အပိုင္း၁၆
19:22, 20 November 2021အတိတ္
သူမတို့ေနထိုင္ခဲ့တဲ့ျမို့ေလးဟာ ကပ္ေရာဂါျဖစ္ပြားခဲ့ပါတယ္။ သူမကိုယ္တိုင္ကိုက ဆရာ၀န္ျဖစ္တာေၾကာင့္လူနာေတြကိုပစ္မထားႏိုင္ဘူး။တစ္ေန့တစ္ေန့ျမို့ေလးကိုသြားျပီး ကပ္ေရာဂါရဲ့အရင္းအျမစ္နဲ့ကုသဆးကို ေဖာ္စပ္ေနရပါတယ္။ ထိုေဆးေဖာ္စပ္ဖို့အတြက္ စမ္းသပ္ခံေလးေတြလိုအပ္လာပါတယ္။ပထမဆံုးသူမတို့အဖဲြ့ေတြဟာၾကြက္ကေလးေတြနဲ့စတင္စမ္းသပ္ခဲ့ၾကပါတယ္။သို့ေသာ္ ၾကြက္ေတြဟာ လူသားေတြနဲ့ဖဲြ့စည္းပံုျခင္းမတူတာေၾကာင့္ အခက္အခဲျဖစ္ခဲ့ရပါတယ္။ထိုမတိုင္ခင္လည္းၾကြက္ေတြ အမ်ားၾကီးေသသြားခဲ့ရပါျပီ။
ဂ်န္ဆူယြန္းဟာ ထိုစမ္းသပ္မွုလုပ္ေနတဲ့ကာလအတြင္း သားႏွင့္ ေယာက်ာ္းျဖစ္သူကို အခ်ိန္မေပးႏိုင္ပါဘူး။ ထို့ေၾကာင့္ေယာက်ာ္းျဖစ္သူကလည္း ကြာရွင္းခြင့္ေတာင္းကာ ႏိုင္ငံျခားကိုေျပာင္းသြားခဲ့ပါတယ္။ ထိုအခါ ဆူယြန္းဟာ ၁၀ႏွစ္အရြယ္သားေလးကို အိမ္မာတစ္ေယာက္တည္းထားခဲ့ကာ ဓာတ္ခဲြခန္းကိုသာအခ်ိန္ကုန္ေနလ်က္ရိွတယ္။ထိုအခ်ိန္မွာ သူမက ငယ္ေသးတာေၾကာင့္လည္း ၀ါသနာနဲ့ပန္းတိုင္ကိုသာ ဦးစားေပးခဲ့တယ္။
ကပ္ေရာဂါဟာ သိပ္မျပန့္ပြားေသးဘူးလို့ထင္ၾကေပမယ့္ အခုဆိုရင္ လူေတြအမ်ားၾကီးကို အလံုပိတ္ ေရခဲခန္းထဲမွာပိတ္ထားရပါတယ္။ ေရာဂါဟာ လူတစ္ေယာက္ကို အခ်ိန္ခဏေလးအတြင္းအိုမင္းေစျပီး အခ်ိန္ခဏေလးအတြင္းေသဆံုးသြားေစပါတယ္။
အဲ့အခ်ိန္တုန္းက သူတို့ ေဆးေဖာ္စပ္မွုအဓိက လုပ္ေနရတဲ့အေၾကာင္းကေတာ့ ႏိုင္ငံေတာ္၀န္ၾကီးခ်ုပ္ကိုယ္တိုင္က ထိုေရာဂါျဖစ္ေနတာေၾကာင့္ပါ။မိန္းမျဖစ္သူ ၀န္ၾကီးကေတာ္ဟာ သူ့ေယာက်ာ္းကို ကုဖို့အတြက္ ဓာတ္ခဲြခန္းကို အစြမ္းကုန္ေငြေထာက္ပံ့ခဲ့သည္။
စမ္းသပ္ခံေတြလိုလာတာနဲ့အမွ် ဆရာ၀န္ေတြဟာ လူတစ္ခ်ို့ကို စြန့္လြတ္ဖို့အတြက္ လုပ္လာခဲ့ၾကတယ္။အစပိုင္းမွာေတာ့ လူအိုေတြနဲ့ ေရာဂါက်ြမ္းေနသူမ်ားကိုပင္။သို့ေသာ္ စမ္းသပ္မွုမေအာင္ျမင္လာသည္နဲ့အမွ် ဆရာ၀န္ေတြအပါအ၀င္ မင္ဆူယြန္းဟာ ရက္စက္တဲ့အျပုအမူမ်ားကိုစတင္ျပုလုပ္လာပါသည္။ သူတို့ရဲ့အဓိက လူနာျဖစ္တဲ့ ၀န္ၾကီးခ်ုပ္ကိုသာကုသေပးဖို့ ဆံုးျဖတ္ထားတာေၾကာင့္တျခားလူနာေတြကိုေတာ့ စေတးခဲ့ၾကပါတယ္။
တစ္ခုေသာမနက္ခင္းမွာ ကေလးတစ္ေယာက္ဟာ ေဆးရံုေရွ့မွာေအာ္ငိုေနခဲ့တယ္။ထိုကေလးဟာ ဆရာ၀န္ေတြရဲ့ မေကာင္းတဲ့ အၾကံအစည္ကိုသိသြားတာေၾကာင့္ျဖစ္သည္။ထိုကေလးဟာဖခင္နဲ့အတူေနျပီး ဆရာ၀န္ေတြရဲ့မမွ်တမွုေၾကာင့္သူ့အေဖေသဆံုးသြားရတာျဖစ္တယ္။
ရိုးရိုးနားေစးေခ်ာင္းဆိုးသာျဖစ္ေသာလူကို အေရးၾကီးစမ္းသပ္ခံမရိွလို့ ဓာတ္ခဲြခန္းထဲကုိအေလာတၾကီးဆဲြေခၚသြားၾကပါတယ္။
