Fanfics

~အပိုင္း၁၅~

15:56, 18 November 2021

ညအိပ္ယာယာ၀င္ခါနီး  အခန္းထဲကို၀င္လာခဲ့တယ္။ အခုဆို ထယ္ေလးက စကားနည္းနည္းပါးပါးစေျပာေနျပီ ေလ့က်င့္ခန္းလည္းပံုမွန္လုပ္ေနျပီဆိုေတာ့ မၾကာခင္ျပန္ေကာင္းလာႏိုင္ေလာက္တယ္။  မ်က္ႏွာသစ္  သြားတိုက္ေနတုန္းမွာပဲ ရုတ္တရက္ဖုန္းသံျမည္လာေတာ့ ယြန္ဂီမ်က္ႏွာသစ္ေနရင္းတန္းလန္း အျပင္ကိုထြက္လာခဲ့တယ္။ ျပီးေတာ့ဖုန္းကိုင္လိုက္တယ္။

''ဟယ္လို  ေဂ်ာင္ဂုေျပာ ''

''ကိုယ္မင္းအိမ္ေရွ့ေရာက္ေနျပီ ျမန္ျမန္ဆင္းခဲ့အုန္း ျခင္ကိုက္လိုက္တာ     ျဖန္းးးးး  အ''

ျခင္ရုိက္သံေတြပါထြက္လာေလေတာ့ ယြန္ဂီတစ္ေယာက္တကယ္လို့ေတာင္ထင္သြားတယ္။မရူးနဲ့ ယြန္ဂီ ေဂ်ာင္ဂုကဘာလို့ဒီကိုေရာက္လာရမွာလဲ မျဖစ္ႏီုင္တာေတြ။.

''ေနာက္မေနနဲ့ ငါပင္ပန္းေနျပီ အိပ္ေတာ့မယ္''

''ျဖန္းးးးး အ ကိုယ္မေနာက္ဘူး ျပတင္းေပါက္ကေနၾကည့္လိုက္ဦးျမန္ျမန္''

တကယ္ၾကီးေရာက္ေနတာလားဟ။ ယြန္ဂီျပတင္းေပါက္ကေန ၾကည့္လိုက္ေတာ့ ။ေျမျပင္မွာရပ္ေနတဲ့လူတစ္ေယာက္ hoodie အနက္ေရာင္နဲ့ေဘာင္းဘီအညိူေရာင္၀တ္ထားျပီးဦးထုပ္အနက္ေရာင္ကို၀တ္ထားျပီး ဖုန္းေျပာေနတဲ့သူကေတာ့ က်ိန္းေသေပါက္ ေဂ်ာင္ဂုျဖစ္တယ္။

ယြန္ဂီရဲ့အခန္းက ျခံနဲ့ကပ္ရပ္ျဖစ္ျပီး တစ္ဖက္မွာေတာ့ ပန္းျခံတစ္ခုျဖစ္ရာ လူအသြားအလာမ်ားသည္။

ယြန္ဂီသည္ေအာက္မွာရပ္ေနတဲ့သူက ေဂ်ာင္ဂုမွန္းအတည္ျပုျပီးတာနဲ့ အိမ္ျပင္ကိုထြက္ရန္ျပင္လိုက္ေတာ့ အိမ္တံခါး၀မွာ ၀ီွးခ်ဲနဲ့ထယ္ေယာင္းကိုေတြ့လိုက္ရတယ္။

ထယ္ေယာင္းကယြန္ဂီ့ကိုေသခ်ာၾကည့္လိုက္တယ္။တစ္ခုခုအတည္ျပုျပီးေတာ့မွ အနားကိုတိုးလာကာ

''ကိုကိုအျပင္သြားမလို့လား ဒီေလာက္မိုးခ်ုပ္ေနျပီကို...''

''ကိုကိုအခုမွ ထမင္းစားျပီးတာ လမ္းေလွ်ာက္ထြက္မလို့   အျပင္မွာသူငယ္ခ်င္းေစာင့္ေနလို့ သြားျပီေနာ္''

အေျပးေလးထြက္သြားတဲ့ ကိုကို့ကိုၾကည့္ရင္းထယ္ေယာင္း ျပံုးလိုက္တယ္   အဲ့လူမွာလည္းဒီလိုလွတဲ့အျပံုးေတြရိွခဲ့တာ။

ထယ္ေယာင္း တံခါး၀မွာ ၀ီွးခ်ဲနဲ့ထိုင္ေနတုန္း နမ္ဂၽြန္ေရာက္လာခဲ့တယ္။

ျပီးေတာ့ ထယ္ေယာင္းရဲ့ ၀ီွးခ်ဲကိုခပ္ျမန္ျမန္ အိမ္ထဲကိုတြန္းသြားလိုက္တယ္။

''ဦးေလး ဘာလုပ္တာလဲ လႊတ္ ကၽြန္ေတာ့္ဘာသာသြားႏိုင္တယ္''

သို့ေသာ္ နမ္ဂၽြန္သည္မလြတ္ပဲ အိမ္ရဲ့ လ်ို၀ွက္ခန္းတစ္ခုဆီကိုေခၚသြားလိုက္တယ္။ျပီးေတာ့ ထယ္ေယာင္းကိုထိုအခန္းထဲမွာ ထည့္ထားျပီး

''ထယ္ေလး မင္းဒီမွာပဲေနေနေနာ္''

''ဦးေလး ထပ္ျပီးေတာ့ လုပ္ဦးမလို့လား လြန္ခဲ့တဲ့ငါးႏွစ္ကလိုမ်ိုး''

''ငါကဘာလုပ္လို့လဲ ငါဘာအမွားမွမလုပ္ဘူး''

ဦးေလးေျပာလိုက္ေသာစကားေၾကာင့္ ထယ္ေယာင္းဟာခနဲ့ရယ္လိုက္တယ္။ဒီဦးေလးနဲ့တူ ေနလာတာ ဘယ္ႏွစ္ႏွစ္ရိွျပီလဲ။

''ဟက္ဟက္ ဦးေလးမသိခ်င္ေယာင္မေဆာင္ပါနဲ့ အဲ့ႏွစ္က မေတာ္တဆျဖစ္ရမွာက ထယ္ေလးမဟုတ္ဘဲ ဦီးေလးျဖစ္ရမွာေလ အဲ့တာမွမွန္မွာမဟုတ္ဘူးလား''

