Fasten 12
05:38, 23 October 2025အိမ်တော်ထဲဝင်ဝင်ချင်းမှာပဲ ဧည့်ခန်းမှာထိုင်စောင့်နေတဲ့ မားနဲ့boomကိုမြင်တာနဲ့ နှေးကျသွားတဲ့ခြေလှမ်းတွေကြောင့် perthကပဲတွဲခေါ်လာပြီး ခုံမှာထိုင်စေလိုက်တယ်။perthမာမားပါရောက်နေတာမို့ မျက်နှာပူနေတဲ့နှစ်ယောက်လုံးက ထိုင်နေတာတောင်နေရာမကျဖြစ်နေရတယ်။
ဘယ်လိုအခြေအနေကြီးလဲ?
စိတ်ပူနေတဲ့perthမာမားနဲ့ မားက santaအနားရောက်လာကြပြီး စိုးရိမ်တကြီးစစ်ဆေးတယ်။santaကဘာမှမပြောနိုင်ဘဲ တောင့်တောင့်ကြီးထိုင်နေသလို perthကလည်းမျက်နှာသေနဲ့သာထိုင်နေတယ်။
"ထိခိုက်မိရာရှိသေးလား ။ ဘယ်လိုနေလဲ ။ နေရောကောင်းတယ်မလား ။ perthကလေးကိုဆေးခန်းပြပေးခဲ့ရဲ့လား"
ဖွာကျနေsantaဆံပင်တွေကို သပ်တင်ပေးပြီးမေးလာတဲ့မာမားကြောင့် နေရာမှာတင်အငွေ့ပြန်ချင်သွားတယ်။ဘာမှမသိကြသေးဘူးမလား။ကျေးဇူးပြုပြီး ဘာမှမသိသလိုပဲနေပေးကြပါလို့။
"Ta..Taဘာမှမဖြစ်ဘူးမာမား နေလည်းကောင်းပါတယ် ။ စိတ်မပူနဲ့နော်"
"စိတ်ပူလိုက်ရတာသားရယ် perthဖုန်းပြန်ဆက်လာမှပဲရင်အေးရတယ် ။ နောက်ဆိုတစ်ယောက်တည်းဘယ်မှမသွားနဲ့တော့ မားစိတ်မချဘူး"
"Ta ဘာမှမဖြစ်ပါဘူး မားကလည်း"
"အို ဘာလို့ဘာမှမဖြစ်ရမှာလဲ ။ p'perthကအတူရှိပေးနေလို့သာပေါ့ မဟုတ်ရင်သားငယ်လေး.."
"မားးး တော်ပါတော့ Ta ဘာမှမဖြစ်ပါဘူးဆိုနေမှပဲ"
"ဟဲ့ ကလေး ဘယ်သွားတာလဲ မားပြောနေတာကို"
မျက်နှာတစ်ခုလုံးနီဆွေးပြီး အပေါ်ပြေးတက်သွားတဲ့သားကို ကြည့်ပြီး စိတ်ပူနေတဲ့ကြားမှာပြုံးလိုက်မိကြတယ်။ အခြေအနေကိုသိပြီးသားမို့ နေရမခက်စေချင်တာကြောင့်ဘာမှမပြောစေဖို့ တိုင်ပင်ထားကြသမျှ ရှက်နေကြတဲ့သားနှစ်ယောက်ကိုကြည့်ပြီးမနေနိုင်ကြတော့ဘူး။ဘေးမှထိုင်နေတဲ့boomကလည်းမရယ်မိအောင်ထိန်းထားရတဲ့ပုံစံဖြစ်နေတယ်။
ခမည်းခမက်နှစ်ယောက်လုံးရဲ့ပြုံးစိစိအကြည့်တွေက ရှေ့မှာထိုင်နေတဲ့perthဆီရောက်လာတော့ သူပါထ ရပ်လိုက်မိတယ်။
"အရင်ပြန်နှင့်တော့မယ်မာမား ကျွန်တော်အလုပ်ရှိသေးလို့။ ပါပါးလာခေါ်မှပြန်လိုက်တော့နော်"
"နေပါဦးမာမားမေးပါဦးမယ် အဲဒီကလေးရောဘယ်လိုဖြစ်သွားပြီလဲ"
"Nutကြည့်ရှင်းလိမ့်မယ် စိတ်ပူစရာမရှိတော့ပါဘူး"
"ဟုတ်ပါပြီ စိတ်ပူစရာမရှိရင်ပြီးတာပါပဲ"
"ဒါဆို ခွင့်ပြုပါဦး"
"နေဦး မာမားပြောတာကိုနားထောင်ဦး"
"........"
