကိဳမယ္ ေစာင့္ ေနေနာ္ phi
📨(fourth)-သေဘာ" အိပ္ေတာ့မွာမို႔ တာ့တာ
📨(Gemini)-Gn phi
သူ႔စာကို အသဲရီအက္ေပးကာ ငါ အိပ္ဖို႔ျပင္လိုက္သည္။
သူက ဘာလို႔ငါ့ကိုလာႀကိဳခ်င္တာလဲ??ရင္ခုန္လိုက္တာ...
"Gemini ငါ မင္းေၾကာင့္ ငါအိပ္လို႔မရေတာ့ကြ!"
ငါ ႀကိမ္းဝါးလိုက္ၿပီး ေဘးကဖက္ေခါင္းအုံးကို ငါဆြဲခြလိုက္ကာ အိပ္ဖို႔ႀကိဳးစားရေတာ့သည္။______________________ေက်ာင္းသြားရမဲ့ မနက္ေတြဆို တကယ္ကို အိပ္လို႔ေကာင္းတာဘဲ။
"အာ ခ်ီးဘဲ ေနာက္က်ၿပီ"
မေန႔ညလဲ အိပ္ေပ်ာ္တာေနာက္က်တာလဲပါသည္။အခု Gemini ဖုန္းဆက္မွနိုးတယ္။ေနာက္ထပ္ ၁၅ မိနစ္ဘဲလိုေတာ့တာမို႔ ငါ အျမန္ျပင္ဆင္ရေတာ့သည္။
အျမန္ျပင္ဆင္ၿပီးတာနဲ႔ အိမ္ျပင္ထြက္လိုက္ကာ Gemini ကိုေစာင့္ေနလိုက္သည္။
ဟူး ေမာလိုက္တာ...တကယ္ကိုကံဆိုးတဲ့ေန႔ႀကီးဘဲ
"P'fourth!!"
ငါ့ရဲ့ကံေကာင္းမွုေလးလာၿပီ။
"Phi ေစာင့္ေနရတာၾကာသြားလား"
ငါ phi ဆီကိုေျပးသြားလိုက္သည္။မေတြ႕ရတာ နာရီပိုင္းေလာက္ၾကာၿပီဆိုေတာ့ ပိုခ်စ္ဖို႔ေကာင္းလာသည္။
"မၾကာေသးပါဘူးကြာ ဘာလုပ္တာလဲ Gem"
ငါ အကို႔ဆီက လြယ္အိတ္ကိုဆြဲယူေနတာေၾကာင့္ ေအာ္ခံလိုက္ရတာပင္။
"ကူသယ္ေပးမလို႔ေလ"
"မင္းက ငါ့ကို အားနည္းတယ္လို႔ထင္ေနတာလား"
Gemini သူ႔ေရွ႕မွာ လက္ညိဳးတထိုးထိုးနဲ႔ ေျပာေနတဲ့ အကိုေပါက္စကို ျပဳံးျပဳံးႀကီးသာ ၾကည့္ေနလိုက္ေတာ့သည္။
"ဘာၾကည့္ေနတာလဲ"
"ဟင္ အာ က်ေတာ္အဲ့လိုမထင္ပါဘူး ဒီတိုင္း..."
"အင္း အင္း သြားမယ္ ေနာက္က်ေတာ့မယ္"
"ဟုတ္"
လမ္းတေလၽွာက္လုံး "Gem ငါ မင္းကိုေျပာျပမယ္" ဆိုကာ သူေျပာခ်င္တာေတြေျပာေနသည့္ fourth ကို အၾကည့္ေတြမခြါနိုင္ဘဲၾကည့္ေနမိတဲ့ Gemini ကေတာ့ အက်ိဳးဆက္အေနနဲ႔ crh ေလးေရွ႕မွာခလုတ္တိုက္ၿပီး ေခ်ာ္လဲသြားတယ္။
"အဆင္ေျပရဲ့လား မင္း မျမင္လို႔လား"
Fourth တေယာက္အေျပးသြားထူၿပီး စိတ္ပူလို႔ေမးၾကည့္ရေသးသည္။တခုခုျဖစ္ရင္ သူဘဲနာက်င္ရမွာမလား။
"ဘယ္နားထိသြားလဲ ျပပါအုန္း"
"ဟင့္အင္း မထိပါဘူး ဟဲဟဲ"
"မ်က္ႏွာေျပာင္မေနနဲ႔ အတည္ေမးေနတာ"
ငါ မ်က္ေစာင္းထိုးၿပီး ေမးလိုက္ေတာ့သြားၿဖီးျပသည္။
"တကယ္ေျပာတာပါ"
ငါတို႔ေျပာေနရင္း ေက်ာင္းကိုေတာင္ ဘယ္ကမွန္းမသိေရာက္သြားတယ္။ေက်ာင္းေပါက္ဝေရာက္ေတာ့ ေကာင္မေလးတေယာက္က ငါတို႔ဆီကို အလ်င္စလိုေျပးထြက္လာသည္။
"P'Gem"
ဘာႀကီး Gem?? အဲ့ဒါ ငါေခၚတဲ့ nickname ဟ!
