5
19:18, 23 May 2024မနက်ခင်းမှာ ချစ်ရသူကိုရင်ခွင်ထဲမြင်ခွင့်ရတဲ့ ငါ့ကိုယ်ငါ ကံကောင်းလွန်းတယ်လို့မှတ်ယူလိုက်တယ်။ညကမူးချင်ယောင်ဆောင်လိုက်တာ မှန်သွားတာဘဲ။
ရင်ခွင်ထဲ အကောင်ပေါက်လေးကိုကြည့်ပြီး ငါ မနေနိုင်စွာ ပြုံးမိလိုက်သည်။
ချစ်ဖို့ကောင်းလိုက်တာ..
အသံထွက်ပြောရင် အကိုပေါက်စ ကြားသွားမှာစိုးသောကြောင့် ငါစိတ်ထဲကနေသာပြောလိုက်သည်။
အကို့ ကိုပိုင်ဆိုင်ချင်လွန်းလို့ ငါ ရူးတော့မှာဘဲ။
အကိုပိစိ ကိုယ်တိုင်လဲပေးထားတဲ့ အကျီကိုပြန်ကြည့်လိုက်သည်။
Snoopy အကျီလေး! ဒီပေါက်စဟာ snoopy ကိုအဲ့လောက်ကြိုက်တာလား?
ဒါ Gemini ရောက်မလာသေးလို့ပါ! အခု Gemini ရောက်လာပြီ snoopy နေရာမှာ Gemini ဘဲဖြစ်စေရမယ်။
ဖုန်းကနေ နာရီကြည့်လိုက်ပြီး မစောတော့တာကြောင့် မနက်စာပြင်ဖို့ထလိုက်သည်။
အကို့ အိမ်ကိုခနခနရောက်ဖူးပေမဲ့ မီးဖိုချောင်ကိုတော့ သူအခုမှသေသေချာချာကြည့်ဖူးတာပင်။
ဘာတွေရှိမလဲ လို့လိုက်ရှာရင်း ကြက်ဥဘဲကြော်တတ်တာကြောင့် ထမင်းနဲ့ကြက်ဥကိုဘဲ ကြော်လိုက်သည်။
ပန်းကန်နှစ်ခုတွင် သေချာလှလှပပပြင်ဆင်ကာ စားပွဲပေါ် တင်လိုက်ပြီး အိပ်နေတဲ့ မြတ်နိုးရသူလေးကိုနိုးဖို့ အပေါ်တက်လာလိုက်သည်။
အခန်းတံခါးကို ညင်သာစွာခေါက်လိုက်ပြီး အကို့ဆီကအသံများကြားရမလားလို့ ငါစောင့်နေလိုက်သည် မကြားရတာသေချာမှ ငါ တံခါးကို ဖြေးညှင်းစွာဖွင့်လိုက်သည်။
နှစ်ခြိုက်စွာအိပ်နေတဲ့ အကိုပေါက်စကို ကြည့်ကာ ငါ ထပ်မံပြုံးမိပြန်ပြီ။မနိုးချင်ပေမဲ့လဲ ကျောင်းသွားရမည်မဟုတ်လား။
သူကတော့ ပြိုင်ပွဲမှာ ပထမရလို့ ခွင့်ရထားပေမဲ့ အကိုပေါက်စကတော့ ကျောင်းပျက်ရက်မရှိတဲ့လူမို့လို့ ငါ နိုးဖို့စဉ်းစားလိုက်တာပင်။
အကိုပေါက်စ ကမသွားချင်ဘူးဆိုရင် ငါက လိုက်လျောပေးအုန်းမှာပါ။
"P'fourth"
ငါ အသားချင်းမထိရဲတာကြောင့် လက်လေးနဲ့သာ တို့ပြီး နိုးလိုက်သည်။
"Phi ထတော့ ကျောင်းသွားမှာမလား"
"ဟင် Gemini?"
ငါ့ကို ကြောင်ကြည့်လာတဲ့ အိပ်ချင်မူးတူးကြောင်ပေါက်လေး။
"အိပ်ရေးမဝသေးဘူးလား အဲ့ဒါဆိုပြန်အိပ်လိုက်နော်ကျောင်းမသွားနဲ့တော့"
Gemini ရဲ့စကားကြောင့် fourth စဉ်းစားရကျပ်သွားသည်။
ငါဘာလုပ်ရမလဲ?? ကျောင်းသွားရမလား??
ကျောင်းသွားရင် gem ကလဲရှိမှာမဟုတ်ဘူး။အိမ်မှာနေရင်လဲ စာတွေကလွှတ်မှာ။
"မင်း..."