ထယ္ေယာင္းသည္သူ့ကိုသူထယ္ေလးဆိုျပီးသံုးႏွုန္းသြားျခင္းပင္။ဆက္လက္ျပီး ထယ္ေယာင္းသည္ ၀ွီးခ်ဲကိုကိုယ့္ဘာသာတြန္းကာ ေျပာေလေတာ့သည္။

''ဦးေလး အဲ့ႏွစ္က အဲ့လူကို အရူးေထာင္ထဲပို့ဖို့စီစဥ္ခဲ့တာမလား   အဲ့လူရဲ့ေငြေတြကိုဦးေလးအပုိင္သိမ္းခ်င္ခဲ့တာမလား  ''

ထယ္ေယာင္းေျပာလိုက္ေတာ့ နမ္ဂၽြန္ဟာ ထယ္ေယာင္းရဲ့ပါးစပ္ကိုလက္နဲ့အုပ္လိုက္ျပီး

''မင္းပါးစပ္ပိတ္ထားရင္ေကာင္းမယ္ေနာ္  ငါလုပ္ေနတာက   မင္းနဲ့ငါ့အတြက္ လုပ္ေနတာ     ငါျပန္မလာေသးခင္အထိဒီမွာပဲေနေန''

''  suga hyung ကိုဦးေလးဘာလုပ္မလို့လဲ''

''ေနာက္ေတာ့သိလာလိမ့္မယ္''

ဆိုကာ ဦးေလးသည္ ထယ္ေယာင္းကိုတစ္ေယာက္တည္းထားျပီးထြက္သြားေလသည္။

ထယ္ေယာင္းသည္  ၀ီွးခ်ဲမွာထိုင္ေနရင္း အတိတ္ကိုအေတြးလြန္မိသည္။

~~~~~~~~~~~~~~~~~~~~

ယြန္ဂီသည္ကမန္းကတန္းထြက္လာေတာ့ အေပၚအက်ီပင္မ၀တ္လာေတာ့ အက်ီအပါးအျဖူတစ္ခုတည္းနဲ့ေအးေနျပီျဖစ္တယ္။သူတို့အတူေျမေနရာကုန္းတစ္ခုမွာ ရပ္ေနၾကတယ္။ ေလေအးေအးကတိုက္လာေတာ့ ယြန္ဂီဟာ ေအးလို့ကိုယ္ကေလး တုန္သြားေလသည္။ထိုအခ်ိန္မွာ ေဂ်ာင္ဂုဟာ ယြန္ဂီရဲ့အေနာက္ကေနသိုင္းဖက္လိုက္တယ္။

ေရေမြးအနံ့ေလးတစ္ခုနဲ့ ေနာက္ေက်ာကေလးကေႏြးသြားေတာ့တယ္။

ေဂ်ာင္ဂုဟာ ဖက္ထားရင္းကေန ယြန္ဂီကိုပိုတိုးေအာင္တင္းက်ပ္စြာဖက္ထားလိုက္တယ္ ကိုယ္ကေလးလြတ္က်သြားမည္စိုးအလား။

''ယြန္ဂီ  ေအးေနျပီလား  ''

အခ်ိန္က ညလယ္ေလာက္ျဖစ္မယ္ထင္တယ္ လူကလည္းအရမ္းကိုက်ဲေနသလို ယြန္ဂီ့အိမ္နဲ့လည္းအလွမ္းေ၀းေနေလျပီ။ ယြန္ဂီကေတာ့ ေဂ်ာင္ဂုရဲ့ရင္ခြင္ထဲမွာေနျပီးအေ၀းကိုၾကည့္ကာ

''အရမ္းလည္းေအးမေနပါဘူး ငါတို့မေတြ့တာဘယ္ေလာက္ၾကာျပီလဲ ဒီတုိင္းေလးခနေလးေနရေအာင္....''

ယြန္ဂီကထိုသို့ဆိုျပီး ေဂ်ာင္ဂုရဲ့ ရင္ခြင္ကိုအတန္ၾကာတဲ့အထိမီွေနခဲ့တယ္။ ထို့ေနာက္ ယြန္ဂီဟာ

''ေဂ်ာင္ဂု   မင္းငါမရိွလည္းေကာင္းေကာင္းေနႏိုင္တယ္မလား    မင္းၾကိုက္တဲ့အရာေတြလုပ္ျပီး မင္းၾကိုက္သလိုအသက္ရွင္မယ္မလား    ''

''ဟင္''

''ငါတို့......လမ္းခဲြရေအာင္    ''

ယြန္ဂီေျပာလိုက္တဲ့စကားေၾကာင့္ ေဂ်ာင္ဂုသည္ ဖက္ထားရာကေနလြတ္လိုက္ျပီးမ်က္ႏွာခ်င္းဆိုင္ရာလိုက္ကာ

''ယြန္ဂီဘာေတြေျပာေနတာလဲ   မင္းတစ္ခုခုျဖစ္ေနတာလား ''

''.......''

''မေနာက္ပါနဲ့ ယြန္ဂီရာ  မရယ္ရဘူး  ''

''......''

ထပ္မံတိတ္ဆိတ္ေနေသာ ယြန္ဂီေၾကာင့္ ေဂ်ာင္ဂုဟာအနညး္ငယ္တုန္လွုပ္လာတယ္။

'' ယြန္ဂီ တစ္ခုခုေျပာအုန္းေလ ဘာလို့တိတ္ေနရတာလဲ''

ေဂ်ာင္ဂုဟာ အရူးတစ္ေယာက္ပမာ ယြန္ဂီရဲ့ ပုခံုးႏွစ္ဖက္ကိုကိုင္ကာ လွုပ္ရမ္းေနေလသည္။သို့ေသာ္ ယြန္ဂီကေတာ့ ရပ္ေနျမဲ။

''ငါ    မင္းကိုမခ်စ္ေတာ့ဘူး''

''လိမ္ေနတာ   ငါမယံုဘူး  ''

''.......''

''မင္းယံုတာမယံုတာငါ့အလုပ္မဟုတ္ဘူး ငါျပန္ေတာ့မယ္ မင္းလည္းျပန္ေတာ့ညဥ့္နက္ေနျပီ''

ထြက္သြားဖို့ျပင္လိုက္တဲ့ ယြန္ဂီရဲ့လက္ကို ေဂ်ာင္ဂု ေဆာင့္ဆဲြလိုက္တယ္။

''ေနာက္တစ္ေခါက္ငါ့ကို ထပ္ျပီး ထားသြားခြင့္မျပုႏိုင္ဘူး ''

အြတ္!!!!!!!!!!!

ေဂ်ာင္ဂုသည္ ယြန္ဂီရဲ့ႏွဳတ္ခမ္းကို အရိုင္းဆန္ဆန္နမ္းရိွုက္လာေလသည္။ယြန္ဂီကမူ အတင္းကိုတြန္းလွႏ္ေနေသာ္လည္း မရေပ ေဂ်ာင္ဂုသည္ နယ္ခ်ဲ့ေနေလသည္။

ခနမွ်အၾကာေတာ့ ယြန္ဂီဟာ ရုန္းေနရာကေန ရပ္သြားျပီး အသံရွူသံပင္မၾကားရေတာ့ေပ။ထို့အတူ ေဂ်ာင္ဂုသည္ ယြန္ဂီ စိတ္ဆိုးသြားတယ္အထင္နဲ့ အနမ္းကိုရပ္တန့္ပစ္လိုက္ေတာ့ ေဂ်ာင္ဂုလန့္သြားတယ္။ေသြးမဲ့ေနတဲ့ႏွုတ္ခမ္းေျခာက္ေျခာက္ အသက္ရွူသံပင္မၾကားရေတာ့တဲ့ ယြန္ဂီ့ကို ေဂ်ာင္ဂုစိုးရိမ္စြာေခၚေနခဲ့တယ္။

'' ယြန္ဂီ   ယြန္ဂီ    ယြန္ဂီ ကိုယ္ေခၚေနတာၾကားလား မင္ယြန္ဂီ''

''ဟူးးးးးးးးးးးးး''

အသက္ကို ရုတ္ခ်ည္းရွဴလိုက္တဲ့ ယြန္ဂီဟာ သက္ပင္းခ်သံအက်ယ္ၾကီးကိုျပုလုပ္လိုက္တယ္။ထို့ေနာက္ မ်က္လံုးဖြင့္လာကာ ေဘးပတ္၀န္းက်င္ကို အကဲခတ္ၾကည့္လိုက္တယ္။

တစ္စံုတစ္ခုကိုလန့္သြားဟန္ရိွေပမယ့္ အျပုအမူကိုျပန္ထိန္းကာ မတ္တပ္ရပ္လိုက္တဲ့ယြန္ဂီကာ ေဂ်ာင္ဂုကိုေရွာင္သြားလိုက္တယ္။

ေဂ်ာင္ဂုကမူ ယြန္ဂီအဆင္ေျပလား စကားစရန္ျပင္လိုက္ေသာ္လည္း ယြန္ဂီကပင္ဦးေအာင္ေျပာေနေလသည္။

''ဟူးးးးဒီေကာင္ငါ့ကိုထိန္းထားတာ တစ္နာရီေလာက္ရိွျပီ မေကာင္းတဲ့ေကာင္''

''ယြန္ဂီ မင္းအဆင္ေျပလားးးး''

ေဂ်ာင္ဂုေမးလိုက္ေတာ့ ယြန္ဂီဟာထူးဆန္းတဲ့မ်က္လံုးတစ္စံုနဲ့ သူ့ကိုၾကည့္ကာ ျပံုးလိုက္တယ္။

''မင္းက   မင္ယြန္ဂီရဲ့သူငယ္ခ်င္းအသစ္ျဖစ္မယ္   ေတြ့ရတာ၀မ္းသာပါတယ္  ငါ့နာမည္က  MIN SUGA ငါနဲ့တစ္ေနရာေလာက္လိုက္ခဲ့မလား  ''