"မနက်ဖြန်မနက်ကျရင် အိမ်တော်မှာလူကြီးတွေတွေ့ဖို့စီစဉ်ထားတယ် ။ အဲ့ဒါ အလုပ်ကိုနောက်ကျမှပဲသွားနော်။ မသွားရင်လည်းမသွားနဲ့တော့ နှစ်ယောက်သားအနားယူပြီးသားဖြစ်သွားအောင်"
"မာမား.."
ဒီတစ်ခါSantaလေသံအတိုင်းပြန်အော်နေရတဲ့လူက perthသာဖြစ်တယ်။မသိသလိုပဲနေပေးပါလို့ မနက်ကတည်းကပွင့်ပွင့်လင်းလင်းပြောခဲ့ပြီးသားကို ခွန်pinက တကယ်ပဲ။
"ဟုတ်ကဲ့ပါ.. မာမားကစိတ်ပူလို့ပြောတာ ။ အရင်ပြန်နှင့်နော် တိုင်ပင်စရာရှိတာတိုင်ပင်ဖို့နေခဲ့ဦးမယ်"
"ဟုတ်ကဲ့ ခွင့်ပြုပါဦး"
အန်တီ့ကိုနှုတ်ဆက်ခဲ့ပြီးတာနဲ့ မြန်မြန်ပဲပြန်လာခဲ့လိုက်တယ်။အရောက်ပို့ချင်နေတဲ့ ခွန်pinက တကယ်မလွယ်တာပဲ။မသိရင် သူတို့ပဲဒီလိုဖြစ်သွားအောင်လုပ်လိုက်တာလားလို့ သံသရဝင်စရာကောင်းတယ်။
(ဒီအခန်းမှာ မှတ်ထားစေချင်တာက perthမေမေကို မာမားလို့ခေါ်ပြီး TaTaမေမေကို မားလို့ပဲခေါ်တာပါ ။ ရောနေနိုင်ပါတယ်).....
"မင်္ဂလာပွဲကိုနောက်အပတ်ထဲလုပ်ဖို့ စီစဉ်ထားတယ်"
အလန့်တကြားမော့ကြည့်တဲ့ santaကို Perth ငြင်းချင်သေးတာလားဆိုတဲ့သဘောနဲ့ပြန်ကြည့်ပေးလိုက်တယ်။သူကမစီစဉ်သေးဖို့ပြောလည်း မိဘတွေကပြသနာပြီးတဲ့နောက်မှာ သခင်ငယ်လေးကိုစိတ်မချဘူးဆိုတဲ့ခေါင်းစဉ်နဲ့ အတင်းစီစဉ်ကြတာမို့ သူဘာမှမပြောမိဘူး။
"ပါး"
"ထပ်မငြင်းနဲ့ တစ်ယောက်တည်းလွှတ်ထားပေးတာလုံလောက်နေပြီ။ ဒီတစ်ခါ ပါးပြောတာကိုပဲနားထောင်ပေး"
"နှစ်ယောက်လုံးမှာလည်းချစ်သူရည်းစားမရှိဘူးဆိုတော့ ပိုအဆင်ပြေတာပေါ့ ။ စောင့်ကြည့်နေပေးတဲ့ အချိန်အတွင်းမှာလည်းနှစ်ယောက်သား အဆင်ပြေကြတာပဲမလား အဲ့ဒါကြောင့်ပိုစောပြီးစီစဉ်ဖို့တိုင်ပင်လိုက်ကြတာ"
အပိုင်ချုပ်ပြီးပြောလာတဲ့မားစကားကို ငြင်းနေလို့ဘာမှမထူးတော့တာကြောင့် ငြိမ်ပြီးသာနေလိုက်ရတော့တယ်။တကယ်ပဲ santaဘဝကို အဲဒီလူလက်ထဲမှာပဲ အပ်လိုက်ရတော့မှာလား။
"သား p'perth ကရော ဘယ်လိုသဘောရလဲ"
"အဆင်ပြေသလိုစီစဉ်လိုက်ပါ ကျွန်တော့်ဘက်ကဘာမှပြောစရာမရှိပါဘူး"
