Fanfics

Fasten 13

06:54, 29 January 2026

ကိုက်ခဲနေတဲ့ခေါင်းကြောင့် ဘယ်လိုမှကျိတ်မှိတ်ပြီးအိပ်မရတော့တာမို့ မျက်လုံးတွေမဖွင့်ချင်ဖွင့်ချင်နဲ့ဖွင့်လိုက်ရတယ်။ပက်လက်လှန်လျက်အိပ်နေရင်းမှ စိမ်းသက်နေတဲ့မျက်နှာကျက်အနက်ရောင်ကြောင့် အလန့်တကြားထထိုင်လိုက်မိတယ်။ကုတင်ပေါ်မှာသူတစ်ယောက်တည်းရှိနေပြီး ရင်းနှီးနေတဲ့အိပ်ယာကြောင့် ဟိုလူ့အခန်းမှန်းတန်းသိလိုက်တယ်။နေမကောင်းတုန်းကလည်းအိပ်ခဲ့ဖူးတာမို့ စိမ်းမနေတာ။

ဒါနဲ့ သူကဘာလို့ဒီအိပ်ယာပေါ်ရောက်နေတာလဲ။ကိုယ့်ကိုယ်ကိုယ်အလန့်တကြားငုံ့ကြည့်ပြီးမှ အင်္ကျီတွေကမနေ့ညကဟာတွေမဟုတ်မှန်းသိပြီး မျက်လုံးပြူးမိသွားတယ်။သွားပြီ

ငါ့ကို ဘာလုပ်လိုက်ပြန်တာလဲဟ!

လန့်သွားပြီးကိုယ့်ကိုယ်ကိုယ်ဟိုစမ်းဒီစမ်းလုပ်ပြီးမှ ဘာမှထူခြားမှုရှိမနေတာကြောင့် ရင်အေးသွားပြီးသက်ပျင်းချလိုက်မိတယ်။လူကဘယ်ရောက်သွားတာလဲ။santaနဲ့အတူတူအိပ်ခဲ့တာတော့မဟုတ်ဘူမလား။ဘေးကိုလှည့်ကြည့်မိတော့ ဘယ်သူမှရှိမနေပေမယ့် ပျက်ယွင်းနေတဲ့ခေါင်းအုံးကြောင့် ဘေးမှာလူအိပ်ထားမှန်းသိသာနေတယ်။ဒါဆို တစ်ကုတင်တည်းအိပ်ခဲ့ရတာပေါ့။

တစ်ယောက်တည်းပေါက်ကရတွေးနေတုန်း ရေချိုးခန်းတံခါးဖွင့်လာပြီး ရေဆက်လက်နဲ့လူကခါးမှာတဘက်တစ်ထဘ်သာပတ်ထားပြီး ခေါင်းသုတ်ရင်းထွက်လာတယ်။နိုးနေတဲ့သူ့ကိုမြင်တော့ ဘေးနားကုတင်စွန်းမှာလာထိုင်တာမို့ santaကိုယ်ကိုနောက်ကျုံ့လိုက်မိတယ်။

"နိုးရင် မျက်နှာသွားသစ် ဒါမှမဟုတ် ရေချိုးချင်ချိုး"

"Taကဘာလို့ဒီကိုရောက်နေတာလဲ"

သူ့စကားကိုနလေးမမူဘဲ သိချင်တာကိုဘဲမေးလိုက်တယ်။မနေ့ညကမူးနေမှန်းသူသိတယ်။ဒါပေမယ့် ဘာလို့အိမ်ပြန်ပို့မပေးဘဲ သူ့အိမ်ခေါ်လာရတာလဲ။

"မပြန်နိုင်ဘဲမူးနေလို့ခေါ်လာတာလူမှန်းသူမှန်းမသိအောင်မူးရူးနေတာကိုတော့ မှတ်မိတယ်မလား"

".........."