~~~~~~~~~~~~~

ကင္နမ္ဂၽြန္းသည္ ကားကိုအရိွန္အျမန္ႏွဳန္းနဲ့ေမာင္းလာခဲ့တယ္။ အဲ့ေကာင္က ေဆးအသစ္တစ္မ်ိုးကို ေစ်းကြက္ထဲ တင္သြင္းဖို့ၾကံစည္ေနတယ္။ အဲ့ေဆးက မူးယစ္ေဆး၀ါးလို ျဖစ္ျပီး တစ္ခါေသာက္ရင္ဘာမွမျဖစ္ေပမယ့္ သံုးခါေလာက္ဆက္တိုက္ေသာက္ေနမယ္ဆုိရင္ ထိုေသာက္သံုးတဲ့လူက အိပ္မက္ထဲကေန ထြက္လို့ရမွာမဟုတ္သလို  အခ်ိန္တိုင္းအေသေကာင္လို အိပ္ေပ်ာ္ေနလိမ့္မယ္။

အရင္ဆံုးနမ္ဂၽြန္းသည္ ကားကိုအျမန္ေမာင္းရင္း စက္ရံုကို ဦးတည္လာခဲ့တယ္။

လြန္ခဲ့တဲ့ငါးႏွစ္တုန္းက တစ္ခါသူ အဲ့ေကာင္ကို တရားမ၀င္ေဆး၀ါးထုတ္လုပ္မွုနဲ့ ေထာင္ထဲသြင္းဖို့ရဲစခန္းကိုသြားခဲ့တယ္။အမွတ္မထင္ပဲ ထယ္ေယာင္းက သူခ်စ္ခင္ရတဲ့ လူကိုအရူးေထာင္ထဲပို့မယ္အထင္နဲ့ ကားေနာက္ကေန လိုက္လာခဲ့တယ္။ထင္လည္းထင္ခ်င္စရာပါ ထိုအေကာင္က ရူးေနသလိုပင္ သာမန္လူတစ္ေယာက္လိုမဟုတ္ဘူး။