ကေလးငယ္ဟာေတာ့ သူ့အေဖစားဖို့ ေပါက္ဆီ၀ယ္ရကာေန ေဆးရံုကိုျပန္လာခဲ့ပါတယ္။သို့ေသာ္သူျပန္လာေတာ့ သူအေဖကို မတ္စ္တပ္ထားတဲ့လူတစ္ခ်ို့က ကားနဲ့ေခၚသြားၾကပါတယ္။ ကေလးလည္းေပါက္ဆီကို ပစ္ခ်လိုက္ျပီး စက္ဘီးနဲ့ထိုကားေနာက္ကိုအေျပးလိုက္သြားပါတယ္။
တစ္ေနရာအေရာက္မွာေတာ့ ကားဟာရပ္သြားပါတယ္။ ကားေပၚကေန လူတစ္ခ်ို့ဟာ သူ့အေဖကိုသယ္သြားၾကပါတယ္။ ကေလးဟာလည္းေနာက္ကေန ဆက္လိုက္သြားခဲ့ပါတယ္။
အထဲကိုလည္းေရာက္ေရာ ကုတ္အျဖူနဲ့လူတစ္ေယာက္ေရာက္လာခဲ့ျပီး ေမ့ေလ်ာေနတဲ့ ေယာက်ာ္းကိုၾကည့္လိုက္ကာ
''ေနာက္ခံေသခ်ာရွင္းလား ''
''ရွင္းတယ္ ဆရာ ဒီတိုင္းေဆာက္လုပ္ေရးလုပ္သားတစ္ေယာက္ပဲ ''
''ေအး ေနာက္မွ ငါ ဟိုိဟုိ ဒီဒီအသံေတြမၾကားခ်င္ဘူးေနာ္ ဒီတစ္ေယာက္လည္းေသသြားရင္အရင္ေနရာမွာပဲသြားပစ္ထားလိုက္ ေနာက္ဆက္တဲြေတြပါလာရင္ မင္းၾကည့္ရွင္းလိုက္ ငါ့ဆီကိုေရာက္မလာေစနဲ့အရင္တစ္ခါကလို''
သူတို့ေျပာေနၾကတုန္း မိန္းကေလးတစ္ေယာက္လည္းေရာက္လာခဲ့တယ္။
''ဆူယြန္း အဆင္သင့္ပဲလား ဒီည ညဥ့္နက္မယ္ေနာ္''
''အိုေက ေဒါက္တာ ကၽြန္မသားေလးကိုခနသြားၾကည့္လိုက္ဦးမယ္ ''
ဆိုကာ ဆူယြန္းဟာ သူတို့ကိုေက်ာျပီးထြက္သြားေလသည္။
ကေလးငယ္ဟာ သူ့အေဖကို သူတို့ တစ္ေနရာကိုေခၚသြားတာေတြ့ျပီး သူတို့ေျပာေသာစကားကိုၾကားေတာ့ ၁၅ႏွစ္အရြယ္သူဟာနားလည္သင့္သေလာက္နားလည္းပါတယ္။တကယ္လို့သူသာ ထိုေနရာမွာ သူ့အေဖကိုသြားေခၚလိုက္မယ္ဆိုရင္ အသိမရိွတဲ့သူတို့သားအဖလူသူမသိစြာနဲ့ေသသြားႏိုင္တယ္။
တစ္ေျဖးေျဖးမိုးရြာလာေတာ့ ေကာင္ေလးဟာ ထဖို့ခြန္အားမရိွစြာနဲ့ ေျမျပင္မွာသာထိုင္ေနေလသည္။ထိုအခ်ိန္ရုတ္တရက္သူ့အေပၚကိုေရာက္လာတဲ့ထီးတစ္လက္။
အေနာက္ကိုေကာင္ေလးၾကည့္လိုက္ေတာ့ ပုပုတုတုကေလးတစ္ေယာက္က ရပ္ေနေလတယ္။ထိုကေလးကထီးအ၀ါေလးကို သူ့ေခါင္းကိုေဆာင္းေပးတယ္။ခနအၾကာေတာ့ေဆးရံုကေနမိန္းကေလးတစ္ေယာက္ဆင္းလာေတာ့ထိုကေလးဟာထီးအ၀ါေလးကို သူ့အားေပးထားျပီး ထိုမိန္းမဆီကိုေျပးသြားကာ အေ၀းကိုေလွ်ာက္သြားေလသည္။
~~~~~~~~~~
ထိုညမွာေတာ့ အားလံုးရဲ့ျပသာနာအရင္းအျမစ္ပါ။ ဓာတ္ခဲြခန္းမွာ ေဆးအသစ္ေဖာ္စပ္ေနတဲ့ ဆူယြန္းဟာ သားေလးအသက္၁၂ႏွစ္ျပည့္ကိုေမ့ေနခဲ့တယ္။
ကေလးငယ္ဟာ မီးျပတ္ေနလို့ ဖေယာင္းတိုင္ေလးထြန္းကာ မိခင္အလာကုိေစာင့္ေနခဲ့ေသာ္လည္း၉နာရီသာထိုးလာခဲ့သည္။
ကေလးဟာတစ္ေျဖးေျဖးနဲ့ အိပ္ငိုက္လာခဲ့ရာ သူ့မွတ္ညဏ္အရ ထိုညမွာ သူဟာ အိပ္ေပ်ာ္သြားခဲ့ျပီျဖစ္တယ္။
သို့ေသာ္.................