"ရေသွားချိုး ခနနေဝတ်စုံသွားရွေးရမှာ တစ်ခါတည်းသွားမယ်"

"မချိုးချင်ဘူး"

စကားနားမထောင်ဘဲကုတင်ပေါ်ကပြေးဆင်းပြီး အပေါက်ကိုဆွဲဖွင့်နေတဲ့လူကြောင့် ကျစ်စုတ်ပြီး နောက်ကလိုက်ဆွဲရပြန်တယ်။

"ဘယ်လဲ"

"ပြန်မှာ"

"ဟ! သွားစရာရှိတယ်လို့ပြောနေတာ နားမလည်ဘူးလား"

"သိတယ်လို့...အိမ်အရင်ပြန်ဦးမှာ မားစိတ်ပူနေလိမ့်မယ်"

"မင်းအမေကိုယ်တိုင် အိမ်ကိုခေါ်လာပြီး သိပ်ခိုင်းတာ ရပြီလား ရေသွားချိုး"

"အဝတ်မှပါမလာတာ ကိုယ့်အိမ်ကိုဘဲပြန်မယ်"

"ဘာလို့ အဲ့လောက်ပြောရခက်နေတာတုန်း ၊တစ်ခါလောက်လေးများ ပြောစကားကိုနားထောင်ပါတော့လား"

"နားမထောင်တာမှမဟုတ်တာ Taအင်္ကျီဝတ်စရာမရှိဘူး"

"ထုတ်ထားပေးမယ် အရင်သွားချိုး"

"........."

မသွားသေးဘဲ တံခါးနားမှာထုံပေပြီးရပ်နေတဲ့လူကို perthဒူးကောက်ကွေးကမချီလိုက်ပြီး ရေချိုးခန်းထဲခေါ်သွားလိုက်တော့တယ်။

"ခင်ဗျား! ဘာလုပ်တာလဲ ချပေး!"

"အချိန်မဆွဲ‌နဲ့ မင်းဂျစ်တာခံနေဖို့အချိန်မရှိဘူး ပြီးရင်အလုပ်တန်းသွားမှာ မြန်မြန်ဆင်းခဲ့"

ပြောချင်ရာပြောပြီး တံခါးကိုဆွဲပိတ်သွားတယ်။Santaဘာမှပြန်မပြောနိုင်ဘဲ ဘေစင်ရှေ့မှာရပ်ပြီးကျန်ခဲ့ရတယ်။ဘယ်သူကဂျစ်နေလို့လဲ။သူဘဲ စိတ်မရှည် သူပဲဒေါသထွက်နေပြီးတော့ လူကိုအော်လားငေါက်လားနဲ့!

.....ရေချိုးပြီးအောက်ကို ဆင်းလာတော့ မာမားနဲ့သူပဲမနက်စာဝိုင်းမှာရှိနေတယ်။santaဆင်းလာတာမြင်တော့ မာမားက လက်ကိုဆွဲခေါ်ပြီး စားပဲဝိုင်းမှာထိုင်စေတယ်။santaပုံစံက ရှေ့ကလူထုတ်ပေးထားတဲ့ T-shirtအဖြူကြီးနဲ့ ဘောင်းဘီအနက်ပွပွကြီးထဲမှာ မြုပ်နေသလိုဖြစ်နေတော့ မာမားကသူ့ကိုကြည့်ပြီးသဘောကျသလိုပြုံးတယ်။santaလည်ကုပ်ကိုပွတ်လိုက်ပြီး ပြုံးပြလိုက်မိတယ်။

"မာမားက သားငယ်လေးအတွက် အမူးပြေဟင်းရည်လေးရောချက်ပေးထားတယ်။ p'perthက သားညကသောက်ထားတာမို့ ခေါင်းကိုက်နေမှာစိုးလို့ချက်ခိုင်းထားတာလေ"

မလိုအပ်ဘဲသေချာပြောနေတဲ့မားကြောင့် perthမကြားသလိုသာနေရင်း ကော်ဖီငုံ့သောက်နေလိုက်တယ်။ရှေ့ကဟာလေးက သူ့ကိုတစ်ချက်ကြည့်လာပြီး ပြန်ငုံ့သွားတယ်။

