Fanfics

Fasten 1

12:57, 9 October 2025

**********

မီးရောင်စုံထွန်းလင်းနေတဲ့ ဘားတစ်ခုတွင်ဖြစ်တယ်။အဆောက်အဦးရဲ့ကိုယ်ထည်တစ်ခုလုံးကို မှန်သားများနဲ့ ဖွဲ့စည်းထားတာမို့ အတွင်းအပြင်ဖောက်မြင်နေရတဲ့မြင်ကွင်းများက တိကျပြတ်သားပြီး အရိုင်းဆန်‌နေတယ်။

သို့ပေမယ့် ဘယ်သူမှတွန့်ဆုန့်ရှက်ရွံခြင်းမရှိဘဲ မိမိ၏ပျော်ရွှင်မှု‌ကိုသာရှာဖွေနေကြ‌တဲ့ လူငယ်များက အထူးသဖြင့်Thaiနိုင်ငံရဲ့ ဆက်ခံသူများနှင့် ဘီယီယံနာများသာဖြစ်တယ်။

Thaiနိုင်ငံ၏ အကြီးမားဆုံးအင်အားစုကပိုင်ဆိုင်တဲ့ ဘားတစ်ခု။စည်းကမ်းသက်မှတ်ချက်မရှိဘဲ  မိမိစိတ်စေရာနောက်သို့ လွင့်မျောခွင့်ရှိတဲ့နေရာ။ဘားအတွင်းပိုင်းမှာprivateအခန်းများရှိပြီး public areaမှာ dancing floorနှင့် စားပွဲဝိုင်းများစွာရှိတယ်။

ဘားရဲ့ထောင့်ကျကျနေရာမှာရှိတဲ့ စားပွဲဝိုင်းမှာဝင်ထိုင်လိုက်တာနဲ့ staff ကောင်လေးက သောက်နေကျဝိုင်တစ်ခွက်ကိုလာချပေးသွားတယ်။ထိုဝိုင်ခွက်ကိုကိုင်ပြီးနောက် အကျင့်အတိုင်းမသောက်သေးဘဲ လှည့်နေစဉ် branded  ရေမွှေးအနံ့တစ်ခုနှင့်အတူပေါင်ပေါ်ရောက်လာ‌တဲ့ သေးသွယ်သွယ်ခန္ဒာကိုယ်နဲ့ ညုတုတုစကားသံ။

"P'perth..."

"ကျစ်"

အလိုမကျတဲ့စုတ်သက်သံနောက် ကောင်မလေးရဲ့လက်တစ်စုံက အတင့်ရဲစွာပဲ ပေါင်ပေါ်ကိုတိုးဝှေ့လာတယ်။

အာရုံလာစားနေတာဘဲ။

"ဘာလို့အဲ့နေ့ကပျောက်သွားတာလဲ niကphiလာမယ်ထင်ပြီးစောင့်နေတာ"

"sorryမိန်းကလေး မင်းပြောနေတာကိုကိုယ်မသိဘူး ကိုယ်သိတာကမင်းအခုကိုယ့်အပေါ်ကနေဖယ်ဖို့ပဲ please"

"အို phiကလည်း.."

"nini မတွေ့ရတာကြာပြီနော်"

နှုတ်ဆက်သံနဲ့အတူ perthကိုယ်ပေါ်ကမိန်းကလေးကိုဆွဲထူလိုက်သူက hotest bar၏shareရှင်တစ်ဖြစ် perth၏သူငယ်ချင်းဖြစ်သူ AouTanaboon။ထိုအခါမှပဲ ကိုယ်တော်ချောရဲ့ မျက်နှာမှာပြေသွားတယ်။

niniနဲ့စကားခဏပြောပြီးနောက် ထွက်သွားတော့ဖို့မျက်နှာရိပ်ပြလိုက်ပြီးမျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်တယ်။

"ဘယ်လိုဖြစ်လာတာလဲ မောင်မင်းကြီးသားမျက်ခွက်က"