'' ဆူယြန္းနား ဒီဘက္မွာေရာ ေဆးေတြေလ်ာ့ေနျပီ''
'ေဒါက္တာ ၀န္ၾကီးရဲ့ အသားအရည္ေတြပ်က္စီးလားျပီ''
အထက္တန္းစား သူေဌးၾကီးေတြဟာ ထိုေရာဂါကို ႏွစ္ႏွစ္တိုင္တိုင္ခံစားလာခဲ့ရာေဆးအသစ္ကမထုတ္လုပ္ႏိုင္ေသးပဲ ေဆးတစ္ခ်ို့နဲ့သာခနထိန္းထားႏိုင္ခဲ့သည္။
အားလံုးအလုပ္ရွုပ္ေနတုန္းမွာပဲ အသံတစ္ခုကိုၾကားလိုက္ရတယ္။
ရဲႊ....ရဲႊ.............
တစ္ခုခုကိုဆဲြလာတဲ့အသံျဖစ္ရာ ဆူယြန္းဟာ အေပၚထပ္၀ရံတာကိုၾကည့္လိုက္ေတာ့ လန့္သြားတယ္။
ဆရာ၀န္ေတြအားလံုးကလည္းလန့္ေနေလသည္။
ဆူယြန္းသားေလးဟာ ကုလားထို္င္တစ္ခုမွာ ေရာဂါျဖစ္ေနတဲ့လူတစ္ေယာက္ကုိထိုင္ခိုင္းကာ တစ္ရြတ္ဆဲြလာေလသည္။
ဆူယြန္းတစ္ေယာက္ လက္ထဲက ေဆးထိုးအပ္ပင္လြတ္က်သြားကာ စိုးရိမ္စိတ္နဲ့ကေလးကိုဆင္းလာရန္ေအာ္ေလေတာ့သည္။
''ယြန္ေလးးးးး သား အေပၚကိုဘယ္လိုေရာက္ေနတာလဲ ဆင္းလာခဲ့ပါ သားရယ္''
''ဆူယြန္း မင္းသားဆဲြလာတဲ့ လူက ၀န္ၾကီးခ်ုပ္မလား ျမန္ျမန္ဆင္းလာခိုင္းလိုက္''
ၾကည့္လိုက္ေတာ့ တစ္ဖက္အခန္းမွ ၀န္ၾကီးခ်ုပ္က လဲမေနေတာ့ေပ။ဆူယြန္းေခါင္းေတြပူထူသြားကာစတင္ေအာ္ပါေတာ့တယ္။
'' မင္ယြန္ဂီ ျမန္ျမန္ဆင္းလာစမ္း ဒါကေလးကစားေနတာမဟုတ္ဘူး ျမန္ျမန္ အေမကမင္းကိုမရိုက္လို့ဆိုးေနတာလား ယြန္ဂီ''
ထိုအခါကေလးသည္စရယ္ပါေလေတာ့သည္။
''ဟားးးးးးးဟားးးးးး အေမလားးးးးဟားးးးးးဟားးးးးး
အေမသိလား ဒီေန့ဘာေန့လဲဆိုတာ...........''
ထိုအခ်ိန္ဆူယြန္းၾကက္ေသေသသြားသည္။ ဒီေန့ကသူ့သားေလးေမြးေန့သူေမ့ေနတာ ဒါမယ့္ သူ့သားေလးကအရင္ကဆို ျငိမ္ျငိမ္ေလးေနတတ္တာပါ ဘယ္လိုဆိုဆို ဒါကမျဖစ္သင့္ဘူး။
''အေမေတာင္းပန္ပါတယ္ ယြန္ေလး လာအေမတို့အိမ္ျပန္ရေအာင္ ''
''အေမ ကၽြန္ေတာ္အေမ့ကိုလက္ေဆာင္ေပးမယ္ ဒီလူၾကီးအတြက္ေဆးကိုသားေပးႏိုင္တယ္ အဲ့အတြက္ အေမ့အေနနဲ့.....''
