Fanfics

အပိုင်း၇

04:19, 24 April 2024

အပိုင်း၇

"မာ ...မာမီ"

"အင်း ဖယ်နေ"

" ဟင် ဘာလုပ်မလို့လဲ"

"ဝင်မလို့လေ ညကဘာလို့အိမ်ပြန်မလာတာလည်းမာမီဘယ်လောက်တောင်စိတ်ပူနေသလဲသိရဲ့လား။ "

"အာ နေဦးမာမီ မဝင်နဲ့"

မောင့်ကိုပြောရင်းဖြင့် တံခါးဖွင့်ကာဝင်သွားသောမာမီကြောင့်အမြန်တားသော်လည်း ဒယ်ဒီမှလက်မောင်မှဆွဲးလိုက်တော့သည်။ ဂွမ်းကုန်တော့မှာဘဲကွာ။

"ဒယ်ဒီလွှတ်"

"ဘာဖြစ်လို့လည်း မင်းဘာတွေဖွတ်ထားလို့လည်း "

မောင့်ကိုပုခံုးမှဖက်ကာ သူငယ်လိုပြောနေသည့်ဒယ်ဒီ့ကြောင့်အရင်ကဆိုပြန်နောက်မိမှာမှန်ပေမဲ့အခုဟာက။

"ဘာလဲ တိတ်တိတ်ပုန်းမိန်းမတွေဘာတွေဖွတ်တထားတာလား။ "

"ဟုတ်တယ်"

"ဟမ်"

ဒယ်ဒီမှစနောက်ကာပြောလိုက်သော်လည်းအတည်ကြီးဟုတ်နေတာကြောင့်အမှန်အတိုင်းသာပြောလိုက်မိသည်။ မောင့်မိဘတွေနဲ့မောင်ဟာသူငယ်ချင်းလိုပေါင်းကြခြင်းပင်။ ကြောင်အနေသော ဒယ်ဒီနှင့် ဒယ်ဒီ့လက်မှရုန်းကန်နေသောမောင်တို့ကြောင့် အိမ်ထဲသို့လွယ်လွယ်နဲ့မရောက် မာမီကရှေ့မှဝင်သွားလေသည်။

"မြတ်ထိုက်မောင် !!! "

အိပ်ခန်းထဲမှမာမီံအော်သံကြောင့် ဒယ်ဒီရောမောင်ရောတယောက်မျက်နှာတယောက်ကြည့်ကာ အမြန်ပြေးသွားကြသည်။ ထိုအခါမြင်သွားရတာက။ မာမီက စောင်ကြီးပွေ့ထားလျက်် ကုတင်ပေါ်မှြကွေးကွေးလေးအိပ်နေတဲ့ အန်တီ့ကိုကြောင်အစွာကြည့်နေခဲ့သည်။ မာမီ့အော်သံမှာအတော်ကျယ်သော်ငြား ပင်ပန်းနေသည့် အန်တီဟာမနိုးပေ။ မောင့်ရှပ်အကျီမှကြီးတာကြောင့် ခန္ဓာကိုယ်ကိုသေချာမမြင်ရသော်ငြား ပေါင်တံဖွေဖွေးလေးမှာထင်းလင်းလို့ပင်။ မောင်ပေးထားသည့် မာကင်ရာများမှြလည်းဟိုတကွက်ဒိတကွက်။ဒယ်ဒီဟာချက်ချင်း မျက်နှြကိုဘေးလှည့်လိုက်သည်။

"မာမီ လာခဲ့"

မာမီ့ကိုလက်မှဆွဲကာ ဧည့်ခန်းတွင်ပြန်ထိုင်ခိုင်းလိုက်ကာ အန်တီ့ကို စောင်သေချာပြန််ခြုံပေးပြီးနောက်အခန်းတံခါးကိုသေချာပြန်ပိတ်ပေးထားလိုက်သည်။ ဧည့်ခန်းထဲပြန်ရောက်သည်နှင့်မာမီဟာ အံံ့သြနေသေးဟန်ဖြင် ငုတ်တုတ်ကလေးထိုင်နေသည်။ မောင်လည်းမာမီတို့ရှေ့တွင်ဝင်ထိုင်လိုက်မိသည်။

"သမီးငယ်"

"ဟုတ်"

"အဲ့ ...အဲ့တာ မမခ မဟုတ်လား"

တုန်ရီနေတဲ့မာမီ့အသံမှာရီချင်စဖွယ်။ ရီချင်တဲ့စိတ်ကိုထိန်းထားရသည်။ မာမီ့ပံုမှာအတော်အံ့သြနေပံုရှိသည်။

