Fanfics

Fasten 3

12:59, 9 October 2025

*********

"Taလေး အိပ်ပြီလား"

"ဟင် မအိပ်သေးဘူးphi ဝင်ခဲ့လိုက်"

အထဲကအသံပြန်ပေးမှboomတံခါးဖွင့်ပြီးဝင်သွားလိုက်တယ်။မွေ့ယာထက် လှဲပြီးဖုန်းကြည့်နေတဲ့ Taက သူဝင်ထိုင်လိုက်တာနဲ့ ပေါင်ပေါ်ကိုခေါင်းအုံးလာတာမို့ နေရာကျအောင်နေပေးလိုက်တယ်။အသက်20ပဲကျော်နေပြီ။ကလေးလေးဖြစ်ချင်နေတုန်းပဲ။

"ဘာလိုချင်လို့လာချွဲနေတာလဲ ဟင်"

"Phiကလည်း..."

"အင်း ပြောကြည့်ပါဦး"

"ဟီးးး မနက်ဖြန်ညကျရင်လေ fourthနဲ့phuwinကbarမှာ ပွဲလုပ်ကြမှာ။အဲ့ဒါ လာဖို့ခေါ်ထားလို့"

"မနက်ဖြန်ညလား"

"ဟုတ်တယ်။ခုဏပါးကိုခွင့်တောင်းမလို့ပေမယ့် အခြေအနေသိပ်မကောင်းလို့ မပြောလိုက်တာ။"

"အဟင်းးး ပါးကTaကိုမဆူလောက်ပါဘူး။Taလည်း အရွယ်ရောက်နေပြီပဲ phiပြောပေးမယ်"

"ဟုတ် အ့ကြောင့် phiကို ချစ်တာ"

အိပ်နေရင်းလည်ပင်းကိုလှမ်းဖက်တာမို့ ခေါင်းငုံ့ပေးတော့ ငယ်ငယ်ကလိုချင်တာရရင်လုပ်တတ်တဲ့အကျင့်အတိုင်း boomပါးနှစ်ဖက်ကို အသံမြည်တဲ့အထိနမ်းလာတယ်။ဒီလိုချစ်စရာကောင်းတဲ့ကလေးကို သူများလက်ထဲထည့်ပေးရမှာတွေးမိတိုင်း သူနှမြောမိနေသေးတယ်။သူတောင် ချစ်လို့မဝသေးတာကို။

"TaTa"

"‌ဗျာ"

"Ta p'perthကိုဘယ်လိုမြင်လဲ"

"အကျင့်မကောင်းတဲ့လူလို့မြင်တယ်"

"ဟင်"

မစဉ်းစားဘဲပတ်ကနဲပြန်ဖြေလာတော့ boomပြောစရာပင်ပျောက်သွားတော့တယ်။

"ဘာလို့လဲ"

"ဘာမှမဟုတ်ပါဘူး ဒီတိုင်း..ကြည့်မရလို့"

"Perthကသဘောကောင်းပါတယ်"

"Taတော့အဲ့လိုမထင်ပါဘူး"

လူကိုတွေ့တိုင်း ဆွဲလားရမ်းလားနဲ့ မညှာမတာလုပ်တဲ့လူ။ဘယ်နေရာကသဘောကောင်းလိုက်တာလဲ။

"Phiက ဘာလို့မေးတာလဲ"

"ဘာရယ်မဟုတ်ပါဘူး။Taတို့နှစ်ယောက်ကြည့်ရတာ အဆင်မပြေတဲ့ပုံမို့လို့ပါ"

"Taတကယ်ပြောတာ အဲ့လူက အကျင့်ပုပ်တယ်။ပါးနဲ့မားကလည်း အဲ့လူကိုဆိုအကောင်းကိုမြင်လွန်းတယ်။"

"Taကသူ့ကိုလုံးဝသဘောမကျတာလား"