''ယြန္ဂီ ဒါကစားေနတာမဟုတ္ဘူးျမန္ျမန္ဆင္းခဲ့စမ္း ေဒါက္တာကၽြန္မေတာင္းပန္ပါတယ္''
ဆူယြန္းဟာ ေဒါက္တာကိုတလွည့္ေတာင္းပန္ေနတုန္းမွာပဲ ယြန္ဂီမွာ မယံုႏုိင္တဲ့အရာတစ္ခုကိုျပုလုပ္ခဲ့တယ္။ထိုအရာမွာ ၀န္ၾကီးဟာအေကာင္းပကတိျပန္ႏိုးလာတာပဲ။
''သား ၀န္ၾကီးခ်ုပ္ ဘယ္လိုလုပ္လိုက္တာလဲ''
''၀န္ၾကီးခ်ုပ္ႏိုးလာတာလား''
သို့ေသာ္သိပ္ပင္မၾကာေသး ၀န္ၾကီးခ်ုပ္ဟာျပန္ေမ့လဲသြားေလသည္။
လံုျခံုေရးေတြနဲ့ ေဘာဒီဂတ္ေတြဟာလည္း တစ္ေထာင့္တစ္ေနရာကေန ကေလးဆီေရာက္ရန္ၾကိုးစားေနၾကသည္။
ထိုအခ်ိန္ဆရာ၀န္အၾကီးအကဲသည္ ကေလးကိုၾကည့္ကာ
''မင္းဘာလိုခ်င္တာလဲ ကေလး''
ထိုအခါကေလးသည္ သူ့ဘက္လွည့္လာကာ ျပံုးလိုက္ျပီး
''ညဏ္ေကာင္းတယ္ခင္မ်ားက......ဒါဆိုကၽြန္ေတာ္လိုရင္းေျပာမယ္ အေမ့ရဲ့အလုပ္ထြက္စာ''
''ဘာ...''
ဆူယြန္းအပါအ၀င္ ဆရာ၀န္ေတြအားလံုးလန့္သြားတယ္။ ဂ်န္ဆူယြန္းဟာ သူတို့အထဲမွာ အေတာ္ဆံုးေဆးေဖာ္ထုတ္ပညာရွင္ျဖစ္တယ္။ ဆရာ၀န္အၾကီးအကဲအေနနဲ့ ေရြးခ်ယ္မွဳကခက္ခဲလိမ့္မယ္။
သို့ေသာ္....
ဆရာ၀န္အၾကီးအကဲဟာ ဆူယြန္းဘက္ကိုလွည့္ကာ
''ဆူယြန္း မင္းမနက္ျဖန္အလုပ္လာစရာမလိုေတာ့ဘူး''
''ရွင္''
''ေကာင္းတယ္ သိပ္ေကာင္းတယ္ ခင္မ်ားမွတ္ထားေနာ္ ကၽြန္ေတာ္ကေျဖေဆးေပးတတ္သလို ေရာဂါလည္းျပန္ေပးတတ္တယ္ ခင္မ်ားဂတိတည္ပါေစ အေမ ကၽြန္ေတာ္နဲ့အိမ္ျပန္ရေအာင္ မဟုတ္ရင္ဒီထဲက လူေတြရဲ့အသက္က.......ဟူးးးးးးး....''
''ဆူယြန္း မင္းကေလးကိုေခၚျပီးအျမန္ျပန္ေတာ့ ''
ထိုအခ်ိန္မွာ ယြန္ဂီဟာ ေဆးလံုးေသးေသးေလးေတြကို ေရာကာ ၀န္ၾကီးခ်ုပ္အားတိုက္လိုက္သည္။
ထိုအခ်ိန္မွာ၀န္ၾကီးခ်ုပ္ဟာအျပည့္အ၀မေကာင္းေသးဘူးဆိုေပမယ့္စကားေတာ့ျပန္ေျပာႏိုင္ျပီမို့ ထိုကေလးေပးေသာ ေဆးစာရြက္ကအတိုင္းျပုလုပ္ျပီးတိုက္ေကၽြးေလသည္။
ဆူယြန္းမွာေတာ့ မတတ္သာစြာ အိမ္ကိုျပန္လာခဲ့သည္။မသိစိတ္ကေတာ့ မိမိကေလးကိုေၾကာက္ေနမိသည္။
အဲ့ေနာက္ပိုင္း သူတို့သားအမိဟာ ဖခင္ရိွရာ ဆိုးလ္ကိုေျပာင္းလာခဲ့ၾကသည္။ ဖခင္ကလည္း မိန္းမကိုအရမ္းခ်စ္သူမို့ ခနအတြင္းျပန္ေျပလည္သြားၾကသည္။ ဆိုးလ္မွာေက်ာင္းတက္ေနတယ့္အတြင္းေတာ့အဆင္ေျပေနေပမယ့္ ေမြးေန့ညတိုင္းမွာေတာ့ ယြန္ဂီအစားတစ္ျခားတစ္ေယာက္ကႏိုးလာျပီး သူ့အေမျဖစ္သူကိုျခိမ္းေျခာက္လ်က္ရိွတယ္။သူ့အနားကထြက္သြားတာနဲ့ တျခားသူေတြကိုသတ္ပစ္မယ္ဆိုျပီး ။ ဆူယြန္းကလည္း သူမကေလးရဲ့ အၾကည့္စိမ္းစိမ္းေတြကိုၾကာလာေတာ့ေၾကာက္လာမိတယ္။
တကယ္ေတာ့ ကေလးရဲ့မသိစိတ္ဟာမိခင္ထြက္မသြားေအာင္တားခ်င္ရံုေလးတင္။
ထိုကေလးရဲ့အိပ္မက္ဟာ အသက္၁၇ႏွစ္ႏွစ္မွာပ်က္တုန္းသြားရတယ္။ မိသားစုလိုက္ ကမ္းေျခသြားတဲ့ေန့မွာပဲ ကားမေတာ္တဆျဖစ္ျပီး မိခင္ျဖစ္သူကေပ်ာက္သြားကာ ဖခင္ျဖစ္သူက ထိုေနရာမွာတင္အသက္ေပ်ာက္သြားေလသည္။
ေနာက္ေန့မွာေတာ့ ထိုကေလးကိုယ္တိုင္က တျခားတစ္ေယာက္အျဖစ္ျပန္ႏိုးထလာခဲ့တယ္။
''Min Suga''
ဆိုတဲ့အမည္ေျပာင္းလ်က္ ဆိုးလ္ ငယ္ငယ္ရြယ္ရြယ္နဲ့ ေဆးcompanyၾကီးတစ္ခုရဲ့ CEOတစ္ေယာက္ျဖစ္လာခဲ့တယ္။
ေနာက္ပိုင္းမွာေတာ့ ပ်င္းစရာေကာင္းတဲ့ေလာကၾကီးမွာ ကစားပဲြတစ္ခုဖန္တီးလိုက္တယ္။
~~~~~~~~~~~~~~~~
(ဇာတ္သိမ္းပါေတာ့မယ္....)