"အိမ်ကဖားသားက လာပွားနေလို့"

"ဪ..ဒါကြောင့် the whole queenတစ်ယောက်လုံးကိုတောင် အာရုံမစိုက်နိုင်တော့တာပေါ့"

"ဟက်! သူကငါ့typeမဟုတ်ဘူး"

မထီမဲ့မြင်‌အပြောက အလုပ်နဲ့ညီကြောင်းသူသိပီးသားပါ။perth Tanapon တို့ကစိတ်မဝင်စားတဲ့ဇယားဆို ဆွဲကြည့်ဖို့စိတ်တောင်မကူးတတ်တဲ့လူစားမျိုး။

"မင်းရဲ့typeကလေး Maiကရော ဘယ်ချောင်မှာပစ်ထားခဲ့ပီလဲ"

"ဘာtypeမှမဟုတ်ဘူး မာမားမိတ်ဆွေသမီးမို့စိတ်ကျေနပ်အောင်တွဲပေးလိုက်ရုံပဲ ဘာအကန့်မှမရှိဘူး"

"ဟက်!ဟုတ်ပါပီကွာ မင်းခေတ်ပဲ လုပ်ထားဦးပေါ့"

"မင်းဖားသားကရော ဘာတွေပွားနေပြန်တာလဲ"

ခဏတွေဝေသွားပြီးနောက် သက်ပြင်းချကာ

"အိမ်ထောင်ချပေးမလို့တဲ့"

"ဘာ! ဘယ်သူနဲ့လဲ ဘယ်ကလဲ"

"မသိဘူး"

ဒုတိယအကြိမ်မြောက်အံ့ဩမိခြင်းမှာ Aouအသံပင်မထွက်နိုင်တော့။ကိုယ်နဲ့ယူရမဲ့ လူကဘယ်သူမှန်းမသိဘူးဆိုတာကြီးက။

"ထားလိုက်ပါကွာ အရေးမပါပါဘူး"

"ဒါနဲ့ဟိုကောင်တွေကရော"

PerthမေးတာကိုမဖြေသေးဘဲAouလက်ကနာရီကိုတစ်ချက်ကြည့်လိုက်တယ်။လာချိန်တန်နေပီမဟုတ်ဘူးလား။တစ်ကယ်တော့ Aouဒီနေ့လာတာ အစီအစဉ်ကြီးတစ်ခုရှိလို့ပင်။ချစ်သူငယ်ချင်းလေးကို စမ်းသက်မဲ့အစီအစဉ်ပေါ့။အချစ်ကိုအလေးမထားတဲ့ကောင်ကို ချစ်တတ်သွားအောင်လုပ်မဲ့အစီအစဉ်။

"ဟေ့ကောင် ငါမေးနေတာကြားလား"

"ဟမ် ‌အေး‌ အေး ကြားတယ်Pondတို့လာဦးမှာ ချိန်းထားပြီးပြီ မင်းအတွက်လက်ဆောင်ကလေးလဲပါတယ်"

"လက်ဆောင်?"

"အင်း ပြီးရင်သိလိမ့်မယ်"

Perth,Aouရဲ့စကားကို စိတ်ထဲမထားတော့ဘဲဝိုင်ကိုသာသောက်နေလိုက်တော့တယ်။မထင်မထင်သလိုထလုပ်တတ်တဲ့ သူငယ်ချင်းတွေကိုသာလိုက်အာရုံ‌စိုက်နေရင် သူရူးသွားလောက်တယ်။

တစ်အောင့်လောက်ကြာပြီး‌တဲ့နောက်မှာ bar၏တံခါးကိုကိုယ့်အိမ်ကိုယ့်ယာလိုတွန်းဝင်လာတဲ့ pond,jellyနှင့်Gemini။သူတို့နောက်မှာ ကပ်ပါ‌လာတဲ့ကောင်လေးနှစ်ယောက်။ထို့အနက် crop shirt အဖြူကို‌ပေါင်တစ်‌လျှောက်အပြဲပရပွနဲ့ jeans pantမီးခိုးရောင်ဝတ်ထားတဲ့ကောင်လေးက  ဘားတစ်ခုလုံးရဲ့ အာရုံတွေကိုသိမ်းယူသွားခဲ့တယ်။