"ကျေးဇူးပါ အန်တီ"

"အို ဘာကိုအန်တီလဲ မာမားလို့ပဲခေါ်ပါကွယ်။နောက်လဲဒီလိုပဲခေါ်ရတော့မှာကို"

နှစ်ယောက်လုံး မားကိုပြိုင်တူမော့ကြည့်လိုက်မိတယ်။မာမားကတော့ ဘာမှမထူးဆန်းသလိုပဲနေနေပြီး ဘာလဲဆိုပြီးပြန်ကြည့်လာတယ်။ခွန်pinတို့က တကယ်မနိုင်ဘူး။

"ဟုတ်..ဟုတ်ကဲ့ မာမား"

"အမလေး ချစ်စရာကောင်းလိုက်တာကလေးရယ် သောက်သောက် အေးသွားဦးမယ်"

"ဟုတ်"

Perthဘာမှမပြောနိုင်တော့ဘဲစွံ့အသွားတယ်။တဟုတ်ဟုတ်နဲ့ လိမ္မာရေးချားတွေရှိနေတာပဲ။ဒါက pongsapakလားဆိုတာတောင်ပြန်မေးချင်သွားရတယ်။ရှေ့ကဟာလေးက သူ့အတွေးကိုသိနေတဲ့အလား မျက်စောင်းထိုးပြီးကြည့်လာတယ်။‌

အေး လုပ်နေလိုက် pongsapak .....Outfitရွေးရမဲ့ ဆိုင်ကိုရောက်တော့ မာမားတို့ပြောထားပြီးသားမို့ ဘာမှပြောစရာမလိုတော့ဘဲအဆင်ပြေမဲ့ဟာကိုဘဲ ရွေးခဲ့လိုက်တယ်။တကယ်ဆို မာမားတို့နဲ့တင်ပြီးတဲ့ကိစ္စကို သူတို့နှစ်ယောက်ကိုတမင်လွှတ်ချင်လို့စီစဉ်တာမှန်းသိပြီးသား။sizeနဲ့ အရောင်တွေကကအစ ပြောထားပြီးသားဖြစ်တာကြာင့် အဖြူတစ်စုံကိုဘဲရွေးခဲ့လိုက်တယ်။ဆိုင်ထဲဝင်ကတည်းက မျက်နှာမကြည်မသာနဲ့လူက Perthနောက်မှာနေပြီး ဘာစကာမှမပြောတော့ဘူး။perthဘာမှမပြောချင်တော့တာ‌ကြောင့်ကောင်းလားဆိုးလားတောင်မမေးတော့ဘဲ ကိုယ့်ဘာသာပဲအဆင်ပြေတာရွေးခဲ့လိုက်တယ်။

မသိရင်perthကပဲသူ့ကို အတင်းကျပ်မင်္ဂလာဆောင်ပြီး အပိုင်သိမ်းတော့မဲ့အတိုင်းပဲ ရုပ်ကိုက။

Outfitရွေးပြီးတာနဲ့အလုပ်ကိုဘဲတန်းလာလိုက်တယ်။ဆိုင်ကတည်းကမျက်နှာမကောင်းတဲ့လူက ဘာစကားမှမပြောတော့ဘဲ ရောက်ကတည်းက ဆိုဖာမှာခွေအိပ်နေလိုက် သီးသန့်ခန်းထဲရွှေ့အိပ်လိုက်နဲ့နေရာမရဖြစ်နေတယ်။အရင်လို နှစ်ယောက်တည်းရှိတဲ့ရုံးခန်းထဲမှာ ဂိမ်းတွေဆူညံနေအောင်မဆော့တော့တာမို့ perthငြိမ်လက်ဆနဲ့‌ငြိမ်နေအောင်ပစ်ထားလိုက်တော့တယ်။နေ့လယ်11ခွဲတော့ shareရှင်တွေနဲ့စည်းဝေးရှိတာကြောင့် ဆိုဖာမှာပြောင်းအိပ်နေတဲ့လူကို ဘာမှမပြောဘဲထွက်လာလိုက်တယ်။