unicode
အတိတ်
သူမတို့နေထိုင်ခဲ့တဲ့မြို့လေးဟာ ကပ်ရောဂါဖြစ်ပွားခဲ့ပါတယ်။ သူမကိုယ်တိုင်ကိုက ဆရာဝန်ဖြစ်တာကြောင့်လူနာတွေကိုပစ်မထားနိုင်ဘူး။တစ်နေ့တစ်နေ့မြို့လေးကိုသွားပြီး ကပ်ရောဂါရဲ့အရင်းအမြစ်နဲ့ကုသဆးကို ဖော်စပ်နေရပါတယ်။ ထိုဆေးဖော်စပ်ဖို့အတွက် စမ်းသပ်ခံလေးတွေလိုအပ်လာပါတယ်။ပထမဆုံးသူမတို့အဖွဲ့တွေဟာကြွက်ကလေးတွေနဲ့စတင်စမ်းသပ်ခဲ့ကြပါတယ်။သို့သော် ကြွက်တွေဟာ လူသားတွေနဲ့ဖွဲ့စည်းပုံခြင်းမတူတာကြောင့် အခက်အခဲဖြစ်ခဲ့ရပါတယ်။ထိုမတိုင်ခင်လည်းကြွက်တွေ အများကြီးသေသွားခဲ့ရပါပြီ။
ဂျန်ဆူယွန်းဟာ ထိုစမ်းသပ်မှုလုပ်နေတဲ့ကာလအတွင်း သားနှင့် ယောက်ျားဖြစ်သူကို အချိန်မပေးနိုင်ပါဘူး။ ထို့ကြောင့်ယောက်ျားဖြစ်သူကလည်း ကွာရှင်းခွင့်တောင်းကာ နိုင်ငံခြားကိုပြောင်းသွားခဲ့ပါတယ်။ ထိုအခါ ဆူယွန်းဟာ ၁၀နှစ်အရွယ်သားလေးကို အိမ်မာတစ်ယောက်တည်းထားခဲ့ကာ ဓာတ်ခွဲခန်းကိုသာအချိန်ကုန်နေလျက်ရှိတယ်။ထိုအချိန်မှာ သူမက ငယ်သေးတာကြောင့်လည်း ဝါသနာနဲ့ပန်းတိုင်ကိုသာ ဦးစားပေးခဲ့တယ်။
ကပ်ရောဂါဟာ သိပ်မပြန့်ပွားသေးဘူးလို့ထင်ကြပေမယ့် အခုဆိုရင် လူတွေအများကြီးကို အလုံပိတ် ရေခဲခန်းထဲမှာပိတ်ထားရပါတယ်။ ရောဂါဟာ လူတစ်ယောက်ကို အချိန်ခဏလေးအတွင်းအိုမင်းစေပြီး အချိန်ခဏလေးအတွင်းသေဆုံးသွားစေပါတယ်။
အဲ့အချိန်တုန်းက သူတို့ ဆေးဖော်စပ်မှုအဓိက လုပ်နေရတဲ့အကြောင်းကတော့ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်က ထိုရောဂါဖြစ်နေတာကြောင့်ပါ။မိန်းမဖြစ်သူ ဝန်ကြီးကတော်ဟာ သူ့ယောက်ျားကို ကုဖို့အတွက် ဓာတ်ခွဲခန်းကို အစွမ်းကုန်ငွေထောက်ပံ့ခဲ့သည်။
စမ်းသပ်ခံတွေလိုလာတာနဲ့အမျှ ဆရာဝန်တွေဟာ လူတစ်ချို့ကို စွန့်လွတ်ဖို့အတွက် လုပ်လာခဲ့ကြတယ်။အစပိုင်းမှာတော့ လူအိုတွေနဲ့ ရောဂါကျွမ်းနေသူများကိုပင်။သို့သော် စမ်းသပ်မှုမအောင်မြင်လာသည်နဲ့အမျှ ဆရာဝန်တွေအပါအဝင် မင်ဆူယွန်းဟာ ရက်စက်တဲ့အပြုအမူများကိုစတင်ပြုလုပ်လာပါသည်။ သူတို့ရဲ့အဓိက လူနာဖြစ်တဲ့ ဝန်ကြီးချုပ်ကိုသာကုသပေးဖို့ ဆုံးဖြတ်ထားတာကြောင့်တခြားလူနာတွေကိုတော့ စတေးခဲ့ကြပါတယ်။
တစ်ခုသောမနက်ခင်းမှာ ကလေးတစ်ယောက်ဟာ ဆေးရုံရှေ့မှာအော်ငိုနေခဲ့တယ်။ထိုကလေးဟာ ဆရာဝန်တွေရဲ့ မကောင်းတဲ့ အကြံအစည်ကိုသိသွားတာကြောင့်ဖြစ်သည်။ထိုကလေးဟာဖခင်နဲ့အတူနေပြီး ဆရာဝန်တွေရဲ့မမျှတမှုကြောင့်သူ့အဖေသေဆုံးသွားရတာဖြစ်တယ်။
ရိုးရိုးနားစေးချောင်းဆိုးသာဖြစ်သောလူကို အရေးကြီးစမ်းသပ်ခံမရှိလို့ ဓာတ်ခွဲခန်းထဲကိုအလောတကြီးဆွဲခေါ်သွားကြပါတယ်။