"ရောက်နေတာကြာပီလား"

"မကြာသေးဘူး မင်းကဘာလို့နောက်ကျနေတာလဲ"

"ကလေးတွေကိုစောင့်ခေါ်နေလို့"

Pondအဖြေကိုရမှ Aouက အနောက်ကသုံးယောက်ကို သတိရပြီး ထိုင်ဖို့နေရာချပေးတယ်။

"ငါဖိတ်လိုက်တာTaတစ်ယောက်တည်းပါ။ အရှုပ်အထုပ်နှစ်ယောက်ကဘာလိုက်လုပ်တာလဲ"

"fot ထ ပြန်မယ်"

Aouရဲ့ရွှတ်နောက်နောက်စသံကို မကျေနပ်ဟန်ဖြင့် ထရပ်လိုက်သူက သူ၏အစမခံjellyတုံးလေး။စိတ်ဆိုးနေတာတောင် ချစ်ဖို့ကောင်းနေတာ မလွန်လွန်းဘူးလား။

"ဟေး ဟေး ဒေါသ‌အိုးလေး အဲလိုမလုပ်ပါနဲ့ဗျာ ကျွန်တော်ကစတာပါ"

ထိုအခါမှ ဆွဲထားတဲ့fotလက်ကို လွှတ်ပြီးပြန်ထိုင်တယ်။

"မိတ်ဆက်ပေးမယ် perthဒါက ငါ့ပါပါးရဲ့ တူfourth cool brand ပိုင်ရှင်ရဲ့သား မင်းသိတယ်မလား"

"အင်း တွေ့ရတာဝမ်းသာပါတယ်"

"ဟုတ် ကျွန်တော်လည်းဝမ်းသာပါတယ်ဗျ"

"အဲ့အရှုပ်အထုပ်ဘေးက Santa SY Entertainment founder ရဲ့အငယ်ဆုံးသား။ကိုကို့ညီဆို‌ပေမယ့်မင်းမမြင်ဖူးသေးဘူးမို့လား"

နောက်ဆုံးစကားကိုနားနားကပ်ပြောသွားတာမို့ဘာတွေကြံစည်နေလဲ perth ရိပ်မိသွားပြီ။ကလေးသာသာဟာလေးကိုလေ။

"အင်း"

ရှေ့ကဖြူစုတ်စုတ်ကလေးက‌ မိတ်ဆက်ပေးတာကိုအလေးမထားဘဲ မထီမဲ့မြင်ပုံစံနဲ့စိတ်မဝင်စားသလို‌နေနေတယ်။Perth Tanaponကိုလာချေနေတာလား။

perthဘာတုန့်ပြန်မှုမှပေးဘဲ တမင်သက်သက်ထိုင်ကြည့်နေလိုက်တော့ ကောင်လေးကလည်းပြန်ပြီးစိုက်ကြည့်လာတယ်။

မထင်မှတ်ဘဲတင်းမာသွားတဲ့အခြေအနေကြောင့် Geminiကစကားပြန်စလိုက်တယ်။အကြည့်တိုက်ပွဲကြားမှာတော့ ညပ်‌အသေမခံနိုင်ဘူး။

"Fot နဲ့ Ta ဘယ်နေ့ကပြန်ရောက်ကြတာလဲ"

"မနေ့က phi"

ခပ်အိအိစကားသံနောက် perthမော့ကြည့်မိသွားတာတော့အမှန်ပဲ။ဆွဲဆောင်မှုရှိနေတာမျိုးလား။

"ကျောင်းပြီးခဲ့ပြီပေါ့"

"ဟုတ်"

"ဘာလုပ်မယ်လို့စဉ်းစားထားကြလဲ ကုမ္မဏီမှာပဲဝင်လုပ်မှာလား"