အဲ့ေကာင္က ရဲစခန္းကိုအေၾကာင္းၾကားျခင္တာက ထယ္ေယာင္းျဖစ္တယ္လို့ထင္ျပီး ထယ္ေယာင္းရဲ့ကားဘီးကို စႏိုက္ဘာနဲ့ တိုက္တစ္ေနရာကေန ပစ္ထည့္လို္က္ေတာ့ ထယ္ေယာင္းရဲ့ကားဟာ ျမို့လယ္မွာ ကေမွာက္ကမျဖစ္ကုန္တယ္။ ေတာ္ေသးလို့ကားကရပ္သြားေပမယ့္တစ္ဖက္ကေမာင္းလာတဲ့ ကေလးေက်ာင္းပို့ကားၾကီးက အတင္းတိုး၀င္လာျပီး ထယ္ေယာင္းရဲ့ကားကို တိုက္ခ်လိုက္ေတာ့ ကားေလးဟာ ကေလးေက်ာင္းပို့ကားၾကီးရဲ့ေအာက္ကို ေရာက္သြားခဲ့တယ္။ ကားၾကီးရဲ့အေလးခ်ိန္ေၾကာင့္ ထယ္ေယာင္းဟာ ကားေလးေအာက္မွာျပားျပား၀ပ္ေနေလသည္။

ထယ္ေယာင္းအဲ့လိုျဖစ္သြားေတာ့ နမ္ဂၽြန္လည္းထိုလူ့ကို အာခံဖို့အတြက္ေၾကာက္လန့္သြားတယ္။ထိုလူကလည္း သူေၾကာက္ေအာင္တမင္ေျခာက္ေနတာလဲျဖစ္ႏိုင္တယ္။

ေနာက္ဆံုးေတာ့ နမ္ဂၽြန္ရဲ့ကားေလးဟာ စက္ရံုထဲကို၀င္လာခဲ့ပါတယ္။သူ့ထက္အရင္ၾကိုေရာက္ေနတဲ့ ကားအျဖူတစ္စီးကလည္းရိွေနေလတယ္။နမ္ဂၽြန္ဟာအျမန္ပင္ စက္ရံုထဲကို ေျပး၀င္သြားလိုက္တယ္။

အေပၚထပ္စမ္းသပ္ခန္းကို နမ္ဂၽြန္အျမန္၀င္သြားေတာ့  သူ့ခမ်ားေတာ္ေတာ္လန့္သြားတယ္။

ဆရာ၀န္၀တ္စံု၀တ္ထားတဲ့ ယြန္ဂီက လဲေနတဲ့ခဲြစိတ္၀တ္စံုနဲ့မိန္းကေလးတစ္ေယာက္ကို  အပ္တစ္ေခ်ာင္းကိုင္ျပီးၾကည့္ေနေလတယ္။ ၾကမ္းျပင္မွာလည္းေကာင္ေလးႏွစ္ေယာက္ကိုၾကိုးခ်ည္ထားတယ္။

နမ္ဂၽြန္လာတာကုိလည္း ယြန္ဂီျမင္ေတာ့ စိမ္းလဲ့လဲ့မ်က္၀န္းတစ္စံုနဲ့

''ေရာက္လာျပီလား  ေပ်ာ္စရာေကာင္းတဲ့ဟာေလးေတြကိုၾကည့္ဖို့လူလိုေနတာနဲ့အေတာ္ပဲ ၾကည့္ပါအုန္း ဒီမိန္းမၾကီးကို....

တစ္ခ်ိန္က ကိုယ့္ကိုကိုယ္အေမကေလ ဆိုျပီးေျပာတတ္တဲ့မိန္းမေလ.....နမ္ဂၽြန္းမင္းၾကည့္ပါဦး မင္းမျမင္ဖူးေသးဘူးမလား.....''

ဆိုကာ ယြန္ဂီသည္ ထိုမိန္းမကို ၾကည့္ကာရယ္ရင္းေျပာေနတယ္။ ေသခ်ာၾကည့္လိုက္ေတာ့ ထိုမိန္းမက ငယ္ရြယ္ေနပါေသးတယ္။

ယြန္ဂီဟာေဆးထိုးအပ္ကိုေသခ်ာကိုင္ကာ မိန္းကေလးရဲ့လက္ေကာက္၀တ္ထဲကို ေဆးထည့္သြင္းလိုက္တယ္။ နာလာတယ္ထင္ပါ့ မိန္းကေလးဟာ ညဥ္းသံသဲ့သဲ့ေလးထြက္လာေလတယ္။

မၾကာပါဘူးထိုမိန္းမႏိုးလာခဲ့တယ္။ ထိုမိန္းမႏိုးလာတာကို ယြန္ဂီျမင္ေတာ့ တဟားဟားရယ္ျပီး

''ႏိုးလာျပီလား အေမ   မေတြ့တာေတာင္ၾကာျပီေနာ္  အဆင္ေျပေနရဲ့လား''

''နင္....နင္ ........ မင္ယြန္ဂီ    ''

''မဟုတ္ဘူး အေမ ကၽြန္ေတာ္ မင္ယြန္ဂီမဟုတ္ေတာ့ဘူး အဲ့အားနည္းတဲ့ေကာင္မဟုတ္ေတာ့ဘူး  ကၽြန္ေတာ္နာမည္ေျပာင္းလိုက္ျပီ    MIN SUGA  ဘယ္လိုလဲ လွတယ္မလား''

''နင္ရူးေနျပီ  ....ယြန္ဂီ နင္   အရမ္းကိုရူးေနျပီ''

''ရွဴး အေမသိလား အခုဆိုအေမကယ္ေနတဲ့လူေတြရဲ့အသက္ကို ကၽြန္ေတာ္ကျပန္ႏွုတ္ယူလိုက္ေတာ့မွာ သိလား......အေမအဲ့လူေတြေၾကာင့္အခ်ိန္မေပးႏိုင္ဘူးဆိုရင္...ရတယ္ မလိုေတာ့ဘူး....ကၽြန္ေတာ္က အဲ့လူေတြကို ျပန္သတ္ပစ္လိုက္ေတာ့မွာမို့  အေမ့အခ်ိန္ေတြအရမ္းေပါေနေတာ့မွာ.....''

