Fanfics

အပိုင္း၆

07:03, 24 March 2022

ဂျောင်ဂု ကုမ္ပဏီသွားဖို့အတွက် ပြင်ဆင်နေခဲ့တယ်။

ကောင်လေးကမူ ယနေ့မနက်အလွန်ကိုတိတ်ဆိတ်နေတယ်။ ယခင်ကဆို သူအလုပ်မသွားခင်မှာ လွှတ်ပေးဖို့အမြဲ တံခါးကိုလက်နဲ့ထုပြီး အော်ပြောနေကြ။

ထိုကောင်လေးက သူ့ထက်နှစ်နှစ်ကြီးတယ် အဆဲကလည်းသန်သလို သူတွေ့ဖူးနေကြ ကောင်လေးတွေနဲ့မတူဘူး။

ဆောယောင်းနဲ့ လမ်းခွဲလိုက်တော့ ဂျောင်ဂုက ကောင်လေးတွေကို စတွဲခဲ့တယ်။ ကလပ်မှာတွေ့တာရော မတော်တဆတွေ့တာရော အကုန်လုံးက သူ့ကျော့ကွင်းထဲကို မဖိတ်ခေါ်ပဲဝင်လာကြတယ်။ သူတွေ့ဖူးသမျှကောင်လေးတွေ ကောင်မလေးတွေက အသပြာရဖို့အတွက် နှုတ်ချိုချိုနဲ့ပြောဆိုကြတယ်။

မင်ယွန်ဂီဆိုတဲ့ ကောင်လေးကကျတော့ ထူးခြားတယ် သူမပြောရဲတာမရှိသလို သူမလုပ်ရဲတာလည်းမရှိဘူး။ အဲ့လိုဖြစ်နေတာလေးကိုက ဂျောင်ဂုကို အသဲယားစေတယ်။

ယခုအချိန်မှာတော့ ဂျောင်ဂုက သော့ခတ်ထားတဲ့ ယွန်ဂီရဲ့အခန်းရှေ့ကိုရောက်နေခဲ့တယ်။

သော့ဖွင့်လိုက်တော့ ဂျောင်ဂုအတော်လေကိုလန့်သွားပြီး ယွန်ဂီ့ဆီကို ပြေးသွားလိုက်တယ်။

ကြမ်းပြင်မှာတော့ ဖြူဖက်ဖြူရောနဲ့ ပြုတ်ကျနေတဲ့ ယွန်ဂီ။

ထိုကောင်လေးသည် သူဘယ်လောက်နာကျင်နေပါစေ ဂျောင်ဂုကို ဘယ်တာ့မှ လှမ်းမခေါ်တတ်သလို အသံတိတ်နေတတ်တယ်။ ဟိုတစ်ခေါက်လက်ထိတုန်းကလိုမျိုးပင် ပတ်တီးဖြေလို့ လက်ကောက်ဝတ်က အသားစတွေ ပေ့ပါကုန်တယ်။ ထိုအချိန်တုန်းကဆို ကောင်လေးသည် သူ့နှုတ်ခမ်းကိုပေါက်အောင်ကိုက်ထားသလောက်အသံတော့မထွက်။

ဂျောင်ဂုက ယွန်ဂီရဲ့ ကိုယ်ကို ပွေ့ချီလိုက်ပြီး ကုတင်ပေါ်တင်လိုက်တယ်။

"ယွန်ဂီ ယွန်ဂီ ကိုယ်ခေါ်တာ ကြားရလား ယွန်ဂီ...''

ယွန်ဂီသည် သတိမေ့နေပေမယ့် ဂျောင်ဂုခေါ်တာကြားရတယ်ထင်တယ် ခေါင်းလေးကညိတ်နေလေသည်။

ပြီးတော့ နှုတ်ခမ်းကနေပြီး

"ဗိုက်နာတယ်.... ဗိုက်....''