Pondကဝင်မေးလိုက်တော့Fourthနဲ့Santaကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးကြတယ်။ထို့နောက်fotကရယ်လျက်

"ဘာမှလုပ်ဖို့မစဉ်းစားကြသေးဘူး phiကျောင်းပြီးတာမကြာသေးတော့ လေလွင့်ဖို့ပဲစီစဉ်ထားကြတယ် ဟုတ်တယ်မလား"

Taကိုအဖော်စပ်လိုက်တော့ ခေါင်းငြိမ့်ပြကာ fotဖြန့်ပေးတဲ့လက်ကို ပြန်ရိုက်ပေးလိုက်တယ်။သဘောတူတယ်ဆိုတဲ့သဘော။

အတိုင်အဖောက်ညီနေတဲ့နှစ်ယောက်ကို jelly ခေါင်းရမ်းပြီးသာ ကြည့်နေလိုက်တော့တယ်။

ပေါ့ပေါ့ပါး‌ပါးနေတတ်တဲ့ နှစ်ယောက်နဲ့ အလေအလွင့်သုံးယောက်(aou, Gemini,pond)တွေ့တာပေါ့။

အချိန်အတော်ကြာစကားပြောပြီးနောက်မှာ အရှိန်ရလာကြပြီး ရီဝေဝေဖြစ်နေကြပြီ။အထူးသဖြင့်အငယ်နှစ်ယောက်။အကြီးများရဲ့ မြှောက်ပေးမှုကြောင့် အရက်ပုလင်းကိုပင်မရေတွက်နိုင်တော့။

ထိုအထဲမှာငြိမ်နေတဲ့တစ်ယောက်သောသူက အခုထိစကားတစ်ခွန်းမှ ဝင်မပြောသေးဘဲထိုင်နေဆဲ။

လက်ကနာရီကိုတစ်ချက်ကြည့်ပြီး ဘေးရှိaouကို toilet သွားမလို့ဖြစ်ကြောင်းအသိပေးပြီးထွက်လာခဲ့လိုက်တယ်။perthထထွက်သွားတဲ့နောက် တပ်ကြပ်မကွာလိုက်လာတဲ့aouမျက်နှာက ပြုံးစိစိဖြစ်နေတယ်။

Aouဝင်လာတော့perthက ဘေစင်တွင်လက်ဆေးနေပြီ။

"ဘယ်လိုလဲ"

"ဘာကိုလဲ"

အစပ်စပ်မရှိတဲ့aouမေးခွန်းရဲ့ရည်ရွယ်ချက်ကို သူသိ‌ပေမယ့် မသိသယောင်ပြန်မေးလိုက်တယ်။Aouကတစ်ချက်ပြုံးပြီး ဘေစင်ကိုကျောမှီပြီးရပ်လိုက်တယ်။

"Santaကိုပြောတာ ဘယ်လိုနေလဲ"

"မင်းရဲ့လက်ဆောင်ဆိုတာသူလား"

"Yes, ငါမေးတာကိုသာဖြေပါ"

သုတ်ပြီးသွားတဲ့လက်ကို ဘောင်းဘီကပ်ထဲထည့်ပြီး ခပ်ပြုံးပြုံးလေးပြန်ဖြေလိုက်တယ်။

"ဟက်!ငါက ကလေးတွေကိုရင်ခုန်တတ်လိမ့်မယ်လို့မင်းထင်နေတာလား"

"ဟမ် ကလေးလား UKပြန်လေးကလေ"

"သူကငါ့အကြိုက်မဟုတ်ဘူး ကလေး‌ကလားဆန်တယ်"

"ဘယ်သူက ကလေးဆန်တာလဲ!"