Fourth စိတ္တိုတိုနဲ႔စိတ္ထဲမွာ ေအာ္ေျပာလိုက္သည္။
"ဗ်ာ"
ဘာကို ဗ်ာ လဲ Gemini ရ။အဲ့ဒါမင္းကိုေၾကာင္မလို႔ေလ။
"အကို႔အတြက္..."
ထိုးေပးလာတဲ့ ေရဗူးတဗူး..ငါရိုက္ခြဲပလိုက္ရ!
Fourth အူတို၍ ရွူး"ရွဲ"လို႔ေတာင္ ျမည္ခ်င္ျမည္ေနေလာက္ေပမဲ့ Gemini ကေတာ့ အဲ့တာကိုမသိခဲ့ပါဘူး။
"အကို႔ ကိုေပးခ်င္ေနတာ ဒီေန႔ေက်ာင္းတက္မယ္ဆိုလို႔ လာေစာင့္ေနတာ.."
"အာ ဟုတ္ကဲ့ပါဗ်"
Gemini လက္က အဲ့ေရဗူးကိုယူလိုက္တာနဲဲ့ တၿပိဳင္နက္ ငါလဲအဲ့ေနရာကလွည့္ထြက္သြားလိုက္သည္။
"အယ္ Phi! P'fourth ဘယ္သြားတာလဲ"
ငါ့ေနာက္က လွမ္းေခၚေနတဲ့ Gemini အသံကိုၾကားေပမဲ့လဲ ငါ စိတ္တိုေန၍လွည့္မၾကည့္ဘဲ ဆက္သြားေနလိုက္သည္။
"ဘာျဖစ္သြားတာလဲ အကို"
ငါ့ လက္ကိုဆြဲကာ သူ႔နဲ႔မ်က္ႏွာခ်င္းဆိုင္သို႔ လွည့္လိုက္တဲ့ ေကာင္..
"ဘာမွမျဖစ္ပါဘူး"
"အဲ့တာဆို ဘာလို႔ထြက္သြားတာလဲ"
"ေရွာင္ေပးတာေလ စကားေအးေဆးေျပာလို႔ရေအာင္"
ငါ လက္ပိုက္ကာ ခပ္တည္တည္ဘဲေျပာလိုက္ေတာ့ ငါ့ေရွ႕က ေကာင္က ထရယ္တယ္။
"မင္း ဘာရယ္တာလဲ"
"အကို အူတိုေနတာလား"
"ဘာ..ဘာကိစၥငါကအူတိုရမွာလဲ ေတာ္ၿပီ သြားေတာ့မယ္"
ငါ သူ႔ေရွ႕ကခပ္ျမန္ျမန္သာေျပးထြက္ခဲ့လိုက္သည္။အာ..အရမ္းသိသာသြားတာလား? ရွက္လိုက္တာကြာ
ငါ့ ခံစားခ်က္ေတြသာ သူသိသြားရင္ သူအခုလို ငါ့ကိုဆက္ဆံအုန္းမွာလား ဒါမွမဟုတ္ သူလဲ ငါ့လိုဘဲခံစားေနရမလား
မျဖစ္နိုင္ပါဘူး Gem မွာခ်စ္ရတဲ့လူရွိတယ္..ငါ ဘာေတြေမ်ာ္လင့္ေနမိတာတုန္း။
"အေသးေကာင္"
"ေအာ္ winny ေျပာေလ"
ငါအေတြးထဲေမ်ာ္ေနတုန္း winny ကေရာက္လာသည္။
"ငါ မင္းကိုေျပာစရာရွိလို႔"
"ေျပာေလ"
"ငါနဲ႔ satang တြဲသြားတာသိလား"
"ဘာ!! မင္းနဲ႔ satang တြဲေတာင္သြားၿပီလား"
"ေဟ့ေကာင္ တိုးတိုးေျပာ"
ငါ့မယုံသက္ာနဲ႔ၾကည့္ကာ ထေအာ္ေတာ့ ငါ့ပါးစပ္ကို လက္နဲ႔လာအုပ္သည္။
"ေနအုန္း မင္းကမူေတာင္မမူဘူးလား"
"အင္းေလ"
"မင္းကလဲ နည္းနည္းပါးပါးေတာ့မူသင့္တာေပါ့"
"မူေနဖို႔အခ်ိန္မရွိဘူး အေသးေကာင္ရ!"