နောက်ဆုံးဆုံးဖြတ်ချက်တခုချပြီး စကားလုံးတခုစပြောလိုက်သည်။
"ဗျာ phi"
"ငါနဲ့တူတူကျောင်းသွားပေးမလား"
"ကျတော်လိုက်ပို့မှာပေါ့ဗျ လာလဲကြိုမယ်"
"ငါပြောတာက ကျောင်းတူတူတက်မယ်လို့ပြောတာ"
သူ ဆိုလိုတာကို သူ့ရှေ့က ကလေးက သဘောပေါက်တဲ့ပုံ မပေါ်။
"မင်းနဲ့ငါနဲ့တူတူကျောင်းတက်မယ် ပြီးရင် တူတူပြန်မယ် အဲ့လိုပြောတာ"
နေစမ်းပါဦး။သူ မရှိတာနဲ့ငါကဘာလို့ ကျောင်းမသွားရမှာလဲ..ဒါပေမဲ့ မသိတော့ဘူးကွာ မသွားတော့ဘူး။
Gemini ပါးစပ်လေးနည်းနည်းဟသွားသည်။ကျောင်းပိတ်ရက် ၁ပတ်တောင်ရထားသည်ကို သူက ကျောင်းလိုက်တက်ပေးရမည်တဲ့လား?။
ဒါပေမဲ့လဲ အကို့ဆီက ဘယ်တောင်းဆိုချက်မျိုးမဆို ဒီက Gemini ကလိုက်လျောပေးဖို့အသင့်ပါဘဲ။
"ငါသိပါတယ် မင်းတို့အဖွဲ့က ပိတ်ရက်ရထားတယ်မလား အင်းပေါ့ မင်းလဲနားချင်မှာပေါ့ ရပါတယ်"
မျက်နှာငယ်လေးနဲ့ ထိုသို့ ဆိုလေတော့ ဒီက ကောင်မှာ ပြာပြာသလဲ ပြန်ဖြေရှင်းရသေးသည်။
"မဟုတ်ပါဘူး phi ကကျတော်နဲ့တူတူတက်ချင်တာမလား တက်မှာပေါ့"
"မတက်နဲ့တော့ မင်းကိုပြောရတာ အိပ်ချင်လာပြီ"
အယ် ဘယ်လို??
ဝါး ဝါး ဝါး သုံးချက်လုပ်ကာ ပြန်အိပ်သွားသည်။လာနိုးတဲ့သူကတော့ ကျောင်းပျက်ရက်ဖြစ်သွားမှာစိုး၍ တူတူတောင်လိုက်တက်ပေးမည်ဆိုတာကို..
"မအိပ်နဲ့တော့ ကျတော်မနက်စာပြင်ထားပြီးပြီ"
"မင်းဘဲစားလိုက်တော့"
"ဟာ နိုးနေပြီဘဲကို ထတော့"
ငါ ကုတင်ပေါ်တက်ကာ လက်နှစ်ဖက်ကနေဆွဲလိုက်တော့ ဆွေ့ကနဲ ပါလာတဲ့ သူ။
"ဟာ အကြီးစကားနားထောင်စမ်းပါ အိပ်ချင်ပါတယ်ဆို"
"အာ့ဆို ငါးမိနစ်ဘဲနော် ပြီးရင်ပြန်လာနိုးမယ်"
"အင်းးး"
ဆိုတဲ့ သံရှည်ဆွဲသံကြီးနဲ့ ထပ်မံအိပ်စက်သွားတဲ့ fourth။
ငါတွေးမိလိုက်တယ် ညကသူအိပ်ရေးပျက်ထားလို့လား??
အချိန်မှတ်ရင် ဖုန်းဖွင့်ကြည့်လိုက်တော့ miss call တွေဟာ များပြားလှစွာပင်။
"ဟူးးးးး"
သက်ပြင်းအရှည်ကြီးနဲ့အတူ စိတ်မပါစွာ ထို လူကိုဖုန်းပြန်ဆက်လိုက်သည်။
"hello Mae"
"သား အခုဘယ်မှာလဲ ညကဘယ်မှာအိပ်တာလဲ ဘာလို့အိမ်ပြန်မလာတာလဲ"
"သား သူငယ်ချင်းအိမ်မှာအိပ်လိုက်တာ"
"သားတောင်သူငယ်ချင်းရပြီလား"
"ဟုတ်"
"အေး အေး အာ့ဆိုလဲပြီးတာပါဘဲ သားဘယ်တော့ပြန်လာမှာလဲ"
"မပြောတတ်ဘူး Mae ပြန်တော့လာမှာပါ"
Mae နဲ့ဖုန်းပြောတာ အဆုံးသတ်ပြီး ခုနက အိပ်စက်နေတဲ့ အကို့ဆီပြန်သွားလိုက်သည်။
"Phi!! ထတော့"
"အင်းးး"
အသံနဲ့အတူ ထ မလာတဲ့ အကိုကြောင့် ငါ ခေါင်းခါရင်းပြုံးမိသွားသည်။
"အကို မထရင် ကျတော်လာပြီ"