ကြားလိုက်ရတဲ့အဖြေကြောင့် သူမျက်နှာမဲ့မိသွားတယ်။ပြောပုံက santaကပဲတစ်ယောက်ထဲဖြစ်ပျက်ပြီး ငြင်းကန်နေတဲ့အတိုင်းပဲ။ကူငြင်းပေးမယ်ပြောထားတဲ့လူက သူ့မျက်နှာကိုတောင်မကြည့်ဘဲ အတင်းဇွတ်လက်ခံနေတာဘာသဘောလဲ။သူက santaနဲ့လက်ထပ်ရမှာကို ဘာမှမဖြစ်ဘဲ အသာတကြည်လက်ခံနိုင်တယ်လား။...."အဲ့ဒါဆို တကယ်ကြီးလက်ထပ်ရတော့မှာပေါ့"
"အေးပါဆို အဲ့ဒါကြီးကိုပဲ ခဏခဏပြောမနေစမ်းပါနဲ့ ငါစိတ်ညစ်လာပြီ"
ဆံပင်တွေကို ဆွဲဖွပစ်လိုက်ပြီး ချထားတဲ့အရက်ခွက်ကိုတစ်ဂျိုက်တည်းမော့သောက်ပစ်လိုက်တယ်။တကယ်မေ့သွားအောင်ကို မူးပစ်လိုက်ချင်တော့တာ။
"ဟေ့ ဟေ့ ဟေ့ စိတ်ထိန်းသူငယ်ချင်း ။ မင်္ဂလာမဆောင်ခင်လျှောသွားဦးမယ် ။ အဲ့လောက်ကြီးလည်းစိတ်ညစ်စရာမလိုပါဘူးဟ"
"အေးလေ မင်းကလည်း လက်ထပ်ရမှာတစ်ခြားသူမှမဟုတ်တာ p'perthနဲ့ပဲကို"
"အားး!! တစ်လောကလုံးက ဘာလို့အဲ့လူနဲ့ငါ့ကိုပေးစားချင်နေကြတာလဲ!"
"မင်းကတကယ် သူနဲ့မယူချင်ဘူးလား"
"ယူချင်စရာလား လွတ်လွတ်လပ်လပ်နေလို့တောင်မဝသေးဘူး အတင်းအိမ်ထောင်ချပေးချင်နေတဲ့မာမားတို့ကိုလည်း နားမလည်တော့ဘူး"
"လက်ထပ်လိုက်လို့ မလွတ်လပ်တော့တာမှမဟုတ်တာမင်းကလည်း p'wattတို့လည်း လက်ထပ်ပြီး ဒီလိုပဲလွတ်လွတ်လပ်လပ်နေကြတာပဲကို"
"ဟုတ်တယ် ငါ့အထင်လူကြီးတွေကျေနပ်အောင်ငြိမ်နေပေးလိုက်တာကောင်းမယ် ။ ယူပြီးမှအဆင်မပြေရင် ကွာရှင်းလိုက်လို့ရတာပဲ။ အခြေအနေကိုစောင့်ကြည့်လိုက်ပေါ့"
"မသိတော့ဘူး လာ သောက်မယ်ဒီညမမူးရင်မပြန်ရဘူးပဲ"
"ချကွာ"
သောက်ဖို့ဆိုနှစ်ခါမညှိရတဲ့နှစ်ယောက်က ဘေးမှာပုလင်းတွေပုံနေတဲ့အထိ Santaစိတ်ကြိုက်လိုက်သောက်ပေးတယ်။ညဘက်အပြင်ပေးမထွက်တော့တဲ့မားက P'aou barကိုပဲသွားမှာဆိုလို့သာ ခွင့်ပြုပေးလိုက်တာမို့ မတွေ့ချင်တဲ့လူနဲ့မတွေ့ရဖို့ VIP roomတစ်ခုမှာသာသောက်ကြဖို့ ဆုံးဖြတ်လိုက်တယ်။Santaတစ်ယောက်တည်းလာခဲ့တာဖြစ်ပြီး ပြန်ခါနီးမှသာ p'boomကို ဖုန်းဆက်ခေါ်ဖို့တွေးထားလိုက်တယ်။