"အဲ့လိုတော့မဟုတ်ပါဘူး။ဘာလို့လဲ Taမသိသေးတာတစ်ခုခုရှိနေတာလား"

"မရှိပါဘူး"

"Phi လိမ်နေတာ ပြောပါ အဲ့လူက ဘာဖြစ်လို့လဲ"

"ကဲ ဘာမှမဖြစ်ပါဘူး phiက ဒီတိုင်းပဲမေးကြည့်တာ ။ အိပ်တော့မှာမလား စောစောအိပ်။မနက်ဖြန်သွားဖို့ကို ပြောထားပေးမယ်"

လိမ်တာမတော်တဲ့boomကကြာရင်TaTaစက်ကွင်းမှာမိနိုင်တာမို့ စကားစဖြတ်ပြီးမြန်မြန်ပြန်ထွက်ခဲ့လိုက်တယ်။ဒီဇာတ်ကို သူတစ်ယောက်တည်းမနိုင်နိုင်တာ သေချာသွားပြီ။...."အဲ့တော့ မင်းနဲ့လက်ထပ်ပေးဖို့စီစဉ်ထားတယ်ဆိုတာ ငါ့ယောက်ဖလေးနဲ့ပေါ့ ဟုတ်လား"

"အင်း"

"ငါကတော့ ချိတ်ပေးဖို့စဉ်းစားနေတုန်းရှိသေးတယ် ။ မင်းတို့ကချိတ်ပြီးသားတောင်ဖြစ်နေပြီပေါ့လေ"

"ငါမသိဘူး ပါပါးတို့စီစဉ်ထားတာ"

"အဲ့ဒါနဲ့ပဲ မင်းကခေါင်းငြိမ့်ခဲ့လိုက်တယ်ပေါ့။Perth Tanaponတို့ ဘယ်တုန်းကလိမ္မာသွားတာလဲ"

Pondရဲ့ရွှတ်နောက်နောက်အမေးကြောင့် သူပြုံးလိုက်မိတယ်။တကယ်ဆို သူကိုယ်တိုင်လည်း သေချာမသိဘူး။အိမ်ထောင်ချပေးဖို့စီစဉ်တုန်းကအထိ အတိုက်အခံလုပ်ပြီးငြင်းခဲ့ပြီးမှ လက်ထပ်ရမဲ့သူက ထိုကောင်လေးမှန်းသိတော့ သူမငြင်းမိခဲ့တော့ဘူး။ဒါကို ဘာကြောင့် ဆိုပြီးသူ့မှာ မယ်မယ်ရရအဖြေမရှိ။သေချာတာက သူ့အနားမှာအဲဒီကောင်လေးကိုရှိစေချင်တယ်။

"Santaကလက်ခံလား"

"မသိသေးဘူး။လက်မခံဖို့ကများတယ်"

"ဒါမှမဟုတ် သူ့မှာရည်းစားရှိနေရင်ရော မင်းဘယ်လိုလုပ်မှာလဲ။သူ့ပုံစံကဒီကောင်မိမိုက်နေတာ ရည်းစားရှိရင်ရှိနေနိုင်တယ်လေ"

"အဲဒါကတော့ ငါသေချာသိတယ် ။ TaTaမှာချစ်သူမရှိဘူး ။ သူကကိုကို့ကိုပဲကပ်ပြီး ကလေးလိုနေတတ်တာ ။ ရည်းစားရှိတယ်လို့တခါမှမကြားဖူးဘူး။"

Aouကboomနဲ့တွဲနေတာတစ်နှစ်ကြာပြီမို့TaTaအကြောင်းကိုသူကောင်းကောင်းသိတယ်။UKမှာနေခဲ့တုန်းကလည်း ဘာသတင်းမှမထွက်ခဲ့ပဲပေါ့ပါးပါးပဲနေခဲ့တာ။

"သူလက်မခံရင်ရော မင်းဘယ်လိုလုပ်မှာလဲ"

"လက်မခံလို့မရဘူး"

"မင်းက သေချာနေပါလားကွ"