''ယြန္ဂီ ဘာျဖစ္ေနတာလဲ  ယြန္ဂီ''

မိန္းမၾကီးဟာ ရုတ္တရုတ္ ေၾကာက္ရံြံ့လာသလို စိုးရိမ္လာတယ္။အရင္ကသူ့သားေလးကအခုဘာျဖစ္သြားတာလဲ။

''အေမ   ကၽြန္ေတာ္တို့တသက္လံုးတူတူေနရေတာ့မယ္   ေပ်ာ္တယ္မလား   ''

ဆိုကာ ယြန္ဂီသည္ေနာက္ထပ္ ေဆးအပ္တစ္ခုကို ထိုးသြင္းေပးလိုက္ျပန္သည္။

~~~~~~~~~~~~~~~~

( ကိုယ္နည္းနည္းၾကာသြားတယ္ေနာ္ ဒီရက္ပုိင္းနည္းနည္းမအားလို့

ယြန္ဂီကစိတ္ႏွစ္ခြျဖစ္ေနတာပါ

ေနာက္တစ္ပိုင္းဆိုပိုနားလည္လာလိမ့္မယ္ )

UNICODE

ညအိပ်ယာယာဝင်ခါနီး အခန်းထဲကိုဝင်လာခဲ့တယ်။ အခုဆို ထယ်လေးက စကားနည်းနည်းပါးပါးစပြောနေပြီ လေ့ကျင့်ခန်းလည်းပုံမှန်လုပ်နေပြီဆိုတော့ မကြာခင်ပြန်ကောင်းလာနိုင်လောက်တယ်။ မျက်နှာသစ် သွားတိုက်နေတုန်းမှာပဲ ရုတ်တရက်ဖုန်းသံမြည်လာတော့ ယွန်ဂီမျက်နှာသစ်နေရင်းတန်းလန်း အပြင်ကိုထွက်လာခဲ့တယ်။ ပြီးတော့ဖုန်းကိုင်လိုက်တယ်။

''ဟယ်လို ဂျောင်ဂုပြော ''

''ကိုယ်မင်းအိမ်ရှေ့ရောက်နေပြီ မြန်မြန်ဆင်းခဲ့အုန်း ခြင်ကိုက်လိုက်တာ ဖြန်း အ''

ခြင်ရိုက်သံတွေပါထွက်လာလေတော့ ယွန်ဂီတစ်ယောက်တကယ်လို့တောင်ထင်သွားတယ်။မရူးနဲ့ ယွန်ဂီ ဂျောင်ဂုကဘာလို့ဒီကိုရောက်လာရမှာလဲ မဖြစ်နီုင်တာတွေ။.

''နောက်မနေနဲ့ ငါပင်ပန်းနေပြီ အိပ်တော့မယ်''

''ဖြန်း အ ကိုယ်မနောက်ဘူး ပြတင်းပေါက်ကနေကြည့်လိုက်ဦးမြန်မြန်''

တကယ်ကြီးရောက်နေတာလားဟ။ ယွန်ဂီပြတင်းပေါက်ကနေ ကြည့်လိုက်တော့ ။မြေပြင်မှာရပ်နေတဲ့လူတစ်ယောက် hoodie အနက်ရောင်နဲ့ဘောင်းဘီအညိူရောင်ဝတ်ထားပြီးဦးထုပ်အနက်ရောင်ကိုဝတ်ထားပြီး ဖုန်းပြောနေတဲ့သူကတော့ ကျိန်းသေပေါက် ဂျောင်ဂုဖြစ်တယ်။

ယွန်ဂီရဲ့အခန်းက ခြံနဲ့ကပ်ရပ်ဖြစ်ပြီး တစ်ဖက်မှာတော့ ပန်းခြံတစ်ခုဖြစ်ရာ လူအသွားအလာများသည်။

ယွန်ဂီသည်အောက်မှာရပ်နေတဲ့သူက ဂျောင်ဂုမှန်းအတည်ပြုပြီးတာနဲ့ အိမ်ပြင်ကိုထွက်ရန်ပြင်လိုက်တော့ အိမ်တံခါးဝမှာ ဝှီးချဲနဲ့ထယ်ယောင်းကိုတွေ့လိုက်ရတယ်။

ထယ်ယောင်းကယွန်ဂီ့ကိုသေချာကြည့်လိုက်တယ်။တစ်ခုခုအတည်ပြုပြီးတော့မှ အနားကိုတိုးလာကာ

''ကိုကိုအပြင်သွားမလို့လား ဒီလောက်မိုးချုပ်နေပြီကို...''

''ကိုကိုအခုမှ ထမင်းစားပြီးတာ လမ်းလျှောက်ထွက်မလို့ အပြင်မှာသူငယ်ချင်းစောင့်နေလို့ သွားပြီနော်''

အပြေးလေးထွက်သွားတဲ့ ကိုကို့ကိုကြည့်ရင်းထယ်ယောင်း ပြုံးလိုက်တယ် အဲ့လူမှာလည်းဒီလိုလှတဲ့အပြုံးတွေရှိခဲ့တာ။

ထယ်ယောင်း တံခါးဝမှာ ဝှီးချဲနဲ့ထိုင်နေတုန်း နမ်ဂျွန်ရောက်လာခဲ့တယ်။

ပြီးတော့ ထယ်ယောင်းရဲ့ ဝှီးချဲကိုခပ်မြန်မြန် အိမ်ထဲကိုတွန်းသွားလိုက်တယ်။

''ဦးလေး ဘာလုပ်တာလဲ လွှတ် ကျွန်တော့်ဘာသာသွားနိုင်တယ်''

သို့သော် နမ်ဂျွန်သည်မလွတ်ပဲ အိမ်ရဲ့ လျိုဝှက်ခန်းတစ်ခုဆီကိုခေါ်သွားလိုက်တယ်။ပြီးတော့ ထယ်ယောင်းကိုထိုအခန်းထဲမှာ ထည့်ထားပြီး

''ထယ်လေး မင်းဒီမှာပဲနေနေနော်''

''ဦးလေး ထပ်ပြီးတော့ လုပ်ဦးမလို့လား လွန်ခဲ့တဲ့ငါးနှစ်ကလိုမျိုး''

''ငါကဘာလုပ်လို့လဲ ငါဘာအမှားမှမလုပ်ဘူး''

ဦးလေးပြောလိုက်သောစကားကြောင့် ထယ်ယောင်းဟာခနဲ့ရယ်လိုက်တယ်။ဒီဦးလေးနဲ့တူ နေလာတာ ဘယ်နှစ်နှစ်ရှိပြီလဲ။

''ဟက်ဟက် ဦးလေးမသိချင်ယောင်မဆောင်ပါနဲ့ အဲ့နှစ်က မတော်တဆဖြစ်ရမှာက ထယ်လေးမဟုတ်ဘဲ ဦးလေးဖြစ်ရမှာလေ အဲ့တာမှမှန်မှာမဟုတ်ဘူးလား''

ထယ်ယောင်းသည်သူ့ကိုသူထယ်လေးဆိုပြီးသုံးနှုန်းသွားခြင်းပင်။ဆက်လက်ပြီး ထယ်ယောင်းသည် ဝှီးချဲကိုကိုယ့်ဘာသာတွန်းကာ ပြောလေတော့သည်။

''ဦးလေး အဲ့နှစ်က အဲ့လူကို အရူးထောင်ထဲပို့ဖို့စီစဉ်ခဲ့တာမလား အဲ့လူရဲ့ငွေတွေကိုဦးလေးအပိုင်သိမ်းချင်ခဲ့တာမလား ''

ထယ်ယောင်းပြောလိုက်တော့ နမ်ဂျွန်ဟာ ထယ်ယောင်းရဲ့ပါးစပ်ကိုလက်နဲ့အုပ်လိုက်ပြီး

''မင်းပါးစပ်ပိတ်ထားရင်ကောင်းမယ်နော် ငါလုပ်နေတာက မင်းနဲ့ငါ့အတွက် လုပ်နေတာ ငါပြန်မလာသေးခင်အထိဒီမှာပဲနေနေ''

'' suga hyung ကိုဦးလေးဘာလုပ်မလို့လဲ''

''နောက်တော့သိလာလိမ့်မယ်''

ဆိုကာ ဦးလေးသည် ထယ်ယောင်းကိုတစ်ယောက်တည်းထားပြီးထွက်သွားလေသည်။

ထယ်ယောင်းသည် ဝှီးချဲမှာထိုင်နေရင်း အတိတ်ကိုအတွေးလွန်မိသည်။