ကလေးငယ်ဟာတော့ သူ့အဖေစားဖို့ ပေါက်ဆီဝယ်ရကာနေ ဆေးရုံကိုပြန်လာခဲ့ပါတယ်။သို့သော်သူပြန်လာတော့ သူအဖေကို မတ်စ်တပ်ထားတဲ့လူတစ်ချို့က ကားနဲ့ခေါ်သွားကြပါတယ်။ ကလေးလည်းပေါက်ဆီကို ပစ်ချလိုက်ပြီး စက်ဘီးနဲ့ထိုကားနောက်ကိုအပြေးလိုက်သွားပါတယ်။
တစ်နေရာအရောက်မှာတော့ ကားဟာရပ်သွားပါတယ်။ ကားပေါ်ကနေ လူတစ်ချို့ဟာ သူ့အဖေကိုသယ်သွားကြပါတယ်။ ကလေးဟာလည်းနောက်ကနေ ဆက်လိုက်သွားခဲ့ပါတယ်။
အထဲကိုလည်းရောက်ရော ကုတ်အဖြူနဲ့လူတစ်ယောက်ရောက်လာခဲ့ပြီး မေ့လျောနေတဲ့ ယောက်ျားကိုကြည့်လိုက်ကာ
''နောက်ခံသေချာရှင်းလား ''
''ရှင်းတယ် ဆရာ ဒီတိုင်းဆောက်လုပ်ရေးလုပ်သားတစ်ယောက်ပဲ ''
''အေး နောက်မှ ငါ ဟိိုဟို ဒီဒီအသံတွေမကြားချင်ဘူးနော် ဒီတစ်ယောက်လည်းသေသွားရင်အရင်နေရာမှာပဲသွားပစ်ထားလိုက် နောက်ဆက်တွဲတွေပါလာရင် မင်းကြည့်ရှင်းလိုက် ငါ့ဆီကိုရောက်မလာစေနဲ့အရင်တစ်ခါကလို''
သူတို့ပြောနေကြတုန်း မိန်းကလေးတစ်ယောက်လည်းရောက်လာခဲ့တယ်။
''ဆူယွန်း အဆင်သင့်ပဲလား ဒီည ညဉ့်နက်မယ်နော်''
''အိုကေ ဒေါက်တာ ကျွန်မသားလေးကိုခနသွားကြည့်လိုက်ဦးမယ် ''
ဆိုကာ ဆူယွန်းဟာ သူတို့ကိုကျောပြီးထွက်သွားလေသည်။
ကလေးငယ်ဟာ သူ့အဖေကို သူတို့ တစ်နေရာကိုခေါ်သွားတာတွေ့ပြီး သူတို့ပြောသောစကားကိုကြားတော့ ၁၅နှစ်အရွယ်သူဟာနားလည်သင့်သလောက်နားလည်းပါတယ်။တကယ်လို့သူသာ ထိုနေရာမှာ သူ့အဖေကိုသွားခေါ်လိုက်မယ်ဆိုရင် အသိမရှိတဲ့သူတို့သားအဖလူသူမသိစွာနဲ့သေသွားနိုင်တယ်။
တစ်ဖြေးဖြေးမိုးရွာလာတော့ ကောင်လေးဟာ ထဖို့ခွန်အားမရှိစွာနဲ့ မြေပြင်မှာသာထိုင်နေလေသည်။ထိုအချိန်ရုတ်တရက်သူ့အပေါ်ကိုရောက်လာတဲ့ထီးတစ်လက်။
အနောက်ကိုကောင်လေးကြည့်လိုက်တော့ ပုပုတုတုကလေးတစ်ယောက်က ရပ်နေလေတယ်။ထိုကလေးကထီးအဝါလေးကို သူ့ခေါင်းကိုဆောင်းပေးတယ်။ခနအကြာတော့ဆေးရုံကနေမိန်းကလေးတစ်ယောက်ဆင်းလာတော့ထိုကလေးဟာထီးအဝါလေးကို သူ့အားပေးထားပြီး ထိုမိန်းမဆီကိုပြေးသွားကာ အဝေးကိုလျှောက်သွားလေသည်။
~~~~~~~~~~
ထိုညမှာတော့ အားလုံးရဲ့ပြသာနာအရင်းအမြစ်ပါ။ ဓာတ်ခွဲခန်းမှာ ဆေးအသစ်ဖော်စပ်နေတဲ့ ဆူယွန်းဟာ သားလေးအသက်၁၂နှစ်ပြည့်ကိုမေ့နေခဲ့တယ်။
ကလေးငယ်ဟာ မီးပြတ်နေလို့ ဖယောင်းတိုင်လေးထွန်းကာ မိခင်အလာကိုစောင့်နေခဲ့သော်လည်း၉နာရီသာထိုးလာခဲ့သည်။
ကလေးဟာတစ်ဖြေးဖြေးနဲ့ အိပ်ငိုက်လာခဲ့ရာ သူ့မှတ်ညဏ်အရ ထိုညမှာ သူဟာ အိပ်ပျော်သွားခဲ့ပြီဖြစ်တယ်။
သို့သော်.................