မရရအောင်စီစဉ်ပေးမယ်ဆိုတဲ့ ယောက္ခမတွေကြောင့် perthဘက်က ငြိမ်နေလိုက်ရုံသာ။perthသာငြင်းလိုက်ရင် ပွဲကပျက်သွားနိုင်ချေရှိပေမယ့် သူကိုယ်တိုင်ကလက်ခံခဲ့တော့ လူကြီးတွေရဲ့ အစီအစဉ်ကအထမြောက်သွားပုံရတယ်။အကြောက်အကန်ငြင်းလာမယ့် ကောင်လေးအကြောင်းတွေးရင် သူအူမြူးလာရတယ်။ပြေးလို့လွတ်ရင်ပြေးကြည့်စမ်း pongsapak။

"ဟေ့ perth ဟိုမှာမင်းကလေး။"

Geminiမေးဆက်ပြရာကို သုံးယောက်လုံးလှည့်ကြည့်လိုက်ကြတယ်။ထုံးစံအတိုင်း crop shirtကိုမှ ညှပ်ရိုးနေရာမှာ အပြဲရာတွေပါတဲ့ကာကီရောင်အင်္ကျီနဲ့ ပေါင်ထိအပြဲတွေပါတဲ့မိုးပြာဂျင်းpantပွပွကိုဝတ်ထားတယ်။နားရိုးပေါ်မှာ ဖောက်ထားတဲ့ နားကွင်းနှစ်ခုက ဂျစ်တူးဆိုတာမေးစရာပင်မလိုဘူး။ဘေးကနှစ်ယောက်ကတော့ သူနဲ့ ဆန့်ကျင်ဘက် sweet shirtခပ်ပွပွသာဝတ်ထားကြတယ်။ဒီအချိန်ကြီး barကိုလာတာဘယ်ချိန်ပြန်မယ်စဉ်းစားထားလို့လဲ။ဝတ်ထားတဲ့ပုံစံကလည်း ယောင်္ကျားတကာ သွားရေယိုစရာကောင်းအောင်!

"လှတာတော့ တကယ်လှတာကွ"

မျက်စိမလွှဲနိုင်အောင် ကြည့်နေတဲ့pondရဲ့ခေါင်းကို perthနှစ်ချက်ဆင့်ရိုက်လိုက်တယ်။ဘယ်သူ့ကို လာငမ်းနေတာတဲ့လဲ။

"မင်းကလည်း ငါကအမှန်ပြောတာကို။ငါ့ရည်းစားလောက်ဘယ်သူမှမလှဘူးကွ။ကဲ တရားမဝင်သေးတဲ့ လူတွေကတော့ ခိုးကြည့်ရင်းထိုင်နေခဲ့တော့။ငါတော့ ငါ့ကလေးဆီသွားလိုက်ဦးမယ်"

ထိုင်ငေးနေတဲ့perthနဲ့geminiကို စောင်းပြောရင်း pondကထသွားတော့ aouကထိုင်ရယ်ရင်းကျန်ခဲ့တယ်။ထိုအခါ နှစ်ယောက်လုံးရဲ့ အကြည့်စူးစူးက aouဆီသို့ဦးတည်လာတယ်။

"ဟဲဟဲ ငါ့ရည်းစားလေးနဲ့ ဖုန်းသွားပြောဦးမယ်။နေခဲ့ကြတော့ လစ်ပြီ"

Aouကပါထသွားတော့ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းကျန်ခဲ့တော့တယ်။.....

"ကိုကို ပြန်တော့မှာလား"

"မင်းပြန်မှ ပြန်မယ်လေ လိုက်ပို့ပေးမယ်။"

"ကျွန်တော်ကနေဦးမှာ ဒီနှစ်ကောင်နဲ့ ပြောစရာမကုန်သေးဘူး။"

"ဒါဆို ကိုကိုအပြင်မှာပဲစောင့်မယ်။အေးဆေးနေကြ"

"ဟုတ်"

သုံးယောက်လုံးpondကို နှုတ်ဆက်ပြီးတာနဲ့ ခွက်ချင်းမြည်အောင်တိုက်လိုက်ကြပြီး

"cheer .."