~~~~~~~~~~~~~~~~~~~~

ယွန်ဂီသည်ကမန်းကတန်းထွက်လာတော့ အပေါ်အကျီပင်မဝတ်လာတော့ အကျီအပါးအဖြူတစ်ခုတည်းနဲ့အေးနေပြီဖြစ်တယ်။သူတို့အတူမြေနေရာကုန်းတစ်ခုမှာ ရပ်နေကြတယ်။ လေအေးအေးကတိုက်လာတော့ ယွန်ဂီဟာ အေးလို့ကိုယ်ကလေး တုန်သွားလေသည်။ထိုအချိန်မှာ ဂျောင်ဂုဟာ ယွန်ဂီရဲ့အနောက်ကနေသိုင်းဖက်လိုက်တယ်။

ရေမွေးအနံ့လေးတစ်ခုနဲ့ နောက်ကျောကလေးကနွေးသွားတော့တယ်။

ဂျောင်ဂုဟာ ဖက်ထားရင်းကနေ ယွန်ဂီကိုပိုတိုးအောင်တင်းကျပ်စွာဖက်ထားလိုက်တယ် ကိုယ်ကလေးလွတ်ကျသွားမည်စိုးအလား။

''ယွန်ဂီ အေးနေပြီလား ''

အချိန်က ညလယ်လောက်ဖြစ်မယ်ထင်တယ် လူကလည်းအရမ်းကိုကျဲနေသလို ယွန်ဂီ့အိမ်နဲ့လည်းအလှမ်းဝေးနေလေပြီ။ ယွန်ဂီကတော့ ဂျောင်ဂုရဲ့ရင်ခွင်ထဲမှာနေပြီးအဝေးကိုကြည့်ကာ

''အရမ်းလည်းအေးမနေပါဘူး ငါတို့မတွေ့တာဘယ်လောက်ကြာပြီလဲ ဒီတိုင်းလေးခနလေးနေရအောင်....''

ယွန်ဂီကထိုသို့ဆိုပြီး ဂျောင်ဂုရဲ့ ရင်ခွင်ကိုအတန်ကြာတဲ့အထိမှီနေခဲ့တယ်။ ထို့နောက် ယွန်ဂီဟာ

''ဂျောင်ဂု မင်းငါမရှိလည်းကောင်းကောင်းနေနိုင်တယ်မလား မင်းကြိုက်တဲ့အရာတွေလုပ်ပြီး မင်းကြိုက်သလိုအသက်ရှင်မယ်မလား ''

''ဟင်''

''ငါတို့......လမ်းခွဲရအောင် ''

ယွန်ဂီပြောလိုက်တဲ့စကားကြောင့် ဂျောင်ဂုသည် ဖက်ထားရာကနေလွတ်လိုက်ပြီးမျက်နှာချင်းဆိုင်ရာလိုက်ကာ

''ယွန်ဂီဘာတွေပြောနေတာလဲ မင်းတစ်ခုခုဖြစ်နေတာလား ''

''.......''

''မနောက်ပါနဲ့ ယွန်ဂီရာ မရယ်ရဘူး ''

''......''

ထပ်မံတိတ်ဆိတ်နေသော ယွန်ဂီကြောင့် ဂျောင်ဂုဟာအနညး်ငယ်တုန်လှုပ်လာတယ်။

'' ယွန်ဂီ တစ်ခုခုပြောအုန်းလေ ဘာလို့တိတ်နေရတာလဲ''

ဂျောင်ဂုဟာ အရူးတစ်ယောက်ပမာ ယွန်ဂီရဲ့ ပုခုံးနှစ်ဖက်ကိုကိုင်ကာ လှုပ်ရမ်းနေလေသည်။သို့သော် ယွန်ဂီကတော့ ရပ်နေမြဲ။

''ငါ မင်းကိုမချစ်တော့ဘူး''

''လိမ်နေတာ ငါမယုံဘူး ''

''.......''