စူးကနဲ ကြားလိုက်ရသောအသံနဲ့အတူ perthရှေ့ဝုန်းဝုန်းဒိုင်းဒိုင်းရောက်လာတဲ့ အမူးသမားက အကြောက်အလန့်မရှိစွာပဲ perthကိုခပ်စူးစူးစိုက်ကြည့်‌လာတယ်။ရဲတွတ်နေသောပါးနှစ်ဖက်နဲ့ မူမမှန်တဲ့ခြေလှမ်းတွေက တကယ့်အရက်သမားအတိုင်းပဲ။

"ခိုးနားထောင်နေတာပဲ"

မတ်တပ်ပင်ကောင်းကောင်းမရပ်နိုင်တဲ့အမူးသမားလေးက perth စကားကိုကြားတော့ရှူးရှူးရှဲရှဲဖြစ်သွားပုံရတယ်။

"ပြောစမ်းပါ ဘယ်သူက ကလေးကလားဆန်တာလဲ"

"အဟမ်း ငါသွားနှင့်‌မယ်နော်"

မျောက်ကြွကြွဖြင့်ထွက်သွားတဲ့ aouကိုကြည့်ပြီး သူသဘောပေါက်လိုက်တယ်။ထောင်ချောက်အဆင်ခံလိုက်ရတာပဲ။

"ဒီမှာကလေး ငါ့မှာမင်းနဲ့စကားပြောဖို့အချိန်မရှိဘူး ရှေ့ကဖယ်"

"ခင်ဗျားးး"

"ဟေ့.."

ဘုန်း...

ဆွဲရမ်းခံလိုက်ရတဲ့ perthခန္ဒာကိုယ်က နံရံနဲ့ အမူးသမားကြားမှာကပ်လျက်အနေအထားဖြစ်သွားတယ်။ဒါကိုမကျေနပ်သေးတဲ့အမူးသမားက သူ့အကျီကော်လံကို ဆွဲကိုင်ထားသေးတယ််။

"မင်း."

"လူတစ်ယောက်အကြောင်းကိုဒီလိုလက်လွတ်စပယ်ပြောတတ်တာပဲလား"

"လူတိုင်းတော့မဟုတ်ဘူး ဥပမာမင်းလိုသိပ်လူကြီးဖြစ်ချင်နေတဲ့သူမျိုးပေါ့"

ခပ်အေးအေးပြန်ဖြေပေးလိုက်တဲ့အခါ အမူးသမားလေးကမချိမဲ့ပြုံးပြုံးလာတယ်။အဲဒီနောက် ဖြူစွတ်စွတ်လက်ကလေးက အတင့်ရဲစွာပဲ သူ့ရင်အုံထက်ကို ထိတွေ့လာတယ်။

"ကျွန်တော်နဲ့ one night stand ကြည့်မလားကျွန်တော်ကလေးဟုတ်မဟုတ်သိရအောင်လေဘယ်လိုလဲ"

"အဟွန်းး မင်းကြည့်ရတာကိုယ်နဲ့အရမ်းအိပ်ချင်နေတဲ့ပုံပဲ။ဒါပေမယ့်sorryပဲ ကိုယ်က ကလေးတွေကိုမခံစားတတ်ဘူး"

"ခင်ဗျား!"

ခွပ်*

သည်းမခံနိုင်တော့တဲ့အဆုံး Taထိုလူ့ရဲ့မျက်နှာကို ခပ်ပြင်းပြင်းထိုးချလိုက်တယ်။ကိုယ်ကဘာသဘောမှမပါဘဲ နိုင်ရာဆွဲပြောလိုက်တာ။ဘယ်သူကရော သူလိုလူ့ဂွစာနဲ့အိပ်ချင်နေလို့လဲ!။

"မင်း!"

ပူထူသွားတဲ့ပါးတစ်ဖက်နှင့်အတူ ရှက်စိတ်ကတဖျင်းဖျင်း။အသားနာရင်သွေးဆိုးတတ်တဲ့ Perth တစ်ယောက်ရှေ့က သတ္တဝါလေးကို ကိုင်ပေါက်ပစ်လိုက်ချင်စိတ်ကထိန်းမရ။

"မင်းအရင်စတာနော် ကောင်လေး"

"အဲ့တော့ ခင်ဗျားကဘာလုပ်ချင်..အွန့်!"