တစ်ဂျိုက်တည်းမော့လိုက်တဲ့ ခွက်တွေက တစ်စက်မျှပင်မကျန်တော့တဲ့အထိပဲ။ဒီနေ့တော့ လဲသွားအောင်ထိ သောက်ဖို့ တိုင်ပင်ထားကြတယ်။bar ownerကလည်း P'aouမို့ စိတ်ပူစရာမရှိဘူး။လဲနေရင် လိုက်ပို့ပေးကြလိမ့်မယ်။

"Ai Ta ငါဖြင့်မင်းကို လင်ရသွားပြီလို့ကို ထင်နေတာ"

"ဘာလို့တုန်း"

"မင်းလေ ပြန်လာပြီးကတည်းက ငါ့ကိုတောင် လာမတွေ့ဘူး fotနဲ့‌ပဲအမြဲတွေ့ရတယ်။"

"ငါအပြင်ထွက်လို့ အဆင်မပြေလို့ပါကွာ။ပြန်ရောက်တဲ့နေ့က မူးသွားကတည်းက အပြင်ထွက်ခွင့်ပိတ်ခံထားရတာဟ"

"မင်း ပါပါးကလည်း မမိုက်ပါဘူးကွာ။အပြင်လေးပဲထွက်တာ ဘာမှလည်း လုပ်တာမဟုတ်ဘဲနဲ့"

Phuwinရဲ့မချိတင်ကဲရေရွတ်မှုကြောင့် Taနှုတ်ခမ်းတွေပိုစူလာတယ်။တွေးကြည့်တိုင်း ချုပ်ချယ်ခံထားရတာကို မုန်းလာပြီ။

"‌‌ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ အလဲပဲနော် ဟိတ်ကောင်တွေ"

"ချ"

fourthရဲ့မြှောက်ပင့်သံအဆုံး နောက်ထပ် တစ်ခွက်ကိုလည်းတစ်ဂျိုက်တည်းမော့လိုက်ကြတယ်။

"ငါတကယ် ဆွဲထိုးချင်နေပြီ"

"ဟမ် ဘာလဲ"

fotရဲ့အစအဆုံးမရှိစကားကြောင့် နှစ်ယောက်လုံးကြောင်သွားတယ်။

"ဟိုမှာ အထက်တန်းတုန်းကကောင်တွေ။Ta မင်းကို ရောက်ကတည်းကသောက်လုံးကြီးကျွတ်ထွက်မတတ် ကြည့်နေတာ"

ဒေါသထွက်နေပြီဖြစ်တဲ့ fotက လက်သီးစုပ်ပြီးပေါက်ထွက်မတတ်စိုက်ကြည့်နေတယ်။ကျောင်းကတည်းက Taနဲ့ပတ်သက်ပြီး ထို‌ကောင်တွေနဲ့ fotတို့နှစ်ယောက်(fourth,phuwin)ကအမြဲညိနေကျ။ နေ့တိုင်းလိုလို ရှေ့နောက်မလွတ်စကားတွေနဲ့ santaကို လိုက်နှောက်ယှက်တဲ့ကောင်။

"ထားလိုက်ပါ။သူတို့ကို အာရုံမထားနဲ့။သောက်ကြမယ်"

Taစကားလမ်းကြောင်းပြောင်းပေးလိုက်မှ နှစ်ယောက်သားက ပြောင်ချော်‌ချော်တွေပြောရင်း ဆက်သောက်ကြတော့တယ်။