"ဗိုက်နာတာလား နေဦး ကိုယ်ဆရာဝန်ခေါ်လိုက်အုန်းမယ်နော်''

"အေးတယ် အေးတယ်''

"အင်းပါ ကိုယ်စောင်ခြုံပေးမယ် နော်....မနာတော့ဘူး...တိတ်တိတ်''

ကောင်းလေးကအရမ်းနာနေတယ်ထင်ပါရဲ့ မျက်ဝန်းမှာ မျက်ရည်တွေစို့လာတယ်။

ဂျောင်ဂုသည် ယွန်ဂီကို စောင်ပိုခြုံပေးပြီး ယွန်ဂီရဲ့ ဘေးမှာ ဂျောင်ဂုလဲချလိုက်တယ်။

ပြီးတော့ ယွန်ဂီကို ရင်ခွင်ထဲမှာ ထားထားလိုက်တယ်။

ထို့နောက် လက်တစ်ဖက်နဲ့ အိတ်ကပ်ထဲကဖုန်းကို ယူလိုက်ကာ Jhope ကို ဖုန်းခေါ်လိုက်တယ်။ပြီးတာနဲ့ ဂျောင်ဂု က ယွန်ဂီကို ရင်ခွင်ထဲမှာပြန်ထားပြီး ကောင်လေးရဲ့ ဆံပင်ကိုနမ်းရှိုက်လိုက်တယ်။

သူအရမ်းစိုးရိမ်နေတာ သူသာသိတယ်။

ခနအကြာတော့ ဂျေဟုပ်ရောက်လာပြီး အခန်းတံခါးကိုဖွင့်လိုက်တယ်။

"ဂျောင်ဂုရေ မင်းငါ့ကိုခေါ်လိုက်တာ မင်းတို့ရိုတာ ကြည့်ဖို့လား''

"မဟုတ်ပါဘူး အစ်ကိုရေ စကားမများစမ်းပါနဲ့ လာစမ်းပါ ဒီမှာ ကောင်လေးအရမ်းနာနေတယ်ထင်တယ် ''

"ဒါဆိုလည်းမင်းဖယ်လေ မင်းပါလဲနေရင် ငါကမင်းကိုကုရမလား ကောင်လေးကိုကုရမလားမသဲကွဲဘူး''

"အေးပါ အေးပါ''

ဂျောင်ဂုတစ်ယာက် ဂျေဟုပ်ပြောသလို ကုတင်ပေါ်က ထလိုက်ပြီး ဘေးမှာရပ်နေလိုက်တယ်။

ဂျေဟုပ်ကမူ ဟိုစမ်းဒီစမ်းနဲ့ ကုပြီးတဲ့နောက်မှ

ဂျောင်ဂုဘက်ကိုလှည့်ကြည့်ပြီး

"ဂျောင်ဂု မင်းကလေးကိုဘာတွေကျွေးထားတာလဲ''

"အင်းးးး မနေ့ညကတော့ တော့ပုကီအစပ် ပဲခေါက်ဆွဲ စပါကတီ ကြက်ကြော်နဲ့ ဘီယာ''

"အရူးကောင် ကောင်လေးက အစာအိမ်မကောင်းဘူးကွ အခုဆိုယောင်ကိုင်းနေလောက်တယ် ငါဆေးပေးထါးမယ် ရေအေးမတိုက်နဲ့ ရေနွေးဘဲတိုက် ပြီးတော့ ရေနွေးနဲ့ပဲရေချိုးခိုင်း အအေးမမိစေနဲ့ နားလည်လား''

"ကျွန်တော်သိပါပြီ အစ်ကို''

ဂျေဟုပ်ပြန်သွားတော့ ဂျောင်ဂုသည် ကောင်လေးကိုနိုးပြီး ဆေးတိုက်ရန်ပြင်ရပြန်သည်။

"ယွန်ဂီ ထအုန်း ဆေးသောက်ရအောင်''

"အင်းးးးးးးနာတယ်''

"ကိုယ်သိတယ် ဆေးသာက်မှမနာတော့မှာပေါ့ ကိုယ်စကားနားထောင်နော်''

ဆိုပြီး ကောင်လေးရဲ့ကျောကိုထိန်းပေးပြီး

ကုတင်ကနေထခိုင်းလိုက်တယ်။

ယွန်ဂီဖြေးဖြေးချင်းထလိုက်ပြီး သူ့ရှေ့က ဆေးလုံးတွေကိုကြည့်ပြီး မျက်လုံးပါပြာသွားတယ်။

ဒီလောက်ကြီးတဲ့ဆေးလုံးတွေကို ဘယ်လိုများ မြိုချရပါ့မလဲ။

ကောင်လေးဆေးကိုကြာင်ကြည့်နေတော့

ဂျောင်ဂုနားလည်သွားပြီး ကုတင်ဘေးက အံဆွဲကို ဖွင့်လိုက်ပြီး အထဲက သကြားလုံးအနည်းငယ်ကိုလက်နဲ့ယူလိုက်တယ်။