အချိန်ကည11ကျော်နေပြီမို့ ရောက်ကတည်းကသောက်နေတဲ့လူက ထိုင်နေရင်းယိုင်ထိုးနေပြီ။ဆက်သောက်လို့မဖြစ်တော့မှန်းကိုယ့်ကိုယ်ကိုယ်သိလိုက်ပြီး ထရပ်လိုက်တော့ နောက်ကိုယိုင်သွားတဲ့santaကို နှစ်ယောက်သားဝိုင်းဆွဲကြတယ်။ဆွဲထားတဲ့နှစ်ယောက်ကလည်းမူးနေပြီမို့ သုံးယောက်သား တစ်ယောက်ကိုတစ်ယောက်ဆွဲထားရပြီး ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်တယ်။
"ပြန်ရအောင် ဒီထက်ပိုမူးနေရင် အဆူခံရတော့မယ်"
စိုးရိမ်သလိုပြောနေတဲ့ phuwinက p'pond ဆူမှာကိုတော့တကယ်ကြောက်တဲ့ပုံပဲမို့ fourthခေါင်းငြိမ့်လိုက်ပြီးယိမ်းထိုးနေတဲ့santaကို တစ်ဖက်ဆီတွဲခေါ်လာခဲ့လိုက်တယ်။ထိန်းသောက်ထားတဲ့နှစ်ယောက်က သိပ်မမူးကြသေးတာမို့ santaကိုတက္ကစီနဲ့ပြန်လိုက်ပို့ဖို့တွေးလိုက်ပြီးမှ လှေကားအဆင်းမှာ မျက်မှောင်ကျုံ့ပြီးရပ်နေတဲ့တစ်စုံတစ်ယောက်ကြောင့် အတွေးတွေးကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့တယ်။
သက်ဆိုင်သူကြီးတစ်ယောက်လုံးရှိနေတာကို မေ့သွားတာပဲ။
"လိုက်ပို့လိုက်မယ် ထားခဲ့လိုက်"
"ဟုတ် phiသေချာဂရုစိုက်ပေးပါဦး"
ခေါင်းစိုက်နေတဲ့အမူးသမားကို လက်ပြောင်းယူပြီးတွဲလိုက်ပြီးမှ အပြန်လမ်းကိုဦးတည်ရတယ်။အရှုပ်ထုပ်လေးဘားကိုရောက်နေတာမို့ ဂရုစိုက်ပေးဖို့လှမ်းပြောတဲ့boomစကားမှာသက်ပြင်းချမိတာအကြိမ်ကြိမ်။သူ့ညီက မူးရင်ထိန်းရခက်တာကိုတော့သိတဲ့ပုံပဲ။ဆိုင်ဘေးမှာရပ်ထားတဲ့ကားဆီသွားနေတုန်း တွဲထားတဲ့ပုခုံးပေါ်ကလက်တွေကို ဖြုတ်ချပြီးသူ့ကိုမော့ကြည့်တယ်။ရီဝေနေတဲ့မျက်လုံးတွေကိုမှေးကျဉ်းပြီးကြည့်လာပုံကရိုက်သတ်ပစ်ချင်စရာကောင်းလွန်းတယ်။
"ဘယ်သူ..လဲ..အွတ်! Taကိုဘယ်ခေါ်သွားမလို့လဲ"
"Pongsapak"
"ဟွန့်! Perth..Tanaponကြီးမလား!Taကိုအဲ့လိုကြီးလာလာခေါ်နေတာ...အဲဒီလူပဲရှိတယ်!"
"အင်း သိရင်ပြီးရော စကားမများနဲ့ပြန်မယ်"
"မပြန်ပါဘူးးး ဖယ်ပေး!"
