Fanfics

အပိုင်း၁

05:20, 9 April 2024

အပိုင်း၁

" ဒေါက် ဒေါက် ဒေါက် "

ဖြူဖွေးနေသည့် တမံတလင်းပြင်ပေါ်တွင် တစ်ဒေါက်ဒေါက်နဲ့ကြားရသော ဒေါက်ဖိနပ်လျှောက်သံမှ လွဲ၍ ကျန်တဲ့အသံမှာ ဘာသံမကြားရအောင် တိတ်ဆိတ်နေသည်။ ထိုဒေါက်ဖိနပ်ပိုင်ရှင် အမျိုးသမီးမှာ မြင်သူများလည်ပြန်ငေးရလောက်အောင်လှပ၏။ခန္ဓာကိုယ်အချိုအစားမှာပြည့်စုံလှကာ တည်တင်းနေသည့် နှုတ်ခမ်းရဲရဲတို့ကြောင့် အရှိန်အဝါတို့မှာ ကြောက်စရာပင်။

" မမခ "

အနောက်ဘက်မှ ခေါ်သံကြောင့် ရပ်သွားသော ခြေလှမ်းများနှင့် လှည့်ကြည့်လာသည့်မျက်ဝန်းတို့မှာစူးရှကာထက်မြက်သည့်ဟန်ပေါ်လွင်နေသည်။

" အို့ ထိုက်ပါလား။နေမကောင်းလို့လား။ "

အသံမှာလည်း ကြည်လင်နေကာ ချိုသာသည်လည်းမဟုတ် ကြမ်းရှနေသည်လည်းမဟုတ် နားဝင်ချိုလှပြန်သည်။

" ဟုတ်တယ် သမီးလေ နေမကောင်းဖြစ်နေလို့ "

" ဟုတ်လား။ဘာဖြစ်တာတဲ့လည်း တို့လိုက်ကြည့်ပေးမယ် "

" ဟုတ်ကဲ့ ကျေးဇူးပါ မမခ "

" တို့တွေကြားမှာအဲ့လို‌လောကဝတ်တွေလိုလို့လားကွာ "

ပြောလည်းပြောကာ နှုတ်ခမ်းကိုစေ့ကာပြုံးလိုက်သည်။အမျိုးသမီးမှာ မိန်းကလေးချင်းချင်းပင်ငေးမောကြည့်မိသည်အထိပင် လှပလွန်း၏။

" ဟိတ် သွားမယ်လေ "

မမခကိုဘယ်လောက်တောင်ငေးနေမိသလဲမသိတော့ ရှေ့ကထွက်သွားကာ တော်တော်ဝေးဝေးရောက်မှပြန်လှည့်အော်မှသတိဝင်မိသည်။ မမခ ဆိုတာက ကိုကို့ရဲ့ကျောင်းနေဘက်သူငယ်ချင်း မိုးမခမေတဲ့။ မေအခရာ ဆေးရုံကြီးရဲ့ဆေးရုံအုပ်ကြီးပေါ့။အသက်က ၄၂ရှိပြီလို့သာပြောတာ ထိုက်ထက်ပင် နုသေးသည်။လှတာကလည်းမပြောနဲ့ ခုနကထိုက်ငေးကြည့်မိတာကိုသာ ကြည့်။ထိုက်လည်း မလှဘူးလားဆိုလှပါတယ်။အမ် လှတယ်ဆိုတာထက်ချစ်ဖို့ကောင်းတဲ့ဘက်ပိုရောက်တယ်ပြောရမှာမှာပေါ့။ထိုက်က မမခလို လှချင်တာလေ။

" ကလေးက ဘာဖြစ်တာလဲ "

" ရှ...ရှင် "

သမီးငယ်ကို ဆေးရုံအပေါ်ဆုံးထပ်ရှိ VIP room တွင်ထားတာကြောင့် အခုမှရောက်တဲ့ မမခကြောင့် ဓာတ်လှေကားစီးကြရသေးသည်။ဓာတ်လှေကားထဲတွင် မမခနှင့် ထိုက်နှစ်ယောက်သာရှိသောကြာင့် ရှိန်မိတာအမှန်။မမခရဲ့ အရှိန်အဝါကနည်းမှမနည်းပါဘဲ။ရုတ်တရက်ခေါ်လိုက်တဲ့ မမခကြောင့် အသံတွေပင်တုန်သွားမိသည်။