"ဟုတ်"

"ဘုရား ဘုရား ဘယ်လိုတွေတောင် ...ကိုကိုဘယ်လိုလုပ်ကြမလဲဟင်"

မျက်ရည်လေးများဝဲလျက်တော်တော်ပင်လန့်နေဟန်တူသည်။ ထို့နောက်ဒယ်ဒီ့ဘက်လှည့်ကာ ငိုချတော့မလိုမေးနေလေသည်။

"မြတ်ထိုက်မောင်"

"ဟုတ်ကဲ့ဒယ်ဒီ"

"ရှင်းပြစမ်းပါဦး"

မာမီ့ကိုရင်ခွင်ထဲထည့်ကာနှစ်သိပ်လျက်ဖြင့် မောင့်ကိုမေးလာခဲ့သည်။

"အဲ့တာ အန်တီဆေးခတ်ခံရတာ ဒယ်ဒီ "

"ဘယ်လို ဘယ်ကောင်လဲ မခကိုဆေးခတ်ကာ။ "

သူ့သူငယ်ချင်းကိုဆေးခတ်တယ််ဆိုလို့ ဒယ်ဒီဟာဒေါသအလွန်ထွက်သွားဟန်ဖြင့် မျက်နှာမှာရဲရဲနီသွားခဲံသည်။ မောင်လည်းညကအကြောင်းစဥ်းစားမိစသည်နှင့်ပြန်လည်ဒေါသထွက်လာမီသည်။

"အဲ့ကောင်က စည်သူအနုပညာကုမ္မဏီရဲ့ ဘော့ဘဲဒယ်ဒီ။ "

"စည်သူဝင်းပြောတာလား။ "

"အင်းဟုတ်တယ်။ "

"အဲံကောင် ငယ်ငယ်လေးထဲက မခကိုကြိုက်နေတာ မရလို့အခုလိုမကောင်းကြံတာရှိမှာ တောက်"

"ဟမ် ရိုက်သတ်ပစ်ချင်စရာ အဲ့ကောင််ကို မောင်ရှင်းမယ်ဒယ်ဒီကနောက်ကပြဿနာလေးတွေဘဲရှင်း"

"ကောင်းပြီ"

သားအဖနှစ်ယောက်လံုးရဲ့မျက်လံုးထဲမှာမကောင်းတဲ့အငွေ့အသက်များထွက်ပေါ်လာသည်။ ဒါကိုရင်ခွင်ထဲရှိအမျိုးသမီးမှာမမြင်လိုက်ပေ။

"နေ.... နေပါဦး။ မမခကဆေးခတ်ခံရတာကို သမီးကအခွင့်ရေးယူလိုက်တာလား။ "

"ဟင့်အင်မဟုတ်ပါဘူး မောင်ကကူညီပေးတာ။ "

"အော် တော်ပါသေးရဲ့မမခကိုသာအခွင့်ရေးယူရင်မာမီခွင့်မလွှတ်ဘူးနော်။ "

"အင်းပါမာမီရဲ့မောင်အန်တီ့ကို လက်ထပ်မှာပါ။ "

"ဒါပေမဲ့ဘယ်လိုလုပ်မလဲ မမခက LGBT လက်မခံဘူးမလား။ "

"အဲ့တာကို့တာဝန်ထား။ "

"ဒယ်ဒီ့မှာထိုသို့ပြောကာဖုန်းထုပ်၍ တယောက်ကိုခေါ်လိုက်၏။ "

"ဟယ်လို အေးငါပါ လွင်ဟိန်းမောင်"

"......"

"နင့်အကူအညီီလိုလို့ မခနဲ့ဆိုင်တယ်။ "

"....."

"အေး "

"အခန်းနံပတ်ကဘယ်လောက်လဲ သမီး"

ဖုန်းကိုလက်တဖက်ဖြင့်အုပ်ကာ မေးလာတဲ့ ဒယ်ဒီကြောင့် လက်ဟန်ဖြင့်ပြောပြလိုက်သည်။ ထိုအခါလက်ကိုokံုစံလုပ်ပြကာ ဆက်ပြောနေ၏။ မာမီတို့ရောက်လာတာတမျိုးတော့ကောင်းသား ဟီး မောင်စိတ်ရှုပ်နေတဲ့ကိစ္စကခါထဲအဆင်ပြေသွားပြီ။

"အေး ငါစောင့်နေမယ်။ "

"ဘယ်သူလဲဒယ်ဒီ"