ပြန်တွဲလိုက်တဲ့လက်တွေကို ဆွဲဆောင့်ရုန်းသွားပြီး perthရှေ့ကိုယိုင်နဲ့နဲ့ နဲ့လာရပ်ပြန်တယ်။မှေးကျဉ်းနေတဲ့မျက်လုံးတွေက သေချာမဖွင့်နိုင်တော့တဲ့ပုံစံနဲ့ သူ့ကိုမော့ကြည့်လာပြီး လက်ညှိုးနဲ့ပါမာန်ပါပါထိုးတယ်။perthဘာလုပ်ဦးမလဲသိချင်တာကြောင့် ဘာမှမပြောဘဲရပ်ကြည့်နေပေးလိုက်တယ်။
"ခင်ဗျား..! လူယုတ်မာကြီး..မကောင်းတဲ့လူကြီး..! Taကလက်မထပ်ချင်ပါဘူးလို့ပြောနေရင်..လက်မထပ်နဲ့တော့လေ..ဘာလို့Taကိုအဲ့လောက်အပိုင်သိမ်းချင်နေတာလဲ..ပြော!"
မျက်နှာနားထိထိုးနေတဲ့လက်ညှိုးကိုဖမ်းကိုင်လိုက်ပြီး ဆွဲချလိုက်တော့ အနားပြန်ပါလာပြီးရင်ချင်းအပ်လျက်သားဖြစ်သွားတယ်။Perth ရန်ရှာနေတဲ့ အမူးသမားကို အပေါ်စီးကငုံ့ကြည့်ပြီးပြောလိုက်တယ်။
"အပိုင်သိမ်းချင်လို့ သိမ်းတာ ဘာဖြစ်လို့လဲ"
"မရဘူးလေ..! အပိုင်သိမ်းရအောင် Taကအရုပ်..မဟုတ်ဖူးနော် ခင်ဗျားးး မယုတ်မာနဲ့!"
"ပြောချင်ရာတွေလျှောက်ပြောမနေနဲ့pongsapak မိုးချုပ်နေပြီ ပြန်မယ်"
"မလိုက်ဖူးးလို့...ခင်ဗျားနဲ့မလိုက်ဘူး!ကိုယ့်ဘာသာပြန်..မှာ.."
"ကျစ် ဂျီမကျစမ်းနဲ့ကွာ ဒီလောက်မူးနေတာကို ဘယ်လိုပြန်မှာလဲ"
"မမူးပါဘူး..Taမမူးဘူး မူးတယ်လို့လာမပြောနဲ့နော်..Taကအရက်သမားမဟုတ်ဖူး!"
ထွက်လာသမျှစကားတိုင်းက ပရမ်းပတာတွေမို့ perthဘာမှဆက်မပြောတော့ဘဲရပ်ကြည့်နေလိုက်တယ်။အမူးသမားက perthကိုမျက်စောင်းထိုးသွားပြီးရှေ့ကိုလျှောက်သွားတာကြောင့်နောက်ကနေခါးထောက်ကြည့်ပြီး လိုက်ရပြန်တယ်။hoddieမီးခိုးရောင်ဝမ်းစပ်ဝတ်ထားပုံက ကပိုကယိုနိုင်ပြီး ယိမ်းထိုးနေတဲ့ခြေလှမ်းတွေနဲ့လျှောက်နေတဲ့ပုံက အသည်းယားစရာကောင်းနေပြန်တယ်။လဲမသွားစေဖို့ နောက်ကနေကပ်ပြီးလျှောက်ပေးနေတဲ့perthမျက်နှာက တဖြေးဖြေးပြုံးယောင်သန်းလာတယ်။
ပြန်ရမယ့်လမ်းနဲ့ဆန့်ကျင်ပြီးရှေ့ကအမူးသမားသွားသမျှလွှတ်ထားပေးထားပုံက လုပ်ချင်ရာသာလုပ်တော့ဆိုတဲ့သဘောသက်ရောက်နေတော့တယ်။ပုံမှန်အချိန်တွေမှာ ရုပ်တည်ကြီးနဲ့ဂျစ်တိုက်တတ်သလောက် မူးနေတော့လည်း အသည်းယားစရာကောင်းအောင်ရစ်တတ်ပြန်တာပဲ။pongsapskက တကယ်မလွယ်တဲ့ဟာလေး။သွားချင်ရာသွားနေတဲ့နောက်ကို ဘာမှမပြောတဲ့ဘဲလိုက်နေပြီးမှရှေ့ကနေ ဗလုံးဗထွေးပြောနေတဲ့လူက ကားနဲ့တော်တော်ဝေးဝေးမှာ ရောက်နေပြီမို့ ဆက်မသွားအောင်လှမ်းဆွဲလိုက်ရတယ်။
"ဘာလုပ်တာ..လဲ..အင့်..Taဘာသာ..ပြန်ပါမယ်ဆို! လာမထိနဲ့..လို့!"