"ဟင် ဘာ Gemini!! ခိခိ ယားတယ်"
Gemini က ဆိုးတယ်။ငါ အိပ်နေတာကို ကလိလာထိုးတယ်။ရပ်ခိုင်းတာကိုလဲ မရပ်ပေးဘူး။
"Gemini ရပ်လို့"
"ထတော့လေ အဲ့ဒါဆို"
"ခိခိ အင်း ထမယ် တော်တော့နော်"
ငါ မျက်စောင်းတချက်ထိုးကာ Gemini လက်မောင်းကိုဖြတ်ရိုက်လိုက်သည်။
"အား phi! နာတယ်ဗျ"
အော်သံကြောင့် ငါ gem လက်မောင်းကို ကိုင်ကာ ကြည့်တော့ ဟုတ်ပါရဲ့ နီသွားပြီ။
"အကို တောင်းပန်ပါတယ်နော် အရမ်းနာသွားတာလားဟင်"
"ဟင့်အင်း"
မနာပေမဲ့ ဟန်ဆောင်ကာ အော်လိုက်တော့ အကိုပေါက်စကတကယ်လန့်သွားတဲ့ပုံပင်။စိုးရိမ်နေတဲ့ ပုံက ချစ်ဖို့ကောင်းသည်။
ငါ ခေါင်းကိုအသွင်သွင်ခါပြကာ မနာကြောင်းပြောရင်း သွားတိုက်ခိုင်းလိုက်သည်။
"ကျတော်အောက်မှာစောင့်နေမယ် မြန်မြန်လာခဲ့နော်"
"ဟုတ်ကဲ့"
တကယ်ပါဘဲ မနက်ခင်းမှာ ယောကျာ်းက သူ့ရဲ့ယောကျာ်းကို အိပ်ရာထဖို့နိုးနေသလိုဘဲ။
နေ့ရက်တိုင်းကို ဒီလိုဘဲစတင်ချင်မိတယ် အကို..
အကိုက ငါပြင်ပေးထားတဲ့ မနက်စာကိုစားနေတုန်း ငါ အခန်းထဲမှာ အိပ်ရာကိုသေချာပြန်သိမ်းလိုက်သည်။
"အမယ် မင်းကလုပ်နေကျပေါ့"
အခန်းဝကအသံကြောင့် လှည့်ကြည့်လိုက်တော့ အကိုက တံခါးကိုမှီပြီး ငါ့ကို ရယ်ပြနေသည်။
"အင်း ကျတော်ကဘယ်သူ့ကိုမှလုပ်ပေးဖူးတာမဟုတ်ဘူး အကို့ ကိုဘဲလုပ်ပေးဖူးတာ"
"ကျေးဇူးပါဘဲကွာ"
"အကို မနက်စာမစားသေးဘူးလား"
"မင်းမှမလာတာ တူတူစားမယ်လေ"
ငါ ခေါင်းညိမ့်ပြလိုက်ပြီး အကိုနဲ့အတူတူ မနက်စာစားဖို့ ထွက်လာလိုက်သည်။
အကိုက ကြက်ဥကြော်တလုပ်ကို ပါးစပ်ထဲထည့်လိုက်တဲ့အချိန် ငါ သိချင်ဇောနဲ့ အကို့ ကိုမေးလိုက်သည်။
"ကောင်းလားဗျ အကို ဘယ်လိုလဲ"
"ကောင်းတာပေါ့ မင်းဘာလို့ဒါတွေလုပ်ထားတာလဲ ပင်ပန်းတယ်"
"ကျတော် မနက်နိုးနေတာနဲ့ ဘာလုပ်ရမှန်းမသိတာနဲ့လုပ်ထားလိုက်တာပါ"
"ဒါနဲ့ မင်းအမူးပြေပြီလား အဆင်ပြေလား"
"ပြေလို့ဘဲ မနက်စာတောင်ပြင်ပေးထားတာလေ အကိုရ"
"အော် ဟုတ်သားဘဲကွ"
အမှန်တော့ သူမူးချင်ယောင်ဆောင်ခဲ့တာမလား။အကိုပေါက်စက ထင်ထားတာထက်ကို ပိုပြီးဖြူစင်တာဘဲ။
ငါ့ရှေ့က ငါလုပ်ပေးထားတဲ့ မနက်စာကိုခေါင်းမဖော်တန်းစားနေတဲ့ ပေါက်စကို ငါကြည့်ရင်း ထပ်မံပြုံးမိပြန်ပြီ။
"Gemini ပြန်တော့မှာလားဟင်"
ငါ ပန်းကန်တွေဆေးနေတုန်း အကိုပေါက်စက မုန့်လေးပိုက်ကာ ငါ့ကိုလာမေးသည်။
"ဟင့်အင်း ဘာလို့လဲ အကို"
"မင်းပြန်မယ်ဆို လိုက်ပို့ပေးမလို့လေ"
"မပြန်ချင်သေးဘူး အကို မုန့်စားမလို့လား"
Gemini ထိုသို့ပြောလိုက်တော့ fourth မုန့်တွေကိုတချက်ကြည့်ပြီး ပြန်ပြောလိုက်သည်။