**အချိန်အားဖြင့် ည1နာရီခွဲပြီဖြစ်သော်လည်း သုံးယောက်သား ပြန်ဖို့ဘယ်သူကမှစကားမစဖြစ်ကြဘူး။ အပြင်မှာထိုင်စောင့်နေတဲ့pondက နောက်ကျနေပြီလို့ သတိပေးမှပဲ phuwinကမလိုက်ချင်လိုက်ချင်နဲ့ပြန်လိုက်သွားရတယ်။နှစ်ယောက်တည်းကျန်ခဲ့ပေမယ့် ဇွဲမလျှော့ပဲ ဆက်သောက်နေကြဆဲ။

"ငါ toiletသွားလိုက်ဦးမယ် Ta လိုက်မလား"

"တော်ပြီ သွားတော့"

ဟိုကောင်တွေရှိနေသေးတာကြောင့် စိတ်မချတဲ့ fotက လိုက်ခဲ့ဖို့‌ခေါ်ပေမယ့် Taလိုက်မသွားတော့ဘဲထိုင်နေခဲ့လိုက်တယ်။‌‌အလွန်အကျွံမူးနေတာ မဟုတ်တာကြောင့် santaကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်နေသေးတယ်။

ခဏဆိုပြီးထွက်သွားတဲ့fotကပြန်မလာသေးတာကြောင့် လိုက်သွားဖို့ထလိုက်တော့တယ်။ဘယ်ဆိုညာရောက်တတ်တဲ့ သူငယ်ချင်းကြောင့် ထိုင်စောင့်နေရင် မိုးလင်းသွားမှာ သေချာတယ်။

"ဟေ့ santa"

သန့်စင်ခန်းဘက်ရောက်တာ‌နဲ့ ခေါ်သံကြားလိုက်ရတာကြောင့် သက်ပြင်းချပြီးလှည့်ကြည့်လိုက်မိတယ်။ဇာတ်လမ်းကမပြီးသေးဘူးလား။

"ဘာလဲ"

"မင်းကလည်း စိမ်းကားလိုက်တာကွာသူငယ်ချင်းချင်း ခင်လို့ခေါ်တာကို"

"ငါမှာ ဒီလိုသူငယ်ချင်းမျိုးမရှိဘူးထင်တာပဲ"

စပ်စုတ်သလိုအကြည့်မျိုးနဲ့ပြောတော့ markမျက်နှာသိသိသာသာပျက်ကျသွားတယ်။santa pongsapakက ရုပ်ကလေးလှသလောက် အပြောအဆိုရင့်သီးတာ ဒါပထမဆုံးမှမဟုတ်ဘဲ။ဟက်!ဘယ်အထိ ရင့်သီးနိုင်မှာလဲ ကြည့်ကြသေးတာပေါ့။

"အင်းး စကားပြောပုံကလေးကလည်း အရင်အတိုင်းပဲနော်။လူလေးကလည်း အရင်ကထက်ပို..လှ..လာတယ်"

တောက်!

"မင်းအမေကိုသွားပြောလိုက်!"

ခွပ်**

Santaတစ်ကိုယ်လုံးကို ခြုံကြည့်ပြီး မထိတထိပြောနေတဲ့ကောင်ကြောင့် ထိန်းထားသမျှဒေါသတွေ နေရာမှာပဲရေစုံမျောကုန်တယ်။အားပါပါထိုးချလိုက်တဲ့ လက်သီးချက်ကြောင့် နောက်ကကောင်တွေကလည်း မျက်ခုံးပင့်ကုန်ကြတယ်။

Pongsapakကရုပ်လှရုံမကဘူး အသေလည်းသတ်တတ်တယ်ဆိုတာ ဒီကောင်တွေမသိသေးတဲ့ပုံဘဲ။

"မင်း!"

အထိုးခံရတဲ့ကောင်က ရှက်သွားပုံရပြီးsantaတစ်ကိုယ်လုံးကိုချုပ်ကိုင်လာတယ်။မီသလောက်ဆွဲထိုးကန်ကျောက်နေပေမယ့် ဘယ်ကရောက်လာမှန်းမသိတဲ့ လူတွေကပိုများလာတော့မှ ကြောက်ရကောင်းမှန်းသိလာတယ်။

ခွေးကောင်fot ‌ဘယ်ရောက်နေတာလဲဟ!