ပြီးတာနဲ့ သကြားလုံးကို ဖွင့်ပြိး

"ဆေးအရင်စား...ပြီးတာနဲ့ဒါစားလိုက်ရင် မခါးတော့ဘူး''

"အင်းအင်း''

ဆိုပြီး ကောင်လေးက ဆေးကို ရေနဲ့မျိုချလိုက်တယ်။

ပြီးတော့ ဂျောင်ဂုဆီကနေ သကြားလုံးကိုလုယူပြီး ငုံထားလိုက်မှ ယွန်ဂီစိတ်ချလိုက်တယ်။

ဂျောင်ဂုက သူ့ကောင်လေးကိုကြည့်ပြီးရယ်ချင်စိတ်တောင် ထိန်းထားရတယ်။

ယောကျာ်းလေးတစ်ယောက်က ဒီလောက်ချစ်ဖို့ကောင်းတယ်ဆိုတာ ဖြစ်သင့်လား။

ဂျောင်ဂုတစ်ယောက်မနေနိုင်ပဲ ကောင်လေးရဲ့ စူပုတ်ပုတ်နှုတ်ခမ်း တစ်စုံကို ဖိကပ်နမ်းလိုက်တယ်။

"အွ!!''

စတော်ပေရီချိုချဥ်အရသာလေးရလိုက်တော်မှ ဂျောင်ဂုပြန်လွှတ်ပေးလိုက်တော့ကောင်လေးက သူ့ကိုမျက်လုံးကလယ်ကလယ်နဲ့ကြောင်ကြည့်နေတယ်။

ပြီးမှကောင်လေးသတိရသွားတယ်ထင်ပါရဲ့

ဂျောင်ဂုရဲ့ ကိုယ်ကိုခြေထောက်နဲ့ကန်ထည့်လိုက်တယ်။

"ဘုတ်!!!!!''

"အရူးကောင် ကျွဲကောင် နှာဘူးကောင် မင်းငါ့ကိုမပြောဘဲ နမ်းပြန်ပြီ....''

"ဒါဆိုနောက်တစ်ခါ ကိုယ်ပြောပြီးတော့နမ်းမယ်နော်....okay တယ်မလား''

"F***Kကို okay ရမှာလား အရူးကောင်''

"မင်းနာတာပျောက်ပြီထင်တယ် ကိုယ်မင်းစားဖို့တစ်ခုခုလုပ်ပေးမယ်နော်..နေကောင်းအောင်နေပါ ယွန်ဂီ မင်းနေမကောင်းရင်ကိုယ်စိတ်မကောင်းဘူး''

".....''

ဆိုပြီး အခန်းထဲကနေ ကျောခိုင်းသွားတဲ့သူကိုကြည့်ပြီး ယွန်ဂီစိတ်မသန့်တော့ပြန်ဘူး။

နောက်ဆို မင်း စိတ်မကောင်းစရာမလိုတော့ဘူး.... ခနလေးဘဲလိုတော့တယ် ဂျောင်ဂုရေ။

ဆိုပြီးတွေးကာ ပြတင်းပေါက်အပြင်ကိုကြည့်လိုက်တယ်။ သြော်နေ့လယ်တောင်ရောက်နေပြီပဲ.....

_____________________________________

(သေနတ်တွေလာတော့မယ်နော်....love you all ပါ😍😍ကိုယ်ကတော့ up ပေးလိုက်ပြီနော် voteပေးဖို့က ဒါဒါတို့တာဝန်ပါ )

zawgyi

ေဂ်ာင္ဂု ကုမၸဏီသြားဖို႔အတြက္ ျပင္ဆင္ေနခဲ့တယ္။

ေကာင္ေလးကမူ ယေန႕မနက္အလြန္ကိုတိတ္ဆိတ္ေနတယ္။ ယခင္ကဆို သူအလုပ္မသြားခင္မွာ လႊတ္ေပးဖို႔အၿမဲ တံခါးကိုလက္နဲ႕ထုၿပီး ေအာ္ေျပာေနၾက။

ထိုေကာင္ေလးက သူ႕ထက္ႏွစ္ႏွစ္ႀကီးတယ္ အဆဲကလည္းသန္သလို သူေတြ႕ဖူးေနၾက ေကာင္ေလးေတြနဲ႕မတူဘူး။