'' ဆူယွန်းနား ဒီဘက်မှာရော ဆေးတွေလျော့နေပြီ''
'ဒေါက်တာ ဝန်ကြီးရဲ့ အသားအရည်တွေပျက်စီးလားပြီ''
အထက်တန်းစား သူဌေးကြီးတွေဟာ ထိုရောဂါကို နှစ်နှစ်တိုင်တိုင်ခံစားလာခဲ့ရာဆေးအသစ်ကမထုတ်လုပ်နိုင်သေးပဲ ဆေးတစ်ချို့နဲ့သာခနထိန်းထားနိုင်ခဲ့သည်။
အားလုံးအလုပ်ရှုပ်နေတုန်းမှာပဲ အသံတစ်ခုကိုကြားလိုက်ရတယ်။
ရွှဲ....ရွှဲ.............
တစ်ခုခုကိုဆွဲလာတဲ့အသံဖြစ်ရာ ဆူယွန်းဟာ အပေါ်ထပ်ဝရံတာကိုကြည့်လိုက်တော့ လန့်သွားတယ်။
ဆရာဝန်တွေအားလုံးကလည်းလန့်နေလေသည်။
ဆူယွန်းသားလေးဟာ ကုလားထ်ိုင်တစ်ခုမှာ ရောဂါဖြစ်နေတဲ့လူတစ်ယောက်ကိုထိုင်ခိုင်းကာ တစ်ရွတ်ဆွဲလာလေသည်။
ဆူယွန်းတစ်ယောက် လက်ထဲက ဆေးထိုးအပ်ပင်လွတ်ကျသွားကာ စိုးရိမ်စိတ်နဲ့ကလေးကိုဆင်းလာရန်အော်လေတော့သည်။
''ယွန်လေး သား အပေါ်ကိုဘယ်လိုရောက်နေတာလဲ ဆင်းလာခဲ့ပါ သားရယ်''
''ဆူယွန်း မင်းသားဆွဲလာတဲ့ လူက ဝန်ကြီးချုပ်မလား မြန်မြန်ဆင်းလာခိုင်းလိုက်''
ကြည့်လိုက်တော့ တစ်ဖက်အခန်းမှ ဝန်ကြီးချုပ်က လဲမနေတော့ပေ။ဆူယွန်းခေါင်းတွေပူထူသွားကာစတင်အော်ပါတော့တယ်။
'' မင်ယွန်ဂီ မြန်မြန်ဆင်းလာစမ်း ဒါကလေးကစားနေတာမဟုတ်ဘူး မြန်မြန် အမေကမင်းကိုမရိုက်လို့ဆိုးနေတာလား ယွန်ဂီ''
ထိုအခါကလေးသည်စရယ်ပါလေတော့သည်။
''ဟားဟား အမေလားဟားဟား
အမေသိလား ဒီနေ့ဘာနေ့လဲဆိုတာ...........''
ထိုအချိန်ဆူယွန်းကြက်သေသေသွားသည်။ ဒီနေ့ကသူ့သားလေးမွေးနေ့သူမေ့နေတာ ဒါမယ့် သူ့သားလေးကအရင်ကဆို ငြိမ်ငြိမ်လေးနေတတ်တာပါ ဘယ်လိုဆိုဆို ဒါကမဖြစ်သင့်ဘူး။
''အမေတောင်းပန်ပါတယ် ယွန်လေး လာအမေတို့အိမ်ပြန်ရအောင် ''
''အမေ ကျွန်တော်အမေ့ကိုလက်ဆောင်ပေးမယ် ဒီလူကြီးအတွက်ဆေးကိုသားပေးနိုင်တယ် အဲ့အတွက် အမေ့အနေနဲ့.....''
''ယွန်ဂီ ဒါကစားနေတာမဟုတ်ဘူးမြန်မြန်ဆင်းခဲ့စမ်း ဒေါက်တာကျွန်မတောင်းပန်ပါတယ်''
ဆူယွန်းဟာ ဒေါက်တာကိုတလှည့်တောင်းပန်နေတုန်းမှာပဲ ယွန်ဂီမှာ မယုံနိုင်တဲ့အရာတစ်ခုကိုပြုလုပ်ခဲ့တယ်။ထိုအရာမှာ ဝန်ကြီးဟာအကောင်းပကတိပြန်နိုးလာတာပဲ။
''သား ဝန်ကြီးချုပ် ဘယ်လိုလုပ်လိုက်တာလဲ''
''ဝန်ကြီးချုပ်နိုးလာတာလား''
သို့သော်သိပ်ပင်မကြာသေး ဝန်ကြီးချုပ်ဟာပြန်မေ့လဲသွားလေသည်။
လုံခြုံရေးတွေနဲ့ ဘောဒီဂတ်တွေဟာလည်း တစ်ထောင့်တစ်နေရာကနေ ကလေးဆီရောက်ရန်ကြိုးစားနေကြသည်။
ထိုအချိန်ဆရာဝန်အကြီးအကဲသည် ကလေးကိုကြည့်ကာ
''မင်းဘာလိုချင်တာလဲ ကလေး''
ထိုအခါကလေးသည် သူ့ဘက်လှည့်လာကာ ပြုံးလိုက်ပြီး
''ညဏ်ကောင်းတယ်ခင်များက......ဒါဆိုကျွန်တော်လိုရင်းပြောမယ် အမေ့ရဲ့အလုပ်ထွက်စာ''
''ဘာ...''
