Fasten 2
13:08, 9 October 2025**********
"နေကောင်းတယ်မဟုတ်လား ခွန်မာ့ခ်"
"ကောင်းပါတယ်ဗျာ ဖြစ်နိုင်ရင် တစ်လတစ်ခါလုပ်နေရတဲ့ medical check upကြီးကိုတောင်မလုပ်ချင်တော့ပါဘူး"
ဖခင်ဖြစ်သူရဲ့အပြောကြောင့် perthရော မာမားပါပြိုင်တူရယ်မိကြတယ်။စိတ်ဓာတ်သန်မာတဲ့ ပါပါးက ယခုအချိန်ထိ ဇရာကိုအံတုထားဆဲ။
"မနက်စာအဆင်သင့်ဖြစ်ပါပြီရှင်"
မီးဖိုခန်းမှ မုန့်ပွဲများကိုကိုင်ကာထွက်လာတဲ့ စံအိမ်ရဲအိမ်ရှင်မက perthတို့မိသားစုကိုမြင်တာနဲ့အပြုံးနဲ့နှုတ်ဆက်လာတယ်။အနောက်မှဝင်လာတဲ့ အကြီးဆုံးသားကလည်း ပါးနဲ့မားကိုဦးညွတ်နှုတ်ဆက်ပြီး စားပွဲမှာဝင်ထိုင်တယ်။
Pongsapak Udompochအိမ်တော်ရဲ့ နံနက်စာစားပွဲဝိုင်းမှာလူစုံနေပြီဖြစ်သော်လည်း တစ်နေရာကတော့ လွတ်နေဆဲ။ဥက္ကဌကြီးက သက်ပြင်းချပြီး ဇနီးဖြစ်သူဘက်လှည့်ကြည့်လိုက်တယ်။
"ဟိုကောင်လေးကိုသွားနှိုးပေးပါဦး ဘယ်အချိန်ရှိပြီထင်လို့ ဒီအချိန်ထိအိပ်နေရတာလဲ"
"သူညကအိမ်ပြန်နောက်ကျသွားလို့ပါ ကျွန်မသွားနှိုးလိုက်ပါမယ်"
ခွန်ပါက စားပွဲကထပြီး အပေါ်ထပ်ကို သားဖြစ်သူကိုနှိုးဖို့ တက်သွားတော့တယ်။
"လူငယ်တွေများ တကယ်ကိုမနိုင်ပါဘူးဗျာ။လုပ်ချင်ရာတစ်ဇွတ်ထိုးလုပ်ကြတာ ပြီးရင်မိဘတွေခေါင်းပေါ်ပြန်ပုံတာပါပဲ။"
"ကလေးကငယ်ပါသေးတယ် ခွန်မစ်ရယ် ဒီလိုပဲသွန်သင်ကြရမှာပေါ့ ဒါကသူတို့လွတ်လပ်ခွင့်ပဲကိုး"
"အေးပေါ့ဗျာ ခင်ဗျားမှာ အားကိုးရလောက်တဲ့ phi perthလိုသားတစ်ယောက်လုံးရှိတာကိုး ဘယ်ပူပန်ပါ့မလဲ"
ဥက္ကဌကြီးရဲ့စကားကြောင့် အကုန်လုံးရယ်မိကြတယ်။မှန်တော့လည်းမှန်တာပါပဲ။Tanaponက အသက်ငယ်ငယ်လေးနဲ့ စီးပွားရေးမှာချယ်လှယ်နိုင်နေတာမဟုတ်ပါလား။
"phi perth ကတကယ်တော်ပါတယ်။ပါပါးတို့ထက်တောင် ထက်မြတ်တဲ့ကလေးပါကွာ"
"အဟင်း..ကျွန်တော်ဝါသနာပါတဲ့အလုပ်မို့ပါနေရာတိုင်းတော်နေတာတော့မဟုတ်ပါဘူး"
Thaiနိုင်ငံရဲ့ ထိပ်တန်းလုပ်ငန်းရှင်မိသားစုနှစ်စုစကားဝိုင်းက ရင်းနှီးကျွမ်းဝင်မှုတွေထင်ဟပ်နေတယ်။ဘိုးဘွားအစဉ်အဆက်မှ အစဉ်အလာကိုလည်း ဒီနေ့ထိထိန်းသိမ်းထားဆဲဖြစ်တယ်။
"မားကလည်း သားအိပ်ချင်ပါသေးတယ်ဆို!"