ရုတ်ချည်းပြောင်းလဲသွားတဲ့အနေအထားမှာ ခါးသိမ်သိမ်ကလေးကိုဆွဲပွေ့ပြီး နံရံဘက်ကိုပြန်တွန်းပို့လိုက်တယ်။တစ်ပြိုင်နက်တည်း နှုတ်ခမ်းသားနုနုကိုစုတ်ယူထိကပ်လိုက်တယ်။တိကနဲပျောက်ရှသွားတဲ့အသံနောက် မွတ်မွတ်သိပ်သိပ်နမ်းရှိုက်နေ‌တဲ့လူကို လက်သေးသေးလေးနဲ့ အားကုန်ထုရိုက်လာတော့တယ်။

"အင့်! လွှတ်..."

Perthတမင်လွှတ်မပေးပဲ နှုတ်ခမ်းကတစ်ဆင့် လျှာဖျားလေးအထိနယ်ချဲ့မိတော့ အုပ်မိုးခံထားရသူက အရိုင်းဆန်တဲ့အနမ်းတွေအကြား အားကုန်ရုံးလာတယ်။ထုရိုက်နေတဲ့လက်တွေကို ခပ်တင်းတင်းဆွဲချုပ်ပြီး နံရံထက်ပြန်ကပ်လိုက်တဲ့အခါ နှုတ်ခမ်းကိုဆွဲကိုက်လာသူက တကယ်ပဲ အကြောတင်းတဲ့လူမှန်းသဘောပေါက်လိုက်တယ်။perthကိုယ်တိုင် အသက်ရှူရခက်တော့မှ လွှတ်ပေးလိုက်‌တော့ရင်ခွင်ထဲပြိုကျလာသူက အရက်အရှိန်ပင်ပြယ်သွားပုံရ‌တယ်။

ပြင်းရှရှအသက်ရှူသံနှစ်ခုဟာ နစ်မောဖွယ်ကောင်းသလို အရိုင်းလည်းဆန်တယ်။

"ကိုယ်ပြောတယ်မလား မင်းက ကလေးပဲရှိပါသေးတယ်လို့။နောက်တခါ ကိုယ်နဲ့ထပ်မငြိမိစေနဲ့ ။ ဒုတိယအကြိမ်ဆို ဒီလောက်နဲ့ပြီးမှာမဟုတ်ဘူး။နားလည်လား"

ခပ်ရှရှသတိပေးသံနောက် ထွက်သွားတဲ့သူ။အသက်ရှူရပ်မတတ် အနမ်းခံခဲ့ရသူကတော့ အသက်မရှိတော့တဲ့လူလို တောင့်တောင့်ကြီး ရပ်ကျန်နေခဲ့တော့တယ်။မြွေပွေးကိုတုတ်နဲ့ထိုးမိတဲ့သူ့အဖြစ်ပဲ။

***********

နောက်ဆုံးတော့upနိုင်ခဲ့ပြီ။လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်ကချခဲ့တဲ့plotကို ကိုယ့်ကလေးလေးတွေOTPနဲ့ပြန်အသက်သွင်းထားတာပါ ။ authorမဟုတ်ပါဘူး ။ PS ficတွေရှာဖတ်ရင်းအနည်းအကျဉ်းပဲတွေ့တာမို့ကိုယ်တိုင်ကောက်ရေးလိုက်တာပါ ။ ယုံကြည်ပြီးလိုက်ခဲ့ပေးပါ စိတ်မပျက်စေရပါဘူးရှင့်🤗

စာကြွင်း*Updateက လိုင်းအခြေအနေအရတက်နိုင်သလောက်မြန်ပေးမှာပါ ။ နှစ်ရက်သုံးရက်ခြားတစ်ခါလောက်တင်နိုင်အောင်ကြိုးစားပါမယ်။🖤🤍

7.7К2830

There are no comments yet. Log in to be the first to leave a review!

Similar stories