"ငါသာဆို မူထားအုန္းမွာ"
"မင္းအလွည့္က် မူလား မမူဘူးလားၾကည့္မယ္"
ငါတို႔ စကားေျပာေနတဲ့ေနရာကို Gemini နဲ႔ satang ေရာက္လာသည္။
ငါ့ေဘးက ေကာင္က ထကာ သူ႔လင္ပါးကိုသြားနမ္းၿပီးအဆဲေတာင္းေနလို႔ "ေခြးေကာင္" လို႔ဆဲေပးလိုက္ရသည္။
"လာပါ ကိုကိုရယ္ ေမာင္တို႔သြားၾကမယ္"
"ေမာင္နဲ႔ဘဲသြားေတာ့မယ္ မင္းတို႔ေနခဲ့ေတာ့"
ထိုအတြဲကို ငါ ႏွစ္ႏွစ္ကာကာဆဲေပးလိုက္ေတာ့ သူ႔လင္ လက္ကိုခ်ိတ္ကာ "ငါ့လိုရီးစားရွိလား" ဟု ေခ်သြားေလသည္။
"ေခ်ာ္လဲက်ပါေစ ႏွစ္ေကာင္လုံး"
"P'fourth"
"ဗ်ာ"
"က်ေတာ္တို႔လဲသြားၾကမယ္ေလ"
"ဟုတ္ၿပီေလ nong"
"Phi လက္တြဲလို႔ရမလား"
"ရတာေပါ့ လာ"
Winny ကိုျပန္ေခ်ဖို႔ ငါ လက္ခံလိုက္ၿပီး Gemini လက္ကိုတြဲကာ ေက်ာင္းတပတ္ ပတ္ဖို႔ဆုံးျဖတ္လိုက္သည္။
"Phi ခုနကအူတိုသြားတာမလား"
ငါ ေမးလိုက္ေတာ့ phi က ေခါင္းေလးငုံ႔သြားသည္ ၾကည့္ရတာ တကယ္အူတိုေနတာထင္တယ္။
"မဟုတ္ပါဘူး"
"အဲ့တာဆို ဘာျဖစ္တာလဲ"
"ဘာမွမျဖစ္ဘူး မင္းတို႔စကားေအးေဆးေျပာလို႔ရေအာင္ ေရွာင္ေပးတာပါဆို"
နားရြက္ေလးေတြပါ နီလာၿပီး လက္ေတြက႐ုန္းလာပုံေထာက္ရင္ ဒီေပါက္စကရွက္လာပုံဘဲ။
"အဲ့တာဆို က်ေတာ့္ကိုၾကည့္ၿပီးေျပာေလ ဘာလို႔ငုံ႔ေနတာလဲ"
ငါ့ လက္ကိုသုံးကာ အကို႔ရဲ့မ်က္ႏွာကို ငါနဲ႔ အၾကည့္ခ်င္းဆုံေစရန္ ေမာ့ေစလိုက္သည္။
"အကို ကခ်စ္ဖို႔ေကာင္းတယ္"
"ေက်းဇူးဘဲ ငါသြားေတာ့မယ္"
ငါ ဒုတိယအႀကိမ္သူ႔ေရွ႕က ခပ္ျမန္ျမန္ေျပးထြက္ခဲ့ရျပန္ၿပီ။
ငါ့ ရင္ခုန္သံေတြကို Gemini ဆိုတဲ့ လူကထိန္းခ်ဳပ္ေနတာဘဲ..ဆိုးဝါးလိုက္တာ
ဒီလိုဆက္လုပ္ေနရင္ ငါ့ရင္ခုန္သံေတြက မင္းကိုစကားေျပာလာေတာ့မယ္ထင္တယ္ Gemini..။______________________ေရးေနရင္း အိပ္ေပ်ာ္သြားလိုက္ မီးပ်က္သြားလိုက္နဲ႔မို႔ အခုမွ up နိုင္တာပါ။ဒါကို အျမန္အၿပီးျဖတ္ပါမယ္ဗ်
There are no comments yet. Log in to be the first to leave a review!
![Step by step[Complete]](https://fanficsread.net/media/fs-stories-1/10954/conversions/7bd31deeb80364858825f4f2b51e6b8c.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