ေဆာေယာင္းနဲ႕ လမ္းခြဲလိုက္ေတာ့ ေဂ်ာင္ဂုက ေကာင္ေလးေတြကို စတြဲခဲ့တယ္။ ကလပ္မွာေတြ႕တာေရာ မေတာ္တဆေတြ႕တာေရာ အကုန္လုံးက သူ႕ေက်ာ့ကြင္းထဲကို မဖိတ္ေခၚပဲဝင္လာၾကတယ္။ သူေတြ႕ဖူးသမွ်ေကာင္ေလးေတြ ေကာင္မေလးေတြက အသျပာရဖို႔အတြက္ ႏႈတ္ခ်ိဳခ်ိဳနဲ႕ေျပာဆိုၾကတယ္။

မင္ယြန္ဂီဆိုတဲ့ ေကာင္ေလးကက်ေတာ့ ထူးျခားတယ္ သူမေျပာရဲတာမရွိသလို သူမလုပ္ရဲတာလည္းမရွိဘူး။ အဲ့လိုျဖစ္ေနတာေလးကိုက ေဂ်ာင္ဂုကို အသဲယားေစတယ္။

ယခုအခ်ိန္မွာေတာ့ ေဂ်ာင္ဂုက ေသာ့ခတ္ထားတဲ့ ယြန္ဂီရဲ႕အခန္းေရွ႕ကိုေရာက္ေနခဲ့တယ္။

ေသာ့ဖြင့္လိုက္ေတာ့ ေဂ်ာင္ဂုအေတာ္ေလကိုလန့္သြားၿပီး ယြန္ဂီ့ဆီကို ေျပးသြားလိုက္တယ္။

ၾကမ္းျပင္မွာေတာ့ ျဖဴဖက္ျဖဴေရာနဲ႕ ျပဳတ္က်ေနတဲ့ ယြန္ဂီ။

ထိုေကာင္ေလးသည္ သူဘယ္ေလာက္နာက်င္ေနပါေစ ေဂ်ာင္ဂုကို ဘယ္တာ့မွ လွမ္းမေခၚတတ္သလို အသံတိတ္ေနတတ္တယ္။ ဟိုတစ္ေခါက္လက္ထိတုန္းကလိုမ်ိဳးပင္ ပတ္တီးေျဖလို႔ လက္ေကာက္ဝတ္က အသားစေတြ ေပ့ပါကုန္တယ္။ ထိုအခ်ိန္တုန္းကဆို ေကာင္ေလးသည္ သူ႕ႏႈတ္ခမ္းကိုေပါက္ေအာင္ကိုက္ထားသေလာက္အသံေတာ့မထြက္။

ေဂ်ာင္ဂုက ယြန္ဂီရဲ႕ ကိုယ္ကို ေပြ႕ခ်ီလိုက္ၿပီး ကုတင္ေပၚတင္လိုက္တယ္။

"ယြန္ဂီ ယြန္ဂီ ကိုယ္ေခၚတာ ၾကားရလား ယြန္ဂီ...''

ယြန္ဂီသည္ သတိေမ့ေနေပမယ့္ ေဂ်ာင္ဂုေခၚတာၾကားရတယ္ထင္တယ္ ေခါင္းေလးကညိတ္ေနေလသည္။

ၿပီးေတာ့ ႏႈတ္ခမ္းကေနၿပီး

"ဗိုက္နာတယ္.... ဗိုက္....''

"ဗိုက္နာတာလား ေနဦး ကိုယ္ဆရာဝန္ေခၚလိုက္အုန္းမယ္ေနာ္''

"ေအးတယ္ ေအးတယ္''

"အင္းပါ ကိုယ္ေစာင္ၿခဳံေပးမယ္ ေနာ္....မနာေတာ့ဘူး...တိတ္တိတ္''