စည်းဝေးခန်းထဲကထွက်လာပြီး နာရီကြည့်တော့ နေ့လည် 2နာရီထိုးတော့မှာမို့ ခြေလှမ်းတွေကိုအရှိန်တင်လိုက်ရတယ်။နေ့လည်စာစားချိန်လွန်နေပြီဖြစ်ပြီး ပေကပ်ကပ်လေးက perthက စားဖို့လိုက်မပို့ရင် စားမှာမဟုတ်တော့ဘူး။ကလေးကလားနဲ့‌မုန့်တွေပဲထိုင်စားနေတတ်တယ်။perthက နေ့လည်စည်းဝေးမသွားခင်ကတည်းက သူနဲ့စားဖို့ပြောပေမယ့် ပေကပ်ပြီးငြင်းနေတာ။

တံခါးဖွင့်ပြီးဝင်သွားလိုက်တော့ အခန်းကတိတ်ဆိတ်နေပြီး ဆိုဖာပေါ်ကလူ‌ကတော့ သူသွားတုန်းကအတိုင်းရင်ဘက်ပေါ်လက်တင်ပြီးအိပ်နေဆဲမို့ သူသက်ပြင်းချလိုက်မိတယ်။အစားမက်သလို အအိပ်လဲမပျက်တဲ့ဟာလေးက တကယ်ပဲသူ့နောက်ကို အပန်းလိုက်ဖြေတဲ့ပုံပေါက်နေပြီ။

"Pongsapak ထတော့ ထမင်းစားမယ်"

"ဟင်"

ပုခုံးကိုလှုပ်နှိုးလိုက်မှ ဆက်ကနဲမျက်လုံးဖွင့်ကြည့်တယ်။တစ်ဆက်တည်း မျက်မှောင်တွေကြုတ်သွားတာကြောင့် မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်ပြီး ဘာပြောလာမလဲစောင့်နေလိုက်တယ်။ထင်သလို ဘာမှပြောမလာဘဲ သူထိုင်နေတဲ့ခုံရှိတဲ့ အစွန်းဘက်ထိဒူးကွေးပြီး မျက်လုံးတွေပြန်မှိတ်သွားတယ်။

"ဘာဖြစ်တာလဲ"

"ခေါင်းကိုက်တယ်~"

ဖြေသံနဲ့အတူတိမ်ဝင်သွားတဲ့အသံကြောင့် အိပ်နေတဲ့လူရဲ့ခုံအစွန်းပိုင်းကိုဝင်ထိုင်လိုက်တယ်။နားထင်ကိုအတင်းဖိကိုင်ထားတဲ့လက်ကို ဆွဲယူလိုက်ပြီး သူ့လက်တွေနဲ့အသာဖိနှိပ်ပေးရတယ်။နေမကောင်းရင် ငိုမဲ့မဲ့နဲ့ဂျီတတ်တာ ဘယ်ကရတဲ့အကျင့်လဲမသိ ။

"တအားကိုက်နေလို့လား ဆေးခန်းသွားမလား"

"မလိုဘူး ရတယ် ‌သောက်တာများသွားလို့ထင်တယ်"

"ကိုယ့်ကိုယ်ကိုယ်လည်းမနိုင်ဘဲ အမြဲတမ်းမဆင်မခြင်သောက်တာ ။ ပြီးရင်မခံနိုင်တော့ဘူးPongsapak အရက်ကိုဘာမှတ်နေလဲ ဟမ်"

"လာမဆူပါနဲ့ Taဘာသာဘယ်လိုသောက်သောက် ခင်ဗျားခံရတာမဟုတ်ဘဲနဲ့"

"အေး ပြန်ပြောနေလိုက် မင်း"

မျက်ခုံးတွေတွန့်ချိုးပြီး နှိပ်ပေးနေတဲ့သူ့လက်ကို ရိုက်ချပစ်တယ်။လုပ်နေတာတွေကတစ်ခုမှမဟုတ်ဘူး ဆူရင်လည်းမခံချင်ဘူး ။