"အင်း ပန်းကန်တွေထားခဲ့ပြီး လာခဲ့လိုက်"
"ဟုတ်ကဲ့ပါဗျာ"
ဆေးပြီးသား ပန်းကန်ကို အမြန်လက်စသတ်ပြီး အကိုပေါက်စ ခေါ်ရာသို့လိုက်သွားလိုက်သည်။
Fourth မုန့်တထုပ်ကိုဖောက်ကာ tv ရှေ့က ခုံပေါ်ထိုင်လိုက်သည်။ထို့နောက် Gemini ဘက်ကိုလှည့်ကာ လာထိုင်ဖို့ လက်ပြလိုက်သည်။
"Gem လာလေ ဒီမှာမင်းအတွက်လဲပါတယ်"
"လာခဲ့မယ် အကို ဖုန်းလာလို့"
Gemini ကငါ့ကို လက်ပြကာ ဖုန်းသွားပြောလေသည်။
"ပြော satang"
"ငါ မင်းကိုသတင်းကောင်းပြောမလို့"
"မင်းအတွက်လား ငါ့အတွက်လား"
"မင်းအတွက်ဖြစ်မလားကွ စဉ်းစားလေ"
"ပြောမှသာပြော"
"ငါနဲ့ ကိုကိုတွဲသွားပြီ မင်းဝမ်းသာလိုက်တော့"
"ဝမ်းသာရအောင် ငါနဲ့ အကိုနဲ့တွဲတာမှမဟုတ်တာ"
"ဘောဘဲ မင်းတို့အခြေအနေကော"
"ဒီလိုပါဘဲ"
"မင်းမနေ့က မူးဘဲမူးတာလား? ဘာမှမလုပ်ဘူးလား"
"ငါကဘာလုပ်ရမှာလဲ မဟုတ်မှ မင်း p'winny ကို မူးပြီးတော့..."
"ပေါက်ကရတွေတွေးပြန်ပြီ နှာဘူးကောင်! ငါက မူးပြီးဖွင့်ပြောလိုက်တာ"
"ငါမှမသိတာ မင်းပြောပုံက လုပ်လိုက်သလိုလိုနဲ့"
"ထားပါ အခု phi ကလာကြွားတာ မင်းကတော့ ညီအကိုဇုန် မှာဘဲနေလိုက်တော့နော် Nong Gemini"
ဖုန်းထဲကနေ နှိမ်သွားတဲ့ ကောင်ကို ငါ အဝဆဲလိုက်တော့ tv ကြည့်နေတဲ့ အရှေ့က ပေါက်စက ငါ့ကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကြည့်နေသည်။
"အာ phi ကိုပြောတာမဟုတ်ဘူး satang ကိုပြောတာ"
ငါ အကိုပေါက်စဘေးမှာ အမြန်သွားထိုင်လိုက်ပြီး အမြန်ရှင်းပြလိုက်သည်။
စိတ်လျော့ ဆိုကာ ငါ့လက်ထဲ မုန့်တထုပ်ထည့်ပေးရင်း tv ကိုပြန်ကြည့်သွားသည်။
Tv ကိုစိတ်ဝင်တစားကြည့်နေတဲ့ အကိုပေါက်စကို ငါလှည့်ကြည့်မိသည်။
ငါ မနေ့ကမူးချင်ယောင်ဆောင်နေတုန်း ဖွင့်ပြောလိုက်ရမှာ..တုံးလိုက်တာ gemini ရာ..
ကြည့်ပါအုန်း...မုန့်စားနေတဲ့ ပုံစံလေးကလဲ ချစ်စရာလေး..လူတယောက်ကဘာလို့ဒီလောက်တောင်ချစ်ဖို့ကောင်းရတာလဲ?
အခုဘဲဖွင့်ပြောလိုက်ရတော့မလား...
"အကို"
"ဗျာ"______________________ပျင်းဖို့ကောင်းသွားတာ တောင်းပန်ပါတယ်ဗျာရှည်ရှည်လေးတော့ရေးပေးထားပါတယ်Vote လေးတွေ မစ ကြပါအုန်း
Zawgyi
မနက္ခင္းမွာ ခ်စ္ရသူကိုရင္ခြင္ထဲျမင္ခြင့္ရတဲ့ ငါ့ကိုယ္ငါ ကံေကာင္းလြန္းတယ္လို႔မွတ္ယူလိုက္တယ္။ညကမူးခ်င္ေယာင္ေဆာင္လိုက္တာ မွန္သြားတာဘဲ။
ရင္ခြင္ထဲ အေကာင္ေပါက္ေလးကိုၾကည့္ၿပီး ငါ မေနနိုင္စြာ ျပဳံးမိလိုက္သည္။
ခ်စ္ဖို႔ေကာင္းလိုက္တာ..