" အဟင်း တို့ကအဲ့လောက်ကြောက်စရာကောင်းလားကွယ် "

ကျွန်မပြောတော့ ခေါင်းကို ယောင်ယမ်းကာတစ်ဆတ်ဆတ်ငြိမ့်လိုက်ပြီးနောက် ချက်ချင်းခါယမ်းပြသည့် ထိုက်ထိုက်စံပုံစံမှာချစ်စရာ။အဲ့လိုညီမလေးတစ်ယောက်တော့ ရချင်သေးတယ် အိမ်ကညီမနဲ့တော့ကွာပါ့ပေ။

" အဟင်း တို့မေးတာက ကလေးကဘာဖြစ်တာလဲလို့ "

" အာ...အာ သမီးငယ်ကလား။ သမီးငယ်က ...သမီးငယ်က "

ထိုက်ဘယ်လိုပြန်ဖြေရမလဲမသိတော့ အရက်အသောက်လွန်းတာကြောင့် ဆေးရုံတက်ရခြင်းလို့ပြောရင် သေချာပေါက် မမခက ထိုက်ကို ဆူလိုက်မည်။

သမီးငယ်က မတက်သော ထိုက်ထိုက်စံကို ကြည့်ကာ ကျွန်မမျက်လုံးများကိုမှေးကျင်းလိုက်မိသည်။တစ်ခုခုတော့ တစ်ခုခုပဲ ။ထိုက် နေရခက်မည်ဆိုးသောကြောင့် ဘားမမေးတော့ဘဲ ထားလိုက်သည်။ဓာတ်လှေကားတံခါးပွင့်သွားသည်နှင့် ပြေးထွက်သွားသော ထိုက်ကြောင့် ကျွန်မပြုံးမိပြန်သည်။ လွင်ဟိန်းမောင်တို့ကတော့ ကလေးနှစ်ယောက်ထိန်းနေရမှာဘဲ။

" မသောက်ချင်ဘူးပြောနေတာ လူလိုနားမလည်ဘူးလား !!! "

" ခွမ်း "

တံခါးဖွင့်လိုက်သည်နှင့် ကြားလိုက်ရသော မိန်းကလေးတစ်ယောက်ရဲ့အောရှရှအသံနှင့်အတူ တစ်ခုခုကျကွဲတဲ့အသံ။ထိုအသံကြောင့်ထိုက်ဟာ အခန်းထဲသို့အမြန်ပြေးဝင်သွားတော့သည်။

" သမီးငယ် ဘာဖြစ်လို့လဲ မေမေ့ကိုပြော နေမကောင်းတာကို ဒေါသမထွက်နဲ့ကွယ် "

" ဘာဖြစ်ရမှာလဲ မာမီရာ အဲ့ဟာတွေကိုကြည့်ဦးလေ ပိုက်ဆံပေးထားရတာကို မသိရင် သူတို့လုပ်စာထိုင်စားနေရတဲ့ရုပ်နဲ့ မစားရင်ဘာလုပ်မယ်လေးညာလုပ်မယ်လေးနဲ့ မောင့်ကိုလာခြိန်းခြောက်နေတာ "

ပြောရင်းဖြင့်ဒေါသထွက်လာဟန်နှင့် ဆေးချိတ်ထားသော စင်ကို ဆွဲယမ်းပစ်လိုက်သော မိန်းကလေးကြောင့် ကျွန်မ မျက်ခုံးများဟာ အလိုမကျစွာတွန့်ကွေးသွားမိသည်။

" တော်စမ်း !!! "

" ဘာ‌ေစာက်‌ေကြာင်းနဲ့တော်ရမှာ "

မောင်ကိုအော်လာတာကြောင့် ဒေါသနဲ့အတူပြန်အော်ရင်းလှည့်ကြည့်လိုက်ရာ မြင်လိုက်ရတဲ့ သူကြောင့် ဒေါသများဟာကြက်ပျောက်ငှက်ပျောက်ပင်။မျက်နှာတစ်ခုလုံးနီရဲနေကာ မြန်မာဝတ်စုံ။ခရမ်းရောင်ဖြင့် ချပ်ရပ်နေပြီး အကွေ့အကောက် အမို့အမောက်များဖြင့်ပြည့်စုံသော ထိုအမျိုးသမီးမှာ ဆွဲလမ်းစရာ။