"စကားကိုဘယ်တော့မှ အကောင်းမပြောဘူး ၊ လူကိုသူမွေးထားတာများမှတ်နေလားမသိဘူး"

ထိုင်နေတဲ့perthကို ကျောပေးသွားပြီး မကျေနပ်သမျှရေရွတ်နေတာမို့ သူမထိန်းနိုင်ဘဲပြုံးမိသွားတယ်။ခုက ဘာလုပ်နေတာလဲ။ဆူခံရလို့စိတ်ဆိုးနေတဲ့ပုံလား။

ကျောပေးသွားပြီးဘာမေးမေးမဖြေတော့တာမို့ သူဘာမှဆက်မပြောတော့ဘဲ အပြင်မှာရှိနေတဲ့အစ်မကို အဆာပြေဆာတစ်ခုခုယူခဲ့ပေးဖို့မှာလိုက်ရတယ်။ကိုယ်တိုင်က အလုပ်စားပွဲအံဆွဲထဲက ခေါင်းကိုက်ပျောက်ဆေးတစ်လုံးနဲ့ ရေခွက်ကိုယူပြီး အနားပြန်သွားထိုင်ရတယ်။ဘာမှမဖြစ်ခင် ကြိုတိုက်ထားမှတော်ကာကျမှာ။ဖျားသွားရင်သူပဲဒုက္ခများနေရမှာ။

"Pongsapak ဆေးသောက်ရအောင် ဒီဘက်လှည့်ဦး"

"........."

"ခေါ်နေတာကြားလား"

"မသောက်ချင်ဘူး.."

ပုခုံးကနေအတင်းဆွဲလှည့်နေပေမယ့် ပေကပ်ပြီးလှည့်မလာသူက လက်ရန်းဘက်ကိုအတင်းတိုးကပ်သွားပြန်တယ်။အရင်နေမကောင်းဖြစ်ခဲ့တုန်းကသတိထားခဲ့မိတာက pongsapakက ဆေးထိုးရမှာထက်ဆေးသောက်ရမှာကိုပိုကြောက်တတ်တာ။ဆေးသောက်ချိန်တိုင်းအစ်ကိုကိုကပ်ချွဲတတ်တာအကျင့်လို့ မားပြောတာကိုကြားဖူးတာကြောင့် သူအကျပ်ရိုက်သွားရတယ်။

"Pongsapak"

"မသောက်ဘူး~သူ့ဟာသူသက်သာသွားလိမ့်မယ်"

"ပေကပ်ကပ်လုပ်မနေစမ်းနဲ့ကွာ"

".........."

ပြောမရတဲ့အဆုံး လက်ထဲကဆေးကို ကိုယ်တိုင်ပဲပါးစပ်ထဲရေနဲ့ငုံလိုက်ပြီး  လှဲနေတဲ့လူရဲ့ ပုခုံးကိုဆွဲလှည့်လိုက်တယ်။အနေအထားက ဆိုဖာပေါ်ပက်လက်ဖြစ်နေတဲ့သူကို နောက်ကနေအုပ်မိုးထားရပြီး အောက်ကလူရဲ့ပါးကိုဆွဲညှစ်ပြီးနှုတ်ခမ်းခြင်းတေ့လိုက်တယ်။လန့်သွားတဲ့လူက ရုန်းကန်လာပေမယ့် ခါးသက်သက်ဆေး‌အချို့ကသူ့ပါးစပ်ထဲကတစ်ဆင့်ရောက်သွားချိန်မှာတော့ ညှစ်ကိုင်ထားတဲ့perthလက်ကို အုပ်ကိုင်လာပြီးမျက်နှာရှုံ့မဲ့သွားတယ်။

ပြွတ်စ်**

အွန့်!