ေကာင္းေလးကအရမ္းနာေနတယ္ထင္ပါရဲ႕ မ်က္ဝန္းမွာ မ်က္ရည္ေတြစို႔လာတယ္။

ေဂ်ာင္ဂုသည္ ယြန္ဂီကို ေစာင္ပိုၿခဳံေပးၿပီး ယြန္ဂီရဲ႕ ေဘးမွာ ေဂ်ာင္ဂုလဲခ်လိဳက္တယ္။

ၿပီးေတာ့ ယြန္ဂီကို ရင္ခြင္ထဲမွာ ထားထားလိုက္တယ္။

ထို႔ေနာက္ လက္တစ္ဖက္နဲ႕ အိတ္ကပ္ထဲကဖုန္းကို ယူလိုက္ကာ Jhope ကို ဖုန္းေခၚလိုက္တယ္။ၿပီးတာနဲ႕ ေဂ်ာင္ဂု က ယြန္ဂီကို ရင္ခြင္ထဲမွာျပန္ထားၿပီး ေကာင္ေလးရဲ႕ ဆံပင္ကိုနမ္းရွိုက္လိုက္တယ္။

သူအရမ္းစိုးရိမ္ေနတာ သူသာသိတယ္။

ခနအၾကာေတာ့ ေဂ်ဟဳပ္ေရာက္လာၿပီး အခန္းတံခါးကိုဖြင့္လိုက္တယ္။

"ေဂ်ာင္ဂုေရ မင္းငါ့ကိုေခၚလိုက္တာ မင္းတို႔ရိုတာ ၾကည့္ဖို႔လား''

"မဟုတ္ပါဘူး အစ္ကိုေရ စကားမမ်ားစမ္းပါနဲ႕ လာစမ္းပါ ဒီမွာ ေကာင္ေလးအရမ္းနာေနတယ္ထင္တယ္ ''

"ဒါဆိုလည္းမင္းဖယ္ေလ မင္းပါလဲေနရင္ ငါကမင္းကိုကုရမလား ေကာင္ေလးကိုကုရမလားမသဲကြဲဘူး''

"ေအးပါ ေအးပါ''

ေဂ်ာင္ဂုတစ္ယာက္ ေဂ်ဟဳပ္ေျပာသလို ကုတင္ေပၚက ထလိုက္ၿပီး ေဘးမွာရပ္ေနလိုက္တယ္။

ေဂ်ဟဳပ္ကမူ ဟိုစမ္းဒီစမ္းနဲ႕ ကုၿပီးတဲ့ေနာက္မွ

ေဂ်ာင္ဂုဘက္ကိုလွည့္ၾကည့္ၿပီး

"ေဂ်ာင္ဂု မင္းကေလးကိုဘာေတြေကြၽးထားတာလဲ''

"အင္းးးး မေန႕ညကေတာ့ ေတာ့ပုကီအစပ္ ပဲေခါက္ဆြဲ စပါကတီ ၾကက္ေၾကာ္နဲ႕ ဘီယာ''

"အ႐ူးေကာင္ ေကာင္ေလးက အစာအိမ္မေကာင္းဘူးကြ အခုဆိုေယာင္ကိုင္းေနေလာက္တယ္ ငါေဆးေပးထါးမယ္ ေရေအးမတိုက္နဲ႕ ေရႏြေးဘဲတိုက္ ၿပီးေတာ့ ေရႏြေးနဲ႕ပဲေရခ်ိဳးခိုင္း အေအးမမိေစနဲ႕ နားလည္လား''

"ကြၽန္ေတာ္သိပါၿပီ အစ္ကို''

ေဂ်ဟဳပ္ျပန္သြားေတာ့ ေဂ်ာင္ဂုသည္ ေကာင္ေလးကိုနိုးၿပီး ေဆးတိုက္ရန္ျပင္ရျပန္သည္။

"ယြန္ဂီ ထအုန္း ေဆးေသာက္ရေအာင္''

"အင္းးးးးးးနာတယ္''

"ကိုယ္သိတယ္ ေဆးသာက္မွမနာေတာ့မွာေပါ့ ကိုယ္စကားနားေထာင္ေနာ္''

ဆိုၿပီး ေကာင္ေလးရဲ႕ေက်ာကိုထိန္းေပးၿပီး

ကုတင္ကေနထခိုင္းလိုက္တယ္။

ယြန္ဂီေျဖးေျဖးခ်င္းထလိုက္ၿပီး သူ႕ေရွ႕က ေဆးလုံးေတြကိုၾကည့္ၿပီး မ်က္လုံးပါျပာသြားတယ္။