"စောက်ရမ်းတွေ ထောင်လွှားနေတယ်ပေါ့လေ။အေး ငါကလဲ အဲ့ဒါကိုပဲကြိုက်တာ ။ ဒီနေ့မင်း ငါ့လက်ကပြေးမလွတ်စေရဘူး အလှလေး"

ပါးနှစ်ဖက်ကိုအားနဲ့ဆုပ်ကိုင်လာတဲ့ကောင်ရဲ့မျက်နှာကို တံတွေးထွေးပစ်လိုက်တယ်။လက်နှစ်ဖက်ကို ချုပ်ထားတဲ့ကောက်ရဲ့ ညှို့သကျီးကို ပစ်ကန်လိုက်တော့ အခြေအနေတွေပိုရှုပ်ထွေးသွားတယ်။

သူတို့ကsantaကို ရန်ပြုချင်တာမဟုတ်ဘူး။markဘောင်းဘီထဲကထုတ်လိုက်တဲ့ လက်ကိုင်ပုဝါကြောင့် santaထိန့်လန့်သွားတယ်။

ခွေးမသားတွေ!

ခွပ်**

ခွပ်**

Santaဝင်လုံးရန်ပြင်လိုက်သော်လည်း ရှေ့ကဝင်ရပ်လာတဲ့လူက မျက်စိတစ်ဖျက်အတွင်း လူငါးယောက်ကို အလဲထိုးသွားတာ။ကြောင်ရပ်နေတုန်းမှာပဲ ထိုလူက markပေါ်ကိုခွပြီး အဆက်မပျက်ထိုးကျိတ်နေတာ။

"မင်းကများ!"

ခွပ်**

"မင်းလိုကောင်ကများ!!"

မျက်နှာလည်ထွက်သွားတဲ့အထိ ထိုးခံနေရတဲ့markက အောက်မှာငြိမ်သက်သွားတော့မှ santaအသိဝင်လာပြီး အပေါ်ကလူရဲ့ လက်ကိုလှမ်းဆွဲထားလိုက်တယ်။

"တော်တော့! ခင်ဗျား"

Santaအသံက ထိုလူ့ဆီကိုမသက်ရောက်။ရန်ညှိုးရှိတဲ့အတိုင်းသည်းကြီးမဲကြီးထိုးနေသူက ဆွဲနေတဲ့santaကိုပါအဝေးရောက်အောင်တွန်းလွှတ်တယ် ။

"တော်တော့လို့ Perth Tanapon!!သေသွားလိမ့်မယ်!"

အတင်းဆွဲချမှရပ်သွားတဲ့လူက santaလက်ကို အကြမ်းပတမ်းဆွဲဆောင့်ပြီး car parkingဆီခြေလှမ်းကျဲတွေနဲ့သွားတော့ santaထိုလူ့နောက်ကို ပြေးမတတ်လိုက်ရပြန်တယ်။အစကတည်းပြေချင်နေတဲ့အမူးက ဆွဲဆောင့်ခံရတဲ့နောက် လုံးဝပြေသွားပြီ။

"ဘာလုပ်တာလဲ လွှတ်!!"

"ငြိမ်ငြိမ်နေစမ်း!"

အာ့!

ကားအနားရောက်မှ တစ်ချက်တည်းဆောင့်ဆွဲခံလိုက်ရပြီး ကားတံခါးနဲ့ဆောင့်မိသွားတဲ့ကျောပြင်က မျက်ကနဲ။နီးကပ်နေတဲ့အကွာအဝေးမှာ perthအသက်ရှူသံပြင်းပြင်းက ထိုလူဘယ်လောက်ဒေါသထွက်နေကြောင်း သိသာနေတယ်။

"Taကိုလွှတ်! Perth Tanapon!!"

TBC

There are no comments yet. Log in to be the first to leave a review!

Similar stories