Perthငုံထားတဲ့ဆေးတွေအကုန် တစ်ဖက်လူဆီရောက်သွားပေမယ့် မရပ်တန့်မိတဲ့အနမ်းတွေကြား ဆွဲငုံထားတဲ့နှုတ်ခမ်းလေးက အလိုက်သင့်တုန့်ပြန်လာတယ်။အကုန်လုံးမျိုချလိုက်ပေမယ့် ရှုံ့မဲ့နေတဲ့မျက်နှာလေးက သူ့အနမ်းတွေနဲ့ ခါးသက်တဲ့အရသာကိုဖြေဖျောက်နေပုံပေါ်တယ်။

"ဟင့်~ခါးတယ်"

လွှတ်ပေးလိုက်တာနဲ့ ရှုံ့မဲ့သွားတဲ့မျက်နှာလေးက ဆေးမသောက်ချင်တဲ့ငါးနှစ်သားကလေးနဲ့တူတယ်။အိပ်နေတဲ့လူကိုကျော်ပြီး လက်ရန်းဘက်မှာလက်ထောက်ထားတာကြောင့် perthအုပ်မိုးထားမှုအောက်မှာ အရင်ကလိုရုန်းကန်မနေတော့ဘူး။

သူ့ပယောဂကြောင့် စိုရဲနေတဲ့နှုတ်ခမ်းတွေကအကြည့်လွှဲပစ်ဖို့တောင် နှမြောစရာကောင်းနေတယ်။နောက်ဆုံးမနေနိုင်တော့တဲ့perthကပဲ ခါးသက်သက်နှုတ်ခမ်းတွေကို ပြန်ဆွဲငုံလိုက်တယ်။နှုတ်ခမ်းလွှာတွေကတစ်ဆင့် လျှာဖျားနဲ့ခံတွင်းတွေအထိနယ်ချဲ့လိုက်မိတဲ့အခါ ငုံ့ထားတဲ့သူ့လည်ပင်းကို ဆွဲဖက်လာတဲ့အထိ တစ်ဖက်ကသူ့အနမ်းကြမ်းတွေကြားမှာ နစ်မြောသွားပုံရတယ်။နှစ်ယောက်တည်းရှိတဲ့ရုံးခန်းထဲမှာ နှုတ်ခမ်းခြင်းဖလှယ်သံတွေသာ စိုးမိုးနေတယ်။ရုန်းကန်နေသူကဒီတစ်ခါ ငြိမ်သက်နေသလို ကြမ်းတမ်းတတ်တဲ့သူကလည်း နူးညံ့ခြင်းကိုအတတ်နိုင်ဆုံးရှာဖွေတယ်။

"အာ့"

မလွှတ်ပေးချင်သေးပေမယ့် အောက်မှာမောဟိုက်နေပြီဖြစ်တဲ့ငဂျစ်ကလေးကြောင့် အောက်နှုတ်ခမ်းကိုတစ်ချက်ဆွဲကိုက်ပြီးလွှတ်လိုက်ရတယ်။နှုတ်ခေါင်းချင်းထိပြီး အသက်ရှုနေချိန်အတွင်းမှာ တစ်ဖက်ကလည်ပင်းကိုဖက်ထားဆဲလူရဲ့နားရွက်ဖျားလေးတွေ နီရဲနေတာသတိထားမိတော့မနေနိုင်ဘံပြုံးမိသွားပြန်တယ်။Pongsapakက ရှက်နေတာပဲ။

"အယ်!"

တံခါးဝကအသံကိုကြားမှ အောက်ကဟာလေးကအုပ်မိုးထားတဲ့သူကိုအလန့်တကြားတွန်းလွှတ်တယ်။perthမဖယ်ချင်ဖယ်ချင်နဲ့ဖယ်ပေးလိုက်ရပြီး ရှေ့ကိုလှည့်လိုက်တော့ အပေါက်မှာကြောင်ရပ်နေတဲ့အစ်မsammyကသူ့ကိုအူကြောင်ကြောင်နဲ့ရယ်ပြလာတယ်။တံခါးလော့ခ်မချလိုက်မိတာကို နောင်တရချင်သွားတယ်။