အသံထြက္ေျပာရင္ အကိုေပါက္စ ၾကားသြားမွာစိုးေသာေၾကာင့္ ငါစိတ္ထဲကေနသာေျပာလိုက္သည္။
အကို႔ ကိုပိုင္ဆိုင္ခ်င္လြန္းလို႔ ငါ ႐ူးေတာ့မွာဘဲ။
အကိုပိစိ ကိုယ္တိုင္လဲေပးထားတဲ့ အက်ီကိုျပန္ၾကည့္လိုက္သည္။
Snoopy အက်ီေလး! ဒီေပါက္စဟာ snoopy ကိုအဲ့ေလာက္ႀကိဳက္တာလား?
ဒါ Gemini ေရာက္မလာေသးလို႔ပါ! အခု Gemini ေရာက္လာၿပီ snoopy ေနရာမွာ Gemini ဘဲျဖစ္ေစရမယ္။
ဖုန္းကေန နာရီၾကည့္လိုက္ၿပီး မေစာေတာ့တာေၾကာင့္ မနက္စာျပင္ဖို႔ထလိုက္သည္။
အကို႔ အိမ္ကိုခနခနေရာက္ဖူးေပမဲ့ မီးဖိုေခ်ာင္ကိုေတာ့ သူအခုမွေသေသခ်ာခ်ာၾကည့္ဖူးတာပင္။
ဘာေတြရွိမလဲ လို႔လိုက္ရွာရင္း ၾကက္ဥဘဲေၾကာ္တတ္တာေၾကာင့္ ထမင္းနဲ႔ၾကက္ဥကိုဘဲ ေၾကာ္လိုက္သည္။
ပန္းကန္ႏွစ္ခုတြင္ ေသခ်ာလွလွပပျပင္ဆင္ကာ စားပြဲေပၚ တင္လိုက္ၿပီး အိပ္ေနတဲ့ ျမတ္နိုးရသူေလးကိုနိုးဖို႔ အေပၚတက္လာလိုက္သည္။
အခန္းတံခါးကို ညင္သာစြာေခါက္လိုက္ၿပီး အကို႔ဆီကအသံမ်ားၾကားရမလားလို႔ ငါေစာင့္ေနလိုက္သည္ မၾကားရတာေသခ်ာမွ ငါ တံခါးကို ေျဖးညႇင္းစြာဖြင့္လိုက္သည္။
ႏွစ္ၿခိဳက္စြာအိပ္ေနတဲ့ အကိုေပါက္စကို ၾကည့္ကာ ငါ ထပ္မံျပဳံးမိျပန္ၿပီ။မနိုးခ်င္ေပမဲ့လဲ ေက်ာင္းသြားရမည္မဟုတ္လား။
သူကေတာ့ ၿပိဳင္ပြဲမွာ ပထမရလို႔ ခြင့္ရထားေပမဲ့ အကိုေပါက္စကေတာ့ ေက်ာင္းပ်က္ရက္မရွိတဲ့လူမို႔လို႔ ငါ နိုးဖို႔စဥ္းစားလိုက္တာပင္။
အကိုေပါက္စ ကမသြားခ်င္ဘူးဆိုရင္ ငါက လိုက္ေလ်ာေပးအုန္းမွာပါ။
"P'fourth"
ငါ အသားခ်င္းမထိရဲတာေၾကာင့္ လက္ေလးနဲ႔သာ တို႔ၿပီး နိုးလိုက္သည္။
"Phi ထေတာ့ ေက်ာင္းသြားမွာမလား"
"ဟင္ Gemini?"
ငါ့ကို ေၾကာင္ၾကည့္လာတဲ့ အိပ္ခ်င္မူးတူးေၾကာင္ေပါက္ေလး။
"အိပ္ေရးမဝေသးဘူးလား အဲ့ဒါဆိုျပန္အိပ္လိုက္ေနာ္ေက်ာင္းမသြားနဲ႔ေတာ့"
Gemini ရဲ့စကားေၾကာင့္ fourth စဥ္းစားရက်ပ္သြားသည္။
ငါဘာလုပ္ရမလဲ?? ေက်ာင္းသြားရမလား??
ေက်ာင္းသြားရင္ gem ကလဲရွိမွာမဟုတ္ဘူး။အိမ္မွာေနရင္လဲ စာေတြကလႊတ္မွာ။
"မင္း..."