''မင်းယုံတာမယုံတာငါ့အလုပ်မဟုတ်ဘူး ငါပြန်တော့မယ် မင်းလည်းပြန်တော့ညဉ့်နက်နေပြီ''

ထွက်သွားဖို့ပြင်လိုက်တဲ့ ယွန်ဂီရဲ့လက်ကို ဂျောင်ဂု ဆောင့်ဆွဲလိုက်တယ်။

''နောက်တစ်ခေါက်ငါ့ကို ထပ်ပြီး ထားသွားခွင့်မပြုနိုင်ဘူး ''

အွတ်!!!!!!!!!!!

ဂျောင်ဂုသည် ယွန်ဂီရဲ့နှုတ်ခမ်းကို အရိုင်းဆန်ဆန်နမ်းရှိုက်လာလေသည်။ယွန်ဂီကမူ အတင်းကိုတွန်းလှန်နေသော်လည်း မရပေ ဂျောင်ဂုသည် နယ်ချဲ့နေလေသည်။

ခနမျှအကြာတော့ ယွန်ဂီဟာ ရုန်းနေရာကနေ ရပ်သွားပြီး အသံရှူသံပင်မကြားရတော့ပေ။ထို့အတူ ဂျောင်ဂုသည် ယွန်ဂီ စိတ်ဆိုးသွားတယ်အထင်နဲ့ အနမ်းကိုရပ်တန့်ပစ်လိုက်တော့ ဂျောင်ဂုလန့်သွားတယ်။သွေးမဲ့နေတဲ့နှုတ်ခမ်းခြောက်ခြောက် အသက်ရှူသံပင်မကြားရတော့တဲ့ ယွန်ဂီ့ကို ဂျောင်ဂုစိုးရိမ်စွာခေါ်နေခဲ့တယ်။

'' ယွန်ဂီ ယွန်ဂီ ယွန်ဂီ ကိုယ်ခေါ်နေတာကြားလား မင်ယွန်ဂီ''

''ဟူး''

အသက်ကို ရုတ်ချည်းရှူလိုက်တဲ့ ယွန်ဂီဟာ သက်ပင်းချသံအကျယ်ကြီးကိုပြုလုပ်လိုက်တယ်။ထို့နောက် မျက်လုံးဖွင့်လာကာ ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တယ်။

တစ်စုံတစ်ခုကိုလန့်သွားဟန်ရှိပေမယ့် အပြုအမူကိုပြန်ထိန်းကာ မတ်တပ်ရပ်လိုက်တဲ့ယွန်ဂီကာ ဂျောင်ဂုကိုရှောင်သွားလိုက်တယ်။

ဂျောင်ဂုကမူ ယွန်ဂီအဆင်ပြေလား စကားစရန်ပြင်လိုက်သော်လည်း ယွန်ဂီကပင်ဦးအောင်ပြောနေလေသည်။

''ဟူးဒီကောင်ငါ့ကိုထိန်းထားတာ တစ်နာရီလောက်ရှိပြီ မကောင်းတဲ့ကောင်''

''ယွန်ဂီ မင်းအဆင်ပြေလား''

ဂျောင်ဂုမေးလိုက်တော့ ယွန်ဂီဟာထူးဆန်းတဲ့မျက်လုံးတစ်စုံနဲ့ သူ့ကိုကြည့်ကာ ပြုံးလိုက်တယ်။