ဆူပုတ်ပုတ်အသံလေးကိုကြားတာနဲ့ ထမင်းဝိုင်းက အာရုံတွေက အပေါ်ထပ်ကိုရောက်သွားတယ်။အဖြူဆင်းလေးတွေပါတဲ့ pajamaအပြာဝမ်းဆက်နဲ့ကောင်လေးက အိပ်ချင်မူးတူးပုံစံနဲ့မိခင်ဖြစ်သူရဲ့အနောက်က လိုက်ဆင်းလာတယ်။အိပ်ရမဝလို့စိတ်ဆိုးနေတဲ့ပုံပဲ။
"အဟမ်း!"
ဖခင်ဖြစ်သူရဲ့ချောင်းဟန့်သံကြားမှနံနက်စာစားပွဲဝိုင်းကိုမြင်ပုံရတယ်။perthကိုတွေ့တာနဲ့ ပြူးကျယ်သွားတဲ့မျက်လုံးတွေက သရဲဘီလူးတွေ့လိုက်သလိုပဲ အိမ်ပေါ်ကိုပြေးမတက် ပြန်တတ်သွားတော့တယ်။
"Santa Pongsapak!"
"ဗျာ"
"ပြန်ဆင်းခဲ့စမ်း"
"ဟုတ်"
မျက်နှာငယ်လေးနဲ့ သခင်လေးက စားပွဲဝိုင်းမှာ ငြိမ်ငြိမ်ကလေးဝင်ထိုင်ပုံက ညကတွေ့ခဲ့ပုံနဲ့ တခြားစီပဲ။perthမသိသလိုသာ ရှေ့က ဖြူစုတ်စုတ်လေးကို တမင်စိုက်ကြည့်ပေးလိုက်တော့ ရဲတက်လာတဲ့ နားရွက်ကလေးနှစ်ဖက်က ကြောင်ပေါက်လေးအတိုင်းပဲ။
ဟက်!ကလေးလို့ပြောရင်လည်းမကြိုက်ဘူး။ဘယ်နေရာမှလူကြီးနဲ့တူမနေဘူး။
"ဘယ်အချိန်ရှိနေပြီလဲ ဒါလူတွေအိပ်ယာထချိန်မဟုတ်ဘူးနော် UKကအချိုးတွေကိုပြင်ထားမယ် ကြားလား"
"........…."
"Santa!"
"ကြားတယ်လို့ ပါပါးကလူကိုတွေ့တိုင်းဆူနေတော့တာပဲ"
အချေအတင်ဖြစ်နေတဲ့သားအဖနှစ်ယောက်ကိုကြည့်ပြီး အားလုံးပြုံးစိစိဖြစ်နေကြတယ်။အထူးသဖြင့် ဆူပုတ်ပုတ်ဖြစ်နေတဲ့ ကလေးကို Perthရဲ့မာမားက အသဲယားတဲ့ပုံနဲ့ပြုံးပြီးကြည့်တယ် ။
"ကဲပါ စားကြရအောင် ခွန်မာ့ခ်တို့မိသားစုကိုအားနာစရာကောင်းအောင် ပြီးမှဆက်ပြောကြ"
"ဟား ဟား ရပါတယ်ဗျာ ။ ဒီမိသားစုတွေပဲကို အားနာစရာမလိုပါဘူး"
ဒီမိသားစုတွေ?။အဲဒါဘာစကားလဲ?။ဒါထက် အရှေ့ကလူကရော ဒီအိမ်ကိုဘာလာလုပ်တာလဲ။
မေးခွန်းတွေပြည့်နေတဲ့ santaမှာ အခြေအနေကိုမနည်းအမီလိုက်နေရတယ်။နောက်ဆုံးမှသိလိုက်ရတာက ရှေ့ကလူက Sukumpantanasan မျိုးရိုးရဲ့ ဆက်ခံသူ၊P.T groupရဲ့CEOဖြစ်နေတယ်ဆိုတာပဲ။ဒါဆိုSy group နဲ့ သွေးသားအရင်းအချာတွေလို့ဆိုတဲ့ မိသားစုက ဒီလူ့ပါပါးတို့ပေါ့။