ဖုန်းချသွားတာနဲ့ ချက်ချင်းမေးလိုက်တော့ ဒယ်ဒီဟာ လျို့ဝှတ်စွာပြုံးလိုက်ပြီးဘားမပြောတော့ပေ။

ချိန်အတော်ကြာစောင့်ပြီးတော့တံခါးခေါက်သံကြားရတာကြောင့် မောင်အပြေးလေးသွားဖွင့်မိသည်။ ထိုအခါတံခါးရှေ့မှာရပ်နေသောလုပ်ငန််းသံုးရှပ်အပြည့်အစံုဝတ်ထားသော မာမီ့အရွယ်အမျိုးသမီးတစ်ဦးနှင့် သူ့နောက်တွင် မြန်မာဝတ်စံုအပန်းရောင်လေးဝတ်ထားသောလှပသည့်အမျိုးသမီးတစ်ဦး။ နေပါဦးမောင်သူ့ကိုမြင်ဖူးသလိုဘဲ။ မြင်ဖူးသလိုရှိတာကြောင့် သေချာစူးစိုက်စွာကြည့်မိသည်။ ထိုအခါမောင့်ကိုပြန််ကြည့်ကာပြုံးပြလာတဲ့ အမျိုးသမီးရဲံအပြုံးက ဘာနဲ့တူလဲဆို ညကအန်တီရဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ပံုစံနှင့်ခတ်ဆင်ဆင်ပင်။

"ဖယ််နေ "

ထိုအမျိုးသမီးကိုငေးကြည့်နေမိခြင်းဖြင့် ရှေ့ကလူကိုမေ့သွားကာ အေးစက်စက်ဖြင့်ရန်လိုသည့်အသံကိုကြားမှသတိထားမိကာအကြည့်လွှဲလိုက်မိသည်။

"ခင်များက ဘယ်သူမလို့လဲ ဘာကိစ္စဖယ်ပေးရမှာလည်း"

မောင့်ကိုအခုလိုဗလိုင်းကြီး၇န်လာရှာလို့ဘယ်ရမလဲ။ မြတ်ထိုက်မောင်ကွ။ တမောင်ထဲရှိတယ်။

"မောင် ကလေးနဲ့တုပြီး"

ရှေ့ရှိကိုယ့်ကိုပြန်ရန်စွာနေသော ကလေးမကြောင့် ဒေါသထွက်ကာ ရန််ဖြစ်ဖို့ပြင်လိုက်သော်လည်း လက်မောင်းမှဆွဲကာ ရီချင်စိတ်ကိုထိန်းထားဟန်ဖြင့်ကြည့်လာသော မမကြောင့် ထိန်းထားလိုက်ရသည်။ သောက်ကလေးမမကြောင့် နင်လွတ်သွားတယ်မှတ်။

"ဒီကသမီး အန်တီတို့က ဦးလွင်ဟိန်းမောင်ဖိတ်ထားတာပါ။ "

မောင့်ကိုပြုံး၍ အသာအကြည်ပြောလာသည့်အမျိုးသမီးကြောင့်သာမောင်ခွင့်လွှတ်ပေးလိုက်သည်။

ဟက် ဒီကအန်တီချောချောပြောလို့ခွင့်လွှတ်ပေးတယ်မှတ် ဆိုတဲ့အကြည့်မျိုးဖြင့် မောင့်ကိုကြည့်ကာ တံခါးဖွင့်ပေးလာတာကြောင့် နွယ်အားရပါးရီလိုက်မိသည်ႏချစ်စရာမကောင်းပေဘူးလား။

"နွယ် ရောက်လာပြီလား။ "

"အင်း ဘာကိစ္စလည်း အရေးတကြီးကြီး"

"အဲ့တာက .....နင့်ဘာနင်အခန်းထဲဝင်ကြည့်ချေ။ "

လွင်ဟိန်းမောင်မှာပြောရခက်နေဟန််ဖြင့် အိပ်ခန််းဖြစ်ဟန်တူသောအခန်းဆီသို့ ညွှန်ပြတာကြောင့် နွယ်သွားကြည့်ရန််ပြင်လိုက်သည်။ ထိုအခါရှေ့မှအမြန်လှမ်းတားလာတဲ့ ဟိုကလေးကြောင့် ယိုင်နဲ့သွားမိသည်အထိပင်။

"အယ်"

"မ .... သောက်ကလေးမင်းဘယ်လိုလုပ်လိုက်တာလဲ။ မ သာတခုခုဖြစ်သွားရင် မင်းသေသွားမယ်။ "