ေနာက္ဆုံးဆုံးျဖတ္ခ်က္တခုခ်ၿပီး စကားလုံးတခုစေျပာလိုက္သည္။
"ဗ်ာ phi"
"ငါနဲ႔တူတူေက်ာင္းသြားေပးမလား"
"က်ေတာ္လိုက္ပို႔မွာေပါ့ဗ် လာလဲႀကိဳမယ္"
"ငါေျပာတာက ေက်ာင္းတူတူတက္မယ္လို႔ေျပာတာ"
သူ ဆိုလိုတာကို သူ႔ေရွ႕က ကေလးက သေဘာေပါက္တဲ့ပုံ မေပၚ။
"မင္းနဲ႔ငါနဲ႔တူတူေက်ာင္းတက္မယ္ ၿပီးရင္ တူတူျပန္မယ္ အဲ့လိုေျပာတာ"
ေနစမ္းပါဦး။သူ မရွိတာနဲ႔ငါကဘာလို႔ ေက်ာင္းမသြားရမွာလဲ..ဒါေပမဲ့ မသိေတာ့ဘူးကြာ မသြားေတာ့ဘူး။
Gemini ပါးစပ္ေလးနည္းနည္းဟသြားသည္။ေက်ာင္းပိတ္ရက္ ၁ပတ္ေတာင္ရထားသည္ကို သူက ေက်ာင္းလိုက္တက္ေပးရမည္တဲ့လား?။
ဒါေပမဲ့လဲ အကို႔ဆီက ဘယ္ေတာင္းဆိုခ်က္မ်ိဳးမဆို ဒီက Gemini ကလိုက္ေလ်ာေပးဖို႔အသင့္ပါဘဲ။
"ငါသိပါတယ္ မင္းတို႔အဖြဲ႕က ပိတ္ရက္ရထားတယ္မလား အင္းေပါ့ မင္းလဲနားခ်င္မွာေပါ့ ရပါတယ္"
မ်က္ႏွာငယ္ေလးနဲ႔ ထိုသို႔ ဆိုေလေတာ့ ဒီက ေကာင္မွာ ျပာျပာသလဲ ျပန္ေျဖရွင္းရေသးသည္။
"မဟုတ္ပါဘူး phi ကက်ေတာ္နဲ႔တူတူတက္ခ်င္တာမလား တက္မွာေပါ့"
"မတက္နဲ႔ေတာ့ မင္းကိုေျပာရတာ အိပ္ခ်င္လာၿပီ"
အယ္ ဘယ္လို??
ဝါး ဝါး ဝါး သုံးခ်က္လုပ္ကာ ျပန္အိပ္သြားသည္။လာနိုးတဲ့သူကေတာ့ ေက်ာင္းပ်က္ရက္ျဖစ္သြားမွာစိုး၍ တူတူေတာင္လိုက္တက္ေပးမည္ဆိုတာကို..
"မအိပ္နဲ႔ေတာ့ က်ေတာ္မနက္စာျပင္ထားၿပီးၿပီ"
"မင္းဘဲစားလိုက္ေတာ့"
"ဟာ နိုးေနၿပီဘဲကို ထေတာ့"
ငါ ကုတင္ေပၚတက္ကာ လက္ႏွစ္ဖက္ကေနဆြဲလိုက္ေတာ့ ေဆြ႕ကနဲ ပါလာတဲ့ သူ။
"ဟာ အႀကီးစကားနားေထာင္စမ္းပါ အိပ္ခ်င္ပါတယ္ဆို"
"အာ့ဆို ငါးမိနစ္ဘဲေနာ္ ၿပီးရင္ျပန္လာနိုးမယ္"
"အင္းးး"
ဆိုတဲ့ သံရွည္ဆြဲသံႀကီးနဲ႔ ထပ္မံအိပ္စက္သြားတဲ့ fourth။
ငါေတြးမိလိုက္တယ္ ညကသူအိပ္ေရးပ်က္ထားလို႔လား??
အခ်ိန္မွတ္ရင္ ဖုန္းဖြင့္ၾကည့္လိုက္ေတာ့ miss call ေတြဟာ မ်ားျပားလွစြာပင္။
"ဟူးးးးး"
သက္ျပင္းအရွည္ႀကီးနဲ႔အတူ စိတ္မပါစြာ ထို လူကိုဖုန္းျပန္ဆက္လိုက္သည္။
"hello Mae"
"သား အခုဘယ္မွာလဲ ညကဘယ္မွာအိပ္တာလဲ ဘာလို႔အိမ္ျပန္မလာတာလဲ"
"သား သူငယ္ခ်င္းအိမ္မွာအိပ္လိုက္တာ"
"သားေတာင္သူငယ္ခ်င္းရၿပီလား"
"ဟုတ္"
"ေအး ေအး အာ့ဆိုလဲၿပီးတာပါဘဲ သားဘယ္ေတာ့ျပန္လာမွာလဲ"
"မေျပာတတ္ဘူး Mae ျပန္ေတာ့လာမွာပါ"
Mae နဲ႔ဖုန္းေျပာတာ အဆုံးသတ္ၿပီး ခုနက အိပ္စက္ေနတဲ့ အကို႔ဆီျပန္သြားလိုက္သည္။
"Phi!! ထေတာ့"
"အင္းးး"
အသံနဲ႔အတူ ထ မလာတဲ့ အကိုေၾကာင့္ ငါ ေခါင္းခါရင္းျပဳံးမိသြားသည္။
"အကို မထရင္ က်ေတာ္လာၿပီ"
"ဟင္ ဘာ Gemini!! ခိခိ ယားတယ္"