ဆူယွန်းအပါအဝင် ဆရာဝန်တွေအားလုံးလန့်သွားတယ်။ ဂျန်ဆူယွန်းဟာ သူတို့အထဲမှာ အတော်ဆုံးဆေးဖော်ထုတ်ပညာရှင်ဖြစ်တယ်။ ဆရာဝန်အကြီးအကဲအနေနဲ့ ရွေးချယ်မှုကခက်ခဲလိမ့်မယ်။
သို့သော်....
ဆရာဝန်အကြီးအကဲဟာ ဆူယွန်းဘက်ကိုလှည့်ကာ
''ဆူယွန်း မင်းမနက်ဖြန်အလုပ်လာစရာမလိုတော့ဘူး''
''ရှင်''
''ကောင်းတယ် သိပ်ကောင်းတယ် ခင်များမှတ်ထားနော် ကျွန်တော်ကဖြေဆေးပေးတတ်သလို ရောဂါလည်းပြန်ပေးတတ်တယ် ခင်များဂတိတည်ပါစေ အမေ ကျွန်တော်နဲ့အိမ်ပြန်ရအောင် မဟုတ်ရင်ဒီထဲက လူတွေရဲ့အသက်က.......ဟူး....''
''ဆူယွန်း မင်းကလေးကိုခေါ်ပြီးအမြန်ပြန်တော့ ''
ထိုအချိန်မှာ ယွန်ဂီဟာ ဆေးလုံးသေးသေးလေးတွေကို ရောကာ ဝန်ကြီးချုပ်အားတိုက်လိုက်သည်။
ထိုအချိန်မှာဝန်ကြီးချုပ်ဟာအပြည့်အဝမကောင်းသေးဘူးဆိုပေမယ့်စကားတော့ပြန်ပြောနိုင်ပြီမို့ ထိုကလေးပေးသော ဆေးစာရွက်ကအတိုင်းပြုလုပ်ပြီးတိုက်ကျွေးလေသည်။
ဆူယွန်းမှာတော့ မတတ်သာစွာ အိမ်ကိုပြန်လာခဲ့သည်။မသိစိတ်ကတော့ မိမိကလေးကိုကြောက်နေမိသည်။
အဲ့နောက်ပိုင်း သူတို့သားအမိဟာ ဖခင်ရှိရာ ဆိုးလ်ကိုပြောင်းလာခဲ့ကြသည်။ ဖခင်ကလည်း မိန်းမကိုအရမ်းချစ်သူမို့ ခနအတွင်းပြန်ပြေလည်သွားကြသည်။ ဆိုးလ်မှာကျောင်းတက်နေတယ့်အတွင်းတော့အဆင်ပြေနေပေမယ့် မွေးနေ့ညတိုင်းမှာတော့ ယွန်ဂီအစားတစ်ခြားတစ်ယောက်ကနိုးလာပြီး သူ့အမေဖြစ်သူကိုခြိမ်းခြောက်လျက်ရှိတယ်။သူ့အနားကထွက်သွားတာနဲ့ တခြားသူတွေကိုသတ်ပစ်မယ်ဆိုပြီး ။ ဆူယွန်းကလည်း သူမကလေးရဲ့ အကြည့်စိမ်းစိမ်းတွေကိုကြာလာတော့ကြောက်လာမိတယ်။
တကယ်တော့ ကလေးရဲ့မသိစိတ်ဟာမိခင်ထွက်မသွားအောင်တားချင်ရုံလေးတင်။
ထိုကလေးရဲ့အိပ်မက်ဟာ အသက်၁၇နှစ်နှစ်မှာပျက်တုန်းသွားရတယ်။ မိသားစုလိုက် ကမ်းခြေသွားတဲ့နေ့မှာပဲ ကားမတော်တဆဖြစ်ပြီး မိခင်ဖြစ်သူကပျောက်သွားကာ ဖခင်ဖြစ်သူက ထိုနေရာမှာတင်အသက်ပျောက်သွားလေသည်။
နောက်နေ့မှာတော့ ထိုကလေးကိုယ်တိုင်က တခြားတစ်ယောက်အဖြစ်ပြန်နိုးထလာခဲ့တယ်။
''Min Suga''
ဆိုတဲ့အမည်ပြောင်းလျက် ဆိုးလ် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးcompanyကြီးတစ်ခုရဲ့ CEOတစ်ယောက်ဖြစ်လာခဲ့တယ်။
နောက်ပိုင်းမှာတော့ ပျင်းစရာကောင်းတဲ့လောကကြီးမှာ ကစားပွဲတစ်ခုဖန်တီးလိုက်တယ်။
~~~~~~~~~~~~~~~~
(ဇာတ်သိမ်းပါတော့မယ်....)
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