ဟမ့်! ထူးဆန်းလိုက်တဲ့ရေစက်!....မနက်စာထမင်းဝိုင်းပြီးသွားတဲ့နောက်မှာ လူကြီးတွေကစကားစမြည်ပြောနေကြတာမို့ perthထထွက်သွားလို့မကောင်းတာကြောင့် ဆက်ထိုင်နေရတယ်။တကယ်ဆိုသူက ဒီလိုလူကြီးစကားဝိုင်းမှာအလိုက်အသင့်ပြောနေရတာတွေကို မနှစ်သက်ဘူး။စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဆိုပေမယ့် စကားပြောခြင်းအတက်ကိုသူကောင်းကောင်းမတတ်ကျွမ်းဘူး။
"သား ပျင်းနေရင်TaTaနဲ့အပြင်မှာစကားသွားပြောကြလေ"
မာမားကသူ့ကိုမကြည့်ဘဲမျက်နှာချင်းဆိုင်မှာပျင်းတိပျင်းရွဲထိုင်နေတဲ့ကောင်လေးကိုကြည့်ပြောလာတယ်။တပြိုင်နက်တည်းမှာပဲ အကြည့်စူးစူးလေးတေကသူ့ဆီကိုရောက်လာတယ်။Perthမာမားကိုခေါင်းငြိမ့်ပြလိုက်တော့ Santaကလည်းperthနောက်ကိုသာဘာမှမပြောဘဲလိုက်သွားတော့တယ်။ပျင်းစရာစကားပြောဝိုင်းမှာထိုင်မနေချင်တော့တာအမှန်ပဲ။
ဒါပေမယ့် ဒီလူနဲ့santaပိုပြီးမျက်နှာချင်းမဆိုင်ချင်သေးတယ်။လူကြီးလူကောင်းအယောင်ဆောင်ထားတဲ့ လူရမ်းကား!
ဘုန်း*
အင့်!
ရှေ့မှကျောပြင်ကျယ်နဲ့တိုက်မိပြီးတစ်ပြိုင်နက်ထွက်လာတဲ့အသံနှစ်ခုနောက်မှာ santaခါးပေါ်ကိုရောက်လာတဲ့ လက်တစ်ဖက်ကြောင့် မြန်မြန်ရုန်းလိုက်မိတယ်။ဘာလို့ရပ်လိုက်တာလဲ!။
"လွှတ်စမ်း ခင်ဗျား!"
အော်မိအော်ရာအော်နေပေမယ့် တစ်ကယ်တမ်းအဆွဲခံထားရတာperthသာ။လွှတ်ဆိုတာနဲ့နှစ်ခါမစဉ်းစားဘဲ လွှတ်ချလိုက်တာကြောင့် ထို့လူ့ကော်လံစကို santaပြန်ဆွဲထားလိုက်မိတယ်။ဘယ်လိုတောင် အကျင့်ယုတ်တဲ့လူလဲ!
"ခင်ဗျား!"
"အော်လို့ဝရင် လွှတ်တော့"
ခါးကပြန်ထိန်းကိုင်ပေးပြီး မတ်မတ်ရပ်စေတော့မှ santaသူ့ကိုတွန်းလွှတ်လိုက်မိတယ်။santaရှေ့ကလူကိုဂြိုလ်ကြည့်ကြည့်ပြီးအိမ်ထဲပြန်ဝင်ဖို့ပြင်လိုက်ပေမယ့် ဝတ်ထားတဲ့ hoodieခေါင်စွပ်ကနေပြန်ဆွဲခံလိုက်ရတာကြောင့် သူ့အနားကိုဆွေ့ခနဲပြန်ရောက်သွားပြန်တယ်။
"ဘာလဲ...!"
"ကိုယ့်ကိုမှတ်မိတယ်မလား"
"ဘာ..ဘာကိုမှတ်မိရမှာလဲ"
ပတ်ကနဲပြန်ပြောပုံထောက်ရင် ကောင်းကောင်းကြီးမှတ်မိနေပုံပဲ။
"မှတ်မိသားပဲ"
"ဘာတွေလာပြောနေတာလဲ ။ Taခင်ဗျားကိုမသိဘူး ။ မြင်လဲမမြင်ဖူးဘူး"
"ဟက်!မှတ်မိအောင်ပြန်လုပ်ပေးရတာပေါ့"
ခါးသိမ်သိမ်ကို ဆွေ့ကနဲပြန်ဆွဲချလိုက်တော့ နီးကပ်သွားတဲ့မျက်နှာနှစ်ခုကြားမှာ santaအသက်ရှူသံခပ်ပြင်းပြင်းကစိုးမိုးနေတယ်။တစ်ပွေ့စာပဲရှိတဲ့ santaကို ဒီလူလုပ်ချင်တိုင်းတွေလုပ်နေတာ!