"ငြိမ်ငြိမ်နေတော့ ကိုယ့်ကိုယ်ကိုယ်ဘယ်သွားနေမှန်းတောင်မသိဘဲ ဘယ်ကိုပြန်ချင်တာလဲ"
"ဖယ်ဗျာ! လာမချီနဲ့လို့ ခင်ဗျားကြီးကိုပြောနေတာနော်..! ကိုယ့်ဘာသာပြန်မှာ..လို့.."
ခေါ်မရတဲ့အဆုံးခါးကနေပွေ့ချီလိုက်ပြီး ခြေထောက်တွေကိုသူ့ခါးမှာချိတ်ထားစေတော့ကိုယ်ပေါ်ကနေအတင်းရုန်းလာပြန်တယ်။
"ထပ်မရုန်းနဲ့တော့နော် pongsapak!ငြိမ်ငြိမ်မနေရင် ကိုင်ပေါက်ပစ်လိုက်တော့မှာ!"
အော်လိုက်မှငြိမ်ကျသွားတဲ့အမူးသမားက သူ့ခါးတွေကိုပိုဖက်တွယ်လာတယ်။ ဟက်! အမူးပါး။ကိုင်ပေါက်မှာကိုတော့ကြောက်တတ်တယ်။ကားနားဆီကိုပြန်ခေါ်လာခဲ့တဲ့တစ်လျှောက် ငြိမ်သွားပြီထင်လိုက်ပေမယ့် ပုခုံးပေါ်မျက်နှာအပ်ပြီးခေါင်းငုံ့သွားတယ်။ ပြသနာကခုမှစတာ ။
မျက်ရည်တွေစိုရွှဲသွားတဲ့ပုခုံးတစ်ဖက်ကြောင့် အော်လိုက်မိတာကိုတောင်နောင်တရသွားတယ်။ဒီည ရစ်လို့ကပြီးဦးမှာလား။ကားပေါ်ရောက်တာနဲ့ ပွေ့လျက်သားနဲ့ထိုင်ချလိုက်တာမို့ ငိုနေတဲ့လူက ပေါင်ပေါ်မှာခွရက်သားဖြစ်သွားတယ်။ပုခုံးမှာအပ်ထားတဲ့မျက်နှာကိုဆွဲယူလိုက်ပြီးငုံ့ကြည့်လိုက်တယ်။မျက်နှာတစ်ပြင်လုံးစိုရွှဲနေအောင် ငိုထားတဲ့လူက လက်ထဲကနေမျက်နှာကိုရှောင်ဖယ်နေပြန်တယ်။
"ဘာလို့ငိုနေတာလဲ ပြော"
"ဟင့်!..အီးးဟီးးး"
မေးလိုက်မှပိုဆိုးသွားတဲ့အမူးသမားက ခွထားရာကနေဆင်းဖို့လုပ်နေတာကြောင့် ခါးကနေပြန်ဆွဲပွေ့လိုက်ပြီး မျက်ရည်တွေကိုသုတ်ပေးရပြန်တယ်။
"ကျစ် ငိုစရာဘာပါလို့တုန်း"
"အင့်! ဟင့်! အော်နေတာ...လေ!"
"ဘာ"
"Taကို..အော်တယ်! ဟင့်..အော်တာမကြိုက်ပါဘူးဆို တွေ့ကတည်းက အော်လိုက်...ငေါက်လောက်နဲ့!...Taကို..ခင်ဗျားကြီးမွေးထားတယ်များထင်နေတာလား..ဟင့်!"
"မအော်စေချင်ရင် မအော်ခံရအောင်နေလေဘာလို့တစ်မျိုးပြီးတစ်မျိုးပြသနာရှာနေတာလဲ"
"ဘယ်မှာ..ရှာနေလို့လဲ..!..ဟင့်!..လက်မထပ်ချင်လို့ပြောနေတာကို ခင်ဗျားမှ..လက်မခံတာ..Taကသဘောမတူဘူးလို့..ဟင့်..ပြောနေတာကိုအတင်းဇွတ်လုပ်နေတာ ခင်ဗျားပဲမဟုတ်ဘူးလား...ပြော!"