" တောက် ထိုက်ထိုက်စံ မင်းတို့ကလေးကို ဘယ်လိုပုံစံနဲ့ဆုံးမထားတာလဲ !!! "

မမခရဲ့အော်သံကြောင့် ထိုက်ကိုယ်လေးမှာတွန့်သွားကာ မျက်နှာကို ကြမ်းပြင်ဆီသို့သာ ပို့ထားမိသည်။

" မာမီ့ကို မအော်ပါနဲ့ အန်တီချောချောရယ် မောင့်ကို ပဲအော်လာပါ ဟီး "

ခုနကဒေါသထွက်နေသည့်ပုံစံနှင့်မတူ မချိုမချဉ်ရုပ်ဖြင့်ပြောလာသော မောင့်စကားကြောင့် မာမီမှာ မောင့်ကို အံ့ဩစွာမော့ကြည့်လာသည်။ခုနကအရစ်ခံနေရသော သူနာပြုမလေးမှာ ပြုတ်ကျသွားသော ဆန်ပြုတ်ခွက်ကိုသိမ်းနေရင်းဖြင့် မျက်လုံးများပြူးကျယ်ကာ ကြည့်လာခဲ့သည်။ထိုအမျိုးသမိးမှာတော့ ပို၍ ဒေါသထွက်သွားဟန်ဖြင့် မျက်မှာတစ်ခုလုံးခရမ်းချဉ်သီးလိုရဲစုတ်နေသည်မှာ ချစ်စရာကြီးဗျာ..။ချစ်ချင်စရာကြီး ။

" တောက် ဘယ်လိုကလေးမှန်းမသိဘူး "

" ဟီး အန်တီကိုချစ်မဲ့ကလေး "

" ဘာ !!! "

" တော် ..တော်ပြီ သမီးငယ် မမခ ထိုက်တောင်းပန်ပါတယ် "

မာမီ့အပြောကြောင့် စိတ်ရှော့လိုက်ဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သော်ငြားကြည့်လာသည့်အကြည့်တို့မှာ စူးရှကာရန်လိုနေသေးသည်။ဒေါသထွက်နေတာတောင်လှရက်တဲ့အမျိုးသမီးပါလေ။ထို့နောက် ကိုယ့်ဘေးက ခုံမှာဝင်ထိုင်လာသောကြောင့် ကိုယ်သင်းနံ့မွှေးမွှေးကို လည်းရသည်။တနေ့တော့ အဲ့အနံ့ထွက်တဲ့အသားအရည်ကို နမ်းကြည့်စမ်းဦးမည် ဟုစိတ်ထဲမှတေးမှတ်ထားလိုက်သည်။

" ဘာဖြစ်တာလဲ "

" ရှင် "

" ဗျာ "

ရှင်ဟူသော ထိုက်ရဲ့ထူးသံနှင့်အတူ ဗျာ ဟူသောအသံထွက်ပေါ်လာသည့် ကြောင့် ထိုကလေးမကိုကြည့်ကာ ကျွန်မ မတည့်ချင်တော့ မိန်းကလေးက မိန်းကလေးလိုမနေပါပဲ ယောကျာ်းလေးလိုတဗျာ ဗျာနဲ့ဖြစ်နေတတ်တဲ့ခုခေတ်ကလေးတွေ ကို မုန်းပါရဲ့။

ကိုယ်ထူးလိုက်တော့ မျက်မှောင်ကျုံ့ကာ ကြည့်လာတဲ့အမျိုးသမီးမှာ ဘာကို စိတ်အလိုမကျဖြစ်မှန်းမသိပေမဲ့ လှနေပြန်သည်။

" ဟို...သမီးငယ်က ..ဟို "

" မောင် ညက ဆိုင်ထိုင်တာ နည်းနည်းများသွားလို့ပါ အန်တီ "

" ဘယ်လို ! "