Gemini က ဆိုးတယ္။ငါ အိပ္ေနတာကို ကလိလာထိုးတယ္။ရပ္ခိုင္းတာကိုလဲ မရပ္ေပးဘူး။
"Gemini ရပ္လို႔"
"ထေတာ့ေလ အဲ့ဒါဆို"
"ခိခိ အင္း ထမယ္ ေတာ္ေတာ့ေနာ္"
ငါ မ်က္ေစာင္းတခ်က္ထိုးကာ Gemini လက္ေမာင္းကိုျဖတ္ရိုက္လိုက္သည္။
"အား phi! နာတယ္ဗ်"
ေအာ္သံေၾကာင့္ ငါ gem လက္ေမာင္းကို ကိုင္ကာ ၾကည့္ေတာ့ ဟုတ္ပါရဲ့ နီသြားၿပီ။
"အကို ေတာင္းပန္ပါတယ္ေနာ္ အရမ္းနာသြားတာလားဟင္"
"ဟင့္အင္း"
မနာေပမဲ့ ဟန္ေဆာင္ကာ ေအာ္လိုက္ေတာ့ အကိုေပါက္စကတကယ္လန့္သြားတဲ့ပုံပင္။စိုးရိမ္ေနတဲ့ ပုံက ခ်စ္ဖို႔ေကာင္းသည္။
ငါ ေခါင္းကိုအသြင္သြင္ခါျပကာ မနာေၾကာင္းေျပာရင္း သြားတိုက္ခိုင္းလိုက္သည္။
"က်ေတာ္ေအာက္မွာေစာင့္ေနမယ္ ျမန္ျမန္လာခဲ့ေနာ္"
"ဟုတ္ကဲ့"
တကယ္ပါဘဲ မနက္ခင္းမွာ ေယာက်ာ္းက သူ႔ရဲ့ေယာက်ာ္းကို အိပ္ရာထဖို႔နိုးေနသလိုဘဲ။
ေန႔ရက္တိုင္းကို ဒီလိုဘဲစတင္ခ်င္မိတယ္ အကို..
အကိုက ငါျပင္ေပးထားတဲ့ မနက္စာကိုစားေနတုန္း ငါ အခန္းထဲမွာ အိပ္ရာကိုေသခ်ာျပန္သိမ္းလိုက္သည္။
"အမယ္ မင္းကလုပ္ေနက်ေပါ့"
အခန္းဝကအသံေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ အကိုက တံခါးကိုမွီၿပီး ငါ့ကို ရယ္ျပေနသည္။
"အင္း က်ေတာ္ကဘယ္သူ႔ကိုမွလုပ္ေပးဖူးတာမဟုတ္ဘူး အကို႔ ကိုဘဲလုပ္ေပးဖူးတာ"
"ေက်းဇူးပါဘဲကြာ"
"အကို မနက္စာမစားေသးဘူးလား"
"မင္းမွမလာတာ တူတူစားမယ္ေလ"
ငါ ေခါင္းညိမ့္ျပလိုက္ၿပီး အကိုနဲ႔အတူတူ မနက္စာစားဖို႔ ထြက္လာလိုက္သည္။
အကိုက ၾကက္ဥေၾကာ္တလုပ္ကို ပါးစပ္ထဲထည့္လိုက္တဲ့အခ်ိန္ ငါ သိခ်င္ေဇာနဲ႔ အကို႔ ကိုေမးလိုက္သည္။
"ေကာင္းလားဗ် အကို ဘယ္လိုလဲ"
"ေကာင္းတာေပါ့ မင္းဘာလို႔ဒါေတြလုပ္ထားတာလဲ ပင္ပန္းတယ္"
"က်ေတာ္ မနက္နိုးေနတာနဲ႔ ဘာလုပ္ရမွန္းမသိတာနဲ႔လုပ္ထားလိုက္တာပါ"
"ဒါနဲ႔ မင္းအမူးေျပၿပီလား အဆင္ေျပလား"
"ေျပလို႔ဘဲ မနက္စာေတာင္ျပင္ေပးထားတာေလ အကိုရ"
"ေအာ္ ဟုတ္သားဘဲကြ"
အမွန္ေတာ့ သူမူးခ်င္ေယာင္ေဆာင္ခဲ့တာမလား။အကိုေပါက္စက ထင္ထားတာထက္ကို ပိုၿပီးျဖဴစင္တာဘဲ။
ငါ့ေရွ႕က ငါလုပ္ေပးထားတဲ့ မနက္စာကိုေခါင္းမေဖာ္တန္းစားေနတဲ့ ေပါက္စကို ငါၾကည့္ရင္း ထပ္မံျပဳံးမိျပန္ၿပီ။
"Gemini ျပန္ေတာ့မွာလားဟင္"
ငါ ပန္းကန္ေတြေဆးေနတုန္း အကိုေပါက္စက မုန့္ေလးပိုက္ကာ ငါ့ကိုလာေမးသည္။
"ဟင့္အင္း ဘာလို႔လဲ အကို"
"မင္းျပန္မယ္ဆို လိုက္ပို႔ေပးမလို႔ေလ"
"မျပန္ခ်င္ေသးဘူး အကို မုန့္စားမလို႔လား"