"Pongsapak"
"လာမထိ..နဲ့လို့! ဖယ်ပေး..!"
"ကိုယ့်ကိုကြည့်..ဒီကိုကြည့်စမ်းပါPongsapak.."
"အင့်!.."
လက်ထဲကအတင်းရုန်းနေတဲ့မျက်နှာခပ်ရဲရဲကို လက်နှစ်ဖက်နဲ့ညှပ်ကိုင်လိုက်ပြီး ကြည့်စေလိုက်တယ်။နီးကပ်သွားတဲ့အကွာအဝေးမှာ သူ့မျက်လုံးတွေကနေရှောင်ထွက်ချင်နေတဲ့ ရီဝေဝေမျက်ဝန်းတွေကို အတင်းစုံစေလိုက်တော့မှ နှုတ်ခမ်းတွေစူပြီးပြန်ကြည့်လာတယ်။
"ဘာလို့အတင်းငြင်းနေတာလဲ ကိုယ်နဲ့ယူရမှာကို အဲ့လောက်တောင် ကြောက်တာလား ဟမ်"
လေသံမမာသွားစေဖို့ ထိန်းပြောလိုက်တဲ့စကားတွေမှာ သူ့ကိုသေချာပြန်စိုက်ကြည့်လာတဲ့မျက်ဝန်းတွေက မရေရာမှုတွေသာထင်ဟပ်နေတယ်။လက်နှစ်ဖက်ကြားမှာသိသိသာသာစူထွက်လာတဲ့နှုတ်ခမ်းတွေက ဆေးမကူဘဲစိုရဲနေတာကိုကြည့်ပြီး အယောင်ယောင်အမှာမှားနဲ့တံတွေးမျိုချလိုက်မိသေးတယ်။
Pongsapakက အန္တရာယ်များလိုက်တာ ။
"ဖယ်~"
"မေးတာကိုအရင်ဖြေ ။ ဘာလို့လက်မထပ်ချင်တာလဲ ကိုယ့်ကိုအဲ့လောက်တောင် မကြိုက်တာလား"
"မဟုတ်..ဖူးးး"
"အင်း ဘာကမဟုတ်တာလဲ"
စကားကိုပြန်ထောက်ပေးလိုက်တော့ ခေါင်းငုံ့သွားပြီးရင်ဘက်မှာခေါင်းအပ်လာတယ်။ကြယ်သီးဖွင့်ဟထားတဲ့ ရင်အုံပေါ်ကို ဝဲကျသွားတဲ့ဆံစနုနုလေးတွေကို အသာသပ်ပေးလိုက်ပြီး အဖြေကိုစောင့်နေပေးလိုက်တယ်။မူးနေတဲ့အချိန်ပြောလို့မကောင်းပေမယ့် သူတို့နှစ်ယောက်သေချာညှိဖို့လိုနေပြီ။
"Taက..Taကမှ ခင်ဗျားကိုမချစ်တာ~"
"........"
"ခင်ဗျားလည်း Taကို မချစ်ဘူးဆို...ယူပြီးတဲ့အထိ...ခင်ဗျားက Taကိုမချစ်ဘဲ ပစ်ထားရင်..ဘယ်လိုလုပ်မှာလဲ"
ဟက်! လက်စသတ်တော့ အမူးပါးက သူ့ကိုချစ်မပေးမှာကို စိုးရိမ်နေတဲ့ပုံပဲ။perthနှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး မျက်နှာကိုဆွဲမော့လိုက်တယ်။
"ကိုယ်ပြောတာကို သေချာနားထောင် မင်းကမချစ်လည်းဖြစ်တယ် နောက်ဆိုရင် ကိုယ်ကပဲမင်းကိုဂရုစိုက်ပေးပြီးချစ်ပေးဖို့ကြိုးစားမယ် ။ မင်းကကိုယ့်စကားကို နားထောင်ပြီးလိမ်လိမ်မာမာနေရုံပဲ "
"ဟွန်..."