"ခင်ဗျား!မရမ်းကားနဲ့နော် ။ ဒါTaအိမ် ခင်ဗျားလုပ်ချင်တိုင်းလုပ်လို့ရတဲ့နေရာမဟုတ်ဘူး!"
"မနေ့ကတွေ့ခဲ့တုန်းက ဒီလိုပုံစံမဟုတ်ပါဘူး"
အပေါ်စီးကနေsantaတစ်ကိုယ်လုံးကိုခြုံကြည့်လိုက်ပုံက ဆွဲထိုးပစ်ချင်စရာကောင်းတယ်။ဘယ်သူ့ကိုလာစမ်းနေတာလဲ။အပျိုဖြန်းလေးလိုရှက်ကြောက်နေရအောင် Santa Pongsapakက ဘယ်သူမို့လို့လဲ။
ငြိမ်ကျသွားတဲ့ သူ့ကိုထိုလူက ခနဲ့သလိုပြုံးကြည့်တယ်။santaထပ်ပြီးသည်းမခံနိုင်တော့ဘူး။ခေါင်းတစ်လုံးစာပိုမြင့်နေတဲ့အရပ်ကို ကော်လံကနေ ဆွဲချလိုက်တယ်။နီးကပ်သွားပြန်တဲ့မျက်နှာနှစ်ခုမှာ သူ့ကိုနှစ်ခမ်းတစ်ဖက်ကွေးရုံပြုံးပြီး ကြည့်လာပြန်တယ်။
"ခင်ဗျားTaကို လာမစမ်းနဲ့နော် ။ မနေ့ညကသာ မူးနေလို့ခံလိုက်ရတာ ။ Taလည်းယောင်္ကျားပဲ။ခင်ဗျားကိုကြောက်နေမှာမဟုတ်ဘူး"
"အဟင်းး အင်းပါ ကိုယ်စောင့်ကြည့်မယ်"
ပြောပြီးsantaနှာခေါင်းချွန်ချွန်ကို လက်ညှိုးနဲ့တို့သွားသူကြောင့် santaအံကျိတ်ရင်းသာကျန်နေခဲ့ရတယ်။အားချင်းမမျှလို့ အနိုင်ယူလို့ကောင်းနေတာကို အဟုတ်ထင်နေတာ ။ ခင်ဗျားစောင့်နေ Perth Tanapon!!။
သခင်လေးနှစ်ယောက်ရဲ့ ရုန်းရင်းဆန်ခက်အခြေအနေကို အပေါ်ထပ်က ပြုံးကြည့်နေကြသူ မိဘများကိုတော့ သူတို့မမြင်လိုက်ကြရဘူး။Sukumpantanasanမျိုးရိုးနဲ့Udompochက နေနဲ့လလိုလိုက်ဖက်နေတာကတော့ နှစ်ဖက်မိဘကငြင်းမရတဲ့အမှန်တရားတစ်ခုသာဖြစ်တယ်။ဒါကို အကောင်အထည်ဖော်ရမဲ့ တာဝန်ကသူတို့လက်ထဲကိုရောက်လာပြီပဲ။.....