Gemini ထိုသို႔ေျပာလိုက္ေတာ့ fourth မုန့္ေတြကိုတခ်က္ၾကည့္ၿပီး ျပန္ေျပာလိုက္သည္။
"အင္း ပန္းကန္ေတြထားခဲ့ၿပီး လာခဲ့လိုက္"
"ဟုတ္ကဲ့ပါဗ်ာ"
ေဆးၿပီးသား ပန္းကန္ကို အျမန္လက္စသတ္ၿပီး အကိုေပါက္စ ေခၚရာသို႔လိုက္သြားလိုက္သည္။
Fourth မုန့္တထုပ္ကိုေဖာက္ကာ tv ေရွ႕က ခုံေပၚထိုင္လိုက္သည္။ထို႔ေနာက္ Gemini ဘက္ကိုလွည့္ကာ လာထိုင္ဖို႔ လက္ျပလိုက္သည္။
"Gem လာေလ ဒီမွာမင္းအတြက္လဲပါတယ္"
"လာခဲ့မယ္ အကို ဖုန္းလာလို႔"
Gemini ကငါ့ကို လက္ျပကာ ဖုန္းသြားေျပာေလသည္။
"ေျပာ satang"
"ငါ မင္းကိုသတင္းေကာင္းေျပာမလို႔"
"မင္းအတြက္လား ငါ့အတြက္လား"
"မင္းအတြက္ျဖစ္မလားကြ စဥ္းစားေလ"
"ေျပာမွသာေျပာ"
"ငါနဲ႔ ကိုကိုတြဲသြားၿပီ မင္းဝမ္းသာလိုက္ေတာ့"
"ဝမ္းသာရေအာင္ ငါနဲ႔ အကိုနဲ႔တြဲတာမွမဟုတ္တာ"
"ေဘာဘဲ မင္းတို႔အေျခအေနေကာ"
"ဒီလိုပါဘဲ"
"မင္းမေန႔က မူးဘဲမူးတာလား? ဘာမွမလုပ္ဘူးလား"
"ငါကဘာလုပ္ရမွာလဲ မဟုတ္မွ မင္း p'winny ကို မူးၿပီးေတာ့..."
"ေပါက္ကရေတြေတြးျပန္ၿပီ ႏွာဘူးေကာင္! ငါက မူးၿပီးဖြင့္ေျပာလိုက္တာ"
"ငါမွမသိတာ မင္းေျပာပုံက လုပ္လိုက္သလိုလိုနဲ႔"
"ထားပါ အခု phi ကလာႂကြားတာ မင္းကေတာ့ ညီအကိုဇုန္ မွာဘဲေနလိုက္ေတာ့ေနာ္ Nong Gemini"
ဖုန္းထဲကေန ႏွိမ္သြားတဲ့ ေကာင္ကို ငါ အဝဆဲလိုက္ေတာ့ tv ၾကည့္ေနတဲ့ အေရွ႕က ေပါက္စက ငါ့ကို မ်က္လုံးဝိုင္းဝိုင္းေလးေတြနဲ႔ၾကည့္ေနသည္။
"အာ phi ကိုေျပာတာမဟုတ္ဘူး satang ကိုေျပာတာ"
ငါ အကိုေပါက္စေဘးမွာ အျမန္သြားထိုင္လိုက္ၿပီး အျမန္ရွင္းျပလိုက္သည္။
စိတ္ေလ်ာ့ ဆိုကာ ငါ့လက္ထဲ မုန့္တထုပ္ထည့္ေပးရင္း tv ကိုျပန္ၾကည့္သြားသည္။
Tv ကိုစိတ္ဝင္တစားၾကည့္ေနတဲ့ အကိုေပါက္စကို ငါလွည့္ၾကည့္မိသည္။
ငါ မေန႔ကမူးခ်င္ေယာင္ေဆာင္ေနတုန္း ဖြင့္ေျပာလိုက္ရမွာ..တုံးလိုက္တာ gemini ရာ..
ၾကည့္ပါအုန္း...မုန့္စားေနတဲ့ ပုံစံေလးကလဲ ခ်စ္စရာေလး..လူတေယာက္ကဘာလို႔ဒီေလာက္ေတာင္ခ်စ္ဖို႔ေကာင္းရတာလဲ?
အခုဘဲဖြင့္ေျပာလိုက္ရေတာ့မလား...
"အကို"
"ဗ်ာ"______________________ပ်င္းဖို႔ေကာင္းသြားတာ ေတာင္းပန္ပါတယ္ဗ်ာရွည္ရွည္ေလးေတာ့ေရးေပးထားပါတယ္Vote ေလးေတြ မစ ၾကပါအုန္း
There are no comments yet. Log in to be the first to leave a review!
![Step by step[Complete]](https://fanficsread.net/media/fs-stories-1/10954/conversions/7bd31deeb80364858825f4f2b51e6b8c.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