"မှာထားတဲ့မုန့် လာပို့ပေးတာ အစ်မဒီမှာတင်ထားခဲ့မယ်နော််"

"အင်း"

"နှောက်ရှက်မိလို့တောင်းပန်တယ်နော် သွားတော့မယ် ဆက်လုပ်ဆက်လုပ်"

ပြောချင်ရာပြောပြီးအတင်းထွက်သွားတဲ့အစ်မက တံခါးကိုတောင်သေချာပြန်ပိတ်သွားပေးတယ်။perthအနောက်ကဟာလေးကတော့ သူ့ကိုကျောပေးထားပြီးဆိုဖာထဲနစ်ဝင်မတက် ခေါင်းစိုက်ထားတာတယ်။ရှက်သွားတဲ့ပုံပဲ။Pongsapakက တကယ်ရှက်တတ်တာပဲ။Perthကိုယ့်အတွေးနဲ့ကိုယ်ပြုံးရင်း ကွေးအိပ်သွားတဲ့လူကို ပုခုံးကနေဆွဲလှည့်တော့ အလှည့်မခံဘဲပေကပ်နေပြန်တယ်။

"အဆာပြေစာတစ်ခုခုစားဦး ခုနမှဆေးသောက်ထားတာ အစာမရှိရင်ပိုဆိုးလိမ့်မယ်"

"မစားချင်ဘူး"

"Pongsapak"

"........."

"ထစမ်းပါကွာ ဘာတွေဒီလောက်ရှက်နေတာလဲ ပြော"

အတင်းဆွဲထူတော့မှ ဆူပုတ်ပြီးပျင်းတိပျင်းရွဲထထိုင်တယ်။စားပွဲပေါ်တင်ပေးထားတဲ့ ကိတ်အချို့နဲ့ဖျော်ရည်ဘူးထုတ်ကိုရှေ့တိုးပေးပြီး မျက်နှာချင်းဆိုင်ခုံမှာရွှေ့ထိုင်လိုက်တယ်။ဆိုဖာပေါ်မှာ တင်ပျဉ်ခွေထိုင်နေတဲ့လူက သူ့ကိုဂြိုလ်ကြည့်ကြည့်လာတာမို့ မျက်ခုံးပင့်ပြလိုက်တယ်။

"အရှက်နည်းနည်းလေးမှမရှိတဲ့လူ"

"ဟ ဘာလို့ရှက်ရမှာလဲ နောက်တစ်ပတ်ဆိုရင်ပဲ ကိုယ်ကမင်းယောင်္ကျားဖြစ်တော့မှာ ။ ကိုယ့်အိမ်ထောင်ဖက်ကိုနမ်းတာဘာဖြစ်လို့လဲ"

"ခင်ဗျား"

"မလိုတာတွေတွေးပြီးရှက်မနေနဲ့အစ်မsammyကတစ်ခြားသူလည်းမဟုတ်ဘူးကိုယ့်အစ်မဝမ်းကွဲ ။ သူကိုယ်တို့အကြောင်းတွေအကုန်သိတယ်"

"..........."

"စားတော့ အလုပ်လက်စသတ်ပြီးရင် ပြန်လိုက်ပို့မယ်"

တစ်ယောက်တည်းလျှောက်တွေးနေတဲ့လူကို ထားခဲ့ပြီးအလုပ်စားပွဲမှာပြန်ထိုင်လိုက်တယ်။Perthကိုဆို ‌ကျားပေါက်လေးလိုမာန်ဖီတတ်တဲ့လူက တစ်ခြားသူတွေရှေ့မှာအမြီးကုပ်ပြီးချွဲတတ်တဲ့ကြောင်လေးတစ်ကောင်မှန်း အတူရှိတာကြာလေလေ ပိုသိလာရလေပဲ။

TBC**

နှစ်ပိုင်းပါရှင်😌နောက်chapterကတော့ examရှိတာမို့နှစ်ရက်သို့မဟုတ် သုံးရက်ခြားပါမယ်နော်🐢

There are no comments yet. Log in to be the first to leave a review!

Similar stories