''မင်းက မင်ယွန်ဂီရဲ့သူငယ်ချင်းအသစ်ဖြစ်မယ် တွေ့ရတာဝမ်းသာပါတယ် ငါ့နာမည်က MIN SUGA ငါနဲ့တစ်နေရာလောက်လိုက်ခဲ့မလား ''

~~~~~~~~~~~~~

ကင်နမ်ဂျွန်းသည် ကားကိုအရှိန်အမြန်နှုန်းနဲ့မောင်းလာခဲ့တယ်။ အဲ့ကောင်က ဆေးအသစ်တစ်မျိုးကို ဈေးကွက်ထဲ တင်သွင်းဖို့ကြံစည်နေတယ်။ အဲ့ဆေးက မူးယစ်ဆေးဝါးလို ဖြစ်ပြီး တစ်ခါသောက်ရင်ဘာမှမဖြစ်ပေမယ့် သုံးခါလောက်ဆက်တိုက်သောက်နေမယ်ဆိုရင် ထိုသောက်သုံးတဲ့လူက အိပ်မက်ထဲကနေ ထွက်လို့ရမှာမဟုတ်သလို အချိန်တိုင်းအသေကောင်လို အိပ်ပျော်နေလိမ့်မယ်။

အရင်ဆုံးနမ်ဂျွန်းသည် ကားကိုအမြန်မောင်းရင်း စက်ရုံကို ဦးတည်လာခဲ့တယ်။

လွန်ခဲ့တဲ့ငါးနှစ်တုန်းက တစ်ခါသူ အဲ့ကောင်ကို တရားမဝင်ဆေးဝါးထုတ်လုပ်မှုနဲ့ ထောင်ထဲသွင်းဖို့ရဲစခန်းကိုသွားခဲ့တယ်။အမှတ်မထင်ပဲ ထယ်ယောင်းက သူချစ်ခင်ရတဲ့ လူကိုအရူးထောင်ထဲပို့မယ်အထင်နဲ့ ကားနောက်ကနေ လိုက်လာခဲ့တယ်။ထင်လည်းထင်ချင်စရာပါ ထိုအကောင်က ရူးနေသလိုပင် သာမန်လူတစ်ယောက်လိုမဟုတ်ဘူး။

အဲ့ကောင်က ရဲစခန်းကိုအကြောင်းကြားခြင်တာက ထယ်ယောင်းဖြစ်တယ်လို့ထင်ပြီး ထယ်ယောင်းရဲ့ကားဘီးကို စနိုက်ဘာနဲ့ တိုက်တစ်နေရာကနေ ပစ်ထည့်လ်ိုက်တော့ ထယ်ယောင်းရဲ့ကားဟာ မြို့လယ်မှာ ကမှောက်ကမဖြစ်ကုန်တယ်။ တော်သေးလို့ကားကရပ်သွားပေမယ့်တစ်ဖက်ကမောင်းလာတဲ့ ကလေးကျောင်းပို့ကားကြီးက အတင်းတိုးဝင်လာပြီး ထယ်ယောင်းရဲ့ကားကို တိုက်ချလိုက်တော့ ကားလေးဟာ ကလေးကျောင်းပို့ကားကြီးရဲ့အောက်ကို ရောက်သွားခဲ့တယ်။ ကားကြီးရဲ့အလေးချိန်ကြောင့် ထယ်ယောင်းဟာ ကားလေးအောက်မှာပြားပြားဝပ်နေလေသည်။

ထယ်ယောင်းအဲ့လိုဖြစ်သွားတော့ နမ်ဂျွန်လည်းထိုလူ့ကို အာခံဖို့အတွက်ကြောက်လန့်သွားတယ်။ထိုလူကလည်း သူကြောက်အောင်တမင်ခြောက်နေတာလဲဖြစ်နိုင်တယ်။

နောက်ဆုံးတော့ နမ်ဂျွန်ရဲ့ကားလေးဟာ စက်ရုံထဲကိုဝင်လာခဲ့ပါတယ်။သူ့ထက်အရင်ကြိုရောက်နေတဲ့ ကားအဖြူတစ်စီးကလည်းရှိနေလေတယ်။နမ်ဂျွန်ဟာအမြန်ပင် စက်ရုံထဲကို ပြေးဝင်သွားလိုက်တယ်။

အပေါ်ထပ်စမ်းသပ်ခန်းကို နမ်ဂျွန်အမြန်ဝင်သွားတော့ သူ့ခများတော်တော်လန့်သွားတယ်။

ဆရာဝန်ဝတ်စုံဝတ်ထားတဲ့ ယွန်ဂီက လဲနေတဲ့ခွဲစိတ်ဝတ်စုံနဲ့မိန်းကလေးတစ်ယောက်ကို အပ်တစ်ချောင်းကိုင်ပြီးကြည့်နေလေတယ်။ ကြမ်းပြင်မှာလည်းကောင်လေးနှစ်ယောက်ကိုကြိုးချည်ထားတယ်။

နမ်ဂျွန်လာတာကိုလည်း ယွန်ဂီမြင်တော့ စိမ်းလဲ့လဲ့မျက်ဝန်းတစ်စုံနဲ့

''ရောက်လာပြီလား ပျော်စရာကောင်းတဲ့ဟာလေးတွေကိုကြည့်ဖို့လူလိုနေတာနဲ့အတော်ပဲ ကြည့်ပါအုန်း ဒီမိန်းမကြီးကို....

တစ်ချိန်က ကိုယ့်ကိုကိုယ်အမေကလေ ဆိုပြီးပြောတတ်တဲ့မိန်းမလေ.....နမ်ဂျွန်းမင်းကြည့်ပါဦး မင်းမမြင်ဖူးသေးဘူးမလား.....''

ဆိုကာ ယွန်ဂီသည် ထိုမိန်းမကို ကြည့်ကာရယ်ရင်းပြောနေတယ်။ သေချာကြည့်လိုက်တော့ ထိုမိန်းမက ငယ်ရွယ်နေပါသေးတယ်။

ယွန်ဂီဟာဆေးထိုးအပ်ကိုသေချာကိုင်ကာ မိန်းကလေးရဲ့လက်ကောက်ဝတ်ထဲကို ဆေးထည့်သွင်းလိုက်တယ်။ နာလာတယ်ထင်ပါ့ မိန်းကလေးဟာ ညဉ်းသံသဲ့သဲ့လေးထွက်လာလေတယ်။

မကြာပါဘူးထိုမိန်းမနိုးလာခဲ့တယ်။ ထိုမိန်းမနိုးလာတာကို ယွန်ဂီမြင်တော့ တဟားဟားရယ်ပြီး

''နိုးလာပြီလား အမေ မတွေ့တာတောင်ကြာပြီနော် အဆင်ပြေနေရဲ့လား''

''နင်....နင် ........ မင်ယွန်ဂီ ''

''မဟုတ်ဘူး အမေ ကျွန်တော် မင်ယွန်ဂီမဟုတ်တော့ဘူး အဲ့အားနည်းတဲ့ကောင်မဟုတ်တော့ဘူး ကျွန်တော်နာမည်ပြောင်းလိုက်ပြီ MIN SUGA ဘယ်လိုလဲ လှတယ်မလား''

''နင်ရူးနေပြီ ....ယွန်ဂီ နင် အရမ်းကိုရူးနေပြီ''

''ရှူး အမေသိလား အခုဆိုအမေကယ်နေတဲ့လူတွေရဲ့အသက်ကို ကျွန်တော်ကပြန်နှုတ်ယူလိုက်တော့မှာ သိလား......အမေအဲ့လူတွေကြောင့်အချိန်မပေးနိုင်ဘူးဆိုရင်...ရတယ် မလိုတော့ဘူး....ကျွန်တော်က အဲ့လူတွေကို ပြန်သတ်ပစ်လိုက်တော့မှာမို့ အမေ့အချိန်တွေအရမ်းပေါနေတော့မှာ.....''

''ယွန်ဂီ ဘာဖြစ်နေတာလဲ ယွန်ဂီ''

မိန်းမကြီးဟာ ရုတ်တရုတ် ကြောက်ရွံံ့လာသလို စိုးရိမ်လာတယ်။အရင်ကသူ့သားလေးကအခုဘာဖြစ်သွားတာလဲ။

''အမေ ကျွန်တော်တို့တသက်လုံးတူတူနေရတော့မယ် ပျော်တယ်မလား ''

ဆိုကာ ယွန်ဂီသည်နောက်ထပ် ဆေးအပ်တစ်ခုကို ထိုးသွင်းပေးလိုက်ပြန်သည်။

~~~~~~~~~~~~~~~~

( ကိုယ်နည်းနည်းကြာသွားတယ်နော်  ဒီရက်ပိုင်းနည်းနည်းမအားလို့

ယွန်ဂီကစိတ်နှစ်ခွဖြစ်နေတာပါ နောက်တစ်ပိုင်းဆိုပိုနားလည်လာလိမ့်မယ် )

There are no comments yet. Log in to be the first to leave a review!

Similar stories