ဖြေရခက်နေသောမေမေကြောင့် ‌ကိုယ်ဝင်ဖြေလိုက်တော့ ထိုင်နေရင်းမှထကာ အခုချက်ချင်းပင် ‌ကိုယ့်ကိုထရိုက်တော့ မလိုဖြစ်နေသော အမျိုးသမီးကို ကြည့်ကာ ကိုယ်သဘောအကျကြီးကျနေမိသည်။ဘယ်လိုနေနေကို လှလွန်းတဲ့ မိန်းမပါလေ။

" ထိုက်ထိုက်စံအပြင်ခနထွက်ပေး "

မမခအပြောကြောင့် ထိုက်တွန့်သွားသည်။သွားလဲမသွားချင် မသွားပဲလဲမနေရဲ။

မသွားချင်သွားချင်ဖြင့်ကိုယ့်ကို လှည့်ကြည့်လှည့်ကြည့်လုပ်နေသော မာမီ့ကိုကြည့်ကာ ကိုယ်ရီမိသည်။ကိုယ့်မာမီကချစ်ဖို့ကောင်းလွန်းတယ်မဟုတ်ပါလား။ ကိုယ်ကတော့ အဖေနဲ့တူတာဆိုတော့ ချောတာပေါ့ အယ့်လယ့်။

" ဟီး ဘယ်လိုလဲ မောင်ချောလို့လားအန်တီ "

မာမီထွက်သွားသည်နှင့် ကိုယ့်ကို စူးစိုက်ကာ ကြည့်နေသည့်အန်တီကြောင့် မျက်နှာပြောင်လိုက်မိသည်။ထိုအခါ ‌ဒေါက်ကနဲမည်အောက် ခေါင်းခေါက်ခံထိလိုက်တော့၏။

" အ လား လား သေပါပြီ အန်တီရာ အားကြီးနဲ့ "

" သေလေ မိန်းကလေး ဖြစ်ပြီး အိန္ဒြေရရနေမယ်မရှိဘူး ပြောင်စပ်စပ်နဲ့ ယောက်ျားလိုလို မိန်းမလိုလို ၊ မိန်းကလေးတစ်ယောက်က ဆိုင်ထိုင်သင့်သလား ဟမ်း မင်းအသက် က၂၀ကျော်နေပြီ ဘာအလုပ်အကိုင်မှမရှိ မိဘလုပ်စာ ထိုင် အွန်း...."

ကိုယ့်ကို ပွစိပွစိပြောနေသော နှုတ်ခမ်းရဲရဲလေးကို ကြည့်ရင်းကြည့်ရင်းဖြင့်အသဲယားလာမိသည်။ထို့နောက်မထိန်းနိုင်စွာဖြင့် လည်ဂုတ်မှ လက်တစ်ဖက်ဖြင့်ဆွဲကာ နမ်းပလိုက်တော့ အသံတိတ်သွားသည်။ရုတ်တရက်မို့ကြောင်အသွားဟန်တူသည့် ထိုအမျိုးသမီးမှာ ကိုယ့်ကို တွန်းမထုပ်ပေ ထို့ကြောင့် မောင်လည်း လျှာ ဖျားလေးပါတိုးဝင်လိုက်တော့ သတိဝင်လာဟန်ဖြင့် အတင်းရုန်းကန်လာသည်။

" အွင်း...မင်း...ဟွင်း...."

ရုတ်တရက်နမ်းလိုက်သော ထိုကလေးကြောင့်ကျွန်မကြောင်အကာ အတော်အတန်ကြာသည်အထိရုန်းကန်ရန်မေ့နေခဲ့သည်။ထိုအခါ ကျွန်မအာခံတွက်းထဲသို့ ဝင်ရောက်လာသော လျှာ နွေးနွေးကြောင့် သတိဝင်ကာ အမြန်ရုန်း မိသော်လည်းမရ။ရင်ဘတ်ကို တဘုန်းဘုန်းထုသော်လည်းမလွှတ်။ထို့ကြောင့် နှုတ်ခမ်းကို ဖိကိုက်လိုက်ရာ တော်တော်နှင့်မလွှတ်သည်ကြောင့် ပေါက်သည်အထိဖိကိုက်ချလိုက်သည်။

" အ ကိုက်တယ် ဟ "

" တောက် ! မင်း အရိုင်းအစိုင်း "

" ဖြန်း "