နွယ့်ကိုအမြန်ထိန်းကိုင်လိုက်ကာ ဟိုကလေးကိုရန်ရှာနေတဲ့မောင်ကြောင့် ခေါင်းကိုသာခါယမ်းလိုက်မိသည်။ နောက်တခါကိုယ်ဝန်ရှိကတည်းက မောင်ဟာသဲသဲလှုပ်နေခြင်းပင်။

"တော်.... တို့ဘားမဖြစ်တာကို"

နွယ်ပြောသော်လည်း ဟိုကလေးကို မျက်စောင်းလှမ်းထိုးနေသေးသည့်မောင်မှာကလေးတယောက်လိုပင်။

"ဒယ်ဒီ အန်တီ့ကိုဘာကြောင့်ကြည့်ခိုင်းတာလဲ"

မာမီမြင်လိုက်တာကိုတောင်မောင်သဝန်တိုပါတယ်ဆို အခုဟာက ဘယ်သူမှန်းမသိတဲ့လူကိုမောင်က ဘာကိစ္စကြည့်ခိုင်းရမှာလဲ။မောင့်ကို မျက်စောင်ထိုးနေသော ကိုလည်းလျစ်လျုရှုထားလိုက်သည်။ ရန်ဖြစ်ချင်နေတာလားခင်များက။

"ကယ် မြတ်ထိုက်မောင်ရယ် နွယ်ကအခြားသူမဟုတ်ဘူး။ မခရဲ့ညီမ။ "

"ဟုတ်ရဲ့ တို့က မမရဲ့တစ်ဦးတည်းသော အမွှာညီမ ပန်းသခင်နွယ်ပါရှင့်။ "

နွယ်ပြောလိုက်တော့မှအားနာသွားဟန်ဖြင့် ပြုံးပြကာလမ်းဖယ်ပေးလေသည်။

အန်တီ့ညီမတဲ့လား။ အဲ့တာကြောင့် အန်တီနဲ့ဆင်ပါတယ်လို့ တွေးနေမိတာကို။ အာ မေ့နေတာ ဟိုတခါကဆေးရုံမှာတွေ့လိုက်သေးတာဘဲ။

အခန်းထဲဝင်သွားပြီးမကြာပါပြန်ထွက်လာသည့် အမျိုးသမီးရဲ့မျက်နှာဟာ ပျောရွှင်နေဟန်မှာမဖံုးနိုင်မဖိနိုင်ပင်။ ထို့ကြောင့်မောင်ကြောင်သွားမိသည်။ ကိုယ့်အမကိုယ်အခြားသူတယောက်ရဲ့ကုတင်ပေါ်မှာမာကင်ရာတွေနဲ့အိပ်ပျော်နေတာသူကပျော်နေသတဲ့။

"ဆေးခတ်ခံရတာ"

ထိုအမျီုးသမီးအနားရောက်လာသည်နှင့်ဒယ်ဒီဟာ အစမရှိအဆံုးမရှိပြောလိုက်တာကြောင့် မောင်ပင်ကြောင်အသွားမိသည်။ အဲ့လိုကြိးရှင်းပြတော့ ဘယ်သူကနားလည်မှာလဲ။ သို့သော်ထိုအန်တီပြန်ပြောလိုက်တာကြောင့် မောင်အံံ့သြမိသည်။

"သိပြီ။ မမကိုလက်ထပ်ဖို့ကိစ္စတို့တာဝန်သာထားလိုက်။ ဂုဏ်ယူပါတယ်ကလေး။ တို့မမ ဖြောင့်ကြီးကို ဂေးအောင််စွမ်းဆောင်နိုင်တာ။ "

"အန်.... အန်တီကမဂေးသေးပါဘူး"

"ခိခိ မဂေးသေးပေမဲ့ဂေးတော့မယ်လေကွာ။ ဘယ်လောက်ဘဲဆေးခတ်ခံရတယ်ပြောပြောတို့ မမက မိန်ကလေးတယောက်နဲ့ဆက်ဆံလိမ့်မယ်လို့မင်းထင်လို့လား။ "

မျက်ခံုးတဖက်ပင့်ကာပြောလာသည့်ထိုအန်တီကြောင့် မောင့်မှာဘာပြောရမလဲမသိတော့။ အဲ့တာသာတကယ်ဆိုရင်မောင်ဝမ်းသာရမှာမဟုတ်လား။

ဒယ်ဒီနှင့်ဆွေးနွေးစရာရှိတာဆွေးနွေးပြီးနောက် ထိုအန်တီတို့ဟာပြန််သွားကြကာ မောင်တို့မိသားစုသာကျန်ခဲ့သည်။ ထိုအခါမှသာမေးချင်တဲ့မေးခွန်းတွေကိုတန်းဆီမေးတော့သည်။