"ပြောတာနားလည်လား"
"Taက..မဆိုးပါဘူးး"
"အင်း မဆိုးဘူး ဂျစ်ပဲဂျစ်တတ်တာမလား"
"ဟုတ်ဖူးးနော်~လျှောက်ပြောမနေနဲ့..အင့်!"
"အာ့"
ဂျစ်တယ်ပြောတာကို မကျေနပ်တဲ့ပုံနဲ့ သူ့ရင်ဘက်ကိုခေါင်းနဲ့စောင့်တိုက်လာမို့ အောင့်ကနဲဖြစ်သွားပြီး အော်လိုက်မိတဲ့ထိ အားကပြင်းတယ်။Pongsapakရဲ့အားကို ခဏခဏအထိုးခံရတဲ့သူသာအသိဆုံးမို့ ဆက်မစတော့ဘဲ ချိုင်းအောင့်ကနေမချီလိုက်တယ်။
"ဟင့်!..ဘာလုပ်တာလဲ..ဖယ်နော်..Taကို အနိုင်မကျင့်နဲ့!.."
"ခဏလောက်ငြိမ်ငြိမ်လေးပေးနေစမ်းပါကွာ လိမ္မာတယ် မကျေနပ်တာသေးရှိရင် အိမ်ရောက်မှဆက်ပြော ဟုတ်ပြီလား"
ယမ်းခါနေတဲ့ခေါင်းကို ကားအမိုးနဲ့မတိုက်မိစေဖို့အသာထိန်းပေးရင်း တစ်ဖက်ခုံပေါ်ချပေးလိုက်တယ်။ခုံပေါ်ရောက်သွားတာနဲ့ ချက်ချင်းငြိမ်ကျသွားပြီး ခြေထောက်တွေကိုတင်ပြီးကွေးကွေးလေးဖြစ်သွားတဲ့လူကိုကြည့်ရင်းခေါင်းယမ်းမိတော့တယ်။ တကယ်မနိုင်ဘူး။
safe beltပတ်ပေးပြီးတာနဲ့မောင်းဖို့ပြင်နေတုန်းအမူးသမားရဲ့ဘောင်းဘီကပ်ထဲက ဖုန်းသံတုန်ခါလာတယ်။အိပ်ပျော်သွားပြီဖြစ်တဲ့လူကြောင့် perthဖုန်းကိုအသာယူကြည့်လိုက်တယ်။ခေါ်နေတဲ့သူက အန်တီဖြစ်နေတာကြောင့် ကိုင်လိုက်ရတယ်။
"သားငယ်လေး"
"ဟယ်လို"
"အယ် p'perth လား သားငယ်လေးနဲ့တူတူရှိနေတာလား"
"ဟုတ်ကဲ့ အန်တီ ကျွန်တော်နဲ့ရှိပါတယ်"
"မားကစိတ်ပူလို့ဆက်လိုက်တာ မိုးလည်းချုပ်နေပြီမို့လေ"
"ကျွန်တော်ပြန်လာပို့ပေးပါမယ် စိတ်မပူပါနဲ့ဗျ"
"နေ နေ ရတယ် နောက်ကျနေပြီ လာရင်လည်းလာမနေပါနဲ့ မနက်လည်းဝတ်ဆုံသွားရွေးဖို့သွားရဦးမယ်မလား သားတို့အိမ်မှာပဲသိပ်လိုက်တော့နော် ဒါပဲ ဒါပဲ သခင်ငယ်လေးကိုဂရုစိုက်ပေးပါဦးကွယ်"
"အာ ဟုတ်..ဟုတ်ကဲ့ဗျ"
ပြောချင်ရာပြောပြီးချသွားတဲ့ အန်တီ့ကြောင့် perthဘာမှပြန်မပြောနိုင်ဘဲကြောင်သွားတယ်။တကယ်လည်းနောက်ကျနေပြီမို့ အိမ်တော်ကိုဦးတည်ထားတဲ့လမ်းကိုပြောင်းပြီး အိမ်ခေါ်သွားဖို့ပဲလုပ်ရတော့တယ်။
ခွန်pinကတင်အရောက်ပို့နေတာမဟုတ်ဘူးပဲ။
TBC**
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