"perthကတကယ်ထက်မြတ်တဲ့ကလေးပဲ။လက်ရှိလုပ်ငန်းတွေကလည်း သူ့လက်ထဲရောက်မှပိုအောင်မြင်လာတာ ။ ဒါကငြင်းလို့မရတဲ့အချက်ပဲ ။ ပြီးတော့ ကိုယ်ကျင့်တရားလည်းကောင်းတယ်"
"ဟုတ်တယ် မိဘကိုလည်းသိတတ်တယ်။ဘယ်တော့မှ ပူပန်စရာဖြစ်အောင်လုပ်တာမျိုးမရှိဘူး"
ထိုစကားကိုပါးကTaကိုကြည့်ပြီးပြောလာတာမို့ မသိချင်ယောင်ဆောင်ပြီး ထမင်းကိုသာငုံ့စားနေလိုက်တယ်။ညစာစားဝိုင်းထိ Perth Tanapon အကြာင်းထိုင်အမွှန်းတင်နေတဲ့ ပါးနဲ့မားကြောင့် Taမျက်နှာကပိုပြီးစူပုတ်လာတယ်။
Taနဲ့တွေ့မိတိုင်းရမ်းကားတတ်တဲ့ပုံစံကို ဂုတ်ဆွဲပြီးခေါ်ပြလိုက်ချင်တယ်။ စတွေ့တဲ့အချိန်ကစပြီးခုထိတွေ့တိုင်း ရန်ဖြစ်နေရတဲ့လူကိုဘယ်နေရာမှကြည့်ရမနေဘူး ။
"TaTa ထမင်းကိုငုံမထားနဲ့ သေချာဝါး"
"ဟုတ်..."
Taပုံစံကိုရိပ်မိတဲ့ P boomကအနားကိုဟင်းပန်းကန်တွေတိုးပေးလာပြီး ထမင်းကိုသေချာစားစေတယ်။
"Ta ပြီးပြီ အပေါ်တက်တော့မယ်"
"အင်း အင်း သား တစ်ခါတည်းမလှဲအိပ်နဲ့နော်။အစာမကြေဘဲနေမယ်။"
"ဟုတ်ကဲ့မား"
လှစ်ကနဲအိမ်ပေါ်ပြေးတက်သွားတဲ့ သခင်ငယ်လေးကိုကြည့်ပြီး ပါးကသက်ပြင်းချပြီးပြောတယ်။
"ဟင်းး မင်းရဲ့သားကိုငါတော့ အရှုံးပေးလိုက်ပြီ။"
"ရှင်ကလည်း သားက လိမ္မာပါတယ် ။ ခုမှပြန်ရောက်စပဲရှိသေးလို့ပါ"
"အရမ်းခေါင်းကြောမာတာကိုလည်းထည့်ပြော။ပြန်ရောက်တာဘယ်နှစ်လရှိနေပြီလဲ ။လုပ်ငန်းတွေကို ဦးစီးခိုင်းနေတာလည်းမဟုတ်ဘူး ။ နည်းနည်းပါးပါးစိတ်ဝင်တစားရှိအောင် ဝင်လုပ်ကြည့်ဆိုတော့လည်းမဟုတ်ဘူး။အမြဲတမ်း ပေါ့ပျက်ပျက်နဲ့"
UKကပြန်ရောက်နေတာနှစ်လပြည့်တော့မယ်။ဟိုမှနေတုန်းကလည်း ကျောင်းပြီးတာတောင်ပြန်မလာဘဲ အဒေါ်ဖြစ်သူနားပဲကပ်ပြီး ဆိုးချင်တိုင်းတွေဆိုးခဲ့တာ။မိဘတွေထက်ပိုအလိုလိုက်တဲ့ အဒေါ်ကလည်းသူ့တူကိုဆိုမျက်နှာအညှိုးမခံဘဲ လိုချင်တာတွေလုပ်ပေးတတ်တာကြောင့် ဒီကလေးပိုဆိုးနေတာ။
"ခေါင်းကြောမာတာ ဘယ်သူနဲ့တူလို့လဲ။ရှင်ပဲ အလိုလိုက်ခဲ့ပြီးတော့။ဘာပဲဖြစ်ဖြစ် ကျောင်းပြီးသွားပြီပဲ ဘွဲ့လည်းယူသင့်သလောက်ယူပြီးပြီဆိုတော့ perthဆီမှာပဲအလုပ်သင်ယူဖို့အပ်ကြည့်မလားလို့"
"အင်း ကောင်းတယ် သားကြီးဆီမှာဆို သူဆိုးချင်တိုင်းဆိုးလို့ရတယ်၊အလိုလိုက်တယ်ဆိုပြီး ပေါ့ပျက်ပျက်လုပ်နေဦးမှာပဲ"
"ဒါပေမယ့် TaTaက perthကို သိပ်သဘောမကျသလိုပဲ။အဆင်ပြေပါ့မလား"