ဒီေလာက္ႀကီးတဲ့ေဆးလုံးေတြကို ဘယ္လိုမ်ား ၿမိဳခ်ရပါ့မလဲ။

ေကာင္ေလးေဆးကိုၾကာင္ၾကည့္ေနေတာ့

ေဂ်ာင္ဂုနားလည္သြားၿပီး ကုတင္ေဘးက အံဆြဲကို ဖြင့္လိုက္ၿပီး အထဲက သၾကားလုံးအနည္းငယ္ကိုလက္နဲ႕ယူလိုက္တယ္။

ၿပီးတာနဲ႕ သၾကားလုံးကို ဖြင့္ၿပိး

"ေဆးအရင္စား...ၿပီးတာနဲ႕ဒါစားလိုက္ရင္ မခါးေတာ့ဘူး''

"အင္းအင္း''

ဆိုၿပီး ေကာင္ေလးက ေဆးကို ေရနဲ႕မ်ိဳခ်လိဳက္တယ္။

ၿပီးေတာ့ ေဂ်ာင္ဂုဆီကေန သၾကားလုံးကိုလုယူၿပီး ငုံထားလိုက္မွ ယြန္ဂီစိတ္ခ်လိဳက္တယ္။

ေဂ်ာင္ဂုက သူ႕ေကာင္ေလးကိုၾကည့္ၿပီးရယ္ခ်င္စိတ္ေတာင္ ထိန္းထားရတယ္။

ေယာက်ာ္းေလးတစ္ေယာက္က ဒီေလာက္ခ်စ္ဖို႔ေကာင္းတယ္ဆိုတာ ျဖစ္သင့္လား။

ေဂ်ာင္ဂုတစ္ေယာက္မေနနိုင္ပဲ ေကာင္ေလးရဲ႕ စူပုတ္ပုတ္ႏႈတ္ခမ္း တစ္စုံကို ဖိကပ္နမ္းလိုက္တယ္။

"အြ!!''

စေတာ္ေပရီခ်ိဳခ်ဥ္အရသာေလးရလိုက္ေတာ္မွ ေဂ်ာင္ဂုျပန္လႊတ္ေပးလိုက္ေတာ့ေကာင္ေလးက သူ႕ကိုမ်က္လုံးကလယ္ကလယ္နဲ႕ေၾကာင္ၾကည့္ေနတယ္။

ၿပီးမွေကာင္ေလးသတိရသြားတယ္ထင္ပါရဲ႕

ေဂ်ာင္ဂုရဲ႕ ကိုယ္ကိုေျခေထာက္နဲ႕ကန္ထည့္လိုက္တယ္။

"ဘုတ္!!!!!''

"အ႐ူးေကာင္ ကြၽဲေကာင္ ႏွာဘူးေကာင္ မင္းငါ့ကိုမေျပာဘဲ နမ္းျပန္ၿပီ....''

"ဒါဆိုေနာက္တစ္ခါ ကိုယ္ေျပာၿပီးေတာ့နမ္းမယ္ေနာ္....okay တယ္မလား''

"F***Kကို okay ရမွာလား အ႐ူးေကာင္''

"မင္းနာတာေပ်ာက္ၿပီထင္တယ္ ကိုယ္မင္းစားဖို႔တစ္ခုခုလုပ္ေပးမယ္ေနာ္..ေနေကာင္းေအာင္ေနပါ ယြန္ဂီ မင္းေနမေကာင္းရင္ကိုယ္စိတ္မေကာင္းဘူး''

".....''

ဆိုၿပီး အခန္းထဲကေန ေက်ာခိုင္းသြားတဲ့သူကိုၾကည့္ၿပီး ယြန္ဂီစိတ္မသန့္ေတာ့ျပန္ဘူး။

ေနာက္ဆို မင္း စိတ္မေကာင္းစရာမလိုေတာ့ဘူး.... ခနေလးဘဲလိုေတာ့တယ္ ေဂ်ာင္ဂုေရ။

ဆိုၿပီးေတြးကာ ျပတင္းေပါက္အျပင္ကိုၾကည့္လိုက္တယ္။ ေၾသာ္ေန႕လယ္ေတာင္ေရာက္ေနၿပီပဲ.....

_____________________________________

(ေသနတ္ေတြလာေတာ့မယ္ေနာ္....love you all ပါ😍😍ကိုယ္ကေတာ့ up ေပးလိုက္ၿပီေနာ္ voteေပးဖို႔က ဒါဒါတို႔တာဝန္ပါ

There are no comments yet. Log in to be the first to leave a review!

Similar stories