"ဒယ်ဒီ အဲ့အန်တီက ဘားမှေချာမပြောဲဘယ်လိုနားလည်သလဲ။ ပြီးတော့ အန်တီနှင့်လက်ထပ်ဖို့ကိုပြောလို့ရပါ့မလား။ "

"အင်း ပြောမယ်ဆိုရင်် နွယ်ကသိပ်ကိုဥာဏ်ကောင်းတယ်သမီး၊ မခထက်တောင်ဥာဏ်ကောင်းတယ်။ အခုလိုနည်းနည်းလေးပြောလိုက်တာနဲ့အခန်းထဲမှှာသူမြင်ခဲ့ရတာတွေနဲ့ဆက်စပ်ပြီးတော့သူသိသွားနိုင်တယ်။ ပြီးတော့ လက်ထပ်ဖို့ပြောလို့ရလားဆိုရင် မှာပါ။ ဘာလို့လဲဆိုရင် သူတို့ကအမွှာတွေကြောင့် သူမိဘတွေဆံုးတဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက်ရဲ့အုပ်ထိန်းသူဖြစ်ခွင့်ပေးခဲ့တာ။ နွယ့်ရဲ့ဘဝတွေကို မခကဝင်စွတ်ဖက်လို့ရသလို မခရဲ့ဘဝကိုလည်းနွယ်ကဝင်စွတ်ဖက်လို့ရတယ်။ "

အများကြီးပြောပြီးနောက်မောသွားဟန်ဖြင့် မာမီဖျော်ပေးထားသောက်ဖက်ရည်ကိုအကုန်မော့သောက်လိုက်ပြီးနောက် ထကာပြန််ရန်ပြင်ကြတော့သည်။

"သမီးငယ် မမခနိုးလာတဲ့အထိစောင့်ဦးနော် ဘယ်မှလျှောက်မသွားနဲ့။ "

"ဟုတ်ကဲ့ပါ။ မာမီတို့သာအလုပ်ကိုစိတ်ဖြောင့်ဖြောင့်နဲ့သွား။ "

မာမီတို့ပြန််သွားသည်နှင့် တံခါးးကိူသေချာပိတ်ပြီး ဦးတည်ရာက အန်တီအိပ်နေတဲ့အခန်းဆီ။ အူမြူနေတာကြောင့် လမ်းလျောက်တာပင် ခံုစွခုံစွဖြစ်နေမိသည််။ အန်တီကမောင့်အပိုင်ဖြစ်ပြီ။ ဒေါ်မာနကြီးကမောင့်အပိုင်၊ ဆေးရုံအုပ််ကြီးကမောင့်အပိုင်ဖြစ်လာပြီ ဟား။

အခန်းထဲဝင်လိုက်သည်နှင့် ကွေးနေအောင်အိပ်နေတာတဲ့အန်တီ့ကိုမြင်ရသည်။ထိုနောက်မောင်အနားသို့လျှောက်သွားကာ ဘေးတွင်ထိုင်လိုက်သည် သို့သော် အန်တီမှာမနိုးပေ။တဖက်စောင်းကာအိပ်နေတာကြောင့် ပါးဖောင်းဖောင်းလေးကိုမြင်မြင်ရသည်မှာ အသဲယားစရာ။ကြည်လင်နေသည့်မျက်နှာလေးမှာ မောင့်ကိုအမြဲရန်ရှာနေသည့်ပုံစံနှင့်ဆန့်ကျင်စွာ အေးချမ်းနေသည်။

"ဟက် ခင်များကြီးမုန်းတဲ့ ဒီကောင်က အခုတော့ခင်များယောက်ျားဖြစ်တော့မှာသိလား။" ပါးလေးကိုခပ်ဖွဖွညှစ်ကာပြောတော့ မျက်မှောင်လေးအနည်းငယ်ကျုပ်သွားသည်မှာချစ်စဖွယ်။နာဖူးလေးကိုမြတ်နိုးစွာ နမ်းရှိုက်လိုက်ပြီး။ထိုအမျိုးသမိးကြီးကိုပြုံးကာကြည့်နေမိသည်။ချစ်လိုက်တာနော် ဘယ်အချိန်ကချစ်မိသွားမှန်းမသိပေမဲ့ တော်တော်ကြီးကိုချစ်မိသွားတာ။

________

နောက်တပိုင်းက 🌚

There are no comments yet. Log in to be the first to leave a review!

More by myat-lay-nge06

Similar stories