ကိုယ်ဘာမှမတုန့်ပြန်သေးခင်မှာ ပဲပူထူသွားသော ပါးတစ်ဖက်နဲ့အတူ။လည်ထွက်သွားသောမျက်နှာ ။အားပါးပါး လက်သံပြောင်ချက်ကတော့ ခင်များတို့လာခံကြည့်ကြစမ်းပါဗျာ။သို့သော်လည်း မိမိနှုတ်ခမ်းမှာရနေတဲ့ စတော်ဘယ်ရီနံ့သင်းသင်းလေးနှင့် ထိုအမျိုးသမီးရဲ့ နီရဲရဲမျက်နှာကြောင့် ကိုယ့်မျက်နှာမှာ နာလိုနာရမယ်မှန်းမသိ စပ်ဖြီးဖြီးဖြင့်သာ။

ထို့နောက်စိတ်လျှောက်လိုက်ဟန်ဖြင့် သက်ပြင်းမှုတ်ထုပ်ကာ ကိုယ့်ကို စူးရဲစွာကြည့်ပြီးနောက် ထွက်သွားလေတော့သည်။နောက်ပိုင်းကနေတောင်သောက်ရမ်းလှတဲ့အမျိုးသမီးပါလေ။ထို့နောက် တံခါးဖွင့်သံနှင့်အတူ မာမီ့ရဲ့အထိပ်တလန့်အသံကိုကြားရ၏။

" အမေ့ "

ထိုက်တစ်ယောက် အပြင်မှာရပ်နေသော်လည်း သိပ်ပြီး ‌အဆင်မပြေ မမခနဲ့ သမီးငယ်အဆင်ပြေပါ့မလား။မမခက သမီးငယ်ကိုရိုက်များနေမလား။‌တံခါးဝတွင် ခေါက်တုန့်ခေါက်ပြန်လျှောက်ကာ စိတ်လှုပ်ရှားနေသော ထိုက်သို့ ဖြတ်သွားသော သူနာပြုမလေးတွေက အထူအဆန်းတဖွယ်ကြည့်ကြ၏။သို့သော်ထိုက်မရှက်အားပါလေ စိုးရိပ်စိတ်သာကြီးစိုးနေတယ်မဟုတ်ပါလား။

ကြားလို့ကြားရငြား အခန်းတံခါးဝတွင်နားကပ်ကာ နားထောင်ကြည့်မိသည်။မကြားရပါ Vip ခန်းတွေကအသံလုံတယ်လေ။သို့သော် လက်မလျှော့ပါပဲ နားထောင်နေမိရာ တံခါးကအတွင်းဘက်မှဖွင့်ရတာဖြစ်သောကြောင့် တံခါးပွင့်သွားသည်နှင့် ထိုက်ခန္ဓာကိုယ်မှာ ယိုင်နဲ့သွားသည်ကြောင့် အမုန်ထိန်းလိုက်ရသည်။

" မ..မမခ ဘာဖြစ်လို့ "

ထိုက်စကားပင်မဆုံးသေး ‌မျက်နှာတစ်ခုလုံးရဲရဲနီကာကြည့်လာသော မမခကြောင့် လည်ချောင်းဝမှာရပ်တန့်သွားမိသည်။ကြောက်စရာကောင်းလိုက်တာ မြတ်ထိုက်မောင်တို့က‌ေတာ့ဘာတွေသွားမွှေလိုက်ပြန်ပြီလဲအေ။

ထို့သို့တွေးကာ အခန်းထဲဝင်သွားတော့ နှုတ်ခမ်းထောင့်တွင် သွေးများဖြင့် ပြုံးရွှင်နေသော သမီးငယ်ကို ကြည့်ကာထိုက်ရင်ထဲထိပ်ခနဲ့ပင်။

" သမီးငယ် ဘာဖြစ်တာလဲ။ မမခက ရိုက်လိုက်တာလားဟင် "

" အ "

ကိုယ့် ပါးကို ခပ်ဖွဖွကိုင်ကာ နှုတ်ခမ်းကို လက်မဖြင့်အသာတို့‌မှသာ နာကျင်မှုကို ခံစားရကာအော်လိုက်မိသည်။

" ဘားမဖြစ်ပါဘူးမာမီရယ် "