Boomဝင်ပြောလိုက်မှ မားကတွေးဆဆဖြစ်သွားတယ်။သို့သော် စက္ကန့်မျှအကြာတွင် ပြန်ပြုံးလာပြီး boomဘက်ကိုလှည့်ကာ
"သားကြီး မားပြောတာကိုသေချာနားထောင်နော်"
"ဟုတ်ကဲ့"
"ပါးနဲ့မားကUdompochနဲ့Sukumpantanasanမျိုးရိုးလက်တွဲဖို့ကို စဉ်းစားထားတာလေးတွေရှိတယ်"
"ဗျာ"
"ရှူးးး မင်းရဲ့ညီကို ပေးမသိနဲ့ဦး။ဒါက မားတို့နှစ်ဖက်မိဘတွေလွန်ခဲ့တဲ့12နှစ်လောက်ကတည်းက တိုင်ပင်ထားခဲ့ကြတာ။နောက်မျိုးဆက်ကို သမီးမိန်းကလေးဖြစ်ရင် သေချာပေါက် စေ့စပ်ဖြစ်ခဲ့မှာဆိုပေမယ့် ယောင်္ကျားလေးဖြစ်နေတော့ နောက်ဆုတ်ခဲ့ရတာ။အခု perthမိဘတွေက ပြန်ကမ်းလှမ်းလာတယ်။"
"ကျွန်တော့အထင်ပြောရရင် စီးပွားရေးအကြောင်းပြချက်ကြောင့်လို့ပဲမြင်တယ်မား။သူတို့ Taကိုအဲဒီအကြောင်းပြချက်ကြောင့် လက်ထပ်တာဆိုရင်တော့ ကျွန်တော်လည်းကန့်ကွက်မိမှာပါ"
"P'perthကိုယ်တိုင်ကလည်းသဘောတူတယ်"
"ဗျာ!"
"ဟုတ်တယ် ညနေကပဲအကြောင်းပြန်လာတယ်။ပါးနဲ့မားကလည်း သဘောတူတယ် ။ Taလေးကို တစ်ခြားမိန်းမတွေလက်ထဲထည့်လိုက်ရမှာထက်စာရင် p'perthလက်ထဲမှာပဲစိတ်ချချင်တယ်။သားရော ဘယ်လိုသဘောရလဲ။"
"TaTaကြည်ဖြူမယ်ဆို ကျွန်တော်လည်းလက်မခံစရာမရှိပါဘူး မား"
"မင်းညီက တော်ရုံပြောတာနဲ့လက်ခံမှာမဟုတ်ဘူး"
ပါးကပါပြောလာတာမို့ boomအလေးအနက်ပြန်တွေးရတော့တယ်။သာမာန်မဟုတ်တဲ့ မျိုးရိုးနှစ်ခုပေါင်းစပ်မှုဟာ ထင်သလောက်လွယ်ကူမနေမှန်းသိရတော့ စိတ်တွေတင်းကျပ်သွားတယ်။
"ဟုတ်တယ် အဲ့ဒါကြောင့် သားကပဲညီလေးကို နည်းနည်းပါးပါးစည်းရုံးကြည့်မလားလို့ ။ သားပြောရင်တော့ စဉ်းစားပေးနိုင်ချေရှိတယ်လေ"
"ဟုတ်ကဲ့ ကျွန်တော် ကြိုးစားကြည့်ပါ့မယ်။"
"အင်း အင်း သား။ဒါနဲ့ သားကရော ဘယ်တော့လဲ"
"ဗျာ ဘာကိုလဲမား"
"မားကြားထားတာ အမှန်မဟုတ်လား။ကောင်လေးဘက်ကရော ဘာတဲ့လဲ။"
"မားကလည်း ဘာမှအဟုတ်ပါဘူး။ဒီတိုင်း..တွဲကြည့်ရုံပါပဲ"
"ဟုတ်ပါပြီကွယ် သားတို့အဆင်သင့်ဖြစ်ရင်ပြောနော်"
"မားး"
Udompochအိမ်တော်၏ LGBT big supporter မားကြောင့် ညီအစ်ကိုနှစ်ယောက်ရဲ့ဘဝမှာ မတွေးရဲစရာပဲဖြစ်နေတော့တယ်။
TBC~~
ကိုယ့်typeအတိုင်းရေးထားတာမို့ ဇာတ်အိမ်ကတော့ကြီးမှာမဟုတ်ပါဘူးရှင် ။ပေါ့ပေါ့ပါးပါးနဲ့ရိုရိုချိုချိုပဲသွားပါမယ်နော်😘
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