" အို ဘာကို ဘာမှမဖြစ်ရမှာလဲ ‌နှုတ်ခမ်းမှာ သွေးတွေနဲ့ ဘူရားရေ !!! ပါးကလဲရဲနေတယ် "

ပြော‌ရင်းဖြင့် ကိုယ့်မျက်နှာတစ်ဖက်ခြမ်းကို မြင်ခါမှသာ ရဲနေသည်ကိုတွေ့သော မာမီ့စိုးရိပ်တကြီးပုံစံမှာ တစ်မျိုးချစ်စဖွယ်ကောင်းကာ ရင်ထဲကြည်းနူးမိ၏။သူ့မှာဒီလိုအရမ်းချစ်တတ်တဲ့အမေရှိတယ်လေ။

" ဆရာဝန် ခေါ်ရမယ် ခနလေးနော် သမီး မနာတော့ဘူး "

ချက်ချင်းထွက်သွားရန်ပြင်နေသော မာမီ့လက်ကို ဆွဲကာ တားလိုက်တော့ မျက်ရည်ဝိုင်းဝိုင်းဖြင့် ကိုယ့်ကို လှည့်ကြည့်လာ၏။

" မာမီ "

" ဟင် အင်းပြောလေ သမီးငယ် အရမ်းနာလို့လား ခနလေး "

" မဟုတ်ဘူးမာမီရာ မောင် ခုနကအမျိုးသမီးကို ချစ်လို့ "

" အင်းအင်း ချစ်လေ "

သမီးငယ်စကားကို သေချာမကြားလိုက်ကာ အလိုက်ထိုက်ပြန်ဖြေပြီးမှ သေချာပြန်ကြည့်လိုက်မိသည်။

" နေပါဦး မာမီနားကြားလွဲသလား သမီးငယ်ရယ် အဲ့လိုမနောက်ပါနဲ့ "

"မနောက်ပါဘူး မောင်အဲ့အန်တီကို တကယ်ချစ်မိသွားတာ"

ဟုတ်တယ် ခုနက အန်တီထွက်သွားတော့ တစ်ဒုန်းဒုန်းမြည်နေသော ရင်ဘတ်ကြီးကြောင့် ကိုယ့်ဘာကို သိလိုက်ခြင်းပင်။ ကိုယ်က မြင်မြင်ချင်းအချစ်တွေကိုယုံတယ်လေ။

" ဘုရားရေ "

သမီးငယ်အပြောကြောင့် ထိုက်လန့်ကာအော်လိုက်မိသည်။သူ့သမီးက ‌မိန်းကလေးချင်းချင်းချစ်တာကိုသိပါရဲ့၊တားလည်းတားမှာမဟုတ်ပါဘူး။ဒါပေမြဲ မမမ ကိုတဲ့လေ။

" သမီးငယ်ရယ် သေချာလို့လားကွယ် မမခက မာမီ့ထက်အသက်ကြီးတယ်နော် ပြီးတော့ ဆေးရုံအုပ်ကြီး သမီးက "

" ဟာ မာမီရာ မောင့်ကို အထင်သေးလို့ ‌"

" မဟုတ်ပါဘူးကွယ် မမခရဲ့ အရှိန်အဝါကနည်းမှမနည်းပဲကွယ့် မာမီဆို သူ့နားတောင်ကြာကြာမနေရဲ့ဘူး "

မာမီအပြောလည်း မှန်ပေမည် ထိုအမျိုးသမီးမှာ လှပလွန်းသည်ကို။

" မောင် ရအောင်လိုက်ပြမယ် "

" ဟော်တော် "

ထိုက်ထိုက်စံတစ်ယောက်တော့ ထိုသို့ ကိုယ့်ထက်အသက်ကြီးကာ တော်လွန်းထက်လွန်း၍ ရှိန်လောက်စရာအမျိုးသမီးကို ချွေးမတော်ရမည်တွေးလိုက်မိသည်နှင့်ကြက်သီးထမိသည်။

_____

ဒါလေးက Oc လာအပ်ထားတာလေး 🤭နောက်ပိုင်းတွေကျမှောင်မယ် 🌚🖤

100.5К1.1К0

There are no comments yet. Log in to be the first to leave a review!

More by myat-lay-nge06

Similar stories